အစဉ်အလာအားဖြင့် ဘေးကင်းသောငွေကြေးတခုဟု ယူဆလာခဲ့ကြသော ယန်းငွေသည် မကြာသေးမီ နှစ်များအတွင်း သိသာထင်ရှားသောစိန်ခေါ်မှုများဖြင့် ရင်ဆိုင်ခဲ့ရသည်။ ရလာဒ်တခုအနေဖြင့်၊ အမေရိကန်နှင့် ဂျပန်စီးပွားရေးများကို ကိုယ်စားပြု‌သော USDJPY အတွဲသည် အဝယ်နှင့် အရောင်းများအတွက် တက်ကြွစွာပြိုင်ဆိုင်ရသောဈေးကွက်တခု အဖြစ်ပြောင်းလဲလာခဲ့သည်။ ဤဖွံ့ဖြိုးတိုးတက်မှုများသည် ငွေကြေးအတွဲ၏ အနာဂါတ်တွင် မည်သည့်ပြောင်းလဲမှုများကို ပေါ်ပေါက်စေမည်နည်း။ ၎င်း၏လမ်းကြောင်းအပေါ်တွင် မည်သည့်အကြောင်းအရာများက အများဆုံးလွှမ်းမိုးသက်ရောက်မည်နည်း။

‌ဤဆောင်းပါးသည် ၂၀၂၅၊ ၂၀၂၆၊ ၂၀၂၇ နှင့်နောက်ပိုင်းအတွက် ကြိုတင်ခန့်မှန်းချက်များကို ပံ့ပိုးပေးပါသည်။ ဤခန့်မှန်းချက်များကို အထွေထွေစီးပွားရေးလမ်းကြောင်းများ၊ ပထဝီနိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှုများ အပါအဝင် အကြောင်းအရာများစွာမှ ပုံဖော်ပါသည်။ 

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


အဓိကမှတ်သားဖွယ်ရာအချက်များ

  • ၁၄.၀၅.၂၀၂၆ တွင် ဤအတွဲ၏ လက်ရှိဈေးနှုန်းမှာ ¥157.955 ဖြစ်ပါသည်။

  • USDJPY အတွဲသည် ၎င်း၏ ကာလတလျှောက်အမြင့်ဆုံးတန်ဖိုး ¥358.4 သို့ ၁၀.၀၁.၁၉၇၁ တွင် ရောက်ရှိခဲ့သည်။ ၎င်း၏ ကာလတလျှောက်အနိမ့်ဆုံးတန်ဖိုးဖြစ်သော ¥75.57 ကို ၃၁.၁၀.၂၀၁၁ တွင် မှတ်တမ်းတင်ခဲ့သည်။

  • ကျွမ်းကျင်သူအများစုသည် ၂၀၂၅ ခုနှစ်အတွင်း USDJPY အား နောက်ထပ်ကျဆင်းလာရန် မျှော်လင့်ကြပါသည်။ အမျိုးမျိုးသော ခန့်မှန်းသုံးသပ်ချက်များအရ၊ ဈေးနှုန်းသည် နှစ်ကုန်ချိန်တွင် ¥140.00 သို့ ကျဆင်းနိုင်သည်။ အကောင်းမြင်မှုရှိသော ရှုမြင်ချက်တခုသည် ¥160.74 အထိ တိုးတက်ရန်အလားအလာကို အဆိုပြုထားပါသည်။ မည်သို့ပင်ဖြစ်စေ၊ ကျွမ်းကျင်သူများမှ ဤခန့်မှန်းချက်အား ဖြစ်နိုင်ခြေမရှိဟု ကျယ်ပြန့်စွာ သုံသပ်ကြပါသည်။

  • ၂၀၂၆ ခုနှစ်တွင်၊ ကျဆင်းသောအခြေအနေသည် တိုးတက်မှုဘက်သို့ ပြောင်းလဲလာနိုင်ပါသည်။ ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်များအရ၊ ဈေးနှုန်းသည် နှစ်ကုန်ချိန်တွင် ¥159.00–¥173.93 သို့ တိုးတက်လာနိုင်သည်။ တချိန်တည်းမှာပင်၊ အချို့သော ခွဲခြမ်းစိတ်ဖြာသူများမှ နှုန်းထားများသည် ¥138.39 သို့ ကျဆင်းနိုင်သည်ဟု အကြံပြုကြပါသည်။

  • ၂၀၂၇ မှ ၂၀၃၀ အထိ၊ ခန့်မှန်းချက်များမှာ အမျိုးမျိုးကွဲလွဲနေကြပါသည်။ အချို့သော ကျွမ်းကျင်သူများမှ ¥215.26–¥218.84 အထိ တဟုန်ထိုးမြင့်တက်မှုကိုမျှော်လင့်ကြစဉ်၊ အချို့ကမူ ¥124.29 အထိ ကျဆင်းမှုတရပ်ကို မျှော်မှန်းကြပါသည်။

  • ၂၀၄၀ မှ ၂၀၅၀ ကြားကာလများတွင် USDJPY အတွဲသည် ကမ္ဘာလုံး‌ဆိုင်ရာစီးပွားရေးကဏ္ဍ၏ အသွင်ကူးပြောင်းမှုများနှင့် ပထဝီနိုင်ငံရေးအပြောင်းအလဲများ၏သက်ရောက်မှုကို ခံစားရပါမည်။ ပိုင်ဆိုင်မှုသည် အတိုးနှုန်းအပြောင်းအလဲများ၊ ကုန်သွယ်စစ်ပွဲများနှင့် ပထဝီနိုင်ငံရေးမတည်ငြိမ်မှုများကြောင့် အတက်၊အကျများဖြင့် ကြုံတွေ့ရလိမ့်မည်ဖြစ်သည်။ ကာလရှည်လမ်းကြောင်းကို အဓိကအဆုံးအဖြတ်ပေးမည့်အရာမှာ အမေရိကန်နှင့် ဂျပန်တို့၏ စီးပွားရေးအခြေအ‌နေနှိုင်းယှဉ်ချက်နှင့် ဘဏ္ဍာရေးကဏ္ဍတိုးတက်မြှင့်တင်မှုများပင်ဖြစ်သည်။

USDJPY အချိန်နှင့်တပြေးညီဈေးကွက်အခြေအနေ

၁၄.၀၅.၂၀၂၆ တွင် USDJPY ငွေကြေးအတွဲအား ¥157.955 ၌ အရောင်းအဝယ်ပြုလုပ်လျှက်ရှိသည်။

အောက်ပါအချက်များသည် ဈေးကွက်အတွင်း USDJPY အတွဲ၏ အခြေအနေကို ခန့်မှန်းဆုံးဖြတ်ရန်အတွက် ကုန်သည်များအား ကူညီပေးနိုင်သည့် စားသုံးသူငွေကြေးသုံးစွဲမှု နှစ်ခုစလုံးအပေါ် လွှမ်းမိုးသက်ရောက်ပါသည်။

  • အတိုးနှုန်း ဆိုသည်မှာ ချေးငွေပမာဏ၏ ရာခိုင်နှုန်းအဖြစ် ဖော်ပြသည့် ငွေချေးယူမှု ၏ ကုန်ကျစရိတ်ဖြစ်သည်။ ၎င်းသည် ရင်းနှီးမြှုပ်နှံမှု နှင့် စားသုံးသူအသုံးစရိတ် နှစ်ခုလုံးအပေါ် လွှမ်းမိုးမှုရှိပါသည်။

  • National consumer price index (CPI) (YoY) သည် သတ်မှတ်စုစည်းထားသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏တန်ဖိုးတွင် နှစ်စဉ်အပြောင်းအလဲများကို ခြေရာခံခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုကို တိုင်းတာပါသည်။

  • စီးပွားရေးတိုးတက်မှုနှုန်း (GDP) (YoY) သည် နိုင်ငံတခု၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများထုတ်လုပ်မှုတွင် တနှစ်ထက်တနှစ် တိုးတက်မှုနှုန်းကို ချိန်ဆတိုင်းတာပါသည်။

  • အလုပ်အကိုင်ခန့်အပ်မှုနှုန်းထားသည် အလုပ်လုပ်နိုင်သော အသက်အရွယ်အပိုင်းအခြားတွင် လစာဖြင့်အလုပ်ခန့်အပ်ထား‌သော(ဝန်ထမ်းအဖြစ်လုပ်ကိုင်နေသော) လူဦးရေအချိုးကို ကိုယ်စားပြုပါသည်။

  • အလုပ်လက်မဲ့နှုန်းထားသည် အလုပ်လုပ်နိုင်သော အသက်အရွယ်အပိုင်းအခြားတွင် အလုပ်အကိုင်မရှိသော်လည်း တက်ကြွစွာ အလုပ်အကိုင်ရှာဖွေနေသော လူဦးရေအချိုးကို ကိုယ်စားပြုပါသည်။ နိမ့်ပါးသော အလုပ်လက်မဲ့နှုန်းထားသည် ခိုင်မာ‌သော အလုပ်သမားဈေးကွက်ကို ညွှန်ပြပါသည်။

  • ကုန်သွယ်မှုစာရင်းလက်ကျန်သည် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ ပို့ကုန်တန်ဖိုးနှင့် သွင်းကုန်တန်ဖိုးကြားမှ ခြားနားချက်ဖြစ်ပါသည်။

  • နိုင်ငံခြားအရန်ငွေ ဆိုသည်မှာ နိုင်ငံတခု၏ ငွေကြေးနှင့် သွင်းကုန် ဘဏ္ဍာများ(သွင်းကုန်များအတွက်ငွေပေးချေမှု)တည်ငြိမ်စေရန်အတွက် သွင်းကုန် နိုင်ငံခြားငွေကြးများနှင့် ရွှေများကို လက်ဝယ်ထိန်းသိမ်းထားခြင်းကို ရည်ညွှန်းပါသည်။

  • ပြင်ပကြွေးမြီဆိုသည်မှာ နိုင်ငံတခုအနေဖြင့် နိုင်ငံရပ်ခြားမှ ငွေထုတ်ချေးသူများထံ ပေးဆပ်ရန်ရှိသော စုစုပေါင်းပမာဏဖြစ်ပါသည်။

တိုင်းတာချက်

တန်ဖိုး (ဂျပန်)

အတိုးနှုန်း

0.50%

National Consumer Price Index (CPI) (YoY)

4.0%

စီးပွားရေးတိုးတက်မှုနှုန်း (GDP) (YoY)

2.8%

အလုပ်အကိုင်ခန့်အပ်မှုနှုန်း

62.00%

အလုပ်လက်မဲ့နှုန်းထား

2.4%

ကူးသန်းရောင်းဝယ်ရေးစာရင်းရှင်းတမ်းလက်ကျန်

-2,758.8 billion JPY

ရွှေသိုက်

845.97 tonnes

ပြင်ပကြွေးမြီ

664 billion JPY

USDJPY အတွဲအကြောင်း ပိုမို၍ ပြည့်စုံသော ခွဲခြမ်းစိတ်ဖြာမှုအတွက်၊ ဂျပန်နှင့် အမေရိကန် နှစ်နိုင်ငံစလုံး၏ အချက်အလက်များကို ထည့်သွင်းစဉ်းစားရန်အရေးကြီးပါသည်။

နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ်အခြေခံ၍ ၂၀၂၅ ခုနှစ် အတွက် USDJPY ဈေးနှုန်းခန့်မှန်းချက်

၂၀၂၅ ခုနှစ်အတွင်း USDJPY ငွေလဲနှုန်း၏ တိုးတက်ကျဆင်းမှုများကို ကြိုတင်ခန့်မှန်းရန်အတွက် တပတ်တာပြောင်းလဲရွေ့လျားမှုဇယား၏ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတခုကို ဆောင်ရွက်ကြပါစို့။

LiteFinance: နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ်အခြေခံ၍ ၂၀၂၅ ခုနှစ် အတွက် USDJPY ဈေးနှုန်းခန့်မှန်းချက်

၂၀၂၁ နှစ်စမှစတင်၍၊ ငွေကြေးအတွဲအား ကြီးမားသောအတက်လမ်းကြောင်းတခုအတွင်း အရောင်းအဝယ် ပြုလုပ်နေခဲ့ကြသည်။ လက်ရှိတွင် နှုန်းထားများသည် 157.955 အနီး ရစ်ဝဲနေပါသည်။

ထင်ရှားသောအချက်တခုမှာ၊ resistance ဖြစ်သော 161.57 အနီးတွင် Evening Star နှင့် Bearish Engulfing candlestick ဆန့်ကျင်ဘက်အချက်ပြပုံစံများ ပေါ်ပေါက်လာကြသည်။ ၎င်းသည် အားကောင်းသော ကျဆင်းမှုဖိအားတရပ်ကို ညွှန်ပြပါသည်။

RSI တန်ဖိုးများသည် 50 အောက်သို့ ကျဆင်းလာပြီး၊ လက်ရှိ‌ဖြစ်ပေါ်နေသော ကျဆင်းမှုဖိအားနှင့် အလားအလာရှိသော အရောင်းအခွင့်အလမ်းများကို အကြံပြုနေပါသည်။ 

MACD မျဉ်းသည် အပေါင်းဇုန်အတွင်း ကျဆင်းလာနေပြီး သုညနယ်နိမိတ်ဆီသို့ ချဉ်းကပ်လာသည်။ အကယ်၍ ၎င်းသည် အချက်ပြမျဉ်းအား အထက်မှဖြတ်ကျော်၍ အနှုတ်ဇုန်အတွင်း ဆက်လက်ကျဆင်းသွားပါက၊ အရောင်းကုန်သွယ်မှုများကို အစပြုနိုင်ပါသည်။

Money Flow Index (MFI) သည် ပိုင်ဆိုင်မှုထံမှ သိသာထင်ရှား‌သော liquidity ထွက်ခွာမှုတရပ်ကို ပြသပြီး၊ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ပါဝင်စားမှုကင်းမဲ့ခြင်းကို ညွှန်ပြနေသည်။ ထို့ကြောင့်၊ indicator သည် ရောင်းချရန် အချက်ပြပါသည်။

ဈေးကွက်နှုန်းထားသည် 50-period moving average (MA50) အောက်တွင် ရှိနေပြီး၊ အထက်သို့ရွေ့လျားမှု နှေးကွေးလာခြင်းကို ညွှန်ပြပါသည်။ 136.29 တွင်ရှိသော MA200 သည် အရေးပါသည့် support level အဖြစ် ဆောင်ရွက်ပါသည်။

အများဆုံးဖြစ်နိုင်ခြေရှိသည်မှာ၊ အရောင်းများသည် ဈေးနှုန်းကို အရေးပါသည့် support ဖြစ်သော 140.55 အထိ ဆွဲချနိုင်ပါသည်။ မြင့်တက်လာသော ကုန်သွယ်မှုပမာဏများနှင့် ဈေးနှုန်းဆက်တိုက်ကျဆင်းမှုသည် နောက်ထပ်အရောင်းကုန်သွယ်မှုများကို ပို၍လှုံ့ဆော်နိုင်ပြီး၊ ယခုနှစ်အတွင်း ဤအတွဲအား 127.17–103.13 တန်ဖိုးနှင့်အောက်သို့ နိမ့်ဆင်းသွားစေရန် တွန်းအားပေးနိုင်ပါသည်။

အခြားဖြစ်နိုင်ခြေတရပ်မှာ၊ ဈေးနှုန်းသည် 140.55 အမှတ်၏အထက်တွင် ရပ်တန့်နေပြီး၊ ထိုနေရာမှ အထက်နယ်နိမိတ်များဆီသို့ ပြန်လည်မြင့်တက်သွားကာ အဝယ်အခွင့်အလမ်းများကို ဖန်တီးပေးခြင်းဖြစ်ပါသည်။ ဤသို့ဖြစ်ခဲ့လျှင်၊ 161.57–183.68 ဧရိယာအတွင်း ပစ်မှတ်ထား၍ အဝယ်ကုန်သွယ်မှုများကို ဖွင့်နိုင်ပါသည်။

အောက်ပါဇယားကွက်သည် လာမည့် ၁၂ လအတွက် မျှော်မှန်းထားသော အနိမ့်ဆုံးနှင့် အမြင့်ဆုံးတန်ဖိုးများကို ပြသပါသည်။

USDJPY မျှော်မှန်းတန်ဖိုးများ

အနည်း‌ဆုံး၊ ¥

အများဆုံး၊ ¥

မတ် ၂၀၂၅

145.96

150.50

ဧပြီ ၂၀၂၅

141.88

148.23

မေ ၂၀၂၅

137.35

142.79

ဇွန် ၂၀၂၅

134.63

140.07

ဇူလိုင် ၂၀၂၅

131.68

138.25

ဩဂုတ် ၂၀၂၅

131.00

135.31

စက်တင်ဘာ ၂၀၂၅

133.72

141.43

အောက်တိုဘာ ၂၀၂၅

131.23

143.47

နိုဝင်ဘာ ၂၀၂၅

128.28

133.04

ဒီဇင်ဘာ ၂၀၂၅

121.02

129.64

ဇန်နဝါရီ ၂၀၂၆

114.22

122.04

ဖေဖော်ဝါရီ ၂၀၂၆

105.38

116.94

၂၀၂၅ ခုနှစ်အတွက် USDJPY ကာလရှည်ကုန်သွယ်ရေးအစီအစဉ်

ဈေးနှုန်းသည် ပင်မအတက်လမ်းကြောင်းအတွင်း ရွေ့လျားနေသော်လည်း၊ နည်းပညာပိုင်းဆိုင်ရာ ညွှန်ပြကိရိယာများနှင့် candlestick patterns များသည် ကျဆင်း‌သောအလှည့်အပြောင်းတခုကို အခိုင်အမာအချက်ပြနေကြပါသည်။

USDJPY တပတ်တာရွေ့လျားမှုဇယား၏ ခွဲခြမ်းစိတ်ဖြာချက်သည် ရှေ့တနှစ်တာအတွက် ကုန်သွယ်ရေးအစီအစဉ်တခုချမှတ်ရာတွင် အသုံးပြုနိုင်သော အရေးပါသည့် support နှင့် resistance levels များကို ဖော်ထုတ်ပေးခဲ့ပါသည်။

တနှစ်တာကုန်သွယ်ရေးအစီအစဉ်

  • USDJPY ဇယားသည် Evening Star နှင့် Bearish Engulfing reversal candlestick patterns များပေါ်ပေါက်လာမှုကို ပြသပါသည်။ ၎င်းသည် အရောင်းဘက်မှအလေးသာခြင်းကို ညွှန်ပြပြီး၊ ကျဆင်း‌သောအလှည့်အပြောင်းတခု၏ အလားအလာကို သတိပေးပါသည်။

  • MACD မျဉ်းသည် အပေါင်းဇုန်အတွင်း နိမ့်ဆင်းလာပြီး၊ သုညမှတ်သို့ ချဉ်းကပ်လာသည်။ ဤသည်မှာ ၎င်းသည် မကြာမီ အနှုတ်ဇုန်အတွင်းသို့ ပြောင်းရွှေ့သွားမည့် လက္ခဏာဖြစ်ပါသည်။ တချိန်တည်းတွင်၊ RSI တန်ဖိုးများသည်လည်း ကျဆင်းနေပြီး အောက်ပိုင်းနယ်နိမိတ်သို့ နီးကပ်လာပါသည်။ MFI သည် liquidity ထွက်ခွာခြင်းကို ပြသကာ၊ အရောင်းအချက်ပြမှုကို ပိုမိုခိုင်မာစေပါသည်။

  • ၂၀၂၅ ခုနှစ်အတွက် အဓိကလျာထားသော ကုန်သွယ်ရေးအစီအစဉ်သည် အရေးပါသည့် support ဖြစ်သော 140.55 အောက်တွင် အရောင်းကုန်သွယ်မှုများဖွင့်ရန်နှင့် 127.17–103.13 ဧရိယာနှင့်အောက်တွင် အမြတ်ပစ်မှတ်များသတ်မှတ်ရန် အကြံပြုပါသည်။

  • အခြားဖြစ်နိုင်ခြေရှိသော အစီအစဉ်တခုမှာ အကယ်၍ အဝယ်များသည် ဈေးနှုန်းကို 140.55 အထက်တွင် ထိန်းသိမ်းထားနိုင်ခဲ့ပါက၊ 161.57–183.68 ဧရိယာအတွင်း ပစ်မှတ်ထား၍ အဝယ်ကုန်သွယ်မှုများဖွင့်ရန်ဖြစ်သည်။

၂၀၂၅ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ USDJPY ဈေးနှုန်းခန့်မှန်းချက်များ

၂၀၂၅ ခုနှစ်အတွင်း USDJPY ငွေကြေးအတွဲ၏ နှုန်းထား‌အခြေအနေအပေါ်တွင် ကျွမ်းကျင်သူများစွာတို့မှ အနှုတ်သဘောဆောင်သော ခန့်မှန်းချက်များကို ထုတ်ပြန်ကြပါသည်။

LongForecast

၂၀၂၅ ခုနှစ်အတွင်း ဈေးနှုန်း‌ရွေ့လျားမှုအကွာအဝေး - ¥135.00–¥150.00(၂၈၊ ၀၂၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

LongForecast ၏ အဆိုအရ၊ နှုန်းထားများသည် ၂၀၂၅ နှစ်လယ်တွင် ¥144.00 သို့ရောက်ရှိနိုင်သည်။ ဇူလိုင်လတွင် ¥148.00 သို့ ယာယီမြင့်တက်လာရန် မျှော်လင့်ရပြီး၊ အောက်တိုဘာလကုန်တွင် ¥137.00 သို့ ပြန်လည်ကျဆင်းသွားနိုင်သည်။ ဒီဇင်ဘာလကုန်တွင် ဤအတွဲသည် ¥140.00 ၌တည်ငြိမ်စွာ ရပ်တည်နိုင်ပါသည်။

အဖွင့်၊ ¥

အနည်း‌ဆုံး–အများဆံုး၊ ¥

အပိတ်၊ ¥

မတ်

149.00

141.00–150.00

144.00

ဧပြီ

144.00

140.00–145.00

142.00

မေ

142.00

142.00–148.00

146.00

ဇွန်

146.00

142.00–146.00

144.00

ဇူလိုင်

144.00

144.00–150.00

148.00

ဩဂုတ်

148.00

143.00–148.00

145.00

စက်တင်ဘာ

145.00

139.00–145.00

141.00

အောက်တိုဘာ

141.00

135.00–141.00

137.00

နိုဝင်ဘာ

137.00

137.00–142.00

140.00

ဒီဇင်ဘာ

140.00

138.00–142.00

140.00

WalletInvestor

၂၀၂၅ ခုနှစ်အတွင်း ဈေးနှုန်း‌ရွေ့လျားမှုအကွာအဝေး - ¥147.77–¥160.74(၂၈၊ ၀၂၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

USDJPY ငွေလဲနှုန်းသည် ၂၀၂၅ နှစ်လယ်တွင် ¥155.28 သို့ မြင့်မားတိုးတက်လာမည်ဟု WalletInvestor မှ ကြိုတင်မှန်းဆပါသည်။ မည်သို့ပင်ဖြစ်စေ၊ ဒုတိယနှစ်ဝက်တွင်၊ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များသည် ဒေါ်လာတန်ဖိုးနှင့်နှိုင်းယှဉ်ရာတွင် ဂျပန်ယန်းငွေတန်ဖိုးဆက်လက်ကျဆင်းရန်နှင့် ဒီဇင်ဘာလကုန်တွင် ¥160.74 သို့ ရောက်ရှိရန် မျှော်လင့်ကြပါသည်။

အဖွင့်၊ ¥ 

အပိတ်၊ ¥

အနည်းဆုံး၊ ¥

အများဆုံး၊ ¥

မတ်

148.82

151.19

147.77

151.19

ဧပြီ

151.19

152.84

151.19

152.84

မေ

152.85

154.07

152.85

154.07

ဇွန်

154.11

155.28

154.11

155.28

ဇူလိုင်

155.33

154.92

154.92

155.49

ဩဂုတ်

154.88

155.50

154.78

155.50

စက်တင်ဘာ

155.55

156.91

155.55

156.91

အောက်တိုဘာ

156.97

158.51

156.97

158.51

နိုဝင်ဘာ

158.59

159.64

158.59

159.68

ဒီဇင်ဘာ

159.66

160.74

159.66

160.74

CoinCodex

၂၀၂၅ ခုနှစ်အတွင်း ဈေးနှုန်း‌ရွေ့လျားမှုအကွာအဝေး - ¥127.54–¥149.28(၂၈၊ ၀၂၊ ၂၀၂၅ အထိ လေ့လာချက်များအရ)

CoinCodex ၏ အဆိုအရ၊ USDJPY ငွေလဲနှုန်းသည် ၂၀၂၅ ခုနှစ်အတွင်း သိသာထင်ရှားသေယ မတည်ငြိမ်မှုဖြင့် ကြုံတွေ့ရနိုင်ပါသည်။ နှစ်လယ်တွင် ¥136.53 သို့ရောက်ရှိလာရန် ကျွမ်းကျင်သူများမှ မျှော်မှန်းကြသည်။ ဇူလိုင်လတွင် ¥138.69 သို့ အနည်းငယ်ပြန်လည်မြင့်တက်လာနိုင်ပြီး၊ စက်တင်ဘာလတွင် ¥130.29 သို့ ကျဆင်းနိုင်ပါသည်။ ဒီဇင်ဘာလကုန်ချိန်သို့ရောက်လျှင်၊ နှုန်းထားသည် ¥140.33 ဝန်းကျင်၌ တည်ငြိမ်နေမည်ဟု မျှော်လင့်ရပါသည်။

အနည်းဆုံး၊ ¥

ပျမ်းမျှ၊ ¥

အများဆုံး၊ ¥

မတ်

141.14

144.82

149.28

ဧပြီ

139.14

141.27

142.91

မေ

132.58

136.48

140.47

ဇွန်

132.25

136.53

139.90

ဇူလိုင်

136.60

138.69

140.30

ဩဂုတ်

131.14

134.18

137.90

စက်တင်ဘာ

127.54

130.29

133.89

အောက်တိုဘာ

130.84

136.58

139.92

နိုဝင်ဘာ

136.35

139.81

142.55

ဒီဇင်ဘာ

136.02

140.33

143.88

အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်စနစ်(Fed)နှင့် ဂျပန်နိုင်ငံဗဟိုဘဏ် (BOJ) တို့၏ မူဝါဒများကြားမှ ခြားနားမှုများကြောင့် ၂၀၂၅ ခုနှစ်အတွက် USDJPY ခန့်မှန်းချက်သည် မတည်ငြိမ်မှုအလားအလာတရပ်ကို ညွှန်ပြနေပါသည်။ အကယ်၍ Fed သည် ၎င်း၏ ၎င်း၏တင်းကြပ်သောငွေကြေးမူဝါဒကို ဆက်လက်ထိန်းသိမ်းထားခဲ့ပါက၊ အမေရိကန်ဒေါ်လာသည် တန်ဖိုးတိုးတက်လာမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ BOJ ၏ ကြားဝင်လုပ်ဆောင်ချက်များသည် ဤအလားအလာကို ဆန့်ကျင်ဘက်ဖြစ်စေနိုင်ပါသည်။ ငွေလဲနှုန်းသည် ¥135.00–¥155.00 ကြား ဧရိယာအတွင်း အတက်၊အကျဖြစ်နေမည်ဟု မျှော်လင့်ရပါသည်။

၂၀၂၆ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ USDJPY ဈေးနှုန်းခန့်မှန်းချက်များ

များစွာ‌သော ခွဲခြမ်းစိတ်ဖြာမှုအေဂျင်စီများမှ ၂၀၂၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာသည် ယန်းနှင့်နှိုင်းယှဉ်ရာတွင် တန်ဖိုးတက်လာလိမ့်မည်ဟု လက်ခံယူဆကြပါသည်။

LongForecast

၂၀၂၆ ခုနှစ်အတွင်း ဈေးနှုန်း‌ရွေ့လျားမှုအကွာအဝေး - ¥140.00–¥161.00(၂၈၊ ၀၂၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

LongForecast ၏ အဆိုအရ၊ ၂၀၂၆ အစောပိုင်းတွင် USDJPY ဈေးနှုန်းသည် ¥140.00 ဝန်းကျင်တွင် ကူးသန်းနေနိုင်ပြီး၊ ပထမနှစ်ဝက်တွင် မတည်ငြိမ်မှုအမြင့်ဆုံးဖြစ်ရန် မျှော်လင့်ရပါသည်။ ဈေးနှုန်းသည် ဇွန်လကုန်တွင် ¥144.00 သို့ တိုးတက်လာနိုင်ပြီး၊ ဒီဇင်ဘာလတွင် ¥159.00 ၌ ပိတ်သိမ်းနိုင်ပါသည်။

အဖွင့်၊ ¥

အနည်း‌ဆုံး–အများဆံုး၊ ¥

အပိတ်၊ ¥

ဇန်နဝါရီ

140.00

140.00–146.00

144.00

ဖေဖော်ဝါရီ

144.00

143.00–147.00

145.00

မတ်

145.00

145.00–150.00

148.00

ဧပြီ

148.00

148.00–154.00

152.00

မေ

152.00

145.00–152.00

147.00

ဇွန်

147.00

142.00–147.00

144.00

ဇူလိုင်

144.00

144.00–148.00

146.00

ဩဂုတ်

146.00

146.00–152.00

150.00

စက်တင်ဘာ

150.00

150.00–155.00

153.00

အောက်တိုဘာ

153.00

149.00–153.00

151.00

နိုဝင်ဘာ

151.00

151.00–158.00

156.00

ဒီဇင်ဘာ

156.00

156.00–161.00

159.00

WalletInvestor

၂၀၂၆ ခုနှစ်အတွင်း ဈေးနှုန်း‌ရွေ့လျားမှုအကွာအဝေး - ¥160.64–¥173.93(၂၈၊ ၀၂၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

WalletInvestor သည် ၂၀၂၆ ခုနှစ်အတွင်း ကုန်သွယ်ရေးကိရိယာအတွက် အတက်လမ်းကြောင်းတခုကို ကြိုတင်ခန့်မှန်းပါသည်။ နှစ်အစတွင်၊ ဈေးနှုန်းသည် ¥160.74 ဝန်းကျင်တွင် အရောင်းအဝယ်ဖြစ်မည်ဟု ခန့်မှန်းပါသည်။ နှစ်လယ်တွင် နှုန်းထားများသည် ¥168.51 သို့ မြင့်တက်လာနိုင်ပြီး၊ တိုးတက်သောလမ်းကြောင်းသည် ¥173.93 အထိ ဆက်လက်ရွေ့လျားမည်ဟု မျှော်လင့်ရသည်။

အဖွင့်၊ ¥ 

အပိတ်၊ ¥

အနည်းဆုံး၊ ¥

အများဆုံး၊ ¥

ဇန်နဝါရီ

160.74

160.74

160.64

160.84

ဖေဖော်ဝါရီ

160.78

162.81

160.78

162.81

မတ်

162.88

164.31

162.88

164.31

ဧပြီ

164.39

166.03

164.39

166.03

မေ

166.05

167.29

166.05

167.29

ဇွန်

167.34

168.51

167.34

168.51

ဇူလိုင်

168.55

168.14

168.14

168.70

ဩဂုတ်

168.11

168.73

168.00

168.73

စက်တင်ဘာ

168.78

170.13

168.78

170.13

အောက်တိုဘာ

170.16

171.71

170.16

171.71

နိုဝင်ဘာ

171.80

172.88

171.80

172.90

ဒီဇင်ဘာ

172.90

173.93

172.88

173.93

CoinCodex

၂၀၂၆ ခုနှစ်အတွင်း ဈေးနှုန်း‌ရွေ့လျားမှုအကွာအဝေး - ¥135.20–¥144.30 (၂၈၊ ၀၂၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

CoinCodex ရှိ ကျွမ်းကျင်သူများမှ ၂၀၂၆ ခုနှစ်အတွင်း ငွေလဲနှုန်းသည် တည်ငြိမ်မည်မဟုတ်ဟု ယုံကြည်ကြပါသည်။ နှစ်အစတွင်၊ ပျမ်းမျှဈေးနှုန်းသည် ¥142.62 သို့ ရောက်ရှိနိုင်ပြီး၊ နှစ်လယ်တွင် ¥140.88 နှင့် နှစ်ကုန်ချိန်တွင် ¥138.39 သို့ ကျဆင်းသွားနိုင်ပါသည်။

အနည်းဆုံး၊ ¥

ပျမ်းမျှ၊ ¥

အများဆုံး၊ ¥

ဇန်နဝါရီ

140.48

142.62

144.30

ဖေဖော်ဝါရီ

135.73

138.16

141.83

မတ်

135.21

137.03

138.66

ဧပြီ

135.20

136.01

137.28

မေ

135.65

137.67

141.43

ဇွန်

139.24

140.88

143.01

ဇူလိုင်

137.42

140.45

141.62

ဩဂုတ်

135.27

140.18

142.48

စက်တင်ဘာ

135.45

136.74

137.67

အောက်တိုဘာ

134.83

136.79

138.29

နိုဝင်ဘာ

137.12

139.61

140.66

ဒီဇင်ဘာ

136.89

138.39

140.58

၂၀၂၆ ခုနှစ်အတွင်း USDJPY အတွက် ရှုမြင်ချက်သည် ရှင်းလင်းပြတ်သားမှုမရှိပေ။ အချို့သောကျွမ်းကျင်သူများသည် အမေရိကန်၏ခိုင်မာတောင့်‌တင်းသော စီးပွားရေးအခြေအနေ၏ အထောက်အပံ့ဖြင့် အမေရိကန်ဒေါ်လာတန်ဖိုးတိုးတက်လာရန်မျှော်လင့်ကြပြီး၊ ဤအတွဲသည် ¥160.00–¥170.00 သို့ မြင့်တက်လာနိုင်သည်ဟု ဆိုသည်။ အပြန်အလှန်အားဖြင့်၊ အခြားသော ကျွမ်းကျင်သူများသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဆုတ်ယုတ်ကျဆင်းမှုအခြေအနေများကြားတွင် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းနိုင်သည်ဟု မျှော်မှန်းကြပြီး၊ USDJPY အတွဲသည် ¥130.00–¥140.00 အထိတန်ဖိုးကျနိုင်သည်ဟု အဆိုပြုပါသည်။ မည်သို့ပင်ဖြစ်စေ၊ ဤအတွဲ၏ အနာဂါတ်ရွေ့လျားမှုသည် မရေရာဆဲသာ ဖြစ်ပါသည်။

၂၀၂၇ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ USDJPY ဈေးနှုန်းကြိုတင်ခန့်မှန်းချက်များ

၂၀၂၇ ခုနှစ်အတွင်း USDJPY နှုန်းထားလမ်းကြောင်းများနှင့်စပ်လျဥ်း၍ ကျွမ်းကျင်သူများ၏ ထင်မြင်ယူဆချက်များမှာ ကွဲပြားနေပါသည်။ 

LongForecast

၂၀၂၇ ခုနှစ်အတွင်း ဈေးနှုန်း‌ရွေ့လျားမှုအကွာအဝေး - ¥151.00–¥172.00(၂၈၊ ၀၂၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

LongForecast ၏ အလိုအရ၊ ၂၀၂၇ အစောပိုင်းတွင် ဈေးနှုန်းသည် ¥159.00–¥165.00 အတွင်း တည်ငြိမ်နိုင်ပါသည်။ နှစ်လယ်တွင်၊ ¥153.00 သို့ ရုတ်တရက်ကျဆင်းမှုတခုကို မျှော်လင့်ရသည်။ ၎င်း၏နောက်တွင် အတက်လမ်းကြောင်းတခု လိုက်ပါလာပြီး၊ ဒီဇင်ဘာလကုန်တွင် ¥165.00 သို့ ရောက်ရှိနိုင်ပါသည်။

အဖွင့်၊ ¥

အနည်း‌ဆုံး–အများဆံုး၊ ¥

အပိတ်၊ ¥

ဇန်နဝါရီ

159.00

159.00–165.00

163.00

ဖေဖော်ဝါရီ

163.00

157.00–163.00

159.00

မတ်

159.00

159.00–166.00

164.00

ဧပြီ

164.00

161.00–165.00

163.00

မေ

163.00

156.00–163.00

158.00

ဇွန်

158.00

151.00–158.00

153.00

ဇူလိုင်

153.00

153.00–159.00

157.00

ဩဂုတ်

157.00

157.00–164.00

162.00

စက်တင်ဘာ

162.00

162.00–170.00

167.00

အောက်တိုဘာ

167.00

162.00–167.00

164.00

နိုဝင်ဘာ

164.00

164.00–172.00

169.00

ဒီဇင်ဘာ

169.00

163.00–169.00

165.00

WalletInvestor

၂၀၂၇ ခုနှစ်အတွင်း ဈေးနှုန်း‌ရွေ့လျားမှုအကွာအဝေး - ¥173.87–¥187.14(၂၈၊ ၀၂၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

၂၀၂၇ အစောပိုင်းတွင်၊ ငွေကြေးအတွဲသည် ¥173.95 သို့ ရောက်ရှိနိုင်သည်ဟု WalletInvestor မှ ကြိုတင်ခန့်မှန်းပါသည်။ ပထမနှစ်ဝက်တွင်၊ နှုန်းထားများသည် ဆက်တိုက်မြင့်တက်လာပြီး၊ ဇွန်လကုန်တွင် ¥181.73 သို့ ရောက်ရှိနိုင်ပါသည်။ ဒုတိယနှစ်ဝက်တွင်၊ တိုးတက်သောရွေ့လျားမှု ပိုမိုခိုင်မာလာပြီး၊ ဈေးနှုန်းသည် ဒီဇင်ဘာလကုန်တွင် ¥187.14 သို့ ရောက်ရှိနိုင်ပါသည်။

အဖွင့်၊ ¥ 

အပိတ်၊ ¥

အနည်းဆုံး၊ ¥

အများဆုံး၊ ¥

ဇန်နဝါရီ

173.95

173.96

173.87

174.05

ဖေဖော်ဝါရီ

174.01

176.03

174.01

176.03

မတ်

176.11

177.52

176.11

177.52

ဧပြီ

177.57

179.23

177.57

179.23

မေ

179.26

180.52

179.26

180.52

ဇွန်

180.57

181.73

180.57

181.73

ဇူလိုင်

181.74

181.37

181.37

181.93

ဩဂုတ်

181.34

181.95

181.23

181.95

စက်တင်ဘာ

182.00

183.32

182.00

183.32

အောက်တိုဘာ

183.35

184.93

183.35

184.93

နိုဝင်ဘာ

185.02

186.12

185.02

186.12

ဒီဇင်ဘာ

186.12

187.14

186.10

187.14

CoinCodex

၂၀၂၇ ခုနှစ်အတွင်း ဈေးနှုန်း‌ရွေ့လျားမှုအကွာအဝေး - ¥113.78–¥138.08(၂၈၊ ၀၂၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

CoinCodex ရှိကျွမ်းကျင်သူများသည် ၂၀၂၇ ခုနှစ်အတွင်း ဂျပန်ယန်းနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ၏ တန်ဖိုးတိုးတက်မှုအလားအလာအပေါ် မရေရာသော သဘောထားရှိကြပါသည်။ နှစ်အစတွင်၊ ဈေးနှုန်းသည် ¥134.89 ဝန်းကျင်၌ ရှိနေမည်ဟု မျှော်လင့်ရပြီး၊ နှစ်လယ်တွင် ¥120.08 သို့ ရောက်ရှိနိုင်ပါသည်။ နှစ်ကုန်ချိန်တွင် နှုန်းထားများသည် ¥132.10 သို့ ပြန်လည်တိုးတက်လာနိုင်ပါသည်။

အနည်းဆုံး၊ ¥

ပျမ်းမျှ၊ ¥

အများဆုံး၊ ¥

ဇန်နဝါရီ

132.73

134.89

138.08

ဖေဖော်ဝါရီ

127.06

130.41

137.97

မတ်

126.67

128.65

130.05

ဧပြီ

121.07

124.95

128.13

မေ

120.50

123.86

126.63

ဇွန်

115.73

120.08

126.45

ဇူလိုင်

114.47

118.22

122.07

ဩဂုတ်

113.78

115.29

117.44

စက်တင်ဘာ

114.22

116.24

118.42

အောက်တိုဘာ

115.26

117.97

119.90

နိုဝင်ဘာ

116.96

123.21

129.34

ဒီဇင်ဘာ

129.16

132.10

134.63

၂၀၂၇ ခုနှစ်အတွင်း၊ USDJPY အတွက် ခန့်မှန်းချက်မှာ ရောထွေးနေသော်လည်း၊ ကျွမ်းကျင်သူအများစုသည် ဤအတွဲမှ အသင့်အတင့်တန်ဖိုးတိုးတက်မှုကို မျှော်လင့်ကြပါသည်။ ငွေလဲနှုန်းအပေါ်လွှမ်းမိုးထားသော အရေးပါသည့် အကြောင်းအရာများတွင် ဗဟိုဘဏ်များ၏အတိုးနှုန်းများ၊ ပထဝီနိုင်ငံရေးအခြေအနေနှင့် နှစ်နိုင်ငံစလုံး၏ စီးပွားရေးတိုးတက်မှုနှုန်းများ ပါဝင်ပါသည်။ ဈေးနှုန်းသည် ¥160.00 နှင့် ¥180.00 ကြား ရွေ့လျားနေနိုင်ပါသည်။

၂၀၂၈ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ USDJPY ဈေးနှုန်းခန့်မှန်းချက်များ

ခွဲခြမ်းစိတ်ဖြာမှုအေဂျင်စီများစွာတို့သည် ၂၀၂၈ ခုနှစ်အတွင်း ယန်းနှင့်ဒေါ်လာနှိုင်းယှဉ်ရာတွင် ဒေါ်လာတန်ဖိုးတိုးတက်လာရန် ကြိုတင်မျှော်လင့်ကြပါသည်။

LongForecast

၂၀၂၈ ခုနှစ်အတွင်း ဈေးနှုန်း‌ရွေ့လျားမှုအကွာအဝေး - ¥165.00–¥188.00(၂၈၊ ၀၂၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

LongForecast ၏ အဆိုအရ၊ ၂၀၀၈ ခုနှစ်အစောပိုင်းတွင် ငွေကြေးအတွဲသည် ¥165.00 တွင် အရောင်းအဝယ်ဖြစ်နိုင်ပါသည်။ ပထမနှစ်ဝက်တွင်၊ ပိုင်ဆိုင်မှုသည် အသင့်အတင့်တိုးတက်‌သော ‌ရွေ့လျားမှုကို ပြသမည်ဖြစ်ပြီး၊ ဇွန်လကုန်ချိန်တွင် ¥177.00 သို့ ရောက်ရှိနိုင်ပါသည်။ ဒုတိယနှစ်ဝက်တွင် အတက်လမ်းကြောင်း ပိုမိုခိုင်ခံ့လာပြီး၊ ဈေးနှုန်းသည် ဒီဇင်ဘာလကုန်တွင် ¥185.00 သို့ ထိတွေ့နိုင်ပါသည်။

အဖွင့်၊ ¥

အနည်း‌ဆုံး–အများဆုံး၊ ¥

အပိတ်၊ ¥

ဇန်နဝါရီ

165.00

165.00–173.00

170.00

ဖေဖော်ဝါရီ

170.00

170.00–178.00

175.00

မတ်

175.00

172.00–178.00

175.00

ဧပြီ

175.00

172.00–178.00

175.00

မေ

175.00

175.00–181.00

178.00

ဇွန်

178.00

174.00–180.00

177.00

ဇူလိုင်

177.00

177.00–184.00

181.00

ဩဂုတ်

181.00

180.00-186.00

183.00

စက်တင်ဘာ

183.00

181.00–187.00

184.00

အောက်တိုဘာ

184.00

179.00–185.00

182.00

နိုဝင်ဘာ

182.00

182.00–188.00

185.00

ဒီဇင်ဘာ

185.00

182.00–188.00

185.00

WalletInvestor

၂၀၂၈ ခုနှစ်အတွင်း ဈေးနှုန်း‌ရွေ့လျားမှုအကွာအဝေး - ¥187.10–¥200.38 (၂၈၊ ၀၂၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

WalletInvestor ရှိ ခွဲခြမ်းစိတ်ဖြာသူများသည် ၂၀၂၈ ခုနှစ်အတွင်း USDJPY နှုန်းထားနှင့်စပ်လျဉ်း၍ အပြုသဘောဆောင်သော ခန့်မှန်းချက်များကို ထုတ်ပေးကြပါသည်။ ဤအတွဲသည် နှစ်အစတွင် ¥187.16 ၌ စတင်နိုင်ပြီး၊ နှစ်လယ်တွင် ¥194.94 သို့ မြင့်တက်ကာ၊ နှစ်ကုန်ချိန်တွင် ¥200.38 သို့ ရောက်ရှိနိုက်ပါသည်။ 

အဖွင့်၊ ¥ 

အပိတ်၊ ¥

အနည်းဆုံး၊ ¥

အများဆုံး၊ ¥

ဇန်နဝါရီ

187.16

187.20

187.10

187.27

ဖေဖော်ဝါရီ

187.24

189.33

187.24

189.33

မတ်

189.39

190.76

189.39

190.76

ဧပြီ

190.84

192.49

190.84

192.49

မေ

192.53

193.79

192.53

193.79

ဇွန်

193.81

194.94

193.81

194.94

ဇူလိုင်

194.97

194.59

194.59

195.16

ဩဂုတ်

194.58

195.19

194.46

195.19

စက်တင်ဘာ

195.21

196.56

195.21

196.56

အောက်တိုဘာ

196.62

198.24

196.62

198.24

နိုဝင်ဘာ

198.32

199.33

198.32

199.35

ဒီဇင်ဘာ

199.31

200.38

199.31

200.38

CoinCodex

၂၀၂၈ ခုနှစ်အတွင်း ဈေးနှုန်း‌ရွေ့လျားမှုအကွာအဝေး - ¥122.58–¥134.56 (၂၈၊ ၀၂၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

CoinCodex ၏ အဆိုအရ၊ USDJPY အတွဲသည် ၂၀၂၈ ခုနှစ်အတွင်း ဘေးတိုက်ရွေ့လျားနိုင်ပါသည်။ ဇန်နဝါရီလတွင်၊ ပျမ်းမျှဈေးနှုန်းသည် ¥131.16 သို့ ရောက်ရှိနိုင်သည်။ နှစ်လယ်တွင် ဈေးနှုန်းသည် ¥126.25 သို့ ကျဆင်းနိုင်ပြီး၊ နှစ်ကုန်ချိန်တွင် ¥128.57 ၌ တည်ငြိမ်နိုင်ပါသည်။

အနည်းဆုံး၊ ¥

ပျမ်းမျှ၊ ¥

အများဆုံး၊ ¥

ဇန်နဝါရီ

128.44

131.16

134.56

ဖေဖော်ဝါရီ

127.32

 128.59

 130.43

မတ်

125.57

128.65

 131.39

ဧပြီ

123.34

 125.45

127.25

မေ

126.06

 127.75

 130.07

ဇွန်

124.54

126.25

 128.22

ဇူလိုင်

125.52

 127.88

130.20

ဩဂုတ်

123.70

124.99

126.18

စက်တင်ဘာ

122.58

126.04

128.59

အောက်တိုဘာ

127.28

128.58

129.95

နိုဝင်ဘာ

126.45

128.44

130.21

ဒီဇင်ဘာ

127.64

128.57

129.34

၂၀၂၈ တွင်၊ အမေရိကန်စီးပွားရေးတည်ငြိမ်မှုနှင့် ဂျပန်ဗဟိုဘဏ်၏ ငွေကြေးမူဝါဒဖြေလျော့မှုအလားအလာများကြောင့် USDJPY အတွဲသည် အသင့်အတင့်တန်ဖိုးတက်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ပထဝီနိုင်ငံရေးဖြစ်ရပ်များနှင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုအပြောင်းအလဲများသည် သိသာထင်ရှားသော မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။

၂၀၂၉ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ USDJPY ဈေးနှုန်းခန့်မှန်းချက်များ

၂၀၂၉ ခုနှစ်အတွင်း USDJPY နှုန်းထား ရွေ့လျားမှုအလားအလာအပေါ်တွင် ကျွမ်းကျင်သူများသည် သဘောထားချင်း မတိုက်ဆိုင်ကြပေ။ မည်သို့ပင်ဖြစ်စေ၊ ပညာရှင်အများစုသည် ဈေးနှုန်းတိုးတက်ရန် ခန့်မှန်းကြပါသည်။

WalletInvestor

၂၀၂၉ ခုနှစ်အတွင်း ဈေးနှုန်း‌ရွေ့လျားမှုအကွာအဝေး - ¥200.33–¥213.62(၂၈၊ ၀၂၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

WalletInvestor သည် ၂၀၂၉ အစောပိုင်းတွင် ¥200.42 ဈေးတန်းသို့ ထိတွေ့ရန် မျှော်မှန်းပါသည်။ ပထမနှစ်ဝက်တွင် ဇွန်လကုန်၌၊ ပိုင်ဆိုင်မှုသည် ¥208.16 သို့ မြင့်တက်သွားနိုင်သည်။ ဒုတိယနှစ်ဝက်တွင် အဝယ်များသည် ဈေးနှုန်းကို ¥213.62 သို့ မြှင့်တင်နိုင်ပါသည်။

အဖွင့်၊ ¥ 

အပိတ်၊ ¥

အနည်းဆုံး၊ ¥

အများဆုံး၊ ¥

ဇန်နဝါရီ

200.42

200.46

200.33

200.50

ဖေဖော်ဝါရီ

200.47

202.54

200.47

202.54

မတ်

202.58

203.96

202.58

203.96

ဧပြီ

204.05

205.72

204.05

205.72

မေ

205.76

206.98

205.76

206.98

ဇွန်

207.01

208.16

207.01

208.16

ဇူလိုင်

208.20

207.84

207.84

208.39

ဩဂုတ်

207.81

208.39

207.68

208.39

စက်တင်ဘာ

208.42

209.78

208.42

209.78

အောက်တိုဘာ

209.85

211.45

209.85

211.45

နိုဝင်ဘာ

211.50

212.54

211.50

212.57

ဒီဇင်ဘာ

212.53

213.62

212.53

213.62

CoinCodex

၂၀၂၉ ခုနှစ်အတွင်း ဈေးနှုန်း‌ရွေ့လျားမှုအကွာအဝေး - ¥119.23–¥130.26(၂၈၊ ၀၂၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

CoinCodex ၏ ခန့်မှန်းချက်အရ၊ ၂၀၂၉ နှစ်စတွင် ပိုင်ဆိုင်မှု၏ပျမ်းမျှဈေးနှုန်းသည် ¥126.29 ဝန်းကျင်၌ ရှိနိုင်ကာ နှစ်လယ်တွင် ¥125.32 သို့ ကျဆင်းနိုင်ပါသည်။ ဒုတိယနှစ်ဝက်တွင် ပျမ်းမျှတန်ဖိုးသည် အထက်သို့ ပြန်လည်တိုးတက်လာနိုင်ပြီး ¥127.69–¥129.00 ဧရိယာအတွင်းသို့ ရောက်ရှိနိုင်ပါသည်။

အနည်းဆုံး၊ ¥

ပျမ်းမျှ၊ ¥

အများဆုံး၊ ¥

ဇန်နဝါရီ

123.62

126.29

128.92

ဖေဖော်ဝါရီ

120.55

122.85

125.46

မတ်

119.23

120.69

 121.84

ဧပြီ

120.53

122.55

124.63

မေ

123.60

124.88

126.73

ဇွန်

124.58

 125.32

126.13

ဇူလိုင်

125.74

 126.85

128.69

ဩဂုတ်

125.21

126.39

127.41

စက်တင်ဘာ

125.89

127.59

 129.74

အောက်တိုဘာ

127.31

128.36

 130.26

နိုဝင်ဘာ

128.06

129.00

 129.85

ဒီဇင်ဘာ

124.79

127.69

129.39

Gov Capital

၂၀၂၉ ခုနှစ်အတွင်း ဈေးနှုန်း‌ရွေ့လျားမှုအကွာအဝေး - ¥176.25–¥228.93(၂၈၊ ၀၂၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

၂၀၂၉ အစောပိုင်းတွင် USDJPY ပျမ်းမျှဈေးနှုန်းသည် ¥199.66 ဝန်းကျင်၌ ရစ်ဝဲနေပြီး နှစ်လယ်တွင် ¥200.88 သို့ တိုးတက်လာမည်ဟု Gov Capital မှ ကြိုတင်မှန်းဆထားပါသည်။ မည်သို့ပင်ဖြစ်စေ၊ ခွဲခြမ်းစိတ်ဖြာသူများသည် ဒုတိယနှစ်ဝက်တွင် ပိုမိုကျယ်ပြန့်သောတိုးတက်မှုကို မျှော်မှန်းကြပြီး၊ ဈေးနှုန်းသည် ဒီဇင်ဘာလကုန်တွင် ¥208.12 သို့ ရောက်ရှနိုင်သည်ဟု ဆိုပါသည်။

ရက်စွဲ၊

ပျမ်းမျှဈေးနှုန်း၊ ¥

ဖြစ်နိုင်ခြေရှိသောအနည်း‌ဆုံးဈေးနှုန်း၊ ¥

ဖြစ်နိုင်ခြေရှိသောအများဆုံးဈေးနှုန်း၊ ¥

01.01.2029

199.66

179.70

219.63

01.02.2029

196.26

176.63

215.89

01.03.2029

195.84

176.25

215.42

01.04.2029

198.64

178.78

218.51

01.05.2029

203.19

182.87

223.51

01.06.2029

200.88

180.79

220.97

01.07.2029

204.33

183.90

224.77

01.08.2029

203.02

182.72

223.32

01.09.2029

204.87

184.38

225.36

01.10.2029

206.25

185.62

226.87

01.11.2029

208.05

187.24

228.85

01.12.2029

208.12

187.31

228.93

၂၀၂၉ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအကူးအပြောင်းများနှင့် အမေရိကန်၊ ဂျပန်ဗဟိုဘဏ်များ၏ ငွေကြေးမူဝါဒအပြောင်းအလဲများကြားတွင် USDJPY အတွဲသည် မြင့်မားသော မတည်ငြိမ်မှုများကို ခံစားရနိုင်ပါသည်။

မျှော်မှန်းထားသော ကုန်သွယ်မှုဈေးနှုန်းအပိုင်းအခြားသည် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုတွင် မရောရာမှုများနှင့် ပထဝီနိုင်ငံရေးဖိအားများကို မီးမောင်းထိုးပြနေသည်။ ဂျပန်နိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုနှင့် အတိုးနှုန်းများသည် ဤအတွဲအပေါ် အဓိကသက်ရောက်သော အကြောင်းရင်းများဖြစ်လာနိုင်ပါသည်။

၂၀၃၀ ခုနှစ်အတွက် ခွဲခြားစိတ်ဖြာမှုပညာရှင်များ၏ USDJPY ဈေးနှုန်းခန့်မှန်းချက်များ

၂၀၃၀ ခုနှစ်အတွက် USDJPY ငွေလဲနှုန်းဆိုင်ရာ ရှုမြင်သုံးသပ်ချက်များမှာ သေချာရေရာမှုမရှိလှပေ။

WalletInvestor

၂၀၃၀ ခုနှစ်အတွင်း ဈေးနှုန်း‌ရွေ့လျားမှုအကွာအဝေး - ¥213.54–¥215.26(၂၈၊ ၀၂၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

WalletInvestor သည် ငွေကြေးအတွဲအတွက် နောက်ထပ်တိုးတက်မှုများကို မျှော်မှန်းထားပြီး၊ ၂၀၃၀ ခုနှစ်၊ ဖေဖော်ဝါရီလကုန်တွင် ဈေးနှုန်းသည် ¥215.26 သို့ ရောက်ရှိမည်ဟု ကြိုတင်ခန့်မှန်းပါသည်။

အဖွင့်၊ ¥ 

အပိတ်၊ ¥

အနည်းဆုံး၊ ¥

အများဆုံး၊ ¥

January

213.66

213.65

213.54

213.73

February

213.67

215.26

213.67

215.26

CoinCodex

၂၀၃၀ ခုနှစ်အတွင်း ဈေးနှုန်း‌ရွေ့လျားမှုအကွာအဝေး - ¥119.70–¥127.63(၂၈၊ ၀၂၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

CoinCodex သည် ၂၀၃၀ ခုနှစ်အတွင်း USDJPY ဈေးနှုန်းရွေ့လျားမှုနှင့်စပ်လျဉ်း၍၊ ဒွိဟဖြစ်စေသော ခန့်မှန်းချက်တရပ်ကို မျှဝေထားပါသည်။ နှစ်အစတွင်၊ ပျမ်းမျှဈေးနှုန်းသည် ¥124.07 ဝန်းကျင်၌ ရှိလိမ့်မည်ဟု မျှော်လင့်ရပြီး၊ ထို့နောက်တွင် ပိုင်ဆိုင်မှုသည် ပျမ်းမျှမတည်ငြိမ်မှုနှင့် ကြုံတွေ့ရနိုင်ပါသည်။ ထိုမှတဆင့် ဇွန်လကုန်တွင် ¥123.05 သို့ကျဆင်းလာပြီး၊ နှစ်ကုန်ချိန်တွင် နှုန်းထားများသည် ¥124.29 ၌ တည်ငြိမ်နိုင်ပါသည်။ 

အနည်းဆုံး၊ ¥

ပျမ်းမျှ၊ ¥

အများဆုံး၊ ¥

ဇန်နဝါရီ

122.26

124.07

125.03

ဖေဖော်ဝါရီ

124.24

125.65

127.33

မတ်

125.13

126.53

 127.49

ဧပြီ

126.32

127.18

 127.63

မေ

123.30

 125.24

127.00

ဇွန်

121.82

123.05

123.74

ဇူလိုင်

122.38

 123.24

124.29

ဩဂုတ်

119.70

120.85

123.70

စက်တင်ဘာ

120.64

122.39

 123.34

အောက်တိုဘာ

121.59

123.12

124.09

နိုဝင်ဘာ

123.06

 123.96

 124.75

ဒီဇင်ဘာ

123.56

 124.29

124.86

Gov Capital

၂၀၃၀ ခုနှစ်အတွင်း ဈေးနှုန်း‌ရွေ့လျားမှုအကွာအဝေး - ¥190.63–¥240.73(၂၈၊ ၀၂၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

Gov Capital ၏အဆိုအရ USDJPY ငွေလဲနှုန်းသည် ၂၀၃၀ အစောပိုင်းတွင် ဆက်လက်မြင့်တက်မည်ဖြစ်ပြီး ဖေဖော်ဝါရီလ အစောပိုင်းတွင် ¥218.84 သို ရောက်ရှိမည်ဖြစ်သည်။

ရက်စွဲ

ဖြစ်နိုင်ခြေရှိသောအနည်း‌ဆုံးဈေးနှုန်း၊ ¥

ပျမ်းမျှဈေးနှုန်း၊ ¥

ဖြစ်နိုင်ခြေရှိသောအများဆုံးဈေးနှုန်း၊ ¥

01.01.2030

190.63

211.81

233.00

01.02.2030

196.96

218.84

240.73

ပထဝီဝင်နိုင်ငံရေး၊ ငွေကြေးဖောင်းပွမှု၊ အမေရိကန်ဗဟိုဘဏ်အဖွဲ့အစည်းနှင့် ဂျပန်ဘဏ်၏ အတိုးနှုန်းများ အစရှိသည့် အရင်းခံအကြောင်းအရာများသည် ၂၀၃၀ ခုနှစ်အတွက် USDJPY စျေးနှုန်းကို ခန့်မှန်းရန် ခက်ခဲစေပါသည်။ ကျွမ်းကျင်သူများ၏ ထင်မြင်ယူဆချက်များကို လေ့လာပိုင်းခြားထားသော်လည်း အမေရိကန်နှင့် ဂျပန်နိုင်ငံရှိ စီးပွားရေးအခြေအနေပေါ် မူတည်၍ ဈေးနှုန်းမြင့်တက်၊ ကျဆင်းမှုများဖြစ်နိုင်ပြီး မတည်ငြိမ်မှုများ မြင့်မားလာမည်ဟု အများစုမှ မျှော်လင့်ကြပါသည်။

ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ ၂၀၅၀ ခုနှစ်အထိ USDJPY ဈေးနှုန်းကြိုတင်ခန့်မှန်းချက်များ

မျှော်မှန်းမထားနိုင်သော အကြောင်းအရာအမျိုးမျိုးကြားတွင် ၂၀၄၀–၂၀၅၀ ကာလအတွက် USDJPY ဈေးနှုန်းကို ကြိုတင်ခန့်မှန်းခြင်းသည် အလွန်မြင့်မားသော စိန်ခေါ်မှုတရပ်ဖြစ်ပါသည်။

စစ်ပွဲများ၊ နိုင်ငံရေး ဆူပူအုံကြွမှုများနှင့် နိုင်ငံတကာ မဟာမိတ်အဖွဲ့အပြောင်းအရွှေ့များ အစရှိသော ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ပြဿနာများသည် ငွေလဲနှုန်းကို သိသိသာသာ လွှမ်းမိုးသက်ရောက်စေနိုင်ပြီး ငွေကြေးဈေးကွက်တွင် မငြိမ်မသက်ဖြစ်စေပါသည်။ ထို့အပြင် နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်မှုများ၊ အထူးသဖြင့် အလိုအလျောက်ယာဉ်မောင်းစနစ်နှင့် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အဆင့်မြှင့်တင်မှုများသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကို အခြေခံမှစ၍ အသွင်ကူးပြောင်းစေနိုင်ပြီး၊ အကျိုးဆက်အဖြစ် ငွေကြေးဈေးနှုန်းရွေ့လျားမှုများအပေါ် လွှမ်းမိုးသက်ရောက်နိုင်ပါသည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုများ၊ ငွေကြေးဖောင်းပွမှုအကြပ်အတည်းများနှင့် ကြွေးမြီပြဿနာများအပါအဝင် စီးပွားရေးမတည်ငြိမ်မှုပြဿနာများသည် ငွေကြေးအတွဲများ၏ တည်ငြိမ်မှုအပေါ် ပြင်းထန်သော ခြိမ်းခြောက်မှုတရပ် ဖြစ်ပေါ်စေပါသည်။ ထို့အပြင် ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အိုဦးရေနှင့် အခြားနိုင်ငံများတွင် လူဦးရေတိုးပွားမှုကဲ့သို့သော လူဦးရေအချိုးအပြောင်းအလဲများသည် ငွေကြေးများ၏ ရောင်းလိုအားနှင့် ဝယ်လိုအားအပေါ် လွှမ်းမိုးသက်ရောက်နိုင်ပါသည်။

နောက်ဆုံးအနေဖြင့်၊ အမေရိကန်ဗဟိုဘဏ်စနစ်နှင့် ဂျပန်ဗဟိုဘဏ်တို့၏ ငွေကြေးမူဝါဒချိန်ညှိမှုများသည် USDJPY ငွေလဲနှုန်းအပေါ် အကျိုးသက်ရောက်နိုင်ပြီး၊ ကာလရှည်ခန့်မှန်းချက်များကို ရှုပ်ထွေးစေပါသည်။

USDJPY အတွက် ဆိုရှယ်မီဒီယာပေါ်မှ ဈေးကွက် သဘောထား တိုင်းတာချက်

မီဒီယာသဘောထားတိုင်းတာမှုသည် ပိုင်ဆိုင်မှုနှင့်ပတ်သက်သော အများသူငှာ ထင်မြင်ယူဆချက်နှင့် ယေဘုယျဘောထားကို ထင်ဟပ်ဖော်ပြပြီး၊ ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ဆုံးဖြတ်ချက်များအပေါ် သက်ရောက်မှုရှိသောကြောင့်၊ ဤအချက်သည် USDJPY စျေးနှုန်းခန့်မှန်းခြင်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ အမေရိကန်စီးပွားရေးနှင့်ပတ်သက်သည့် အပြုသဘောဆောင်သောသတင်းများ သို့မဟုတ် ဂျပန်မှ အနှုတ်သဘောဆောင်သော စီးပွားရေးသတင်းများသည် ယန်းငွေနှင့်နှိုင်းယှဉ်လျှင် အမေရိကန်ဒေါ်လာကို ပိုမိုအားကောင်းစေနိုင်ပါသည်။ သတင်းဆောင်းပါးများ၊ ဆိုရှယ်လ်မီဒီယာနှင့် ကျွမ်းကျင်သူများ၏ အထင်အမြင်များကို ဆန်းစစ်ခြင်းဖြင့် လက်ရှိဈေးကွက်အလေးသာမှုကို ဖော်ထုတ်နိုင်ပြီး ကာလတိုနှင့် အလယ်အလတ်ကာလခန့်မှန်းချက်များအတွက် အသုံးပြုနိုင်ပါသည်။ သို့သော် မီဒီယာသဘောထားတိုင်းတာချက်အား အခြေခံနှင့် နည်းပညာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများဖြင့်ပေါင်းစပ်၍သာ ထည့်သွင်းစဉ်းစားသင့်ပါသည်။ 

LiteFinance: USDJPY အတွက် ဆိုရှယ်မီဒီယာပေါ်မှ ဈေးကွက် သဘောထား တိုင်းတာချက်

X လူမှုကွန်ရက်သုံးစွဲသူ @ElephantCapita2 မှ USDJPY တလတာဇယားပေါ်တွင် ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ပြီး၊ ပိုင်ဆိုင်မှုသည် မကြာမီအချိန်အတွင်း၊ (corrective wave 4) တွင် ¥127.00–¥136.00 အထိ ကျဆင်းသွားနိုင်ကြောင်း အကြံပြုထားပါသည်။ ယင်းအမှီအခိုကင်းသော ကျွမ်းကျင်ပညာရှင်သည် ဤကာလတိုကျဆင်းမှုလှိုင်း ပြီးဆုံးသွားပါက၊ ဈေးနှုန်းပြန်လည်တိုးတက်လာပြီး ¥180.00 အထိ မြင့်တက်သွားနိုင်သည်ဟု မျှော်မှန်းထားပါသည်။

LiteFinance: USDJPY အတွက် ဆိုရှယ်မီဒီယာပေါ်မှ ဈေးကွက် သဘောထား တိုင်းတာချက်

@FX_Mush သည် မကြာသေးမီကာလအတွင်း အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်၍ ယန်းငွေ၏ သိသာထင်ရှားသောတန်ဖိုးတက်မှုကို ထုတ်နှုတ်‌မှတ်သားထားပြီး၊ ဤတိုးတက်မှုသည် ဂျပန်နှင့် အမေရိကန်ကြား အတိုးနှုန်းကွာခြားမှု ကျဉ်းမြောင်းလာခြင်းနှင့် ပိုမိုမြင့်မားလာသော CPI အချက်အလက်များကြောင့် ဖြစ်သည်ဟု အလေးပေးဖော်ပြထားပါသည်။ ထို့အပြင် ယန်းငွေသည် ဆက်လက်၍တန်ဖိုးတက်နိုင်သည်ဟု ဤအသုံးပြုသူက ယူဆပါသည်။ မည်သို့ပင်ဖြစ်စေ၊ ဤအတွဲသည် အထက်သို့ ပြန်လည်တိုးတက်သွားနိုင်ပြီး၊ ¥153.00–¥154.00 သို့ မြင့်တက်လာနိုင်ကာ၊ ¥159.00 ဈေးတန်းသည် ကာလရှည်ပစ်မှတ်ဖြစ်လာနိုင်ပါသည်။

LiteFinance: USDJPY အတွက် ဆိုရှယ်မီဒီယာပေါ်မှ ဈေးကွက် သဘောထား တိုင်းတာချက်

@Economic_Office မှ ကာလတိုမြင့်တက်မှုများရှိနေသော်လည်း USDJPY ငွေကြေးအတွဲသည် မဝေးတော့သောအနာဂတ်တွင် အကျလမ်းကြောင်းတခုအတွင်း ဆက်လက်၍ အရောင်းအဝယ်ဖြစ်မည်ဟု မျှော်လင့်ထားပါသည်။ အရေးပါသော support level သည် ¥146.82 တွင်ရှိကြောင်း ယင်းကျွမ်းကျင်သူမှ ညွှန်ပြပါသည်။ သို့ရာတွင်၊ စျေးနှုန်းသည် ¥154.80 ဈေးတန်းကို ချိုးဖောက်ပါက၊ ကျဆင်းသောအခြေအနေ ပျက်ပြယ်သွားမည်ဖြစ်ပြီး၊ ပိုင်ဆိုင်မှုသည် နောက်ဆုံးတွင် ဈေးနှုန်းတိုးတက်လာနိုင်သည်ဟု ၎င်းအသုံးပြုသူမှ အလေးအနက် ‌ရေးသားမျှဝေထားပါသည်။

X လူမှုကွန်ယက်ပေါ်တွင် အများသူငှာ၏ ယေဘုယျဘောထားသည် ကျဆင်းသောဘက်သို့ အလေးသာပါသည်။ အသုံးပြုသူများသည် နောက်ထပ်ကျဆင်းမှုကိုမျှော်လင့်ကြသော်လည်း၊ ¥146.00–¥148.00 သို့ ရောက်ရှိပြီးချိန်တွင် စျေးနှုန်းပြန်လည်တိုးတက်လာနိုင်သော အလားအလာကိုလည်း မပယ်ရှားကြပေ။ ဤဖြစ်စဉ်သည် အတက်လမ်းကြောင်းတခုကို ဖွင့်လှစ်ပေးနိုင်ပါသည်။

USDJPY ဈေးနှုန်းမှတ်တမ်း

USDJPY အတွဲသည် ၁၀.၀၁.၁၉၇၁ တွင် ကာလတလျှောက်အမြင့်ဆုံးအဖြစ် 358.4 JPY နှုန်းထားသို့ ရောက်ရှိခဲ့သည်။

USDJPY အတွဲ၏ ကာလတလျှောက်အနိမ့်ဆုံးတန်ဖိုးအဖြစ် 75.57 JPY အား ၃၁.၁၀.၂၀၁၁ တွင် မှတ်တမ်းတင်ခဲ့သည်။

အောက်ပါဇယားသည် လွန်ခဲ့သောဆယ်နှစ်အတွင်း USDJPY အတွဲ၏ ပြောင်းလဲရွေ့လျားမှုများကို ပြသပါသည်။ တိကျသောခန့်မှန်းချက်များပြုလုပ်ရန်အတွက် သမိုင်းအချက်အလက်များကို ဆန်းစစ်အကဲဖြတ်ခြင်းသည် အရေးကြီးပါသည်။

၂၀၂၀ ခုနှစ်မှ ၂၀၂၅ အစောပိုင်းအထိ၊ USDJPY ငွေလဲနှုန်းသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှင့် နိုင်ငံရေးဖြစ်စဉ်များကြား သိသာထင်ရှား၍ မြန်ဆန်သော အတက်၊အကျများကို ကြုံတွေ့ခဲ့ရပါသည်။

  • ၂၀၂၀ ခုနှစ်အစောပိုင်းတွင်၊ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုနှင့်အတူ၊ ယန်းငွေသည် လုံခြုံစိတ်ချရသောငွေကြေးအဖြစ် တန်ဖိုးမြင့်မားလာပြီး၊ ဤအတွဲ၏တန်ဖိုးသည် ¥102.00 သို့ တိုးတက်လာခဲ့သည်။ သို့သော်၊ အမေရိကန်နိုင်ငံတွင်း ကျယ်ပြန့်သော စီးပွားရေးလှုံ့ဆော်မှုအစီအမံများနှင့် ၂၀၂၁ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး ပြန်လည်ဦးမော့လာမှုနှင့်အတူ ယန်းငွေသည် စတင်၍တန်ဖိုးလျော့နည်းလာပြီး၊ USDJPY သည် တိုးတက်သောလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့သည်။ 

  • ၂၀၂၂ ခုနှစ်တွင် အမေရိကန်၏ ငွေကြေးဖောင်းပွမှုသည် လျင်မြန်စွာ စတင်မြင့်တက်လာခဲ့ပြီး အမေရိကန်ဗဟိုဘဏ်ကွန်ယက်သည် ၎င်း၏ ငွေကြေးမူဝါဒကို တင်းကျပ်ရန် စတင်လုပ်ဆောင်ခဲ့သည်။ ဤဆုံးဖြတ်ချက်သည် အမေရိကန် ဒေါ်လာတန်ဖိုးအား ပိုမိုခိုင်မာလာစေပြီး USDJPY ငွေလဲနှုန်းကို ယခုနှစ်ကုန်တွင် နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးသို့ ရောက်ရှိရန် တွန်းအားပေးခဲ့သည်။ တချိန်တည်းတွင်၊ ဂျပန်ဘဏ်၏ လိုအပ်သည်ထက်လျော့ရဲသောငွေကြေးမူဝါဒသည် ယန်းငွေအခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။

  • ၂၀၂၃ ခုနှစ်တွင်၊ အမေရိကန်၏ ငွေကြေးဖောင်းပွမှုနှုန်း နှေးကွေးသွားသော်လည်း၊ အမေရိကန်ဗဟိုဘဏ်အဖွဲ့အစည်းသည် အတိုးနှုန်းများကို ဆက်လက်မြှင့်တင်ခဲ့သည်။ ဂျပန်နိုင်ငံဗဟိုဘဏ်(BOJ) သည် ၎င်း၏မူဝါဒကို စတင်ချိန်ညှိခဲ့ပြီး၊ ဤလုပ်ဆောင်ချက်သည် ဘွန်းစာချုပ်များကို ဝယ်လိုအားတိုးတက်လာစေကာ၊ USDJPY အတွဲတွင် ဈေးနှုန်းပြန်လည်ကျဆင်းမှုကို ဖြစ်ပေါ်စေခဲ့သည်။

  •  ၂၀၂၅ အစောပိုင်းတွင်၊ ဤအတွဲသည် နှစ်အစထက် ပိုမြင့်သောဈေးတန်းတခုတွင် ရောက်ရှိတည်ငြိမ်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ ၎င်းသည် အမေရိကန်ဗဟိုဘဏ်နှင့် ဂျပန်နိုင်ငံဗဟိုပန်များ၏ မူဝါဒများနှင့် ပထဝီနိုင်ငံရေးအပြောင်းအလဲများအပေါ်တွင် အလွယ်တကူတုံ့ပြန်ကြောင်းကို ဆက်လက်၍ ထည့်သွင်းစဉ်းစားရပါမည်။

USDJPY ဈေးနှုန်း အခြေခံပိုင်းခွဲခြမ်းစိတ်ဖြာချက်

USDJPY ငွေလဲနှုန်း၏ အခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုသည် အမေရိကန်နှင့် ဂျပန်၏ မေခရိုပွားရေးညွှန်းကိန်းများ(တိုင်းပြည်စီးပွားညွှန်ပြချက်များ)အပေါ် အခြေခံထားပါသည်။ ဤအတွဲ၏ စွမ်းဆောင်ရည်ကို ထိခိုက်ကျဆင်းစေသည့် အဓိကအကြောင်းရင်းများတွင် အမေရိကန်ဗဟိုဘဏ်စနစ်နှင့် ဂျပန်ဗဟိုဘဏ်၏ အတိုးနှုန်းများနှင့် ပထဝီဝင်နိုင်ငံရေး အခြေအနေတို့ ပါဝင်ပါသည်။ ဤအချက်များ၏ ပေါင်းစပ်မှုသည် USDJPY ငွေလဲနှုန်း၏ ကာလရှည်လမ်းကြောင်းများကို အဆုံးအဖြတ်ပေးပါသည်။

USDJPY ဈေးနှုန်းအပေါ်တွင် မည်သည့်အကြောင်းအရာများက လွှမ်းမိုးထားသနည်း။

  • အတိုးနှုန်းများ။ အမေရိကန်ဗဟိုဘဏ်ကွန်ယက်နှင့် ဂျပန်ဗဟိုဘဏ်တို့မှ သတ်မှတ်သော အတိုးနှုန်းများ၏ ခြားနားချက်။ ဂျပန်ဗဟိုဘဏ်သည် USDJPY အတွဲ၏ ဈေးကွက်ရှုမြင်ချက်အပေါ် သိသိသာသာ လွှမ်းမိုးပါသည်။ အမေရိကန်ပြည်ထောင်စုအတွင်း မြင့်မားသော အတိုးနှုန်းများသည်၊ ရင်းနှီးမြှုပ်နှံသူများကြား ဒေါ်လာ၏ဆွဲဆောင်မှုကို တိုးပွားစေပါသည်။ ယင်းအခြေအနေများသည် USDJPY အတွဲကို တန်ဖိုးတက်စေပါသည်။

  • စီးပွားရေးညွှန်ပြချက်များ။ GDP၊ ငွေကြေးဖောင်းပွမှု၊ အလုပ်လက်မဲ့နှုန်းထားများနှင့် လက်လီရောင်းအားကိန်းဂဏန်းများသည် နိုင်ငံနှစ်ခုစလုံး၏ စီးပွားရေးအခြေအနေကို အချက်ပြပါသည်။ အမေရိကန်ရှိ အပြုသဘောဆောင်သော စီးပွားရေးအချက်အလက်များသည် အမေရိကန်ဒေါ်လာကို တန်ဖိုးမြင့်စေပြီး၊ အနှုတိသဘောဆောင်သော အချက်အလက်များသည် ၎င်း၏တန်ဖိုးကို ကျဆင်းစေမည်ဖြစ်သည်။ 

  • ပထဝီနိုင်ငံရေးဆုံးရှုံးနိုင်ခြေများ။ နိုင်ငံရေးတည်ငြိမ်မှု၊ ကုန်သွယ်စစ်ပွဲများနှင့် နိုင်ငံတကာပဋိပက္ခများသည် USDJPY ငွေလဲနှုန်းကို ထိခိုက်ကျ‌ဆင်းစေနိုင်ပါသည်။ မရေရာမှုမြင့်မားသောကာလများတွင် ရင်းနှီးမြှုပ်နှံသူများသည် ဂျပန်ယန်းကဲ့သို့ တည်ငြိမ်မှုပိုရှိသောငွေကြေးများတွင် အရင်းအနှီးလုံခြုံစိတ်ချရမှုကို ရှာဖွေလိုကြသည်။ ထိုအခြေအနေမျိုးသည် USDJPY အတွဲကို ဈေးနှုန်းကျဆင်းစေနိုင်ပါသည်။

  • ငွေကြေးမူဝါဒ။ ငွေကြေးမူဝါဒ ဖြေလျော့ခြင်း သို့မဟုတ် တင်းကြပ်ခြင်းများအပါအဝင် အမေရိကန်ဗဟိုဘဏ်စနစ်နှင့် ဂျပန်ဗဟိုဘဏ်တို့၏ ဆုံးဖြတ်ချက်များသည် USDJPY ငွေလဲနှုန်းအပေါ် သိသာထင်ရှားစွာ လွှမ်းမိုးထားပါသည်။

  • ကုန်သွယ်မှု စာရင်းလက်ကျန်(ကုန်သွယ်မှုရှင်းတမ်း)။ အမေရိကန်နှင့် ဂျပန်နိုင်ငံများ၏ ပို့ကုန်တန်ဖိုးနှင့် သွင်းကုန်တန်ဖိုးကြား ခြားနားချက်သည်လည်း USDJPY ငွေလဲနှုန်းအပေါ် သက်ရောက်မှုရှိပါသည်။ ပမာဏကြီးမားသော ကူးသန်းရောင်းဝယ်မှုပိုလျှံငွေရှိသည့် နိုင်ငံများသည် များသောအားဖြင့် ပိုမိုခိုင်မာသောငွေကြေးကို ပိုင်ဆိုင်ပါသည်။

  • ဈေးကွက်အလေးသာမှု။ ယေဘုယျဈေးကွက်အလေးသာမှုနှင့် လက်ခံနိုင်သော စွန့်စားမှုအတိုင်းအတာသည်လည်း USDJPY ငွေလဲနှုန်းအပေါ် လွှမ်းမိုးထားပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် အကောင်းမြင်မှုခြုံလွှမ်းသော ကာလများတွင် စွန့်စားလိုစိတ်မြင့်မားကြပြီး၊ အဆိုးမြင်မှုများပျံ့နှံ့နေကြစဉ်တွင် ဂျပန်ယန်းကဲ့သို့ ဘေးကင်းသော ပိုင်ဆိုင်မှုများကို ပို၍နှစ်သက်ကြပါသည်။

USDJPY အကြောင်းနောက်ထပ်အချက်အလက်များ

USDJPY အတွဲသည် အမေရိကန်ဒေါ်လာနှင့် ဂျပန်ယန်းကြားမှ ချိတ်ဆက်ထားသောတန်ဖိုးကို ကိုယ်စားပြုပြီး၊ ကမ္ဘာတဝှမ်းလုံးတွင် အများဆုံးအရောင်းအဝယ်ပြုလုပ်ကြသော ငွေကြေးအတွဲများတွင် အပါအဝင်ဖြစ်ကာ၊ ၎င်း၏ မြင့်မားသော liquidity နှင့် မတည်ငြိမ်မှုကြောင့် ထင်ရှားကျော်ကြားပါသည်။

ကမ္ဘာလုံးဆိုင်ရာဈေးကွက်၏ စံနှုန်းတခုအဖြစ်၊ USDJPY အတွဲသည် ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်ချက်ကို ကိုယ်စားပြုပါသည်။ ပုံမှန်အားဖြင့်၊ ရင်းနှီးမြှုပ်နှံသူများသည် ယုံကြည်ချက်မြင့်မားသောအခါ ၎င်းတို့သည် အမေရိကန်ဒေါ်လာကို ဝယ်ယူကြပြီး၊ ဤအတွဲ၏တန်ဖိုးတိုးတက်မှုကို ဖြစ်စေပါသည်။ အပြန်အလှန်အားဖြင့် ရင်းနှီးမြှုပ်နှံသူများသည် စိုးရိမ်ကြောင့်ကြနေသောအခါ၊ ၎င်းတို့သည် ဂျပန်ယန်းဘက်သို့ မြှားဦးလှည့်ကြပြီး၊ ထိုအပြုအမူသည် USDJPY အတွဲကို ဈေးနှုန်းကျဆင်းစေပါသည်။

သိသာထင်ရှားသည်မှာ၊ USDJPY သည် ရှုပ်ထွေးသော ငွေကြေးအတွဲတခုဖြစ်ပြီး၊ ၎င်းအပေါ်တွင် အကြောင်းအရာများစွာမှ လွှမ်းမိုးထားပါသည်။ ထို့ကြောင့်၊ ကုန်သည်များသည် မည်သည့်ကုန်သွယ်ရေးဆုံးဖြတ်ချက်ကိုမဆို မပြုလုပ်မီ၊ ရနိုင်သမျှအချက်အလက်များကို သေချာစွာ ခွဲခြမ်းစိတ်ဖြာရန် လိုအပ်ပါသည်။ ဤအကြောင်းအချက်များကြားမှ ချိတ်ဆက်မှုကို နားလည်သဘောပေါက်ခြင်းသည် USDJPY ဈေးကွက်အတွင်း အောင်မြင်သောကုန်သွယ်ရေး၏ သော့ချက်ဖြစ်ပါသည်။

USDJPY တွင် ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ

အခြားသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပိုင်ဆိုင်မှုများကဲ့သို့ပင်၊ USDJPY အတွဲတွင် ရင်းနှီးမြုပ်နှံခြင်းသည် အားသာချက်၊ အားနည်းချက်များ ရောယှက်ပါဝင်ပါသည်။ ထို့ကြောင့်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆုံးဖြတ်ချက်ကို မပြုလုပ်မီ၊ ကောင်းကျိုးဆိုးပစ်များကို သေချာစွာချိန်ဆရန် အထူးအရေးကြီးပါသည်။

အားသာချက်များ

  • မြင့်မားသော ငွေဖြစ်လွယ်မှု။ USDJPY အတွဲသည် ကမ္ဘာပေါ်တွင် အများဆုံးကုန်သွယ်မှုပြုလုပ်ကြသော ငွေကြေးအတွဲများမှ တခုဖြစ်ပါသည်။ ၎င်းသည် မြင့်မားသော ငွေဖြစ်လွယ်မှု ကို အာမခံချက်ပေးပြီး၊ အချိန်မရွေး ငွေကြေးအရောင်း၊ အဝယ်ပြုလုပ်ရန် လွယ်ကူပါသည်။

  • မတည်ငြိမ်မှု။ USDJPY အတွဲ၏ မတည်ငြိမ်မှုသည် ကုန်သည်များအား အတက်နှင့် အကျ ရွေ့လျားမှုဦးတည်ရာနှစ်ခုစလုံးတွင် အမြတ်အစွန်းရနိုင်သော အခွင့်အရေးမျကို ပေးပါသည်။

  • ပွင့်လင်းမြင်သာမှု။ USDJPY ငွေလဲနှုန်းအပေါ် လွှမ်းမိုးသော အရင်းခံအကြောင်းအရာများ၏ အချက်အလက်များကို အလွယ်တကူ ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ပါသည်။ ထို့ကြောင့် ကုန်သည်များအနေဖြင့် စီးပွားရေးအခြေခံပိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများကို ချောမွေ့စွာလုပ်ဆောင်နိုင်ပါသည်။

  • ရင်းနှီးမြှုပ်နှံမှုအစုစုအားခွဲဝေ‌သတ်မှတ်ခြင်း။ USDJPY အတွဲတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ရင်းနှီးမြှုပ်နှံမှုအစုစုအားခွဲဝေသတ်မှတ်ပေးပြီး၊ အလုံးစုံဆုံးရှုံးမှုအလားအလာကို လျှော့ချပေးပါသည်။

အားနည်းချက်များ

  • မြင့်မားသော ဆုံးရှုံးနိုင်ခြေ။ USDJPY အတွဲ၏မတည်ငြိမ်မှုသည် ဤအတွဲတွင် မြင့်မား‌သော ဆုံးရှုံးမှုအလားအလာပါဝင်သည်ဟု အဓိပ္ပါယ်သက်ရောက်စေပါသည်။

  • အရင်းခံစီးပွားရေးအခြေအနေများ၏ လွှမ်းမိုးမှု။ USDJPY ငွေလဲနှုန်းအပေါ်တွင် အတိုးနှုန်းများ၊ ငွေကြေးဖောင်းပွမှုနှင့် ပထဝီနိုင်ငံရေးအပြောင်းအလဲများ အမျိုးမျိုးသော အရင်းခံစီးပွားရေးအခြေအနေများမှ လွှမ်းမိုးထားပါသည်။ ထို့ကြောင့် ကုန်သည်များအနေဖြင့်၊ ဈေးကွက်ကို ပုံမှန်စောင့်ကြည့်ရန်နှင့် ခွဲခြမ်းစိတ်ဖြာရန် လိုအပ်ပါသည်။

  • ဗဟုသုတနှင့် အတွေ့အကြုံလိုအပ်ခြင်း။ အောင်မြင်သော USDJPY အရောင်းအဝယ်ကို ဆောင်ရွက်ရန် ငွေကြေးဈေးကွက်အကြောင်း နက်ရှိုင်း‌သောဗဟုသုတ ရှိရပါမည်။ ထို့အပြင် စီးပွားရေးအခြေခံပိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများပြုလုပ်ရန် အတွေ့အကြုံပြည့်ဝရပါမည်။

  • Leverage နှင့်စပ်လျဉ်း‌သော ဆုံးရှုံးမှုအလားအလာ။ Leverage ကို အသုံးပြုခြင်းသည် အမြတ်အစွန်းအလားအလာများကို မြှင့်တင်ပေးပါသည်။ သို့သော် ၎င်းသည် ဆုံးရှုံးမှုအလားအလာကိုလည်း တိုးတက်စေပါသည်။

  • Spread။ အဝယ်နှင့် အရောင်းဈေးနှုန်းများကြားမှ Spread သည် ကာလတိုကုန်သွယ်မှုများ၏ အမြတ်အစွန်းကို လျော့နည်းစေပါသည်။

ကျွန်ုပ်တို့၏ခန့်မှန်းချက်တည်ဆောက်ပုံ

ကာလတိုနှင့် ကာလရှည်အတွက် USDJPY ငွေကြေးအတွဲ၏ ဈေးနှုန်းအပြောင်းအလဲကို ခန့်မှန်းရန်အတွက် အောက်ပါအစိတ်အပိုင်းများပါဝင်သော ပြည့်စုံသည့် ချဉ်းကပ်မှုပုံစံတရပ်ကို အသုံးပြုရန် အရေးကြီးပါသည်။

၁။ အောက်ပါအချက်များပါဝင်သော နက်ရှိုင်းသည့် အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု - 

  • ယုံကြည်စိတ်ချရသော ခွဲခြမ်းစိတ်ဖြာမှုကုမ္ပဏီများမှ ကျွမ်းကျင်သူတို့၏ခန့်မှန်းချက်များကို လေ့လာသုံးသပ်ခြင်း၊

  • စီးပွားရေးတိုးတက်နှုန်းများ၊ စီးပွားရေးမတည်ငြိမ်မှု၊ GDP၊ အတိုးနှုန်းများနှင့် ငွေကြေးဖောင်းပွမှုနှုန်းများအပါအဝင် အမေရိကန်နှင့် ဂျပန်စီးပွားရေးအခြေအနေများကို လေ့လာဆန်းစစ်ခြင်း၊ 

  • လက်ရှိငွေကြေးမူဝါဒကိုအကဲဖြတ်ခြင်း၊ အထူးသဖြင့် ငွေကြေးမူဝါဒတင်းကြပ်ခြင်းနှင့် ဖြေလျော့ခြင်း။

  • ပို့ကုန်နှင့်သွင်းကုန်လက်ကျန်ရှင်းတမ်းများ၊ အကြုံးဝင်ဆဲ ကုန်သွယ်မှုသဘောတူညီချက်များနှင့် အခြားသက်ဆိုင်ရာရှုထောင့်များအပါအဝင် နှစ်နိုင်ငံကြား ကူးသန်းရောင်းဝယ်မှုဆက်ဆံရေးများကို ပိုင်းခြားစိတ်ဖြာခြင်း။

  • ငွေလဲနှုန်းအပေါ် လွှမ်းမိုးသက်ရောက်နိုင်သော ပထဝီနိုင်ငံရေးနှင့် အရင်းခံစီးပွားရေးအပြောင်းအလဲများကို လေ့လာဆန်းစစ်ခြင်း။

၂။ ဆိုရှယ်မီဒီယာနှင့် အခြားပလပ်ဖောင်းများပေါ်မှ လက်ရှိဈေးကွက်အလေးသာမှုနှင့် အများသူငှာထင်မြင်ယူဆချက်များကို မှန်းဆသုံးသပ်ခြင်း။

၃။ နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု။ ငွေကြေးအတွဲများ၏ရွေ့လျားမှုသည် တိကျသောစက်ဝန်းများအတိုင်း လည်ပတ်လေ့ရှိပြီး၊ အကြောင်းအရာများစွာတို့သည် လက်ရှိတန်ဖိုးတွင် ဝင်ရောက်ကိန်းအောင်းနေပြီးဖြစ်သည်။ ဈေးနှုန်းဇယားသည် စာရင်းအင်းအချက်အလက်များသာမက၊ ဈေးကွက်ပါဝင်သူများ၏ စိတ်နေသဘောထားကိုလည်း ထင်ဟပ်ဖော်ညွှန်းပါသည်။ နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုသည် ကျယ်ပြန့်သော နည်းလမ်းများနှင့် ကိရိယာများကို အသုံးပြုပါသည်။ အထိရောက်ဆုံးနှင့် ဘေးကင်းသောချဉ်းကပ်မှုပုံစံတွင် candlestick ခွဲခြမ်းစိတ်ဖြာမှု၊ chart patterns များနှင့် နည်းပညာပိုင်းဆိုင်ရာ indicators များ၏ ရှုပ်ထွေးသောပေါင်းစပ်မှု ပါဝင်ပါသည်။ ဤနည်းလမ်းသည် ကုန်သည်များအား ဆုံးရှုံးနိုင်ခြေအနည်းဆုံးဖြင့် ဈေးကွက်သို့ ဝင်ရောက်ရန်အတွက် အကောင်းဆုံးအခိုက်အတန့်များကို ရှာဖွေသတ်မှတ်နိုင်ရန်နှင့် အမြတ်သိမ်းဆည်းခြင်းအတွက် ဖြစ်နိုင်ခြေရှိသော ဈေးတန်းများကို ကြိုတင်ဆုံးဖြတ်နိုင်ရန် ကူညီပေးပါသည်။ 

အနှစ်ချုပ် - USDJPY သည် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်ပါသလား။

USDJPY အတွဲတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အရင်းခံစီးပွားရေးအခြေအနေများ၊ အမေရိကန်နှင့်ဂျပန် ငွေကြေးမူဝါဒများနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေများအပေါ်မူတည်၍ အမြတ်အစွန်းရနိုင်သောအလားအလာနှင့်အတူ ဆုံးရှုံးနိုင်ခြေများကိုလည်း သယ်ဆောင်ထားပါသည်။ 

စီးပွားရေးတည်ငြိမ်သောကာလများနှင့် အားသာချက်ရှိသောအတိုးနှုန်းများရှိနေ‌စဉ်များတွင် USDJPY အတွဲသည် စိတ်ပါဝင်စားဖွယ်ရာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတခု ဖြစ်နိုင်ပါသည်။ သို့သော်လည်း၊ ပထဝီနိုင်ငံရေးဖြစ်ရပ်များ၊ ဗဟိုဘဏ်များ၏မူဝါဒအပြောင်းအလဲများနှင့် မမျှော်လင့်ထားသော စီးပွားရေးအကြပ်အတည်းများသည် သိသာထင်ရှားသော နှုန်းထား အတက်၊အကျများကို ဖြစ်ပေါ်စေနိုင်ပါသည်။

ရင်းနှီးမြှုပ်နှံသူများသည် ဈေးကွက်လမ်းကြောင်းများကို ဂရုတစိုက် လေ့လာဆန်းစစ်ကာ၊ စေ့စပ်သေချာသော စီးပွားရေးအခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုကို ဆောင်ရွက်သင့်ပါသည်။ ထို့အပြင် ဤငွေကြေးအတွဲတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် မဆုံးဖြတ်မီ၊ မိမိလက်ခံနိုင်သော စွန့်စားမှုအတိုင်းအတာကို ဦးစွာဆုံးဖြတ်သင့်ပါသည်။

USDJPY ဈေးနှုန်းခန့်မှန်းချက် အမေး၊အဖြေများ

၁၄.၀၅.၂၀၂၆ တွင် ဤငွေကြေးအတွဲကို ¥157.955 ဖြင့် အရောင်းအဝယ်ပြုလုပ်လျှက် ရှိပါသည်။

USDJPY အတွက် ကာလတိုရှုမြင်သုံးသပ်ချက်မှာ မရေရာလှပေ။ လာမည့်ခြောက်လအတွင်း၊ ¥144.00 အထိ အောက်သို့ ဆက်လက်ကျဆင်းသွားမည်ဟု ကျွမ်းကျင်သူများမှ မျှော်မှန်းကြသည်။ တချိန်တည်းတွင်၊ အခြား‌သောခွဲခြမ်းစိတ်ဖြာသူများမှ ဇွန်လကုန်တွင် ဈေးနှုန်းသည် ¥155.28 သို့ မြင့်တက်လာမည်ဟု ကြိုတင်ခန့်မှန်းကြပြန်သည်။

၂၀၂၅ ခုနှစ်အတွက် USDJPY ငွေလဲနှုန်းကြိုတင်ခန့်မှန်းချက်များမှာ အမျိုးမျိုးကွဲပြားလျှက်ရှိပါသည်။ အချို့ခွဲခြမ်းစိတ်ဖြာသူများသည် ¥160.00 အထိ မြင့်တက်ရန် မျှော်လင့်ကြသည်။ အချို့ကမူ ¥130.00။ အထိ ကျဆင်းမည်ဟု ခန့်မှန်းကြပြန်သည်။ လက်တွေ့ဖြစ်လာမည့် ဈေးနှုန်းသည် အမေရိကန်နှင့် ဂျပန်တို့၏ စီးပွားရေးမူဝါဒများနှင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်လမ်းကြောင်းများအပေါ်တွင် မူတည်ပါလိမ့်မည်။

USDJPY အတွဲအတွက် ကာလရှည်ခန့်မှန်းချက်များသည် အတိုးနှုန်းခြားနားမှုများနှင့် ဂျပန်နိုင်ငံ၏ သက်ကြီးရွယ်အိုဦးရေတို့ကြောင့် ယန်းငွေကျဆင်းမှုအလားအလာကို ညွှန်ပြနေပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ မျှော်လင့်မထားသေယ ကမ္ဘာလုံးဆိုင်ရာ အကြပ်အတည်းများတွင် ယန်းငွေသည် ဘေးကင်းသောငွေကြေးတခုအဖြစ် တန်ဖိုးမြင့်မားနိုင်ပါသည်။

USDJPY နှုန်းထားရွေ့လျားမှုသည် အရင်းခံအကြောင်းအရာများစွာအပေါ် မူတည်ပါသည်။ အကယ်၍ အမေရိကန်စီးပွားရေး ကောင်းစွာလည်ပတ်နေစဉ်တွင်၊ ဂျပန်နိုင်ငံသည် လျော့ရဲ‌သော ငွေကြေးမူဝါဒကို ဆက်လက်ထိန်းသိမ်းထားပါက၊ ဤအတွဲသည် တန်ဖိုးတိုးတက်လာနိုင်ပါသည်။ အပြန်အလှန်အားဖြင့်၊ အကယ်၍ အခြေအနေများသည် ပြောင်းပြန်ဖြစ်ပါက သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်ပါက၊ ဤအတွဲ၏ဈေးနှုန်း ကျဆင်းနိုင်ပါသည်။

USDJPY အတွဲအတွက် ငွေလဲနှုန်းရှုမြင်ချက်အပေါ်တွင် အမေရိကန်ဗဟိုဘဏ်နှင့် ဂျပန်ဗဟိုဘဏ်တို့၏ အတိုးနှုန်းသတ်မှတ်ချက်များ၊ နိုင်ငံနှစ်ခုစလုံး၏ ငွေကြေးဖောင်းပွမှု၊ ပထဝီနိုင်ငံရေးဖြစ်ရပ်များ၊ ကုန်သွယ်မှုလက်ကျန်ရှင်းတမ်းများအပြင် အမေရိကန်နှင့်ဂျပန်၏ ယေဘုယျစီးပွားရေးအခြေအနေနှင့်အတူ အကြောင်းအရာ အမျိုးအစားပေါင်းစုံမှ အကျိုးသက်ရောက်ပါသည်။

အမေရိကန်ပြည်ထောင်စုတွင် အင်တိုက်အားတိုက် စီးပွားရေးတိုးချဲ့မှုသည် ဒေါ်လာတန်ဖိုးကိုမြှင့်တင်ပေးပြီး၊ ဂျပန်နိုင်ငံတွင် စီးပွားရေးတိုးတက်မှုနှုန်းနှေးကွေးနေခြင်းသည် ယန်းငွေ‌အပေါ် ဖိအားများသက်ရောက်စေပါသည်။ စီးပွားရေးညွှန်ပြချက်များကြားမှ ခြားနားချက်သည် USDJPY အတွဲ၏ဈေးနှုန်းကို ပို၍တိုးတက်သွားစေမည်ဖြစ်သည်။

အမေရိကန် Fed နှင့် ဂျပန်ဗဟိုဘဏ်တို့၏ အတိုးနှုန်းဆုံးဖြတ်ချက်များ၊ ငွေကြေးဖောင်းပွမှုနှင့် အလုပ်အကိုင်အချက်အလက်များ၊ ရွေးကောက်ပွဲ သို့မဟုတ် ပဋိပက္ခများကဲ့သို့ ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် ကူးသန်းရောင်းဝယ်ရေးမူဝါဒအပြောင်းအလဲများသည် USDJPY အတွဲအပေါ် သိသာထင်ရှားစွာ လွှမ်းမိုးသက်ရောက်နိုင်ပါသည်။

လက်တွေ့ဈေးကွက်အချိန်ရှိ USDJPY ၏စျေးနှုန်းဇယား

2026၊ 2027၊ 2028–2030 နှင့်နောက်ပိုင်းအတွက် USDJPY ဈေးနှုန်းခန့်မှန်းချက်နှင့် ကြိုတင်သုံးသပ်ချက်များ

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat