နည်းပညာနယ်ပယ်အတွင်း ဝန်ထမ်းဦးရေဆက်တိုက်လျှော့ချမှုများနှင့် ကုမ္ပဏီ၏ နည်းဗျူဟာ အပြောင်းအလဲများ ကြားမှပင်၊ Amazon သည် IT နယ်ပယ်အတွင်း ထိပ်ဆုံးမှဦးဆောင်နေသော ကုမ္ပဏီတခုအဖြစ် ၎င်း၏ အဆင့်အတန်းကို ယုံကြည်ချက်ရှိစွာ ထိန်းသိမ်းထားပါသည်။ Amazon သည် cloud နည်းပညာနှင့် e-commerce ကဏ္ဍများအပေါ် အာရုံစိုက်၍ ဈေးကွက်အခြေအနေအသစ်များနှင့်အညီ နည်းဗျူဟာများကိုပြင်ဆင်ချိန်ညှိကာ တက်ကြွစွာ လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါသည်။ စတော့ဈေးနှုန်းများ အနည်းငယ်မတည်ငြိမ်သော်ငြား၊ ကုမ္ပဏီ၏ ဤလုပ်ဆောင်ချက်များသည် ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်ချက်များကို ခိုင်မာစေပါသည်။
Amazon သည် ဆန်းသစ်တီထွင်သော နည်းပညာဖြေရှင်းချက်များမှတဆင့် ၎င်း၏ ရပ်တည်မှုကို ခိုင်မာစေရန် ကြံဆောင်ကာ၊ ထိုအချက်သည် နယ်ပယ်အတွင်း လက်ရှိစိန်ခေါ်မှုများကြား အဓိကတိုးတက်မှုတွန်းအားတရပ် ဖြစ်လာနိုင်ပါသည်။ ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းတွင် အလားအလာရှိသော ကာလရှည်လမ်းကြောင်းများကို စူးစမ်းထုတ်ဖော်ရန်အတွက် အဆုံးထိ ဆက်လက်ဖတ်ရှုပါ။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- အဓိကမှတ်သားရန်အချက်များ
- AMZN ၏ အချိန်နှင့်တပြေးညီဈေးကွက်အခြေအနေ
- နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်အပေါ် အခြေခံကာ 2025 ခုနှစ်အတွက် AMZN စတော့စျေးနှုန်း ကြိုတင်ခန့်မှန်းချက်
- 2026 ခုနှစ်အတွက် ဆန်းစစ်လေ့လာသူများ၏ AMZN စျေးနှုန်းမှန်းဆချက်များ
- 2027 ခုနှစ်အတွက် ဆန်းစစ်လေ့လာသူများ၏ AMZN စျေးနှုန်းမှန်းဆချက်များ
- 2028 ခုနှစ်အတွက် ဆန်းစစ်လေ့လာသူများ၏ AMZN စျေးနှုန်းမှန်းဆချက်များ
- 2029 ခုနှစ်အတွက် ဆန်းစစ်လေ့လာသူများ၏ AMZN စျေးနှုန်းမှန်းဆချက်များ
- 2030 ခုနှစ်အတွက် ဆန်းစစ်လေ့လာသူများ၏ AMZN စျေးနှုန်းမှန်းဆချက်များ
- 2050 ခုနှစ်အထိ ဆန်းစစ်လေ့လာသူများ၏ AMZN စျေးနှုန်းမှန်းဆချက်များ
- ဆိုရှယ်မီဒီယာပေါ်ရှိ AMZN (Amazon) အတွက် စျေးကွက်သဘောထား
- AMZN ဈေးနှုန်းရာဇဝင်
- AMZN အခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာချက်
- AMZN အကြောင်းနောက်ထပ်သိကောင်းစရာများ
- ကျွန်ုပ်တို့၏ ခန့်မှန်းချက်များ ပြုလုပ်ပုံ
- အနှစ်ချုပ် - AMZN သည် ကောင်းမွန်သောရင်းနှီးမြှုပ်နှံမှုတခု ဖြစ်ပါသလား။
- AMZN ၏ စတော့ရှယ်ယာ စျေးနှုန်းမှန်းဆချက်တွင် မေးလေ့ရှိသော အမေးနှင့် အဖြေများ
အဓိကမှတ်သားရန်အချက်များ
- ၀၁.၀၅.၂၀၂၆ တွင် AMZN ၏ လက်ရှိဈေးနှုန်းမှာ $268.41 ဖြစ်ပါသည်။
- AMZN သည် ၎င်း၏ အမြင့်ဆုံးဈေးနှုန်းဖြစ်သော $273.1 သို့ ၀၁.၀၅.၂၀၂၆ တွင် ရောက်ရှိခဲ့ပါသည်။ သမိုင်းတလျှောက် အနိမ့်ဆုံးဈေးနှုန်းမှာ $0.07 ဖြစ်ပြီး၊ ၎င်းကို ၂၂.၀၅.၁၉၉၇ တွင် မှတ်တမ်းတင်ခဲ့သည်။
- ပင်မစီးပွားရေးလုပ်ငန်းများတွင် Amazon Web Services (AWS)၊ e-commerce၊ ကြော်ငြာနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများ ပါဝင်ပါသည်။
- ၂၀၂၂ ခုနှစ်တွင်၊ Amazon သည် လက်လီရင်းနှီးမြှုပ်နှံသူများအတွက် ပို၍လက်လှမ်းမီစေရန် ၎င်း၏စတော့အား 20-for-1(ရှယ်ယာတခုအတွက် ရှယ်ယာအခု ၂၀ ပြန်လည်ရရှိခြင်း) ခွဲခြမ်းမှုကို ပြုလုပ်ခဲ့ပါသည်။
- ၂၀၀၅ ခုနှစ်တွင် မိတ်ဆက်ခဲ့သော Amazon Prime သည် ဖောက်သည်တို့၏ တစိုက်မတ်မတ်အားပေးမှုကို ပိုမိုခိုင်မာစေခဲ့ပြီး၊ ကုမ္ပဏီအတွက် အမြတ်အစွန်းများကို ထပ်ဆောင်းရရှိစေခဲ့ပါသည်။
- ကုမ္ပဏီသည် ဉာဏ်ရည်တုနည်းပညာ၊ ရိုဘော့တီထွင်အသုံးချမှုနည်းပညာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအလေးပေးသော သယ်ယူပို့ဆောင်မှုစနစ်များ(green logistics)တွင် တက်ကြွစွာ ရင်းနှီးမြှုပ်နှံပါသည်။
- Amazon သည် စျေးကွက်တန်ဖိုး $2.13 ထရီလီယံ ကျော်ရှိသော ကမ္ဘာ့အကြီးဆုံးကုမ္ပဏီများအနက် တစ်ခု ဖြစ်ပါသည်။
AMZN ၏ အချိန်နှင့်တပြေးညီဈေးကွက်အခြေအနေ
၀၁.၀၅.၂၀၂၆ တွင် AMZN ၏ လက်ရှိဈေးနှုန်းမှာ $268.41 ဖြစ်ပါသည်။
Amazon ၏ စတော့ကို အကဲဖြတ်ရာတွင်၊ ၎င်း၏လက်ရှိ အခြေအနေကို သေချာစွာ သဘောပေါက် နားလည်ရန်အတွက် P/E နှင့် EPS ကဲ့သို့ ဈေးကွက်အရင်းအနှီးနှင့် အမြတ်ရရှိနှုန်းဆိုင်ရာ အတိုင်းအတာများကို ခြေရာခံရန် အရေးကြီးပါသည်။ ဝင်ငွေစုစုပေါင်းနှင့် အသားတင်အမြတ်သည် စီးပွားရေးအမျိုးအစား၏ ထိရောက်မှုကို ထင်ဟပ်ဖော်ပြပါသည်။ ပိုင်ဆိုင်မှုများနှင့် ပေးရန်ရှိသောဝတ္တရားများသည် ဘဏ္ဍာရေး တည်ငြိမ်မှုကို ပိုင်းခြားစိစစ်နိုင်ရန် အကူအညီပေးပါသည်။ ၎င်း၏ ကြီးလေးသော ကြွေးပြီဝန်ထုပ်ဝန်ပိုးသည် ကာလရှည်အတွက် အလားအလာရှိသောဆုံးရှုံးနိုင်ခြေများကို မီးမောင်းထိုးပြနေသော်လည်း၊ လက်ရှိကာလတွင်ငွေသားအဖြစ်ပြောင်းလဲနိုင်သော တန်ဖိုးစုစုပေါင်းနှင့် အချိန်မဆိုင်းငွေသားအဖြစ် ပြောင်းလဲအသုံးပြုနိုင်သောတန်ဖိုးစုစုပေါင်း (current and quick liquidity) သည် ကုမ္ပဏီ၏ ကာလတိုအတွင်း ပြန်လည်ပေးဆပ်နိုင်သော အရည်အချင်းကို ညွှန်ပြပါသည်။ အဆိုပါအတိုင်းအတာများသည် စတော့ပိုင်ဆိုင်မှု၏ အလားအလာအပေါ် ပြီးပြည့်စုံသော သဘောပေါက်နားလည်မှုကို ဖြည့်ဆည်းပေးပါသည်။
အညွှန်းကိန်း | တန်ဖိုး |
စျေးကွက်တန်ဖိုး | $2.13 ထရီလီယံ |
စျေးနှုန်း/အမြတ်အစွန်း, TTM | 32.80 |
ရှယ်ယာတစ်စောင်လျှင် အမြတ်ဝင်ငွေ (EPS, TTM) | $6.26 |
စုစုပေါင်းဝင်ငွေ (နောက်ဆုံးသုံးလပတ်) | $155.67 ဘီလီယံ |
အသားတင်အမြတ် (နောက်ဆုံးသုံးလပတ်) | $17.13 ဘီလီယံ |
ပိုင်ဆိုင်မှု အရင်းအနှီးစုစုပေါင်း (Q1 2025) | $643.26 ဘီလီယံ |
ပေးရန်တာဝန်စုစုပေါင်း (Q1 2025) | $150.50 ဘီလီယံ |
နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်အပေါ် အခြေခံကာ 2025 ခုနှစ်အတွက် AMZN စတော့စျေးနှုန်း ကြိုတင်ခန့်မှန်းချက်
နေ့စဥ် Amazon chart အရ စတော့စျေးနှုန်းမှာ ရက်ပေါင်း ၅၀ SMA အထက်တွင် အရောင်းအဝယ် ဖြစ်နေကြောင်း ပြသထားပြီး ထိုသည်မှာ ရေတိုစျေးတက်မည့် အလားအလာ အလေးသာနေကြောင်း အတည်ပြုပေးပါသည်။ ထိုပိုင်ဆိုင်မှုသည် ရက်ပေါင်း ၂၀၀ SMA သို့ ချဥ်းကပ်လာခဲ့ပြီး ထိုအနီးတွင် တည်ရှိနေပါသည်၊ ဤသည်မှာ ၎င်းကို ထပ်မံရွေ့လျားနိုင်ချေ အလားအလာအတွက် စောင့်ကြည့်ရမည့် ပင်မစျေးတန်း ဖြစ်လာစေပါသည်။
RSI တန်ဖိုးသည် အလယ်အလတ်ဇုန်အတွင်း 54 ဝန်းကျင်တွင် ရှိပြီး ဤသည်မှာ အဆိုပါစတော့တွင် အဝယ်လွန်ကဲမှုမရှိကြောင်း ဖော်ပြနေသော်လည်း ဖြစ်နိုင်ဖွယ် တိုးတက်မှုအလားအလာ အရှိန်နှေးကွေးနေကြောင်း အရိတ်အမွတ်ပြသလျက် ရှိပါသည်။ ထိုအတောအတွင်း MACD မျဥ်းသည် အချက်ပြမျဥ်းရှိရာသို့ နိမ့်ဆင်းလျက် ရှိပြီး ၎င်းနှင့်အတူ histogram အားနည်းနေသည်မှာ စျေးကျမည့်ဖြတ်ကျော်မှုနှင့် ရေတိုစျေးကျဆင်းမှု စတင်ခြင်းကို အချက်ပြသတိပေးနိုင်ပါသည်။
စျေးနှုန်းသည် ထပ်မံတိုးတက်မှုများကို အတည်ပြုရန်အတွက် $200–$202 အထက်တွင် တည်ရှိနေရပါမည်။ အောက်ဘက်သို့ဖောက်ထွက်မှုသည် $190 အထိသို့ စျေးပြန်ကျမှုကို စတင်ဖြစ်ပေါ်စေနိုင်ပြီး $210 အထက်တွင် တည်ငြိမ်မှုသည် စျေးတက်မည့်လမ်းကြောင်း ဆက်လက်ဖြစ်ပေါ်မည်ဟု အချက်ပြပေးပါမည်။
အောက်ပါဇယားသည် နောင်လာမည့် ၁၂ လအတွင်း (#AMZN) ရှယ်ယာ၏ ခန့်မှန်းစျေးနှုန်းများကို ပြသပေးပါသည်။
လ | အနည်းဆုံး, $ | အများဆုံး, $ |
2025 မေ | 190.00 | 212.00 |
2025 ဇွန် | 195.00 | 225.00 |
2025 ဇူလိုင် | 205.00 | 235.00 |
2025 သြဂုတ် | 210.00 | 240.00 |
2025 စက်တင်ဘာ | 208.00 | 230.00 |
2025 အောက်တိုဘာ | 200.00 | 222.00 |
2025 နိုဝင်ဘာ | 195.00 | 215.00 |
2025 ဒီဇင်ဘာ | 200.00 | 220.00 |
2026 ဇန်နဝါရီ | 215.00 | 235.00 |
2026 ဖေဖေါ်ဝါရီ | 220.00 | 245.00 |
2026 မတ် | 210.00 | 235.00 |
2026 ဧပြီ | 200.00 | 230.00 |
2025 ခုနှစ် #AMZN အတွက် ရေရှည်ကုန်သွယ်ရေးအစီအစဥ်
လက်ရှိနည်းပညာပိုင်းဆိုင်ရာ သတ်မှတ်ချက်နှင့် ပထဝီနိုင်ငံရေးရာ အခင်းအကျင်းများအရ ရောင်းဝယ်မှုအသစ်များ စတင်လုပ်ဆောင်ရန် စံပြုအပ်သော အချိန်ကောင်း မဟုတ်နိုင်ပါ။ အဆိုပါစတော့သည် ရက်ပေါင်း-၂၀၀ SMA ဝန်းကျင်တွင် အရောင်းအဝယ်ဖြစ်နေပြီး MACD အညွှန်းကိန်းသည် ရေတိုစျေးကျဆင်းနိုင်ချေကို ပြသနေပါသည်။ သွင်းကုန်စည်းကြပ်ခွန်နှင့် စပ်လျဥ်း၍ ဒေါ်နယ်ထရမ့်၏ ထပ်မံပြောကြားချက်မှ အရင်းခံလာသော ထပ်တိုးစွန့်စားမှုများသည် ယခုအကြိမ်တွင် Apple ကို ဦးတည်ခဲ့သော်လည်း Amazon သည် အလားတူခြိမ်းခြောက်စုံစမ်းမှုကို ကြုံတွေ့နိုင်ချေ ရှိပါသည်။ $185–$190 အနီးတွင် အဝယ်ကုန်သွယ်မှုများ ဖွင့်လှစ်ပါက ထိုနေရာတွင် အဆိုပါပိုင်ဆိုင်မှုမှာ စျေးပြန်ကန်တက်လာနိုင်ပါသည်။ US Fed မှ ငွေကြေးဖြေလျော့မှု လုပ်ဆောင်ချက်နှင့် ထိုနှစ်၏ ဒုတိယနှစ်ဝက်အတွင်း အတိုးနှုန်းလျော့ချမှု အလားအလာသည် အဓိကစျေးတက်စေမည့် အကြောင်းတရားများ ဖြစ်လာစေနိုင်ပါသည်။
2025 ခုနှစ်အတွက် ဆန်းစစ်လေ့လာသူများ၏ AMZN စျေးနှုန်းမှန်းဆချက်များ
2025 ခုနှစ်သည် Amazon ရှယ်ယာများအတွက် တိုးတက်မှုနှင့် တည်ငြိမ်မှု တလှည့်ဆီ ပြောင်းလဲဖြစ်ပေါ်မည့် အခြေအနေများနှင့်တကွ အတက်အကျပြင်းထန်သော နှစ်အဖြစ် အလားအလာရှိနေပါသည်။ အထွေထွေစီးပွားရေးအပြောင်းအလဲများနှင့် ကုမ္ပဏီတွင်း ဖြစ်စဥ်များကြောင့် သိသာသော စျေးနှုန်းအတက်အကျများ ဖြစ်ပေါ်နိုင်ပါသည်။
CoinCodex
2025 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $151.78–$181.94 (24.05.2025 အရ) ။
CoinCodex ၏ အဆိုအရ Amazon ၏ ရှယ်ယာစျေးနှုန်းကို 2025 ခုနှစ်အတွင်း အတန်အသင့် စျေးတက်မည့် အလားအလာများနှင့်တကွ မတည်ငြိမ်မှုကို ကြုံတွေ့ရမည်ဟု မျှော်လင့်ထားပါသည်။ နှစ်လယ်စျေးနိမ့်ဆင်းမှု နောက်ပိုင်းတွင် တည်ငြိမ်မှုကာလ ဖြစ်ပေါ်လာနိုင်ပြီး နှစ်ကုန်၌ ပျမ်းမျှစျေးနှုန်း $164.54 ဝန်းကျင်ဖြင့် အတည်တကျရပ်တန့်သွားပါမည်။
လ | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
ဇွန် | 157.32 | 162.24 | 166.71 |
ဇူလိုင် | 152.02 | 159.28 | 170.19 |
သြဂုတ် | 174.24 | 179.67 | 181.94 |
စက်တင်ဘာ | 151.78 | 157.52 | 171.20 |
အောက်တိုဘာ | 155.64 | 162.66 | 168.94 |
နိုဝင်ဘာ | 160.56 | 165.58 | 170.04 |
ဒီဇင်ဘာ | 160.87 | 164.54 | 168.25 |
StockScan
2025 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $212.06–$281.90 (24.05.2025 အရ) ။
StockScan သည် 2025 ခုနှစ်အတွင်း Amazon ရှယ်ယာများအတွက် ပြင်းထန်သော စျေးတက်မည့် အလားအလာကို ကြိုတင်မှန်းဆထားပါသည်။ ပျမ်းမျှစျေးနှုန်းကို $220.15 မှ $258.41 အထိသို့ တက်လာရန် ခန့်မှန်းထားပြီး အမြင့်ဆုံးတန်ဖိုး $281.90 ကို အောက်တိုဘာလတွင် မျှော်မှန်းထားပါသည်။ ဤစျေးမြင့်တက်မှုသည် ခိုင်မာသော သုံးလပတ်ဝင်ငွေများအတွက် မျှော်မှန်းချက်များ၊ ကလောက်ဝန်ဆောင်မှုများ တိုးချဲ့လာမှု နှင့် သုံးစွဲသူတို့၏ ပုံမှန်ဝယ်လိုအားတို့မှ အားဖြည့်ပေးသောကြောင့် ဖြစ်ပါသည်။
လ | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
ဇွန် | 212.06 | 220.15 | 222.64 |
ဇူလိုင် | 216.68 | 234.70 | 236.81 |
သြဂုတ် | 232.97 | 261.98 | 262.73 |
စက်တင်ဘာ | 246.89 | 261.38 | 269.45 |
အောက်တိုဘာ | 256.91 | 269.08 | 281.90 |
နိုဝင်ဘာ | 248.61 | 262.76 | 272.04 |
ဒီဇင်ဘာ | 257.55 | 258.41 | 280.90 |
WalletInvestor
2025 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $209.83–$239.42 (24.05.2025 အရ) ။
WalletInvestor သည် 2025 ခုနှစ်အတွင်း AMZN အတွက် ပုံမှန်မြင့်တက်မည့် လမ်းကြောင်းကို ကြိုတင်တွက်ဆထားပါသည်။ စျေးနှုန်းများကို သိသာသော လှုပ်ခတ်မှုများ မရှိဘဲ တဖြည်းဖြည်းချင်း တက်လာမည်ဟု ခန့်မှန်းကြပြီး ထိုသည်မှာ Amazon စတော့အပေါ် ခိုင်မာသော ယေဘုယျစိတ်ဝင်စားမှု ရှိနေကြောင်း ထင်ဟပ်မြင်သာစေပါသည်။
လ | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
ဇွန် | 209.83 | 213.42 | 217.00 |
ဇူလိုင် | 217.41 | 219.86 | 222.31 |
သြဂုတ် | 222.18 | 224.14 | 226.10 |
စက်တင်ဘာ | 226.65 | 226.76 | 227.57 |
အောက်တိုဘာ | 226.85 | 228.53 | 230.24 |
နိုဝင်ဘာ | 230.69 | 233.16 | 235.62 |
ဒီဇင်ဘာ | 236.10 | 237.76 | 239.42 |
2026 ခုနှစ်အတွက် ဆန်းစစ်လေ့လာသူများ၏ AMZN စျေးနှုန်းမှန်းဆချက်များ
2026 ခုနှစ်အတွင်း Amazon ၏ စတော့ရှယ်ယာသည် 2026 ခုနှစ်အတွင်း အနည်းငယ်စျေးတက်မှုများ၊ ယာယီစျေးကျဆင်းမှုများနှင့် တည်ငြိမ်မှုများဖြင့် ရောထွေးနေသော လမ်းကြောင်းကို ရင်ဆိုင်ကြုံတွေ့ရနိုင်ပါသည်။ US Fed ၏ မူဝါဒအလှည့်အပြောင်းများနှင့် ကမ္ဘာ့ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုများ အပါအဝင် ပိုမိုကျယ်ပြန့်သော အထွေထွေစီးပွားရေး အင်းအားစုမျာသည် စျေးနှုန်းအပေါ် အကျိုးသက်ရောက်စေနိုင်ပါသည်။
CoinCodex
2026 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $129.96–$203.12 (24.05.2025 အရ) ။
CoinCodex သည် 2026 ခုနှစ်အတွင်း မယုတ်မလွန် ထင်မြင်ချက်ကို ဆက်လက်ထိန်းသိမ်းထားပြီး ထိုနှစ်၏ ပထမခြောက်လပတ်အတွင်း တည်ငြိမ်သော စွမ်းဆောင်ရည်ကို မှတ်ချက်ပြုထားပါသည်၊ ထိုနောက်ပိုင်းတွင် နှစ်ကုန်အထိတိုင် တဖြည်းဖြည်းချင်း စျေးနှုန်းဆုတ်ယုတ်သွားမည် ဖြစ်ပါသည်။ ဤခန့်မှန်းချက်သည် တစ်နှစ်တာလုံးအတွင်းရှိ တည်ငြိမ်မှုကာလများနှင့် အတန်အသင့် စျေးနှုန်းလှုပ်ခတ်မှုများကို ဖော်ပြပေးပါသည်။
ခုနှစ် | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
2026 | 129.96 | 167.75 | 203.12 |
StockScan
2026 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $254.37–$305.54 (24.05.2025 အရ) ။
StockScan သည် 2026 ခုနှစ်အတွင်း Amazon မှာ ခိုင်မာသော စျေးတက်မည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ကြောင်း ယုံကြည်ထားပါသည်။ ပျမ်းမျှစျေးနှုန်းကို $279.95 ဖြင့် ခန့်မှန်းတွက်ချက်ထားပြီး ထိုပိုင်ဆိုင်မှုကို စက်တင်ဘာလမှ အောက်တိုဘာလအကြား အမြင့်ဆုံးတန်ဖိုးသို့ ရောက်ရှိမည်ဟု မျှော်လင့်ကြပါသည်။ ထိုစျေးတက်မည့် အရှိန်အဟုန်ကို AI နှင့် ကလောက်တွက်ချက်မှုဆိုင်ရာ ကဏ္ဍများတွင် လုပ်ငန်းပိုင်းတိုးချဲ့မှုတို့မှ အထောက်အကူပြုနိုင်ပါမည်။
ခုနှစ် | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
2026 | 254.37 | 279.95 | 305.54 |
WalletInvestor
2026 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: 239.42–$289.12 (24.05.2025 အရ) ။
WalletInvestor သည် 2026 တစ်နှစ်တာလုံးအတွင်း Amazon ၏ စတော့ရှယ်ယာကို အဆင့်ဆင့် အားကောင်းလာမည်ဟု မျှော်လင့်ကြပါသည်။ အဆိုပါတိုးပွားမှုအများစုကို ထိုနှစ်၏ ဒုတိယမြောက် နှစ်ဝက်အတွင်း ဖြစ်မည်ဟု ခန့်မှန်းထားပြီး စျေးနှုန်းကို ဖြစ်နိုင်ချေအားဖြင့် $280.00 (သို့) ထိုထက်ပိုမိုမြင့်မားသော တန်ဖိုးတွင် တည်ငြိမ်သွားမည်ဟု မှန်းဆထားပါသည်။ ဤခန့်မှန်းချက်သည် အတန်အသင့် စျေးတက်မည့် အနေအထားကို အထင်အရှားမြင်သာစေပါသည်။
ခုနှစ် | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
2026 | 239.42 | 262.90 | 289.12 |
2027 ခုနှစ်အတွက် ဆန်းစစ်လေ့လာသူများ၏ AMZN စျေးနှုန်းမှန်းဆချက်များ
စိစစ်လေ့လာသူများသည် 2027 ခုနှစ်တလျှောက်လုံးတွင် AMZN ကို မြင့်မားသော မတည်ငြိမ်မှုအတွင်း အရောင်းအဝယ် ဖြစ်မည်ဟု မျှော်လင့်ပြီး ဤသည်မှာ နည်းပညာနှင့် သယ်ယူပို့ဆောင်ရေးစနစ်များတွင် နောင်လာမည့် လုပ်ဆောင်ချက်များနှင့် ဆက်စပ်သော ကောလဟလများ အပါအဝင် စျေးကွက်စွန့်စားမှုများ နှစ်မျိုးလုံးကို ထင်ဟပ်မြင်သာစေပါသည်။
CoinCodex
2027 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $121.73–$163.27 (24.05.2025 အရ) ။
CoinCodex သည် AMZN မှာ ရောထွေးနေသာ စွမ်းဆောင်ရည်ကို 2027 ခုနှစ်အတွင်း ပြသနိုင်မည် ဖြစ်၍ နွေရာသီတွင် တိုးတက်မှုမှ ဆောင်းရာသီတွင် တည်ငြိမ်မှုကာလအထိ အမျိုးမျိုးဖြစ်ပေါ်မည်ဟု ဖော်ပြထားပါသည်။ ထိုမျှော်မှန်းချက်အလားအလာသည် လက်ရှိစျေးတန်းများအောက်သို့ စျေးကျဆင်းနိုင်ချေရှိကြောင်း ညွှန်ပြနေပါသည်။
ခုနှစ် | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
2027 | 121.73 | 140.47 | 163.27 |
StockScan
2027 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $231.25 –$310.13 (24.05.2025 အရ) ။
StockScan သည် ထိုနှစ်၏ ပထမခြောက်လပတ်အတွင်း Amazon ၏ ရှယ်ယာတန်ဖိုးတွင် ခိုင်မာစွာ စျေးပြန်ကန်တက်လာမည်ဟု ထင်မြင်ထားပြီး စျေးနှုန်းမှာ ဖေဖေါ်ဝါရီလအတွင်း အမြင့်ဆုံးတန်ဖိုးသို့ ရောက်ရှိနိုင်ကြောင်း မျှော်မှန်းထားပါသည်။ သို့သော် အဆိုပါပိုင်ဆိုင်မှုကို စက်တင်ဘာလနှင့် နိုဝင်ဘာလတွင် စျေးနိမ့်ဆင်းသွားမည် ဖြစ်၍ ထို့နောက် ဒီဇင်ဘာလတွင် ပြန်လည်ကောင်းမွန်လာမည်ဟု ခန့်မှန်းကြပါသည်။
ခုနှစ် | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
2027 | 231.25 | 270.69 | 310.13 |
WalletInvestor
2027 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $289.03–$338.71 (24.05.2025 အရ) ။
WalletInvestor သည် 2027 ခုနှစ်အတွင်း အပြုသဘောဆောင် မျှော်မှန်းချက်တစ်ရပ်ကို ဖော်ပြထားပြီး တစ်နှစ်တာလုံးအတွင်း ပုံမှန် တဖြည်းဖြည်းချင်းစျေးမြင့်တက်မှုကို ခန့်မှန်းထားပါသည်။ ရင်းနှီးမြှုပ်နှံသူများ၏ ဆက်လက်စိတ်ဝင်စားမှု နှင့် စျေးကွက်တည်ငြိမ်မှုတို့မှ အထောက်အကူပြုသောကြောင့် ဤမြင့်တက်မှုသည် တဖြည်းဖြည်း ပုံပေါ်လာမည်ဟု မျှော်လင့်ရပါသည်။
ခုနှစ် | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
2027 | 289.03 | 310.76 | 338.71 |
2028 ခုနှစ်အတွက် ဆန်းစစ်လေ့လာသူများ၏ AMZN စျေးနှုန်းမှန်းဆချက်များ
ဤအခန်းကဏ္ဍတွင် 2028 ခုနှစ်အတွင်း AMZN စျေးနှုန်းအတွက် ညွှန်ပြထားသော ခန့်မှန်းချက်များကို အကြမ်းဖျင်းဖော်ပြသွားပါမည်။ ထိုစိစစ်သုံးသပ်မှုတွင် လက်ရှိစျေးကွက် စွမ်းဆောင်ရည်နှင့် ထွက်ပေါ်နေသော ရင်းနှီးမြှုပ်နှံသူများ၏ စိတ်သဘောထားအပေါ် အခြေခံထားသည့် ခန့်မှန်းအနိမ့်ဆုံးတန်ဖိုးများ၊ ပျမ်းမျှစျေးတန်းများ နှင့် အမြင့်ဆုံးစျေးနှုန်းများ ပါဝင်ကြပါသည်။
CoinCodex
2028 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $151.31–$203.99 (24.05.2025 အရ) ။
CoinCodex သည် 2028 ခုနှစ်အတွင်း AMZN ကို ကျယ်ပြန့်သော စျေးတန်းအပိုင်းအခြားအတွင်း အတက်အကျဖြစ်မည်ဟု မျှော်လင့်ကြပါသည်။ စျေးနှုန်းမှာ ရှင်းလင်းပြတ်သားသော လမ်းကြောင်း ဖြစ်ပေါ်ခြင်းမရှိဘဲ ထိုနှစ်ဦးအစတွင် မြင့်မားသော မတည်ငြိမ်မှုကို ပြသနိုင်ပါသည်။ သို့သော် နှစ်ကုန်ပိုင်းအနီး အထူးသဖြင့် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ပိုမိုအားကောင်းသော စွမ်းဆောင်ရည်ကို ခန့်မှန်းထားပြီး ထိုအချိန်တွင် စတော့ရှယ်ယာမှာ $200.00 ကို ကျော်လွန်သွားနိုင်ပါသည်။
ခုနှစ် | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
2028 | 151.31 | 183.09 | 203.99 |
StockScan
2028 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $220.93–$280.16 (24.05.2025 အရ) ။
StockScan သည် 2028 ခုနှစ်တလျှောက်လုံးတွင် Amazon ၏ ရှယ်ယာစျေးနှုန်း ပုံမှန်တက်လာမည်ဟု ခန့်မှန်းထားပြီး ကောင်းမွန်သော အလားအလာကို ထိန်းသိမ်းထားပါသည်။ အဆိုပါပိုင်ဆိုင်မှုမှာ ဒီဇင်ဘာလအတွင်း အမြင့်ဆုံးတန်ဖိုးသို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် ၎င်းပိုင်ဆိုင်မှုကို ဆောင်းဦးမှ စတင်ကာ $250.00 အထက်တွင် အရောင်းအဝယ်ပြုလုပ်ကြမည်ဟု မှန်းဆထားပါသည်။
ခုနှစ် | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
2028 | 220.93 | 250.55 | 280.16 |
WalletInvestor
2028 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $338.888–$388.277 (24.05.2025 အရ) ။
WalletInvestor သည် အပြုသဘောင်ဆောင် အကောင်းမွန်ဆုံး မျှော်မှန်းချက်ကို ဖော်ပြပြီး ၎င်းသည် ထိုတစ်နှစ်တာလုံးအတွင်း AMZN မှာ ချောမွေ့စွာဖြင့် စျေးတက်လာမည် ဖြစ်ကြောင်း ညွှန်းဆိုနေပါသည်။ ထိုစတော့ရှယ်ယာကို သိသာပေါ်လွင်သော စျေးလှုပ်ခတ်မှုများ မရှိဘဲ တဖြည်းဖြည်း မြင့်တက်လာမည်ဟု မှန်းဆပါသည်။ ပျမ်းမျှစျေးနှုန်းကို ဒီဇင်ဘာလအထိ ပုံမှန်တည်ငြိမ်စွာဖြင့် တိုးတက်လာမည်ဟု မျှော်လင့်ထားပါသည်။ ဤစျေးတက်မည့် ထင်မြင်ချက်သည် ရင်းနှီးမြှုပ်နှံသူတို့၏ ပါဝင်ပတ်သက်မှု အားကောင်းလာခြင်းနှင့် သင့်တော်ကောင်းမွန်သော အခြေခံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ထင်ဟပ်မြင်သာစေနိုင်ပါသည်။
ခုနှစ် | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
2028 | 338.888 | 361.62 | 388.277 |
2029 ခုနှစ်အတွက် ဆန်းစစ်လေ့လာသူများ၏ AMZN စျေးနှုန်းမှန်းဆချက်များ
ဤကဏ္ဍတွင် 2029 ခုနှစ်အတွင်း Amazon စတော့ရှယ်ယာအတွက် ဖြစ်နိုင်ဖွယ် စျေးနှုန်းလမ်းကြောင်းများကို ပြန်လည်သုံးသပ်ပြီး အရင်းအမြစ်များစွာမှ သတင်းအချက်အလက်များကို ရေးဆွဲပုံဖော်သွားပါမည်။ ဤအချက်အလက်များကို မျှော်မှန်းထားသော စျေးအတက်အကျ သတ်မှတ်ချက်များနှင့် ပျမ်းမျှတန်ဖိုးများ တွက်ချက်ခန့်မှန်းရာတွင် အသုံးပြုနိုင်ပါသည်။
CoinCodex
2029 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $153.88–$206.20 (24.05.2025 အရ) ။
CoinCodex သည် AMZN မှာ 2029 ခုနှစ်အတွင်း အတန်အသင့်တိုးပွားမှုများကို ပြသမည်ဟု ခန့်မှန်းတွက်ဆထားပါသည်။ စျေးနှုန်းကို မေလတွင် အမြင့်ဆုံးတန်ဖိုးသို့ ရောက်ရှိမည်ဟု မျှော်လင့်ထားပြီး ထိုနောက်ပိုင်းတွင် စျေးပြန်ကျမှု အပါအဝင် $160.00 နှင့် $180.00 အကြား ဘေးတိုက်ရွေ့လျားမှု ဖြစ်ပေါ်လာပါမည်။ ပျမ်းမျှနှစ်စဥ်စျေးနှုန်းကို $178.13 အထိသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ထိုသည်မှာ သတိထားရှိသော အပြုသဘောဆောင် မှန်းဆချက်ကို ထင်ဟပ်မြင်သာစေပါသည်။
ခုနှစ် | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
2029 | 153.88 | 178.13 | 206.20 |
StockScan
2029 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $261.80–$348.55 (24.05.2025 အရ) ။
StockScan သည် အထူးသဖြင့် ထိုနှစ်၏ ဒုတိယမြောက်နှစ်ဝက်၌ Amazon ၏ စတော့ရှယ်ယာတွင် အားကောင်းသော တိုးတက်မှုကို ကြိုတင်မှန်းဆထားပါသည်။ စျေးနှုန်းကို ပုံမှန်အတိုင်း တဖြည်းဖြည်း မြင့်တက်လာမည်ဟု ခန့်မှန်းပြီး ဇန်နဝါရီလတွင် $281.00 မှ ဒီဇင်ဘာလတွင် $348.55 အထိသို့ တိုးမြင့်လာပါမည်။ ဤသို့တိုးပွားလာမှုကို Amazon ၏ AI နှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဥ်များတွင် ချဲ့ထွင်လာမှုတို့မှ အထောက်အကူဖြစ်စေပါမည်။
ခုနှစ် | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
2029 | 261.80 | 305.17 | 348.55 |
WalletInvestor
2029 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $388.50–$438.10 (24.05.2025 အရ) ။
WalletInvestor သည် Amazon မှာ 2029 ခုနှစ်အတွင်း စံချိန်သစ်အမြင့်ဆုံးတန်ဖိုးများသို့ ရောက်ရှိမည်ဟု မှန်းဆကြပါသည်။ ထိုနှစ်ဝက်အတွင်း စျေးနှုန်း အရှိန်အဟုန်တိုးမြင့်လာမည်ဟု မျှော်လင့်ထားပါသည်။ သြဂုတ်လမှ နိုဝင်ဘာလအထိ ထိုပိုင်ဆိုင်မှုသည် တဟုန်ထိုးတိုးမြင့်မှုမတိုင်မီ တည်ငြိမ်မှုအဆင့်တွင် အရောင်းအဝယ်ဖြစ်နိုင်ပါသည်။ ပျမ်းမျှစျေးနှုန်း $408.63 သည် စျေးတက်မည့် လမ်းကြောင်း သေချာကြောင်း ဖော်ပြလျက်ရှိပါသည်။
ခုနှစ် | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
2029 | 388.50 | 408.63 | 438.10 |
2030 ခုနှစ်အတွက် ဆန်းစစ်လေ့လာသူများ၏ AMZN စျေးနှုန်းမှန်းဆချက်များ
ပိုမိုကျယ်ပြန့်သော စီးပွားရေးဆိုင်ရာ အခြေအနေသည် 2030 ခုနှစ်၌ ကြီးမားစွာ ပြောင်းလဲနိုင်ပြီး Amazon စတော့ရှယ်ယာ၏ အလားအလာကို ပြန်လည်ပုံဖော်ပေးပါမည်။ ဤကဏ္ဍတွင် AMZN အတွက် စိစစ်လေ့လာသူများ၏ မှန်းဆချက်များကို တင်ပြသွားမည် ဖြစ်ပြီး ထိုတွင် အလယ်အလတ် အခြေအနေ၊ စျေးတက်မည့် အနေအထားနှင့် မယုတ်မလွန်ကြားချမှန်းဆမှု စသည့် ခန့်မှန်းအလားအလားများကို ခြုံငုံသုံးသပ်ပါမည်။
CoinCodex
2030 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $131.85–$205.71 (24.05.2025 အရ) ။
CoinCodex သည် AMZN မှာ 2030 ခုနှစ်၌ ကျယ်ပြန့်သော စျေးတန်းအပိုင်းအခြားအတွင်း အရောင်းအဝယ်ဖြစ်နိုင်ကြောင်း ညွှန်းဆိုထားပါသည်၊ ထိုသည်မှာ မြင့်တက်လျက်ရှိသော မတည်ငြိမ်မှုကို အထင်အရှားမြင်တွေ့ရပါသည်။ စျေးနှုန်းမှာ ပထမခြောက်လပတ်အတွင်း တရှိန်ထိုးတက်လာ၍ နွေရာသီတွင် ပြန်လည်ကျဆင်းခြင်းနှင့် နှစ်ကုန်ပိုင်းအထိ ဆက်လက်နိမ့်ဆင်းသွားမှုမတိုင်မီ ဖေဖေါ်ဝါရီ မှ မတ်လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိမည်ဟု ခန့်မှန်းကြပါသည်။ ပျမ်းမျှနှစ်စဥ်စျေးနှုန်းကို $169.80 ဖြစ်မည်ဟု တွက်ချက်ထားပါသည်။ ထိုပိုင်ဆိုင်မှုကို ဖေဖေါ်ဝါရီလ၌ အမြင့်ဆုံးတန်ဖိုး $205.71 နှင့် အောက်တိုဘာလတွင် အနိမ့်ဆုံး $131.85 သို့ ရောက်ရှိမည်ဟု မျှော်လင့်ပါသည်။
ခုနှစ် | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
2030 | 131.85 | 169.80 | 205.71 |
StockScan
2030 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $254.66–$301.39 (24.05.2025 အရ) ။
StockScan ၏ အဆိုအရ Amazon သည် 2030 ခုနှစ်၌ ပျမ်းမျှစျေးနှုန်း $278.02 သို့ ရောက်ရှိနိုင်ပြီး အပြုသဘောဆောင် ခန့်မှန်းချက်တွင် $301.39 အထိသို့ တက်လာနိုင်ပါသည်။ ဤမှန်းဆချက်သည် ကုမ္ပဏီ၏ ဝင်ငွေများ အပါအဝင် ပြောင်းလဲတိုးတက်မှုဆိုင်ရာ နည်းဗျူဟာနှင့် စပ်လျဥ်း၍ ကောင်းမွန်သော ထင်မြင်ချက်များအကြား ပုံမှန်တိုးပွားလာမှုကို ညွှန်ပြနေပါသည်။ အနိမ့်ဆုံးစျေးနှုန်းကို $254.66 ဖြစ်မည်ဟု တွက်ဆထားပါသည်။
ခုနှစ် | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
2030 | 254.66 | 278.02 | 301.39 |
SharePriceTarget
2030 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $611.00–$785.00 (24.05.2025 အရ) ။
SharePriceTarget သည် 2030 ခုနှစ်၌ Amazon အတွက် အားကောင်းသော စျေးမြင့်တက်မှုကို ကြိုတင်ဟောကိန်းထုတ်ထားပါသည်၊ ဤတိုးမြင့်မှုသည် e-commerce၊ ကလောက်ကွန်ပျူတာပိုင်းဆိုင်ရာ တွက်ချက်မှုစနစ်၊ ဒစ်ဂျစ်တယ်မီဒီယာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သယ်ယူပို့ဆောင်ရေး ကဲ့သို့သော အဓိကအခန်းကဏ္ဍများတွင် လက်ရှိကြီးထွားဖွံ့ဖြိုးမှုတို့ကြောင့် ဖြစ်ပါသည်။
ခုနှစ် | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
2030 | 611.00 | 698.00 | 785.00 |
2050 ခုနှစ်အထိ ဆန်းစစ်လေ့လာသူများ၏ AMZN စျေးနှုန်းမှန်းဆချက်များ
CoinCodex သည် ရေရှည်ကာလအတွင်း Amazon အတွက် သတိထားရှိသော ထင်မြင်ချက်ကို ဆုပ်ကိုင်ထားပါသည်။ ပျမ်းမျှစျေးနှုန်းကို 2040 ခုနှစ်၌ $191.05 သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားသော်လည်း 2050 ခုနှစ်၌ $179.61 အထိသို့ နိမ့်ဆင်းမည်ဟု မျှော်လင့်ကြပါသည်။ ဤ တည်ငြိမ်နေသော လမ်းကြောင်းသည် Amazon ၏ အနာဂတ်တိုးပွားမှု အလားအလာများအပေါ် အရှိန်အဟုန်အားနည်းလာကြောင်းနှင့် ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း သတိပေးနိုင်ပါသည်။
StockScan သည် အတန်အသင့် အပြုသဘောဆောင်သော မျှော်မှန်းချက်ကို တင်ပြပါသည်။ စျေးနှုန်းမှာ 2035 ခုနှစ်၌ $452.47၊ 2040 ခုနှစ်၌ $537.83 ဝန်းကျင်သို့ ရောက်ရှိနိုင်ပြီး 2050 ခုနှစ်၌ $797.07 အထိသို့ တဟုန်ထိုးမြင့်တက်လာနိုင်ပါသည်။ ဤမှန်းဆမှုသည် လုပ်ငန်း၏ စကေးချဲ့ထွင်နိုင်မှု နှင့် ကမ္ဘာ့စျေးကွက်ပေါ်တွင် ၎င်း၏ လွှမ်းမိုးသက်ရောက်မှုတို့ကြောင့် တည်ငြိမ်သော တိုးပွားမှုအတွက် ယုံကြည်ချက်ရှိကြောင်း ညွှန်းဆိုပါသည်။
SharePriceTarget သည် ရည်ရွယ်ချက်ကြီးသော ခန့်မှန်းချက်ကို ဖော်ပြပြီး ပျမ်းမျှစျေးနှုန်းကို 2040 ခုနှစ်၌ $1,321.00 နှင့် 2050 ခုနှစ်၌ $2,110.00 သို့ ရောက်ရှိမည်ဟု မှန်းဆကြပါသည်။ ဤအလားအလာကို AI တွင် Amazon ၏ မြန်ဆန်သော အဆင့်မြှင့်တင်မှုများ၊ ကြော်ငြာလုပ်ငန်း၊ စက်ရုပ်တီထွင် အသုံးချပညာများနှင့် ကမ္ဘာ့စျေးကွက်လွှမ်းမိုးမှုတို့မှ ထောက်ပံ့ပေးလျက်ရှိပါသည်။
ခုနှစ် | CoinCodex, $ | StockScan, $ | SharePriceTarget, $ |
2035 | – | 452.47 | – |
2040 | 191.05 | 537.83 | 1,321.00 |
2050 | 179.61 | 797.07 | 2,110.00 |
အီလက်ထရောနစ် စီးပွားကူးသန်းစနစ်၊ ကလောက်ဖြေရှင်းနည်းများ နှင့် အေအိုင်တို့တွင် Amazon ၏ လက်ရှိတိုးတက်မှုနှုန်းများအရ StockScan ၏ ရေရှည်ခန့်မှန်းချက်သည် 2050 ခုနှစ်မတိုင်မီ ကောင်းမွန်မှု ပေါ်ပေါက်လာနိုင်ကြောင်း ဖော်ပြပါသည်။ တချိန်တည်းတွင် $1,910.00 မှ $2,110.00 အထိ SharePriceTarget ၏ ခန့်မှန်းတွက်ချက်မှုသည် လွန်စွာကျိုးကြောင်းဆီလျော်သည်ဟု ထင်မှတ်ရပါသည်။ ၎င်းတွင် ကုမ္ပဏီ၏ လုပ်ဆောင်နိုင်စွမ်းအတိုင်းအတာ နှင့် အနာဂတ် ရင်းနှီးမြှုပ်နှံမှုများကို ထည့်သွင်းစဥ်းစားထားပါသည်။ ဤမျှော်မှန်းချက်သည် ထိုကဲ့သို့ ရှည်လျားသော ကာလအတွက် လက်တွေ့အကျဆုံး ဖြစ်ပါသည်။ အခြားတဖက်တွင် CoinCodex ၏ ခန့်မှန်းချက်သည် လွန်စွာအဆိုးဘက်ဆောင်လျက်ရှိပြီး ၎င်းသည် AI၊ သိုလှောင်ပို့ဆောင်ရေး နှင့် ကြော်ငြာလုပ်ငန်းများကို လျစ်လျူရှုထားဟန်ရှိပါသည်။
ဆိုရှယ်မီဒီယာပေါ်ရှိ AMZN (Amazon) အတွက် စျေးကွက်သဘောထား
မီဒီယာသဘောထားသည် မှတ်ချက်များ၊ သတင်းများနှင့် ဆိုရှယ်မီဒီယာပို့စ်များတွင် ထုတ်ဖော်ပြောကြားကြသော စျေးကွက်ပါဝင်သူများ၏ ယေဘုယျတုံ့ပြန်ချက် ဖြစ်ပါသည်။ ဤညွှန်းဆိုချက်သည် ရင်းနှီးမြှုပ်နှံသူများအကြား ထွက်ပေါ်နေသော အပြုသဘောဆောင် ခံစားချက် (သို့) စိုးရိမ်ကြောင်ရွံ့မှုများကို သိရှိနိုင်စေရန် ကူညီပေးပါသည်။
Amazon သည် လတ်တလောတွင် အတန်အသင့် အပြုသဘောဆောင်သော သဘောထားများကို ကြုံတွေ့နေရပြီး ဆွေးနွေးမှုများတွင် ခိုင်မာသော သုံးလပတ်အစီရင်ခံစာများ၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးအတွက် အနာဂတ်အလားအလာများ နှင့် AWS ကလောက်လုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် အလေးထားပါသည်။
အသုံးပြုသူ @hoomansv သည် Bezos မှာ 25 မီလီယံတန် Amazon ရှယ်ယာများကို ရောင်းချရန် ပြင်ဆင်နေကြောင်း ဟာသနှောကာ ဖော်ပြထားပါသည်။ ထိုသည်မှာ ရင်းနှီးမြှုပ်နှံသူများအတွက် ဖြစ်နိုင်ချေရှိသော အပျက်သဘောဆောင် လက္ခဏာတစ်ရပ်အဖြစ် ထင်မှတ်ရပြီး မီဒီယာသဘောထားကို ကျဆင်းမှုဘက်သို့ တွန်းပို့ပေးနိုင်ပါသည်။
@FlyerWealth သည် Amazon တွင် ယုံကြည်မှုရှိကြောင်း ပြောကြားထားပါသည်။ အဆိုပါစာရေးသူသည် $200.00 အောက်သို့ နိမ့်ဆင်းသွားခြင်းသည် ဝယ်ယူရန်အတွက် လွန်စွာကောင်းမွန်သော အခွင့်အလမ်းတစ်ရပ် ဖြစ်ကြောင်း ယုံကြည်ထားပါသည်။ ဤသဘောထားမှာ အတန်အသင့် စျေးတက်မည့် အနေအထားတစ်ရပ် ဖြစ်ပါသည်။
ဆိုရှယ်မီဒီယာပေါ်တွင် Amazon ရှယ်ယာများအတွက် စျေးကွက်ခံစားချက်သဘောထားသည် အတန်အသင့် အပြုသဘောဆောင်နေပြီး အထူးသဖြင့် လက်ရှိစျေးနှုန်း $200.00 ဝန်းကျင်ကို တွေ့မြင်ထားသော ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၎င်းသည် ဝယ်ယူရန် အခွင့်အရေးတစ်ရပ် ဖြစ်ပါသည်။ ဆွေးနွေးမှုများတွင် အတိုးနှုန်းများ နှင့် ပထဝီနိုင်ငံရေး အခြေအနေများ ကဲ့သို့သော အထွေထွေစီးပွားရေးဆိုင်ရာ အချက်များအကြား အဓိကအားဖြင့် ကုမ္ပဏီ၏ အလားအလားများအပေါ် အလေးပေးအာရုံစိုက်ကြပါသည်။ သတိထားရှိရန် ဖော်ပြသော ဟာသပို့စ်များ (သို့) ဝေဖန်ရေးပို့စ်များ ရှိသော်လည်း ယေဘုယျအားဖြင့် Amazon ကို အခြေအနေကောင်းများနှင့်တကွ အလားအလာရှိသော ပိုင်ဆိုင်မှုတစ်ခုအဖြစ် ရှုမြင်ကြပါသည်။
AMZN ဈေးနှုန်းရာဇဝင်
Amazon (AMZN)သည် ၎င်း၏ ကာလတလျှောက်အမြင့်ဆုံးတန်ဖိုးဖြစ်သော 273.1 USD သို့ ၀၁.၀၅.၂၀၂၆ တွင် ရောက်ရှိခဲ့ပါသည်။ Amazon (AMZN) ၏ ကာလတလျှောက်အနိမ့်ဆုံးတန်ဖိုးမှာ 0.07 USD ဖြစ်ပြီး၊ ယင်းတန်ဖိုးကို ၂၂.၀၅.၁၉၉၇ တွင် မှတ်တမ်းတင်ခဲ့ပါသည်။
- ၁။ Amazon (AMZN) သည် ၁၉၉၇ ခုနှစ်၊ မေလတွင် အများပိုင်အဖြစ် ပြောင်းလဲခဲ့သည်။
- ၂။ dot-com boom ဖြစ်စဉ်အတွင်း၊ ၁၉၉၉ ဧပြီလတွင် ၎င်း၏ စတော့သည် $105 တန်ဖိုးသို့ ရောက်ရှိခဲ့သည်။ သို့သော် ဈေးကွက်ပြိုလဲခဲ့ပြီးနောက်ပိုင်း ၂၀၀၁ ခုနှစ် အောက်တိုဘာလတွင် $5 သို့ ကျဆင်းသွားခဲ့ပါသည်။
- ၃။ ၂၀၀၇ ခုနှစ်တွင် Amazon Web Services (AWS) ၏ မိတ်ဆက်မှုသည် တိုးတက်မှုကာလတရပ်၏ နိဒါန်းကို အမှတ်အသားပြုခဲ့ပြီး၊ ၂၀၀၉ ဒီဇင်ဘာတွင် ရှယ်ယာဈေးနှုန်းများသည် $135 သို့ ရောက်ရှိလာခဲ့သည်။
- ၄။ ၂၀၁၅ ခုနှစ် ဂျူလိုင်လအတွင်း Prime Day ၏ မိတ်ဆက်မှုသည် e-commerce နယ်ပယ်အတွင်း ကုမ္ပဏီ၏ ရပ်တည်ချက်ကို ပိုမိုခိုင်မာစေခဲ့သည်။ ဤအောင်မြင်မှုမှတ်တိုင်များသည် Amazon ၏ ကာလရှည်တိုးတက်မှုနှင့် စနစ်တကျ ဖွံ့ဖြိုးတိုးတက်မှုတို့အား သက်သေပြခဲ့သည်။
- ၅။ အခြားထင်ရှားသော ဖြစ်ရပ်များတွင် ကိုဗစ်-၁၉ ကပ်ရောဂါလည်း အပါအဝင်ဖြစ်ပြီး၊ ထိုဖြစ်စဉ်သည် ၂၀၂၀ ဧပြီလတွင် စတော့ဈေးနှုန်းအား $2,400 သို့ ရောက်ရှိစေခဲ့သည်။
- ၆။ ၂၀၀၂ ခုနှစ် ဇွန်လ ၁၂ ရက်တွင်၊ Amazon သည် ၎င်း၏ စတော့များကို ရှယ်ယာ ၁ခုအတွက် - ရှယ်ယာ ၂၀ ပြန်လည်ထုတ်ပေးသော ခွဲခြမ်းမှုပြုလုပ်ခဲ့သည်။ ခွဲခြမ်းမှုမတိုင်မီ၊ ၂၀၂၁ ဂျူလိုင်တွင် စတော့သည် $3,700 တန်ဖိုးသို့ အမြင့်မားဆုံး ရောက်ရှိခဲ့သည်။ ရှယ်ယာခွဲခြမ်းမှုဆောင်ရွက်ပြီးချိန်တွင်၊ ရှယ်ယာများကို $120 ဈေးနှုန်း၌ စတင်ရောင်းဝယ်ခဲ့ကြပြီး၊ ရှယ်ယာများ၏ လက်လှမ်းမီမှုနှင့် liquidity ကို တိုးတက်စေခဲ့သည်။
AMZN အခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာချက်
Amazon (AMZN) စတော့၏ အခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာချက် သည် ဝင်ငွေ၊ အမြတ်အစွန်း၊ အမြတ်ရနှုန်းနှင့် ကြွေးမြီပမာဏ အစရှိသည့် အရေးပါသောအတိုင်းအတာများကို ထည့်သွင်းစဉ်းစားပါသည်။ ကုမ္ပဏီသည် cloud နည်းပညာများ (AWS) နှင့် e-commerce နယ်ပယ်တွင် ထိပ်ဆုံးမှ ဦးဆောင်နေပြီး၊ ဉာဏ်ရည်တု၊ ကြော်ငြာနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများအပါအဝင် စီးပွားရေးနယ်ပယ်သစ်များကို ချဲ့ထ္ငင်ဆောင်ရွက်နေပါသည်။ ဆန်းသစ်တီထွင်မှုတွင် ပုံမှန်ရင်းနှီးမြှုပ်နှံခြင်းနှင့် ဈေးကွက်အသစ်များသည် Amazon အား အလားအလာကောင်းမွန်သော စတော့များတွင် တခုအပါအဝင်ဖြစ်စေကာ၊ တည်ငြိမ်သောတိုးတက်မှုနှင့် မြင့်မားသော အရင်းအနှီးစီးဆင်းမှုတို့က ထိုအချက်ကို အတည်ပြုပါသည်။
AMZN ၏ ဈေးနှုန်းအပေါ် လွှမ်းမိုးသက်ရောက်သော အဓိကအကြောင်းအရာများ
Amazon (AMZN) စတော့၏ ဈေးနှုန်းအပေါ်တွင် ကုမ္ပဏီ၏ ဘဏ္ဍာရေးစွမ်းဆောင်ရည်၊ ဈေးကွက်အခြေအနေများနှင့် ဆန်းသစ်တီထွင်သောနည်းဗျူဟာများအပါအဝင် အခြေခံပိုင်းဆိုင်ရာအကြောင်းအရာများစွာမှ လွှမ်းမိုးသက်ရောက်ပါသည်။
- Amazon Web Services (AWS)၏ ရလာဒ်များအပါပဝင် အရောင်းဝင်ငွေနှင့် အမြတ်အစွန်း။
- e-commerce နယ်ပယ်နှင့် ၎င်း၏ဆင့်ပွားနယ်ပယ်များတွင် လွှမ်းမိုးထားသော ဈေးကွက်ဝေစု။
- AI နှင့် ရိုဘော့တီထွင်အသုံးချမှုအပါအဝင် နည်းပညာသစ်များတွင် ရင်းနှီးမြှုပ်နှံမှု။
- ကြော်ငြာကဏ္ဍတိုးတက်မှုနှင့် စုစုပေါင်းအမြတ်အစွန်းအပေါ် ၎င်း၏အထောက်အပံ့။
- ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှင့် စားသုံးသူလိုအပ်ချက် အပြောင်းအလဲများ။
- Microsoft နှင့် Google ကဲ့သို့ ထိပ်တန်းနည်းပညာကုမ္ပဏီကြီးများနှင့် ယှဉ်ပြိုင်မှု။
- စတော့ခွဲခြမ်းမှုများနှင့် အမြတ်ဝေစုပေးချေမှုအလားအလာ အပါအဝင် ကုမ္ပဏီ၏ ဘဏ္ဍာရေးမူဝါဒ။
- အတိုးနှုန်းများနှင့် ငွေကြေးဖောင်းပွမှုကဲ့သို့ အရင်းခံစီးပွားရေးအခြအနေများ။
- စည်းမျဉ်းစည်းကမ်းအပြောင်းအလဲများနှင့် ဖြစ်နိုင်ခြေရှိသော တရားရေးကိစ္စရပ်များ။
AMZN အကြောင်းနောက်ထပ်သိကောင်းစရာများ
Amazon (AMZN) သည် ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီများမှ တခုဖြစ်ပါသည်။ ၎င်းကို ၁၉၉၄ ခုနှစ် ဂျူလိုင်လတွင် Jeff Bezos မှ စတင်တည်ထောင်ခဲ့သည်။ ကနဦးတွင် Amazon သည် အွန်လိုင်းစာအုပ်ဆိုင်အဖြစ် စတင်ခဲ့ပြီး၊ များမကြာမီ အမျိုးအစားအားလုံးသော ထုတ်ကုန်များဖြင့် ၎င်း၏ ဝန်ဆောင်မှုနယ်ပယ်ကို ချဲ့ထွင်ခဲ့သည်။ ယနေ့အခါ၊ ကုမ္ပဏီသည် (Amazon Web Services၊ AWS အပါအဝင်) cloud နည်းပညာများ၊ သယ်ယူပို့ဆောင်ရေး၊ ကြော်ငြာနှင့် ဉာဏ်ရည်တုကဏ္ဍများတွင် ထိပ်ဆုံးမှ ရပ်တည်နေပါသည်။
၂၀၀၆ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းများအတွက် cloud နည်းပညာဆိုင်ရာ ဝန်ဆောင်မှုများစတင်ပေးအပ်ခဲ့သော Amazon Web Services သည် ကုမ္ပဏီ၏ အမြတ်အစွန်းအတွက် အဓိကထောက်တိုင်တခု ဖြစ်ပါသည်။ Prime Membership ကဲ့သို့သော ဝန်ဆောင်မှုများသည် ဖောက်သည်များ၏ တစိုက်မတ်မတ်အားပေးမှုကို ထိန်းသိမ်းပေးစဉ်၊ E-commerce သည် ကုမ္ပဏီ၏ ပင်မကဏ္ဍတခုအဖြစ် စွဲစွဲမြဲမြဲ ရပ်တည်နေဆဲဖြစ်ပါသည်။
ကုမ္ပဏီသည် ရိုဘော့တီထွင်အသုံးချနည်းပညာ၊ အသံမှတဆင့်ကူညီပံ့ပိုးမှုနည်းပညာ (Alexa)၊ ရုပ်ရှင်နယ်ပယ် (Amazon Studios)၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအလေးပေးသော သယ်ယူပို့ဆောင်မှုလုပ်ငန်းများတွင် တက်ကြွစွာ ရင်းနှီးမြှုပ်နှံပါသည်။ စီးပွားရေးလုပ်ငန်းများ ဖြန့်ကျက်လုပ်ဆောင်မှုနှင့် နည်းပညာသစ်များ တီထွင်အသုံးချမှုတို့၏ ရလာဒ်အဖြစ်၊ Amazon သည် ကမ္ဘာလုံးဆိုင်ရာဈေးကွက်အတွင်း လွှမ်းမိုးဦးဆောင်သော အနေအထားတခုကို ပိုင်ဆိုင်ထားပါသည်။
AMZN တွင် ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ
ကုမ္ပဏီ၏ ဖြန့်ကျက်ထားသော စီးပွားရေးလုပ်ငန်းများကြောင့် Amazon (AMZN) စတော့တွင် ရင်းနှီးမြှုပ်နှံခြင်းသည် သိသာထင်ရှားသော အမြတ်အစွန်းများကို ထွက်ပေါ်စေပါသည်။ မည်သို့ပင်ဖြစ်စေ၊ ယှဉ်ပြိုင်မှုပတ်ဝန်းကျင်၊ ဈေးကွက်မတည်ငြိမ်မှုတို့နှင့် နှီးနှောဆက်နွယ်သော ဆုံးရှုံးနိုင်ခြေများလည်း ရှိနေပါသည်။
အားသာချက်များ
- Cloud နည်းပညာနယ်ပယ်တွင် ဦးဆောင်နေရာယူမှုသည် မြင့်မားသော အမြတ်အစွန်းနှင့် တည်ငြိမ်သောတိုးတက်မှုကို သေချာစေပါသည်။
- ဖြန့်ကျက်ခွဲခြမ်းထားသော စီးပွားရေးလုပ်ငန်းများ - e-commerce၊ ကြော်ငြာ၊ သယ်ယူပို့ဆောင်ရေး၊ ဉာဏ်ရည်တုကွန်ယက်နှင့် မီဒီယာဝန်ဆောင်မှုများ။
- စဉ်ဆက်မပြတ် ဆန်းသစ်တီထွင်မှု - သယ်ယူပို့ဆောင်ရေး၊ ရိုဘော့တီထွင်ဖန်တီးမှု၊ သက်ရှိနှင့်သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေး ကဏ္ဍများတွင် နည်းပညာသစ်များ ဖန်တီး အသုံးချခြင်း။
- ဆယ်စုနှစ်များစွာတိုင် ရေရှည်တည်မြဲသော ရောင်းအားဝင်ငွေနှင့် အမြတ်တိုးတက်မှု။
- စတော့များ၏ မြင့်မားသော liquidity နှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများ၏ အာရုံစူးစိုက်မှု။
- ကမ္ဘာလုံးဆိုင်ရာချဲ့ထွင်မှု၊ ဖွံ့ဖြိုးစ ဈေးကွက်များသို့ လွှမ်းမိုးဖြန့်ကျက်မှု။
- Amazon Prime ကဲ့သို့သော အစီအစဉ်များ၏ ပံ့ပိုးမှုဖြင့် ခိုင်မာသော ဖောက်သည်အင်အားစု။
- AI နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် သန့်ရှင်းသောစွမ်းအင်နည်းပညာများကဲ့သို့ လမ်းကြောင်းသစ်များ ဆီသို့ ဦးတည်သော တိုးတက်မှုအလားအလာ။
- ပြောင်းလဲနေသောဈေးကွက်အခြေအနေများနှင့်အညီ ကုမ္ပဏီ၏ လိုက်လျောညီထွေ လုပ်ဆောင်နိုင်စွမ်း။
အားနည်းချက်များ
- ငွေကြေးဖောင်းပွမှုနှင့် ငွေကြေးမူဝါဒကဲ့သို့သော အထွေထွေစီးပွားရေးအကြောင်းအရာများအပေါ် မြင့်မားသောမှီခိုမှု။
- Microsoft၊ Google နှင့် Alibaba ကဲ့သို့ နည်းပညာကုမ္ပဏီကြီးများနှင့် ယှဉ်ပြိုင်မှု။
- အမြတ်အစွန်းကို အကန့်အသတ်ဖြစ်စေသော မြင့်မားသည့် လုပ်ငန်းလည်ပတ်မှုစရိတ်စကများနှင့် ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်များ။
- ယုံကြည်ကိုးစားမှုဖောက်ဖျက်ခြင်းဆိုင်ရာ စုံစမ်းထောက်လှမ်းမှုများနှင့် လုပ်ငန်းဆောင်ရွက်ချက် များ အပေါ် အနှောက်အယှက်ဖြစ်စေသော ကန့်သတ်ချက်များ ပေါ်ပေါက်နိုင်ခြေအပါအဝင် စည်းမျဉ်းစည်းကမ်းနှင့်စပ်လျဉ်းသော ဆုံးရှုံးနိုင်ခြေများ။
- ကာလတိုရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သည်များအတွက် စတော့မတည်ငြိမ်မှုသည် ပြဿနာတရပ် ဖြစ်လာနိုင်သည်။
- e-commerce နယ်ပယ်တွင်း ယှဉ်ပြိုင်မှုကြောင့် အမြတ်မာဂျင် ကျဆင်းနိုင်ခြေ။
- သယ်ယူပို့ဆောင်ရေး စနစ်များအပေါ် မှီခိုရခြင်းကြောင့် လမ်းပန်းဆက်သွယ်မှုဆိုင်ရာ အနှောက်အယှက်၊ အကြပ်အတည်းများတွင် ထိခိုက်နစ်နာနိုင်ခြင်း။
- ကုန်သွယ်စစ်ပွဲများနှင့် အခွန်စည်းမျဉ်းစည်းကမ်းဆိုင်ရာ အပြောင်းအလဲများအပါအဝင် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးအခြေအနေများ၏ သက်ရောက်မှု။
AMZN သည် ၎င်း၏ ရေရှည်တည်မြဲသော တိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုများကြာင့် ကာလရှည်ရင်းနှီးမြှုပ်နှံသူများအတွက် အလားအလာကောင်းမွန်သော ပိုင်ဆိုင်မှုတခုဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရှယ်ယာများကို မဝယ်ယူမီ ဈေးကွက်နှင့်စပ်လျဉ်းသော ဆုံးရှုံးနိုင်ခြေများနှင့် စတော့မတည်ငြိမ်မှုတို့ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။
ကျွန်ုပ်တို့၏ ခန့်မှန်းချက်များ ပြုလုပ်ပုံ
ကျွန်ုပ်တို့၏ ခန့်မှန်းချက်များသည် အခြေခံပိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုများပါဝင်သော ပြည့်စုံသည့်သုသေသနအပေါ် အခြေခံပါသည်။ ထိုနည်းလမ်းသည် ကျွန်ုပ်တို့အား Amazon (AMZN) စတော့အတွက် ကာလတိုနှင့် ကာလရှည် အလားအလာနှစ်ရပ်စလုံးကို ခြုံငုံသုံးသပ်နိုင်ရန် ခွင့်ပြုပေးပါသည်။
ကာလတိုခန့်မှန်းချက်များ
ရက်များစွာ သို့မဟုတ် ရက်သတ္တပတ်များစွာအတွက် ခန့်မှန်းချက်များပြုလုပ်ရန် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကို အသုံးပြုပါသည်။ ကျွန်ုပ်တို့သည် ဈေးနှုန်းဇယားများ၊ indicators များ၊ ကုန်သွယ်ရေးပမာဏများ၊ အရေးပါသော support နှင့် resistance levels များကို လေ့လာပါသည်။ ၎င်းသည် ကျွန်ုပ်တို့အား လက်ရှိဈေးကွက် အလေးသာမှုနှင့် နောက်ဆုံးရ ဈေးနှုန်း အတက်၊အကျများကို အကဲဖြတ်နိုင်စေပါသည်။
ကာလအလယ်အလတ်ခန့်မှန်းချက်များ
ဘဏ္ဍာရေးစာရင်းရှင်းတမ်းများ၊ လုပ်ငန်းနယ်ပယ်တွင်း ပြောင်းလဲတိုးတက်မှုများနှင့် အရင်းခံစီးပွားရေးအခြေအနေများအပေါ် အခြေခံ၍ လပေါင်းများစွာ ကြိုတင်ခန့်မှန်းချက်ကို လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့သည် ကုမ္ပဏီ၏ နှစ်ပတ်လည် အစီရင်ခံစာများ၊ Amazon ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၏ ဝယ်လိုအားအပြောင်းအလဲများနှင့် ယှဉ်ပြိုင်မှုအခင်းအကျင်းကို ထည့်သွင်းစဉ်းစားပါသည်။
ကာလရှည်ခန့်မှန်းချက်များ
လာမည့်နှစ်များအတွက် ခန့်မှန်းချက်များသည် AWS (Amazon Web Services)၊ ကြော်ငြာနှင့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု အစရှိသည့် အဓိကလုပ်ငန်းကဏ္ဍများ၏ အနာဂါတ်အလားအလာများကို အကဲဖြတ်ခြင်းပါဝင်သော အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်အပေါ်တွင် အခြေခံပါသည်။ ၎င်းသည် ဆန်းသစ်တီထွင်မှုများနှင့် ကမ္ဘာလုံးဆိုင်ရာလမ်းကြောင်းများကို ထည့်သွင်းတွက်ချက်ပါသည်။ ကျွန်ုပ်တို့သည် သမိုင်းတလျှောက် စတော့စွမ်းဆောင်ရည်နှင့် ခွဲခြမ်းစိတ်ဖြာသူတို့၏ မှန်းဆချက်များကိုလည်း လေ့လာစိစစ်ပါသည်။
အနှစ်ချုပ် - AMZN သည် ကောင်းမွန်သောရင်းနှီးမြှုပ်နှံမှုတခု ဖြစ်ပါသလား။
Amazon သည် နည်းပညာနှင့် အွန်လိုင်းလက်လီရောင်းချရေး ကဏ္ဍများတွင် ထိပ်တန်းကုမ္ပဏီများအနက် တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါသည်။ စျေးကွက်အတက်အကျများ ရှိသော်လည်း ဆန်းစစ်လေ့လာသူအများစု၏ ရေရှည်ခန့်မှန်းချက်များသည် တန်ဖိုးတက်မှု တည်ငြိမ်ကြောင်း ညွှန်ပြပါသည်။ အထူးသဖြင့် ကုမ္ပဏီ၏ ဆန်းသစ်တီထွင်မှုနည်းလမ်း၊ စီးပွားရေးလုပ်ငန်းကဏ္ဍများ ချဲ့ထွင်မှုနှင့် ခိုင်မာသော စျေးကွက်နေရာရှိခြင်းတို့ကြောင့် AMZN တွင် ရင်းနှီးမြှုပ်နှံခြင်းကို ရေရှည်ဗျူဟာတစ်ခုအတွက် လက်တွေ့ကျသော ရွေးချယ်မှုတစ်ရပ်အဖြစ် ရှုမြင်ကြပါသည်။
AMZN ၏ စတော့ရှယ်ယာ စျေးနှုန်းမှန်းဆချက်တွင် မေးလေ့ရှိသော အမေးနှင့် အဖြေများ
လက်ရှိ AMZN စျေးနှုန်းမှာ ၀၁.၀၅.၂၀၂၆ အရ $268.41 ဖြစ်ပါသည်။
သင်သည် ရေရှည်ရင်းနှီးမြှုပ်နှံရေးဗျူဟာကို လိုက်နာပါက Amazon ရှယ်ယာများသည် အလားအလာကောင်းသော ဝယ်ယူမှုအခွင့်အလမ်းတစ်ခုအဖြစ် ပြသလျက်ရှိပါသည်။ ဆန်းစစ်လေ့လာသူအများစုသည် ရှယ်ယာတန်ဖိုးများ ဆက်လက်တိုးပွားလာမည်ဟု တွက်ဆထားပါသည်။ သို့သော် ရေတိုကာလအတွင်း စျေးနှုန်းအတက်အကျများကို ကြုံတွေ့နိုင်ပါသည်။ ထို့ကြောင့် ပို၍ကောင်းမွန်သော စျေးကွက်သို့ ဝင်ရောက်မှတ်များအတွက် စောင့်ဆိုင်းခြင်းသည် ကျိုးကြောင်းသင့်တော်ပါသည်။
အမျိုးမျိုးသော ကြိုတင်ခန့်မှန်းချက်များအရ 2026 ခုနှစ်အတွင်း Amazon ရှယ်ယာများကို $129 နှင့် $305 အကြားတွင် အရောင်းအဝယ်ပြုလုပ်ကြမည်ဟု မျှော်လင့်ထားပါသည်။ ကျွမ်းကျင်ပညာရှင်များသည် အသုံးပြုထားသော စိစစ်ခွဲဖြာရေး မော်ဒယ်ပုံစံအပေါ် မူတည်ကာ ပျမ်းမျှစျေးနှုန်းကို $167 မှ $278 အထိ တည်ရှိမည်ဟု ခန့်မှန်းတွက်ချက်ကြပါသည်။
2035 ခုနှစ်အတွက် ကြိုတင်ခန့်မှန်းချက်များမှာ သိသာစွာ ကွဲပြားခြားနားလျက်ရှိပါသည်။ CoinCodex သည် စျေးနှုန်းမှာ $179 အထိသို့ ရောက်ရှိနိုင်ကြောင်း မှန်းဆထားပြီး StockScan သည် စျေးနှုန်း $797 ကျော် အထိသို့ ထိုးတက်နိုင်ကြောင်း ခန့်မှန်းထားပါသည်။ အပြုသဘောဆောင် ခန့်မှန်းသူများသည် လုပ်ငန်းချဲ့ထွင်မှုကြောင့် စျေးနှုန်းမှာ $1,000 ကို ကျော်လွန်နိုင်ကြောင်း ယုံကြည်ထားပါသည်။
ဆန်းစစ်လေ့လာသူများ၏ အသုံးချနည်းပညာအပေါ် မူတည်ကာ 2050 ခုနှစ်၌ AMZN ၏ ခန့်မှန်းတိုးပွားမှုနှုန်းမှာ 9% မှ အနီးစပ်ဆုံး 1,000% အထိ ဖြစ်ပါသည်။ ဖြစ်နိုင်ချေအများဆုံး မျှော်မှန်းချက်သည် လက်ရှိဆန်းသစ်တီထွင်မှုနှင့် လုပ်ငန်းအမျိုးမျိုး ခွဲဖြာဆောင်ရွက်မှုတို့ကြောင့် စျေးနှုန်း တဖြည်းဖြည်း မြင့်တက်လာမည် ဖြစ်ကြောင်း ညွှန်ပြပါသည်။
ရေရှည်ကာလ ခန့်မှန်းချက်အချို့တွင် အထူးသဖြင့် ကုမ္ပဏီသည် ကလောက်ဝန်ဆောင်မှုများ၊ AI တို့၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းများ နှင့် နိုင်ငံတကာသို့ ထိုးဖောက်ချဲ့ထွင်မှုတို့ကို ထိန်းသိမ်းထားပါက Amazon ၏ ရှယ်ယာစျေးနှုန်းသည် 2045–2050 ခုနှစ်များသို့ နီးကပ်လာသည်နှင့်အမျှ $1,000 အထိသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း မှန်းဆထားပါသည်။
Cloud နည်းပညာနှင့် e-commerce နယ်ပယ်များတွင် ကုမ္ပဏီ၏ ဦးဆောင်လွှမ်းမိုးမှုကြောင့် Amazon စတော့သည် အလားအလာကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်ပါသည်။ မတည်ငြိမ်သော အတက်၊အကျများရှိသော်လည်း ရင်းနှီးမြှုပ်နှံသူများအနေဖြင့်၊ AMZN ၏ ကာလရှည်တိုးတက်မှုအလားအလာကို ထည့်သွင်းစဉ်းစားသင့်ပါသည်။
Amazon သည် ကာလရှည်အတွက် အလွန်ကောင်းမွန်သော ပိုင်ဆိုင်မှုတခုဟု ယူဆနိုင်ပါသည်။ ကုမ္ပဏီသည် ၎င်း၏ စီးပွားရေးလုပ်ငန်းများကို ချဲ့ထွင်ခြင်း၊ ဆန်းသစ်တီထွင်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်အတွင်း ၎င်း၏ရပ်တည်မှုကို မြှင့်တင်ခြင်းများကို တစိုက်မတ်မတ် လုပ်ဆောင်ကာ၊ ၎င်း၏ ရေရှည်ခိုင်မာသော တိုးတက်မှုကို သေချာစေပါသည်။
လက်တွေ့ဈေးကွက်အချိန်ရှိ AMZN ၏စျေးနှုန်းဇယား

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။













