စားသုံးသူကဏ္ဍရှိစတော့များကို ရှေးရိုးစွဲဆန်သော်လည်း တဖြေးဖြေးတန်ဖိုးတိုးပွားနိုင်သော ပိုင်ဆိုင်မှုတခုအဖြစ် ရင်းနှီးမြှုပ်နှံမှုအစုများတွင် မကြာခဏဆိုသလို ပေါင်းထည့်လေ့ရှိကြသည်။ အကြပ်အတည်းများနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး‌အခြေအနေများ မည်သို့ပင်ရှိစေကာမူ အစားအစာ၊ အဖျော်ယမကာနှင့် တကိုယ်ရည်ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ ထုတ်ကုန်များသည် စားသုံးသူတို့၏ လိုအပ်ချက်ပုံစံတခုအဖြစ် အစဉ်အမြဲ ရှိနေမည်သာဖြစ်သည်။ ထိုသို့သော ကုမ္ပဏီများမှတခုမှာ Coca-Cola ဖြစ်ပါသည်။ Forbes နှင့် Interbrand အစရှိသည်တို့၏ ထုတ်ပြန်ချက်အရ၊ ကုမ္ပဏီသည် ကမ္ဘာပေါ်ရှိ တန်ဖိုးအမြင့်ဆုံးဖြစ်သော ထိပ်တန်းကုမ္ပဏီ-၁၀ ခုစာရင်းတွင် ကြိမ်ဖန်များစွာ ပါဝင်ခဲ့ပါသည်။   ဤသုံးသပ်ချက်တွင်၊ လူကြီးမင်းအနေဖြင့် Coca-Cola စတော့ကို မည်ကဲ့သို့ ဝယ်ယူရမည်နှင့် ၎င်း၏နှုန်းထားများအတွက် အလားအလာများကို ပိုမိုလေ့လာသိရှိနိုင်မည်ဖြစ်ပါသည်။ 

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


Briefly About Coca-Cola (KO) Company

Coca-Cola သည် အချိုရည်နှင့် ဆိုဒါများကို ထုတ်လုပ်ဖြန့်ဖြူးသော  အကြီးမားဆုံးကုမ္ပဏီတခုဖြစ်ပါသည်။ ကုမ္ပဏီ၏ သမိုင်းကြောင်းသည် ၁၈၉၂ ခုနှစ်၊ အမေရိကန်ပြည်ထောင်စုတွင် စတင်ခဲ့ပါသည်။ ၁၈၉၉ ခုနှစ်တွင် ကုမ္ပဏီသည် concentrate ခေါ် အရသာဖြည့်စွက်ပေးသောအရည်တမျိုးကို ထုတ်လုပ်ရန်အတွက်  ပထမဆုံးစက်ရုံကို စတင်တည်ထောင်ခဲ့သည်။ ကနဦးတွင်  ကိုကင်းဓာတ်ပါဝင်ခဲ့သော်လည်း၊ ၆ နှစ်အကြာတွင် ၎င်းကို ဖော်မြူလာမှ ဖယ်ရှားခဲ့ပါသည်။

၁၉၁၉ ခုနှစ်တွင်၊ ကုမ္ပဏီသည် ပထမဆုံးအကြိမ်အဖြစ် ပြင်ပမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ခဲ့သည် - IPO အပြီးတွင် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့အစည်းများစွာသည် အစုရှယ်ယာများ၏ တစိတ်တပိုင်းကို ဝယ်ယူခဲ့ကြသည်။ ၁၉၅၀ ခုနှစ်တွင်၊ စတော့အိတ်ချန်းပေါ်၌ ကုမ္ပဏီ၏ ရှယ်ယာများကို ပထမဆုံး မြင်တွေ့ခဲ့ကြရသည်။ ၁၉၈၇ ခုနှစ်တွင်၊ ကုမ္ပဏီသည် Dow Jones index ၏ အခြေခံဖြစ်သော ထိပ်တန်းအများပိုင်ကုမ္ပဏီသုံးဆယ်စာရင်းသို့ ဝင်ရောက်ခဲ့ပါသည်။

ထုတ်လုပ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ ကုမ္ပဏီဌာနခွဲများပါဝင်သော ကိုယ်ပိုင်ကွန်ယက်တခုကို ဖွဲ့စည်းခြင်းအားဖြင့်၊ ကော်ပိုရေးရှင်းသည် ၎င်း၏ တက်ကြွသောဈေးကွက်မြှင့်တင်ရေးလုပ်ငန်းစဉ်များကို ထိန်းသိမ်းထားခဲ့ပါသည်။ ၁၉၂၈ ခုနှစ်မှ လက်ရှိအချိန်ထိ၊ Coca-Cola သည် အိုလံပစ်ကစားပွဲများ၏ ကူညီပံ့ပိုးသူတဦးအဖြစ် ရတည်လာခဲ့ပြီး၊ ၁၉၇၄ ခုနှစ်တွင် FIFA နှင့် ပူးပေါင်းဆောင်ရွက်မှု စတင်ခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင်၊ Coca-Cola သည် အာကာသယဉ်မှူးများ စားသုံးရန် ဤကမ္ဘာဂြိုလ်ပေါ်မှ အာကာသသို့ ယူဆောင်သွားခြင်းခံရသော ပထမဆုံး အဖျော်ယမကာတခု ဖြစ်လာခဲ့ပါသည်။

အချက်အလက်အချို့ - 

  • ကုမ္ပဏီ၏ထုတ်ကုန်များကို ကမ္ဘာပေါ်ရှိ နေရာတိုင်းနီးပါးတွင် ရောင်းချကြပါသည်။ ကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ထားသော နိုင်ငံများမှာ ခြွင်းချက်ဖြစ်သည်(မြောက်ကိုရီးယား၊ ကူးဘား အစရှိသဖြင့်)။

  • ကော်ပိုရေးရှင်းတွင် ရေ၊ လက်ဖက်ရည်၊ ကော်ဖီ၊ နို့၊ သစ်သီးဖျော်ရည်များ၊ ဓာတ်ဆားနှင့် အားဖြည့်အချ်ိုရည်များ အပါအဝင် အချိုရည်အမှတ်တံဆိပ်ပေါင်း ၅၀၀ ကျော်ခန့် ရှိပါသည်။ ကော်ပိုရေးရှင်းသည် အာလူးကြော်၊ ဆန်၊ ပါစတာနှင့် ကလေးဖြည့်စွက်စာ အစရှိသည်တို့တွင်လည်း ကိုယ်ပိုင်အမှတ်တံဆိပ်များကို ပိုင်ဆိုင်ထားပါသည်။

  • အမေရိကန်ပြည်ထောင်စုရှိ ရောင်းအားအကောင်းဆုံး အဖျော်ယမကာ ၆ ခုအနက် ၅ ခုကို Coca-Cola မှ ပိုင်ဆိုင်ပါသည်။

ကော်ပိုရေးရှင်းသည် သမာရိုးကျမဟုတ်သော နယ်ပယ်များတွင်လည်း ရင်းနှီးမြှုပ်နှံပါသည်။ ၁၉၈၀ ပြည့်နှစ်များတွင်၊ Coca-Cola သည် Columbia Pictures ရုပ်ရှင်ကုမ္ပဏီကို ဝယ်ယူခဲ့ပြီး၊ ၈ နှစ်ခန့်အကြာတွင်  ကော်ပိုရိတ်ဆိုင်ရာအငြင်းပွားမှုများကြောင့် ၎င်းကို ပြန်လည်ရောင်းချခဲ့ပါသည်။ သို့သော် ထိုသို့မရောင်းချမီ၊ ၎င်းသည် Ghostbusters၊ Tootsie နှင့် Karate Kid ရုပ်ရှင်ကားများကို ရိုက်ကူးထုတ်လုပ်ခဲ့သည်။

အခြားသော မူကွဲရင်းနှီးမြှုပ်နှံမှုတခုမှာ Coca-Cola Starlight ဖြစ်ပါသည်။ ၎င်းသည် အကန့်အသတ်ဖြင့်ထုတ်လုပ်သော အဖျော်ယမကာတခုဖြစ်ပြီး၊ “pixel” အရသာရှိပါသည်။ ၎င်း၏ အရသာသည် “မီးပုံပွဲဘေးတွင်ထိုင်ကာ ကြယ်များကို ငေးကြည့်ရသကဲ့သို့ ကြည်နူးမှုမျိုး” ကို ပေးစွမ်းနိုင်ပြီး၊ “အေးမြဆန်းကြယ်သော၊ ကြိုတင်ခန့်မှန်းမရသော၊ စကြာဝဠာခရီးစဉ်တခုကို ဖြတ်သန်းရသော ခံစားချက်မျိုး”ကို နှိုးဆွပေးပါသည်။ ဤဆောင်းပါးကိုရေးသားစဉ်အထိ၊ ယင်းအချိုရည်သည် စိတ်ကူးပုံဖော်မှုသီးသန့်သာဖြစ်ပြီး၊ Fortnite Creative ဂိမ်းအတွင်း ရရှိနိုင်ပါသည်။ သို့သော်၊ ကုမ္ပဏီသည် ၎င်းကို လက်တွေ့ကမ္ဘာတွင် ဖြန့်ဝေရန် စီစဉ်ထားပါသည်။

ကုမ္ပဏီ၏ ရှယ်ယာများသည် သေးငယ်သော ယာယီကျဆင်းမှုများမှအပ၊ တည်ငြိမ်သော တိုးတက်ရွေ့လျားမှုကို ပြသပါသည်။ စတင်တည်ထောင်ခဲ့စဉ်မှ နှစ်ပေါင်း ၁၂၀ ကျော်ခန့် ကျော်လွန်ခဲ့ပြီးနောက်ပိုင်း၊ ကော်ပိုရေးရှင်းသည် ၎င်း၏ အနီးစပ်ဆုံးပြိုင်ဘက်ဖြစ်သည့် PepsiCo ကို နောက်ကောက်ကျစေကာ၊  လုပ်ငန်းကဏ္ဍများစွာတွင် အခိုင်အမာ ဦးဆောင်ရပ်တည်နေပါသည်။

Coca-Cola (KO) ရှယ်ယာများကို ဝယ်ယူသင့်ပါသလား။

ကာလတိုတခုတွင်၊ ကုမ္ပဏီစတော့များသည် ရာသီ၊ ယေဘုယျဈေးကွက်အခြေအနေ၊ မီဒီယာအာရုံစိုက်ခြင်းခံရသော နာမည်ကြီးလူပုဂ္ဂိုလ်တဦးတယောက်၏ ပြုမှုလုပ်ဆောင်ချက်များနှင့် အခြားအကြောင်းအရာများအပေါ်မူတည်၍ ကျဆင်းနိုင်ပါသည်။ သို့သော် ရေရှည်ကာလတွင်၊ ဈေးနှုန်းရွေ့လျားမှုဂရပ်ဖစ်ဇယားသည် တည်ငြိမ်သော အတက်လမ်းကြောင်းတခုကို ပြသပါသည်။ ၎င်း၏ထုတ်ကုန်များသည် မတူညီသော ကဏ္ဍများစွာတွင် ပျံ့နှံ့နေပြီး၊ ၎င်းတို့အား ရောင်းချနေသော ကမ္ဘာ့နိုင်ငံများအားလုံးတွင် ဝယ်လိုအားအခိုင်အမာရှိနေခြင်းသည် ကုမ္ပဏီ၏ အားသာချက်ကို ညွှန်ပြနေပါသည်။ အရောင်းမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများသည် ၎င်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို ရေရှည်တည်မြဲစေပြီး၊ အဓိကပြိုင်ဘက်ဖြစ်သော PepsiCo ထက် ဘက်ပေါင်းစုံမှ ကျော်လွန်တိုးတက်စေပါသည်။ ကော်ပိုရေးရှင်း၏ နောက်ထပ်အားသာချက်တခုမှာ သုံးလတကြိမ် အမြတ်ခွဲဝေပေးမှုနှင့် တည်ငြိမ်သော အမြတ်ဝေစုနှုန်းထားများ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်၊ ၎င်းတို့သည် ကာလတိုကျဆင်းမှုများကြောင့် ဆုံးရှုံးရခြင်းကို လျော့ပါးသက်သာစေပါသည်။

Coca-Cola ရှယ်ယာဈေးနှုန်း

ယနေ့ ၁၇.၀၅.၂၀၂၆တွင် Coca-Cola၏ ရှယ်ယာဈေးနှုန်းမှာ 80.81 USD ဖြစ်ပါသည်။

၁၉၈၅ ခုနှစ်မှ ၁၀ နှစ်ကျော်ကာလအတွင်း၊ ကော်ပိုရေးရှင်း၏ ရှယ်ယာများသည် 2 USD နှင့် 10 USD ကြား တန်ဖိုးရှိခဲ့ပြီး၊ တနှစ်လျှင် ၇ မှ ၉ % ကြား တန်ဖိုးတိုးတက်ခဲ့ပါသည်။ ၁၉၉၄ မှ ၁၉၉၈ ခုနှစ်ကြားတွင် ထူးကဲပြောင်မြောက်သော အောင်မြင်မှုတရပ်ကို ရရှိခဲ့သည် - ဤကာလအတွင်း ရှယ်ယာများသည် ၄ ဆခန့် တန်ဖိုးမြင့်တက်ခဲ့ပြီး၊ နောက်ထပ် ၁၅ နှစ်အထိ ထပ်မံမချိုးဖောက်နိုင်သော အမြင့်ဆုံးစံချိန်တခုသို့ ရောက်ရှိခဲ့ပါသည်။ ၂၀၀၈ ခုနှစ်၊ အိမ်ယာချေးငွေအကြပ်အတည်းကို ကျော်လွန်ခဲ့ပြီးနောက်၊ ကော်ပိုရေးရှင်း၏ရှယ်ယာများသည် ပုံမှန်တိုးတက်လာခဲ့ပါသည်။ ကပ်ရောဂါကာလအတွင်း ယာယီကျဆင်းမှုတခု ရှိခဲ့သော်လည်း၊ Coca-Cola ရှယ်ယာများသည် အမြင့်ဆုံးစံချိန်သစ်များသို့ ဆက်လက်ရောက်ရှိခဲ့သည်။

 

Coca-Cola ရှယ်ယာများကို မည်သည့်နေရာတွင် မည်သို့ဝယ်ယူရမည်နည်း။

Coca-Cola ရှယ်ယာများကို ဝယ်ယူခြင်းအတွက် ရွေးချယ်စရာနည်းလမ်းများစွာ ရှိပါသည် - 

  • အိတ်ချိန်းနှင့် စတော့အကျိုးဆောင်ကုမ္ပဏီများ။ စတော့အကျိုးဆောင်များသည် Coca-Cola ရှယ်ယာများကို ရောင်းချပေးသော အမေရိကန်နှင့် ဥရောပစတော့ဈေးကွက်များသို့ ဝင်ရောက်ခွင့်ရှိပါသည်။ အရောင်းအဝယ်ကို အွန်လိုင်းမှတဆင့်ဆောင်ရွက်ပြီး၊ ရှယ်ယာပိုင်ဆိုင်မှုကို မှတ်ပုံတင်စာရင်းလက်ခံသူ(registrar)မှ မှတ်တမ်းတင်ပေးထားပါသည်။ အစုရှယ်ယာများကို ဝယ်ယူရန်၊ လူကြီးမင်းအနေဖြင့် အကျိုးဆောင်ထံတွင် စာရင်းပေးသွင်း၍ အထောက်အထားများကို အတည်ပြုရန် လိုအပ်ပါသည်။ နိုင်ငံအလိုက် တရားဥပဒေအပေါ်မူတည်၍ 

  • လူကြီးမင်းသည် အရည်အချင်းပြည့်မီသော ရင်းနှီးမြှုပ်နှံသူတဦးဖြစ်ရန် လို‌အပ်ကောင်း လိုအပ်နိုင်ပါသည်။ အကယ်၍ အကျိုးဆောင်သည် သင်နေထိုင်ရာ တရားဥပဒေလွှမ်းမိုးသော နယ်နိမိတ်အတွင်း အလုပ်မလုပ်ပါက၊ ခွင့်ပြုချက်ရလက်ခွဲအကျိုးဆောင်ထံမှတဆင့် ဈေးကွက်သို့ ဝင်ရောက်ရန် ကြိုးပမ်းနိုင်ပါသည်။ အစုရှယ်ယာအကောင့်တခု ဖွင့်နိုင်သော ဘဏ်များမှတဆင့်လည်း အရောင်းအဝယ်များကို ဆောင်ရွက်နိုင်ပါသည်။

  • ရှယ်ယာဝင်များ။ မှတ်ပုံတင်စာရင်းလက်ခံသူ(registrar)နှင့် အခြားကြားခံဆောင်ရွက်သူများမှတဆင့် အစုရှယ်ယာများကို တိုက်ရိုက်ဝယ်ယူနိုင်ပါသည်။ အရောင်းအဝယ်တွင် ပါဝင်ကြသူများသည် မည်သည့်အရပ်တွင်ရှိသည်ဖြစ်စေ၊ အရောင်းအဝယ်ကို အွန်လိုင်းမှတဆင့်သာ ဆောင်ရွက်ပါသည်။

  • တိုက်ရိုက်ရောင်းဝယ်သော Forex ဈေးကွက်။ Forex အကျိုးဆောင်ကုမ္ပဏီတခုမှတဆင့် ရှယ်ယာ CFDs များတွင် ရင်းနှီးမြှုပ်နှံခြင်း။ မှတ်ပုံတင်စာရင်းပေးသွင်း၍ အထောက်အထားများ အတည်ပြုရန်သာ လိုအပ်ပါသည်။

အရင်းအနှီးပမာဏသေးငယ်သော ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများအတွက်၊ ပထမနှင့် တတိယနည်းလမ်းများသည် ပို၍သင့်တော်ပါသည်။ ကာလရှည်ရင်းနှီးမြှုပ်နှံမှုများအတွက် စတော့အိတ်ချိန်းပေါ်တွင် ရှယ်ယာအစစ်များကို ဝယ်ယူခြင်းမှာ ပို၍သင့်‌တော်ပါသည်။ ကာလတိုအတွင်း အရောင်းအဝယ်ပြုလုပ်သော ကုန်သည်များအနေဖြင့်မူ ကုန်သွယ်မှုတခုစီအတွက် ကော်မရှင်နှုန်းထားသက်သာသော Forex ဈေးကွက်ပေါ်တွင် အခွင့်အရေးပိုမိုကောင်းမွန်နိုင်ပါသည်။ ECN အကောင့်များပေါ်တွင်လည်း အကျိုးဆောင် ကော်မရှင်ခ ပေးဆောင်ရန်မလိုပဲ ကုန်သွယ်မှုပြုလုပ်နိုင်ပါသည်။

ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် အရောင်းအဝယ်စတင်ပါ

မှတ်ပုံတင်ခြင်း

ယခုအချိန်သည် Coca-cola (KO) ကုမ္ပဏီ‌စတော့ကိုဝယ်ယူရန် အချိန်ကောင်းတခု ဖြစ်ပါသလား။ 

အောက်ပါအခြေအနေများတွင် Coca-Cola ရှယ်ယာများကို ဝယ်ယူခြင်းသည် သင့်တော်ပါသည် -

  • ဈေးကွက်သည် အနိမ့်ဆုံးအထိကျဆင်းခဲ့ပြီး၊ အတက်လမ်းကြောင်းတခုအဖြစ် ပြန်လည်ချိုးကွေ့သွား သော အခြေအနေ။ ဥပမာအားဖြင့်၊ ၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကပ်ရောဂါသည် ရောင်းအားများအပေါ် အနှုတ်လက္ခဏာသက်ရောက်စေခဲ့ပြီး၊ စတော့ဈေးနှုန်းများကို ထိခိုက်ကျဆင်းစေခဲ့ပါသည်။ ရောင်းအားပမာဏများပြန်လည်တိုးတက်လာခြင်းသည် ဝယ်ယူရန် အကြောင်းရင်းတရပ် ဖြစ်ပါသည်။ 

  • မကြာမီတွင် ဘဏ္ဍာရေးသတင်းများထုတ်ပြန်တော့မည်ဖြစ်ပြီး၊ ခန့်မှန်းချက်မှာ အပြုသဘောဆောင်ပါသည်။ ဆုံးရှုံးနိုင်ခြေများကိုလည်း ထည့်သွင်းစဉ်းစားပါ - ဘဏ္ဍာရေးစွမ်းဆောင်ရည်သည် ယခင်ရလာဒ်များထက်ပို၍ပင်ကောင်းမွန်သော်လည်း ခန့်မှန်းချက်ထက် ပိုမိုနိမ့်ကျခဲ့လျှင်၊  နှုန်းထားသည် ကျဆင်းနိုင်ပါသည်။ 

  • ယာယီကျဆင်းမှုတခု၏အဆုံးသတ်။ ဤအယူအဆသည် ကာလတိုနည်းဗျူဟာများအတွက် သင့်တော်မှုရှိပါသည်။

အောက်ပါဇယားကွက်တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ၊ ဈေးနှုန်းအပြောင်းအလဲများ ပါဝင်ပြီး၊ ကာလအပိုင်းအခြားအမျိုးမျိုးအတွက် အမြတ်ရရှိနှုန်းကို ညွှန်ပြထားပါသည်။

 

16.07.2021

14.01.2022

14.04.2022

15.06.2022

15.07.2022

ဈေးနှုန်း၊ USD

56.4

61.43

65.01

59.67

62.5

အမြတ်ထွက်ပေါ်မှုနှုန်း၊ %၊ ၁၅.၇.၂၀၂၂ မတိုင်မီတွင် ရောင်းချခဲ့သော ရှယ်ယာများအတွက်သာ ဖြစ်ပါသည်။

10.82

1.74

-3.86

4.74

-

အနှစ်ချုပ်။ တနှစ်တာအတွက် အမြတ်ရရှိနှုန်းမှာ ၁၀% ထက် ကျော်လွန်ပါသည်။ သို့သော်၊ တနှစ်အောက်ပိုမိုတိုတောင်းသော ကာလတခုတွင်၊ ရင်းနှီးမြှုပ်နှံသူတဦးသည် ၅% နီးပါး အရှုံးနှင့် အမြတ် နှစ်ရပ်စလုံးကို လက်ခံရရှိနိုင်ပါသည်။ ထို့ကြောင့်၊ နှစ်များစွာအတွက် ရင်းနှီးမြှုပ်နှံခြင်း သို့မဟုတ် ယာယီကျဆင်းချိန်များတွင် ကာလတိုအတွင်း အစုရှယ်ယာဝယ်ယူခြင်း စသည့်နည်းလမ်းနှစ်မျိုးစလုံးဖြင့် အကျိုးအမြတ်ရရှိနိုင်ပါသည်။ 

Coca-Cola (KO) စတော့များကို မဝယ်ယူမီ၊ မည်သည်တို့ကို လုပ်ဆောင်သင့်ပါသနည်း။

Coca-Cola ရှယ်ယာများကို မဝယ်ယူမီတွင်၊ ကုမ္ပဏီစီးပွားရေးဆိုင်ရာနှင့် အထွေထွေစီးပွားရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်များကို ပြုလုပ်သင့်ပါသည်။ အကယ်၍ ဈေးကွက်သည် စတော့ဈေးကွက်တခုလုံးကို ကျဆင်းစေသော အနှုတ်သဘောဆောင်သည့် အရင်းခံအကြောင်းအရာများ၏ လွှမ်းမိုးမှုအောက်တွင်ရှိနေပါက၊ စတော့ဝယ်ယူခြင်းဖြင့် အကျိုးမရှိနိုင်ပါ - ဈေးကွက်ကျဆင်းမှုအဆုံးသတ်သည်အထိ စောင့်ဆိုင်းပြီး၊ အနိမ့်ဆုံးဈေးတန်းတွင် ဝယ်ယူပါ။ အကယ်၍ အထွေထွေဈေးကွက် အကြောင်းအရာများသည် အပြုသဘောဆောင်ပါက၊ ကုမ္ပဏီ၏ ဘဏ္ဍာရေးညွှန်ပြချက်များ၊ အရေးပါသောအချိုးများ(multipliers)၊ တိုးတက်ဖွံ့ဖြိုးမှုခန့်မှန်းချက်များ အစရှိသည်တို့အပေါ်အခြေခံ၍ ကုမ္ပဏီအတွင်းပိုင်းအခြေအနေကို အကဲဖြတ်သင့်ပါသည်။ လက်ရှိညွှန်ပြချက်ရလာဒ်များကို ယခင်ကာလအအပိုင်းအခြားများအတွင်းရှိ ရလာဒ်များဖြင့် နှိုင်းယှဉ်ရပါမည်။

ဘဏ္ဍာရေးဆိုင်ရာအချက်အလက်

ဘဏ္ဍာရေးစာရင်းရှင်းတမ်းများ၏ အရေးပါသော ညွှန်ပြချက်များ - 

  • စုစုပေါင်းနှင့် အသားတင်အမြတ်အစွန်း။

  • အရောင်းဝင်‌ငွေ။

  • Multipliers (အရေးပါသောအချိုးများ) - EBITDA၊ P/E၊ EPS။

  • ပိုင်ဆိုင်မှုတိုးပွားနှုန်း။

  • အရင်းအနှီးညွှန်ပြချက်များ။

စတော့ရှယ်ယာဝယ်ယူခြင်းမပြုမီတွင် ကုမ္ပဏီတခုအား ပိုင်းခြားဆန်းစစ်ရန်အတွက်၊ လူကြီးမင်းအနေဖြင့် အကူအညီဝန်ဆောင်မှုများကို အသုံးပြုနိုင်ပါသည်။ ထိုနေရာများတွင် အခြေခံသတင်းအချက်အလက်များကို စုဆောင်းပေးထားပြီး၊ ဂရပ်ဖစ်ခွဲခြမ်းစိတ်ဖြာမှုနှင့်တကွ တိကျသောစာရင်းဇယားများအဖြစ် ဆက်လက်လုပ်ဆောင်ပေးပါသည်။ ထိုသို့သော ဝန်ဆောင်မှုများ၏ ဥပမာများမှာ simplywall.st၊ Investing အစရှိသည်တို့ ဖြစ်ပါသည်။

LiteFinance: ဘဏ္ဍာရေးဆိုင်ရာအချက်အလက်

အစီရင်ခံစာများနှင့် ကုန်သွယ်ရေးဂျာနယ်လ်များ

ဘဏ္ဍာရေးစာရင်းရှင်းတမ်းများအပြင် အခြားရရှိနိုင်သော အခြေခံပိုင်းဆိုင်ရာ သတင်းအချက်အလက် အရင်းအမြစ်များမှာ အစီရင်ခံစာများ၊ စီမံခန့်ခွဲမှုအဖွဲ့၏ထုတ်ပြန်ချက်များ၊ နှစ်ပတ်လည် အကျဉ်းချုပ် မှတ်တမ်းများ စသည်တို့ဖြစ်ပါသည်သည်။ ဥပမာအားဖြင့်၊ ဈေးကွက်အသစ်များသို့ ဝင်ရောက်ခြင်း၊ ထုတ်ကုန်အသစ်များမိတ်ဆက်ခြင်းနှင့် ဘဏ္ဍာရေးနှစ်အတွက် စာရင်းအင်းအချက်အလက်များပါဝင်သော အစီရင်ခံစာများ။ ဤကဲ့သို့သော သတင်းအချက်အလက်များကို ကုမ္ပဏီဝဘ်ဆိုက်ပေါ်တွင် ရှာဖွေနိုင်ပါသည်။

 

ကော်ပီကုန်သွယ်ရေးသည် ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ ချဉ်းကပ်မှုအသစ်ဖြစ်သည်။

သင့်တွင် ကုန်သွယ်မှုအတွေ့အကြုံမရှိသေးသော်လည်း အမြတ်အစွန်းများဖြင့် သင်၏ Forex ခရီးကို စတင်နိုင်သည်။ ပရော်ဖက်ရှင်နယ် ကုန်သည်များ၏ အရောင်းအဝယ်များကို သင့်အကောင့်များသို့ ကူးယူပါ။

မှတ်ပုံတင်ခြင်း

Coca-cola (KO) ရှယ်ယာများကို မည်ကဲ့သို့ အရောင်းအဝယ် ပြုလုပ်ရမည်နည်း။

CFDs များသည် ပုံမှန်ပိုင်ဆိုင်မှုတခုအတွက် ဈေးနှုန်းခြားနားချက်အပေါ်အခြေခံသော စာချုပ်များ ဖြစ်ကြပါသည်။ ဆင့်ပွားပိုင်ဆိုင်မှုတခုတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းအားဖြင့်၊ လူကြီးမင်းသည် ရှယ်ယာပိုင်ဆိုင်သူအစစ်အမှန်ဖြစ်မလာသော်လည်း၊ အကယ်၍ လူကြီးမင်း၏ခန့်မှန်းမှု မှန်ကန်ပါက နှုန်းထားခြားနားချက်များ‌အပေါ်မှ အမြတ်အစွန်းရရှိနိုင်ပါသည်။ ဥပမာအားဖြင့်၊ LiteFinance သည် စတင်ရန် အနည်းဆုံးပမာဏအဖြစ် 50 USD ကို သတ်မှတ်ထားပါသည်။ လူကြီးမင်းအနေဖြင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစည်းမျဉ်းများနှင့်အညီ၊ leverage ကိုအသုံးပြု၍ Coca-Cola ရှယ်ယာများကို ဝယ်ယူနိုင်ပါသည်။

Coca-Cola ကုမ္ပဏီရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်းအတွက် နည်းလမ်းအဆင့်ဆင့် - 

၁။ အကျိုးဆောင်ကုမ္ပဏီတခုကို ရွေးချယ်ပါ၊ သက်သေခံအတည်ပြုခြင်းအဆင့်များကို လုပ်ဆောင်ပါ၊ ပြီးနောက် သင်၏အကျိုးဆောင်အကောင့်သို့ ငွေဖြည့်သွင်းပါ။ LiteFinance ဖြင့် မှတ်ပုံတင်စာရင်းသွင်းခြင်းသည် ၂-၃ မိနစ်ခန့် ကြာမြင့်ပါသည်။ သက်သေခံစိစစ်ခြင်းအတွက် သင်၏ကိုယ်ရေးအထောက်အထားနှင့် နေရပ်လိပ်စာကို အတည်ပြုရန် လိုအပ်ပါသည်။ မှတ်ပုံတင်စာရင်းပေးသွင်းရန်မလိုအပ်ပဲ၊ ဒီမိုအကောင့် တခုကိုလည်း စမ်းသပ်အသုံးပြုနိုင်ပါသည်။ 

၂။ LiteFinance တာမီနယ်တွင်၊ ဘယ်ဘက်ရှိ ဒေါင်လိုက်ဘောင်ကွက်အတွင်းရှိ "ကုန်သွယ်မှု" ကို ရွေးချယ်ပါ။ ရေပြင်ညီမီနူးအတွင်း "NYSE စတော့များ” စာသားခလုပ်က်ု ရွေးချယ်ပါ။ Coca-Cola စတော့များ (အမှတ်အသား #KO) ကို ရှာဖွေပါ။

LiteFinance: Coca-cola (KO) ရှယ်ယာများကို မည်ကဲ့သို့ အရောင်းအဝယ် ပြုလုပ်ရမည်နည်း။

“ဈေးကွက်အလေးသာမှု” ညွှန်ပြချက်ကို အလေးဂရုပြုပါ - ၎င်းသည် အဝယ်နှင့်အရောင်းကုန်သွယ်မှုများအတွက် ပမာဏအချိုးများကို ပြသပါသည်။ ၎င်းကို သဲလွန်စတခုအဖြစ် အသုံးပြုနိုင်ပါသည်။ အကယ်၍ ဈေးနှုန်းသည် အပြောင်းအလဲမရှိငြိမ်သက်နေပါက၊ လတ်တလောတွင် ကုန်သွယ်မှုအချိန်ပိုင်း ပိတ်ထားသည်ဟု အဓိပ္ပါယ်ရပါသည် - ကုန်သွယ်မှုအချိန်ပိုင်း ဖွင့်သည်အထိ စောင့်ဆိုင်းပါ။

LiteFinance: Coca-cola (KO) ရှယ်ယာများကို မည်ကဲ့သို့ အရောင်းအဝယ် ပြုလုပ်ရမည်နည်း။

၃။ asset card (ပိုင်ဆိုင်မှုကဒ်ပြား) သို့သွားပါ၊ လူကြီးမင်းအား ကုန်သွယ်မှုပလပ်ဖောင်းသို့ အလိုအလျောက် ပို့ဆောင်ပေးပါလိမ့်မည်။ ရွေးချယ်ထားသောနည်းဗျူဟာနှင့်အညီ အချိန်အပိုင်းအခြား (timeframe) ကို သတ်မှတ်ပါ - တနေ့တာကုန်သွယ်မှုဗျူဟာများအတွက် M15-H1၊ ကာလရှည် အတွက် D1 မှစ၍။ ဈေးကွက်ကို ခွဲခြမ်းစိတ်ဖြာရန်အတွက်၊ ဇယားရေးဆွဲခြင်းကိရိယာများနှင့် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုညွှန်ပြကိရိယာများကို အသုံးပြုပါ။

၄။ညာဘက်ဘောင်ကွက်အတွင်း၊ ကုန်သွယ်မှုပမာဏကို lots များဖြင့် သတ်မှတ်ပါ။ stop loss နှင့် take profit အော်ဒါများ၏ တန်ဖိုးများကို သတ်မှတ်ပါ။ အဝယ် သို့မဟုတ် အရောင်းကုန်သွယ်မှုတခုကို ဖွင့်ပါ။

LiteFinance: Coca-cola (KO) ရှယ်ယာများကို မည်ကဲ့သို့ အရောင်းအဝယ် ပြုလုပ်ရမည်နည်း။

၅။ ဘဏ္ဍာရေးရလာဒ်(အရှုံး/အမြတ်)ထွက်ပေါ်နေသည့် ဖွင့်ထားဆဲကုန်သွယ်မှုအား ‌ဈေးနှုန်းဇယား အောက်မှ ဘလော့တွင် ပြသထားပါသည်။

LiteFinance: Coca-cola (KO) ရှယ်ယာများကို မည်ကဲ့သို့ အရောင်းအဝယ် ပြုလုပ်ရမည်နည်း။

Coca-Cola ကုန်သွယ်ရေးနာရီများ

စတော့ဈေးကွက်ပေါ်တွင် Coca-Cola CFD ကုန်သွယ်ရေးကို ကုန်သွယ်မှုဆက်ရှင်များဖွင့်လှစ်သော တိကျသည့် အချိန်များ၌သာ ဆောင်ရွက်နိုင်ပါသည်။ ကုန်သွယ်မှုဆက်ရှင်အချိန်ဇယား - တနင်္လာမှ ‌သောကြာ ၁၆.၃၅ မှ ၂၃.၀၀ အထိ (LiteFinance ကုန်သွယ်ရေးတာမီနယ်အချိန်)။ စတော့အိတ်ချိန်းများသည် အများသူငှာရုံးပိတ်ရက်များတွင် အလုပ်မလုပ်ပါ။ 

Coca-Cola စတော့ကုန်သွယ်ရေး နည်းပညာဆိုင်ရာ သတင်းအချက်အလက်

Ticker#KO
ရှယ်ယာတခုလျှင် လက်ရှိဈေးနှုန်း80.81 USD
စတင်တည်ထောင်ခဲ့သောခုနှစ်1886
ရုံးချုပ်များAtlanta (Georgia), USA
ပင်မအိတ်ချိန်းNYSE
CUSIP191216100
ISINUS1912161007
Par value (ကြိုတင်ကတိပြုထားသောတန်ဖိုး)0.25 USD
ထုတ်ရောင်းထားသောရှယ်ယာအရေအတွက်4,335,028,727
Leverage1:50
မာဂျင် %2%
အများဆုံးပမာဏ10,000 lots – ကုန်သည်တဦးသည် ရှယ်ယာအရေအတွက် တသောင်းခန့်ကို ဝယ်ယူနိုင်ပါသည် သို့မဟုတ် ရောင်းချနိုင်ပါသည်

Coca-cola (KO) အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်

ဘဏ္ဍာရေးစာရင်းရှင်းတမ်းများ၏ အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုသည် အောက်ပါမေးခွန်းများအတွက် အဖြေကို ထုတ်ဖော်ပေးပါသည်။

  • ရှယ်ယာများသည် လက်ရှိအချိန်တွင် မည်မျှ အဝယ်လွန်ကဲ သို့မဟုတ် အရောင်းလွန်ကဲနေပါသနည်း။ ဤအချက်သည်   လက်ရှိဈေးကွက်အခြေအနေနှင့် နှိုင်းယှဉ်ပါက ၎င်းတို့၏တန်ဖိုးမှာ မည်မျှပိုမြင့်နေသည် သို့မဟုတ် မည်မျှလျော့ကျနေသည်ကို ဖော်ပြပါသည်။ 

  • ကုမ္ပဏီသည် ၎င်း၏ ကြွေးမြီများကို ပြေလည်စေခြင်းရှိမရှိနှင့် ကုမ္ပဏီတွင် ကြွေးမြီမည်မျှရှိသနည်း။ ကုမ္ပဏီတခုသည် တည်ငြိမ်သော အမြတ်တိုးတက်နှုန်းကိုပင် ပြသနေပါစေ၊ ချေးငွေများဖြင့် လုပ်ငန်းလည်ပတ်နေရပါက၊ ၎င်းသည် ဒေဝါလီခံသော အခြေအနေသို့ ရောက်ရှိနိုင်ပါသည်။ ဤနေရာတွင် လက်ခံရရှိမည့်(ရရန်ရှိ)ငွေများ၏ အတိုင်းအတာကိုလည်း ပိုင်းခြားစိတ်ဖြာရန် လိုအပ်ပါသည်။

  • ပြိုင်ဘက်များနှင့် နယ်ပယ်၏ ဈေးကွက်ပျမ်းမျှစံနှုန်းဖြင့် နှိုင်းစာပါက၊ ကုမ္ပဏီ၏ ဘဏ္ဍာရေးစွမ်းဆောင်ရည်မှာ မည်သို့ရှိသနည်း။

အရေးပါသောအချိုးတန်ဖိုးများ(multipliers)ကို ခွဲခြမ်းစိတ်ဖြာခြင်းသည် အထက်ပါမေးခွန်းများအတွက် အဖြေကို ရရှိစေပါသည်။

Coca-Cola ၏ price-to-earnings အချိုး

P/E သည် ရှယ်ယာတခု၏ လက်ရှိတန်ဖိုးမှ EPS သို့ အချိုးဖြစ်ပါသည်။

EPS = (အသားတင်ဝင်ငွေ - အမြတ်ဝေစုများ) / ပုံမှန်ရှယ်ယာများ၏အရေအတွက်

ဤ multiplier သည် ကုမ္ပဏီ၏ ရှယ်ယာများ မည်မျှ တန်ဖိုးလွန်ကဲနေသည် သို့မဟုတ် လျော့နည်းနေသည်ကို ပြသပါသည်။ ဆပွားကိန်း(coefficients) များ၏ တန်ဖိုးများကို မတူညီသောနည်းလမ်းများဖြင့် အဓိပ္ပါယ်ကောက်ယူနိုင်ပါသည်။ ဥပမာအားဖြင့်၊ အကယ်၍ P/E = 15၊ EPS = 3 ဖြစ်လျှင်၊ ဤရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံထားသောပမာဏကို ၅ နှစ်အတွင်း ပြန်လည်ရရှိမည်ဟု အဓိပ္ပါယ်ရပါသည်။ 

Multiplier (အရေးပါသောအချိုးတန်ဖိုး)ကို ‌ဆန်းစစ်ဆုံးဖြတ်ခြင်း၏ ဥပမာများ - 

  • ၂၀ ထက်ပိုသော multiplier တန်ဖိုးသည် စတော့၏ တန်ဖိုးလွန်ကဲမှု သို့မဟုတ် ရင်းနှီးမြှုပ်နှံသူတို့၏ စိတ်ပါဝင်စားမှု တိုးတက်လာခြင်းကို ညွှန်ပြပါသည်။ ၅ ထက်ပိုနည်းသောတန်ဖိုးသည် ခန့်မှန်းချက်များထက်နိမ့်ကျခြင်း သို့မဟုတ် စိတ်ပါဝင်စားမှုကင်းမဲ့ခြင်းကို ညွှန်ပြပါသည်။

  • Multiplier ကို အသားတင်အမြတ်တိုးတက်မှုနှုန်း အပြောင်းအလဲများဖြင့် နှိုင်းယှဉ်ပါသည်။ အကယ်၍ အတိုင်းအတာနှစ်ရပ်စလုံးသည် တူညီပါက၊ ကုမ္ပဏီသည် တည်ငြိမ်ပါသည်။ အကယ်၍ P/E သည် ၂ ဆ သို့မဟုတ် ထိုထက်ပိုနည်းပါက၊ တိုးတက်မှုအလားအလာကို မျှော်လင့်နိုင်ပါသည်။

P/E ၏ အမျိုးအစားကွဲများ အမျိုးမျိုးရှိပါသည် - 

  • moving P/E - ဖော်မြူလာသည် ယခင်ကာလအတွက် လက်တွေ့ရရှိထားခဲ့သော အမြတ်အစွန်းအစစ်အမှန်ကို အသုံးပြုပါသည်။

  • forward P/E - အနာဂါတ်ကာလအတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များမှ ကြိုတင်မျှော်မှန်းထားသော အမြတ်အစွန်းကို ညွှန်ပြပါသည်။

Coca-Cola ၏ နှိုင်းရ အမြတ်ဝေစုနှုန်းထား

နှိုင်းရအမြတ်ဝေစုနှုန်းထား (relative dividend yield) သည် ရှယ်ယာတခုအတွက် ရရှိ‌သော တနှစ်တာအမြတ်ဝေစုနှင့် ရှယ်ယာဈေးနှုန်းတို့၏ အချိုးဖြစ်ပါသည်။ မတူညီသောကာလများအတွက် ဆပွားကိန်း(coefficient)၏ အပြောင်းအလဲများကို ခွဲခြမ်းစိတ်ဖြာပြီး၊ ၎င်းကို နယ်ပယ်တူအတွင်းမှ အမြတ်ဝေစုပေးချေသော အခြားကုမ္ပဏီများ၏ ဆပွားကိန်း(coefficient)များဖြင့် နှိုင်းယှဉ်ပါသည်။ နိမ့်ပါးသောတန်ဖိုးသည် ၎င်း၏ပြိုင်ဘက်များနှင့်နှိုင်းယှဉ်ပါက ကုမ္ပဏီရှယ်ယာများ၏တန်ဖိုး ပိုမိုလွန်ကဲနေခြင်းကို ညွှန်ပြပါသည်။ 

ရှယ်ယာတခုလျှင် Coca-Cola ၏ အမြတ်ပြန်လည်ပေးချေမှု

ROE ဆိုသည်မှာ ရှယ်ယာဝင်များ၏ ရင်းနှီးမြှုပ်နှံမှုများကို မည်မျှထိရောက်စွာအသုံးပြုသည်ကို ပြသပါသည် (၎င်းသည် ရှယ်ယာဝင်များ၏ ရင်းနှီးမြှုပ်နှံမှုများသာဖြစ်ပြီး၊ ကုမ္ပဏီတခုလုံး၏ အရင်းအနှီး အလုံးစုံမဟုတ်သည်ကို အလေးဂရုပြုရပါမည်)။ ၎င်းအား အသားတင်အမြတ်မှ အစုရှယ်ယာအရင်းအနှီးတန်ဖိုးကို အချိုးချခြင်းဖြင့် တွက်ချက်ပါသည်။ ဥပမာအားဖြင့်၊ ROE တန်ဖိုး 15% ဆိုလျှင်၊ 1 USD ရင်းနှီးမြှုပ်နှံထားသော ရှယ်ယာရှင်တဦးစီတိုင်းသည် နှစ်စဉ်အမြတ် 15 cents ကို ရရှိလိမ့်မည်ဖြစ်သည်။

Coca-Cola ၏ အဓိက ရှယ်ယာရှင်များ

Coca-Cola သည် အများပိုင်ကုမ္ပဏီတခုဖြစ်သည်။ ၎င်း၏ရှယ်ယာများကို အမေရိကန်နှင့် ဥရောပ စတော့အိတ်ချိန်းများပေါ်တွင် လွပ်လပ်စွာကုန်သွယ်ကြပါသည်။  ထို့အပြင် ကော်ပိုရေးရှင်းတွင် ရှယ်ယာဝင်များ၏အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အပြည့်အဝ လွှမ်းမိုးနိုင်သော ရှယ်ယာရှင်ကြီးများ မရှိပါ။

အဓိက ရှယ်ယာရှင်များ - 

  • Berkshire Hathaway (ဖောင်ဒေးရှင်း) - ၉% ခန့်။

  • The Vanguard Group - ၆% ခန့်။

  • State Street ကော်ပိုရေးရှင်း - ၃% ခန့်။

အဓိကရှယ်ယာရှင်များမှာ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့အစည်းများ ဖြစ်ကြပါသည်။ အစုရှယ်ယာရှင်များနှင့် အစုရှယ်ယာဝင်များ၏ဖွဲ့စည်းပုံသည် အချိန်မရွေးပြောင်းလဲနိုင်ပါသည်။ အစုရှယ်ယာပမာဏတခုကို ဝယ်ယူရန်/ ရောင်းချရန် သဘောတူညီမှုတခုသည် ကာလတိုဈေးနှုန်းရွေ့လျားမှုတခုအတွက် တွန်းအားတခုကို ပေါ်ပေါက်စေနိုင်ပါသည်။

Coca-Cola နှုန်းထားများအပေါ် လွှမ်းမိုးသက်ရောက်သော အကြောင်းအရာများ

Coca-Cola နှုန်းထားများသည် အောက်ပါအကြောင်းအရာများအပေါ်တွင် မူတည်ပါသည် - 

  • အရောင်းပမာဏများ။ ရှယ်ယာဈေးနှုန်းသည် စားသုံးသူ ဝယ်ယူသုံးစွဲမှုအပြောင်းအလဲများအပေါ် အလွန်လျင်မြန်စွာ တုံ့ပြန်ပါသည်။ စီးပွားရေးအခြေအနေများ တိုးတက်လာသည်နှင့်အမျှ ဝင်ငွေတိုးတက်လာပြီး၊ ဝယ်ယူသုံးစွဲမှုနှုန်း မြင့်တက်လာပါသည်။ ထို့ကြောင့် အပြုသဘောဆောင်သော အရင်းခံစီးပွားရေးညွှန်ပြချက်များသည် နှုန်းထားများတိုးတက်ရန်အတွက် အဓိကတွန်းအားများ ဖြစ်လာနိုင်ပါသည်။

  • ဈေးကွက်ဝေစုနှင့် ယှဉ်ပြိုင်မှုဆိုင်ရာအားသာချက်များ။ ၎င်း၏ ရပ်တည်မှုကို ပိုမိုခိုင်မာစေရန်အတွက်၊ ကုမ္ပဏီသည် ၎င်း၏ အမှတ်တံဆိပ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် စီစဉ်နေပြီး၊ ဈေးကွက်အသစ်များတွင် ၎င်း၏ နေရာယူမှုကို တိုးချဲ့နေပါသည်။ ဥပမာအားဖြင့်၊ ၎င်းသည် ၂၀၁၉ ခုနှစ်တွင် ဝယ်ယူခဲ့သော Costa Coffee ဆိုင်ခွဲများကို နေရာအနှံ့တွင် တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်ထားပါသည်။

  • ဘဏ္ဍာရေးညွှန်ပြချက်များ။ ဘဏ္ဍာရေးစာရင်းရှင်းတမ်းများ၊ နှစ်ပတ်လည်အစီရင်ခံစာ၊ တနှစ်အတွင်း ကြားဖြတ်ထုတ်ပြန်သော စာရင်းဇယားများ(interim statistics)၊ ခန့်မှန်းချက်များ၊ သတင်းထုတ်ပြန်မှုများ။ ၎င်းတွင် လက်ရှိစီးပွားရေးလုပ်ငန်းများအပြင် နောက်ထပ်လုပ်ငန်းများကိုတိုးချဲ့ဝယ်ယူမှု သို့မဟုတ် လုပ်ငန်းရောင်းချမှုများလည်း ပါဝင်နိုင်ပါသည်။

  • ဈေးကွက်၏ ယေဘုယျအခြေအနေ။ ဤခေါင်းစဉ်အောက်တွင် ပထဝီနိုင်ငံရေးပဋိပက္ခများ၊ ကုန်သွယ်မှုစစ်ပွဲများ၊ သဘာဝဘေးအန္တရာယ်များ အပါအဝင် ကာလတိုအတွင်း ဈေးကွက်အပေါ်လွှမ်းမိုးသက်ရောက်နိုင်သည့် ကြိုတင်မျှော်မှန်းမရသော ဖြစ်ရပ်များ ပါဝင်ပါသည်။

ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ချိန်တွင်၊ ပုံမှန်ကာလအပိုင်းအခြားတခုအတွင်း အရင်းခံအကြောင်းအရာ၏ ခိုင်မာမှုကိုလည်း ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။ ဥပမာအားဖြင့်၊ ယေဘုယျဈေးကွက်တုံ့ဆိုင်းချိန်မျိုးတွင် အပြုသဘောဆောင်သော အစီရင်ခံစာသည် နှုန်းထားများကို ကာလတိုတခုအတွင်း တိုးတက်စေနိုင်သည်။ သို့သော် ကာလရှည်လမ်းကြောင်းမှာမူ အောက်ဘက်သို့ ဆက်လက်ကျဆင်းနေမည်ဖြစ်သည်။

Coca-Cola (KO) ဝယ်ယူခြင်း၏ အားသာချက်များ

စတော့ခွဲခြမ်းမှုများ၏ အကျိုးကျေးဇူးဖြင့်၊ မည်သည့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူမဆို ရှယ်ယာများကို ဝယ်ယူရရှိနိုင်ပါသည်။ အခြားကုမ္ပဏီများ၏ ရှယ်ယာများဖြင့် နှိုင်းယှဉ်ပါက၊ Coca-Cola တွင် ၎င်း၏ အားသာချက်များ ရှိပါသည်။

အမှတ်တံဆိပ်၏ ခိုင်မာမှု

Coca-Cola သည် နှစ်ပေါင်း ၁၀၀ ကျော်သမိုင်းကြောင်းနှင့်အတူ ကမ္ဘာပေါ်ရှိ အသိအမှတ်ပြုခံရဆုံး အမှတ်တံဆိပ်များမှ တခုဖြစ်ပါသည်။ ကော်ပိုရေးရှင်းသည် အားကစားအဖွဲ့အစည်းများ၏ ကူညီပံ့ပိုးသူဖြစ်ပြီး၊ Coca-Cola ထရပ်ကားသည် နှစ်သစ်၏ သင်္ကေတ ဖြစ်ပါသည်။ ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှုသမိုင်းကြောင်းနှင့် အမှတ်တံဆိပ် စီမံခန့်ခွဲမှုကို အရောင်းမြှင့်တင်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြဌာန်းစာအုပ်များတွင် ထည့်သွင်းဖော်ပြကြပါသည်။

လုပ်ငန်းလည်ပတ်မှုဆိုင်ရာအားသာချက်နှင့် ပြန်လည်ဖွဲ့စည်းခြင်း

ကော်ပိုရေးရှင်းသည် ဝင်ငွေနှင့် အသားတင်အမြတ်အစွန်းအရ ၎င်း၏ အနီးစပ်ဆုံး ပြိုင်ဘက်များထက် ၁.၂-၁.၅ ဆ ရှေ့သို့ ရောက်နှင့်နေပါသည်။ အစီအစဉ်များအရ၊ စုစည်းမှုအတွင်းရှိ အမှတ်တံဆိပ်များ၏ အရေအတွက်ကို ထက်ဝက်ခန့်လျော့ချသွားမည်ဖြစ်ပြီး၊ ၎င်းသည် ဝင်ငွေကို ၁-၂% အထိ လျော့ကျစေလိမ့်မည် ဖြစ်သည်။ ဤအစီအစဉ်သည် ၎င်းအား ဦးစားပေးမှုအမြင့်ဆုံးနှင့် အမြတ်အစွန်းအများဆုံး ဧရိယာများသို့ အာရုံစိုက်နိုင်စေမည်ဖြစ်ပြီး၊ နည်းပညာအသစ်များတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်စေမည်ဖြစ်သည်။

ကော်ပိုရေးရှင်းသည် ကမ္ဘာ့နိုင်ငံများအားလုံးနီးပါးတွင် ၎င်း၏ အမှတ်တံဆိပ်အား ကိုယ်စားပြုပါသည်။ ကုမ္ပဏီ၏ ဖွဲ့စည်းမှုတွင် ဌာနခွဲများနှင့် ရုံးခွဲများ ဒါဇင်ပေါင်းများစွာပါဝင်ပြီး၊ ၎င်းသည် ဒေသဆိုင်ရာဥပဒေစည်းမျဉ်းများနှင့် ဒေသခံတို့၏စိတ်သဘောထားများကို ထည့်သွင်းစဉ်းစားနိုင်စေပြီး ‌ဒေသအလိုက် စီမံခန့်ခွဲမှုကို ထိရောက်မှုရှိစွာ ဆောင်ရွက်နိုင်စေပါသည်။ 

LiteFinance: လုပ်ငန်းလည်ပတ်မှုဆိုင်ရာအားသာချက်နှင့် ပြန်လည်ဖွဲ့စည်းခြင်း

နိမ့်ပါးသောမတည်ငြိမ်မှု

ရှယ်ယာများ၏ နိမ့်ပါးသောမတည်ငြိမ်မှုအတွက် အကြောင်းရင်းမှာ ကုမ္ပဏီ၏ ထုတ်ကုန်များကို အလွယ်တကူဖြင့် ဝယ်လိုအားမပြောင်းလဲသော (inelastic) ကုန်ပစ္စည်းများအဖြစ် သတ်မှတ်ထားကြ သောကြောင့် ဖြစ်ပါသည် - အစားအသောက်နှင့် အဖျော်ယမကာများသည် ဈေးနှုန်းအပြောင်းအလဲများအပေါ် ပိုမိုနှေးကွေးစွာတုံ့ပြန်ပါသည်။ ကုမ္ပဏီများစွာ အရှုံးပြနေချိန်မျိုးတွင်၊ Coca-Cola သည် အသားတင်အမြတ်အနည်းငယ်သာ လျော့ကျခဲ့ပြီး၊ အမြတ်ဝေစုနှုန်းထားများကိုပင် ထိခိုက်မှုမရှိခဲ့ပေ။ ၅ နှစ်တာအတွင်း လုပ်ငန်း၏ မတည်ငြိမ်မှုနှုန်းမှာ ၀.၆၂ ဖြစ်ပြီး၊ လုပ်ငန်းနယ်ပယ်၏ ပျမ်းမျှမတည်ငြိမ်မှုနှုန်းမှာ ၀.၇၅ ဖြစ်ပါသည်။

တည်ငြိမ်သောအမြတ်ဝေစုနှုန်းထား

၂၀၂၂ ခုနှစ်တွင်၊ ကော်ပိုရေးရှင်းသည် “အမြတ်ဝေစုအများဆုံးပေးချေသော ထိပ်တန်းကုမ္ပဏီများ(dividend kings)” - ရင်းနှီးမြှုပ်နှံသူများထံသို့ အနည်းဆုံး နှစ်ပေါင်း ၆၀ ခန့် အမြတ်ဝေစုဆက်တိုက်ပေးချေခဲ့ပြီး ပေးချေမှုပမာဏသည်လည်း တစထက်တစ ပုံမှန်တိုးတက်လာခဲ့သော ကုမ္ပဏီများတွင် တခုအပါအဝင် ဖြစ်လာခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင်၊ စတော့ ၃၉ ခုသည် ထိုစာရင်းတွင် ပါဝင်ခဲ့သည်။ သို့သော် ၎င်းတို့အနက်မှ ၁၁ ခုသာလျှင် နှစ် ၆၀ ဆက်တိုက် တိုးတက်သော အမြတ်ဝေစုပေးချေမှုကို ပြသနိုင်ခဲ့သည်။  Coca-Cola သည် ထိုသို့သော ကုမ္ပဏီများမှ တခုဖြစ်ပါသည်။ အမြတ်ဝေစုများကို သုံးလတကြိမ်ပေးချေပါသည်။ ဥပမာအားဖြင့်၊ ၂၀၁၉ တွင် အမြတ်ဝေစုများအတွက် $6.8 ဘီလီယံကို ပေးချေခဲ့ပြီး၊ ထိုပမာဏသည် ၁၉၈၅ ခုနှစ် ကုမ္ပဏီ၏ စုစုပေါင်းအရင်းအနှီးပမာဏနှင့် အနီးစပ်ဆုံး တူညီပါသည်။

Coca-Cola (KO) ဝယ်ယူခြင်း၏ အားနည်းချက်များ

ဈေးကွက်ခွဲခြမ်းစိတ်ဖြာမှု အတွေ့အကြုံမရှိသော ရင်းနှီးမြှုပ်နှံသူတဦးအတွက်  Coca-Cola ရှယ်ယာများကို ဝယ်ယူခြင်းတွင် အနှုတ်သဘောဆောင်သော အဓိကအငြင်းပွားမှုမှာ အစုရှယ်ယာများ၏ အမြတ်နှုန်းဖြစ်ပါသည် - ၎င်းတို့သည် တိုးတက်မှု အလွန်နှေးကွေးပါသည်။ ထို့အပြင် ကပ်ရောဂါကဲ့သို့ အထင်ကရအကြပ်အတည်းတခုသည် တနှစ်တာလုံး အမြတ်အစွန်းမရှိသည်အထိ လုံလောက်စွာ အကျိုးသက်ရောက်စေနိုင်သည်။ ဥပမာအားဖြင့်၊ ၂၀၁၀ မှ ၂၀၂၀ အထိ၊ ကုမ္ပဏီ၏ ရှယ်ယာများသည် တနှစ်လျှင် ပျမ်းမျှတိုးတက်မှုနှုန်း ၁၀% ကို ပြသပါသည်။ NASDAQ index သည် တူညီသောကာလအတွက် ပျမ်းမျှတိုးတက်မှုနှုန်း ၃၁% ကို ပြသပါသည်။

မ်းဆောင်ရည်နိမ့်ပါးသော လုပ်ငန်းနယ်ပယ်

စတော့ရှယ်ယာ၏အကျိုးအမြတ်များသည် နည်းပညာကုမ္ပဏီများကဲ့သို့သော အခြားကုမ္ပဏီများနှင့် နှိုင်းယှဉ်ပါက ပိုမိုနည်းပါးပါသည်။ သို့သော် တချိန်တည်းမှာပင် စားသုံးသူကဏ္ဍသည် အကျပ်အတည်း ကာလများတွင် ပိုမို၍ခံနိုင်ရည်ရှိသည်။ ထို့ကြောင့် စတော့ရှယ်ယာ၏အမြတ်အစွန်းကို ကုမ္ပဏီများ၏ တူညီသောကဏ္ဍအတွင်းရှိ အခြားကုမ္ပဏီများနှင့် နှိုင်းယှဉ်ခြင်းက ပိုမိုမှန်ကန်ပါလိမ့်မည်။

မြင့်မားသော debt to equity (ချေးငွေနှင့် ပိုင်ဆိုင်မှုအချိုး)

ကော်ပိုရေးရှင်း ၏ Debt to Equity Ratio - ချေးငွေနှင့် ပိုင်ဆိုင်မှုအချိုး (D/E) multiplier သည် တဖြည်းဖြည်း တိုးမြင့်နေပါသည်။

LiteFinance: မြင့်မားသော debt to equity (ချေးငွေနှင့် ပိုင်ဆိုင်မှုအချိုး)

ဆိုလိုသည်မှာ ကုမ္ပဏီသည် ပြန်လည်ပေးချေရမည့် ချေးငွေပမာဏကို တစထက်တစက် ပိုမိုသုံးစွဲလျှက်ရှိပါသည်။ ဤအတိုင်းရှေ့ဆက်သွားလျှင်၊ ချေးငွေအသစ်များရယူရန် ခက်ခဲနိုင်ပြီး၊ အမြတ်ဝေစုနှုန်းထားများ လျော့ကျနိုင်ပါသည်။

လက်ခံယုံကြည်မှုဆိုင်ရာ အငြင်းပွားမှု

ဝယ်ယူစားသုံးမှုအတိုင်းအတာသည် ကျန်းမာသောစားသောက်မှုပုံစံနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပင်မှုများ၏ လွှမ်းမိုးမှုအောက်တွင် ရှိပါသည်။ ထို့ကြောင့် ကုမ္ပဏီတွင် အရေးပါ‌သော ပြဿနာနှစ်ရပ်ရှိပါသည်။ WHO အဆိုအရ Coca-Cola၊ Sprite၊ Fanta နှင့် အခြားအလားတူအဖျော်ယမကာများသည် ကျန်းမာရေးနှင့် မညီညွတ်ပေ။ ၎င်းတို့တွင် သကြားနှင့် ဓာတုဆေးဝါးများ အများအပြားပါဝင်ပြီး အဝလွန်ခြင်းကို ဖြစ်ပွားစေနိုင်သည်။ သကြားပါဝင်သော အချိုရည်များကို အခွန်အခတိုးမြှင့်ကောက်ခံခြင်းကို နိုင်ငံပေါင်း ၆၅ ခုတွင် မိတ်ဆက်အသိပေးခဲ့ပြီးဖြစ်ပါသည်။ Coca-Cola သည် နည်းပညာအသစ်သို့ ကူးပြောင်းခြင်းနှင့် အခြားအမှတ်တံဆိပ်များကို ထုတ်လုပ်ခြင်းဖြင့် ပြဿနာကို ဖြေရှင်းပါသည်။

အခြားပြဿနာတခုမှာ အချိုရည်ဘူးများတွင် ပလပ်စတစ်အသုံးပြုမှုဖြစ်သည်။ ‌ကော်ပိုရေးရှင်းသည် အကြီးဆုံးအရောင်းပမာဏကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ၊ သဘာဝပတ်ဝန်းကျင်အတွက် အကြီးဆုံး ပလပ်စတစ်စွန့်ပစ်သူလည်း ဖြစ်၍နေပါသည်။ ဤဆောင်းပါးကိုရေးသားစဉ်အထိ၊ ပလစ်စတစ်ဘူးခွံများ အတွက် အခွန်ကောက်ခံခြင်းမျိုး မရှိသေးပါ။ သို့သော် ဤပြဿနာအတွက် အစားထိုးဖြေရှင်းချက်ကို ရှာဖွေတွေ့ရှိခြင်း သို့မဟုတ် ဘူးခွံများကို ပြန်လည်သန့်စင်အသုံးပြုခြင်းတွင် ရင်းနှီးမြှုပ်နှံခြင်းများ မပြုလုပ်ပါက၊ ကုမ္ပဏီသည် ဤပြဿနာကို ရင်ဆိုင်ရဖွယ်ရာရှိပါသည်။

Coca-Cola (KO) ရှယ်ယာများကို ဝယ်ယူခြင်းဖြင့် အကျိုးအမြတ်ရှိနိုင်ပါသလား။

Coca-Cola သည် ၎င်း၏နယ်ပယ်အတွင်း တည်ငြိမ်မှုအရှိဆုံးကုမ္ပဏီများတွင် တခုအပါအဝင် ဖြစ်ပြီး၊ ၎င်း၏ ထုတ်ကုန်များသည် အစဉ်သဖြင့် ဝယ်လိုအားမြင့်မားပါသည်။ ရာသီအပြောင်းလဲများ၊ ပထဝီနိုင်ငံရေးအခြအနေများနှင့် စီးပွားရေးဆုတ်ယုတ်မှုများသည် ကာလတိုအတွင်း နှုန်းထားများအပေါ် လွှမ်းမိုးနိုင်ပါသည်။ သို့သော် ရေရှည်ကာလတွင်၊ ရှယ်ယာများသည် နှေးကွေးစွာ တိုးတက်လာပြီး၊ တနှစ်လျှင် ၁၀% ပျမ်းမျှအမြတ်ကို ပြသပါသည်။ ထို့ကြောင့် Coca-Cola ရှယ်ယာများကို ခုခံကာဆီးပေးသော(အရင်းအနှီးများကိုကာကွယ်ပေးသော) ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ယူဆနိုင်ပါသည်။

Coca-Cola ရှယ်ယာများ၏ကုန်သွယ်ရေးဆိုင်ရာအမေး၊အဖြေများ

နည်းလမ်းများစွာရှိပါသည် -

  • စတော့အကျိုးဆောင်ကုမ္ပဏီတခုမှတဆင့်စတော့အိတ်ချိန်းပေါ်တွင်။၎င်းကို NYSE နှင့် Coca-Cola ရှယ်ယာများကိုအရောင်းအဝယ်ပြုလုပ်သောအခြားဈေးကွက်များသို့ဝင်ရောက်ခွင့်ရှိသောမည်သည့်အကျိုးဆောင်ထံမှတဆင့်ဖြစ်စေဆောင်ရွက်နိုင်ပါသည်။
  • OTC ဈေးကွက်များ။အရောင်းစာချုပ်တခုအောက်တွင်ရှယ်ယာများ၏ပိုင်ရှင်များထံမှအစုရှယ်ယာများကိုတိုက်ရိုက်ဝယ်ယူနိုင်ပါသည်။
  • တိုက်ရိုက်ရောင်းဝယ်သော Forex ဈေးကွက်။ကုန်သည်တဦးသည်ရှယ်ယာ CFDs များတွင်ငွေကြေးများကိုရင်းနှီးမြှုပ်နှံပါသည်။ထိုနည်းအားဖြင့်ဈေးနှုန်းခြားနားချက်အပေါ်တွင်အမြတ်အစွန်းရပါသည်။
သွယ်ဝှိက်သောရင်းနှီးမြှုပ်နှံမှုအတွက်လည်းနည်းလမ်းများရှိပါသည် - Coca-Cola တွင်ရင်းနှီးမြှုပ်နှံသောရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ၏ mutual funds များနှင့်စားသုံးသူနယ်ပယ်တွင်ရင်းနှီးမြှုပ်နှံသော ETF ရံပုံငွေများ၏ရှယ်ယာများ။

ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတဦးတွင်နည်းလမ်းနှစ်မျိုးရှိပါသည် -

  1. စတော့အကျိုးဆောင်ကုမ္ပဏီတခုမှတဆင့်စတော့အိတ်ချိန်းပေါ်တွင်ရှယ်ယာများဝယ်ယူခြင်း။ Coca-Cola ရှယ်ယာများကိုစာရင်းသွင်းဖော်ပြထားသောအိတ်ချိန်းများသို့ဝင်ရောက်ခွင့်ရှိသည့်အကျိုးဆောင်ကုမ္ပဏီတခုဖြင့်မှတ်ပုံတင်စာရင်းသွင်းခြင်း။ရင်းနှီးမြှုပ်နှံသူသည်ရှယ်ယာအစစ်များ၏ပိုင်ရှင်ဖြစ်လာပါသည်။အားနည်းချက်မှာအိတ်ချိန်းနှင့်မှတ်ပုံတင်စာရင်းလက်ခံသူ (registrars) တို့၏မြင့်မားသောကော်မရှင်များဖြစ်ပါသည်။
  2. Forex အကျိုးဆောင်ထံမှတဆင့်ရှယ်ယာ CFDs များတွင်ရင်းနှီးမြှုပ်နှံခြင်း။ရင်းနှီးမြှုပ်နှံသူသည်ငွေလဲနှုန်းခြားနားချက်ပေါ်မှအမြတ်အစွန်းရရှိပါသည်။ကော်မရှင်များ၊အကျိုးဆောင်အမြတ်များနှင့် swaps (တညတာထိန်းသိမ်းခ) များသည်စတော့အိတ်ချိန်းအဖိုးအခများထက်အဆပေါင်းများစွာပိုမိုသက်သာပါသည်။
အရင်းအနှီးကြီးမားသောရင်းနှီးမြှုပ်နှံသူများသည်ကြားခံများမလိုအပ်ပဲ OTC ဈေးကွက်သို့တိုက်ရိုက်ဝင်ရောက်၍ပိုင်ဆိုင်မှုတခုအားတဖက်ရောင်းချသူထံမှတိုက်ရိုက်ဝယ်ယူနိုင်ပါသည်။

သီအိုရီအားဖြင့်ရနိုင်ပါသည်။ရှယ်ယာများကိုလူနည်းစုပုဂ္ဂလိကအစုရှယ်ယာရှင်များသာမကကုမ္ပဏီ၏ထိပ်တန်းစီမံခန့်ခွဲမှုအဖွဲ့မှလည်းပိုင်ဆိုင်ပါသည်။၎င်းတို့သည်တနည်းအားဖြင့် Coca-Cola ၏ကိုယ်စားလှယ်များမှလည်းဖြစ်ပါသည်။လူကြီးမင်းသည်စီးပွားရေးအဆိုပြုချက်တခုဖြင့်၎င်းတို့အားတိုက်ရိုက်ဆက်သွယ်ပြီး၊သတ်မှတ်ထားသောရှယ်ယာပမာဏတခုကိုဝယ်ယူနိုင်ပါသည်။သို့သော်၊သဘောတူညီချက်စီမံဆောင်ရွက်ရခြင်း၏ရှုပ်ထွေးမှုနှင့်၎င်း၏ကုန်ကျစရိတ်များကြောင့်(ရှယ်ယာရှင်များသည်အစုရှယ်ယာများကိုဈေးကွက်ပေါက်ဈေးဖြင့်ရောင်းချရန်မြန်မြန်ဆန်ဆန်သဘောတူကြမည်မဟုတ်သောကြောင့်)ဤသို့လုပ်ဆောင်ခြင်းသည်အဓိပ္ပါယ်မရှိလှပေ။

ဟုတ်ပါသည်။ဆုံးရှုံးမှုအလားအလာများကိုခွဲဝေလျှော့ချရန်အတွက်၎င်းကိုဝယ်ယူသင့်ပါသည်။နည်းပညာနယ်ပယ်ရှိစတော့များနှင့်မတူညီစွာ၊ Coca-Cola စတော့များသည်ပိုမိုနှေးကွေးသောအရှိန်တခုဖြင့်တိုးတက်ပါသည်။သို့သော်ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဆုတ်ယုတ်ကျဆင်းချိန်များတွင်၊ Coca-Cola စတော့များသည်နိမ့်ပါးသက်သာသောတန်ဖိုးကျဆင်းမှုကိုသာခံစားရပါသည်။

အမြတ်ဝေစုများကိုသုံလတကြိမ်ပုံမှန်ပေးချေပါသည်။၎င်းတို့၏ပမာဏများမှာမူကွဲပြားနိုင်ပါသည် - ပေးချေမည့်ပမာဏကိုရှယ်ယာဝင်အစည်းအဝေးတွင်ဆုံးဖြတ်ပါသည်။သို့သောမကြာသေးမီကာလများအတွင်း၊အမြတ်ဝေစုနှုန်းထားသည် 2.8-3.6% ဝန်းကျင်တွင်တည်ငြိမ်နေခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင်၊လစဉ်အကျိုးအမြတ်နှင့်စပ်လျဉ်း၍မည်သူကမှအာမခံချက်မပေးနိုင်ပါ။အကယ်၍လူကြီးမင်းအနေဖြင့်စတင်ရန်အရင်းအနှီးကိုသိရှိလိုပါက၊အောက်ပါညွှန်ပြချက်များကိုဆန်းစစ်ပါ။

  • တနေ့တာနှင့်တလတာပျမ်းမျှမတည်ငြိမ်နှုန်း။
  • လွန်ခဲ့သည့်နှစ်အတွင်းပျမ်းမျှလစဉ်အမြတ်ဝင်ငွေ။
  • တနှစ်လျှင်ပျမ်းမျှအမြတ်ဝင်ငွေ။
ကာလတခုအတွက်ပြန်လည်ရရှိသောပျမ်းမျှအမြတ်ဝင်ငွေကိုသိရှိပြီးသောအခါ၊ Coca-Cola တွင်ရင်းနှီးမြှုပ်နှံရန်ပမာဏကိုတွက်ချက်နိုင်ပြီဖြစ်သည်။ကော်မရှင်များနှင့်အခွန်အခများကိုထည့်သွင်းစဉ်းစားပါ။

ကော်ပိုရေးရှင်း၏ရှယ်ယာများကို NYSE XETRA FSE (Frankfurt) AMEX London နှင့် Switzerland အစရှိသည့်အမေရိကန်နှင့်ဥရောပစတော့အိတ်ချိန်းများပေါ်တွင်အရောင်းအဝယ်ပြုလုပ်ပါသည်။ထို့အတူ၊ကုမ္ပဏီ၏ရှယ်ယာများကိုတိုက်ရိုက်အရောင်းအဝယ်ပြုလုပ်သော (over-the-counter) ပလပ်ဖောင်းများပေါ်တွင်လည်းဝယ်ယူနိုင်ပါသည်။

ကာလရှည်ရင်းနှီးမြှုပ်နှံမှုအစုတခု၏ဆုံးရှုံးနိုင်ခြေများကိုခွဲဝေဖြန့်ကျက်ရန်အတွက်။ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဆုတ်ယုတ်ကျဆင်းသောနှစ်များမှအပ၊ရှည်လျားသောခွဲခြမ်းစိတ်ဖြာမှုအချိန်အပိုင်းအခြားများတွင်၊တော့များသည်တည်ငြိမ်သောတိုးတက်နှုန်းကိုပြသပါသည်။၂၀၁၀မှ၂၀၂၀ခုနှစ်အတွင်း၊ရှယ်ယာများ၏အမြတ်အစွန်းသည်၁၀၁.၃၄% ခန့်ရှိခဲ့ပါသည်။

၂၀၁၇ခုနှစ်ဇူလိုင်လတွင်၊ရှယ်ယာခုသည် 45 USD တန်ကြေးရှိပါသည်။နောက်ထပ်နှစ်တာအတွင်း၊၂၀၂၀ခုနှစ်တွင် 59.95 USD နှင့်၂၀၂၂ခုနှစ်မေလတွင် 65.72 USD ဖြင့်ကုမ္ပဏီသည်အမြင့်ဆုံးဈေးနှုန်းများကိုနှစ်ကြိမ်တိုင်စံချိန်တင်ခဲ့ပါသည်။နှုန်းထားများသည်တခါတရံတွင်၎င်းတို့၏အမြင့်ဆုံးတန်ဖိုးများနှင့်အဝေးတွင်ရွေ့လျားကြပါသည်။သို့သော်ကာလရှည်တွင်၊၎င်းတို့သည်နှေးကွေးသော်လည်းသေချာပေါက်တိုးတက်လာပါသည်။

နည်းဗျူဟာရွေးချယ်မှုများ -

  1. ကာလတိုတနေ့အတွင်းဗျူဟာများ - သေးငယ်သောတနေ့တာလမ်းကြောင်းများ၏ရွေ့လျားသောအခိုက်အတန့်များတွင်ဝယ်ယူခြင်း/ရောင်းချခြင်း၊ swing trading (အတက်လမ်းကြောင်းတခု၏အောက်ခြေသို့မဟုတ်ယာယီအပြောင်းအလဲတခုတွင်ကုန်သွယ်မှုဖွင့်ခြင်း)ဘဏ္ဍာရေးစာရင်းရှင်းတမ်းများထုတ်ပြန်ခြင်းအပါအဝင်အခြေခံပိုင်းဆိုင်ရာလေ့လာဆန်းစစ်ချက်များအပေါ်အရောင်းအဝယ်ပြုလုပ်ခြင်း။
  2. ကာလရှည်ဗျူဟာများ - ခိုင်မာသောအတက်လမ်းကြောင်းသို့မဟုတ်အကျလမ်းကြောင်းတခု၏အစတွင်ရင်းနှီးမြှုပ်နှံခြင်း။၎င်း၏အဆုံးတွင်ရောင်းချခြင်း။အခြေခံပိုင်းနှင့် wave ခွဲခြမ်းစိတ်ဖြာမှုကိုအသုံးပြု၍ဈေးကွက်ကိုလေ့လာသုံးသပ်ပါသည်။

၂၀၁၂ခုနှစ်တွင်ရှယ်ယာခွဲခြမ်းမှုပြုလုပ်ခဲ့ပြီးနောက်၊ Coca-Cola ထုတ်ရောင်းထားသောရှယ်ယာအရေအတွက်မှာ 4,335,028,727 ဖြစ်ခဲ့ပါသည်။

နောက်ဆုံးလုပ်ဆောင်ခဲ့သောစတော့ခွဲခြမ်းမှုမှာ၂၀၁၂ခုနှစ်တွင်ဖြစ်သည်။လက်ရှိရှယ်ယာများ၏တန်ဖိုးကိုချင့်ချိန်တွက်ဆကြည့်သောအခါ၊ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူအားလုံးနီးပါးအတွက်လက်လှမ်းမီသည်ကိုတွေ့ရှိရသောကြောင့်၊နောက်လာမည့်နှစ်အနည်းငယ်အတွင်းရှယ်ယာခွဲခြမ်းမှုတခုကိုမျှော်လင့်၍မရနိုင်ပါ။

Coca-Cola အပါအဝင်မည်သည့်ကုမ္ပဏီ၏ရှယ်ယာတန်ဖိုးအတွက်မဆိုသတ်မှတ်ထားသောအမြင့်ဆုံးအဆင့်ဟူ၍မရှိပါ။ရှယ်ယာများ၏တန်ဖိုးသည်ထုတ်ကုန်များ၏ဝယ်လိုအားတိုးတက်မှု၊ထိုမှတဆင့်ကုမ္ပဏီဝင်ငွေတိုးတက်မှုများနှင့်အတူလိုက်ပါမြင့်တက်ပါသည်။ GDP တိုးတက်မှု၊အလုပ်လက်မဲ့ဦးရေလျော့ကျမှုအစရှိသဖြင့်စီးပွားရေးဆိုင်ရာညွှန်ပြချက်ကိန်းဂဏန်းများတိုးတက်ကောင်းမွန်လာသည်နှင့်အမျှဝယ်လိုအားများတိုးပွားလာပါသည်။ထို့အတူ၊မည်သည့်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမဆိုသည်ငွေကြေးဖောင်းပွမှုအပေါ်အခြေခံပါသည်။ထို့ကြောင့်ရေရှည်ကာလတွင်၎င်းသည်ပိုင်ဆိုင်မှု၏တန်ဖိုးအပေါ်ရောင်ပြန်ဟပ်လိမ့်မည်ဖြစ်သည်။

တည်ရှိလာခဲ့သောနှစ်ပေါင်း၁၀၀ကျော်အတွင်း၊ရှယ်ယာခွဲခြမ်းမှု၁၀ကြိမ်ထက်မကရှိခဲ့ဖူးပါသည်။နောက်ဆုံးလုပ်ဆောင်ခဲ့သောရှယ်ယာခွဲခြမ်းမှုမှာ၂၀၁၂ခုနှစ်တွင်ဖြစ်ပါသည်။

ဈေးကွက်အတွင်းအခြေခံပိုင်းဆိုင်ရာအကြောင်းအရာများမှအတည်ပြုထားပြီးဖြစ်သောကာလရှည်ကျဆင်းမှုတခုအထင်အရှားရှိနေသောအချိန်တွင်စတော့များကိုရောင်းချခြင်းသည်အဓိပ္ပါယ်ရှိပါသည်။ဥပမာအားဖြင့်၊အမေရိကန်ပြည်ထောင်စုအတွင်းဖြစ်ပွားခဲ့သောအိမ်ယာချေးငွေအကြပ်အတည်း၊ကပ်ရောဂါကာလ၊ပထဝီနိုင်ငံရေးပဋိပက္ခများ - ဝယ်ယူစားသုံးမှုအတိုင်းအတာကိုလျော့ကျစေသောမည်သည့်အရင်းခံစီးပွားရေးအကြောင်းအရာမဆို။ဤနည်းဗျူဟာကို “swing trading” ဟုခေါ်ဆိုပါသည် - ယာယီကျဆင်းမှုများ၏အဆုံးတွင်ဝယ်ယူ၍အထက်သို့ပြန်လှည့်သောအခိုက်အတန့်တွင်ရောင်းချခြင်း။

လက်တွေ့ဈေးကွက်အချိန်ရှိ KO ၏စျေးနှုန်းဇယား

Coca-Cola (KO) စတော့များနှင့် ရှယ်ယာများကို မည်ကဲ့သို့ ဝယ်ယူရမည်နည်း။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat