အောင်မြင်သော ရင်းနှီးမြှုပ်နှံသူတယောက်ဖြစ်လာစေရန် အဆင့်မြင့်ဘဏ္ဍာရေးဆိုင်ရာအသိပညာ အခြေခံများနှင့် ခွဲခြမ်းစိတ်ဖြာမှု နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတများ အပြည့်အဝ ရှိထားရန်လိုအပ်ပါသည်။ ထို့ကြောင့် blue-chips စတော့များမည်ကဲ့သို့ အလုပ်လုပ်သည်ကို နားလည်သဘောပေါက်ခြင်းသည် ချမ်းသာ​ကြွယ်ဝသော ရင်းနှီးမြှုပ်နှံသူတဦးအဖြစ် ဘဏ္ဍာရေးကဏ္ဍတွင် ထိပ်တန်းမှရပ်တည်နိုင်ရန် မရှိမဖြစ် လိုအပ်သော အရည်အချင်းတခုပင်ဖြစ်သည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


ဤဆောင်းပါးတွင် blue-chip စတော့များနှင့်ပတ်သတ်သော သတင်းအချက်အလက်အလုံးစုံနှင့်တကွ blue-chip စတော့များ အစဉ်အမြဲရေပန်းစားနေရသော အကြောင်းရင်းများကို ဖော်ပြပေးထားပါသည်။

Blue-Chip Stocks ဆိုတာဘာလဲ။

LiteFinance: Blue-Chip Stocks ဆိုတာဘာလဲ။

Blue-chip စတော့များသည် နှစ်ပေါင်းများစွာတိုင် ဂုဏ်သတင်းကျဆင်းခြင်းမရှိပဲ နာမည်ကောင်းဖြင့် ဝင့်ကြွားစွာ ရပ်တည်လျက်ရှိကြသော ကုမ္ပဏီကြီးများ၏ အရည်အသွေးမြင့် စတော့ရှယ်ယာများဖြစ်ကြသည်။ ထိုကဲ့သို့သော စီးပွားရေးလုပ်ငန်းစုများ၏ ထင်ရှားသောအင်္ဂါရပ်များမှာ တည်​ငြိမ်သောဘဏ္ဍာရေး၊ စနစ်ကျသော ဖွဲ့စည်းပုံ၊ အစဉ်တစိုက်မှန်ကန်ကောင်းမွန်သော ဝင်ငွေအစီရင်ခံစာများနှင့် စဉ်ဆက်မပြတ် တိုးတက်ခဲ့သည့် ခိုင်မာသောသမိုင်းကြောင်းများ ဖြစ်ကြသည်။ Blue-chip စတော့များ၏ ဆန့်ကျင်ဘက်မှာ penny stocks များဖြစ်သည်။

LiteFinance: Blue-Chip Stocks ဆိုတာဘာလဲ။

Blue chip စတော့များသည် များသောအားဖြင့် စျေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး  ဒေါ်လာဘီလီယံပေါင်း များစွာရှိပြီး ဧရာမငွေကြေးစီးဆင်းမှုများကို ခန့်ခွဲရလေ့ရှိသောကြောင့် သက်ဆိုင်ရာ စီးပွားရေးနယ်ပယ်များ၏ ထိပ်ဆုံးနေရာများတွင် ရပ်တည်နေကြသည်။ အပြာရောင်ကို တန်ဖိုးအကြီးဆုံး ချစ်ပ်ပြားများအဖြစ် သုံးလေ့ရှိ ကြသောကြောင့် "blue chip" ဆိုသောအမည်မှာ ပိုကာကစားနည်းမှ ဆင်းသက်လာသည်ဟု အများစုမှ ယုံကြည်ထားကြသည်။

  • အမြတ်ခွဲတမ်းပေးချေမှုမှာ blue-chip စတော့အတွက် အဓိကမကျပေ။ မည်သို့ပင်ဖြစ်စေ အထက်တန်းစား blue chip ကုမ္ပဏီအများစုသည် ၎င်းတို့၏ blue chip စတော့များတွင် ရင်းနှီးမြှုပ်နှံကြသူများအား စိတ်ကျေနပ်စေရေးအလို့ငှာ ပုံသေ သို့မဟုတ် ပုံမှန်တိုးတက်လျှက်ရှိသည့် နှစ်ပတ်လည် အမြတ်ခွဲတမ်းများကို ပုံမှန်ဖြည့်တင်းပေးလေ့ရှိကြကြောင်း အစဉ်အဆက် တွေ့ရှိရသည်။  ​အဘယ်ကြောင့်ဆိုသော် မြင့်မားသောအမြတ်ခွဲတမ်းသည် ကုမ္ပဏီ၏ ငွေအရင်းအနှီး ကို ပိုမိုခိုင်မာစေနိုင်သော နည်းလမ်းတခုဖြစ်ခြင်းကြောင့်ပင်ဖြစ်သည်။  
  • Blue-chip စတော့တခု၏ ပိုင်ရှင်မှာ လူအများသိကြသော ထင်ရှားသည့် အမည်များအနက်မှ တခုဖြစ်လေ့ရှိသည်။ 
  • Blue Chip စာရင်းဝင်ရန် ရင်းနှီးငွေအဆင့် သတ်မှတ်ချက်အတွက် မည်မျှကြီးမား၍ အခြေခံကောင်းမွန်သော ကုမ္ပဏီဖြစ်ရန်လိုအပ်သလဲ ဟူသော အချက်မှာ အငြင်းပွားစရာ မေးခွန်းတခုပင်ဖြစ်သည်။ စျေးကွက်အရင်းအနှီးမတည်ငွေ ဒေါ်လာငါးဘီလီယံသည် လက်ခံနိုင်သော စံနှုန်းတခုဖြစ်သည်ဟု ဘဏ္ဍာရေးကျွမ်းကျင်သူ အများစုက သဘောတူကြသည်။
  • လူအများ အလွန်စိတ်ပါဝင်စားသော blue chip စတော့တခုသည် ပုံမှန်အားဖြင့် Dow Jones Industrial Average၊ US ရှိ NASDAQ-100၊ UK ရှိ FTSE index၊ ကနေဒါရှိ TSX-TSX60 အစရှိသဖြင့် ကာလတခုတိုင်စမ်းသပ်ထားပြီး၍ ယုံကြည်စိတ်ချနိုင်သော စျေးကွက်အညွှန်းကိန်းများ ၏ ထောက်တိုင်များဖြစ်သည်။

ရေရှည်ခိုင်မာခြင်းနှင့် နှစ်စဉ်အမြတ်ခွဲတမ်းပေးချေမှု စသည်တို့မှာ blue chip စတော့များကို ရင်းနှီးမြှုပ်နှံသူများအကြား အထူးရေပန်းစားစေသောအချက်များဖြစ်သလို ရင်းနှီးမြှုပ်နှံသူအသစ်များအား blue chip ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံရန်  ဆွဲဆောင်လျက်ရှိကြသော အချက်များလည်းဖြစ်ကြသည်။ ကာလတိုကုန်သွယ်သူများအကြားတွင်မူ blue chip စတော့များ၏ ရေပန်းစားမှုမှာ သာမာန်လောက်သာ ဖြစ်သည်။ Boeing Co နှင့် Gamble ကုမ္ပဏီတို့မှာ blue chip စာရင်းဝင် ရင်းနှီးငွေသတ်မှတ်ချက်အတွက် ထင်ရှားသော နမူနာများဖြစ်ကြသည်။

Blue-chip stocks: အားသာချက်များ နှင့် အားနည်းချက်များ

အားသာချက်အားနည်းချက်
စီးပွားရေးအကျပ်အတည်းကာလများတွင် တည်ငြိမ်မှု မြင့်မားခြင်း။စျေးကွက်အတွင်းအလှုပ်အခတ်နည်းခြင်း (စျေးနှုန်းတိုးတက်မှု နှေးကွေးခြင်း)
ကုမ္ပဏီများ၏ စျေးကွက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကြီးမားခြင်း။ကာလရှည်ကုန်သွယ်ရေးနည်းဗျူဟာများ       အတွက်သာ သင့်လျော်ခြင်း
ဘဏ္ဍာရေးရှုထောင့်အရ တည်ငြိမ်သော စျေးနှုန်း တိုးတက်မှုနှင့် ပုံသေအမြတ်အစွန်းရှိခြင်း။ 
စျေးနှုန်းခန့်မှန်းခြင်းမှ အမြတ်အစွန်းရနိုင်ခြင်း။ 
ကုမ္ပဏီများမှ ရှယ်ယာရှင်များအား အမြတ်ဝေစုခွဲ ပေးခြင်း။ 
စတော့စျေးနှုန်းကျဆင်းမှု အန္တရာယ်နည်းပါးခြင်း။ 

Blue-Chip Stocks ကို မည်သည့်အရာက တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်စေသလဲ။

Blue-chip စတော့များသည် ဆိုးရွားသော စျေးကွက်စိန်ခေါ်မှုများကိုပင် တည်ငြိမ်စွာဖြတ်ကျော်နိုင်သည်ဟု စွန့်စားမှုကို မနှစ်သက်သော ရင်းနှီးမြှပ်နှံသူများအကြား ကျယ်ကျယ်ပြန့်ပြန့်ယုံကြည်ထားကြသည်။ ၎င်းအယူအဆမှာ တစိတ်တပိုင်းမှန်ကန်ပါသည်။ သို့သော် စတော့စျေးကွက်၏ အတက်အကျများကို ၁၀၀% အာမခံနိုင်သောအရာမရှိပါ။ ဤကြီးမားသော စတော့စျေးကွက်တခုလုံး၏ အဓိကအင်္ဂါရပ်မှာ အစိုးမရခြင်းပင် ဖြစ်သည်ကို စတော့စျေးကွက်တွင် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သော Black Monday နှင့် Black Thursday ဖြစ်ရပ်များက ညွှန်ပြနေပါသည်။ Blue chip စတော့များမှာ ထိုသို့သောဖြစ်ရပ်များအတွင်း ဆုံးရှုံးမှုအနည်းဆုံးသော ရှယ်ယာများဖြစ်သည်။ 

Blue-chip စတော့များသည် ၎င်းတို့၏ တည်ငြိမ်မှုကို ဆယ်စုနှစ်များစွာတိုင်အောင် သက်သေပြခဲ့ပြီး ဖြစ်သော်လည်း စတော့အမျိုးအစားတခုထက်ပိုကာ ခွဲခြမ်းရင်းနှီးမှုပြုလုပ်ရန် အရေးကြီးပါသည်။ ကျောက်သားတမျှခိုင်မာပါသည်ဟု သင်ယူဆသော အကြီးမားဆုံးကုမ္ပဏီများဖြစ်နေပါစေ၊ ၎င်းတို့၏ သီးခြားရှယ်ယာများတွင်သာ သီးသန့်ရင်းနှီးမြှုပ်နှံထားခြင်းမျိုး  မပြုလုပ်သင့်ပါ။

စတော့ရှယ်ယာအတန်းအစား အမျိုးမျိုးတွင် သင်၏ငွေကြေးများကို ဖြန့်ကျက်၍ အမျိုးအစားခွဲခြား ရင်းနှီးမြှုပ်နှံခြင်းမှာ လိုက်နာသင့်သော ကုန်သွယ်​ရေးနည်းလမ်းတခု ဖြစ်ပါသည်။ ဆန့်ကျင်ဘက် နယ်ပယ်များနှင့် မတူညီသောတည်နေရာများမှ ကုမ္ပဏီအသီးသီးကိုရွေးချယ်ပါ။သင်၏ စတော့ရှယ်ယာ စုစည်းမှုတွင် ရင်းနှီးမြှုပ်နှံမှုမတည်ငွေအမျိုးအစား (အကြီးစား၊ အလတ်စား၊ အငယ်စား)အလိုက် မတူညီသော စတော့မျိုးစုံပါဝင်ပါစေ။ 

Blue-chip စတော့အချို့တွင် ရင်းနှီးမြှုပ်နှံခြင်းသည် စျေးကွက်အတွင်းကုန်သွယ်စွမ်းအားကျဆင်းမှုများကို ခံနိုင်ရည်ရှိသည်ဟု ယုံကြည်စိတ်ချနိုင်သောကြောင့် blue-chip စတော့   အချို့တွင် ရင်းနှီးမြှုပ်နှံခြင်းသည် အကျိုးရှိသော ရွေးချယ်မှုတရပ်ဖြစ်သည်မှာ အငြင်းပွားဖွယ်ရာမရှိပါ။

Blue-Chip Stocks မှာ ဘယ်လိုစတင်ရင်းနှီးမြှုပ်နှံမလဲ။

LiteFinance: Blue-Chip Stocks မှာ ဘယ်လိုစတင်ရင်းနှီးမြှုပ်နှံမလဲ။

သင်၏ရင်းနှီးမြှုပ်နှံမှုအစုအဝေးတွင် blue-chip စတော့များကို ရိုးရှင်းစွာ ပေါင်းထည့်လိုက်ယုံသာဖြစ်သည်။ ဤလုပ်ငန်းစဉ်အစအဆုံးကို အကျိုးဆောင်တစ်ခု၏ အကူအညီဖြင့် လုပ်ဆောင်နိုင်ပါသည်။ အောက်ပါ နည်းလမ်းများဖြင့်လည်း ရင်းနှီးမြှုပ်နှံမှုကို အကျိုးရှိစွာ စတင်နိုင်ပါသည်။

  • ကုမ္ပဏီ၏ တသမတ်တည်း စွမ်းဆောင်ရည်ကို အကဲဖြတ်ရန် ၎င်းကုမ္ပဏီမှထုတ်ပြန်သော နောက်ဆုံးနှစ်ပတ်လည်နှင့် သုံးလပတ်အစီရင်ခံစာများကို လေ့လာသုံးသပ်ပါ။ ကုမ္ပဏီ၏ စီမံခန့်ခွဲမှုအပိုင်းရှိ အပြောင်းအလဲအားလုံးနှင့် သင်ကိုယ်တိုင် ရင်းနှီးကျွမ်းဝင်နေရန်လည်း မဖြစ်မနေလိုအပ်ပါသည်။ 
  • အမြတ်ဝေစုပေးချေမှုနှင့် ဝင်ငွေစီးဆင်းမှုဆိုင်ရာ စာရင်းဇယားများကို အတိကျဆုံး သိရှိနိုင်ရန် ကုမ္ပဏီ၏ လွန်ခဲ့သောဆယ်နှစ်တာအတွင်း blue chip စတော့ စွမ်းဆောင်ရည်ကို စေ့စပ်စွာ လေ့လာသုံးသပ်ပါ။ ကုမ္ပဏီတခု၏ ကာလရှည်တလျှောက် လုပ်ဆောင်ချက်များကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်းဖြင့် စီးပွားရေးတိုးတက်မှုနှင့် ဆုတ်ယုတ်မှုအလှည့်အပြောင်းများတွင် ၎င်းကုမ္ပဏီ၏ စွမ်းဆောင်မှုအရည်အသွေးကို အကြမ်းဖျင်း သိမြင်နိုင်ပါသည်။ 
  • စျေးကွက်အရင်းအနှီး အင်အား ကြီးမားသော ထိပ်တန်းစတော့ရှယ်ယာအများစုကို ခွဲခြမ်းစိတ်ဖြာပါ။ ၎င်းတို့အနက်မှ သင်၏လေ့လာသုံးသပ်မှုရလာဒ်နှင့် ဦးစား​ပေးဆန္ဒအရ မည်သည့်စတော့တွင် ရင်းနှီးမြှုပ်နှံမည်ကို ရွေးချယ်ပါ။ ကမ္ဘာ့သြဇာအရှိဆုံး အကျိုးဆောင်ကုမ္ပဏီများမှ စတော့ရှယ်ယာ များကို အမျိုးအစားခွဲခြားခြင်းဖြင့် ​ကြီးမားစွာဆုံးရှုံးနိုင်သော အလားအလာကို လျော့ချနိုင်ကြောင်း အကြံပြုကြသည်ဖြစ်ရာ အမျိုးအစားကွဲပြားသော blue-chip စတော့များတွင် စတင် ရင်းနှီးမြှုပ်နှံခြင်းသည် နည်းလမ်းကောင်းတခုဖြစ်ပါသည်။

အကျိုးဆောင်ကုမ္ပဏီများမှတဆင့် blue chip စတော့များကိုဝယ်ယူ၍ ကုန်သွယ်နိုင်ပါသည်။

ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် အရောင်းအဝယ်စတင်ပါ

မှတ်ပုံတင်ခြင်း

1. စတော့ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်း။

စတော့ရှယ်ယာများကို သီးခြားဝယ်ယူနိုင်သကဲ့သို့၊ mutual funds သို့မဟုတ် exchange-traded funds (ETFs) တွင် ရင်းနှီးမြှုပ်နှံသောအခါ အမျိုးအစားကွဲများပါဝင်သော ဘုံစတော့ရင်းနှီးငွေအဖြစ်လည်း ဝယ်ယူနိုင်ပါသည်။ သို့သော် အဆိုပါငွေတွင် ရင်းနှီးမြှုပ်နှံခြင်းမှာ ငွေပမာဏအတိုင်းအတာတခုဖြင့် လည်ပတ်ရန်လိုအပ်သောကြောင့် လူတိုင်းအတွက်သင့်တော်သော ရွေးချယ်စရာတခုမဟုတ်ပေ။ အကယ်၍ အကျိုးဆောင်ကုမ္ပဏီမှတဆင့် စတော့များကို ဝယ်ယူရန် ဆုံးဖြတ်ထားပါက ရွေးချယ်စရာ နည်းလမ်းများစွာရှိပါသည်။ လူကြီးမင်း၏ လိုအပ်ချက်အပေါ်မူတည်၍ full-service broker ၊ online broker နှင့် discount broker စသည့် အမျိုးအစားများကို ရွေးချယ်နိုင်ပါသည်။

2. စတော့ရှယ်ယာများကို ကုန်သွယ်ခြင်း။

စတော့ရှယ်ယာများကို ကုန်သွယ်နိုင်သော နည်းလမ်းတခုလည်းရှိနေပါသည်။ ဤနည်းလမ်းတွင် သင်သည် စတော့များကို ပိုင်ဆိုင်မည်မဟုတ်ပါ၊ သို့သော်လည်း FX စျေးကွက် မှ စျေးနှုန်းများကို ခန့်မှန်းခြင်းအားဖြင့် စျေးနှုန်းအတက်အကျများအပေါ်တွင် ကုန်သွယ်နိုင်မည်ဖြစ်သည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုအမျိုးအစားကို stock CFDs ဟု လူအများသိရှိထားကြပြီး ဤ ကုန်သွယ်ရေးစာချုပ်များမှာ ရှုပ်ထွေးသလို အန္တရာယ်လည်း များလှသည်။ CFDs ကုန်သွယ်ရေး ကို စတော့ရှယ်ယာများဖြင့်လည်းကောင်း blue-chip စတော့များကို အခြေခံ၍ဖွဲ့စည်းထားသော အညွှန်းကိန်းများဖြင့်လည်းကောင်း စတင်၍လုပ်ဆောင်နိုင်သည်။

LiteFinance သည် CFDs ​ဖြင့်ကုန်သွယ်ခြင်းအပါအဝင် မိမိတို့နှစ်သက်ရာ ရင်းနှီးမြှုပ်နှံမှုနည်းလမ်း၏ ပန်းတိုင်များနှင့်ချိန်ထိုး၍ blue-chip စတော့များ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ခြင်းမှစတင်ကာ မိမိကိုယ်ပိုင်သု​သေသနများကို သေချာစွာလုပ်ဆောင်နိုင်ရန် အကြံပေးခြင်းများအထိ အကျိုးတော်ဆောင် ဝန်ဆောင်မှုအမျိုးမျိုးကို ဆောင်ရွက်ပေးသော ကုမ္ပဏီဖြစ်ပါသည်။ LiteFinance သည် လူကြီးမင်း၏ အကောင့်မှတ်ပုံတင်ခြင်းနှင့် ပထမဆုံးအကြိမ် ငွေပေးသွင်းခြင်း လုပ်ငန်းစဉ်များကို လုပ်ဆောင်ရန် ကူညီလမ်းညွှန်ပေးမည်ဖြစ်ပြီး၊ ထို့နောက်တွင် လူကြီးမင်းသည် blue-chips များအပါအဝင် မည်သည့် စတော့အမျိုးအစားကိုမဆို ဝယ်ယူနိုင်ပြီဖြစ်သည်။ 

စတော့ရှယ်ယာများကို ကုန်သွယ်ခြင်းသည် စတော့များတွင်ရင်းနှီးမြှုပ်နှံခြင်းထက် ပို၍မြင့်မားသော အမြတ်အစွန်းကို ဆောင်ကြဉ်းပေးနိုင်ပါသည်။ ပုံမှန်မရှိသော အမြတ်ဝေစုခွဲတမ်းပေးအပ်ခြင်းမှာ သမာရိုးကျ ရင်းနှီးမြှုပ်နှံသူများအတွက် ဝင်ငွေမတည်မငြိမ်စေသည့် အလားအလာဖြစ်စေတတ်သည်။

များပြားသော အမြတ်ခွဲတမ်းများ နှင့် Blue-Chip Stocks

Blue-chip စတော့အများစုမှာ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံသူများအား ပုံသေအမြတ်ခွဲတမ်းများကို အတိမ်းအစောင်းမရှိ ​ဖြည့်တင်းပေးလေ့ရှိသောကြောင့် ရင်းနှီးမြှုပ်နှံသူတိုင်း၏ ရှယ်ယာအစုအဝေးကို တန်ဖိုးမြင့်တက်စေပါသည်။ Vodafone သို့မဟုတ် Shell စသည့်ကုမ္ပဏီများ၏ အမြတ်အစွန်းနှင့် အမြတ်ဝေစု ရရှိနှုန်းများမှာ တခါတရံတွင် သမိုင်းကြောင်းတလျှောက် အမြင့်ဆုံးတန်ဖိုးသို့ပင် ရောက်ရှိလုနီးပါးဖြစ်သည်။ မြင့်မားသော ​အမြတ်ဝေစု ရရှိနှုန်းများမှာ ရာခိုင်နှုန်းများကွဲပြားနိုင်သည်။ သို့သော် ၎င်းတို့အနက်မှ အချို့ကုမ္ပဏီများမှာ တန်ဖိုးအားဖြင့် ၁၅% အပြည့်အဝနီးပါးအထိ ပေးစွမ်းနိုင်ကြပါသည်။ 

ရင်းနှီးမြှုပ်နှံသူများမှ blue-chip စတော့များ၏ လက်ရှိအမြတ်ခွဲတမ်းအခြေအနေအပေါ် မူတည်၍ ၎င်းတို့၏ အနာဂါတ်တန်ဖိုးကို ခန့်မှန်းလေ့ရှိကြသည်။ အကယ်၍ ကုမ္ပဏီများသည် မြင့်မားသော အမြတ်ဝေစုကို အမှန်ပင်ပေးချေခဲ့ပါလျှင် ၎င်းတို့၏ စတော့ရှယ်ယာစျေးနှုန်းများသည် နောင်နှစ်အနည်းငယ်အတွင်း သိသိသာသာ တိုးတက်မည်ဟု အဓိပ္ပါယ်ကောက်ယူနိုင်သည်။ 

Blue-chip စတော့များ၏ ရေရှည်တည်မြဲသော ဘဏ္ဍာရေးတည်ငြိမ်မှုနှင့် မြင့်မားသော အမြတ်ခွဲတမ်း အချိုးများသည် ရင်းနှီးမြှုပ်နှံသူများစွာတို့အတွက် မက်မောစရာပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရွေးချယ်မှုတခုကိုမပြုမှီတွင် အခြေခံအချက်များအပေါ် သုံးသပ်လေ့လာခြင်းမှာ ကောင်းမွန်သော ဆုံးဖြတ်ချက်ပင်ဖြစ်သည်။  မိမိရွေးချယ်လိုသော စတော့၏ ဘဏ္ဍာရေးမှာ အကောင်းဘက်သို့ သာ ဦးတည်နေကြောင်း သေချာပါစေ။

ကမ္ဘာ့အကျော်ကြားဆုံး Blue-Chip Stocks များ

LiteFinance: ကမ္ဘာ့အကျော်ကြားဆုံး Blue-Chip Stocks များ

အထက်တွင်ဆိုခဲ့သည့်အတိုင်း blue-chip စတော့တခုမှာ များသောအားဖြင့် ကျော်ကြားသောအမည်တခု ဖြစ်လေ့ရှိသည်။ ရင်းနှီးမြှုပ်နှံခြင်းနှင့် ကုန်သွယ်ရေးနယ်ပယ်များနှင့် အလှမ်းဝေးသူတို့ပင်လျှင် blue-chip ကုမ္ပဏီများ၏ အမည်များကို ရင်းနှီးပြီးဖြစ်လေ့ရှိသည်။ Blue-chip ကုမ္ပဏီများသည် ကမ္ဘာတဝှမ်းလုံး အမြဲတမ်းလိုအပ်လျက်ရှိသော သို့မဟုတ် တခဲနက်သဘောကျနှစ်ခြိုက်ကြသော ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို ထုတ်လုပ်၊ ဖြန့်ဝေကြသည်ဖြစ်ရာ ကမ္ဘာအနှံ့ ၎င်းတို့၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို သုံးစွဲသူဦးရေမှာ သန်းပေါင်းများစွာရှိလေသည်။  စျေးကွက်အတွင်းမှ အကောင်းဆုံး blue-chip စတော့ကုမ္ပဏီများကို နမူနာအဖြစ် အောက်တွင် ဖော်ပြပေးသွားပါမည်။

Amazon (AMZN)

  • ၂၀၂၁ ခုနှစ် စျေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ၁.၀၇ ထရီလီယံဒေါ်လာ
  • လက်ရှိစျေးနှုန်း - $251.52

အွန်လိုင်း စာအုပ်အရောင်းဆိုင်အဖြစ် ၁၉၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ Amazon သည် နိုင်ငံတကာနည်းပညာကုမ္ပဏီတခုအဖြစ် ပြောင်းလဲခဲ့ပြီး ယခုအခါတွင် နယ်ပယ်တူ အင်အားကြီး ကုမ္ပဏီ များဖြစ်သော Google၊ Apple၊ Microsoft၊ Facebook တို့နှင့်အတူ Big Five အဖွဲ့ဝင်ကုမ္ပဏီတခု ဖြစ်လာခဲ့သည်။ ယနေ့အချိန်တွင် Amazon သည် အွန်လိုင်းမှရောင်းဝယ်ခြင်းကိုသာမက Cloud Computing ဝန်ဆောင်မှုနှင့် AI နည်းပညာများကိုပါ အာရုံစိုက်လာခဲ့သည်။ ၎င်းသည် စားသောက်ကုန်မှစ၍ အမျိုးမျိုးသော မှာယူမှုများကို ဖြည့်ဆည်းပေးနိုင်သော စွယ်စုံရ အွန်လိုင်းစတိုးတခုဖြစ်သည်။

 

Apple (AAPL)

  • ၂၀၂၁ ခုနှစ် စျေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ၁.၂၇ ထရီလီယံဒေါ်လာ 
  • လက်ရှိစျေးနှုန်း - $333.67

၂၀၂၁ ခုနှစ်တွင် Apple သည် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီနေရာကို ရယူနိုင်ခဲ့သည်။ Apple ကုမ္ပဏီကို ၁၉၇၆ တွင် စတင်တည်ထောင်ခဲ့ပြီး ၎င်း၏ ပထမဆုံးထုတ်ကုန်မှာ Apple I ကွန်ပျူတာဖြစ်သည်။ ထိုအချိန်မှစ၍ Apple သည် ထိပ်တန်းစက်ပစ္စည်းများ၊ ဆော့ဖ်ဝဲလ်များနှင့် Cloud ဝန်ဆောင်မှုများကို ထုတ်လုပ်ဖြန့်ဖြူးခဲ့သည်။ ကမ္ဘာနှင့်အဝှမ်း သုံးစွဲသူများ၏ တခဲနက်ဝယ်ယူအားပေးခြင်းကိုခံရသော ရေပန်းအစားဆုံး Apple ထုတ်ကုန်မှာ iPhone ဖြစ်သည်။

Facebook (FB)

  • ၂၀၂၁ ခုနှစ် စျေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ၅၂၈ဘီလီယံဒေါ်လာ
  • လက်ရှိစျေးနှုန်း - $

Facebook ကို ၂၀၀၄ ခုနှစ်တွင်စတင်ဖန်တီးခဲ့ပြီး blue-chip အဆင့်သို့ မကြာသေးမှီကမှ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဤလူမှုဆက်သွယ်ရေးကွန်ယက်ကို ဟားဗတ်တက္ကသိုလ်ကျောင်းသားများမှ  ၎င်းတို့အချင်းချင်း အွန်လိုင်းမှစာတိုပေးပို့ရန် ရည်ရွယ်၍ စတင်ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ ၁၇နှစ်ကြာပြီး ကာလတွင် ၎င်းသည် သုံးစွဲသူဦးရေ ၂.၅ ဘီလီယံအတွက် ပင်မဆက်သွယ်ရေးနည်းလမ်းအဖြစ် ဝန်ဆောင်မှု ပေးလျက်ရှိသော  ကြီးမားသည့်လူမှုဆက်သွယ်ရေးကွန်ယက်ကြီးတခုအ​ဖြစ် အသွင်ပြောင်းကာ ရပ်တည်နိုင်ခဲ့သည်။

Microsoft (MSFT)

  • ၂၀၂၁ ခုနှစ် စျေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ၁.၃ ထရီလီယံဒေါ်လာ
  • လက်ရှိစျေးနှုန်း - $517.36

Microsoft  Corporation အား ငယ်သူငယ်ချင်းနှစ်ဦးမှ ၎င်းတို့၏ ကွန်ပျူတာ ပရိုဂရမ်စွမ်းရည်များကို အသုံးချ၍ ငွေရှာရန် ရည်ရွယ်ချက်ဖြင့် ၁၉၇၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။  ကမ္ဘာ့ ရေပန်းအစားဆုံး လုပ်ငန်းလည်ပတ်မှုစနစ်ဖြစ်သော Garage စီမံချက်ကို တီထွင်ခဲ့အပြီး Miscrosoft သည် အင်အားကြီးကုမ္ပဏီတခုအဖြစ်သို့ ရောက်ရှိခဲ့သည်။ MS office နှင့် Internet Explorer Browser တို့မှာလည်း Miscrosoft၏ လူသိများသော ထုတ်ကုန်များပင်ဖြစ်သည်။ ပြိုင်ဘက်များ အလျှံပယ် ရှိနေသော်လည်း Miscrosoft မှာ ကမ္ဘာ့အကြီးဆုံး ဆော့ဖ်ဝဲလ်ထုတ်လုပ်သူနေရာတွင် ယနေ့ထက်တိုင် ရပ်တည်နေဆဲဖြစ်သည်။

3M (MMM)

  • ၂၀၂၁ ခုနှစ် စျေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ၈၈ ဘီလီယံဒေါ်လာ
  • လက်ရှိစျေးနှုန်း - $161.75

၁၉၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ 3M သည် စက်မှုလုပ်ငန်း၊ လူသုံးကုန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းနယ်ပယ်များတွင် အလားအလာအကောင်းဆုံး ကုမ္ပဏီများမှ တခုအဖြစ်သို့ လျင်မြန်စွာပင် ရောက်ရှိခဲ့သည်။ အဆိုပါကုမ္ပဏီသည်၂၀ ရာစု ဒုတိယအလယ်ပိုင်းကာလတွင် စစ်မှန်သော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းကြီးတခုဖြစ်လာခဲ့ပြီး blue-chip အဆင့်သို့ ရောက်ရှိခဲ့သည်။ 3M သည် လုပ်ငန်းခွင်ကာကွယ်ရေး ပစ္စည်းများ၊ ကော်ပတ်များ၊ ကော်များ၊ ဆေးဝါးများ နှင့် အခြားသော ကုန်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်သော တန်ဖိုးမြင့် ကုမ္ပဏီတခုဖြစ်သည်။

Visa (V)

  • ၂၀၂၁ ခုနစ် စျေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ၄၀၉ ဘီလီယံဒေါ်လာ
  • လက်ရှိစျေးနှုန်း - $360.59

Visa Inc. ကို ကယ်လီဖိုးနီးယားပြည်နယ်၊ ဖရန်ဆိုမြို့တွင် ၁၉၅၈ ခုနှစ်က စတင်တည်ထောင်ခဲ့သည်။ ယနေ့အချိန်တွင် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကုမ္ပဏီများတွင် အပါအဝင်ဖြစ်ပြီး တိုက်ကြီးခြောက်တိုက်လုံးရှိ အီလက်ထရွန်းနစ် ငွေကြေးလွှဲပြောင်းမှုများကို ထိန်းချုပ်ထားသည်။ အဓိကလုပ်ငန်းမှာ ငွေကြေးဝန်ဆောင်မှု ဖြစ်ပြီး debit ကတ်၊ credit ကတ်များ၊ prepaid ကတ်များမှာ ထင်ရှားသော ထုတ်ကုန်များဖြစ်သည်။

Coca-Cola (KO)

  • ၂၀၂၁ ခုနှစ် စျေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ၂၃၇ ဘီလီယံဒေါ်လာ
  • လက်ရှိစျေးနှုန်း - $85.64

၁၉၈၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ ၎င်း၏အမည်ကိုအစွဲပြုထားသည့် သကြားပါဝင်သော အချိုရည်ကို လူကြိုက်များလှသောကြောင့် အဖျော်ယမကာလောက၏ ထိပ်တန်းသို့ လျင်မြန်စွာရောက်ရှိခဲ့သည်။ ကနဦးတွင် ၎င်းအချိုရည်အား အယ်လ်ကိုဟောမပါဝင်သော အရည်တမျိူးအဖြစ် ဆေးဝါးကုသရာတွင် အသုံးပြုရန် ရည်ရွယ်၍ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး၊ ယခုအချိန်တွင် Coca cola သည် ကမ္ဘာ့အသိအမှတ်ပြု ခံရဆုံး ဆော်ဒါအချိုရည်များမှ တခုဖြစ်လာခဲ့သည်။

Johnson & Johnson (JNJ)

  • ၂၀၂၁ ခုနှစ် စျေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ၃၇၄ ဘီလီယံဒေါ်လာ
  • လက်ရှိစျေးနှုန်း - $255.79

J&J သည် ၁၈၈၆ ခုနှစ် နယူးယောက်မြို့တွင် စတင်တည်ထောင်ခဲ့သော ကျယ်ပြန့်သည့် ဆေးဝါးကုမ္ပဏီတခု ဖြစ်သည်။ ယခုအခါတွင် Johnson & Johnson သည် ဆေးဝါးကုသမှုဆိုင်ရာ စက်ပစ္စည်းများ၊ ကာကွယ်ဆေးများအပါအဝင် ဆေးဝါးများနှင့် လူသုံးကုန်များကို တီထွင်ထုတ်လုပ်လျက်ရှိသည်။ ၎င်းသည် ယုံကြည်စိတ်ချရမှု အဆင့်အတန်း သတ်မှတ်ချက်တွင် အမြင့်ဆုံးအမှတ် (credit rating AAA) ကိုရရှိထားသော ရှားပါး U.S ကုမ္ပဏီများအနက်မှ တခုလည်းဖြစ်သည်။

Merck (MRK)

  • ၂၀၂၁ ခုနှစ် စျေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ၁၉၇ ဘီလီယံဒေါ်လာ

Merck သည် နယူးဂျာစီအခြေစိုက်  အမေရိကန်ဆေးဝါးကုမ္ပဏီတခုဖြစ်ပြီး စစ်မှန်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကြီးတခုဖြစ်သည်။ ကြောက်မက်ဖွယ်အကောင်းဆုံး ရောဂါများအတွက် ကာကွယ်ဆေးများအပါအဝင် အခြားဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို လွန်ခဲ့သော နှစ်ပေါင်း ၁၃၀ ခန့်ကပင် စတင်ထုတ်လုပ် ဖြန့်ဝေလာခဲ့သည်။ MRK သည် စျေးနှုန်းတိုးတက်မှုကိုသာ လိုလားသော ရင်းနှီးမြှုပ်နှံသူများ အထူးနှစ်ခြိုက်ကြသည့် blue-chips ဆေးဝါးကုမ္ပဏီအနည်းစုမှ တခုဖြစ်သည်။

Berkshire Hathaway (BRK.B)

  • ၂၀၂၁ ခုနှစ် စျေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ၅၀၅ ဘီလီယံဒေါ်လာ

Berkshire Hathaway မှာ ထုတ်လုပ်ရေးလုပ်ငန်းမဟုတ်ပဲ ရှယ်ယာများကို ဝယ်ယူစုဆောင်းသော ကုမ္ပဏီသာဖြစ်၍ ဤစာရင်းတွင် သီးခြားရပ်တည်နေသော ကုမ္ပဏီတခုဖြစ်သည်။ ၁၈၃၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ဤအမေရိကန်ကုမ္ပဏီအား လက်ရှိအချိန်တွင် သြဇာအကြီးမားဆုံးနှင့် အအောင်မြင်ဆုံး ရင်းနှီးမြှုပ်နှံသူများအနက်မှ တဦးဖြစ်သော Warren Buffet မှ ပိုင်ဆိုင်သည်။ Buffet သည် အလားအလာကောင်းမွန်သော စျေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အကြီးစား၊ အလတ်စား ကုမ္ပဏီများစွာတို့၏ blue-chip စတော့များ (ဥပမာ- Apple နှင့် American Express) ကိုဝယ်ယူ၍ တဦးတည်းပိုင်အဖြစ် ကိုင်ဆောင်ထားသည်။

Blue-Chip Stocks များမှာ အမှန်တကယ်ပင် ယုံကြည် စိတ်ချရပါသလား။

အထက်ဖော်ပြပါ အကြောင်းအရာများကို ခြုံငုံကြည့်ခြင်းအားဖြင့်၊ blue-chip စတော့များသည် စျေးကွက်အလှုပ်အခတ်များအတွက် အတော်အတန် ယုံကြည်စိတ်ချရပြီး လူကြီးမင်းတို့၏ လက်လီ ရင်းနှီးမြှုပ်နှံသူအကောင့်များ အတွက် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုများဖြစ်သည်ကို တွေ့နိုင်ပါသည်။ အရင်းအနှီးအင်အားတောင့်တင်းမှသာ အထက်တန်းစား blue-chip အုပ်စုဝင်ဖြစ်ရန် ထိုက်တန်သည်ဟု သတ်မှတ်ထားကြသည်။  သို့သော်လည်း blue-chip စတော့တခုသည်ပင် ငွေကြေးယုံကြည်စိတ်ချရမှု အဆင့်အတန်းသတ်မှတ်ချက်တွင် B  အဆင့် (BBB-credit rating) ၌သာ ရှိနေနိုင်ပေရာ ထိုအခါမျိုးတွင် ၎င်းတို့၏ တည်ငြိမ်မှုနှင့် ယုံကြည်စိတ်ချရမှုတို့အပေါ် မေးခွန်းထုတ်စရာပင် ဖြစ်သည်။  

သမိုင်းကညွှန်းဆိုသော ဖြစ်ရပ်များရှိခဲ့ပါသည်။ ဥပမာအားဖြင့် စီးပွားရေးအကြီးအကျယ် ဆုတ်ယုတ်ခဲ့သောကာလ (Great Recession) မတိုင်မှီတွင် ရင်းနှီးမြှုပ်နှံသူများမှာ blue-chip စတော့တခု ဖြစ်သော General Motors(NYSE: GM)အား ၎င်းတို့၏ အားအထားရဆုံး စတော့ရှယ်ယာ အဖြစ် မှတ်ယူထားခဲ့ကြသည်။ ၎င်းကုမ္ပဏီမှာ ကောင်းမွန်သော အရင်းအနှီး၊ ကောင်းမွန်သော ဖွဲ့စည်းမှု၊ ကောင်းမွန်သော ဂုဏ်သတင်း စသဖြင့် ကောင်းမွန်သောဟူသည့် စကားလုံးနှင့်တွဲဖက်နိုင်သမျှ အရာအားလုံး ကို ပိုင်ဆိုင်ထားသည်။ သို့ပါသော်လည်း ၂၀၀၈ ခုနှစ်တွင် အဆိုပါကုမ္ပဏီ၏ ဘဏ္ဍာရေး အခြေအနေသည် သိသိသာသာ ဆိုးရွားလာခဲ့ပြီး၊ ၂၀၀၉ ခုနှစ်တွင် ကုမ္ပဏီ၏ GM မှာ ဒေဝါလီခံရန် ဖိအားပေးခံခဲ့ရသည်။ ဤဖြစ်ရပ်ကြောင့် ရင်းနှီးမြှုပ်နှံသူများတွင် ဆုံးရှုံးမှုပမာဏ ကြီးမားခဲ့ကြသည်။

ဆက်လက်၍ မကြာသေးသောကာလမှ blue-chips အဆင့်အတန်းအနက် အမြင့်ဆုံးဖြစ်ခဲ့သော General Electric (NYSE: GE) ၏ ဖြစ်ရပ်ကို လေ့လာကြည့်ပါစို့။ ထိုစက်မှုလုပ်ငန်းစုကြီးမှာ ယနေ့ထက်တိုင် ဒေဝါလီခံရခြင်း မရှိသေးပါ။ သို့သော်လည်း ၎င်း၏ ဘဏ္ဍာရေးအကြပ်အတည်းများကြောင့် ယခင်က အရှိန်အဝါကြီးမားခဲ့သော လုပ်ငန်းကြီး၏ အရိပ်တခုအဖြစ်သာ ဆက်၍ရှိနေခဲ့သည်။ ကြွေးမြီများ ကို ပေးဆပ်ရန်အတွက် ကုမ္ပဏီပိုင် စီးပွားရေးလုပ်ငန်းပေါင်းများစွာကို ရောင်းချခဲ့ရပြီး GEကုမ္ပဏီ၏ စုစုပေါင်းတန်ဖိုးကို များစွာဆုတ်ယုတ်စေခဲ့သည်။ 

ရင်းနှီးမြှုပ်နှံမှု နှင့် ဆုံးရှုံးနိုင်မှုအန္တရာယ်မှာ ဒွန်တွဲနေသောအရာများ ဖြစ်သည်။ Blue-chip စတော့များသည် လည်း အပြည့်အဝဘေးကင်းခြင်းမျိုး မရှိပါ။ မည်သို့ဖြစ်စေ ၎င်းတို့မှာ လက်ရှိစတော့စျေးကွက်တွင် ခင်းကျင်းထားသော ရင်းနှီးမြှုပ်နှံမှု အမျိုးအစားအားလုံးတွင် ယုံကြည်စိတ်ချ၍ အရဆုံးဖြစ်သည်ကိုမူ ငြင်း၍ မရနိုင်ပါ။

ကုန်သွယ်မှုကို အခုပဲ စတင်မည်

Blue-Chip Stocks ဆိုင်ရာ အမေးအဖြေများ

Blue-Chip ဂုဏ်ပုဒ်ကို ရရှိထားသော ကုမ္ပဏီများကို ကမ္ဘာ့အချမ်းသာဆုံးနှင့် အောင်မြင်မှု အမြင့်မားဆုံး စီးပွားရေးလုပ်ငန်းများအဖြစ် ကျယ်ပြန့်စွာ လက်ခံထားကြသည်။ ၎င်းတို့၏ စတော့များအား ရင်းနှီးမြှုပ်နှံသူအများစုက မိမိတို့၏ ကုန်သွယ်မှုအကောင့်များတွင် ထည့်သွင်းလို ကြသည်။ လတ်တလော ထိပ်ဆုံးသို့ရောက်ရှိနေသော blue-chips စတော့ ဆယ်ခုမှာ

  • Apple (NASDAQ: AAPL);
  • Amazon (NASDAQ: AMZN);
  • Facebook (NASDAQ: FB);
  • Johnson & Johnson (NYSE: JNJ);
  • Walt Disney (NYSE: DIS);
  • 3M (NYSE: MMM);
  • Microsoft (NASDAQ: MSFT);
  • Procter & Gamble (NYSE: PG);
  • Boeing (NYSE: BA);
  • Pepsi (NASDAQ: PEP) တို့ဖြစ်ကြသည်။

NYSE နှင့် NASDAQ တို့သည် စတော့စျေးကွက်အတွင်းရှိ blue-chip စတော့ အခင်းအကျင်းတွင် ဦးဆောင်လျက်ရှိသည်။ မည်သို့ပင်ဖြစ်စေ မည်သည့် blue-chip စတော့တွင်မဆို ရင်းနှီးမြှုပ်နှံမှုကို မပြုလုပ်မှီ၊ ခိုင်မာသောနည်းဗျူဟာကို ကြိုတင်ချမှတ်ပါ၊ သင်၏ရင်းနှီးမြှုပ်နှံသူအကောင့်မှ ငွေကြေးများ လျင်မြန်စွာ ဆုံးရှုံးသွားခြင်းကို ရှောင်ရှားရန် ဆုံးရှုံးနိုင်ချေကို စီမံခန့်ခွဲ၍ အစီအစဉ်တကျ လုပ်ဆောင်ပါ။

Blue-chip stocks သည် နှစ်ပေါင်းများစွာတိုင် ဂုဏ်သတင်းကျဆင်းခြင်းမရှိပဲ နာမည်ကောင်းဖြင့် ဝင့်ကြွားစွာ ရပ်တည်လျက်ရှိကြသော ကုမ္ပဏီကြီးများဖြစ်ကြသည်။ ၎င်းတို့၏ ဆန့်ကျင်ဘက်မှာ penny stocks ဖြစ်သည်။ အဆိုပါစီးပွားရေးလုပ်ငန်းစုများ၏ ထင်ရှားသောအင်္ဂါရပ်များမှာ တည်ငြိမ်သောဘဏ္ဍာရေး၊ စနစ်ကျသော ဖွဲ့စည်းပုံ၊ အစဉ်တစိုက်မှန်ကန်ကောင်းမွန်သော ဝင်ငွေအစီရင်ခံစာများနှင့် စဉ်ဆက်မပြတ် တိုးတက်ခဲ့သည့် ခိုင်မာသောသမိုင်းကြောင်းများ ဖြစ်ကြသည်။ များသောအားဖြင့် blue-chip စတော့များ၏ စျေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ဒေါ်လာဘီလီယံပေါင်းများစွာရှိပြီး ဧရာမငွေကြေးစီးဆင်းမှုများကို ခန့်ခွဲရလေ့ရှိသောကြောင့် သက်ဆိုင်ရာစီးပွားရေးနယ်ပယ်များ၏ ထိပ်ဆုံးနေရာများတွင် ရပ်တည်နေကြသည်။ သို့သော်လည်း ကုန်သွယ်မှုအမျိုးအစားအားလုံးသည် ရှုပ်ထွေးသော ငွေရေးကြေးရေးဆိုင်ရာ သဘောတူညီချက်များ နှင့် ဆက်စပ်နေပြီး၊ စွန့်စားရခြင်းများလည်း ပါဝင်သလို ငွေကြေးများကို လျင်မြန်စွာ ဆုံးရှုံးနိုင်သော အန္တရာယ်လည်း ရှိနေသည်။

Blue-chip စတော့တခုသည် ပုံမှန်အားဖြင့် Dow Jones Industrial Average၊ US တွင် NASDAQ-100၊ UK တွင် FTSE index၊ ကနေဒါတွင် TSX-TSX60 အစရှိသဖြင့် ကာလတခုတိုင် စမ်းသပ်ထားပြီးဖြစ်၍ ယုံကြည်စိတ်ချနိုင်သော စျေးကွက်အညွှန်းကိန်းများ၏ ထောက်တိုင် ဖြစ်သည်။ Blue-chip စတော့များအတွက် နမူနာအချို့မှာ Apple၊ Amazon၊ Facebook၊ American Express နှင့် Johnson & Johnson တို့ဖြစ်ကြသည်။

ယခုလက်ရှိကာလတွင် Apple သည် blue-chip စာရင်းဝင်ကုမ္ပဏီအားလုံး၏ ထိပ်တန်းစာရင်းတွင် ရှိပြီး လက်လီရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုကောင်းသော ရွေးချယ်စရာတခုဖြစ်သည်။ အဆိုပါကုမ္ပဏီတွင် အချိန်ပြည့်အမြဲတမ်းဝန်ထမ်းပေါင်း ၇ သောင်းကျော်နှင့် အချိန်ပြည့် ယာယီ ဝန်ထမ်းပေါင်း ၃ ထောင်ကျော်ရှိသည်။ ၂၀၂၁ ခုနှစ်တွင် Apple ၏ စျေးကွက်အရင်းအနှီး တန်ဖိုးမှာ ၁.၂၇ ထရီလီယံဒေါ်လာဖြစ်သည်။

Blue-Chips စတော့ရှယ်ယာများတွင် အကျိုးရှိအောင် ဘယ်လိုရင်းနှီးမြှုပ်နှံမလဲ။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat