737 MAX ပဋိပက္ခကြောင့် ဖြစ်ပွားခဲ့ရသော စိန်ခေါ်မှုများ၊ ပထဝီနိုင်ငံရေးမတည်ငြိမ်မှု နှင့် ကမ္ဘာ့လေကြောင်း ခရီးသွားလာမှု၏ ဖွံ့ဖြိုးပြောင်းလဲမှု အခြေအနေတို့ ရှိသော်လည်း Boeing စတော့ရှယ်ယာသည် ကမ္ဘာတဝှမ်းရှိ ရင်းနှီးမြှုပ်နှံသူများအတွက် စွဲမက်ဖွယ်ကောင်းသည့် ရင်းနှီးမြှုပ်နှံမှုအလားအလာတစ်ခုအဖြစ် ကိုယ်စားပြုလျက်ရှိပါသည်။ ဤဖြစ်ရပ်ကို ဆက်စပ်စဥ်းစားကြည့်ရာတွင် မေးခွန်းတစ်ခုပေါ်ပေါက်လာပါသည်၊ လာမည့်နှစ်များအတွင်း Boeing အတွက် မည်သည်တို့ဖြစ်လာပါမည်နည်း။ 

ဤဆောင်းပါးတွင် အဓိကအထွေထွေစီးပွားရေး အကြောင်းအချက်များ၊ ယှဥ်ပြိုင်ရသော အခြေအနေ နှင့် နည်းပညာဆိုင်ရာ ထိုးဖောက်ကျော်လွှားမှုများကို ထည့်သွင်းတွက်ဆ၍ ကုမ္ပဏီစတော့ရှယ်ယာအပေါ် နက်ရှိုင်းစွာ အသေးစိတ် စိစစ်သုံးသပ်မှုတစ်ရပ်ကို ဖော်ပြပါမည်။ ၎င်းသည် BA ၏နှုန်းထား ခန့်မှန်းချက်များကိုလည်း အလေးပေးပြသပြီး စွန့်စားမှုများနှင့် ကုန်သွယ်ရေးအခွင့်အလမ်းများကို အကဲဖြတ်ပါမည်။ 

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


ပင်မကောက်နှုတ်ချက်များ 

  • လက်ရှိ Boeing စျေးနှုန်းမှာ ၁၆.၀၅.၂၀၂၆ အရ $220.52 ဖြစ်ပါသည်။ 

  • Boeing စျေးနှုန်းသည် ၀၁.၀၃.၂၀၁၉ တွင် ၎င်း၏စံချိန်တင်အမြင့်ဆုံး $440.62 သို့‌ရောက်ရှိခဲ့ပါသည်။ ထိုစတော့ရှယ်ယာ၏ စံချိန်တင်အနိမ့်ဆုံးတန်ဖိုး $0.38 ကို ၀၈.၀၁.၁၉၇၄ တွင် မှတ်တမ်းတင်ခဲ့ပါသည်။ 

  • စိစစ်လေ့လာသူအများစုသည် ခန့်မှန်းစျေးတန်းအပိုင်းအခြား $161.53 မှ $170.43 အထိဖြင့် ၂၀၂၅ ခုနှစ်အတွင်း Boeing ၏ စတော့ရှယ်ယာ စျေးနှုန်းကျဆင်းမှုကို မှန်းဆထားပါသည်။ အကောင်းဘက်ဆောင်သော ခန့်မှန်းချက်များသည် $257.00 အထိသို့ မြင့်တက်နိုင်ချေကို ညွှန်ပြပါသည်။ 

  • ၂၀၂၆ ခုနှစ်အတွက် ကြိုတင်ခန့်မှန်းချက်များသည် Boeing စတော့ရှယ်ယာများမှာ $199.11–$318.00 အထိသို့ တက်လာမည်ဟု ဖော်ပြပါသည်။ စိစစ်သုံးသပ်သူအချို့သည် $351.00 သို့ ထူးခြားအံ့ဖွယ်စျေးထိုးတက်မှုကို ကြိုတင်မှန်းဆထားကြပါသည်။ 

  • ကြိုတင်ခန့်မှန်းချက်များသည် ၂၀၂၇ နှင့် ၂၀၃၀ ခုနှစ်အကြားတွင် ရောထွေးနေသောပုံရိပ်ကို ပေးစွမ်းပါသည်။ ကျွမ်းကျင်ပညာရှင်များစွာသည် ထိုစတော့ရှယ်ယာ၏ $422.00 သို့တဟုန်ထိုး မြင့်တက်မှုကို တွက်ဆထားကြပြီး စိစစ်လေ့လာသူအချို့သည် $130.90–$143.87 အထိသို့ Boeing စျေးကျဆင်းမှုကို ခန့်မှန်းပါသည်။ 

  • ၂၀၄၀-၂၀၅၀ အတွက် ရေရှည်ကြိုတင်ခန့်မှန်းချက်များသည် အဓိကအားဖြင့် အပြုသဘောဆောင်ပြီး Boeing စတော့စျေးနှုန်းသည် အခြေခံအချက်များအပေါ်တွင် မူတည်ပါသည်။ စိစစ်သုံးသပ်သူများသည် ဆယ်စုနှစ်အတွင်း စတော့ရှယ်ယာစျေးနှုန်းအတွက် $454.90 မှ $846.47 အထိ အပိုင်းအခြားကို မျှော်မှန်းထားပြီး ပိုမိုအပြုသဘောဆောင် ခန့်မှန်းချက်များတွင် အဆိုပါစတော့ရှယ်ယာသည် $4,900.00 အထိ တဟုန်ထိုးတက်လာမည်ဟု ညွှန်းဆိုပါသည်။ 

Boeing (#BA) အချိန်နှင့်တပြေးညီ စျေးကွက်အနေအထား

Boeing စတော့မှာ ၁၆.၀၅.၂၀၂၆ အရ $220.52 ဖြင့် အ‌ရောင်းအဝယ်ဖြစ်နေပါသည်။ 

ရင်းနှီးမြှုပ်နှံများအနေဖြင့် အမြတ်ရရှိနိုင်သော ရင်းနှီးမြှုပ်နှံမှုများ သေချာစေရေးအတွက် Boeing စတော့၏ အောက်ပါအတိုင်းအတာများကို စောင့်ကြည့်လေ့လာရန် လွန်စွာအရေးကြီးပါသည်။ 

  • စျေးကွက်တန်ဖိုးသည် ကုမ္ပဏီတစ်ခု၏ အသားတင်တန်ဖိုးကို ဆုံးဖြတ်ရာတွင် အသုံးပြုသော အဓိကအတိုင်းအတာတစ်ခု ဖြစ်ပါသည်။ 

  • ထုတ်ဝေထားသော ရှယ်ယာအရေအတွက်သည် စျေးကွက်အတွင်း ရရှိနိုင်သော စုစုပေါင်း ရှယ်ယာအစောင်ရေကို ဖော်ပြပါသည်။ 

  • ရှယ်ယာတစ်စောင်မှ ရရှိငွေ (EPS) ကုမ္ပဏီတစ်ခု၏ ဘဏ္ဍာရေးစွမ်းဆောင်ချက်အတွက် အဖိုးထိုက်တန်သော ထိုးထွင်သိမြင်မှုများကို ပေးစွမ်းပါသည်။ 

  • စျေးနှုန်းနှင့် ဝင်ငွေများအချိုး (P/E) သည် စတော့ရှယ်ယာတစ်ခု၏ နှိုင်းရတန်ဖိုးကို ၎င်း၏ ဝင်ငွေနှင့် နှိုင်းယှဥ်အကဲဖြတ်ရာတွင် အသုံးပြုသည့် အရေးပါသော အတိုင်းအတာတစ်ခု ဖြစ်ပါသည်။ 

  • လစဥ်စျေးမတည်ငြိမ်မှုသည် ရက်ပေါင်း ၃၀ အတွင်း ပိုင်ဆိုင်မှုတစ်ခု၏ စျေးနှုန်းအတက်အကျများကို တိုင်းတာပေးခြင်း ဖြစ်ပါသည်။ 

အတိုင်းအတာ

တန်ဖိုး 

စျေးကွက်တန်ဖိုး 

$139.71 ဘီလီယံ

ထုတ်ဝေထားသော ရှယ်ယာများ 

750.07 မီလီယံ

စံချိန်တင်အမြင့်ဆုံး 

$440.62

ရှယ်ယာတစ်စောင်မှ ဝင်ငွေ (EPS)

-18.37

စျေးနှုန်းနှင့် ဝင်ငွေအချိုး (P/E) 

EPS အနှုတ်တန်ဖိုးကြောင့် N/A 

လစဥ်မတည်ငြိမ်မှု

21.32%

နည်းပညာဆိုင်ရာ စိစစ်သုံးသပ်မှုအပေါ် အခြေခံ၍ ၂၀၂၅ ခုနှစ်အတွက် Boeing စတော့ရှယ်ယာစျေးနှုန်း ကြိုတင်ခန့်မှန်းချက် 

ရေတိုနှင့် ရေရှည်ကာလစျေးနှုန်းပစ်မှတ်များကို ဆုံးဖြတ်ရန်အတွက် အပတ်စဥ်အချိန်ကာလပေါ်တွင် Boeing စတော့အတွက် နည်းပညာဆိုင်ရာစိစစ်သုံးသပ်ချက်တစ်ခုကို လုပ်ဆောင်ကြည့်ကြပါစို့။ 

LiteFinance: နည်းပညာဆိုင်ရာ စိစစ်သုံးသပ်မှုအပေါ် အခြေခံ၍ ၂၀၂၅ ခုနှစ်အတွက် Boeing စတော့ရှယ်ယာစျေးနှုန်း ကြိုတင်ခန့်မှန်းချက် 

၂၀၂၄ ခုနှစ် နိုဝင်ဘာလလယ်တွင် ထိုပိုင်ဆိုင်မှုသည် စျေးပြန်တက်လာမည့် အရိပ်အယောင်ကို ပြသခဲ့ပါသည်။ စျေးနှုန်းများသည် အကြီးစား Bull Flag pattern တစ်ခုကို ဖွဲ့စည်းခဲ့ပါသည်။ စျေးနှုန်းသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလလယ်၌ $174.76 တွင် pattern ၏ အပေါ်ပိုင်းနယ်နိမိတ်ကို ဖောက်ထွက်ခဲ့ပါသည်။ 

အထူးသဖြင့် Three White Soldiers chart pattern တစ်ခုသည် $138.24–$166.20 အပိုင်းအခြားတွင် ပေါ်ပေါက်လာခဲ့ပြီး ထိုနောက်ပိုင်းတွင် အထက်ဘက်သို့ ရှည်လျားသော အရိပ်ပါရှိသည့် Spike pattern တစ်ခု လိုက်ပါလာခဲ့သည်။ ထိုသည်မှာ စျေးကျဆင်းမည့်အရှိန်အဟုန် လျော့နည်းလာကြောင်း ညွှန်ပြပါသည်။ 

Tick ပမာဏတွင် ရုတ်ချည်းမြင့်တက်မှုသည်လည်း စျေးနှုန်းပြန်တက်လာမည့်အခြေအနေကို ပံ့ပိုးအားဖြည့်ပေးပါသည်။ ပင်မဝယ်လိုအားစျေးတန်း $138.24 အနီးတွင် ဝယ်ယူမှုများ ပိုမိုပေါ်ပေါက်လာခဲ့ပါသည်။ တချိန်တည်းမှာပင် MFI သည် အဝင်ငွေကြေးစီးဆင်းမှု တိုးပွားလာကြောင်း ပြသပါသည်။ 

RSI သည် 60 အထက်တွင် ရွေ့လျားနေပြီး ၎င်းသည် စျေးမြင့်တက်မည့်လမ်းကြောင်းတစ်ခုကိုလည်း ထောက်ပြပါသည်။ MACD တန်ဖိုးသည် အပေါင်းဇုန်အတွင်းသို့ ရေပြင်ညီအတိုင်း ဦးတည်သွားနေပြီး မြင့်တက်မှုလမ်းကြောင်းမှာ အားကောင်းခိုင်မာကြောင်း အတည်ပြုပေးပါသည်။ 

VWAP အညွှန်းနှင့် SMA20 သည် စျေးကွက်ပေါက်စျေးအောက်တွင် တည်ရှိပြီး ဝယ်ယူမှု ပြုလုပ်ရန်အတွက် အချက်ပြနေပါသည်။ 

ပိုင်ဆိုင်မှု၏တန်ဖိုးသည် လာမည့် ၁ လ မှ ၃ လအတွင်း ပင်မရောင်းလိုအား‌စျေးတန်း $196.86 ဆီသို့ တရှိန်ထိုး ဆက်လက်မြင့်တက်လာနိုင်ချေ ရှိပါသည်။ အကယ်၍ စျေးနှုန်းသည် ထိုပင်မစျေးတန်းအထက်တွင် အတည်တကျဖြစ်သွားပါက ၂၀၂၅ ခုနှစ်၌ $223.92–$278.03 အပိုင်းအခြားအထိသို့ တအိအိနှင့် တက်လာနိုင်ချေ ရှိပါမည်။ 

သို့သော် $196.86 စျေးတန်းတွင် သိသာသော ရောင်းချမှုများ ရှိပါက စျေးနှုန်းသည် ဝယ်လိုအားစျေးတန်း $166.20 အထိသို့ နိမ့်ဆင်းသွားနိုင်ပါသည်။ အကယ်၍ စျေးနှုန်းသည် ကုန်သွယ်မှုပမာဏ မြင့်တက်နေစဥ်အတွင်း ၎င်းစျေးတန်းကို ထိုးဖောက်ကျော်လွှားပါက ရင်းနှီးမြှုပ်နှံသူများသည် $138.24 နှင့် $90.45 အကြား ပစ်မှတ်များဖြင့် အရောင်းကုန်သွယ်မှုနေရာများကို ဖွင့်လှစ်ရန် စဥ်းစားနိုင်ပါသည်။ 

Boeing စတော့ခန့်မှန်းတန်ဖိုးများ 

အနည်းဆုံး , $

အများဆုံး , $

၂၀၂၅ မတ်

186.60

208.41

၂၀၂၆ ဧပြီ

194.88

212.93

၂၀၂၅ မေ

194.12

205.67

၂၀၂၅ ဇွန်

200.14

217.44

၂၀၂၅ ဇူလိုင်

215.93

229.47

၂၀၂၅ သြဂုတ်

219.69

233.98

၂၀၂၅ စက်တင်ဘာ

218.94

239.25

၂၀၂၅ အောက်တိုဘာ

235.49

254.29

၂၀၂၅ နိုဝင်ဘာ

240.00

258.05

၂၀၂၅ ဒီဇင်ဘာ

239.25

261.81

၂၀၂၆ ဇန်နဝါရီ

253.53

273.09

BA အတွက်ရေရှည်ကုန်သွယ်ရေးအစီအစဥ် 

နည်းပညာဆိုင်ရာအညွှန်းများနှင့် candlestick pattern များသည် ၂၀၂၅ ခုနှစ်အတွင်း BA စတော့အတွက် စျေးမြင့်တက်မည့်လမ်းကြောင်းတစ်ခုကို ညွှန်ပြထားပါသည်။ လက်ရှိနှစ်အတွက် ကုန်သွယ်ရေးအစီအစဥ်ကို စူးစမ်းရှာဖွေကြည့်ပါစို့။ 

  • အပတ်စဥ် chart ပေါ်တွင် စျေးနှုန်းသည် ကြီးမားသော Bull Flag pattern ၏ အပေါ်ပိုင်းနယ်နိမိတ်ကို ဖောက်ထွက်ခဲ့ပါသည်။ ရလဒ်အားဖြင့် စျေးတက်မည့်ပစ်မှတ်သည် $223.92 အနီးတွင် တည်ရှိပြီး ၎င်းကို Three White Soldiers pattern နှင့် Spike candlestick တို့ဖြင့် အတည်ပြုထားပါသည်။ ဤဖွဲ့စည်းမှုများသည် စျေးတက်မည့်ဖိအားများလာကြောင်း ညွှန်ပြပါသည်။ 

  • ထို့ပြင် နည်းပညာဆိုင်ရာအညွှန်းများတွင် ဝယ်ယူရန်အချက်ပြမှုများ ထွက်ပေါ်နေပါသည်။ Money Flow Index (MFI) သည် ပုံမှန်အဝင်ငွေကြေးစီးဆင်းမှုကို ညွှန်ပြပြီး Relative Strength Index (RSI) မှာမြင့်တက်နေကာ ထပ်မံတိုးပွားမှုအလားအလာကို ဖော်ပြနေပါသည်။ ထပ်မံ၍ VWAP နှင့် SMA2 မျဥ်းများသည် စျေးကွက်ပေါက်စျေးအောက် ရှိနေပြီး ဖြစ်နိုင်ချေရှိသော တိုးတက်မှုကို ပြသနေပါသည်။ 

  • အခြေခံဖြစ်နိုင်ခြေအခြေအနေတွင် ရေရှည်ရည်မှန်းပစ်မှတ်များကို $223.92 နှင့် $278.03 ကြားတွင် ထားရှိကာ $196.86 နှင့်နီးကပ်စွာ အဝယ်ကုန်သွယ်မှုနေရာများကို ဝယ်ယူနိုင်ကြောင်း ယူဆပါသည်။ 

  • အခြားဖြစ်နိုင်ချေတစ်ခုအရ ရေရှည်ကာလပစ်မှတ်များကို $138.24–$90.45 အပိုင်းအခြားအတွင်း နေရာချထားပြီး $166.20 အနီးတွင် အရောင်းကုန်သွယ်မှုများကို စတင်ဆောင်ရွက်နိုင်ကြောင်း အကြံပြုထားပါသည်။ 

၂၀၂၅ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ Boeing ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

စိစစ်လေ့လာသူများသည် ၂၀၂၅ ခုနှစ်အတွင်း Boeing စတော့၏ စွမ်းဆောင်ရည်အပေါ်၌ သဘောထားများ ကွဲလွဲနေကြပါသည်။ 

Long Forecast

၂၀၂၅ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $173.00–$278.00 (၁၇.၀၂.၂၀၂၅ အရ) ။

Long Forecast ပေါ်တယ်အရ BA တန်ဖိုးကို ၂၀၂၅ နှစ်လယ်ပိုင်း၌ $230.00 သို့ရောက်ရှိရန် ခန့်မှန်းပါသည်။ ဇူလိုင်နှင့် ဒီဇင်ဘာလကြားတွင် စျေးမြင့်တက်မှုလမ်းကြောင်းကို ဆက်လက်တည်တံ့နေမည်ဟု မျှော်မှန်းထားပြီး ၎င်းသည် စျေးနှုန်းကို $257.00 အထိသို့ ဆွဲတင်သွားပါမည်။ 

အဖွင့် , $

အနည်းဆုံး–အများဆုံး , $

အပိတ် , $

ဖေဖေါ်ဝါရီ

177

173–215

194

မတ်

194

178–224

202

ဧပြီ

202

185–217

201

မေ

201

201–247

229

ဇွန်

229

212–248

230

ဇူလိုင်

230

213–249

231

သြဂုတ်

231

218–256

237

စက်တင်ဘာ

237

221–259

240

အောက်တိုဘာ

240

223–261

242

နိုဝင်ဘာ

242

231–271

251

ဒီဇင်ဘာ

251

236–278

257

CoinCodex

၂၀၂၅ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $161.53–$235.37 (၁၇.၀၂.၂၀၂၅ အရ) ။

CoinCodex သည် BA ပျမ်းမျှတန်ဖိုးမှာ ၂၀၂၅ ခုနှစ် ဇူလိုင်လကုန်၌ $209.53 သို့ရောက်ရှိနိုင်ကြောင်း ခန့်မှန်းတွက်ချက်ထားပါသည်။ မတ်လတွင် နှစ်စဥ်အမြင့်ဆုံးစျေးနှုန်း $235.37 သို့ရောက်ရှိနိုင်ချေ ရှိပါသည်။ ထိုနှစ်၏ ဒုတိယနှစ်ဝက်တွင် စျေးအကျလမ်းကြောင်းတစ်ခုကို မျှော်လင့်ထားပြီး ဒီဇင်ဘာနှောင်းပိုင်း၌ စျေးနှုန်းကို $170.43 အထိသို့ ကျဆင်းရန် မှန်းဆပါသည်။ 

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

ဖေဖေါ်ဝါရီ

182.64

196.30

234.85

မတ်

209.84

221.28

235.37

ဧပြီ

195.20

205.88

221.55

မေ

194.90

211.08

223.74

ဇွန်

200.39

209.53

217.82

ဇူလိုင်

183.03

196.26

208.02

သြဂုတ်

184.06

190.54

207.23

စက်တင်ဘာ

181.41

191.06

198.88

အောက်တိုဘာ

178.43

186.60

194.94

နိုဝင်ဘာ

167.96

182.69

200.00

ဒီဇင်ဘာ

161.53

170.43

176.97

Gov Capital

၂၀၂၅ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $127.67–$186.19 (၁၇.၀၂.၂၀၂၅ အရ) ။

Gov Capital သည် Boeing စတော့မှာ ဖေဖော်ဝါရီလကုန်ပိုင်း၌ $169.26 သို့နိမ့်ဆင်းသွားမည်ဟု ဖော်ပြထားပါသည်။ ၂၀၂၅ ခုနှစ်တလျှောက်လုံးတွင် စျေးအကျလမ်းကြောင်းကို မျှော်မှန်းထားပါသည်။ ဒီဇင်ဘာလ၌ ပျမ်းမျှစျေးနှုန်း $141.94 သို့ရောက်ရှိနိုင်ပါသည်။ 

ရက်စွဲ

ပျမ်းမျှစျေးနှုန်း , $

အနည်းဆုံး ဖြစ်နိုင်သောစျေးနှုန်း , $

အကောင်းဆုံး ဖြစ်နိုင်သောစျေးနှုန်း , $

28.02.2025

169.26

152.34

186.19

31.03.2025

152.76

137.48

168.03

30.04.2025

151.87

136.68

167.06

31.05.2025

154.18

138.76

169.60

30.06.2025

150.08

135.07

165.09

31.07.2025

158.36

142.53

174.20

31.08.2025

155.76

140.18

171.33

30.09.2025

149.57

134.61

164.53

31.10.2025

146.51

131.86

161.16

30.11.2025

141.85

127.67

156.04

31.12.2025

141.94

127.75

156.14

၂၀၂၅ ခုနှစ်အတွက် Boeing စတော့၏ အနာဂတ်အလားအလာသည် ရောနှောနေသော အခြေအနေတစ်ရပ်ကို တင်ပြပါသည်။ စိစစ်လေ့လာသူများအနေဖြင့် လေကြောင်းပို့ဆောင်ရေး၏ ပြန်လည်ကောင်းမွန်လာမှုနှင့် ပတ်သက်၍ အကောင်းဘက်ဆောင်သော အမြင်ရှိကြပြီး ၎င်းသည် BA ရှယ်ယာအတွက် ဝယ်လိုအားကို အားဖြည့်ပေးရန် မျှော်လင့်ထားကြပါသည်။ သို့သော် ကုမ္ပဏီ၏ လက်ရှိဖြစ်ပေါ်နေသော ထုတ်လုပ်ရေးစိန်ခေါ်မှုများနှင့် အကြွေးဝန်မြင့်မားမှုတို့သည် သိသိသာသာ စွန့်စားမှုများကို ဖြစ်စေပါသည်။ စျေးကွက်မတည်ငြိမ်မှုမှာ ဆက်လက်တည်ရှိနေမည်ဟု တွက်ဆထားသော်လည်း အတန်အသင့်စျေးတိုးမြင့်မှုကို ခန့်မှန်းထားပါသည်။

၂၀၂၆ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ Boeing ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

၂၀၂၆ ခုနှစ်အတွင်း Boeing ၏စတော့ရှယ်ယာ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ စိစစ်သုံးသပ်ရေး အကျိုးဆောင်အများစုသည် အပြုသဘောဆောင်ကြပါသည်။ 

Panda Forecast

၂၀၂၆ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $165.28–$208.42 (၁၇.၀၂.၂၀၂၅ အရ) ။

Panda Forecast အရ စျေးနှုန်းကို ဇန်နဝါရီလတွင် $172.72 အနီး၌ တည်ငြိမ်သွားရန် မျှော်လင့်ပါသည်။ ထိုနှစ်လယ်၌ စိစစ်သုံးသပ်သူများသည် ပုံမှန်မြင့်တက်မှုလမ်းကြောင်းတစ်ခုကို ခန့်မှန်းထားပြီး ပျမ်းမျှစျေးနှုန်းကို $181.31 သို့ရောက်ရှိရန် ကြိုတင်မှန်းဆပါသည်။ ဒီဇင်ဘာလကုန်၌ BA နှုန်းထားကို $201.53 သို့တိုးမြင့်လာရန် တွက်ဆထားပါသည်။ 

ပျမ်းမျှ , $

အနည်းဆုံး , $

အများဆုံး , $

ဇန်နဝါရီ

172.72

166.09

179.66

ဖေဖေါ်ဝါရီ

172.10

165.28

175.30

မတ်

174.16

169.88

177.19

ဧပြီ

180.12

177.31

188.23

မေ

181.20

175.66

184.03

ဇွန်

181.31

178.81

185.12

ဇူလိုင်

181.74

173.24

189.16

သြဂုတ်

190.58

182.12

195.72

စက်တင်ဘာ

194.92

189.19

202.76

အောက်တိုဘာ

195.16

188.72

198.90

နိုဝင်ဘာ

198.43

192.84

204.63

ဒီဇင်ဘာ

201.53

199.11

208.42

Long Forecast

၂၀၂၆ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $239.00–$379.00 (၁၇.၀၂.၂၀၂၅ အရ) ။

Long Forecast သည် Boeing စျေးနှုန်းမှာ ထိုနှစ်အစပိုင်း၌ $257.00 အနီးတွင် အရောင်းအဝယ်ဖြစ်မည်ဟု ခန့်မှန်းပါသည်။ BA နှုန်းထားသည် နှစ်လယ်ပိုင်း၌ $351.00 အမှတ်ကို ရောက်ရှိနိုင်ပါသည်။ ထိုနှစ်၏ နောက်ဆုံးနှစ်ဝက်တွင် စတော့ရှယ်ယာသည် $318.00 သို့ကျဆင်းဖွယ် ရှိပါသည်။ 

အဖွင့် , $

အနည်းဆုံး–အများဆုံး , $

အပိတ် , $

ဇန်နဝါရီ

257

239–281

260

ဖေဖေါ်ဝါရီ

260

242–284

263

မတ်

263

251–295

273

ဧပြီ

273

273–328

304

မေ

304

304–378

350

ဇွန်

350

323–379

351

ဇူလိုင်

351

277–351

301

သြဂုတ်

301

260–306

283

စက်တင်ဘာ

283

283–345

319

အောက်တိုဘာ

319

298–350

324

နိုဝင်ဘာ

324

305–357

331

ဒီဇင်ဘာ

331

293–343

318

CoinCodex

၂၀၂၆ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $96.11–$195.86 (၁၇.၀၂.၂၀၂၅ အရ) ။

CoinCodex မှကျွမ်းကျင်ပညာရှင်များသည် ၂၀၂၆ ခုနှစ်အတွင်း Boeing ၏ရှယ်ယာစျေးနှုန်း ကျဆင်းလိမ့်မည်ဟု ယုံကြည်ကြပါသည်။ ဇန်နဝါရီလတွင် ပျမ်းမျှစျေးနှုန်းမှာ $181.18 ခန့်ဖြင့် ရပ်တည်နိုင်ပါသည်။ ထိုနှစ်လယ်ပိုင်း၌ BA တန်ဖိုး $111.13 သို့ကျဆင်းနိုင်ပါသည်။ ထိုနှစ်၏ ဒုတိယနှစ်ဝက်တွင် အဆိုပါစတော့ရှယ်ယာကို $157.28 အထိသို့ ပြန်လည်ဦးမော့လာရန် မျှော်လင့်ပါသည်။ 

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

ဇန်နဝါရီ

162.46

181.18

195.86

ဖေဖေါ်ဝါရီ

167.00

180.45

188.88

မတ်

148.77

159.06

171.81

ဧပြီ

127.83

153.09

167.31

မေ

98.44

110.94

129.17

ဇွန်

96.11

111.13

117.82

ဇူလိုင်

111.82

123.81

137.01

သြဂုတ်

134.36

141.01

145.50

စက်တင်ဘာ

105.24

123.52

138.54

အောက်တိုဘာ

101.25

110.98

120.23

နိုဝင်ဘာ

118.43

140.63

150.15

ဒီဇင်ဘာ

147.90

157.28

164.76

လေကြောင်းခရီးသွားလာမှု ပြန်လည်ကောင်းမွန်ခြင်း နှင့် 737 MAX ထုတ်လုပ်မှု တိုးတက်ခြင်းတို့မှ အားဖြည့်ပေးသောကြောင့် Boeing ရှယ်ယာများတွင် ၂၀၂၆ ခုနှစ်အတွင်း အတန်အသင့်တိုးပွားမှုကို ပြသရန် မျှော်လင့်ပါသည်။ သို့သော် ပြိုင်ဆိုင်မှု ၊ ပံ့ပိုးချိတ်ဆက်ရေးကွင်းဆက် စိန်ခေါ်မှုများ နှင့် လုပ်ငန်းအသစ်များတွင် ဖြစ်နိုင်ဖွယ်နှောင့်နှေးကြန့်ကြာမှုများကြောင့် စွန့်စားမှုများ ဆက်လက်တည်ရှိနေပါသည်။ 

၂၀၂၇ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ Boeing ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူများသည် ၂၀၂၇ ခုနှစ်အတွင်း Boeing ရှယ်ယာများအတွက် ကြိုတင်ခန့်မှန်းချက်မျိုးစုံကို ပေးစွမ်းပါသည်။ အချို့သူများသည် တဖြည်းဖြည်းပုံမှန် တိုးတက်မှုလမ်းကြောင်းတစ်ခုကို ကြိုတင်မှန်းဆထားပြီး အခြားသူများသည် BA စျေးနှုန်းကျဆင်းမှုကို ဟောကိန်းထုတ်ထားပါသည်။ 

Long Forecast

၂၀၂၇ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $289.00–$472.00 (၁၇.၀၂.၂၀၂၅ အရ) ။

Long Forecast သည် ၂၀၂၇ ခုနှစ်အစပိုင်း၌ ထိုစတော့ရှယ်ယာကို 304.00 နှင့် $356.00 အကြား ကျယ်ပြန့်သော အပိုင်းအခြားတွင် အရောင်းအဝယ်ဖြစ်ရန် မျှော်မှန်းပါသည်။ နှစ်လယ်ပိုင်းတွင် စိစစ်လေ့လာသူများသည် $434.00 သို့စျေးထိုးတက်မည်ဟု ခန့်မှန်းပါသည်။ ဒီဇင်ဘာလ၌ စျေးနှုန်းမှာ $393.00 ဝန်းကျင်တွင် ငြိမ်သက်သွားပါလိမ့်မည်။ 

အဖွင့် , $

အနည်းဆုံး–အများဆုံး , $

အပိတ် , $

ဇန်နဝါရီ

318

304–356

330

ဖေဖေါ်ဝါရီ

330

289–339

314

မတ်

314

314–382

354

ဧပြီ

354

351–413

382

မေ

382

351–411

381

ဇွန်

381

381–469

434

ဇူလိုင်

434

401–471

436

သြဂုတ်

436

402–472

437

စက်တင်ဘာ

437

357–437

388

အောက်တိုဘာ

388

362–424

393

နိုဝင်ဘာ

393

349–409

379

ဒီဇင်ဘာ

379

362–424

393

CoinCodex

၂၀၂၇ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $153.54–$231.21 (၁၇.၀၂.၂၀၂၅ အရ) ။

CoinCodex မှဆန်းစစ်သူများသည် အဆိုပါပိုင်ဆိုင်မှုအတွက် ရောထွေးနေသော အလားအလာကို ခန့်မှန်းပါသည်။ ၂၀၂၇ ခုနှစ်အစောပိုင်း၌ စျေးနှုန်းမှာ $178.47 အနီးဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်မည်ဟု မျှော်လင့်ပါသည်။ ဇွန်လ၏ ပျမ်းမျှစျေးနှုန်း $183.71 အနီးစပ်ဆုံးဖြင့် BA စျေးနှုန်းများကို ဇွန်လကုန်၌ $161.56–$191.85 အပိုင်းအခြားအတွင်း အတက်အကျဖြစ်ရန် ကြိုတင်တွက်ဆထားပါသည်။ ထိုနှစ်ကုန်တွင် စျေးနှုန်းမှာ $217.44 အထိသို့ တဟုန်ထိုးမြင့်တက်နိုင်ပါသည်။ 

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

ဇန်နဝါရီ

161.56

178.47

185.19

ဖေဖေါ်ဝါရီ

171.78

181.35

188.28

မတ်

168.56

176.01

183.98

ဧပြီ

174.42

180.20

185.96

မေ

169.74

174.20

177.92

ဇွန်

175.53

183.71

191.85

ဇူလိုင်

181.57

188.42

207.83

သြဂုတ်

187.60

201.18

209.25

စက်တင်ဘာ

164.77

180.17

198.54

အောက်တိုဘာ

153.54

159.50

168.34

နိုဝင်ဘာ

156.32

175.46

194.08

ဒီဇင်ဘာ

194.44

217.44

231.21

WalletInvestor

၂၀၂၇ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $140.40–$167.19 (၁၇.၀၂.၂၀၂၅ အရ) ။

WalletInvestor အရ Boeing စတော့ရှယ်ယာကို ၂၀၂၇ ခုနှစ်အစပိုင်း၌ အနီးစပ်ဆုံး $159.77 ဖြင့် အရောင်းအဝယ်ဖြစ်ရန် ခန့်မှန်းပါသည်။ ထိုနှစ်လယ်ပိုင်း၌ $145.93 ဝန်းကျင်သို့ စျေးကျဆင်းနိုင်ပါသည်။ ထိုနှစ်၏ ဒုတိယနှစ်ဝက်၌ ပိုင်ဆိုင်မှုသည် ရောထွေးနေသော စျေးကွက်အခြေအနေတွင် ရှိနိုင်ပါသည်။ ဒီဇင်ဘာလ၌ BA စျေးနှုန်းကို $150.00 သို့ရောက်ရှိရန် မျှော်လင့်ပါသည်။ 

အဖွင့် , $

အပိတ် , $

အနည်းဆုံး , $

အများဆုံး , $

ဇန်နဝါရီ

159.77

160.60

159.77

160.98

ဖေဖေါ်ဝါရီ

160.93

165.53

160.93

167.19

မတ်

163.41

148.76

148.20

163.41

ဧပြီ

148.92

146.84

146.84

149.67

မေ

146.18

147.19

144.12

147.19

ဇွန်

147.91

145.93

145.93

151.02

ဇူလိုင်

145.71

148.67

145.14

149.15

သြဂုတ်

148.01

146.08

145.90

148.11

စက်တင်ဘာ

145.79

144.51

143.94

145.79

အောက်တိုဘာ

144.45

141.15

140.40

144.45

နိုဝင်ဘာ

141.78

148.72

141.78

148.72

ဒီဇင်ဘာ

148.71

150.00

148.71

150.01

စိစစ်လေ့လာသူများသည် လေယာဥ်မော်ဒယ်အသစ်၏ အောင်မြင်စွာ အသိအမှတ်ပြုခံရခြင်း နှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်ချက် ပြန်လည်ရရှိလာခြင်းတို့ကြောင့် အတန်အသင့်တိုးပွားမှုကို ခန့်မှန်းထားကြပါသည်။ Airbus နှင့်ယှဥ်ပြိုင်ရခြင်းမှာ BA ၏ရှယ်ယာစျေးနှုန်းအပေါ် လွှမ်းမိုးမှုဖြစ်စေသော အဓိကအကြောင်းရင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိပါလိမ့်မည်။ အပြုသဘောဆောင် ထင်မြင်ယူဆချက်သည် နည်းပညာအသစ်များ ဖွံ့ဖြိုးတိုးတက်မှုတွင် အောင်မြင်မှုတစ်ရပ်ကို မျှော်မှန်းထားပါသည်။ 

၂၀၂၈ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ Boeing ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

၂၀၂၈ ခုနှစ်အတွင်း Boeing ၏စတော့ရှယ်ယာစျေးနှုန်းတွင် ကျဆင်းမှုကို ကြုံတွေ့ရမည်ဟု မှန်းဆထားပါသည်။ 

Long Forecast

၂၀၂၈ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $251.00–$393.00 (၁၇.၀၂.၂၀၂၅ အရ) ။

Long Forecast မှစိစစ်သုံးသပ်သူများသည် ထိုနှစ်အစပိုင်း၌ BA စျေးနှုန်းမှာ $393.00 အနီးတွင် အ‌ရောင်းအဝယ်ဖြစ်လိမ့်မည်ဟု ယူဆကြပါသည်။ ထိုနှစ်လယ်ပိုင်းတွင် $350.00 ဝန်းကျင်သို့ စျေးနှုန်းကျဆင်းနိုင်ပါသည်။ $319.00–$325.00 အပိုင်းအခြားသို့ ခန့်မှန်းတန်ဖိုးနိမ့်ဆင်းမှုနှင့်အတူ ယာယီစျေးကျဆင်းမှုများကို ထိုနှစ်ကုန်ပိုင်းအထိ ရှောင်လွှဲ၍ မရပါ။ 

အဖွင့် , $

အနည်းဆုံး–အများဆုံး , $

အပိတ် , $

ဇန်နဝါရီ

393

328–393

356

ဖေဖေါ်ဝါရီ

356

310–364

337

မတ်

337

295–347

321

ဧပြီ

321

251–321

273

မေ

273

273–328

304

ဇွန်

304

304–378

350

ဇူလိုင်

350

318–374

346

သြဂုတ်

346

273–346

297

စက်တင်ဘာ

297

257–301

279

အောက်တိုဘာ

279

279–339

314

နိုဝင်ဘာ

314

293–345

319

ဒီဇင်ဘာ

319

299–351

325

CoinCodex

၂၀၂၈ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $115.57–$227.59 (၁၇.၀၂.၂၀၂၅ အရ) ။

စိစစ်သုံးသပ်ရေးပေါ်တယ် CoinCodex အရ Boeing ရှယ်ယာများ၏ ပျမ်းမျှစျေးနှုန်းမှာ ထိုနှစ်အစပိုင်း၌ $191.93 ဖြစ်ပါလိမ့်မည်။ ထိုနှစ်၏ ပထမနှစ်ဝက်အတွင်း ဇွန်လကုန်၌ $155.03 သို့ သိသာစွာ စျေးကျဆင်းရန် မျှော်လင့်ပါသည်။ ထိုနှစ်၏ ဒုတိယနှစ်ဝက်တွင် စျေးကျဆင်းမှုလမ်းကြောင်း ဆက်လက်ဖြစ်ပေါ်၍ $124.03–$141.98 သို့ စျေးထိုးကျပါလိမ့်မည်။ 

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

ဇန်နဝါရီ

174.03

191.93

227.59

ဖေဖေါ်ဝါရီ

172.48

177.26

182.44

မတ်

153.07

164.03

175.31

ဧပြီ

138.98

148.24

161.69

မေ

145.22

152.52

160.21

ဇွန်

148.32

155.03

163.32

ဇူလိုင်

153.09

157.67

163.53

သြဂုတ်

140.37

146.02

159.16

စက်တင်ဘာ

129.59

133.73

146.91

အောက်တိုဘာ

123.84

129.10

134.46

နိုဝင်ဘာ

115.57

124.03

130.36

ဒီဇင်ဘာ

128.72

141.98

154.15

WalletInvestor

၂၀၂၈ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $130.66–$157.55 (၁၇.၀၂.၂၀၂၅ အရ) ။

WalletInvestor မှစိစစ်လေ့လာသူများသည် ထိုနှစ်အစပိုင်းတွင် BA စတော့ကို $150.15 ဝန်းကျင်၌ အရောင်းအဝယ်ဖြစ်ရန် မျှော်မှန်းပါသည်။ ထိုနှစ်၏ ပထမနှစ်ဝက်အတွင်း စျေးနှုန်း ဆက်လက်ကျဆင်းမည် ဖြစ်၍ ဇွန်လတွင် $136.09 သို့ရောက်ရှိပါမည်။ ထိုနှစ်၏ ဒုတိယနှစ်ဝက်တွင် အသင့်အတင့်စျေးမတည်ငြိမ်မှုကို မျှော်လင့်ထားပြီး စျေးနှုန်းမှာ ဒီဇင်ဘာလ၌ $140.24 တွင် ငြိမ်သက်တည်တံ့သွားပါမည်။ 

အဖွင့် , $

အပိတ် , $

အနည်းဆုံး , $

အများဆုံး , $

ဇန်နဝါရီ

150.15

151.03

150.15

151.31

ဖေဖေါ်ဝါရီ

151.51

154.24

151.51

157.55

မတ်

153.30

139.21

138.53

153.30

ဧပြီ

139.49

137.39

137.39

140.06

မေ

136.74

137.99

134.53

137.99

ဇွန်

138.43

136.09

136.09

141.48

ဇူလိုင်

135.52

138.58

135.52

139.53

သြဂုတ်

138.69

136.17

136.17

138.69

စက်တင်ဘာ

136.02

134.85

134.21

136.02

အောက်တိုဘာ

134.50

132.34

130.66

134.67

နိုဝင်ဘာ

132.48

139.03

132.48

139.03

ဒီဇင်ဘာ

139.16

140.24

139.16

140.32

၂၀၂၈ Boeing ၏ စတော့ရှယ်ယာ အနာဂတ်အလားအလာမှာ သေချာရေရာမှု မရှိပါ။ ဆန်းစစ်လေ့လာသူများအနေဖြင့် ထိုကုမ္ပဏီ၏ အနာဂတ်အပေါ် ကွဲပြားခြားနားသော ထင်မြင်ချက်အမျိုးမျိုး ရှိနေကြပါသည်။ ဆန့်ကျင်ဘက်အားဖြင့် အခြားသူများသည် ရေရှည်ဂုဏ်သတင်းဆိုင်ရာ စိန်ခေါ်မှုများကြောင့် တိုးတက်မှုရပ်တန့်ခြင်း (သို့) ကျဆင်းခြင်းကို တွေ့မြင်ထားပါသည်။ ထိုထင်မြင်ယူဆချက်များကို ထုတ်လုပ်ရေးအခက်အခဲများ၊ စည်းမျဥ်းဆိုင်ရာ အပြောင်းအလဲများ အပါအဝင် Airbus နှင့် ပြိုင်ဆိုင်မှုတို့မှ လွှမ်းမိုးထားပါသည်။ 

၂၀၂၉ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ Boeing ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

လုပ်ငန်းနယ်ပယ်ရှိ ပညာရှင်များစွာသည် ၂၀၂၉ ခုနှစ်အတွင်း Boeing စတော့အတွက် ကြားနေလမ်းကြောင်းတစ်ခုကို မှန်းဆကြပြီး စိစစ်သုံးသပ်သူအများစုသည် သိသာသော တိုးပွားမှုမရှိကြောင်း ခန့်မှန်းထားပါသည်။ 

CoinCodex

၂၀၂၉ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $142.41–$208.51 (၁၇.၀၂.၂၀၂၅ အရ) ။

CoinCodex မှစိစစ်သုံးသပ်သူများသည် ထိုနှစ်အစပိုင်း၌ BA ၏ ပျမ်းမျှစျေးနှုန်းကို $147.84 တွင် တည်ရှိရန် မျှော်လင့်ပါသည်။ နှစ်လယ်ပိုင်းတွင် $191.27 သို့ စျေးနှုန်းမြင့်တက်လာရန် ခန့်မှန်းပါသည်။ ဒီဇင်ဘာလကုန်တွင် BA စျေးနှုန်းကို $155.80 သို့ကျဆင်းရန် မျှော်မှန်းထားပါသည်။ 

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

ဇန်နဝါရီ

142.41

147.84

154.75

ဖေဖေါ်ဝါရီ

149.65

163.31

178.32

မတ်

172.89

192.72

208.51

ဧပြီ

182.55

190.46

201.03

မေ

174.64

182.50

198.78

ဇွန်

185.79

191.27

196.46

ဇူလိုင်

164.70

176.82

185.63

သြဂုတ်

165.57

175.28

185.62

စက်တင်ဘာ

163.34

168.63

175.72

အောက်တိုဘာ

160.85

170.02

177.97

နိုဝင်ဘာ

152.84

168.47

178.90

ဒီဇင်ဘာ

146.71

155.80

162.91

WalletInvestor

၂၀၂၉ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $120.98–$148.03 (၁၇.၀၂.၂၀၂၅ အရ) ။

WalletInvestor အရ ၂၀၂၉ ခုနှစ် ဇန်နဝါရီလတွင် Boeing စျေးနှုန်းမှာ $140.36 ဖြစ်ပါမည်။ ဇွန်လတွင် စိစစ်လေ့လာသူများသည် $126.74 သို့စျေးကျဆင်းမှုကို မှန်းဆထားပါသည်။ ဒီဇင်ဘာလကုန်၌ စျေးနှုန်းမှာ $130.58 အနီးရှိ ကျဥ်းမြောင်းသော အပိုင်းအခြားအတွင်း အရောင်းအဝယ်ဖြစ်မည်ဟု မျှော်မှန်းရပါသည်။ 

အဖွင့် , $

အပိတ် , $

အနည်းဆုံး , $

အများဆုံး , $

ဇန်နဝါရီ

140.36

141.64

140.36

141.70

ဖေဖေါ်ဝါရီ

141.87

144.61

141.87

148.03

မတ်

143.85

129.37

128.77

143.85

ဧပြီ

129.66

127.29

127.29

130.46

မေ

127.41

128.23

124.93

128.23

ဇွန်

128.65

126.74

126.74

131.84

ဇူလိုင်

125.98

129.26

125.97

129.86

သြဂုတ်

128.93

126.53

126.53

128.93

စက်တင်ဘာ

125.94

125.20

124.51

126.07

အောက်တိုဘာ

124.95

122.46

120.98

125.16

နိုဝင်ဘာ

122.75

129.32

122.75

129.32

ဒီဇင်ဘာ

129.60

130.58

129.60

130.65

Gov Capital

၂၀၂၉ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $120.21–$167.78 (၁၇.၀၂.၂၀၂၅ အရ) ။

Gov Capital မှစိစစ်သုံးသပ်သူများသည် ၂၀၂၉ ခုနှစ်အတွင်း Boeing ရှယ်ယာများမှာ အတန်အသင့်တိုးတက်မှုကို တွေ့ကြုံရမည်ဟု မှန်းဆပါသည်။ ထိုနှစ်အစပိုင်း၌ စျေးနှုန်းမှာ $133.57 အနီးဝန်းကျင်တွင် တည်တံ့နေရန် မျှော်လင့်ပါသည်။ နှစ်လယ်ပိုင်း၌ $143.66 အထိသို့ စျေးနှုန်းမြင့်တက်နိုင်ပါသည်။ ထိုနှစ်၏ နောက်ပိုင်းနှစ်ဝက်တွင် စျေးမြင့်တက်မှုလမ်းကြောင်းမှာ ဆက်လက်ရှိနေမည် ဖြစ်ပြီး စျေးနှုန်း $150.67 သို့တိုးမြင့်လာပါမည်။ 

ရက်စွဲ

ပျမ်းမျှစျေးနှုန်း , $

အနည်းဆုံး ဖြစ်နိုင်သောစျေးနှုန်း , $

အကောင်းဆုံး ဖြစ်နိုင်သောစျေးနှုန်း , $

31.01.2029

133.57

120.21

146.93

28.02.2029

140.38

126.34

154.42

31.03.2029

141.95

127.75

156.14

30.04.2029

144.46

130.01

158.90

31.05.2029

136.94

123.25

150.64

30.06.2029

143.66

129.29

158.03

31.07.2029

144.24

129.82

158.67

31.08.2029

146.75

132.07

161.43

30.09.2029

146.19

131.57

160.81

31.10.2029

147.91

133.12

162.70

30.11.2029

152.53

137.27

167.78

31.12.2029

150.67

135.60

165.73

၂၀၂၉ ခုနှစ်အတွက် Boeing ၏စတော့ရှယ်ယာအလားအလားမှာ လွန်စွာမသေချာမရေရာ ဖြစ်နေပါသည်။ လေကြောင်းပို့ဆောင်ရေး ပြန်လည်ဦးမော့လာမှု၊ အော်ဒါအသစ်များ ၊ 737 MAX နှင့် KC-46‌ လောင်စာဖြည့်သွင်းရေးလေယာဥ်တို့ ၏ ဆက်စပ်ပြဿနာများအတွက် ဖြေရှင်းချက်၊ Airbus နှင့်ပြိုင်ဆိုင်မှု၊ ပထဝီနိုင်ငံရေးစွန့်စားမှုများနှင့် ယေဘုယျ စီးပွားရေးအခြေအနေ ကဲ့သို့သော အချက်များသည် BA နှုန်းကို လွှမ်းမိုးသက်ရောက်စေပါသည်။ ဤလမ်းကြောင်းများတွင် စီးမျောလိုသော ရင်းနှီးမြှုပ်နှံသူများအနေဖြင့် သတိထားရှိသင့်ပြီး မြင့်မားသော အတက်အကျများကို ထည့်သွင်းချိန်ဆသင့်ပါသည်။ 

၂၀၃၀ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ Boeing ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

နယ်ပယ်အတွင်းရှိ ကျွမ်းကျင်ပညာရှင်အများစုသည် ၂၀၃၀ ခုနှစ်၌ Boeing ၏စတော့ရှယ်ယာစျေးနှုန်းမှာ တန်ဖိုးတက်လာလိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားပါသည်။ သို့သော် ဆန်းစစ်သူအချို့သည် သတိထားရှိကာ သိသာထင်ရှားသော စျေးကျဆင်းမှုများကို တွက်ဆထားပါသည်။ 

CoinCodex

၂၀၃၀ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $91.95–$ 175.44 (၁၇.၀၂.၂၀၂၅ အရ) ။

CoinCodex သည် ထိုနှစ်အစပိုင်း၌ အနီးစပ်ဆုံး $163.16 ဖြင့် ပျမ်းမျှစျေးနှုန်းကျဆင်းမှုကို မှန်းဆပါသည်။ ၂၀၃၀ နှစ်လယ်ပိုင်း၌ ထိုပိုင်ဆိုင်မှု၏တန်ဖိုးကို $104.79 သို့နိမ့်ဆင်းသွားရန် ခန့်မှန်းပါသည်။ သို့သော် ထိုနှစ်၏ ဒုတိယနှစ်ဝက်တွင် $143.87 သို့ပြန်လည်ဦးမော့လာမှုကို ကြိုတင်မျှော်မှန်းထားပါသည်။ 

အနည်းဆုံး , $

ပျမ်းမျှ , $

အများဆုံး , $

ဇန်နဝါရီ

147.49

163.16

175.44

ဖေဖေါ်ဝါရီ

151.29

162.32

169.60

မတ်

136.02

144.43

152.51

ဧပြီ

116.23

137.38

149.58

မေ

93.89

103.34

119.62

ဇွန်

91.95

104.79

110.12

ဇူလိုင်

105.85

116.71

130.48

သြဂုတ်

123.96

129.30

133.29

စက်တင်ဘာ

97.16

113.03

123.87

အောက်တိုဘာ

96.25

105.17

112.14

နိုဝင်ဘာ

111.31

130.90

137.18

ဒီဇင်ဘာ

137.54

143.87

149.41

PaisaKit

၂၀၃၀ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $488.00–$571.00 (၁၇.၀၂.၂၀၂၅ အရ) ။

ရင်းနှီးမြှုပ်နှံ‌ရေးပေါ်တယ် PaisaKit အရ Boeing ရှယ်ယာများသည် ၂၀၃၀ ခုနှစ်အတွင်း မြင့်တက်မှုလမ်းကြောင်းတစ်ခုကို ပြသပါလိမ့်မည်။ ထိုနှစ်အစပိုင်းတွင် BA နှုန်းထားသည် $489.00 နှင့် $505.00 အကြားရှိပါလိမ့်မည်။ နှစ်လယ်ပိုင်း၌ $511.00–$534.00 အထိသို့ စျေးနှုန်းမြင့်တက်လာနိုင်ပါသည်။ ထိုနှစ်ကုန်၌ ဆန်းစစ်လေ့လာသူများသည် ၎င်းစတော့ရှယ်ယာမှာ $545.00 နှင့် $571.00 အကြား အရောင်းအဝယ်ဖြစ်လိမ့်မည်ဟု ခန့်မှန်းပါသည်။ 

အနည်းဆုံး , $

အများဆုံး , $

ဇန်နဝါရီ

489

505

ဖေဖေါ်ဝါရီ

488

512

မတ်

494

518

ဧပြီ

497

524

မေ

505

530

ဇွန်

511

534

ဇူလိုင်

518

540

သြဂုတ်

523

543

စက်တင်ဘာ

527

550

အောက်တိုဘာ

533

556

နိုဝင်ဘာ

538

564

ဒီဇင်ဘာ

545

571

Coin Price Forecast

၂၀၃၀ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $416.00–$422.00 (၁၇.၀၂.၂၀၂၅ အရ) ။

စိစစ်သုံးသပ်ရေးပေါ်တယ် Coin Price Forecast အရ စျေး ၂၀၃၀ နှစ်အစပိုင်း၌ နှုန်းကို $416.00 သို့ရောက်ရှိရန် မျှော်မှန်းပါသည်။ Boeing နှုန်းထားသည် ဇွန်လ၌ $420.00 နှင့် ဒီဇင်ဘာလ၌ $422.00 သို့တိုးမြင့်လာပါမည်။ 

နှစ်

နှစ်လယ် , $

နှစ်ကုန် , $

၂၀၃၀

420.00

422.00

၂၀၃၀ ခုနှစ်၌ လေကြောင်းခရီးသွားလာမှု ပြန်လည်ကောင်းမွန်လာခြင်း နှင့် နည်းပညာအသစ်များ မိတ်ဆက်ခြင်းတို့မှ ပံ့ပိုးပေးသောကြောင့် Boeing ၏စတော့ရှယ်ယာတွင် တိုးတက်မှုကို ပြသနိုင်ပါသည်။ သို့သော် ပထဝီနိုင်ငံရေးမတည်ငြိမ်မှု၊ ပြိုင်ဆိုင်ရခြင်း နှင့် ထုတ်ကုန်အရည်အသွေး ပြဿနာများကြောင့် စွန့်စားမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ တိကျသော စျေးနှုန်းခန့်မှန်းချက်များတွင် အသေးစိတ်စိစစ်ခွဲဖြာမှု နှင့် အချက်အလက်ပေါင်းများစွာကို ထည့်သွင်းချိန်ဆမှုတို့ လိုအပ်ပါသည်။ 

၂၀၅၀ ခုနှစ်အထိ စိစစ်လေ့လာသူများ၏ Boeing ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

ရေရှည်အချိန်ကာလအတွက် Boeing၏ ရှယ်ယာစျေးနှုန်းခန့်မှန်းရာတွင် ပထဝီနိုင်ငံရေးအကူးအပြောင်းများ ၊ လေကြောင်းနည်းပညာပိုင်းဆိုင်ရာ အဆင့်မီတိုးတက်မှုများ ( ဥပမာ- လျှပ်စစ်လေယာဥ်၊ UAVs) နှင့် လေကြောင်းသယ်ယူပို့ဆောင်ရေး လိုအပ်မှုအပေါ် လွှမ်းမိုးစေနိုင်သော ရာသီဥတုဆိုင်ရာမူဝါဒ အပြောင်းအလဲများ အပါအဝင် အကြောင်းရင်းပေါင်းများစွာ ပါဝင်သည်။ 

ထို့ပြင် စီးပွားရေးပဋိပက္ခများနှင့် စည်းမျဥ်းဆိုင်ရာအပြောင်းအလဲများသည် Boeing ၏ ငွေကြေးဆိုင်ရာကျန်းမာရေး နှင့် ယှဥ်ပြိုင်နိုင်မှုတို့ကို သိသာပေါ်လွင်စွာ ထိခိုက်စေနိုင်ပါသည်။ သို့သော် အောက်တွင် ဖော်ပြထားသော ခန့်မှန်းချက်များကို BA စတော့အတွက် ရေရှည်ကုန်သွယ်ရေးဗျူဟာတစ်ခုအား ပုံဖော်ချမှတ်ရာတွင် ကိုးကားချက်တစ်ခုအဖြစ် အသုံးပြုနိုင်ပါသည်။ 

StockScan အရ Boeing ၏စတော့ရှယ်ယာစျေးနှုန်းမှာ ၂၀၃၀ နှင့် ၂၀၅၀ ခုနှစ်အကြားတွင် သိသာပေါ်လွင်စွာ စျေးအတက်အကျဖြစ်နိုင်ပြီး စိစစ်လေ့လာသူများသည် ၂၀၃၅ မှ ၂၀၄၀ ခုနှစ်အတွင်း $25.08–$118.30 အထိသို့ ကြီးမားသောစျေးထိုးကျမှု နှင့် ၂၀၄၅ မှ ၂၀၅၀ ခုနှစ်တွင် $338.30–$454.90 အထိသို့ နောက်ဆက်တွဲ စျေးမြင့်တက်မှုကို ခန့်မှန်းထားပါသည်။ 

ဆန့်ကျင်ဘက်အားဖြင့် Markettalkz မှ စိစစ်သုံးသပ်သူများသည် အကောင်းဘက်ဆောင်သော ခန့်မှန်းချက်များကို ပေးစွမ်းပြီး ၂၀၃၅ ခုနှစ်၌ $1,620.00 နှင့် ၂၀၅၀ ခုနှစ်၌ $4,900.00 သို့ တန်ဖိုးတက်လာမှုကို ကြိုတင်မှန်းဆထားပါသည်။ 

Traders Union မှ ကျွမ်းကျင်ပညာရှင်များသည် ပိုမိုကြားချခန့်မှန်းချက်တစ်ရပ်ကို ထုတ်ပြန်ပါသည်။ ၎င်းတို့သည် BA စျေးနှုန်းများကို ၂၀၃၅ ခုနှစ်၌ $524.83 ရောက်ရှိရန် နှင့် ၂၀၄၀ ခုနှစ်၌ $846.47 သို့တိုးမြင့်လာရန် မျှော်လင့်ပါသည်။ 

နှစ်

StockScan, $

Markettalkz, $

Traders Union, $

၂၀၃၅

25.08

1,620

524.83

၂၀၄၀

118.3

3,230

846.47

၂၀၄၅

338.3

-

-

၂၀၅၀

454.9

4,900

-

၂၀၃၀ မှ ၂၀၅၀ ကာလအတွက် Boeing စတော့ကို စိစစ်သုံးသပ်ရာတွင် ပထဝီနိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုများ၊ အလိုအလျောက်မောင်းနှင်ရေး ယာဥ်ပျံ နှင့် လေကြောင်းဆိုင်ရာ ပစ္စည်းအသစ်များ ကဲ့သို့သော နည်းပညာအဆင်မြင့်တက်မှုများ၊ Airbus နှင့် တရုတ်ပြည်၏ လေယာဥ်ထုတ်လုပ်ရေးတို့ထံမှ ယှဥ်ပြိုင်မှု နှင့် ကမ္ဘာ့စီးပွားရေးလမ်းကြောင်းများ အပါအဝင် အချက်ပေါင်းများစွာကို ထည့်သွင်းတွက်ဆရန် အရေးကြီးပါသည်။ 

Boeing ၏ စတော့တန်ဖိုးအတွက် ကြိုတင်ခန့်မှန်းချက်များသည် အတန်အသင့် တည်ငြိမ်သော အခြေအနေတွင် အလယ်အလတ်တိုးမြင့်မှု မှ လေကြောင်းလုပ်ငန်းအပေါ် ထိခိုက်စေသော ခန့်မှန်းမရသည့်အချက်များကြောင့် သိသိသာသာ စျေးအတက်အကျများအထိ ကွာခြားပါသည်။

ဆိုရှယ်မီဒီယာပေါ်တွင် #BA (Boeing) အတွက် စျေးကွက်သဘောထား

စျေးကွက်သဘောထားသည် သတင်းများနှင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်တွင် ထုတ်ဖော်ပြောကြားကြသော ကုမ္ပဏီနှင့်ပတ်သက်၍ အများပြည်သူ၏ ယူဆချက်ကို မြင်တွေ့ရမှု ဖြစ်ပါသည်။

အကောင်းဘက်ဦးတည်သော သဘောထားသည် Boeing ၏ ထုတ်ကုန်များ၊ စီမံခန့်ခွဲမှု (သို့) အနာဂတ်အလားအလာများအကြောင်း သင့်တင့်ကောင်းမွန်စွာ ထုတ်ပြန်ချက်များကို ထင်ဟပ်မြင်သာစေပါသည်၊ ဤသို့ဖြင့် စတော့ဝယ်လိုအား တိုးတက်လာခြင်း၊ BA ၏ရှယ်ယာစျေးနှုန်း မြင့်တက်ခြင်းကို မကြာခဏ ဖြစ်ပေါ်စေလေ့ရှိပါသည်။ မီဒီယာသဘောထားကို စိစစ်ခွဲဖြာခြင်းသည် ရင်းနှီးမြှုပ်နှံသူများအတွက် စွန့်စားမှု အကဲဖြတ်ရန်နှင့် ပြီးပြည့်စုံသော ဆုံးဖြတ်ချက်များ ချမှတ်ရန် ကူညီပေးပါသည်။ 

LiteFinance: ဆိုရှယ်မီဒီယာပေါ်တွင် #BA (Boeing) အတွက် စျေးကွက်သဘောထား

နာမည်ဝှက် @PPCrypt0 ဖြင့် အသုံးပြုသူတစ်ဦးသည် #BA စတော့စျေးနှုန်းမှာ အဓိကလမ်းကြောင်းမျဥ်းသို့ ရောက်ရှိခဲ့ပြီး အားကောင်းသော ဝယ်လိုအားစျေးတန်း $145.50 မှပြန်တက်လာခဲ့သောကြောင့် စျေးမြင့်တက်လာရန် မျှော်လင့်ပါသည်။ ထိုသုံးစွဲသူ၏ အဆိုအရ နောင်လာမည့်ပစ်မှတ်မှာ $200.00 စျေးတန်းတွင် တည်ရှိပါမည်။ 

LiteFinance: ဆိုရှယ်မီဒီယာပေါ်တွင် #BA (Boeing) အတွက် စျေးကွက်သဘောထား

တစ်သီးပုဂ္ဂလ hedge fund မန်နေဂျာ @HvBCapital (Hugo van Bilderbeek) သည် ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီမှာ Boeing ရှယ်ယာများအပေါ် ၎င်း၏ ဝယ်ယူနှုန်း ထိန်းသိမ်းထားကြောင်း သတိပြုမိပါသည်။ ရည်မှန်းပစ်မှတ်ကို $250.00 ၌ နေရာချထားပါသည်။ 

LiteFinance: ဆိုရှယ်မီဒီယာပေါ်တွင် #BA (Boeing) အတွက် စျေးကွက်သဘောထား

နာမည်ဝှက်@AgenteChristo အောက်ရှိ အသုံးပြုသူတစ်ဦးသည် အာကာသဆိုင်ရာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကြောင့် SpaceX ရှယ်ယာများ မြင့်တက်လာသော်လည်း Boeing ရှယ်ယာများမှာ ကျဆင်းလျက်ရှိကြောင်း မှတ်ချက်ပြုထားပါသည်။ Boeing ၏စီမံခန့်ခွဲရေးသည် Starliner စီမံကိန်း မအောင်မြင်မှုနောက်ပိုင်းတွင် ၎င်းတို့၏ အာကာသဆိုင်ရာဌာနခွဲကို ရောင်းချသွားရန် စီစဥ်ထားပါသည်။ ဤဆုံးဖြတ်ချက်သည် BA ရှယ်ယာစျေးနှုန်းများ မြင့်တက်ခြင်း (သို့) ကျဆင်းခြင်း နှစ်မျိုးလုံးကို ဖြစ်စေနိုင်ပါသည်။ 

Boeing ၏ရှယ်ယာစျေးနှုန်းစွမ်းဆောင်ရည် နှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာသဘောထားမှာ ရောနှောလျက် ရှိပါသည်။ သို့သော် စျေးကွက်ပါဝင်သူများသည် BA၏ နှုန်းထားကို မြင့်တက်လာရန် မျှော်လင့်ပါသည်။ 

Boeing (#BA) စျေးနှုန်းသမိုင်းမှတ်တမ်း 

Boeing (#BA) သည် ၀၁.၀၃.၂၀၁၉ တွင် ၎င်း၏ စံချိန်တင်အမြင့်ဆုံး $440.62 သို့ရောက်ရှိခဲ့ပါသည်။

အနိမ့်ဆုံး Boeing (#BA) စျေးနှုန်း ကို $0.38 သို့ စတော့ရှယ်ယာ တန်ဖိုးထိုးကျခဲ့သည့် ၀၈.၀၁.၁၉၇၄ တွင် မှတ်တမ်းတင်ခဲ့ပါသည်။ 

အောက်တွင် လွန်ခဲ့သောဆယ်နှစ်အတွင်း BA ၏ စွမ်းဆောင်ရည်ကို ပြသသော chart တစ်ခု ဖြစ်ပါသည်။ ထိုဆက်စပ်မှုတွင် ခန့်မှန်းချက်များကို တတ်နိုင်သမျှတိကျစေရေးအတွက် သမိုင်းတလျှောက်အချက်အလက်များကို အကဲဖြတ်ရန် အရေးကြီးပါသည်။ 

၂၀၂၀ ခုနှစ် မှ ယနေ့အထိ Boeing (BA) စတော့စျေးနှုန်းသမိုင်းမှတ်တမ်းတွင် အကြီးစားဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွားခြင်းကြောင့် သိသာထင်ရှားသော စျေးအတက်အကျများကို မှတ်သားထားခဲ့ပါသည်။

၂၀၂၀ ခုနှစ်တွင် ကပ်ရောဂါကြောင့် အဆိုပါစတော့ရှယ်ယာတွင် နောက်ဆက်တွဲစျေးကျဆင်းမှုကို မြင်တွေ့ခဲ့ရပါသည်။ လေကြောင်းခရီးသွားလာမှု နှင့် လေယာဥ်အသစ်များအတွက် ဝယ်လိုအားသည် များစွာလျော့နည်းသွားခဲ့ပါသည်။ BA စတော့ရှယ်ယာမှာ နိမ့်ဆင်းသွားခဲ့သော်လည်း ကာကွယ်ဆေး ပေါ်ပေါက်ခဲ့သောကြောင့် ပြန်လည်ဦးမော့လာပြီး လေကြောင်းဆိုင်ရာလုပ်ငန်းမှာ ပြန်လည်တိုးမြင့်လာခဲ့ပါသည်။ 

 ၂၀၂၁ ခုနှစ်အတွင်း BA နှုန်းထားသည် 737 MAX ပျံသန်းမှုပြန်လည်စတင်ခြင်းနှင့် ဘဏ္ဍာရေးရာတိုးတက်ခြင်းတို့မှ အားဖြည့်ပေးသောကြောင့် အတန်အသင့်တိုးပွားမှုကို ပြသခဲ့ပါသည်။ 

သို့သော် ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်အတွင်း Boeing သည် ထုတ်ကုန်အသစ်များနှောင်နှေးကြန့်ကြာမှု နှင့် အရည်အသွေးထိန်းချုပ်ရေး ပြဿနာများကို ကြုံကြိုက်ခဲ့ပြီး စတော့ရှယ်ယာ၏ မြင့်တက်မှုကို အဟန့်အတားဖြစ်စေခဲ့ပါသည်။

၂၀၂၄ ခုနှစ်အစောပိုင်း၌ စျေးနှုန်းတည်ငြိမ်သွားခဲ့သော်လည်း စွန့်စားမှုများသည် ရှယ်ယာစျေးနှုန်းအပေါ် ဖိအား ဆက်လက်သက်ရောက်ခဲ့ပါသည်။

၂၀၂၅ ခုနှစ်အတွက် အလားအလာသည် အထွေထွေစီးပွားရေးအလှည့်အပြောင်းများနှင့် Boeing ၏ ထုတ်လုပ်ရေး စိန်ခေါ်မှုများအပေါ်တွင် အဖြေရှာနိုင်စွမ်းတို့ကြောင့် မသေချာမရေရှာမှု ဆက်လက်ဖြစ်ပေါ်နေပါသည်။ 

Boeing ရှယ်ယာများကို အခြေခံတကျစိစစ်ခွဲဖြာခြင်း 

Boeing စတော့၏ အခြေခံတကျစိစစ်ခွဲဖြာမှုသည် ၎င်း၏ ပင်ကိုယ်တန်ဖိုးကို အကဲဖြတ်ရန် နှင့် အနာဂတ် ဘဏ္ဍာရေးစွမ်းဆောင်ချက်ကို ခန့်မှန်းရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်၊ ဤသို့လုပ်ဆောင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများသည် ကုမ္ပဏီ၏ စီးပွားရေးနှင့် ၎င်း၏ စတော့စျေးနှုန်းအပေါ် ပြည်တွင်းနှင့် ပြည်ပ အကြောင်းရင်းများ၏ သက်ရောက်မှုကို တိုင်းတာနိုင်မည် ဖြစ်ပါသည်။ 

မည်သည့်အချက်များသည် Boeing စတော့ရှယ်ယာအပေါ် သက်ရောက်မှုဖြစ်စေပါသနည်း။ 

  • ဘဏ္ဍာရေးအစီရင်ခံစာများ။ ကြံ့ခိုင်သော ဝင်ငွေလမ်းကြောင်းများနှင့် အကျိုးအမြတ်များသည် အများအားဖြင့် ကုမ္ပဏီ၏ စတော့ရှယ်ယာစျေးနှုန်းအပေါ်တွင် အပြုသဘောဆောင်သက်ရောက်မှု ရှိပြီး မြင့်မားသော အကြွေးဝန်နှင့် ဆုံးရှုံးမှုများသည် BA ရှယ်ယာစျေးနှုန်း ကျဆင်းမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။ 

  • အော်ဒါအမှာများ နှင့် ပို့ဆောင်ပေးမှုများ။ အော်ဒါပုံစံအမျိုးမျိုး တိုးချဲ့ခြင်းသည် ကုမ္ပဏီ၏ ထုတ်ကုန်များအတွက် ဝယ်လိုအား တိုးများလာပြီး BA ရှယ်ယာများ တိုးတက်မှုကို ညွှန်ပြပါသည်။ 

  • ထုတ်လုပ်မှုကန့်သတ်ချက်များ။ ထုတ်လုပ်ရေး နှောင့်နှေးခြင်း၊ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်များ နှင့် လေယာဥ်များဖျက်သိမ်းခံရခြင်းသည် Boeing၏ ဂုဏ်သတင်းကို ဆိုးရွားစွာ ပျက်စီးစေနိုင်ပြီး စတော့ရှယ်ယာစျေးနှုန်းများကို အကျဘက်သို့ တွန်းပို့နိုင်ပါသည်။ 

  • ပြိုင်ဆိုင်မှု။ Airbus နှင့် အခြားလေယာဥ်ထုတ်လုပ်ရေးများထံမှ ယှဥ်ပြိုင်မှုသည် Boeing ၏ စျေးကွက်ရှယ်ယာနှင့် ၎င်း၏ အကျိုးအမြတ်ရရှိနိုင်မှုကို ထိခိုက်စေပါသည်။ 

  • အထွေထွေစီးပွားရေးအကြောင်းအရာများ။ စီးပွားရေးတိုးတက်မှု၊ ရေနံစျေးနှုန်းများ ၊ အတိုးနှုန်းများနှင့် ပထဝီနိုင်ငံရေးစွန့်စားမှုများသည်လည်း လေကြောင်းပို့ဆောင်ဆက်သွယ်ရေး၏ လိုအပ်ချက် နှင့် Boeing ၏ တန်ဖိုးကို အကျိုးသက်ရောက်စေပါသည်။ 

  • စည်းမျဥ်းဥပဒေ။ လေယာဥ်ဘေးကင်းရေး စည်းမျဥ်းများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဥ်းများ နှင့် တင်ပို့ကုန်ထိန်းချုပ်ကန့်သတ်မှုများသည် Boeing ၏စီးပွားရေးအပေါ် သိသိသာသာ သက်ရောက်မှု ရှိနိုင်ပါသည်။ 

  • စျေးကွက်သဘောထား။ အကယ်၍ ကုမ္ပဏီ၏ အခြေခံအုတ်မြစ်သည် ဆက်လက်ခိုင်မာနေဆဲ ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံသူများ၏ ယေဘုယျသဘောထား၊ အစီရင်ခံတင်ပြချက်များနှင့် သတင်းထုတ်ပြန်ချက်များသည်လည်း BA ၏လဲလှယ်နှုန်းကို အကျိုးသက်ရောက်စေနိုင်ပါသည်။ 

Boeing နှင့်ပတ်သက်သော ထပ်မံအချက်အလက်များ 

Boeing သည် လေကြောင်း၊ အာကာသ နှင့် စစ်ဖက်ဆိုင်ရာ ကိရိယာပစ္စည်းများ ထုတ်လုပ်ရေးတွင် ကမ္ဘာ့ဦးဆောင်သူတစ်ဦးဖြစ်သည့် အမေရိကန်ကော်ပိုရေးရှင်းတစ်ခု ဖြစ်ပါသည်။ ထိုကုမ္ပဏီကို William Boeing မှ Seattle တွင် ၁၉၁၆ ခုနှစ်၌ တည်ထောင်ခဲ့ပြီး ၎င်းတွင် ရှည်လျား၍ ထင်ရှားသော သမိုင်းကြောင်းတစ်ခု ရှိပါသည်။ 

Boeing ၏ထုတ်ကုန်အမျိုးအစားတွင် ကမ္ဘာတဝှမ်းရှိ လေကြောင်းလိုင်းများမှ တွင်ကျယ်စွာ အသုံးပြုနေကြသည့် နာမည်ကြီး 737၊ 777 နှင့် 787 Dreamliner မော်ဒယ်များ ကဲ့သို့သော အရပ်ဘက်သုံး လေယာဥ်အမျိုးမျိုး ပါဝင်သည်။ ထိုကုမ္ပဏီသည် တိုက်လေယာဥ်များ၊ ရဟပ်ယာဥ်မျာ၊ ဒုံးပျံစနစ်များ အပါအဝင် စစ်လက်နက်ပစ္စည်းများကို ထိပ်တန်းတင်သွင်းသူတစ်ဦးလည်း ဖြစ်ပါသည်။ 

လေကြောင်းပိုင်းဆိုင်ရာ လုပ်ငန်းအပြင် Boeing သည် အာကာသဆိုင်ရာ နယ်ပယ်တွင် လုပ်ကိုင်‌ဆောင်ရွက်နေပြီး ဂြိုဟ်တုများနှင့် လွန်းပျံယာဥ်များ ဖွံ့ဖြိုးတိုးတက်‌ရေးကို လုပ်‌ဆောင်ကာ နိုင်ငံတကာ အာကာသအစီအစဥ်များတွင် ပါဝင်လျက် ရှိပါသည်။ ထိုကုမ္ပဏီသည် ၎င်း၏ ဆန်းသစ်တီထွင် အဖြေရှာမှုများ နှင့် နည်းပညာဆိုင်ရာ တိုးတက်‌ရေးတွင် အင်တိုက်အားတိုက်ပါဝင်မှုအတွက် အသိအမှတ်ပြုခံရပါသည်။ 

Boeing သည်ကမ္ဘာ့စျေးကွက်တွင် အဓိကကျသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်းသည် အထူးသဖြင့် လေကြောင်းနှင့် အာကာသလုပ်ငန်းနယ်ပယ်၏ ဖွံ့ဖြိုတိုးတက်မှုကို အကျိုးသက်ရောက်မှု ဖြစ်စေပါသည်။

Boeing တွင် ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ 

ရင်းနှီးမြှုပ်နှံမှုနယ်ပယ်၊ အထူးသဖြင့် လေကြောင်းပိုင်းဆိုင်ရာ အခန်းကဏ္ဍတွင် Boeing ၏ဖြစ်နိုင်ဖွယ် စွန့်စားမှုအလားအလာများနှင့် ရှိရင်းစွဲပင်ကိုယ် အားသာချက်များကို အကဲဖြတ်ရန် အရေးကြီးပါသည်။ ကုမ္ပဏီ၏ လုပ်ဆောင်နိုင်စွမ်း နှင့် ထိခိုက်လွယ်မှုများကို ပြည့်စုံနှံ့စပ်စွာ အကဲဖြတ်ခြင်းသည် အမြော်အမြင်ရှိသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် လွန်စွာအရေးပါသည်။ Boeing ၏ဘဏ္ဍာရေးအဆင့်အတန်း၊ စျေးကွက်ခြေကုပ်နေရာ၊ ထုတ်လုပ်ရေးစွမ်းရည်များ နှင့် အနာဂတ်အလားအလာတို့ကို နှံ့နှံ့စပ်စပ် စိစစ်ခွဲဖြာခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများသည် ကုမ္ပဏီ၏ ဖြစ်နိုင်ချေရှိသော ဘဏ္ဍာ‌ရေးစွမ်းဆောင်မှုကို ပိုမိုတိတိကျကျ နားလည်သဘောပေါက်နိုင်မည် ဖြစ်ပါသည်။

အားသာချက်များ

  • စျေးကွက်ဦးဆောင်မှု။ Boeing သည် စီးပွားဖြစ်လေယာဥ် ထုတ်လုပ်မှုတွင် ကမ္ဘာ့ဦးဆောင်သူတစ်ဦး ဖြစ်ပြီး ကြီးမားသော စျေးကွက်ဝေစုကို ပိုင်ဆိုင်ထားပါသည်။ 

  • လုပ်ငန်းအမျိုးမျိုး ဖြန့်ကျက်ထားခြင်း။ ကုမ္ပဏီ၏ စီးပွားရေးလုပ်ဆောင်ချက်များသည် အရပ်ဘက်လေကြောင်းပိုင်းလုပ်ငန်းအပြင် တိုးချဲ့၍ စစ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများ၊ အာကာသစနစ်များ နှင့် ဝန်ဆောင်မှုများ အထိထည့်သွင်းလုပ်ကိုင်နေပါသည်။ 

  • လေကြောင်းပို့ဆောင်ရေးကို စဥ်ဆက်မပြတ်လိုအပ်မှု။ လေကြောင်းပို့ဆောင်ရေးတွင် တည်တံ့သော တိုးတက်မှုသည် လေယာဥ်အသစ်များနှင့် Boeing ထုတ်ကုန်များအတွက် ပုံမှန်ဝယ်လိုအားကို သေချာစေပါသည်။

  • အာဏာပိုင်အစိုးရ၏ အမှာအော်ဒါများပြားခြင်း။ Boeing သည် အမေရိကန်ကာကွယ်ရေးဌာနသို့ အဓိကတင်သွင်းသူတစ်ဦး ဖြစ်ပြီး သုတေသန နှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပုံမှန်ဝင်ငွေလမ်းကြောင်းတစ်ခုကို သေချာစေပါသည်။ 

  • ဆန်းသစ်တီထွင်မှု နှင့် နည်းပညာပိုင်းဆိုင်ရာ ဦးဆောင်မှု။ Boeing သည် ၎င်း၏ထုတ်ကုန်များတွင် နည်းပညာအသစ်များနှင့် ဆန်းသစ်တီထွင်မှုများကို ပုံမှန် မိတ်ဆက်ကြေငြာပြီး ၎င်း၏ ပြိုင်ဆိုင်မှုအားသာချက်ကို ထိန်းသိမ်းထားပါသည်။ 

အားနည်းချက် 

  • ဂုဏ်သတင်းဆိုင်ရာ စွန့်စားမှုများ။ 737 MAX ပြဿနာ ကဲ့သို့သော ပျံသန်းမှုဘေးကင်းရေး ကိစ္စရပ်များသည် ကုမ္ပဏီ၏ ဂုဏ်သတင်းကို ဆိုးရွားစွာ ထိခိုက်စေပြီး အမှာစာရင်းအော်ဒါများကို ကျဆင်းသွားစေနိုင်ပါသည်။ 

  • ပေးသွင်းသူများအပေါ် မှီခိုနေရခြင်း။ ပံ့ပိုးချိတ်ဆက်မှုကွင်းဆက် အရှုပ်အထွေး နှင့် အဓိကပေးသွင်းသူများအပေါ် မှီခိုနေရခြင်းသည် ထုတ်လုပ်ရေးနှောင့်နှေးကြန့်ကြာမှုများ နှင့် ကုန်ကျစရိတ်တိုးများလာခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။ 

  • ယှဥ်ပြိုင်မှု။ Boeing သည် Airbus နှင့် အခြားထုတ်လုပ်သူများထံမှ ပြင်းထန်သော ယှဥ်ပြိုင်မှုကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ 

  • အကြွေးအတိုင်းအတာမြင့်မားခြင်း။ ကုမ္ပဏီတွင် ကြီးမားသော အကြွေးဖိစီးမှု ရှိပြီး ၎င်းသည် ဘဏ္ဍာရေးဆိုင်ရာ စွန့်စားမှုများကို မြင့်တက်လာစေပါသည်။ 

  • လေကြောင်းလိုင်းလုပ်ငန်း၏ လည်ပတ်ပုံ။ လေယာဥ်ဝယ်လိုအားသည် စီးပွားရေးအတက်အကျများအပေါ်တွင် ပြောင်းလဲထိခိုက်လွယ်ပါသည်။ ဤအချက်သည် BA တွင် ရေရှည်ရင်းနှီးမြှုပ်နှံ‌မှုများ လုပ်ဆောင်သည့်အခါ ထည့်သွင်းချိန်ဆရန် အရေးကြီးပါသည်။ 

ကြိုတင်ခန့်မှန်းချက်များကို ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်ပုံ 

ကျွန်ုပ်တို့သည် ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုအမျိုးမျိုးအား ခန့်မှန်းရာတွင် ရေတို နှင့် ရေရှည်ကာလ မျှော်မှန်းချက် နှစ်မျိုးလုံးကို ထည့်သွင်းစဥ်းစား၍ ကျယ်ပြန့်သော ချဥ်းကပ်မှုနည်းလမ်းတစ်ခုကို အသုံးပြုပါသည်။ 

1. အခြေခံကျသော စိစစ်သုံးသပ်မှု:

  • ထိပ်တန်းစိစစ်သုံးသပ်ရေး အဖွဲ့အစည်းများထံမှ ကြိုတင်ခန့်မှန်းချက်များကို ချင့်ချိန်တွက်ဆခြင်း။ 

  • ကုမ္ပဏီ၏ ဘဏ္ဍာရေးစွမ်းဆောင်ရည်ကို အကဲဖြတ်ခြင်း၊ ဥပမာ- ၎င်း၏ စျေးကွက်တန်ဖိုး၊ ဝင်ငွေများ နှင့် အသုံးစရိတ်များ ၊ ရှယ်ယာတစ်စောင်မှ အမြတ်ငွေ၊ လုပ်ငန်းအမြတ်အစွန်း၊ ရင်းနှီးမြှုပ်နှံမှုမှ အမြတ်ပြန်ရမှု စသည်တို့ ဖြစ်ပါသည်။ 

  • ကုမ္ပဏီနှင့် စပ်လျဥ်းသော ထုတ်ပြန်ချက်များနှင့် သတင်းများကို သုံးသပ်ခြင်း။ 

  • ပထဝီနိုင်ငံရေးနှင့် အထွေထွေစီးပွားရေး စွန့်စားမှုများကို ဆန်းစစ်လေ့လာခြင်း။ 

2. စျေးကွက်သဘောထားနှင့် ဆိုရှယ်မီဒီယာပေါ်ရှိ ပြည်သူလူထု၏ ထင်မြင်ယူဆချက်များကို စိစစ်ခွဲဖြာမှု။ 

3. နည်းပညာဆိုင်ရာ စိစစ်သုံးသပ်မှု ။ စည်းမျဥ်းတစ်ခုအနေဖြင့် ပိုင်ဆိုင်မှုတစ်ခု၏ စျေးနှုန်းများသည် သဘာဝအလျောက် သံသရာလည်ကာ ထပ်တလဲလဲ ဖြစ်ပေါ်နေလေ့ ရှိပြီး အကြောင်းအချက်ပေါင်းများစွာသည် ၎င်း၏စျေးနှုန်းအတွင်း ပါဝင်ပြီး ဖြစ်ပါသည်။ စျေးနှုန်း chart သည် ကိန်းဂဏန်းအချက်အလက်ကို တင်ပြရုံသာမက စျေးကွက်၏ စိတ်ပိုင်းဆိုင်ရာခံစားချက်ကိုပါ ထင်ဟပ်မြင်သာစေပါသည်။ နည်းပညာဆိုင်ရာ စိစစ်သုံးသပ်မှုအတွက် ကိရိယာနှင့် နည်းစနစ်များစွာ ရှိပါသည်။ ပိုမိုအောင်မြင်၍ ရှေးကျသော သုတေသနမော်ဒယ်တွင် candlestick၊ chart နှင့် အညွှန်းကိန်းများကို ပေါင်းစပ်စိစစ်ခွဲဖြာမှုတို့ ပါဝင်သည်။ စျေးနှုန်းဆန့်ကျင်ဘက်သို့ ပြောင်းလဲမှုများကို အကြိမ်ပေါင်းများစွာ အတည်ပြုခြင်းသည် သင့်အား စွန့်စားမှုအနည်းဆုံးဖြင့် ပိုမိုသင့်တော်သော ဝင်ရောက်မှတ်များကို ရှာဖွေနိုင်စေပြီး ဖြစ်နိုင်ချေရှိသော အမြတ်ပစ်မှတ်များကို ကြိုတင်ဆုံးဖြတ်နိုင်စေပါသည်။ 

နိဂုံးချုပ်: Boeing (#BA) သည်ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါသလား။ 

Boeing ၏ (#BA) စတော့ရှယ်ယာသည် အရှုပ်တော်ပုံများ၊ ထုတ်လုပ်ရေးကြန့်ကြာမှုများ နှင့် ပထဝီနိုင်ငံရေး မသေချာမရေရာမှု အပါအဝင် ကြီးမားသော လှုပ်ခတ်မှုများနှင့် ကြုံကြိုက်ခဲ့ရပါသည်။ 

သို့သော် ကမ္ဘာလုံးဆိုင်ရာ လေကြောင်းစျေးကွက်ကို ချဲ့ထွင်နေပြီး Boeing သည် မြန်ဆန်စွာ ပြန်လည်ထူထောင်လာနိုင်ချေ ရှိပါသည်။ BA တွင် ရင်းနှီးမြှုပ်နှံခြင်းသည် စွန့်စားမှုအတိုင်းအတာတစ်ခုအထိ ပါဝင်ပြီး ဘဏ္ဍာရေးစွမ်းဆောင်ရည်၊ စီမံခန့်ခွဲမှုထိရောက်ခြင်း နှင့် ပိုမိုကျယ်ပြန့်သော စျေးကွက်အခြေအနေများကို နှံ့နှံ့စပ်စပ် ချင့်ချိန်သုံးသပ်ရန် လိုအပ်ပါသည်။ 

ရေရှည်အနာဂတ်အလားအလာမှာ စျေးမြင့်တက်မည့်အနေအထား ရှိသော်လည်း ကုမ္ပဏီ၏ လုပ်ငန်းကဏ္ဍတွင် စျေးအတက်အကျမြင့်မားကြောင်း သိရှိထားရန် လွန်စွာအ‌ရေးကြီးပါသည်။ BA စ‌တော့သည် စွန့်စားမှုအတိုင်းအတာတစ်ခုအထိ လက်ခံနိုင်၍ စျေးအတက်အကျများကို စီမံခန့်ခွဲလိုသော ရင်းနှီးမြှုပ်နှံသူအများအတွက် ခိုင်မာသော ရွေးချယ်မှုတစ်ရပ် ဖြစ်နိုင်ပါသည်။ 

Boeing စျေးနှုန်းမှန်းဆချက်တွင် မေးလေ့ရှိသော အမေးနှင့်အဖြေများ

လက်ရှိ Boeing စတော့စျေးနှုန်းမှာ ၁၆.၀၅.၂၀၂၆ အရ $220.52 ဖြစ်ပါသည်။

၂၀၂၅ ခုနှစ်အတွက် Boeing စတော့ရှယ်ယာ ခန့်မှန်းချက်များသည် အမျိုးမျိုးကွဲပြားနေပါသည်။ ကျွမ်းကျင်သူအချို့သည် ထိုနှစ်ကုန်ပိုင်း၌ $161.53–$170.43 အထိသို့ စျေးနှုန်းထိုးကျနိုင်‌ကြောင်း ယူဆထားပါသည်။ ပိုမိုအပြုသဘောဆောင် ခန့်မှန်းချက်များ၏အဆိုအရ စျေးနှုန်းမှာ $257.00 သို့မြင့်တက်လာနိုင်ပါသည်။

နည်းပညာအသစ်များ၊ အော်ဒါအမှာစာရင်း ပြည့်မီမှု နှင့် အထွေထွေစီးပွားရေးအကြောင်းတရားများ ကဲ့သို့သော အချက်များစွာကြောင့် ၂၀၂၆ ခုနှစ်အတွက် Boeing ၏ စတော့စျေးနှုန်းကို ခန့်မှန်းရန် ခက်ခဲပါသည်။ ကောင်းမွန်သော အနာဂတ်မျှော်မှန်းချက်များသည် $199.11–$318.00 အထိသို့ တိုးမြင့်မှုကို ဖော်ပြထားသော်လည်း စျေးကျဆင်းမည့် ယူဆချက်များသည် $157.28 သို့ထိုးကျမှုကို ညွှန်ပြပါသည်။

၂၀၃၀ ခုနှစ်အတွက် Boeing စတော့စျေးနှုန်းခန့်မှန်းချက်သည် လေကြောင်းဆိုင်ရာ ဆန်းသစ်တီထွင်မှု၊ ပထဝီနိုင်ငံရေး အကြောင်းအရာများ နှင့် လုပ်ငန်းခေါင်းဆောင်များထံမှ ပြိုင်ဆိုင်မှု အပါအဝင် အချက်ပေါင်းများစွာပေါ်တွင် မူတည်ပါသည်။ အကယ်၍ Boeing သည် လက်ရှိစိန်ခေါ်မှုများကို ကျော်လွှား၍ ၎င်း၏ လုပ်ငန်းနယ်ပယ် ဦးဆောင်မှုကို ထိန်းသိမ်းထားနိုင်ပါက $422.00–$571.00 အထိသို့ စျေးထိုးတက်နိုင်ပါသည်။

Boeing စတော့များကို ဝယ်ယူရန် (သို့) ရောင်းချရန်အတွက် ဆုံးဖြတ်ချက်သည် သတ်မှတ်ထားသော စွန့်စားမှုများ အပါအဝင် အကြောင်းအရာအမျိုးမျိုးအပေါ် မူတည်ပါသည်။ သင်သည် လက်ရှိစျေးကွက်အခြေအနေ၊ ကုမ္ပဏီ၏ ဘဏ္ဍာရေးစွမ်းဆောင်ချက် နှင့် တိုးတက်မှုအလားအလာတို့ကို ထည့်သွင်းစဥ်းစားရန် လိုအပ်ပါသည်။ ရင်းနှီးမြှုပ်နှံ‌ရေးဆုံးဖြတ်ချက်တစ်ရပ် မချမှတ်မီ သင့်၏ စိစစ်သုံးသပ်မှုတစ်ခုကို ပြုလုပ်ပါ။

Boeing သည် စွန့်စားမှုရှိသော ရင်းနှီးမြှုပ်နှံရေးအခွင့်အလမ်းကို ကိုယ်စားပြုပါသည်။ ကုမ္ပဏီသည် ၎င်း၏ ထုတ်လုပ်ရေး အပါအဝင် ဘေးကင်းလုံခြုံရေး ပြဿနာများနှင့် ဆက်စပ်သော စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ထိုစတော့ရှယ်ယာသည် မြင့်မားသော မတည်ငြိမ်မှုကို ပြသခဲ့ပြီး ကုမ္ပဏီ၏ အနာဂတ်သည် ၎င်း၏ နာမည်ဂုဏ်သတင်း ပြန်လည်တည်ဆောက်နိုင်စွမ်း နှင့် တည်ငြိမ်သော လုပ်ငန်းများကို ထူထောင်နိုင်မှုအပေါ် မူတည်ပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်များ မချမှတ်မီ စွန့်စားမှုများကို အကဲဖြတ်သင့်ပါသည်။

Boeing စတော့ရှယ်ယာသည် ထုတ်လုပ်ရေး ပြန်လည်ကောင်းမွန်မှု၊ အမှာ‌‌‌အော်ဒါအသစ်များ နှင့် ခိုင်မာသော ဘဏ္ဍာရေးအစီရင်ခံစာများကြားတွင် တိုးပွားမှုများကို ပြသနိုင်ပါသည်။ ပျံသန်းမှု ဘေးကင်းလုံခြုံရေးနှင့် ယှဥ်ပြိုင်မှုအန္တရာယ်များ ကဲ့သို့သော အချက်များသည် ဖြစ်နိုင်ချေအားဖြင့် ၎င်းတိုးတက်မှုကို အဟန့်အတားဖြစ်စေနိုင်ပါသည်။

Boeing စတော့၏ စျေးနှုန်းပစ်မှတ်မှာ အမျိုးမျိုးဖြစ်နေပါသည်။ ကြားချခန့်မှန်းချက်သည် ကုမ္ပဏီ၏ သင့်တော်သော ဘဏ္ဍာရေးစွမ်းဆောင်ချက်နှင့် မျှော်မှန်းအလားအလာတို့ကြောင့် $200.84 သို့မြင့်တက်မည်ဟု အကြံပြုထားပါသည်။ အထူးသဖြင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဘဏ္ဍာရေးကျွမ်းကျင်သူများမှ ဖော်ပြထားသော ကြိုတင်ခန့်မှန်းချက်များကို စောင့်ကြည့်လေ့လာသင့်ပါသည်။

Boeing စတော့၏ ပကတိတန်ဖိုးသည် ရှုပ်ထွေးသော အယူအဆတစ်ခု ဖြစ်ပြီး စျေးကွက်ပေါက်စျေးနှင့် ကွဲပြားနိုင်ပါသည်။ လက်ရှိအခါတွင် Boeing Co (BA) သည် Discounted Cash Flows (Growth Exit 5Y) မော်ဒယ်ကို အခြေခံကာ ပင်ကိုယ်တန်ဖိုး $30.85 ရှိပါသည်။

Boeing စတော့၏ အနာဂတ်မှာ မသေချာမရေရာသော်လည်း မျှော်မှန်းအလားအလာကောင်းရှိပါသည်။ ကုမ္ပဏီသည် ပြင်းထန်သော အခက်အခဲများကို ရင်ဆိုင်နေရသော်လည်း သိသာထင်ရှားသော အနာဂတ်အလားအလာကို ဆွဲကိုင်ထားလျက်ရှိပါသည်။ ၎င်၏ အောင်မြင်မှုသည် လက်ရှိစိန်ခေါ်မှုများကို ကျော်လွှားနိုင်မှု၊ စျေးကွက်အပြောင်းအလဲများတွင် လိုက်လျောညီထွေရှိမှု နှင့် ဆန်းသစ်တီထွင်မှုများ လက်ခံကျင့်သုံးခြင်းတို့အပေါ် မူတည်နေပါသည်။

လက်တွေ့ဈေးကွက်အချိန်ရှိ BA ၏စျေးနှုန်းဇယား

2026၊ 2027၊ 2028–2030 နှင့် နောက်ပိုင်းအတွက် Boeing အလားအလာ ကြိုတင်သုံးသပ်ချက်နှင့် ဈေးနှုန်းခန့်မှန်းချက်များ

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat