Aroon indicator သည် လမ်းကြောင်းနောက်သို့ လိုက်ပါ၍ လမ်းကြောင်းအင်အားကို တိုင်းတာသော Oscillator တခု ဖြစ်ပါသည်။ Aroon indicator အား အိန္ဒိယကုန်သည်တဦးဖြစ်သူ Tushar Chande မှ ၁၉၉၅ ခုနှစ်တွင် တီထွင်ဖန်တီးခဲ့ပါသည်။ Oscillator ၏ ထူးခြားသောအမည်ရွေးချယ်မှုတွင် Chande ၏ဇာစ်မြစ်သည် အဓိက အခန်းကဏ္ဍမှပါဝင်သည်ဟု ဆိုရပါလိမ့်မည်။ အဘယ့်ကြောင့်ဆို‌သော် “Aroon” ဆိုသောအမည်သည် ရှေးအိန္ဒိယဘာသာစကားဖြင့် “မနက်ခင်း၏ပထမဆုံးနေရောင်ခြည်” ဟု အဓိပ္ပါယ်ရသောကြောင့်ပင် ဖြစ်ပါသည်။ ဤဆောင်းပါးတွင် Aroon Indicator ၏ အင်္ဂါရပ်များ၊ ကုန်သွယ်ရေးအချက်ပြမှုများနှင့် လက်တွေ့ကုန်သွယ်ရေးတွင် ဤကိရိယာအား အသုံးချမှုအပါအဝင် အသေးစိတ်အချက်အလက်များအား ခြုံငုံ၍ရေးသားဖော်ပြထားပါသည်။ 

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


Aroon indicator အဓိပ္ပါယ်ဖွင့်ဆိုချက်

Aroon indicator အား Forex (နိုင်ငံခြားငွေလဲလှယ်ရေး) ကုန်သွယ်ရေးနှင့် binary options များတွင် ဦးတည်ချက်လမ်းကြောင်းနှင့် ဈေးနှုန်းရွေ့လျားမှုဦးတည်ရာများကို ခွဲခြားသတ်မှတ်ရန်၊ အခြေခံ လမ်းကြောင်းများ၏ နှိုင်းရအင်အားကို တိုင်းတာရန်၊ လက်ရှိ အမြင့်ဆုံးနှင့် အနိမ့်ဆုံးတန်ဖိုးများကို သတ်မှတ်ရန်နှင့် ထိုမှတဆင့် ကုန်သွယ်ရေးအချက်ပြမှုများကို ရယူရန် အသုံးပြုကြပါသည်။ 

Aroon သည် အတက်လမ်းကြောင်း သို့မဟုတ် အကျလမ်းကြောင်းတွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများအပေါ် မူတည်၍ ကာလတခုအတွင်း လမ်းကြောင်း အားနည်းခြင်း၊ အားကောင်းခြင်း အလားအလာကို ဆုံးဖြတ်ပေးပါသည်။

Aroon Indicator သည် မည်သို့အလုပ်လုပ်ပါသနည်း။

Aroon Indicator ကို ထိရောက်စွာ အသုံးချရန်အတွက်၊ ဤ oscillator ၏ အလုပ်လုပ်ပုံကို နားလည်သဘောပေါက်ထားရန် လိုအပ်ပါသည်။

Aroon Indicator တွင် မျဉ်းနှစ်ကြောင်း ပါဝင်ပါသည်။

  • Aroon Up

  • Aroon Down

LiteFinance: Aroon Indicator သည် မည်သို့အလုပ်လုပ်ပါသနည်း။

Aroon indicator သည် EURUSD ဇယား၏ အောက်ခြေတွင် ရှိနေပါသည်။ အဝါရောင်မျဉ်းသည် မူရင်း Aroon up Indicator ကို ကိုယ်စားပြုပါသည်။ ပန်းခရမ်းရောင်မျဉ်းသည် — Aroon Down indicator ကို ကိုယ်စားပြုပါသည်။

မည်သည့် Oscillator တွင်မဆို ဤမျဉ်းများသည် သတ်မှတ်ထားသော ဘောင်အတွင်း အတက်၊အကျများဖြင့် ပြောင်းလဲပါသည်။ Aroon Oscillator တွင်၊ Indicator သည် 0 မှ 100 ကြား ရွေ့လျားပါသည်။ Aroon-Up မျဉ်းသည် ကုန်သည်အား သတ်မှတ်ကာလတခုအတွင်း ပကတိအမြင့်ဆုံးတန်ဖိုးတခု ဖြစ်ပေါ်ခဲ့စဉ်မှစ၍ ကုန်လွန်သွားသော အချိန်အပိုင်းအခြားအလိုက် (မိနစ်၊ နာရီ သို့မဟုတ် ရက်များအပေါ်မူတည်၍) 100 ပွိုင့် စကေးဖြင့် ပြသပါသည်။ ထို့အတူ Aroon Down Indicator သည် ဇယားပေါ်တွင် အနိမ့်ဆုံးဈေးနှုန်း ဖြစ်ပေါ်သောအချိန်မှစ၍ ကုန်လွန်သွားသော ကာလအရေအတွက်ကို ပြသပါသည်။

Aroon Indicator ဖော်မြူလာအား ရှင်းလင်းခြင်း

တွက်ချက်မှုဖော်မြူလာ -

  • Aroon-Up = [(ကာလအရေအတွက်) - (အမြင့်ဆုံးတန်ဖိုး၏နောက်မှ ကာလအရေအတွက်)] / (ကာလအရေအတွက်) * 100%

  • Aroon-Down = [(ကာလအရေအတွက်) - (အနိမ့်ဆုံးတန်ဖိုး၏နောက်မှ ကာလအရေအတွက်)] / (ကာလအရေအတွက်) * 100%

ဥပမာအားဖြင့် သင်သည် မူရင်းအတိုင်းအတာဖြစ်သော 14 ရက် ကာလဖြင့် နေ့စဉ်ဇယားအတွင်း တွက်ချက်မှုပြုလုပ်ရာတွင် အမြင့်ဆုံးတန်ဖိုးမှာ လွန်ခဲ့သော ၆ ရက်အကြာက ပေါ်ပေါက်ခဲ့ခြင်းဖြစ်လျှင်၊ Aroon-Up မျဉ်းသည် အောက်ပါတန်ဖိုးကို ပြသပါလိမ့်မည်။

((14-6)/14)*100 = 57,

ယခုအခါ သင်သည် Aroon indicator ၏ အလုပ်လုပ်ပုံကို ကောင်းစွာသိရှိပြီး ဖြစ်သောကြောင့် လက်ရှိ ကုန်သွယ်ရက်အတွင်း အမြင့်ဆုံးတန်ဖိုးအသစ် ဖြစ်ပေါ်မည့်အချိန်ကို ခန့်မှန်းနိုင်ပြီ ဖြစ်ပါသည်။ Aroon Up indicator သည် 100 တန်ဖိုးကို ပြသပါသည်။ ရှေ့သို့ဆက်သွားသော အတက်လမ်းကြောင်းအသစ်တွင် Aroon-Up တန်ဖိုးသည် 100 ဖြစ်ပါလိမ့်မည်။ Aroon-Down တန်ဖိုးသည် 0 ဖြစ်ပါလိမ့်မည်။

Aroon indicator အတွက် အကောင်းဆုံးဆက်တင်များ

Aroon indicator အား မတူညီသော ပလပ်ဖောင်းအမျိုးမျိုးတွင် အသုံးပြုနိုင်ပါသည်။ MetaTrader 4၊ MetaTrader 5 နှင့် LiteFinance အွန်လိုင်းတာမီနယ် အစရှိသည့် ရေပန်းအစားဆုံး ကုန်သွယ်ရေး တာမီနယ်များမှ Aroon Indicator ဆက်တင်များကို စူးစမ်းလေ့လာကြည့်ကြပါစို့။

Aroon MT4

Aroon သည် MetaTrader 4 ၏ စံသတ်မှတ်ထားသော indicator စာရင်းတွင် ပါဝင်ခြင်းမရှိပါ။ သို့ရာတွင် ၎င်းအား အခမဲ့ ဒေါင်းလုပ်ဒ်ပြုလုပ်နိုင်ပါသည်။ MQL library တွင် Aroon Indicator ဗားရှင်းအမျိုးမျိုးကို ရှာဖွေနိုင်ပါသည်။

Aroon Indicator မူရင်းဗားရှင်းဆက်တင်များကို ဥပမာပေး၍ ဖော်ပြသွားပါမည်။ Aroon Indicator မူရင်းဗားရှင်းကို ဤလင့်ခ် မှတဆင့် ဒေါင်းလုပ်ဒ်ပြုလုပ်ကာ ရယူနိုင်ပါသည်။

ဒေါင်းလုပ်‌ဒ်ပြုလုပ်ထားသောဖိုင်ကို “Indicators” ဖိုင်တွဲသို့ ကူးထည့်ကာ တာမီနယ်ကို အစမှပြန်၍ဖွင့်ပါ။ ပြန်လည်စတင်ပြီးနောက် ရရှိနိုင်သော Indicator များ စာရင်းတွင် Aroon ပါဝင်လာပါလိမ့်မည်။ MT တွင် အကူကိရိယာအမျိုးမျိုး တပ်ဆင်ထည့်သွင်းခြင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်၏ ဆောင်းပါးတပုဒ်ဖြစ်သော Bollinger Bands Indicator in Forex Explained တွင် အသေးစိတ် ဖတ်ရှုနိင်ပါသည်။

LiteFinance: Aroon MT4

Aroon indicator အား ဇယားအတွင်း ပေါင်းထည့်ရန်၊ Insert မီနူးအတွင်းမှ technical Indicators ခလုပ်ကိုနှိပ်ပါ။ Custom ခေါင်းစဉ်သို့သွား၍ စာရင်းအတွင်းမှ Aroon indicators ကို ရွေးချယ်ပါ။

LiteFinance: Aroon MT4

Indicator ကို ပေါင်းထည့်ပြီးသောအခါ၊ ဆက်တင်များကို တွေ့ရပါမည်။ OK ခလုပ်ကို နှိပ်လိုက်ပါက၊ Indicator အား မူရင်းအတိုင်းအထွာများနှင့်တကွ ဇယားအတွင်းသို့ ပေါင်းထည့်ပေးမည် ဖြစ်ပါသည်။

LiteFinance: Aroon MT4

Inputs ခလုပ်တွင် Aroon မျဉ်းများ၏ ကာလအတိအကျကို သတ်မှတ်နိုင်ပါသည်။ မူရင်းကာလမှာ 14 ဖြစ်ပါသည်။ ထိုကာလဖြင့် indicator သည် ကာလတိုလမ်းကြောင်းမှ ဈေးနှုန်း‌ရွေ့လျားမှုပုံစံများကို ခွဲခြားပေးနိုင်ပါသည်။ သို့သော် ယာယီဆန့်ကျင်ဘက်အခြေအနေအများစုတွင်မူ လမ်းကြောင်း အလှည့်အပြောင်းများကို အချက်ပြပါသည်။

အကယ်၍ သင်သည် ကာလရှည်လမ်းကြောင်းတွင် ကုန်သွယ်လိုပါက 25 မှ 30 ကာလကို ရွေးချယ်နိုင်ပါသည်။

LiteFinance: Aroon MT4

Colors ခလုပ်တွင် Indicator မျဉ်းများ၏ အရောင်ကို ရွေးချယ်နိုင်ပါသည်။ မူရင်းအရောင်များမှာ အဝါနှင့် အပြာတို့ ဖြစ်ကြပါသည်။ ကျွန်ုပ်သည် အဝါ၏နေရာတွင် အနီဖြင့် အစားထိုးလိုက်ပါသည်။

LiteFinance: Aroon MT4

Levels ခလုပ်တွင် ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသော အခြေအနေများအတွက် ညှိနှိုင်းနိုင်ပါသည်။ မူလတန်ဖိုးများမှာ 30% နှင့် 70% ဖြစ်ပြီး၊ သင့်တင့်မှုအရှ်ိဆုံး ဖြစ်ပါသည်။

LiteFinance: Aroon MT4

Visualization ခလုပ်တွင် Indicator အား ပြသရန်အတွက် အချိန်ဘောင်များကို ညိနှိုင်းနိုင်ပါသည်။

LiteFinance: Aroon MT4

အထက်ပါရုပ်ပုံတွင် ဇယားအတွင်းမှ Aroon Indicator ကို ပြသထားပါသည်။ အနီရောင်မျဉ်းသည် Aroon Up indicator ဖြစ်ပါသည်။ အပြာရောင်မျဉ်းသည် Aroon Down indicator ဖြစ်ပါသည်။

Aroon MT5

MQL နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု ကိရိယာများ၏ သိုလှောင်ခန်းတွင် MetaTrader 5 အတွက် Aroon Indicator ဗားရှင်းများစွာကို ရှာဖွေတွေ့ရှိနိုင်ပါသည်။ ကျွန်ုပ်အသုံးပြုထားသော ဗာရှင်းမှာ မူရင်းဗားရှင်းဖြစ်ပါသည်။ Aroon ဇယားများကို ဤလင့်ခ် မှတဆင့် ဒေါင်းလုပ်ဒ်ပြုလုပ်ကာ ရယူနိုင်ပါသည်။

LiteFinance: Aroon MT5

ကျန်ရှိသော လုပ်ငန်းစဉ်များမှာ MT4 တွင် Indicator အား တပ်ဆင်ခြင်းနှင့် အတူတူပင်ဖြစ်ပါသည်။ ယခင်ခေါင်းစဉ်မှ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်နိုင်ပါသည်။

LiteFinance: Aroon MT5

အကယ်၍ သင်သည် အရာအားလုံးကို မှန်ကန်စွာလုပ်ဆောင်ပြီးပါက၊ မူရင်းအတိုင်းအတာများပါဝင်သော MT5 Aroon Indicator အား အထက်ပါဇယားတွင် ပြသထားသည့်အတိုင်း တွေ့မြင်ကြရပါလိမ့်မည်။ အစိမ်းရောင်မျဉ်းသည် Aroon Up Indicator ဖြစ်ပါသည်။ အနီရောင်မျဉ်းသည် Aroon Down ရွေ့လျားမှုများကို ပြသပါသည်။

LiteFinance အွန်လိုင်းတာမီနယ် Aroon Indicator

LiteFinance အွန်လိုင်းတာမီနယ် တွင်လည်း Aroon indicator ကို အသုံးပြုနိုင်ပါသည်။

LiteFinance: LiteFinance အွန်လိုင်းတာမီနယ် Aroon Indicator

Aroon Indicator ကို ဇယားအတွင်းသို့ ပေါင်းထည့်ရန်၊ “other Indicators” ခလုပ်ကို နှိပ်ပါ။ 

LiteFinance: LiteFinance အွန်လိုင်းတာမီနယ် Aroon Indicator

အခြားနည်းပညာပိုင်းဆိုင်ရာ Indicator များစာရင်းတွင် Aroon ကို ရွေးချယ်ပါ။

LiteFinance: LiteFinance အွန်လိုင်းတာမီနယ် Aroon Indicator

မူရင်းတန်ဖိုးများပါဝင်သော Indicator သည် အထက်ပါရုပ်ပုံအတိုင်း ဖြစ်ပါသည်။

LiteFinance: LiteFinance အွန်လိုင်းတာမီနယ် Aroon Indicator

ဆက်တင်များတွင် - Parameters နှင့် Style - ခလုပ်နှစ်ခု ရှိပါသည်။ Parameters ခလုပ်သည် အချိန်ကာလ(မူရင်းကာလ - 14) နှင့် အယ်လ်ဂိုရီသမ်မှ ခွဲခြမ်းစိတ်ဖြာသော ဒဿမအရေအတွက်တို့ကို ချိန်ညှိရန်အတွက် ဖြစ်ပါသည်။

LiteFinance: LiteFinance အွန်လိုင်းတာမီနယ် Aroon Indicator

Style ခလုပ်တွင် Aroon-Up နှင့် Aroon-Down မျဉ်းများ၏ အရောင်များကို သတ်မှတ်နိုင်ပါသည်။

Aroon oscillator နှင့် Aroon-Up/Aroon-Down မျဉ်းများကြားမှ ခြားနားမှုများ

မူရင်း Aroon Indicator ဗားရှင်းအပြင်၊ မျဉ်းတကြောင်းသာပါဝင်သော Aroon ဗားရှင်းတခု ထပ်မံ၍ ရှိပါသည်။ ၎င်းကို Aroon Oscillator ဟု ခေါ်ဆိုကြပါသည်။ Aroon Indicator ကို ဤလင့်ခ်မှတဆင့် ဒေါင်းလုပ်ဒ်ပြုလုပ်နိုင်ပါသည်။

LiteFinance: Aroon oscillator နှင့် Aroon-Up/Aroon-Down မျဉ်းများကြားမှ ခြားနားမှုများ

Aroon indicator မျဉ်းသည် Aroon Up indicator နှင့် Aroon Down indicator တို့၏ ဖတ်ရှုမှုရလာဒ်များကြားမှ ကွဲပြားမှုများကို ညွှန်ပြပါသည်။ ဤကိရိယာသည် ကုန်သည်တဦးအား လမ်းကြောင်းအခြေအနေများ (အစ၊ အထွဋ်အထိပ်၊ အဆုံး)တို့ကို ခွဲခြားသတ်မှတ်နိုင်ရန် ကူညီပေးပါသည်။ ဘေးတိုက်ရွေ့လျားမှုများတွင် အမြင့်ဆုံးနှင့် အနိမ့်ဆုံး ဈေးနှုန်းများ၏ အစနှင့် အဆုံးများကိုလည်း အချက်ပြပါသည်။ အထက်ပါ Aroon ဇယားတွင် မူရင်း Indicator ဗားရှင်းအား အောက်ခြေ Indicator ဝင်းဒိုးတွင် ပြသထားပြီး၊ Oscillator ကို အထက်တွင် ပြသထားပါသည်။

Oscillator သည် ရှင်းလင်း၍ အပြောင်းအလဲမရှိသော အချက်ပြမှုများကို ပေးပို့ပါသည်။ ကုန်သည်များသည် လမ်းကြောင်းအပြောင်းအလဲ အလားအလာများကို အချက်ပြရန် Aroon သုညမျဉ်း ၏ ဖြတ်ကျော်မှုများကို စောင့်ကြည့်ကြပါသည်။ Oscillator မျဉ်းသည် အနှုန်ဇုန်မှ အပေါင်းဇုန်သို့ ကူးပြောင်းသွားသောအခါ ၎င်းသည် အဝယ်အချက်ပြမှု ဖြစ်ပါသည်။ Oscillator မျဉ်းသည် အပေါင်းဇုန်မှ အနှုတ်ဇုန်သို့ ကူးပြောင်းသွားသောအခါတွင် အရောင်းအချက်ပြမှု ဖြစ်ပါသည်။ အကယ်၍ Aroon Indicator ရလာဒ်များသည် 40 မှ 100 ဈေးကွက်အကွာအဝေးအတွင်း ရှိပါက၊ ၎င်းသည် အတက်လမ်းကြောင်းကို ညွှန်ပြပါသည်။ အကယ်၍ ရလာဒ်များသည် -40 မှ -100 ဈေးကွက်အကွာအဝေးအတွင်း ရှိပါက၊ ၎င်းသည် ရှင်းလင်းပြတ်သားသော အကျလမ်းကြောင်းကို ညွှန်ပြပါသည်။ 

Aroon indicator အချက်ပြမှုများကို မည်သို့ ဖတ်ရှုရမည်နည်း။

Aroon ကုန်သွယ်ရေးအချက်ပြမှုများအကြောင်းကို ဆွေးနွေးကြရအောင်။ ၎င်းတို့သည် Forex ကုန်သွယ်ရေးတွင်သာမက၊ CFDs၊ စတော့၊ binary options များကို ကုန်သွယ်ရာတွင်လည်း အမြတ်ရရှိစေပါသည်။ Aroon Indicator ကို အသုံးချခြင်းသည် အချက်ပြမှုများစွာ၏ ဖတ်ရှုမှုရလာဒ်များအပေါ် အခြေခံပါသည်။

လမ်းကြောင်းဦးတည်ချက် ခွဲခြားသတ်မှတ်ခြင်း

30% နှင့် 70% တို့ဖြင့် နီးကပ်သော level တခုတွင် အပြန်အလှန် ဆက်ယှက်နေကြသော မျဉ်းများ၏ တည်နေရာအပေါ် မူတည်၍ လမ်းကြောင်းကို သတ်မှတ်ပါသည်။ အတက်လမ်းကြောင်းတခုတွင် Aroon-Up သည် 70% အထက်သို့ မြင့်တက်ပြီး၊ တခါတရံ 100%. အထိပင် ရောက်ရှိနိုင်ပါသည်။ အလားတူ Aroon-Down မျ‌ဉ်းသည် 30% အောက်သို့ ရောက်ရှိနိုင်ပြီး၊ အခါအားလျော်စွာ 0% သို့ ရောက်ရှိနိုင်ပါသည်။

Aroon အချက်ပြမှုများ မည်သို့ အလုပ်လုပ်သည်ကို ပိုမို၍ ကောင်းမွန်စွာ နားလည်သဘောပေါက်ရန်အတွက် အောက်ပါ ဥပမာများကို လေ့လာကြည့်ပါစို့။

LiteFinance: လမ်းကြောင်းဦးတည်ချက် ခွဲခြားသတ်မှတ်ခြင်း

အစိမ်းရောင်ဇုန်သည် XAUUSD ဈေးနှုန်းဇယားအတွင်း အတက်လမ်းကြောင်းတခုကို အမှတ်အသား ပြုပါသည်။ အနီရောင်ဇုန်သည် အနောက်မှ လိုက်ပါသော ယာယီကျဆင်းမှုကို အမှတ်အသားပြုပါသည်။ အဝါရောင်မျဉ်းသည် အတက်ဈေးနှုန်းရွေ့လျားမှု အတောအတွင်း 70% ၌တည်ရှိသော အစိမ်းရောင်ရေပြင်ညီမျဉ်း၏ အထက်တွင် ရှိသည်ကို မှတ်သားထားပါ။ ပန်းခရမ်းရောင်မျဉ်းသည် အကျဈေးနှုန်းရွေ့လျားမှုအတွင်း 30% ၌တည်ရှိသော အနီရောင် ရေပြင်ညီမျဉ်း၏ အောက်တွင် အများအားဖြင့် ရှိနေပါသည်။

ဉ်းကြောင်းများ ဖြတ်ကျော်ခြင်း

Aroon ၏ မူလအချက်ပြမှုသည် ၎င်း၏မျဉ်းများ အပြန်အလှန် ဖြတ်ကျော်ခြင်းပင် ဖြစ်ပါသည်။

Aroon-Up မျဉ်းသည် 30% ဇုန်၏ အထက်သို့ရောက်ရှိသွားပြီး တချိန်တည်းတွင် ၎င်း၏မျဉ်းသည် ကျဆင်းနေသော Aroon Down indicator ကို အောက်မှအထက်သို့ ဖြတ်ကျော်သွားသောအခါ၊ ၎င်းသည် အဝယ်အချက်ပြမှုတခု ဖြစ်လာပါသည်။ ပုံမှန်အားဖြင့် ဤအခိုက်အတန့်တွင် အတက်လမ်းကြောင်း အသစ်တခု စတင်ဖြစ်ပေါ်ပါသည်။ ၎င်းသည် အဝယ်ကုန်သွယ်မှုတခုအတွက် ကောင်းမွန်သော အဝင်ပွိုင့်တခုကို ပြသပေးပါသည်။

LiteFinance: ဉ်းကြောင်းများ ဖြတ်ကျော်ခြင်း

အနီရောင်ရေပြင်ညီမျဉ်းသည် EURJPY ဇယားအတွင်း level 30% ကို အမှတ်အသားပြုပါသည်။ Aroon-Up သည် Aroon-Down မျဉ်းအား အောက်မှအထက်သို့ ဖြတ်ကျော်သွားသော အခိုက်အတန့်ကို အပြာရောင်စက်ဝိုင်းဖြင့် အမှတ်အသားပြုထားပါသည်။ သင်သိရှိထားသည့်အတိုင်း၊ အတက်လမ်းကြောင်း အစတွင် Indicator မျဉ်းသည် 30% အထက်သို့ ရောက်ရှိပြီးသည်နှင့်တပြိုင်နက် နောက်ထပ် Aroon မျဉ်း၏ ဖြတ်ကျော်မှု ပေါ်ပေါက်လာမည် ဖြစ်ပါသည်။

ဤကုန်သွယ်မှုအချက်ပြခြင်းအား အဝယ်ကုန်သွယ်မှုများဖွင့်ရန်အတွက်သာမက၊ binary options များ၏ သက်တမ်းကုန်‌‌ဆုံးသောကာလကို တွက်ချက်ရန်အတွက်လည်း အသုံးပြုပါသည်။ ဥပမာအားဖြင့် အကယ်၍ စာချုပ်သက်တမ်း မကုန်ဆုံးမီ အချိန်များစွာ ကျန်ရှိနေသေးပါက၊ အတော်အသင့်ရှည်လျားသော အချိန်ဘောင်များအတွင်း ဈေးနှုန်းသည် ကြာမြင့်စွာ အထက်သို့မြင့်တက်မည်ဟု အချက်ပြခြင်း ဖြစ်ပါသည်။

Aroon Down သည် 30% ဇုန်၏ ပြင်ပတွင် ကျန်ရစ်ကာ ၎င်း၏မျဉ်းသည် ကျဆင်းနေသော Aroon-Up အား အောက်မှအထက်သို့ ဖြတ်ကျော်သွားသောအခါ၊ Aroon အရောင်းအချက်ပြမှု ထွက်ပေါ်လာပါသည်။

LiteFinance: ဉ်းကြောင်းများ ဖြတ်ကျော်ခြင်း

အထက်ပါ Aroon Indicator သည် ကောင်းမွန်သော အရောင်းအချက်ပြမှုတခုကို ပြသပါသည်။ အနီရောင် Aroon-Down မျဉ်းသည် အပြာရောင် Aroon-Up ၏အထက်သို့ ဖြတ်ကျော်သွားသော အခိုက်အတန့်ကို အပြာရောင်စက်ဝိုင်းဖြင့် အမှတ်အသားပြုပါသည်။ ဤအချက်ပြမှုသည် ဈေးကွက်အတွင်း အကျလမ်းကြောင်းတခုစတင်နေသည်ဟု အဓိပ္ပါယ်ရပါသည်။

လမ်းကြောင်းအဆင့်များ

ဇယားပေါ်မှ Aroon Indicator ဖတ်ရှုချက်များသည် အမြင့်၊ အနိမ့်ဈေးနှုန်းရွေ့လျားမှုများနှင့် လက်ရှိလမ်းကြောင်း၏အား၊ လမ်းကြောင်းဖွံ့ဖြိုးတိုးတက်မှုတို့နှင့်စပ်လျဉ်းသော အချက်အလက်များကို တိကျစွာ ပံ့ပိုးပေးပါသည်။

အကယ်၍ Aroon-Up သည် -

  • 70% ထက်ပိုမြင့်ပါက – အားကောင်းသော အတက်လမ်းကြောင်း

  • 50 မှ 70% ကြား – တိုးတက်နေသော အတက်လမ်းကြောင်း

  • 30 မှ 50%ကြား – အားနည်းသောလမ်းကြောင်း

  • 30% အောက် – အဝယ်များသည် ဈေးနှုန်းအား နောက်ထပ်အမြင့်သို့ တွန်းပို့ရန် ဆန္ဒမရှိကြပါ။

အကယ်၍ Aroon-Down လိုင်းသည် -

  • 70% ထက် ပိုမြင့်ပါက – ဈေးကွက်အတွင်း ကျဆင်းသောအခြေအနေ လွှမ်းမိုးနေပါသည်။

  • 50 မှ 70% ကြား – အကျလမ်းကြောင်း အားကောင်းနေပါသည်။

  • 30 မှ 50%ကြား – အကျလမ်းကြောင်း အားနည်းနေသော်လည်း အဝယ်များသည် လမ်းကြောင်းကို သိမ်းပိုက်နိုင်ခြင်းမရှိသေးပါ။

  • 30% အောက် – အကျလမ်းကြောင်း အဆုံးသတ်ပြီဖြစ်သည်။

မျဉ်းကြောင်းများ အပြိုင်ရွေ့လျားခြင်း

Aroon မျဉ်းများသည် မျဉ်းပြိုင်များအဖြစ် ရွေ့လျားကြသောအခါ၊ ကုန်သည်များသည် ပုံမှန်အားဖြင့် ၎င်းကို အဝင်အချက်ပြမှုအဖြစ် မှတ်ယူလေ့ မရှိကြပါ။ များသောအားဖြင့်၊ မျဉ်းကြောင်းများ အပြိုင်ရွေ့လျားခြင်းသည် ဈေးနှုန်းစုဖွဲ့ခြင်းကို အချက်ပြပါသည်။ ဈေးနှုန်းစုဖွဲ့မှု၏နောက်တွင် ဈေးနှုန်းဖောက်ထွက်မှု လိုက်ပါလေ့ရှိပါသည်။

မကြာခဏ ဖြတ်ကျော်ခြင်းများ

မျဉ်းကြောင်းများမကြာခဏ ဖြတ်ကျော်ခြင်းသည် ဝယ်လိုအား၊ ရောင်းလိုအား မျှတခြင်းကို ဖော်ပြပါသည်။ များသောအားဖြင့် ဘေးတိုက်လမ်းကြောင်း သို့မဟုတ် အတက်၊အကျမရှိသော ကုန်သွယ်ရေးကို အချက်ပြပါသည်။

Aroon indicator နည်းဗျူဟာများ

Aroon Indicator မှ ပံ့ပိုးပေးသော အချက်ပြမှုများကို လေ့လာပြီးနောက်၊ ရေပန်းစားသော ကုန်သွယ်ရေးဗျူဟာများကို ဆက်လက်၍ စူးစမ်းကြပါစို့။

Breakout ကုန်သွယ်မှုဗျူဟာ

Aroon indicator ကုန်သွယ်ဗျူဟာများသည် လမ်းကြောင်းရုတ်တရက်ပြောင်းလဲချိန်များတွင် ကုန်သွယ်မှုဖွင့်ခြင်းအပေါ် အခြေခံပါသည်။

Aroon-Up နှင့် Aroon-Down မျဉ်းများ အပြိုင်ရွေ့လျားခြင်းသည် ဈေးနှုန်းစုဖွဲ့မှုကို ကိုယ်စားပြု၍၊ ၎င်း၏နောက်မှ ဈေးနှုန်းသစ်တခုဖြင့် ဖောက်ထွက်နိုင်ခြင်းကို အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် သင်၏ရင်းနှီးမြှုပ်နှံမှုကို ပွားများစေရန်၊ ဖောက်ထွက်မှုကို စောင့်မျှော်၍ ဈေးနှုန်းရွေ့လျားမှု လမ်းကြောင်းသစ်၏ ဦးတည်ရာအတိုင်း ကုန်သွယ်မှုတခုကို ဖွင့်လှစ်သင့်ပါသည်။

ဤနည်းဗျူဟာသည် အောက်ပါအဆင့်များတွင် အခြေခံပါသည်။

  1. ဈေးနှုန်းစုဖွဲ့မှုကို သတ်မှတ်ခြင်း။

  2. Aroon ဖောက်ထွက်မှုဖြင့် အချက်ပြခြင်းကို စောင့်မျှော်ခြင်း (မျဉ်းကြောင်းများ အချင်းချင်းဖြတ်ကျော်၍၊ ၎င်း၏နောက်တွင် အလယ်မျဉ်းကို ‌ဖြတ်‌သန်းသွားခြင်း)။

  3. Aroon မျဉ်းများ ဖြတ်ကျော်မှုသည် မှားယွင်းသောအချက်ပြမှုတခု မဟုတ်ကြောင်း သေချာစေရန်အတွက် အတည်ပြုအချက်ပြမှုတခုကို စောင့်ဆိုင်းခြင်း။

  4. ဖောက်ထွက်သော ဦးတည်ရာတွင် ကုန်သွယ်မှုတခုကို ဖွင့်ခြင်း။

BTCUSD ဈေးနှုန်းဇယားကို ဥပမာပြု၍ Aroon indicator ကုန်သွယ်ရေးကို ရှင်းပြလိုပါသည်။

LiteFinance: Breakout ကုန်သွယ်မှုဗျူဟာ

Aroon ဇယားအတွင်း မီးခိုးရောင်ဇုန်သည် Indicator မျဉ်းများ အပြိုင်ရွေ့လျားသောကာလကို အမှတ်အသားပြုပါသည်။ ၎င်းသည် ဘေးတိုက်ကုန်သွယ်ရေးကို အချက်ပြပါသည်။ ထို့နောက် Aroon-up မျဉ်းသည် အလယ်‌ဗဟိုမျဉ်းကို ဖောက်ထွက်၍ Aroon-Down မျဉ်း၏ အောက်မှ အထက်သို့ ဖြတ်သန်းသွားပါသည်။ တချိန်တည်းမှာပင်၊ ဈေးနှုန်းဇယားသည် ပန်းခရမ်းရောင် ရေပြင်ညီမျဉ်းဖြင့် အမှတ်အသားပြုထားသော အထက်ချန်နယ်လ်နယ်နိမိတ်ကို ဖောက်ထွက်သွားပါသည်။ ဖောက်ထွက်သော ဘားသည် ချန်နယ်လ်၏ အထက်နှင့် နီးကပ်နေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် နောက်ထပ်ဘားတခု၏ အဖွင့်တွင် အဝယ်ကုန်သွယ်မှုတခုဖြင့် ဈေးကွက်သို့ စိတ်ချလက်ချ ဝင်ရောက်နိုင်ပါသည်။

လမ်းကြောင်း ကြံ့ခိုင်မှုပြ ဗျူဟာ

အားကောင်းသောလမ်းကြောင်းတခု ရှိနေသော ကာလမျိုးတွင်၊ Aroon indicator မျဉ်းများသည် အမြင့်ဆုံး level များနှင့် နီးကပ်စွာရှိပါသည်။ ကုန်သည်များသည် ဤအခြေအနေအပေါ်တွင် အမြတ်ရရှိရန် ကြိုးပမ်းလေ့ရှိကြပါသည်။

ဤကုန်သွယ်ရေးဗျူဟာအမျိုးအစားများသည် အမြင့်ဆုံးတန်ဖိုးသို့ မျဉ်းကြောင်းများ ရောက်ရှိချိန်တွင် ကုန်သွယ်မှုတခုကိုဖွင့်ရန် အကြံပြုပါသည်။ Aroon-Up အတွက် အမြင့်ဆုံးတန်ဖိုးမှာ 70% ဖြစ်ပြီး၊ Aroon-Down အတွက် အမြင့်ဆုံးတန်ဖိုးမှာ 30% ဖြစ်ပါသည်။ လမ်းကြောင်းမျဉ်းအား Indicator မျဉ်းများ အချင်းချင်းဖြတ်ကျော်ပြီးသည့်နောက် ဆက်လက်ရွေ့လျားသော ဦးတည်ရာအပေါ်မူတည်၍ ခွဲခြားသတ်မှတ် ပါသည်။ အလယ်မျဉ်းအား ဖောက်ထွက်သွားခြင်း သို့မဟုတ် ဆန့်ကျင်ဘက် အလားအလာ အတွက် အချက်ပြမှုပေါ်ပေါက်ခြင်း၊ Aroon မျဉ်းများဆန့်ကျင်ဘက်ဖြတ်သန်းခြင်းများ ‌ဖြစ်ပေါ်ချိန်တွင် အမြတ်များကို သိမ်းဆည်းပါသည်။

LiteFinance: လမ်းကြောင်း ကြံ့ခိုင်မှုပြ ဗျူဟာ

BTCUSD ဇယားကို နောက်တကြိမ် လေ့လာကြည့်ကြရအောင်။ Aroon Up သည် ၎င်း၏ အမြင့်ဆုံးတန်ဖိုးဝန်းကျင်တွင် အချိန်ကြာမြင့်စွာ ကျန်ရစ်ခဲ့ခြင်းက်ု အပြာရောင်ဇုန်ဖြင့် အမှတ်အသားပြု ထားပါသည်။ ၎င်းသည် အတက်လမ်းကြောင်းအတွက် အားကောင်းသော အလားအလာကို ညွှန်ပြပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လမ်းကြောင်းနောက်သို့လိုက်ပါ၍ အဝယ်ကုန်သွယ်မှုတခုကိုဖွင့်ကာ အလယ်မျဉ်းအား ဖြတ်ကျော်ခြင်းမပြုမီအထိ ကုန်သွယ်မှုကို ထိန်းသိမ်းထားပါသည်။ ဤအခိုက်အတန့်အား ဇယားအတွင်း အနီရောင်စက်ဝိုင်းဖြင့် အမှတ်အသားပြုထားပါသည်။

Binary options အတွက် ကုန်သွယ်ရေးဗျူဟာ

အထက်ဖော်ပြပါ ကုန်သွယ်ရေးဗျူဟာ နှစ်ခုစလုံးကို binary options ကုန်သွယ်ရေးအတွက် အသုံးပြုနိုင်ပါသည်။ ကာလတိုစာချုပ်များအတွက် ဖောက်ထွက်ခြင်းနည်းဗျူဟာသည် အထူး သင့်လျော်ပါသည်။

လမ်းကြောင်းကြံ့ခိုင်မှုပြ ဗျူဟာကို ကာလရှည်စာချုပ်များအတွက် အသုံးပြုသင့်ပါသည်။ ထို့အပြင် လမ်းကြောင်းသည် ဆန့်ကျင်ဘက်ဦးတည်ရာသို့ ပြောင်းလဲခြင်းရွေ့လျားခြင်းမပြုမီ ကုန်သွယ်မှုကို ပိတ်သိမ်းရန်အတွက် သက်တမ်းကုန်ဆုံးသော ကာလကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။

၎င်းတို့အပြင် Aroon နှင့် EMA ပေါင်းစပ်မှုအပေါ် အခြေခံထားသော နည်းဗျူဟာတခုလည်း ရှိပါသည်။ Aroon-Up သည် Aroon Down indicator အား အောက်မှအထက်သို့ ဖောက်ထွက်သောအခါတွင် အရောင်းအချက်ပြမှု ပေါ်ပေါက်ပါက ဇယားသည် EMA အောက်တွင် ရှိပါသည်။ အနီရောင်မျဉ်းသည် အပြာရောင်မျဉ်းအား အထက်မှအောက်သို့ ဖောက်ထွက်သွားချိန်တွင် ဆန့်ကျင်ဘက်အချက်ပြမှု ပေါ်ပေါက်ပါသည်။ ထိုအခါ စာချုပ်ဈေးနှုန်းသည် EMA ၏ အထက်တွင် ရှိပါသည်။

Aroon indicator နှင့် ADX

Aroon Up Down နှင့် ADX နှစ်မျိုးစလုံးသည် လမ်းကြောင်းဦးတည်ရာနှင့် အင်အားကို ခွဲခြားသတ်မှတ်ပေးပါသည်။ ၎င်းတို့၏ ကုန်သွယ်ရေးအချက်ပြမှု သဘောတရားများမှာ တူညီသည်ဟု ထင်မှတ်ရပါသည်။ သို့ရာတွင် Indicator များသည် ကွဲပြားသော အရင်းအမြစ်များကို လမ်းညွှန်ပြသပါသည်။

Aroon indicator ဖော်မြူလာများသည် မူလအားဖြင့် အမြင့်‌ဆုံးနှင့် အနိမ့်ဆုံးဈေးနှုန်းများကြားမှ အချိန်ပမာဏကို အဓိက အလေးထားပါသည်။ ၎င်း၏ မျဉ်းများသည် ‌အမြင့်ဆုံး/အနိမ့်ဆုံး ဈေးနှုန်းများကြားမှ တိကျသောကာလကို ရာခိုင်နှုန်းဖြင့် ပြသပါသည်။ ADX ဖော်မြူလာတွင် စစ်မှန်သောပျမ်းမျှအကွာအဝေး (ATR) ပါဝင်ကာ ပို၍ ရှုပ်ထွေးပါသည်။

ထို့ကြောင့် အဆိုပါကိရိယာနှစ်ခုကို ဖလှယ်၍ အသုံးချနိုင်သည်ဟု ကျွန်ုပ်အနေဖြင့် ‌မပြောလိုပါ။ ဈေးကွက်၏ လှုပ်ရှားမှုများတွင် ကုန်သွယ်ရေးအချက်ပြမှုများကို အတည်ပြုရန်အတွက် Aroon နှင့် ADX အား အတူတကွ အသုံးချသင့်သည်ဟု ယူဆမိပါသည်။

Aroon indicator ကို အသုံးပြု၍ မည်ကဲ့သို့ ကုန်သွယ်ရမည်နည်း။

Forex ကုန်သွယ်ရေးတွင် Aroon Indicator အား ပထမဦးစားပေးကိရိယာအဖြစ် အသုံးပြု၍ အဝင်၊ အထွက်အချက်ပြမှုများ ဖော်ထုတ်ပုံ ဥပမာတခုကို ရှင်းပြပါရစေ။

LiteFinance: Aroon indicator ကို အသုံးပြု၍ မည်ကဲ့သို့ ကုန်သွယ်ရမည်နည်း။

အထက်ပါ ရုပ်ပုံသည် Brent ရေနံ ‌ဈေးနှုန်းဇယား ဖြစ်ပါသည်။ အစိမ်းရောင်ပွိုင့်သည် Aroon-Up မှ အလယ်မျဉ်းကို ကျော်လွန်သွားပြီး Aroon-Down (ပန်းခရမ်းရောင်) ကို ဖြတ်သန်းသွားသည်ကို ပြသပါသည်။ အချက်ပြမှုတခုကို လက်ခံရရှိပြီးနောက်၊ နောက်ထပ် candlestick တွင် အဝယ်ကုန်သွယ်မှုကို ဖွင့်ပါသည် - ဇယားပေါ်တွင် အပြာရောင်မျဉ်းဖြင့် ပြသထားပါသည်။

ထို့နောက် အနီရောင်မျဉ်းသည် အထက်သို့တက်သွားပြီး အမြင့်ဆုံးတန်ဖိုးများကြား ကြာမြင့်စွာ ရှိ၍နေပါသည်။ ၎င်းသည် အားကောင်းသောလမ်းကြောင်းကို သတ်မှတ်ပေးပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လမ်းကြောင်းအလှည့်အပြောင်း အချက်ပြမှု ပေါ်မလာမီအထိ၊ ကုန်သွယ်မှုကို ထိန်းသိမ်းထားပါသည်။ ကျဆင်းနေသော အနီရောင်မျဉ်းသည် အလယ်မျဉ်း၏အောက်သို့ ရွေ့လျား‌သွား‌သောအခါ (အနီရောင်ပွိုင့်)တွင် ဆန့်ကျင်ဘက် အချက်ပြမှုထွက်ပေါ်လာပါသည်။ ကုန်သွယ်မှုအား အမြတ်ဖြင့် ပိတ်သိမ်းလိုက်ပါသည်။ ဤအခိုက်အတန့်အား ဇယားအတွင်း အစိမ်းရောင် ရေပြင်ညီမျဉ်းဖြင့် အမှတ်အသားပြု၍ ပြသထားပါသည်။

အားသာချက်များနှင့် အားနည်းချက်များ

အခြားသော နည်းပညာပိုင်းဆိုင်ရာ အကူကိရိယာများကဲ့သို့ပင် Aroon Indicator တွင်လည်း ၎င်း၏ အားသာချက်များနှင့် အားနည်းချက်များ ရှိပါသည်။

အားသာချက်များ - 

  • ၎င်းသည် ကာလတလျှောက်လုံးဆိုင်ရာ လမ်းကြောင်းကို တိကျစွာ သတ်မှတ်ပေးပါသည်။

  • ၎င်းသည် အသွင်ပြောင်းခြင်း မရှိပါ။

  • ၎င်းကို မတူညီသော ကုန်သွယ်ရေးပစ္စည်းများကို ကုန်သွယ်ရာတွင်လည်းကောင်း၊ ကုန်သွယ်ရေး ပလက်ဖောင်းအမျိုးမျိုးတွင်လည်းကောင်း အသုံးပြုနိုင်ပါသည်။

  • ဆက်တင်များကို မှန်ကန်စွာချိန်ညှိထားပါက၊ ၎င်းသည် အရည်အသွေးပြည့်ဝသော အချက်ပြမှုများကို ပေးစွမ်းပါသည်။.

အားနည်းချက်များ - 

  • အချက်ပြမှုများ နှောင့်နှေးကြန့်ကြာနိုင်ပါသည်။

  • ဘေးတိုက်လမ်းကြောင်း သို့မဟုတ် ဘောင်အတွင်းကုန်သွယ်ရေးတွင် အချက်ပြမှုအမှားများ ပေါ်ပေါက်လေ့ရှိပါသည်။

  • အချက်ပြမှုများအား အခြား နည်းပညာပိုင်းဆိုင်ရာ indicator များ သို့မဟုတ် နည်းပညာအထောက်အကူ ကိရိယာများဖြင့် အတည်ပြုသင့်ပါသည်။

မည်သည့် ကိရိယာ သည် Aroon နှင့် အကောင်းဆုံး တွဲဖက်၍ အလုပ်လုပ်ပါသနည်း။

Aroon အချက်ပြမှုများကို ADX ဖြင့် ကောင်းစွာ အတည်ပြုနိုင်ကြောင်း ဖော်ပြထားခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ နည်းပညာပိုင်းဆိုင်ရာ ကိရိယာနှစ်ခုသည် မတူညီသော ဈေးကွက်အကြောင်းအရာများအပေါ် အခြေခံ၍ အမျိုးအစားတူညီသော အချက်ပြမှုများကို ပေးပို့ပါသည်။

Aroon နှင့် Stochastic တို့အား နှီးနှောအသုံးပြုရသော ကုန်သွယ်ရေးဗျူဟာတခုရှိပါသည်။ Aroon သည် ကာလပတ်လည်လမ်းကြောင်းကို သတ်မှတ်ပေး၍၊ Stochastic ကိုမူ အမြတ်ရနိုင်သော အဝင်ပွိုင့်ကို ဆုံးဖြတ်ရန်အတွက် အသုံးပြုပါသည်။

Aroon အား မကြာခဏဆိုသလိုပင် EMA နှင့် တွဲဖက်အသုံးပြုကြလေ့ရှိပါသည်။ ဤကုန်သွယ်ရေး နည်း စနစ်အရ၊ အဓိက ကုန်သွယ်ရေးအချက်ပြမှုများ ပေါ်ပေါက်သောအချိန်သည် Aroon up နှင့် down မျဉ်းများ အပြန်အလှန် ဖြတ်ကျော်သောအချိန် ဖြစ်ပါသည် - ထိုအချိန်တွင် EMA အား အချက်ပြမှုများကို အတည်ပြုရန် အကူကိရိယာအဖြစ် အသုံးပြုပါသည်။ Exponential Moving Average အချက်ပြမှုများအကြောင်းကို ဤနေရာတွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။

Aroon oscillator ကုန်သွယ်ရေး - အနှစ်ချုပ်

Aroon သည် ဦးတည်ချက်လမ်းကြောင်းများကို သတ်မှတ်ရန်နှင့် လမ်းကြောင်း၏ ကာလတလျှောက် အားကောင်းခြင်း၊ အားနည်းခြင်းများကို သွယ်ဝှိက်၍ တိုင်းတာရန် အသုံးပြုရသော နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အထောက်အကူ ကိရိယာတခု ဖြစ်ပါသည်။ Aroon အချက်ပြမှုများသည် အတော်ပင်ရိုးရှင်း၍ တသမတ်တည်းဖြစ်သောကြောင့်၊ ၎င်းသည် စတင်လေ့လာသူများအတွက် ကောင်းမွန်သော ကိရိယာ တခု ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ Aroon တခုတည်းဖြင့် ကုန်သွယ်မှု အဖွင့်၊ အပိတ်များ ပြုလုပ်ရန် လုံလောက်သော အချက်အလက်များကို ပံ့ပိုးပေးနိုင်ခြင်းမရှ်ိပါ။ Aroon သည် လမ်းကြောင်းဖြစ်ထွန်းသော ဈေးကွက်အတွင်း ပို၍ကောင်းမွန်စွာ စွမ်းဆောင်နိုင်ပါသည်။ ဘေးတိုက်ကုန်သွယ်ရေးဘောင်များအတွင်း၌ ၎င်းသည် အတန်အသင့်များပြားသော အချက်ပြမှု အမှားများကို ထုတ်ပေးနိုင်ပါသည်။ ထိုအကြောင်းရင်းကြောင့်ပင်၊ Aroon Indicator သည် အချိန်ဘောင်ရွေးချယ်ရာတွင် အကန့်အသတ်မရှိသော်လည်း ပိုမိုရှည်လျားသော အချိန်ဘောင်များတွင် ပို၍တိကျသော အချက်ပြမှုများကို ပံ့ပိုးပေးပါသည်။ ခြုံငုံ၍ဆိုရသော် Aroon Indicator သည် ကုန်သည်အသစ်များနှင့် ကျွမ်းကျင်သောကုန်သည်များအပါအဝင် ရင်းနှီးမြှုပ်နှံသူ အမျိုးအစားအားလုံးအတွက် သင့်တော်ပါသည်။

Aroon နှင့်စပ်လျဉ်းသော အမေး၊ အဖြေများ။

Aroon သည် လမ်းကြောင်းနောက်သို့ လိုက်ပါသော oscillator အမျိုးအစားဖြစ်ပြီး၊ လမ်းကြောင်း၏ ဦးတည်ရာနှင့်တကွ လက်ရှိဈေးကွက်အတွင်း လမ်းကြောင်း၏ အားကောင်းမှု သို့မဟုတ် အားနည်းမှုတို့ကို သတ်မှတ်ပေးပါသည်။ ၎င်းကို CFDs များ၊ option စာချုပ်များ ကဲ့သို့သော ရှုပ်ထွေးသည့် ကုန်သွယ်ရေးအမျိုးအစားများအတွက် အသုံးပြုနိုင်သည့်အပြင်၊ စတော့ဈေးနှုန်းများ အတွက်လည်း အသုံးပြုနိုင်ပါသည်။ ဤကိရိယာကို သင်၏ နည်းဗျူဟာတွင် ထည့်သွင်းအသုံးချရန် စဉ်းစားသည့်အခါ၊ ၎င်း၏ အင်္ဂါရပ်များကို သင်၏ကုန်သွယ်မှုဟန်ပန်နှင့် ညှိနှိုင်း၍ ကျွမ်းကျင်သူများ ထံမှ အကြံဉာဏ်များကို ရှာဖွေသင့်ပါသည်။ ဤသို့လုပ်ဆောင်ခြင်း အားဖြင့် သင်၏ လက်လီရင်းနှီးမြှုပ်နှံသူအကောင့်မှ ငွေကြေးများ ဆုံးရှုံးနိုင်ခြေကို အနည်းဆုံးအထိ လျှော့ချနိုင်ပါလိမ့်မည်။

Aroon Indicator စနစ်တွင် မျဉ်းနှစ်ကြောင်း ပါဝင်ပါသည်။ AroonUp နှင့် AroonDown တို့ ဖြစ်ကြပါသည်။ ၎င်းတို့သည် 0 မှ 100 ကုန်သွယ်ရေးဘောင်အတွင်း ရွေ့လျားပါသည်။ အဆိုပါမျဉ်းများ တခုနှင့်တခု ဖြတ်ကျော်ခြင်းသည် အဝယ်၊ အရောင်းကုန်သွယ်မှုများ ပြုလုပ်ရန် အချက်ပြမှုများကို ဖန်တီးပါသည်။ Aroon Up ရွေ့လျားမှု၏ မြင့်မားသော တန်ဖိုးများသည် အားကောင်းသော အတက်လမ်းကြောင်းကို ညွှန်ပြပြီး၊ Aroon-Down ဖတ်ရှုမှုရလာဒ်များသည် အကျလမ်းကြောင်း၏အားကို ညွှန်ပြပါသည်။ အလယ်မျဉ်းကို ဖြတ်သန်းချိန်တွင်လည်း အဝယ် သို့မဟုတ် အရောင်း အချက်ပြမှုများ ပေါ်ပေါက်ပါသည်။ ဤကိရိယာအား စ‌တော့ဈေးနှုန်းများ၊ CFDs ကုန်သွယ်ရေးနှင့် Forex ဈေးကွက်များကို ခွဲခြမ်းစိတ်ဖြာရာတွင် အသုံးပြုနိုင်ပါသည်။

Aroon သည် မျဉ်းနှစ်ကြောင်းကို အသုံးပြုပါသည်။ Aroon တွက်ချက်မှုအား အောက်ပါအတိုင်း ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ Aroon-Up အား အမြင့်သစ်တခု ဖြစ်ပေါ်ချိန်မှစ၍ ပုံမှန်ဘားအရေအတွက်၏ ရာခိုင်နှုန်းတန်ဖိုးအဖြစ် တွက်ချက်ပါသည်။Aroon-Down အား အနိမ့်သစ်တခု ဖြစ်ပေါ်ချိန်မှစ၍ ပုံမှန်ဘားအရေအတွက်အား ရာခိုင်နှုန်းပုံစံဖြင့် တွက်ချက်ပါသည်။

‌မျက်မှောက်ခတ် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွင် Indicator အမျိုးအစား လေးမျိုးရှိပါသည်။

  • Trend-following indicator သည် ပုံမှန်ရှယ်ယာတခု၏ လက်ရှိလမ်းကြောင်း၊ ၎င်း၏ ကြံ့ခိုင်မှုနှင့် အလားအလာရှိသော pivot points များကို ခွဲခြားသတ်မှတ်ပေးပါသည်။ Aroon သည် လမ်းကြောင်းနောက်သို့ လိုက်ပါသော trend-following indicator တခု ဖြစ်ပါသည်။
  • Oscillators များသည် ဈေးကွက်၏ ဝယ်လိုအား/ရောင်းလိုအား လွန်ကဲသော အခြေအနေများ၊ လမ်းကြောင်း၏အားတို့ကို သတ်မှတ်ပေးပါသည်။ ၎င်းတို့သည် တန်ဖိုးများအားဖြင့် ကွဲပြားကြပါသည်။ Aroon ကို oscillator တခုအဖြစ်လည်း ရည်ညွှန်းနိုင်ပါသည်။
  • ပမာဏညွှန်ပြသော Volume indicators များသည် ဝယ်သူနှင့် ရောင်းသူများ၏ လှုပ်ရှားမှုအချက်အလက်များကို ပံ့ပိုးပေးခြင်းအားဖြင့် ကုန်သွယ်မှုပမာဏများကို တဖက်တလမ်းမှ တိုင်းတာပေးပါသည်။
  • သတင်းအချက်အလက်များကို ညွှန်ပြသော Information indicators များသည် လုံလောက်သော အချက်ပြမှုဟု မဆိုနိုင်သော်ငြား အသုံးဝင်သော ကုန်သွယ်မှု အချက်အလက်များကို ပံ့ပိုးပေးပါသည်။ Info indicator တခု၏ သမာရိုးကျဥပမာတခုသည် သက်ဆိုင်ရာ spread ပမာဏပါဝင်သော ပစ္စည်းကိရိယာတခု ဖြစ်ပါသည်။
Aroon Indicator ကို မည်သို့အသုံးပြုရမည်နည်း – ဆက်တင်များ၊ နည်းဗျူဟာနှင့် ဖော်မြူလာ

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat