2020 ခုနှစ် တဟုန်ထိုး စျေးပြန်တက်လာ၍ နောက်ဆက်တွဲ ရှည်ကြာသော စျေးထိုးဆင်းမှုတို့နောက်ပိုင်း Zoom အား ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှု မှေးမှိန်လျော့ကျသွားခဲ့ပါသည်။ သို့သော် မကြာသေးမီအတွင်း ကုန်သွယ်ရေးပမာဏ တိုးမြင့်လာခြင်းသည် ကြာမြင့်စွာ စျေးအတက်အကျ နည်းပါးခြင်း အဆုံးသတ်တော့မည် ဖြစ်ကြောင်း ညွှန်ပြပါသည်။ သို့ဖြစ်၍ Zoom သည် ရှယ်ယာများ ဝယ်ယူရန် စွဲမက်ဖွယ်စျေးနှုန်းများဖြင့် ရင်းနှီးမြှုပ်နှံသူများအား တမူထူးခြားသော အခွင့်အလမ်းတစ်ရပ်ကို ပေးစွမ်းနိုင်ပါသည်။

ဤဆောင်းပါးတွင် နည်းပညာပိုင်းနှင့် အခြေခံပိုင်းဆိုင်ရာ ဆန်းစစ်ချက်အသေးစိတ် အပါအဝင် မီဒီယာသဘောထား သုံးသပ်ချက်တို့ကို ဖော်ပြသွားပါမည်။ ထို့ပြင် ထိပ်တန်း စိစစ်သုံးသပ်ရေး ပလက်ဖောင်းများထံမှ ခန့်မှန်းချက်များကို စူးစမ်းလေ့လာ၍ ZM ရှယ်ယာများအတွက် ရေရှည်ကုန်သွယ်ရေး အစီအစဥ်တစ်ရပ်ကို အကျဥ်းချုံးဖော်ပြပါမည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


အဓိကမှတ်သားရမည့်အချက်များ

  • ၁၁.၀၈.၂၀၂၆ တွင် ZM ၏ လက်ရှိပေါက်ဈေးမှာ $105.96 ဖြစ်ပါသည်။
  • ZM စျေးနှုန်းသည် ၁၉.၁၀.၂၀၂၀ တွင် ၎င်း၏ စံချိန်တင်အမြင့်ဆုံးတန်ဖိုး $588.84 သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါစတော့ရှယ်ယာ၏ စံချိန်သစ်အနိမ့်ဆုံးတန်ဖိုး $54.99 ကို ၁၂.၀၈.၂၀၂၄ တွင် မှတ်တမ်းတင်ခဲ့ပါသည်။
  • ၎င်း၏ နုနယ်သော သက်တမ်းဖြင့် နှိုင်းယှဉ်ကာစဉ်စားကြည့်ပါက၊ Zoom သည် အလားအလာကောင်းမွန်သည်ဟု ယူဆနိုင်သော ကုမ္ပဏီတခု ဖြစ်ပါသည်။ ကုမ္မဏီကို ၂၀၁၁ တွင် စတင်တည်ထောင်ခဲ့ပြီး၊ သိသာထင်ရှားသော ဈေးကွက်ဝေစုကို လျင်မြန်စွာ ရရှိခဲ့သည်။
  • ရေပန်းစားမှု ရုတ်တရက်သိသာစွာ မြင့်တက်ခဲ့သောကာလမှာ ၂၀၂၀ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါကာလအတွင်းဖြစ်သည်။ ၎င်းသည် ကုမ္ပဏီကြီးများစွာ၏ အဝေးထိန်း လုပ်ငန်းခွင်စီမံခန့်ခွဲမှုစနစ်များသို့ ကူးပြောင်းကြပြီး အလုပ်နေရာပြောင်းလဲလုပ်ကိုင်ရခြင်းများနှင့် အကြောင်းတိုက်ဆိုင်ခဲ့ပါသည်။
  • နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်အရ ZM ရှယ်ယာများကို ရေရှည်စျေးတက်မည့် လမ်းကြောင်းအသစ်အတွင်း အရောင်းအဝယ်များ စတင်ဖြစ်ပေါ်မည်ဟု မျှော်မှန်းထားပါသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဝယ်ကုန်သွယ်မှုများ ဖွင့်လှစ်နိုင်ရန်အလို့ငှါ စျေးနှုန်းသည် 2024 ခုနှစ်၏ အမြင့်ဆုံးတန်ဖိုးကို ဖောက်ကျော်ကာ ထိုအထက်တွင် တည်ငြိမ်ရပါမည်။ ထိုသို့ဖြစ်ပါက စျေးနှုန်းမှာ $120.00 အထက်သို့ တက်လာနိုင်ပါသည်။
  • အကယ်၍ စျေးနှုန်းသည် 2025 ခုနှစ် ဧပြီလ၏ အနိမ့်ဆုံးစျေးတန်းအောက်သို့ ဖောက်ထွက်ကာ တည်ငြိမ်သွားပါက အရောင်းကုန်သွယ်မှုများကို ဖွင့်လှစ်နိုင်ပါသည်။
  • ပညာရှင်အများစုသည် 2025 နှစ်လယ်အထိ ZM မှာ မြင့်တက်လာ၍ ထိုနောက်ပိုင်း ဒုတိယနှစ်ဝက်အတွင်း ရေတိုကျဆင်းမှု ဖြစ်မည်ဟု မှန်းဆကြပါသည်။
  • 2050 ခုနှစ်အထိ ရေရှည်ကြိုတင်ခန့်မှန်းချက်များမှာ များစွာရှင်းလင်းတိကျမှုမရှိပါ။ စိစစ်သုံးသပ်သူအချို့သည် ထိုကုမ္ပဏီ၏ ရှယ်ယာ‌စျေးနှုန်းကို ထိုးကျမည်ဟု ခန့်မှန်းကြပြီး အခြားသူများသည် $60.78 အထိသို့ တဟုန်ထိုးတက်မည်ဟု မျှော်လင့်ကြပါသည်။

Zoom အချိန်နှင့်တပြေးညီဈေးကွက်အခြေအနေ

၁၁.၀၈.၂၀၂၆ တွင် ZM စတော့အား $105.96 နှုန်းထား၌ အရောင်းအဝယ်ပြုလုပ်နေကြပါသည်။

Zoom ၏ လက်ရှိအနေအထားကို အကဲဖြတ်ရာ၌ အောက်ပါအတိုင်းအတာများနှင့် ညွှန်ပြချက်များကို သတိပြုစောင့်ကြည့်ရန် အရေးကြီးပါသည်။

  • ၁။ ဈေးနှုန်းအပြောင်းအလဲ။ မတူညီသောကာလအပိုင်းအခြားများ (ဥပမာ ယခင်တနှစ်ဝာာ၊ တလတာ၊ တပတ်တာ)အတွင်းမှ ဈေးနှုန်းအတက်၊အကျများကို စောင့်ကြည့်သုံးသပ်ခြင်းသည် ပိုင်ဆိုင်မှုတခု၏ ယေဘုယျရွေ့လျားမှုလမ်းကြောင်းများနှင့် မတည်ငြိမ်မှုကို ထိုးထွင်းသိမြင်နိုင်စေပါသည်။
  • ၂။ ကုန်သွယ်မှုပမာဏ။ စတော့ရှယ်ယာတခု၏ ကုန်သွယ်မှုပမာဏသည် ဈေးကွက်အတွင်း ယင်းစတော့ရှယ်ယာ၏ စိတ်ဝင်စားခံရမှုအတိုင်းအတာကို ကူညီအကဲဖြတ်ပေးပါသည်။ ဈေးနှုန်းတိုးတက်မှုနှင့်ယှဉ်တွဲသော မြင့်မားသည့်ကုန်သွယ်မှုပမာဏများသည် လက်ရှိလမ်းကြောင်းဦးတည်ရာအတိုင်း ရှေ့ဆက်ရွေ့လျားမည့် အလားအလာဖြစ်သည်။ အပြန်အလှန်အားဖြင့်၊ နိမ့်ပါးသော ကုန်သွယ်မှုပမာဏသည် ပိုင်ဆိုင်မှုတခုအပေါ် စိတ်ဝင်စားမှုများလျော့ကျခြင်းကို ညွှန်ပြပြီး၊ လမ်းကြောင်းဦးတည်ရာအလှည့်အပြောင်း ဖြစ်နိုင်ခြေကို ညွှန်ပြပါသည်။
  • ၃။ ဈေးကွက်အရင်းအနှီး။ ဤညွှန်ပြချက်သည် ကုမ္ပဏီများကို ၎င်းတို့၏ အရွယ်အစားအလိုက် စံသတ်မှတ်နိုင်စေရန် ကျွန်ုပ်တို့အား ကူညီပေးပါသည်။ အရင်းအနှီးအင်အားပိုကြီးသော ကုမ္ပဏီများသည် ပိုမိုမြင့်မားသော တည်ငြိမ်မှုကို ပြသလေ့ရှိပြီး၊ အရင်းအနှီးသေးငယ်သော ကုမ္ပဏီများသည် ပိုမိုမြင့်မားသော တိုးတက်မှုအလားအလာကို ဖော်ပြလေ့ရှိသည်။
  • ၃။ P/E အချိုး (Price-to-Earnings)။ ကုမ္ပဏီတခု၏ ဤညွှန်ပြချက်သည် ကုမ္ပဏီစတော့ဈေးနှုန်းနှင့် ရှယ်ယာတခုမှရရှိသောအမြတ်အစွန်းတို့၏ အချိုးဖြစ်ပါသည်။ မြင့်မားသော အချိုးရလာဒ်သည် ကုမ္ပဏီ၏ တန်ဖိုးလွန်ကဲမှု သို့မဟုတ် ထင်ရှားသောတိုးတက်မှုအလားအလာကို ကိုယ်စားပြုပါသည်။ အပြန်အလှန်အားဖြင့် နိမ့်သောအချိုးရလာဒ်သည် ကုမ္ပဏီ၏ တန်ဖိုးနိမ့်ကျနေမှုနှင့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရသောအခြေအနေကို ညွှန်ပြပါသည်။
  • ၅။ အမြတ်ဝေစု။ ဤဘဏ္ဍာရေးအချိုးသည် အမြတ်ဝေစုပေးချေသော ကုမ္ပဏီများအတွက် ဖြစ်ပါသည်။ ၎င်းသည် ကုမ္ပဏီတခုမှ ၎င်း၏ ရှယ်ယာရှင်များထံသို့ အမြတ်ဝေစုပုံစံဖြင့် ပေးချေမှုများဖြစ်ပါသည်။
  • ၆။ ထုတ်ဝေထားသောရှယ်ယာများ။ ဤကိန်းဂဏန်းသည် ကုမ္ပဏီ၏ ရှယ်ယာဝင်များအားလုံးတွင် လက်ဝယ်ရှိသော စုစုပေါင်းရှယ်ယာအရေအတွက်ကို ကိုယ်စားပြုပါသည်။ ကုမ္ပဏီ၏ စတော့ကို ခွဲခြမ်းစိတ်ဖြာသောအခါ၊ ဤကိန်းဂဏန်းမည်သို့ပြောင်းလဲပုံကို ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။ ဥပမာအားဖြင့်၊ ရှယ်ယာများကို ပြန်လည်ဝယ်ယူခြင်း သို့မဟုတ် ရှယ်ယာအသစ်များထုတ်ဝေရောင်းချခြင်း။
  • ၇။ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ မျှော်မှန်းချက်များနှင့် တစိတ်တဝမ်းတည်းခန့်မှန်းချက်များ။ ကျွမ်းကျင်သူများ၏ ယူဆချက်များနှင့် ခန့်မှန်းချက်များသည် စတော့ဈေးနှုန်းများနှင့် ရင်းနှီးမြှုပ်နှံသူတို့၏ စိတ်ပါဝင်စားမှုအလုံးစုံအပေါ် လွှမ်းမိုးသက်ရောက်စေနိုင်ပါသည်။
  • ၈။ လွပ်လပ်သောငွေကြေးစီးဆင်းမှု။ ဤညွှန်ပြချက်သည် ကုန်ကျစားရိတ်များအားလုံးကို တွက်ချက်ပြီးနောက် ကုမ္ပဏီတွင် လွပ်လပ်စွာလည်ပတ်နေသော အရင်းအနှီးပမာဏကို ထိုးထွင်းသိမြင်နိုင်ရန် ကူညီပံ့ပိုးပေးပါသည်။
  • ၈။ ဈေးကွက်အလေးသာမှုနှင့် သတင်းနောက်ခံ။ နည်းပညာပိုင်းနှင့် စီးပွားရေးအခြေခံပိုင်းဆိုင်ရာ ညွှန်ပြချက်များသာမက၊ စျေးကွက်အလေးသာမှုကိုလည်း ထည့်သွင်းစဉ်းစားရန် အထူး အရေးကြီးပါသည်။ ၎င်းကို သတင်းထုတ်ပြန်မှုများ၊ လူမှုကွန်ယက်၊ ခွဲခြမ်းစိတ်ဖြာမှုအစီရင်ခံစာများနှင့် လုပ်ငန်းနယ်ပယ်အလိုက် ခေတ်ရေစီးကြောင်းများ အပါအဝင် အရင်းအမြစ်များစွာမှတဆင့် ထိရောက်စွာ တိုင်းတာအကဲဖြတ်နိုင်ပါသည်။

ညွှန်းဆိုချက်

တန်ဖိုး

စျေးကွက်အရင်းအနှီး

$25.4 ဘီလီယံ

ပျမ်းမျှပမာဏ

2.52 မီလီယံရှယ်ယာ

EPS (TTM)

25.95

၁၂ လအတွင်း‌ စျေးအပြောင်းအလဲ

+33.5%

Shares outstanding

305.2 မီလီယံရှယ်ယာ

Public float (ရောင်းဝယ်နိုင်သော ရှယ်ယာအစောင်ရေ)

261.9 မီလီယံရှယ်ယာ

နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်အပေါ် အခြေခံ၍ 2025 ခုနှစ်အတွက် Zoom စတော့စျေးနှုန်းခန့်မှန်းချက်

နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်အရ Zoom ရှယ်ယာများကို 2024 ခုနှစ် အောက်တိုဘာလ မှ နိုဝင်ဘာလအတွင်း လမ်းကြောင်းပြောင်းလဲပြီးနောက် ရေရှည်စျေးအတက်လမ်းကြောင်းအတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း Ichimoku indicator မှအတည်ပြုထားပါသည်။

LiteFinance: နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်အပေါ် အခြေခံ၍ 2025 ခုနှစ်အတွက် Zoom စတော့စျေးနှုန်းခန့်မှန်းချက်

စျေးနှုန်းသည် 2024 နှစ်ကုန်၌ စျေးတက်နေသည့်လမ်းကြောင်းအတွင်းရှိ ရောင်းလိုအားစျေးတန်း $91.72 သို့ ရောက်ရှိခဲ့ပါသည်။ သို့သော် အရောင်းများကြောင့် အဆိုပါပိုင်ဆိုင်မှုတန်ဖိုးကို ထိုစျေးတန်အောက်တွင် ဆက်လက်တည်ရှိရန် စီမံနိုင်ခဲ့ပြီးနောက် ယာယီစျေးကျဆင်းမှု စတင်ဖြစ်ပေါ်ခဲ့ပါသည်။

ယာယီစျေးကျဆင်းမှုအတွင်း စျေးနှုန်းများမှာ ဝယ်လိုအားစျေးတန်း $65.82 အောက်သို့ ကျဆင်းခဲ့ပြီး Ichimoku တိမ်တိုက်ပုံကို အထက်မှအောက်သို့ ချဥ်းကပ်စမ်းသပ်ခဲ့ပါသည်။ ရလဒ်အနေဖြင့် စျေးနှုန်းမှာ ထိုဝယ်လိုအားစျေးတန်း အထက်တွင် ဆက်လက်တည်ရှိရန် ထိန်းသိမ်းခဲ့ပြီး တဖန်ထပ်မံ၍ မြင့်တက်လာခဲ့ပါသည်။

လာမည့်လများအတွင်း စတော့ရှယ်ယာမှာ ဆက်လက်တိုးပွားလာပါက ၎င်းသည် $88.03 နှင့် $91.72 အထိသို့ ရောက်ရှိနိုင်ပါသည်။ အကယ်၍ စျေးနှုန်းမှာ $91.72 အထက်တွင် တည်ငြိမ်ပါက အဆိုပါစတော့ရှယ်ယာသည် $119.57၊ $123.59 နှင့် $127.04 ဆီသို့ ထပ်မံတိုးတက်လာနိုင်ပါသည်။

တချိန်တည်းမှာပင် အဆိုပါပိုင်ဆိုင်မှုသည် ရောင်းလိုအားစျေးတန်း $88.03–$91.72 ကို ဖောက်ထွက်ရန် မအောင်မြင်ပါက စျေးနှုန်းများမှာ $77.59၊ $71.70 နှင့် $65.82 အထိသို့ နိမ့်ဆင်းနိုင်ပါသည်။

LiteFinance: နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်အပေါ် အခြေခံ၍ 2025 ခုနှစ်အတွက် Zoom စတော့စျေးနှုန်းခန့်မှန်းချက်

အောက်ပါဇယားသည် 2025 ခုနှစ်၏ ကျန်ရှိနေသည့်လများအတွက် ZM ၏ ခန့်မှန်းတန်ဖိုးများကို ပြသပါသည်။

အနည်းဆုံး , $

အများဆုံး , $

2025 မေ

75.21

81.46

2025 ဇွန်

80.50

84.68

2025 ဇူလိုင်

83.20

88.03

2025 သြဂုတ်

86.69

92.00

2025 စက်တင်ဘာ

88.00

96.22

2025 အောက်တိုဘာ

96.80

100.50

2025 နိုဝင်ဘာ

93.20

97.00

2025 ဒီဇင်ဘာ

89.11

96.09

2025 ခုနှစ် #ZM အတွက် ရေရှည်ကုန်သွယ်ရေးအစီအစဥ်

Zoom ရှယ်ယာများ၏ လက်ရှိရေရှည်စျေးကွက် ဦးတည်ချက်အရ အရောင်းကုန်သွယ်မှုများ ဖွင့်လှစ်ရန်အတွက် အောက်ပါကုန်သွယ်ရေး အစီအစဥ်ကို အဆိုပြုနိုင်ပါသည်။ ၎င်းရှယ်ယာသည် ရောင်းလိုအားစျေးတန်း $77.59 အထက်တွင် အရောင်းအဝယ်ဖြစ်နေပါက ရည်မှန်းပစ်မှတ် $88.03 နှင့် $74.50 ဝန်းကျင်ဖြင့် နေရာချထားသော stop-loss အော်ဒါတစ်ခုနှင့်တကွ အဝယ်ကုန်သွယ်မှုများကို စဥ်းစားနိုင်ပါသည်။

ထိုပိုင်ဆိုင်မှုသည် ရောင်းလိုအားစျေးတန်း $88.03 သို့ရောက်ရှိသည်နှင့်တပြိုင်နက်၊ ကုန်သွယ်မှုများကို ပိတ်သိမ်း၍ စျေးနှုန်းမှာ ထို‌စျေးတန်းအထက်တွင် တည်ရှိခြင်း ရှိ၊မရှိ စောင့်ကြည့်လေ့လာပါ။ နောက်ထပ် စျေးတက်မည့် ရည်မှန်းပစ်မှတ်မှာ ရောင်းလိုအားစျေးတန်း $91.72 ဖြစ်ပါသည်။ ထိုစျေးတန်းတွင် အသေးစား စျေးယာယီကျဆင်းမှု ဖြစ်ပေါ်နိုင်ပြီး ထိုအတောအတွင်း သင့်အနေဖြင့် အနီးစပ်ဆုံးဝယ်လိုအားစျေးတန်း၌ ၎င်းရည်မှန်းပစ်မှတ်ဖြင့် အရောင်းကုန်သွယ်မှုများကို စဥ်းစားနိုင်ပါသည်။

Monthly chart ပေါ်၌ $91.72 စျေးတန်းအထက်သို့ ဖောက်ထွက်မှုနှင့် ထိုအတွက်တွင် တည်ငြိမ်သွားမှုသည် ကုန်သည်များအား နောင်လာမည့် ၁၂ လအတွင်း ရည်မှန်းပစ်မှတ် $119.57 နှင့် $123.59 များဖြင့် အဝယ်ကုန်သွယ်မှုများကို စတင်ဆောင်ရွက်နိုင်စေပါသည်။

2025 ခုနှစ်အတွက် ဆန်းစစ်လေ့လာသူများ၏ ZM ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

ကျွမ်းကျင်ပညာရှင်အများစုသည် အနည်းဆုံးထိုနှစ်လယ်အထိ Zoom ရှယ်ယာစျေးနှုန်းမှာ ဆက်လက်တန်ဖိုးတက်လာမည် ဖြစ်ကြောင်း တွက်ဆထားပါသည်။ ထိုနောက်ပိုင်းတွင် ရေတိုစျေးကျဆင်းမှု စတင်ဖြစ်ပွားနိုင်ပါသည်။

LongForecast

စျေးနှုန်းအပိုင်းအခြား: $72.60–$101.34(10.05.2025 အရ)။

LongForecast သည် ဒီဇင်ဘာလ၌ ZM ကို $93.25 အထိသို့ တက်လာမည်ဟု မျှော်လင့်ပါသည်။ $79.76 သို့ ယာယီစျေးကျဆင်းမှုကို စက်တင်ဘာလတွင် ဖြစ်မည်ဟု ခန့်မှန်းပြီး ထိုနောက်ပိုင်းတွင် ရှယ်ယာ‌စျေးနှုန်း ပြန်လည်ဦးမော့လာမည်ဟု မှန်းဆကြပါသည်။

အဖွင့်, $

အနည်းဆုံး–အများဆုံး, $

အပိတ်, $

မေ

77.25

72.60–96.62

83.68

ဇွန်

83.68

75.15–96.67

89.51

ဇူလိုင်

89.51

85.95–100.89

93.42

သြဂုတ်

93.42

86.32–101.34

93.83

စက်တင်ဘာ

93.83

73.38–93.83

79.76

အောက်တိုဘာ

79.76

78.17–91.77

84.97

နိုဝင်ဘာ

84.97

78.43–92.07

85.25

ဒီဇင်ဘာ

85.25

85.25–100.71

93.25

PandaForecast

စျေးနှုန်းအပိုင်းအခြား: $64.60–$81.96 (10.05.2025 အရ)။

PandaForecast သည် ဇူလိုင်လအထိ စျေးနှုန်းမြင့်တက်လာမည်ဟု တွက်ဆကြပါသည်။ ထိုနောက်ပိုင်းတွင် အဆိုပါစတော့မှာ တန်ဖိုးကျဆင်းမည် ဖြစ်ပြီး ဒီဇင်ဘာလ၌ $70.74 အထိသို့ ရောက်ရှိပါမည်။ သို့ဖြစ်၍ အရောင်းကုန်သွယ်မှုများကို ထည့်သွင်းစဥ်းစားနိုင်ပါသည်။

ရည်မှန်းစျေးနှုန်း , $

အနည်းဆုံး, $

အများဆုံး, $

ဇွန်

77.91

74.61

81.96

ဇူလိုင်

78.22

74.22

80.23

သြဂုတ်

75.22

71.25

79.49

စက်တင်ဘာ

69.98

66.40

71.72

အောက်တိုဘာ

67.47

64.60

69.95

နိုဝင်ဘာ

68.98

67.21

71.90

ဒီဇင်ဘာ

70.74

66.72

73.80

WalletInvestor

စျေးနှုန်းအပိုင်းအခြား: $79.25–$122.04 (10.05.2025 အရ)။

WalletInvestor သည် ရှယ်ယာစျေးနှုန်းမှာ 2025 ခုနှစ် အောက်တိုဘာလ၌ $116.43 အထိသို့ တဟုန်ထိုးတက်လာမည်ဟု ဖော်ပြထားပါသည်။ သို့သော် ထိုနောက်ပိုင်းတွင် ရုတ်တရက် စျေးယာယီထိုးကျမှုကို မျှော်လင့်ထားပါသည်။ ထိုနှစ်ကုန်၌ စျေးနှုန်းသည် $79.25 ဖြင့် ရပ်တည်နေပါမည်။

အဖွင့်, $

အပိတ်, $

အနည်းဆုံး, $

အများဆုံး, $

ဇွန်

88.847

110.114

88.847

110.114

ဇူလိုင်

110.154

106.141

105.897

110.154

သြဂုတ်

106.430

103.666

102.237

106.430

စက်တင်ဘာ

104.985

114.413

104.985

114.413

အောက်တိုဘာ

114.574

116.437

114.574

122.044

နိုဝင်ဘာ

113.104

96.265

96.265

113.104

ဒီဇင်ဘာ

94.836

79.254

79.254

94.836

2026 ခုနှစ်အတွက် ဆန်းစစ်လေ့လာသူများ၏ ZM ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

ပညာရှင်များသည် 2026 ခုနှစ်အတွင်း ZM ရှယ်ယာစျေးနှုန်း မြင့်တက်လာမှုကို ကြိုတင်တွေ့ရှိထားပါသည်။ LongForecast နှင့် WalletInvestor တို့သည် အပြုသဘောဆောင် ထင်မြင်ချက်များကို ဖော်ပြထားပါသည်။ သို့သော် အခြားစိစစ်သုံးသပ်ရေး ပလက်ဖောင်းသည် ZM ကို ကျဥ်းမြောင်းသော စျေးတန်းအပိုင်းအခြား $69.71–$83.13 အတွင်း အရောင်းအဝယ်ဖြစ်မည်ဟု ယုံကြည်ကြပါသည်။

LongForecast

စျေးနှုန်းအပိုင်းအခြား: $109.61–$207.99 (10.05.2025 အရ)။

LongForecast သည် 2026 ခုနှစ်အတွင်း ZM စတော့အတွက် မြင့်မားသော မတည်ငြိမ်မှုကို မှန်းဆထားပါသည်။ စျေးအတက်အကျများမှ အကျိုးအမြတ်မြောက်များစွာ ရရှိနိုင်သော်လည်း စွန့်စားမှုများကိုလည်း ထည့်သွင်းချိန်ဆသင့်ပါသည်။ စျေးနှုန်းမှာ အမြင့်ဆုံးတန်ဖိုး $207.99 သို့ ရောက်ရှိနိုင်ပါသည်။

အဖွင့်, $

အနည်းဆုံး–အများဆုံး, $

အပိတ်, $

ဇန်နဝါရီ

109.61

109.61–130.38

120.72

ဖေဖေါ်ဝါရီ

120.72

111.24–130.58

120.91

မတ်

120.91

120.91–150.17

139.05

ဧပြီ

139.05

129.86–152.44

141.15

မေ

141.15

130.00–152.60

141.30

ဇွန်

141.30

131.56–154.44

143.00

ဇူလိုင်

143.00

134.43–157.81

146.12

သြဂုတ်

146.12

146.12–172.55

159.77

စက်တင်ဘာ

159.77

150.59–176.79

163.69

အောက်တိုဘာ

163.69

154.06–180.86

167.46

နိုဝင်ဘာ

167.46

167.46–207.99

192.58

ဒီဇင်ဘာ

192.58

152.07–192.58

165.29

PandaForecast

စျေးနှုန်းအပိုင်းအခြား: $69.71–$83.13 (10.05.2025 အရ)

PandaForecast သည် အတန်အသင့်တိုးတက်မှုကို ခန့်မှန်းတွက်ချက်ထားပါသည်။ ဇန်နဝါရီလ၌ စျေးနှုန်းမှာ $75.84 အထိသို့ ရောက်ရှိနိုင်ပြီး ထိုတစ်နှစ်ပတ်လုံးတွင် $83.13 အထိသို့ မြင့်တက်လာနိုင်ပါသည်။

ရည်မှန်းစျေးနှုန်း , $

အနည်းဆုံး, $

အများဆုံး, $

ဇန်နဝါရီ

75.84

71.47

80.69

ဖေဖေါ်ဝါရီ

73.47

69.71

78.00

မတ်

77.88

73.21

81.31

ဧပြီ

76.76

73.02

81.06

မေ

76.09

74.32

80.47

ဇွန်

80.41

75.52

82.72

ဇူလိုင်

80.02

78.10

81.37

သြဂုတ်

79.00

74.89

80.32

စက်တင်ဘာ

78.43

76.55

83.13

အောက်တိုဘာ

78.43

75.79

81.94

နိုဝင်ဘာ

77.86

75.06

79.61

ဒီဇင်ဘာ

78.24

76.17

79.80

WalletInvestor

စျေးနှုန်းအပိုင်းအခြား: $70.34–$127.48 (10.05.2025 အရ)။

WalletInvestor သည် အောက်တိုဘာလ၌ $123.02 အထိသို့ စျေးတက်လာမည်ဟု မျှော်မှန်းကြပါသည်။ သို့သော် အကြီးစား ရေတိုစျေးနိမ့်ဆင်းမှုမှာ ထိုနှစ်ကုန်၌ စတင်ဖြစ်ပေါ်လာနိုင်ပြီး ရှယ်ယာစျေးနှုန်းကို ဒီဇင်ဘာလ၌ $84.20 အထိသို့ ကျဆင်းသွားစေနိုင်ပါသည်။ ထို့ကြောင့် တစ်စုံတစ်ဦးအနေဖြင့် ထိုနှစ်အစပိုင်း၌ အဝယ်ကုန်သွယ်မှုများကို စဥ်းစားနိုင်ပြီး ဆောင်းဦးနီးကပ်လာသည်နှင့်အမျှ အမြတ်အစွန်းများကို လော့ချသိမ်းဆည်းထားသင့်ပါသည်။

အဖွင့်, $

အပိတ်, $

အနည်းဆုံး, $

အများဆုံး, $

ဇန်နဝါရီ

80.009

80.700

74.958

80.700

ဖေဖေါ်ဝါရီ

83.222

77.761

77.761

88.129

မတ်

75.089

71.540

70.341

75.089

ဧပြီ

71.625

82.985

71.527

83.127

မေ

83.194

89.041

80.829

89.041

ဇွန်

92.494

115.397

92.494

115.397

ဇူလိုင်

115.375

111.795

111.416

115.375

သြဂုတ်

111.756

109.733

107.844

111.756

စက်တင်ဘာ

110.290

119.621

110.290

119.621

အောက်တိုဘာ

119.562

123.02

119.562

127.483

နိုဝင်ဘာ

119.956

100.717

100.717

119.956

ဒီဇင်ဘာ

100.324

84.200

84.200

100.324

2027 ခုနှစ်အတွက် ဆန်းစစ်လေ့လာသူများ၏ ZM ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

စိစစ်သုံးသပ်သူအများစုသည် ZM အတွက် စျေးအတက်အကျနည်းပါးမည်ဟု ခန့်မှန်းကြပါသည်။ မည်သို့ပင်ဖြစ်စေ ကျွမ်းကျင်ပညာရှင်များ၏ ယူဆချက်များမှာ ကွဲပြားလျက်ရှိပြီး အချို့သူများသည် ထိုတစ်နှစ်ပတ်လုံးတလျှောက်တွင် ‌စျေးကျဆင်းမည်ဟု မှန်းဆ၍ အခြားသူများသည် ဘေးတိုက်ရွေ့လျားမှု ဖြစ်မည်ဟု မျှော်လင့်ထားပါသည်။

LongForecast

စျေးနှုန်းအပိုင်းအခြား: $122.98–$190.62 (12.05.2025အရ)။

LongForecast သည် ZM စျေးနှုန်းကျဆင်းမည်ဟု မျှော်မှန်းပါသည်။ စျေးနှုန်းမှာ $165.29 ဖြင့် ဖွင့်လှစ်မည် ဖြစ်ပြီး ဇူလိုင်လ၌ $176.50 သို့ရောက်ရှိပါမည်။ ထို့နောက် အဆိုပါပိုင်ဆိုင်မှုမှာ စျေးနှုန်းစတင်ထိုးကျသွားနိုင်ပြီး ဒီဇင်ဘာလ၌ $140.54 သို့ ရောက်ရှိနိုင်ပါသည်။

အဖွင့်, $

အနည်းဆုံး–အများဆုံး, $

အပိတ်, $

ဇန်နဝါရီ

165.29

148.29–174.09

161.19

ဖေဖေါ်ဝါရီ

161.19

145.88–171.24

158.56

မတ်

158.56

156.69–183.93

170.31

ဧပြီ

170.31

151.81–178.21

165.01

မေ

165.01

158.25–185.77

172.01

ဇွန်

172.01

162.38–190.62

176.50

ဇူလိုင်

176.50

138.03–176.50

150.03

သြဂုတ်

150.03

144.05–169.11

156.58

စက်တင်ဘာ

156.58

144.68–169.84

157.26

အောက်တိုဘာ

157.26

122.98–157.26

133.67

နိုဝင်ဘာ

133.67

131.01–153.79

142.40

ဒီဇင်ဘာ

142.40

129.30–151.78

140.54

PandaForecast

စျေးနှုန်းအပိုင်းအခြား: $63.86–$80.18 (12.05.2025အရ)။

PandaForecast သည် ZM မှာ ကျဥ်းမြောင်းသော စျေးတန်းအပိုင်းအခြားအတွင်း အရောင်းအဝယ်ဖြစ်မည်ဟု ကြိုတင်တွက်ဆထားပါသည်။ ချန်နယ်၏ အထက်ပိုင်းနယ်နိမိတ်တွင် ရောင်းချမှုများ နှင့် အနိမ့်ပိုင်းနယ်နိမိတ်၌ အဝယ်ကုန်သွယ်မှုများကို စဥ်းစားရန် အကြံပြုအပ်ပါသည်။

ရည်မှန်းစျေးနှုန်း , $

အနည်းဆုံး, $

အများဆုံး, $

ဇန်နဝါရီ

72.85

69.01

76.29

ဖေဖေါ်ဝါရီ

70.00

67.98

72.52

မတ်

67.81

65.48

69.99

ဧပြီ

67.65

63.86

69.98

မေ

68.79

66.42

71.60

ဇွန်

70.88

67.93

73.83

ဇူလိုင်

75.64

71.17

80.18

သြဂုတ်

78.37

74.10

80.18

စက်တင်ဘာ

73.66

72.19

77.49

အောက်တိုဘာ

72.96

70.74

77.51

နိုဝင်ဘာ

69.40

66.01

71.01

ဒီဇင်ဘာ

70.29

67.53

72.14

WalletInvestor

စျေးနှုန်းအပိုင်းအခြား: $74.09–$131.19 (12.05.2025အရ)။

WalletInvestor သည် 2027 ခုနှစ်အတွင်း ZM အတွက် အနည်းငယ် တိုးမြင့်မှုများကို ခန့်မှန်းထားပါသည်။ စျေးအတက်အကျ ကြီးမားနိုင်သောကြောင့် စဥ်ဆက်မပြတ် ကုန်သွယ်နေသူများအနေဖြင့် တစ်နေ့တာ ကုန်သွယ်ခြင်းမှ အကျိုးအမြတ်ခံစားရရှိနိုင်ပါသည်။

အဖွင့်, $

အပိတ်, $

အနည်းဆုံး, $

အများဆုံး, $

ဇန်နဝါရီ

84.058

83.446

78.682

84.058

ဖေဖေါ်ဝါရီ

85.941

82.740

82.740

91.917

မတ်

79.917

75.277

74.098

79.917

ဧပြီ

75.151

86.936

75.151

86.936

မေ

86.847

94.780

84.709

94.780

ဇွန်

96.017

119.150

96.017

119.150

ဇူလိုင်

118.934

115.534

115.229

119.084

သြဂုတ်

115.561

113.439

111.607

115.590

စက်တင်ဘာ

113.918

123.141

113.918

123.252

အောက်တိုဘာ

123.482

127.886

123.482

131.192

နိုဝင်ဘာ

125.059

104.647

104.647

125.059

ဒီဇင်ဘာ

104.197

88.247

88.247

104.197

2028 ခုနှစ်အတွက် ဆန်းစစ်လေ့လာသူများ၏ ZM ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

ကျွမ်းကျင်ပညာရှင်အများစုသည် 2028 ခုနှစ်အတွင်း ZM ၏ ရှယ်ယာစျေးနှုန်းမှာ အားကောင်းလာမည်ဟု မှန်းဆကြပါသည်။ အပြုသဘောဆောင် ခန့်မှန်းမှုများအရ စျေးနှုန်းမှာ ထိုတစ်နှစ်ပတ်လုံးအတွင်း 30% အထိ တဟုန်ထိုးမြင့်မားလာနိုင်ပါသည်။ သို့သော် ရှယ်ယာစျေးနှုန်းကျဆင်းမှုလည်း ဖြစ်ပေါ်လာနိုင်ပါသည်။

LongForecast

စျေးနှုန်းအပိုင်းအခြား: $140.54–$208.94 (12.05.2025အရ)။

LongForecast သည် ပုံမှန်တဖြည်းဖြည်းချင်း တိုးပွားလာမှုကို ကြိုတင်မှန်းဆထားပါသည်။ ရောင်းဝယ်မှုကို ဇန်နဝါရီလ၌ $140.54 ဖြင့် ဖွင့်လှစ်မည် ဖြစ်ပြီး ထိုနောက်ပိုင်းတွင် ရေရှည်‌စျေးမြင့်တက်မည့် လမ်းကြောင်း လိုက်ပါလာကာ ဧပြီလတွင် ၎င်း၏ ထိပ်ဆုံးတန်ဖိုးဆီသို့ ရောက်ရှိပါမည်။ ယင်းနောက် စျေးယာယီကျဆင်းမှု ဖြစ်ပွားပါမည်၊ ထိုအတောအတွင်း စျေးထိုးတက်မှုများနှင့် ရုတ်တရက် စျေးနိမ့်ဆင်းသွားမှုများကို မျှော်မှန်းထားပါသည်။

အဖွင့်, $

အနည်းဆုံး–အများဆုံး, $

အပိတ်, $

ဇန်နဝါရီ

140.54

140.54–166.02

153.72

ဖေဖေါ်ဝါရီ

153.72

153.72–182.85

169.31

မတ်

169.31

154.77–181.69

168.23

ဧပြီ

168.23

168.23–208.94

193.46

မေ

193.46

167.22–196.30

181.76

ဇွန်

181.76

166.48–195.44

180.96

ဇူလိုင်

180.96

158.46–186.02

172.24

သြဂုတ်

172.24

144.65–172.24

157.23

စက်တင်ဘာ

157.23

157.23–185.67

171.92

အောက်တိုဘာ

171.92

142.64–171.92

155.04

နိုဝင်ဘာ

155.04

145.92–171.30

158.61

ဒီဇင်ဘာ

158.61

158.61–196.99

182.40

StockScan

စျေးနှုန်းအပိုင်းအခြား: $46.27–$99.09 (12.05.2025အရ)။

StockScan သည် စျေးကျဆင်းမည့် အလားအလာကို အဆိုပြုထားပါသည်။ ပျမ်းမျှစျေးနှုန်းမှာ ဇန်နဝါရီလတွင် $66.13 သို့ ရောက်ရှိမည် ဖြစ်ပြီး ဒီဇင်ဘာလ၌ $53.82 အထိသို့ နိမ့်ကျသွားပါမည်။ ထို့ပြင် သိသာသော စျေးမတည်ငြိမ်မှုများကို ထိုနှစ်တလျှောက်လုံးအတွက် မျှော်မှန်းထားပါသည်။

ပျမ်းမျှ, $

အနည်းဆုံး, $

အများဆုံး, $

ဇန်နဝါရီ

66.13

63.13

99.09

ဖေဖေါ်ဝါရီ

58.98

58.35

70.14

မတ်

68.89

55.85

70.90

ဧပြီ

60.90

56.40

75.15

မေ

51.45

50.39

67.22

ဇွန်

55.12

49.13

57.77

ဇူလိုင်

59.88

51.69

70.80

သြဂုတ်

52.85

50.19

66.48

စက်တင်ဘာ

57.63

51.36

60.19

အောက်တိုဘာ

49.23

46.27

57.32

နိုဝင်ဘာ

52.98

47.43

57.86

ဒီဇင်ဘာ

53.82

50.91

57.42

WalletInvestor

စျေးနှုန်းအပိုင်းအခြား: $77.79–$134.99 (12.05.2025အရ)။

WalletInvestor သည် #ZM ကို တန်ဖိုးတက်လာမည်ဟု မျှော်လင့်ထားပါသည်။ ထိုနှစ်ကို $87.20 ဖြင့် စတင်မည် ဖြစ်ပါသည်။ နောက်ပိုင်းတွင် စျေးနှုန်း ထပ်မံတိုးမြင့်လာမည် ဖြစ်ပြီး အောက်တိုဘာလ၌ အမြင့်ဆုံးတန်ဖိုးဆီသို့ ရောက်ရှိသွားပါမည်။ ထို့နောက် အကျဘက်သို့ ယာယီစျေးနိမ့်ဆင်းမှု ဖြစ်ပေါ်၍ စျေးနှုန်းမှာ ဒီဇင်ဘာလကုန်၌ $92.42 ဖြင့် တည်တံ့သွားပါမည်။ ယေဘုယျအားဖြင့် ထိုနှစ်တလျှောက်လုံးတွင် အဝယ်ကုန်သွယ်မှုများ (ဝယ်ယူခြင်း)ကို စဥ်းစားနိုင်ပါသည်။

အဖွင့်, $

အပိတ်, $

အနည်းဆုံး, $

အများဆုံး, $

ဇန်နဝါရီ

87.207

88.651

82.376

88.651

ဖေဖေါ်ဝါရီ

89.552

83.962

83.962

95.579

မတ်

83.084

79.090

77.791

83.084

ဧပြီ

79.485

90.581

79.485

90.581

မေ

90.712

99.477

88.546

99.477

ဇွန်

100.464

122.902

100.464

122.902

ဇူလိုင်

122.670

119.333

119.030

122.670

သြဂုတ်

119.388

117.343

115.238

119.388

စက်တင်ဘာ

118.063

127.074

118.063

127.074

အောက်တိုဘာ

127.615

129.14

127.615

134.993

နိုဝင်ဘာ

128.080

107.862

107.862

128.080

ဒီဇင်ဘာ

107.591

92.425

92.425

107.591

2029 ခုနှစ်အတွက် ဆန်းစစ်လေ့လာသူများ၏ ZM ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

ဆန်းစစ်သုံးသပ်သူအများစုတွင် 2029 ခုနှစ်အတွက် Zoom ၏ စတော့စွမ်းဆောင်ရည်အပေါ် အပျက်သဘောဆောင် ထင်မြင်ချက်ရှိကြပါသည်။ သို့သော် ပညာရှင်အချို့သည် စတော့စျေးနှုန်း အနည်းငယ် တိုးမြင့်လာမှု ဖြစ်ပေါ်နိုင်ကြောင်း ယုံကြည်ကြပါသည်။

LongForecast

စျေးနှုန်းအပိုင်းအခြား: $138.17–$182.40 (12.05.2025အရ)။

LongForecast သည် 2029 ခုနှစ် ဇွန်လကုန်အထိသာလျှင် ခန့်မှန်းချက်များကို ထုတ်ပြန်ထားပြီး ရှယ်ယာစျေးနှုန်းကို $182.40 မှ $162.92 သို့ လျော့ကျသွားမည်ဟု မျှော်မှန်းထားပါသည်။ ထို့ကြောင့် ကုန်သည်များအနေဖြင့် အရောင်းကုန်သွယ်မှုများကို စတင်ဆောင်ရွက်နိုင်ပြီး ထိုနှစ်လယ်ပိုင်းအထိ ၎င်းတို့ကို ဆက်လက်ဖွင့်လှစ်ထားနိုင်ပါသည်။

အဖွင့်, $

အနည်းဆုံး–အများဆုံး, $

အပိတ်, $

ဇန်နဝါရီ

182.40

144.04–182.40

156.56

ဖေဖေါ်ဝါရီ

156.56

140.46–164.88

152.67

မတ်

152.67

138.17–162.19

150.18

ဧပြီ

150.18

148.41–174.21

161.31

မေ

161.31

143.79–168.79

156.29

ဇွန်

156.29

149.89–175.95

162.92

StockScan

စျေးနှုန်းအပိုင်းအခြား: $39.01–$62.00 (12.05.2025အရ)။

StockScan သည် 2029 ခုနှစ်အတွင်း Zoom ၏ ရှယ်ယာစျေးနှုန်းမှာ အားနည်းလာမည် ဖြစ်ကြောင်း ခန့်မှန်းတွက်ဆထားပါသည်။ ကြိုတင်ခန့်မှန်းချက်အရ စျေးနှုန်းမှာ $59.36 ဝန်းကျင်ဖြင့် ဖွင့်လှစ်မည် ဖြစ်ပြီး ဒီဇင်ဘာလ၌ $44.49 သို့ ဖြည်းညင်းစွာ ကျဆင်းသွားပါမည်။

ပျမ်းမျှ, $

အနည်းဆုံး, $

အများဆုံး, $

ဇန်နဝါရီ

59.36

50.29

61.08

ဖေဖေါ်ဝါရီ

53.76

49.64

59.06

မတ်

57.22

52.93

62.00

ဧပြီ

48.91

48.30

57.52

မေ

48.28

45.05

51.09

ဇွန်

56.56

47.56

56.73

ဇူလိုင်

58.23

51.89

61.09

သြဂုတ်

51.00

50.96

57.85

စက်တင်ဘာ

49.84

46.58

52.91

အောက်တိုဘာ

52.46

49.40

57.75

နိုဝင်ဘာ

46.00

45.56

53.91

ဒီဇင်ဘာ

44.49

39.01

50.41

WalletInvestor

စျေးနှုန်းအပိုင်းအခြား: $81.51–$138.65 (12.05.2025အရ)။

WalletInvestor သည် ထိုနှစ်၏ လပေါင်းများစွာအတွက် ရှယ်ယာ‌စျေးနှုန်း တက်လာမည်ဟု ခန့်မှန်းကြပါသည်။ အဆိုပါပိုင်ဆိုင်မှုမှာ ဇန်နဝါရီလတွင် $91.41 ဖြင့် ဖွင့်လှစ်မည် ဖြစ်ပြီး ဒီဇင်ဘာလ၌ $95.61 သို့ ပြန်လည်ကျဆင်းခြင်းမတိုင်မီ အောက်တိုဘာလတွင် $133.15 သို့ ရောက်ရှိပါမည်။

အဖွင့်, $

အပိတ်, $

အနည်းဆုံး, $

အများဆုံး, $

ဇန်နဝါရီ

91.419

93.098

86.050

93.098

ဖေဖေါ်ဝါရီ

93.728

87.945

87.945

99.439

မတ်

86.848

82.752

81.517

86.848

ဧပြီ

83.057

94.490

83.057

94.490

မေ

94.544

102.732

92.313

102.732

ဇွန်

104.124

126.647

104.124

126.647

ဇူလိုင်

126.578

123.154

122.759

126.578

သြဂုတ်

123.148

121.182

118.963

123.148

စက်တင်ဘာ

122.837

130.728

122.837

130.728

အောက်တိုဘာ

131.105

133.153

131.105

138.659

နိုဝင်ဘာ

131.899

111.936

111.936

131.899

ဒီဇင်ဘာ

110.454

95.613

95.613

110.454

2030 ခုနှစ်အတွက် ဆန်းစစ်လေ့လာသူများ၏ ZM ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

ကျွမ်းကျင်ပညာရှင်အများစုသည် 2030 ခုနှစ်အတွင်း ZM ရှယ်ယာစျေးနှုန်း မြင့်တက်လာမည်ဟု ခန့်မှန်းကြပြီး နှစ်ကုန်၌ $93.93 သို့ရောက်ရှိမည်ဟု မှန်းဆပါသည်။ သို့သော် ပညာရှင်အားလုံးသည် ထိုအပြုသဘောဆောင် အလားအလာကို သဘောတူညီမှုမရှိကြပါ။ အခြားအကဲဖြတ်မှုတစ်ခုတွင် 2030 ခုနှစ် ဒီဇင်ဘာလ၌ ZM စတော့မှာ $7.49 အထိသို့ ထိုးကျသွားမည်ဟု အကြံပြုထားပါသည်။

CoinCodex

စျေးနှုန်းအပိုင်းအခြား: $7.49–$20.89 (12.05.2025အရ)။

CoinCodex သည် ဆိုးရွားသော အလားအလာကို တင်ပြထားပါသည်။ ပျမ်းမျှစျေးနှုန်းကို ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ 56% နိမ့်ကျသွားမည်ဟု မျှော်လင့်ကြပါသည်။ ဤဆက်စပ်မှုအရ အရောင်းကုန်သွယ်မှုများအပေါ် အာရုံစိုက်ထားရန် အကြံပြုအပ်ပါသည်။

အနည်းဆုံး, $

ပျမ်းမျှ, $

အများဆုံး, $

ဇန်နဝါရီ

16.01

18.52

20.89

ဖေဖေါ်ဝါရီ

13.87

15.66

17.16

မတ်

11.19

12.88

14.20

ဧပြီ

11.43

12.52

14.13

မေ

9.62

11.05

12.46

ဇွန်

12.19

12.88

13.82

ဇူလိုင်

11.30

12.34

13.86

သြဂုတ်

9.29

11.45

13.32

စက်တင်ဘာ

8.50

8.99

9.55

အောက်တိုဘာ

8.39

8.95

9.60

နိုဝင်ဘာ

8.24

9.12

9.97

ဒီဇင်ဘာ

7.49

8.13

8.92

StockScan

စျေးနှုန်းအပိုင်းအခြား: $27.39–$131.97 (12.05.2025အရ)။

StockScan သည် အဆိုပါရှယ်ယာစျေးနှုန်းမှာ 2030 ခုနှစ်အတွင်း တန်ဖိုးထပ်မံတက်လာမည်ဟု ယုံကြည်ထားပါသည်။ ထိုပိုင်ဆိုင်မှုကို $66.78 ဖြင့် ဖွင့်လှစ်၍ $29.79 သို့ ထိုးကျကာ နောက်ဆုံးတွင် နှစ်ကုန်၌ $93.93 အထိသို့ ပြန်လည်ဦးမော့လာမည်ဟု မျှော်မှန်းကြပါသည်။

ပျမ်းမျှ, $

အနည်းဆုံး, $

အများဆုံး, $

ဇန်နဝါရီ

66.78

37.07

71.87

ဖေဖေါ်ဝါရီ

60.07

49.06

73.24

မတ်

59.92

58.18

70.53

ဧပြီ

57.64

54.13

62.37

မေ

42.45

40.66

62.22

ဇွန်

29.79

27.39

44.60

ဇူလိုင်

39.52

28.70

40.55

သြဂုတ်

33.72

28.64

42.40

စက်တင်ဘာ

39.67

32.22

40.75

အောက်တိုဘာ

57.91

37.08

60.15

နိုဝင်ဘာ

73.97

56.73

96.74

ဒီဇင်ဘာ

93.93

69.00

131.97

WalletInvestor

စျေးနှုန်းအပိုင်းအခြား: $90.27–$108.08 (12.05.2025အရ)။

WalletInvestor သည် 2030 ခုနှစ် မေလအထိသာလျှင် ခန့်မှန်းချက်များကို ဖော်ပြထားပါသည်။ စျေးနှုန်းကို ပထမနှစ်ဝက်အတွင်း တဖြည်ဖြည်း ပုံမှန်အတိုင်း မြင့်တက်လာမည်ဟု မျှော်လင့်ကြပါသည်။ ထိုပိုင်ဆိုင်မှုမှာ 11.96% ဖြင့် တဟုန်ထိုး မြင့်တက်လာသည့်အချိန် ဧပြီလအတွင်း အကြီးမားဆုံး တိုးပွားမှုကို ကြိုတင်မျှော်မှန်းထားပါသည်။

အဖွင့်, $

အပိတ်, $

အနည်းဆုံး, $

အများဆုံး, $

ဇန်နဝါရီ

99.739

101.004

94.406

101.004

ဖေဖေါ်ဝါရီ

102.125

96.635

96.635

108.083

မတ်

95.991

91.831

90.275

95.991

ဧပြီ

91.939

104.428

91.939

104.428

မေ

104.537

103.549

103.506

104.661

2050 ခုနှစ်အထိ ဆန်းစစ်လေ့လာသူများ၏ ZM ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

CoinCodex သည် Zoom Video ၏ ရှယ်ယာများမှာ 2050 ခုနှစ်၌ တန်ဖိုးလျော့ကျမည်ဟု မှန်းဆထားပြီး ဒီဇင်ဘာလတွင် စျေးနှုန်း $0.015306 ရှိမည်ဟု ခန့်မှန်းတွက်ချက်ထားပါသည်။ 2020 နှင့် 2023 ခုနှစ်အတွင်း ၎င်း၏ ထိပ်ဆုံးတန်ဖိုးမှ စတော့ရှယ်ယာတန်ဖိုး 90% ထိုးကျမှုသည် ဤခန့်မှန်းချက်ကို လွှမ်းမိုးသက်ရောက်လျက်ရှိပါသည်။ သိသာပေါ်လွင်သော စျေးကျဆင်းမှု ထပ်မံဖြစ်ပွားနိုင်သော်လည်း ဖြစ်နိုင်ချေနည်းပါးကြောင်း တွေ့ရှိရပါသည်။

StockScan သည် 2050 ခုနှစ်၌ ZM စျေးနှုန်းမှာ $41.19 အထိသို့ ထိုးကျလိမ့်မည်ဟု မျှော်လင့်ကြပါသည်။ သို့ဖြစ်၍ ကုမ္ပဏီ၏ ရှယ်ယာများထဲသို့ ရေရှည်ရင်းနှီးမြှုပ်နှံမှုများသည် အကျိုးအမြတ်ရရှိနိုင်မည် မဟုတ်ပါ။

ခုနှစ်

CoinCodex, $

StockScan, $

2035

-

37.03

2040

 0.503112

18.88

2045

-

18.19

2050

 0.014048

41.19

ထိုသို့ ဝေးကွာသော အချိန်ကာလတစ်ခုအတွက် ကြိုတင်မှန်းဆချက်များမှာ အနီးစပ်ဆုံးခန့်မှန်းခြေမျှသာ ဖြစ်ပါသည်။ သို့ဖြစ်၍ ကျယ်ပြန့်သော ခန့်မှန်းတွက်ချက်မှု အပိုင်းအခြားမှာ $0.014048 မှ $41.19 အထိ ရှိပါသည်။ စိစစ်လေ့လာသူအချို့သည် ဖြစ်နိုင်ချေနည်းပါးသော်လည်း ကုမ္ပဏီ၏ရှယ်ယာများမှာ လက်တွေ့တွင် ၎င်းတို့၏ တန်ဖိုးအားလုံးလျော့နည်းလာမည်ဟု ခန့်မှန်းကြပါသည်။ အခြားသူများသည် အနည်းငယ် စျေးကျဆင်းမှုကို တွေးဆထားကြပါသည်။ သို့သော် ဆန်းစစ်လေ့လာသူအများစုသည် ZM ရှယ်ယာများအတွက် ရေရှည်အလားအလာများနှင့် စပ်လျဥ်း၍ သံသယများဖြစ်ပေါ်လျက် ရှိပါသည်။

ဆိုရှယ်မီဒီယာပေါ်ရှိ #ZM (Zoom) အတွက် စျေးကွက်သဘောထား

စျေးကွက်သဘောထားသည် Zoom Video Communications (ZM) ရှယ်ယာများ၏ စွမ်းဆောင်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။ လူမှုမီဒီယာပေါ်ရှိ ပို့စ်များသည် ရင်းနှီးမြှုပ်နှံသူတို့၏ စိတ်ခံစားချက်၊ စျေးနှုန်းအတက်အကျ နှင့် စျေးကွက်မျှော်မှန်းချက်များအပေါ် အကျိုးသက်ရောက်မှု ဖြစ်စေပါသည်။

@danushman သည် အဆိုပါကုမ္ပဏီ၏ ရှယ်ယာများမှာ လစဥ် chart ပေါ်တွင် ရေတိုနိမ့်ဆင်းလျက်ရှိသော ရောင်းလိုအားစျေးတန်းကို ဖောက်ကျော်ပြီး ထပ်မံတိုးတက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ထောက်ပြထားပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်ရှိ #ZM (Zoom) အတွက် စျေးကွက်သဘောထား

ကုန်သည် @Sirwicks သည်လည်း စျေးနှုန်းမှာ နေ့စဥ် chart ပေါ်တွင် နိမ့်ဆင်းနေသော ရောင်းလိုအားစျေးတန်းကို ဖောက်ထွက်ခဲ့ကြောင်း ဖော်ပြထားပါသည်။ အဆိုပါသုံးစွဲသူသည် ထပ်မံစျေးတက်မည့် ရွေ့လျားမှုကို မျှော်လင့်ထားပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်ရှိ #ZM (Zoom) အတွက် စျေးကွက်သဘောထား

@FakeTrading သည် 21-နှင့် 9-ကာလ moving average များသည် လစဥ် chart ပေါ်တွင် စုဆုံနေကြောင်း ညွှန်းဆိုထားပါသည်။ သို့ဖြစ်၍ ဦးတည်ချက်နှစ်ဖက်လုံးတွင် ရုတ်တရက် တဟုန်ထိုးလှုပ်ရှားမှု ဖြစ်ပေါ်နိုင်ပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်ရှိ #ZM (Zoom) အတွက် စျေးကွက်သဘောထား

ယေဘုယျအားဖြင့် မီဒီယာသဘောထားသည် Zoom ၏ ရှယ်ယာစျေးနှုန်းမှာ မြင့်တက်လာမည်ဟု ဖော်ပြထားပါသည်။ သို့သော် ကုန်သွယ်ရေးဆုံးဖြတ်ချက်များ မချမှတ်မီ အခြေခံအချက်များစွာကို လေ့လာရန် လွန်စွာအရေးကြီးပါသည်။

#ZM ၏ စျေးနှုန်းသမိုင်းမှတ်တမ်း

Zoom (ZM) သည် ၁၉.၁၀.၂၀၂၀ တွင် အမြင့်ဆုံးစျေးနှုန်း $588.84 သို့ ရောက်ရှိခဲ့ပါသည်။

Zoom (ZM) ၏ အနိမ့်ဆုံးစျေးနှုန်းကို စတော့ရှယ်ယာ $54.99 သို့ ကျဆင်းခဲ့သည့် ၁၂.၀၈.၂၀၂၄ တွင် မှတ်တမ်းတင်ခဲ့ပါသည်။

Zoom Video Communications သည် 2019 ခုနှစ် ဧပြီ18 ရက်နေ့၌ NASDAQ ပေါ်တွင် ၎င်း၏ အများပြည်သူထံသို့ ပွဲဦးထွက် ပြုလုပ်ခဲ့ပြီး သ‌င်္ကေတအမှတ် ZM ဖြင့် အရောင်းအဝယ်များ ဆောင်ရွက်ခဲ့ပါသည်။ IPO သည် ကြီးမားသော အောင်မြင်မှုတစ်ရပ် ဖြစ်ခဲ့ပြီး ရှယ်ယာတစ်စောင်လျှင် $36 တန်ကြေးရှိခဲ့ကာ ၎င်း၏ စတော့သည် ပထမဦးဆုံးနေ့တွင် 72% ကျော် တရှိန်ထိုးတက်ခဲ့၍ $62 ဖြင့် ပိတ်သိမ်းခဲ့ပါသည်။ အများပြည်သူထံသို့ ကြေငြာရောင်းချပြီးသည့်အချိန်မှစတင်ကာ Zoom ၏ ရှယ်ယာများတွင် အံ့သြဖွယ် စျေးမြင့်တက်လာမှု ဖြစ်ပေါ်ခဲ့ပြီး 2020 ခုနှစ် အောက်တိုဘာလတွင် ကပ်ဘေးရောဂါကြောင့် အမြင့်ဆုံး $588 အထိသို့ ရောက်ရှိခဲ့ပါသည်။

ကပ်ဘေးရောဂါ တားမြစ်ချက်များ လျော့နည်းလာခဲ့သောကြောင့် Zoom ၏ တရှိန်ထိုးမြင့်တက်မှုသည်လည်း ကျဆင်းခဲ့ပါသည်။ 2025 ခုနှစ် မေလ၌ ရှယ်ယာများသည် $83.55 အထိသို့ ထိုးကျသွားခဲ့ပြီး ထိုသည်မှာ ၎င်းတို့၏ စံချိန်တင်အမြင့်ဆုံးတန်ဖိုးမှ 86% ကျဆင်းမှု ဖြစ်ပါသည်။ မကြာသေးမီအတွင်း စျေးအလှုပ်အခတ်များသည် Zoom ၏ AI နည်းပညာအချက်အချာကျမှု နှင့် Microsoft Teams တို့ထံမှ ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းအပေါ် ရင်းနှီးမြှုပ်နှံသူတို့၏ တုံ့ပြန်ချက်ကို အတိအလင်းမြင်သာစေပါသည်။ 2025 ခုနှစ် ဖေဖေါ်ဝါရီလတွင် ထိုကုမ္ပဏီသည် ဝင်ငွေမျှော်မှန်းချက်များထက် ကျော်လွန်ခဲ့သော်လည်း မလှုပ်မရှားအခြေအနေသည် ထိုရလဒ်များကို ဖုံးလွှမ်းခဲ့ပြီး ZM ရှယ်ယာများကို အနိမ့်ဆုံးဆီသို့ ပို့ဆောင်ပေးခဲ့ပါသည်။

LiteFinance: #ZM ၏ စျေးနှုန်းသမိုင်းမှတ်တမ်း

Zoom ရှယ်ယာများအပေါ် လက်တွေ့ကျသော စီးပွားရေးအခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်

Zoom စတော့၏တန်ဖိုးအပေါ်တွင် ၎င်း၏ကုမ္ပဏီတွင်း ဖွံ့ဖြိုးတိုးတက်မှုများနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး၏ ခေတ်ရေစီးကြောင်းများ အပါအဝင် အထွေထွေစီးပွားရေးညွှန်ပြချက်များက အဓိကလွှမ်းမိုးထားပါသည်။

Zoom စတော့အပေါ် မည်သည့်အကြောင်းအရာများက လွှမ်းမိုးသက်ရောက် ပါသနည်း။

Zoom (Zoom Video Communications) စတော့၏ ဈေးနှုန်းကို အရေးပါသော အကြောင်းအရာများစွာမှ အဆုံးအဖြတ်ပေးပါသည်။ ယင်းအကြောင်းအရာများသည် ကာလတိုနှင့် ကာလရှည်နှစ်ခုစလုံးအတွက် ရှယ်ယာဈေးနှုန်းအပေါ် အကျိုးသက်ရောက်စေနိုင်ပါသည်။

  • ၁။ ဘဏ္ဍာရေးရလာဒ်များ။ ဝင်ငွေနှင့် အမြတ်အစွန်း တိုးတက်မှုနှုန်းများနှင့် ကျွမ်းကျင်သူတို့၏ အပြုသဘောဆောင်သော ခန့်မှန်းချက်များသည် ရှယ်ယာဈေးနှုန်းများကို အထက်သို့ တိုးတက်စေပါသည်။ အပြန်အလှန်အားဖြင့်၊ စွမ်းဆောင်ရည်ကျဆင်းမှုသည် ရှယ်ယာဈေးနှုန်းကို အောက်သို့ကျဆင်းစေပါသည်။
  • ၂။ အသုံးပြုသူဦးရေတိုးတက်နှုန်းနှင့် အခပေးစာရင်းသွင်းခြင်းများ။ Zoom သည် ကုမ္ပဏီ၏ဝင်ငွေတိုးတက်မှုကို မြင့်မားစေသော ကြီးမားသည့်လုပ်ငန်းစုဖောက်သည်များစာရင်းကို ချဲ့ထွင်လျှက်ရှိပြီး၊ B2B ဈေးကွက်အတွင်း တက်ကြွစွာပါဝင်ဆောင်ရွက်နေပါသည်။ မှတ်သားရမည့်အချက်မှာ၊ သီးသန့်အသုံးပြုသူချိတ်ဆက်မှုများနှင့် B2C ကဏ္ဍ၏တိုးတက်မှုများသည်လည်း အဓိကကျသော စွမ်းဆောင်ရည်တိုင်းတာချက်ကို ကိုယ်စားပြုပါသည်။
  • ၃။ အင်္ဂါရပ်အသစ်များ တီထွင်ရေးဆွဲခြင်းနှင့် ပေါင်းစပ်ဖန်တီးခြင်း။ ဤအကြောင်းအချက်သည်လည်း ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ပါဝင်စားမှုကို လွှမ်းမိုးနိုင်ပါသည်။ အလုပ်ခွင်အစစ်ကိုတုပထားသော သရုပ်ဖော်ရုံးခန်းများ သို့မဟုတ် AI ကူညီပံ့ပိုးမှုကဲ့သို့ အင်္ဂါရပ်အသစ်များ ပေါင်းထည့်ခြင်းသည် ပလပ်ဖောင်း၏ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးပြီး၊ Zoom ဝန်ဆောင်မှုအား အလားတူထုတ်ကုန်များနှင့် ယှဉ်ပြိုင်ရာတွင် အားသာချက်ရရှိစေပါသည်။
  • ၄။ ယှဉ်ပြိုင်မှုများ။ Microsoft Teams၊ Google Meet နှင့် Cisco Webex ကဲ့သို့သော အရေးပါသည့်လုပ်ငန်းကြီးများမှ ယှဉ်ပြိုင်မှုသည် Zoom ၏ စတော့စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုရှိနိုင်သည်။ ကုမ္ပဏီသည် စျေးကွက်တွင်ဆက်လက်အောင်မြင်မှုရရှိစေရန် ၎င်း၏ယှဉ်ပြိုင်မှုအားသာချက်များနှင့် ထူးခြားသော ကိုယ်ပိုင်အင်္ဂါရပ်များကို ထိန်းသိမ်းထားသင့်ပါသည်။
  • ၅။ အထွေထွေစီးပွားရေးနောက်ခံနှင့် ငွေကြေးဖောင်းပွမှု။ စီးပွားရေးကျဆင်းမှုများသည် ကုမ္ပဏီများကို ၎င်းတို့၏ အသုံးစားရိတ်နှင့် ဈေးနှုန်းသတ်မှတ်ခြင်းမူဝါဒများအပေါ် ပြန်လည်အကဲဖြတ်ရန် လှုံ့ဆော်ပေးနိုင်ပါသည်။ ၎င်းသည် Zoom ၏ ဝန်ဆောင်မှုများအတွက် လိုအပ်ချက်အပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။ ထို့အပြင်၊ အတိုးနှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်းနှင့် အခြားသော အထွေထွေစီးပွားရေးညွှန်ပြချက်များ၏ မတည်ငြိမ်သော အတက်၊အကျများသည် ပိုမိုကျယ်ပြန့်သော နည်းပညာစျေးကွက်ကို လွှမ်းမိုးနိုင်ပြီး ရှယ်ယာစျေးနှုန်းများ တိုးတက်မှုနှုန်းကို ကျဉ်းမြောင်းစေနိုင်ပါသည်။
  • ၆။ ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ဆောင်ချက်နှင့် မဟာဗျူဟာမြောက် ပေါင်းစည်းမှုများ။ စီးပွားပေါင်းစည်းမှု၊ အခြားလုပ်ငန်းရှယ်ယာများကိုဝယ်ယူမှုများနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို တစိုက်မတ်မတ် လုပ်ဆောင်ရန် ဆုံးဖြတ်ချက်သည် ZM နှုန်းထားကို မြှင့်တင်ပေးနိုင်ပါသည်။ ဥပမာအားဖြင့်၊ နည်းပညာသစ်များပိုင်ဆိုင်ထားသော အခြားကုမ္ပဏီများကို ဝယ်ယူခြင်းသည် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ပြီး ဈေးကွက်အတွင်း Zoom ၏ ရပ်တည်မှုကို ခိုင်မာစေပါသည်။
  • ၇။ စည်းမျဉ်းစည်းကမ်းနှင့် လုံခြုံရေး။ အချက်အလက်ကာကွယ်ရေးပြဿနာရပ်များ၊ လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပင်မှုများနှင့် စည်းမျဉ်းစည်းကမ်းလိုက်နာမှုများသည်လည်း အရေးကြီးသော အရင်းခံအကြောင်းအရာများပင် ဖြစ်ပါသည်။ Zoom သည် အရေးကြီးသော ကိုယ်ရေးကိုယ်တာအချက်အလက်များစွာကို ကိုင်တွယ်ဆောင်ရွက်ရသည်နှင့်အမျှ လုံခြုံရေးဆိုင်ရာ ပြသနာတစုံတရာပေါ်ပေါက်ခြင်းသည် ကုမ္ပဏီအပေါ် ယုံကြည်မှုကို ပျက်ပြားစေနိုင်ပြီး၊ လက်ဝယ်ရှိသော ZM စတော့ရှယ်ယာများကို တပြိုင်နက်ထုတ်ရောင်းကြသော အခြေအနေမျိုးကို လှုံ့ဆော်ပေးနိုင်ပါသည်။

အထက်ပါ အကြောင်းအရာများသည် ဈေးကွက်မျှော်မှန်းချက်များနှင့် Zoom ဝယ်လိုအားကို ပြောင်းလဲပုံဖော်နိုင်ပြီး၊ ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းအပေါ် လွှမ်းမိုးသက်ရောက်နိုင်ပါသည်။

Zoom ရှယ်ယာများအကြောင်း နောက်ထပ်သိကောင်းစရာများ

၂၀၁၁ ခုနှစ်တွင် Cisco အင်ဂျင်နီယာဟောင်းတဦးဖြစ်သူ Eric Yuan သည် ရှိနှက့်ပြီးသော ရုပ်သံဆွေးနွေးမှုဆော့ဖ်ဝဲလ်များ၏ ချို့ယွင်းချက်များကို ဖြေရှင်းရန်အတွက် Zoom Video Communications ကို တည်ထောင်ခဲ့သည်။ Yuan သည် စျေးကွက်တွင် ပိုမိုခိုင်မာသောနည်းပညာအသစ်ဖြင့် ကွာဟချက်တရပ်ကို သရုပ်ခွဲပြသခဲ့ပြီးနောက်၊ ကနဦးတွင် ကော်ပိုရိတ်ကဏ္ဍကို ပစ်မှတ်ထား၍ ကုမ္ပဏီကို အမေရိကန်ပြည်ထောင်စုတွင် စတင်မိတ်ဆက်ခဲ့သည်။ ဤမဟာဗျူဟာမြောက်သော ဦးစားပေးလုပ်ဆောင်ချက်သည် Zoom ၏ လျင်မြန်သောတိုးတက်မှုနှင့် စျေးကွက်လွှမ်းမိုးမှုတွင် အထူးအရေးပါသောအချက်တခုဖြစ်ကြောင်း သက်သေပြခဲ့ပြီးဖြစ်ပါသည်။

LiteFinance: Zoom ရှယ်ယာများအကြောင်း နောက်ထပ်သိကောင်းစရာများ

၂၀၂၀ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါ၏ သက်ရောက်မှုကြောင့် Zoom ၏တန်ဖိုးတွင် သိသာထင်ရှားသော တိုးတက်မှုကို တွေ့မြင်ခဲ့ကြရသည်။ အဝေးမှချုပ်‌ကိုင်သောစနစ်ဖြင့် အလုပ်လုပ်ခြင်းနှင့် သင်ယူခြင်းပုံစံများသို့ ရုတ်တရက်ကူးပြောင်းခြင်းသည် အွန်လိုင်းရုပ်သံစည်းဝေးပွဲ ဝန်ဆောင်မှုများ၏ ဝယ်လိုအားကို သိသိသာသာ တိုးလာစေခဲ့သည်။ ကပ်ရောဂါ၏အကျိုးဆက်တခုအဖြစ် ကုမ္ပဏီများနှင့် ပညာရေးအဖွဲ့အစည်းများသည် အွန်လိုင်းအစည်းအဝေးနှင့် သင်ကြားရေး အတန်းများအတွက် ရိုးရှင်းပြီး အားကိုးရလောက်သည့် နည်းပညာဝန်ဆောင်မှုများကို ရှာဖွေခဲ့ကြသည်။ Zoom သည် ဤနေရာတွင် ရှေ့ဆောင်လမ်းပြအဖြစ် ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် ကုမ္ပဏီ၏ စတော့ရှယ်ယာတန်ဖိုးသည် အချိန်တိုအတွင်း ၅၀၀% ကျော် တိုးတက်သွားခဲ့သည်။ Zoom သည် လုပ်ဆောင်ချက်အသစ်များကိုမိတ်ဆက်ခြင်းနှင့် ကြီးမားကျယ်ပြန့်သော အသုံးပြုသူချင်းချိတ်ဆက်မှုများကို ပံ့ပိုးပေးခြင်းဖြင့် ၎င်း၏စျေးကွက်အနေအထားကို ထပ်လောင်းခိုင်မာစေခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို သိသိသာသာ ဆွဲဆောင်နိုင်ခဲ့ပါသည်။

Zoom Video Communications သည် ကျယ်ပြန့်သောအသုံးချမှုများစွာအတွက် ဆော့ဖ်ဝဲလ် ဖြေရှင်းချက်များကို ကမ်းလှမ်းပါသည်။ ကုမ္ပဏီလုပ်ငန်းကဏ္ဍတွင် Zoom ကို အွန်လိုင်းအစည်းအဝေးများနှင့် ဆွေးနွေးပွဲများအတွက် အသုံးပြုကြသည်။ ပညာရေးကဏ္ဍတွင် Zoom သည် ဗီဒီယိုသင်ခန်းစာများနှင့် သင်ကြားပို့ချမှုများကို လွယ်ကူချောမွေ့စေပါသည်။ ကျန်းမာရေး စောင့်ရှောက်မှုတွင် Zoom သည် ဆေးဘက်ဆိုင်ရာပညာရှင်များဖြင့် ကနဦးဆွေးနွေးမှုများအတွက် ပလပ်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်ပါသည်။ ဦးဆောင်လမ်းပြသူ ကုန်သည်ကြီးများပင်လျှင် လမ်းညွှန်အကြံပေးမှုများပြုလုပ်ရာတွင် ၎င်းတို့၏စက်ပစ္စည်းများမှ အသံ၊ ဗီဒီယိုနှင့် ရုပ်ပုံများကို ထုတ်လွှင့်ရန်အတွက် ရိုးရှင်းပြီး အသုံးပြုရလွယ်ကူသော Zoom ကို အကျိုးရှိစွာ အသုံးပြုကြပါသည်။

Zoom စတော့သည် ၎င်း၏ မတည်မငြိမ်မှုနှုန်းနှင့် liquidity ကို သတိပြုမိကြသူများကြားတွင် နှစ်သက်သဘောကျဖွယ်ရာ ရင်းနှီးမြှုပ်နှံမှုတခုဖြစ်သည်။ Zoom Video Communications (ZM အမှတ်အသား) ၏ ရှယ်ယာများကို အကြီးဆုံး အမေရိကန်အိတ်ချိန်းများမှ တစ်ခုဖြစ်ပြီး နည်းပညာစတော့များအား အဓိကဦစားပေးသော NASDAQ အိတ်ချိန်းပေါ်တွင် အရောင်းအ၀ယ်ပြုလုပ်ပါသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် Zoom Video Communications ၏စျေးကွက်အရင်းအနှီးမှာ ခန့်မှန်းခြေအားဖြင့် $23.23 ဘီလီယံရှိပါသည်။ လွန်ခဲ့သည့် ၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အွန်လိုင်းရုပ်သံစကားဝိုင်းများ၏ ရေပန်စားမှု ကျဆင်းသွားသော်လည်း ကုမ္ပဏီသည် နည်းပညာကဏ္ဍတွင် ၎င်း၏ ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားကာ၊ လွန်ခဲ့သောနှစ်အတွင်း ၎င်း၏စျေးကွက်အရင်းအနှီးတွင် 6.15% တိုးတက်မှုကို ပြသခဲ့သည်။

Zoom တွင် ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်နှင့် အားနည်ချက်များ

Zoom ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်နှင့် အားနည်းချက်များကို စူးစမ်းလေ့လာကြည့်ကြပါစို့။ ပထမဦးစွာ ထည့်သွင်းစဥ်းစားသင့်သည့် အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • မြင့်မားသော ငွေဖြစ်လွယ်မှု။ ကုမ္ပဏီ၏ ရှယ်ယာများကို Nasdaq စတော့အိတ်ချိန်းပေါ်တွင် အရောင်းအဝယ်ပြုလုပ်ပြီး ထိုသည်မှာ မြင့်မားသော ငွေဖြစ်လွယ်ကို ပေးစွမ်းနိုင်ပါသည်။ ပျမ်းမျှနေ့စဥ် ကုန်သွယ်မှုပမာဏသည် အနီးစပ်ဆုံး 3.29 မီလီယံရှယ်ယာ ဖြစ်ပါသည်။
  • စျေးအတက်အကျ ပြင်းထန်ခြင်း။ Zoom စျေးကွက်၏ စျေးမတည်ငြိမ်မှု မြင့်မားသောကြောင့် စတော့ရှယ်ယာများသည် သိသိသာသာ စျေးနှုန်းအတက်အကျများကို ကြုံတွေ့နိုင်ပြီး အလွန်တိုတောင်းသော အချိန်အတွင်း အကျိုးအမြတ် မြန်ဆန်စွာ ရရှိနိုင်ပါသည်။
  • လူကြိုက်များရေပန်းစားသော လုပ်ငန်းကဏ္ဍ။ ထင်ပေါ်ကျော်ကြားသော ကုမ္ပဏီတစ်ခုအဖြစ် Zoom ၏ ထွက်ပေါ်လာမှုနှင့်အတူ နည်းပညာအခန်းကဏ္ဍသည် ရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သည်များထံမှ အာရုံစိုက်မှုများစွာကို ရရှိလာပါသည်။
  • အမှတ်တံဆိပ်၏ ကျော်ကြားမှု နှင့် လူသိများလာခြင်း။ အထူးသဖြင့် စီးပွားရေး၊ ပညာရေးနှင့် အဝေးရောက် ဆေးဘက်ဆိုင်ရာ အကြံပြုဆွေးနွေးမှုများ စသည့် ဗီဒီယိုဖြင့် အစည်းအဝေးပြုလုပ်ခြင်း ကိစ္စရပ်တွင် Zoom သည် အလွန်ရေပန်းစား၍ လူသိများသော အမှတ်တံဆိပ်တစ်ခု ဖြစ်လာပါသည်။ ကပ်ဘေးကာလအပြီးတိုင် ထိုအမှတ်တံဆိပ်အား ဆက်လက်လိုအပ်မှုသည် ထပ်မံတိုးမြင့်မှုအတွက် အနေအထားတစ်ရပ်ကို သတ်မှတ်ပေးနိုင်ပါသည်။
  • ပုံစံနှစ်မျိုးဖြင့် အလုပ်လုပ်ခြင်း၏ ကြီးထွားမှုအလားအလာ။ ပေါင်းစပ်အလုပ်လုပ်ကိုင်မှုပုံစံသို့ အသွင်ကူးပြောင်းခြင်းသည် အဝေးရောက် ပြောဆိုဆွေးနွေးချက်များအပေါ် အဆင်ပြေချောမွေ့စေသည့် နည်းလမ်းများကို ကုမ္ပဏီများအား ရှာဖွေနိုင်စေပါသည်။
  • ထုတ်ကုန်အမျိုးမျိုး ခွဲဖြာထုတ်လုပ်ခြင်း။ ဗီဒီယို‌ရုပ်သံဆွေးနွေးပွဲအပေါ် မှီခိုနေရမှုအား လျော့ချရန် နှင့် ကိုဗစ်အလွန် ကြီးထွားမှုအပေါ် အရှိန်မြှင့်တင်ရန်အတွက် Zoom သည် Zoom Phone၊ Zoom Rooms၊ နှင့် Zoom AI Companion အပါအဝင် ၎င်း၏ စီးပွားရေးဝန်ဆောင်မှု လုပ်ငန်းအမျိုးမျိုးကို တက်ကြွစွာ ချဲ့ထွင်နေပါသည်။ Zoom Rooms သည် အစည်းအဝေးခန်းများ ချိတ်ဆက်မှု မြှင့်တင်ပေးခြင်းဖြင့် ပေါင်းစပ်လုပ်ကိုင်မှုအနေအထားများကို အထောက်အကူဖြစ်စေပါသည်၊ ထို့ပြင် Zoom AI Companion တွင် အလိုအလျောက် မှတ်တမ်းရေးမှတ်ခြင်းနှင့် အစည်းအဝေးကောက်နှုတ်ချက်များ ကဲ့သို့သော AI စွမ်းအင် လက္ခဏာရပ်များ ပါဝင်လာပါသည်။ ဤရှေးရှုဆောင်ရွက်ချက်များသည် ကုမ္ပဏီ၏ ဝင်ငွေကို တိုးမြင့်ပေးပြီး Microsoft နှင့် Google တို့ကို ယှဥ်ပြိုင်နိုင်စေပါသည်။

သို့သော် အားနည်းချက်အချို့လည်း ရှိနေပါသည်။

  • ပြင်းထန်သော ပြိုင်ဆိုင်မှု။ Zoom သည် Microsoft Teams နှင့် Google Meet ကဲ့သို့သော ကုမ္ပဏီကြီးများထံမှ ပြင်းထန်သော ပြိုင်ဆိုင်မှုများကို ရင်ဆိုင်ကြုံတွေ့နေရပြီး အဆိုပါကုမ္ပဏီများသည်လည်း အလားတူထုတ်ကုန်များကို ဖန်တီးလျက်ရှိပါသည်။ ဤသို့ဖြင့် ZM ၏ ရေရှည်တိုးပွားမှုအပေါ် အကန့်အသတ်ဖြစ်စေနိုင်ပါသည်။
  • အဖွဲ့အစည်းဆိုင်ရာ ဖောက်သည်များအပေါ် မှီခိုနေရခြင်း။ Zoom ၏ အဓိကဖောက်သည် အခန်းကဏ္ဍမှာ ကုမ္ပဏီများ ဖြစ်ပြီး ထိုကုမ္ပဏီအဖွဲ့အစည်းများမှ ဗီဒီယိုရုပ်သံဖြင့် ဆွေးနွေးသည့်ပုံစံတွင် အသုံးပြုမှုလျော့ကျသွားခြင်းသည် ဝင်ငွေအပေါ် ဆိုးရွားစွာ သက်ရောက်မှုဖြစ်စေနိုင်ပါသည်။
  • ကိုဗစ်ကပ်ဘေးနောက်ပိုင်း အကန့်အသတ်ဖြင့် ကြီးထွားခြင်း။ 2020 ခုနှစ်တွင် Zoom ရှယ်ယာများသည် မိုးထိတိုင်မြင့်မားခဲ့သော်လည်း ၎င်း၏ လက်ရှိစျေးနှုန်းမှာ သိသာစွာ နိမ့်ပါးလျက်ရှိပါသည်။ စျေးကွက်အလွန်အကျွံ့ ပြည့်နှက်နေခြင်း နှင့် နောက်ဆက်တွဲ ဝယ်လိုအားကျဆင်းမှုသည် ZM ၏ ကြီးထွားမှုအလားအလာကို ကန့်သတ်စေနိုင်ပါသည်။

ကျွန်ုပ်တို့၏ခန့်မှန်းချက်များပြုလုပ်ပုံ

ကျွန်ုပ်တို့သည် ကြိုတင်ခန့်မှန်းချက်များ ဖန်တီးရေးဆွဲရာတွင် အကြောင်းအရာမြောက်များစွာကို ထည့်သွင်းစဥ်းစားပါသည်။ အခြေခံတကျ ဆန်းစစ်ချက် တွင် ကျွန်ုပ်တို့၏ အဓိကအလေးပေးမှုမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အခင်းအကျင်း၊ အမေရိကန် စီးပွားရေး၏ ကြီးထွားမှုအလားအလာ နှင့် စတော့စျေးကွက်၏ သီးခြားကဏ္ဍများအပေါ် ရင်းနှီးမြှုပ်နှံသူတို့၏ သဘောထားတို့ ဖြစ်ပါသည်။ စိစစ်သုံးသပ်ထားသော ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာ စွမ်းဆောင်ရည် အပါအဝင် ၎င်း၏ ငွေကြေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ အဓိက ကြီးထွားမှုဆိုင်ရာ အညွှန်းကိန်းများ၊ ဝင်ငွေ နှင့် အကျိုးအမြတ်များ စသည်တို့ကို အထူးဂရုပြုအာရုံစိုက်ပါသည်။

နည်းပညာပိုင်းဆိုင်ရာ နှင့် အခြေခံတကျ စိစစ်သုံးသပ်မှုများ၏ ပေါင်းစပ်ဖွဲ့စည်းပုံကို ရေတို၊ အလယ်အလတ်နှင့် ရေရှည်ကြိုတင်ခန့်မှန်းချက်များ ဖန်တီးရန်အတွက် အသုံးပြုပါသည်။ ပထမဦးဆုံးအနေဖြင့် ပိုမိုကြာမြင့်သည့် အချိန်ကာလပေါ်တွင် လက်ရှိဖြစ်ပေါ်နေသော လမ်းကြောင်းကို ရှာဖွေသတ်မှတ်ပါသည်။ ထို့နောက် အဓိကဝယ်လိုအားနှင့် ရောင်းလိုအားစျေးတန်းများကို ဆုံးဖြတ်ပါသည်။

ကုန်သွယ်မှု ဖွင့်ခြင်းနှင့် ပိတ်သိမ်းခြင်းများအတွက် အကောင်းဆုံးပွိုင့်များကို သေချာစွာသိရှိစေရန် EMA၊ RSI၊ MACD၊ Ichimoku indicator တို့ကဲ့သို့ အပိုဆောင်းအထောက်အကူများအပြင် အခြားနည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုကိရိယာများကို အသုံးပြုထားသည်။

ရရှိလာသော ရလာဒ်များအပေါ်အခြေခံ၍၊ ကျွန်ုပ်တို့သည် ပိုင်ဆိုင်မှုတခုကို ဝယ်ယူခြင်းနှင့် ရောင်းချခြင်းများအတွက် သင့်တော်သောဈေးတန်းများအပါအဝင် အားသာချက်အရှိဆုံး ကုန်သွယ်ရေးအစီအစဉ်တခုကို သိရှိနိုင်ပါသည်။ ရလာဒ်အနေဖြင့် ကာလရှည်ခန့်မှန်းချက်ကို ခင်းကျင်းတင်ပြပါသည်။

#ZM သည် ကောင်းမွန်သောရင်းနှီးမြှုပ်နှံမှုတခု ဖြစ်ပါသလား။

2024 ခုနှစ် သြဂုတ်လမှစတင်ကာ Zoom ရှယ်ယာများမှာ တည်ငြိမ်လျက်ရှိပြီး ပြန်လည်ဦးမော့ရန် စတင်ခဲ့ပါသည်၊ ထိုသည်မှာ ‌နှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးအနေဖြင့် ရေရှည်တည်တံ့သော စျေးအတက်လမ်းကြောင်းတစ်ခုအတွက် ကနဦးသတိပေးချက်များကို ပြသနေပါသည်။

အကယ်၍ စျေးနှုန်းသည် 2024 ခုနှစ်၏ အမြင့်ဆုံးတန်ဖိုးအထက်တွင် တည်ငြိမ်သွားပါက စျေးကွက်ပေါက်စျေးများမှာ ဆက်လက်တိုးတက်လာပါလိမ့်မည်။ ဤသို့ဖြစ်ပါက ရည်မှန်းပစ်မှတ် $120.00 ဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ထည့်သွင်းစဥ်းစားနိုင်ပါသည်။ ထို့ပြင် အောင်မြင်မှု အခွင့်အလမ်းများ တိုးပွားလာရန် အခြေခံအကြောင်းအရာများကို စောင်ကြည့်‌လေ့လာရန် မရှိမဖြစ်လိုအပ်ပါသည်။ ကုမ္ပဏီ၏ အောင်မြင်ဖြစ်ထွန်းမှုများနှင့် သင့်တင့်သော အထွေထွေစီးပွားရေး အခြေအနေများသည် ZM ကို သိသာပေါ်လွင်စွာ ကြီးထွားလာစေပါလိမ့်မည်။

Zoom စျေးနှုန်းမှန်းဆချက်တွင် မေးလေ့ရှိသော အမေးနှင်အဖြေများ

#ZM ၏ လက်ရှိစျေးနှုန်းမှာ ၁၁.၀၈.၂၀၂၆ အရ $105.96 ဖြစ်ပါသည်။

ကြိုတင်ခန့်မှန်းချက်များအရ Zoom (ZM) ရှယ်ယာများ၏ တန်ဖိုးမှာ 2026 ခုနှစ်အတွင်း $69.71 မှ $207.99 အထိ ရှိပါမည်။ စိစစ်လေ့လာသူအများစုသည် ခိုင်မာသော အခြေခံအုတ်မြစ်များ အပါအဝင် ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှုများမှ အထောက်အကူပြုသောကြောင့် စျေးနှုန်းမြင့်တက်မှုကို မျှော်မှန်းကြပါသည်။

2027 ခုနှစ်အတွက် ကြိုတင်ခန့်မှန်းချက်များမှာ အမျိုးမျိုးကွဲပြားနေပါသည်၊ ကျွမ်းကျင်ပညာရှင်အချို့သည် ထိုတစ်နှစ်ပတ်လုံးအတွက် တိုးပွားမှုများကို တွက်ဆထားပြီး အခြားသူများသည် စျေးနှုန်းနိမ့်ဆင်းသွားမည်ဟု ယုံကြည်ကြပါသည်။ သို့သော် ဆန်းစစ်လေ့လာသူများသည် စျေးမတည်ငြိမ်မှုမှာ နည်းပါးမည် ဖြစ်ကြောင်း အခိုင်အမာယုံကြည်ထားပါသည်။

စိစစ်သုံးသပ်သူအများစုသည် Zoom ၏ စတော့စျေးနှုန်းမှာ နောင်ငါးနှစ်အတွင်း $93.93 မှ $104.53 အထိ ရှိပါမည် (သို့) ထိုထက် ပိုမိုမြင့်မားပါလိမ့်မည်။ သို့သော် ထိုကုမ္ပဏီသည် အခက်အခဲအကြပ်အတည်းများကို တွေ့ကြုံရပါက ရှယ်ယာစျေးနှုန်း $7.49 အထိသို့ ထိုးကျနိုင်သည့် အလားအလာအနည်းငယ် ရှိပါသည်။

ယခုအချိန်သည် အဆိုပါကုမ္ပဏီ၏ ရှယ်ယာများ ဝယ်ယူရန်အတွက် အချိန်အခါကောင်းတစ်ခု ဖြစ်ပါသည်။ 2024 ခုနှစ် သြဂုတ်လမှစတင်ကာ စံချိန်သစ်အနိမ့်ဆုံးတန်ဖိုးသို့ ရောက်ရှိရန် ကျရှုံးပြီးနောက် စျေးနှုန်းပြန်တက်လာပြီး ယခင်အမြင့်ဆုံးများထက် ပိုမိုမြင့်သော အဆင့်ဆီသို့ ချဥ်းကပ်လာနေပါသည်။ အကယ်၍ စျေးကွက်ပေါက်စျေးမှာ ပို၍မြင့်မားသော အဆင့်တွင် တည်ငြိမ်သွားပါက အဆိုပါပိုင်ဆိုင်မှုသည် $120 ဆီသို့ ဆက်လက်တိုးတက်လာပါလိမ့်မည်။

ဝက်စ်ပေါ်ရှိ ဟောပြောပွဲများ၊ အွန်လိုင်း တွေ့ဆုံပွဲအစီအစဥ်များနှင့် စီးပွားရေးဆိုင်ရာ အစည်းအဝေးများအတွက် အရည်အသွေးမြင့်မားသော ပလက်ဖောင်းများအား လက်ရှိလိုအပ်နေချိန်အတွင်း Zoom ၏ ရှယ်ယာများသည် ရေရှည်တွင် အလားအလားကောင်းနေဟန် ရှိပါသည်။ Zoom Communications သည် ထိုလုပ်ငန်းကဏ္ဍအတွင်း ၎င်း၏ ဦးဆောင်မှုကို ထိန်သိမ်းထားပြီး လက်တွေ့တကျ ပလက်ဖောင်းအား အဆင့်မြှင့်တင်ရန်အတွက် အင်္ဂါရပ်အသစ်များကို ဆက်လက် ထုတ်လုပ်မိတ်ဆက်လျက် ရှိပါသည်။

ကပ်ဘေးနှင့် နောက်ဆက်တွဲ စျေးကျဆင်းမှုအတွင်း ရုတ်တရက် မြင့်တက်မှုပြီးနောက် ထိုကုမ္ပဏီ၏ ရှယ်ယာများမှာ $70–$90 အပိုင်းအခြားတွင် တည်ငြိမ်လျက် ရှိပါသည်။ Zoom သည် ၎င်း၏ ပလက်ဖောင်းအတွက် အသုံးချကိရိယာအသစ်များကို ဆက်လက်မိတ်ဆက်နေပြီး အခြားဝန်ဆောင်မှုများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးလျက် ရှိပါသည်၊ ဤသို့ဖြင့် နောင်လာမည့်နှစ်များအတွင်း ရှယ်ယာတန်ဖိုး တိုးတက်မှုအလားအလားများ ဖြစ်ပေါ်စေနိုင်ပါသည်။

လက်တွေ့ဈေးကွက်အချိန်ရှိ #ZM ၏စျေးနှုန်းဇယား

2026၊ 2027၊ 2028–2030 နှင့်နောက်ပိုင်းအတွက် Zoom (ZM) ဈေးနှုန်းခန့်မှန်းချက်နှင့် ကြိုတင်သုံးသပ်ချက်များ

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat