LiteFinance ၏ နှစ် ၂၀ ပြည့် 20th Anniversary Challenge မှာ ပြိုင်ပွဲဝင်များစွာဖြင့် စတင်ယှဉ်ပြိုင်နေပြီ ဖြစ်ပါသည်။ ပထမဆုံး အနိုင်ရဆုရှင်များကို ရွေးချယ်ဆုံးဖြတ်ခဲ့ပြီးဖြစ်၍၊ မကြာမီတွင် လစဉ်ဆုလက်ဆောင်များကို ရွေးချယ်ပေးအပ်တော့မည်ဖြစ်သည်။ ပွိုင့်အရေအတွက် အမြင့်ဆုံးရရှိသော ပြိုင်ပွဲဝင်သည် $10,000 ကို လက်ခံရရှိပါမည်။
ပါဝင်ယှဉ်ပြိုင်သူများကို ကြိုဆိုစောင့်ဆိုင်းလျက်ရှိသော အံ့အားသင့်ဖွယ်ရာ ဆုလက်ဆောင်များအကြောင်းနှင့် ၎င်းတို့အား မည်ကဲ့သို့ ပိုင်ဆိုင်ရယူနိုင်မည်ကို ရှင်းပြရန်အတွက် ကျွန်ုပ်တို့ကိုယ်တိုင် စိတ်လှုပ်ရှားဝမ်းမြောက်မိပါသည်။ အကြီးဆုံးဂုဏ်ပြုဆုကို ရရှိလိုပါသလား။ ဤဆောင်းပါးတွင် လူကြီးမင်းအတွက် လိုအပ်သော အသေးစိတ်အချက်အလက်များနှင့် အကြံဉာဏ်များကို ဖော်ပြထားပါသည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
အပတ်စဉ်၊ လစဉ်နှင့် အကြီးဆုံးဂုဏ်ပြုဆုများသည် လူကြီးမင်းအား အထူးပင် စောင့်ဆိုင်းလျက်ရှိနေကြပါသည်။
LiteFinance သည် အပတ်စဉ်နှင့် လစဉ်တိုင်းတွင် ဆုလက်ဆောင်များ ဖြန့်ဝေပေးနေသည့်အပြင် နှစ်ပတ်လည်အထူးဂုဏ်ပြုဆုနှင့် အဆင့်မြင့်ဇိမ်ခံညစာစားပွဲတက်ရောက်ရန် လက်မှတ်အစောင် ၂၀ ကိုလည်း ရွေးချယ်ပေးအပ်သွားပါမည်။
LiteFinance အသုံးပြုသူများသည် အဆင့်သတ်မှတ်ချက်အားလုံးတွင် တပြိုင်တည်း ပါဝင်နိုင်ပြီး အပတ်စဉ်၊ လစဉ်နှင့် နှစ်ပတ်လည်အထူးဂုဏ်ပြုဆုများကို ပိုင်ဆိုင်ရရှိနိုင်ပါသည်။ ထို့ကြောင့် ပြိုင်ပွဲဝင်တဦးသည် အဆင့်သတ်မှတ်ချက်များတွင် အောင်မြင်မှုရရှိခြင်းအပေါ်မူတည်၍ ဆုတခုကို အကြိမ်ပေါင်းများစွာ အနိုင်ရနိုင်ပါသည်။
အပတ်စဉ်ဆုများ
အပတ်စဉ်တိုင်းတွင် လူကြီးမင်းသည် ငွေသားဆုဆယ်ဆုမှ တခုကို ရရှိနိုင်သော အခွင့်အရေး ရှိပါသည်။ ထိုငွေသားဆုဆယ်ဆုကို အပတ်စဉ်အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးအဆင့်ရရှိသော ပြိုင်ပွဲဝင်ဆယ်ဦးကြား မျှဝေပေးမည်ဖြစ်သည်။
- ပထမဆု - $5,000 ၊
- ဒုတိယဆု - $3,000 ၊
- တတိယဆု - $2,000 ၊
- စတုတ္ထ မှ ဒဿမဆု - တစ်ဆုလျှင် $500။
ဆုငွေများအား အနိုင်ရသူများကို ကြေငြာပြီး ရုံးဖွင့်ရက် သုံးရက်အတွင်း ကုန်သွယ်ရေးအကောင့်သို့ ဖြည့်သွင်းပေးပါသည်။ အနိုင်ရသူများသည် ဆုငွေများအား ကုန်သွယ်ရေးအတွက်အသုံးပြုနိုင်ပါသည် သို့မဟုတ် ကန့်သတ်ချက်များမရှိပဲ ထုတ်ယူနိုင်ပါသည်။
တပတ်တာစိန်ခေါ်မှုအဆင့်ပြီးဆုံးတိုင်း အပတ်စဉ်အဆင့်သတ်မှတ်ချက်၏ ပွိုင့်များသည် သုညဖြစ်၍သွားမည်ကို ကျေးဇူးပြု၍ မှတ်သားပေးပါ။ ရက်သတ္တပတ်တိုင်း၏တနင်္လာနေ့ 00:00:00 တွင် အပတ်စဉ်ပြိုင်ပွဲကာလအသစ်စတင်ပါသည်။ ခြွင်းချက်အနေဖြင့်၊ ပြိုင်ပွဲ၏ နောက်ဆုံးရက်သတ္တပတ်အတွက် 22.12.2025 တနင်္လာနေ့ ၊ 00:00:00 တွင် အပတ်စဉ်ပြိုင်ပွဲအသစ်စတင်ပြီး၊ 31.12.2025 ဗုဒ္ဓဟူးနေ့၊ 23:59:59 တွင် ပြီးဆုံးပါသည်။
လစဉ်ဆုများ
လစဉ်အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်းစွမ်းဆောင်နိုင်သူများကြား ငွေသားဆုဆယ်ဆုကို လစဉ်လတိုင်းချီးမြှင့်ပေးအပ်သွားပါမည်။
- ပထမဆု - $10,000 ၊
- ဒုတိယဆု - $5,000 ၊
- တတိယဆု - $3,000 ၊
- စတုတ္ထ မှ ဒဿမဆု - တစ်ဆုလျှင် $1,000။
လစဉ်စိန်ခေါ်မှုတခုစီသည် ပြက္ခဒိန်လ၏ ပထမဆုံးနေ့တွင်စတင်ပြီး၊ လတလ၏ နောက်ဆုံးနေ့တွင် ပြီးဆုံးပါသည်။
နှစ်ပတ်လည်အထူးဂုဏ်ပြုဆုကြီးများ
ယခုအခါ၊ ပြိုင်ပွဲ၏ အခမ်းနားဆုံးဂုဏ်ပြုဆုများအကြောင်းကို လေ့လာကြည့်ကြပါစို့။ ယခုနှစ်အတွင်း စုဆောင်းရရှိခဲ့သော စုစုပေါင်းပွိုင့်များအပေါ်အခြေခံ၍၊ ပွိုင့်အရေအတွက်အမြင့်မားဆုံးရရှိသော ပြိုင်ပွဲဝင်သုံးဦးတို့သည် ဤဆုကြီးများကို လက်ခံရရှိကြပါမည်။
- ပထမဆု - $50,000 ၊
- ဒုတိယဆု - $35,000 ၊
- တတိယဆု - $20,000 ၊
အထူးဆု - အဆင့်မြင့်ဇိမ်ခံညစာစားပွဲသို့ ခရီးစဉ်ဆု
LiteFinance သည် အထူးဆုများကို စီစဉ်ထားပါသည် - အနိုင်ရသူများအတွက် ထူးကဲသော ဇိမ်ခံညစာစားပွဲသို့ ဖိတ်ကြားလွှာ ၂၀။ ၎င်းတို့ကို မည်သို့ရရှိနိုင်မည်နည်း။ ပွိုင့်အရေအတွက် ပို၍စုဆောင်းရယူရန် သာ လိုအပ်ပါသည်။
ဖိတ်ကြားလွှာ ၁၀ စောင်အား စုစုပေါင်းအဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးအဆင့်ရရှိသော ပါဝင်သူ ၁၀ ဦးထံ ပေးအပ်မည်ဖြစ်ပါသည်။ ထိပ်ဆုံးအဆင့် ၁၀ နေရာသို့ ရောက်ရှိခဲ့ပြီးဖြစ်ပါသလား။ အဆင့်မြင့်ဇိမ်ခံညစာစားပွဲမှ ကြိုဆိုပါသည်။
နောက်ထပ်ဖိတ်ကြားလွှာ ၁၀ စောင်အား၊ အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာမှ ပြိုင်ပွဲဝင် ၁၀၀ ဦးကြား ကျပန်းစနစ်ဖြင့် ဖြန့်ဝေပေးသွားပါမည်။ ကံထူးသူများ၏ အမည်များအပါအဝင် အဆင့်မြင့်ညစာစားပွဲ၏ ရက်စွဲနှင့် တည်နေရာအတိအကျကို ပြိုင်ပွဲအစီအစဉ်ပြီးဆုံးသည့်နောက်ပိုင်းတွင် ကုမ္ပဏီမှ ကြေငြာပေးမည်ဖြစ်သည်။
အဆင့်မြင့်ညစာစားပွဲသို့ ဖိတ်ကြားလွှာများကို အခြား ပစ္စည်းများ၊ ဝန်ဆောင်မှုများ သို့မဟုတ် ငွေကြေးဖြင့် လဲလှယ်ခံစားခွင့်မရှိပါ။ ခရီးစဉ်အတွက် မထွက်ခွာမီ ဗီဇာကြိုတင်ရယူထားရန် အနိုင်ရသူများ၏ တာဝန်ဖြစ်ပါသည်။ ဗီဇာရရှိရန်အတွက် စာရွက်စာတမ်းများ လျှောက်ထားခြင်းလုပ်ငန်းစဉ်နှင့် ကုန်ကျသောစရိတ်များအတွက် ကုမ္ပဏီတွင် တာဝန်မရှိပါ - ကုမ္ပဏီသည် ခရီးစရိတ်၊ နေရာထိုင်ခင်းနှင့် အဆင့်မြင့်ညစာစားပွဲ၌ တည်ခင်းဧည့်ခံခြင်းများအတွက်သာ အကုန်ကျခံတာဝန်ယူမည် ဖြစ်ပါသည်။
အကြီးဆုံးဂုဏ်ပြုဆုကို ပိုင်ဆိုင်ရရှိရန် လူကြီးမင်း၏ အခွင့်အရေးများကို မည်သို့မြှင့်တင်ရမည်နည်း။
အကယ်၍ လူကြီးမင်းသည် အကြီးဆုံးဂုဏ်ပြုဆုကို အနိုင်ရရှိရန် စိတ်ကူးယဉ်မျှော်မှန်းထားပါက၊ လူကြီးမင်းလုပ်ဆောင်ရမည့်အရာမှာ စုစုပေါင်းအဆင့်သတ်မှတ်ချက်တွင်ပါဝင်သော အခြားပြိုင်ပွဲဝင်များထက် ထူးချွန်စွာစွမ်းဆောင်ရန်နှင့် ပွိုင့်များကို ရနိုင်သမျှ အများဆုံး စုဆောင်းရန်သာဖြစ်သည်။ ဤသည်မှာ ကြီးလေးလွန်းသည်ဟု ထင်မှတ်ရသော်လည်း မဖြစ်နိုင်စရာ အကြောင်းရင်း မရှိပါ။ လူကြီးမင်းသည် အတွေ့အကြုံပြည့်ဝသော ကုန်သည်တဦးဖြစ်စေကာမူ၊ ပွိုင့်များရရှိနိုင်သော အခွင့်အရေးအားလုံးကို ထုတ်ဖော်အသုံးချရန် စဉ်းစားသင့်ပါသည်။
- LiteFinance ဘလော့ကဏ္ဍ တွင် အမြတ်အစွန်းဖြစ်စေသော နည်းဗျူဟာများအကြောင်း ဆန်းစစ်လေ့လာ၍ ၎င်းတို့အား လက်တွေ့အသုံးချရန် ကြိုးပမ်းပါ။
- အခြားကုန်သည်များ၏ အရောင်းအဝယ်များကို ကူးယူပါ။
- အသုံးပြုသူအသစ်များကို ဖိတ်ခေါ်ပါ။ အမှတ်ပေးစနစ်သည် လူကြီးမင်း ရည်ညွှန်းထားသော referrals များ၏ ငွေအပ်နှံမှုများနှင့် ကူးယူထားသောကုန်သွယ်မှုများအပါအဝင် ၎င်းတို့၏ ကုန်သွယ်ရေးလုပ်ဆောင်မှုများကိုလည်း ထည့်သွင်းတွက်ချက်ပါသည်။
လူကြီးမင်း၏ သုံးစွဲသူ ပရိုဖိုင်ရှိ လက်ရှိစိန်ခေါ်မှု ကဏ္ဍအတွင်း လူကြီးမင်းရောက်ရှိနေသော စုစုပေါင်းအဆင့်သတ်မှတ်ချက်ကို စိစစ်ပါ။ ကျွန်ုပ်တို့သည် ဖြစ်နိုင်သမျှ ပွင့်လင်းမြင်သာမှုရှိစေရန် ပြင်ဆင်ထားပါသည်။ လူကြီးမင်းသည် ပြိုင်ပွဲတွင် ထိပ်ဆုံးအဆင့်မှ ဦးဆောင်သူများကို ကြည့်ရှုနိုင်သကဲ့သို့၊ ဆုရရှိရန် ပွိုင့်မည်မျှလိုအပ်ကြောင်းကိုလည်း သိရှိနိုင်ပါသည်။
အနှစ်ချုပ်
LiteFinance ၏ နှစ် ၂၀ ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုရာတွင် အံ့အားသင့်ဖွယ်ရာ ဆုလက်ဆောင်များကို ရရှိပိုင်ဆိုင်ရန်အတွက် လူကြီးမင်၏ အခွင့်အရေးကို လက်လွတ်မခံပါနှင့်။ နောက်ထပ်ဆောင်းပါးတွင် ယခင်ပြိုင်ပွဲများတွင် အနိုင်ရရှိခဲ့ကြသူများ၏ ဇာတ်ကြောင်းများကို မျှဝေပေးသွားပါမည်။ ကုမ္ပဏီ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် သတင်းများ ကို ပုံမှန်စောင့်ကြည့်ပါ။ ကံအကောင်းဆုံးဖြစ်ပါစေ။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။











