ကုမ္ပဏီ၏ ၂၀ နှစ်ပြည့် နှစ်ပတ်လည်ကိုဂုဏ်ပြုသော ပြိုင်ပွဲအစီအစဉ်မှာ စတင်နေပြီဖြစ်ပါသည်။ မကြာမီတွင် ကျွန်ုပ်တို့သည် ပထမဆုံး အနိုင်ရဆုရှင်များကို ကြေငြာပါမည်။ LiteFinance သည် အပတ်စဉ်အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးအဆင့်ရရှိသော ပါဝင်သူ ၁၀ ဦးအား အပတ်စဉ်ဆုများကို ချီးမြှင့်သွားပါမည်။ LiteFinance ဝက်ဘ်ပလပ်ဖောင်းပေါ်မှ သင်၏ Client Profile ရှိ Challenge ခလုပ် တွင် အပတ်စဉ်ပြိုင်ပွဲရလာဒ်များကို ကြည့်ရှုနိုင်ပါသည်။
ဤစာစုတွင် ပွိုင့်များကို မည်ကဲ့သို့ရယူရမည်နှင့် အဆင့်သတ်မှတ်ချက်များတွင် မည်ကဲ့သို့ မြန်ဆန်စွာတိုးတက်နိုင်မည်ကို ရှင်းပြပေးထားပါသည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
ပွိုင့်များကို မည်ကဲ့သို့ရှာဖွေစုဆောင်းရမည်နည်း။
လူကြီးမင်း၏ Client Profile တွင် လုပ်ဆောင်ရန်တာဝန်များကို ပြီးမြောက်ခြင်းအတွက် ပွိုင့်များကို ရရှိနိုင်ပါသည်။ လူကြီးမင်းသည် လူကြီးမင်း၏ ကုန်သွယ်မှုအကောင့်သို့ လုပ်ငန်းစဉ်တကြိမ်တည်းဖြင့် $250 ကို ဖြည့်သွင်းခဲ့သည်ဟု ဆိုကြပါစို့။ လူကြီးမင်းသည် ဤလုပ်ဆောင်ချက်အတွက် ပွိုင့် 50 ကို ရရှိပါမည်။ လူကြီးမင်းသည် ကုန်သွယ်မှု 1 lot အတွက် 10 ပွိုင့်ကို ရရှိနိုင်ပါသည်။
၂၀၂၅ ဇန်နဝါရီလ ၁ ရက် မှ ၂၀၂၅ ဒီဇင်ဘာ ၃၁ ရက်အတွင်း သင်ရည်ညွှန်းပေးခဲ့သော referrals အသစ်များ၏ လှုပ်ရှားမှုကိုလည်း ရေတွက်ပါသည်။ ဥပမာအားဖြင့်၊ အကယ်၍ သင်၏ referral အသစ်သည် ၎င်းတို့၏ အကောင့်သို့ $500 နှင့်အထက် ငွေအပ်နှံဖြည့်သွင်းခဲ့ပါက သင်သည် ပွိုင့် 50 ကို လက်ခံရရှိပါမည်။ အကယ်၍ ၎င်းတို့သည် ကုန်သွယ်မှု 1 lot ပမာဏကို ပြုလုပ်ပါက၊ သင်သည် 10 ပွိုင့်ကို ရရှိပါမည်။
LiteFinance ဝက်ဘ်ပလပ်ဖောင်းပေါ်မှ သင်၏ Client Profile ရှိ Challenge ခလုပ်တွင် သင်၏တိုးတက်မှုအခြေအနေကို ခြေရာခံနိုင်ပါသည်။ သင်ရရှိထားသော ပွိုင့်အရေအတွက်နှင့် ထိုပွိုင့်များကို မည်သည့်လှုပ်ရှားမှုများကြောင့် ရရှိခဲ့သည်ကို ကြည့်ရှုရန် Current challenge သို့သွားပါ။ သင်၏ ဆုကို ရယူပိုင်ဆိုင်ရန်အတွက် နောက်ထပ်ပွိုင့်အရေအတွက်မည်မျှစုဆောင်းရမည်ကိုလည်း ကြည့်ရှုနိုင်ပါသည်။
ပွိုင့်အရေအတွက်အများဆုံးရရှိစေနိုင်သောဗျူဟာများ
ဤအပိုင်းတွင် ပွိုင့်များကို မည်သို့လျင်မြန်စွာ စုဆောင်း၍ အဆင့်သတ်မှတ်ချက်တွင် သင်၏အဆင့်ကို မည်သို့မြှင့်တင်ရမည်ကို ရှင်းပြထားပါသည်။ မဟာဗျူဟာမြောက် ထောက်ခံအကြံပြုချက်တခုမှာ LiteFinance မှ ပံ့ပိုးပေးသော အခွင့်အရေးအားလုံးကို အပြည့်အဝရယူ အသုံးချရန် ဖြစ်သည်။
အပတ်စဉ်လုပ်ငန်းတာဝန်တခုစီတိုင်းတွင် သင်ရရှိနိုင်သော အများဆုံးပွိုင့်အရေအတွက်ရှိသည်ကို ကျေးဇူးပြု၍ သတိပြုမှတ်သားပေးပါ။ ဥပမာအားဖြင့်၊ ပထမဆုံးပိတ်သိမ်းသော ကုန်သွယ်မှုပမာဏ 10 lots အတွက်၊ သင်သည် lot တခုလျှင် 10 ပွိုင့်ရရှိနိုင်သည်။ ထို့နောက်တွင်၊ နောက်ထပ် ကုန်သွယ်မှု 1 lot တိုင်းအတွက် 1 ပွိုင့်ကိုသာ ရရှိမည်ဖြစ်သည်။ ဤနည်းအတိုင်း ငွေဖြည့်သွင်းမှုများတွင်လည်း အတူတူပင်ဖြစ်သည်။ ပထမဆုံး $250 နှင့်အထက် ငွေအပ်နှံမှုနှစ်ခုအတွက် ငွေအပ်နှံမှုတခုလျှင် 50 ပွိုင့်ကို ပေးအပ်သည်။ သို့သော် ထိုနှစ်ကြိမ်၏နောက်မှ ငွေအပ်နှံမှုတခုစီအတွက် 5 ပွိုင့်ကိုသာ ရရှိပါလိမ့်မည်။
ထိုနည်းတူ၊ သင်၏ referrals အသစ်များ၏ လှုပ်ရှားမှုအတွက်လည်း ပွိုင့်များကို ပေးအပ်ပါသည်။ သင့်အနေဖြင့် လုပ်ငန်တာဝန်များကို ပြီးမြောက်စေရန် သင်၏ကြိုးပမ်းအားထုတ်မှုကို ခွဲဝေဖြန့်ကျက်နိုင်ပြီး၊ အဆင့်သတ်မှတ်ချက်တွင် သင်၏ရပ်တည်မှုကို မြှင့်တင်နိုင်သောကြောင့် ဤနည်းလမ်းကို ထည့်သွင်းစဉ်းစားပါရန် ကျွန်ုပ်တို့မှ အားပေးအကြံပြုလိုပါသည်။
အမြင့်ဆုံးပွိင့်အရေအတွက်ကို ပေးစွမ်းသော လုပ်ငန်းတာဝန်များကို သင်၏ Client Profile တွင်ခြေရာခံပါ။ လုပ်ငန်းတာဝန်များကို ပြီးမြောက်သည်နှင့်အမျှ တိုးတက်မှုဘားများကို ဖြည့်ပေးပါလိမ့်မည်။
ကုန်သွယ်မှု
ကုန်သွယ်မှုနှင့်ပတ်သတ်၍၊ နည်းဗျူဟာမှာ အတော်ပင် ရိုးရှင်းပါသည် - ငွေကြေးအတွဲများ၊ ကြီးမားထင်ရှားသောကုမ္ပဏီများ၏ ရှယ်ယာများ၊ စတော့အင်းဒက်စ် များ၊ အဖိုးတန် သတ္တုများ နှင့် ကုန်စည်များအပါအဝင် ကုန်သွယ်မှုအမြင့်ဆုံး အမျိုးအစားများကို အရောင်းအဝယ်လုပ်ပါ။
စိန်ခေါ်မှု၏ ကုန်သွယ်ရေးလှုပ်ရှားမှုလုပ်ဆောင်ရန်တာဝန်ကို လျင်မြန်စွာ ပြီးမြောက်စေရန်အတွက် 1:1000 leverage ကို အသုံးပြုနိုင်ပါသည်။ ဆုံးရှုံးမှုများကို ရှောင်ရှားရန်အတွက် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်းစည်းမျဉ်းများကို လိုက်နာရန် မမေ့ပါနှင့်။ သင်သည် ယခုမှ ကုန်သွယ်ရေးကို စတင်သူဖြစ်ပါသလား။ LiteFinance ဘလော့ သို့ ဝင်ရောက်ကြည့်ရှု၍ အတွေ့အကြုံရှိကုန်သည်များ၏ ထိရောက်သောနည်းဗျူဟာများကို လေ့လာဖတ်ရှုပါ။ ထိုနေရာတွင် ရေပန်းစားသောပိုင်ဆိုင်မှုများ၏ နောက်ဆုံးရ ခန့်မှန်းချက်များကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါသည်။
ပွိုင့်များကို ကုန်သွယ်မှုကူးယူခြင်းများအတွက်လည်း ပေးအပ်ပါသည်။ LiteFinance ဝက်ဘ် ပလက်ဖောင်း ပေါ်တွင် သင့်တော်မှုအရှိဆုံးကုန်သည်ကို ရွေးချယ်နိုင်ပြီး၊ ၎င်းတို့၏ ကုန်သွယ်မှုများကို ကူးယူနိုင်ပါသည်။ ကုန်သွယ်မှုရာဇဝင်ကဏ္ဍကို ကြည့်ရှုရန် မမေ့ပါနှင့်၊ ထိုအပိုင်းတွင် ဦးစားပေး ကုန်သွယ်မှုအမျိုးအစားများ၊ ပမာဏများနှင့် ကုန်သွယ်မှုတခုစီ၏ကြာချိန်များကို ပြသပါသည်။ အမြတ်ရသောကုန်သွယ်မှုများနှင့် ဆုံးရှုံးသောကုန်သွယ်မှုများ၏ အချိုးကိုလည်း အကဲဖြတ်နိုင်ပါသည်။
ကြာချိန် 15 စက္ကန့်ထက် ပိုနည်းသော ကုန်သွယ်မှုများနှင့် အမြတ်၊ အရှုံးတန်ဖိုး 30 pips(နှုန်းထားများတွင် ဒဿမနောက်မှ နောက်ဆုံးဂဏန်းနှစ်လုံး)ထက် ပိုနည်းသော ကုန်သွယ်မှုများသည် အဆင့်သတ်မှတ်ချက်တွင် ပါဝင်မည်မဟုတ်ပါ။ ကုန်သွယ်မှုပြုလုပ်ရာတွင် ဤအချက်ကို ထည့်သွင်းစဉ်းစားပါ။
ပွိုင့်များကို ပေါင်းထည့်ခြင်းအတွက် ပိတ်သိမ်းသောကုန်သွယ်မှုပမာဏ စုစုပေါင်းကို တွက်ချက်ပါသည်။ ဥပမာအားဖြင့်၊ အကယ်၍သင်သည် 0.7 lots ကုန်သွယ်မှုကို ပိတ်သိမ်းခဲ့ပြီး၊ နောက်တဖန်ထပ်၍ 0.5 lots ကုန်သွယ်မှုကို ပိတ်သိမ်းခဲ့သောအခါ၊ ကုန်သွယ်မှု 1 lot အတွက် ပွိုင့်များကို ပေါင်းထည့်ပေးမည်ဖြစ်ပြီး၊ ကျန်ရှိသော 0.2 lots အား နောက်ထပ်ကုန်သွယ်မှုတွင် ထည့်သွင်းတွက်ချက်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ပွိုင့်များရရှိရန်အတွက် သင်သည် နောက်ထပ်ကုန်သွယ်မှုပမာဏ 0.8 lots ကို ပိတ်သိမ်းရပါမည်။
ပိတ်သိမ်းသောပမာဏအားလုံးကို EURUSD အတွဲ၏ ပုံမှန် lot အရွယ်အစားဖြင့် သို့မဟုတ် lot တခုလျှင် 100000 ဖြင့် တွက်ချက်ပါသည်။ ပမာဏတွက်ချက်ခြင်းအတွက် စည်းမျဉ်းနှင့် သတ်မှတ်ချက်များကို ပို၍အသေးစိတ်လေ့လာသိရှိလိုပါက၊ ပြိုင်ပွဲစာမျက်နှာ၏ စာပိုဒ်အမှတ် 2.8.4 တွင် ဖတ်ရှုနိုင်ပါသည်။
သင်ပိတ်သိမ်းသော lots အရေအတွက်ပိုများလေ၊ သင်ရရှိမည့်ပွိုင့်အရေအတွက် ပိုများလေဖြစ်ပြီး၊ အဆင့်သတ်မှတ်ချက်တွင် ပိုမြင့်သောအဆင့်သို့ တက်လှမ်းနိုင်မည်ကို မှတ်သားပေးပါ။
ငွေဖြည့်သွင်းမှုများ
ငွေဖြည့်သွင်းမှုများ သည် ပွိုင့်များရရှိရန် အားသာချက်အရှိဆုံးနည်းလမ်းဖြစ်သည်။ အကယ်၍ သင်၏ရည်မှန်းချက်သည် အဆင့်သတ်မှတ်ချက်တွင် လျင်မြန်စွာတိုးတက်ရန်ဖြစ်ပါက၊ ဤလုပ်ဆောင်ချက်အပေါ် အာရုံစိုက်ခြင်းဖြင့် သင်၏ကုန်သွယ်မှုရက်သတ္တပတ်ကို စတင်ရန် အကောင်းဆုံးဖြစ်ပါသည်။ ဤစိန်ခေါ်မှုသည် ကုန်သွယ်ရေးလှုပ်ရှားမှုလုပ်ဆောင်ရန်တာဝန်နှင့် အသုံးပြုသူအသစ်များ ဖိတ်ခေါ်ခြင်းများအတွက်လည်း အကူအညီဖြစ်စေပါသည်။
လုပ်ငန်းစဉ်တခုတည်းဖြင့် ပြုလုပ်သော $250–$499.99 နှင့် $500 အထက် ငွေအပ်နှံမှုများကိုသာလျှင် ပွိုင့်ပေါင်းထည့်ခြင်းအတွက် ထည့်သွင်းရေတွက်မည်ဖြစ်ကြောင်း ကျေးဇူးပြု၍ သတိပြုမှတ်သားပါ။ ဆိုလိုသည်မှာ အကယ်၍ သင်သည် $200 ငွေအပ်နှံမှု နှစ်ကြိမ်ပြုလုပ်ခဲ့လျှင်၊ ပွိုင့်များကို ရရှိမည်မဟုတ်ပါ။ ထို့အပြင် ပွိုင့်အပိုများ ရရှိရန်အတွက် တကြိမ်တည်းသောငွေအပ်နှံမှုကို ခွဲခြမ်း၍မရပါ။
LiteFinance သည် ပွိုင့်များပေးအပ်ရာတွင် ပြန်လည်ဖြည့်သွင်းမှုပြုလုပ်ခြင်းများ(ထုတ်ယူပြီး ပြန်လည်ဖြည့်သွင်းခြင်းများ)ကို ရေတွက်မည်မဟုတ်ပါ။ ပြန်လည်ဖြည့်သွင်းမှုပြုလုပ်ခြင်းများ(ထုတ်ယူပြီး ပြန်လည်ဖြည့်သွင်းခြင်းများ)ကို အလိုအလျောက်ခြေရာခံပါသည် - အကယ်၍ အရှေ့မှ ငွေဖြည့်သွင်းမှု စုစုပေါင်းနှင့် အရှေ့မှငွေထုတ်ယူမှုစုစုပေါင်းကြားမှ ခြားနားချက်သည် ပွိုင့်ရရှိသော ငွေဖြည့်သွင်းမှုများ၏ စုစုပေါင်းတန်ဖိုးထက် ပိုနည်းပါက၊ ယင်းခြားနားချက်သည် ပွိုင့်ရရှိသော ငွေဖြည့်သွင်းမှုစုစုပေါင်းတန်ဖိုးနှင့် ညီမျှသည်အထိ သို့မဟုတ် ယင်းတန်ဖိုးထက်ပိုကြီးသည်အထိ သင်၏ နောက်ထပ် ငွေဖြည့်သွင်းမှုများအတွက် ပွိုင့်ရရှိမည်မဟုတ်ပါ။
ဆိုလိုသည်မှာ လူကြီးမင်းသည် ပွိုင့်များကို ရယူရန်အတွက် အပတ်စဉ်တိုင်းတွင် အောက်ပါသတ်မှတ်ချက်ဖြင့် ကိုက်ညီရပါမည် -
ငွေဖြည့်သွင်းမှုအားလုံး - ငွေထုတ်ယူမှုအားလုံး ≥ ပွိုင့်ရရှိသော ငွေဖြည့်သွင်းမှုအားလုံး
ဥပမာအားဖြင့် -
အသုံးပြုသူတဦးသည် အောက်ပါ ငွေဖြည့်သွင်းမှုများကို ပြုလုပ်ခဲ့သည် -
- $500 – 60 ပွိုင့်ကိုရရှိပါမည်
- $250 – 50 ပွိုင့်ကိုရရှိပါမည်
- $100 – ပွိုင့်မရရှိပါ
- $200 – ပွိုင့်မရရှိပါ။
ထို့နောက် အသုံးပြုသူသည် $200 နှင့် $500 ငွေဖြည့်သွင်းမှုများကို ပြုလုပ်ပါသည်။ ထို့နောက် $500 ငွေဖြည့်သွင်းးပါသည်။
ငွေဖြည့်သွင်းမှု စုစုပေါင်း - $500 + $250 + $100 + $200 = $1,050။
ငွေထုတ်ယူမှု စုစုပေါင်း - $200 + $500 = $700။
ငွေဖြည့်သွင်းမှုစုစုပေါင်းနှင့် ငွေထုတ်ယူမှုစုစုပေါင်းကြားမှ ခြားနားချက် - $1,050 - $700 = $350။
ပွိုင့်ရရှိခဲ့သော ငွေဖြည့်သွင်းမှုစုစုပေါင်း၏ ပေါင်းလာဒ် - $500 + $250 = $750။
$350 သည် $750 ထက် ပို၍နည်းပါသည်။ ထို့ကြောင့် သင်၏ မကြာသေးမီက ငွေဖြည့်သွင်းခဲ့သော $500 အတွက် ပွိုင့်များကို ရရှိမည်မဟုတ်ပါ။
အသုံးပြုသူအသစ်များကို ဖိတ်ခေါ်မှု
ပြိုင်ပွဲကာလတလျှောက် သင်၏ referrals များ၏ လှုပ်ရှားမှုသည်လည်း သင့်အားပွိုင့်များစွာ ရရှိစေပြီး၊ အဆင့်သတ်မှတ်ချက်တွင် အမြင့်သို့ရောက်ရှိစေပါသည်။ လွပ်လပ်သောကုန်သွယ်မှုဖြစ်စေ၊ ကူးယူကုန်သွယ်မှုဖြစ်စေ အသုံးပြုသူအသစ်များ၏ အရောင်းအဝယ်လုပ်ဆောင်မှုအားလုံးကို ထည့်သွင်းတွက်ချက်ပါသည်။ သင်၏ referrals အသစ်များမှ ပြုလုပ်သော ငွေအပ်နှံမှုများအတွက်လည်း ပွိုင့်များကို ပေးအပ်ပါသည်။
Referrals အသစ်များကို ပို၍ ဖိတ်ခေါ်လေလေ၊ သင်ရရှိနိုင်သော ပွိုင့်အရေအတွက် ပိုများလေဖြစ်သည်။ LiteFinance ၏ အမြတ်ရစေသော မိတ်ဖက်ပရိုဂရမ်များမှ အကျိုးကျေးဇူးရယူပါ အလားအလာရှိသော အသုံးပြုသူများကို ဖိတ်ခေါ်ပါ၊ အဆင့်သတ်မှတ်ချက်တွင် အမြင့်သို့တက်လှမ်းပါ။
သင်၏အနိုင်ရမှုအခွင့်အရေးတွင် ဆိုရှယ်လ်မီဒီယာ၏ ပါဝင်သက်ရောက်မှု
LiteFinance မိုဘိုင်းလ်အပ်ပလီကေးရှင်းကို ဒေါင်းလုပ်ဒ်ပြုလုပ်ခြင်းနှင့် အသုံးပြုခြင်းအတွက် 10 ပွိုင့်ကို ရရှိနိုင်ပါသည်။ ဆိုရှယ်လ်မီဒီယာတွင် ကုမ္ပဏီ၏အကောင့်များသို့ စာရင်းသွင်းခြင်းဖြင့်လည်း သင်၏ အဆင့်သတ်မှတ်ချက်ကို မြှင့်တင်နိုင်ပါသည်။ YouTube၊ X၊ Facebook၊ Instagram၊ LinkedIn နှင့် Telegram တို့တွင် LiteFinance သို့ စာရင်းသွင်းခြင်းဖြင့် ပွိုင့် 60 ကိုရရှိလိမ့်မည်ဖြစ်သည်။
ပွိုင့်များကို လက်ခံရရှိရန်အတွက် သင်၏ Client Profile ရှိ လင့်ခ်မှတဆင့် ကုမ္ပဏီ၏ ဆိုရှယ်မီဒီယာအကောင့်များသို့ သွားရောက်ကြည့်ရှု၍ စာရင်းပေးသွင်းနိုင်ပါသည်။ စည်းမျဉ်းတခုအရ၊ စာရင်းပေးသွင်းပြီး ၁၀ မိနစ်အချိန်အတွင်း ပွိုင့်များကို ထည့်သွင်းပေးပါသည်။
မယုံနိုင်လောက်အောင် ကောင်းမွန်လွန်းနေသော်လည်း၊ ဤသည်မှာ ပွိုင့်အပိုများကို ရရှိရန် အထူးအခွင့်အရေးတခုပင် ဖြစ်ပါသည်။
ပြိုင်ပွဲကာတလျှောက် ဤလုပ်ငန်းတာဝန်ကို တကြိမ်သာပြီးမြောက်နိုင်သည်ကို သတိပြုပါ။ ဆုရရှိရန် ပွိုင့်အနည်းသာလိုအပ်သော အခြေအနေမျိုးတွင် ဤအခွင့်အရေးကို အသုံးချခြင်းက ပို၍ကောင်းမွန်ပါသည်။
အနှစ်ချုပ်
လောလောဆယ်အတွက် ဤသည်တို့မှာ ရှင်းပြချက် အပြည့်အစုံ ဖြစ်ပါသည်။ နောက်တကြိမ်တွင်၊ ကျွန်ုပ်တို့သည် ပြိုင်ပွဲ၏ ဆုများအကြောင်း ပို၍အသေးစိတ်ဆွေးနွေးကြပါမည်။ LiteFinance ၏ နှစ် ၂၀ ပြည့် နှစ်ပတ်လည်ကို ဂုဏ်ပြုသော ပြိုင်ပွဲအစီအစဉ်အား နှစ်ကုန်အထိ ဆက်လက်ကျင်းပနေမည်ဖြစ်သည်။ ခမ်းနားသောဆုလက်ဆောင်များမှ တခုကို အနိုင်ရရှိရန် သင်၏ အခွင့်အရေးကို လက်မလွတ်ပါစေနှင့်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။














