DraftKings Inc. သည်ဒစ်ဂျစ်တယ်ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအတွင်း အွန်လိုင်းအားကစား လောင်းကြေးထပ်သည့် ဝန်ဆောင်မှုများကို ပေးစွမ်းပါသည်။ ထို့ပြင် အဆိုပါကုမ္ပဏီသည် လက်လီလောင်းကစားဆိုင်များအတွက် အားကစားဂိမ်း ထုတ်လုပ်မှုများနှင့် ဆော့ဝဲလ်(iGaming) ကို တီထွင်ဖန်တီးပါသည်။

ကုမ္ပဏီသည် ဗျူဟာမြောက်အကျိုးတူပူးပေါင်းမှုများတွင် လုပ်ကိုင်ဆောင်ရွက်ကာ ၎င်း၏ဒစ်ဂျစ်တယ် ပလက်ဖောင်းနှင့် အွန်လိုင်းအားကစားဖျော်ဖြေရေးနယ်ပယ်အား မြှင့်တင်ခြင်းဖြင့် စျေးကွက်ရပ်တည်ချက်ကို အစဥ်တစိုက်ချဲ့ထွင်နေပါသည်။ သို့သော် အထူးသဖြင့် လက်ရှိပထဝီနိုင်ငံရေးတင်းမာမှုများနှင့် စျေးကွက်မတည်ငြိမ်မှုအရ DraftKings မှရရှိထားသည့် စီးပွားရေးအခွင့်အလမ်းသည် အမြတ်ရရှိမှု မြင့်မားရုံသာမက လွန်စွာစွန့်စားမှုများပါသည်။

DKNG ရှယ်ယာများ၏ အနာဂတ်မှာ မည်သို့ဖြစ်မည်နည်း။ စျေးနှုန်းသည် ဖြစ်နိုင်ချေရှိသော အမြင့်ဆုံးနှင့် အနိမ့်ဆုံးတန်ဖိုး မည်မျှသို့ ‌ရောက်ရှိနိုင်မည်နည်း။ ဤဆန်းစစ်ချက်တွင် တရားဝင်ကျွမ်းကျင်သူများနှင့် စတော့စျေးကွက် သုတေသီများမှ 2025 မှ 2050 ခုနှစ်အတွက် DraftKings ၏ရှယ်ယာစျေးနှုန်း စွမ်းဆောင်ရည်အပေါ် ကြိုတင်ခန့်မှန်းချက်အသေးစိတ်ကို တင်ပြထားပါသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


ပင်မကောက်နှုတ်ချက်များ

  • လက်ရှိ DKNG စျေးနှုန်းမှာ ၁၉.၀၅.၂၀၂၆ အရ $25.98 ဖြင့် ရပ်တည်လျက်ရှိပါသည်။
  • ၁၉.၀၃.၂၀၂၁ တွင် အမြင့်ဆုံး DKNG စျေးနှုန်း $71.98 သို့ရောက်ရှိခဲ့ပြီး စံချိန်သစ်အနိမ့်ဆုံးတန်ဖိုး $9.76 ကို ၀၇.၀၈.၂၀၁၉ တွင် မှတ်တမ်းတင်ခဲ့ပါသည်။
  • စိစစ်သုံးသပ်သူအများစုသည် 2025 ခုနှစ်အတွင်း DraftKings ၏ ရှယ်ယာစျေးနှုန်းကို နိမ့်ဆင်းသွားမည်ဟု မှန်းဆကြပါသည်။ ကျွမ်းကျင်သူအချို့၏ အဆိုအရ ထိုပိုင်ဆိုင်မှုသည် နှစ်ကုန်၌ $32.82 အထိသို့ ထိုးကျနိုင်ပါသည်။ အပြုသဘောဆောင်သော ခန့်မှန်းချက်များတွင် $46.39 သို့ စျေးခုန်တက်မည်ဟု ထောက်ပြကြပါသည်၊ သို့သော် ပိုမိုအဆိုးဘက်ဆောင်သော တွက်ဆမှုများသည် အဆိုပါစတော့ကို $16.49 အထိသို့ ထိုးဆင်းသွားနိုင်ကြောင်း ဖော်ပြထားပါသည်။
  • 2026 ခုနှစ်အတွင်း DKNG ၏ ရှယ်ယာစျေးနှုန်းအတွက် ခန့်မှန်းချက်အများစုသည် အပြုသဘောဆောင် ကောင်းမွန်နေပါသည်။ အကျိုးဆောင်အချို့သည် အဆိုပါကုမ္ပဏီ၏ ကုန်သွယ်ရေးပိုင်ဆိုင်မှုများမှာ $48.09–$50.98 အထိသို့ မြင့်တက်လာမည်ဟု ယုံကြည်ကြပြီး အခြားသူများသည် $66.69 အထိသို့ စျေးနှုန်းတိုးမြင့်မှုကို ညွှန်ပြပါသည်။ သို့သော် အဆိုးမြင်ခန့်မှန်းချက်များလည်း ရှိနေပါသည်။ ဥပမာအားဖြင့် CoinCodex သည် စျေးနှုန်းကို ထိုနှစ်ကုန်၌ $7.66 အထိသို့ လျော့ကျသွားမည်ဟု မှန်းဆပါသည်။
  • ကမ္ဘာတဝှမ်းရှိ စိစစ်သုံးသပ်ရေး အကျိုးဆောင်များစွာသည် 2027 မှ 2030 ခုနှစ်အတွင်း DraftKings ၏ ရှယ်ယာများအတွက် စျေးတက်မည့်ခန့်မှန်းချက်များကို ဖော်ပြပါသည်။ ကျွမ်းကျင်ပညာရှင်များစွာ၏ အဆိုအရ ရှယ်ယာစျေးနှုန်းမှာ $80.37 သို့တရှိန်ထိုးတက်လာနိုင်ပါသည်။ အပြုသဘောဆောင် မှန်းဆချက်အများစုသည် $145.77 သို့ တိုးမြင့်မှုကို ခန့်မှန်းကြပါသည်။ အပျက်သဘောဆောင် တွက်ချက်ခန့်မှန်းမှုများတွင် စျေးကျဆင်းမည့်လမ်းကြောင်းနှင့် $4.43 သို့ ကျဆင်းမှုကို အကြံပြုထားပါသည်။
  • 2040 မှ 2050 ခုနှစ်အတွင်း DKNG ရှယ်ယာများအတွက် ရေရှည်ခန့်မှန်းချက်များသည်လည်း အမျိုးမျိုးကွဲပြားလျက်ရှိပါသည်။ ဆန်းစစ်လေ့လာသူအချို့သည် စျေးနှုန်းကို 2050 ခုနှစ်၌ $568.81 အထိသို့ ရောက်ရှိမည်ဟု မျှော်လင့်ကြပါသည်။ အခြားသူများသည် အဆိုပါပိုင်ဆိုင်မှုကို $0.2823 ဖြင့် အရောင်းအဝယ်ဖြစ်မည်ဟု မျှော်မှန်းကြပါသည်။

DKNG ၏ အချိန်နှင့်တပြေးညီ စျေးကွက်အနေအထား

DKNG စျေးနှုန်းမှာ ၁၉.၀၅.၂၀၂၆ အရ $25.98 ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

စျေးကွက်အတွင်းရှိ DKNG စတော့၏ လက်ရှိအနေအထားအပေါ် ဆုံးဖြတ်ရန်အတွက် DraftKings Inc. ၏ အောက်ပါ ငွေကြေးဆိုင်ရာ သတ်မှတ်ချက်များကို ဆန်းစစ်လေ့လာသင့်ပါသည်။

  • စျေးကွက်တန်ကြေး သည် စျေးကွက်အတွင်းရှိ DraftKings ၏အသားတင်တန်ဖိုးကို ထင်ဟပ်မြင်သာစေပါသည်။
  • ထုတ်ဝေထားသော ရှယ်ယာအရေအတွက် သည် စျေးကွက်အတွင်းရှိ ကုမ္ပဏီတစ်ခု၏ ရှယ်ယာစုစုပေါင်းပမာဏကို မြင်သာစေသည့် ညွှန်းဆိုချက်တစ်ခု ဖြစ်ပါသည်။
  • ရှယ်ယာတစ်စောင်လျှင် အမြတ်ရရှိမှု(EPS) သည်ရှယ်ယာတစ်စောင်စီအတွက် ခွဲဝေသတ်မှတ်ထားသော ကုမ္ပဏီ၏ အမြတ်ဝင်ငွေများထဲမှ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။
  • စတော့ရှယ်ယာစျေးနှုန်း နှင့် ရှယ်ယာတစ်စောင်၏ အမြတ်ငွေအချိုး(P/E) သည် စတော့ရှယ်ယာ၏ တန်ဖိုးကို အသားတင် အမြတ်ငွေနှင့် နှိုင်းယှဥ်သော အချိုးကို ပြသပေးပါသည်။
  • လစဥ်မတည်ငြိမ်မှုသည် ရက်ပေါင်း ၃၀ အတွင်း ပိုင်ဆိုင်မှုစျေးနှုန်း၏ အပြောင်းအလဲကို ထင်ဟပ်မြင်သာစေပါသည်။
  • ရက်ပေါင်း ၂၀ အတွင်း ပျမ်းမျှကုန်သွယ်မှုပမာဏသည် လွန်ခဲ့သော ကုန်သွယ်ရက် ၂၀ အတွင်း အရောင်းအဝယ် ပြုလုပ်ခဲ့သည့် စတော့များ၏ နေ့စဥ် ပျမ်းမျှပမာဏကို ကိုယ်စားပြုပါသည်။

အညွှန်းကိန်း

တန်ဖိုး

စျေးကွက်တန်ကြေး

$16.89 ဘီလီယံ

စျေးကွက်အတွင်းရှိသော ထုတ်ဝေပြီး ရှယ်ယာအစောင်ရေ

499.96 မီလီယံ

ရှယ်ယာတစ်စောင်လျှင် အမြတ်ရရှိမှု (EPS)

-1.05

စတော့ရှယ်ယာစျေးနှုန်း နှင့် ရှယ်ယာတစ်စောင်၏ အမြတ်ငွေအချိုး (P/E)

N/A, EPS မှာ အနှုတ်လက္ခဏာ ပြသနေသောကြောင့် ဖြစ်ပါသည်။

လစဥ်မတည်ငြိမ်မှု

11.78%

ရက်ပေါင်း ၂၀ အတွင်း ပျမ်းမျှကုန်သွယ်မှုပမာဏ

$11.96 မီလီယံ

နည်းပညာဆိုင်ရာ ဆန်းစစ်ချက်အပေါ် အခြေခံ၍ 2025 ခုနှစ်အတွက် DKNG စတော့ရှယ်ယာစျေးနှုန်း ကြိုတင်ခန့်မှန်းချက်

2025 ခုနှစ်အတွက် DKNG စတော့ရှယ်ယာ၏ စျေးနှုန်းခန့်မှန်းရာတွင် အပတ်စဥ်အချိန်ကာလကို အသုံးပြုကာ နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်အား ဆောင်ရွက်ကြပါစို့။

LiteFinance: နည်းပညာဆိုင်ရာ ဆန်းစစ်ချက်အပေါ် အခြေခံ၍ 2025 ခုနှစ်အတွက် DKNG စတော့ရှယ်ယာစျေးနှုန်း ကြိုတင်ခန့်မှန်းချက်

လွန်ခဲ့သောလအတွင်း DKNG ၏ အစုရှယ်ယာများမှာ ကျယ်ပြန့်သော စျေးတန်းအပိုင်းအခြား 29.59 မှ 38.00 အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ပြီး 33.75 တွင် ရပ်တည်နေပါသည်။ နည်းပညာပိုင်းဆိုင်ရာ အညွှန်းကိန်းများနှင့် candlestick patterns များတွင် ရှင်းလင်းမှုမရှိဘဲ ရောထွေးနေသော အချက်ပြမှုများကို ထုတ်ဖော်ပြသနေပါသည်။

  • Tick volume တရှိန်ထိုးမြင့်တက်မှုနောက်ပိုင်းတွင် ပင်မဝယ်လိုအားစျေးတန်း 29.64 အနီး၌ Piercing Line pattern တစ်ခု ပေါ်ပေါက်လာပါသည်။ ဤသည်မှာ စျေးတက်မည့် အရှိန်အဟုန် ပြန်လည်ထွက်ပေါ်လာမည် ဖြစ်ကြောင်း အကြံပြုပါသည်။ ယင်းနောက် Spinning Top pattern အတွဲများ ဖြစ်ပေါ်လာပြီး စျေးကွက်ပါဝင်သူများအား စျေးကွက်၏ မသေချာမရေရာမှုကို သတိပေးလျက် ရှိပါသည်။
  • MACD တန်ဖိုးများသည် အနှုတ်လက္ခဏာဇုန်ထဲတွင် တဖြည်းဖြည်း တိုးမြင့်လျက်ရှိနေပြီး ထိုသည်မှာ စျေးကျမည့် အရှိန်အဟုန် အားပျော့လာကြောင်းနှင့် စျေးနှုန်းမြင့်တက်နိုင်ချေအလားအလာကို ညွှန်ပြနေပါသည်။
  • RSI တန်ဖိုးများသည် အလယ်အလတ်အနေအထားတွင် ရှိပြီး 40 ဝန်းကျင်တွင် လှည့်ပတ်နေကာ ဝယ်ယူရန် (သို့) ရောင်းချရန်အတွက် ရှင်းလင်းသော အချက်ပြမှုများကို ဖော်ပြခြင်းမရှိပါ။
  • MFI အညွှန်းကိန်းမှာ ကျဆင်းနေပြီး အဆိုပါပိုင်ဆိုင်မှုမှ ငွေကြေးအရင်းအနှီးများ ပြင်ပသို့ထွက်ခွာနေကြောင်း ညွှန်းဆိုပါသည်။
  • VWAP နှင့် SMA20 သည် လက်ရှိစျေးနှုန်းအထက်တွင် တည်ရှိပြီး စျေးကျမည့်ဖိအားများ ရှိနေသည်ဟု အကြံပြုထားပါသည်။

အောက်ပါဇယားသည် နောင်လာမည့် ၁၂ လအတွက် DraftKings Inc. (#DKNG) ၏ ခန့်မှန်းတန်ဖိုးများကို ပြသပေးပါသည်။

အနည်းဆုံး , $

အများဆုံး , $

2025 မေ

32.53

39.24

2025 ဇွန်

38.29

43.80

2025 ဇူလိုင်

42.12

49.31

2025 သြဂုတ်

39.00

46.91

2025 စက်တင်ဘာ

38.05

46.91

2025 အောက်တိုဘာ

45.23

53.38

2025 နိုဝင်ဘာ

49.07

57.93

2025 ဒီဇင်ဘာ

48.35

53.86

2026 ဇန်နဝါရီ

53.14

58.89

2026 ဖေဖေါ်ဝါရီ

57.93

64.16

2026 မတ်

57.21

65.36

2026 ဧပြီ

56.73

68.71

2025 ခုနှစ် DraftKings Inc. (#DKNG) အတွက် ရေရှည်ကုန်သွယ်ရေး အစီအစဥ်

DKNG ရှယ်ယာများတွင် ယာယီစျေးကျဆင်းပြီးနောက် စျေးပြန်လည်တက်နိုင်ချေ အလားအလာရှိပါသည်။ နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်သည် 2025 ခုနှစ်အတွက် ကုန်သွယ်ရေးအစီအစဥ်တစ်ရပ် ဖန်တီးပုံဖော်ရာတွင် အသုံးပြုနိုင်သည့် ပင်မဝယ်လိုအားနှင့် ရောင်းလိုအားစျေးတန်းများကို ရှာဖွေသတ်မှတ်ရန် ပံ့ပိုးပေးပါသည်။

ထိုနှစ်အတွက် ကုန်သွယ်ရေးအစီအစဥ်

  • Piercing Line နှင့် Spinning Top patterns အစုအတွဲများသည် စျေးတန်းအပိုင်းအခြား 29.64–39.21 အတွင်း ဖြစ်ပေါ်ခဲ့ပြီး ထိုသည်မှာ နောင်လာမည့် 1 လ မှ 3 လအတွင်း စျေးပြန်တက်နိုင်ချေ အလားအလာကို ညွှန်ပြနေပါသည်။
  • Tick volume သည် MACD အညွှန်းကိန်း ပုံမှန်မြင့်တက်မှုအတွင်း တိုးမြင့်လာပြီး ထိုသည်မှာ စျေးကျဆင်းမှုဖိအားများ အားပျော့လာကြောင်း နှင့် စျေးတက်မည့် လှုပ်ရှားမှု တဖြည်းဖြည်း တိုးပွားလာကြောင်း ထောက်ပြပါသည်။
  • VWAP နှင့် SMA20 မျဥ်းများသည် လက်ရှိစျေးနှုန်းအထက်တွင် တည်ရှိပြီး စျေးကျဆင်းမှု အရှိန်အဟုန် ပယ်ပျက်သွားကြောင်း ညွှန်းဆိုပါသည်။ MFI သည် အဆိုပါပိုင်ဆိုင်မှုမှ ငွေကြေးအရင်းအနှီးများ ယုတ်လျော့သွားကြောင်း ပြသနေပါသည်။ RSI သည် အလယ်အလတ်ကြားဇုန်အတွင်း ရှိနေပြီး ဝယ်ယူရန် (သို့) ရောင်းချရန်အတွက် အချက်ပြမှုများကို မဖော်ပြပါ။
  • အဓိကရေရှည်မျှော်မှန်းအလားအလာ။ စျေးတန်းပစ်မှတ် 48.93–74.31 ဖြင့် ရောင်းလိုအားစျေးတန်း 39.21 အထက်တွင် အဝယ်ကုန်သွယ်မှုများကို စတင်ဆောင်ရွက်ပါ။
  • အခြားသော ရေရှည်မျှော်မှန်းအလားအလာ။ စျေးတန်းပစ်မှတ် 21.89–10.65 ဝန်းကျင်ဖြင့် ပင်မဝယ်လိုအားစျေးတန်း 29.69 အောက်တွင် အရောင်းကုန်သွယ်မှုများကို ဖွင့်လှစ်ပါ။

2025 ခုနှစ်အတွက် ဆန်းစစ်လေ့လာသူများ၏ DKNG ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

2025 ခုနှစ်အတွင်း ကျွမ်းကျင်ပညာရှင်အများစုသည် DKNG ရှယ်ယာများကို စျေးကျဆင်းမည်ဟု ယုံကြည်ကြပါသည်။ သို့သော် ခန့်မှန်းချက်အချို့သည် အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်အများအပြားတွင် အားကစားအလောင်းအစား ပလက်ဖောင်းများစွာ၏ တရားဝင်ခွင့်ပြုချက် ရရှိခြင်းနှင့် သုံးစွဲသူအခြေခံ ကျယ်ပြန့်လာခြင်းတို့ကြောင့် အလယ်အလတ်တိုးမြင့်မှုကို ညွှန်းဆိုထားပါသည်။ ယေဘုယျအားဖြင့် ဆန်းစစ်သူများသည် စျေးတန်းအပိုင်းအခြား $35.00–$45.00 အတွင်း ရည်မှန်းပစ်မှတ်တစ်ခုကို မှန်းဆထားပါသည်။

Panda Forecast

2025 ခုနှစ်အတွင်း စျေးတန်းအပိုင်းအခြား: $28.77–$34.89 (28.04.2025 အရ) ။

Panda Forecast ၏အဆိုအရ 2025 နှစ်လယ်ပိုင်းတွင် အဆိုပါစတော့ရှယ်ယာ၏ ပျမ်းမျှစျေးနှုန်းသည် $33.21 အထိသို့ ရောက်ရှိနိုင်ပါသည်။ ပညာရှင်များသည် ထိုနှစ်၏ ဒုတိယနှစ်ဝက်အတွင်း အကျဘက်သို့ စျေးလမ်းကြောင်း ပြောင်းလဲမှုနှင့် ဒီဇင်ဘာလကုန်တွင် $32.82 အထိသို့ စျေးကျဆင်းမှုကို မှန်းဆထားပါသည်။

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

မေ

30.84

33.10

34.89

ဇွန်

31.02

33.21

33.94

ဇူလိုင်

31.40

32.81

34.25

သြဂုတ်

29.01

31.69

33.50

စက်တင်ဘာ

29.03

30.12

31.35

အောက်တိုဘာ

30.38

32.61

34.01

နိုဝင်ဘာ

28.77

31.24

32.14

ဒီဇင်ဘာ

31.89

32.82

34.88

LongForecast

2025 ခုနှစ်အတွင်း စျေးတန်းအပိုင်းအခြား: $24.67–$50.10 (28.04.2025 အရ) ။

LongForecast သည် DKNG စျေးနှုန်းကို 2025 ခုနှစ်အတွင်း ဆက်လက်မြင့်တက်လာမည်ဟု ခန့်မှန်းကြပါသည်။ သို့သော် ကျွမ်းကျင်ပညာရှင်များသည် ဇွန်လတွင် အပိတ်စျေးနှုန်း $29.27 ဖြင့် ယာယီစျေးကျဆင်းမှုကို ကြိုတင်တွက်ဆထားပါသည်။ ထို့ပြင် စိစစ်သုံးသပ်သူများသည် ထိုနှစ်ကုန်အတွက် လွန်စွာအပြုသဘောဆောင် လျက်ရှိပြီး အဆိုပါပိုင်ဆိုင်မှုကို $46.39 အထိသို့ ထိုးတက်မည်ဟု မျှော်လင့်ကြပါသည်။

အဖွင့် , $

အနည်းဆုံး–အများဆုံး, $

အပိတ် , $

မေ

34.11

24.67–38.01

34.43

ဇွန်

34.43

26.93–34.43

29.27

ဇူလိုင်

29.27

28.15–33.05

30.60

သြဂုတ်

30.60

30.60–37.27

34.51

စက်တင်ဘာ

34.51

32.92–38.64

35.78

အောက်တိုဘာ

35.78

35.78–44.44

41.15

နိုဝင်ဘာ

41.15

38.49–45.19

41.84

ဒီဇင်ဘာ

41.84

41.84–50.10

46.39

CoinCodex

2025 ခုနှစ်အတွင်း စျေးတန်းအပိုင်းအခြား: $15.65–$36.23 (28.04.2025 အရ) ။

CoinCodex သည် 2025 ခုနှစ်တလျှောက်လုံးတွင် DKNG ရှယ်ယာများ၏ ပိုမိုထင်ရှားပေါ်လွင်သော တန်ဖိုးကျဆင်းမှုကို မျှော်မှန်းထားကြပါသည်။ ပျမ်းမျှစျေးနှုန်းကို ထိုနှစ်လယ်ပိုင်း၌ $27.92 အထိသို့ နိမ့်ကျသွားမည်ဟု မျှော်လင့်ကြပါသည်။ ထိုနှစ်၏ ဒုတိယနှစ်ဝက်အတွင်း စျေးကျဆင်းမှုလမ်းကြောင်း ဆက်လက်ဖြစ်ပေါ်နိုင်ပြီး ဒီဇင်ဘာလကုန်၌ စျေးနှုန်းသည် ဖြစ်နိုင်ချေအားဖြင့် $16.49 အထိသို့ ရောက်ရှိနိုင်ပါသည်။

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

မေ

27.36

28.80

31.25

ဇွန်

25.02

27.92

29.77

ဇူလိုင်

27.70

29.11

30.57

သြဂုတ်

30.04

33.94

36.23

စက်တင်ဘာ

27.62

28.32

29.91

အောက်တိုဘာ

20.91

24.97

28.20

နိုဝင်ဘာ

15.73

17.96

20.76

ဒီဇင်ဘာ

15.65

16.49

17.10

2026 ခုနှစ်အတွက် ဆန်းစစ်လေ့လာသူများ၏ DKNG ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

2026 ခုနှစ်အတွက် DraftKings ၏ စတော့စျေးနှုန်း ခန့်မှန်းရခြင်းသည် အားကစားဂိမ်းစျေးကွက်၏ မတည်ငြိမ်မှုနှင့် တရားဝင်ခွင့်ပြုချက် အပြောင်းအလဲများကြောင့် စိန်ခေါ်မှုများပါသည်။ သို့သော် လက်ရှိကြီးထွားမှု လမ်းကြောင်းများသည် ရေရှည်တည်တံ့ပြီး အွန်လိုင်း အားကစားလောင်းကြေးထပ်သည့် ဝန်ဆောင်မှုများမှာ ထပ်မံ၍ တရားဝင်ခွင့်ပြုမှုများကို ပိုမိုမြင်တွေ့လာပါက အတန်အသင့်တိုးမြင့်မှုကို တွက်ဆထားနိုင်ပါသည်။

LongForecast

2026 ခုနှစ်အတွင်း စျေးတန်းအပိုင်းအခြား: $44.37–$72.03 (28.04.2025 အရ) ။

LongForecast ၏အဆိုအရ 2026 ခုနှစ်ကို စျေးနှုန်း $46.39 ဖြင့် ဖွင့်လှစ်မည် ဖြစ်ပါသည်။ အဆိုပါပိုင်ဆိုင်မှုကို ဇွန်လ၌ $57.05 အထိသို့ တက်လာမည်ဟု မျှော်လင့်ထားပါသည်။ 2026 ၏ ဒုတိယနှစ်ဝက်အတွင်း စျေးတက်မည့်လမ်းကြောင်းမှာ ဆက်လက်ဖြစ်ပေါ်မည် ဖြစ်ပြီး ဒီဇင်ဘာလကုန်၌ $66.69 အထိသို့ ရောက်ရှိပါမည်။

အဖွင့် , $

အနည်းဆုံး–အများဆုံး, $

အပိတ် , $

ဇန်နဝါရီ

46.39

44.37–52.09

48.23

ဇွန်

53.28

52.49–61.61

57.05

ဒီဇင်ဘာ

70.99

61.35–72.03

66.69

WalletInvestor

2026 ခုနှစ်အတွင်း စျေးတန်းအပိုင်းအခြား: $37.73–$51.04 (28.04.2025 အရ) ။

WalletInvestor သည် 2026 ခုနှစ်အစောပိုင်း၌ DKNG စျေးနှုန်းကို $37.92 တွင် တည်ငြိမ်နေမည်ဟု မျှော်လင့်ပါသည်။ အဆိုပါပိုင်ဆိုင်မှုကို နှစ်လယ်ပိုင်း၌ $42.41 အထိသို့ တရှိန်ထိုးတက်မည်ဟု မျှော်မှန်းပါသည်။ ထိုနှစ်၏ ဒုတိယနှစ်ဝက်အတွင်း စျေးတက်မည့်လမ်းကြောင်းမှာ ဆက်လက်ဖြစ်ပေါ်မည် ဖြစ်ပြီး ဒီဇင်ဘာလကုန်၌ စျေးနှုန်း $48.09 အထိသို့ မြင့်တက်လာနိုင်ပါသည်။

အဖွင့် , $

အပိတ် , $

အနည်းဆုံး , $

အများဆုံး , $

ဇန်နဝါရီ

37.92

41.75

37.73

41.75

ဇွန်

41.92

42.41

41.92

43.36

ဒီဇင်ဘာ

50.98

48.09

48.07

51.04

CoinCodex

2026 ခုနှစ်အတွင်း စျေးတန်းအပိုင်းအခြား: $6.28–$15.97 (28.04.2025 အရ) ။

CoinCodex ၏အဆိုအရ 2026 အစောပိုင်း၌ စျေးနှုန်း $13.62 အထိသို့ ရောက်ရှိလာနိုင်ပါသည်။ ထိုနှစ်လယ်ပိုင်း၌ ရှယ်ယာစျေးနှုန်းမှာ $7.33 သို့နိမ့်ဆင်းသွားနိုင်ပါသည်။ ထိုနှစ်၏ ကျန်ရှိနေသည့် ခြောက်လပတ်အတွင်း စျေးကျဆင်းမည့် လမ်းကြောင်းများ အရှိန်လျော့နည်းလာနိုင်ပြီး ပျမ်းမျှစျေးနှုန်းမှာ $7.66 အထိသို့ ရောက်ရှိနိုင်ပါသည်။

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

ဇန်နဝါရီ

10.79

13.62

15.97

ဇွန်

6.38

7.33

8.07

ဒီဇင်ဘာ

6.28

7.66

8.70

2027 ခုနှစ်အတွက် ဆန်းစစ်လေ့လာသူများ၏ DKNG ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

2027 ခုနှစ်အတွင်း DraftKings ၏ ရှယ်ယာစျေးနှုန်းအတွက် ခန့်မှန်းချက်သည် ငွေကြေးဆိုင်ရာအညွှန်းကိန်းများ၏ စိစစ်ခွဲဖြာမှု၊ သုံးစွဲသူအခြေခံ တိုးပွားမှုနှုန်းများ နှင့် ယှဥ်ပြိုင်ရသော ပတ်ဝန်းကျင်အနေအထားတို့အပေါ် မူတည်ပါသည်။ အကယ်၍ လက်ရှိလမ်းကြောင်းများမှာ တည်မြဲနေပြီး ကုမ္ပဏီသည် စျေးကွက်အသစ်များသို့ အောင်မြင်စွာ ချဲ့ထွင်လာပါက စတော့ရှယ်ယာမှာ များစွာ တန်ဖိုးတက်လာမည်ဟု မျှော်လင့်ထားပါသည်။ သို့သော် အထွေထွေစီးပွားရေးဆိုင်ရာ အချက်များနှင့် အားကစားဂိမ်းလုပ်ငန်းအတွက် စည်မျဥ်းဆိုင်ရာ အပြောင်းအလဲများသည် ထိုရေရှည်မျှော်မှန်းချက်ကို ထိခိုက်စေနိုင်ပါသည်။

LongForecast

2027 ခုနှစ်အတွင်း စျေးတန်းအပိုင်းအခြား: $66.69–$109.57 (28.04.2025 အရ) ။

LongForecast သည် 2027 ခုနှစ်အစောပိုင်း၌ DKNG ရှယ်ယာများမှာ $66.69 ဝန်းကျင်တွင် ဆက်လက်တည်ရှိနေမည်ဟု ခန့်မှန်းပါသည်။ ထိုနှစ်လယ်ပိုင်း၌ စျေးနှုန်းမှာ $93.13 အထိသို့ မြင့်တက်လာနိုင်ပါသည်။ ဒုတိယနှစ်ဝက်၌ စျေးနှုန်းများမှာ ကျယ်ပြန့်သော စျေးတန်းအပိုင်းအခြား $78.52–$109.57 အတွင်းတွင် အတက်အကျဖြစ်မည်ဟု ယူဆထားကြပြီး ထိုနောက်ပိုင်း ဒီဇင်ဘာလကုန်၌ $85.35 အထိသို့ ထိုးကျနိုင်ပါသည်။

အဖွင့် , $

အနည်းဆုံး–အများဆုံး, $

အပိတ် , $

ဇန်နဝါရီ

66.69

66.69–82.83

76.69

ဇွန်

109.57

85.68–109.57

93.13

ဒီဇင်ဘာ

91.47

78.52–92.18

85.35

WalletInvestor

2027 ခုနှစ်အတွင်း စျေးတန်းအပိုင်းအခြား: $47.87–$61.29 (28.04.2025 အရ) ။

WalletInvestor သည် 2027 ခုနှစ်အတွင်း DraftKings ၏ စတော့စျေးနှုန်း တဖြည်းဖြည်းမြင့်တက်လာမှုကို မှန်းဆထားပါသည်။ စျေးနှုန်းကို $48.06 ဖြင့် ဖွင့်လှစ်မည်ဟု မျှော်မှန်းထားပါသည်။ နှစ်လယ်ပိုင်း၌ $52.71 အထိသို့ တန်ဖိုးတိုးမြင့်လာနိုင်ပါသည်။ ထိုနှစ်ကုန်တွင် အဆိုပါပိုင်ဆိုင်မှု၏ စျေးနှုန်းသည် နှစ်စဥ်အမြင့်ဆုံးတန်ဖိုး $61.29 အထိသို့ ရောက်ရှိနိုင်ပြီး $58.23 ဖြင့် ပိတ်သိမ်းနိုင်ပါသည်။

အဖွင့် , $

အပိတ် , $

အနည်းဆုံး , $

အများဆုံး , $

ဇန်နဝါရီ

48.06

51.54

47.87

51.54

ဇွန်

52.02

52.71

52.02

53.53

ဒီဇင်ဘာ

61.29

58.23

58.23

61.29

CoinCodex

2027 ခုနှစ်အတွင်း စျေးတန်းအပိုင်းအခြား: $6.38–$22.07 (28.04.2025 အရ) ။

CoinCodex ၏အဆိုအရ 2027 ခုနှစ်အစောပိုင်းတွင် ပျမ်မျှစျေးနှုန်း $7.48 ဝန်းကျင်ဖြင့် ကုန်သွယ်ကြမည် ဖြစ်ပါသည်။ ဆန်းစစ်သူများသည် ထိုတစ်နှစ်ပတ်လုံးအတွင်း ကောင်းမွန်သော အရှိန်အဟုန်ကို မျှော်မှန်းထားပါသည်။ အဆိုပါပိုင်ဆိုင်မှုသည် နှစ်လယ်ပိုင်း၌ $14.35 နှင့် နှစ်ကုန်ပိုင်း၌ $20.76 အထိသို့ မြင့်တက်နိုင်ပါသည်။

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

ဇန်နဝါရီ

6.38

7.48

8.49

ဇွန်

13.27

14.35

14.99

ဒီဇင်ဘာ

19.93

20.76

22.07

2028 ခုနှစ်အတွက် ဆန်းစစ်လေ့လာသူများ၏ DKNG ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

တရားဝင် အွန်လိုင်းအားကစား လောင်းကြေးထပ်သည့် ဝန်ဆောင်မှုများ နှင့် သုံးစွဲသူအခြေခံ ကျယ်ပြန့်လာခြင်းတို့ကြောင့် စျေးကွက်သုံးသပ်သူတို့သည် DraftKings ရှယ်ယာများသည် 2028 ခုနှစ်၌ အားကောင်းခိုင်မာလာနိုင်ကြောင်း ဖော်ပြထားပါသည်။ အဆိုပါစတော့ကို စျေးတန်း $65.00 မှ $80.00 အတွင်းသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားကြပြီး လက်ရှိအရှိန်အဟုန်ကို ထိန်းသိမ်းကာ ကုမ္ပဏီသည် ဆက်လက်ယှဥ်ပြိုင်နိုင်စွမ်းရှိမည်ဟု ယူဆထားကြပါသည်။

LongForecast

2028 ခုနှစ်အတွင်း စျေးတန်းအပိုင်းအခြား: $69.82–$102.20 (28.04.2025 အရ) ။

LongForecast သည် အဆိုပါပိုင်ဆိုင်မှုကို 2028 နှစ်စပိုင်း၌ $85.35 ဝန်းကျင်တွင် အ‌ရောင်းအဝယ်ဖြစ်မည်ဟု ခန့်မှန်းတွက်ချက်ထားပါသည်။ ထိုနှစ်၏ ပထမနှစ်ဝက်အတွင်း စျေးနှုန်းမှာ အကျလမ်းကြောင်းအတွင်း တည်ရှိမည် ဖြစ်ပြီး ဇွန်လ၌ $75.89 ဖြင့် ပိတ်သိမ်းမည်ဟု မျှော်လင့်ကြပါသည်။ ဒုတိယမြောက်ခြောက်လပတ်အတွင်း စျေးနှုန်းကို မတူညီသော ဦးတည်ချက်များအတွင်း အတက်အကျဖြစ်မည်ဟု တွက်ဆထားပြီး ဒီဇင်ဘာလကုန်၌ $89.24 ဖြင့် တည်ငြိမ်သွားပါမည်။

အဖွင့် , $

အနည်းဆုံး–အများဆုံး, $

အပိတ် , $

ဇန်နဝါရီ

85.35

85.35–102.20

94.63

ဇွန်

73.51

69.82–81.96

75.89

ဒီဇင်ဘာ

89.85

82.10–96.38

89.24

WalletInvestor

2028 ခုနှစ်အတွင်း စျေးတန်းအပိုင်းအခြား: $58.02–$71.29 (28.04.2025 အရ) ။

WalletInvestor ၏အဆိုအရ 2028 ခုနှစ်အတွင်း စတော့စျေးနှုန်း ဆက်လက်၍ တန်ဖိုးတက်လာပါမည်။ ထိုပိုင်ဆိုင်မှုကို နှစ်လယ်ပိုင်း၌ $62.75 သို့ ရောက်ရှိမည်ဟု မျှော်လင့်ထားပါသည်။ ထိုနှစ်၏ ဒုတိယမြောက် ခြောက်လပတ်အတွင်း စျေးတက်မည့်လမ်းကြောင်းမှာ ပြင်းထန်လာနိုင်ပြီး စျေးနှုန်းမှာ ဒီဇင်ဘာလကုန်၌ $68.41 အထိသို့ ရောက်ရှိနိုင်ပါသည်။

အဖွင့် , $

အပိတ် , $

အနည်းဆုံး , $

အများဆုံး , $

ဇန်နဝါရီ

58.02

62.02

58.02

62.02

ဇွန်

62.40

62.75

62.40

63.69

ဒီဇင်ဘာ

71.29

68.41

68.41

71.29

CoinCodex

2028 ခုနှစ်အတွင်း စျေးတန်းအပိုင်းအခြား: $18.63–$25.73 (28.04.2025 အရ) ။

CoinCodex သည် 2028 ခုနှစ်အစောပိုင်း၌ DKNG ရှယ်ယာ၏ ပျမ်းမျှစျေးနှုန်းမှာ $20.44 အထိသို့ တက်လာနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ယေဘုယျအားဖြင့် ကောင်းမွန်သော အရှိန်ဟုန်ကို ထိုတစ်နှစ်ပတ်လုံးအတွင်း မျှော်မှန်းထားပါသည်။ အဆိုပါပိုင်ဆိုင်မှုသည် နှစ်လယ်ပိုင်း၌ $21.91 နှင့် နှစ်ကုန်ပိုင်းတွင် $23.55 အထိသို့ တိုးမြင့်လာနိုင်ပါသည်။

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

ဇန်နဝါရီ

18.63

20.44

22.89

ဇွန်

19.95

21.91

24.70

ဒီဇင်ဘာ

21.43

23.55

25.73

2029 ခုနှစ်အတွက် ဆန်းစစ်လေ့လာသူများ၏ DKNG ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

ကြီးထွား‌လာသော အွန်လိုင်းအားကစား အလောင်းအစားစျေးကွက် နှင့် အမေရိကန်ပြည်နယ်အသစ်များသို့ DraftKings ၏ချဲ့ထွင်နိုင်စွမ်းတို့ကြောင့် ကျွမ်းကျင်ပညာရှင်များသည် ကုမ္ပဏီ၏ ရှယ်ယာများမှာ 2029 ခုနှစ်အတွင်း တန်ဖိုးတက်လာမည်ဟု ခန့်မှန်းကြပါသည်။ အပြုသဘောဆောင် မှန်းဆချက်အရ ပုံမှန်ကြီထွားမှုနှုန်းများနှင့် လုပ်ငန်းဖြန့်ကျက်ရာတွင် အောင်မြင်ဖြစ်ထွန်းမှုတို့ကြောင့် စျေးနှုန်း 80.00–$100.00 အထိသို့ ရောက်ရှိနိုင်ပါသည်။

StockScan

2029 ခုနှစ်အတွင်း စျေးတန်းအပိုင်းအခြား: $79.80–$175.14 (28.04.2025 အရ) ။

StockScan သည် 2029 ခုနှစ်အတွင်း DraftKings အတွက် ရောထွေးနေသော လှုပ်ရှားမှုစွမ်းဆောင်ချက်ကို မှန်းဆထားပါသည်။ ပျမ်းမျှစျေးနှုန်းကို ထိုနှစ်အစပိုင်း၌ $152.97 သို့ ရောက်ရှိမည်ဟု ခန့်မှန်းကြပါသည်။ နှစ်လယ်ပိုင်း၌ အဆိုပါပိုင်ဆိုင်မှုကို $174.48 အထိသို့ တဟုန်ထိုးမြင့်တက်မည်ဟု မျှော်လင့်ကြပါသည်။ 2029 ၏ ဒုတိယနှစ်ဝက်အတွင်း စျေးနှုန်းမှာ အကျဘက်သို့ လှည့်ပြောင်းသွားမည်ဟု တွက်ဆထားပြီး $82.02 ဖြင့် ပိတ်သိမ်းမည်ဟု မျှော်မှန်းပါသည်။

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

ဇန်နဝါရီ

150.16

152.97

154.87

ဇွန်

167.41

174.48

175.14

ဒီဇင်ဘာ

79.80

82.02

82.02

WalletInvestor

2029 ခုနှစ်အတွင်း စျေးတန်းအပိုင်းအခြား: $68.14–$81.11 (28.04.2025 အရ) ။

WalletInvestor ၏ အဆိုအရ 2029 ခုနှစ်၏ ပထမနှစ်ဝက်တွင် စတော့စျေးနှုန်း $68.14 နှင့် $73.82 အကြား ရောင်းဝယ်ကြမည် ဖြစ်၍ ဇွန်လတွင် အပိတ်စျေးနှုန်း $72.93 ဖြစ်ပါမည်။ ထိုနှစ်၏ ဒုတိယမြောက်ခြောက်လပတ်အတွင်း စျေးတက်မည့်လမ်းကြောင်းမှာ အားကောင်းနိုင်ပြီး အဆိုပါပိုင်ဆိုင်မှုသည် ဒီဇင်ဘာလ၌ $78.35 အထိသို့ ရောက်ရှိပါမည်။

အဖွင့် , $

အပိတ် , $

အနည်းဆုံး , $

အများဆုံး , $

ဇန်နဝါရီ

68.18

72.52

68.14

72.52

ဇွန်

72.48

72.93

72.48

73.82

ဒီဇင်ဘာ

81.11

78.35

78.35

81.11

CoinCodex

2029 ခုနှစ်အတွင်း စျေးတန်းအပိုင်းအခြား: $8.94–$24.32 (28.04.2025 အရ) ။

CoinCodex သည် 2029 ခုနှစ်အတွင်း DKNG စတော့အတွက် စိတ်ပျက်ဖွယ်ရာ အလားအလာကို ဖော်ပြထားပါသည်။ ထိုနှစ်အစပိုင်း၌ ပျမ်းမျှစျေးနှုန်းသည် $22.74 အထိသို့ ရောက်ရှိနိုင်ပြီး ဇွန်လ၌ $17.07 သို့ လျော့ကျသွားပါမည်။ ဒုတိယနှစ်ဝက်အတွင်း စျေးကျဆင်းမှုလမ်းကြောင်းမှာ အရှိန်အဟုန် ဆက်လက်တိုးမြင့်လာနိုင်ပြီး ဒီဇင်ဘာလ၌ စျေးနှုန်း $9.96 အထိသို့ ကျဆင်းသွားနိုင်ပါသည်။

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

ဇန်နဝါရီ

20.94

22.74

24.32

ဇွန်

16.03

17.07

18.31

ဒီဇင်ဘာ

8.94

9.96

11.45

2030 ခုနှစ်အတွက် ဆန်းစစ်လေ့လာသူများ၏ DKNG ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

ကျွမ်းကျင်ပညာရှင်အများစုသည် 2030 ခုနှစ်၌ DKNG ရှယ်ယာစျေးနှုန်း တိုးမြင့်လာမှုကို တွက်ချက်ထားပါသည်။ စျေးနှုန်းသည် အမေရိကန်ပြည်နယ်များအတွင်း အွန်လိုင်း အားကစားလောင်းကြေးတင်သည့် ဝန်ဆောင်မှုများ တရားဝင်ဖြစ်လာခြင်း၊ နည်းပညာဆန်းသစ်တီထွင်မှုများ နှင့် ယေဘုယျစီးပွားရေးအခြေအနေတို့အပေါ် မူတည်နေပါသည်။ အပြုသဘောဆောင် ခန့်မှန်းချက်များတွင် သိသိသာသာ တိုးပွားမှုများကို မှန်းဆကြသော်လည်း အဆိုးဘက်ဆောင် ခန့်မှန်းမှုများတွင် အတန်အသင့် မြင့်တက်မှု (သို့) စျေးကျဆင်းမှုအထိတိုင် ဖော်ပြထားကြပါသည်။

StockScan

2030 ခုနှစ်အတွင်း စျေးတန်းအပိုင်းအခြား: $82.80–$148.79 (28.04.2025 အရ) ။

StockScan သည် 2030 ခုနှစ်အတွင်း ကုမ္ပဏီရှယ်ယာများအတွက် ကောင်းမွန်သော အနာဂတ်အလားအလာကို ပေးစွမ်းပါသည်။ ပျမ်းမျှစျေးနှုန်းမှာ ထိုနှစ်အစပိုင်း၌ $85.95 ဖြင့် အရောင်းအဝယ်ဖြစ်နိုင်ချေ ရှိပြီး နှစ်လယ်ပိုင်းတွင် $103.85 သို့ မြင့်တက်လာပါမည်။ 2030 ၏ ဒုတိယနှစ်ဝက်အတွင်း စျေးအတက်လမ်းကြောင်းမှာ အရှိန်မြင့်တက်လာမည် ဖြစ်ပြီး ဒီဇင်ဘာလကုန်၌ $145.77 အထိသို့ စျေးတက်လာပါမည်။

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

ဇန်နဝါရီ

82.80

85.95

86.02

ဇွန်

102.00

103.85

110.16

ဒီဇင်ဘာ

140.39

145.77

148.79

CoinCodex

2030 ခုနှစ်အတွင်း စျေးတန်းအပိုင်းအခြား: $3.68–$9.37 (28.04.2025 အရ) ။

CoinCodex ၏အဆိုအရ ထိုနှစ်အစပိုင်း၌ ပျမ်းမျှစျေးနှုန်း $7.87 ဖြင့် အ‌ရောင်းအဝယ်ဖြစ်ပြီး ဇွန်လတွင် $4.27 အထိသို့ ထိုးကျသွားနိုင်ပါသည်။ ထိုနှစ်၏ ဒုတိယခြောက်လပတ်အတွင်း စျေးကျဆင်းမှု အရှိန်အဟုန် နှေးကွေးသွားနိုင်ပြီး စျေးနှုန်းသည် ဒီဇင်ဘာလ၌ $4.43 အထိသို့ ရောက်ရှိပါမည်။ 

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

ဇန်နဝါရီ

6.34

7.87

9.37

ဇွန်

3.76

4.27

4.69

ဒီဇင်ဘာ

3.68

4.43

5.12

CoinPriceForecast

2030 ခုနှစ်အတွင်း စျေးတန်းအပိုင်းအခြား: $69.11–$80.37 (28.04.2025 အရ) ။

CoinPriceForecast သည် 2030 နှစ်အစပိုင်း၌ စျေးနှုန်း $69.11 အထိသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းပါသည်။ ကျွမ်းကျင်သူများသည် စျေးမြင့်တက်မှုလမ်းကြောင်းမှာ ထိုနှစ်လယ်ပိုင်း၌ $74.76 နှင့် ထိုနှစ်ကုန်၌ $80.37 အထိသို့ ဆက်လက်ဖြစ်ပေါ်ပါမည်။

နှစ်

နှစ်လယ်, $

နှစ်ကုန်, $

2030

74.76

80.37

2050 ခုနှစ်အထိ ဆန်းစစ်လေ့လာသူများ၏ DKNG ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

စည်းမျဥ်းအပြောင်းအလဲများ၏ မျှော်မှန်းမရသော သဘောသဘာဝ၊ နည်းပညာဆိုင်ရာ အဆင့်မြင့်တက်လာမှုများ၊ ပြိုင်ဆိုင်မှု နှင့် အားကစား လောင်းကြေးတင်သည့် စျေးကွက်အပေါ် ထိခိုက်စေနိုင်သော ယေဘုယျ စီးပွားရေးအ‌ခြေအနေများကြောင့် 2040–2050 ခုနှစ်အတွက် DraftKings ၏ ရှယ်ယာစျေးနှုန်းများ ခန့်မှန်းရခြင်းသည် စိန်ခေါ်မှုများပါသည်။ မည်သို့ပင်ဖြစ်စေ ရေရှည်စျေးလမ်းကြောင်းနှင့် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်နေသဘောထားအပေါ် ခန့်မှန်းရန်အတွက် ကုန်သွယ်ဗျူဟာတစ်ရပ် ရေးဆွဲရာတွင် ဤခန့်မှန်းချက်များကို အသုံးပြုနိုင်ပါသည်။

CoinPriceForecast သည် DKNG ရှယ်ယာများအတွက် သတိထားရှိသော ရေရှည်မျှော်မှန်းချက်ကို ထုတ်ပြန်ပြီး 2035 ခုနှစ်၌ စျေးနှုန်း $104.86 အထိသို့ တိုးတက်လာမည်ဟု ခန့်မှန်းထားပါသည်။

ထိုစဥ်အတွင်း CoinCodex ၏ ရေရှည်မှန်းဆချက်များမှာ အနည်းငယ်အားလျော့နေပါသည်။ ဆန်းစစ်သူများအနေဖြင့် DKNG စျေးနှုန်းသည် 2040 ခုနှစ်အတွင်း $4.59 ဝန်းကျင်ဖြင့် ဆက်လက်ရပ်တည်နေမည်ဟု ခန့်မှန်းပါသည်။ 2050 ခုနှစ်၌ ပျမ်းမျှစျေးနှုန်းကို $0.2823 အထိသို့ နိမ့်ကျမည်ဟု မျှော်လင့်ထားပါသည်။

StockScan ၏ အဆိုအရ DraftKings ရှယ်ယာများမှာ ရေရှည်ကာလအတွင်း ပုံမှန်စျေးတက်မည့်လမ်းကြောင်းကို ထိန်းသိမ်းထားပါမည်။ ကျွမ်းကျင်ပညာရှင်များသည် အဆိုပါပိုင်ဆိုင်မှုကို 2035 ခုနှစ်၌ $316.04 အထိသို့ ထိုးတက်မည်ဟု မှန်းဆကြပါည်။ ထို့ပြင် 2041 နှင့် 2050 ခုနှစ်ကြားတွင် စျေးနှုန်းကို $568.81 အထိ အထွတ်အထိပ်သို့ ရောက်ရှိမည်ဟု မျှော်မှန်းကြပါသည်။

ခုနှစ်

CoinPriceForecast, $

CoinCodex, $

StockScan, $

2035

104.86

316.04

2040

4.59

416.13

2045

497.80

2050

0.2823

568.81

ဤကဲ့သို့ ကြာမြင့်သော အချိန်ကာလအတွင်းရှိ DraftKings ၏ ရှယ်ယာစျေးနှုန်းကို ခန့်မှန်းရန်အတွက် လွန်စွာခက်ခဲလှပါသည်။ ကုမ္ပဏီ၏ အောင်မြင်မှုသည် အွန်လိုင်းအားကစား လောင်းကြေးတင်သည့် လုပ်ငန်းနယ်ပယ်၏ ဖွံ့ဖြိုးတိုးတက်မှု၊ စည်းမျဥ်းဆိုင်ရာ ဥပ‌ဒေများ၊ ပြိုင်ဆိုင်မှု နှင့် နည်းပညာဆန်းသစ်မှုတို့အပေါ် မူတည်ပါသည်။ DraftKings အတွင်း ရေရှည်ရင်းနှီးမြှုပ်နှံမှုများသည် မြင့်မားသော မသေချာမရေရာမှုများနှင့် ဆက်နွယ်ပတ်သက်လျက် ရှိပါသည်။

ဆိုရှယ်မီဒီယာပေါ်ရှိ DKNG (DraftKings) အတွက် စျေးကွက်သဘောထား

မီဒီယာသဘောထားဆိုသည်မှာ DraftKings နှင့်ပတ်သက်သော ဆောင်းပါးများ နှင့် သတင်းများ၏ ထုတ်ပြန်မှုဟန်ကို စိစစ်သုံးသပ်မှုတစ်ခု ဖြစ်ပါသည်။ ကောင်းမွန်သော သဘောထားသည် စတော့တန်ဖိုးတက်လာမှုကို လှုံ့ဆော်ပေးနိုင်ပြီး အပျက်သဘောဆောင် အနေအထားသည် ရင်းနှီးမြှုပ်နှံသူများအတွက် ဖြစ်နိုင်ဖွယ်စွန့်စားမှုများကို အချက်ပြပေးပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်ရှိ DKNG (DraftKings) အတွက် စျေးကွက်သဘောထား

ဆိုရှယ်မီဒီယာ X (ယခင် Twitter) ပေါ်ရှိ အသုံးပြုသူ @TheOptionsPlug သည် DKNG ရှယ်ယာများတွင် ထူးချွန်ပြောင်မြောက်သော စွန့်စားမှု-အကျိုးအမြတ် အချိုးရှိကြောင်း သတိထားမိပြီး မကြာတော့မည့် အနာဂတ်အတွင်း ထိုပိုင်ဆိုင်မှုအတွက် စျေးတက်မည့်လမ်းကြောင်းကို ခန့်မှန်းထားပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်ရှိ DKNG (DraftKings) အတွက် စျေးကွက်သဘောထား

အသုံးပြုသူ @FinFluentialx သည် DKNG ၏ ရှယ်ယာစျေးနှုန်းမှာ ၎င်း၏ အမြင့်ဆုံးတန်ဖိုးမှ 41% ထိုးကျသွားခဲ့သော်လည်း ၎င်း၏ အခြေခံစီးပွားရေးအခြေအနေများမှာ ဆက်လက်တိုးတက်လျက် ရှိကြောင်း တင်ပြထားပါသည်။ လွန်ခဲ့သောငါးနှစ်အတွင်း တမူထူးခြားသော လစဥ်ပျမ်းမျှ ကစားသမားဦးရေမှာ 15% မြင့်တက်လာခဲ့ပြီး ဤသည်မှာ ကုမ္ပဏီ၏ ရှယ်ယာစျေးနှုန်းတိုးမြင့်မှုကို ဖြစ်ပေါ်စေနိုင်ပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်ရှိ DKNG (DraftKings) အတွက် စျေးကွက်သဘောထား

အသုံးပြုသူ @Xvolatility သည် ဆန်းစစ်သူများအနေဖြင့် DraftKings ရှယ်ယာများအတွက် $55.00 ဖြင့် ၎င်းတို့၏ သဘောတူခန့်မှန်းချက်ကို ဆက်လက်ထားရှိကြောင်း အလေးပေးဖော်ပြပါသည်။ ထို့ပြင် သီးခြားကျွမ်းကျင်ပညာရှင်သည် ယေဘုယျစျေးကွက်သဘောထားမှာ စည်းမျဥ်းဆိုင်ရာ စိန်ခေါ်မှုများ ရှိသော်လည်း ကောင်းမွန်နေဆဲ ဖြစ်ကြောင်း အကြံပြုထားပါသည်။

သို့ဖြစ်၍ X ပေါ်တွင် ပို့စ်တင်ထားသော သတင်းအချက်အလက်များအရ တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူများနှင့် စတော့စျေးကွက် ကစားသူများသည် DKNG ရှယ်ယာများ၏ အလားအလာအတွက် ကောင်းမွန်သော ခံစားချက်များကို ထုတ်ဖော်ပြသလျက် ရှိပါသည်။

DKNG ၏ သမိုင်းမှတ်တမ်း

DKNG အမြင့်ဆုံးစျေးနှုန်း $71.98 ကို ၁၉.၀၃.၂၀၂၁ တွင်မှတ်တမ်းတင်ခဲ့ပါသည်။

အနိမ့်ဆုံးစျေးနှုန်း $9.76 ကို ၀၇.၀၈.၂၀၁၉ တွင် စံချိန်တင်ခဲ့ပါသည်။

2020 ခုနှစ် ဧပြီလအတွင်း IPO အပြီးနောက်ပိုင်း ထိပ်တန်းအားကစားအသင်းများနှင့် အကျိုးတူပူးပေါင်းမှုများ အပါအဝင် စျေးကွက်ချဲ့ထွင်မှုအပေါ် စိတ်ဝင်စားမှုတို့ကြောင့် ကုမ္ပဏီ၏ ရှယ်ယာများမှာ ကနဦးမြင့်တက်မှုကို ကြုံကြိုက်ခဲ့ပါသည်။ သို့သော် ထိုနောက်ပိုင်း မကြာမီအတွင်း ယာယီစျေးကျဆင်းမှု ဖြစ်ပေါ်ခဲ့ပြီး ထိုသည်မှာ စည်းမျဥ်းဥပဒေအပြောင်းအလဲများ၊ ပြိုင်ဆိုင်မှု နှင့် အကျိုးအမြတ်ရရှိမှုအတွက် စျေးကွက်ပါဝင်သူများ၏ စိုးရိမ်ပူပန်မှုများကို ပြသနေပါသည်။ မည်သို့ပင်ဖြစ်စေ အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်အနှံ့အပြားတွင် အားကစားလောင်းကြေးတင်သည့် ဝန်ဆောင်မှုအတွက် တရားဝင်ဖြစ်လာချိန် 2021 ခုနှစ်အတွင်း DraftKings ရှယ်ယာများသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး သိသာသော အကျိုးအမြတ်များကို ရရှိခဲ့ပါသည်။

2022 ခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှင့် အတိုးနှုန်းမြင့်တက်လာခြင်း ကဲ့သို့သော အထွေထွေစီးပွားရေးဆိုင်ရာ အကြောင်းအရာများကြောင့် အဆိုပါကုမ္ပဏီ၏ ရှယ်ယာများမှာ ဖိအားဒဏ်ကို ရင်ဆိုင်ခဲ့ရပါသည်။ 2023 ခုနှစ်အတွင်း ငွေကြေးဆိုင်ရာ စွမ်းဆောင်မှု တိုးတက်လာခြင်း နှင့် ရေရှည်ကြီးထွားမှုအတွက် မျှော်မှန်းချက်များကြောင့် စတော့စျေးနှုန်း စတင်ကောင်းမွန်းလာခဲ့ပါသည်။ 2025 ခုနှစ် ဧပြီလတွင် လက်ရှိယှဥ်ပြိုင်မှုများ ရှိနေသော်လည်း အွန်လိုင်းလောင်းကစား စျေးကွက်၏ ရေရှည်အလားအလာအပေါ် ယုံကြည်ကြသော ရင်းနှီးမြှုပ်နှံသူများအတွက် DraftKings ရှယ်ယာများသည် စွဲမက်ဖွယ်ကောင်းသော ရွေးချယ်မှုတစ်ရပ်အဖြစ် ဆက်လက်ရှိနေပြီး အားကောင်းခိုင်မြဲမှုကို ပြသလျက် ရှိပါသည်။

DKNG ကို အခြေခံတကျစိစစ်သုံးသပ်ခြင်း

DraftKings ၏ စ‌တော့စျေးနှုန်းအပေါ် လွှမ်းမိုးသက်ရောက်သည့် အဓိကအချက်များကို လေ့လာခြင်းသည် အချက်အချာကျသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

မည်သည့်အချက်များသည် DKNG စျေးနှုန်းအပေါ် အကျိုးသက်ရောက်မှု ဖြစ်စေပါသနည်း။

စီးပွားရေးနှင့် လုပ်ငန်းပိုင်းဆိုင်ရာ အချက်များစွာသည် DraftKings (DKNG) စတော့စျေးနှုန်းကို ဆုံးဖြတ်ပေးပါသည်။

  • ကုမ္ပဏီ၏ ငွေကြေးပိုင်းဆိုင်ရာ စွမ်းဆောင်မှု။ ဝင်ငွေ၊ အကျိုးအမြတ်နှင့် ဆုံးရှုံးမှုများသည် ၎င်း၏ စတော့စျေးနှုန်းအပေါ် သိသာစွာ လွှမ်းမိုးသက်ရောက်ပါသည်။ ရေရှည်တည်တံ့သော အမြတ်ဝင်ငွေ ရရှိရန် ကုမ္ပဏီ၏ စွမ်ဆောင်နိုင်စွမ်းသည် အထူးသဖြင့် ပြိုင်ဆိုင်မှုများသည့် အွန်လိုင်းအားကစားဂိမ်း စျေးကွက်အတွင်း ရင်းနှီးမြှုပ်နှံသူများအတွက် အဖိုးထိုက်တန်ပါသည်။
  • စည်းမျဥ်းဆိုင်ရာ အပြောင်းအလဲများ။ အမေရိကန်ပြည်နယ်အသစ်များတွင် အားကစား မှန်းဆလောင်းကြေးထပ်မှုများအတွက် တရားဝင်ခွင့်ပြုခြင်းသည် အသုံးပြုသူအခြေခံ မြင့်တက်လာခြင်းနှင့် ဝင်ငွေတိုးပွားခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။ ဆန့်ကျင်ဘက်အားဖြင့် တင်းကြပ်သော စည်းမျဥ်းစည်းကမ်းများသည် လုပ်ငန်းနှင့် ရှယ်ယာစျေးနှုန်းအပေါ် ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။
  • ယေဘုယျစီးပွားရေးအနေအထား။ ထိုတွင် လူဦးရေစုစုပေါင်း ၏ အလုပ်လက်မဲ့နှုန်း ပါဝင်ပါသည်။ အသုံးပြုသူများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်နေစဥ်ကာလအတွင်း အွန်လိုင်းအားကစားဂိမ်း ဝန်ဆောင်မှုများအပေါ် ငွေပိုမိုသုံးစွဲလေ့ ရှိပြီး ထိုသို့ဖြင့် ကုမ္ပဏီ၏ အမြတ်အစွန်းအတွက် အပြုသဘောဆောင် အကျိုးသက်ရောက်စေပါသည်။
  • ပြိုင်ဖက်များ၏ လုပ်ဆောင်ချက်များနှင့် လုပ်ငန်းနယ်ပယ်၏ အခြေခံလမ်းကြောင်းများသည်လည်း DKNG ၏ ရှယ်ယာစျေးနှုန်းကို အကျိုးသက်ရောက်စေပါသည်။ ပြိုင်ဖက်အသစ်များ ပေါ်ပေါက်လာခြင်းသည် စျေးကွက်ကို ပြောင်းလဲစေနိုင်ပြီး စိန်ခေါ်မှုအသစ်များ နှင့် လက်ရှိပါဝင်သူများအတွက် အခွင့်အလမ်းများကို ဖန်တီးပေးနေပါသည်။
  • ကမ္ဘာ့စျေးကွက်လမ်းကြောင်းများနှင့် စီးပွားရေးအခြေအနေများ။ ထိုတွင် အတိုးနှုန်းများ၊ ငွေကြေးဖောင်းပွမှု နှင့် သုံးစွဲသူတို့၏ စိတ်နေသဘောထားတို့ ပါဝင်ပါသည်။

DKNG နှင့် စပ်လျဥ်း၍ သိသင့်သိထိုက်သော အကြောင်းအရာများ

DraftKings Inc. သည် 2012 ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ထင်ပေါ်ကျော်ကြားသော အားကစားအလောင်းအစား ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ထိုကုမ္ပဏီသည် ဘော်စတွန် မက်ဆာချူးဆက်တွင် ဌာနချုပ်ရှိပါသည်။

DraftKings သည် စိတ်ကူးယဥ်အားကစား ဝန်ဆောင်မှုတစ်ခုအဖြစ် စတင်ခဲ့ပြီး အွန်လိုင်းအားကစား ရလဒ်မှန်းဆမှုများ ပါဝင်သည့် ဝန်ဆောင်မှုများကို လျင်မြန်စွာ ချဲ့ထွင်ခဲ့ပါသည်။ ၎င်း၏ အသုံးပြုရလွယ်ကူသော အင်တာဖေ့နှင့် ဝန်ဆောင်မှုမျိုးစုံတို့သည် ကြီးမားသော စျေးကွက်များစွာကို သိမ်းပိုက်စေနိုင်ပြီး မီလီယံချီသုံးစွဲသူများကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

DraftKings သည် ဥပဒေအပြောင်းအလဲများနှင့်အညီ လိုက်နာကျင့်ကြံနိုင်စွမ်းအတွက် ထင်ပေါ်ကျော်ကြားပါသည်။ အားကစားရလဒ် မှန်းဆသည့် ဝန်ဆောင်မှုများသည် အမေရိကန်ပြည်ထောင်စုတခွင်တွင် တရားဝင်ဖြစ်လာခဲ့သောကြောင့် ကုမ္ပဏီသည် ပြည်နယ်အသစ်များသို့ စီးပွားရေးချဲ့ထွင်လာကာ ဖောက်သည်များအတွက် လုံခြံစိတ်ချမှုရှိသော တရားဝင်ပလက်ဖောင်းများကို သေချာစွာဆောင်ရွက်လာပါသည်။ ထိပ်တန်းအားကစားအသင်းများနှင့် အကျိုးတူပူးပေါင်းခြင်းသည် အသုံးပြုသူတို့၏ ယုံကြည်မှုကို မြှင့်တင်ပေးသော်လည်း လက်ရှိရင်းနှီးမြှုပ်နှံမှုများကြောင့် DraftKings သည် လျင်မြန်စွာ ပြောင်းလဲနေသော စျေးကွက်အတွင်း နည်းပညာနှင့် ဆန်းသစ်မှုများတွင် ဆက်လက်ယှဥ်ပြိုင်နေရပါသည်။

ကုမ္ပဏီ၏ ပလက်ဖောင်းသည် ဝန်ဆောင်မှုမျိုးစုံနှင့် အဆင့်မြင့်စိစစ်သုံးသပ်ရေး အထောက်အကူများကို ပေးစွမ်းပြီး ထိုသို့ဖြင့် စတင်သူများနှင့် ဝါရင့်ကုန်သည်များအတွက် ဆွဲဆောင်မှုဖြစ်စေပါသည်။

DKNG တွင် ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ

DraftKings Inc. စတော့ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခွဲအမျိုးမျိုးကို လုပ်ဆောင်ရန်နှင့် အလားအလာကောင်းသော အားကစားဂိမ်း အလောင်းအစားလုပ်ငန်းသို့ ဝင်ရောက်ရန် ရည်ရွယ်သူများအတွက် စိတ်ဝင်စားဖွယ်ရွေးချယ်မှုတစ်ရပ် ဖြစ်ပါသည်။

အားသာချက်များ

  • DraftKings တွင်ရင်းနှီးမြှုပ်နှံခြင်းသည် အထူးသဖြင့် အမေရိကန်ပြည်ထောင်စုရှိ ပြည်နည်များစွာတွင် အားကစားအလောင်းအစားကို ပိုမိုတရားဝင်ခွင့်ပြုကာ လျင်မြန်စွာ စျေးကွက်ချဲ့ထွင်လာခြင်းကြောင့် ကြီးမားသောအကျိုး‌ကျေးဇူးတစ်ရပ်ကို ဖြစ်ထွန်းစေပါသည်။ အွန်လိုင်းအလောင်းအစားကဏ္ဍကို ၂၀၂၈ ခုနှစ်၌ $140 ဘီလီယံ သို့တဟုန်ထိုးတက်ရန် မျှော်လင့်ပြီး ကုမ္ပဏီအတွက် ၎င်း၏အခြေခံဖောက်သည်များ တိုးပွားရန်နှင့် ဝင်ငွေတိုးမြင့်ရန်အတွက် အခွင့်အလမ်းအသစ်များကို ဖန်တီးပေးနေပါသည်။ ထိုသို့တိုးတက်မှုသည် ရေရှည်ကာလအတွင်း ၎င်း၏စတော့စျေးနှုန်းကို ပုံမှန်မြင့်တက်လာစေနိုင်ပါသည်။
  • DraftKings သည် နည်းပညာနှင့် စျေးကွက်ရှာဖွေ‌ရေးတွင် ၎င်း၏ဆန်းသစ်တီထွင်သော နည်းလမ်းကြောင့် ထင်ပေါ်ကျော်ကြားပါသည်။ ကုမ္ပဏီသည် ဖောက်သည်များအား ဆွဲဆောင်ထိန်းသိမ်းထားရန်အတွက် ခေတ်မီဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် စျေးကွက်ရှာဖွေ‌‌ရေး ဗျူဟာများကို စဥ်ဆက်မပြတ် အသုံးချလျက်ရှိပါသည်။ ထိုသို့ဖြင့် ၎င်းအား ဆက်လက်ယှဥ်ပြိုင်နိုင်စေပြီး နယ်ပယ်အတွင်း ထိပ်တန်းနေရာတစ်ခုကို ရယူပိုင်ဆိုင်နိုင်စေပါသည်။
  • ကုမ္ပဏီသည် အပြန်အလှန်တုံ့ပြန်နိုင်သော အစိတ်အပိုင်းများစွာနှင့် အသုံးပြုသူစိတ်ကြိုက် ပြင်ဆင်နိုင်မှုများအား မိတ်ဆက်ခြင်းဖြင့် ၎င်း၏လုပ်ဆောင်နိုင်စွမ်းကို ချဲ့ထွင်၍ ထုတ်ကုန်များကို စဥ်ဆက်မပြတ် မြှင့်တင်လျက်ရှိပါသည်၊ ထိုသို့ဖြင့် ဖောက်သည်များအတွက် အဆိုပါပလက်ဖောင်းသည် ပိုမိုဆွဲဆောင်မှုရှိစေပါသည်။

အားနည်းချက်များ

  • အွန်လိုင်းအားကစားရလဒ် မှန်းဆသည့် စျေးကွက်သည် လွန်စွာယှဥ်ပြိုင်မှုများ၍ ကုမ္ပဏီ၏အောင်မြင်မှုမှာ အာမခံချက်မရှိပါ။ ထိုလုပ်ငန်းနယ်ပယ်အတွင်းရှိ အဓိကပါဝင်သူများသည် အလားတူဝန်ဆောင်မှုများ (သို့) အသုံးပြုသူများအတွက် ပို၍ကောင်းမွန်သော အခြေအနေများကိုပင် ကမ်းလှမ်းနိုင်ပါသည်။
  • ဥပ‌ဒေရေးရာနှင့် စည်းမျဥ်းဆိုင်ရာ အပြောင်းအလဲများသည် DraftKings ၏လုပ်ငန်းဆောင်ရွက်ချက်များအပေါ် သိသာပေါ်လွင်စွာ ထိခိုက်နိုင်ပါသည်။ ပြည်နယ်အချို့တွင် အားကစားကြိုတင်ခန့်မှန်းမှုများကို တရားဝင်ခွင့်ပြုထားသော်လည်း အဆိုပါလုပ်ငန်းစဥ်မှာ လက်တွေ့အကောင်ထည်ဖော်ခြင်း မရှိသေးပါ၊ ထို့ပြင် ဥပ‌‌ဒေရေးရာအခင်းအကျင်းတွင် အပျက်သဘောဆောင်သော ပြောင်းလဲမှုများသည် ကုမ္ပဏီအတွက် အတားအဆီးများကို ဖန်တီးပေးနိုင်ပါသည်။
  • DraftKings စတော့များသည် အထူးသဖြင့် စီးပွားရေးမတည်ငြိမ်စဥ်အတွင်း (သို့) ရင်နှီးမြှုပ်နှံသူများ၏ သဘောထားပြောင်းလဲချိန်များတွင် ပြင်းထန်သော စျေးအတက်အကျများကို ဖြစ်စေနိုင်ပါသည်။

ကြိုတင်ခန့်မှန်းချက်များကို မည်သို့လုပ်ဆောင်ပုံ

DKNG ရှယ်ယာများအပါအဝင် ကုန်သွယ်ရေးပိုင်ဆိုင်မှုများကို ရေတိုနှင့်ရေရှည်ခန့်မှန်းချက်များ ပြုလုပ်ရာတွင် အောက်ပါအချက်များသည် အရေးကြီးပါသည်။

၁။ အောက်ပါအချက်များပါဝင်သော အခြေခံတကျစိစစ်သုံးသပ်ချက်

  • ထိပ်တန်းစိစစ်သုံးသပ်ရေးကိုယ်စားလှယ်များထံမှ အကဲဖြတ်ခန့်မှန်းမှုများ။
  • စျေးကွက်တန်ကြေး၊ ဝင်ငွေများနှင့်ကုန်ကျစရိတ်များ၊ ရှယ်ယာတစ်စောင်လျှင် ဝင်ငွေ၊ လုပ်ငန်းအမြတ်ရရှိမှု၊ ရင်းနှီးမြှုပ်နှံမှုအပေါ် အမြတ်ရရှိမှုနှုန်း နှင့် အခြားအညွှန်းကိန်းများ ကဲ့သို့သော ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေကို အကဲဖြတ်ခြင်း။
  • ကုမ္ပဏီနှင့်ပတ်သက်သော သတင်းအရင်းအမြစ်နောက်ကြောင်းကို စိစစ်သုံးသပ်ခြင်း။
  • စတော့စျေးနှုန်းအပေါ် ထိခိုက်စေနိုင်သည့် ပထဝီနိုင်ငံရေးနှင့် အထွေထွေစီးပွားရေးဆိုင်ရာ စွန့်စားမှုများကို စူးစမ်းစစ်ဆေးခြင်း။

၁။ စျေးကွက်အနေအထားကို စိစစ်ခွဲဖြာခြင်း နှင့် ဆိုရှယ်မီဒီယာပေါ်ရှိ အသုံးပြုသူများ၏ စိတ်နေသဘောထားများ။

၂။ ပိုင်ဆိုင်မှု၏ နည်းပညာဆိုင်ရာစိစစ်သုံးသပ်မှု။ ပိုမိုထိရောက်၍ သာမန်ရိုးကျဖြစ်သော သုတေသနမော်ဒယ်တစ်ခုတွင် candlestick နှင့် chart patterns တို့၏ပေါင်းစပ်ဖွဲ့စည်းမှု အပြင် အညွှန်းကိန်းဆန်းစစ်ချက်တို့လည်း ပါဝင်ကြပါသည်။ ထိုသည်မှာ သင့်အား စွန့်စားမှုအနည်းဆုံးဖြင့် ကုန်သွယ်မှုများသို့ ဝင်ရောက်ရန်အတွက် သင့်တော်သည့် အမှတ်များနှင့် အမြတ်ရရှိနိုင်ချေရှိသော ပစ်မှတ်များကို ကြိုတင်၍ ဆုံးဖြတ်နိုင်စေပါသည်။

နိဂုံးချုပ်: DKNG သည်ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါသလား။

DraftKings (DKNG) တွင် ရင်းနှီးမြှုပ်နှံခြင်းသည် ၎င်း၏ ရှယ်ယာများနှင့်အတူ စွန့်စားမှုများ ပါဝင်နေသော်လည်း ကြီးမားသော တိုးတက်မှုအခွင့်အလမ်းများကိုလည်း ပြသနေပါသည်။ ကုမ္ပဏီသည် အွန်လိုင်းအားကစား အလောင်းအစားနှင့် အိုင်ဂိမ်းမီးနယ်ပယ်များတွင် ရှေ့ပြေးဦးဆောင်သူတစ်ဦးအဖြစ် ထင်ပေါ်ကျော်ကြားပြီး အထင်ကြီးဖွယ် ဝင်ငွေတိုးပွားမှုကို ပြသလျက်ရှိပါသည်။ သို့သော် အမြတ်ရရှိရေးဆိုင်ရာ ပြဿနာများကို ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်ပြီး နယ်ပယ်အတွင်း ပြိုင်ဆိုင်မှုအနေအထားသည် ပိုမိုပြင်းထန်လျက်ရှိပါသည်။

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စျေးကွက်ချဲ့ထွင်နိုင်ချေ အလားအလာများနှင့် DKNG ၏ စျေးကွက်ရပ်တည်ချက်ကို ဂရုတစိုက် ထည့်သွင်းစဥ်းစားသင့်ပြီး စည်းမျဥ်းဆိုင်ရာ စိန်ခေါ်မှုများ၊ ပြိုင်ဆိုင်ရသော ဖိအားဒဏ်များ၊ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရင်းအနှီးများ ထပ်မံလိုအပ်မှုတို့ကိုလည်း အကဲဖြတ်သုံးသပ်သင့်ပါသည်။ အွန်လိုင်းအားကစား ဝန်ဆောင်မှုများ၏ အနာဂတ်အပေါ် ယုံကြည်ကြသူများအတွက် DKNG သည် ဆွဲဆောင်မှုကောင်းသော ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ကိုယ်စားပြုလျက်ရှိပါသည်။ သို့သော် စွန့်စားမှုများ စီမံခန့်ခွဲရာတွင် အမြော်အမြင်ကြွယ်ဝသော နည်းလမ်းကို ကျင့်သုံးရန် အရေးကြီးပါသည်။

DKNG စျေးနှုန်းမှန်းဆချက်တွင် မေးလေ့ရှိသော အမေးနှင့်အဖြေများ

လက်ရှိ DKNG စျေးနှုန်းမှာ ၁၉.၀၅.၂၀၂၆ အရ $25.98 ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

ဆန်းစစ်လေ့လာသူများ၏ ခန့်မှန်းချက်များမှာ အမျိုးမျိုးကွဲပြားနေပါသည်၊ ထိုသည်မှာ ကုမ္ပဏီ၏ တိုးတက်မှုအလားအလာများနှင့် ယေဘုယျစျေးကွက်အနေအထားအပေါ် ထင်မြင်ယူဆချက်များ ကွဲပြားနေကြောင်း ထင်ဟပ်မြင်သာစေပါသည်။ ကြိုတင်ခန့်မှန်းချက်သည် တစ်ဦးချင်းစီ၏ အယူအဆများ ပေါင်းစပ်မှုအပေါ် အခြေခံထားပြီး အနာဂတ်တွင် မျှော်မှန်းထားသော ပျမ်းမျှရှယ်ယာစျေးနှုန်းကို ပြသနေပါသည်။ ဆန်းစစ်လေ့လာသူ ၂၆ ဦးထံမှ ၁၂ လအတွက် ကြားချခန့်မှန်းချက်အရ စျေးနှုန်းသည် $54.58 ဖြင့် တည်ရှိနေပါမည်။

ကျွမ်းကျင်ပညာရှင်များစွာသည် 2025 ခုနှစ်အတွင်း DraftKings ၏ ရှယ်ယာစျေးနှုန်းမှာ $32.82 ဝန်းကျင်သို့ ကျဆင်းမည်ဟု မှန်းဆကြပါသည်။ ပိုမိုအဆိုးဘက်ဆောင်သော တွက်ဆမှုများသည် $16.49 အထိသို့ ထိုးကျမည်ဟု ညွှန်းဆိုထားကြပါသည်။ အပြုသဘောဆောင် ခန့်မှန်းချက်များတွင် အဆိုပါပိုင်ဆိုင်မှု၏ စျေးနှုန်းကို $46.39 ဝန်းကျင်သို့ တက်လာမည်ဟု ဖော်ပြထားပါသည်။

စိစစ်သုံးသပ်သူအများစုသည် 2030 ခုနှစ်အတွင်း DraftKings ရှယ်ယာများအတွက် ကောင်းမွန်သော အရှိန်အဟုန်ကို ကြိုတင်တွက်ဆထားပါသည်။ ပညာရှင်များစွာသည် $80.37 အထိသို့ တိုးမြင့်မည်ဟု မှန်းဆကြပါသည်။ ပိုမိုအပြုသဘောဆောင် ခန့်မှန်းချက်များတွင် $145.77 အထိသို့ မြင့်တက်မှုကို ဖော်ပြပြီး အဆိုးဘက်ဆောင်သော သုံးသပ်ချက်များတွင် $4.43 သို့စျေးကျဆင်းမည်ဟု မျှော်လင့်ကြပါသည်။

လက်ရှိအချိန်တွင် DraftKings သည် အမြတ်ဝေစုခွဲပေးခြင်း မရှိပါ။ ကုမ္ပဏီသည် ၎င်း၏ အမြတ်အစွန်းများကို လုပ်ငန်းတိုးတက်ရေးနှင့် ဖွံ့ဖြိုးရေးတွင် ပြန်လည်ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ထိုတွင်စျေးကွက်အသစ်များသို့ ချဲ့ထွင်ခြင်းနှင့် ဆန်းသစ်ထားသော ထုတ်ကုန်များ မိတ်ဆက်ခြင်းတို့ ပါဝင်ပါသည်။ အမြတ်ဝေစုပေးအပ်မှု မူဝါဒသည် ကုမ္ပဏီ၏ အမြတ်ရရှိမှုနှင့် ဘဏ္ဍာရေးရည်မှန်းချက်များအပေါ် မူတည်ကာ အနာဂတ်တွင် ပြောင်းလဲသွားနိုင်ပါသည်။

ကြီးထွားလျက်ရှိသော အွန်လိုင်းအားကစား အလောင်းအစားစျေးကွက်အရ DraftKings ၏ အနာဂတ်အလားအလာမှာ ကောင်းမွန်ပါသည်။ အောင်မြင်သော စျေးကွက်ချဲ့ထွင်မှု၊ ဖောက်သည်များ အခိုင်အမာ ရရှိထိန်းသိမ်းထားနိုင်မှု နှင့် ပြောင်းလဲနေသည့် စည်းမျဥ်းဆိုင်ရာ အခြေအနေများနှင့်အညီ ပြုပြင်နိုင်မှုသည် DKNG ၏ ‌ရေရှည်အောင်မြင်မှုကို ဆုံးဖြတ်ပေးပါလိမ့်မည်။ ထို့ပြင် ပြိုင်ဆိုင်မှုနှင့် အထွေထွေစီးပွားရေးဆိုင်ရာ အကြောင်းအရာများသည် ကုမ္ပဏီ၏ အနာဂတ်အလားအလာများအပေါ် လွှမ်းမိုးသက်ရောက်လျက် ရှိပါသည်။

2026, 2027, 2028–2030 နှင့် နောင်လာမည့်နှစ်များအတွက် DraftKings (DKNG) စတော့ရှယ်ယာ ကြိုတင်ခန့်မှန်းမှု နှင့် မှန်းဆချက်များ

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat