Verizon Communications Inc. (VZ) သည် ၎င်း၏တည်ငြိမ်မှု ၊ အမြတ်ဝေစုနှုန်းထားနှင့် လျှပ်စစ်ဂြိုလ်တု ဆက်သွယ်ရေး (telecommunications) ကဏ္ဍတွင် ခိုင်မာသောခြေကုပ်ယူမှုတို့ကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို အမြဲပင်လှုံ့ဆော်နိုင်ခဲ့ပါသည်။ 5G စျေးကွက်ပေါ်ထွန်းလာခဲ့ပြီး၊ ကြိုးမဲ့ နည်းပညာနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများအတွက် လိုအပ်ချက်များ ပိုမိုမြင့်တက်လာသည်နှင့်အမျှ ဤစတော့ရှယ်ယာ၏ ဈေးနှုန်းရွေ့လျားမှုလမ်းကြောင်းများကို နားလည်သဘောပေါက်ရန်အလို့ငှာ၊ သပ်ရပ်သေချာသော ချဉ်းကပ်မှုနည်းလမ်းတခုကို အသုံးပြုရန် အရေးကြီးလှပါသည်။

ဤဆောင်းပါးတွင် စေ့စပ်သေချာသော နည်းပညာပိုင်းနှင့် အခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာများကို ပံ့ပိုးပေးထားပြီး၊ Verizon ၏ စတော့ဈေးနှုန်းကို ပုံဖော်ဖန်တီးသော အခြေခံအကြောင်းအရာများကို ခွဲခြားဆုံးဖြတ်ခြင်းနှင့်အတူ လာမည့်နှစ်များစွာအတွက် #VZ ၏ စျေးနှုန်းခန့်မှန်းချက်များကို အသေးစိတ်လေ့လာ ဆန်းစစ်ခြင်း ပါဝင်ပါသည်။ ထို့အပြင်၊ ဈေးကွက်အလေးသာမှုတိုင်းတာခြင်းနှင့် ကာလရှည်ကုန်သွယ်ရေးအစီအစဉ်တခုကိုလည်း ဖော်ပြပေးထားပြီး၊ လက်ရှိမှ ၂၀၅၀ ခုနှစ်အထိ ကာလတလျှောက်အတွက် Verizon တွင် ရင်းနှီးမြုပ်နှံခြင်းအတွက် ရှုမြင်ချက်ကိုလည်း သုံးသပ်တင်ပြထားပါသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


အဓိကမှတ်သားရန်အချက်များ

  • ၁၄.၀၅.၂၀၂၆ တွင် VZ ၏ လက်ရှိဈေးနှုန်းမှာ $47.15 ဖြစ်ပါသည်။

  • VZ ဈေးနှုန်းသည် ၎င်း၏ ကာတလျှောက်အမြင့်‌ဆုံးတန်ဖိုးဖြစ်သော $62.5 သို့ ၀၄.၁၀.၁၉၉၉တွင် ရောက်ရှိခဲ့သည်။ စတော့၏ကာလတလျှောက်အနိမ့်ဆုံးတန်ဖိုးဖြစ်သော $7.32 ကို မှတ်တမ်းတင်ခဲ့သော ရက်စွဲမှာ ၂၇.၁၂.၁၉၈၃ ဖြစ်သည်။

  • Telecommunications နယ်ပယ်တွင် ကုမ္ပဏီ၏ အဓိကပြိုင်ဘက်များမှာ AT&T၊ T-Mobile နှင့် အခြားသော နယ်ပယ်တူ ထိပ်တန်းကုမ္ပဏီကြီးများ ဖြစ်ကြပါသည်။ 

  • ၂၀၂၅ ခုနှစ်အတွင်း စတော့အတွက် မျှော်မှန်းထားသော တိုးတက်မှုနှုန်းမှာ 42.23 နှင့် $55.62 ကြားတွင် ပြောင်းလဲနေမည်ဟု ယူဆရပါသည်။

  • ၂၀၃၀ တွင် VZ စတော့ဈေးနှုန်းသည် $100.66 သို့ ရောက်ရှိနိုင်သည်ဟု ကျွမ်းကျင်သူများမှ မျှော်လင့်ထားကြသည်။

  • Verizon သည် လုပ်ငန်းဆောင်ရွက်မှုဖြေရှင်းချက်များနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ ကဏ္ဍတွင် ခိုင်မာသောရပ်တည်မှုဖြင့် ဦးဆောင်နေရာယူထားပါသည်။

  • ကုမ္ပဏီ၏ ဘဏ္ဍာရေးစွမ်းဆောင်ရည်အပေါ်တွင် အရင်းခံစီးပွားရေးအခြေအနေများ၊ အတိုးနှုန်းများနှင့် ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုအခင်းအကျင်းတို့မှ လွှမ်းမိုးထားပါသည်။

  • အဖွဲ့အစည်းဖြင့်ရင်းနှီးမြှုပ်နှံသူများသည် ကြီးမားသော Verizon ရှယ်ယာပမာဏများကို ဝယ်ယူစုဆောင်းထားကြသည်။

VZ အချိန်နှင့်တပြေးညီဈေးကွက်အခြေအနေ

၁၄.၀၅.၂၀၂၆ တွင် VZ စတော့အား $47.15 နှုန်းထား၌ အရောင်းအဝယ်ပြုလုပ်နေပါသည်။

ရင်းနှီးမြှုပ်နှံသူများအတွက် ကျိုးကြောင်းခိုင်လုံသော ဆုံးဖြတ်ချက်များပြုလုပ်ရန် Verizon (VZ) ၏ အရေးပါသော စံနှုန်းအတိုင်းအတာများကို ပြည့်ပြည့်ဝဝ စိစစ်အကဲဖြတ်ရန် အရေးကြီးပါသည်။ အရေးပါသော စံနှုန်းအတိုင်းအတာများတွင် ဈေးကွက်အရင်းအနှီး၊ ကုန်သွယ်မှုပမာဏနှင့် လွန်ခဲ့‌သည့် တနှစ်တာအတွင်းဈေးနှုန်းအပြောင်းအလဲ စသည်တို့ပါဝင်ပါသည်။ ကုမ္ပဏီတခု၏ ဈေးကွက်အရင်းအနှီးသည် ယင်းကုမ္ပဏီ၏ ခြုံငုံထားသောတန်ဖိုးစုစုပေါင်းကို ကိုယ်စားပြုပါသည်။ ကုန်သွယ်မှုပမာဏသည် ရင်းနှီးမြှုပ်နှံသူတို့၏ ပါဝင်ပတ်သတ်မှုကို ညွှန်ပြပါသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၎င်း၏ အစဉ်အဆက်မတည်ငြိမ်နှုန်းကို တိုင်းတာရန်အတွက် စတော့၏ ကာလတလျှောက် အမြင့်ဆုံးနှင့် အနိမ့်ဆုံးတန်ဖိုးများကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။

စံအတိုင်းအတာ

တန်ဖိုး

ဈေးကွက်အရင်းအနှီး

$167.9 billion

ကုန်သွယ်မှုပမာဏ (၂၄ နာရီ)

15.755 million

လွန်ခဲ့သည့်နှစ်အတွင်းဈေးနှုန်းအပြောင်းအလဲ

1.23%

ကာလတလျှောက်အမြင့်ဆုံး

$62.5

ကာလတလျှောက်အနိမ့်ဆုံး

$7.32

ထုတ်ရောင်းထားသောရှယ်ယာအရေအတွက်

4.21 billion

နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ်အခြေခံသော ၂၀၂၅ ခုနှစ်အတွက် VZ စတော့ဈေးနှုန်း ကြိုတင်ခန့်မှန်းချက်

တပတ်တာဈေးနှုန်းဇယားပေါ်တွင်၊ နည်းပညာဆိုင်ရာညွှန်ပြချက်များသည် ရောထွေးသော အချက်ပြမှုများကို ပြသနေပါသည်။ လက်ရှိကျဆင်းမှုသည် နှေးကွေးလာနိုင်သော်လည်း၊ လမ်းကြောင်းအလှည့်အပြောင်းတခုအတွက် ရှင်းလင်းသော အချက်ပြမှုများ မရှိပါ။

LiteFinance: နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ်အခြေခံသော ၂၀၂၅ ခုနှစ်အတွက် VZ စတော့ဈေးနှုန်း ကြိုတင်ခန့်မှန်းချက်

အရေးပါသော နည်းပညာပိုင်းဆိုင်ရာ ညွှန်ပြချက်များ - 

  • SMA (39.52) နှင့် EMA (40) - 

  • MAs နှစ်ခုစလုံးသည် လက်ရှိဈေးနှုန်းနှင့် နီးကပ်စွာ ရွေ့လျားနေပြီး၊ ‌ဈေးနှုန်းစုဖွဲ့နိုင်ခြေကို အကြံပြုပါသည်။

  • RSI (45.47) - Indicator သည် ကြားနေဇုန်အတွင်းရှိနေပြီး၊ ရောင်းလိုအားလွန်ကဲသောဧရိယာနှင့် နီးစပ်နေသည်။ ၎င်းသည် ဝယ်သူများထံမှ ဝယ်လိုအားများ တိုးတက်လာနိုင်ခြေကို အကြံပြုပါသည်။

  • MACD - MACD မျဉ်း (-0.533) သည် အချက်ပြမျဉ်း (-0.288) ၏ အောက်တွင်ရှိနေသည်။ ၎င်းသည် အထက်သို့ရွေ့လျားမှုအလားအလာ၏ မခိုင်မာမှုကို ဖော်ပြပါသည်။ 

  • Bollinger Bands - ဈေးနှုန်းသည် အလယ်မျဉ်းနှင့် အောက်နယ်နိမိတ်မျဉ်းကြား ကူးသန်းရွေ့လျားနေပါသည်။ 

LiteFinance: နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ်အခြေခံသော ၂၀၂၅ ခုနှစ်အတွက် VZ စတော့ဈေးနှုန်း ကြိုတင်ခန့်မှန်းချက်

Support နှင့် Resistance Levels များ

  • Support - $35.20၊ $32.52၊ $30.90 (၂နှစ်တာ အနိမ့်ဆုံးများ)။

  • Resistance -$42.42၊ $44.78။

၂၀၂၅ ခုနှစ်အတွက် ကြိုတင်ခန့်မှန်းချက်များ

တိုးတက်သောဖြစ်နိုင်ခြေ - အကယ်၍ ‌ဈေးနှုန်းသည် $39.52 အထက်တွင် ရပ်တည်ရန် အောင်မြင်ခဲ့ပြီး၊ $42.42 ကို ဖောက်ထွက်ခဲ့ပါက၊ ၎င်းသည် $44.78 သို့ မြင့်တက်လာနိုင်ပါသည်။

ကျဆင်းသောဖြစ်နိုင်ခြေ - အကယ်၍ ဈေးနှုန်းသည် $35.20 အောက်သို့ ရောက်ရှိခဲ့ပါက၊ ၎င်းသည် $32.52 နှင့် $30.90 သို့ ဆက်လက်ကျဆင်းသွားနိုင်ပါသည်။

အောက်ပါဇယားကွက်သည် လာမည့် ၁၀ လတာအတွင်း ဤကုန်သွယ်မှုအမျိုးအစားအတွက် မျှော်မှန်းထားသော အနိမ့်ဆုံးနှင့် အမြင့်ဆုံးတန်ဖိုးများကို ပြသပေးပါသည်။

အနည်းဆုံး၊ $

အများဆုံး၊ $

မတ်

37.2

41.2

ဧပြီ

38.1

42.0

မေ

38.8

42.8

ဇွန်

39.5

43.5

ဇူလိုင်

40.3

44.3

ဩဂုတ်

41.0

45.1

စက်တင်ဘာ

41.8

45.9

အောက်တိုဘာ

42.5

46.7

နိုဝင်ဘာ

43.2

47.4

ဒီဇင်ဘာ

44.0

48.2

VZ အတွက် ကာလရှည်ကုန်သွယ်ရေးအစီအစဉ်

Verizon stock (#VZ) ၏ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်အပေါ်မူတည်၍၊ ကုန်သွယ်ရေးအစီအစဉ်တခုကို အောက်ပါအတိုင်း စဉ်းစားကြည့်ကြရအောင်။

အဝင်ပွိုင့်များ -

  • အဝယ် - ဈေးနှုန်းသည် $35.24–$38.70 ဧရိယာအတွင်း ရောက်ရှိလာပါက အထက်သို့ပြန်လည်ခုန်တက်လာမည့်အလားအလာ(rebound)ဟုယူဆ၍ အဝယ်ကုန်သွယ်မှုများကိုဖွင့်ပါ။

  • အခြားဖြစ်နိုင်ခြေရှိသော အဝင်ပွိုင့် - ဈေးနှုန်းသည် resistance level ဖြစ်သော $42.42 အထက်တွင် အခြေချပါက၊ ၎င်းသည် ဈေးနှုန်းတိုးတက်ရန် အချက်ပြမှုဟု ယူဆ၍ အဝယ်ကုန်သွယ်မှုများကိုဖွင့်ပါ။

ဈေးနှုန်းပစ်မှတ်များ - 

  • ပထမပစ်မှတ် - $42.42၊ အရေးပါသော resistance level အဖြစ်ဆောင်ရွက်ပေးပါသည်။

  • ဒုတိယပစ်မှတ် - အကယ်‌၍ ဈေးနှုန်းသည် resistance level ကိုချိုးဖောက်ခဲ့လျှင် ဒုတိယပစ်မှတ်မှာ $44.84 ဖြစ်သည်။

Stop-Loss အော်ဒါနှင့် ဆုံးရှုံးနိုင်ခြေကန့်သတ်ခြင်း -

  • $35.00 အောက် အနည်းငယ်ပိုနိမ့်သောအမှတ်တွင် stop-loss အော်ဒါတခုကို ချမှတ်ရန်သင့်တော်ပါသည် (သို့မဟုတ်) ‌အကယ်၍ ဈေးနှုန်းသည် $35.00 အမှတ်အောက်သို့ ကျဆင်းသွားခဲ့ပါက ကုန်သွယ်မှုကို လူကိုယ်တိုင်ပိတ်သိမ်းပါ။

အဝင်နှင့်အထွက်ပွိုင့်များကို ပိုမိုတိကျစွာခန့်မှန်းနိုင်ရန် RSI နှင့် MACD ကဲ့သို့သော နည်းပညာဆိုင်ရာညွှန်ပြကိရိယာများကို အသုံးပြုပါ။

၂၀၂၅ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ VZ ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

၂၀၂၅ ခုနှစ်တွင်၊ Verizon (#VZ) စတော့သည် သင့်တင့်သောတိုးတက်နှုန်းကို ပြသလိမ့်မည်ဟု ကျွမ်းကျင်သောခွဲခြမ်းစိတ်ဖြာသူများမှ မျှော်လင့်ထားကြပါသည်။

Markettalkz

၂၀၂၅ ခုနှစ်အတွင်းဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $44.20–$55.62 (၈.၂.၂၀၂၅ ရက်စွဲအထိ လေ့လာချက်များအရ)။

Markettalkz မှ ခန့်မှန်းထားချက်အရ၊ VZ ၏ ပျမ်းမျှဈေးနှုန်းသည် $46.35 ဖြစ်မည်ဟု မျှော်လင့်ရပါသည်။ ကုမ္ပဏီ၏ တည်ငြိမ်‌သောအမြတ်ဝေစုနှုန်းထားများနှင့် ခိုင်မာတောင့်တင်းသောလုပ်ငန်းအမျိုးအစားသည် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ပါဝင်စားမှုကို တိုးတက်စေလိမ့်မည်ဟု ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များမှ ကောက်ချက်ချခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ၊ telecom နယ်ပယ်တွင်းယှဉ်ပြိုင်မှုများနှင့် အရင်းခံစီးပွားရေးအခြေအနေများသည် တိုးတက်မှုအလားအလာကို တားဆီးနှောက်ယှက်နိုင်ပါသည်။

နှစ်

အနည်း‌ဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

၂၀၂၅

44.20

46.35

55.62

Coin Price Forecast

၂၀၂၅ ခုနှစ်အတွင်းဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $42.23–$42.93 (၈.၂.၂၀၂၅ ရက်စွဲအထိ လေ့လာချက်များအရ)။

Coin Price Forecast သည် အကောင်းမြင်မှုပိုမိုနည်းပါးသော ရှုမြင်ချက်တရပ်ကို ကမ်းလှမ်းထားပါသည်။ နှစ်ကုန်ချိန်တွင် VZ ၏ ဈေးနှုန်းသည် $42.93 သို့ မြင့်တက်နိုင်ပါသည်။

နှစ်

နှစ်လယ်၊ $

နှစ်ကုန်၊ $

၂၀၂၅

42.23

42.93

Paisakit

၂၀၂၅ ခုနှစ်အတွင်းဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $45.54–$52.98 (၈.၂.၂၀၂၅ ရက်စွဲအထိ လေ့လာချက်များအရ)။

Paisakit သည် Verizon ၏ အနာဂါတ်အလားအလာများနှင့်စပ်လျဉ်း၍ ‌အပြုသဘောဆောင်သော အမြင်ရှိပြီး၊ ၂၀၂၅ တွင် အနည်းဆုံးရှယ်ယာဈေးနှုန်းမှာ $45.54 ဖြစ်လိမ့်မည်ဟု မျှော်မှန်းထားပါသည်။ ခွဲခြမ်းစိတ်ဖြာသူများသည် တည်ငြိမ်သောလုပ်ငန်းဝင်ငွေများ၊ ခိုင်မာသောအမာခံအသုံးပြုသူဦးရေနှင့် တသမတ်တည်းအမြတ်ဝေစုမူဝါဒတို့၏ အထောက်အပံ့ဖြင့် ကုမ္ပဏီ၏ တိုးတက်မှုအလားအလာအပေါ် အသိအမှတ်ပြုခဲ့ကြသည်။ 

နှစ်

အနည်း‌ဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

၂၀၂၅

45.54

48.65

52.98

၂၀၂၆ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ VZ ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

၂၀၂၆ ခုနှစ်အတွက် ခန့်မှန်းချက်များအရ၊ Verizon (VZ) ရှယ်ယာများသည် သင့်တင့်သောတိုးတက်မှုကို ရရှိလိမ့်မည်ဟု မျှော်လင့်ရပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ဈေးကွက်သုံးသပ်ရေးသမားများသည် ဈေးနှုန်းပြောင်းလဲမှုအကွာအဝေးနှင့်စပ်လျဉ်း၍ ကွဲပြားသော ယူဆချက်များကို ဖော်ပြခဲ့ကြသည်။ အချို့သော ကျွမ်းကျင်သူများသည် ကုမ္ပဏီ၏တန်ဖိုးအား တဖြေးဖြေးချင်းတိုးတက်လာရန် မျှော်မှန်းကြပြီး၊ အချို့ကမူ ယာယီအလှည့်အပြောင်းများကို ကြိုတင်မှန်းဆကြပါသည်။

Markettalkz

၂၀၂၆ ခုနှစ်အတွင်းဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $49.95–$62.86 (၈.၂.၂၀၂၅ ရက်စွဲအထိ လေ့လာချက်များအရ)။

Verizon စတော့သည် $62.86 သို့ တိုးတက်လာနိုင်သည်ဟု Markettalkz မှ ကောက်ချက်ချပါသည်။ ပျမ်းမျှဈေးနှုန်းသည် $52.38 အနီးဝန်းကျင်တွင် ပြောင်းလဲနေမည်ဟု မျှော်လင့်ရသည်။ ကျွမ်းကျင်သူများမှ ဤတိုးတက်မှုကို မျှော်မှန်းကြခြင်း၏ အဓိကအကြောင်းရင်းများမှာ ကုမ္ပဏီ၏ ခိုင်မာသော ဘဏ္ဍာရေးစွမ်းဆောင်ရည်နှင့် telecommunications ကဏ္ဍတွင် ၎င်း၏တည်ငြိမ်သော ရပ်တည်မှုတို့‌ကြောင့် ဖြစ်ပါသည်။ 

နှစ်

အနည်း‌ဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

၂၀၂၆

49.95

52.38

62.86

Coin Price Forecast

၂၀၂၆ ခုနှစ်အတွင်းဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $43.15–$43.81 (၈.၂.၂၀၂၅ ရက်စွဲအထိ လေ့လာချက်များအရ)။

Coin Price Forecast သည် နှစ်လယ်ပိုင်းရှယ်ယာဈေးနှုန်းအား $43.15 ဝန်းကျင်၌ ခန့်မှန်းထားပြီး၊ ပိုမို၍မယုတ်မလွန်ရှိသော ရှုမြင်ချက်တရပ်ကို မျှဝေပါသည်။ ၎င်းသည် ရင်းနှီးမြှုပ်နှံသူတို့၏ ဖြစ်နိုင်ခြေရှိသော သဘောထားအပြောင်းအလဲတရပ်ကို ညွှန်ပြပြီး၊ telecom နယ်ပယ်တွင် ရင်းနှီးမြုပ်နှံမှုများအတွက် ပို၍ သတိကြီးသော ချဉ်းကပ်မှုနည်းလမ်းကို အကြံပြုပါသည်။

နှစ်

နှစ်လယ်၊ $

နှစ်ကုန်၊ $

၂၀၂၆

43.15

43.81

Paisakit

၂၀၂၆ ခုနှစ်အတွင်းဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $50.65–$54.95 (၈.၂.၂၀၂၅ ရက်စွဲအထိ လေ့လာချက်များအရ)။

VZ ၏ အနည်းဆုံး နှုန်းထားသည် $50.65 ဖြစ်လိမ့်မည်ဟု Paisakit မှ ကြိုတင်ခန့်မှန်းပါသည်။ တချိန်တည်းမှာပင် ကုမ္ပဏီ၏ အလားအလာရှိသော ချဲ့ထွင်မှုများ၊ အသုံးပြုသူဦးရေတိုးတက်မှုနှင့် telecom ကဏ္ဍတွင် အသာစီးရသောယှဉ်ပြိုင်မှုအနေအထားများကြောင့် စတော့တန်ဖိုး ပို၍တိုးတက်လာရန် မျှော်မှန်းထားပါသည်။

နှစ်

အနည်း‌ဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

၂၀၂၆

50.65

53.77

54.95

၂၀၂၇ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ VZ ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

၂၀၂၇ ခုနှစ်အတွက် ခန့်မှန်းချက်များအရ၊ Verizon (VZ) စတော့ရှယ်ယာများသည် တန်ဖိုးအားဖြင့် တိုးတက်လာပါမည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ခွဲခြမ်းစိတ်ဖြာသူများသည် အနာဂါတ်တွင် ဈေးနှုန်းပြောင်းလဲမှု မည်သို့ရှိမည်ဆိုသည့်အချက်တွင် မတူကွဲပြားသော ယူဆချက်များ ရှိကြပါသည်။ အရင်းခံစီးပွားရေးအခြေအနေများ၏ လွှမ်းမိုးမှုနှင့် telecom ဈေးကွက်အတွင်းရှိ ကျယ်ပြန့်သောလမ်းကြောင်းများသည် VZ ရှယ်ယာဈေးနှုန်းကို ပုံဖော်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နိုင်ပါသည်။

Markettalkz

၂၀၂၇ ခုနှစ်အတွင်းဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $56.94–$71.65 (၈.၂.၂၀၂၅ ရက်စွဲအထိ လေ့လာချက်များအရ)။

၂၀၂၇ ခုနှစ်အတွင်း Verizon သည် $56.94 အထက်တွင် အရောင်းအဝယ်ဖြစ်လိမ့်မည်ဟု Markettalkz မှ အဆိုပြုပါသည်။ ကုမ္ပဏီ၏ ခိုင်မာသောဘဏ္ဍာရေးစွမ်းဆောင်ရည်နှင့် ၎င်း၏ ကွန်ယက်ဖွဲ့စည်းပုံချဲ့ထွင်မှုများအပေါ်မူတည်၍ စတော့၏ တိုးတက်မှုများကို မျှော်မှန်းနိုင်ပါသည်။

နှစ်

အနည်း‌ဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

၂၀၂၇

56.94

59.71

71.65

Coin Price Forecast

၂၀၂၇ ခုနှစ်အတွင်းဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $44.40–$44.51 (၈.၂.၂၀၂၅ ရက်စွဲအထိ လေ့လာချက်များအရ)။

Coin Price Forecast မှ ပံ့ပိုးပေးသော အနီးစပ်ဆုံးခန့်မှန်းချက်များအရ၊ Verizon စတော့၏ တိုးတက်မှုအလားအလာသည် ပို၍နှေးကွေးလာနိုင်ခြေရှိပါသည်။ စတော့သည် ၂၀၂၇ နှစ်လယ်တွင် $44.40 သို့ ရောက်ရှိလာနိုင်ပြီး၊ နှစ်ကုန်ချိန်တွင် $44.51 သို့ ရောက်ရှိနိုင်ပါသည်။

နှစ်

နှစ်လယ်၊ $

နှစ်ကုန်၊ $

၂၀၂၇

44.40

44.51

StockScan

၂၀၂၇ ခုနှစ်အတွင်းဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $31.19–$41.11 (၈.၂.၂၀၂၅ ရက်စွဲအထိ လေ့လာချက်များအရ)။

StockScan သည် ၂၀၂၇ ခုနှစ်အတွင်း၊ Verizon ရှယ်ယာများအတွက် သိသာထင်ရှားသော မတည်ငြိမ်နှုန်းကို ခန့်မှန်းထားပါသည်။ နှစ်စတွင် ပျမ်းမျှဈေးနှုန်းသည် $37.97 ဝန်းကျင်တွင် ပြောင်းလဲနိုင်ပြီး၊ ဒီဇင်ဘာလတွင် $31.08 သို့ ကျဆင်းနိုင်ပါသည်။ ခွဲခြမ်းစိတ်ဖြာသူများသည် ဈေးနှုန်းအလှည့်အပြောင်းများနှင့်အတူ မသေချာမှု တိုးတက်လာရန် ကြိုတင်မျှော်မှန်းကြပြီး၊ ဤမျှော်မှန်းချက်သည် ကုမ္ပဏီ၏ လုပ်ငန်းနယ်ပယ်အတွင်း မတည်ငြိမ်မှုအလားအလာများနှင့် Verizon ရှယ်ယာများအတွက် ဝယ်လိုအားကျဆင်းနိုင်ခြေကို ညွှန်ပြနေပါသည်။

ပျမ်းမျှ၊ $

အနည်းဆုံး၊ $

အများဆုံး၊ $

ဇန်နဝါရီ

37.97

35.89

39.85

ဖေဖော်ဝါရီ

35.98

35.79

38.45

မတ်

38.38

34.90

38.43

ဧပြီ

38.57

37.13

40.12

မေ

38.67

36.13

39.93

ဇွန်

40.56

37.12

40.84

ဇူလိုင်

36.47

36.29

40.81

ဩဂုတ်

37.51

36.36

41.11

စက်တင်ဘာ

37.09

31.19

37.30

အောက်တိုဘာ

34.80

33.78

37.71

နိုဝင်ဘာ

36.33

35.01

37.97

ဒီဇင်ဘာ

31.08

29.64

37.22

၂၀၂၈ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ VZ ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

၂၀၂၈ ခုနှစ်တွင်၊ Verizon (VZ) စတော့သည် ဆက်လက်မြင့်တက်လာနိုင်ပါသည်။ သို့သော် ၎င်းသည် နည်းပညာအဆင့်မြှင့်တင်မှုများ၊ စီးပွားရေးအခြေအနေများနှင့် နယ်ပယ်တွင်း ယှဉ်ပြိုင်မှုများအပေါ် များစွာမှီခိုပါသည်။

Markettalkz

၂၀၂၈ ခုနှစ်အတွင်းဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $63.20–$79.54 (၈.၂.၂၀၂၅ ရက်စွဲအထိ လေ့လာချက်များအရ)။

Markettalkz ၏ အဆိုအရ၊ ပျမ်းမျှဈေးနှုန်းသည် $66.28 ဖြစ်ရန် မျှော်လင့်ရပါသည်။ VZ စတော့၏ နောက်ကွယ်မှ အဓိက‌တွန်းအားများမှာ အင်တာနက်ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် cloud ဖြေရှင်းချက်များဖြစ်ပါသည်။

နှစ်

အနည်း‌ဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

၂၀၂၈

63.20

66.28

79.54

Coin Price Forecast

၂၀၂၈ ခုနှစ်အတွင်းဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $49.02–$54.53 (၈.၂.၂၀၂၅ ရက်စွဲအထိ လေ့လာချက်များအရ)။

Coin Price Forecast သည် အနည်းငယ် ပိုမိုနှေးကွေး‌သော တိုးတက်ရွေ့လျားမှုကို ကြိုတင်ခန့်မှန်းပါသည်။ ၎င်းတို့၏ အချက်အလက်အရ၊ Verizon ရှယ်ယာများသည် ၂၀၂၈ နှစ်လယ်တွင် $49.02 သို့ ရောက်ရှိနိုင်ပါသည်။ ဈေးနှုန်းသည် ထင်ရှားသော အတက်အကျများမရှိပဲ ဖြေး‌ဖြေးမှန်မှန် မြင့်တက်လာရန် မျှော်လင့်ရပါသည်။

နှစ်

နှစ်လယ်၊ $

နှစ်ကုန်၊ $

၂၀၂၈

49.02

54.53

StockScan

၂၀၂၈ ခုနှစ်အတွင်းဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $20.54–$32.00 (၈.၂.၂၀၂၅ ရက်စွဲအထိ လေ့လာချက်များအရ)။

StockScan သည် VZ နှုန်းထားတွင် သင့်တင့်သော မတည်ငြိမ်မှုတခုကို ကြိုတင်မှန်းဆထားပါသည်။ ပျမ်းမျှဈေးနှုန်းသည် $24.09 နှင့် $27.31 ကြားတွင် ပြောင်းလဲနေရန် မျှော်လင့်ရပါသည်။ မျှော်မှန်းထားသော ကျဆင်းမှုသည် ဈေးကွက်၏မရေရာမှုနှင့် ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်မှုများအားနည်းလာခြင်းတို့မှ ဆင်းသက်လာနိုင်ပါသည်။

ပျမ်းမျှ၊ $

အနည်းဆုံး၊ $

အများဆုံး၊ $

ဇန်နဝါရီ

27.31

27.16

32.00

ဖေဖော်ဝါရီ

24.05

24.03

28.89

မတ်

23.54

20.69

25.95

ဧပြီ

25.27

22.99

25.61

မေ

24.75

22.92

25.52

ဇွန်

26.42

24.68

28.96

ဇူလိုင်

26.50

24.84

31.16

ဩဂုတ်

23.26

23.00

27.09

စက်တင်ဘာ

26.14

22.76

26.90

အောက်တိုဘာ

24.56

23.28

26.37

နိုဝင်ဘာ

21.40

20.54

24.65

ဒီဇင်ဘာ

24.09

21.17

24.15

၂၀၂၉ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ VZ ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

၂၀၂၉ ခုနှစ်အတွက် ခန့်မှန်းချက်များအရ၊ Verizon (VZ) စတော့သည် ဆက်လက်တိုးတက်ရန် အလားအလာများကို ပြသပါသည်။ မည်သို့ပင်ဖြစ်စေ၊ အရင်းခံစီးပွားရေးအခြေအနေများနှင့် ယှဉ်ပြိုင်မှုများ၏ သက်ရောက်မှုသည် အရေးပါသော အကြောင်းအရာတခု ဖြစ်နေဆဲဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများသည် ကုမ္ပဏီ၏ ရပ်တည်မှု ပိုမိုခိုင်မာလာစေရန် မျှော်မှန်းကြသည်။ သို့သော် ၎င်းသည် telecom ဝန်ဆောင်မှုများအတွက် ဝယ်လိုအားနှင့် ၎င်း၏ းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဗျူဟာကို လိုက်နာအကောင်အထည်ဖော်မှုအပေါ် မူတည်ပါသည်။

Markettalkz

၂၀၂၉ ခုနှစ်အတွင်းဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $70.78–$89.08 (၈.၂.၂၀၂၅ ရက်စွဲအထိ လေ့လာချက်များအရ)။

Markettalkz သည် အနည်းဆုံးဈေးနှုန်းပစ်မှတ်အား $70.78 အထိ တိုးတက်လာရန် ခန့်မှန်း၍ Verizon အတွက် အပြုသဘောဆောင်သော ရှုမြင်ချက်တရပ်ကို မျှဝေပါသည်။ ဤတ်ိုးတက်မှုအလားအလာအတွက် အရေးပါသော အကြောင်းအရာများတွင် မိုးဘိုင်းစက်ပစ္စည်းများအတွက် ဆက်တိုက်ဆန်းသစ်တီထွင်မှုများ၊ ကုမ္ပဏီလုပ်ငန်းများအတွက် နည်းပညာဖြေရှင်းချက်များနှင့် Verizon မီဒီယာ၏ ချဲ့ထွင်မှုတို့ ပါဝင်ပါသည်။ 

နှစ်

အနည်း‌ဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

၂၀၂၉

70.78

74.23

89.08

Coin Price Forecast

၂၀၂၉ ခုနှစ်အတွင်းဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $55.36–$56.95 (၈.၂.၂၀၂၅ ရက်စွဲအထိ လေ့လာချက်များအရ)။

Coin Price Forecast သည် Verizon ရှယ်ယာများအတွက် ၂၀၂၉ နှစ်လယ်တွင် $55.36 ပစ်မှတ်ဖြင့် ပို၍ သတိကြီးသော ရှုမြင်ချက်တရပ်ကို ကမ်းလှမ်းပါသည်။ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များသည် ကုမ္ပဏီ၏ ဈေးကွက်အနေအထားတွင် ရုတ်တရက်အတက်၊အကျများပေါ်ပေါက်ခြင်းမရှိပဲ၊ တည်ငြိမ်သောတိုးတက်မှုတခုကို တွေ့မြင်ရန် မျှော်မှန်းထားပါသည်။

နှစ်

နှစ်လယ်၊ $

နှစ်ကုန်၊ $

၂၀၂၉

55.36

56.95

StockScan

၂၀၂၉ ခုနှစ်အတွင်းဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $17.33–$31.17 (၈.၂.၂၀၂၅ ရက်စွဲအထိ လေ့လာချက်များအရ)။

StockScan ရှိ ကျွမ်းကျင်သူများ၏ အဆိုအရ၊ VZ ဈေးကွက်တွင် မြင့်မားသော မတည်ငြိမ်မှုနှင့် ကြုံတွေ့ရနိုင်ပါသည်။ ဇန်နဝါရီလတွင် ပျမ်းမျှဈေးနှုန်းသည် $21.07 ၌ ရပ်တည်‌နေပါမည်။ ဩဂုတ်လတွင် ၎င်းသည် $29.90 သို့ တိုးတက်လာမည်ဟု မျှော်လင့်ရသည်။ သို့သော် ဒီဇင်ဘာလတွင် ဈေးနှုန်းသည် $21.61 သို့ ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားပါသည်။ ဤခန့်မှန်းချက်သည် Verizon တွင် ဝန်းရံနေသော မရေရာမှုများကို ထင်ဟပ်ပြသနေပြီး၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကာလတိုကျဆင်းမှုများ၏ ဆုံးရှုံးနိုင်ခြေကို ထည့်သွင်းစဉ်းစားသင့်ပါသည်။

ပျမ်းမျှ၊ $

အနည်းဆုံး၊ $

အများဆုံး၊ $

ဇန်နဝါရီ

21.07

18.20

24.60

ဖေဖော်ဝါရီ

20.41

19.21

21.31

မတ်

20.93

20.34

22.25

ဧပြီ

17.88

17.33

21.13

မေ

23.01

17.85

23.66

ဇွန်

25.96

22.73

25.99

ဇူလိုင်

25.15

23.88

26.28

ဩဂုတ်

29.90

25.05

30.76

စက်တင်ဘာ

28.28

26.84

30.28

အောက်တိုဘာ

28.08

26.83

28.63

နိုဝင်ဘာ

28.28

27.25

31.17

ဒီဇင်ဘာ

21.61

20.76

29.44

၂၀၃၀ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ VZ ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

၂၀၃၀ ခုနှစ်အတွက် ခန့်မှန်းချက်များသည် VZ ၏ ရေရှည်တည်မြဲသောတိုးတက်မှုကို ညွှန်ပြနေကြပါသည်။ သို့သော် တိုးတက်မှုနှုန်းသည် မရေရာသောအချက်တခု အဖြစ်ကျန်ရှိနေဆဲဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများသည် နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများ၊ စီးပွားရေးလုပ်ငန်းများမှဝယ်လိုအားနှင့် အထွေထွေစီးပွားရေးအခြေအနေများ အပါအဝင် အကြောင်းအရာများစွာကို ထည့်သွင်းစ‌ဉ်းစားကြပါသည်။

Markettalkz

၂၀၃၀ ခုနှစ်အတွင်းဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $80.00–$100.66 (၈.၂.၂၀၂၅ ရက်စွဲအထိ လေ့လာချက်များအရ)။

Markettalkz ၏ အဆိုအရ၊ Verizon ရှယ်ယာများသည် $100.66 သို့ ရောက်ရှိရန် အလားအလာရှိပါသည်။ ဤတိုးတက်မှုကို ဖြစ်ပေါ်လာစေသော အဓိကအကြောင်းရင်းများတွင် 5G နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ fiber-optic ဆက်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းသုံးဖြေရှင်းချက်များအတွက် ကုမ္ပဏီများထံမှ တိုးတက်လာသော ဝယ်လိုအား စသည်တို့ပါဝင်ပါသည်။

နှစ်

အနည်း‌ဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

၂၀၃၀

80.00

83.88

100.66

Coin Price Forecast

၂၀၃၀ ခုနှစ်အတွင်းဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $60.92–$62.48 (၈.၂.၂၀၂၅ ရက်စွဲအထိ လေ့လာချက်များအရ)။

Coin Price Forecast သည် ပိုမိုစိစစ်သော ရှု‌မြင်ချက်တရပ်ကို မျှဝေပါသည်။ Verizon ရှယ်ယာများသည် ၂၀၃၀ နှစ်လယ်တွင် $60.92 သို့ ရောက်ရှိနိုင်သည်ဟု ကြိုတင်သုံးသပ်ထားပြီး၊ ပညာရှင်များသည် ပုံမှန်တိုးတက်နှုန်းတခုကို မျှော်မှန်းကြပါသည်။

နှစ်

နှစ်လယ်၊ $

နှစ်ကုန်၊ $

၂၀၃၀

60.92

62.48

StockScan

၂၀၃၀ ခုနှစ်အတွင်းဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $15.52–$28.30 (၈.၂.၂၀၂၅ ရက်စွဲအထိ လေ့လာချက်များအရ)။

StockScan သည် VZ စတော့အား မြင့်မားသောမတည်ငြိမ်မှုဖြင့် ကြုံတွေ့ရရန် မျှော်လင့်ထားပါသည်။ ဇန်နဝါရီလတွင် ပျမ်းမျှဈေးနှုန်းသည် $23.32 ၌ ရပ်တည်နိုင်ပြီး၊ ဩဂုတ်လတွင် $28.12 သို့ မြင့်တက်လာနိုင်ပါသည်။ သို့သော် ဒီဇင်ဘာလတွင် $21.07 သို့ ကျဆင်းသွားမည်ဟု ၎င်းတို့မှ ခန့်မှန်းချက်ထုတ်ပါသည်။ 

ပျမ်းမျှ၊ $

အနည်းဆုံး၊ $

အများဆုံး၊ $

ဇန်နဝါရီ

23.32

19.20

25.44

ဖေဖော်ဝါရီ

22.38

21.42

23.74

မတ်

20.91

19.79

23.00

ဧပြီ

23.62

19.81

23.85

မေ

26.07

23.12

26.60

ဇွန်

26.10

23.71

27.11

ဇူလိုင်

25.71

24.74

27.20

ဩဂုတ်

28.12

25.14

28.22

စက်တင်ဘာ

25.33

25.07

28.30

အောက်တိုဘာ

24.86

24.07

27.38

နိုဝင်ဘာ

19.61

17.36

25.31

ဒီဇင်ဘာ

21.07

15.52

22.57

ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ ၂၀၅၀ ခုနှစ်အထိ VZ ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

ဘဏ္ဍာရေးကျွမ်းကျင်သူများသည် Verizon (VZ) စတော့အတွက် ကာလရှည်အလားအလာအပေါ် မြင့်မားသော မတည်ငြိမ်မှုဒီဂရီဖြင့် ရှုမြင်ကြပါသည်။ နည်းပညာဆိုင်ရာလမ်းကြောင်းများ၊ ဈေးကွက်ယှဉ်ပြိုင်မှုနှင့် အရင်းခံစီးပွားရေးအခြေအနေများ၏ သက်ရောက်မှုများအပါအဝင် ဖြစ်နိုင်ခြေများစွာကို ထည့်သွင်းစဉ်းစားရပါသည်။

Markettalkz ၏ အဆိုအရ၊ Verizon စ‌တော့သည် ၂၀၃၀ တွင် $83.88 သို့ ရောက်ရှိနိုင်ပါသည်။ ထို့နောက် ၂၀၃၅ တွင် $150.44 သို့ မြင့်တက်လာပြီး၊ ၂၀၄၀ တွင် $279.61 သို့ ရောက်ရှိနိုင်ပါသည်။ ၂၀၅၀ တွင် telecommunications နယ်ပယ်၏ တိုးတက်လာမှုများနှင့် စီးပွားရေးလုပ်ငန်းများထံမှ မြင့်မားလာသော ဝယ်လိုအားများ၏ မောင်းနှင်မှုဖြင့် $1,155.88 သို့ သိသိသာသာတိုးတက်မြင့်မားလာမည်ဟု မျှော်လင့်ရပါသည်။ 

Paisakit သည် ပိုမိုချင့်ချိန်စွာဖြင့် ခန့်မှန်းချက်များ ထုတ်ပေးထားပြီး၊ ၂၀၃၀ တွင် $65.77 နှင့် ၂၀၄၀ တွင် $115.56 ဈေးနှုန်းများကို အသီးသီး ခန့်မှန်းထားပါသည်။ ၂၀၅၀ တွင် စတော့သည် $210.23 အထိ ရောက်ရှိနိုင်ပြီး၊ ဤခန့်မှန်းချက်တွင် ကုမ္ပဏီ၏‌ ဖြေးဖြေးမှန်မှန်တိုးတက်မှုနှင့် တည်ငြိမ်သောဖွံ့ဖြိုးတိုးတက်မှုများ ထင်ဟပ်နေပါသည်။

အခြားတဖက်တွင်၊ StockScan သည် သိသာထင်ရှားသော ကျဆင်းမှုတခုကို ကြိုတင်မှန်းဆပါသည်။ VZ ၏ ဈေးနှုန်းသည် ၂၀၃၀ တွင် $25.44 သို့ ကျဆင်းကာ၊ ၂၀၃၅ တွင် $12.09 သို့ ထပ်မံနိမ့်ကျသွားနိုင်ပါသည်။ သို့သော် ၂၀၂၅ ခုနှစ်အတွင်း ဈေးနှုန်း ပြန်လည်တိုးတက်လာမည်ဟု ခန့်မှန်းထားပါသည်။

နှစ်

Markettalkz (ပျမ်းမျှ)၊ $

Paisakit (ပျမ်းမျှ)၊ $

StockScan (ပျမ်းမျှ)၊ $

၂၀၃၀

83.88

65.77

25.44

၂၀၃၅

150.44

-

12.09

၂၀၄၀

279.61

115.56

-

၂၀၅၀

1,155.88

210.23

18.89

ကာလရှည်ခန့်မှန်းချက်များသည် မရေရာမှုမြင့်မားပါသည်။ အကောင်းမြင်သော ယူဆချက်များသည် VZ ငွေလဲနှုန်းတွင် သိသာထင်ရှားသောတိုးတက်မှုကို မျှော်လင့်ကြပြီး၊ အစိုးရိမ်ကြီး‌သော ခန့်မှန်းချက်များသည် ကျဆင်းမှုတရပ်ကို ညွှန်ပြကြပါသည်။ အချိန်အခါအလိုက် သက်ဆိုင်ရာရွေ့လျားမှုလမ်းကြောင်းသည် နည်းပညာဆိုင်ရာအဆင့်မြှင့်တင်မှုများ၊ telecommunications နယ်ပယ်တွင်း ဆင့်ကဲပြောင်းလဲမှုများနှင့် အရင်းခံစီးပွားရေးအခြေအနေများ၏ လွှမ်းမိုးမှုကို ခံစားရမည်ဖြစ်သည်။

ဆိုရှယ်မီဒီယာပေါ်တွင် VZ (Verizon) အတွက် ဈေးကွက်အလေးသာမှု

မီဒီယာသဘောထားတိုင်းတာချက်သည် စတော့တခုတွင် ရင်းနှီးမြှုပ်နှံသူများ၏ ထင်မြင်ယူဆချက်များအပေါ် သိသာထင်ရှားစွာ လွှမ်းမိုးထားပါသည်။ ဆိုရှယ်မီဒီယာပေါ်မှ အပြုသဘောဆောင်သော မျှဝေချက်များသည် ပိုင်ဆိုင်မှုတခုအတွက် ဝယ်လိုအားကို မြှင့်တင်ပေးနိုင်ပြီး၊ အနှုတ်သဘောဆောင်သောမျှဝေချက်များသည် အပြိုင်အဆိုင် ထုတ်ရောင်းမှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ Verizon ကဲ့သို့သော စတော့အမျိုးအစားတွင် ဆိုရှယ်မီဒီယာသဘောထားတိုင်းတာချက်သည် အဆိုးမြင်မှုအနည်းငယ်ရောထွေးနေသော်လည်း ပုံမှန်အားဖြင့် အပြုသဘောဆောင်ပါသည်။

m_means28 အမည်ဖြင့် အသုံးပြုသူသည် VZ ၏ တလတာနှင့် တပတ်တာဇယားများတွင် ပြောင်းပြန်ဖြစ်နေသော Head and Shoulders (IH&S) pattern ကို သတိပြုမိခဲ့ပြီး၊ အလားအလာရှိသော လမ်းကြောင်းအလှည့်အပြောင်းနှင့် နောက်ဆက်တွဲ ဈေးနှုန်းတိုးတက်မှုတရပ်ကို အကြံပြုထားပါသည်။ ဝင်ငွေအစီရင်ခံစာများထွက်ပေါ်ပြီးနောက် ဈေးနှုန်းစုဖွဲ့သောကာလတခု ဖြစ်ပေါ်ပြီးချိန်တွင် swing trading ဗျူဟာကို အသုံးပြုခြင်းဖြင့် ဤစတော့အပေါ်တွင် အမြတ်အစွန်းများ ရှာဖွေနိုင်လိမ့်မည်ဟု အသုံးပြုသူမှ ယူဆထားပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်တွင် VZ (Verizon) အတွက် ဈေးကွက်အလေးသာမှု

အခြား ရင်းနှီးမြှုပ်နှံသူတဦးသည် Verizon အား ကာလရှည်ရင်းနှီးမြှုပ်နှံမှုများအတွက် အလားအလာကောင်းမွန်သော ပိုင်ဆိုင်မှုတခုအဖြစ် ရှုမြင်ထားပြီး၊ Nike နှင့် Pepsi ကဲ့သို့ ဩဇာကြီးမားသော ကုမ္ပဏီကြီးများဖြင့် နှိုင်းယှဉ်ထားပါသည်။ 

LiteFinance: ဆိုရှယ်မီဒီယာပေါ်တွင် VZ (Verizon) အတွက် ဈေးကွက်အလေးသာမှု

ရင်းနှီးမြှုပ်နှံသူများသည် အထူးသဖြင့် ကာလရှည်နည်းဗျူဟာများနှင့် ဈေးနှုန်းအတက်အကျအပေါ်ခန့်မှန်းလုပ်ဆောင်ရသော အရောင်းအဝယ်များအတွက် Verizon အား ဆွဲဆောင်မှုမြင့်မားသော ပိုင်ဆိုင်မှုတခုဖြစ်လာရန် မျှော်လင့်ကြပါသည်။ ကာလတို အတက်၊ အကျများကို မလွှဲမရှောင်သာ 

ကြုံတွေ့ရနိုင်သော်လည်း၊ လက်ရှိပေါ်ထွက်နေသော နည်းပညာဆိုင်ရာသရုပ်ပြပုံစံ(technology pattern) နှင့် တည်ငြိမ်သော ဘဏ္ဍာရေးရလာဒ်များသည် အလယ်အလတ်အကောင်းမြင်မှုကို အထောက်အပံ့ပေးပါသည်။ 

VZ ဈေးနှုန်းရာဇဝင်

Verizon (VZ)သည် ၎င်း၏ ကာလတလျှောက်အမြင့်ဆုံးတန်ဖိုးဖြစ်သော $62.5 သို့ ၀၄.၁၀.၁၉၉၉ တွင် ရောက်ရှိခဲ့ပါသည်။ 

၂၇.၁၂.၁၉၈၃ တွင် စတော့ဈေးနှုန်း $7.32 သို့ ကျဆင်းခဲ့ပြီး၊ ၎င်းကို Verizon (VZ) ၏ ကာလတလျှောက်အနိမ့်ဆုံးဈေးနှုန်းအဖြစ် မှတ်တမ်းတင်ထားခဲ့သည်။ 

အောက်ပါဇယားသည် လွန်ခဲ့သည့် ဆယ်နှစ်တာကာလတလျှောက် #VZ ၏ စွမ်းဆောင်ရည်ကို ပြသပါသည်။ ဤချိတ်ဆက်မှုတွင်၊ ခန့်မှန်းချက်များကို တိကျသထက် တိကျမှုရှိစေရန် သမိုင်းအချက်အလက်များကို အကဲဖြတ်ခြင်းသည် အရေးကြီးပါသည်။

Verizon ၏ ဈေးနှုန်းသမိုင်းကြောင်းသည် အများပိုင်အဖြစ် စတင်ကမ်းလှမ်းခဲ့သော(IPO)ကာလဖြစ်သည့် ၁၉၉၃ ခုနှစ်မှ ယနေ့အချိန်ထိ ကုမ္ပဏီ၏တိုးတက်မှုနှင့် ၎င်း၏စတော့ဈေးနှုန်းအပေါ် စီးပွားရေးအခြေအနေများ၏ သက်ရောက်မှုတို့ကို အထင်အရှား ဖော်ပြပါသည်။ ကုမ္ပဏီ၏ ကာလရှည်တိုးတက်မှုသည် telecommunications ဈေးကွက်၏ ချဲ့ထွင်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုများအပေါ် အခြေခံပါသည်။

LiteFinance: VZ ဈေးနှုန်းရာဇဝင်

၂၀၀၀ ပြည့်နှစ်အစောပိုင်းတွင် Verizon ၏လုပ်ငန်းမူဝါဒသည် တက်ကြွစွာချဲ့ထွင်ခြင်းအပေါ် အဓိကအာရုံစိုက်ပါသည်။ ထိုသို့အားထုတ်မှုများတွင် MCI အား ၎င်း၏လက်အောက်သို့ ဝယ်ယူသိမ်းသွင်းခြင်းနှင့် ၎င်း၏မိုဘိုင်းကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေခြင်းများ အပါအဝင်ဖြစ်သည်။ သို့သော် dot-com boom ဖြစ်စဉ်နောက်ပိုင်း telecommunications ဈေးကွက်တခုလုံး ကျဆင်းမှုကြောင့် ကုမ္ပဏီ၏စတော့ရှယ်ယာ တန်ဖိုးလည်း ကျဆင်းခဲ့ပါသည်။ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းသည် သိသာထင်ရှားသော စွမ်းဆောင်ရည်ကျဆင်းမှုကို ဖြစ်စေခဲ့သော်လည်း၊ ထိုဖြစ်ရပ်၏နောက်ပိုင်းတွင် 4G နည်းပညာ မိတ်ဆက်မှုနှင့် အင်တာနက်ဝန်ဆောင်မှုများ တိုးချဲ့မှုတို့သည် ကုမ္ပဏီ၏အနေအထား ပြန်လည်ကောင်းမွန်လာစေရန် ထိန်းသိမ်းပေးခဲ့ပါသည်။

Verizon ၏ စတော့သည် 5G ကွန်ယက်များတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ယှဉ်ပြိုင်မှုဖိအားများ၏ မောင်းနှင်မှုဖြင့် မကြာသေးမီနှစ်များအတွင်း သတိပြုရလောက်သော အတက်၊အကျများကို ပြသခဲ့သည်။ ၂၀၂၀ ကပ်ရောဂါကာလအတွင်း၊ VZ ဈေးကွက်သည် သိသာထင်ရှားသော ဖိအားများဖြင့် ရင်ဆိုင်ခဲ့ရသည်။ သို့ရာတွင်၊ အင်တာနက်ဝန်ဆောင်မှုများအတွက် ဝယ်လိုအား မြင့်တက်လာခြင်းသည် ကုမ္ပဏီ၏ ခံနိုင်ရည်ကို တိုးမြှင့်ပေးခဲ့သည်။ ‌ဇယားပေါ်တွင် ယာယီဆုတ်ယုတ်မှုများရှိသော်လည်း၊ Verizon သည် ကောင်းမွန်တည်ငြိမ်သော ကာလရှည်ရင်းနှီးမြှုပ်နှံမှုတခုအဖြစ် ထင်ရှားပေါ်လွင်နေပါသည်။

VZ ရှယ်ယာများ၏ အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်

Verizon (#VZ) ၏ အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်သည် ရင်းနှီးမြှုပ်နှံသူများအား ကုမ္ပဏီ၏ ကာလရှည်အလားအလာများကို အကဲဖြတ်နိုင်စေရန် ခွင့်ပြုပေးပါသည်။ စတော့ဈေးနှုန်းအပေါ်တွင် အရင်းခံစီးပွားရေးအခြေအနေများသာမက၊ ကုမ္ပဏီ၏ ဘဏ္ဍာရေးစာရင်းရှင်းတမ်းများကလည်း လွှမ်းမိုးထားပါသည်။ မည်သို့ပင်ဖြစ်စေ၊ ကုမ္ပဏီသည် မြင့်မား‌သောာယှဉ်ပြိုင်မှု၊ နည်းပညာဆိုင်ရာအပြောင်းအလဲများနှင့် စည်းမျဉ်းစည်းကမ်းအတားအဆီးများအပေါ် အလွယ်တကူ တုံ့ပြန်လေ့ရှိကာ၊ ဤအချက်သည် တိုးတက်မှုလမ်းကြောင်းကို နှောက်ယှက်ဟန့်တားနိုင်ပါသည်။ 

What Factors Affect the VZ စတော့အပေါ် မည်သည့်အကြောင်းအရာများက လွှမ်းမိုးထားသနည်း။

  • ဘဏ္ဍာရေးညွှန်ပြချက်များ - ဝင်ငွေများ၊ အမြတ်ရရှိနှုန်း၊ အမြတ်အစွန်းများ၊ အမြတ်ဝေစုပေးချေမှုများ၊ လုပ်ငန်းလည်ပတ်မှုစရိတ်စကများ။

  • နည်းပညာဆိုင်ရာအောင်မြင်မှုများ - 5G ကွန်ယက်မိတ်ဆက်မှု၊ fiber-optic ကွန်ယက်များ ဖွံ့ဖြိုးတိုးတက်မှုနှင့် loT တွင် ရင်းနှီးမြှုပ်နှံမှုများ။

  • ယှဉ်ပြိုင်မှု - AT&T၊ T-Mobile နှင့် အခြားဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများနှင့် ယှဉ်ပြိုင်ရခြင်းသည် ဆက်သွယ်‌ရေး ဝန်ဆောင်မှုဈေးနှုန်းများအပေါ် သက်ရောက်မှုရှိစေပါသည်။

  • အရင်းခံစီးပွားရေးအခြေအနေများ - ငွေကြေးဖောင်းပွမှုနှုန်းထားများ၊ အတိုးနှုန်းများ၊ စီးပွားရေးတိုးတက်မှုနှုန်း။

  • စည်းမျဉ်းစည်းကမ်းဖွံ့ဖြိုးတိုးတက်မှုများ - တရားရေးကိစ္စရပ်များ၊၊ ခွင့်ပြုမိန့်ဆိုင်ရာကိစ္စရပ်များ၊ ယုံကြည်ကိုးစားမှုဆိုင်ရာဥပဒေပြဌာန်းချက်များ။

  • ရင်းနှီးမြှုပ်နှံမှုများနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ - စီးပွားရေးလုပ်ငန်းများ တိုးချဲ့ခြင်း၊ လုပ်ငန်းအသစ်များကို ဝယ်ယူခြင်း။

  • ဈေးကွက်လမ်းကြောင်းများနှင့် ဝယ်လိုအား - မိုဘိုင်းလ်ဝန်ဆောင်မှုများ၏ ရေပန်းစားမှု၊ အင်တာနက်ဝန်ဆောင်မှုများ၊ cloud ဖြေရှင်းချက်များ။

  • မီဒီယာသဘောထားတိုင်းတာချက် - ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုအပေါ် သတင်းများနှင့် အစီရင်ခံစာများ၏ သက်ရောက်မှု၊ ဝင်ငွေအစီရင်ခံစာများ။

  • ကြေးမြီတာဝန် - ကုမ္ပဏီကြွေးမြီများ၏ ပမာဏအတိုင်းအတာနှင့် ၎င်းတို့အတွက် စီမံခန့်ခွဲမှုနည်းဗျူဟာ။

  • အမြတ်ဝေစုမူဝါဒ - တည်ငြိမ်သောအမြတ်ဝေစုပေးချေမှုများသည် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ပါသည်။

  • ကုမ္ပဏီ၏ အခြေခံဖွဲ့စည်းမှုတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများအပေါ်မှ ပြန်လည်ရရှိသော အကျိုးအမြတ်။

VZ အကြောင်း နောက်ထပ်အချက်အလက်များ

Verizon Communications Inc. (VZ) သည် အမေရိကန်ပြည်ထောင်စုရှိ ထိပ်တန်းဆက်သွယ်ရေးကုမ္ပဏီများမှ တခုဖြစ်ပါသည်။ သမိုင်းကို ပြန်လည်ဆန်းစစ်ရသော်၊ ၎င်းကို ၁၉၈၃ ခုနှစ်တွင် Bell Atlantic အမည်ဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၀ ခုနှစ်တွင် GTE Corporation ဖြင့် လုပ်ငန်းချင်းပေါင်းစည်းခဲ့ပြီးနောက် ကုမ္ပဏီသည် လက်ရှိအမည်ကို ခံယူခဲ့သည်။ Verizon သည် မိုဘိုင်းလ်ဖုန်း၊ ကြိုးဖုန်း၊ အင်တာနက်နှင့် ဒစ်ဂျစ်တယ်ဖြေရှင်းချက်များအပါအဝင် စုံလင်သော ဆက်သွယ်ရေးနည်းလမ်းများစွာကို ဝန်ဆောင်မှုပေးပါသည်။

ကုမ္ပဏီသည် 5G ကွန်ယက်များနှင့် fiber-optic အခြေခံအစိတ်အပိုင်းများကို အဓိကအာရုံစိုက်ပြီး၊ telecommunications နည်းပညာနယ်ပယ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပါသည်။ မကြာသေးမီနှစ်များအတွင်း၊ Verizon သည် cloud ဝန်ဆောင်မှုများ၊ Internet of Things - အင်တာနက်ချိတ်ဆက်မှုကိရိယာများ(IoT)၊ ဆိုင်ဘာလုံခြုံရေး စသည့်ကဏ္ဍများတွင် ကြီးမားသောရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။

ကုမ္ပဏီ၏ ပင်မစီးပွားရေးလုပ်ငန်းများတွင် ကုမ္ပဏီလုပ်ငန်းများအတွက် နည်းပညာဝန်ဆောင်မှုပေးခြင်း၊ ကြိုးမဲ့အင်တာနက်ဝန်ဆောင်မှုများ၊ ဒစ်ဂျစ်တယ်ဖျော်ဖြေရေးနှင့် မိုဘိုင်းလ်အပ်ပလီကေးရှင်းများ ပါဝင်ပါသည်။ ၎င်းသည် မိသားစုနေထိုင်ရာအိမ်ရာများ၊ စီးပွားရေးလုပ်ငန်းစုကြီးများ၊ အစိုးရအဖွဲ့အစည်းများ၊ နည်းပညာကုမ္ပဏီအသစ်များ အစရှိသဖြင့် မတူညီသော အသုံးပြုသူအသိုင်းအဝိုင်းများကို ဝန်ဆောင်မှုပေးပါသည်။ ကုမ္ပဏီ၏ ဘဏ္ဍာရေးတည်ငြိမ်မှုနှင့် အမြတ်ဝေစုပေးချေမှုများအတွက် ဝန်ခံကတိပြုမှုသည် ကာလရှည်ရင်းနှီးမြှုပ်နှံသူများထံမှ အာရုံစိုက်မှုကို ရရှိစေပါသည်။

VZ တွင် ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ

Verizon Communications Inc. (VZ) တွင် ရင်းနှီးမြှုပ်နှံခြင်းသည် ကာလရှည်ရင်းနှီးမြှုပ်နှံသူများနှင့် အချိန်တိုအတွင်း အကျိုးအမြတ်ရှာ‌ဖွေသူများအတွက် ဆွဲဆောင်မှုရှိသော ရေရှည်မှန်ကန်သည့် ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါသည်။ ဤကုမ္ပဏီသည် ခိုင်မာသောလုပ်ငန်းပုံစံနှင့် ပုံမှန် အမြတ်ဝေစုပေးချေမှုများ ရှိသည့် သမိုင်းကြောင်းကို ပိုင်ဆိုင်ထားပါသည်။ သို့သော်၊ လုပ်ငန်းနယ်ပယ်တွင်းပြိုင်ဆိုင်မှုများနှင့် နည်းပညာဆိုင်ရာ ပြောင်းလဲမှုများကြောင့် တန်ဖိုးကျဆင်းနိုင်သော အလားအလာများလည်း ရှိပါသည်။

အားသာချက်များ

  • မြင့်မားသောအမြတ်ဝေစုနှုန်းထား - Verizon ၏ တည်ငြိမ်သော ဘဏ္ဍာရေးအခြေအနေကို ၎င်း၏ ပုံမှန်အမြတ်ဝေစုပေးချေမှုမှ သက်သေပြပါသည်။ ဤအချက်သည် တည်ငြိမ်သော ပုံမှန်အမြတ်အစွန်းများကို ရှာဖွေကြသော ရင်းနှီးမြှုပ်နှံသူများအတွက် နှစ်သက်စရာဖြစ်ပါသည်။

  • ဈေးကွက်အတွင်းခိုင်မာသောခြေကုပ်ယူမှု - အမေရိကန်တယ်လီကွန်မြူနီကေးရှင်းကဏ္ဍအတွင်း ကုမ္ပဏီ၏ ဈေးကွက်ဦးဆောင်မှုသည် ၎င်း၏ တိုးတက်မှုအတွက် အာမခံချက်ပေးပါသည်။

  • 5G နည်းပညာ - 5G ဖွံ့ဖြိုးတိုးတက်မှုတွင် Verizon ၏ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုသည် နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုအတွက် အာမခံချက်တခုကို ညွှန်ပြပြီး၊ ကုမ္ပဏီ၏ စတော့ဈေးနှုန်းကို မြှင့်တင်ပေးပါသည်။

  • ကာလရှည်သဘောတူစာချုပ်များ - ကုမ္ပဏီ၏ သစ္စာရှိသောအမာခံအသုံးပြုသူများနှင့် လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုရယူသူများနှင့် ချုပ်ဆိုထားသော ကာလရှည်သဘောတူစာချုပ်များသည် ကြိုတင်မှန်းဆနိုင်သော ငွေကြေးစီးဆင်းမှုများကို သေချာစေပြီး၊ ကုမ္ပဏီ၏ ဘဏ္ဍာရေးတည်ငြိမ်မှုကို ပံ့ပိုးပေးပါသည်။

  • ဝန်ဆောင်မှုများဖြန့်ကျက်ထားခြင်း - အင်တာနက်၊ ဒစ်ဂျစ်တယ်ဖြေရှင်းချက်များနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများအပါအဝင် မိုဘိုင်းလ်လုပ်ငန်းထက်ကျော်လွန်၍ Verizon ၏ အမျိုးအစားစုံလင်သော ဝန်ဆောင်မှုများသည် ဈေးကွက်အခြေအနေများအပေါ် ၎င်း၏ခံနိုင်ရည်ရှိမှုနှင့် အသုံးပြုသူဦးရေများကို တိုးတက်စေပါသည်။

  • နိမ့်ပါးသောမတည်ငြိမ်နှုန်း။ #VZ စတော့သည် မြန်ဆန်သောဈေးကွက်အတက်၊ အကျများတွင် ကြံ့ကြံ့ခံနိုင်စေရန် ခိုင်မာသော အနေအထားရှိပါသည်။

အားနည်းချက်များ

  • ကြီးလေးသောကြွေးမြီဝန်ထုပ်ဝန်ပိုး - ကုမ္ပဏီတွင် ‌များပြားသောကြွေးမြီပမာဏရှိပါသည်။ ၎င်းသည် ကွန်ယက်ဖွဲ့စည်းပုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်နွယ်ပါသည်။

  • ပြင်းထန်သောပြိုင်ဆိုင်မှု - AT&T နှင့် T-Mobile ကဲ့သို့သော ထင်ရှားသည့် ကုမ္ပဏီကြီးများနှင့် ယှဉ်ပြိုင်မှုသည် Verizon ၏ တိုးတက်မှုအလားအလာအပေါ် သက်ရောက်မှုရှိပါသည်။

  • စည်းမျဉ်းစည်းကမ်းအပြောင်းအလဲများ၏ သက်ရောက်မှု - Telecom လုပ်ငန်းကဏ္ဍသည် စည်းမျဉ်းစည်းကမ်းအပြောင်းအလဲများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရပြီး၊ ၎င်းသည် ဆုံးရှုံးမှုအလားအလာများကို ဖိတ်ခေါ်နိုင်ပါသည်။ 

  • နိမ့်ပါးသောတိုးတက်မှုနှုန်း။ ကုမ္ပဏီ၏ တိုးတက်မှုနှုန်းသည် အချို့သောနည်းပညာကုမ္ပဏီကြီးများနှင့် နှိုင်းယှဉ်ပါက ပို၍နှေးကွေးပါသည်။ ၎င်းသည် အားနည်းချက်တခု ဖြစ်နိုင်ပါသည်။

  • အရင်းအနှီးသုံးစွဲမှုများသော လုပ်ငန်း။ ကွန်ရက်များကို အဆက်မပြတ် ခေတ်မီတိုးတက်စေရေးအတွက် လိုအပ်သော ဘဏ္ဍာရေးဆိုင်ရာကတိကဝတ်များသည် အရေးကြီးပါသည်။

  • အရင်းခံစီးပွားရေးအခြေအနေများ - ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေသည် ငွေကြေးဖောင်းပွမှုနှင့် အတိုးနှုန်းများကဲ့သို့ ပိုမိုကျယ်ပြန့်သော အရင်းခံစီးပွားရေးအခြေအနေများအပေါ် တုံ့ပြန်လွယ်ပါသည်။ 

Verizon သည် အမြတ်ဝေစုပေးချေမှုများမှတဆင့် ကာလရှည်ရင်းနှီးမြှုပ်နှံသူများအတွက် ယုံကြည်စိတ်ချရသော ဝင်ငွေစီးကြောင်းတခုကို ဖန်တီးပေးပါသည်။ မည်သို့ပင်ဖြစ်စေ၊ ကုမ္ပဏီသည် မြင့်မား‌သောယှဉ်ပြိုင်မှု၊ ကြီးလေး‌သောကြွေးမြီတာဝန်နှင့် နှေးကွေးသောတိုးတက်နှုန်းအပါအဝင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဆုံးဖြတ်ချက်များပြုလုပ်ရာတွင် ဤအချက်များကို အလေးထား၍ ထည့်သွင်းစဉ်းစားသင့်ပါသည်။ 

ကျွန်ုပ်တို့၏ ခန့်မှန်းချက်တည်ဆောက်ပုံ

Verizon (VZ) စတော့ဈေးနှုန်းကို ခန့်မှန်းရာတွင်၊ ကျွန်ုပ်တို့သည် အခြေခံပိုင်း၊ နည်းပညာပိုင်းနှင့် ဈေးကွက်ခွဲခြမ်းစိတ်ဖြာမှုတို့ကို ပေါင်းစပ်ထားသော နည်းလမ်းကို အသုံးပြုပါသည်။

  • ကာလတိုခန့်မှန်းချက်များ (၆ လအထိ) သည် နည်းပညာဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု၊ သတင်းနောက်ခံနှင့် ဈေးကွက်အလေးသာမှုတို့အပေါ် အခြေခံ၍၊ ရွေ့လျားမှုပျမ်းမျှ(moving average)၊ support နှင့် resistance levels များ၊ ကုမ္ပဏီအစီရင်ခံစာများကဲ့သို့သော ‌အရေးပါသည့် ညွှန်ပြချက်များကို ထည့်သွင်းစဉ်းစားပါသည်။

  • ကာလအလယ်အလတ်ခန့်မှန်းချက်များ (၆ လမှ ၃ နှစ် အထိ) သည် နည်းပညာပိုင်းနှင့် စီးပွားရေးအခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံပြီး၊ လုပ်ငန်းဝင်ငွေ၊ ကြွေးမြီအခြေအနေ၊ လုပ်ငန်းတိုးတက်မှုနှုန်းနှင့် ဆန်းသစ်တီထွင်မှုများတွင် ရင်းနှီးမြှုပ်နှံသောပမာဏ အစရှိသော ကုမ္ပဏီ၏ ဘဏ္ဍာရေးညွှန်ပြချက်များသည် အရေးပါသော ထိုးထွင်းသိမြင်မှုကို ပေးစွမ်းပါသည်။

  • ကာလရှည်ခန့်မှန်းချက်များ (၃ နှစ်အထက်) တွင် Verizon ၏ မဟာဗျူဟာမြောက် တိုးတက်မှု၊ လုပ်ငန်းနယ်ပယ်တွင်း ၎င်း၏ ရပ်တည်မှု၊ ဒစ်ဂျစ်တယ်ကဏ္ဍတိုးတက်ပြောင်းလဲမှုများနှင့်အတူ ငွေကြေးဖောင်းပွမှု၊ အတိုးနှုန်းများ၊ နည်းပညာအဆင့်အတန်း ပိုမိုမြင့်မားလာမှု အစရှိသည့် အရင်းခံအကြောင်းအရာများ၏ သက်ရောက်မှုတို့ကို အပြည့်အဝ လေ့လာအကဲဖြတ်ခြင်း ပါဝင်ပါသည်။

ဤနည်းလမ်းတွင် Verizon စတော့အပေါ် လွှမ်းမိုးသက်ရောက်သော လက်ရှိဈေးကွက်လမ်းကြောင်းများနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ထည့်သွင်းစဉ်းစားပါသည်။

အနှစ်ချုပ် - VZ သည် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်ပါသလား။

Verizon ရှယ်ယာများကို ကာလရှည်ရင်းနှီးမြှုပ်နှံသူများ၊ အထူးသဖြင့် အမြတ်ဝေစုပုံမှန်ရရှိလိုသူများအတွက် တည်ငြိမ်သော ပိုင်ဆိုင်မှုတခုအဖြစ် ယူဆနိုင်ပါသည်။ ကုမ္ပဏီသည် ၎င်း၏ နယ်ပယ်အတွင်း ခိုင်မာသောရပ်တည်မှုရှိကာ၊ နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်မှုများအတွက် အာမခံချက်ပေးစွမ်းသည့်အပြင်၊ တည်ငြိမ်သောဘဏ္ဍာရေးအခြေအနေကို ထိန်းသိမ်းထားပါသည်။ သို့ဖြစ်သော်လည်း၊ ၎င်း၏ တိုးတက်မှုအလားအလာမှာ အကန့်သတ်ရှိပါသည်။ ၎င်းသည် ပြင်းထန်သောယှဉ်ပြိုင်မှုများကို ကြုံတွေ့နေရပြီး၊ ကြီးလေးသောကြွေးမြီဝန်ထုပ်ဝန်ပိုးသည် ၎င်း၏ ရှယ်ယာဈေးနှုန်းကို အောက်သို့ကျဆင်းစေရန် ဖိအားပေးနိုင်ပါသည်။

လုံခြုံဘေးကင်းသောရင်းနှီးမြှုပ်နှံမှုဗျူဟာကို နှစ်လိုသဘောကျသော ရင်းနှီးမြှုပ်နှံသူများအတွက် Verizon သည် အလားအလာရှိသော ရွေးချယ်မှုတခုဖြစ်နိုင်ပါသည်။ သို့သော် မြင့်မားသော အမြတ်အစွန်းများကို မျှော်လင့်သူများအတွက် ဆိုပါက ပိုမိုတက်ကြွသော တိုးချဲ့မှုဗျူဟာကို လိုက်နာကျင့်သုံးသော ကုမ္ပဏီများသည် ပို၍သင့်တော်နိုင်ပါသည်။

Verizon ဈေးနှုန်းခန့်မှန်းချက် အမေး၊ အဖြေများ

၁၄.၀၅.၂၀၂၆ တွင် VZ စတော့၏ လက်ရှိဈေးနှုန်းမှာ $47.15 ဖြစ်ပါသည်။

ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များသည် မတူကွဲပြားသော ပစ်မှတ်ဈေးနှုန်းများကို ပံ့ပိုးပေးကြပါသည်။ ကာလရှည် ခန့်မှန်းချက်များ ကွဲပြားကြသော်လည်း၊ ၂၀၂၅ တွင်၊ ဈေးနှုန်းရွေ့လျားမှု အကွာအဝေးကို $42 နှင့် $55 ကြားတွင် မျှော်လင့်ရပါသည်။ လက်တွေ့တွင် ဘဏ္ဍာရေးစွမ်းဆောင်ရည်၊ ဝန်ဆောင်မှုများအတွက် ဝယ်လိုအား၊ စီးပွားရေးအခြေအနေများနှင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်လမ်းကြောင်းများသည် နှုန်းထားအစစ်အမှန်ကို အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်သည်။

ဤအဖြေမှာ လူကြီးမင်း၏ နည်းဗျူဟာအပေါ်တွင် မူတည်ပါသည်။ တည်ငြိမ်သော ပုံမှန်အမြတ်ဝေစုများကြောင့် VZ ရှယ်ယာများသည် ကာလရှည်ရင်းနှီးမြှုပ်နှံခြင်းအတွက် သင့်တော်ပါသည်။ သို့သော် ကုမ္ပဏီ၏ တိုးတက်မှုတွင် အကန့်အသတ်ရှိပါသည်။ အကယ်၍ လူကြီးမင်း၏ ရည်မှန်းချက်မှာ မြင့်မားသော အမြတ်အစွန်းများဖြစ်ပါက၊ အခြားပိုင်ဆိုင်မှုအမျိုးအစားများကို ထည့်သွင်းစဉ်းစားရန် သင့်တော်ပါသည်။ မည်သို့ပင်ဆိုစေကာမူ၊ ကုန်သည်များအနေဖြင့် ဈေးနှုန်းအကူးအပြောင်းများအပေါ်တွင် အမြတ်အစွန်းများရှာဖွေနိုင်ပြီး၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ပုံမှန်အမြတ်ဝေစုများကို နှစ်သက်သဘောကျကြမည် ဖြစ်ပါသည်။

ခန့်မှန်းချက်များ အမျိုးမျိုး ကွဲပြားနေကြစဉ်၊ မျှော်လင့်ထားသော ဈေးနှုန်းရွေ့လျားမှုအကွာအဝေးမှာ $49–$62 ဖြစ်ပါသည်။ ခွဲခြမ်းစိတ်ဖြာသူများသည် 5G ကွန်ယက်ပိုမိုကျယ်ပြန့်လာခြင်းကြောင့် ဈေးနှုန်းတိုးတက်လာရန် မျှော်မှန်းကြသော်လည်း၊ စတော့၏ တိုးတက်မှုအလားအလာကို အကန့်အသတ်ဖြစ်စေနိုင်သော ယှဉ်ပြိုင်မှုများနှင့် ကြွေးမြီတာဝန်များကိုလည်း ချင့်ချိန်ထောက်ပြကြပါသည်။ စည်းမျဉ်းစည်းကမ်းအပြောင်းအလဲများနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလမ်းကြောင်းများသည်လည်း ဈေးနှုန်းအပေါ်သက်ရောက်မှုရှိနိုင်ပါသည်။

ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များသည် ကာလရှည်အတွက် သင့်တင့်သော တိုးတက်မှုတရပ်ကို ကြိုတင်ခန့်မှန်းကြပါသည်။ ကုမ္ပဏီ၏ ကာလရှည်နည်းဗျူဟာ၊ နည်းပညာသစ်များမိတ်ဆက်မှု၊ အရင်းခံစီးပွားရေးအခြေအနေများနှင့် telecom ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုမြင့်မားသော အခင်းအကျင်းတို့အပါအဝင် ဤစတော့အပေါ်လွှမ်းမိုးထားသော အရေးပါသည့်အခြေခံအချက်များနှင့်အတူ စတော့သည် $60 မှ $100 ကြား ဈေးနှုန်းအပိုင်းအခြားအတွင်း ရွေ့လျားနေနိုင်ပါသည်။

ကျွမ်းကျင်သူများသည် 5G နည်းပညာ အဆင့်မြှင့်တင်မှုများနှင့် ကော်ပိုရိတ်ဖြေရှင်းချက်များ ဖွံ့ဖြိုးတိုးတက်လာမှုတို့၏ ‌အထောက်အပံ့ဖြင့် $60 မှ $100 ကြား ဈေးနှုန်းအပိုင်းအခြားအတွင်း တိုးတက်သောလမ်းကြောင်းတခုကို မျှော်မှန်းကြပါသည်။ မည်သို့ပင်ဖြစ်စေ၊ ကြွေးမြီဝန်ထုပ်ဝန်ပိုး၊ ပြင်းထန်‌သော လုပ်ငန်းတူယှဉ်ပြိုင်မှုနှင့် လက်ရှိဖြစ်ပွားနေသော အရင်းခံစီးပွားရေးအခြေအနေများအရ ဆုံးရှုံးနိုင်ခြေများကိုလည်း ဂရုတစိုက် ထည့်သွင်းစဉ်းစားသင့်ပါသည်။

တည်ငြိမ်မှုနှင့် ပုံမှန်အမြတ်ဝေစုများကို ရှာဖွေကြသူများအတွက် Verizon စတော့သည် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုအမျိုးအစားတခု ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ကုမ္ပဏီ၏ တိုးတက်မှုအလားအလာမှာ ကျဉ်းမြောင်းပါသည်။ ကာလရှည်နည်းဗျူဟာများကို ဦးစားပေး အစီအစဉ်ချမှတ်သော ရင်းနှီးမြှုပ်နှံသူများအတွက် ဤအခွင့်အလမ်းကို သုံးသပ်ရာတွင် အမြတ်ဝေစုနှုန်းထားနှင့် ကုမ္ပဏီ၏ကြွေးမြီအတိုင်းအတာများကို အကဲဖြတ်တိုင်းတာရန် အထူးအရေးကြီးပါသည်။

Verizon သည် အမြတ်ဝေစုပုံမှန်ပေးချေသည့် ယုံကြည်စိတ်ချရသော ကုမ္ပဏီတခုဖြစ်ပြီး၊ ၎င်း၏ အမြတ်ဝေစုနှုန်းထားသည် ဈေးကွက်ပျမ်းမျှခြင်းထက် အမြဲလိုလို ကျော်လွန်လေ့ရှိပါသည်။ ဤအချက်သည် ကိုယ်တိုင်အလုပ်မလုပ်ပဲ ဝင်ငွေရရှိမည့်နည်းလမ်းကို ရှာဖွေကြသော ရင်းနှီးမြှုပ်နှံသူများအကြား ဆွဲဆောင်မှုတခု ဖြစ်ပါသည်။ ကာလရှည်ရှယ်ယာကိုင်ဆောင်ထားသူများသည် ပုံမှန်ဝင်ငွလမ်းကြောင်းတခုမှ အကျိုးကျေးဇူးခံစားနိုင်မည်ဖြစ်သည်။

လက်တွေ့ဈေးကွက်အချိန်ရှိ VZ ၏စျေးနှုန်းဇယား

2026၊ 2027၊ 2028–2030 နှင့်နောက်ပိုင်းအတွက် Verizon ဈေးနှုန်းခန့်မှန်းချက်နှင့် ကြိုတင်သုံးသပ်ချက်များ

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat