LiteFinance:

ကပ်ရောဂါကာလများအတွင်း လူပေါင်းများစွာတို့မှာ တည်ငြိမ်သောပုံမှန်ဝင်ငွေများ ပျောက်ဆုံးခဲ့ကြသည်။ အရိုးသားဆုံးဆိုရပါလျှင် ဝင်ငွေသုညထိဖြစ်ခဲ့ကြသည်။ ယခင် မနက် ၉ ညနေ ၅ အချိန်မှန် ရုံးတက်ရုံးဆင်း ကြရသူများသည် အလုပ်များကို အိမ်မှာယူ၍လုပ်ခဲ့ကြရသည်။ အင်တာနက်ကတဆင့် ဘယ်လိုငွေရှာမလဲ - ဒီအဖြေကို သန်းပေါင်းများစွာသောလူများက သိလိုကြသည်။ စတော့ရှယ်ယာများ​ အပေါ်ရင်းနှီးမြှုပ်နှံခြင်းမှာ ရိုးရှင်းပြီး ဘွဲ့များ၊ ပညာရေးသတ်မှတ်ချက်များမလိုအပ်ပါ။ ထို့အပြင် လူသစ်များ အနေနှင့် စတော့ရှယ်ယာများကို မည်ကဲ့သို့ရင်းနှီးမြှုပ်နှံရမည်ကို သိရှိပြီးပါက ငွေအရင်းအနှီး အနည်းငယ်ဖြင့်သာ စတင်ပြီး ဆုံးရှုံးနေသောမိမိတို့ဘဝကို ပြန်လည်ထူထောင်နိုင်ပါသည်။ 

စတော့ရင်းနှီးမြှုပ်နှံခြင်းအား အသက်မွေးဝမ်းကျောင်းအဖြစ်လုပ်ကိုင်နိုင်ရန် မည်သည့် အခြေခံဗဟုသုတနှင့် အရည်အချင်းများလိုအပ်သလဲ၊ အမြတ်အစွန်းမည်မျှရရှိနိုင်သလဲ ဆိုသည်များကို အောက်တွင်ဆက်၍ ဖတ်ရှုနိုင်ပါသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


စတော့ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်းအတွက် လမ်းညွှန်ချက် ငါးရပ်

LiteFinance: စတော့ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်းအတွက် လမ်းညွှန်ချက် ငါးရပ်

အထက်ပါငါးချက်မှာ စတော့ရှယ်ယာရင်းနှီးမြှုပ်နှံခြင်းအနုပညာအတွက် အလုံးစုံမဟုတ်ပါ။ သို့သော်လည်း ထိုအကြံဉာဏ်များအား လိုက်နာခြင်းဖြင့် စတော့အရောင်းအဝယ်လုပ်ရာတွင် အမှားပြုလုပ်မိခြင်း နည်းပါးလိမ့်မည်ဖြစ်သည်။ ဆုံးရှုံးမှုမပါပဲ အလုံးစုံမတတ်မြောက်နိုင်သောကြောင့် အရှုံးအတွက်လည်း မိမိကိုယ်ကို ပြင်ဆင်ထားပါ။ မည်သို့ပင်ဖြစ်စေ အရောင်းအဝယ်အခွင့်လမ်းကောင်းများကို ဆက်လက် ရှာဖွေပါ။ အားထည့်၍လုပ်ဆောင်ပါ၊ မိမိကိုယ်ပိုင်စည်းကမ်းကိုသတ်မှတ်ပါ။ ကုန်သည်အသစ် ဘဝမှ အမြတ်ခွဲတမ်းများစွာရရှိသောရှယ်ယာများကိုပိုင်ဆိုင်သည့် ဝါရင့်ကုန်သည်တယောက် ဖြစ်လာနိုင် ပါသည်။

အဆင့် ၁၊ စတော့ရှယ်ယာများတွင် မည်သို့ရင်းနှီးမြှုပ်နှံမလဲ ဆုံးဖြတ်ပါ

LiteFinance: အဆင့် ၁၊ စတော့ရှယ်ယာများတွင် မည်သို့ရင်းနှီးမြှုပ်နှံမလဲ ဆုံးဖြတ်ပါ

ဘယ်အမျိုးအစားတွေအပေါ်မှာ ရင်းနှီးမြှုပ်နှံနိုင်သလဲ။

  1. Individual stocks - ဤစတော့များတွင် ရင်းနီးမြှုပ်နှံခြင်းဆိုသည်မှာ ကုမ္ပဏီတခုမှ အစုရှယ်ယာများကိုဝယ်ယူခြင်းဖြစ်သည်။ ကုမ္ပဏီတခု အများပိုင်အဖြစ်ပြောင်းလဲ၍ ရှယ်ယာများ ရောင်းချခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါသည်။ အရင်းအနှီး တိုးမြှင့်လို၍ သော်လည်းကောင်း၊ ကွန်ယက်ချဲ့ထွင်လို၍သော်လည်းကောင်း၊ ကုမ္ပဏီတိုးတက်မှုအတွက် လည်းကောင်း အမျိုးမျိုးဖြစ်နိုင်သည်။ စတော့ရှယ်ယာများနှင့်စပ်လျဉ်း၍ ဝင်ငွေရရှိနိုင်သော ပုံစံနှစ်မျိုးရှိသည်။ တမျိုးမှာ ရှယ်ယာစျေးအတက်အကျကိုကစားခြင်းနှင့် နောက်တမျိုးမှာ ရှယ်ယာရှင်များသို့ ကုမ္ပဏီမှခွဲဝေပေးသောအမြတ်ဝေစုများကို ထုတ်ယူခြင်းဖြစ်သည်။ 
  2. Index funds - စျေးကွက်အညွှန်းကိန်းကို ခြေရာခံရသော ရေပန်းစားသည့် ရင်းနှီးမြှုပ်နှံမှုတခုပင် ဖြစ်သည်။ Index fund ဆိုသည်မှာ Standard & Poor's ကုမ္ပဏီ၏ S&P 500 index ကဲ့သို့သော ငွေကြေးစျေးကွက်အညွှန်းကိန်းများကို ခြေရာခံရန် သို့မဟုတ် တွဲဖက်ရန်အတွက် စုစည်းထား​သော mutual fund သို့မဟုတ် exchange-traded fund (ETF) အမျိုးအစားပင် ဖြစ်သည်။ Index mutual fund ကို ကျယ်ပြန့်သောစျေးကွက်ချဲ့ထွင်ရန်၊ လုပ်ငန်းဆောင်ရွက်ရသော ကုန်ကျစရိတ် များ သက်သာစေရန်၊ လုပ်ငန်းအစီအစဉ်နှင့် အရင်းအနှီးများကို အသစ်တဖန် စတင်ရခြင်း နည်းပါးစေရန် အထောက်အကူပေးသော ဒေါက်တိုင်တခုဟု ခေါ်ဆိုကြသည်။ 
  3. Mutual fund - ရင်းနှီးမြှုပ်နှံသူအမြောက်အများထံမှ ငွေများကိုယူ၍ စတော့ရှယ်ယာများတွင် ကာလတိုရင်းနှီးမှုအဖြစ် ထည့်သွင်းအသုံးချသည့် ကုမ္ပဏီမျိုးကို ကိုယ်စားပြုသည်။ ဤအမျိုးအစားမှ ရှယ်ယာများကိုဝယ်ယူနိုင်သည်။ သင့်တွင် အစုရှယ်ယာတစောင်ရှိခြင်းသည် ဤရန်ပုံငွေ၏ တစိတ်တပိုင်းကိုပိုင်ဆိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ကုမ္ပဏီ၏ ဝင်ငွေတစိတ်တ​ပိုင်းကို ပိုင်ဆိုင်နိုင်သော အခွင့်အရေးရှိသည်။ 
  4. ETFs - Exchange-traded fund ကို ကိုယ်စားပြုသည့် စကားလုံးဖြစ်ပြီး စတော့ရှယ်ယာ အမျိုးအစားတစ်ခုဖြစ်သည်။ ၎င်းကို အညွှန်းကိန်းများ၊ လုပ်ငန်းခွဲများ၊ ကုန်စည်များ သို့မဟုတ် အခြားသောပိုင်ဆိုင်မှုများဖြင့်ချိတ်ဆက်ထားသည်။ ၎င်းတို့အား အခြားသောပုံမှန် အစုရှယ်ယာများ ကဲ့သို့ပင် စတော့စျေးကွက် အတွင်း အရောင်းအဝယ်ပြုလုပ်နိုင်သည်။ ETFs များတွင် စတော့ရှယ်ယာများအပါအဝင် မတူညီသော ရင်းနှီးမြှုပ်နှံမှုအမျိုးမျိုးပါဝင်နိုင်သည်။
  5. Stock CFD - CFD ဆိုသည်မှာ တန်ဖိုးခြားနားချက်အတွက် ချုပ်ဆိုသောစာချုပ်များကို ကိုယ်စားပြုသည်။ လက်တွေ့ပိုင်ဆိုင်မှုများ၏ တန်ဖိုးအပေါ် မူတည်၍ အရောင်းအဝယ် ပြုလုပ်ရသော ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။ CFDs သည် အရောင်းအဝယ်ပြုလုပ်ရန် သက်သက်သာ ဖြစ်သည်။ စတော့ရှယ်ယာများကို လက်တွေ့ပိုင်ဆိုင်မည်မဟုတ်သော်လည်း စျေးနှုန်းအတက်အကျ ကို လိုက်၍ အရောင်းအဝယ်ပြုလုပ်နိုင်သည်။ စတော့ရှယ်ယာကုန်သွယ်ရေး တွင် CFDs ကို အလွယ်ကူဆုံးနည်းလမ်းတရပ်အဖြစ် သတ်မှတ်ကြသည်။ ဒေါ်လာတရာရှိယုံမျှဖြင့် ခြေစုံပစ် ဝင်ရောက် ရောင်းဝယ်နိုင်သောကြောင့် ကုန်သည်အသစ်များအတွက် သင့်လျော်သည်။
  6. Index CFD - များစွာသောကုမ္ပဏီများ(အများအားဖြင့် ကုမ္ပဏီကြီးများ)၏  ကုန်သွယ်ထားသော ရှယ်ယာစျေးနှုန်း အတက်အကျလုပ်ဆောင်ချက်များကို တိုင်းတာသော ညွှန်းကိန်းဖြစ်သည်။ FTSE 100၊ S&P 500 နှင့် DJIA စသည်တို့မှာ ရေပန်းစားသော ညွှန်းကိန်းများ ဖြစ်သည်။ ကုန်သည်အနေဖြင့် ဤညွှန်းကိန်းများမှ တဆင့် စီးပွားရေး စျေးကွက် တခုလုံး သို့မဟုတ် နယ်ပယ်တခုလုံးကို ထိတွေ့ခွင့်ရနိုင်ပါသည်။

မည်သည့်နေရာမှတဆင့် ရင်းနှီးမြှုပ်နှံနိုင်သလဲ။

  1. Online brokers -  Online brokers နှစ်မျိုးနှစ်စားရှိပါသည်။ Full-service နှင့် Discount အမျိုးအစား တို့ဖြစ်ပါသည်။ Full-service broker ကိုရွေးချယ်ပါက ပင်စင်အတွက် ငွေကြေးဆိုင်ရာ အကြံဉာဏ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ငွေရေးကြေးရေးဆိုင်ရာများ တိုင်ပင်ဆွေးနွေးခြင်း အစရှိသဖြင့် ကျယ်ပြန့်လှသော ဝန်ဆောင်မှုများကိုရရှိနိုင်ပါသည်။ ၎င်းဝန်ဆောင်မှုအတွက် သတ်မှတ်ထားသော စျေးနှုန်း တခုနှင့်အတူ လူကြီးမင်း၏ အရောင်းအဝယ်လုပ်ငန်းစဉ်များ၊ ပိုင်ဆိုင်မှုများအတွက် ရာခိုင်နှုန်းပမာဏတခု ကျသင့်မည်ဖြစ်ပါသည်။

    Discount brokers များ၏ ဝန်ဆောင်မှုများမှာ လက်ရှိအချိန်တွင် အတွယ်ကျယ်ဆုံးဖြစ်သည်။ ထိုက်သင့်သော ဝန်ဆောင်ကြေးရှိသော်လည်း အရောင်းအဝယ်လုပ်ရန် အနည်းဆုံးပမာဏ သတ်မှတ် ထားခြင်းမရှိပါ။ Robo-advisors များကို အသုံးပြု၍လည်း ​ဆောင်ရန်ရှောင်ရန်များကို ချဉ်းကပ်လေ့လာပြီး ပြန်လည်ချိန်ဆခြင်း၊ အမြတ်ခွန်ကိုကာမိစေရန်အတွက် ဆုံးရှုံးမှုများကိုရှာဖွေခြင်းများ အပါအဝင် ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်များလုပ်ဆောင်ရာတွင် အကူအညီပေးသောလမ်းညွှန်ချက်များကို ရယူနိုင်သည်။ 

  2. သင်၏အလုပ်ရှင်မှတဆင့် ဖြစ်ခြင်း - ဤနည်းလမ်းမှာ ရွေးချယ်မှုနည်းသော ရင်းနှီးမြှုပ်နှံမှုတခုဖြစ်သည်။ ပင်စင်ယူချိန်တွင် ရှေ့ရေးကောင်းမွန်စေရန်အတွက် လစာ၏ ၁% ကို အလုပ်ရှင်ထံသို့ပေးထားခြင်းဖြစ်သည်။ သင့်အတွက်အဆင်ပြေပါက ၁% ထက်မက ဆန္ဒရှိသလောက် ပေးအပ်ထားနိုင်သည်။ 

    စတော့ရှယ်ယာများရင်းနှီးမြှုပ်နှံရန် နည်းလမ်းများစွာဖြင့်စတင်နိုင်သည်။ အားလပ်ချိန်မရှိသူများအတွက် စျေးနှုန်းသက်သာသော ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲခြင်းဆိုင်ရာ အထူးဝန်ဆောင်မှုများကို အသုံးပြုနိုင်သည်။ သင်၏ငွေကို သင့်စိတ်ကြိုက်ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် ဝန်ဆောင်မှုပေးရန် အားလုံးသော အကျိုးဆောင် ကုမ္ပဏီများမှာလည်း အဆင်သင့်ရှိနေကြသည်။ Robo advisors များမှာ ရေပန်းအစားဆုံးဖြစ်ပြီး ထိပ်ဆုံးတွင်ရပ်တည်နေကြသည်။

သင့်ဘက်မှ အချိန်နှင့်အင်အား မည်မျှစိုက်ထုတ်ရန် အဆင်သင့်ရှိနေပါသလဲ။

ရင်းနှီးမြှုပ်နှံမှုစတင်မလုပ်ဆောင်ခင် ယခုမေးခွန်းများကို ရိုးသားစွာဖြေကြည့်ပါ။ ပထမဆုံးအနေနဲ့ မိမိ၏ပန်းတိုင်မှာ ဘာလဲ။ စတော့ရှယ်ယာများကို နေ့စဉ်နှင့်အမျှ နာရီပေါင်းများစွာ အကုန်ခံပြီး တက်ကြွစွာ အရောင်းအဝယ်လုပ်ရန် အဆင်သင့်ဖြစ်ပြီလား။ သို့တည်းမဟုတ် တဆင့်ခံ ရင်းနှီးမြှုပ်နှံခြင်းကိုသာ လုပ်ကိုင်လိုပါသလား။ တဆင့်ခံရင်းနှီးမြှုပ်နှံရာတွင် အချိန်နှင့်ကြိုးစားအားထုတ်မှုသက်သာသော်လည်း သင်ကိုယ်တိုင် အွန်လိုင်းစတော့ရှယ်ယာလောကတွင် နာရီပေါင်းများစွာ ကိုယ်ရောစိတ်ပါမြှုပ်နှံ၍ လုပ်ကိုင်ခြင်းလောက် အထင်ကြီးစရာ ရလာဒ်မျိုးကို ရရှိမည်မဟုတ်ပါ။

ကိုယ်တိုင်ရင်းနှီးမြှုပ်နှံခြင်းတဆင့်ခံရင်းနှီးမြှုပ်နှံခြင်း
အားသာချက်အားနည်းချက်အားသာချက်အားနည်းချက်

ရလာဒ်ကောင်းများ

ပိုမိုထွက်ပေါ်နိုင်ခြင်း

ကြိုးစားအားထုတ်မှုများစွာ လိုအပ်ခြင်းရိုးရှင်းခြင်း

အလယ်အလတ်

ရလာဒ်သာရရှိနိုင်ခြင်း

ဆုံးရှုံးမှုကိုကန့်သတ်နိုင်ခြင်း

အချိန်များစွာပေးရန်

လိုအပ်ခြင်း

တည်ငြိမ်ခြင်းစျေးကွက်အတွင်း အပြောင်းအလဲ မပြုလုပ်နိုင်ခြင်း
အရောင်းအဝယ်ဆုံးဖြတ်ချက်များမှာသုံးသပ်ချက်အပေါ် အခြေခံခြင်း

လုပ်ငန်းသဘောကို

ကိုယ်တိုင်နားလည်ရန်

လိုအပ်ခြင်း

ခန့်မှန်းနိုင်​ခြင်း

ကိုယ်တိုင်မဟုတ်သည့် အညွှန်းကိန်းဖြင့်သာ ရောင်းဝယ်ရန်သင့်မ

သင့်ဆုံးဖြတ်နိုင်ခြင်း

 အခွန်ဆောင်နိုင်ခွင့် နည်းပါးခြင်း။

အချိန်ကုန်

သက်သာခြင်း

 
  အခွန်သက်သာခြင်း 

ားများစားစားရင်းနှီးမြှုပ်နှံရန် အဆင်သင့်ဖြစ်ပြီလား။

သင့်မှာ ဒေါ်လာတရာရှိယုံနှင့်လည်း စတော့ရှယ်ယာများကိုဝယ်ယူ၍ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ပါသည်။ မည်သို့ဖြစ်စေ အရင်းအနှီးပိုများပါက အခွင့်အရေးကောင်းများပိုမိုရရှိနိုင်သည်မှာ လျှို့ဝှက်ချက်တခု မဟုတ်ပါ။ ရင်းနှီးမြှုပ်နှံမှုမစတင်မှီတွင် ကြွေးမြီများကို အရင်ရှင်းလင်းထားရန်အရေးကြီးပါသည်။ အရေးပေါ် ငွေကိုလည်း မမေ့မလျော့ထည့်သွင်းစဉ်းစားပါ။ သို့မှသာ အချို့ကံမကောင်းချိန်များတွင် ပစ္စည်းများ မဖြစ်မနေထုခွဲရောင်းချရခြင်း၊ ရင်းနှီးမြှုပ်နှံမှုရပ်ဆိုင်းရခြင်းများ ကင်းဝေးမည်ဖြစ်သည်။

အကယ်၍ သင့်အနေဖြင့် သီးခြားစတော့ရှယ်ယာများကိုဝယ်ယူလိုပါက ဒေါ်လာတရာနှင့် လုံလောက်ချင်မှ လုံလောက်ပါလိမ့်မည်။ သို့သော် အရောင်းအဝယ်သက်သက်လုပ်ဆောင်ရာတွင် leverage ကို အသုံးချနိုင်သောကြောင့် ထိုပမာဏသည်ပင် ကနဦးအတွက်လုံလောက်သော အရင်းအနှီးဖြစ်နိုင်ပါသည်။

အဆင့် ၂၊ သင်၏ ရင်းနှီးမြှုပ်နှံမှု စတင်ရန် နည်းလမ်းကိုရွေးချယ်ပါ (ကာလရှည် သို့မဟုတ် ကာလတို)

LiteFinance: အဆင့် ၂၊ သင်၏ ရင်းနှီးမြှုပ်နှံမှု စတင်ရန် နည်းလမ်းကိုရွေးချယ်ပါ (ကာလရှည် သို့မဟုတ် ကာလတို)

ကာလတို ရင်းနှီးမြှုပ်နှံခြင်းကာလရှည် ရင်းနှီးမြှုပ်နှံခြင်း
အားသာချက်အားနည်းချက်အားသာချက်အားနည်းချက်

သုံးနှစ်မပြည့်မှီ

ပထမဆုံးရလာဒ်

ထွက်ပေါ်ခြင်း

စီးပွားရေးကျဆင်းချိန်အတွက်ကြိုတင်

ပြင်ဆင်ရန်ခက်ခဲခြင်း

သင့်ကလေးပညာရေး သို့မဟုတ် သင်၏ ပင်စင်ယူချိန်အတွက် စုဆောင်းထားနိုင်ခြင်းနှစ်များစွာကြာမှ ပြန်လည် ထုတ်ယူနိုင်ခြင်း
ဆုံးရှုံးနိုင်ချေ နည်းပါးခြင်းမတည်ငြိမ်မှုပိုများခြင်းမတည်ငြိမ်မှုပိုနည်းခြင်း

လေ့လာမှုပေါင်းများစွာ

လိုအပ်ခြင်း

လေ့လာမှု

အတွက်

အချိန်များစွာပေးရန်မလိုခြင်း

အမြတ်အစွန်း

ပိုနည်းခြင်း

အမြတ်အစွန်းပိုများခြင်း

ရေရှည်တွင် သင်၏ငွေများ မည်သို့ဖြစ်မည်ကို 

ခန့်မှန်းရန်ခက်ခဲခြင်း

ငွေသေ

မဟုတ်ခြင်း

စိတ်ဖိစီးမှုပိုများခြင်းစိတ်ဖိစီးမှုနည်းခြင်း

စိတ်ရှည်သည်းခံရန်

လိုအပ်ခြင်း

 အခွန်နှုန်းထားပိုများခြင်းအခွန်နှုန်းထားပိုနည်းခြင်း 

ဤနည်းလမ်းနှစ်ခုမှ တခုကိုသာရွေးချယ်၍စတင်ရမည်ဟု ကန့်သတ်ထား​ခြင်းမရှိပါ။ အခြားနည်းလမ်းများ ဖြင့်လည်း စတင်နိုင်ပါသည်။ ရင်းနှီးမြှုပ်နှံသူအများစုမှာ ကြီးကြီးမားမားစွန့်စားမှုမပြုလုပ်လိုသော ပမာဏ တခုကို ရာခိုင်နှုန်းခွဲခြား၍ မိမိ၏ငွေများကို ကာလရှည်နှင့် ကာလတို ရင်းနှီးမြှုပ်နှံမှုများတွင် ရောနှေ ထည့်သွင်းလေ့ရှိသည်။ အကြောင်းကြောင်းကြောင့် စုဆောင်းလိုသောငွေကြေးများကို ဆုံးရှုံးနိုင်ခြေ နည်းပါးသော ကာလရှည်ရင်းနှီးမြှုပ်နှံမှုများတွင် ထည့်သွင်းထားလေ့ရှိကြသည်။

မည်သည့်နည်းလမ်းကို ရွေးချယ်သည်ဖြစ်စေ ရှာဖွေဆန်းစစ်ပါ၊ အစီအစဉ်ချမှတ်ပါ၊ မိမိတဦးထဲအတွက် အသင့်တော်ဆုံးသော ရင်းနှီးမြှုပ်နှံမှုနည်းလမ်းကို အသေးစိတ်ပြင်ဆင်ပြီးပြုလုပ်ပါ။ အကယ်၍ သင်သည် ကုန်သည်အသစ်ဖြစ်ပါက ကာလတိုရင်းနှီးမြှုပ်နှံမှုက ပို၍သင့်တော်သည်။ အန္တရာယ်နည်းပြီး ရလာဒ်ကို အချိန်တိုအတွင်းမြင်တွေ့ရနိုင်သည်။

အဆင့် ၃၊ မှန်ကန်သောအကျိုးဆောင်ကို ရွေးချယ်ပါ၊ အွန်လိုင်းမှတဆင့် စတော့ရှယ်ယာရောင်းဝယ်ရန် အကောင့်ဖွင့်ပါ

LiteFinance: အဆင့် ၃၊ မှန်ကန်သောအကျိုးဆောင်ကို ရွေးချယ်ပါ၊ အွန်လိုင်းမှတဆင့် စတော့ရှယ်ယာရောင်းဝယ်ရန် အကောင့်ဖွင့်ပါ

ယခုအခါတွင် အွန်လိုင်းအကျိုးဆောင် ကုမ္ပဏီများအကြား ပြိုင်ဆိုင်မှုမှာ ပြင်းထန်လှသည်။ ကုမ္ပဏီပေါင်းများစွာမှာ ဝန်ဆောင်မှုပေးရန်အသင့်ရှိနေကြပြီး ၎င်းတို့၏ဝန်ဆောင်မှုများကိုသာ ရွေးချယ် အသုံးပြုကြစေရေးအတွက် အထူးအခွင့်အရေးများကို ပေးနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းလျှက်ရှိကြသည်။ ဤအချက်သည် ရင်းနှီးမြှုပ်နှံသူများ အထူးသဖြင့် လူသစ်များအတွက် ကောင်းမွန်သော လက္ခဏာတရပ်ပင် ဖြစ်သည်။

စိတ်မချမ်းမြေ့ဖွယ် အချက်တခုမှာ သင့်အတွက်အကျိုးဆောင်ကုမ္ပဏီတခုထဲကိုသာ သတ်မှတ်ရွေးချယ် ပေးနိုင်သော နည်းစနစ်မျိုးမရှိပါ။ တဦးတယောက်ထဲဖြင့်သာ အလုပ်လုပ်ခြင်းသည် သင့်အတွက် ကောင်းကျိုးထက် နစ်နာနိုင်မှုပိုများသောကြောင့်ဖြစ်သည်။

အောက်ဖော်ပြပါ အချက်များအပေါ် အထူးအလေးထားပါ။

  • ကော်မရှင်ခ
  • ယုံကြည်စိတ်ချရမှုနှင့် မှတ်ချက်များ
  • ကနဦးရင်းနှီးမြှုပ်နှံနိုင်မှု အနည်းဆုံးပမာဏ 
  • အကောင့်ဖွင့်ရန်ဝန်ဆောင်ခ
  • စတင်လေ့လာသူများအတွက်မရှိမဖြစ်လိုအပ်သော ပညာပေးအစီအစဉ်များ
  • အသုံးပြုသူအသစ်များအတွက် ပရိုမိုးရှင်းများ

ကုန်သွယ်မှုကို အခုပဲ စတင်မည်

အဆင့် ၄၊ စတော့ရှယ်ယာအရင်းအနှီးအတွက် ခန့်မှန်းငွေပမာဏကို သတ်မှတ်ပါ

LiteFinance: အဆင့် ၄၊ စတော့ရှယ်ယာအရင်းအနှီးအတွက် ခန့်မှန်းငွေပမာဏကို သတ်မှတ်ပါ

ထိုသို့သတ်မှတ်နိုင်ရန် ယခင်က ဝင်ငွေ ထွက်ငွေစာရင်းများ၊ နောင်တွင်အခြားရရန် ကုန်ရန် အလားလာရှိသော ငွေစာရင်းများကို သေချာစွာ ကြည့်ရှုသင့်သည်။ မှန်ကန်စွာ အစီအစဉ်ချမှတ်ခြင်းသည် နောင်တွင်အရေးပေါ် ကုန်ကျစရိတ်များကြောင့် ရင်းနှီးမြှုပ်နှံမှုရပ်ဆိုင်းသွားရမည့် အန္တရာယ်ကို လျော့ချပေးနိုင်သည်။

ကိစ္စရပ်များကို ကိုယ်တိုင်ကိုင်တွယ်ရန် မတွန့်ဆုတ်ပါနှင့်။ သင့်စိတ်ကြိုက်စတော့ရှယ်ယာများတွင် ဦးစားပေး၍ ရင်းနှီးမြှုပ်နှံပါ။  စားသောက်ကုန်၊ အိုးအိမ်၊ ဖျော်ဖြေရေး အစရှိသဖြင့် သင့်အတွက် မဖြစ်မနေလိုအပ်သောအရာများအတွက်သက်သက်ဖယ်၍ ကျန်ငွေကို စုဆောင်းနိုင်ရန်ကြိုးစားပါ။  

ယေဘူယျအားဖြင့် သင့်ဝင်ငွေ၏ ၅% မှ ၁၀% ကို စတော့ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံနိုင်သည်။ ဤရင်းနှီးမြှုပ်နှံမှုပမာဏတွင် သင်၏ လစဉ်၊ နှစ်စဉ် ကုန်ကျစရိတ်များ ကင်းလွတ်ပြီးဖြစ်ပါစေ။

အဆင့် ၅၊ စတော့များကိုအမျိုးအစားခွဲခြား၍ အစီအစဉ်တကျစုစည်းပါ

  • လုံခြုံသော အကောင့်မာဂျင်ကို တည်ဆောက်ပါ။ ခေတ်မှီ စတော့ဈေးကွက်ခွဲခြမ်းစိတ်ဖြာသူ ဖခင်ကြီးဖြစ်သော Benjamin Graham က သူ၏ The Intelligent Investor ဆိုသည့် စာအုပ်တွင် "အကောင်းဆုံးနေရာများတွင် ရင်းနှီးမြှုပ်နှံငွေပိုသုံးမိသည်မှာ အဓိကအန္တရာယ်မဟုတ်ပေ၊ သာမာန် စီးပွာရေးများအတွက် ငွေအလွန်အကျွံသုံးစွဲမိခြင်းကသာ အန္တရာယ်ဖြစ်သည်” ဟု ထောက်ပြထား ပါသည်။  
  • မိမိနားလည်သော အရာတွင်သာ ရင်းနှီးမြှုပ်နှံပါ။ ကုမ္ပဏီအချို့၏ အနာဂါတ်အလားအလာကို ခန့်မှန်းနိုင်ပါက သင့်အတွက်အကောင်းဆုံးဖြစ်ပါလိမ့်မည်။ နယ်ပယ်တခု၏စီးပွားရေးအကြောင်းကို နားမလည်လျှင်၊ စီးပွားရေးလုပ်ငန်းတခု၏ နောင်ငါးနှစ်မှ ဆယ်နှစ်အတွင်း ရောက်ရှိနိုင်သော နေရာကို မှန်းဆခြင်းမလုပ်နိုင်လျှင် စတော့များကို အကျိုးရှိစွာဝယ်ယူနိုင်မည်မဟုတ်ချေ။
  • ကုမ္ပဏီတခု၏ လက်ရှိရှယ်ယာပေါက်စျေးကိုသာမက လုပ်ငန်းဆောင်ရွက်မှုစွမ်းဆောင်ရည်ကိုပါ စေ့စပ်စွာ ကြည့်ရှုလေ့လာပါ။ စီးပွားရေးလောကမှာ မတည်ငြိမ်သည့်အလျှောက် စီးပွားရေး ပြသနာအမျိုးမျိုးကြောင့် ရှယ်ယာစျေးများ ကျဆင်းနိုင်သည်။ သို့သော်လည်း ၎င်းကုမ္ပဏီသည် စျေးကွက်ကျဆင်းချိန်တွင်ပိုင်ပိုင်နိုင်နိုင်ခန့်ခွဲနိုင်ပြီး ထိုအခြေအနေမှပင် အမြတ်ရအောင် လုပ်ဆောင်နိုင်သောအရည်အချင်းရှိပါက ပယ်ချရန်မသင့်ပါ။

မည်သည့်စတော့များသည် ၂၀၂၄-၂၀၂၅ အတွင်း အလားအလာ အကောင်းဆုံးရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဖော်ပြပါသနည်း။

၂၀၂၃ နှောင်းပိုင်းတွင် Morgan Stanley အား ကိုးကားထားသည့် စိစစ်သုံးသပ်ရေးဆိုင်ရာဝက်ဘ်ဆိုဒ် Business Insider သည် နောင်လာမည့် ၁-၂ နှစ်အတွက် အလားအလာကောင်းသောစတော့စာရင်း ၆၅ ခုကို ထုတ်ဝေခဲ့ပါသည်။ ထိုစာရင်းတွင် နည်းပညာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူသုံးကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ စွမ်းအင် နှင့် ပို့ဆောင်ဆက်သွယ်ရေးတို့ပါရှိသည့် ကဏ္ဍမျိုးစုံမှ ကုမ္ပဏီများ ပါဝင်ပါသည်။ ထိုကုမ္ပဏီများထဲမှတချို့မှာ သုံးနှစ်မှငါးနှစ်ကာလအတွင်း ပုံမှန်တိုးတက်မှုကို လက်တွေ့ပြသလျက်ရှိပါသည်။ အခြားကုမ္ပဏီများသည် ကူးစက်ရောဂါကပ်ဘေး နောက်ပိုင်း ပြန်လည်ဦးမော့မှုဖြင့် အရှိန်အဟုန်မြင့်လာသောကြောင့် နောင်လာမည့် ၂ နှစ်အတွင်း တိုးတက်မှုအတွက် အဆင်သင့်ဖြစ်နေပါသည်။  

ထိုပြန်လည်သုံးသပ်ချက်သည် တစ်နှစ်မှနှစ်နှစ် အချိန်စက်ဝန်းအတွင်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ပေးကမ်းနေသည့် အလားအလာအကောင်းဆုံးကုမ္ပဏီများကို သင့်အား မိတ်ဆက်ပေးပါလိမ့်မည်။ မှတ်သားဖွယ်အနေဖြင့် ထိုကုမ္ပဏီများထဲမှ အချို့မှာ LiteFinance ကုန်သွယ်မှု ပလက်ဖောင်း ပေါ်တွင် ရရှိနိုင်ပါသည်။ 

AI ကုမ္ပဏီများ၏ စတော့များ

ChatGPT ကို တကမ္ဘာလုံးထုတ်လွှင့်လိုက်ခြင်းသည် AI ကုမ္ပဏီများ ၏ ခေတ်ဟု ခေါ်တွင်ကြသည့် ခေတ်ကာလအသစ်ပေါ်ထွန်းမှုကို အချက်ပြခဲ့ပါသည်။ ၁-၂ နှစ်အတောအတွင်း AI နည်းပညာတွင် ပင်မအကျိုးတူပူးပေါင်းမှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို နာမည်ကြီးအဖွဲ့အစည်းများမှ ကြေငြာခဲ့ပါသည်။ ဥပမာအားဖြင့် Microsoft သည် OpenAI အတွင်း ဘီလီယံချီ ရင်းနှီးမြှုပ်နှံရန် အစီအစဥ်ချခဲ့ပြီး Google မှာ AI Gemini ကိုပွဲထုတ်လာခဲ့ပါသည်။ အတိုးနှုန်းနှင့် ရင်းနှီးမြှုပ်နှံမှု အရှိန်မြင့်နေစဥ် အခြေအနေအတွင်း စတော့အချို့မှာ စံချိန်တင်အမြင့်ဆုံးကို ရောက်ရှိခဲ့ပါသည်။ 

  • Microsoft (MSFT, NASDAQ) သည် artificial intelligence (AI) တွင်ထင်ပေါ်ကျော်ကြားသော ပါဝင်သူတစ်ဦးဖြစ်ပြီး AI အင်အားဖြင့်အဖြေရှာဖွေမှုများကို ချဲ့ထွင်ဖန်တီးရေးတွင် စဥ်ဆက်မပြတ် ‌ပါဝင်ဆောင်ရွက်နေပါသည်။ ၎င်းတို့၏ အဓိကထုတ်လုပ်မှုများထဲမှ တစ်ခုမှာ အပလီကေးရှင်းများ ထဲတွင် ပေါင်းစပ်ထည့်သွင်းထားသော AI စနစ်သုံး chat တစ်ခုဖြစ်သည့် Microsoft 365 Copilot ဖြစ်ပါသည်။ ထိုဖွံ့ဖြိုးတိုးတက်မှုသည် အထူးသဖြင့် ChatGPT နှင့် Gemini ကဲ့သို့သော အခြားအထင်ကရကိရိယာများ၏ အကြောင်းအရာထဲရှိ AI လောကအတွင်း ပင်မအသားပေး ဖော်ပြမှုတစ်ခုအဖြစ် ထွက်ပေါ်ခဲ့ပါသည်။ 

LiteFinance: AI ကုမ္ပဏီများ၏ စတော့များ

ထို့အပြင် ကုမ္ပဏီသည် ChatGPT ကို ဆန်းသစ်တီထွင်သူ OpenAI ထဲတွင် ရင်းနှီးမြှုပ်နှံထားပါသည်။ Cloud ကွန်ပျူတာနည်းပညာအခန်းကဏ္ဍတွင် Microsoft သည် AI အက်ပလီကေးရှင်းများ ထိရောက်စွာအသုံချရေးနှင့် တိုးတက်ရေးအတွက် ကိရိယာများအား ထောက်ပံ့ပေးသည့် Azure AI ပလက်ဖောင်း တစ်ခုကို တင်ပြပေးပါသည်။

  • Alphabet (GOOGL/GOOG, NASDAQ) သည် AI ကဏ္ဍတွင် သြဇာကြီးမားသော နောက်ထပ်ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ထိုကုမ္ပဏီသည် AI ဖွံ့ဖြိုးတိုးတက်မှုနှင့် neural network နယ်ပယ်အတွင်းသို့လည်း ဝင်ရောက်ခဲ့ပါသည်။

LiteFinance: AI ကုမ္ပဏီများ၏ စတော့များ

Alphabet ၏အထင်ရှားဆုံးတိုးတက်မှုများထဲမှ တစ်ခုမှာ Google AI ဖြစ်ပါသည်။ ၎င်းမှာ AI အက်ပလီကေးရှင်းများ ဖန်တီးခြင်းနှင့် ထိရောက်စွာအသုံးချရေးအတွက် ကိရိယာများနှင့် ဝန်ဆောင်မှုအမျိုးမျိုးတို့အား ပံ့ပိုးပေးသည့် ပြီးပြည့်စုံသောပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။ အဆိုပါ အဖွဲ့အစည်းသည် ၎င်း၏ထုတ်ကုန် ဖွံ့ဖြိုးတိုးတက်ရေးတွင် artificial intelligence ကို အကျိုးရှိစွာ အသုံးချနေပါသည်။ ဥပမာအားဖြင့် Google Translate ကို neural network များဖြင့် အားဖြည့်ထားပါသည်။ Gemini chatbot သည် Gmail ဝန်ဆောင်မှုထဲသို့ ပေါင်းစပ်ထည့်သွင်းပါလိမ့်သည်။ Microsoft နှင့်ယှဥ်လျက် Alphabet သည် neural network များနှင့် AI ဖွံ့ဖြိုးတိုးတက်ရေးတွင် ဦးဆောင်သူတစ်ဦး ဖြစ်ပါသည်။ GOOGL ရှယ်ယာများသည် ခိုင်မာသော ရေရှည်ရင်းနှီးမြှုပ်နှံရေး ရွေးချယ်မှုတစ်ရပ် ဖြစ်ပါသည်။ 

  • Nvidia (NVDA, NASDAQ) သည် ဂရပ်ဖစ်ပရိုဆက်ဆာနယ်ပယ်ထဲတွင် အတော်အတန် အသိအမှတ် ပြုခံခဲ့ရပါသည်။ သို့သော် ကုမ္ပဏီ၏ ကျွမ်းကျင်မှုသည် ထိုနယ်ပယ်ကို ချဲ့ထွင်ကျော်လွန်ပါသည်။ Nvidia သည် AI ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်ထည်ဖော်‌ဆောင်ရွက်ရေးတွင် ထင်ပေါ်ကျော်ကြားသော ပါဝင်သူတစ်ဦးဖြစ်ပြီး လျင်မြန်စွာပြောင်းလဲဖြစ်ပေါ်နေသည့် ထိုနယ်ပယ်ထဲတွင် အထင်ကရနေရာတစ်ခု၌ ရပ်တည်နေပါသည်။

LiteFinance: AI ကုမ္ပဏီများ၏ စတော့များ

Deutsche Bank သည် ၎င်းတို့၏ စွမ်းဆောင်ရည်များကို မြှင့်တင်ရန်အတွက် NVIDIA ၏ AI နှင့် machine learning ပလက်ဖောင်းတို့ကို အပြည့်အဝအသုံးချပါသည်။ NVIDIA သည် အဆင့်မြင့်ဆုံး AI စွမ်းအင်သုံး cloud မြန်နှုန်းမြင့်ကွန်ပျူတာများကို တိုးချဲ့ဆန်းသစ်ရန်အတွက် Microsoft နှင့်လည်း ပူးပေါင်းလက်တွဲခဲ့ပါသည်။ ထိုစွမ်းအားမြင့်ကွန်ပျူတာများသည် Microsoft Azure ၏ ခေတ်အမီဆုံး အခြေခံတည်ဆောက်မှုနှင့် NVIDIA GPUs တို့ကို ချိတ်ဆက်အသုံးပြုပါလိမ့်မည်။ 

နည်းပညာဆိုင်ရာကုမ္ပဏီများ၏ စတော့များ

ရှေ့ပြေးနည်းပညာကုမ္ပဏီများအဖွဲ့သည် အထူးသိမှတ်ဖွယ်ရာအုပ်စုတစ်စုကို ကိုယ်စားပြုပါသည်။ သို့သော် ဖွံ့ဖြိုးတိုးတက်မှုအသစ်များကို ဦး‌ဆောင်တီထွင်နေသော အခြားလုပ်ငန်းခေါင်းဆောင်များ ရှိပါသည်။ ဤကုမ္ပဏီများသည် NASDAQ အညွှန်းကိန်းကိုလည်း ကိုင်တွယ်ဆောင်ရွက်နေစဥ်အတွင်း ကမ္ဘာ့နည်းပညာဆိုင်ရာတိုးတက်မှု၏ ရှေ့တန်းတွင် ရှိပါသည်။

  • Apple Inc. (AAPL, NASDAQ) သည်တစ်ကမ္ဘာလုံးတွင် တန်ဖိုးအမြင့်ဆုံးကုမ္ပဏီတစ်ခုအဖြစ် အဆင့်သတ်မှတ်ခံခဲ့ရပါသည်။ သို့သော် ၎င်းကိုလည်း Microsoft နှင့် Nvidia တို့မှကြိမ်ဖန်များစွာ ကျော်တက်ခဲ့ပါသည်။ ခြုံငုံကြည့်ပါက AAPL ရှယ်ယာများမှာ ရှေရှည်ခိုင်မာသော အတက်လမ်းကြောင်းတစ်ခုကို ပြသရန် ဆက်လက်တည်ရှိနေပါသည်။

LiteFinance: နည်းပညာဆိုင်ရာကုမ္ပဏီများ၏ စတော့များ

ထိုအဖွဲ့အစည်းသည် ကြီးထွားတိုးပွားပြီး လက်တွေ့ပေါင်းစပ်ထားသော အခန်းကဏ္ဍကို စီးပွားရေးလုပ်ငန်း နယ်မြေအသစ်တစ်ခုအနေဖြင့် ချဲ့ထွင်နေပါသည်။ Apple သည်အသုံးပြုသူများအား ဘက်စုံမြင် ကွန်ပျူတာစနစ်သုံး၍ လက်တွ့ဖြင့်ရောစပ်ထားသော အာရုံမြင်ကွင်းတို့ကို ပေးစွမ်းသည့် Apple Vision Pro နားကြပ်အသစ်တစ်ခုကို ထုတ်လုပ်ခဲ့ပါသည်။ M3 ချစ်ပ်ဖြင့် MacBook Air မော်ဒယ်အသစ်များကိုလည်း ဖြန့်ချိခဲ့ပါသည်။ M4 ချစ်ပ်ဖြင့် iPad Proနှင့် TrueDepth ကင်မရာစနစ်ကို မြှင့်တင်ခဲ့ပါသည်။ AI ကိုအခြေခံထားသည့် Apple၏ နားလည်နိုင်စွမ်းစနစ် (iOS 18၊ iPadOS 18 နှင့် macOS Sequoia ထဲသို့ပေါင်းစပ်ထည့်သွင်းထားသော) သည်ဘာသာစကားအနက်ပြန်ဆိုမှုများကို တိုးမြှင့်ထားပြီး Siri နှင့်ပိုမိုသဘာဝတကျဆက်သွယ်ပြောဆိုရာတွင် လွယ်ကူချောမော၍ Genmoji နှင့် အဆင့်မြင့်ဓာတ်ပုံရှာဖွေမှုအပါအဝင် လုပ်ဆောင်နိုင်စွမ်းအသစ်များကို မိတ်ဆက်ပေးပါသည်။ Apple သည်နည်းပညာဆိုင်ရာခေတ်မီဆန်းသစ်မှုကို စဥ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်နေပြီး ထိုသည်မှာ ကုမ္ပဏီ၏ ရှယ်ယာများအတွက် ပုံမှန်မြင့်တက်မှုလမ်းကြောင်းကို ပေးစွမ်းရန် မျှော်လင့်ပါသည်။

  • Amazon (AMZN, NASDAQ) သည် တစ်ကမ္ဘာလုံးရှိ ထိပ်တန်းကုမ္ပဏီများအနက်မှတစ်ခု အဆင့်ရှိသည့် စျေးကွက်အရင်းအနှီးနှင့်အတူ နည်းပညာနယ်ပယ်တွင် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်သူတစ်ဦး ဖြစ်ပါသည်။ ကုမ္ပဏီ၏ ဗျူဟာတကျဦးတည်ချက်တွင် အွန်လိုင်းရောင်းဝယ်မှု၊ Amazon ဝက်ဘ်စ်ဝန်‌ဆောင်မှုများ (AWS) — အခြေခံတကျတစုတစည်းဝန်ဆောင်မှုများ နှင့် cloud ကွန်ပျူတာစနစ်အသုံးပြုမှု၏ ကျယ်ပြန့်သောအုပ်စုတစ်ခု — artificial intelligence၊ machine learning နှင့် အခြားနောက်ဆုံးပေါ်နည်းပညာများတို့ လွှမ်းခြုံပါရှိသည်။

LiteFinance: နည်းပညာဆိုင်ရာကုမ္ပဏီများ၏ စတော့များ

Amazon၏ များမကြာသေးမီကာလအတွင်း တိုးတက်မှုများမှ တစ်ခုမှာ Alexa နှင့် AWS ဝန်ဆောင်မှုများအတွင်း Generative AI အကောင်ထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ထိုကုမ္ပဏီသည် ဒရုန်းပို့ဆောင်ရေးနည်းပညာကိုလည်း ချဲ့ထွင်နေပါသည်။ Amazon ၏ဝန်ထမ်းရေးရာမူဝါဒမှာ ဝေဖန်ရှုတ်ချခြင်းခံရပြီး ၎င်းတို့၏လုပ်ငန်းမှာ ဒေသတွင်းပထဝီနိုင်ငံရေးများကြောင့် ထိခိုက်ခဲ့သော်လည်း ကုမ္ပဏီမှာ တိုးပွားမှု ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး ၎င်းတို့၏ ရှယ်ယာများမှာ စံချိန်ချိုးအမြင့်ဆုံးကို ရောက်ရှိနေပါသည်။ 

  • AMD (AMD, NASDAQ) သည် ဂရပ်ဖစ်ပရိုဆက်ဆာများ ၊ ဗီဒီယိုကဒ်များနှင့် ကြားခံ ဆက်သွယ်ရေး ပစ္စည်းများ၏ ဦးဆောင်ထုတ်လုပ်သူတစ်ဦးဖြစ်ပါသည်။ အခြားနည်းပညာ ကုမ္ပဏီများနှင့် အကြိတ်အနယ်ယှဥ်ပြိုင်မှုရှိသော်လည်း AMD သည်ဆက်လက်တိုးတက်မှု မျှော်မှန်းချက်များဖြင့် ရေရှည်ကာလအတွင်း အောင်မြင်မှုကို တွေ့ကြုံခံစားနေရပါသည်။

LiteFinance: နည်းပညာဆိုင်ရာကုမ္ပဏီများ၏ စတော့များ

AMD သည်မကြာသေးမီက ထုတ်ကုန်လိုင်းအသစ်နှစ်ခုကို ကြေငြာထုတ်ဖော်ခဲ့ပါသည်: Zen 5 အနုစိတ်ကွန်ပျူတာစနစ်ဖြင့်တည်ဆောက်မှုအပေါ် အခြေခံသည့် Ryzen ပရိုဆက်ဆာများနှင့် Radeon PRO W7900 ဂရပ်ဖစ်ကဒ်များ ဖြစ်ပါသည်။ ထိုကုမ္ပဏီသည် နောက်ဆုံးပေါ် Strix Point ပရိုဆက်ဆာများထဲသို့ AI နှင့် အခြားခေတ်မီနည်းပညာများကိုလည်း ပေါင်းစပ်ထည့်သွင်းခဲ့ပါသည်၊ ထိုသည်မှာ AI အထောာက်အပံ့ဖြင့် စွမ်းဆောင်ချက်အမြင့်မားဆုံးကို ပေးစွမ်းရန် Zen 5၊ RDNA 3+ နှင့် XDNA 2 တို့ကိုပေါင်းထည့်ထားပါသည်။ စျေးကွက်စီးပွားရေးအခွင့်အလမ်းအတွင်း AMD ၏အားကောင်းသောဦးဆောင်မှုနှင့် ၎င်းတို့၏ ထုတ်ကုန်များအတွက် ဝယ်လိုအားမြင့်မားမှုတို့သည် #AMD တိုးပွားမှု၏ အဓိကသော့ချက်တွန်းအားပေးသူများ ဖြစ်ပါသည်။

Semiconductor ကုမ္ပဏီများ၏ စတော့များ

Artificial intelligence၊ blockchain နှင့် တိုးပွားလာသော virtual reality(လက်တွေ့ဖြင့်အနီးစပ်ဆုံး) နည်းပညာများ၏ ထွက်ပေါ်လာမှု တွန်းအားကြောင့် မကြာသေးမီနှစ်များအတွင်း semiconductor လုပ်ငန်းမှာ သိသိသာသာထိုးတက်မှုကို တွေ့ကြုံခဲ့ရပါသည်။ ဆီလီကွန်နှင့် ဂျာမေနီယမ်တို့သည် အီလက်ထရောနစ်အစိတ်အပိုင်းများကို ထုတ်လုပ်ရန်အသုံးပြုသည့် အရေးပါသောပစ္စည်းများဖြစ်ပါသည်။ ထိုထဲတွင် ပါဝင်သော လျှပ်စစ်ဓာတ်ကူးကာကွယ်ကိရိယာများ၊ ဒိုင်အုတ်များနှင့် ပေါင်းစပ် လျှပ်စီးပတ်လမ်းများမှာ ခေတ်ပေါ်ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများနှင့် အခြားလျှပ်စစ်ပစ္စည်းများ ၏ အခြေခံဖွဲ့စည်းပုံ ဖြစ်ပါသည်။ ဤတိုးတက်မှုကို  ထိုနယ်ပယ်အတွင်း လည်ပတ်နေသော ကုမ္ပဏီများ၏ ရှယ်ယာစျေးနှုန်းများ မြင့်တက်လာခြင်းဖြင့် ထင်ဟပ်မြင်သာစေပါသည်။ 

  • Texas Instruments Inc. (TXN, NASDAQ) သည် semiconductor များနှင့် ပေါင်းစပ် လျှပ်စစ်စီးကြောင်းစီလီကွန်အလွှာများ ထုတ်လုပ်ရေးကို အဓိကလုပ်ဆောင်သော ယူအက်စ် နည်းပညာဆိုင်ရာကုမ္ပဏီတစ်ခု ဖြစ်ပါသည်။

LiteFinance: Semiconductor ကုမ္ပဏီများ၏ စတော့များ

ကုမ္ပဏီ၏ ထင်ရှားသောထုတ်ကုန်များထဲမှ တစ်ခုမှာ MSP430 မိုက်ခရိုကွန်ထရိုလာလိုင်းဖြစ်ပြီး ၎င်းမှာ စွမ်းအင်ထိရောက်မှုတွင် ကျော်ကြားပြီး ၎င်းကို ရွေ့ပြောင်းနိုင်သောကိရိယာများနှင့် IoT အက်ပလီကေးရှင်းများတွင် အသုံးပြုပါသည်။ Texas Instruments သည် DLP (Digital Light Processing) နည်းပညာကိုလည်း ချဲ့ထွင်၍ အကောင်ထည်ဖော်ခဲ့ပါသည်၊ ၎င်းကို ပရိုဂျက်တာများတွင် အသုံးပြု၍ ၎င်းသည် အကောင်းဆုံးအရောင်ထွက်တိကျမှုဖြင့် မြင့်မားသောပုံရိပ်အရည်အသွေးကို ထုတ်ပေးပြီး ပြသပါသည်။ အဆိုပါကုမ္ပဏီသည် semiconductor များ၏ ထိပ်တန်းအကြီးဆုံး ထုတ်လုပ်ရေးလေးခုအနက် တစ်ခုဖြစ်ပြီး Samsung၊ Intel နှင့် Toshiba တို့နောက်တွင်လိုက်ပါလျက် ရှိပါသည်။ 

  • Qualcomm Inc. (QCOM, NASDAQ) သည်ဝါယာမဲ့ဆက်သွယ်ရေးနည်းပညာများနှင့် ထုတ်ကုန်များ ကို ထုတ်လုပ်ခြင်းနှင့် တိုးချဲ့ခြင်းတွင် အဓိကဆောင်ရွက်သော အမေရိကန် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ၎င်းသည် စီးမီးလျှပ်ကူးပစ္စည်းအစိတ်အပိုင်းများကို ကမ္ဘာ့အကြီးဆုံး ထုတ်လုပ်သူများထဲမှ တစ်ဦးလည်း ဖြစ်ပါသည်။

LiteFinance: Semiconductor ကုမ္ပဏီများ၏ စတော့များ

ထိုကုမ္ပဏီသည် စမတ်လူနေအိမ်များအတွက် ချစ်ပ်များနှင့် ပလက်ဖောင်းများပါဝင်သည့် Internet of Things (IoT) space အတွင်း အဖြေရှာဖွေမှုများတွင် တမူထူးခြားသောလုပ်‌ဆောင်ချက်တစ်ရပ်လည်း ရှိပါသည်။ ၎င်းသည် ခေတ်မီဆန်းပြားသော artificial intelligenceနှင့် 5G နည်းပညာများ၏  ဖွံ့ဖြိုးတိုးတက်မှုအတွင်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ပါသည်။ မော်တော်ယာဥ်လုပ်ငန်းတွင် Qualcomm မှာ လူမဲ့မောင်းနှင်ခြင်းနှင့် အချက်အလက်ရှာဖွေရေးစနစ်များ အခန်းကဏ္ဍတွင် ဆန်းသစ် တီထွင်ကြံဆမှုများ၏ ဦးဆောင်ပံ့ပိုးသူတစ်ဦး ဖြစ်ပါသည်။

  • Broadcom Inc. (AVGO, NASDAQ) သည် semiconductor များနှင့် အခြေခံ ဆော့ဝဲလ်ဖွဲ့စည်းမှု ရှာဖွေချက်များ ၏ ထုတ်လုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပေါ်တွင် အလေးထားသော အမေရိကန် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။

LiteFinance: Semiconductor ကုမ္ပဏီများ၏ စတော့များ

ထိုကုမ္ပဏီ၏ ပင်မရည်မှန်းချက်မှာ  အဓိကနယ်ပယ်နှစ်နေရာတွင် ဖြစ်ပါသည်:ထိုတွင် ဒေတာစင်တာများ ၊ စက်မှုလုပ်ငန်းသုံး လူမဲ့အလိုအလျောက်စနစ်များ၊ LEDs ၊ လေဆာများနှင့် အခြားအက်ပလီကေးရှင်း များတွင် သုံးစွဲရန်အတွက် မိုက်ခရိုဆားကစ်များကို တီထွင်မှု အပါအဝင် ဆာဗာများ၊ သယ်ရလွယ်သော အီလက်ထရောနစ်များ နှင့် အခြားပစ္စည်းကိရိယာများအတွက် ဆော့ဝဲလ် ဖန်တီးခြင်းတို့ ဖြစ်ပါသည်။

Blockchain ကုမ္ပဏီများ၏ စတော့များ

နှစ်ပေါင်း ၁၀နှစ်အကြာ ငြင်းပယ်မှုများအပြီး ၂၀၂၄ ဇန်နဝါရီ၌ Bitcoin ETFs အခန်းကဏ္ဍကို အတည်ပြုရန် SEC ၏ဆုံးဖြတ်ချက်နောက်ပိုင်းတွင် BTC မှာသုံးဆကျော်ဖြင့် မြင့်တက်ခဲ့ပြီး အမြင့်ဆုံးစံချိန်အသစ်ကို ရောက်ရှိခဲ့ပါသည်။ ဆန်းစစ်လေ့လာသူများစွာသည် ၎င်းမှာ အကန့်အသတ်ဖြင့် မဟုတ်ကြောင်းနှင့် Bitcoin မှာ နောင် ၂-၃ နှစ်အတွင်း အနည်းဆုံး $100,000 ကိုရောက်ရှိနိုင်ကြောင်းကို ယုံကြည်ကြပါသည်။ ဤအကောင်းမြင်ခန့်မှန်းချက်များကို တွေးဆကြည့်ပါက blockchain နည်းပညာနှင့်ဆက်စပ်သည့် ကုမ္ပဏီများ၏ ရှယ်ယာများမှာလည်း သိသိသာသာတိုးပွားမှုများကို ပြသပါမည်။ ယခင်လုပ်ဆောင်ချက်မှ ပြသခဲ့သည့်အတိုင်း အဆိုပါကုမ္ပဏီများ၏ ရှယ်ယာများတိုးပွားမှုနှုန်းမှာ ၎င်းတို့၏ Bitcoin ကိုအဆပေါင်းများစွာ ကျော်လွန်နိုင်ပါသည်။

  • MicroStrategy Inc. (MSTR, NASDAQ) သည် ၁၉၈၉ တွင်တည်ထောင်ခဲ့သည့် ယူအက်စ်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ၎င်းသည် စီးပွား‌ရေးဆိုင်ရာခြုံငုံသုံးသပ်ခြင်းနှင့် မိုဘိုင်းလ်အက်ပလီကေးရှင်းများအတွက် ဆော့ဝဲလ်ကို တီထွင်ဖန်တီးပါသည်။

LiteFinance: Blockchain ကုမ္ပဏီများ၏ စတော့များ

ထိုကုမ္ပဏီသည် ‌ဒေတာအရေအတွက်မြောက်များစွာကို ခွဲခြမ်းစိတ်ဖြာရန် စီးပွားရေးလုပ်ငန်းများအား ဝန်ဆောင်မှုပေးနိုင်သည့် ပလက်ဖောင်းတစ်ခုကို ပံ့ပိုးပေးပါသည်။ ၎င်းတို့၏ အဓိကထုတ်ကုန်မှာ ဒေတာဖတ်ရှုနိုင်စွမ်း၊ အစီရင်ခံတင်ပြခြင်းနှင့် ရှုပ်ထွေးသော စိစစ်သုံးသပ်ရေးမေးခွန်းများကို ဆောင်ရွက်ပေးခြင်းတို့အတွက် ပြီးပြည့်စုံသည့် MicroStrategy Analytics ကိရိယာတစ်မျိုး ဖြစ်ပါသည်။ MicroStrategy သည်မတူညီသောပစ္စည်းကိရိယာများပေါ်ရှိ စိစစ်ရေးဒေတာများကို ရှာဖွေရယူရန်အတွက် မိုဘိုင်းလ်အက်ပလီကေးရှင်းများကိုလည်း ဖန်တီးချဲ့ထွင်ပါသည်။ အဆိုပါကုမ္ပဏီသည် ၎င်းတို့၏ အကောင့်ထဲတွင် ကွိုင်190,000 ကျော်ဖြင့် Bitcoin အတွင်းရင်းနှီးမြှုပ်နှံခြင်းအတွက် လူသိများပါသည်၊ ထိုသည်မှာ ၎င်းကို BTC၏ အကြီးဆုံးအဖွဲ့အစည်းပိုင်ဆိုင်သူများအနက်တစ်ဦး ဖြစ်စေခဲ့ပါသည်။ 

  • IBM (NYSE: IBM) သည်ဟာ့ဒ်ဝဲလ်၊ ဆော့ဝဲလ်နှင့် နည်းပညာဆိုင်ရာဖြေရှင်းချက်များကို ဦးဆောင်နေ သော ကမ္ဘာအနှံ့ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ ထိုကုမ္ပဏီသည် ၎င်း၏ နည်းပညာဆိုင်ရာ လုပ်ဆောင်ချက်အတွင်း နည်းစနစ်တကျအလေးထားသော ကဏ္ဍတစ်ခုအနေဖြင့် blockchain နည်းပညာကို ရှာဖွေ‌ဖော်ထုတ်ပါသည်။

LiteFinance: Blockchain ကုမ္ပဏီများ၏ စတော့များ

မှတ်သားဖွယ်ဥပမာတစ်ခုမှာ Linux Foundation၏ အရင်းအမြစ်ကန့်သတ်မထား‌သော ပရောဂျက်တစ်ခုဖြစ်သည့် Hyperledger Fabric ပေါ်တွင် တီထွင်ဖန်းတီထားသော IBM Blockchain ပလက်ဖောင်းဖြစ်ပါသည်။ IBM Blockchain သည် blockchain network များကို ဖန်တီးရန်၊ အကျိုးရှိရှိအသုံးချရန်နှင့် စီမံခန့်ခွဲရန်အတွက် စီးပွားရေးလုပ်ငန်းများအား လုပ်ဆောင်ပေးနိုင်ပါသည်၊ ထိုသို့ဖြစ်၍ စီးပွားရေးလုပ်ငန်းစဥ်များမွမ်းမံမှု၊ ဒေတာလုံခြုံရေးသေချာစေမှုနှင့် အရောင်းအဝယ် ပွင့်လင်းမြင်သာမှု တိုးမြင့်ခြင်းတို့ကို လွယ်ကူအဆင်ပြေစေပါသည်။ 

  • Coinbase Global, Inc. (COIN, NASDAQ) သည်ကမ္ဘာ့အကြီးဆုံး ခရစ်ပတို ငွေကြေးလဲလှယ်ရေးအိတ်စ်ချိန်း များ အနက် တစ်ခုဖြစ်ပါသည်။ ယင်းကုမ္ပဏီကို ၂၀၁၂ တွင် တည်ထောင်ခဲ့ပါသည်။

LiteFinance: Blockchain ကုမ္ပဏီများ၏ စတော့များ

ပိုမိုကျယ်ပြန့်လာသော ခရစ်ပတို ငွေကြေးစျေးကွက်အပေါ် ယူအက်စ်စည်းမျဥ်းမူဝါဒ လွှမ်းမိုးသက်ရောက်မှု အရ ၎င်းတို့၏ထိန်းချုပ်မှုအောက်တွင် ငွေကြေးလဲလှယ်မှုမှာ ဆက်တိုက်စျေးမြင့်တက်မှုမှ အကျိုးခံစားရန် ရပ်တန့်နေပါသည်။ ထိုသည်မှာ အထူးသဖြင့် အကြီးဆုံးလဲလှယ်ရေး Binance ကိုလည်း ကြီးကြပ်သူများမှ စောင့်ကြည့်ကွပ်ကဲနေသည့်ကိစ္စရပ်ကြောင့် ဖြစ်ပါသည်။ 

တနည်းအားဖြင့် သင်သည်  BlackRock၊ Invesco နှင့် Fidelity မှကမ်းလှမ်းပေးစွမ်းသောအရာများကဲ့သို့ ETFs တွင်လည်း ရင်းနှီးမြှုပ်နှံနိုင်ပါသည်။

လူသုံးကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုကုမ္ပဏီများ၏ စတော့များ

လူသုံးကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် ဝယ်လိုအားတွင် ခိုင်မာတောင့်တင်းမှုနှင့် တည်တံ့မှုကို သက်သေထူနေသော စျေးလမ်းကြောင်းရာဇဝင်တစ်ခု ရှိပါသည်။ ကူးစက်ရောဂါကပ်ဘေးကဲ့သို့သော အကြပ်အတည်းကာလများအတွင်း ဖောက်သည်များ၏ သုံးစွဲမှုမှာ ယာယီကျဆင်းနိုင်သော်လည်း ကနဦးရိုက်ခိုက်လှိုင်းများ ငြိမ်သက်သွာသည်နှင့်အမျှ ၎င်းတို့မှာ ပြန်ခုန်တက်လာပါမည်။ လူသုံးကုန်ပစ္စည်း ကုမ္ပဏီများသည် သုံးစွဲသူများအကြိုက်နှင့်အညီ ထုတ်ကုန်အသစ်များကို တိုးချဲ့ ထုတ်လုပ်ကြပါသည်။ သို့ဖြစ်၍ စျေးကွက်ကျယ်ပြန့်လာပြီး စတော့စျေးနှုန်းများမှာ တဟုန်ထိုး မြင့်တက်လာပါသည်။

  • Costco Wholesale Corporation (COST, NASDAQ) သည် လက်ကားအရောင်း အဖွဲ့အစည်း အတွင်း ကမ္ဘာတဝှမ်းဦးဆောင်သူတစ်ဦး ဖြစ်ပြီး အစားအသောက်၊ လျှပ်စစ်ပစ္စည်းများ၊ အထည်နှင့် အိမ်သုံးပစ္စည်းများပါဝင်သည့် ကျယ်ပြန့်နှံ့စပ်‌သောထုတ်ကုန်အမျိုးမျိုးကို ဖြန့်ဖြူးပါသည်။

LiteFinance: လူသုံးကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုကုမ္ပဏီများ၏ စတော့များ

ထိုကုမ္ပဏီသည် ရှေရည်တည်တံ့ခိုင်မြဲသောအာဟာရ နိယာမများကို ကြော်ငြာသွားရန် ဆုံးဖြတ်ထားပါသည်။ ထိုဆုံးဖြတ်မြှုပ်နှံချက်နှင့်အညီ အော်ဂဲနစ်ထုတ်ကုန်မျိုးစုံတွင် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများနှင့် အသားများပါဝင်ရန် ချဲ့ထွင်ထားခဲ့ပါသည်။ Costco သည် ၎င်း၏ ကိုယ်ပိုင်အမှတ်တံဆိပ် Kirkland Signature အောက်တွင် အသင့်စား အစားအစာ ထုတ်ကုန်အသစ်ကိုလည်း မိတ်ဆက်ခဲ့ပါသည်။ ဤထုတ်ကုန်များသည် ၎င်းတို့၏ အရည်အသွေးနှင့် ချိုသာသောစျေးနှုန်းများကြောင့် ရေပန်းစားလူကြိုက်များလာခဲ့ပါသည်။ အဆိုပါကုမ္ပဏီသည် တီဗွီများ၊ လက်တော့များ နှင့်စမတ်ဖုန်းများ၏ မော်ဒယ်သစ်များပါဝင်သည့် နည်းပညာ ထုတ်ကုန်လိုင်းများကိုလည်း တိုးတက်ချဲ့ထွင်နေပါသည်။ ထိုသည်မှာ ၎င်းကို အခြား အီလက်ထရောနစ်ရောင်းချသူများနှင့် ယှဥ်ပြိုင်ရန် ဖြစ်ပွားစေပါသည်။ 

  • Walmart Inc. (WMT, NYSE) သည် ကမ္ဘာ့အကြီးဆုံးလက်လီရောင်းချသူတစ်ဦးဖြစ်ပြီး ကုန်အမှတ် တံဆိပ်မျိုးစုံ အောက်တွင် စျေးနှုန်းသက်သက်သာသာဖြင့် ထုတ်ကုန်မျိုးစုံတို့ကို ၎င်းတို့၏ ဖောက်သည်များအား ဝန်ဆောင်မှုပေးပါသည်။

LiteFinance: လူသုံးကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုကုမ္ပဏီများ၏ စတော့များ

ထိုကုမ္ပဏီ၏ မှတ်သားဖွယ်တီထွင်ဆန်းသစ်မှုများအနက်မှ တစ်ခုမှာ Great Value အောက်ရှိ ကျန်မာရေးနှင့်ညီညွတ်သော အစားအသောက်ထုတ်ကုန်များအတွက် သီးသန့်လိုင်းတစ်ခုကို မိတ်ဆက်ခြင်း ဖြစ်ခဲ့ပါသည်။ အဆိုပါထုတ်ကုန်များတွင် အော်ဂဲနစ်နှင့် ကစီဓာတ်ကင်းမဲ့သော ရွေးချယ်စရာများ ပါဝင်ပြီး ဝယ်ယူသူများကြား ကျန်းမာသောဘဝနေထိုင်မှုအတွက် ကြီးထွားလာသောလိုအပ်ချက်နှင့်အညီ စီမံဆောင်ရွက်ထားပါသည်။ လတ်တလော၌ ထိုကုမ္ပဏီ၏ အမှတ်တံဆိပ်လိုင်းတွင် ကမ္ဘာ့အနှံ့ဝယ်လိုအားရှိသည့် တံဆိပ်နာမည် ဒါဇင်ပေါင်းများပြားစွာ ပါဝင်ပါသည်။

  • Marriott International, Inc. (MAR, NASDAQ) သည်ဧည့်ခံစီမံခြင်းအခန်းကဏ္ဍတွင် ကမ္ဘာ့တဝှမ်း ဦးဆောင်နေသူတစ်ဦးဖြစ်ပြီး ၎င်း၏ ဇိမ်ခံဟိုတယ်များနှင့် တန်ဖိုးကြီး အဆင့်မြင့်ဝန်ဆောင်မှုစံနှုန်းများအတွက် ထင်ပေါ်ကျော်ကြားပါသည်။ ကူးစက်ရောဂါ ကပ်ဘေး အတွင်း ကုမ္ပဏီ၏ ရှယ်ယာများမှာ သိသိသာသာကျဆင်းမှုကို ကြုံကြိုက်ခဲ့ရသော်လည်း ပြန်လည်ထူထောင်ရန် စီမံဆောင်ရွက်ခဲ့ပြီး စံချိန်တင်အမြင့်ဆုံးကို ရောက်ရှိခဲ့ပါသည်။

LiteFinance: လူသုံးကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုကုမ္ပဏီများ၏ စတော့များ

၂၀၂၄ တွင် ကုမ္ပဏီသည် Ritz-Carlton အမှတ်တံဆိပ်အောက်တွင် အပန်ဖြေစခန်းအသစ်များကို ဖွင့်လှစ်ခဲ့ပြီး ထိုတွင် ကာရေဘီယံနှင့်အာရှအတွင်း အထူးသီးသန့်ခရီးစဥ်များ ပါဝင်ပါသည်။ ယင်းဟိုတယ်အသစ်များသည် တမူထူးခြားသော ဝန်ဆောင်မှုများကို ပေးစွမ်းပြီး ထိုတွင် သီးသန့်ကမ်းခြေများ၊ အထူး spa treatment များနှင့် ကမ္ဘာ့အဆင့်စားဖိုမှုးများဖြင့် အရည်အသွေးမြင့်ရှားပါးစားသောက်ဆိုင်များတို့ ပါဝင်ပါသည်။ ဆန်းစစ်လေ့လာသူများသည် နောင်လာမည့် ၁-၂ နှစ်အတွင်း အာရပ်ဒေသအတွင်းသို့ Marriott ၏ထပ်မံထိုးဖောက်ဝင်ရောက်မှုမှာ စတော့စွမ်းဆောင်ချက်ကို တွန်းအားဖြစ်စေလိမ့်မည်ဟု ယုံကြည်ကြပါသည်။

ဆေးဝါးဖြန့်ဖြူးရေးနှင့် ဇီဝနည်းပညာကုမ္ပဏီများ၏ စတော့များ

စိစစ်သုံးသပ်သူတချို့သည် ထိုနယ်ပယ်ကို စွန့်စားမှုများသောရင်းနှီးမှုအဖြစ် သတ်မှတ်ပါသည်။ မျှော်မှန်းထားသောဆေးဝါး (သို့) ဆိုးရွားသောအကျိုးဆက်များထွက်ပေါ်လာမှုအတွက် အောင်မြင်မှု မရှိသည့် လက်တွေ့စမ်းသပ်မှုဖြစ်စဥ်များတွင်  ရှယ်ယာများမှာ ၁၀-၂၀% (သို့) ထိုထက်ပို၍ပင် ကျဆင်းနိုင်ပါသည်။ အဓိကသော့ချက်မှာ ထိုကဲ့သို့ရှယ်ယာများကို စျေးအမြင့်ဆုံးတန်ဖိုး၌ ရောင်းချရန် ဖြစ်ပါသည်။ 

  • AbbVie (ABBV, NYSE) သည် ဇီဝဆေးဝါးဖြန့်ဖြူးရောင်းချရေး နယ်ပယ်အတွင်း ကမ္ဘာတဝှမ်း ဦးဆောင်သူတစ်ဦးဖြစ်ပြီး ယူအက်စ်တွင် ၂၀၁၃ ၌ တည်ထောင်ခဲ့ပါသည်။ ထိုကုမ္ပဏီသည် ခံနိုင်စွမ်းအားဗေဒ၊ ကင်ဆာရောဂါ‌ဗေဒ နှင့် အာရုံကြောဆေးပညာနယ်ပယ်အတွင်း ၎င်း၏ စွန့်ဦးတီထွင်သော သုတေသနနှင့် ဆန်းသစ်သောဆေးဝါးများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျော်ဇော်ပါသည်။ AbbVie ၏အောင်မြင်မှုအရှိဆုံးဆေးများအနက် တစ်ခုမှာ Humira ဖြစ်ပြီး ထိုလူသုံးများသည့်ဆေးဝါးကို သွေးရောဂါနှင် အခြားအော်တိုအင်မြူးရောဂါများတွင် ကုသရန် သုံးစွဲခဲ့ကြပါသည်။

LiteFinance: ဆေးဝါးဖြန့်ဖြူးရေးနှင့် ဇီဝနည်းပညာကုမ္ပဏီများ၏ စတော့များ

AbbVie သည် စဦးတီထွင်နေသော မျိုးဗီဇကုထုံးသုတေသနတွင်လည်း ပါဝင်ဆောင်ရွက်နေသည်။ ၂၀၂၄တွင် ရှားပါးမျိုးရိုးလိုက်ရောဂါကုသမှုအတွက် ဆန်းသစ်ထားသောဆေးဝါးကို လက်တွေ့စမ်းသပ်မှုများ စတင်လုပ်ဆောင်ခဲ့ပါသည်။ စိစစ်သူများ၏အဆိုအရ ထိုစွန့်စားမှုများသည် ကုမ္ပဏီ၏ ပင်မစျေးကွက် အနေအထားနှင့် ဆက်စပ်ဥပဒေတရားရေးရာများဖြင့် တစိတ်တဒေသ ပတ်သက်နေပါသည်။ သို့သော် ရှေရည်သုံးသပ်ချက်မှာ အတက်လားရာတွင် တည်တံ့နေပါသည်။ 

  • Natera (NTRA, NASDAQ) သည်ဇီဝနည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး မျိုးရိုးဗီဇဆိုင်ရာ စမ်းသပ်မှုနှင့် ရောဂါရှာဖွေရေးနယ်ပယ်အတွင်း နည်းပညာများကို ချဲ့ထွင်ဖန်းတီခြင်းနှင့် အကောင်ထည် ဖော် ဆောင်ရွက်ခြင်းကို အထူးပြု လုပ်ဆောင်ပါသည်။ ကုမ္ပဏီ၏ အဓိကထား ဆောင်ရွက်နေသာ လုပ်ငန်းရပ်များမှာ ကိုယ်ဝန်ဆောင်စစ်ဆေးမှု၊ ကင်ဆာရောဂါရှာဖွေရေးနှင့် အစားထိုးဆေး တို့ဖြစ်ပါသည်။ Natera သည် ၎င်း၏ ဆန်းသစ်ထားသော မြင်ကွင်းကျယ် အသားတွင်းထိုးဖောက်မှုမရှိသည့် စစ်ဆေးမှုများအတွက် ကျော်ကြား၍ ထိုသည်မှာ အစောပိုင်းကာလကိုယ်ဝန်ဆောင်စဥ်အတွင်း သန္ဓေသားတွင် မျိုးရိုးဗီဇဆိုင်ရာမူမမှန်မှုများကို ရှာဖွေဖော်ထုတ်နိုင်ပြီး Signatera စက်ကိုလည်း ကင်ဆာရောဂါ ပြန်လည်ဖြစ်ပွားမှုကို စောင့်ကြည့်စစ်ဆေးရန်အတွက် စီမံထားပါသည်။

LiteFinance: ဆေးဝါးဖြန့်ဖြူးရေးနှင့် ဇီဝနည်းပညာကုမ္ပဏီများ၏ စတော့များ

၂၀၂၁ နှောင်းပိုင်းတွင် ကုမ္ပဏီမှာ စည်းမျဥ်းဆိုင်ရာစစ်ဆေးခြင်းကို ခံခဲ့ရပြီး DiGeorge ရောဂါလက္ခဏာစမ်းသပ်မှုများတွင် လိမ်လည်မှုအတွက် စွပ်စွဲခြင်းများကို ရင်ဆိုင်ခဲ့ရပါသည်၊ ထိုသည်မှာ ၈၅% မှန်ကန်မှုမရှိကြောင်းကို တွေ့ရှိခဲ့ရပါသည်။ ၂၀၂၄တွင် ကုမ္ပဏီစတော့များ တဖြည်းဖြည်း ပြန်လည်ဦးမော့လာမှု စတင်ခဲ့ပြီး သုံးသပ်သူများသည် ထိုအခွင့်အရေးကို အသုံးချရန် အကြံပြုပါသည်။ 

  • IQVIA (IQV) သည်သက်ရှိသဘာဝသိပ္ပံရပ်ဝန်းအတွက် စိစစ်ခွဲဖြာမှု၊ နည်းပညာဆိုင်ရာ အဖြေရှာမှုများနှင့် ဆေးဘက်ဆိုင်ရာသုတေသနနယ်ပယ်အတွင်း ဦးဆောင်မှုပြုနေသည့် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ထိုကုမ္ပဏီသည် ဆေးဝါးဆိုင်ရာနှင့် ဇီဝ‌ဆေးဘက်ဆိုင်ရာ နယ်ပယ်များ အတွင်း ဆွေးနွေးတိုင်ပင်အကြံပြုရေး ဝန်‌ဆောင်မှုများကို ပံ့ပိုးပေးပြီး ဆေးဘက်ရေးရာ သုတေသနအတွင်း ဒေတာအမြောက်အများ ကိုင်တွယ်ရန် AI ကိုအသုံးပြုပါသည်။ ဥပမာအားဖြင့် IQVIA Human Data Science Cloud သည်ဆုံးဖြတ်ချက်ချမှတ်ရန်အတွက် စကေးကြီးမားသော စစ်တမ်းဒေတာများကို ဖြေရှင်းနိုင်ပါသည်။

LiteFinance: ဆေးဝါးဖြန့်ဖြူးရေးနှင့် ဇီဝနည်းပညာကုမ္ပဏီများ၏ စတော့များ

စတော့စျေးနှုန်းမှာ ၂၀၂၁ မှစ၍ မှတ်တမ်းတင်အမြင့်မားဆုံး ကျရှုံးမှုရောက်ရှိသော်လည်း စျေးကွက် စိစစ်သူများ တွင် အကောင်းဘက်ဆောင်သောအမြင်များ ဆက်လက်တည်ရှိနေပြီး ရင်းနှီးမြှုပ်နှံသူများကို နောင်အနာဂတ်၌ မြင့်တက်မှုအလားအလာကို အခွင့်ကောင်းယူရန်နှင့် စတော့စျေးနှုန်းတက်ကျမှုများအတွင်း အကျိုးအမြတ်ရှာရန် အားပေးနေပါသည်။

စွမ်းအင်ကုမ္ပဏီများ၏ စတော့

မကြာသေးမီနှစ်များအတွင်း  ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရန် သန့်ရှင်းသော စွမ်းအင် အရင်းအမြစ်များကို ဦးစားပေးခြင်းနှင့် လျှပ်စစ်ကားများထုတ်လုပ်ခြင်းတို့ဘက်သို့ သိသာသည့် ပြောင်းလဲမှုအရွေ့များ ရှိခဲ့သည်။ သို့သော် အမေရိကန်လျှပ်စစ်ကားထုတ်လုပ်ရေးများ၏ စွမ်းဆောင်ချက်မှာ သေချာရေရာမှုများမရှိသေးပါ။ Lucid Motors နှင့် Rivian Automotive တို့သည် ရေရှည်ကာလတွင် တိုးတက်မှုအလားအလာကို မျှော်မှန်းထားခြင်းမရှိပေ။ ထိုတူညီသောအခြေအနေမှာ တရုတ်ပြည်တွင်လည်း ဖြစ်ခဲ့ပါသည်၊ Saic Motor သည်ငါးနှစ်တာကာလအတွင်း ကျဆင်းမှုလမ်းကြောင်းကို ပြသပြီး BYD သည် နှစ်စဥ်အခြေအနေတွင် အရှုံးပြမှုကို တင်ပြထားပါသည်။ ကောင်းမွန်သော ညွှန်ပြချက်တစ်ခုတည်းမှာ ၂၀၂၀ အတွင်း တဟုန်ထိုးတိုးတက်မှုဖြစ်ပြီး အထက်ပါအကျလမ်းကြောင်းများဖြင့် သက်ရောက် လျော့နည်းစေခဲ့ပါသည်။ 

  • Targa Resources Corp (TRGP, NYSE) သည် သဘာဝဓာတ်ငွေ့နှင့် ဓာတ်ငွေ့အရည်များကို ပို့ဆောင်ခြင်းနှင့် သန့်စင်ခြင်းအား အဓိကထားလုပ်ဆောင်သည့် ရှေ့ပြေး ယူအက်စ်ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ Targa Resources သည် Permian Basin နှင့် Gulf Coast အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ အဓိကစွမ်းအင်ဒေသများတွင် ဗျူဟာမြောက်တည်ရှိသော ပိုက်လိုင်းများနှင့် စီမံဆောင်ရွက်ပေးသည့် အဆောက်အဦများကွန်ရက်ကို ပိုင်ဆိုင်ပါသည်။

LiteFinance: စွမ်းအင်ကုမ္ပဏီများ၏ စတော့

ကုမ္ပဏီရှယ်ယာများသည် သမိုင်းတွင်အမြင့်ဆုံးကို ဖြည်းညင်းစွာ ကျော်လွန်လာပါသည်။ စိစစ်လေ့လာသူများမှာ သိသာသောရေရှည်တိုးမြင့်မှုကို မမှန်းဆထားသော်လည်း ရင်းနှီးမြှုပ်နှံများကို နောင် ၁-၂ နှစ်အတွင်း အမြတ်ဆက်လက်ထွက်ပေါ်နိုင်ရန် အလေးအနက်မျှော်လင့်ပါသည်။

  • ConocoPhillips (COP, NYSE) သည်အပြည်ပြည်ဆိုင်ရာရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ ဖြစ်ပြီး ဟိုက်ဒရိုကာဗွန် ရှာဖွေခြင်း၊ ထုတ်လုပ်ခြင်း နှင့် သန့်စင်ခြင်းကို လုပ်ကိုင်ပါသည်။ ထိုကုမ္ပဏီ၏ အဓိကထားလုပ်ဆောင်မှုနေရာများတွင် မြောက်အမေရိကား၊ အာရှ-ပစိဖိတ်ဒေသနှင့် အရှေ့အလယ်ပိုင်း ကုန်တွင်းနှင့် ကမ်းလွန်ပင်လယ်၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်းတို့ ပါဝင်သည်။

LiteFinance: စွမ်းအင်ကုမ္ပဏီများ၏ စတော့

ထိုကုမ္ပဏီ၏ ဆန်းသစ်ထားသော တင်ဆက်မှုများတွင် 3D ငလျင်ရှာဖွေဖော်ထုတ်မှုနှင့် တူး‌ဖော်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသော shale gas ထုတ်လုပ်ရေးစနစ်များနှင့် ရေနံသဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေ့ရည်သုံးမြေဆွဲအားမြောင်း(SAGD)ကို အသုံးပြုမှုတို့ ပါရှိသည်။ ရေရည်ကာလတွင် စတော့မှာ မြင့်တက်ရန် ခန့်မှန်းထားပါသည်။

  • Marathon Petroleum Corp (MPC, NYSE) သည် ယူအက်စ်ထိပ်တန်း စွမ်းအင်ကုမ္ပဏီ တစ်ခုဖြစ်ပြီး ရေနံစိမ်း ထုတ်လုပ်ရေးနှင့် သန့်စင်ရေးများကို ‌ဆောင်ရွက်ပါသည်။ မြောက်အမေရိကားရှိ အကြီးမာဆုံး ရေနံသန့်စင်ရေးစက်ရုံအနက်တစ်ခုကို Garyville, Louisiana ရှိ ကုမ္ပဏီမှ ချုပ်ကိုင်စီမံပါသည်။

LiteFinance: စွမ်းအင်ကုမ္ပဏီများ၏ စတော့

ထိုကုမ္ပဏီသည် Marathon အမှတ်တံဆိပ်အောက်ရှိ ဌာနများ၌ ဓာတ်ငွေ့အ‌ရောင်းဆိုင်များနှင့် သိုလှောင်ရုံများဖြင့် ၎င်းတို့ဖြန့်ဖြူးရေးစနစ်ကို တိုးချဲ့နေပါသည်။ ၂၀၁၆ နှင့် ၂၀၂၀ ကြား တိုးတက်မှု ရပ်တန့်နေသည့်ကာလအပြီးတွင် မှတ်တမ်းတင်အဆင့်ကိုရောက်ရှိသောတန်ဖိုးများဖြင့် ၂၀၂၀မှစ၍ အတက်လမ်းကြောင်းတစ်ခုကို တွေ့ကြုံခဲ့ရပါသည်။ လေ့လာသူများသည် ယူအက်စ်စတော့ စျေးကွက် တစ်ခုလုံးမှာ ဆက်လက်မြင့်တက်ပါက ထိုအတက်လမ်းကြောင်းမှာ တည်မြဲလိမ့်မည်ဟု ယုံကြည်ကြသည်။

စတော့ရှယ်ယာရင်းနှီးမြှုပ်နှံခြင်းအတွက် အသုံးဝင်သော အကြံဉာဏ်များ

စတော့စျေးကွက်အတွင်း စတင်ဝင်ရောက်လာသူတိုင်း မဖြစ်မနေသိရှိသင့်သော အကြံပြုချက် ၈ခု

  1. သေးငယ်သောပမာဏမှစတင်ပါ
  2. မိမိပိုင်ဆိုင်မှုများကို အမျိုးအစားခွဲပါ
  3. ယုံကြည်စိတ်ချရသော ခိုင်မာသောစတော့များတွင် ရင်းနှီးမြှုပ်နှံပါ
  4. အခမဲ့လမ်းညွှန်ချက်နှင့်အကြံဉာဏ်များအပေါ် ရင်းနှီးမြှုပ်နှံခြင်းကိုရှောင်ပါ
  5. အများယောင်တိုင်း လိုက်မယောင်ပါနှင့်
  6. မိမိကိုယ်တိုင်သိရှိနားလည်သောအရာတွင်သာ ရင်းနှီးမြှုပ်နှံပါ
  7. ပုံမှန်အဆက်မပြတ် ရင်းနှီးမြှုပ်နှံပါ။
  8. စည်းကမ်းသတ်မှတ်ပါ၊ မိမိချမှတ်ထားသော အစီအစဉ်နှင့် လမ်းစဉ်များကိုလိုက်နာပါ

LiteFinance: စတော့ရှယ်ယာရင်းနှီးမြှုပ်နှံခြင်းအတွက် အသုံးဝင်သော အကြံဉာဏ်များ

အမျိုးအစားခွဲခြားရန်မမေ့ပါနှင့်

အမျိုးအစားခွဲခြားခြင်းသည် ဆုံးရှုံးမှုအန္တရာယ်ကိုစီမံခန့်ခွဲခြင်းနှင့် ရှယ်ယာစျေးအပြောင်းအလဲများတွင် မတည်ငြိမ်မှုများကိုလျော့ချနိုင်ရန်အတွက် များစွာအထောက်အကူဖြစ်စေပါသည်။ အမြတ်အစွန်းများ ပိုမိုရရှိရန် အသုံးဝင်သည့် နည်းလမ်းတခုလည်းဖြစ်ပါသည်။ ဥပမာအားဖြင့် သင်၏စုဆောင်းမှုများထဲတွင် အိမ်ခြံမြေများ၊ အစိုးရစာချုပ်များ၊ စျေးကွက်ရှယ်ယာများ၊ ပြည်တွင်းနှင့်နိုင်ငံတကာအစုရှယ်ယာများနှင့် စာချုပ်များ ပါဝင်နိုင်သည်။ Forex ကိုစမ်းကြည့်ရန်လည်း မမေ့ပါနှင့်။ ရင်းနှီးမြှုပ်နှံမှုများကို နယ်ပယ်တခုထဲတွင်ကန့်သတ်မထားပဲ ဒစ်ဂျစ်တယ်ငွေကြေးစတော့များ၊ သယ်ယူပို့ဆောင်ရေးများ၊ လက်လီအရောင်းဆိုင်များစသဖြင့် ဖြန့်ကျက်၍ လုပ်ဆောင်သင့်ပါသည်။

သီးခြားစတော့ရှယ်ယာများတွင် ဖြေးဖြေးချင်း ရင်းနှီးမြှုပ်နှံပါ

ထိုသို့လုပ်ဆောင်သင့်သောအကြောင်းရင်းမှာ မိမိရင်းနှီးမြှုပ်နှံလိုသော ကုမ္ပဏီကိုရှာဖွေလေ့လာရာတွင် အချိန်များစွာကိုအသုံးချရန် လိုအပ်သောကြောင့်ဖြစ်သည်။ ထိုကုမ္ပဏီ၏ သမိုင်းကြောင်းနှင့်တကွ ကျွမ်းကျင်သူများ၏ အနာဂါတ်အလားအလာအပေါ်  သုံးသပ်ထားချက်များကိုပါ ဖတ်ရှုလေ့လာရန် အကြံပြုလိုပါသည်။ ထို့အပြင် သီးခြားစတော့ရှယ်ယာများစွာ လက်ဝယ်ရှိ​နေခြင်းက စုဆောင်းမှုများကို အမျိုးအစားခွဲရာတွင်လည်း ခက်ခဲနိုင်သည်။ စျေးကွက်ထဲမှ စျေးနှုန်းအတက်အကျများအပေါ်တွင် စိတ်ခံစားချက်ကိုလိုက်ပြီး ရောင်းမှားဝယ်မှားမပြုလုပ်မိစေရန် တာဝန်လည်းပိုကြီးလိမ့်မည်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုပညာကို သင်ယူပါ

ရင်းနှီးမြှုပ်နှံမှုပညာကိုမတတ်​မြောက်ပဲ စတော့ရှယ်ယာအရောင်းအဝယ်မပြုရဟု မည်သူကမှ သင့်ကိုတားမြစ်ထားခြင်းမရှိပါ။ စတော့ရှယ်ယာများ ရောင်းဝယ်ပုံနှင့်စပ်လျဉ်း၍ အတွေ့အကြုံ ဗဟုသုတ စိုးစဉ်းမျှပင်မရှိသော်လည်း အကောင့်တခုဖွင့်လိုက်ယုံဖြင့် ရင်းနှီးမြှုပ်နှံသူတယောက်ဖြစ်နိုင်ပါသည်။ သို့ရာတွင် အချို့သော ရင်းနှီးမြှုပ်နှံမှုသင်တန်းများကို တက်ရောက်ခြင်းဖြင့် ဆုံးရှုံးမှုပိုနည်းပြီး အလုပ်လုပ်ပုံကို ပို၍မြန်ဆန်စွာသိမြင်နိုင်ပါသည်။ အင်တာနက်ပေါ်တွင် အခမဲ့ရရှိနိုင်သော သင်ခန်းစာများရှိသလို လူသစ်များရောအတွေ့အကြုံရှိကုန်သည်များအတွက်ပါ သင့်တင့်သောနှုန်းထားဖြင့် လေ့လာနိုင်သော သင်တန်းများလည်းရှိကြပါသည်။ 

စတော့ရှယ်ယာများတွင်ရင်းနှီးမြှုပ်နှံရန် သင့်၊ မသင့်။

အဆုံးသတ်တွင် မည်သို့ကောက်ချက်ချနိုင်ပါသလဲ။ စတော့ရှယ်ယာများကိုရင်းနှီးမြှုပ်နှံခြင်းဖြင့် လူချမ်းသာတယောက်ဖြစ်လာစေရန် အရေးအကြီးဆုံးမှာ အမြှော်အမြင်ရှိရှိဖြင့် ထိုင်၍ စဉ်းစားတွေးခေါ်နိုင်မှု ပင်ဖြစ်သည်ဟု ကျွနုပ်တို့ထင်ပါသည်။ မိမိ၏ လက်ရှိငွေကြေးအခြေအနေနှင့် လားရာကို နားလည်သဘောပေါက်ရန် မဖြစ်မနေလိုအပ်သည်။ မည်သည့်ငွေပမာဏခန့်ကို နောင်တမရှိဘဲ သုံးစွဲနိုင်သလဲ ဆိုသည့်အချက်ပေါ် မူတည်၍ မတူညီသောနည်းလမ်းအမျိုးမျိုးမှ တခုကိုရွေးချယ်၍ သို့မဟုတ် ပူးတွဲ၍ ရင်းနှီးမြှုပ်နှံမှုကို စတင်နိုင်ပါသည်။ 

ထင်ယောင်ထင်မှားအတွေးများရှိနေပါက ချေဖျက်လိုက်ပါ။ အောင်မြင်သောရင်းနှီးမြှုပ်နှံသူတယောက် ဖြစ်လာစေရန် အချိန်၊ ကိုယ်တိုင်လေ့လာသင်ယူလိုသော စိတ်ဆန္ဒ၊ စည်းစနစ်များအပြင်  ငွေအရင်းအနှီးမလွဲမ​သွေလိုအပ်ပါသည်။ ဆုံးရှုံးမှု၊ ရှုံးနိမ့်မှုများမှ အစဉ်အမြဲမလွတ်ကင်းနိုင်ပါ။ သို့သော် ထိုအရာများသည်ပင် သင့်အား အောင်မြင်သော ကုန်သည်တယောက်၊ ရှယ်ယာရှင်တယောက်ဖြစ်လာနိုင်ရန် အား​ဖြည့်ကူညီပေးပါလိမ့်မည်။

စတော့များအတွင်း ရင်းနှီးမြှုပ်နှံရန် အကျိုးဆောင်တစ်ဦးဖြင့် အကောင့်တစ်ခုကို ဖွင့်ပုံဖွင့်နည်း။

  1. စာရင်းသွင်းခြင်း။ LiteFinance တရားဝင်ဝက်ဘ်ဆိုဒ်ကို သွားရောက်၍ လိုအပ်သော အချက်အလက်များ ကို ဖော်ပြထားသည့် မှတ်ပုံတင်ဖောင် ကို ဖြည့်သွင်းပါ

  2. အတည်ပြုခြင်း။ သင့်အီးမေးလ်နှင့် ဖုန်းနံပါတ်များကို အောက်ဖော်ပြပါညွှန်ကြားချက်များအတိုင်း အတည်ပြုလုပ်‌ဆောင်ပါ။

  3. သက်သေပြခြင်း။ လိုအပ်သော သက်သေခံစာရွက်စာတမ်းများနှင့် သင့်နေရပ်လိပ်စာတို့ကို ထည့်သွင်းခြင်းဖြင့် သက်သေပြခြင်းလုပ်ဆောင်ချက်ကို ဖြည့်ပါ။

  4. အကောင့်ငွေဖြည့်ခြင်း။ သက်သေပြခြင်း ပြီးပြည့်စုံသွာသည်နှင့်တပြိုင်နက် သင်သည် သင့်၏ကုန်သွယ်ရေးအကောင့်ထဲသို့ အဆင်ပြေသောနည်းလမ်းဖြင့် ငွေထပ်ဖြည့်နိုင်ပါသည်။

LiteFinance ဖြင့် စတော့ရောင်းဝယ်ခြင်း၏ အကျိုးကျေးဇူးများ

  • ကျွန်ုပ်တို့သည် အခြားသော ဘဏ္ဍာရေးအမျိုးအစားများနှင့်တကွ ထိပ်တန်း ဥရောပနှင့် အမေရိကန်ကုမ္ပဏီများမှ ကျယ်ပြန့်သောရှယ်ယာမျိုးစုံတို့ကို ဝန်ဆောင်မှုပေးပါသည်။

  • ကုမ္ပဏီသည် သက်သေခိုင်လုံသောလက်တွေ့အောင်မြင်မှု ရှိပြီး ၂၀၀၅ မှစ၍ စျေးကွက်အတွင်း လည်ပတ်လုပ်ကိုင်နေပါသည်။ ကျွန်ုပ်တို့၏ နာမည်ကျော်ကြားမှုကို နိုင်ငံတကာ ဆုတံဆိပ်များစွာဖြင့် သက်သေထူထားပါသည်။ 

  • ကျွန်ုပ်တို့၏ သုံးစွဲရလွယ်ကူပြီး နည်းပညာစနစ်သုံး ကုန်သွယ်ရေးပလက်ဖောင်းသည် မြန်ဆန်၍ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးလုပ်ဆောင်မှုများကို ပေးစွမ်းပါသည်။ 

  • ကျွန်ုပ်တို့သည် စျေးကွက်အတွင်း အနိမ့်ဆုံးစျေးကွာဟချက်များနှင့်အကျိုး‌ဆောင်ခများကို ပံ့ပိုးပေးပါသည်။ 

  • ကျွန်ုပ်တို့၏ ဝန်ဆောင်မှု ကို ၂၄/၅ ရရှိနိုင်ပါသည်။

LiteFinance: LiteFinance ဖြင့် စတော့ရောင်းဝယ်ခြင်း၏ အကျိုးကျေးဇူးများ

စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံခြင်းအတွက် အမေးနှင့်အဖြေများ

ထိုအရာသည် စိစစ်လေ့လာချက်အရ အရိုးရှင်းဆုံးရင်းနှီးမှုဖြစ်ပြီး စွန့်စားမှုအနိမ့်ဆုံးထဲမှ တစ်ခုဖြစ်ပါသည်။ စတော့များသည် ခရစ်ပတို ငွေကြေးများထက် စျေးအတက်အကျများစွာ နည်းပါးပြီး ပိုမိုခန့်မှန်းရလွယ်သော စျေးနှုန်းသတ်မှတ်ချက်များ ရှိကြသည်။ ငွေကြေးအတွဲများနှင့် မတူဘဲ မြင့်တက်မှုကန့်သတ်ထားခြင်း မရှိပါ။ တခြားနည်းလမ်းမှာ စတော့အညွှန်းကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး ၎င်းမှာ အရင်းအနှီးထည့်ခြင်းဖြင့် ကုမ္ပဏီကြီးများ၏ အမျိုးမျိုးသော‌ ဆောင်ရွက်ပေးမှုများဖြစ်ပါသည်။

အနည်းဆုံးငွေအပ်နှံမှုသည် အတွေ့အကြုံနှင့် လက်တွေ့အရည်အချင်းများ ရယူရန်အတွက် လုံလောက်ပါသည်။ LiteFinance ၌ အနည်းဆုံးမှာ $50 ဖြစ်ပါသည်။ ဤပလက်ဖောင်းသည် စတော့ အစုငယ်များကို ဝယ်ယူရန် သင့်အားခွင့်ပြုပါသည်။ အကယ်၍ သင့်၏ရည်မှန်းချက်မှာ ရေရှည်ဝင်ငွေအတွက် ဖြစ်ပါက ယခင် ၁၀နှစ် အတောအတွင်း စတော့အပေါ်တွင် ပျမ်းမျှပြန်လည်ရရှိမှုကို အခြေခံ၍ ရင်းနှီးငွေပမာဏအား တွက်ချက်ပါ။

အနိမ့်ဆုံးစွန့်စားမှုအဆင့်နှင့် အမြင့်ဆုံးစျေးကွက်မတည်ငွေရှိသည့် စတော့များအတွင်း ရင်းနှီးမြှုပ်နှံရန် ပိုမိုသင့်တော်ပါသည်၊ ထိုထဲတွင် ရှေ့ပြေးထိပ်တန်း စတော့အညွှန်းကိန်းများ ဖြစ်ကြသည့် S&P 500၊ NASDAQ နှင့် DAX တို့ပါဝင်သည်။ အဆိုပါကဏ္ဍ၏ ဥပမာများတွင် စီမီးလျှပ်ကူပစ္စည်းများနှင့် ဆက်စပ်ထုတ်လုပ်ရေးများ၊ နည်းပညာကုမ္ပဏီများ (AR နှင့် VR နည်းပညာများ၊ စက်ရုပ်များ၊ cloud solutions၊ ဆက်သွယ်‌ရေးနှင့် blockchain တို့နှင့် ဆက်သွယ်နေသည့်အရာများကဲ့သို့) နှင့် စျေးကွက်တက်ကျမှုပြင်းထန်ချိန်ကာလများအတွင်း အသေးစားကျဆင်းမှုမျှဖြင့် အနည်းဆုံး ၁၀-၁၅ နှစ်အတွင်း ပုံသေမြင့်တက်မှုကို ပြသသည့် စတော့များ ပါရှိသည်။ လူသုံးကုန်ပစ္စည်းလုပ်ငန်းမှာ ထိုကဲ့သို့သာဓကတစ်ခုပင် ဖြစ်ပါသည်။

ယေဘုယျစီးပွာရေးရပ်တန့်မှု၏ စွန့်စားမှုတစ်ရပ် ရှိပြီး၎င်းမှာ စတော့စျေးကွက်အနှံ့အားလုံးကို ကျဆင်းမှု ဖြစ်ပေါ်စေနိုင်ပါသည်။ ယှဥ်ပြိုင်မှုတိုးများလာခြင်း၊ စိတ်ပျက်ဖွယ်ဘဏ္ဍာရေးရလဒ်များ၊ တရားရေးရာကိစ္စရပ်များ၊ အဖွဲ့အစည်းအတွင်းအငြင်းပွားမှုများစသည်တို့ကဲ့သို့ အခြေခံအချက်များ ကို စောင့်ကြည့် လေ့လာရန်မှာလည်း အရေးကြီးပါသည်။

အကယ်၍ သင်သည် နောင်လာမည့်အနာဂတ်အတွင်း အကြောင်းတစ်စုံတစ်ရာအတွက် စည်းစိမ်တိုးပွားရန် စိတ်အားထက်သန်ပါက ရေရှည်ရင်းနှီးမြှုပ်နှံမှုမှာ သင့်အတွက် သင့်တော်သော ရွေးချယ်မှုတစ်ခု ဖြစ်ပါသည်။ သို့သော် ရေတိုရင်းနှီးမြှုပ်နှံမှုများ အထောက်အပံ့ဖြင့် သင်သည် များမကြာမီအတွင်း အံ့အားသင့်ဖွယ် အကျိုးဖြစ်ထွန်းမှုများကို ရောက်ရှိနိုင်ပါသည်။ စတော့များ အတွင်း ရင်းနှီးမြှုပ်နှံခြင်းမတိုင်မီ သင်မည်သည်ကို အမှန်တကယ် စိတ်ပါဝင်စားကြောင်း သင့်ကိုယ်သင် မေးမြန်းကြည့်ပါ။ တခါတရံ၌ စတော့တွင်မဟုတ်ဘဲ သင့်၏ပညာရေး (သို့) စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံရန်မှာ ပိုမိုကောင်းမွန်နေတတ်ပါသည်။ အကယ်၍ သင်သည် သိလိုစိတ်ပြင်းပြရုံသာဖြစ်ပြီး ငွေပိုငွေလျှံရှိပါက မလုပ်ဆောင်နိုင်ရန် အကြောင်းပြချက်မရှိပါ။

စတော့တစ်ခုကို ဝယ်ယူချိန်တွင် သင်သည် ကုမ္ပဏီတစ်ခုတည်းတွင် ရင်းမြှုပ်နှံခြင်း ဖြစ်သည်။ Mutual funds များတွင် ရန်ပုံငွေများစွာပါဝင်သောကြောင့် ကုမ္ပဏီအမျိုးမျိုးပါရှိသည်။ သင်သည် သင့်ကိုယ်တိုင်တစ်ဦးတည်းဖြင့် အားလုံးကို ရယူဆောင်ရွက်ချင်ပြီး သင့်အပိုင်လုပ်ဆောင်ချက်ကို တည်ဆောက်ချင်ပါက စတော့များကို ရွေးချယ်ပါ။ သင်သည် သင့်အကောင့်၏ အနေအထားမျိုးစုံကွဲပြားမှုကြောင့် အခက်အခဲပြသာနာများ မရှိချင်ပါက mutual funds အားရွေးချယ်ပါ။

ပထမဦးစွာ သင့်ကိုယ်သင်အတွက် “များစွာမရှိ” ဆိုသည်ကို တိကျစွာသတ်မှတ်ပါ။ သီအိုရီအရ သင်သည် $1 မျှသာရင်းနှီး၍ သင့်အကောင့်ကို ဖွင့်လှစ်နိုင်သော်လည်း ထိုဆောင်ရွက်ချက်၏ ရလဒ်ကို သင်ကျေနပ်အားရမှု ရှိလိမ့်မည်လော။ သင့်တွင် ငွေကြေးများစွာမရှိချိန်တွင် ရင်းနှီးမြှုပ်နှံမှုကို စတင်ရန် နည်းလမ်းမျိုးစုံရှိပါသည် – သင့်အလုပ်ရှင်၏ အငြိမ်စားစီမံကိန်းတွင် ပါဝင်အရင်းအနှီးထည့်ရန် (သို့) သင်သည် ထိုသို့ကာလကြာရှည် မစောင့်ဆိုင်းချင်ပါက သင့်တွင်ရှိသော အနည်းဆုံးရင်းနှီးမြှုပ်နှံမှုဖြင့် ရောင်းဝယ်ရန်။

စတင်‌လေ့လာသူများအတွက် စတော့များတွင် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးနည်းလမ်းမှာ ဝယ်ယူ၍ ကိုင်ဆောင်ထားရန် ဖြစ်ပါသည်။ ကုန်သွယ်ခြင်းသည် အနည်းဆုံးအခြေခံဗဟုသုတ လိုအပ်ပါသည်။ သင့်ကိုယ်သင် သင်ကြားပါ၊ လက်တွေ့ပညာရှင်များ၏ အရည်အသွေးမြင့်‌ ဆောင်းပါးများကို ဖတ်ရှုပြီး လက်တွေ့လေ့ကျင့်ပါ။ သင်သည် ထိုထဲတွင် အချိန်များစွာ မြှုပ်နှံရန် အဆင်သင့်ဖြစ်ပါက စတော့များမှာ သင့်အတွက် ကောင်းမွန်သောရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လာနိုင်ပါသည်။

အလွယ်ကူဆုံး သို့သော် စျေးအသက်သာဆုံးမဟုတ်သည့် ရွေးချယ်မှုမှာ ဘဏ္ဍာရေး ဆိုင်ရာမန်နေဂျာတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးရန် ဖြစ်ပါသည်။ သို့ပေမဲ့လည်း အခြားနည်းလမ်းတစ်ခု ရှိပါသည်။ သင့်၏ ရည်မှန်းချက်ပန်းတိုင်များကို ရှာဖွေပါ၊ ရေရည်(သို့) ရေတိုရင်းနှီးမြှုပ်နှံရေး မည်သည်တွင် သင်စိတ်ပါဝင်စားကြောင်းကို ဆုံးဖြတ်၍ ကုမ္ပဏီများအကြောင်းကို ရှာဖွေလေ့လာပါ။

ရနိုင်ပါသည်။ သင်သည် ပမာဏအနည်းငယ်ဖြင့် သင့်၏လုပ်ဆောင်ချက်ကို စတင်‌ဆောင်ရွက်နိုင်ပြီး ထိုသည်မှာ သင့်အား အတွေ့အကြုံနှင့် ဗဟုသုတများ စု‌ဆောင်းရန် အထောက်အကူဖြစ်ပါလိမ့်မည်။ $20 (သို့) ထိုထက်ပိုနည်းသောပမာဏဖြင့် အွန်လိုင်း အကျိုးဆောင် အကောင့်တစ်ခုကို ဖွင့်နိုင်ပါသည်။ သင်သည် exchange-traded funds (ETFs) ထဲတွင် ရင်းနှီးမြှုပ်နှံနိုင်ပါသည် – ထိုသည်မှာ ရင်းနှီးမှုအနည်းငယ်ဖြင့် Apple စတော့ရှယ်ယာပိုင်ရှင်တစ်ဦး ဖြစ်ရန် နည်းလမ်းတစ်သွယ် ဖြစ်ပါသည်။ သင်သည် CFD စတော့ကိုလည်း စမ်းကြည့်သင့်ပါသည်– ထိုသည်မှာ စတော့အမျိုးမျိုး၏ စျေးနှုန်းကွာခြားချက်ကို သုံးခြင်းဖြင့် ကုန်သွယ်၍ ဝင်ငွေရရှိပါသည်။

အထက်တွင် သင်မြင်တွေ့ရသည့်အတိုင်း $100 ရင်းနှီးမြှုပ်နှံခြင်းမှာ ကောင်းမွန်သောစတင်မှုတစ်ခု ဖြစ်နိုင်ပါသည်။ သင့်၏ ရင်းနှီးမှုလုပ်ဆောင်ချက်အစုစုကို တိုးချဲ့ရန်နှင့် အတွေ့အကြုံတိုးပွားရန်အတွက် $500 မှာလုံလောက်သည်ထက်ပင် ပိုမိုပါသည်။ သင်သည် robo-advisors များကိုလည်း အသုံးပြုနိုင်ပါသည်။

သဘောတရားအားဖြင့် ဖြစ်နိုင်ပါသည်။ သင်သည် အင်တာနက်ပေါ်တွင် အလားတူပြောပြချက်များစွာကို ရှာတွေတွေ့ရှိလိမ့်မည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။ သို့သော် သင့်ကိုယ်ပိုင်ကံကောင်းမှုကို သင်ဆောင်ရွက်ရမည်။ သင့်အချိန်နှင့် အခါအားလျော် သင့်အသိပညာအပေါ်၌ ငွေကို သုံးစွဲရန် သင်အဆင်သင့်ဖြစ်ပြီး သင့်တွင် ငွေအပို ရှိပါက – သင်လိုချင်သည့် အရာကိုဆွတ်ခူးရန် ကန့်သတ်ချက်များမရှိပါ။

စတော့ရှယ်ယာများကိုမည်ကဲ့သို့ရင်းနှီးမြှုပ်နှံရမည်နည်း။ (လမ်းညွှန်ချက် အပြည့်အစုံ)

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat