EUR/USD ငွေကြေးအတွဲကို ကမ္ဘာ့ငွေကြေးဈေးကွက်တွင် ရေပန်းအစားဆုံးနှင့် ရောင်းဝယ်မှု အများဆုံးအတွဲများထဲမှ တစ်ခုဟု ကျယ်ပြန့်စွာ ယူဆကြသည်။ ၎င်း၏ ငွေလဲနှုန်းသည် အမေရိကန်နှင့် ယူရိုဇုန် တစ်လျှောက်ရှိ စီးပွားရေးအခြေအနေ အပြောင်းအလဲများကို ထင်ဟပ်စေသည်။ ဤအတွဲ၏ အတက်အကျများသည် Fed နှင့် ECB၊ ငွေကြေးဖောင်းပွမှုနှုန်းနှင့် ကမ္ဘာလုံးဆိုင်ရာဖြစ်ရပ်များ အပေါ် တုံ့ပြန်မှုမှာလည်း လွန်စွာအားကောင်းသည်။

ဤဆောင်းပါးသည် 2025 နှင့် နောက်ပိုင်းနှစ်များ အတွက် EURUSD ခန့်မှန်းချက်များနှင့် စျေးကွက်သဘောထား ကို အကဲဖြတ်ကာ နည်းပညာပိုင်း နှင့် အခြေခံပိုင်း ဆိုင်ရာ အချက်အလက်များအား ထည့်သွင်းစဉ်းစားထားပါသည်။ အဓိကမေးခွန်းတစ်ခုဖြစ်သော - ဤငွေကြေးအတွဲတွင် ယခုအချိန် ရင်းနှီးမြှုပ်နှံရန် သင့်လျော်ပါသလား ဟူသော မေးခွန်း အတွက် တိကျသေချာသောအဖြေတစ်ခုရရန် ဤအကြောင်းအရာကိုဖတ်ရှုပါ-

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


အဓိက ကောက်နုတ်ချက်များ

  • EURUSD အတွဲ၏ လက်ရှိစျေးနှုန်းသည် ၀၁.၀၅.၂၀၂၆ နေ့စွဲအရ $1.17652 ဖြစ်သည်။
  • EURUSD အတွဲသည် ၁၅.၀၇.၂၀၀၈ တွင် ၎င်း၏ သမိုင်းတလျှောက် အမြင့်ဆုံးဈေးနှုန်း $1.6039 သို့ ရောက်ရှိခဲ့သည်။ သမိုင်းတလျှောက် အနိမ့်ဆုံး ဈေးနှုန်း 0.8227 ကို ၂၆.၁၀.၂၀၀၀ တွင် မှတ်တမ်းတင်ခဲ့သည်။
  • EURUSD ငွေကြေးအတွဲသည် ယူရို မှ ယူအက်စ် ဒေါ်လာ ငွေလဲနှုန်း အချိုးကို ထင်ဟပ်စေသည်။
  • ယူရိုသည် အမေရိကန် ဒေါ်လာပြီးလျှင် ကမ္ဘာ့ဒုတိယတန်ဖိုးအကြီးဆုံး အရန်ငွေကြေးဖြစ်သည်။
  • EURUSD အတွဲသည် Forex စျေးကွက်တွင် အရောင်းအဝယ် အများဆုံးသော ကုန်သွယ်ရေး အမျိုးအစား တစ်ခုဖြစ်သည်။
  • ၎င်း၏ လမ်းကြောင်းသည် အတိုးနှုန်းများ၊ ငွေကြေးဖောင်းပွမှု၊ GDP တိုးတက်မှု၊ အခြားသော မက်ခရိုစီးပွားရေး အညွှန်းကိန်းများနှင့် ECB / Fed တို့၏ ဆုံးဖြတ်ချက်များပေါ်တွင် မူတည်ပါသည်။
  • စီးပွားရေးဒေတာ ထုတ်ပြန်မှုများနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ဖြစ်ရပ်များအတွင်း ဤငွေကြေးအတွဲ ၏ မတည်ငြိမ်မှုများ တိုးလာသည်။
  • အဆိုပါအတွဲ၏ ရောင်းဝယ်မှုများသည် ဥရောပနှင့် အမေရိကန် ကုန်သွယ်ချိန်များအတွင်း စဉ်ဆက်မပြတ် ရှိနေသည်။
  • ၎င်းသည် ကာလတို မှန်းဆရောင်းဝယ်မှု နှင့် ငွေလဲနှုန်း အန္တရာယ်များကို ကာကွယ်ခြင်း - ဤနှစ်မျိုးလုံးတွင် ရေပန်းစားသည်။
  • ၎င်းသည် တည်ငြိမ်သော စျေးကွက်အခြေအနေများအောက်၌ ကြိုတင်ခန့်မှန်းမှုပြုလုပ်ရာတွင် မြင့်မားသော ရလာဒ်ကို ပြသသည်။
  • ၎င်းသည် GBPUSD အတွဲနှင့် အပေါင်း လက္ခဏာဆောင်သော ပတ်သက်ဆက်နွယ်မှုကို မကြာခဏ ဖော်ပြပြီး USDCHF အတွဲနှင့် အနုတ်လက္ခဏာဆက်စပ်မှုကို ပြသသည်။
  • ၎င်းသည် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံများ၏ ငွေကြေးမူဝါဒနှင့် ကမ္ဘာ့စီးပွားရေးဆိုင်ရာ အညွှန်းကိန်း တစ်ခုအဖြစ် မကြာခဏလုပ်ဆောင်လေ့ရှိသည်။

EURUSD ၏ လက်တွေ့ဈေးကွက်အချက်အလက်

EURUSD ငွေကြေးအတွဲသည် ၀၁.၀၅.၂၀၂၆ မှစ၍ $1.17652 ဖြင့် အရောင်းအဝယ် ပြုလုပ်နေသည်။

EURUSD အတွဲကို လေ့လာသုံးသပ်သည့်အခါ၊ ယူအက်စ် နှင့် ယူရိုဇုန်ရှိ အတိုးနှုန်းများ၊ ငွေကြေးဖောင်းပွမှုနှင့် အလုပ်အကိုင်များနှင့် ပတ်သက်၍ ECB နှင့် Fed ၏ ဆုံးဖြတ်ချက်များကို ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။ ဤအညွှန်းများသည် အတွဲ၏လမ်းကြောင်းကိုပုံဖော်သည်။ သမိုင်းတစ်လျှောက် ၎င်းတို့၏ အမြင့်ဆုံး/အနိမ့်ဆုံး ဈေးတန်းများသည် အရေးကြီးသော နည်းပညာပိုင်း ဈေးတန်းများကို ဖော်ထုတ်နိုင်သော်လည်း နည်းပညာပိုင်းဆိုင်ရာ သုံးသပ်မှုတွင် အကောင်းမွန်ဆုံး အဝင် နှင့် အထွက် ဈေးတန်းများကို ဆုံးဖြတ်ရန် ကူညီပေးနိုင်သည်။

အညွှန်းများ

တန်ဖိုး

တနေ့တာဈေးနှုန်းအပိုင်းအခြား

1.1224–1.1228

၅၂ ပတ်တာ ဈေးနှုန်းအပိုင်းအခြား

1.0146–1.1574

၁၂ လအတွင်း ဈေးနှုန်းအပြောင်းအလဲ

5.34%

နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု

Sell

ECB အတိုးနှုန်း

2.4%

Fed အတိုးနှုန်း

4.5%

EU ငွေကြေးဖောင်းပွမှု

2.2%

US ငွေကြေးဖောင်းပွမှု

2.8%

နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ်အခြေခံ၍ 2025 ခုနှစ်အတွက် EURUSD ဈေးနှုန်းခန့်မှန်းချက်

EURUSD အတွဲ၏ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတရပ်ကို ဆောင်ရွက်ကြပါစို့။

LiteFinance: နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ်အခြေခံ၍ 2025 ခုနှစ်အတွက် EURUSD ဈေးနှုန်းခန့်မှန်းချက်

ဤအဓိကငွေကြေးအတွဲသည် 2025 မတ်လမှ စတင်၍ အတက်လမ်းကြောင်းတခုအတွင်း ကူးသန်းရွေ့လျားနေခဲ့သည်။ နှုန်းထားများသည် 200-day moving average (SMA 200) အထက်တွင် ရွေ့လျားနေပြီး၊ ကာလအလယ်အလတ်လမ်းကြောင်းသည် အထက်သို့ ဦးတည်ရာပြောင်းလဲခဲ့ကြောင်း ပြသနေပါသည်။ RSI တန်ဖိုးသည် 58 အနီး ကြားနေဇုန်အတွင်း ကျရောက်နေဆဲဖြစ်ပြီး ဝယ်လိုအားလွန်ကဲခြင်းလက္ခဏာများကို မပြသသော်လည်း၊ ရေရှည်ခိုင်မာသော ဝယ်လိုအား တိုးတက်မှုတရပ်ကို ညွှန်ပြနေပါသည်။ MACD သည် အထက်သို့ ရွေ့လျားမှု နှေးကွေးလာခြင်းကို အချက်ပြပါသည် - MACD မျဉ်းသည် အချက်ပြမျဉ်းအနီးသို့ ချဉ်းကပ်လာပြီး၊ ဟစ်တိုဂရမ်သည် ကျဆင်းနေပါသည်။ ဤအခြေအနေများအရ၊ ငွေကြေးအတွဲသည် 1.13 level သို့မဟုတ် အထက်သို့ရွေ့လျားသောချန်နယ်လ်၏ အောက်နယ်နိမိတ်မျဉ်းအနီးသို့ အနည်းငယ်နိမ့်ဆင်းနိုင်ပါသည်။ ထို့နောက် ၎င်းသည် ထိုဈေးတန်းမှ အထက်သို့ ပြန်လည်ခုန်တက်သွားဖွယ်ရာရှိပြီး၊ အကယ်၍ SMA အထက်တွင် ဈေးနှုန်းသည် ရေရှည်ရပ်တည်ခဲ့ပါက 1.16–1.17 ဧရိယာကြား ပစ်မှတ်အသစ်များသို့ ရောက်ရှိနိုင်ပါသည်။

အောက်ပါဇယားကွက်သည် လာမည့် ၁၂ လအတွက် EURUSD အတွဲ၏ ခန့်မှန်းတန်ဖိုးများကို ပြသပါသည်။

အနည်းဆုံး၊ $

အများဆုံး၊ $

မေ 2025

1.1300

1.1530

ဇွန် 2025

1.1350

1.1600

ဇူလိုင် 2025

1.1450

1.1750

ဩဂုတ် 2025

1.1600

1.1920

စက်တင်ဘာ 2025

1.1750

1.2100

အောက်တိုဘာ 2025

1.1900

1.2300

နိုဝင်ဘာ 2025

1.2050

1.2450

ဒီဇင်ဘာ 2025

1.2150

1.2600

ဇန်နဝါရီ 2026

1.2250

1.2700

ဖေဖော်ဝါရီ 2026

1.2350

1.2800

မတ် 2026

1.2450

1.2900

ဧပြီ 2026

1.2550

1.3000

2025 ခုနှစ်အတွင်း EURUSD အတွက် ကာလရှည်ကုန်သွယ်ရေးအစီအစဉ်

EURUSD အတွဲသည် ၎င်း၏ ခိုင်မာသော တိုးတက်မှုအလားအလာကို ထိန်းသိမ်းထားပါသည်။

  • လတ်တလောတွင်၊ လူကြီးမင်းအနေဖြင့် 1.20–1.25 ဇုန်အတွင်း ပစ်မှတ်ထား၍ အဝယ်ကုန်သွယ်မှုများကို စဉ်းစားနိုင်ပါသည်။ Stop-loss အော်ဒါတခုကို အနီးဆုံး support level နှင့် စိတ်ပိုင်းဆိုင်ရာဈေးနှုန်းအမှတ်အောက် 1.09 ၌ သတ်မှတ်နိုင်ပါသည်။
  • အကယ်၍ ဈေးနှုန်းသည် ယင်း level တလျှောက် ထိုးဖောက်ဖြတ်ကျော်သွားပါက၊ အတွဲသည် 1.05–1.01 သို့ ကျဆင်းလာနိုင်ပြီး support ဇုန်အတွင်း အဝယ်ကုန်သွယ်မှုများဖွင့်ရန် အခွင့်အရေးတရပ်ကို ဖန်တီးပေးနိုင်ပါသည်။
  • ဝယ်ယူခြင်းအတွက် အချက်ပြမှုများ - ငွေကြေးအတွဲသည် အရေးပါသော support level မှ ပြန်လည်ခုန်တက်ခြင်း၊ MACD တန်ဖိုးများ အလှည့်အပြောင်း ဖြစ်ပေါ်ခြင်း၊ RSI သည် 50 အထက်သို့ တိုးတက်လာခြင်းနှင့် နှုန်းထားများသည် SMA 200 အထက်တွင် ဆက်လက်ကျန်ရှိခြင်း။
  • ခိုင်မာသောအတက်လမ်းကြောင်းတခုအတွင်း ရောင်းချခြင်းကို အားမပေးပါ။

2025 ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ EURUSD ကြိုတင်ခန့်မှန်းချက်များ

2025 ခုနှစ်တွင်၊ EURUSD အတွဲသည် အမေရိကန်ဗဟိုဘဏ်အဖွဲ့အစည်းနှင့် ဥရောပဗဟိုဘဏ်တို့၏ လုပ်ဆောင်ချက်များ၊ ငွေကြေးဖောင်းပွမှုနှုန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ပထဝီနိုင်ငံရေး‌အပြောင်းအလဲများ၏ လွှမ်းမိုးမှုကို သိသိသာသာ ခံစားရပါလိမ့်မည်။ ဤအပိုင်းတွင် သီးခြားခွဲခြမ်းစိတ်ဖြာမှုပလပ်ဖောင်းများမှ အနီးစပ်ဆုံး ခန့်မှန်းချက်များနှင့်အတူ အဓိက Forex အတွဲအတွင် ထပ်ဟပ်နေသော ဖြစ်နိုင်ခြေအမျိုးမျိုးကို တင်ပြသွားမည်ဖြစ်ပါသည်။

CoinCodex

2025 ခုနှစ်အတွင်းဈေးနှုန်းအပိုင်းအခြား - $1.126–$1.366 (07.05.2025 အထိလေ့လာချက်အရ)။

EURUSD အတွဲသည် မေလတွင် 1.126 မှ ဒီဇင်ဘာလတွင် 1.291 သို့ မြင့်တက်သွားလိမ့်မည်ဟု CoinCodex မှ ခန့်မှန်းချက်ထုတ်ပါသည်။ အမြင့်ဆုံးဈေးနှုန်းအဖြစ် အောက်တိုဘာလတွင် 1.366 သို့ ရောက်ရှိရန် မျှော်လင့်ရပါသည်။ မူရင်းလမ်းကြောင်းသည် 1.18 and 1.30 တို့တွင် သတိပြုလောက်သော ဖောက်ထွက်မှုများနှင့်အတူ တသမတ်တည်း အထက်သို့ ရွေ့လျားမှုတရပ်ကို ညွှန်ပြပါသည်။ အမေရိကန်ဒေါ်လာ ကျဆင်းလာကာ ယူရိုငွေတန်ဖိုးမြင့်လာခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာငွေကြေးမူဝါဒအပြောင်းအလဲများသည် အလယ်အလတ်ကာလတခုအထိ ဆက်လက်တိုးတက်ရန်အတွက် အားသာချက်ရှိသော အခြေအနေများကို ဖန်တီးပေးပါသည်။

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

မေ

1.126

1.156

1.180

ဇွန်

1.152

1.162

1.173

ဇူလိုင်

1.157

1.203

1.236

ဩဂုတ်

1.210

1.230

1.245

စက်တင်ဘာ

1.228

1.278

1.296

အောက်တိုဘာ

1.278

1.329

1.366

နိုဝင်ဘာ

1.298

1.322

1.346

ဒီဇင်ဘာ

1.291

1.306

1.319

LongForecast

2025 ခုနှစ်အတွင်းဈေးနှုန်းအပိုင်းအခြား - $0.882–$1.299 (07.05.2025 အထိလေ့လာချက်အရ)။

2025 တွင် EURUSD အတွဲသည် ကျယ်ပြန့်သော ဈေးနှုန်းအပိုင်းအခြားအတွင်း အရောင်းအဝယ်ဖြစ်လိမ့်မည်ဟု LongForecast မှ အဆိုပြုထားပါသည်။ မေလတွင်၊ ပျမ်းမျှဈေးနှုန်းသည် $1.134 ၌ ရပ်တည်နိုင်သည်။ ဈေးနှုန်းသည် တိုတောင်းသော ယာယီကျဆင်းမှုများကို ပြသရင်းဖြင့် တစထက်တစ မြင့်မားသောဈေးတန်းများသို့ တိုးတက်ရောက်ရှိလာမည်ဟု မျှော်လင့်ရပါသည်။ ဆောင်းရာသီတွင်၊ ယူရိုသည် 1.30 ဝန်းကျင်သို့ အမြင့်ဆုံးရောက်ရှိလာနိုင်သည်။ သို့သော် ဒီဇင်ဘာလတွင် အသင့်အတင့် ကျဆင်းမှုတခုကိုလည်း မြင်တွေ့ရနိုင်ပါသည်။ ယေဘုယျဖြစ်နိုင်ခြေအရ ကောင်းမွန်သောအလားအလာ ဆက်လက်ကျန်ရှိနေပြီး၊ 2026 ခုနှစ်တွင် ပိုမိုတိုးတက်ခိုင်မာလာနိုင်ပါသည်။

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

မေ

0.882

1.034

1.187

ဇွန်

1.141

1.182

1.222

ဇူလိုင်

1.204

1.232

1.259

ဩဂုတ်

1.204

1.231

1.259

စက်တင်ဘာ

1.260

1.279

1.298

အောက်တိုဘာ

1.261

1.280

1.299

နိုဝင်ဘာ

1.234

1.243

1.280

ဒီဇင်ဘာ

1.200

1.227

1.253

WalletInvestor

2025 ခုနှစ်အတွင်းဈေးနှုန်းအပိုင်းအခြား - $1.105–$1.131 (07.05.2025 အထိလေ့လာချက်အရ)။

WalletInvestor သည် EURUSD အတွဲအား အသင့်အတင့်မတည်ငြိမ်မှုနှင့်အတူ ဘေးတိုက်လမ်းကြောင်းအတွင်း ရွေ့လျားသွားရန် မျှော်လင့်ထားပါသည်။ ခန့်မှန်းချက်အရ၊ နှုန်းထားသည် 1.105 နှင့် 1.131 အတွင်း အတက်၊အကျများ ဖြစ်ပေါ်နိုင်ပါသည်။ ခွဲခြမ်းစိတ်ဖြာသူများသည် ရှင်းလင်းပြတ်သားသော လမ်းကြောင်းတခုကို မျှော်လင့်မထားကြပေ — ငွေကြေးအတွဲသည် သက်တမ်းတိုတောင်းသော တခဏတာ ကျဆင်းမှုများနှင့် မြင့်တက်မှုများကို ပြသလိမ့်မည်ဖြစ်ပြီး၊ ဈေးကွက်သည် ဘက်မလိုက်သောကြားနေအခြေအနေတခု၌ ဆက်လက်ရှိနေမည်ဟု ယူဆရပါသည်။

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

ဇွန်

1.123

1.123

1.126

ဇူလိုင်

1.123

1.130

1.130

ဩဂုတ်

1.125

1.125

1.131

စက်တင်ဘာ

1.122

1.122

1.125

အောက်တိုဘာ

1.116

1.116

1.122

နိုဝင်ဘာ

1.105

1.106

1.115

ဒီဇင်ဘာ

1.107

1.109

1.113

2026 ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ EURUSD ကြိုတင်ခန့်မှန်းချက်များ

2026 ခုနှစ်အတွင်း၊ EURUSD အတွက် ခန့်မှန်းချက်များမှာ သိသိသာသာ ကွဲလွဲလျှက်ရှိပါသည်။ အချို့သောခွဲခြမ်းစိတ်ဖြာသူများသည် ကျဉ်းမြောင်းသောအကွာအဝေးဘောင်အတွင်း ဘေးတိုက်ရွေ့လျားမှုကို ခန့်မှန်းကြကာ၊ အခြားကျွမ်းကျင်သူအချို့ကမူ ဤအတွဲအား အမြင့်သို့တိုးတက်ရန် မျှော်လင့်ကြပါသည်။ လေ့လာသုံးသပ်ချက်များသည် ကမ္ဘာလုံးဆိုင်ရာအကြောင်းအရာများကြား မြင့်မား‌သောမရေရာမှုအတိုင်းအတာကို ထင်ဟပ်ဖော်ပြလျှက်ရှိသည်။ 2026 ခုနှစ်အတွက် အဓိကလျာထားချက်များကို ဤအပိုင်းတွင် တင်ပြပေးထားပါသည်။

CoinCodex

2026 ခုနှစ်အတွင်းဈေးနှုန်းအပိုင်းအခြား - $1.2637–$1.4286 (07.05.2025 အထိလေ့လာချက်အရ)။

EURUSD pair သည် 2026 တစ်လျှောက်‌၌ တန်ဖိုးတိုးတက်ခိုင်မာလိမ့်မည်ဟု CoinCodex မှ ကြိုတင်ခန့်မှန်းထားပါသည်။ ငွေလဲနှုန်းသည် 1.33 ထက် ကျော်လွန်သော ပျမ်းမျှတန်ဖိုးများနှင့်အတူ 1.26 နှင့် 1.43 အကြား အတက်အကျရှိမည်ဟု မျှော်လင့်ရသည်။ ဤအခြေအနေသည် လအားလုံးနီးပါးအတွက် တိုးတက်သောလမ်းကြောင်းတခုကို ဖော်ပြနေပြီး၊ တခုတည်းသော ငွေကြေးအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ရေရှည်တည်မြဲသော ဝယ်လိုအားကို ညွှန်ပြနေပါသည်။

ခုနှစ်

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

2026

1.2637

1.3374

1.4286

WalletInvestor

2026 ခုနှစ်အတွင်းဈေးနှုန်းအပိုင်းအခြား - $1.084–$1.114 (07.05.2025 အထိလေ့လာချက်အရ)။

WalletInvestor အဆိုအရ၊ 2026 ခုနှစ်တလျှောက်တွင် EURUSD အတွဲသည် 1.084–1.114 အတွင်း ကူးသန်းရွေ့လျားနေပါမည်။ ခန့်မှန်းချက်သည် ရှင်းလင်းပြတ်သားသောဦးတည်ရာ မရှိခြင်းကို ဖော်ပြပါသည် - သေးငယ်သော အတက်၊အကျ အနည်းငယ်နှင့် မထင်ရှားသော ယာယီအလှည့်အပြောင်းများကို မျှော်လင့်ရပြီး၊ ဈေးနှုန်းစုဖွဲ့မှုအလားအလာနှင့် နိမ့်ပါးသောမတည်မှုကို ညွှန်ပြနေပါသည်။

ခုနှစ်

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

2026

1.084

1.101

1.114

LongForecast

2026 ခုနှစ်အတွင်းဈေးနှုန်းအပိုင်းအခြား - $1.109–$1.204 (07.05.2025 အထိလေ့လာချက်အရ)။

EURUSD အတွဲသည် 2026 ခုနှစ်တွင် အသင့်အတင့် တိုးတက်သောလမ်းကြောင်းတခုကို ပြသဖွယ်ရာရှိသည်ဟု LongForecast မှ ခန့်မှန်းထားပါသည်။ ငွေကြေးအတွဲသည် ဇန်နဝါရီလတွင် အနိမ့်ဆုံး 1.109 မှ ပြန်လည်မြင့်တက်လာပြီးနောက်၊ ဒီဇင်ဘာလတွင် အမြင့်ဆုံး 1.204 သို့ ဦးတည်ရွေ့လျားသွားမည် ဖြစ်သည်။ ခန့်မှန်းချက်သည် စီးပွားရေးဆိုင်ရာညွှန်းကိန်းများ တည်ငြိမ်လာခြင်းနှင့်အတူ အမေရိကန်ဒေါ်လာမှ လျော့နည်းလာသောဖိအားတို့ကြောင့် ယူရိုငွေ၏ တဖြည်းဖြည်း တန်ဖိုးတိုးတက်သွားနိုင်သည်ဟု ဖော်ပြပါသည်။

ခုနှစ်

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

2026

1.109

1.159

1.204

2027 ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ EURUSD ဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

2027 ခုနှစ်အတွင်း၊ EUR/USD အတွက် ရှုမြင်ချက်သည် ‌ရေရာမှုမရှိပေ။ ကျယ်ပြန့်စွာကွဲလွဲနေသော ထင်မြင်သုံးသပ်ချက်များသည် ဤမရေရာမသေချာမှုကို မီးမောင်းထိုးပြနေသည်။ ဖော်ပြထားသော ခန့်မှန်းချက်များသည် အတိုးနှုန်းများ၊ ငွေကြေးဖောင်းပွမှုမျှော်မှန်းချက်များနှင့် ပိုမိုကျယ်ပြန့်သော စီးပွားရေးနောက်ခံအခြေအနေများအပါအဝင် အရေးပါသောစီးပွားရေးညွှန်ပြချက်များအပေါ် အခြေခံပါသည်။ ‌အောက်ဖော်ပြပါကဏ္ဍတွင် ခွဲခြမ်းစိတ်ဖြာမှုပုံစံနှင့် နည်းလမ်းအမျိုးမျိုးကို အခြေခံထားသော ထိပ်တန်းဆန်းစစ်သုံးသပ်မှုပလပ်ဖောင်းများ၏ ရှုမြင်ချက်များကို တင်ပြထားပါသည်။

CoinCodex

2027 ခုနှစ်အတွင်းဈေးနှုန်းအပိုင်းအခြား - $1.2692–$1.4151 (07.05.2025 အထိလေ့လာချက်အရ)။

CoinCodex ရှိ လေ့လာသုံးသပ်သူများသည် 2027 တနှစ်တာအတွင်း EURUSD အတွဲအတွက် ဖြေးဖြေးမှန်မှန် တိုးတက်မှုတရပ်ကို ကြိုတင်မျှော်လင့်ထားပါသည်။ ဈေးနှုန်းအပိုင်းအခြားမှာ ဒီဇင်ဘာလတွင် 1.2692 မှ မေလတွင် 1.4151 ဖြစ်ပါသည်။ CoinCodex ၏ တွက်ချက်မှုပုံစံသည် တိုးတက်သောအလားအလာကို ထင်ဟပ်ဖော်ပြကာ၊ ခွဲခြမ်းစိတ်ဖြာသူများသည် “အဝယ်” အကြံပြုတိုက်တွန်းချက်ကို ဆက်လက်ထိန်းသိမ်းထားကြပြီး၊ ဤအချက်များသည် ယူရိုငွေ၏ ကာလရှည်ခိုင်မာတိုးတက်မှုအလားအလာကို ညွှန်ပြလျှက်ရှိပါသည်။

ခုနှစ်

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

2027

1.2692

1.3532

1.4151

WalletInvestor

2027 ခုနှစ်အတွင်းဈေးနှုန်းအပိုင်းအခြား - $1.063–$1.093 (07.05.2025 အထိလေ့လာချက်အရ)။

2027 ခုနှစ်အတွက် EURUSD pair သည် နိုဝင်ဘာလတွင် 1.063 နှင့် ဧပြီလတွင် 1.093 အကြား ကျဉ်းမြောင်းသော အကွာအဝေးဘောင်တခုအတွင်း ကူးသန်းနေမည်ဖြစ်ပြီး၊ အသင့်အတင့် ကျဆင်းသောလမ်းကြောင်းတခုကို ပြသမည်ဟု WalletInvestor မှ ခန့်မှန်းထုတ်ပါသည်။ ရှင်းလင်းသောလမ်းကြောင်းမရှိခြင်းနှင့် ဦးတည်ရာ မကြာခဏ ပြောင်းလဲခြင်းတို့သည် အရင်းခံစီးပွားရေးဆိုင်ရာ အကြောင်းအရာများအရ မတည်ငြိမ်မှုနှင့် ဈေးနှုန်းစုဖွဲ့မှုဖြစ်နိုင်ခြေကို အချက်ပြပါသည်။

ခုနှစ်

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

2027

1.063

1.077

1.093

LongForecast

2027 ခုနှစ်အတွင်းဈေးနှုန်းအပိုင်းအခြား - $1.140–$1.259 (07.05.2025 အထိလေ့လာချက်အရ)။

LongForecast သည် 2027 ခုနှစ်အတွင်း EURUSD အတွဲအား သင့်တင့်သောအရှိန်ဖြင့် တသမတ်တည်း တိုးတက်လာရန် ကြိုတင်ခန့်မှန်းပါသည်။ ငွေလဲနှုန်းသည် 1.140 နှင့် 1.259 အကြား အတက်အကျ ရှိမည်ဖြစ်ပြီး စတုထ္ထလေးလပတ်တွင် တနှစ်တာအမြင့်ဆုံးတန်ဖိုးကို မျှော်မှန်းထားပါသည်။ ခန့်မှန်းချက်သည် အမေရိကန်ဒေါ်လာ တန်ဖိုးလျော့နည်းလာခြင်းနှင့် စွန့်စားလိုစိတ်များ ပြန်လည်မြင့်မားလာခြင်း အစရှိသောအခြေအနေများကြား အထစ်အငေါ့မရှိ တိုးတက်မှုတရပ်ကို ညွှန်ပြနေပါသည်။

ခုနှစ်

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

2027

1.140

1.174

1.259

2028 ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ EURUSD ဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

2028 ခုနှစ်အတွက် ခန့်မှန်းချက်များသည် အနည်းငယ်မျှသော ကွာခြားမှုများကို ပြသပါသည်။ ခန့်မှန်းချက်များမှာ ကွဲပြားနေပြီး၊ အချို့သော သုံးသပ်ရေးပညာရှင်များမှ အနည်းငယ်ကျဆင်းမည်ဟု ယူဆကာ၊ အချို့ကမူ အတက်လမ်းကြောင်း ဆက်လက်တည်ရှိနေမည်ဟု ညွှန်ပြပါသည်။ ယူရို/ဒေါ်လာအတွဲ အတွက် ဖြစ်နိုင်ခြေများကို တွက်ဆရာ၌ ကျွမ်းကျင်သူများသည် ကမ္ဘာ့စီးပွားရေး အခြေအနေများ၏ သက်ရောက်မှု၊ ငွေကြေးမူဝါဒ ပြောင်းလဲမှုများ၊ နှင့် ငွေကြေးဖောင်းပွမှု မျှော်မှန်းချက်များကို ထည့်သွင်းစဉ်းစားပါသည်။

CoinCodex

2028 ခုနှစ်အတွင်းဈေးနှုန်းအပိုင်းအခြား - $1.271–$1.469 (07.05.2025 အထိလေ့လာချက်အရ)။

CoinCodex ရှိ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များသည် 2028 ခုနှစ်အတွက် ဈေးကွက်ရှုမြင်ချက်နှင့်စပ်လျဉ်း၍ အကောင်းမြင်မှုရှိကြပါသည်။ ဇန်နဝါရီလတွင် 1.271 မှ ဒီဇင်ဘာလတွင် 1.469 ကြား ကုန်သွယ်မှုအကွာအဝေးသည် တည်ငြိမ်သော အတက်လမ်းကြောင်းတခုကို ညွှန်ပြနေပါသည်။ ပျမ်းမျှဈေးနှုန်းသည် 1.30 အား ကျော်ဖြတ်သွားဖွယ်ရာရှိသည်။ နှစ်ကုန်ချိန်တွင် ဈေးနှုန်းသည် 30% မြင့်တက်နိုင်ပါသည်။

ခုနှစ်

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

2028

1.271

1.392

1.469

WalletInvestor

2028 ခုနှစ်အတွင်းဈေးနှုန်းအပိုင်းအခြား - $1.041–$1.072 (07.05.2025 အထိလေ့လာချက်အရ)။

WalletInvestor သည် ကျဆင်းသောအလားအလာတခုကို ထိန်းသိမ်းထားပါသည်။ 2028 တွင် EURUSD အတွဲသည် 1.041 နှင့် 1.072 ကြား ကျဉ်းမြောင်းသောအကွာအဝေးဘောင်အတွင်း အရောင်းအဝယ်ဖြစ်နိုင်ပါသည်။ ကျန်ရှိသောနှစ်အတွက် အများအားဖြင့် ရှင်းလင်းပြတ်သားသော လမ်းကြောင်းကို မြင်တွေ့ရဖွယ်ရာမရှိပေ။ ထို့အပြင် ဈေးနှုန်းလှုပ်ရှားမှုသည် မျှော်မှန်းထားသော အကွာအဝေးအတွင်း သေးငယ်သော အတက်၊အကျများနှင့်အတူ ဈေးနှုန်းစုဖွဲ့နိုင်ရန် မြင့်မားသော အလားအလာရှိပါသည်။

ခုနှစ်

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

2028

1.041

1.060

1.072

LongForecast

2028 ခုနှစ်အတွင်းဈေးနှုန်းအပိုင်းအခြား - $1.063–$1.270 (07.05.2025 အထိလေ့လာချက်အရ)။

LongForecast အဆိုအရ၊ EURUSD အတွဲသည် 2028 ခုနှစ်အတွင်း သိသာထင်ရှားသောဖိအားများနှင့် ရင်ဆိုင်ရဖွယ်ရာရှိပါသည်။ ဇန်နဝါရီတွင် ကောင်းမွန်သောအလားအလာဖြင့် စတင်ခဲ့ပြီးနောက်၊ ကြိုတင်ခန့်မှန်းထားသည့်အတိုင်း ယာယီကျဆင်းမှုတခု ဖြစ်ပေါ်နိုင်ပါသည်။ ဤအတွဲသည် 1.063 နှင့် 1.27 ကြားတွင် အတက်၊အကျများဖြစ်ပေါ်နိုင်ပြီး၊ ‌ဒုတိယနှစ်ဝက်တွင် အနိမ့်ဆုံးဈေးနှုန်းအသစ်များဆီသို့ ရောက်ရှိနိုင်သည်။ ခန့်မှန်းချက်သည် ဒီဇင်ဘာအတွင်း ယူရိုငွေ၏ တန်ဖိုးကျဆင်းမှုအလားအလာကို ပြသနေပါသည်။

ခုနှစ်

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

2028

1.063

1.158

1.270

2029 ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ EURUSD ဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

EURUSD အတွဲသည် 2029 ခုနှစ်အတွင်း မတည်ငြိမ်သော အရင်းခံစီးပွားရေးအခြေအနေများနှင့် ဗဟိုဘဏ်များ၏ ပြောင်း‌လဲနေသော သဘောထားများကြောင့် ကျယ်ပြန့်သော အကွာအဝေးတခုကြား ကူးသန်းရွေ့လျားနိုင်ပါသည်။ ရင်းနှီးမြှုပ်နှံများသည် ငွေကြေးဖောင်းပွမှု၊ GDP တိုးတက်မှုနှုန်းနှင့် အမေရိကန်နှင့် ယူရိုဇုန်ကြား အတိုးနှုန်းခြားနားချက်များအပေါ် အာရုံစိုက်ကြပါသည်။

WalletInvestor

2029 ခုနှစ်အတွင်းဈေးနှုန်းအပိုင်းအခြား - $1.021–$1.051 (07.05.2025 အထိလေ့လာချက်အရ)။

ဤအဓိကငွေကြေးအတွဲသည် 1.021 နှင့် 1.051 ကြား ကျဉ်းမြောင်းသော ဈေးနှုန်းအပိုင်းအခြားအတွင်း အရောင်းအဝယ်ဖြစ်လိမ့်မည်ဟု WalletInvestor မှ ကြိုတင်ယူဆပါသည်။ တိုးတက်‌စေသောတွန်းအားများကင်းမဲ့ခြင်းကြောင့် ဤအတွဲသည် လအများစုတွင် ကျဆင်းသောအခြေအနေနှင့် ကြုံတွေ့ရနိုင်ပြီး၊ ယူရိုငွေသည် တန်ဖိုးလျော့နည်းနိုင်ပါသည်။ ဤခန့်မှန်းချက်သည် ဈေးကွက်လှုပ်ရှားမှုနည်းပါးခြင်းနှင့် အမေရိကန် Fed ၏ မူဝါဒအပြောင်းအလဲများကြောင့် ဈေးနှုန်းငြိမ်သက်နိုင်ခြေတရပ်ကို ညွှန်ပြနေပါသည်။

ခုနှစ်

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

2029

1.021

1.038

1.051

CoinCodex

2029 ခုနှစ်အတွင်းဈေးနှုန်းအပိုင်းအခြား - $1.374–$1.524 (07.05.2025 အထိလေ့လာချက်အရ)။

CoinCodex ၏ ခန့်မှန်းချက်အရ၊ 2029 ခုနှစ်အတွင်း EURUSD အတွဲသည် 1.374 နှင့် 1.524 ကြား အတက်၊အကျများရှိနိုင်ပါသည်။ ခြုံငုံသုံးသပ်ချက်သည် အသင့်အတင့် အပြုသဘောဆောင်ပါသည်။ မြင့်မားသော အမြတ်အစွန်းအလားအလာနှင့် အစဉ်လိုက် “အဝယ်” အချက်ပြမှုများသည် ဈေးနှုန်းခန့်မှန်းဆောင်ရွက်ရသော ကာလအလယ်အလတ်ဗျူဟာများအတွက် အတွဲ၏ ဆွဲဆောင်မှုကို ညွှန်ပြနေပြီး၊ တည်ငြိမ်သော ဝယ်လိုအားနှင့် တိုးတက်မှုအလားအလာကိုလည်း ထင်ရှားစေပါသည်။

ခုနှစ်

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

2029

1.374

1.435

1.524

GovCapital

2029 ခုနှစ်အတွင်းဈေးနှုန်းအပိုင်းအခြား - $0.8822–$1.2071 (07.05.2025 အထိလေ့လာချက်အရ)။

2029 ခုနှစ်အတွင်း EURUSD အတွဲသည် 0.8822 နှင့် 1.2071 ကြားတွင် အတက်၊အကျဖြစ်ပေါ်မည်ဟု GovCapital မှ ယူဆထားပါသည်။ လစဉ်ခန့်မှန်းချက်များအပေါ်အခြေခံ၍ တွက်ချက်ထားသည့် ပျမ်းမျှနှစ်စဉ်နှုန်းထားသည် 1.0447 ဝန်းကျင်တွင် ရှိပါသည်။ ဤတန်ဖိုးသည် ဥရောပဗဟိုဘဏ်နှင့် အမေရိကန်ဗဟိုဘဏ်တို့၏ ငွေကြေးမူဝါဒများအပါအဝင် အလားအလာရှိသော အရင်းခံစီးပွားရေးစိန်ခေါ်မှုများကို ကိုယ်စားပြုပါသည်။

ခုနှစ်

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

2029

0.8822

1.0447

1.2071

2030 ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ EURUSD ဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

2030 ခုနှစ်တွင်၊ EURUSD အတွဲသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး အပြောင်းအလဲများနှင့် အမေရိကန်ဗဟိုဘဏ်အဖွဲ့အစည်း၊ ဥရောပဗဟိုဘဏ်တို့၏ ငွေကြေးမူဝါဒများ၏ မောင်းနှင်မှုကို ခံစားရမည်ဖြစ်သည်။ မတည်ငြိမ်မှု ကျဆင်းလာနိုင်ပြီး၊ ဈေးကွက်ပါဝင်သူများသည် ကာလရှည်လမ်းကြောင်းများအပေါ် အာရုံစိုက်ကြပါလိမ့်မည်။

WalletInvestor

2030 ခုနှစ်အတွင်းဈေးနှုန်းအပိုင်းအခြား - $1.013–$1.030 (07.05.2025 အထိလေ့လာချက်အရ)။

EURUSD အတွဲသည် 1.013–1.030 ကြား ကျဉ်းမြောင်းသော အကွာအဝေးအတွင်း ကူးသန်းရွေ့လျားနေမည်ဟု WalletInvestor မှ ကြိုတင်ခန့်မှန်းပါသည်။ ငွေလဲနှုန်းသည် ရှင်းလင်းပြတ်သားသော လမ်းကြောင်းတခုကို ခင်းကျင်းပြသခြင်းမရှိပေ။

ဈေးကွက်လှုပ်ရှားမှုသည်လည်း ကျဆင်းလာပါသည်။ စီးပွားရေးလှုံ့ဆော်မှုအစီအမံများ မရှိခြင်းနှင့် ဟန်ချက်ညီမျှသော ဗဟိုဘဏ်မူဝါဒများသည် ဘေးတိုက်ရွေ့လျားမှုဖြစ်ပေါ်စေရန်နှင့် ကုန်သွယ်မှုပမာဏများ ကျဆင်းစေရန် အလေးသာစေသော အခြေအနေများကို ဖန်တီးပါသည်။ ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုနှင့် နိမ့်ပါးသောဝယ်လိုအားမှ ဖိအားများကို ခံစားရနိုင်ပါသည်။

ခုနှစ်

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

2030

1.013

1.022

1.030

CoinCodex

2030 ခုနှစ်အတွင်းဈေးနှုန်းအပိုင်းအခြား - $1.332–$1.413 (07.05.2025 အထိလေ့လာချက်အရ)။

CoinCodex သည် EURUSD အတွဲအား 1.332–1.413 ကြား တည်ငြိမ်သော အတက်လမ်းကြောင်းတခုကို ပြသရန် မျှော်လင့်ထားပါသည်။ ပျမ်းမျှတန်ဖိုးများသည် 1.35 အထက်တွင် ကျန်ရှိနိုင်ပြီး၊ “အဝယ်” အကြံပြုချက်ကို ဆက်လက်ထိန်းသိမ်းထားပါလိမ့်မည်။ ဤဖြစ်နိုင်ခြေသည် ဈေးကွက်မတည်ငြိမ်မှုနှင့် အပြုသဘောဆောင်သော ဈေးကွက်အခြေအနေများကြား ယူရိုအတွက် ခိုင်မာသောဝယ်လိုအားနှင့် ရင်းနှီးမြှုပ်နှံသူများ၏ တိုးတက်လာသော စိတ်ဝင်စားမှုများကို ညွှန်ပြနေပါသည်။

ခုနှစ်

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

2030

1.332

1.368

1.413

GovCapital

2030 ခုနှစ်အတွင်းဈေးနှုန်းအပိုင်းအခြား - $0.8977–$1.1982 (07.05.2025 အထိလေ့လာချက်အရ)။

GovCapital ၏ အဆိုအရ၊ 2030 ခုနစ်အတွင်း ယူရို/ဒေါ်လာငွေလဲနှုန်းသည် 0.8977 မှ 1.1982 ကြားတွင် ရွေ့လျားနိုင်ပါသည်။ တနှစ်တာပျမ်းမျှဈေးနှုန်းသည် 1.0480 ဝန်းကျင်ဖြစ်ပါလိမ့်မည်။ ဤခန့်မှန်းချက်သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပြောင်းအလဲများကြား အမေရိကန်ဒေါ်လာ၏ တန်ဖိုးတိုးတက်မှုနှင့်အတူ တည်ငြိမ်သောကာလတခုကို ထင်ဟပ်ဖော်ပြပါသည်။

ခုနှစ်

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

2030

0.8977

1.0480

1.1982

2050 အထိ လေ့လာသူများ၏ EURUSD စျေးနှုန်း ခန့်မှန်းချက်များ

အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အပြောင်းအလဲများနှင့်ပတ်သက်၍ မရေရာမှုများစွာရှိနေသောကြောင့် လေ့လာဆန်းစစ်သူအများအပြားသည် 2035 ခုနှစ် နောက်ပိုင်းအတွက် အသေးစိတ်ခန့်မှန်းချက်ထုတ်ခြင်းကို မပြုလုပ်လိုကြပေ။ ငွေကြေးဆိုင်ရာမူဝါဒများ၊ ငွေကြေးဖောင်းပွမှုနှုန်းများ၊ ကမ္ဘာ့စီးပွားရေး အပြောင်းအလဲများနှင့် နိုင်ငံရေးအဖြစ်အပျက်များသည် Forex ဈေးကွက်အပေါ် သိသာထင်ရှားစွာ သက်ရောက်မှုရှိပါသည်။

ထိုသို့သော ရေရှည်ခန့်မှန်းချက်များသည် သဘာဝအရ တိကျမှုနည်းပါးပြီး တိကျသေချာသော ခန့်မှန်းချက်များထက် ယေဘုယျဖြစ်နိုင်ခြေများကို ပိုမိုဖော်ပြလေ့ရှိပါသည်။ 2035 မှ 2050 အထိကာလအတွက် ကြိုတင်ခန့်မှန်းချက်များမှာ အများအားဖြင့် အနီးစပ်ဆုံးသာဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံသူများ နှင့် ကုန်သည်များအတွက် အသုံးဝင်မှုနည်းပါးပါသည်။ သို့သော် ၎င်းတို့အား ရေရှည်ဗျူဟာများရေးဆွဲရာတွင် အကိုးအကားတခုအဖြစ် အသုံးပြုနိုင်ပါသည်။

ဆိုရှယ်မီဒီယာပေါ်တွင် EURUSD အတွက် ဈေးကွက်အလေးသာမှု

ဆိုရှယ်မီဒီယာပလပ်ဖောင်းများပေါ်ရှိ ဆွေးနွေးသုံးသပ်မှုများနှင့် ရေးသားမျှဝေချက်များသည် မီဒီယာသဘောထားကို ပုံဖော်ဖန်တီးပါသည်။ မီဒီယာသဘောထားဆိုသည်မှာ ပိုင်ဆိုင်မှုတခုအပေါ် ဈေးကွက်ပါဝင်သူများ၏ ယေဘုယျ ထင်မြင်ယူဆချက်ဖြစ်သည်။ ဂရပ်ဖစ်ဇယားများပါဝင်သော ပို့စ်များ၊ ထင်မြင်ချက်များနှင့် ခန့်မှန်းချက်များသည် ခြုံငုံထားသော မျှော်မှန်းချက်များကို ထင်ဟပ်ဖော်ပြပြီး၊ ဈေးနှုန်းရွေ့လျားမှုများကို ကြိုတင်ခန့်မှန်းနိုင်စေပါသည်။ မသေချာမရေရာသောကာလများတွင်၊ မီဒီယာသဘောထားသည် မတည်ငြိမ်မှုကို လှုံ့ဆော်နိုင်ပြီး၊ ပိုင်ဆိုင်မှု၏ စွမ်းဆောင်ရည်အပေါ် လွှမ်းမိုးသက်ရောက်သော အပိုဆောင်းအချက်တခု အဖြစ်ဆောင်ရွက်ပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်တွင် EURUSD အတွက် ဈေးကွက်အလေးသာမှု

ဥပမာအားဖြင့်၊ ElliotFxx အမည်ဖြင့် X လူမှုကွန်ယက်(ယခင် Twitter)အသုံးပြုသူသည် EURUSD အတွက် အဆုံးသတ်နားတွင် တိုးတက်မှုအခိုက်အတန့်ပါဝင်‌သော wave analysis ပုံစံတခုကို တင်ပြထားပါသည်။ ယင်းခွဲခြမ်းစ်တ်ဖြာမှုသည် အဝယ်များ၏ လုပ်ဆောင်ချက်လျော့နည်းလာခြင်းနှင့် အောက်ဘက်သို့အလှည့်အပြောင်းဖြစ်နိုင်ခြေကို အကြံပြုကာ၊ ကျဆင်းသောအလားအလာတခုကို ညွှန်ပြပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်တွင် EURUSD အတွက် ဈေးကွက်အလေးသာမှု

တချိန်တည်းတွင်၊ ကုန်သည် @Akuma_MT5 သည် အတက်လမ်းကြောင်းတခု၊ တက်ကြွသော ဝယ်လိုအားရပ်ဝန်းများနှင့် အပြုသဘော‌ဆောင်သော အရိပ်အယောင်များပေါ်ထွက်လာခြင်းကို ညွှန်ပြသော ခွဲခြမ်းစိတ်ဖြာချက်တရပ်ကို မျှဝေထားပါသည်။ ဤသုံးသပ်ချက်သည် အထက်သို့ ဦးတည်ရာအလှည့်အပြောင်းနှင့် ကာလအလယ်အလတ်တိုးတက်မှုနှုန်းကို အဆိုပြုပါသည်။ ‌ဈေးကွက်သည် တိုးတက်ကောင်းမွန်လာရန် အပြည့်အဝအလေးသာလျှက်ရှိသည်။

ဆိုရှယ်မီဒီယာပေါ်တွင် EURUSD အတွဲအတွက် ဆွေးနွေးဖော်ပြချက်များသည် ရောထွေးသောသဘောထားကို ထင်ဟပ်ဖော်ပြပါသည် - အချို့ကုန်သည်များသည် ကျဆင်းသော ယာယီအလှည့်အပြောင်းတခုကို မျှော်လင့်ကြပြီး၊ အချို့ကမူ အထက်သို့ ပြန်လည်တိုးတက်မှုနှင့် ဈေးနှုန်းမြင့်တက်မှုကို မျှော်လင့်ကြသည်။ ဤကွဲလွဲမှုသည် ဈေးကွက်မရေရာမှုနှင့် မူလဦးတည်ရာပျောက်ဆုံးမှုကို ညွှန်ပြနေပါသည်။

EURUSD ဈေးနှုန်းသမိုင်း

EURUSD အတွဲသည် ၁၅.၀၇.၂၀၀၈ တွင် ၎င်း၏ သမိုင်းတလျှောက် အမြင့်ဆုံး $1.6039 သို့ ရောက်ရှိခဲ့သည်။

EURUSD အတွဲ၏ အနိမ့်ဆုံးစျေးနှုန်းကို ၂၆.၁၀.၂၀၀၀ တွင် မှတ်တမ်းတင်ခဲ့ပြီး $0.8227 သို့ ရောက်ရှိခဲ့သည်။

  • 2002 နှင့် 2008 ခုနှစ်ကြားတွင်၊ ဤအတွဲသည် အတက်လမ်းကြောင်းအတွင်း ရှိနေခဲ့ပြီး အဆိုပါအချိန်၌ အားနည်းသော ယူအက်စ်ဒေါ်လာ နှင့် ခိုင်မာအားကောင်းသော အီးယူစီးပွားရေး များ အတွင်း 1.60 သို့ရောက်ရှိခဲ့သည်။
  • 2008 ခုနှစ် နောက်ပိုင်းတွင် ငွေလဲနှုန်း ကျဆင်းလာပြီး ယူရိုဇုန်၏ ဘဏ္ဍာရေး အကျပ်အတည်းများကြောင့် 1.20-1.25 အထိ ကျဆင်းသွားခဲ့သည်။
  • 2014 နှင့် 2020 ခုနှစ်ကြားတွင်၊ ဥရောပဗဟိုဘဏ် (ECB) ၏ အတိုးနှုန်းနိမ့်ကျမှုနှင့် စီးပွားရေးမြှင့်တင်မှု မူဝါဒများကြောင့် ယူရိုငွေသည် အခက်အခဲများ နှင့် ရင်ဆိုင်ခဲ့ရသည်။
  • 2020-2021 တွင်၊ EURUSD ငွေလဲနှုန်းသည် Fed ၏ လိုက်လျောညီထွေရှိသော မူဝါဒနှင့် ကပ်ရောဂါအပြီး ပြန်လည်ထူထောင်ရေးတို့ကို တုံ့ပြန်သည့်အနေဖြင့် 1.23 သို့ မြင့်တက်လာခဲ့သည်။
  • 2022 ခုနှစ်တွင်၊ ယူအက်စ် ၏ တင်းမာသော အတိုးနှုန်း မြှင့်တင်မှုများ နှင့် ဥရောပ ဘဏ္ဍာရေး အကျပ်အတည်း များကြား ယူရိုတန်ဖိုးသည် အမေရိကန် ဒေါ်လာနှင့် ညီမျှသည့် အမှတ်အောက် ကျဆင်းသွားခဲ့သည်။
  • 2023 ခုနှစ်မှစ၍ EURUSD အတွဲသည် 1.05–1.10 အကွာအဝေးအတွင်း တည်ငြိမ်နေခဲ့သည်။
  • 2025 ခုနှစ်အစောပိုင်းတွင်၊ ကမ္ဘာ့ဈေးကွက်၏ မရေရာ မသေချာမှုများကြောင့် ငွေလဲနှုန်းသည် 1.08 ဝန်းကျင်တွင် အရောင်းအဝယ်ဖြစ်နေခဲ့သည်။

LiteFinance: EURUSD ဈေးနှုန်းသမိုင်း

EURUSD ဈေးနှုန်းအား အခြေခံကျကျ လေ့လာခြင်း

အခြေခံခွဲခြမ်းစိတ်ဖြာချက်သည် EURUSD ကို ဦးတည်ရာတစ်ခု သို့မဟုတ် အခြားတစ်ခုသို့ ရွေ့လျားစေသည့်အရာကို နားလည်ရန် လိုအပ်သောအကြောင်းအရာကို ပံ့ပိုးပေးသည်။ နည်းပညာဆိုင်ရာ ချဉ်းကပ်ပုံနှင့် ဆန့်ကျင်ဘက်အနေဖြင့် အခြေခံကျသော ခွဲခြမ်းစိတ်ဖြာမှုသည် အမေရိကန်နှင့် ယူရိုဇုန်စီးပွားရေး၏ လက်တွေ့အခြေအနေများကို ထင်ဟပ်စေသည့် စီးပွားရေးနှင့် နိုင်ငံရေး အချက်အလက်များအပေါ် မူတည်သည်။ ဤအညွှန်းများသည် EURUSD ငွေကြေးအတွဲအတွက် ရေရှည်လမ်းကြောင်းများကိုပုံဖော်ပေးသည့် စျေးကွက်ပါဝင်သူများ၏မျှော်လင့်ချက်များကို လွှမ်းမိုးပါသည်။

EURUSD အတွဲကို အကျိုးသက်ရောက်စေမည့်အချက်များ။

EUR/USD အတွဲသည် အောက်ပါ အဓိက ကျသော မက်ခရိုစီးပွားရေး အညွှန်းကိန်းများအပေါ် တုံ့ပြန်သည်-

  • Fed နှင့် ECB ၏ အတိုးနှုန်းဆုံးဖြတ်ချက်များ။
  • အမေရိကန်နှင့် ယူရိုဇုန်ရှိ ငွေကြေးဖောင်းပွမှုနှုန်း။
  • ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) တိုးတက်မှုနှုန်း။
  • အလုပ်လက်မဲ့နှုန်း။
  • နိုင်ငံရေး တည်ငြိမ်မှုနှင့် ပထဝီနိုင်ငံရေး အချက်များ။
  • ကုန်သွယ်မှုလက်ကျန်။
  • ဗဟိုဘဏ်မှ တာဝန်ရှိသူများ၏ မိန့်ခွန်း။
  • ငွေကြေးမူဝါဒအပေါ် စျေးကွက်မျှော်လင့်ချက်။
  • US-EU ငွေချေးစာချုပ် အတိုးနှုန်း ကွာခြားချက်။
  • ကမ္ဘာလုံးဆိုင်ရာ လက်ခံနိုင်သော ဆုံးရှုံးနိုင်ချေ နှင့် ယူအက်စ်ဒေါ်လာအတွက် လုံခြုံစိတ်ချရသော ပိုင်ဆိုင်မှုတစ်ခုအဖြစ် ဝယ်လိုအား။

အဆိုပါအချက်များသည် ယူရိုနှင့်အမေရိကန်ဒေါ်လာကို အားကောင်းရန် သို့မဟုတ် ပျော့ပြောင်းရန် အလားအလာရှိစေပြီး ရေတိုအတက်အကျများ သို့မဟုတ် တည်ငြိမ်သောစျေးကွက်လမ်းကြောင်းများကို ဦးတည်စေသည်။

EURUSD ၏ အခြားသော အချက်အလက်များ

EURUSD အတွဲသည် Forex ဈေးကွက်၌ ကမ္ဘာပေါ်ရှိ အရောင်းအ၀ယ်အများဆုံး ငွေကြေးအတွဲ ဖြစ်ပြီး ယူရို (ယူရိုဇုန်၏ငွေကြေး) နှင့် ယူအက်စ်ဒေါ်လာ ၏ ငွေလဲလှယ်မှုအချိုးကို ဖော်ပြသည်။ ၎င်းသည် ရေတို မှန်းဆသော ကုန်သည်များ နှင့် ရေရှည်ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်သည်။

ဤအတွဲသည် မြင့်မားသော ငွေဖြစ်လွယ်မှု၊ ကျဉ်းမြောင်းသော ဝယ်ရောင်းဈေး ကွာဟချက်နှင့် မက်ခရိုစီးပွားရေးသတင်းများကို လျင်မြန်စွာတုံ့ပြန်မှုတို့ဖြင့် ထူးခြားသည်။ ဤအတွဲသည် အတိုးနှုန်းများ၊ ငွေကြေးဖောင်းပွမှု၊ GDP နှင့် အလုပ်အကိုင်ဒေတာများအပါအဝင် မက်ခရိုစီးပွားရေးဒေတာအတွက် အထူး တုံ့ပြန်သည်။ ဥရောပဗဟိုဘဏ်နှင့် ယူအက်စ် ဖက်ဒရယ် တို့၏ ဆုံးဖြတ်ချက်များသည် EURUSD ငွေလဲနှုန်းကို တိုက်ရိုက်သက်ရောက်မှုရှိသည်။

ဤအတောအတွင်း၊ EURUSD အတွဲသည် ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်များနှင့် ဆက်စပ်နေပါသည်။ မသေချာမရေရာသောအချိန်များတွင်၊ အမေရိကန်ဒေါ်လာသည် အကာအကွယ်ပစ္စည်းတစ်ခုအဖြစ် အားကောင်းလာပြီး စီးပွားရေးပြန်လည်ဦးမော့လာချိန်တွင် ယူရိုငွေသည် တိုးတက်လာနိုင်သည်။

ဤအတွဲကို ခွဲခြမ်းစိတ်ဖြာရာတွင် ဘက်ပေါင်းစုံချဉ်းကပ်နည်းတစ်ခု လိုအပ်သည်၊ စီးပွားရေး ညွှန်းကိန်းများအပေါ် အာရုံစိုက်မှု၊ အဝင်ဈေး နှင့် အပိတ်ဈေးများကို ခွဲခြားသတ်မှတ်ရန် နည်းပညာပိုင်းခွဲခြမ်းစိတ်ဖြာမှုနှင့် စျေးကွက်သဘောထားများ စသည်တို့ကို ဆက်လက် စောင့်ကြည့်ခြင်းဖြင့် ပေါင်းစပ်လုပ်ဆောင်ရန် လိုအပ်ပါသည်။ ထိုသို့သော ကျယ်ကျယ်ပြန့်ပြန့်ချဉ်းကပ်မှုသည် EURUSD အတွဲအား ကမ္ဘာ့ဘဏ္ဍာရေးကြံ့ခိုင်မှု၏ အရေးကြီးသော ပြယုဒ်တစ်ခု ဖြစ်လာစေသည်။

EURUSD တွင် ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ

EURUSD သည် Forex စျေးကွက်တွင် အရောင်းအဝယ် အသွက်ဆုံး ငွေကြေးအတွဲဖြစ်ပြီး၊ ကာလတို စျေးကစားခြင်းနှင့် ရေရှည်ရင်းနှီးမြှုပ်နှံမှုအတွက် သင့်လျော်သည်။ မည်သို့ပင်ဆိုစေကာမူ အခြားသော ကုန်သွယ်ရေး အမျိုးအစား များ ကဲ့သို့ပင်၊ ၎င်း၏ အားသာချက် အားနည်းချက်များရှိသည်။

အားသာချက်များ

  • မြင့်မားသော ငွေဖြစ်လွယ်မှုနှင့် ကျဉ်းမြောင်းသော ဝယ်ရောင်းဈေးခြားနားချက်။
  • ၂၄ နာရီ ကုန်သွယ်နိုင်ခြင်း။
  • ကျယ်ပြန့်သော ခွဲခြမ်းစိတ်ဖြာမှု ကိရိယာများနှင့် ခန့်မှန်းချက်များ။
  • များစွာသော ကုန်သွယ်ရေးပလပ်ဖောင်းများနှင့် အကျိုးဆောင်များ ၏ ကမ်းလှမ်းမှု။
  • တည်ငြိမ်သောစျေးကွက်တွင် အဆိုပါ အတွဲသည် ကောင်းစွာလေ့လာ၍ ခန့်မှန်းနိုင်ခြင်း။
  • စီးပွားရေးသတင်းများကို တုံ့ပြန်နိုင်စွမ်း မြင့်မားပြီး သတင်းအပေါ်တွင် အရောင်းအဝယ်ပြုလုပ်ရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်း။

အားနည်းချက်များ

  • မက်ခရိုစီးပွားရေး အချက်အလက်များ ကို ထုတ်ပြန်သောအခါ မတည်ငြိမ်မှု မြင့်မားခြင်း။
  • ဗဟိုဘဏ်မူဝါဒများနှင့် ပထဝီဝင်နိုင်ငံရေးအချက်များအပေါ် မူတည်နေခြင်း။
  • မက်ခရိုစီးပွားရေး အကြောင်းရင်းများကို နက်နက်နဲနဲနားလည်ရန် လိုအပ်ခြင်း။
  • ပြင်ပအချက်များမှ သိသိသာသာ လွှမ်းမိုးမှုရှိခြင်း၊ အမြဲတစေ ကြိုတင်မှန်းဆ၍ မရခြင်း။
  • မှန်းဆချက်များ တိုးလာသောအခါတွင် မှားယွင်းသောအချက်ပြမှုများ ပေါ်ပေါက်ခြင်း။
  • အတက်အကျ မရှိသော စျေးကွက်တွင် ပုံမှန် လမ်းကြောင်း ပျောက်နေခြင်း။

EURUSD အတွဲသည် ၎င်း၏ ရှင်းလင်းပြတ်သားမှု နှင့် အလွယ်တကူ ချဉ်းကပ်နိုင်မှုတို့ကြောင့် ဆွဲဆောင်မှုရှိသော ရင်းနှီးမြုပ်နှံမှုအဖြစ် ဆက်လက် မှတ်သားထားရမည်ဖြစ်သည်။ သို့သော်၊ သတိရှိရန် နှင့် နည်းပညာပိုင်း/အခြေခံပိုင်းကျသော လေ့လာသုံးသပ်မှုများကို အမြဲလုပ်ဆောင်ရန် အရေးကြီးပါသည်။

ကျွန်ုပ်တို့ ကြိုတင်ခန့်မှန်းချက်များကို ပြုလုပ်ပုံ

ကျွန်ုပ်တို့၏ ခန့်မှန်းချက်များသည် နည်းပညာပိုင်း နှင့် အခြေခံပိုင်း လေ့လာသုံးသပ်မှု ပေါင်းစပ်ခြင်းအပေါ် အခြေခံထားသည်။

  • ရက်အနည်းငယ်မှ တစ်ပတ်အထိ ရေတိုခန့်မှန်းချက်များ နှင့် ဆက်စပ်လာသောအခါ၊ နည်းပညာပိုင်း ခွဲခြမ်းစိတ်ဖြာမှုအသုံးချမှု၊ စျေးနှုန်းဖွဲ့စည်းမှုပုံစံများ၊ ဝယ်လိုအား နှင့် ရောင်းလိုအား နေရာများ၊ MACD၊ RSI နှင့် moving average ညွှန်ပြချက်များကို အသုံးပြုသည်။ ထို့အပြင်၊ မတူညီသောအချိန်ဘောင်များတွင် စျေးနှုန်းအပြုအမူကို အကဲဖြတ်ပါသည်။
  • ၁ လ မှ ၃ လ အတွက် ကာလလတ်ခန့်မှန်းချက်များ သည် မက်ခရိုစီးပွားရေး အညွှန်းကိန်းများ၊ အတိုးနှုန်းများ၊ ငွေကြေးဖောင်းပွမှုနှင့် ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်များအပေါ်တွင် မူတည်သည်။
  • ၆ လ မှ ၂၄ လအတွင်း ကာလရှည်ခန့်မှန်းချက်များ ကို စီးပွားရေးလည်ပတ်မှု၊ ပထဝီဝင်နိုင်ငံရေးအချက်များနှင့် ကမ္ဘာ့စျေးကွက်လမ်းကြောင်းများမှ ဖော်ပြထားသည်။ ရာသီအလိုက် ဖြစ်ပေါ်သော ပက်တမ်များ၊ သမိုင်းဝင် ဈေးတန်းအဆင့်များနှင့် ကျော်ကြားသော ရင်းနှီးမြုပ်နှံမှု အဖွဲ့များ၏ ရှုမြင်မှုများသည် ဤခန့်မှန်းချက်များကို ပြုပြင်မွမ်းမံရန်အတွက် အရေးပါပါသည်။

ထိုသို့သော ကျယ်ကျယ်ပြန့်ပြန့်ချဉ်းကပ်မှုသည် ကျွန်ုပ်တို့အား လက်ရှိစျေးနှုန်းလှုပ်ရှားမှုနှင့် ခွဲခြမ်းစိတ်ဖြာထားသော ငွေကြေးအတွဲ၏ အနာဂတ်လမ်းကြောင်းကို အကဲဖြတ်နိုင်စေပါသည်။

အနှစ်ချုပ် - EURUSD သည် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်ပါသလား။

EURUSD အတွဲ သည် Forex ဈေးကွက်တွင် အဓိက ငွေကြေးအတွဲတခုအဖြစ် ဆက်လက်တည်ရှိနေပြီး ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံနှစ်ခုကို ကိုယ်စားပြုပါသည်။ ၎င်း၏ နှုန်းထားသည် အတိုးနှုန်းများ၊ စီးပွားရေး အစီရင်ခံစာများ၊ ဗဟိုဘဏ် ဆုံးဖြတ်ချက်များနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ဖြစ်ရပ်များ အပါအဝင် အချက်အလက် အမျိုးမျိုး၏ လွှမ်းမိုးခြင်းကို ခံရပါသည်။

ဤဆောင်းပါးတွင် နည်းပညာဆိုင်ရာရှုမြင်ချက်၊ ခွဲခြမ်းစိတ်ဖြာသူများ၏ ခန့်မှန်းချက်များနှင့် ဈေးကွက်အလေးသာမှုတို့ကို ဖော်ပြထားပါသည်။ အချက်အလက်များအရ ရင်းနှီးမြှုပ်နှံသူများနှင့် သုံးသပ်ရေးသမားများသည် ဤအဓိကငွေကြေးအတွဲ၏ စွမ်းဆောင်ရည်အတွက် ရောထွေးသော မျှော်လင့်ချက်များ ရှိနေကြပါသည်။ ဤ ပိုင်ဆိုင်မှုအမျိုးအစားသည် မြင့်မားသော မတည်ငြိမ်မှုကို ကြုံတွေ့ရဖွယ်ရာရှိပြီး၊ ၎င်းသည် ကာလရှည်ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို လျော့နည်းစေပါသည်။ သို့သော် ကာလတိုနှင့် အလယ်အလတ်ကာလများအတွက် EURUSD အတွဲသည် ၎င်း၏ မြင့်မားသော liquidity နှင့် အလွယ်တကူရနိုင်သော လေ့လာဆန်းစစ်ချက်များကြောင့် ကုန်သွယ်မှုအတွက် အလားအလာကောင်းများကို ပေးဆောင်သော၊ အမြတ်အစွန်းများသော ပိုင်ဆိုင်မှုတခုအဖြစ် ၎င်း၏ အခြေအနေကို ထိန်းသိမ်းထားပါသည်။

EURUSD ဈေးနှုန်းခန့်မှန်းချက် အမေး၊အဖြေများ

၀၁.၀၅.၂၀၂၆ တွင် EURUSD အတွဲ၏ လက်ရှိဈေးနှုန်းမှာ $1.17652 ဖြစ်ပါသည်။

EURUSD အတွဲအပေါ်တွင် ဈေးကွက်အခြေအနေများမှ လွှမ်းမိုးသက်ရောက်ပါသည်။ ဤအတွဲသည် ငွေကြေးဈေးကွက်အတွင်း ရောင်းလိုအားနှင့် ဝယ်လိုအားအပေါ်မူတည်၍ တိုးတက်မှုနှင့် ကျဆင်းမှု နှစ်ရပ်စလုံးကို ပြသနိုင်သည်။

အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ယူရိုတန်ဖိုးကျဆင်းရခြင်းမှာ အမေရိကန်ရှိ ပိုမိုမြင့်မားလာသော အတိုးနှုန်းများ၊ ယူရိုဇုန်အတွင်း စီးပွားရေးမငြိမ်သက်မှုများ၊ ဘေးကင်းသောပိုင်ဆိုင်မှုအဖြစ် ဒေါ်လာဝယ်လိုအား မြင့်တက်လာခြင်း သို့မဟုတ် အနှုတ်သဘောဆောင်သောသတင်းများ စသည်တို့နှင့် ဆက်နွယ်နိုင်ပါသည်။

လက်ရှိ စီးပွားရေးအခြေအနေပေါ် မူတည်၍ ခန့်မှန်းချက်များ ကွဲပြားနိုင်ပါသည်။ အချို့သော လေ့လာဆန်းစစ်သူများသည် အီးယူ၏ စီးပွားရေးညွှန်းကိန်းများ တိုးတက်လာမှုကြောင့် ယူရိုငွေ တန်ဖိုးတက်လာမည်ဟု မျှော်လင့်ကြသော်လည်း၊ အချို့မှာမူ ဒေါ်လာ၏ တည်ငြိမ်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲအလားအလာများကြောင့် ယူရိုငွေ ကျဆင်းနိုင်သည်ဟု ခန့်မှန်းကြပါသည်။

ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များသည် ငွေကြေးမူဝါဒအပြောင်းအလဲများ၊ ငွေကြေးဖောင်းပွမှုနှုန်းများနှင့် ကမ္ဘာလုံးဆိုင်ရာ အရင်းခံအကြောင်းအရာများအပေါ်အခြေခံ၍ ဖြစ်နိုင်ခြေအမျိူးမျိုးကို ခန့်မှန်းကြပါသည်။ လက်တွေ့ရလာဒ်သည် အမေရိကန်ဗဟိုဘဏ်စနစ်(Fed) နှင့် ဥရောပဗဟိုဘဏ် (ECB) တို့အပေါ်တွင် မူတည်ပါလိမ့်မည်။

အမေရိကန်‌ဒေါ်လာဖြင့် ယူရိုငွေအား ပိုင်းဖြတ်ဝယ်ယူရန် ဆုံးဖြတ်ချက်သည် ရင်းနှီးမြှုပ်နှံမှုဗျူဟာအပေါ်တွင် မူတည်ပါသည်။ ကာလတို ကုန်သွယ်မှုများ၊ နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုနှင့် ဈေးကွက်အလေးသာမှုတို့သည် အရေးကြီးပါသည်။ ကာလရှည်အလားအလာအတွက်မူ၊ အခြေခံပိုင်းဆိုင်ရာအချက်အလက်များ အကဲဖြတ်ခြင်းနှင့် ဘဏ္ဍာရေးရည်မှန်းချက်များမှာ ပို၍အရေးကြီးပါသည်။

EURUSD အတွဲ၏ အနာဂါတ်လမ်းကြောင်းအပေါ်တွင် အကြောင်းအရာများစွာမှ လွှမ်းမိုးထားပါသည်။ အတက်နှင့် အကျ အလားအလာများနှစ်ခုစလုံးမှာ ဖြစ်နိုင်ခြေရှိပါသည်။ အရင်းခံစီးပွားရေးခွဲခြမ်းစိတ်ဖြာမှု၊ ဗဟိုဘဏ်မူဝါဒနှင့် ဈေးနှုန်း အတက်၊အကျများသည် ယေဘုယျလမ်းကြောင်းကို ခွဲခြားထုတ်ဖော်ပေးနိုင်ပါသည်။

EURUSD နှုန်းထားကို အတိုးနှုန်းများ၊ စီးပွားရေးအစီရင်ခံစာများ၊ ငွေကြေးဖောင်းပွမှုအချက်အလက်၊ နိုင်ငံရေးကြေငြာချက်များနှင့် ဘေးကင်းသောပိုင်ဆိုင်မှုများအတွက် ဝယ်လိုအားတို့မှ ပုံဖော်ဖန်တီးပါသည်။ စည်းမျဉ်းထိန်းသိမ်းသူများ၏ အနာဂါတ်ငွေကြေးမူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။

လက်တွေ့ဈေးကွက်အချိန်ရှိ EURUSD ၏စျေးနှုန်းဇယား

2026၊ 2027–2028 နှင့်နောက်ပိုင်းအတွက် EURUSD ဈေးနှုန်းခန့်မှန်းချက်နှင့် ကြိုတင်သုံးသပ်ချက်များ

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat