ထမဦးစွာ ငွေသတ္တုသည် ၎င်း၏ပကတိတန်ဖိုးအတွက် အသိအမှတ်ပြုကြသော ထိတွေ့ကိုင်တွယ်နိုင်သည့် ကုန်စည်ပစ္စည်းတစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါသတ္တု၏ အဓိကဝိသေသလက္ခဏာရပ်မှာ ၎င်း၏စျေးနှုန်းသည် သုညသို့ မရောက်ရှိနိုင်ခြင်း ဖြစ်ပါသည်။ ငွေသတ္တုကို ၎င်း၏ နန်းဆွဲနိုင်မှုနှင့် အလွယ်တကူပုံသွင်းရခြင်းတို့ကြောင့် တန်ဖိုးထားကြပါသည်။ ၎င်းသည် ရွှေထက် မာကြောပြီး ကြေးသတ္တုထက် ပို၍ပျော့ပျောင်းပါသည်။ ဤငွေဖြူရောင်သတ္တုသည် လျှစ်စစ်နှင့် အပူ နှစ်မျိုးလုံးအတွက် လွန်စွာကောင်းမွန်သော လျှပ်ကူးပစ္စည်းတစ်မျိုးဖြစ်ပြီး လုပ်ငန်းအသုံးပြုပုံအမျိုးမျိုးတွင် စွယ်စုံသုံးစွဲရလွယ်သော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ထို့ပြင် ငွေသတ္တုသည် ဓာတ်ပြုပြောင်းလဲခြင်း မရှိပေ၊ ထိုသို့ဖြင့် ၎င်းကို အခြားသတ္တုများစွာနှင့် မတူဘဲ တမူထူးခြားကွဲပြားစေပြီး လုပ်ငန်းကဏ္ဍမျိုးစုံအတွက် မရှိမဖြစ်လိုအပ်သော ကုန်စည်တစ်ခု ဖြစ်လာစေပါသည်။
ငွေသတ္တုသည် ငွေကြေးဖောင်းပွမှုမှ အရင်းအနှီးကို ကာကွယ်ရန် ထိရောက်သော နည်းလမ်းတစ်ခု ဖြစ်ပါသည်။ မကြာတော့မည့်ကာလအတွင်း ငွေသတ္တု၏ စျေးနှုန်းအလားအလာမှာ မည်သို့ရှိပါသနည်း။ ကမ္ဘာ့ထိပ်တန်းသုတေသီများထံမှ XAGUSD လဲလှယ်နှုန်း၏ အနာဂတ်လမ်းကြောင်းအတွက် ခန့်မှန်းချက်များမှာ မည်သို့ဖြစ်ပါသနည်း။ ဤဆောင်းပါးတွင် အဆိုပါမေးခွန်းများအတွက် ဖြေကြားပေးမည် ဖြစ်ပြီး ငွေသတ္တုစျေးကွက်၏ အဖိုးတန်သော သိရှိထိုက်သည်များကို ဖော်ပြသွားပါမည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- ပင်မကောက်နှုတ်ချက်များ
- ငွေသတ္တု၏ အချိန်နှင့်တပြေးညီ စျေးကွက်အနေအထား
- နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်အပေါ် အခြေခံကာ 2025 ခုနှစ်အတွက် ငွေသတ္တုစျေးနှုန်း ကြိုတင်ခန့်မှန်းချက်
- 2026 ခုနှစ်အတွက် လေ့လာဆန်းစစ်သူများ၏ ငွေသတ္တုစျေးနှုန်း မှန်းဆချက်များ
- 2027 ခုနှစ်အတွက် လေ့လာဆန်းစစ်သူများ၏ ငွေသတ္တုစျေးနှုန်း မှန်းဆချက်များ
- 2028 ခုနှစ်အတွက် လေ့လာဆန်းစစ်သူများ၏ ငွေသတ္တုစျေးနှုန်း မှန်းဆချက်များ
- 2029 ခုနှစ်အတွက် လေ့လာဆန်းစစ်သူများ၏ ငွေသတ္တုစျေးနှုန်း မှန်းဆချက်များ
- 2030 ခုနှစ်အတွက် လေ့လာဆန်းစစ်သူများ၏ ငွေသတ္တုစျေးနှုန်း မှန်းဆချက်များ
- 2050 ခုနှစ်အထိ လေ့လာဆန်းစစ်သူများ၏ ငွေသတ္တုစျေးနှုန်း မှန်းဆချက်များ
- ဆိုရှယ်မီဒီယာပေါ်ရှိ XAGUSD (Silver) အတွက် စျေးကွက်သဘောထား
- XAGUSD ၏ စျေးနှုန်းသမိုင်းမှတ်တမ်း
- ငွေသတ္တုကို အခြေခံတကျခွဲဖြာဆန်းစစ်ခြင်း
- ငွေသတ္တုနှင့် ပတ်သက်၍ သိသင့်သိထိုက်သော အကြောင်းအရာများ
- ကြိုတင်ခန့်မှန်းချက်များကို ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်ပုံ
- နိဂုံးချုပ်: ငွေသတ္တုသည် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါသလား။
- ငွေသတ္တုစျေးနှုန်းမှန်းဆချက်တွင် မေးလေ့ရှိသော အမေးနှင့်အဖြေများ
ပင်မကောက်နှုတ်ချက်များ
- ငွေသတ္တု၏ လက်ရှိစျေးနှုန်းမှာ ၀၁.၀၅.၂၀၂၆ အရ $75.131 ဖြစ်ပါသည်။
- ငွေသတ္တုသည် ၂၉.၀၁.၂၀၂၆ တွင် ၎င်း၏ အမြင့်ဆုံးစျေးနှုန်း $121.636 သို့ ရောက်ရှိခဲ့ပါသည်။ ငွေသတ္တု၏ စံချိန်တင်အနိမ့်ဆုံးတန်ဖိုး $3.53 ကို ၂၂.၀၂.၁၉၉၁ တွင် မှတ်တမ်းတင်ခဲ့ပါသည်။
- စက်မှုလုပ်ငန်းနယ်ပယ်အတွင်း ငွေသတ္တုအတွက် ဝယ်လိုအား မြင့်မားပါသည်။ ဥပမာအားဖြင့် ငွေသတ္တုကို ဆိုလာအချပ်များ၊ လျှပ်စစ်ကားများနှင့် အခြားကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုကြပါသည်။
- ၎င်းသည် အကြပ်အတည်းကာလများအတွင်း လုံခြုံစိတ်ချရသော ပိုင်ဆိုင်မှုတစ်ခု မဟုတ်သော်လည်း ထုတ်လုပ်ရေး ပြန်လည်မြင့်တက်ချိန်များတွင် ခိုင်မာသော ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ကိုယ်စားပြုပါသည်။
- စျေးနှုန်းသက်သာသောကြောင့် ငွေသတ္တုသည် ရွှေထက် ပိုမိုဝယ်ယူရရှိနိုင်ပါသည်။
- XAG သည် ရင်းနှီးမြှုပ်နှံသူများကြားတွင် လူကြိုက်များရေပန်းစားမှု နည်းပြီး သာမန်ရိုးကျ ကုန်သွယ်ဗျူဟာများတွင် အများအားဖြင့် အသုံးပြုလေ့မရှိပါ။ အဆိုပါပိုင်ဆိုင်မှု၏ သဘောသဘာဝနှင့် အသုံးပြုကြသည့် ရေတိုစျေးအပြောင်းအလဲအပေါ် ခန့်မှန်းကုန်သွယ်သော ဗျူဟာများကြောင့် ငွေသတ္တု၏ စျေးနှုန်းများမှာ မြင့်မားသော မတည်ငြိမ်မှုကို ကြုံတွေ့ရပါသည်။
- စိစစ်သုံးသပ်ရေးကိုယ်စားလှယ်အများစုသည် ငွေသတ္တုစျေးနှုန်းကို 2024 နှင့် 2025 ခုနှစ်အတွင်း ထရွိုင်တစ်အောင်စလျှင် $35.22–$36.98 အထိသို့ ရောက်ရှိမည်ဟု မျှော်လင့်ကြပါသည်။ ပိုမိုအပြုသဘောဆောင် ခန့်မှန်းချက်များသည် $37.40 သို့တဟုန်ထိုးမြင့်တက်နိုင်ချေကို ညွှန်ပြပါသည်။ အဆိုးဘက်ဆောင်သော မျှော်မှန်းချက်တွင် 2025 နှစ်ကုန်၌ အဆိုပါကုန်သွယ်ရေးပိုင်ဆိုင်မှု၏ စျေးနှုန်းကို $29.45 အထိသို့ ကျဆင်းမည်ဟု အကြံပြုထားပါသည်။
- အချို့သော တွက်ချက်ခန့်မှန်းမှုများအရ ထိုအဖိုးတန်သတ္တု၏ စျေးနှုန်းသည် 2026 ခုနှစ်အတွင်း $42.73 အထိသို့ ရောက်ရှိနိုင်ပါသည်။ ပိုမိုမယုတ်မလွန် ကြားချခန့်မှန်းချက်များတွင် ထိုပိုင်ဆိုင်မှု၏တန်ဖိုးသည် $28.24 နှင့် $34.82 အကြား ပြောင်းလဲနေမည်ဟု ဖော်ပြပါသည်။
- လေ့လာဆန်းစစ်သူများသည် 2027 မှ 2030 ခုနှစ်အထိ ငွေသတ္တုစျေးနှုန်းအတွက် ခန့်မှန်းချက်အမျိုးမျိုးကို ဖော်ပြထားပါသည်။ ကျွမ်းကျင်ပညာရှင်များစွာသည် စျေးနှုန်းများမှာ ထိုနှစ်အတွင်း $34.29 နှင့် $42.68 အကြား အတက်အကျဖြစ်မည်ဟု တွက်ဆထားပါသည်။ ပိုမိုအပြုသဘောဆောင် မှန်းဆချက်များတွင် အဆိုပါပိုင်ဆိုင်မှုမှာ 2030 ခုနှစ်၌ $86.88 သို့ရောက်ရှိမည်ဟု အကြံပြုထားပါသည်။
- 2040 မှ 2050 ခုနှစ်အတွင်း XAGUSD လဲလှယ်နှုန်း၏ စွမ်းဆောင်မှုအပေါ် စိစစ်သုံးသပ်သူများ၏ မျှော်မှန်းချက်များမှာ အနီးစပ်ဆုံးပျမ်းမျှခန့်မှန်းခြေမျှသာ ဖြစ်သော်လည်း ကျွမ်းကျင်သူများသည် ငွေသတ္တုမှာ $100.00–$125.54 အထိသို့ တန်ဖိုးတက်လာမည်ဟု မှန်းဆကြပါသည်။
ငွေသတ္တု၏ အချိန်နှင့်တပြေးညီ စျေးကွက်အနေအထား
ငွေသတ္တုသည် ၀၁.၀၅.၂၀၂၆ အရ $75.131 ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။
ငွေသတ္တုစျေးကွက်၏ လက်ရှိအခြေအနေအား ရှင်းလင်းစွာ သိမြင်နိုင်စေရေးအတွက် အောက်ပါအဓိကအညွှန်းကိန်းများကို အလေးထားဂရုပြုရန် အရေးကြီးပါသည်။
- အမေရိကန်ပြည်ထောင်စု၏ ငွေကြေးဖောင်းပွနှုန်း (နှစ်အလိုက်) ကို စာသုံးသူစျေးနှုန်းအညွှန်းကိန်း (CPI)ဖြင့် တိုင်းတာပြီး ၎င်းအညွှန်းကိန်းသည် ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းအပြောင်းအလဲကို တိုင်းတာပေးပါသည်။
- အမေရိကန်ပြည်ထောင်စု၏ အတိုးနှုန်း သည် ငွေကြေးချေးယူမှု၏ ကုန်ကျစရိတ်ဖြစ်ပြီး ၎င်းကို ချေးငွေပမာဏ၏ ရာခိုင်နှုန်းအဖြစ် ဖော်ပြပါသည်။ ၎င်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် စားသုံးသူအသုံးစရိတ်အပေါ် အကျိုးသက်ရောက်မှု ဖြစ်စေပါသည်။
- 52 ပတ်အတွင်းရှိ စျေးတန်းအပိုင်းအခြား ဆိုသည်မှာ ထိုတစ်နှစ်တာ၏ အမြင့်ဆုံးနှင့် အနိမ့်ဆုံးစျေးနှုန်း ဖြစ်ပါသည်။
- နေ့စဥ်ကုန်သွယ်ရေးပမာဏ ဆိုသည်မှာ တစ်နေ့တာအတွင်း သက်ဆိုင်ရာ ပိုင်ဆိုင်မှုတစ်ခုချင်းစီအတွက် အရောင်းအဝယ်ပြုလုပ်သော စုစုပေါင်းပမာဏကို ခြေရာခံရန် အသုံးပြုသည့် စျေးကွက်တိုင်းတာမှုစနစ်တစ်ခု ဖြစ်ပါသည်။
- တစ်နှစ်တာအတွင်း စျေးနှုန်းပြောင်းလဲမှု သည် လွန်ခဲ့သောတစ်နှစ်ကာလအတွင်းရှိ စုစုပေါင်း စျေးနှုန်းအပြောင်းအလဲ ဖြစ်ပါသည်။
- အကြောက်တရားနှင့် လောဘဆိုင်ရာ အညွှန်းကိန်း သည် စျေးကွက်အနေအထားနှင့် စပ်လျဥ်း၍ ရင်းနှီးမြှုပ်နှံသူများ၏ မျှော်လင့်ချက်များကို အချိန်နှင့်တပြေးညီ ထင်ဟပ်မြင်သာစေသည့် အညွှန်းကိန်းတစ်ခု ဖြစ်ပါသည်။
အညွှန်းကိန်း | တန်ဖိုး |
US ၏ ငွေကြေးဖောင်းပွနှုန်း (နှစ်အလိုက်) | 2.4% |
US ၏ အတိုးနှုန်း | 4.5% |
52 ပတ်အတွင်း စျေးတန်းအပိုင်းအခြား | $26.01–$34.89 |
နေ့စဥ်ကုန်သွယ်မှုပမာဏ | $52 မီလီယံ |
တစ်နှစ်တာအတွင်း စျေးနှုန်းပြောင်းလဲမှု | 21.77% |
အကြောက်တရားနှင့် လောဘဆိုင်ရာ အညွှန်းကိန်း | အပြင်းအထန်ဝယ်ယူမှု |
နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်အပေါ် အခြေခံကာ 2025 ခုနှစ်အတွက် ငွေသတ္တုစျေးနှုန်း ကြိုတင်ခန့်မှန်းချက်
ရေတိုနှင့် ရေရှည်ကာလအတွင်း XAGUSD ၏တန်ဖိုး မည်သို့ပြောင်းလဲသွားမည် ဖြစ်ကြောင်း အကဲဖြတ်ရန်အတွက် အပတ်စဥ်အချိန်ကာလတစ်ခုပေါ်တွင် နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်မှုတစ်ခုကို ဆောင်ရွက်ကြည့်ကြပါစို့။
2022 ခုနှစ် သြဂုတ်လမှစတင်ကာ ငွေသတ္တုသည် စျေးအတက်လမ်းကြောင်းတစ်ခုအတွင်း အရောင်းအဝယ်ဖြစ်နေပြီး လက်ရှိအခါတွင် 75.131 အနီး၌ တည်ရှိနေပါသည်။ နည်းပညာဆိုင်ရာ ညွှန်းဆိုချက်များနှင့် candlestick pattern များသည် ရောထွေးလျက်ရှိသော အချက်ပြမှုများကို ဖော်ပြပါသည်။
- ကြီးမားသော Rising Wedge pattern အတွင်း 30.12 တွင် Piercing Line pattern ဖြစ်ပေါ်ခဲ့ပါသည်။ Rising Wedge သည် ရုတ်တရက် အကျဘက်သို့ ပြောင်းလဲနိုင်ကြောင်း စျေးကွက်ပါဝင်သူများကို သတိပေးနှိုးဆော်လျက် ရှိသော်လည်း အခြားတဖက်တွင် Piercing Line သည် စျေးမြင့်တက်မှုသို့ ပြောင်းလဲနိုင်ကြောင်း အချက်ပြနေပါသည်။
- RSI တန်ဖိုးများသည် အလယ်အလတ်တွင် ရှိပြီး 50 အကျော်တွင် တည်ရှိနေပါသည်။
- MFI သည် တဖြည်းဖြည်းပုံမှန် ကောင်းမွန်လျက်ရှိသော အရှိန်အဟုန်ကို ပြသပြီး ထိုသည်မှာ အဆိုပါပိုင်ဆိုင်မှုအတွင်းသို့ ငွေကြေးစီးဝင်မှုကို ညွှန်းဆိုပါသည်။
- MACD အညွှန်းကိန်းများသည်လည်း ရှင်းလင်းမှုမရှိဘဲ သုညမျဥ်းအနီးတွင် တည်ရှိနေပါသည်။
- VWAP နှင့် SMA20 မျဥ်းများသည် လက်ရှိစျေးနှုန်းအောက်တွင် တည်ရှိပြီး ထိုသည်မှာ စျေးကျဆင်းမှုဖိအား ဆက်လက်ဖြစ်ပေါ်နိုင်ချေကို ဖော်ပြပါသည်။
အောက်ပါဇယားသည် နောင်လာမည့် ၁၂ လအတွင်း XAGUSD အတွဲ၏ ခန့်မှန်းတန်ဖိုးများကို ပြသထားပါသည်။
လ | XAGUSD ၏ ခန့်မှန်းတန်ဖိုးများ | |
အနည်းဆုံး, $ | အများဆုံး, $ | |
2025 မေ | 29.50 | 33.24 |
2025 ဇွန် | 26.40 | 29.86 |
2025 ဇူလိုင် | 26.11 | 31.44 |
2025 သြဂုတ် | 31.30 | 35.33 |
2025 စက်တင်ဘာ | 36.20 | 38.94 |
2025 အောက်တိုဘာ | 33.68 | 36.85 |
2025 နိုဝင်ဘာ | 31.30 | 34.54 |
2025 ဒီဇင်ဘာ | 29.86 | 33.96 |
2026 ဇန်နဝါရီ | 33.75 | 36.99 |
2026 ဖေဖေါ်ဝါရီ | 36.06 | 39.51 |
2026 မတ် | 33.32 | 39.73 |
2026 ဧပြီ | 30.79 | 33.89 |
2025 ခုနှစ် XAGUSD အတွက် ရေရှည်ကုန်သွယ်ရေးအစီအစဥ်
မကြာတော့မည့်ကာလတွင် ရေရှည်စျေးအတက်လမ်းကြောင်းအတွင်း ယာယီစျေးကျဆင်းမှု ဖြစ်ပေါ်မည်ဟု မျှော်မှန်းထားပါသည်။ နည်းပညာဆိုင်ရာ ဆန်းစစ်ချက်သည် ပင်မဝယ်လိုအားနှင့် ရောင်းလိုအားစျေးတန်းများကို ရှာဖွေသတ်မှတ်ရာတွင် အထောက်အကူဖြစ်စေပြီး ၎င်းစျေးတန်းများကို ကုန်သွယ်ဗျူဟာတစ်ရပ် ရေးဆွဲဖန်တီးရာတွင် အသုံးပြုပါသည်။
နောင်လာမည့် ၁၂ လအတွက် ကုန်သွယ်ရေးအစီအစဥ်
- လက်ရှိတွင် ငွေသတ္တုမှာ ကြီးမားသော Rising Wedge pattern အတွင်း အရောင်းအဝယ်ဖြစ်နေပါသည်။ ထိုပိုင်ဆိုင်မှုမှာ ၎င်း pattern ကို အောက်ခြေဘက်သို့ ဖောက်ထွက်မည်ဟု မျှော်လင့်ပြီး 26.03 အထိ ရောက်ရှိမည်ဟု ရည်မှန်းထားပါသည်။ သို့သော် Piercing Line candlestick pattern မှာ 30.12 တွင် ပေါ်ပေါက်ခဲ့ပြီး ၎င်းသည် စျေးမြင့်တက်နိုင်ချေ အလားအလာကို ညွှန်ပြနေပါသည်။
- RSI နှင့် MACD အညွှန်းကိန်းများသည် အလတ်အလတ်အနေအထားတွင် ရှိပြီး ဝယ်ယူရန် (သို့) ရောင်းချရန်အတွက် ရှင်းလင်းသောအချက်ပြမှုများကို ပြသခြင်းမရှိပါ။ VWAP and SMA20 မျဥ်းများသည် လက်ရှိစျေးနှုန်းအောက်တွင် ရှိပြီး စျေးတက်လာနိုင်မည့် ဖိအားရှိကြောင်း ပြဆိုနေပါသည်။
- အဓိကကျသော ရေရှည်မျှော်မှန်းချက်။ စျေးတန်းအပိုင်းအခြား 26.03 မှ 22.31 အတွင်း ရည်မှန်းပစ်မှတ်များဖြင့် ပင်မဝယ်လိုအားစျေးတန်း 30.12 အောက်တွင် အရောင်းကုန်သွယ်မှုများကို စဥ်းစားပါ။
- ရေရှည်အတွက် အခြားသော ခန့်မှန်းခြေအလားအလာ။ စျေးတန်းအပိုင်းအခြား 38.56 မှ 44.02 အတွင်း ရည်မှန်းပစ်မှတ်များဖြင့် ပင်မရောင်းလိုအား 34.84 အထက်တွင် အဝယ်ကုန်သွယ်မှုများကို စဥ်းစားပါ။
2025 ခုနှစ်အတွက် လေ့လာဆန်းစစ်သူများ၏ ငွေသတ္တုစျေးနှုန်း မှန်းဆချက်များ
စိစစ်သုံးသပ်ရေး အကျိုးဆောင်အများစုသည် 2025 ခုနှစ်အတွင်း XAGUSD လဲလှယ်နှုန်းအပေါ် အပြုသဘောဆောင်သော ထင်မြင်ချက်များ ရှိကြပါသည်။ ၎င်း၏ စျေးနှုန်းရွေ့လျားမှုအပေါ် အကျိုးသက်ရောက်စေသော အဓိကအချက်များမှာ လုပ်ငန်းပိုင်းဆိုင်ရာ နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိုအပ်ချက်၊ ပထဝီနိုင်ငံရေးအခြေအနေ၊ ငွေကြေးဖောင်းပွမှုနှုန်း အပါအဝင် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းတို့ ဖြစ်ကြပါသည်။ ဆန်းစစ်သူအချို့သည် တအောင်စလျှင် $30.00–$37.00 အပိုင်းအခြားအတွင်း စျေးအတက်အကျဖြစ်မည်ဟု မှန်းဆကြသော်လည်း အခြားသူများမှာ အတန်အသင့် စျေးတက်မှုများ (သို့) စျေးကျဆင်းမှုများကိုပင် ခန့်မှန်းထားကြပါသည်။
LongForecast
2025 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $31.47–$39.69(28.04.2025 အရ) ။
LongForecast ၏ အဆိုအရ ငွေသတ္တုသည် 2025 ခုနှစ်အတွင်း ကျယ်ပြန့်သော စျေးတန်းအပိုင်းအခြား $31.47–$39.69 အတွင်း ပြောင်းလဲနေပါမည်။ ထိုပိုင်ဆိုင်မှုကို နှစ်ကုန်၌ ထရွိုင်တအောင်စလျှင် $37.40 အထိသို့ တက်လာမည်ဟု မျှော်လင့်ထားကြပါသည်။
လ | အဖွင့်, $ | အနည်းဆုံး–အများဆုံး, $ | အပိတ်, $ |
မေ | 33.53 | 31.47–38.71 | 34.06 |
ဇွန် | 34.06 | 34.06–37.98 | 36.17 |
ဇူလိုင် | 36.17 | 33.81–37.37 | 35.59 |
သြဂုတ် | 35.59 | 35.59–39.69 | 37.80 |
စက်တင်ဘာ | 37.80 | 33.81–37.80 | 35.59 |
အောက်တိုဘာ | 35.59 | 32.04–35.59 | 33.73 |
နိုဝင်ဘာ | 33.73 | 33.46–36.98 | 35.22 |
ဒီဇင်ဘာ | 35.22 | 35.22–39.27 | 37.40 |
Gov Capital
2025 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $29.98–$40.86 (28.04.2025 အရ) ။
Gov Capital သည် အဆိုပါအဖိုးတန်သတ္တု၏ ပျမ်းမျှစျေးနှုန်းမှာ 2025 နှစ်လယ်၌ တအောင်စလျှင် $34.23 သို့တက်လာမည်ဟု မျှော်လင့်ထားပါသည်။ ထိုနှစ်ကုန်၌ ၎င်းပိုင်ဆိုင်မှုကို $37.14 သို့ရောက်ရှိမည်ဟု ခန့်မှန်းထားပါသည်။
ရက်စွဲ | အနည်းဆုံးဖြစ်နိုင်ခြေစျေးနှုန်း, $ | ပျမ်းမျှ, $ | အများဆုံးဖြစ်နိုင်ချေစျေးနှုန်း, $ |
01.05.2025 | 29.98 | 33.31 | 36.65 |
01.06.2025 | 30.81 | 34.23 | 37.65 |
01.07.2025 | 31.10 | 34.56 | 38.01 |
01.08.2025 | 31.20 | 34.67 | 38.13 |
01.09.2025 | 31.61 | 35.13 | 38.64 |
01.10.2025 | 31.76 | 35.29 | 38.82 |
01.11.2025 | 33.35 | 37.05 | 40.76 |
01.12.2025 | 33.43 | 37.14 | 40.86 |
CoinCodex
2025 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $28.03–$34.86 (28.04.2025 အရ) ။
CoinCodex ၏ အဆိုအရ ငွေသတ္တု၏ ပျမ်းမျှစျေးနှုန်းမှာ 2025 ခုနှစ်အတွင်း ကျယ်ပြန့်သော စျေးတန်းအပိုင်းအခြား $29.45–$33.60 အတွင်း အတက်အကျဖြစ်ပါမည်။ XAGUSD အတွဲကို စျေးကျဆင်းမည့်လမ်းကြောင်းအတွင်း အရောင်းအဝယ်ဖြစ်မည်ဟု မျှော်မှန်းထားပြီး ၎င်းသည် ထိုနှစ်ကုန်၌ အနိမ့်ဆုံးတန်ဖိုး $28.03 သို့ရောက်ရှိမည်ဟု မှန်းဆပါသည်။
လ | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
မေ | 28.04 | 30.43 | 32.36 |
ဇွန် | 29.89 | 31.80 | 33.01 |
ဇူလိုင် | 28.15 | 30.61 | 32.71 |
သြဂုတ် | 31.34 | 32.42 | 33.56 |
စက်တင်ဘာ | 31.56 | 33.60 | 34.86 |
အောက်တိုဘာ | 29.73 | 32.32 | 34.42 |
နိုဝင်ဘာ | 29.03 | 30.24 | 31.82 |
ဒီဇင်ဘာ | 28.03 | 29.45 | 31.21 |
2026 ခုနှစ်အတွက် လေ့လာဆန်းစစ်သူများ၏ ငွေသတ္တုစျေးနှုန်း မှန်းဆချက်များ
ငွေကြေးဖောင်းပွမှု၊ အတိုးနှုန်းများ၊ လုပ်ငန်းနယ်ပယ်အတွင်း ဝယ်လိုအားနှင့် ပထဝီနိုင်ငံရေးရာ စွန့်စားမှုများ အပါအဝင် အချက်ပေါင်းများစွာကြောင့် 2026 ခုနှစ်အတွက် ငွေသတ္တုစျေးနှုန်းမှန်းဆရခြင်းသည် စိန်ခေါ်မှုများပါသည်။ ဆန်းစစ်သူများ၏ ထင်မြင်ချက်များမှာ အမျိုးမျိုးကွဲပြားနေသော်လည်း အထွေထွေစီးပွားရေးဆိုင်ရာ ဖြစ်စဥ်များနှင့် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်သဘောထား အပြောင်းအလဲများကြောင့် ငွေသတ္တုတွင် မတည်ငြိမ်မှုများ ဆက်လက်ဖြစ်တည်နေမည်ဟု မျှော်လင့်ပါသည်။
LongForecast
2026 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $35.63–$44.87 (28.04.2025 အရ) ။
LongForecast သည် 2026 ခုနှစ်အတွင်း ငွေသတ္တုအတွက် စျေးတက်မည့် အလားအလားကို ဖော်ပြထားပါသည်။ ထိုနှစ်၏ ပထမနှစ်ဝက်အတွင်း ငွေသတ္တုမှာ $35.63 နှင့် $44.87 ကြားတွင် အရောင်းအဝယ်ဖြစ်နိုင်ပြီး ဇွန်လ၌ $42.73 ဖြင့် ပိတ်သိမ်းပါမည်။ ကျွမ်းကျင်ပညာရှင်များသည် ဒုတိယနှစ်ဝက်အတွင်း ဒီဇင်ဘာလကုန်၌ $39.03 သို့ စျေးနှုန်းကျဆင်းမှုကို မှန်းဆကြပါသည်။
လ | အဖွင့်, $ | အနည်းဆုံး–အများဆုံး, $ | အပိတ်, $ |
ဇန်နဝါရီ | 37.40 | 35.63–39.38 | 37.50 |
ဇွန် | 40.24 | 40.24–44.87 | 42.73 |
ဒီဇင်ဘာ | 41.61 | 37.08–41.61 | 39.03 |
WalletInvestor
2026 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $32.84–$34.87 (28.04.2025 အရ) ။
WalletInvestor ၏ အဆိုအရ ငွေသတ္တုစျေးနှုန်းသည် 2026 ခုနှစ်တွင် ကျဥ်းမြောင်းသော စျေးတန်းအပိုင်းအခြား $32.84–$34.87 အတွင်း အရောင်းအဝယ်ဖြစ်ပါမည်။ မည်သို့ပင်ဖြစ်စေ ယေဘုယျခန့်မှန်းခြေအလားအလာမှာ ဆက်လက်ကောင်းမွန်နေဆဲ ဖြစ်ပါသည်။
လ | အဖွင့်, $ | အပိတ်, $ | အနည်းဆုံး, $ | အများဆုံး, $ |
ဇန်နဝါရီ | 32.86 | 33.37 | 32.84 | 33.40 |
ဇွန် | 34.36 | 33.82 | 33.81 | 34.39 |
ဒီဇင်ဘာ | 34.85 | 34.82 | 34.67 | 34.87 |
CoinCodex
2026 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $27.41–$33.63 (28.04.2025 အရ) ။
CoinCodex သည် 2026 နှစ်လယ်၌ XAGUSD အတွဲမှာ ထရွိုင်တအောင်စလျှင် $32.12 အထိသို့ ရောက်ရှိမည်ဟု ခန့်မှန်းတွက်ချက်ထားပါသည်။ ပျမ်းမျှစျေးနှုန်းကို ထိုနှစ်ကုန်၌ $28.24 တွင် အခြေတည်သွားမည်ဟု မျှော်လင့်ကြပါသည်။
လ | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
ဇန်နဝါရီ | 28.05 | 29.47 | 30.70 |
ဇွန် | 31.28 | 32.12 | 33.63 |
ဒီဇင်ဘာ | 27.41 | 28.24 | 29.14 |
2027 ခုနှစ်အတွက် လေ့လာဆန်းစစ်သူများ၏ ငွေသတ္တုစျေးနှုန်း မှန်းဆချက်များ
စိစစ်သုံးသပ်သူများစွာသည် 2027 ခုနှစ်အတွင်း XAGUSD အတွဲ၏ စွမ်းဆောင်မှုအပေါ် ကောင်းမွန်သော ထင်မြင်ချက်ရှိပြီး ငွေသတ္တုထုတ်လုပ်မှု လျော့ကျခြင်း အပါအဝင် လုပ်ငန်းပိုင်းဆိုင်ရာ နှင့် ရင်းနှီးမြှုပ်နှံသူတို့၏ ခိုင်မာသော ဝယ်လိုအားတို့ကြောင့် တန်ဖိုးတက်လာမည်ဟု ခန့်မှန်းကြပါသည်။ ပထဝီနိုင်ငံရေးမတည်ငြိမ်မှုသည်လည်း ထိုငွေဖြူသတ္တု၏ စျေးနှုန်းကို မြှင့်တင်ပေးနိုင်ပြီး 2027 နှစ်ကုန်၌ တအောင်စလျှင် $40.00–$45.00 အထိသို့ ရောက်ရှိမည်ဟု မျှော်လင့်ထားပါသည်။
LongForecast
2027 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $36.96–$48.45 (28.04.2025 အရ) ။
LongForecast သည် 2027 ခုနှစ်အတွင်း ထိုအဖိုးတန်သတ္တုအတွက် စျေးတက်မည့်အလားအလာကို မှန်းဆထားပါသည်။ စျေးနှုန်းကို နှစ်လယ်၌ ထရွိုင်တအောင်စလျှင် $41.45 သို့ ရောက်ရှိရန်နှင့် နှစ်ကုန်၌ $46.14 သို့ ထိုးတက်ရန် တွက်ဆထားပါသည်။
လ | အဖွင့်, $ | အနည်းဆုံး–အများဆုံး, $ | အပိတ်, $ |
ဇန်နဝါရီ | 39.03 | 36.96–40.86 | 38.91 |
ဇွန် | 39.03 | 39.03–43.52 | 41.45 |
ဒီဇင်ဘာ | 43.45 | 43.45–48.45 | 46.14 |
WalletInvestor
2027 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $34.80–$37.26 (28.04.2025 အရ) ။
WalletInvestor ၏ အဆိုအရ ငွေသတ္တုစျေးနှုန်းမှာ 2027 ခုနှစ်အတွင်း $34.80 ဖြင့် ဖွင့်လှစ်မည် ဖြစ်ပြီး နှစ်လယ်ပိုင်း၌ $35.84 သို့ ရောက်ရှိပါမည်။ ထိုနှစ်၏ ဒုတိယနှစ်ဝက်အတွင်း စျေးတက်မည့်လမ်းကြောင်း အားကောင်းလာနိုင်ပြီး ဒီဇင်ဘာလကုန်၌ စျေးနှုန်းကို $36.76 အထိသို့ တွန်းပို့ပေးနိုင်ပါလိမ့်မည်။
လ | အဖွင့်, $ | အပိတ်, $ | အနည်းဆုံး, $ | အများဆုံး, $ |
ဇန်နဝါရီ | 34.80 | 35.34 | 34.80 | 35.38 |
ဇွန် | 36.35 | 35.84 | 35.81 | 36.38 |
ဒီဇင်ဘာ | 36.86 | 36.76 | 36.66 | 36.86 |
CoinCodex
2027 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $27.58–$36.71 (28.04.2025 အရ) ။
CoinCodex သည် 2027 ၏ ပထမနှစ်ဝက်တွင် ထိုပိုင်ဆိုင်မှုကို တိုးမြင့်မည်ဟု ခန့်မှန်းကြပါသည်။ ဆန်းစစ်သုံးသပ်သူများ၏ အဆိုအရ စျေးနှုန်းမှာ $27.58 နှင့် $36.71 အကြား အတက်အကျဖြစ်နိုင်ပြီး ဇွန်လကုန်၌ ထရွိုင်တအောင်စလျှင် ပျမ်းမျှတန်ဖိုး $34.31 ရှိပါမည်။ ထိုနှစ်၏ ဒုတိယမြောက် ခြောက်လပတ်အတွင်း စျေးလမ်းကြောင်း ဆန့်ကျင်ဘက်သို့ ပြောင်းလဲနိုင်ပြီး ပျမ်းမျှစျေးနှုန်းမှာ $32.74 ဝန်းကျင်သို့ နိမ့်ဆင်းသွားပါမည်။
လ | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
ဇန်နဝါရီ | 27.58 | 28.09 | 29.00 |
ဇွန် | 31.86 | 34.31 | 36.71 |
ဒီဇင်ဘာ | 31.43 | 32.74 | 34.32 |
2028 ခုနှစ်အတွက် လေ့လာဆန်းစစ်သူများ၏ ငွေသတ္တုစျေးနှုန်း မှန်းဆချက်များ
2028 ခုနှစ်အတွင်း XAGUSD အတွဲအတွက် ကြိုတင်ခန့်မှန်းချက်များမှာ အမျိုးမျိုးရောထွေးနေပါသည်။ သို့သော် ကျွမ်းကျင်ပညာရှင်အများစုသည် ငွေသတ္တုရှားပါးပြတ်လပ်မှုများ အပါအဝင် လုပ်ငန်းပိုင်းဆိုင်ရာ နှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် ဝယ်လိုအားမြင့်မားခြင်းကြောင့် စျေးတက်မည့်လမ်းကြောင်းကို မှန်းဆထားပါသည်။ ထိုရှယ်ယာကို တအောင်စလျှင် $35.00 မှ $50.00 အတွင်း တည်ရှိမည်ဟု ခန့်မှန်းပြီး အကယ်၍ စီးပွားရေးအခြေအနေ ကောင်းမွန်ပါက ဖြစ်နိုင်ချေအားဖြင့် ထိုစျေးအပိုင်းအခြားထက် မြင့်တက်လာမည်ဟု တွက်ဆထားပါသည်။
LongForecast
2028 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $34.85–$46.14 (28.04.2025 အရ) ။
LongForecast သည် 2028 ခုနှစ်အတွင်း ထိုအဖိုးတန်သတ္တုအတွက် ဆိုးရွားသော အရှိန်အဟုန်ကို ကြိုတင်မျှော်မှန်းထားပါသည်။ စျေးနှုန်းကို နှစ်လယ်ပိုင်း၌ $35.07–$38.77 အပိုင်းအခြားအတွင်း အရောင်းအဝယ်ဖြစ်၍ ဇွန်လ၌ $36.92 ဖြင့် ပိတ်သိမ်းမည်ဟု မျှော်လင့်ပါသည်။ ထိုနှစ်၏ ဒုတိယနှစ်ဝက်အတွင်း အဆိုပါအတွဲကို $36.68 တွင် တည်ငြိမ်သွားမည်ဟု မှန်းဆထားပါသည်။
လ | အဖွင့်, $ | အနည်းဆုံး–အများဆုံး, $ | အပိတ်, $ |
ဇန်နဝါရီ | 46.14 | 41.12–46.14 | 43.28 |
ဇွန် | 36.23 | 35.07–38.77 | 36.92 |
ဒီဇင်ဘာ | 39.04 | 34.85–39.04 | 36.68 |
WalletInvestor
2028 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $36.86–$38.84 (28.04.2025 အရ) ။
WalletInvestor သည် 2028 ခုနှစ်အတွင်း ငွေသတ္တုအတွက် ကောင်းမွန်သော အရှိန်အဟုန်ကို ကြိုတင်မှန်းဆထားပါသည်။ ထိုအဖိုးတန်သတ္တုကို ပထမနှစ်ဝက်အတွင်း ထရွိုင်တအောင်စလျှင် $37.78 အထိသို့ စျေးခုန်တက်လာ၍ နှစ်ကုန်၌ $38.73 အထိသို့ တိုးပွားလာရန် မျှော်လင့်ပါသည်။
လ | အဖွင့်, $ | အပိတ်, $ | အနည်းဆုံး, $ | အများဆုံး, $ |
ဇန်နဝါရီ | 36.86 | 37.39 | 36.86 | 37.39 |
ဇွန် | 38.36 | 37.78 | 37.78 | 38.36 |
ဒီဇင်ဘာ | 38.81 | 38.73 | 38.65 | 38.84 |
CoinCodex
2028 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $31.40–$35.37 (28.04.2025 အရ) ။
CoinCodex သည် ငွေသတ္တုစျေးနှုန်းကို 2028 ၏ပထမနှစ်ဝက်၌ တအောင်စလျှင် $33.00 အထက်တွင် တည်တံ့နေမည်ဟု ခန့်မှန်းပါသည်။ ထိုနှစ်လယ်တွင် ကျဥ်းမြောင်းသော စျေးတန်းအပိုင်းအခြား $32.87–$35.37 အတွင်း အရောင်းအဝယ်ဖြစ်နိုင်ပါသည်။ ထိုနှစ်ကုန်၌ ပျမ်းမျှစျေးနှုန်းမှာ $32.45 ဝန်းကျင်သို့ နိမ့်ဆင်းနိုင်ပါသည်။
လ | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
ဇန်နဝါရီ | 31.81 | 33.53 | 34.38 |
ဇွန် | 32.87 | 33.92 | 35.37 |
ဒီဇင်ဘာ | 31.40 | 32.45 | 33.93 |
2029 ခုနှစ်အတွက် လေ့လာဆန်းစစ်သူများ၏ ငွေသတ္တုစျေးနှုန်း မှန်းဆချက်များ
ကမ္ဘာ့စိစစ်သုံးသပ်ရေး ကိုယ်စားလှယ်အများစုသည် 2029 ခုနှစ်အတွင်း ငွေသတ္တုအတွက် စျေးတက်မည့်လမ်းကြောင်းကို မှန်းဆထားပါသည်။ ဆန်းစစ်ချက်တွင် ပိုမိုအားကောင်းသော လုပ်ငန်းနယ်ပယ်ဆိုင်ရာ ဝယ်လိုအားနှင့် ငွေကြေးဖောင်းပွမှု အန္တရာယ်များကြောင့် အတန်အသင့်တိုးမြင့်မှုများကို ပြသပါသည်။ သို့သော် စျေးကွက်မတည်ငြိမ်မှုနှင့် ပထဝီနိုင်ငံရေးရာ အကြောင်းရင်းများသည် အဆိုပါစျေးလမ်းကြောင်းအပေါ် ထိခိုက်စေနိုင်ပါသည်။ စျေးနှုန်းကို တအောင်စလျှင် $45.00 နှင့် $55.00 ကြားတွင် တည်ရှိမည်ဟု မျှော်လင့်ပါသည်။
Gov Capital
2029 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $60.60–$90.40 (28.04.2025 အရ) ။
Gov Capital ၏ အဆိုအရ 2029 ခုနှစ်အစောပိုင်း၌ ထရွိုင်တအောင်စလျှင် ပျမ်းမျှစျေးနှုန်း $67.33 ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ပါမည်။ နှစ်လယ်ပိုင်း၌ အဆိုပါအဖိုးတန်သတ္တုသည် $75.06 သို့တဟုန်ထိုးတက်လာနိုင်ပြီး နှစ်ကုန်တွင် $82.18 အထိသို့ ရောက်ရှိပါမည်။
ရက်စွဲ | အနည်းဆုံးဖြစ်နိုင်ချေစျေးနှုန်း, $ | ပျမ်းမျှ , $ | အများဆုံးဖြစ်နိုင်ချေစျေးနှုန်း, $ |
01.01.2029 | 60.60 | 67.33 | 74.06 |
01.06.2029 | 67.55 | 75.06 | 82.56 |
01.12.2029 | 73.96 | 82.18 | 90.40 |
WalletInvestor
2029 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $38.82–$40.84 (28.04.2025 အရ) ။
WalletInvestor သည် 2029 ခုနှစ်အတွင်း စျေးပြန်တက်မည့် အနေအထား ဆက်လက်ဖြစ်ပေါ်နေမည်ဟု ခန့်မှန်းကြပါသည်။ ငွေသတ္တုသည် နှစ်လယ်ပိုင်း၌ ထရွိုင်တအောင်စလျှင် $40.35 သို့တက်လာနိုင်ပါသည်။ ထိုနှစ်ကုန်တွင် အဆိုပါပိုင်ဆိုင်မှုမှာ $40.78 ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နိုင်ပါသည်။
လ | အဖွင့်, $ | အပိတ်, $ | အနည်းဆုံး, $ | အများဆုံး, $ |
ဇန်နဝါရီ | 38.82 | 39.41 | 38.82 | 39.41 |
ဇွန် | 40.31 | 39.77 | 39.77 | 40.35 |
ဒီဇင်ဘာ | 40.82 | 40.78 | 40.64 | 40.84 |
CoinCodex
2029 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $28.30–$35.16 (28.04.2025 အရ) ။
CoinCodex သည် 2029 ခုနှစ်အတွင်း ငွေသတ္တုအတွက် စိတ်ပျက်ဖွယ်ကောင်းသော အလားအလာကို ဖော်ပြထားပါသည်။ ထိုနှစ်အစတွင် ပျမ်းမျှစျေးနှုန်းမှာ $34.33 သို့ရောက်ရှိနိုင်ပြီး ဇွန်လ၌ $32.99 အထိသို့ နိမ့်ကျသွားနိုင်ပါသည်။ စျေးကျမည့် လမ်းကြောင်းမှာ ထိုနှစ်၏ ဒုတိယနှစ်ဝက်အတွင်း ပြင်းထန်လာနိုင်ချေရှိပြီး ဒီဇင်ဘာလ၌ စျေးနှုန်းမှာ $29.41 အထိသို့ ထိုးဆင်းသွားနိုင်ပါသည်။
လ | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
ဇန်နဝါရီ | 33.81 | 34.33 | 35.16 |
ဇွန် | 31.96 | 32.99 | 34.37 |
ဒီဇင်ဘာ | 28.30 | 29.41 | 30.91 |
2030 ခုနှစ်အတွက် လေ့လာဆန်းစစ်သူများ၏ ငွေသတ္တုစျေးနှုန်း မှန်းဆချက်များ
စိစစ်လေ့လာသူများသည် 2030 ခုနှစ်အတွင်း XAGUSD အတွဲအတွက် ကောင်းမွန်သော ခန့်မှန်းခြေအလားအလာများ ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ကြပါသည်။ ငွေသတ္တုအတွက် စက်မှုလုပ်ငန်း၏ ဝယ်လိုအားကြီးမားမှု နှင့် ကန်ဒေါ်လာ၏ အားပျော့လာနိုင်ချေတို့ကြောင့် XAGUSD စျေးနှုန်းသည် 2030 ခုနှစ်၌ တန်ဖိုးတက်လာနိုင်ပါသည်။ သို့သော် ကိန်းဂဏန်းအတိအကျမှာ သေချာရေရာမှုမရှိသေးပေ။
Gov Capital
2030 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $76.02–$95.57 (28.04.2025 အရ) ။
Gov Capital ၏ အဆိုအရ ငွေသတ္တု၏ ပျမ်းမျှစျေးနှုန်းမှာ 2030 ခုနှစ်အစောပိုင်း၌ $84.50 ဝန်းကျင်တွင် တည်ရှိနေမည် ဖြစ်ပြီး ဧပြီလတွင် $86.88 အထိသို့ တက်လာပါမည်။
ရက်စွဲ | အနည်းဆုံးဖြစ်နိုင်ချေစျေးနှုန်း, $ | ပျမ်းမျှ , $ | အများဆုံးဖြစ်နိုင်ချေစျေးနှုန်း, $ |
01.01.2030 | 76.05 | 84.50 | 92.95 |
01.02.2030 | 76.02 | 84.47 | 92.92 |
01.03.2030 | 76.54 | 85.04 | 93.55 |
01.04.2030 | 78.19 | 86.88 | 95.57 |
WalletInvestor
2030 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $40.81–$42.74 (28.04.2025 အရ) ။
WalletInvestor သည် 2030 ခုနှစ်အစောပိုင်း၌ စျေးနှုန်းကို ထရွိုင်တအောင်စလျှင် $40.81 သို့ တိုးတက်လာမည်ဟု မျှော်လင့်ထားပါသည်။ ဧပြီလတွင် ထိုကုန်သွယ်ရေးပိုင်ဆိုင်မှုသည် $42.68 အထိသို့ တိုးမြင့်နိုင်ပါသည်။
လ | အဖွင့်, $ | အပိတ်, $ | အနည်းဆုံး, $ | အများဆုံး, $ |
ဇန်နဝါရီ | 40.81 | 41.40 | 40.81 | 41.40 |
ဖေဖေါ်ဝါရီ | 41.37 | 42.06 | 41.37 | 42.06 |
မတ် | 42.04 | 42.33 | 42.04 | 42.36 |
ဧပြီ | 42.41 | 42.68 | 42.41 | 42.74 |
CoinCodex
2030 ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $29.09–$36.16 (28.04.2025 အရ) ။
CoinCodex ၏အဆိုအရ ထိုပိုင်ဆိုင်မှုသည် 2030 ခုနှစ်အတွင်း ကောင်းမွန်သော အရှိန်အဟုန်ကို ထိန်းသိမ်းထားမည် ဖြစ်ပြီး စျေးနှုန်းမှာ တအောင်စလျှင် $30.00 အထက်တွင် တည်ရှိနိုင်ပါသည်။ ဆန်းစစ်သူများသည် အနိမ့်ဆုံးစျေးနှုန်း $29.09 နှင့် အမြင့်ဆုံးတန်ဖိုး $36.16 အသီးသီးသို့ ရောက်ရှိရန် မှန်းဆကြပါသည်။
လ | အနည်းဆုံး, $ | ပျမ်းမျှ, $ | အများဆုံး, $ |
ဇန်နဝါရီ | 30.46 | 31.18 | 32.21 |
ဇွန် | 29.09 | 30.01 | 30.92 |
ဒီဇင်ဘာ | 33.08 | 34.29 | 36.16 |
2050 ခုနှစ်အထိ လေ့လာဆန်းစစ်သူများ၏ ငွေသတ္တုစျေးနှုန်း မှန်းဆချက်များ
နည်းပညာပိုင်းဆိုင်ရာ အဆင့်မီတိုးတက်မှုများ၊ ပထဝီနိုင်ငံရေး အပြောင်းအလဲများနှင့် စီးပွားရေးဆိုင်ရာ အခြေအနေ အကူးအပြောင်းများ အပါအဝင် မှန်းဆမရနိုင်သော အကြောင်းအရာများစွာကြောင့် 2040–2050 ခုနှစ်အတွက် ငွေသတ္တုစျေးနှုန်းများ ခန့်မှန်းရန် ခက်ခဲပါသည်။ မည်သို့ပင်ဖြစ်စေ ဤခန့်မှန်းချက်များသည် အနာဂတ်စျေးနှုန်း ရွေ့လျားမှုများနှင့် ဖြစ်ပေါ်လာမည့် စျေးကွက်အနေအထားများကို ဆုံဖြတ်ပေးနိုင်သောကြောင့် ရေရှည်ကုန်သွယ်ဗျူဟာအတွက် မရှိမဖြစ်အရေးပါသည်။
CoinPriceForecast ၏ အဆိုအရ ငွေသတ္တုစျေးနှုန်းမှာ 2031 နှစ်ကုန်တွင် $90.10 သို့ ရောက်ရှိနိုင်ပါသည်။ 2032 နှင့် 2035 ခုနှစ်ကြားတွင် စျေးပြန်တက်မည့်အနေအထား ဆက်လက်ဖြစ်ပေါ်မည်ဟု မျှော်လင့်ထားပြီး စျေးနှုန်း $125.54 အထိသို့ တွန်ပို့ပေးနိုင်ပါမည်။ 2036 နှစ်ကုန်၌ အဆိုပါပိုင်ဆိုင်မှုမှာ $131.01 အထိ တဟုန်ထိုးတိုးမြင့်နိုင်ပါသည်။
BeatMarket ၏ ကြိုတင်ခန့်မှန်းချက်အရ ထိုအဖိုးတန်သတ္တု၏ စျေးနှုန်းသည် 2040 ခုနှစ်၌ $75.00 အထိ ရောက်ရှိနိုင်ပါသည်။ 2050 ခုနှစ်တွင် ငွေသတ္တုတန်ဖိုးသည် $100.00 ကို ကျော်လွန်သွားနိုင်ပါသည်။
ခုနှစ် | CoinPriceForecast, $ | BeatMarket, $ |
2031 | 90.10 | 60.00 |
2035 | 125.54 | – |
2040 | – | 75.00 |
2050 | – | 100.00 |
ပထဝီနိုင်ငံရေးစွန့်စားမှုများ၊ ငွေကြေးဖောင်းပွမှု၊ နည်းပညာဆိုင်ရာ တိုးတက်မှု နှင့် သုံးစွဲသူဝယ်လိုအား အပြောင်းအလဲများ အပါအဝင် မျှော်မှန်းမရနိုင်သော အကြောင်းအရင်းများကြောင့် 2040ခုနှစ် မှ 2050 ခုနှစ်အထိ XAGUSD စျေးနှုန်းခန့်မှန်းခြင်းသည် လွန်စွာရှုပ်ထွေးနက်နဲပါသည်။ လက်ရှိလမ်းကြောင်းများနှင့် ဖြစ်နိုင်ချေအလားအလာများကို ထည့်သွင်းချိန်ဆပါက ငွေသတ္တုသည် သိသာသော စျေးအတက်အကျများကို ကြုံကြိုက်ရနိုင်ချေ ရှိပါသည်။ သို့သော် ထိုပိုင်ဆိုင်မှုသည် ရေရှည်ကာလတွင် ပုံမှန်တိုးပွားမှုကို ပြသနိုင်ပါလိမ့်မည်။
ဆိုရှယ်မီဒီယာပေါ်ရှိ XAGUSD (Silver) အတွက် စျေးကွက်သဘောထား
မီဒီယာသဘောထားဆိုသည်မှာ မီဒီယာပေါ်တွင် ထုတ်ဖော်ပြောကြေားသော ပြည်သူလူထု၏ ထင်မြင်ချက်ကို ကိုယ်စားပြုပါသည်။ ငွေသတ္တုအပေါ် အပြုသဘောဆောင် သတင်းများသည် ဝယ်လိုအားနှင့် စျေးနှုန်းကို ပိုမိုမြင့်မားစေရန် မြှင့်တင်ပေးလေ့ရှိပါသည်၊ သို့သော် အဆိုးဘက်ဆောင်သော သတင်းများသည် ၎င်းတို့ကို ကျဆင်းမှု ဖြစ်စေပါသည်။ သို့ဖြစ်၍ မီဒီယာသဘောထားအပေါ် စိစစ်သုံးသပ်ခြင်းသည် စျေးနှုန်းအတက်အကျများကို ခန့်မှန်းရာတွင် အထောက်အကူဖြစ်စေပါသည်။
X (ယခင် Twitter) လူမှု့ကွန်ယက်အား အသုံးပြုသူတစ်ဦး @Economic_Office သည် ပင်မစျေးတန်း $32.09 အောက်သို့ နိမ့်ဆင်းသွားခြင်းသည် ကျဆင်းမည့် ရွေ့လျားမှုကို အစပျိုးဖြစ်ပေါ်စေနိုင်ကြောင်း အကြံပြုထားပါသည်။ စျေးယာယီကျဆင်းမှုလှိုင်း အဆုံးသတ်သွားသည်နှင့်တပြိုင်နက် စျေးနှုန်းကို $26.00 အနီးတွင် ဆန့်ကျင်ဘက်သို့ ပြောင်းလဲမည်ဟု မျှော်လင့်ထားပါသည်။ ထိုကျွမ်းကျင်ပညာရှင်သည် အဆိုပါစျေးတန်းမှာ XAGUSD အတွဲအတွက် နောက်ထပ်စျေးတက်မည့်ဖြစ်စဥ်၏ အစအဖြစ် အမှတ်အသားပြုမည် ဖြစ်ကြောင်း ယုံကြည်ထားပါသည်။
အသုံးပြုသူ @iGlobalGold သည် အကျဘက်သို့ ဖောက်ထွက်မှုအတုအယောင် ပေါ်ပေါက်ခဲ့ပြီး ယခုအခါတွင် ထိုငွေသတ္တု၏ စျေးနှုန်းမှာ ပင်မအတက်လမ်းကြောင်းအတွင်း တည်ငြိမ်ရန် ကြိုးပမ်းနေကြောင်း ဆင်ခြင်သုံးသပ်ပြပါသည်။ သို့ဖြစ်၍ အဆိုပါပိုင်ဆိုင်မှုသည် လာမည့်လများအတွင်း $35.00 (သို့) ထိုထက်ပိုမိုမြင့်မားသော တန်ဖိုးအထိသို့ တက်လာနိုင်ပါသည်။
တစ်သီးပုဂ္ဂလဆန်းစစ်သူ @KapitalesPage သည် ထိုငွေသတ္တု၏ စျေးနှုန်းမှာ ပင်မဝယ်လိုအားစျေးတန်း $32.40 အထက်တွင် ရှိနေကြောင်း မှတ်ချက်ပြုထားပါသည်။ အဆိုပါကျွမ်းကျင်သူသည် ၎င်းကုန်သွယ်ရေးပိုင်ဆိုင်မှုမှာ $35.20 စျေးတန်းကို ဖောက်ကျော်သွားပါက တန်ဖိုးတိုးမြင့်လာမည် ဖြစ်ကြောင်း မှန်းဆထားပါသည်။
X ပေါ်ရှိ ပို့စ်များအား ဆန်းစစ်သုံးသပ်ချက်သည် XAGUSD အတွက် အနာဂတ်စျေးနှုန်း ရွေ့လျားမှုများအပေါ် ကွဲပြားခြားနားသော အကဲဖြတ်မှုများကို ထုတ်ဖော်ပြသလျက် ရှိပါသည်။ မည်သို့ပင်ဖြစ်စေ ကြိုတင်ခန့်မှန်းချက်များစုသည် အပြုသဘောဆောင် ကောင်းမွန်နေပါသည်။
XAGUSD ၏ စျေးနှုန်းသမိုင်းမှတ်တမ်း
ငွေသတ္တုသည် ၂၉.၀၁.၂၀၂၆ တွင် ၎င်း၏ စံချိန်တင်အမြင့်ဆုံးတန်ဖိုး $121.636 သို့ ရောက်ရှိခဲ့ပါသည်။ ငွေသတ္တု၏ အနိမ့်ဆုံးစျေးနှုန်းကို ၂၂.၀၂.၁၉၉၁ တွင် မှတ်တမ်းတင်ခဲ့ပြီး $3.53 သို့ ရောက်ရှိခဲ့ပါသည်။
ငွေသတ္တု၏ စျေးနှုန်းသည် အထွေထွေစီးပွားရေးရာ အကြောင်းတရားများ၊ ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုများနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဝယ်လိုအားတို့ကြောင့် ပြင်းထန်သော စျေးအတက်အကျများကို ပြသလျက် ရှိပါသည်။
2020 ခုနှစ်၌ COVID-19 ကပ်ရောဂါကာလအတွင်း ငွေသတ္တုမှာ ရုတ်တရက် အကျဘက်သို့ ပြောင်းလဲမှုကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ထိုနောက်ပိုင်းတွင် လုံခြုံစိတ်ချရသော ပိုင်ဆိုင်မှုတစ်ခုအဖြစ် ၎င်း၏ ရပ်တည်ချက်နှင့် စီးပွားရေးပြန်လည်ဦးမော့လာရန် မျှော်မှန်းချက်များကြောင့် လျင်မြန်စွာ စျေးပြန်တက်လာခဲ့ပါသည်။ 2021 ခုနှစ်ကို ငွေကြေးဖောင်းပွမှုအတွက် စိုးရိမ်ပူပန်မှုများရှိသော်လည်း စျေးနှုန်းတည်ငြိမ်မှုဖြင့် အမှတ်အသားပြုနိုင်ခဲ့ပါသည်။ 2022 မှ 2023 ခုနှစ်အတွင်း ငွေကြေးဆိုင်ရာမူဝါဒ တင်းကြပ်ခြင်းနှင့် အမေရိကန်ဒေါ်လာ၏ အားကောင်းခိုင်မာလာခြင်းတို့ကြောင့် စျေးမတည်ငြိမ်မှုများ တိုးများလာခဲ့ပါသည်။ 2025 ခုနှစ် ဧပြီလတွင် အထူးသဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ အစိမ်းရောင်နည်းပညာ ကဏ္ဍတွင် စက်မှုလုပ်ငန်းပိုင်းဆိုင်ရာ ဝယ်လိုအားကြောင့် ငွေသတ္တုမှာ အတန်အသင့်တိုးပွားမှုကို ပြသလျက် ရှိပါသည်။
ငွေသတ္တုကို အခြေခံတကျခွဲဖြာဆန်းစစ်ခြင်း
ငွေသတ္တု (XAG/USD) ၏ တန်ဖိုးအပေါ် အကျိုးသက်ရောက်စေသော အခြေခံအချက်များကို စိစစ်သုံးသပ်ရန် ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် လွန်စွာအရေးကြီးပါသည်။ အောက်ပါတို့မှာ ကုန်သွယ်ရေးဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ထည့်သွင်းစဥ်းစားရမည့် အရေးအကြီးဆုံး အခြေခံအချက်များနက် အချို့ဖြစ်ပါသည်။
မည်သည့်အချက်များသည် XAGUSD စျေးနှုန်းအပေါ် အကျိုးသက်ရောက်မှု ဖြစ်စေပါသနည်း။
- စက်မှုလုပ်ငန်းပိုင်းဆိုင်ရာ ဝယ်လိုအား။ လျှပ်စစ်ကားများအတွက် ဆီမီးလျှပ်ကူးပစ္စည်း ထုတ်လုပ်မှု၊ ဆိုလာစွမ်းအင် ၊ ဆေးပညာ၊ စားသောက်ကုန်လုပ်ငန်း၊ လက်ဝတ်ရတနာ ဖန်တီးခြင်း အပါအဝင် နယ်ပယ်အမျိုးမျိုးတွင် ငွေသတ္တုကို စဥ်ဆက်မပြတ် အသုံးပြုလျက် ရှိပါသည်။ ၎င်း၏ အသုံးပြုပုံ ပြောင်းလဲခြင်းသည် XAG ၏ တန်ဖိုးအပေါ် သိသိသာသာ ထိခိုက်စေနိုင်ပါသည်။
- ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ဝယ်လိုအား။ ထိုအဖိုးတန်သတ္တုကို ရင်းနှီးမြှုပ်နှံမှုပစ္စည်းတစ်ခုအဖြစ် မှတ်ယူပါသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝယ်လိုအား အတိုင်းအတာကို စောင့်ကြည့်လေ့လာရန် အရေးကြီးပါသည်။ စည်းမျဥ်းတစ်ခုအနေဖြင့် ငွေသတ္တု ETFs (သို့) ရုပ်ပိုင်းဆိုင်ရာ ငွေသတ္တုအတုံးအခဲများတွင် ရင်းနှီးမြှုပ်နှံထားသူများ မည်မျှရှိကြောင်း သိမြင်နားလည်ခြင်းဖြင့် ထိုကိစ္စကို ဆောင်ရွက်နိုင်ပါသည်။
- အထွေထွေစီးပွားရေးဆိုင်ရာ အညွှန်းကိန်းများ။ တရုတ်နှင့် အမေရိကန် ကဲ့သို့သော အဓိကစီးပွားရေးနိုင်ငံများ၏ အခြေအနေသည် ငွေသတ္တု၏ ဝယ်လိုအားကို အကျိုးသက်ရောက်စေပါသည်။ အလုပ်လက်မဲ့နှုန်းများ၊ GDP၊ ကုန်ထုတ်လုပ်ရေးဆိုင်ရာ ဒေတာများ နှင့် ငွေကြေးဖောင်းပွမှုတို့သည် ငွေသတ္တု၏ စျေးနှုန်းအပေါ် ဖိအားများစွာ သက်ရောက်စေနိုင်ပါသည်။
- ပထဝီနိုင်ငံရေးဆိုင်ရာ အကြောင်းအရာများ။ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများ၊ စီးပွားရေးမတည်ငြိမ်မှု နှင့် အကြပ်အတည်းကာလများသည် ငွေသတ္တုအတွက် ဝယ်လိုအားကို မြှင့်တင်ပေးနိုင်ပါသည် (သို့) ဆုတ်ယုတ်လျေ့ာနည်းသွားစေနိုင်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများတွင် ငွေသတ္တုစျေးနှုန်းများမှာ သိသာပေါ်လွင်သော မတည်ငြိမ်မှုများကို ကြုံတွေ့ရနိုင်ပါသည်။
- ရွှေစျေးနှုန်း။ ပုံမှန်အားဖြင့် အဆိုပါသတ္တုနှစ်မျိုးကြားတွင် ဆက်နွယ်မှုရှိပါသည်။ ရွှေပြီးလျှင် ငွေသတ္တုသည် ဒုတိယမြောက် လူကြိုက်အများဆုံးသတ္တု ဖြစ်သောကြောင့် ငွေသတ္တု၏ စျေးနှုန်းအပြောင်းအလဲများသည်လည်း XAG ၏ တန်ဖိုးကို သက်ရောက်မှုဖြစ်စေနိုင်ပါသည်။
- ကန်ဒေါ်လာလဲလှယ်နှုန်း။ အခြားကုန်စည်များစွာကဲ့သို့ ငွေသတ္တုကို ကန်ဒေါ်လာဖြင့် ကိုးကားဖော်ပြလေ့ ရှိပါသည်။ အမေရိကန်ငွေကြေး တန်ဖိုးကျဆင်းလာခြင်းသည် ငွေသတ္တုတန်ဖိုးကို မြင့်တက်လာစေနိုင်ပါသည်။ ဆန့်ကျင်ဘက်အားဖြင့် USD အားကောင်းခိုင်မာလာပါက ငွေသတ္တုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုစျေးကြီးလာနိုင်ပါသည်။ သို့သော် ဤအခြေအနေသည် ဝယ်လိုအားနှင့် ပိုင်ဆိုင်မှု၏ စျေးနှုန်းအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်ပါသည်။
- ငွေကြေးဆိုင်ရာ မူဝါဒ။ ဗဟိုဘဏ်များမှ ငွေကြေးဖောင်းပွမှု လျော့ချရေး လှုံဆော်ဆောင်ရွက်ချက် (သို့) မူဝါဒဆိုင်ရာ တင်းကြပ်မှု နှင့် အတိုးနှုန်းအပြောင်းအလဲများသည် အဆိုပါအဖိုးတန်သတ္တု၏ တန်ဖိုးကို သိသိသာသာ သက်ရောက်မှုဖြစ်စေနိုင်ပါသည်။ ယေဘုယျအားဖြင့် အတိုးနှုန်းနိမ့်ချခြင်းသည် ငွေသတ္တုစျေးနှုန်းများကို ပိုမိုမြင့်မားလာစေပါသည်။
- သဘာဝပတ်ဝန်းကျင်နှင့် လှုမှု့ဝန်းကျင်ဆိုင်ရာ အကြောင်းတရားများ။ စဥ်ဆက်မပြတ် ထုတ်လုပ်မှု အပါအဝင် သဘာဝပတ်ဝန်းကျင်နှင့် သတ္တုတူးဖော်ရေးကိစ္စရပ်များတွင် စည်းမျဥ်းဆိုင်ရာ အပြောင်းအလဲများသည် စျေးကွက်အတွင်းရှိ သတ္တုထုတ်လုပ်ရောင်းချမှုကို အကျိုးသက်ရောက်စေနိုင်ပါသည်။ ရလဒ်အားဖြင့် ၎င်းသည် ငွေသတ္တုစျေးနှုန်းကို ထိခိုက်စေနိုင်ပါသည်။
XAGUSD စျေးနှုန်းကို သုံးသပ်ခန့်မှန်းသည့်အခါ အထက်တွင် ဖော်ပြထားခဲ့သော အချက်များနှင့်အတူ နည်းပညာဆိုင်ရာ ဆန်းစစ်ချက်ကို တွဲစပ်၍ ထည့်သွင်းချိန်ဆရန် အရေးကြီးပါသည်။ ထိုသို့ဖြင့် သင်သည် ငွေသတ္တုစျေးကွက်ကို နှံ့စပ်စွာ အကဲဖြတ်နိုင်စေပြီး ပိုမိုပြည့်စုံကြွယ်ဝသော ကုန်သွယ်ရေးဆုံးဖြတ်ချက်များကို ချမှတ်နိုင်ပါလိမ့်မည်။
ငွေသတ္တုနှင့် ပတ်သက်၍ သိသင့်သိထိုက်သော အကြောင်းအရာများ
ငွေသတ္တုနှင့် ရွှေသည် စီးပွားရေးမတည်ငြိမ်စဥ်ကာလများအတွင်း ယုံကြည်စိတ်ချအပ်သော တန်ဖိုးသိုလှောင်ရေး ပိုင်ဆိုင်မှုတစ်ခုအဖြစ် သမိုင်းတလျှောက်တွင် မှတ်ယူခဲ့ကြပါသည်။ စီးပွားရေးကြပ်တည်းချိန်များတွင် ရင်းနှီးမြှုပ်နှံသူများသည် ငွေသတ္တုထက်စာလျှင် ပိုမိုစိတ်ချရသော ပိုင်ဆိုင်မှုတစ်ခုအဖြစ် ရွှေဆီသို့ ခြေဦးလှည့်လေ့ရှိပါသည်။ ဤသည်မှာ အဆိုပါကာလများအတွင်း ရွှေ/ငွေသတ္တုအချိုး မြင့်တက်လာရခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းဖြစ်ပါသည်။ ထို့ပြင် ထုတ်လုပ်မှုလျော့ကျခြင်း နှင့် စီးပွားရေးအရှုပ်အထွေးများအတွင်း ဝယ်လိုအားနည်းပါးခြင်းကြောင့် ငွေသတ္တုစျေးနှုန်း ကျဆင်းလေ့ရှိပါသည်။
သို့သော် ငွေသတ္တုသည် အထူးသဖြင့် ရင်းနှီးမြှုပ်နှံရေး လုပ်ငန်းစဥ် ခွဲဖြာဆောင်ရွက်ရာတွင် တမူထူခြားသော အကျိုးကျေးဇူများကို ပေးစွမ်းပါသည်။ ဆိုလာစွမ်းအင်၊ လျှပ်စစ်ကားများနှင့် အခြားပစ္စည်းများ ကဲ့သို့သော ငွေသတ္တုအား အသုံးပြုသည့် စက်မှုလုပ်ငန်းကဏ္ဍများ ပြန်လည်ကောင်းမွန်လာချိန်၌ အမြတ်အစွန်းရရှိနိုင်ချေ အလားအလာများတွင် စွန့်စားမှုကို လက်ခံနိုင်သော ရင်းနှီးမြှုပ်နှံသူများအတွက် ၎င်း၏ မြင့်မားသော စျေးမတည်ငြိမ်မှုသည် အကျိုးကျေးဇူးဖြစ်ထွန်းနိုင်ပါသည်။
ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းစဥ် ခွဲဖြာဖြန့်ကျက်ရန် ရှာဖွေနေသူများအတွက် ငွေသတ္တုသည် အလားအလာကောင်းသော ရွေးချယ်စရာတစ်ခုအဖြစ် ကိုယ်စားပြုပါသည်။ ငွေကြေးစျေးကွက်အတွင်း တိုးပွားမှုအလားအလာ လျော့ကျနေချိန်တွင် စတော့ရှယ်ယာ အပါအဝင် ချေးငွေစျေးကွက်များနှင့် ငွေသတ္တုတို့အကြား ဆက်နွယ်မှုနည်းပါးခြင်းသည် ၎င်းကို စွဲမက်ဖွယ်ကောင်းသော ပိုင်ဆိုင်မှုတစ်ခု ဖြစ်လာစေပါသည်။
သတ္တုတူးဖော်ရေး ကုမ္ပဏီများ၏ ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ငွေသတ္တုအတွင်း အရင်းအနှီးထည့်သွင်းသည့် ထိရောက်သော နည်းလမ်းတစ်မျိုး ဖြစ်နိုင်ပါသည်။ သတ္တုတူးဖော်ရေး ကုမ္ပဏီများသည် အမြတ်ဝေစုများ ထုတ်ပေးပြီး ငွေသတ္တုစျေးနှုန်း ပိုမိုမြင့်မားလာသည်နှင့်အမျှ တိုးပွားနိုင်ချေ အလားအလာလည်း ရှိပါသည်။ ထို့ပြင် ဤကုမ္ပဏီများသည် အခြားလုပ်ငန်းကဏ္ဍများထက် စီးပွားရေးအတက်အကျများကြောင့် အန္တရာယ်ကျရောက်မှု နည်းပါးနိုင်ပါသည်။
ငွေသတ္တုတွင် ရင်းနှီးမြှုပ်နှံမှုများသည် အကျိုးကျေးဇူများစွာ ပေးစွမ်းသော်လည်း ၎င်းတွင် စွန့်စားမှုအနည်းငယ်လည်း ပါဝင်နေပါသည်။ ဆုံးဖြတ်ချက်များ မချမှတ်မီ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၎င်းတို့၏ ငွေကြေးဆိုင်ရာ ရည်မှန်းချက်များကို အသေအချာ ချင့်တွက်ရန် အရေးကြီးပါသည်။
XAGUSD တွင် ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်နှင့် အားနည်းချက်များ
ဤကဏ္ဍတွင် ကျွန်ုပ်တို့သည် ငွေသတ္တုအတွင်း ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်နှင့် အားနည်းချက်များကို စူးစမ်းလေ့လာပါမည်။
အကျိုးကျေးဇူးများ
- ငွေသတ္တုကို အထူးသဖြင့် စီးပွားရေးအကြပ်အတည်းကာလများအတွင်း လုံခြုံဘေးကင်းသော ပိုင်ဆိုင်မှုတစ်ခုအဖြစ် စဥ်းစားကြပါသည်။ ခိုင်မာသော တရားဝင်ဖီးယက်ငွေကြေးများနှင့် မတူဘဲ ငွေသတ္တု၏ တန်ဖိုးသည် ငွေကြေးဖောင်းပွမှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိပါသည်။
- ငွေသတ္တု၏ ဝယ်လိုအားတည်မြဲခြင်း။ စက်မှုလုပ်ငန်း၊ လက်ဝက်ရတနာ နှင့် အစိမ်းရောင်စွမ်းအင် ကဏ္ဍများမှ အဆိုပါအဖိုးတန်သတ္တုအား ဆက်လက်ဝယ်ယူလိုမှုသည် ငွေသတ္တုပေါ် စိတ်ဝင်စားမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း အထင်အရှားပြသလျက် ရှိပါသည်။ စည်းမျဥ်းတစ်ခုအနေဖြင့် ဝယ်လိုအားမြင့်မားခြင်းသည် ထိုသတ္တု၏ တန်ဖိုးကို တိုးမြှင့်ပေးပါသည်။
- ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းစဥ် ခွဲဖြာဆောင်ရွက်ခြင်း။ ငွေသတ္တုသည် အရင်းအနှီးလုပ်ငန်းစဥ် ခွဲဖြာဖြန့်ကျက်ရန် နှင့် စွန့်စားမှုအန္တရာယ်များမှ ကာကွယ်ရန်အတွက် ထူးခြားကောင်းမွန်သော ရွေးချယ်စရာတစ်ခု ဖြစ်ပါသည်။ ကုန်စည်တစ်ခုအနေဖြင့် ၎င်း၏ ပင်ကိုယ်ရုပ်ပိုင်းဆိုင်ရာ သဘာဝကြောင့် ငွေသတ္တုသည် သုညတန်ဖိုးသို့ ရောက်ရှိခြင်း မရှိဘဲ တည်ငြိမ်စွာဖြင့် ယုံကြည်စိတ်ချအပ်သော စျေးကွက်တန်ဖိုးကို ထိန်းသိမ်းထားပါသည်။
- စျေးနှုန်းသက်သာခြင်း။ ရွှေကဲ့သို့ မဟုတ်ဘဲ ငွေသတ္တုကို ပိုမိုနိမ့်ပါးသော စျေးနှုန်းများဖြင့် ရောင်းဝယ်ကြပြီး ထိုသည်မှာ စျေးကွက်ပါဝင်သူများစွာအတွက် ၎င်းကို အလွယ်တကူ ဝယ်ယူရရှိစေနိုင်ပါသည်။
- စျေးတက်သည့်အခါတွင် ငွေသတ္တုသည် အကျိုးအမြတ်ရရှိမှုများအရ ရွှေထက် ပိုမိုသာလွန်ပါသည်။
- ရင်းနှီးမြှုပ်နှံမှုနည်းလမ်းမျိုးစုံ။ တစ်စုံတစ်ဦးသည် ငွေသတ္တုတွင် နည်းလမ်းမျိုးစုံဖြင့် ရင်းနှီးမြှုပ်နှံနိုင်ပါသည်။ ထိုနည်းလမ်းများထဲတွင် ရုပ်ပိုင်းဆိုင်ရာ ငွေအတုံးအခဲများ၊ တွင်းထွက်တူးဖော်ရေးကုမ္ပဏီများ၏ ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံမှုများ၊ လဲလှယ်ရောင်းဝယ်နိုင်သော ရင်းနှီးမြှုပ်နှံမှုအစုအဝေးများ (ETFs)၊ ငွေသတ္တုပေါ်ရှိ CFD များ (စျေးအပြောင်းအလဲအပေါ် ရေတိုကုန်သွယ်မှုနည်းလမ်း)၊ ဘဏ်တွင် စာရင်းအနေဖြင့် သတ္တုများ ဝယ်ယူသိမ်းဆည်းခြင်း စသည်တို့ ပါဝင်ပါသည်။
အားနည်းချက်များ
- ငွေသတ္တု၏ စျေးနှုန်းများသည် ကမ္ဘာ့စျေးကွက်၏ ဝယ်လိုအားနှင့် ရောင်းလိုအား အပြောင်းအလဲများကြောင့် သိသာထင်ရှားသော စျေးအတက်အကျများကို ကြုံတွေ့ခံစားရပါသည်။
- ရုပ်ပိုင်းဆိုင်ရာ ငွေသတ္တုသည် အစုရှယ်ယာမှ အမြတ်ဝေစု၊ ငွေအပ်နှံခြင်းမှ အတိုးဝင်ငွေ (သို့) ငွေချေးစာချုပ်မှ အတိုးရရှိမှု ကဲ့သို့သော အပိုဝင်ငွေများကို မပေးစွမ်းနိုင်ပါ။ ထိုပိုင်ဆိုင်မှုအပေါ်တွင် စွန့်စားလိုသည့် ရင်းနှီးမြှုပ်နှံသူတစ်ဦးအနေဖြင့် ရေရှည်နည်းဗျူဟာတစ်ခုကို ထားရှိသင့်ပြီး စျေးကွက်အပြောင်းအလဲများအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။
- အလွန်အမင်းကြောက်ရွံ့မှု (သို့) စျေးကွက်အတွင်း အပြုသဘောဆောင် ကောင်းမွန်မှုတို့သည် ငွေသတ္တုစျေးနှုန်းအတွက် ကြီးမားသော စျေးတက်အကျများကို အစပျိုးဖြစ်ပေါ်စေနိုင်ပါသည်။ သတင်းများ (သို့) ဖြစ်ရပ်များအပေါ် တုံ့ပြန်မှုလွန်ကဲခြင်းကြောင့် ပုံမှန်မဟုတ်သော စျေးနှုန်းလှုပ်ရှားမှုကို မကြာခဏ တွေ့ရလေ့ရှိပါသည်။
ကြိုတင်ခန့်မှန်းချက်များကို ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်ပုံ
ငွေသတ္တု၏ အနာဂတ်တန်ဖိုးအား ခန့်မှန်းရန်အတွက် ကျွန်ုပ်တို့သည် ပေါင်းစပ်ဖွဲ့စည်းထားသော နည်းပညာပိုင်းဆိုင်ရာ ချဥ်းကပ်မှုကို အသုံးပြုပါသည်။ အခြေခံနှင့် နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်ကို ပေါင်းစပ်ပုံဖော်ခြင်းဖြင့် ကျွန်ုပ်တို့သည် ငွေသတ္တုစျေးကွက်အကြောင်း ပိုမိုကျယ်ပြန်နှံ့စပ်စွာ သိမြင်နားလည်နိုင်ပါသည်။ အခြေခံတကျ ဆန်းစစ်ချက်တွင် ရေရှည်အလားအလာများကို ထိုးထွင်းသိရှိစေနိုင်ပါသည်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- အစိမ်းရောင်စွမ်းအင်တွင် လူအများစိတ်ဝင်စားမှု မြင့်မားလာခြင်းကြောင့် ငွေသတ္တုဝယ်လိုအား အပြောင်းအလဲများ။
- ထုတ်လုပ်ထွက်ရှိမှုအပေါ် ပထဝီနိုင်ငံရေးဆိုင်ရာ အခြေအနေများ၏ သက်ရောက်မှု။
- အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း။
ဤအချက်များသည် ငွေသတ္တုတန်ဖိုးကို ပုံဖော်ရာတွင် အချက်အချာကျသော အခန်းကဏ္ဍမှ ပါဝင်နေပြီး ပိုမိုပြည့်စုံကြွယ်ဝသော ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အထောက်အကူဖြစ်စေနိုင်ပါသည်။
နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်နှင့် လူမှု့မီဒီယာသဘောထားကို ဝေဖန်အကဲဖြတ်ခြင်းသည် စျေးကွက်ပြောင်းလဲမှု အနေအထားများပေါ်တွင် အလျင်အမြန် တုံ့ပြန်နိုင်စေပါသည်။ Chart များနှင့် candlestick pattern များအား အသုံးပြုခြင်းဖြင့် ရေတိုစျေးနှုန်းလမ်းကြောင်းများနှင့် သင့်တော်သော အဝင်မှတ်များနှင့် ထွက်ခွာရန် အမှတ်များကို ရှာဖွေသတ်မှတ်နိုင်ပါသည်။ အထူးသဖြင့် အတက်အကျပြင်းထန်သော စျေးကွက်များတွင် ဤအချက်မှာ အထူးအရေးကြီးပြီး ထိုတွင် စျေးနှုန်းအလှုပ်အခတ်များသည် အချိန်တိုအတွင်း အမြတ်ရရှိမှုအတွက် အခွင့်အလမ်းများကို ပေးစွမ်းနိုင်ပါသည်။
ဤနည်းလမ်းများကို တွဲစပ်အသုံးပြုပါက စျေးကွက်ကို ကျယ်ပြန့်နှံ့စပ်စွာ သိရှိနိုင်ပြီး အောင်မြင်သော ကုန်သွယ်ရေးအလားအလာကို တိုးမြင့်လာစေနိုင်ပါသည်။ အခြေခံအချက်အလက်များနှင့် နည်းပညာပိုင်းဆိုင်ရာ အချက်ပြမှုများကို ပေါင်းစပ်တွဲဖက်ခြင်းဖြင့် ရေတိုစျေးကျဆင်းမှုများနှင့် ရေရှည်စျေးလမ်းကြောင်းများအကြောင်း ပိုမိုအသေးစိတ် သိမြင်နားလည်နိုင်ပြီး ၎င်းသည် ခိုင်မြဲသော ကုန်သွယ်ဗျူဟာတစ်ခု တည်ဆောက်ရာတွင် မရှိမဖြစ်အရေးပါသည်။
နိဂုံးချုပ်: ငွေသတ္တုသည် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါသလား။
XAGUSD အတွဲသည် စိန်ခေါ်မှုများသော ပိုင်ဆိုင်မှုတစ်ခု ဖြစ်ပါသည်။ ငွေသတ္တုတွင် ရင်းနှီးမြှုပ်နှံခြင်းသည် စီးပွားရေးမသေချာမရေရာမှု ကာလများအတွင်း အကျိုးအမြတ်ဖြစ်ထွန်းနိုင်ပါသည်၊ အကြောင်းရင်းမှာ ပုံမှန်အားဖြင့် ငွေသတ္တုကို ဘေးကင်းစိတ်ချရသော ပိုင်ဆိုင်မှုတစ်ခုအဖြစ် စဥ်းစားကြသောကြောင့် ဖြစ်ပါသည်။ သို့သော် ငွေသတ္တုစျေးနှုန်းသည် ရွှေထက် ပိုမိုအတက်အကျများသောကြောင့် ၎င်းကို စွန့်စားမှုများသော အရင်းအနှီးတစ်ခု ဖြစ်လာစေပါသည်။ အထူးသဖြင့် အီလက်ထရောနစ်နှင့် ဆိုလာစွမ်းအင်တို့တွင် စက်မှုလုပ်ငန်းပိုင်းဆိုင်ရာ ဝယ်လိုအား ကြီးထွားလာခြင်းသည် အဆိုပါပိုင်ဆိုင်မှုအပေါ် ကောင်းမွန်စွာ လွှမ်းမိုးသက်ရောက်လျက်ရှိပါသည်။
ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၎င်းတို့၏ စွန့်စားမှုခံနိုင်ရည် နှင့် ရင်းနှီးမြှုပ်နှံမှုအတိုင်းအတာကို ချင့်တွက်သင့်ပြီး ဆုံးဖြတ်ချက်များ မချမှတ်မီ စျေးကွက်ဆန်းစစ်မှုကို နှံ့စပ်စွာ ဆောင်ရွက်သင့်ပါသည်။ နောက်ဆုံးတွင် XAGUSD အတွဲသည် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်၊မဖြစ်မှာ တစ်ဦးတစ်ယောက်ချင်းစီ၏ အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံသူတစ်ဦးစီ၏ နည်းဗျူဟာတို့အပေါ် မူတည်နေပါသည်။
ငွေသတ္တုစျေးနှုန်းမှန်းဆချက်တွင် မေးလေ့ရှိသော အမေးနှင့်အဖြေများ
ငွေသတ္တု၏ လက်ရှိစျေးနှုန်းမှာ ၀၁.၀၅.၂၀၂၆ အရ $75.131 ဖြစ်ပါသည်။
ကြီးထွားလျက်ရှိသော စက်မှုလုပ်ငန်းဆိုင်ရာ ဝယ်လိုအားနှင့် ပမာဏအကန့်အသတ်ဖြင့် ထုတ်လုပ်ရရှိမှုတို့ကြောင့် ငွေသတ္တုသည် 2025 ခုနှစ်အတွင်း အကျိုးအမြတ်ဖြစ်ထွန်းသော ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်နိုင်ပါသည်။ ဆန်းစစ်လေ့လာသူများသည် $37.40 အထိသို့ စျေးနှုန်းမြင့်တက်လာမည်ဟု မှန်းဆထားပါသည်။ သို့သော် စီးပွားရေးအခြေအနေနှင့် ပထဝီနိုင်ငံရေးရာ အကြောင်းအရင်းများကို ထည့်သွင်းတွက်ဆသင့်ပါသည်။ သို့သော် ငွေသတ္တုဖြင့် သင့်၏ ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းစုကို ဖြန့်ကျက်ခြင်းသည် စွန့်စားမှုများကို လျော့ချနိုင်ပါသည်။
အထူးသဖြင့် အစိမ်းရောင်နည်းပညာများတွင် စက်မှုလုပ်ငန်းပိုင်းဆိုင်ရာ ဝယ်လိုအားကြောင့် ငွေသတ္တုအတွက် အပြုသဘောဆောင် ထင်မြင်ယူဆများအရ တအောင်စလျှင် $42.73 သို့ ပုံမှန်တိုးပွားမည်ဟု ခန့်မှန်းကြပါသည်။ ပိုမိုအလယ်အလတ် မှန်းဆချက်များတွင် စျေးနှုန်းမှာ $28.24 နှင့် $34.82 အကြားတွင် တည်ရှိနေမည်ဟု ဖော်ပြထားပါသည်။
စိစစ်သုံးသပ်သူများသည် 2030 ခုနှစ်အတွင်း ငွေသတ္တုစျေးနှုန်းအတွက် ရောထွေးနေသော ခန့်မှန်းချက်များကို ထုတ်ပြန်ထားပါသည်။ ကျွမ်းကျင်သူအများစုသည် အဆိုပါပိုင်ဆိုင်မှုမှာ ထိုအချိန်ကာလအတွင်း $34.29 နှင့် $42.68 ကြား စျေးအတက်အကျဖြစ်မည်ဟု တွက်ဆကြပါသည်။ ပိုမိုအကောင်းဘက်ဆောင်သော ခန့်မှန်းချက်များတွင် စျေးနှုန်း $86.88 အထိသို့ ရောက်ရှိမည် ဖြစ်ကြောင်း အကြံပြုထားပါသည်။
အမှန်စင်စစ်အားဖြင့် ထိုပိုင်ဆိုင်မှုသည် တအောင်စလျှင် $100.00 အထိသို့ ရောက်ရှိနိုင်ပါသည်။ သို့သော် ထိုသို့ဖြစ်ပွားရန်မှာ စျေးကွက်အတွင်း သိသိသာသာ အပြောင်းအလဲများ လိုအပ်ပါလိမ့်မည်။ ပထဝီနိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးအကြပ်အတည်းများ (သို့) ဆန်းသစ်တီထွင်ထားသော နည်းပညာများသည် တဟုန်ထိုး စျေးတိုးမြင့်မှုကို စတင်ဖြစ်ပေါ်စေနိုင်ပါသည်။ ပညာရှင်များသည် 2032 ခုနှစ်မတိုင်ခင်အထိ ထိုစျေးတန်းသို့ ရောက်ရှိမည်မဟုတ်ကြောင်း တွက်ဆထားပါသည်။
ထုတ်လုပ်ရရှိမှု ပြတ်လတ်ခြင်း၊ စက်မှုလုပ်ငန်း နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝယ်လိုအား နှင့် အမေရိကန်ဒေါ်လာတို့တွင် အားပျော့လာခြင်း အပါအဝင် အခြေအနေအချို့ တထပ်တည်းဖြစ်ပေါ်ပါက ငွေသတ္တုစျေးနှုန်း တဟုန်ထိုးတက်လာနိုင်ပါသည်။
လက်တွေ့ဈေးကွက်အချိန်ရှိ XAGUSD ၏စျေးနှုန်းဇယား

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။












