ဘဏ္ဍာရေးဆိုင်ရာအသိပညာများကို သင်ယူတတ်မြောက်ခြင်းသည် ငွေကြေးချွေတာရေး နည်းဗျူဟာများ ကို အကောင်အထည်ဖော်ခြင်း သို့မဟုတ် အဆင့်မြင့် ရင်းနှီးမြှုပ်နှံမှု စီမံချက်များကို ချမှတ်ခြင်း အစရှိသော ဘဏ္ဍာရေးဆိုင်ရာ အတွေးအခေါ်များအား အပြည့်အဝနားလည်စေပြီး ယုံကြည်ချက်ရှိစွာဖြင့် ကိုယ်တိုင် လုပ်ဆောင်နိုင်ရန် ကူညီပေးပါသည်။ ထိုသို့တတ်မြောက်စေရန် ငွေကြေးနှင့် ပတ်သတ်သော အခြေခံ ဗဟုသုတများကို ဦးစွာစုဆောင်း၍ အဆင့်မြင့် ဘဏ္ဍာရေးကိရိယာများအား ဆက်လက် သုသေသန ပြုလုပ်သင့်ပါသည်။ ဤဆောင်းပါးတွင် ကျွန်ုပ်တို့အနေဖြင့် derivatives များ၏ ဘဏ္ဍာရေးဆိုင်ရာ သဘောသဘာဝများအား မီးထိုးပြသကဲ့သို့ ရှင်းလင်းဖော်ပြပေးသွားပါမည်။ အတူလိုက်ပါ၍ လေ့လာရန် ပြင်ဆင်ထားနိုင်ပါပြီ။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


Financial Derivatives ဆိုသည်မှာ အဘယ်နည်း။ မည်သို့ အလုပ်လုပ်သနည်း။

Derivatives ဆိုသည်မှာ ကြိုတင်သဘောတူထားသော ပိုင်ဆိုင်မှုအမျိုးအစားတစ်ခုအား ( သို့မဟုတ် ကြိုတင်သဘောတူထားသော derivative တန်ဖိုးအား) ကြိုတင်ဆုံးဖြတ်ထားသော အချိန်တွင် ကြိုတင် သတ်မှတ်ထားသော စျေးနှုန်းဖြင့် လွှဲပြောင်းပေးရန် နှစ်ဦးနှစ်ဖက် သဘောတူညီစွာ ဝန်ခံကတိပြုထားသော စာချုပ်များပင်ဖြစ်သည်။ အခြေခံပိုင်ဆိုင်မှုများမှာ အမျိုးမျိုးဖြစ်နိုင်သည်။ ဘဏ္ဍာရေးပိုင်ဆိုင်မှုများ၊ စျေးကွက်အညွှန်းကိန်းများ( ပိုင်ဆိုင်မှုအစုများ)၊ ရှယ်ယာတခု သို့မဟုတ် အတိုးနှုန်းတခုလည်း ဖြစ်နိုင်သည်။

LiteFinance: Financial Derivatives ဆိုသည်မှာ အဘယ်နည်း။ မည်သို့ အလုပ်လုပ်သနည်း။

ဝယ်သူသည် သတ်မှတ်ထားသော ကုန်သွယ်မှုပစ္စည်းအား ကြိုတင်ဆုံးဖြတ်ထားသော အနာဂါတ်ရက်စွဲတွင် ကြိုတင်သတ်မှတ်ထားသော စျေးနှုန်းဖြင့် ဝယ်ယူရမည်။ မှတ်သားရမည့်အချက်မှာ derivative တခုတွင် ရောင်းချသူသည် ကုန်သွယ်မှုပစ္စည်းအား လက်တွေ့ပိုင်ဆိုင်စရာ မလိုပါ။ ဝယ်သူအား သဘောတူထားသော အခြေခံကုန်သွယ်ရေးပစ္စည်းအတွက် ဝယ်ယူရမည့် ငွေပမာဏကို ရိုးရှင်းစွာ စီစဥ်သတ်မှတ်ပေးယုံဖြင့် စာချုပ်မှတဆင့် ပိုင်ဆိုင်မှုအား လွှဲပြောင်းနိုင်ပါသည်။ 

Derative အလုပ်လုပ်ပုံကို လေ့လာကြည့်ရအောင်။ အမေရိကန် ရင်းနှီးမြှုပ်နှံသူတဦးဖြစ်သော Jeff သည် ၎င်း၏ အကောင့်များတွင် USD ကို ထည့်သွင်းထားသည်။ Jeff သည် ဥရောပကုမ္ပဏီတခုမှ ရှယ်ယာများကို ဥရောပအိတ်စ်ချိန်းတခုမှတဆင့် ယူရိုငွေလဲလှယ်ကာ ဝယ်ယူလိုက်သည်။ ထိုအခါ Jeff ၏ ကုန်သွယ်မှုတွင် ငွေလဲလှယ်မှုနှုန်းထား အပြောင်းအလဲကိုလိုက်၍ ဆုံးရှုံးနိုင်သော အားနည်းချက်တခု ပေါ်ပေါက်လာသည်။ အကယ်၍ USD နှင့် Euro ငွေလဲနှုန်းထားတွင် USD စျေးတက်၍ Euro စျေးကျခဲ့ပါလျှင် Jeff သည် ၎င်းဝယ်ယူထားသော ဥရောပကုမ္ပဏီ၏ ရှယ်ယာများကို ရောင်းချရာတွင် အမြတ်ရရှိမည် မဟုတ်ပါ။ 

အကယ်၍ ရောင်းသူမှ ဝယ်သူအား အခြား derivative တခုကို ပေးခဲ့ပါလျှင်၊ ၎င်းသည် ပထမစာချုပ်၏ တန်ဖိုးအား ခုနှိမ်သွားယုံသာ ဖြစ်သည်။ ဤအချက်ကပင် derivative ကုန်သွယ်ရေးစာချုပ်များအား အခြားသော လက်တွေ့ပိုင်ဆိုင်မှုအားလုံးထက် ပိုမို၍ စီမံခန့်ခွဲရန်နှင့် ကုန်သွယ်၍လွယ်ကူစေရန် ပံ့ပိုးပေးထားခြင်းဖြစ်သည်။

Derivative စာချုပ်များအား စျေးကွက်အတွင်း အရှုံးများကို ကန့်သတ်ရန် (hedging) သို့မဟုတ် အချိုးညီမျှမှုကို ထိန်းသိမ်းရန်အတွက် ဆုံးရှုံးမှု အလားအလာများအား ကြိုတင် ခန့်မှန်းရာတွင်လည်း အသုံးချနိုင်သည်။ 

Derivatives ကို များသောအားဖြင့် အထူးပြုလုပ်ထားသော စျေးကွက်များတွင် ကုန်သွယ်ကြပြီး၊ အချို့စျေးကွက်များတွင် ရောင်းသူ၊ ဝယ်သူ တိုက်ရိုက် ကုန်သွယ်ခြင်း (off-exchange) သို့မဟုတ် over-the-counter (OTC) ဖြင့် ကုန်သွယ်နိုင်ကြသည်။

Derivatives ၏ ပုံစံများနှင့် အမျိုးအစားများ။

Derivatives စာချုပ်များအား ပုံမှန်အားဖြင့် အမျိုးအစားနှစ်ခု ခွဲခြားထားသည်။ Lock products (ဥပမာ swaps ) နှင့် options products (ဥပမာ stock options) ဖြစ်သည်။

  • Lock products သည် စာချုပ်ပါ နှစ်ဦးနှစ်ဖက်စလုံးအတွက် စာချုပ်စတင်ပြုလုပ်စဥ်က ညှိနှိုင်းထည့်သွင်းထားသော စည်းမျဥ်းများအတိုင်းသာ ကုန်သွယ်မှုကို ဆောင်ရွက်ခွင့်ရှိသော အမျိုးအစားဖြစ်သည်။
  • Option products သည် စာချုပ်လက်ဝယ်ရှိသူမှ  စာချုပ်သက်တမ်းကုန်ဆုံးချိန်၌  ကုန်သွယ်မှု ပစ္စည်းအား သတ်မှတ်ထားသော စာချုပ်ပါစျေးနှုန်းဖြင့် အနာဂါတ်ရက်စွဲတွင် သို့မဟုတ် ထိုရက်စွဲ မတိုင်မှီတွင် ကုန်သွယ်နိုင်ခွင့် (ဝတ္တရားမဟုတ်) ရှိသော အမျိုးအစား ဖြစ်သည်။

အထက်တွင်ဖော်ပြပြီးသည့်အတိုင်း derivative တခု၏ စျေးနှုန်းသည် ကုန်သွယ်ရေးပစ္စည်းတခုအပေါ်တွင် အခြေခံထားသော်လည်း derivative ကို ပိုင်ဆိုင်သူသည် အဆိုပါကုန်သွယ်ရေးပစ္စည်းအား လက်တွေ့ ပိုင်ဆိုင်မည်မဟုတ်ပါ။ အများဆုံးတွေ့ရှိရသော derivatives ပုံစံများမှာ စံနှုန်းပြည့်စာချုပ်များ ဟုလည်း ခေါ်ဆိုကြသော futures ၊ forwards ၊ options ၊ swaps နှင့် warrants စသည့် အမျိုးအစားများ ဖြစ်ကြသည်။ ၎င်းတို့အား ဆက်လက်လေ့လာကြပါစို့။

LiteFinance: Derivatives ၏ ပုံစံများနှင့် အမျိုးအစားများ။

Forwards နှင့် Futures

Forward contract ဟု သိကြသော ဤစာချုပ်သည် ကုန်သွယ်သူ နှစ်ဦးအကြား အခြေခံ ကုန်သွယ်ရေး ပစ္စည်းအား သတ်မှတ်ရက်စွဲတွင် သတ်မှတ်စျေးနှုန်းတခုဖြင့် ရောင်းဝယ်ရန် နှစ်ဦးသဘောတူ စိတ်ကြိုက် ချုပ်ဆိုသော သီးသန့်စာချုပ်ဖြစ်သည်။ Forwards contract အား စျေးနှုန်းကန့်သတ်ရန် သို့မဟုတ် ခန့်မှန်းရန် အသုံးပြုကြသည်။ ၎င်းတို့၏ လွတ်လပ်သော သဘာဝမှာ ဆုံးရှုံးနိုင်ခြေအား ဘောင်ခတ်ခြင်းနည်းဗျူဟာ ( hedging) အတွက် အလွန်သင့်တော်သည်။

Forwards နှင့် Futures သည် ထပ်တူမကျသော်လည်း၊ ၎င်းတို့တွင် အတော်ပင် တူညီသော အချက်များ ရှိကြသည်။ နှစ်မျိုးစလုံးမှာ သင့်တော်သော ကုန်သွယ်ရေးပစ္စည်းတခု၏ စျေးနှုန်းအပေါ် အခြေခံ၍ ကြိုတင် သတ်မှတ်ထားသော ရက်တွင် ၎င်းပိုင်ဆိုင်မှုအား အရောင်း၊အဝယ်ပြုလုပ်ရန် သဘောတူညီထားသော စာချုပ်များဖြစ်ကြသည်။

Futures contract ဟုလည်း အများသိကြသည့် ဤအမျိုးအစားမှာ အခြေခံပိုင်ဆိုင်မှုများအား အနာဂါတ်ကာလတွင် သတ်မှတ်ချိန်၌ သတ်မှတ်စျေးဖြင့် အရောင်း၊အဝယ်လုပ်ရန် တရားဝင် သဘောတူညီထားသော စာချုပ်များဖြစ်ကြသည်။ Future contract များသည် တိကျသော သက်တမ်းပြည့်ရက်စွဲများနှင့်  စာချုပ်ပြီးဆုံးသည့်ရက်စွဲများ ပါဝင်သော ကုန်သွယ်သူ နှင့် စတော့အိတ်စ်ချိန်းအကြားရှိ စံနှုန်းပြည့် စာချုပ်များဖြစ်ကြသည်။ စာချုပ်ပါသတ်မှတ်ချက်များ၊ ငွေပေးချေမှုများအား သက်တမ်းပြည့်ရက်စွဲများအတိုင်း  ဆောင်ရွက်ရသည်။ 

ထို့ကြောင့် Forwards နှင့် Futures contracts သည် ၎င်းတို့၏ အဓိက လက္ခဏာရပ်များအပေါ်တွင် မူတည်၍ ကွဲပြားကြသည်။ Forward contract တခုကို ပြုလုပ်ရာတွင် အခြေခံကုန်စည်တခုအပေါ်တွင် ပမာဏ၊ ရက်စွဲ၊ လွှဲပြောင်းပေးရမည့် နေရာ စသည့်အချက်များအား စိတ်ကြိုက်သတ်မှတ်နိုင်သည်။ စာချုပ်သက်တမ်းကုန်ဆုံးရက်သို့ ရောက်မှသာ ငွေပေးချေရသည်။ ရောင်းသူ၊ဝယ်သူ တိုက်ရိုက် ဆောင်ရွက်နိုင်သည်။

Warrants

Warrant ဆိုသည်မှာ ကုမ္ပဏီတခုမှ ကိုယ်တိုင်ထုတ်ပေးသော ဘဏ္ဍာရေးဆိုင်ရာ derivative အမျိုးအစား တခုပင်ဖြစ်သည်။ Warrant ၏ သတ်မှတ်သက်တမ်းမကုန်ဆုံးမှီ သတ်မှတ်ထားသော ကာလအတွင်း အဆိုပါကုမ္ပဏီ၏ ပစ္စည်းတခုခု(ပုံမှန်အားဖြင့် ရှယ်ယာများ)အား သဘောတူထားသော စျေးနှုန်းဖြင့် ကုန်သွယ်ခွင့်ရှိသော (ဝတ္တရားမဟုတ်) လက်မှတ်ဖြစ်သည်။ Warrants အား အကျိုးဆောင်ကုမ္ပဏီမှ ထုတ်ပေးခြင်းမျိုး ရှားပါးပြီး၊  ကိုယ်တိုင်တိုက်ရိုက်ကုန်သွယ်လေ့ရှိကြသည်။ Warrantတခုတွင် ပါဝင်သော အခြေခံပစ္စည်း(ရှယ်ယာ)၏ ကြိုတင်အတည်ပြုထားသော စျေးနှုန်းအား  exercise price သို့မဟုတ် strike price ဟုလည်း သုံးနှုန်းလေ့ရှိကြသည်။ ဝယ်သူမှ ထိုလက်မှတ်(warrant)အား အသုံးပြုလိုက်သည်နှင့် ရှယ်ယာအား လွှဲပြောင်းရမည်ဖြစ်သည်။

အမေရိကန်ရှိ warrant နှင့် ဥရောပရှိ warrant များတွင် သိသာသော ကွဲပြားချက်ရှိသည်။ ပထမ အမျိုးအစားများသည် သတ်တမ်းတခုအတွင်း မည်သည့်အချိန်တွင်မဆို အသုံးပြုခွင့်ရှိသည်။ ဒုတိယ အမျိုးအစားများမှာမူ ကြိုတင်သတ်မှတ်ထားသော သတ်တမ်းပြည့်သည့်ရက်စွဲတွင်သာ အသုံးပြုခွင့်ရှိသည်။

  • Call warrant များမှာ ရှယ်ယာများကို ဝယ်ယူခွင့်ရှိသော derivatives အမျိုးအစားဖြစ်သည်။
  • Put warrant များမှာ ရှယ်ယာများကို ရောင်းချခွင့်ရှိသော derivatives အမျိုးအစားဖြစ်သည်။

Options

Option ရှယ်ယာများနှင့် Warrant များတွင် တူညီသော လက္ခဏာအချို့ရှိသည်။ Option contracts များကို ကိုင်ဆောင်ထားသူသည် စာချုပ်တွင်ပါဝင်သော အခြေခံကုန်သွယ်ရေးပစ္စည်းအား ကြိုတင်သတ်မှတ် ထားသော စျေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်ခွင့်(ဝတ္တရားမဟုတ်) ရှိသည်။ သို့သော် Option မှာ ကုမ္ပဏီတခုမှ တိုက်ရိုက်ထုတ်ပေးခြင်းမျိုး မဟုတ်ပါ။ ငှင်းတို့သည် မည်သည့်စီးပွားရေးကုမ္ပဏီမှ ပါဝင်စရာမလိုပဲ ကုန်သွယ်သူနှစ်ဦးကြား အိတ်စ်ချိန်းမှတဆင့် ကုန်သွယ်နိုင်သော derivative အမျိုးအစား ဖြစ်သည်။ Option contract ၏ အခြားထင်ရှားသော အင်္ဂါရပ်တခုမှာ စာချုပ်တွင် ပါဝင်သူများသည် စာချုပ်ပါ ပိုင်ဆိုင်မှုအား အရောင်းအဝယ်ပြုလုပ်ရာတွင် သဘောတူညီချက်များအား အတိအကျ လိုက်နာရန် မလိုအပ်ပေ။ Option အား “အခွင့်အလမ်းတစ်ခု” အဖြစ် သတ်မှတ်နိုင်ပြီး၊ Furures မှာ မဖြစ်မနေ ပြုလုပ်ရမည့် "ဝတ္တရားတစ်ရပ်” အဖြစ်ရှုမြင်နိုင်သည်။ 

  • Call options ဆိုသည်မှာ စတော့ဝယ်ယူခွင့်ရှိသော derivatives အမျိုးအစားဖြစ်သည်။
  • Put options ဆိုသည်မှာ စတော့ရောင်းချခွင့်ရှိသော derivatives အမျိုးအစားဖြစ်သည်။

Swaps

Swaps သည် အကျယ်ပြန့်ဆုံး နှင့်  ကုန်သွယ်ရန် အလွယ်ကူဆုံး derivatives ဖြစ်သည်။ Swap ဆိုသည်မှာ နိုင်ငံတကာငွေကြေးများ၊ စတော့များ၊ ရှယ်ယာများ အစရှိသော ပိုင်ဆိုင်မှုများအား ယာယီဖလှယ်၍ ကုန်သွယ်ခြင်းဖြစ်သည်။ Swap တခု၏ အဓိက အင်္ဂါရပ်မှာ အခြေခံပိုင်ဆိုင်မှုအား အပြီးဖလှယ်ခြင်း မဟုတ်ပဲ သတ်မှတ်ကာလအတွင်း အချင်းချင်းပြန်လည် လွှဲပြောင်းပေးရသည့် အချက်ဖြစ်သည်။ Swaps ဆုံးရှုံးနိုင်ခြေကို ဟန့်တားရန်နှင့် ရင်းနှီးမြှုပ်နှံသူအား စျေးကွက်အတွင်း မတူညီသော ကုန်သွယ်ရေး အမျိုးအစားများအား မတူညီသောစည်းမျဥ်းများဖြင့် ကုန်သွယ်ခွင့် အတွေ့အကြုံ ရရှိစေရန် အသုံးချနိုင်သည်။

Swaps အများစုမှာ နိုင်ငံတကာငွေကြေးများနှင့် အမျိုးမျိုးသော ငွေကြေးနှုန်းထားများအပေါ်တွင် အခြေခံကြသည်။ ရင်းနှီးမြှုပ်နှံသူများသည် ဆုံးရှူံးမှုအလားအလာကိုလျော့ချရန် အထောက်အကူတခု အဖြစ် Swaps ကို အသုံးပြုကြသည်။

ဥပမာ- ကုန်သည်တဦးသည် နိုင်ငံတခုတွင် စတော့များရောင်းချ၍ ၎င်းငွေဖြင့် နိုင်ငံခြားငွေကြေးတခုကို ဝယ်ယူထားလိုက်ခြင်းအားဖြင့် လက်ရှိနိုင်ငံ၏ ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးမှုအားဟန့်တားနိုင်သည်။ ဤဖြစ်စဥ်မျိုးသည် စတော့များအား တိုက်ရိုက်ဖလှယ်ခြင်းဖြစ်သည်။

Derivatives ဖြင့် ကုန်သွယ်ခြင်း၏ အားသာချက်များ

အကယ်၍ သင့်အနေဖြင့် derivative contracts အား တကြိမ်တခါမှပင် ကုန်သွယ်ခဲ့ဖူးခြင်းမရှိခဲ့လျှင်ပင်၊ ၎င်းတို့၏ ထင်ရှားသော အကျိုးသက်ရောက်မှုများအကြောင်းနှင့် သတင်းအချက်အလက် များစွာကို ခေတ်မှီ ဘဏ္ဍာရေးစျေးကွက်တွင် ရှာဖွေလေ့လာနိုင်သည်။ ရည်ရွယ်ချက်ပြင်းပြသော ရင်းနှီးမြှုပ်နှံသူများအတွက် မဖြစ်မနေသိထားသင့်သော derivative ၏ အရေးပါသော အကျိုးကျေးဇူးများကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။

LiteFinance: Derivatives ဖြင့် ကုန်သွယ်ခြင်း၏ အားသာချက်များ

ဆုံးရှုံးနိုင်ချေအား စီမံခန့်ခွဲခြင်း။

Hedging သည် သက်ဆိုင်ရာကုန်သွယ်ရေးပစ္စည်းအား ဆန့်ကျင်ဘက် အနေအထားဖြင့် ကုန်သွယ်၍ အရှုံးများအား ပြန်လည်ကာမိစေရန် အသုံးပြုရသော လူကြိုက်များသည့် ဆုံးရှုံးမှု စီမံခန့်ခွဲခြင်း နည်းလမ်းဖြစ်သည်။  

Derivative contract ၏ တန်ဖိုးမှာ အခြေခံကုန်သွယ်ရေးပစ္စည်း၏ တန်ဖိုးအား မှီခိုနေခြင်းကြောင့်၊ forwards contracts၊ options contracts အစရှိသော derivatives များအား hedging ပြုလုပ်ရန် အသုံးပြုကြသည်။ Hedging နည်းဗျူဟာသည် သက်ဆိုင်ရာကုန်သွယ်မှုပစ္စည်းအပေါ်တွင် မိမိ မလိုလားသော စျေးနှုန်းရွေ့လျားမှုကြောင့် ဖြစ်ပေါ်နိုင်လာသော ဆုံးရှုံးမှုအန္တရာယ်များကို လျော့ချ ပေးသောကြောင့်၊ ရင်းနှီးမြှုပ်နှံသူများအတွက် အာမခံချက် အထိုက်အလျောက်ဖြင့် ကာကွယ် ပေးနိုင်ပါသည်။ ဥပမာအားဖြင့် လုယက်မှုများ၊ မီးလောင်မှုများနှင့် အခြား ထိခိုက်မှုများအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ပိုင်ဆိုင်မှုပစ္စည်းအာမခံပြုလုပ်ခြင်းနှင့် အသွင်တူပါသည်။  

Derivatives ကုန်သွယ်မှုတွင် Swap ကိုအသုံးပြု၍ ဆုံးရှုံးမှုအန္တရာယ်အား မိမိလက်ထဲမှ အခြားတဦးသို့ လွှဲပြောင်းပေးရန်လည်း ဖြစ်နိုင်ပါသည်။ (အထက်တွင်ဖော်ပြခဲ့သော ဥပမာအတိုင်း)

လက်တွေ့တန်ဖိုးအား ဆုံးဖြတ်ခြင်း။

Derivatives များသည် ပိုင်ဆိုင်မှုတခု၏ တန်ဖိုးအား လွတ်လပ်စွာဆုံးဖြတ်ရန်အတွက် လွန်စွာထိရောက်မှု ရှိသော အခြေခံဘဏ္ဍာရေးကိရိယာများ ဖြစ်ကြသည်။ သတ်မှတ်စံနှုန်းများဖြင့်ချုပ်ဆိုသည့် Futures ကဲ့သို့ သော derivative အမျိုးအစားများအတွက် လက်ငင်းပေးချေရသော စျေးနှုန်းသည် ၎င်းထုတ်ကုန်များ၏  လက်ရှိ ကုန်သွယ်မှုနှုန်းထားများအပေါ်  ထိုးထွင်းသိမြင်စေနိုင်ပြီး၊ အခြေခံ ကုန်ပစ္စည်း ၏ ဖြစ်နိုင်ချေ ရှိသော စျေးကွက်ပေါက်စျေးကို ခန့်မှန်းရာတွင်လည်း အထောက်အကူ ဖြစ်စေသည်။

စျေးကွက်၏ အကျိုးဖြစ်ထွန်းမှုအား တိုးမြှင့်ပေးခြင်း။

Derivatives အများစုအား ဘဏ္ဍာရေးစျေးကွက်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသော အစွမ်းထက် အားဖြည့်ပစ္စည်းများဟု ယူဆလေ့ရှိကြသည်။ ရင်းနှီးမြှုပ်နှံသူများသည် Derivative contracts များတွင် အခြေခံကုန်သွယ်ရေးပစ္စည်း၏ ငွေပေးချေမှုများအား လွယ်ကူစွာ ပုံတူပွားနိုင်သလို အခြေခံပိုင်ဆိုင်မှု ၏ တန်ဖိုး နှင့် စာချုပ်အကြား ဟန်ချက်ညီမှုကြောင့် ဖြစ်နိုင်ဖွယ် arbitrage အရောင်းအဝယ်များကိုလည်း ရှောင်ရှားနိုင်ပါသည်။

လက်လှမ်းမမှီသော စျေးကွက်များတွင် ကုန်သွယ်နိုင်ခြင်း။

အဖွဲ့အစည်းများနှင့် ကုမ္ပဏီများသည် derivative များကိုအသုံးပြုခြင်းအားဖြင့် ယခင်က လက်လှမ်း မမှီခဲ့သော စျေးကွက်များကိုဝင်ရောက်၍ ယခင်မရနိုင်ခဲ့သော စတော့အမျိုးအစားများအပေါ် ကုန်သွယ်ခွင့် ကို ရနိုင်သည်။ ရင်းနှီးမြှုပ်နှံသူများသည် တိုက်ရိုက်ချေးငွေများကိုသာ အားကိုးရမည့်အစား interest rate swaps ၏ အားသာချက်များကို အကျိုးရှိစွာ အသုံးချပြီး ပိုမိုကောင်းမွန်သော အမြတ်နှုန်းထားများအား ရရှိနိုင်ပါသည်။

ကုန်သွယ်ရေးစရိတ်များ လျှော့ချနိုင်ခြင်း။

Derivative စျေးကွက်အား မြင့်မားသောအန္တရာယ်ကိုရှောင်ရှားရန် ထိရောက်သောစီမံခန့်ခွဲမှု အထောက်အကူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြရာ၊ ၎င်းစာချုပ်များ၏ ကုန်သွယ်ရေး စရိတ်စက များသည် အခြားသော ဘဏ္ဍာရေးအခြေအနေများ၏ ကုန်သွယ်ရေးစရိတ်ထက် သက်သာမည်ဟု ယူဆနိုင်ပေသည်။

သတင်းအချက်အလက် ရရှိနိုင်ခြင်း။

Derivatives များတွင်ပါဝင်သည့် ပြည့်ဝသော သတင်းအချက်အလက်များကို စျေးကွက်သဘောထားအား မှန်ကန်စွာအကဲဖြတ်ရန်အတွက် အသုံးပြုနိုင်ပါသည်။ ဘဏ္ဍာရေးစျေးကွက်အကြောင်း များများစားစား မသိသော လူသစ်တဦးပင်လျှင် F&O စျေးကွက်(Futures နှင့် Options စျေးကွက်)၏ လက်ရှိအခြေအနေမှ ရရှိသော သတင်းအချက်အလက်များအား အသုံးချ၍ စျေးကွက်အတွင်း ကာလတို/ကာလရှည် စျေးနှုန်းအတက်အကျများအပေါ် ထိုးထွင်းသိမြင်နိုင်စွမ်းကို ရရှိနိုင်ပါသည်။

ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် အရောင်းအဝယ်စတင်ပါ

မှတ်ပုံတင်ခြင်း

Derivatives ၏ အဓိက အားနည်းချက်များ။

LiteFinance: Derivatives ၏ အဓိက အားနည်းချက်များ။

အကြွေစေ့တစေ့ထဲမှာပင် မတူညီသောမျက်နှာပြင်နှစ်ဖက် ရှိသကဲ့သို့ပင်၊ derivative စျေးကွက်၏ အကျိုးကျေးဇူးများမှာ ဆွဲဆောင်မှုကောင်းလှသော်လည်း မည်သည့် ငွေကြေးစာချုပ်အမျိုးအစားတွင်မဆို  အားနည်းချက်ကိုဖြစ်ပေါ်စေသော အင်္ဂါရပ်များလည်း ရှိတတ်ကြပါသည်။ ထို့ကြောင့် derivatives များတွင်လည်း အားနည်းချက်များ ရှိပါသည်။

အမြည်းအနေဖြင့် ဥပမာပေးရလျှင် ချေးငွေဆိုင်ရာ derivative များ၏ အားနည်းချက်များသည် ၂၀၀၇-၂၀၀၈ တွင်ဖြစ်ပွားခဲ့သော ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးအကျပ်အတည်း၏ အကြောင်းရင်းများကို ဖြစ်စေသော အခြေခံအချက်များတွင် အပါအဝင်ဖြစ်သည်။ အပေါင်ခံထားသော ငွေချေးစာချုပ်များ တန်ဖိုး​လျော့ကျခြင်း နှင့် credit-default swaps သည် ကမ္ဘာ့ဘဏ္ဍာရေးကို ကျဆင်းစေခဲ့သည်။ Derivatives ၏ အခြားသော ဆိုးကျိုးများကိုလည်း ကြိုတင်သိထားသင့်ပါသည်။

ဆုံးရှုံးမှု အန္တရာယ် မြင့်မားခြင်း

Derivatives များတွင် ကြီးမားသော ဘဏ္ဍာရေးဆုံးရှုံးမှု အလားအလာများပါဝင်နေခြင်းမှာ ဝမ်းနည်းစရာ ကောင်းသော အမှန်တရားတခုပင်ဖြစ်ပါသည်။ အဆိုပါစာချုပ်များ၏ ရှုပ်ထွေးသော သဘာဝသည် အကဲဖြတ်ခြင်း လုပ်ငန်းစဥ်အား ပိုမိုရှုပ်ထွေးစေသည်။ Derivative တခုချင်းစီအပေါ်တွင် အကဲဖြတ်ရန်မှာ ပို၍ပင် မဖြစ်နိုင်ပါ။ ထို့ကြောင့် အချို့သော derivative များတွင် မြင့်မားသောအန္တရာယ်လည်း တွဲဖက်နေလေ့ရှိသည်။ Derivatives များသည် ပိုင်ဆိုင်မှုအမျိုးအစား မြောက်မြားစွာ၏ ပင်ကိုယ်တန်ဖိုးများအပေါ် အ​ခြေခံထားခြင်းဖြစ်ရာ၊ derivative တခုချင်း၏ တန်ဖိုးအစစ်အမှန်အား ကောက်ချက်ချရန် မဖြစ်နိုင်သလောက်ပင် ခက်ခဲပါသည်။

အပေါင်ခံထားသော ငွေချေးစာချုပ်များကြောင့် ကမ္ဘာ့စီးပွားရေးအား ပျက်စီးခဲ့ရခြင်း အကြောင်းရင်းမှာ အဆိုပါ derivatives များ၏ တန်ဖိုးအားမည်သို့တွက်ချက်ရမည်ကို ငှင်းတို့အား စတင်ဖန်တီးလိုက်သော စီစဥ်သူများနှင့် မည်သည့် ဘဏ္ဍာရေးကျွမ်းကျင်သူတဦးမျှပင် မသိရှိခဲ့ကြသောကြောင့်ဖြစ်သည်။

စျေးကစားခြင်း အန္တရာယ်

Derivative စျေးကွက်အား စျေးနှုန်းခန့်မှန်းတွက်ချက်၍ ကုန်သွယ်ရန်  အထောက်အကူတခုအဖြစ် မှတ်ယူကြသော်လည်း ၎င်းတို့၏ သဘာဝမှာ ကြိုတင်မှန်းဆရန်မလွယ်သောကြောင့် အဆိုပါစျေးကွက်သည် အလွန်အန္တရာယ်များပြီး ထိုက်သင့်သော အရှုံးများလည်းပေါ်ပေါက်နိုင်ပါသည်။

ကတိကဝတ်ဖောက်ဖျက်နိုင်သော အန္တရာယ်

မိမိ၏ ကုန်သွယ်မှုအပေါ် စာရင်းစစ်ခြင်းနှင့် အကဲဖြတ်ခြင်းသည် derivative စျေးကွက်ရှိ စာချုပ်များအား အိတ်စ်ချိန်းမှတဆင့် ကုန်သွယ်မှုမပြုမှီတွင်  မဖြစ်မနေ လုပ်ဆောင်ရမည့် လုပ်ငန်းစဥ်တခုဖြစ်သည်။ သို့ရာတွင် အချို့သော OTC derivatives (တိုက်ရိုက်ရောင်းဝယ်သောစာချုပ်များ) တွင် တဖက်မှ ကုန်သွယ်သူအပေါ် စစ်ဆေးအကဲဖြတ်နိုင်သော အခြေခံအချက်များ မရှိပါ။ ထို့ကြောင့် တဖက်သတ် စာချုပ်ဖောက်ဖျက်ခြင်းများနှင့် ကြုံတွေ့ရနိုင်ပါသည်။

အချိန်ကန့်သတ်ချက်များ

Derivatives စျေးကွက်၏ အစဥ်အလာဖြစ်သော အချိန်အတိအကျ လုပ်ဆောင်ရခြင်းများကြောင့်လဲ ဆုံးရှုံးမှုအလားအလာအချို့ကို ဖြစ်ပေါ်စေသည်။ ဥပမာ- သင်သည်ဓာတ်ဆီစျေး မြင့်တက်လိမ့်မည်ဟု ခန့်မှန်းနိုင်သော်လည်း မည်သည့်နေ့ဟုအတိအကျ မခန့်မှန်းနိုင်ပါက ထိုခန့်မှန်းမှုသည် အချိန်ကုန်၍ အင်အားဖြုန်းတီးရာသာရောက်ပြီး အကျိုးအမြတ်မရှိနိုင်ပါ။

Leverage

Leverage ဆိုသည်မှာ ချေးငွေများကို အသုံးပြုခွင့်ပါဝင်သော ဘဏ္ဍာရေးဆိုင်ရာ နည်းစနစ်တခု ဖြစ်သည်။ ထိုနည်းစနစ်ကို အသုံးပြုရာတွင် အလွန်ဂရုစိုက်ရန် လိုအပ်သည်။ ဥပမာအားဖြင့် Future contracts ၏ ပိုင်ရှင်များသည် စာချုပ်တန်ဖိုး၏ ၂% မှ ၁၀% အား သက်ဆိုင်ရာ မာဂျင်အကောင့်သို့ ထည့်သွင်းထားယုံဖြင့် ပိုင်ဆိုင်မှုကို ထိန်းသိမ်းထားနိုင်သည်။ သို့ရာတွင် အခြေခံကုန်သွယ်ရေးပစ္စည်း၏ တန်ဖိုးကျဆင်းပါက ရင်းနှီးမြှုပ်နှံသူများသည် စာချုပ်ပါ ရာခိုင်နှုန်းအတွက် လိုအပ်သောပမာဏအား စာချုပ်သက်တမ်းကုန်ချိန်ထိ သို့မဟုတ် စာချုပ်အားခုနှိမ်ပြီးသည်ထိ မာဂျင်အကောင့်ထဲသို့  ထပ်မံပေါင်းထည့်ရန် လိုအပ်ပါသည်။ အကယ်၍ အခြေခံပစ္စည်း၏ တန်ဖိုးမှာ ဆက်တိုက်ကျဆင်းနေပါက ရင်းနှီးမြှုပ်နှံသူများအတွက် သင့်တော်သော ပမာဏထက် ပိုမို၍ ဆုံးရှုံးစေနိုင်ပါသည်။

Derivatives အား မည်သည့် နေရာတွင် ကုန်သွယ်ကြ သနည်း။

အထက်တွင်ဖော်ပြခဲ့ပြီးသည့်အတိုင်း derivative အား အိတ်စ်ချိန်းမှတဆင့် ကုန်သွယ်သောစျေးကွက်များ (ETD) သို့မဟုတ် အလွတ်ရောင်းဝယ်သောစျေးကွက်များ(OTC exchange)တွင် ကုန်သွယ်လေ့ရှိကြသည်။

Futures

Futures contracts အား တိကျသော စျေးကွက်တည်နေရာတခုတွင် ပြုလုပ်ကြရသည်။  ဆိုလိုသည်မှာ ၎င်းတို့သည် ဥပမာအားဖြင့် ခရစ်ပတိုငွေကြေးအိတ်စ်ချိန်းများနှင့်မတူဘဲ ဗဟိုချူပ်ကိုင်မှုရှိကြသည်။ The Chicago Board of Trade နှင့် Mercantile Exchange Traded Fund တို့မှာ ထင်ရှားသော Futures အိတ်စ်ချိန်းများ ဖြစ်ကြသည်။ Future contract တခုစီအား "pit" သို့မဟုတ် “trading floor” ဟုသိကြသော အပိတ်စျေးကွက်တခုတွင် ကုန်သွယ်ကြရသည်။

Derivative အများစုအား အိတ်စ်ချိန်းများတွင် ကုန်သွယ်ကြရသည်။ ဥပမာအားဖြင့် ကုန်စည်ဆိုင်ရာ ကြိုတင်ရောင်းဝယ်မှုစာချုပ်များ (commodity futures) များကို Futures အိတ်စ်ချိန်းတွင် ကုန်သွယ်ကြသည်။ အဆိုပါအိတ်စ်ချိန်းမှာ ကုန်စည်အမျိုးအစားပေါင်းများစွာအား ကုန်သွယ်နိုင်ရန် အထူးဖန်တီးထားသော စျေးကွက်ဖြစ်သည်။ အဆိုပါအိတ်စ်ချိန်းတွင် ပါဝင်သူများ ဥပမာ- အကျိုးဆောင်များနှင့် ကုန်သွယ်သူများသည် NFA (National Future Association) နှင့် Futures စျေးကွက်ကို ထိန်းညှိပေးသော စီမံခန့်ခွဲရေးအာဏာပိုင် အဖွဲ့အစည်းဖြစ်သော CFTC (Commodity Futures Trading Commission) တို့တွင် မှတ်ပုံတင်ရန် လိုအပ်သည်။ CFTC သည် ၎င်း၏ စီမံခန့်ခွဲမှုအောက်တွင် ငွေကြေးရင်းနှီးမြှုပ်နှံမှုစျေးကွက်အတွင်း လိမ်လည်မှုနှင့် အခြားပြဿနာများ မပေါ်ပေါက်စေရန် ကာကွယ်ပေး၍ ကုန်သွယ်မှုများအား တည်ဆဲဥပဒေစည်းမျဥ်း၊ စည်းကမ်းများဖြင့် ညီညွတ်စေရန် ထိန်းသိမ်းပေးသည်။

Options

အခြားသော derivative များကဲ့သို့ပင် options များကိုလည်း ရောင်းသူနှင့် ဝယ်သူကြား ​ကြားခံအဖြစ် ဆောင်ရွက်ပေးသည့် အချို့သောကမ္ဘာ့အကြီးဆုံး စျေးကွက်များတွင် ကုန်သွယ်နိုင်ကြသည်။ Chicago Board Option Exchange (CBOE) သည် ကမ္ဘာ့အကြီးဆုံးနှင့် ယုံကြည်စိတ်ချ၍အရဆုံး စျေးကွက်များမှ တခုဖြစ်သည်။ Option ကုန်သွယ်မှုများအား Securities and Exchange Commission (SEC) မှ စီမံခန့်ခွဲသည်။ ၎င်း၏ အဓိကတာဝန်မှာ လက်ရှိဘဏ္ဍာရေးဈေးကွက်များကို စောင့်ကြည့်ရန်နှင့် စျေးကွက်အတွင်း စည်းကမ်းဖောက်ဖျက်မှုများနှင့် ဝတ္တရားပျက်ကွက်မှုများကို တားဆီးပေးရန်ဖြစိသည်။

OTC ကုန်သွယ်မှု

  • ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်မှုများ၏ စည်းမျဥ်းအား ကုန်ပစ္စည်းတခု သို့မဟုတ် အိတ်စ်ချိန်း တခုဖြင့် ဆုံးဖြတ်သည်။ ဥပမာအားဖြင့် နိုင်ငံတကာငွေကြေးများအား အကျိုးဆောင်ကုမ္ပဏီတခုနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတခု (ဥပမာ-ဘဏ်များ)ကြား တိုက်ရိုက် ရောင်းဝယ်ကြသည်။ အဆိုပါ တရားဝင် စီးပွားရေးလုပ်ငန်းနှစ်ခုသည် နိုင်ငံတကာငွေကြေးများအား ကြိုတင်ဆုံးဖြတ်ထားသော ရက်စွဲတွင် သတ်မှတ်နှုန်းထားဖြင့် ဆောင်ရွက်ရန် သဘောတူစာချုပ်ကိုလည်း ချုပ်ဆိုနိုင်သည်။ ဘဏ္ဍာရေးအဖွဲ့အစည်းများ နှင့် အကျိုးဆောင် ကုမ္ပဏီများ အား SEC မှထိန်းချုပ်ထားသည်။ OTC derivatives များကို လွှဲပြောင်းရောင်းဝယ်ရသော လုပ်ငန်းစဥ်မှာ အနည်းငယ် အန္တရာယ်များသည်ဟု ဆိုနိုင်သည်။ OTC derivatives များအား ဗဟိုစျေးကွက်တခုမှ ချုပ်ကိုင်ထားခြင်း မရှိသောကြောင့် တဖက်ဖက်မှ ဝတ္တရားပျက်ကွက်ခြင်းမျိုးနှင့် ကြုံတွေ့ရနိုင် သည်။

CFD ကုန်သွယ်မှု

CFD ကုန်သွယ်မှုသည် ဘဏ္ဍာရေးဆိုင်ရာ derivative စျေးကွက်ထုတ်ကုန်တခုဖြစ်ပြီး၊ ကုန်သည်များသည် နိုင်ငံတကာငွေကြေးများအပါအဝင်၊ စတော့စျေးကွက်များ၊ စျေးကွက်အညွှန်းကိန်းများ၊ ကုန်စည်များ အစရှိသော ကမ္ဘာ့ကုန်သွယ်ရေး စျေးကွက်များတွင် စျေးနှုန်း အတက်၊အကျများကို ခန့်မှန်းခြင်းဖြင့် မြန်ဆန်စွာ ကုန်သွယ်၍ အကျိုးအမြတ်ကိုရှာဖွေနိုင်သည်။ 

CFD ကုန်သွယ်မှုအား LiteFinance မှတဆင့် လုပ်ဆောင်နိုင်ပါသည်။ LiteFinance မှတဆင့် ကုန်သွယ်မှုများပြားသော ကုန်စည်များဖြစ်ကြသည့် ရေနံ ၊  စတော့ရှယ်ယာ ( NYSE နှင့် NASDAQ) နှင့် သတ္တုများအပေါ်တွင် ကုန်သွယ်နိုင်သည်။

မှတ်ပုံတင်စရာမလိုဘဲ အသုံးပြုရလွယ်ကူသော Forex ပလပ်ဖောင်းတွင် ဒီမိုအကောင့်တစ်ခုထဲသို့ ဝင်ရောက်လိုက်ပါ။

ဒီမိုအကောင့်သို့ သွားမည်

Financial Derivatives များသည် စိတ်ဝင်စားမှုရရှိရန် ထိုက်တန်မှုရှိပါသလား။

Derivatives များအား အစုလိုက်၊ အပြုံလိုက် တိုက်ခိုက်နိုင်သော လက်နက်များဟု တချိန်က ယူဆခဲ့ကြပြီး ဤအယူအဆတွင် အမှန်တရား အသင့်တင့်ပါဝင်ပါသည်။ Derivative contract တခုအား သေချာစွာ အသုံးချနိုင်ပါက ကုန်သည်အတွက် လွန်စွာ အကျိုးရှိပြီး အမြတ်အစွန်းများစွာကိုလည်း ရရှိစေနိုင်ပါသည်။ စွန့်စားမှုကို မနှစ်သက်သော ရင်းနှီးမြှုပ်နှံသူများမှာမူ ဤငွေကြေးကိရိယာများအား မကောင်းဆိုးဝါး သဖွယ် အစဥ်အဆက် သတ်မှတ်ခဲ့ကြသည်။ စင်စစ်မှာမူ သင်၏ ရင်းနှီးမြှုပ်နှံမှုနည်းဗျူဟာအား ပိုမိုအကျိုးရှိစွာ အသုံးချနိုင်ရန် derivative များ၏ ထူးခြားသောဂုဏ်သတ္တိများအား စီမံခန့်ခွဲနိုင်သော နည်းလမ်းပေါင်း များစွာရှိပါသည်။


Derivatives ဆိုင်ရာ အမေးအဖြေ

Derivatives ဆိုသည်မှာ ပါဝင်သော အဖွဲ့အစည်းနှစ်ခု (ဥပမာ ဘဏ်တခုနှင့် အကျိုးဆောင် ကုမ္ပဏီတခု)အကြား သက်ဆိုင်ရာ အခြေခံကုန်သွယ်ရေးပစ္စည်း၏ ဆင့်ပွားစျေးကွက်တန်ဖိုး (derivative market value) ကို ရရှိစေရန် ချုပ်ဆိုထားသော စာချုပ်များ ဖြစ်ကြသည်။ အခြေခံ ပိုင်ဆိုင်မှုပစ္စည်းဆိုရာတွင် ငွေကြေးပိုင်ဆိုင်မှုများ၊ အညွှန်းကိန်းများ (ပိုင်ဆိုင်မှုအစု) သို့မဟုတ် အတိုးနှုန်းတခုလည်း ဖြစ်နိုင်သည်။ တခါတရံတွင် derivatives များအား အပြောင်းအလဲရှိသော အတိုးနှုန်းများဖြင့် ရောထွေးတတ်ကြသည်။ သို့ရာတွင် အတိုးနှုန်းပါဝင်သည့် derivative စာချုပ်တခုသည် အတိုးနှုန်းဖြစ်ပေါ်စေသော ငွေကြေးပိုင်ဆိုင်မှုအပေါ်တွင်သာ အခြေခံထားပြီး၊ ချေးငွေများ (အတိုးနှုန်းအရှင်ဖြစ်စေ၊ ပုံသေဖြစ်စေ) မှာမူ ဘဏ်တခုမှ ချေးယူထားသော ငွေများဖြစ်ပြီး ပြန်လည်ပေးဆပ်ရန်လိုအပ်သည်။ လူသုံးအများဆုံး derivatives ငါးမျိုးမှာ futures၊ forwards၊ options၊ warrants နှင့် swaps ဖြစ် သည်။

လုပ်ငန်းစဥ်မှာ အောက်ပါအတိုင်း ဖြစ်သည်။ ဝယ်သူသည် သတ်မှတ်ကုန်ပစ္စည်းအား ကြိုတင် သတ်မှတ်ထားသော စျေးနှုန်းဖြင့် သတ်မှတ်ရက်စွဲတွင် ဝယ်ယူရန် သဘောတူသည်။ ဤနည်းအားဖြင့် ဝယ်သူမှာ derivative ၏ ပိုင်ရှင်ဖြစ်လာသည်။ Derivative အား ရောင်းချသူ သည် အခြေခံကုန်သွယ်ရေးပစ္စည်း၏ ပိုင်ရှင်ဖြစ်ရန်မလိုပါ။ ဝယ်သူအတွက် သဘောတူညီထား သော အခြေခံပိုင်ဆိုင်မှုကို ဝယ်ယူရမည့် ငွေပမာဏအား ရိုးရှင်းစွာ စီစဥ် သတ်မှတ်ပေးယုံဖြင့် စာချုပ်မှတဆင့် အရောင်းအဝယ်ပြုလုပ်နိုင်သည်။

Derivative အား စျေးကွက်အတွင်း ဆုံးရှုံးနိုင်ခြေကို ကန့်သတ်ရန် (hedging) သို့မဟုတ် အချိုးညီမျှမှုကို ထိန်းသိမ်းရန်အတွက် ဆုံးရှုံးမှု အလားအလာများကို ကြိုတင် ခန့်မှန်းရာတွင်လည်း အသုံးချနိုင်သည်။ အချို့သော ဥပမာများတွင် အတိုးနှုန်းပါဝင်သည့် derivative များ (အတိုးနှုန်းပါဝင်သော ချေးငွေများမဟုတ်)အား အတိုးနှုန်း၏ ဆုံးရှုံးနိုင်ခြေကို ဘောင်ခတ်ရန် အသုံးပြုလေ့ ရှိကြသည်။ Derivatives ၏ရည်ရွယ်ချက်မှာ မိမိမလိုလားသော ဆုံးရှုံးမှုအန္တရာယ်အား အခြားလက်သင့်ခံနိုင်သူတဦးထံ လွှဲပြောင်းပေးခြင်းပင် ဖြစ်သည်။ Derivatives များအား စျေးနှုန်းခန့်မှန်းကုန်သွယ်ရာတွင်လည်း အသုံးချနိုင်သည်။ စျေးနှုန်းခန့်မှန်း ကုန်သွယ်ခြင်းဆိုသည်မှာ အခြေခံကုန်သွယ်ရေးပစ္စည်းတခု၏ စျေးနှုန်းအပြောင်းအလဲအပေါ်တွင် အရောင်း၊အဝယ်ပြုလုပ်၍ အကျိုးအမြတ်ရှာဖွေခြင်းပင် ဖြစ်သည်။ Derivatives များသည် စတော့တခု၊ ကုန်စည်တခု၊ ငွေကြေးယူနစ်တခု သို့မဟုတ် အတိုးနှုန်းတခု အစရှိသော အခြေခံ ကုန်သွယ်မှုပစ္စည်းတခုမှ ဆင်းသက်လာသော ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီမှု စာချုပ်များ ဖြစ်ကြသည်။ Derivative အား နမူနာပြရမည်ဆိုလျှင် options၊ futures နှင့် swaps တို့အား လေ့လာနိုင်ပါသည်။

ဘဏ်အစရှိသော ဘဏ္ဍာရေးလုပ်ငန်းစုများသည် ၎င်းတို့၏ ဆုံးရှုံးနိုင်ခြေအား ကန့်သတ်ရန် (hedging) သို့မဟုတ် အချို့သော လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပေါ်ပေါက်လာနိုင်သော ဆုံးရှုံးမှုအလားအလာများကို လျော့ချရန် derivatives များကို အသုံးပြုကြသည်။ ဥပမာပေးရလျှင် ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများသည် အချို့သောအတိုးနှုန်း အပြောင်းအလဲများကြောင့် ဘဏ်လုပ်ငန်းများ အရှုံးပေါ်မည်ကို ကြောက်ရွံ့ကြသည်။ ထိုအခါ ဘဏ်သည် အတိုးနှုန်းအတွက် ကြိုတင်အရောင်းအဝယ်စာချုပ်များ (interest rate futures) ကို ဝယ်ယူထားခြင်းဖြင့် ဆုံးရှုံးမှု အတွက် အကာအကွယ် ရရှိနိုင်သည်။

အခြားသော ဘဏ္ဍာရေးကိရိယာများကဲ့သို့ပင် derivatives များတွင်လည်း ၎င်းတို့၏ အားသာချက်၊ အားနည်းချက်များ ရှိကြသည်။ Derivatives များ၏ အဓိက အားသာချက်မှာ စျေးကွက် အကျိုးဖြစ်ထွန်းမှုနှင့် ကမ္ဘာအနှံ့တွင် ရရှိနိုင်မှုတို့ပင်ဖြစ်သည်။ ထို့အပြင် ၎င်းတို့အား ဆုံးရှုံးနိုင်ခြေ ကို ဘောင်ခတ်ရာတွင် အလွန်အကျိုးရှိသော နည်းလမ်းအဖြစ်လည်း အသုံးပြုကြ ပါသည်။ အကယ်၍ derivatives များအား သေချာစွာ သဘောပေါက် နားလည်ခြင်း မရှိပါက သို့မဟုတ် သေချာစွာအသုံးမပြုတတ်ပါက ၎င်းတို့အား အန္တရာယ်ဟု မှတ်ယူနိုင်သည်။ ၎င်းတို့မှာ ရှုပ်ထွေးသော ငွေကြေးစာချုပ်များဖြစ်ခြင်းကြောင့် အချို့သော ရင်းနှီးမြှုပ်နှံသူများအတွက် အပြည့်အဝ နားလည်အကဲဖြတ်နိုင်ရန် ခက်ခဲပေသည်။ ထိုမျှမက Derivatives များတွင် leverage ခံစားခွင့် မြင့်မားသောကြောင့် သေးငယ်သော ကနဦး အရင်းအနှီးပမာဏဖြင့် ၎င်းပမာဏထက် များစွာတန်ဖိုးကြီးသော အခြေခံပိုင်ဆိုင်မှုများအပေါ်တွင် ကုန်သွယ်နိုင်သည်။ အခြေခံကုန်သွယ်ရေး ပစ္စည်း၏ တန်ဖိုးကြီးမားခြင်းကြောင့် ဆုံးရှုံးနိုင်သော ပမာဏများလည်း ပိုများလာနိုင်သည်။ သို့သော်လည်း Derivatives များကို ကျွမ်းကျင်စွာ အသုံးချနိုင်ပါက ဆုံးရှုံးမှု အန္တရာယ် စီမံခန့်ခွဲရာတွင် အလွန်အသုံးဝင်ပြီး စျေးကွက်အား ပို၍ အကျိုးဖြစ်ထွန်းစေပါသည်။ ၎င်းတို့အား ငွေကြေးဝန်ဆောင်မှု လုပ်ငန်းစုများ၊ ဖက်စပ်လုပ်ငန်း များမှ စျေးနှုန်းမတည်ငြိမ်မှုများနှင့် အတိုးနှုန်း အပြောင်းအလဲများကို ကာကွယ်ရန် ကျယ်ပြန့်စွာ အသုံးပြုကြသည်။ ၎င်းတို့သည် ငွေကြေး လည်ပတ်မှုစနစ်တခုလုံးတွင် ​ဆုံးရှုံးနိုင်မှု အလားအလာ စုစုပေါင်းကို လျော့ချရန် ကူညီပေးနိုင်ပါသည်။

Credit derivatives ဆိုသည်မှာ ချေးငွေများကို ရှောင်ရှားနိုင်ရန်နှင့် သဘောတူညီမှုအား တနည်းနည်းဖြင့် ဖောက်ဖျက်ခြင်း တို့မှ ကာကွယ်နိုင်ရန် ပြုလုပ်ကြသော ဘဏ္ဍာရေးဆိုင်ရာ စာချုပ်များ ဖြစ်သည်။ Credit derivative အား ပုဂ္ဂလိကပိုင်အဖြစ် ကိုင်ဆောင်ထားလေ့ရှိကြပြီး တဖက်ကမြီရှင်၊ တဖက်ကမြီစားအဖြစ် တိုက်ရိုက်ကုန်သွယ်ကြလေ့ရှိသည်။ CDO-credit default swaps ၊ CDO-collateralized debt obligations ၊ credit swap forwards ၊ total return swap စသဖြင့် credit derivatives အမျိုးအစားပေါင်း များစွာ ရှိကြသည်။

Derivatives products များအား ပုံမှန်အားဖြင့် အမျိုးအစားနှစ်ခု ခွဲခြားထားသည်။ Locked products (ဥပမာ swaps ) နှင့် options products (ဥပမာ စတော့စျေးကွက် options ) ဖြစ်သည်။ အထက်ပါအမျိုးအစားများသည် စာချုပ်စတင်ပြုလုပ်စဥ်က ညှိနှိုင်းထည့်သွင်းထားသော စည်းမျဥ်းများအတိုင်းသာ ကုန်သွယ်မှုကို ဆောင်ရွက်ခွင့်ရှိသော အမျိုးအစားဖြစ်သည်။ Options products များသည် စာချုပ်ကိုင်ဆောင်သူမှ စာချုပ်သက်တမ်းကုန်ဆုံးချိန်၌ ကုန်သွယ်မှု ပစ္စည်းအား သတ်မှတ်ထားသော စာချုပ်ပါစျေးနှုန်းဖြင့် အနာဂါတ်ရက်စွဲတွင် သို့မဟုတ် ထိုရက်စွဲ မတိုင်မှီတွင် ကုန်သွယ်နိုင်ခွင့် (ဝတ္တရားမဟုတ်) ရှိသော အမျိုးအစား ဖြစ်သည်။

OTC (over-the-counter) derivative ဆိုသည်မှာ ကြားခံမပါဝင်ပဲ ကုန်သွယ်သူနှစ်ဖက် တိုက်ရိုက် ပြုလုပ်သော ကုန်သွယ်မှုစာချုပ်ဖြစ်သည်။ OTC derivatives များနှင့် ရှယ်ယာများအား စတော့အိတ်စ်ချိန်းတွင် ရောင်းဝယ်လေ့ မရှိကြပါ။ OTC derivatives များသည် တဆင့်ဖလှယ်၍ ကုန်သွယ်ရသော ETD derivatives များကဲ့သို့ သတ်မှတ်စံနှုန်းများမရှိပဲ စာချုပ်ချုပ်ဆိုသူ နှစ်ဦး၏ လိုအပ်ချက်များပြည့်မှီရန်သာ ဦးစားပေးရေးဆွဲထားသော စာချုပ်များဖြစ်သည်။ နမူနာ OTC derivatives များမှာ interest rate swaps ၊ currency swaps နှင့် options ဖြစ်သည်။

Swaps များမှာ ရေပန်းအစားဆုံး deratives များ ဖြစ်ကြသည်။ Swaps များကို ရှယ်ယာများ သို့မဟုတ် အလားတူ ငွေကြေးကုန်စည် တခုခုအား နှစ်ဦးသဘောတူ လဲလှယ်ရန်အတွက် သဘောတူညီချက်စာချုပ်များဟု အဓိပ္ပါယ် သတ်မှတ်ကြသည်။ Credit default swaps ၊ interest rate swaps ၊ zero-cupon swaps နှင့် total return swaps စသဖြင့် swaps အမျိုးအစားပေါင်း များစွာရှိကြသည်။

OTC contracts အား အဓိက အုပ်စုနှစ်ခု ခွဲခြားနိုင်သည်။ ပါဝင်မည့် နှစ်ဖက် ကုန်သွယ်သူအမျိုးအစား အပေါ် အခြေခံသော စာချုပ်များ နှင့် derivatives အမျိုးအစားအပေါ် အခြေခံသော စာချုပ်များ ဖြစ်ကြသည်။ OTC စျေးကွက်မှာလည်း နှစ်မျိုးနှစ်စားရှိသည်။ ကုန်သည်ချင်းရောင်းဝယ်သော inter-dealer စျေးကွက်နှင့် ကုန်သည်မှ ဝယ်သူထံ ရောင်းချသော Customer စျေးကွက်များဖြစ်သည်။ အလွတ်သဘော ရောင်းဝယ်ကြသော OTC derivatives များတွင် တဖက်မှ ကတိဖောက်ဖျက်နိုင်သော အန္တရာယ်မျိုး ရှိတတ်ပေရာ ပုံမှန် သတိရှိစွာဖြင့် စီမံဆောင်ရွက်သင့်သည်။

Derivatives ဆိုသည်မှာအဘယ်နည်း၊ မဖြစ်မနေသိထားရမည့် အချက်များ။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat