အွန်လိုင်းပလက်ဖောင်းများကို အသုံးချခြင်းဖြင့် စတော့ရှယ်ယာအရောင်းအဝယ်သည် ပိုမို၍ လူသိများပြီး အားကောင်းလာခဲ့သည်။ အွန်လိုင်းတဆင့်ရောင်းဝယ်ခြင်းသည် သမာရိုးကျ နည်းလမ်း များထက် ပို၍ အဆင်ပြေလွယ်ကူရိုးရှင်းသောကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင် လူအများ သည် လက်တွေ့ရောင်းဝယ်မှုကို စတင်ရန် လမ်းကြောင်းအမှန်ကို တနေ့တခြား ပို၍ရှာဖွေလာ ကြသည်။ ဤဆောင်းပါးသည် စတော့ရှယ်ယာကို ယခုမှ စတင်ရောင်းဝယ်ကြမည့်သူများအတွက် စတော့ အမျိုးအစားများ၊ အားနည်းချက် အားသာချက်၊ ရှယ်ယာရောင်းဝယ်ရန်နည်းလမ်းများအပါအဝင် စတော့ရှယ်ယာရောင်းဝယ်ခြင်းများအတွက် ပြည့်စုံသော လမ်းညွှန်ချက်ဆောင်းပါးဖြစ်သည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- စတော့ရှယ်ယာ ရောင်းဝယ်ရာတွင် မဖြစ်မနေ သိရှိရမည့် အချက်များ
- စတော့ရှယ်ယာမျိုးစုံမှ ဘာကိုရွေးချယ်သင့်သလဲ။
- စတော့ရှယ်ယာရောင်းဝယ်ခြင်း၏အကျိုးကျေးဇူးများ
- စတော့ရှယ်ယာရောင်းဝယ်ခြင်း၏ အားနည်းချက်များ
- စတော့ကုန်သွယ်ရေးနည်းစနစ်များ
- စတော့ရှယ်ယာ စတင်ရောင်းဝယ်ရန် အဆင့်များ
- အကျိုးဆောင်ရယူသည့် ကော်မရှင်ပမာဏကို လေ့လာခြင်း
- အကောင်းဆုံး အွန်လိုင်းစတော့ကုန်သွယ်မှု ပလပ်ဖောင်း ၏ အင်္ဂါရပ်များ
- စတော့ကုန်သွယ်မှု နှင့် Forex ကုန်သွယ်မှု
- စတော့ရှယ်ယာ ရောင်းဝယ်ပုံအား လေ့လာခြင်း
- မှတ်ရန်
- စတော့ကုန်သွယ်ခြင်းဆိုင်ရာ မေးခွန်းများ
စတော့ရှယ်ယာ ရောင်းဝယ်ရာတွင် မဖြစ်မနေ သိရှိရမည့် အချက်များ
စတော့ရှယ်ယာရောင်းဝယ်ခြင်းဆိုသည်မှာ ကုမ္ပဏီတခုမှ အစုရှယ်ယာများကို ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်းဖြစ်သည်။ ထိုသို့ရောင်းဝယ်ရာတွင် နေ့စဉ်စျေးနှုန်းအတက်အကျအပေါ်မူတည်၍ ရေရှည်ထက် ရေတိုအမြတ်အစွန်းကို ဦးစားပေး၍ ရောင်းဝယ်ကြသည်။ အစုရှယ်ယာများကိုဝယ်ယူ၍ ငွေကြေးရင်းနှီး မြှုပ်နှံသောလုပ်ငန်းတွင် ပါဝင်နေကြသူများကို ကုန်သည် ဟုခေါ်ဆိုကြသည်။ စတော့ရှယ်ယာ ရောင်းဝယ်ရေး၏သော့ချက်တခုမှာ ကုန်သည်များ သည် ရှယ်ယာများကိုလက်တွေ့ပိုင်ဆိုင်ခြင်းမဟုတ်ပဲ စျေးနှုန်းအပြောင်းအလဲအပေါ်မှ အမြတ်အစွန်းကိုသာ ရရှိခံစားရခြင်းဖြစ်သည်။ စတော့ရှယ်ယာများကို CFDs (Contract for Differences) ဟုခေါ်သော တန်ဖိုးခြားနားမှုအပေါ်အခြေခံ၍ ပြုလုပ်ထားသော စာချုပ်များဖြင့် ဝယ်ယူရောင်းချနိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ CFD များမှာရှုပ်ထွေးသည့်အလျှောက် ရင်းနှီးမြှပ်နှံများသူ အနေနှင့် ဆုံးရှုံးနိုင်ချေလည်းမြင့်မားလှသည်ဖြစ်ရာ လိုအပ်သောဗဟုသုတနှင့် အတွေ့ကြုံရှိရန် လိုအပ်သည့် အပြင် CFDsများကိုရောင်းဝယ်ရာတွင် ဆုံးရှုံးနိုင်ချေကို ကန့်သတ်ရန်အတွက် ခိုင်မာသော ကုန်သွယ်ရေး ဗျူဟာများကိုဖော်ဆောင်နိုင်ရန်လည်း အရေးကြီးလှပါသည်။
စတော့ရှယ်ယာများကို အကျိုးဆောင်ကုမ္ပဏီများ ကိုယ်စားလှယ်များမှတဆင့် ရောင်းဝယ်နိုင်သည်။ တစုံတဦးမှ ၎င်းသည် စတော့ရှယ်ယာစျေးကွက်တွင် အရောင်းအဝယ်လုပ်သည်ဟု ဆိုခဲ့ပါလျှင် ထိုပုဂ္ဂိုလ်သည် စတော့ရှယ်ယာစျေးကွက်ကို ပိုမိုကျယ်ပြန့်အောင်လုပ်ဆောင်ပေးထားသော စတော့အိတ်စ်ချိန်းများရှိ ကုမ္ပဏီတခု သို့မဟုတ် ကုမ္ပဏီအများအပြား၏ အစုရှယ်ယာများ/ရှယ်ယာတန်ဖိုးများအား ဝယ်ယူရောင်းချခြင်းကို ရည်ညွှန်းပါသည်။ Nasdaq, New York Stock Exchange (NYSE), နှင့် Chicago Board Options Exchange (CBOE) စသည်တို့မှာ အမေရိကန်ပြည်ထောင်စု၏ ထိပ်တန်း စတော့အိတ်စ်ချိန်းများဖြစ်သည်။
စတော့ရှယ်ယာမျိုးစုံမှ ဘာကိုရွေးချယ်သင့်သလဲ။
အစုရှယ်ယာများမှာ ရှယ်ယာရှင်အား ကုမ္ပဏီ၏အကျိုးအမြတ်နှင့် ပိုင်ဆိုင်မှုတစိတ်တပိုင်းကို ခံစားခွင့် ပေးသော ဝေစုများဖြစ်သည်။ ရှယ်ယာများသည် စတော့ယူနစ်များလည်းဖြစ်သည်။
စတော့ရှယ်ယာဈေးကွက်တွင် ရောင်းဝယ်နိုင်သော အမျိုးအစားလေးမျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။
Growth Stocks
Growth stock ဆိုသည်မှာ ယခင်ကာလမှစတင်ကာ အနာဂါတ်အထိ စွမ်းဆောင်ရည်ကောင်းမွန်နေပြီး ပြိုင်ဘက်များကိုကျော်လွန်၍ စတော့ရှယ်ယာစျေးကွက်အတွင်းရှိ ပျမ်းမျှနှုန်းထားများထက် ပိုမိုမြင့်မား လာသော ကုမ္ပဏီများ၏ အစုရှယ်ယာများဖြစ်သည်။ ကုန်သည်၏ ခံစားခွင့်များမှာ ထိုကုမ္ပဏီ ရှယ်ယာများကို တစိုက်မတ်မတ်ဝယ်ယူသူများစွာရှိခြင်း၊ ရှယ်ယာစျေးနှုန်းသိသိသာသာနှင့် မြန်မြန်ဆန်ဆန် မြင့်တက်ခြင်း တို့ကြောင့် စျေးကွက်အတွင်း ယှဉ်ပြိုင်နိုင်သောအားသာချက်များနှင့် ဘဏ္ဍာရေးအကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။ တိုးတက်မှုရှိသောရှယ်ယာများ (Growth Shares) အတွက် နမူနာမှာ Amazon, Meta Platforms, Apple နှင့် Netflix စသည်တို့၏ရှယ်ယာများဖြစ်သည်။ Amazon နှင့် Meta Platform တို့မှာ နှစ်ပေါင်းများစွာတလျှောက်လုံးတွင် မြင့်မားသောတိုးတက်မှုနှုန်းကိုပြသခဲ့ကြသည်။ အလားတူပင် Apple နှင့် Nexflix တို့မှာလည်း ငှင်းတို့၏ ယှဉ်ပြိုင်နိုင်သောအားသာချက်များကြောင့် တစိုက်မတ်တမတ် ဝယ်ယူလိုသော ဖောက်သည်များစွာရှိကြသည်။
Dividend Stocks (AKA Yield)
Yield stocks ဟုအများသိကြသော အမြတ်ဝေစုပေးသည့်ရှယ်ယာများသည် အခြေခံခိုင်မာသော၊ အမြတ် ပုံမှန်ခွဲဝေပေးသော၊ စတော့စျေးကွက်အတွင်း လုပ်ဆောင်ချက်ကောင်းမွန်သော အများပိုင်ကုမ္ပဏီများ၏ ရှယ်ယာများဖြစ်သည်။ Yield on stock (YOC) သို့မဟုတ် trading costs yield ဟုခေါ်ဆိုကြသော စတော့ရှယ်ယာအရောင်းအဝယ်အတွက် တန်ဖိုးကို ခွဲပေးရသောဝေစုတန်ဖိုးနှင့် မြင့်တက်သွားသော စျေးနှုန်းတန်ဖိုး၏ပေါင်းလဒ်ကိုဝယ်စျေးဖြင့်စား၍တွက်ချက်သည်။ ကုမ္ပဏီအများစုမှာ ၎င်းတို့ ရှယ်ယာများ အတွက် တန်ဖိုးနှုန်းကို လက်ရှိစတော့စျေးကွက်၏ နှုန်းထားများအပေါ် အခြေခံ၍လည်း တွက်ချက်ကြသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါနှုန်းနှင့် ရှယ်ယာစျေးမှာ ပြောင်းပြန် အချိုးကျသောကြောင့်ဖြစ်သည်။ ကုမ္ပဏီရှယ်ယာစျေးနှုန်းမြင့်တက်ပါက လက်ရှိတန်ဖိုးနှုန်းထားကျဆင်းမည်ဖြစ်သည်။ Yield stocks ၏ အကျိုးကျေးဇူးများမှာ ငွေကြေးအကျပ်အတည်းများကို တည်ငြိမ်စွာဖြတ်ကျော်နိုင်ခြင်း၊ ငွေသားအရန်ရှိခြင်း၊ အနာဂါတ်တွင် ပိုမို၍ကောင်းမွန်စွာ ရေရှည်လုပ်ဆောင်နိုင်ရန်အလားအလာရှိခြင်းတို့ဖြစ်သည်။
New issues
New issue ဆိုသည်မှာ စတော့ရှယ်ယာစျေးကွက်တွင် လူအများရောင်းဝယ်နိုင်ရန် ပထမဆုံးအကြိမ်အဖြစ် မှတ်ပုံတင်ထုတ်ဝေလိုက်သော ရှယ်ယာများဖြစ်သည်။ New issues အများစုမှာ တဦးထဲပိုင်ကုမ္ပဏီမှ အများပိုင်အဖြစ်သို့ ပြောင်းလဲလိုက်သော လုပ်ငန်းများမှဖြစ်ပြီး ရင်းနှီးမြှပ်နှံသူများအတွက် အခွင့်အလမ်း အသစ်များရရှိနိုင်သည်။ တဦးထဲပိုင်မှ အများပိုင်အဖြစ်ပြောင်းလဲလိုက်သောကုမ္ပဏီ (IPO) တခုသည် Nasdaq နှင့် NYSE ကဲ့သို့သော စတော့အိတ်စ်ချိန်းများမှတဆင့် ရှယ်ယာအသစ်များကို အများပြည်သူထံ ရောင်းချခဲ့သည်။ ရှယ်ယာအသစ်များ၏နောက်ကွယ်မှရည်ရွယ်ချက်မှာ သက်ဆိုင်ရာကုမ္ပဏီများအတွက် အရင်းအနှီးကိုတိုးမြှင့်ရန်ဖြစ်သည်။ ဤရှယ်ယာအသစ်များအပေါ်တွင် ရင်းနှီးမြှပ်နှံခြင်း၏ အဓိက အကျိုးကျေးဇူးများတွင် ကုမ္ပဏီအားအရင်းအနှီးအသစ်များဖြင့်တန်ဖိုးတက်စေခြင်း၊ လွယ်ကူစွာ ရင်းနှီးမြှပ်နှံနိုင်ပြီး အသိအမှတ်ပြုမှုကိုရရှိနိုင်ခြင်း၊ ကုမ္ပဏီအသစ်နှင့် ထိတွေ့ရခြင်းများပါဝင်သည်။ ထို့အပြင် IPO များ၏ အစုရှယ်ယာနှုန်းထားများမှာ အများအားဖြင့် စျေးနိမ့်သောကြောင့် အနာဂါတ်တွင် အကျိုးအမြတ် များစွာကို မျှော်လင့်၍ရနိုင်သည်။
Defensive Stocks
Defensive stocks ဆိုသည်မှာ ပုံမှန်အမြတ်ဝေစုနှင့် ယုံကြည်စိတ်ချရသော နောက်ဆုံးအမြတ်ကို ခွဲဝေပေးသော ကုမ္ပဏီများမှ ရှယ်ယာများဖြစ်သည်။ ၎င်းတို့၏ထုတ်ကုန်များမှာ ဝယ်လိုအား အဆက်မပြတ် ရှိနေသောကြောင့် စတော့ရှယ်ယာစျေးကွက်အခြေအနေ မည်သို့ရှိစေကာမူ ထိုရှယ်ယာများသည် အခြားသော စတော့ပိုင်ဆိုင်မှုများထက် ပိုမို၍တည်ငြိမ်ခိုင်မာသည်။ Defensive stocks များသည် ငွေကြေးဆုံးရှုံးနိုင်ခြေ အလွန်နည်းပါးပြီး ရေရှည်တွင် အခြားသောရှယ်ယာများထက် သိသာထင်ရှားသော အကျိုးအမြတ်ကို ရရှိနိုင်သည်။ Coca-Cola,Johnson & Johnson,Procter & Gamble စသည်တို့မှာ နမူနာစတော့ရှယ်ယာ ကုမ္ပဏီများဖြစ်သည်။ စီးပွားရေးစျေးကွက်မတည်ငြိမ်သော အချိန်အခါမျိုးတွင် ၎င်းတို့ကို ရွေးချယ်လေ့ ရှိကြသည်။ သို့ရာတွင် ၎င်းတို့၏ ဈေးနှုန်းအလှုပ်အခတ် နည်းပါးမှုသဘောသဘာဝကြောင့် စတော့စျေးနှုန်းများ မြင့်တက်နေသောအချိန်မျိုးတွင် ၎င်းတို့ရရှိနိုင်သော အမြတ်ပမာဏမှာနည်းပါးပါသည်။
စတော့ရှယ်ယာရောင်းဝယ်ခြင်း၏အကျိုးကျေးဇူးများ
စတော့စျေးကွက်တခုလုံး၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၅ ထရီလီယံခန့်ရှိနေပြီး လာမည့်နှစ်များတွင် ပမာဏ ပိုမိုကြီးထွားလာမည့်အလားအလာရှိနေသည်။ ၎င်းသည် ရောင်းဝယ်သူများအတွက် ဆုံးရှုံးမှု များပြားနိုင်သော အရိပ်အယောင်လည်းဖြစ်သည်။ ရင်းနှီးမြှပ်နှံသူများအတွက် သိသာထင်ရှားသော အကျိုးအမြတ်များစွာရရှိနိုင်သလို ဆုံးရှုံးမှုများလည်းရှိလာနိုင်သည်။ အွန်လိုင်းမှတဆင့် စတော့ရှယ်ယာများ ရင်းနှီးမြှပ်နှံခြင်း၏ အားသာချက်များကို အောက်တွင်ဆွေးနွေးပြထားပါသည်။
- ဝင်ငွေ - အစုရှယ်ယာရောင်းဝယ်ခြင်းသည် အမှန်တကယ်ရှိသော ပစ္စည်းများအပေါ်တွင် အခြေခံထား ပြီး ၎င်းတို့ကို လက်တွေ့ပိုင်ဆိုင်ခွင့်မရှိပေ။ ထို့ကြောင့် စျေးကွက်အတွင်း ရှယ်ယာများ စျေးနှုန်း ကျဆင်းနေချိန်မျိုးတွင် ကုန်သည် သည် ထိုအခြေအနေမှ အကျိုးအမြတ်ရရှိနိုင်သည်။ အမြတ်အစွန်း များများရရှိနိုင်ရန် စျေးကျချိန်တွင်ဝယ်ယူပြီး စျေးတက်ချိန်တွင် ရောင်းချခြင်းသည် လည်း စီးပွားရေးမဟာဗျူဟာတခုပင်ဖြစ်သည်။ အွန်လိုင်းမှ ရှယ်ယာရောင်းဝယ်ခြင်းကို ယနေ့ခေတ်တွင် ရေပန်းစားသောငွေရှာနည်းများထဲမှ တခုအဖြစ်ယူဆနိုင်သည်။ အမြင့်ဆုံးသော ဆုံးရှုံးနိုင်ချေကို ဖြတ်ကျော်ပြီးသည်နှင့် ကုန်သည်တွင် သိသာထင်ရှားသော အမြတ်အစွန်းများစွာ ရရှိနိုင်ပေသည်။
- Hedging. စတော့စျေးကွက်တွင်ရင်းနှီးမြှုပ်နှံခြင်းသည် ကုန်သည်အသစ်များနှင့် ပရော်ဖက်ရှင်နယ် ကုန်သည် နှစ်ဦးလုံးအတွက် ၎င်းတို့၏ ပိုင်ဆိုင်မှုအစုကို ခွဲခြားရာတွင် အကူအညီရသည်။ စတော့ရောင်းဝယ်လာ သည့်သက်တမ်းအပေါ်မူတည်၍ သင့်လျော်သောရင်းနှီးမြှပ်နှံမှုများကို ရွေးချယ်နိုင်သည်။ အရင်းကုန်ဆုံးသွားခြင်းမျိုး သို့မဟုတ် ၎င်းတို့၏ ပိုင်ဆိုင်မှုအစု တန်ဖိုး မငြိမ်မသက်ဖြစ်ခြင်း ကဲ့သို့သော ကြီးမားစွာဆုံးရှုံးနစ်နာခြင်းမျိုးမဖြစ်စေရန် အကာအကွယ်ယူခြင်း ဖြစ်သည်။ ခွဲခြားမှုပြုလုပ်ရန်အတွက် ကုန်သည်အသစ်တယောက်သည် စတော့စျေးကွက်အတွင်းရှိ မတူညီသော နယ်ပယ်များမှ ရှယ်ယာ ၁၀ မျိုး အထက်ဝယ်ယူနိုင်သည်။ အကြောင်းမှာ စီးပွားရေး ဈေးကွက် မတည်ငြိမ်သောအခါ ကုမ္ပဏီတခုတည်းမှ ရှယ်ယာများ ကို စုပြုံ၍ ဝယ်ထားခြင်း သည် ဆုံးရှုံးနိုင်ခြေကို ပိုမိုမြင့်မားစေပြီး ရှယ်ယာစျေးနှုန်းကျဆင်းပါက ရင်းနှီးမြှုပ်နှံသူအတွက် အရင်းကုန်သည်ထိ ဆုံးရှုံးနစ်နာနိုင်သောကြောင့်ဖြစ်သည်။
- အရင်းအနည်းငယ်သာလိုအပ်ခြင်း - ရင်းနှီးမြှုပ်နှံသူအကောင့်ဖွင့်ရန်အတွက် အနည်းဆုံးပမာဏ သတ်မှတ်ထားခြင်းမျိုးမရှိသည့်အတွက် ကုန်သည်တယောက်အနေနှင့် CFDs ဖြင့် စတော့ရှယ်ယာ ရောင်းဝယ်ရန် $100 ဖြင့်ပင်စတင်နိုင်သည်။ ထိုစရန်ငွေအတွက်လည်း အာမခံချက်အပြည့်အဝ ရှိသည်။ ငွေပမာဏမှာ ကုန်သည် တဦးအနေနှင့် မိမိရောင်းဝယ်လိုသော အစီအစဉ် ပေါ်မူတည်၍ အနည်းအများကွဲပြားနိုင်သည်။ မိမိတို့ရွေးချယ်သော အွန်လိုင်းအကျိုးဆောင် အပေါ်တွင်လည်း မူတည်သည်။ ဤအချက်များကိုကြည့်ပါက ကုန်သည် တယောက်အတွက် မိမိတတ်နိုင်သော အရင်းအနည်းငယ်ဖြင့်သာ စတင်နိုင်ကြောင်း သိရှိနိုင်သည်။ သတိပြုရမည်မှာ CFDs များ၏ သဘောသဘာဝမှာရှုပ်ထွေးသောကြောင့် လုံလောက်သောဗဟုသုတမရှိထားပါက ငွေကြေးများအလွယ်တကူ ဆုံးရှုံးသွားနိုင်ပါသည်။
- လွယ်ကူသော လုပ်ငန်းစဉ် - စတော့ရှယ်ယာကိုလက်တွေ့ရောင်းဝယ်ခြင်းမှာ တွေးထား သလောက် မခက်ခဲပါ။ ကုန်သည်အနေဖြင့် Forex ပိုင်းတွင်ရင်းနှီးကျွမ်းဝင်ပါက ပို၍ ရိုးရှင်းလွယ်ကူပါသည်။ ကုန်သည်သည် အကျိုးဆောင်ကုမ္ပဏီတွင်အကောင့်ပြုလုပ်၍ စရန်ငွေ ဖြည့်သွင်းပြီးသည်နှင့် စတော့များကိုလေ့လာဆန်းစစ်ကာ မိမိဆုံးဖြတ်ချက်အတိုင်းဆက်လက်၍ ရောင်းဝယ်နိုင်ပါပြီ။
စတော့ရှယ်ယာရောင်းဝယ်ခြင်း၏ အားနည်းချက်များ
စတော့စျေးကွက်မှာ စက္ကန့်နှင့်အမျှ အနိမ့်အမြင့် အတက်အကျအသစ်များ ဖြစ်ပေါ်လျှက် မတည်ငြိမ်သော သဘောသဘာဝရှိသည်။ ထိုအချက်ကြောင့် ဤဈေးကွက်၌ ရောင်းဝယ်ရာတွင် အားနည်းချက်များလည်း ရှိနေပါသည်။ အဓိက အားနည်းချက်များကို အောက်တွင်ဆွေးနွေးပြထားပါသည်။
- အတက်အကျကြမ်းခြင်း - စတော့စျေးကွက်သည် စီးပွားရေးအခြေအနေအရပ်ရပ်နှင့် အပြုသဘော ဆက်စပ်နေသောကြောင့် စျေးကွက်အခြေအနေများ လျင်မြန်စွာပြောင်းလဲနေသည်နှင့်အမျှ ရှယ်ယာ အရောင်းအဝယ်တွင်လည်း စိန်ခေါ်မှုများရှိလာနိုင်သည်။
- အချိန် - ကုမ္ပဏီရှယ်ယာတခုကို အရောင်းအဝယ်မလုပ်ဆောင်ခင် သေချာစွာ ဆန်းစစ်လေ့လာရန် လိုအပ်သည်။ ဤအချက်တွင် ဘဏ္ဍာရေးအဖွဲ့များ၏ထုတ်ပြန်ချက်များ၊ နှစ်ပတ်လည် အစီရင်ခံစာများနှင့် သတင်းများကို နားလည်အောင် သိမြင်နိုင်ခြင်းများပါဝင်သည်။ ထိုမျှမက အကောင်းဆုံးကုမ္ပဏီများ၏ရှယ်ယာများပင်လျှင် စျေးကွက်ပျက်စီးခြင်း၊ ပြန်လည်ပြင်ဆင်ခြင်း၊ စျေးကွက်အားနည်းချိန်ဖြစ်ခြင်းတို့ကြောင့် တန်ဖိုးထိုးကျခြင်းများဖြစ်နိုင်သောကြောင့် ကုန်သည် အနေနှင့် စျေးကွက်ကို မျက်ခြေမပြတ်စောင့်ကြည့်နေရန်လိုအပ်သည်။
- အပြိုင်အဆိုင်များ - စတော့အရောင်းအဝယ်နှင့် စျေးကွက်တွင် ယခုမှစတင်သောလူသစ်များရှိသလို ရှယ်ယာရောင်းဝယ်ရန် လိုအပ်သော အချိန်၊ ဗဟုသုတ၊ အထောက်အကူ၊ အသိပညာ၊ ကွန်ပြူတာစနစ်များလုံလောက်စွာရှိသော ကျွမ်းကျင်သူများပါရှိနေကြသည်။
- စိတ်ခံစားချက်များ - ပင်ကိုယ်မတည်ငြိမ်သောစိတ်၊ စတော့ရှယ်ယာကုန်သွယ်မှုအတွေ့အကြုံနှင့် စက္ကန့်နှင့်အမျှပြောင်းလဲနေသော စျေးနှုန်းများကြောင့် ကြောက်စိတ်၊ လောဘစိတ်များ ဖြစ်ပေါ်လာနိုင်သည်။
စတော့ကုန်သွယ်ရေးနည်းစနစ်များ
စတော့ရောင်းဝယ်ရေးကို ရှေ့ဆက်လုပ်ကိုင်ရန် မတူကွဲပြားသော စတော့ရှယ်ယာအမျိုးအစားများအား သိရှိနားလည်သဘောပေါက်ရန် မဖြစ်မနေလိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် ကုန်သည်တယောက်သည် စျေးကွက်အတွင်းရရှိနိုင်သော စတော့ရှယ်ယာအမျိုးအစားများနှင့် အခြားသော ရင်းနှီးမြှုပ်နှံမှုများအကြောင်း အသေးစိတ်သိရှိပြီးမှသာ မိမိ၏ငွေရေးကြေးရေးရည်မှန်းချက်များကို ကိုယ်တိုင်ဆန်းစစ်ပြီး အကောင်းဆုံး နည်းလမ်းကိုရွေးချယ်နိုင်မည်ဖြစ်သည်။ စျေးကွက်အတွင်းရှိ မတူကွဲပြားသော စတော့ အရောင်းအဝယ်များအကြောင်းကို အောက်တွင်ရှင်းပြပေးထားပါသည်။
တနေ့တာအတွင်းရောင်းဝယ်ခြင်း
Intraday trading ဟု သိထားကြသော ဤအရောင်းအဝယ်တွင် အဝယ်နှင့်အရောင်းကို တရက်ထဲတွင် ပြုလုပ်ရန်လိုအပ်ပြီး ဤရောင်းဝယ်မှုပုံစံကို အများစုအသုံးပြုကြသည်။ ဤပုံစံဖြင့် ရောင်းဝယ်သော ကုန်သည်များသည် စတော့စျေးကွက်မပိတ်မှီတွင် အမြတ်အရှုံးကိုလျှင်မြန်စွာ ရလာဒ်ထွက်ပေါ်လာစေသည်။ တနေ့တာအတွင်း ရောင်းဝယ်ခြင်းမှာ ကြိုမြင်နိုင်၍ လျင်မြန်စွာရွေးချယ်နိုင်ရန်အရေးကြီးသည်။ စျေးကွက်အပြောင်းအလဲကို လျင်မြန်စွာတုံ့ပြန်နိုင်သော လက်သွက်သည့် ကုန်သည်များအတွက် ဤအမျိုးအစားမှာ အသင့်တော်ဆုံး ဖြစ်သည်။
တနေ့တာအတွင်း ရောင်းဝယ်ခြင်းကို ဆော့ဝဲများ၊ ပရိုဂရမ်များဖြင့် လုပ်ဆောင်နိုင်သည်။ ထို့ကြောင့်ပင် ခွဲခြမ်းစိတ်ဖြာမှုနည်းစနစ်ကောင်းများနှင့် ဆုံးရှုံးမှုသက်သာစေရန် စီမံခန့်ခွဲခြင်းနည်းလမ်းများမှာ အလွန် အရေးကြီးပါသည်။ တိုတောင်းသော အချိန်အကန့်အသတ်ဖြစ်သည့် တစ်မိနစ်အချိန် မှ လေးနာရီအချိန် အထိ လုပ်ဆောင်ကြသည်။ စတော့ရှယ်ယာစျေးကွက်တွင် အတွေ့အကြုံနှင့် ဗဟုသုတ မရှိပါက သင်၏ ရင်းနှီးမြှပ်နှံသူအကောင့်မှ ငွေကြေးများကို ဆုံးရှုံးရမည်ဖြစ်သည်။
ရေတိုအရောင်းအဝယ်တွင် စောင့်ကြည့်ခြင်း
ခန့်မှန်း၍ရင်းနှီးမြှပ်နှံခြင်းတွင် ပရော်ဖက်ရှင်နယ် ဂျာနယ်များမှ လွန်ခဲ့သောလအနည်းငယ်အတွင်းက နယ်ပယ်အလိုက်စွမ်းဆောင်မှုများ၊ ထုတ်ပြန်သော ဒေသဆိုင်ရာ ဥပဒေများ၊ ကုမ္ပဏီ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုအသစ်အပေါ်သုံးသပ်ချက်များ၊ ရှယ်ယာစျေးနှုန်းများအပေါ် ခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်များကို ဖတ်ရှုလေ့လာရန် အရေးကြီးပါသည်။ လေ့လာရာတွင် အရောင်းအဝယ်တခု၊ စီးပွားရေးတခုကိုသာမက အလားတူနယ်ပယ်မှ အခြားသောလုပ်ငန်းများကိုပါ လေ့လာသင့်ပေသည်။ သို့မှသာ အကောင်းဆုံးသော ဈေးကွက်ကို ရွေးချယ်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ကုမ္ပဏီအနည်းငယ်အကြောင်းကိုသာ ဝိုးတဝါး သိခြင်းမျိုးထက် နယ်ပယ်တခုလုံးအကြောင်းကို နှံ့စပ်စွာသိရှိခြင်းက ပိုမိုကောင်းမွန်ပါသည်။ ဥပမာ ကုမ္ပဏီတခု၏ ရှယ်ယာစျေးနှုန်းမှာ ယခင်က 0.1 တက်ခဲ့လျှင်၊ လုပ်ငန်းသစ်တခုမိတ်ဆက်ပြီးချိန်တွင် ပို၍မြင့်တက်လာနိုင်သော အလားအလာရှိသည်။ အကယ်၍ သင်သည် စီးပွားရေးညွှန်းကိန်းများနှင့်တကွ ကုမ္ပဏီအသီးသီးကို စာရင်းပြုစုပြီးမှသာ မည်သည့်ကုမ္ပဏီမှရှယ်ယာများသည်ဆုံးရှုံးမှုအနည်းဆုံးနှင့် အမြတ်အစွန်းအများဆုံးရရှိနိုင်မည်ကိုမှန်းဆ၍ ရွေးချယ်ဝယ်ယူသင့်သည်။
ရေတိုရောင်းဝယ်ရေးသမားများသည် အရှုံးနည်း၍အမြတ်များရန်သာ ကြိုးစားကြသည်။ ဤနည်းလမ်းမှာ သင့်အတွက်လည်း သင့်တော်သောနည်းလမ်းတခုဖြစ်နိုင်ပါသည်။
ကာလတခုအတွင်းရောင်းဝယ်ခြင်း
မှန်းဆချက်များအရ အရောင်းအဝယ်များကို ရက်အနည်းငယ်မှ ရက်သတ္တပတ်အနည်းငယ်ထိ မပြောင်းလဲပဲ ကိုင်ထားသောအခါ ခွဲခြမ်းစိတ်ဖြာမှုများကို တောက်လျှောက်သုံးသပ်နေရန် လိုအပ်သည်။ ဂရပ်ဖစ်ဖြင့် ခွဲခြမ်းသုံးသပ်ခြင်းများ၊ ကုမ္ပဏီ၏ ယခင်တနှစ်တာ ရှယ်ယာစျေးနှုန်းများအပေါ်သုံးသပ်ချက်များ၊ ယုံကြည်လောက်သော ကျွမ်းကျင်သူများ၏ ယူဆချက်များ၊ ကုမ္ပဏီပိုင်ရှင်မှကိုင်ဆောင်ထားသော ရှယ်ယာများ၊ အမြတ်ဝေစုပေးချေမှုများ၊ သုံးလပတ်အမြတ်ခွဲတမ်းများ၊ ငွေဖော်သည့်ပမာဏ၊ ကုမ္ပဏီ၏ကြွေးမြီများ၊ စျေးနှုန်းနှင့် အမြတ်ခွဲတမ်းအချိုး၊ ရှယ်ယာတစောင်အတွက် ကုမ္ပဏီမှ ခွဲပေးသောအမြတ်နှင့် စျေးကွက်ပေါက်စျေးအချိုး (PE) အစရှိသည့်ကုမ္ပဏီညွှန်းကိန်းများအားလုံးကို လေ့လာသုံးသပ်နိုင်ရန်လိုအပ်သည်။
ကာလရှည် ရောင်းဝယ်ခြင်း
ကာလရှည်ရောင်းဝယ်ခြင်း သည် အရောင်းအဝယ်များအား ရက်ပေါင်းများစွာမှ ရက်သတ္တပတ်များစွာအထိ ထိန်းသိမ်းထားခြင်းဖြစ်သည်။ စီးပွားရေးသတင်းအခြေခံခွဲခြမ်းစိတ်ဖြာမှု (နိုင်ငံရေးအခြေအနေ၊ စျေးကွက်အရင်းအနှီး၊ အတိုးနှုန်း) နှင့် နည်းပညာဆိုင်ရာကိရိယာများ (အညွှန်းကိန်းများ၊ ဇယားပုံစံများ) ကို အခြေခံ၍ အမြတ်ကောင်းကောင်းရရှိရန် ခိုင်မာသော ရေရှည်လမ်းကြောင်းများကို ပေါ်ပေါက်ရန် မျှော်လင့်ကြခြင်းဖြစ်သည်။ ထို့ကြောင့် ရေတိုအတက်အကျများကို ထည့်မစဉ်းစားပါ။
ကာလရှည်ရင်းနှီးမြှပ်နှံမှုတွင် အနိမ့်ဆုံးဈေးနှုန်းပြောင်းလဲမှု သို့မဟုတ် ငွေကြေးစီမံခန့်ခွဲမှု လိုအပ်သည်။ ဤရောင်းဝယ်မှုပုံစံသည် ကုန်သွယ်မှုအတွက် အချိန်သီးသန့် မပေးနိုင်သော ပရော်ဖက်ရှင်နယ်များ အတွက် သင့်လျော်စေသည်။ ဤရင်းနှီးမြုပ်နှံမှုအမျိုးအစားသည် ကုမ္ပဏီ သို့မဟုတ် စတော့၏ အနာဂတ်စျေးနှုန်း စွမ်းဆောင်ရည် အလားအလာအပေါ် မူတည်ပါသည်။
Swing Trading
Swing trading ဆိုသည်မှာ အတက်နှင့် အကျလမ်းကြောင်းများပေါ်တွင် စတော့ရှယ်ယာများကို ရောင်းဝယ် သည့် ကုန်သွယ်မှုဗျူဟာကို ရည်ညွှန်းသည်။ ကုန်သည်များသည် ဈေးကွက်၏ အားကောင်းသော ဦးတည်ချက် လမ်းကြောင်းတစ်ခုအတွင်း အသေးစားစျေးနှုန်း ရွေ့လျားမှုများပေါ် ကုန်သွယ်ရန် ရည်ရွယ်သည်။ Swing trading တွင် အမြတ်ပေါ်နိုင်ရန်အတွက် အရောင်းအဝယ်များကို ၂၄ နာရီကျော်ကြာသည်အထိ ကိုင်ထားရသည်။ ရက်လွန်ခများအား ခန့်မှန်းတွက်ချက်ခြင်းများလည်း ပြုလုပ်ရပါသည်။
Positional trading နှင့် swing trading ရှိ အရောင်းအဝယ်မှာ လအနည်းငယ်အတွင်း ထားရှိသည်မှ လွဲ၍ တူညီမှုရှိသည်။ Swing Traders များသည် ဈေးနှုန်းရွေ့လျားမှုအရှိန်အဟုန်မှ အကျိုးအမြတ်ရရှိရန် ရည်ရွယ်သည်။ ဤအမျိုးအစားသည် အန္တရာယ်များပြီး လျင်မြန်စွာ ငွေဆုံးရှုံးနိုင်သော်လည်း ဆုံးရှုံးနိုင်ချေသည် တနေ့တာအတွင်းကုန်သွယ်ခြင်းထက် နည်းပါးပါသည်။
Scalping
Scalping ဖြင့် ရေတိုကုန်သွယ်သောကုန်သည်များသည် စျေးနှုန်းရွေ့လျားမှု ပမာဏအနည်းငယ်အတွင်းမှ အမြတ်အစွန်းများရရှိလိုကြသည်။ ၎င်းတို့သည် ဝယ်-ရောင်းဈေး အဟ နည်းပါးသော ဈေးကွက်များကို ရွေးချယ်ကြလေ့ရှိပြီး အဓိကရည်ရွယ်ချက်မှာ အမြတ်နည်းနည်းဖြင့် အရောင်းအဝယ်များများ ပြုလုပ်ရန် ဖြစ်သည်။
Scalping တွင် အရောင်းအဝယ်တစ်ခု၏ ဆုံးရှုံးမှုကြီးသည် နည်းနည်းချင်း ရရှိထားသော အမြတ်အားလုံးကို ဆုံးရှုံးစေနိုင်သောကြောင့် အရောင်းအဝယ်ပိတ်သိမ်းနိုင်မည့် ကုန်သွယ်မှုဗျူဟာကောင်းရှိရန် လိုအပ်ပါသည်။ ၎င်းကိုသေချာစေရန်အတွက် မှန်ကန်သောကိရိယာများ၊ ဗျူဟာများနှင့် အချိန်လိုအပ်ပါသည်။
စတော့ရှယ်ယာ စတင်ရောင်းဝယ်ရန် အဆင့်များ
အမှန်စင်စစ်တွင် စတော့ရှယ်ယာ ဝယ်ယူမည် မဟုတ်ပါ။ အချိန်ကာလတစ်ခုအတွင်းရှိ စတော့စျေးနှုန်းများ အကြားဖြစ်ပေါ်သော တန်ဖိုးကွာခြားချက်မှ ဝင်ငွေရှာရန်ဖြစ်သည်။ ရှယ်ယာပေါက်ဈေး ကို လေ့လာ၍ အရောင်းအ၀ယ်လုပ်လိုသည့် ရှယ်ယာများကို ရွေးချယ်ပြီး ၎င်းတို့၏ဈေးကွက်များကိုလေ့လာပါ။
စတင်ရောင်းဝယ်လိုသူများအတွက် စတော့ရင်းနှီးမြှုပ်နှံမှုအား မတူညီသော တန်ဖိုး-နည်း ရင်းနှီးမှုများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဖြင့် ရိုးရှင်းစွာလုပ်ဆောင်သင့်ပါသည်။ စတော့ရှယ်ယာများမှာ ဘယ်လို ရင်းနှီးမြှုပ်နှံမလဲ ဟူသော ဆောင်းပါးတွင် ထပ်မံလေ့လာပါ။ စတော့ရှယ်ယာများစွာကို ရောင်းဝယ်ခြင်း၏ လုပ်ငန်းစဉ်အား အဆင့်ခြောက်ဆင့်ဖြင့် ခွဲခြားနိုင်သည်။ ဤအဆင့်များကို လိုက်နာခြင်းဖြင့် အစုရှယ်ယာများ ရောင်းဝယ်နည်းကို လေ့လာနိုင်သည်-
အရောင်းအဝယ်လုပ်ရန် အကောင့်ဖွင့်ပါ
စတော့ရှယ်ယာရင်းနှီးမြုပ်နှံမှုခရီးကို စတင်ရန်၊ အကောင့်တွင်း ငွေသွင်းမှုပြုလုပ်ရန် လိုအပ်ပါသည်။ ဤအကောင့်တွင် ကုန်သည်၏ရင်းနှီးငွေများကို သိမ်းဆည်းထားမည်ဖြစ်သည်။ အကောင့် မဖွင့်ရသေးပါက၊ ဖွင့်လှစ်ရန် လိုအပ်သည်။ အကောင့်ဖွင့်ခြင်းမှာ မိနစ်အနည်းငယ်သာ ကြာမြင့်မည်ဖြစ်သည်။ ချက်ခြင်းငွေသွင်းရန် မလိုအပ်ပါ။ ကုန်သည်အနေဖြင့် ကုန်သွယ်ရန် ပလက်ဖောင်း၏ လုပ်ဆောင်ချက်များနှင့် ရင်းနှီးရန် အကောင့်မှတစ်ဆင့် လေ့လာနိုင်သည်။ ကုန်သည်အနေဖြင့် စတော့ရှယ်ယာရောင်းဝယ်မှုကို စတက်နိုင်သည်နှင့် အကောင့်ထဲသို့ ငွေသွင်းမှုပြုလုပ်နိုင်သည်။ အနှစ်ချုပ်ပြောရလျှင် ကုန်သည်တစ်ဦးသည် အကျိုးဆောင်ကုမ္ပဏီတစ်ခုကို ရွေးချယ်ထားပြီး အကောင့်ဖွင့်လိုလျှင် အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်နိုင်သည်-
- အကျိုးဆောင်၏ တရားဝင်ဝက်ဘ်ဆိုက်သို့ သွားရောက်၍ အကောင့်မှတ်ပုံတင်ခြင်းကို ပြီးပြည့်စုံအောင် လုပ်ဆောင်ပါ။
- နှစ်သက်ရာ ငွေပေးချေမှုနည်းလမ်း ရွေးချယ်၍ အကောင့်တွင်း ငွေသွင်းမှုပြုလုပ်ပါ။
- လိုအပ်ပါက ကိုယ်ရေးအချက်အလက် အတည်ပြုခြင်း လုပ်ငန်းစဉ် ကို ပြီးပြတ်အောင်ပြုလုပ်ပါ။
- အွန်လိုင်း ကုန်သွယ်မှု ပလက်ဖောင်း မှ တဆင့် နှစ်သက်ရာကုန်သွယ်ရေးအမျိုးအစားကို စတင် ကုန်သွယ်ပါ
ခိုင်မာသောကုန်သွယ်မှုစွမ်းရည်ကို ဖန်တီးနိုင်ရန် ဈေးကွက်ခွဲခြမ်းစိတ်ဖြာမှုနှင့် ကုန်သွယ်ရေး အချက်ပြမှုများကို အသုံးပြုနိုင်သလို သင်၏ကိုယ်ပိုင်ကုန်သွယ်မှုဗျူဟာကို ဖန်တီးရန်အတွက် အသင့်ပါဝင်သော နည်းပညာအညွှန်းကိန်းများကိုလည်း အသုံးပြုနိုင်သည်။ စတော့ရှယ်ယာရောင်းဝယ်မှုသည် သင့်အတွက် အသစ်အဆန်းဖြစ်နေပါက၊ ပရော်ဖက်ရှင်နယ်ကုန်သည်များ၏ ကုန်သွယ်မှုများကို ကူးယူကာ ဝင်ငွေရှာနိုင်သည့် copy-trading ဝန်ဆောင်မှုကို အသုံးပြုနိုင်သည်။
အောင်မြင်သောကုန်သည်များ၏ ကုန်သွယ်မှုကို ကူးယူပါ
လေ့ကျင့်မှုမပါဘဲ အရောင်းအ၀ယ်လုပ်သည့် ပထမဆုံးနေ့မှ အမြတ်ငွေကို ရယူပါ။ ကမ္ဘာတစ်ဝှမ်းမှ အကောင်းဆုံးကုန်သည်များသည် ၎င်းတို့၏ ငွေရှာနည်းဗျူဟာများကို မျှဝေရန်အတွက် တူညီသောပလက်ဖောင်းပေါ်တွင် စုဝေးနေကြသည်။
စတော့ရှယ်ယာကုန်သွယ်မှုအတွက် လေ့ကျင့်ရေးအကောင့်ဖြင့် လေ့လာခြင်း
အွန်လိုင်းအကျိုးဆောင်ကုမ္ပဏီအများစုသည် ကုန်သွယ်နိုင်သည့်အကောင့်များကို လေ့ကျင့်မှု ပြုလုပ်နိုင်အောင် ဆောင်ရွက်ပေးထားသောကြောင့် စတင်သူကုန်သည်များအနေဖြင့် လက်တွေ့စျေးကွက်သို့ မဝင်ရောက်မီ ဈေးကွက်အမျိုးမျိုးတွင်စမ်းသပ်ရောင်းဝယ်နိုင်ပြီး အရောင်းအဝယ်လုပ်သည့်အခါတွင်လည်း ငွေဆုံးရှုံးမှုရှိမည်မဟုတ်ပါ။ ကုန်သည်သည် အချိန်နှင့်တပြေးညီ စျေးကွက်အရှိန်နောက် လိုက်ပါနိုင်ပြီး အဝယ်နှင့်အရောင်းကို လေ့ကျင့်နိုင်သည်။ ထိုကဲ့သို့သော အကောင့်များသည် လက်တွေ့စတော့အိတ်စ်ချိန်း၏ အခြေအနေများနှင့် လုပ်ဆောင်ချက်များအတိုင်း ဖြစ်စေသည့် market simulator များ ပံ့ပိုးပေးထားပါသည်။ ထိုမှတစ်ဆင့်၊ ကုန်သည်သည် အမျိုးမျိုးသောအရောင်းအဝယ်များအား နှစ်သက်ရာကာလအတွင်း ကိုင်ဆောင်နိုင်ခြင်းနှင့် နည်းပညာများဖြင့် အရောင်းအ၀ယ်ပြုလုပ်နိုင်ပြီး သိသာထင်ရှားသော အားနည်းချက်များအတွက် ရလဒ်များကို ဆန်းစစ်နိုင်သည်။ ကုန်သည်အနေဖြင့် ကုန်သွယ်မှုလုပ်ရန် ယုံကြည်မှုရှိလာသည်နှင့် စတော့ဈေးကွက်တွင် လက်တွေ့အရောင်းအဝယ်ပြုလုပ်လာနိုင်မည်ဖြစ်သည်။ စက်ပိုင်းဆိုင်ရာဖြင့် ကုန်သွယ်မှုလုပ်ငန်းစဉ်အများစုကို လုပ်ဆောင်နိုင်သော အလိုအလျောက် လည်ပတ်သည့် ကုန်သွယ်ရေးပလပ်ဖောင်းများကိုလည်း အသုံးပြုလာနိုင်ပြီဖြစ်သည်။
စတော့ရှယ်ယာကုန်သွယ်မှုအတွက် ဘက်ဂျက်သတ်မှတ်ခြင်း
စတော့ရှယ်ယာရောင်းဝယ်ရေးတွင် ရင်းနှီးငွေသည် အဓိကကျသောကြောင့် စတော့ရှယ်ယာရောင်းဝယ်ရေး ဘတ်ဂျက်ကို ဆုံးဖြတ်ခြင်းနှင့် သတ်မှတ်ခြင်းသည် အရေးကြီးဆုံးဖြစ်သည်။ အစုရှယ်ယာတစ်ခုချင်းစီအတွက် ပိုင်ဆိုင်မှုအစု၏ 10% အောက်ဖြင့် ဝေမျှရန် အကြံပြုထားသည်။ ရင်းနှီးမြုပ်နှံမှုများသည် ကုန်သည် အဆုံးရှုံးခံနိုင်သည့်ပမာဏနှင့် ညီမျှသင့်သည်။
စံအညွှန်းကိန်းသတ်မှတ်၍ အကျိုးပြန်လည်ဖြစ်ထွန်းနိုင်မှုကို တိုင်းတာခြင်း
စတော့ရှယ်ယာရောင်းဝယ်ရေးတွင် အညွှန်းကိန်းများကို တိုင်းတာခြင်းသည် အရေးကြီးပါသည်။ Nasdaq Composite Index၊ Standard & Poor's 500 သို့မဟုတ် အခြား အင်းဒက်စ် တစ်ခုခု ကဲ့သို့သော - စတော့အမျိုးအစားများကိုရွေးချယ်ပြီး ၎င်းတို့၏ တည်နေရာ၊ လုပ်ငန်းနှင့် ပမာဏအပေါ်အခြေခံ၍ စံအညွှန်း ညွှန်းကိန်းတစ်ခုကို ရွေးချယ်ရန် မမေ့ပါနှင့်။ စံနှုန်းများနှင့် နှိုင်းယှဉ်ပါက ရှယ်ယာများ၏ အနာဂတ်စွမ်းဆောင်ရည်ကို တိုင်းတာပါ။ ၎င်းသည် အနာဂတ် စွမ်းဆောင်ရည်များအတွက် မှန်ကန်သောအညွှန်းကို ကြည့်ရှုရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်သည်။
အချိန်ကာလ တစ်ခု ရွေးချယ်၍ စတင်ရောင်းဝယ်ခြင်း
စတော့ရှယ်ယာအား တနေ့တာအတွင်း ရောင်းဝယ်ခြင်းအတွက် အခြေခံခွဲခြမ်းစိတ်ဖြာချက်တစ်ခုသာ အကြံပြုသည်။ အချိန်ကာလ ကြာမြင့်လေလေ၊ ကော်ပိုရေးရှင်းနှင့် လုပ်ငန်းကို စေ့စေ့စပ်စပ် ခွဲခြမ်းစိတ်ဖြာသင့်လေလေ ဖြစ်သည်။ ကြီးမားသောပမာဏဖြင့်သတ်မှတ်ထားသည့် စတော့ ငွေစီးဆင်းမှုကိုလည်း ခန့်မှန်းရန်လိုသည်။ လအနည်းငယ် သို့မဟုတ် နှစ်အနှည်းငယ်အတွင်း စတော့စျေးနှုန်း ရွေ့လျားမှုကို သတိပြုရန်လိုအပ်သည်။ သင်သိရှိပြီးသား ကုမ္ပဏီ၏ရှယ်ယာအား ရွေးချယ်ခြင်းမှာ ကောင်းမွန်သည်။ စတင်ကုန်သွယ်သူများအနေဖြင့် ၎င်းတို့၏ငွေများဆုံးရှုံးစေနိုင်သည့် အန္တရာယ်ရှိသော စတော့များကို မစဉ်းစားသင့်ပါ။ ဤသည်မှာ ကျွမ်းကျင်သူများအတွက်ဖြစ်သည်။ မည်သည့် စတော့ဈေးကွက်ကိုမဆို လေ့လာပြီး ၎င်းတို့၏ ဈေးနှုန်းပြောင်းလဲနေပုံကို ကြည့်ရှုပါ။ နမူနာအနေဖြင့် META quotes ကို ဖွင့်ပြထားပါသည်။
ဈေးကွက်အပေါ်မြင်သည့်အမြင်ကို ထိန်းသိမ်းခြင်း
ကုန်သည်တစ်ဦးသည် အွန်လိုင်းစတော့ရှယ်ယာရောင်းဝယ်မှုအပေါ် ၎င်း၏အမြင်ကို ထိန်းသိမ်းထားရန် သတိရသင့်သည်။ ရာနှင့်ချီသောကုန်သည်များသည် တူညီသောစျေးကွက် ရွေ့လျားမှုများကို စောင့်မျှော်နေကြသောကြောင့်၊ အကြီးမားဆုံးစတော့ဈေးကွက် လှုပ်ခတ်မှုများကို အမြဲသတိပြုနေရန် မလိုအပ်သော်လည်း စျေးကွက်တွင်းဝင်ရန်နှင့် ဈေးကွက်မှထွက်ရန် အကောင်းဆုံးစျေးကွက်အချက်ပြမှုများကို ရှာဖွေရန်အရေးကြီးပါသည်။ ဤအခြေအနေတွင်၊ ကုန်သည်တစ်ဦးအတွက် အခြေခံကျသော သုတေသနပြုရန် (စီးပွားရေးအခြေအနေ၊ စျေးကွက်အရင်းအနှီး၊ အတိုးနှုန်းစသည့်) ကို အာရုံစိုက်ရန်၊ နည်းပညာ ပိုင်းခြားစိတ်ဖြာမှု၊ စျေးကွက်လုပ်ဆောင်ချက်များကို စောင့်ကြည့်ရန်၊ ကုန်သွယ်မှုမှတ်တမ်းများအား မှတ်သားထားရန်နှင့် စျေးကွက်အခြေအနေကို စောင့်ကြည့်စစ်ဆေးရန် လိုအပ်ပါသည်။
အကျိုးဆောင်ရယူသည့် ကော်မရှင်ပမာဏကို လေ့လာခြင်း
ကုန်သွယ်ရေးကုန်ကျစရိတ်များမှာ အွန်လိုင်းကုန်သွယ်မှုပြုလုပ်ရန်အတွက် အကျိုးဆောင်အား ကုန်သည်မှပေးသောငွေကို ဆိုလိုသည်။ ၎င်းမှာ အကျိုးဆောင်ရွေးချယ်ရာ၌ စစ်ဆေးသင့်သည့် ကော်မရှင်အခကြေးငွေ ဖြစ်သည်။ အကျိုးဆောင်မှတဆင့်ဝယ်ယူသော စတော့ရှယ်ယာတစ်မျိုးချင်းအတွက် ကော်မရှင်အခကြေးငွေ ပေးဆောင်ရမည်မဟုတ်ပါ။ “Bid” ဆိုသည်မှာ စတော့ရှယ်ယာတစ်ခု၏ ရောင်းဈေးကို ရည်ညွှန်းပြီး “ask” ဆိုသည်မှာ ဝယ်ဈေးကို ရည်ညွှန်းသည်။ “Bid-ask spread” သည် အရောင်းအ၀ယ် လုပ်ဆောင်မှုအတွက် ကော်မရှင်အဖြစ် အကျိုးဆောင်မှ ရယူသည့် ဤစျေးနှုန်းနှစ်ခုကြား ကွာခြားချက်ကို ရည်ညွှန်းသည်။ ကုန်သည်တစ်ဦးအနေဖြင့် ထည့်သွင်းစဉ်းစားသင့်သည့် နောက်ထပ်အရေးကြီးသောအချက်မှာ အဆုံးရှုံးခံနိုင်ရည်ရှိခြင်းဖြစ်သည် - ကုန်သည်သည် ရောင်းဝယ်မှုအတွင်း မည်မျှအဆုံးရှုံးခံနိုင်ခြင်းဖြစ်သည်။
စတော့ရှယ်ယာရောင်းဝယ်မှုအတွက် spread ပမာဏကို ဤနေရာတွင် လေ့လာနိုင်သည်။
အကောင်းဆုံး အွန်လိုင်းစတော့ကုန်သွယ်မှု ပလပ်ဖောင်း ၏ အင်္ဂါရပ်များ
ကုန်သွယ်ရေးပလပ်ဖောင်းကောင်းတစ်ခုတွင် အောက်ပါ လက္ခဏာရပ်များ ရှိသင့်သည်-
- Order Execution Tools - အရောင်းအဝယ်ချက်ချင်းဝင်ရန်နှင့် ကြိုရောင်းကြိုဝယ်များ ပြုလုပ်ရန်အတွက် ဤကိရိယာများ လိုအပ်မည်ဖြစ်ပြီး bracket, reverse, hidden, basket, timed, complex, peg, add-on API, နှင့် algorithmic scaling တို့ ပါဝင်ရပါမည်။
- Stocks - ပလပ်ဖောင်းတွင် CFDs ကဲ့သို့ ရှုပ်ထွေးသော အမျိုးအစားများအပါအဝင် ကျယ်ပြန့်သော ဘဏ္ဍာရေးဆိုင်ရာ ကုန်သွယ်ရေးအမျိုးအစားများ ပါဝင်သင့်သည်။
- News Feeds - ဤလုပ်ဆောင်ချက်သည် စျေးကွက်နှင့်သက်ဆိုင်သည့် နောက်ဆုံးပေါ် ဘဏ္ဍာရေးသတင်းများကို ထုတ်လွှင့်ပေးသည်။
- Scanning Tools - အလားအလာရှိသော စျေးကွက်ရှာဖွေရန်အတွက် ဤကိရိယာများသည် မရှိမဖြစ် လိုအပ်ပါသည်။
- Research Tools - ဤကိရိယာများတွင် စတော့ရှယ်ယာ၏ အခြေခံအချက်အလက်၊ အဆင့် သတ်မှတ်ချက်များနှင့် အစီရင်ခံစာများပါရှိသည်။
- Technical Tools နှင့် Indicators - နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအတွက် အသုံးပြုရန် ကျယ်ပြန့်သော နည်းပညာဆိုင်ရာ ကိရိယာများနှင့် အညွှန်းကိန်းများ ရှိနေသင့်သည်။
- Customer Service - ဤဝန်ဆောင်မှုဌာနအနေဖြင့် နည်းပညာနှင့် အချက်အလက်ဆိုင်ရာ အကူအညီအတွက် မရှိမဖြစ် လိုအပ်ပါသည်။
စတော့ကုန်သွယ်မှု နှင့် Forex ကုန်သွယ်မှု
စတော့ကုန်သွယ်မှု | Forex ကုန်သွယ်မှု |
|---|---|
စတော့ရှယ်ယာရောင်းဝယ်မှုတွင် မတည်ငြိမ်မှုမှာ မြင့်မားသည်။ | မတည်ငြိမ်သော ငွေကြေးအတွဲများ ရှိသော်လည်း Forex ကုန်သွယ်မှု၏ အလှုပ်အခတ်မှာ ပိုမို တည်ငြိမ်သည်။ |
ရင်းနှီးမြုပ်နှံသူများသည် leveraged ပါဝင်သည့် ကုန်သွယ်မှုကို ပြုလုပ်နိုင်သည်။ သို့တိုင် Forex ကုန်သွယ်မှုနှင့် နှိုင်းစာလျှင် ပုံမှန်အားဖြင့် ပမာဏနည်းပါးသည်။ | Forex ကုန်သည်များသည် သေးငယ်သော ရင်းနှီးမှုဖြင့် မြင့်မားသော leveraged ပါဝင်သည့် ကုန်သွယ်မှုကို အသုံးပြုနိုင်သည်။ |
အလုပ်ချိန်အတိုင်းဖြစ်သည်။အမေရိကန်နိုင်ငံ စတော့ရှယ်ယာ ကုန်သွယ်ချိန်မှာ နံနက် ၉ နာရီခွဲ မှ ညနေ ၄ နာရီအထိ ဖြစ်သည် | ၂၄ နာရီလုံး ကုန်သွယ်နိုင်သည်။ |
၎င်းကို MetaTrader မှတဆင့် လုပ်ဆောင်နိုင် သော်လည်း MT5 တာမင်နယ် တွင်သာ လုပ်ဆောင်နိုင်သည်။ | ၎င်းကို MT4 သို့မဟုတ် MT5 ကုန်သွယ်မှုတာမင်နယ် မှတစ်ဆင့် လုပ်ဆောင်နိုင်သည်။ |
စတော့ရှယ်ယာ ရောင်းဝယ်ပုံအား လေ့လာခြင်း
အောက်ဖော်ပြပါနည်းလမ်းများမှာ အရောင်းအ၀ယ်ပြုလုပ်ရန် စိတ်ပါဝင်စားသူများ သင်ယူနိုင်သည့် မတူညီသောနည်းလမ်းများဖြစ်သည်။
- ကုန်သွယ်ရေးဆောင်းပါးများ ဖတ်ခြင်း
- နည်းပြ သို့မဟုတ် ဆရာ ဖြင့် သင်ယူခြင်း
- အွန်လိုင်းသင်တန်း တက်ရောက်ခြင်း
- ကျွမ်းကျင်သူများထံမှ အကြံဉာဏ်များနှင့် အကြံပြုချက်များ ရယူခြင်း
- ဈေးကွက် ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ခြင်း
- လေ့ကျင့်ရန်အတွက် ဒီမိုအကောင့် ဖွင့်လှစ်ခြင်း
မှတ်ရန်
အွန်လိုင်းမှတဆင့် စတော့အရောင်းအဝယ်ပြုလုပ်ခြင်းသည် အမြတ်ရရှိစေနိုင်သည့် အခွင့်အလမ်းကောင်းများ ရှိနေသည်။ လေ့ကျင့်မှုတွင် အားသာချက်နှင့် အားနည်းချက် နှစ်မျိုးလုံးရှိကြောင်း နားလည်ရန် အရေးကြီးပါသည်။ ဘဏ္ဍာရေးဈေးကွက်များ ချိတ်ဆက်ရွေ့လျားပုံ၊ စျေးနှုန်းတုံ့ပြန်ပုံများ၊ ဈေးကွက်များနှင့် စျေးကွက်လမ်းကြောင်းများကို ပိုင်းခြားစိတ်ဖြာခြင်းနှင့် မဟာဗျူဟာများ၊ အစီအစဉ်များနှင့် ဘတ်ဂျက်ခွဲဝေမှုများ ဖော်ထုတ်ခြင်းတို့ကို လေ့လာခြင်းဖြင့် အောင်မြင်သောကုန်သည်တစ်ဦးဖြစ်လာရန် ရည်မှန်းနိုင်သည်။ LiteFinance ဒီမိုအကောင့်များဖြင့် လေ့ကျင့်ပါ၊ ထို့နောက် ယုံကြည်ချက်ရှိလာပါက လက်တွေ့ရောင်းဝယ်မှုကို စတင်ပါ။
ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် အရောင်းအဝယ်စတင်ပါ
စတော့ကုန်သွယ်ခြင်းဆိုင်ရာ မေးခွန်းများ
စတော့ရှယ်ယာရောင်းဝယ်ရေးဆိုသည်မှာ အကျိုးအမြတ်ရရှိရန် ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများကို ဝယ်ယူခြင်းနှင့် ရောင်းချခြင်း ဖြစ်သည်။ ရှယ်ယာတန်ဖိုးသည် အဆက်မပြတ်ပြောင်းလဲနေသည်။ အချို့သောစတော့များသည် ဖြည်းဖြည်းနှင့်မှန်မှန် တန်ဖိုးတက်နေသော်လည်း အချို့မှာ တနေ့တာအတွင်း သိသာထင်ရှားစွာ အတက်အကျရှိနိုင်ပါသည်။ ကုန်သည်သည် အရောင်းအ၀ယ်၏ အဖွင့်စျေးနှုန်းနှင့် အပိတ်စျေးနှုန်းအကြား ဈေးနှုန်းခြားနားချက်အပေါ် အမြတ်ရရှိသည်။ စတော့ရှယ်ယာများသည် အလွန်ရှုပ်ထွေးသော ကုန်သွယ်ရေးအမျိုးအစားများမဟုတ်သော်လည်း ၎င်းတို့သည် သီးခြားအတွေ့အကြုံနှင့် ကျွမ်းကျင်မှုများ လိုအပ်ပါသည်။ ကာလရှည်အဝယ် သို့မဟုတ် အရောင်း ပြုလုပ်သည့်အခါတွင် အခြေခံကျသော စီးပွားရေးဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု (စျေးကွက်အရင်းအနှီး၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာအချက်များ၊ ကုမ္ပဏီ၏ဘဏ္ဍာငွေများ စသည်ဖြင့်) နှင့် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု (နည်းပညာဆိုင်ရာ အညွှန်းကိန်းများအပေါ်အခြေခံ၍) ပြုလုပ်ရန် အကြံပြုထားသည်။ ၎င်းသည် သင့်အား မြင့်မားသောအန္တရာယ်ကို လျော့ပါးသက်သာစေပြီး CFDs ရောင်းဝယ်ခြင်း၊ exchange traded funds ၊ mutual funds နှင့် အခြားသော ကုန်သွယ်ရေးအတန်းအစားများ အရောင်းအ၀ယ် ပြုလုပ်သည့်အခါတွင် ရင်းနှီးငွေဆုံးရှုံးစေခြင်းမှ ကင်းဝေးစေမည်ဖြစ်သည်။
၎င်းသည် အိတ်စ်ချိန်းများတွင်သာမက Forex တွင်ပါ ပြုလုပ်သည်။ ရှယ်ယာများကို အကျိုးဆောင်ကုမ္ပဏီ သို့မဟုတ် အေးဂျင့်မှတစ်ဆင့်သာ ရောင်းဝယ်နိုင်ပါသည်။ ကမ္ဘာ့အကြီးဆုံး စတော့အိတ်စ်ချိန်းများသည် NASDAQ၊ NYSE၊ CBOE တို့ဖြစ်သည်။ မည်သူမဆို ကုန်သွယ်ချိန်အတွင်း စတော့အိတ်စ်ချိန်း၌ ရှယ်ယာများကို ဝယ်ယူရောင်းချနိုင်သည်။ Forex တွင် စတော့ရှယ်ယာရောင်းဝယ်မှုကို ၁ ပတ်လျှင် ၅ ရက်/ ၁ ရက် လျှင် ၂၄ နာရီ ရောင်းဝယ်နိုင်သည်။
စတော့ရှယ်ယာရောင်းဝယ်ရေးသည် အခြားသော ဘဏ္ဍာရေးဆိုင်ရာ ကုန်သွယ်ရေးအမျိုးအစားများ ဝယ်ယူရောင်းချခြင်းကဲ့သို့ပင် တူညီစွာဖွဲ့စည်းထားပါသည်။ စတော့ရှယ်ယာရောင်းဝယ်ခြင်း၏ အဓိကအင်္ဂါရပ်မှာ ကုန်သည်တစ်ဦးသည် ရှယ်ယာအစစ်အမှန်ကို မပိုင်ဆိုင်သော်လည်း ဈေးနှုန်းကွာခြားမှုအပေါ် အမြတ်ရရှိခြင်းဖြစ်သည်။ ကုန်သည်များ၏ အရောင်းအ၀ယ် ဖွင့်/ပိတ်ခြင်း၊ စျေးနှုန်းပြောင်းလဲမှုများကို စောင့်ကြည့်ခြင်း၊ အရှုံးခံခြင်းနှင့် အမြတ်ယူခြင်း စသည့် လည်ပတ်မှုအားလုံးသည် အရောင်းအ၀ယ်ပြုလုပ်သည့် တာမင်နယ်တွင် ဖြစ်ပေါ်သည်။ စတော့ရှယ်ယာရောင်းဝယ်ရေးသည် ဆုံးရှုံးမှုရှိနိုင်သဖြင့် ကုန်သွယ်မှုအတွေ့အကြုံနှင့်အသိပညာ နည်းပါးပါက လျင်မြန်စွာဖြင့် ငွေများဆုံးရှုံးသွားနိုင်သည်။
Penny stock သည် $5 တန် သို့မဟုတ် ယင်းထက်နည်းသောတန်ဖိုးကို ပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုရှိ ရှယ်ယာတန်ဖိုးဖြစ်သည်။ နည်းပါးသောစျေးနှုန်း၊ ငွေဖြစ်လွယ်မှုမရှိခြင်းနှင့် bid-ask spread များပြားခြင်း တို့ကြောင့် ဤစတော့ကုန်သွယ်မှုသည် အလွန်အန္တရာယ်များသည်။ အတွေ့အကြုံနှင့် အသိပညာ အလုံအလောက်မရှိပါက ဤကုန်သွယ်ရေးမှာ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည်။ ဤရောင်းဝယ်မှုကို OTC ဈေးကွက်တွင်လုပ်ဆောင်နိုင်သည်။
LiteFinance သည် စတင်ကုန်သွယ်သူများအတွက် အသင့်တော်ဆုံးဝက်ဘ်ဆိုက်ဟု ထင်မြင်မိပါသည်။ အဓိကအင်္ဂါရပ်များတွင် အသုံးများသော social trading platform ၊ လွယ်ကူပြီး နားလည်နိုင်သော ကုန်သွယ်ရေးဆိုင်ရာ သင်ကြားသင်ယူမှု၊ လေ့လာသုံးသပ်သူများ၏ ထင်မြင် ယူဆချက်များ၊ ခန့်မှန်းချက်များနှင့် လွယ်ကူ-အဆင့်မြင့်သော ရင်းနှီးမြုပ်နှံမှု သဘောတရားများ ပါဝင်သည်။
စတော့ရှယ်ယာရောင်းဝယ်ရေးရှိ 3-day rule အရ စတော့တစ်ခုဝယ်ယူပြီးသည်နှင့် အလုပ်လုပ်ရက် သုံးရက်အတွင်း အကျိုးဆောင်ကုမ္ပဏီသည် ငွေပေးချေမှုကို ရရှိသင့်သည်။ အလားတူပင် အစုရှယ်ယာများ ရောင်းချသည့်အခါ ကုမ္ပဏီသည် အလုပ်လုပ်ရက် သုံးရက်အတွင်း အစုရှယ်ယာကို ရရှိသင့်သည်။
ရှယ်ယာများ ရောင်းဝယ်ရန်-
- အခကြေးငွေ အနည်းဆုံးဖြင့် ယုံကြည်စိတ်ချရသော အကျိုးဆောင်ကို ရွေးချယ်ခြင်း။
- အကောင့်ဖွင့်ခြင်း။
- ဒီမိုအကောင့်ဖြင့် လေ့ကျင့်ခြင်း။
- လက်တွေ့ကုန်သွယ်မှု စတင်ခြင်း။
ဝယ်ယူနိုင်သည့် အကောင်းဆုံးစတော့များမှာ Alibaba၊ Amazon၊ Alphabet၊ Disney၊ Apple၊ Meta Platforms၊ Netflix၊ Microsoft၊ Salesforce.com၊ Tesla၊ Snowflake၊ Unity၊ General Motors နှင့် Nio တို့ဖြစ်သည်။ ၎င်းတို့အားလုံးမှာ blue-chip စတော့များဖြစ်သည်။
စတော့အမျိုးအစားလေးမျိုးမှာ growth stocks, dividend or yield stocks, new issues နှင့် defensive stocks တို့ဖြစ်သည်။ မည်သည့်စတော့အား ရွေးချယ်ရမည်ကို မသိပါက ပညာရပ်ဆိုင်ရာ ဆောင်းပါးများဖတ်ရှုခြင်း သို့မဟုတ် ကျွမ်းကျင်သော ရင်းနှီးမြှုပ်နှံမှုအကြံပေး သို့မဟုတ် အသိအမှတ်ပြုလက်မှတ်ရ ဘဏ္ဍာရေးဆိုင်ရာစီမံသူ၏ အကူအညီကို ရယူနိုင်ပါသည်။
ချမ်းသာနိုင်ပါသည်၊ စတော့ရှယ်ယာများတွင် ရင်းနှီးမြုပ်နှံခြင်းဖြင့် ချမ်းသာလာနိုင်သော်လည်း ဤသို့ရောင်းဝယ်ခြင်းကြောင့် ငွေများဆုံးရှုံးသွားနိုင်ပါသေးသည်။ ဤကုန်သွယ်ရေးအမျိုးအစား များသည် မတည်ငြိမ်သောအရာများဖြစ်သောကြောင့် အဆုံးရှုံးခံနိုင်သောပမာဏကိုသာ ရင်းနှီးမြုပ်နှံရန်၊ ငွေကြေးစီမံခန့်ခွဲမှုဗျူဟာများကို လိုက်နာရန်နှင့် လိုအပ်ပါက ပိုမို အတွေ့အကြုံ ရှိသော ရင်းနှီးမြှုပ်နှံသူများနှင့် တိုင်ပင်ရန် လိုအပ်ပါသည်။
စတော့ရှယ်ယာရင်းနှီးမြှုပ်နှံမှုများအတွက် ပမာဏ ကန့်သတ်ထားခြင်းမရှိပါ။ $1 မှ $1,000 အထိ ဖြစ်နိုင်သည်။ သို့သော် စတင်ကုန်သွယ်လိုသူများအတွက် အနိမ့်ဆုံး အကြံပြုထားသောပမာဏမှာ $100 မှ $200 ဖြစ်ပါသည် - သို့သော် စတော့ရှယ်ယာများ အရောင်းအဝယ်လုပ်သည့်အခါ မမျှော်လင့်ထားသော စျေးကွက်လှုပ်ရှားမှုများကြောင့် ငွေများဆုံးရှုံးနိုင်သည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။


























