EURJPY ငွေကြေးအတွဲသည် ၎င်း၏ မတည်ငြိမ်မှုနှင့် စျေးကွက်အတက်အကျများအပေါ် မြန်ဆန်စွာတုံ့ပြန်မှုတို့ကြောင့် ကုန်သည်များ၏ စိတ်ဝင်စားမှုကို ကြာရှည်စွာ ဆွဲဆောင်ထားပါသည်။ ကမ္ဘာတဝှမ်းတွင် အကျယ်ပြန့်ဆုံး ကုန်သွယ်မှုပြုလုပ်ကြသော ငွေကြေးနှစ်ခုဖြစ်သည်နှင့်အညီ၊ ဂျပန်ယန်းနှင့် ယူရိုတို့သည် ၎င်းတို့၏ငွေလဲနှုန်းများအပေါ် လွှမ်းမိုးထားသော စီးပွားရေးအရင်းခံအကြောင်းအရာများစွာသို့ အလွန်ခိုင်မာစွာ ချိတ်ဆက်ထားပါသည်။

EURJPY နှုန်းထားများကို ခွဲခြမ်းစိတ်ဖြာရာတွင်၊ အတိုးနှုန်းများ၊ ဥရောပနှင့် ဂျပန်နိုင်ငံများ၏ တိုင်းပြည်စီးပွားညွှန်ပြချက်များသာမက ကမ္ဘာလုံးဆိုင်ရာဈေးကွက်များအတွင်းရှိ ရင်းနှီးမြှုပ်နှံသူတို့၏ ဦးစားပေးစိတ်သဘောထားကိုပါ ထည့်သွင်းစဉ်းစားရန် မဖြစ်မနေလိုအပ်ပါသည်။ ဤဆောင်းပါးသည် လာမည့်နှစ်များစွာအတွင်း EURJPY ငွေလဲနှုန်း၏ ရွေ့လျားမှုအလားအလာကို ရှင်းရှင်းလင်းလင်း သိမြင်စေရန် ရည်ရွယ်ချက်ဖြင့် ကျွမ်းကျင်သူတို့၏ ခန့်မှန်းချက်များကို သုံးသပ်‌ကာ၊ စီးပွားရေးအခြေခံပိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများကို ပံ့ပိုးပေးပါသည်။ 

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


အရေးပါသော မှတ်သားရန်အချက်များ 

  • ၀၅.၁၀.၂၀၂၆ တွင် ဤအတွဲ၏ လက်ရှိဈေးနှုန်းသည် ¥177.670 ဖြစ်ပါသည်။

  • EURJPY အတွဲသည် ၎င်း၏ ကာလတလျှောက်အမြင့်ဆုံး ဈေးနှုန်းဖြစ်သော ¥187.946 သို့ ၁၇.၀၄.၂၀၂၆ တွင် ရောက်ရှိခဲ့သည်။ ကာလတလျှောက်အနိမ့်ဆုံးနှုန်းထားဖြစ်သော ¥88.87 ကို ၂၆.၁၀.၂၀၀၀ တွင် မှတ်တမ်းတင်ခဲ့သည်။

  • EURJPY အတွဲသည် မတည်ငြိမ်မှုအမြင့်မားဆုံးအတွဲများတွင် အပါအဝင်ဖြစ်ပါသည်။ ၎င်း၏ မြင့်တက်၊ကျဆင်းမှုများသည် ဥရောပဗဟိုဘဏ်နှင့် ဂျပန်ဗဟိုဘဏ်တို့၏ မူဝါဒများအပေါ်တွင် မူတည်ပါသည်။

  • EURJPY ဈေးနှုန်းအပေါ် လွှမ်းမိုးထားသော အဓိကအကြောင်းအရာများတွင် အတိုးနှုန်းများ၊ ဥရောပနှင့် ဂျပန်တို့၏ စီးပွားရေးအစီရင်ခံစာများနှင့် ကမ္ဘာလုံးဆိုင်ရာ စွန့်စားလိုစိတ်ပြင်းပြမှုတို့ ပါဝင်ပါသည်။

  • ဤအတွဲကို ဥရောပနှင့် အာရှကုန်သွယ်ရေးအချိန်ပိုင်းများအတွင်း အများဆုံး အရောင်းအဝယ်ပြုလုပ်ကြပါသည်။

  • EURJPY အတွဲသည် စတော့ဈေးကွက်များအတွင်းမှ အပြောင်းအလဲများနှင့် ရင်းနှီးမြှုပ်နှံသူတို့၏ ဦးစားပေးနှစ်သက်မှုအပြောင်းအလဲများအပေါ် တုံ့ပြန်မှုမြင့်မားပါသည်။

  • ဤအတွဲသည် မတည်ငြိမ်မှုနှင့် ကာလတိုအရောင်းအဝယ်များကို ပစ်မှတ်ထားသော ကုန်သည်များအတွက် စွဲမက်ဖွယ်ရာဖြစ်သည်ဟု ယူဆရပါသည်။

  • ယူရိုနှင့် ယန်းငွေကြားမှ အတိုးနှုန်းခြားနားချက်များကြောင့် EURJPY အတွဲကို carry trade ဗျူဟာတွင် အသုံးပြုလေ့ရှိပါသည်။

EURJPY အချိန်နှင့်တပြေးညီဈေးကွက်အခြေအနေ

၀၅.၁၀.၂၀၂၆ တွင် EURJPY အတွဲအား ¥177.670 နှုန်းထား၌ အရောင်းအဝယ်ပြုလုပ်နေပါသည်။

EURJPY အတွဲကို ခွဲခြမ်းစိတ်ဖြာရာတွင်၊ ဥရောပဗဟိုဘဏ်၏ အတိုးနှုန်းနှင့် ယူရိုဇုန်၏ အခြေခံစားသုံးသူဈေးနှုန်းညွှန်းကိန်းတို့ကို မျက်ခြေမပြတ် စောင့်ကြည့်နေရန် အရေးကြီးပါသည်။ ထို့အပြင် ကာလတလျှောက် အနိမ့်ဆုံးတန်ဖိုးများနှင့် အမြင့်ဆုံးတန်ဖိုးများကိုလည်း ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။ ထို့ထက်ပို၍၊ နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု အကြံပြုချက်များသည်လည်း EURJPY ငွေကြေးအတွဲကို ဝယ်ယူရန် သို့မဟုတ် ရောင်းချရန်အတွက် အကောင်းဆုံး အခိုက်အတန့်များကို ရှာဖွေဖော်ထုတ်ပေးနိုင်ပါသည်။

စံနှုန်း

တန်ဖိုး

ECB အတိုးနှုန်း

2.65%

အခြေခံစားသုံးသူဈေးနှုန်းညွှန်းကိန်း

0.6%

ကာလတလျှောက်အနိမ့်ဆုံးတန်ဖိုး

¥88.87

ကာလတလျှောက်အမြင့်ဆုံးတန်ဖိုး

¥187.946

၅၂ ပတ်အတွင်း ဈေးနှုန်းရွေ့လျားမှုအပိုင်းအခြား

154.4–175.95

လွန်ခဲ့သော ၁၂ လအတွင်း ဈေးနှုန်းပြောင်းလဲမှု

-0.35%

နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအကြံပြုချက်များ

Strong Buy (ခိုင်မာသောဝယ်ယူမှု)

၂၀၂၅ ခုနှစ်အတွက် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အပေါ်အခြေခံသော EURJPY ဈေးနှုန်းခန့်မှန်းချက်

EURJPY တပတ်တာဇယားသည် တိုးတက်သောချန်နယ်လ်တခုကို ပြသပါသည်။ ဆိုလိုသည်မှာ ဈေးနှုန်းသည် တဖြည်းဖြည်းမြင့်တက်လာရန် မျှော်လင့်ရပါသည်။ Support နှင့် resistance levels များသည် 156 နှင့် 173 တွင် အသီးသီးတည်ရှိနေပါသည်။

EMA နှင့် SMA တို့သည် လက်ရှိဈေးနှုန်း၏အောက် 160.46 နှင့် 160.16 တွင် အသီးသီးတည်ရှိနေပြီး၊ အတက်လမ်းကြောင်း၏ တည်မြဲသောအလားအလာကို အချက်ပြနေပါသည်။ RSI သည် 50.6 တွင် ရှိနေကာ၊ ပိုင်ဆိုင်မှုသည် နောက်ထပ်တန်ဖိုးတိုးတက်မှုများအတွက် အသင့်ဖြစ်နေကြောင်း ညွှန်ပြပါသည်။ ထပ်ဆောင်း၍၊ MACD indicator သည် အပြုသဘောဆောင်သော အချက်ပြမှုကို ပြသပါသည် - အစိမ်းရောင်ဂရပ်ဖစ်ရုပ်ပုံသည် အထက်သို့ရွေ့လျားမှု ပိုမိုခိုင်မာလာခြင်းကို ကိုယ်စားပြုပါသည်။ 

LiteFinance: ၂၀၂၅ ခုနှစ်အတွက် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အပေါ်အခြေခံသော EURJPY ဈေးနှုန်းခန့်မှန်းချက်

Bollinger Bands များသည် ပိုမိုပြန့်ကားလာပြီး၊ မတည်ငြိမ်မှု ရုတ်တရက်မြင့်တက်လာခြင်းကို အတည်ပြုပါသည်။ ထို့ကြောင့် ဈေးနှုန်းသည် 165.86 ဈေးတန်းသို့ ရောက်ရှိနိုင်ပါသည်။ အကယ်၍ ပိုင်ဆိုင်မှုသည် အရေးပါ‌သည့် resistance ဖြစ်သော ချန်နယ်လ်၏ အထက်နယ်နိမိတ် 172–173 ကို ဖောက်ထွက်ဖြတ်ကျော်သွားပါက၊ ဤအတွဲသည် 178 သို့ ဆက်လက်တိုးတက်လာနိုင်ပါသည်။ ဤရပ်ဝန်းအနီး ယာယီအလှည့်အပြောင်းများ ဖြစ်ပေါ်စဉ်တွင်၊ အဝယ်ကုန်သွယ်မှုများကို စဉ်းစားသင့်ပါသည်။ EMA နှင့် SMA မျဉ်းများသည် ဖြည့်စွက် supports များအဖြစ် ဆောင်ရွက်ပါသည်။ ဤဆက်စပ်မှုအရ၊ ယင်း levels များအနီးတွင် အဝယ်ကုန်သွယ်မှုများကို စဉ်းစားနိုင်ပါသည်။

အောက်ပါဇယားကွက်သည် ၂၀၂၅ နှစ်ကုန်အထိ၊ EURJPY ဈေးနှုန်းခန့်မှန်းချက်ကို ပြသပေးပါသည်။

လ

အနည်းဆုံး၊ ¥

အများဆုံး၊ ¥

ဧပြီ

164

175

မေ

167

175.3

ဇွန်

165.4

171.2

ဇူလိုင်

168

176

ဩဂုတ်

165.8

173.5

စက်တင်ဘာ

167.2

176.5

အောက်တိုဘာ

168.5

175.4

နိုဝင်ဘာ

166.7

173.4

ဒီဇင်ဘာ

163.2

170.9

၂၀၂၅ ခုနှစ်အတွက် EURJPY ကာလရှည်ကုန်သွယ်ရေးအစီအစဉ်

ဆောင်ရွက်ခဲ့သောနည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ်အခြေခံ၍၊ EURJPY အတွဲအတွက် ကာလရှည်ကုန်သွယ်ရေးအစီအစဉ်တခုကို ရေးဆွဲကြပါစို့။ ပထမဦးစားပေးဗျူဟာမှာ ချန်နယ်လ်၏ အောက်နယ်နိမိတ်အနီး ယာယီအလှည့်အပြောင်းများဖြစ်ပေါ်စဉ်တွင် အဝယ်ကုန်သွယ်မှုများကို ဖွင့်လှစ်ရန်ဖြစ်ပါသည်။

အဝယ်ကုန်သွယ်မှုအတွက် အလားအလာရှိသော အဝင်ပွိုင့်များမှာ support levels များဖြစ်သော 160.50 နှင့် 156.50 အနီးတွင် ရှိပါသည်။ ကုန်သွယ်မှုတခုကို မဖွင့်မီ၊ support မှ နောက်ကြောင်းပြန်လှည့်ခြင်းနှင့် EMA နှင့် SMA အောက်မှအထက်သို့ဖြတ်ကျော်ခြင်း(bullish crossover) ကဲ့သို့ အတည်ပြုပေးသော အချက်ပြမှုများကို ဦးစွာစောင့်ဆိုင်းသင့်ပါသည်။ အပိုဆောင်းအချက်ပြမှုများတွင် RSI တန်ဖိုး 50 အထက်သို့မြင့်တက်လာခြင်းနှင့် MACD histogram ၏အရွယ်အစား ပိုမိုကြီးမားလာခြင်းတို့ ပါဝင်ပါသည်။

အမြတ်သိမ်းဆည်းခြင်းအတွက် ပစ်မှတ်ဈေးတန်းများမှာ ချန်နယ်လ်၏ အထက်နယ်နိမိတ်ဖြစ်သော 170.00 နှင့် 175.00 အနီးတွင် တည်ရှိပါသည်။ Stop-loss အော်ဒါတခုကို 154–155 တွင် သတ်မှတ်နိုင်ပါသည်။ ဈေးနှုန်းသည် support မှ အထက်သို့ပြန်လည်မြင့်တက်သွားသောအချိန်တွင် နည်းပညာပိုင်းဆိုင်ရာ indicators များ၏ အတည်ပြုချက်ဖြင့်သာလျှင်၊ ကုန်သွယ်မှုများကို ဖွင့်လှစ်ရန် အကြံပြုအပ်ပါသည်။ ဤနည်းလမ်းသည် ဆုံးရှုံးမှုအလားအလာများကို ထိရောက်စွာ လျှော့ချပေးနိုင်ပါသည်။

၂၀၂၅ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ EURJPY ဈေးနှုန်းခန့်မှန်းချက်များ.

၂၀၂၅ ခုနှစ်အတွင်း EURJPY ငွေကြေးအတွဲအတွက် ကျွမ်းကျင်သူတို့၏ ခန့်မှန်းချက်များကို ပိုင်းခြားဆန်းစစ်ခြင်းသည် ပို၍ကျိုးကြောင်းခိုင်လုံ‌သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန်အတွက် လူကြီးမင်းအား အကူအညီပေးနိုင်ပါသည်။ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်အများစုမှ ငွေလဲနှုန်းသည် တိုးတက်လာမည်ဟု မျှော်မှန်းထားကြပါသည်။

LongForecast

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - ¥152–¥178 (၁၆၊ ၃၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

LongForecast သည် ၂၀၂၅ ခုနှစ်အတောအတွင်း EURJPY ငွေကြေးအတွဲတွင် သင့်တင့်သော မတည်ငြိမ်မှုနှင့်အတူ တဖြည်းဖြည်းချင်း တန်ဖိုးတိုးတက်မှုတရပ်ကို မျှော်လင့်ပါသည်။ ဤအတွဲသည် ဇူလိုင်လတွင် ¥176 သို့ ရောက်ရှိပြီးနောက်၊ နှစ်ကုန်ချိန်တွင် ¥163 ဝန်းကျင်သို့ ကျဆင်းသွားမည်ဟု ခွဲခြမ်းစိတ်ဖြာသူများမှ ကြိုတင်ခန့်မှန်းကြပါသည်။

လ

အဖွင့်၊ ¥

အနည်းဆုံး–အများဆုံး၊ ¥

အပိတ်၊ ¥

မတ်

156

152–173

170

ဧပြီ

170

164–178

175

မေ

175

167–175

170

ဇွန်

170

165–171

168

ဇူလိုင်

168

168–176

173

ဩဂုတ်

173

165–173

168

စက်တင်ဘာ

168

168–176

173

အောက်တိုဘာ

173

168–174

171

နိုဝင်ဘာ

171

167–173

170

ဒီဇင်ဘာ

170

163–170

165

PandaForecast

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - ¥158.2280–¥169.6150 (၁၆၊ ၃၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

PandaForecast သည် ပျမ်းမျှဈေးနှုန်းအား ¥159.10 နှင့် ¥166.57 ကြား ပြောင်းလဲနေရန် ခန့်မှန်းထားပါသည်။ ဒုတိယသုံးလပတ်တွင် အမြင့်မားဆုံးတိုးတက်မှုကို မျှော်လင့်ရပြီး၊ ဇွန်လတွင် အမြင့်ဆုံးအဖြစ် ¥169.61 သို့ ရောက်ရှိနိုင်ပါသည်။ ထိုမှဆက်လက်၍ နောက်ပိုင်းလများတွင် နှုန်းထားသည် ¥162–¥164 အနီးတွင် တည်ငြိမ်စွာ ရပ်တည်နိုင်ပါသည်။

လ

ပျမ်းမျှ၊ ¥

အနည်းဆုံး၊ ¥

အများဆုံး၊ ¥

ဧပြီ

162.041

160.525

165.036

မေ

165.386

162.925

167.847

ဇွန်

166.577

165.577

169.615

ဇူလိုင်

162.939

159.81

164.894

ဩဂုတ်

159.106

158.228

161.665

စက်တင်ဘာ

162.123

160.722

164.302

အောက်တိုဘာ

162.784

161.378

165.011

နိုဝင်ဘာ

161.964

160.059

164.918

ဒီဇင်ဘာ

162.508

160.363

164.731

Walletinvestor

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - ¥162.752–¥170.515 (၁၆၊ ၃၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

Walletinvestor သည် EURJPY အတွဲအတွက် ခိုင်မာသော အတက်လမ်းကြောင်းတခုကို ကြိုတင်ခန့်မှန်းထားပြီး၊ အမြင့်ဆုံးတန်ဖိုးအဖြစ် ‌ဒီဇင်ဘာလတွင် ¥170.515 နှုန်းထားကို မျှော်မှန်းထားပါသည်။

လ

အဖွင့်၊ ¥

အပိတ်၊ ¥

အနည်းဆုံး၊ ¥

အများဆုံး၊ ¥

ဧပြီ

162.752

164.738

162.752

164.738

မေ

164.722

165.442

164.578

165.442

ဇွန်

165.492

166.593

165.492

166.593

ဇူလိုင်

166.616

166.784

166.616

166.997

ဩဂုတ်

166.749

166.685

166.462

166.749

စက်တင်ဘာ

166.724

167.561

166.724

167.561

အောက်တိုဘာ

167.601

168.314

167.586

168.314

နိုဝင်ဘာ

168.368

168.903

168.365

168.903

ဒီဇင်ဘာ

168.957

170.49

168.957

170.515

၂၀၂၆ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ EURJPY ဈေးနှုန်းခန့်မှန်းချက်များ

၂၀၂၆ ခုနှစ်အတွက် ခန့်မှန်းချက်များအရ၊ EURJPY အတွဲသည် တဖြည်းဖြည်းချင်း တန်ဖိုးတိုးတက်လာပါမည်။ မည်သို့ပင်ဖြစ်စေ၊ မတည်ငြိမ်မှုမှာမူ ဆက်လက်မြင့်မားနေပါလိမ့်မည်။

LongForecast

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - ¥164–¥186 (၁၆၊ ၃၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

LongForecast သည် ၂၀၂၆ ခုနှစ်အတွင်း EURJPY အတွဲတွင် အသင့်အတင့် ဈေးနှုန်းတိုးတက်မှုကို မျှော်မှန်းထားပါသည်။ ဈေးနှုန်းသည် နိုဝင်ဘာလတွင် ¥186 သို့ အမြင့်ဆုံးရောက်ရှိမည်ဟု မျှော်လင့်ရပါသည်။

လ

အဖွင့်၊ ¥

အနည်းဆုံး–အများဆုံး၊ ¥

အပိတ်၊ ¥

ဇန်နဝါရီ

165

164–170

167

ဇွန်

179

179–186

183

ဒီဇင်ဘာ

184

180–186

183

PandaForecast

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - ¥156.157–¥166.55 (၁၆၊ ၃၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

PandaForecast ၏ အဆိုအရ၊ ဤအတွဲ၏ ငွေလဲနှုန်းသည် ¥156.157–¥166.55 ကြား ကျဉ်းမြောင်း‌သောဘောင်အတွင်း ကူးသန်းရွေ့လျား‌နေပါမည်။ ဈေးနှုန်းသည် နွေဦးရာသီတွင် တနှစ်တာအနိမ့်ဆုံးဈေးတန်းသို့ ရောက်ရှ်ိလိမ့်မည်ဟု မျှော်လင့်ရပါသည်။ ထို့နောက် နိုဝင်ဘာလတွင်၊ ဤအတွဲသည် အထက်သို့ ပြန်လည်မြင့်တက်လာပြီး၊ နိုဝင်ဘာလတွင် တနှစ်အတွင်း အမြင့်ဆုံးတန်ဖိုးအဖြစ် ¥166.55 သို့ ရောက်ရှိနိုင်ပါသည်။ နှစ်ကုန်ချိန်၌၊ ပျမ်းမျှဈေးနှုန်းသည် ¥160.29 တွင် ရပ်တည်နေပါမည်။

လ

ပျမ်းမျှ၊ ¥

အနည်း‌ဆုံး၊ ¥

အများဆုံး၊ ¥

ဇန်နဝါရီ

160.012

158.706

161.587

ဇွန်

157.48

156.157

159.218

ဒီဇင်ဘာ

160.29

158.558

161.598

Walletinvestor

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - ¥169.547–¥181.875 (၁၆၊ ၃၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

EURJPY နှုန်းထားသည် ပုံမှန်မြင့်တက်လာမည်ဖြစ်ပြီး၊ ဒီဇင်ဘာလတွင် အမြင့်ဆုံးတန်ဖိုးအဖြစ် ¥181.875 သို့ ရောက်ရှိလိမ့်မည်ဟု Walletinvestor မှ ကြိုတင်ခန့်မှန်းထားပါသည်။ ဤတည်ငြိမ်သော အတက်လမ်းကြောင်းသည် အကောင်းမြင်မှုအရှိဆုံး ရှုမြင်ချက်ကို အမှတ်အသားပြုကာ၊ ယူရိုငွေ၏တန်ဖိုး တိုးတက်ရန်အတွက် ခိုင်မာသောအလားအလာတရပ်ကို ညွှန်ပြနေပါသည်။

လ

အဖွင့်၊ ¥

အပိတ်၊ ¥

အနည်းဆုံး၊ ¥

အများဆုံး၊ ¥

ဇန်နဝါရီ

170.442

169.845

169.547

170.442

ဇွန်

176.84

177.951

176.84

177.951

ဒီဇင်ဘာ

180.308

181.835

180.308

181.875

၂၀၂၇ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ EURJPY ဈေးနှုန်းခန့်မှန်းချက်များ

၂၀၂၇ ခုနှစ်အတွင်း၊ EURJPY အတွဲအတွက် ခန့်မှန်းချက်များသည် ကုန်သည်များအား လမ်းကြောင်းဦးတည်ရာနှင့်တကွ ကုန်သွယ်မှုဖွင့်ခြင်းအတွက် ကောင်းဆုံးအဝင်ပွင့်များကို ကြိုတင်ခန့်မှန်းနိုင်ရန် ကူညီပေးပါသည်။ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်အများစုသည် အတက်လမ်းကြောင်း ဆက်လက်တည်မြဲရန် မျှော်လင့်ကြပါသည်။

LongForecast

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - ¥183–¥205 (၁၆၊ ၃၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

LongForecast သည် EURJPY အတွဲအား နိုဝင်ဘာလတွင် ¥205 သို့ အမြင့်ဆုံးရောက်ရှိရန် မျှော်မှန်းထားပါသည်။ ဒီဇင်ဘာလတွင် ယာယီအလှည့်အပြောင်းတခု ပေါ်ပေါက်လာပြီး၊ နှစ်ကုန်ချိန်တွင် ¥196 ၌ ပိတ်သိမ်းလိမ့်မည်ဟု မှန်းဆရပါသည်။

လ

အဖွင့်၊ ¥

အနည်းဆုံး–အများဆုံး၊ ¥

အပိတ်၊ ¥

ဇန်နဝါရီ

183

183–191

188

ဇွန်

196

194–200

197

ဒီဇင်ဘာ

202

193–202

196

PandaForecast

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - ¥160.2310–¥169.6760 (၁၆၊ ၃၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

PandaForecast ရှိ သုံးသပ်ရေးသမားများသည် ပို၍ချင့်ချိန်သော ရှုမြင်ချက်တရပ်ကို မျှဝေပေးထားပါသည်။ ဤအတွဲသည် ¥160.23–¥169.67 အတွင်း အရောင်းအဝယ်ဖြစ်လိမ့်မည်ဟု ၎င်းတို့မှ ကြိုတင်ခန့်မှန်းကြပါသည်။ ဤခန့်မှန်းချက်သည် မတည်ငြိမ်မှုအသင့်အတင့်နှင့်အတူ ဒီဇင်ဘာလတွင် ¥166.12 ၌ ဈေးနှုန်းငြိမ်သက်ရန်အလားအလာကို ညွှန်ပြပါသည်။ ကျွမ်းကျင်သူများမှ ပိုင်ဆိုင်မှုသည် သေးငယ်သောယာယီကျဆင်းမှုများနှင့်အတူ တဖြည်းဖြည်းချင်းမြင့်တက်လာမည်ဟု ယူဆကြပါသည်။

လ

ပျမ်းမျှ၊ ¥

အနည်း‌ဆုံး၊ ¥

အများဆုံး၊ ¥

ဇန်နဝါရီ

162.059

160.231

163.771

ဇွန်

165.575

164.542

168.635

ဒီဇင်ဘာ

165.018

163.631

166.127

Walletinvestor

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - ¥180.903–¥193.248 (၁၆၊ ၃၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

Walletinvestor သည် အကောင်းမြင်မှုအရှိဆုံးခန့်မှန်းချက်ကို ဖော်ပြထားပါသည်။ ၎င်းတို့၏ခန့်မှန်းချက်အရ၊ ဤအတွဲသည် နှစ်အစတွင် ¥181.80 မှ ဒီဇင်ဘာလတွင် ¥193.19 သို့ တရှိန်ထိုး တိုးတက်မြင့်မားသွားမည်ဖြစ်သည်။

လ

အဖွင့်၊ ¥

အပိတ်၊ ¥

အနည်းဆုံး၊ ¥

အများဆုံး၊ ¥

ဇန်နဝါရီ

ဇန်နဝါရီ

181.16

180.903

181.804

ဇွန်

ဇွန်

189.339

188.182

189.339

ဒီဇင်ဘာ

ဒီဇင်ဘာ

193.195

191.689

193.248

၂၀၂၈ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ EURJPY ဈေးနှုန်းခန့်မှန်းချက်များ

ခွဲခြမ်းစိတ်ဖြာသူများသည် EURJPY အတွဲအား ဆက်လက်မြင့်တက်လာရန် မျှော်လင့်ကြသည်။ ၎င်းတို့သည် ယူရိုငွေတန်ဖိုးတွင် နောက်ထပ်တိုးတက်မှုများကို ကြိုတင်ခန့်မှန်းထားကြပါသည်။

LongForecast

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - ¥196–¥214 (၁၆၊ ၃၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

LongForecast သည် နှစ်တလျှောက်လုံးတွင် အနည်းငယ်နှေးကွေးသော အတက်လမ်းကြောင်းတခုအား ကြိုတင်ခန့်မှန်းထားပြီး၊ ဇူလိုင်လတွင် အမြင့်ဆုံးဈေးနှုန်းအဖြစ် ¥214 သို့ ရောက်ရှိနိုင်သည်ဟု အဆိုပြုပါသည်။ ဒီဇင်ဘာလတွင် နှုန်းထားသည် ¥205 ၌ ယာယီတည်ငြိမ်နိုင်ပါသည်။ 

လ

အဖွင့်၊ ¥

အနည်းဆုံး–အများဆုံး၊ ¥

အပိတ်၊ ¥

ဇန်နဝါရီ

196

196–205

202

ဇွန်

210

204–210

207

ဒီဇင်ဘာ

208

202–208

205

Walletinvestor

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - ¥192.256–¥204.608 (၁၆၊ ၃၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

Walletinvestor သည် EURJPY အတွဲအတွက် ရေရှည်တည်မြဲသော တိုးတက်မှုများကို ကြိုတင်မှန်းဆပါသည်။ နှစ်အစတွင် နှုန်းထားသည် ¥193.195 ၌ စတင်မည်ဖြစ်ပြီး၊ ဒီဇင်ဘာလတွင် ¥204.608 အထိ တိုးတက်သွားမည်ဖြစ်သည်။

လ

အဖွင့်၊ ¥

အပိတ်၊ ¥

အနည်းဆုံး၊ ¥

အများဆုံး၊ ¥

ဇန်နဝါရီ

ဇန်နဝါရီ

192.516

192.256

193.195

ဇွန်

ဇွန်

200.687

199.615

200.687

ဒီဇင်ဘာ

ဒီဇင်ဘာ

204.53

203.057

204.608

၂၀၂၉ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ EURJPY ဈေးနှုန်းခန့်မှန်းချက်များ

၂၀၂၉ ခုနှစ်အတွက် ကျွမ်းကျင်သူများ၏ EURJPY ငွေလဲနှုန်းခန့်မှန်းချက်များမှာ ရောထွေးနေပါသည်။ အချို့ခွဲခြမ်းစိတ်ဖြာသူများသည် အတက်လမ်းကြောင်းတခုကို မျှော်လင့်ကြပြီး၊ အချို့ကမူ အနည်းငယ်ကျဆင်းမှုတရပ်ကို ခန့်မှန်းကြပါသည်။

CoinCodex

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - ¥171.39–¥186.7 (၁၆၊ ၃၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

CoinCodex သည် ၂၀၂၉ ခုနှစ်အတွင်း EURJPY အတွဲတွင် အတန်အသင့် အတက်၊အကျများနှင့်အတူ ခပ်ဖြေးဖြေးကျဆင်းမှုတခုကို ကြိုတင်ခန့်မှန်းထားပါသည်။ ပျမ်းမျှဈေးနှုန်းသည် ဇန်နဝါရီလတွင် ¥185.22 မှ ဒီဇင်ဘာလတွင် ¥174.62 ကြား ပြောင်းလဲနိုင်ပါသည်။ 

လ

အနည်းဆုံး၊ ¥

ပျမ်းမျှ၊ ¥

အများဆုံး၊ ¥

ဇန်နဝါရီ

182.31

185.22

186.7

ဇွန်

173.8

175.88

178.1

ဒီဇင်ဘာ

171.89

174.62

176.65

Walletinvestor

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - ¥203.617–¥215.961 (၁၆၊ ၃၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

Walletinvestor မှ ဆန့်ကျင်ဘက်အနေဖြင့်၊ ၂၀၂၉ တွင် EURJPY အတွဲအား တဟုန်ထိုး တိုးတက်မြင့်မားလာရန် မျှော်မှန်းထားပါသည်။ ၎င်းတို့၏ ခွဲခြမ်းစိတ်ဖြာချက်အရ ဈေးနှုန်းသည် ဇန်နဝါရီလအား ¥204.509 ဖြင့် ဖွင့်လှစ်ပြီး၊ ဒီဇင်ဘာလတွင် ¥215.904 ၌ ပိတ်သိမ်းနိုင်ပါသည်။

လ

အဖွင့်၊ ¥

အပိတ်၊ ¥

အနည်းဆုံး၊ ¥

အများဆုံး၊ ¥

ဇန်နဝါရီ

204.509

203.95

203.617

204.509

ဇွန်

210.949

212.066

210.949

212.066

ဒီဇင်ဘာ

214.43

215.904

214.43

215.961

၂၀၃၀ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ EURJPY ဈေးနှုန်းခန့်မှန်းချက်များ

၂၀၃၀ ခုနှစ်အတွင်း၊ EURJPY အတွဲအတွက် ခန့်မှန်းချက်များသည် ကွဲပြားနေကြပါသည်။ အချို့ပညာရှင်များသည် နှုန်းထားကျဆင်းရန် မျှော်လင့်ကြပါသည်။

CoinCodex

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - ¥164.32–¥171.98 (၁၆၊ ၃၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

၂၀၃၀ ခုနှစ်အတွင်း EURJPY အတွဲသည် တဖြေးဖြေး တန်ဖိုးလျော့နည်းလာမည်ဟု CoinCodex မှ ကြိုတင်မျှော်လင့်ထားပါသည်။ ဒီဇင်ဘာလတွင်၊ ပျမ်းမျှဈေးနှုန်းသည် ¥165.96 သို့ ကျဆင်းသွားမည်ဟု ခန့်မှန်းရသည်။ ခန့်မှန်းချက်အရ၊ ဤအတွဲ၏ တန်ဖိုးကျဆင်းရခြင်းအကြောင်းရင်းမှာ ဂျပန်နိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုကြောင့် ဖြစ်ပါသည်။

လ

အနည်းဆုံး၊ ¥

ပျမ်းမျှ၊ ¥

အများဆုံး၊ ¥

ဇန်နဝါရီ

166.82

170.28

171.98

ဇွန်

165.53

167.05

168.32

ဒီဇင်ဘာ

164.32

165.96

167.63

TradersUnion

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - ¥197.28–¥206.92 (၁၆၊ ၃၊ ၂၀၂၅ အထိ လေ့လာချက်များအရ)။

EURJPY အတွဲသည် ၂၀၃၀ နှစ်လယ်တွင် ¥206.92 သို့ ရောက်ရှိလိမ့်မည်၊ သို့သော် ဂျပန်နိုင်ငံ၏ ပိုမိုတိုးတက်ကောင်းမွန်လာသော စီးပွားရေးအခြေအနေကြောင့် နှစ်ကုန်ချိန်တွင် ¥197.28 သို့ ကျဆင်းသွားလိမ့်မည်ဟု TradersUnion မှ ခန့်မှန်းချက်ထုတ်ပါသည်။

နှစ်

နှစ်လယ်၊ ¥

နှစ်ကုန်၊ ¥

၂၀၃၀

206.92

197.28

၂၀၅၀ ခုနှစ်အထိ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ EURJPY ဈေးနှုန်းကြိုတင်ခန့်မှန်းချက်များ

ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များကြား EURJPY ငွေလဲနှုန်း၏ ၂၀၅၀ ခုနှစ်အထိ ကာလရှည်ခန့်မှန်းချက်များသည် မသေချာမရေရာမှုများ၏ အကျိုးဆက်အဖြစ် အမျိုးမျိုးကွဲပြားလျှက်ရှိကြပါသည်။ ထိုသို့ရှည်လျားသည့် အချိန်အတိုင်းအတာတခုတွင်၊ အမျိုးစုံသော ပထဝီနိုင်ငံရေးဖြစ်ရပ်များ၊ ဗဟိုဘဏ်များ၏ မူဝါဒအပြောင်းအလဲများအပြင် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတွင်လည်း အကြပ်အတည်းများနှင့် အပြောင်းအလဲများ ပေါ်ပေါက်လာနိုင်ပါသည်။ စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေများသည် အစဉ်အမြဲ ပြောင်းလဲတတ်သောကြောင့်၊ ရှေ့ဆယ်စုနှစ်များစွာအတွက်၊ အလားအလာရှိသော ဖြစ်ရပ်များအားလုံးကို ကြိုတင်ခန့်မှန်းရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်ပါသည်။ 

အရင်းခံစီးပွားရေးအကြောင်းအရာများအပြင်၊ ဘဏ္ဍာရေးဈေးကွက်များအတွင်း ဖွဲ့စည်းမှုအပြောင်းအလဲများနှင့် နိုင်ငံတကာငွေအပေးအယူစနစ်များ၏ အဆင့်မြှင့်တင်မှုများကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ ထိုသို့သော အကြောင်းရင်းများအားလုံးသည် ၂၀၅၀ ခုနှစ်အထိ ရှည်လျားသောကာလအတွက် မည်သည့်ခန့်မှန်းချက်များကိုမဆို မတိကျမှုမြင့်မားစေပါသည်။

သို့ဖြစ်၍၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ထိုကဲ့သို့ ကာလရှည်ခန့်မှန်းချက်များကို သတိဖြင့် လေ့လာဆန်းစစ်သင့်ပြီး၊ ၎င်းတို့အား ယေဘုယျကုန်သွယ်ရေးလမ်းညွှန်ချက်အဖြစ်မျှသာလျှင် သဘောထားသင့်ပါသည်။ လက်ရှိဈေးကွက်လမ်းကြောင်းများနှင့် စီးပွားရေးညွှန်ပြချက်များအပေါ် အခြေခံထားသော ကာလတိုနှင့် ကာလအလယ်အလတ် ခန့်မှန်းချက်များသည် ပို၍ အကျိုးကြောင်းခိုင်လုံသည်ဟု ယူဆနိုင်ပါသည်။

ဆိုရှယ်မီဒီယာပေါ်တွင် EURJPY အတွက် ဈေးကွက်သဘောထား ခွဲခြမ်းစိတ်ဖြာခြင်း

ဆိုရှယ်မီဒီယာပေါ်မှ ဈေးကွက်သဘောထားသည် EURJPY အတွဲအတွက် ခန့်မှန်းချက်များအပေါ် မြင့်မားစွာလွှမ်းမိုးထားပါသည်။ မီဒီယာသဘောထားခွဲခြမ်းစိတ်ဖြာခြင်းသည် ပိုင်ဆိုင်မှုအပေါ် ဈေးကွက်၏ ရှုမြင်မှုမည်သို့ရှိကြောင်း ကူညီထုတ်ဖော်ပေးပါသည်။

ဥပမာအားဖြင့် အသုံးပြုသူ Yankee မှ EURJPY သည် ၎င်း၏ liquidity နှင့် ICT အယူအဆများကိုအသုံးချမှုကြောင့်၊ အရောင်းအဝယ်ပြုလုပ်ရန် အလွန်လွယ်ကူရိုးရှင်းကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်တွင် EURJPY အတွက် ဈေးကွက်သဘောထား ခွဲခြမ်းစိတ်ဖြာခြင်း

ဆန့်ကျင်ဘက်အားဖြင့်၊ ကုန်သည် KLEJDI CUNI မှ ဤအတွဲသည် အရေးကြီးသော ယာယီအလှည့်အပြောင်းပုံစံတခုနှင့် ခိုင်မာသော resistance ကို ဖွဲ့စည်းနေသည်ဟု ထုတ်ဖော်ရေးသားထားပါသည်။ ၎င်းသည် တောက်လျှောက်ကျဆင်းနိုင်သော အလားအလာတခုကို ညွှန်ပြပါသည်။ ထို့အပြင်၊ ဤအတွဲ၏နောက်ထပ်ရွေ့လျားမှုများသည် ဂျပန်ဗဟိုဘဏ်၏ မူဝါဒအပေါ် မူတည်လိမ့်မည်ဟု ယင်းအသုံးပြုသူမှ အလေးပေးဖော်ပြထားပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်တွင် EURJPY အတွက် ဈေးကွက်သဘောထား ခွဲခြမ်းစိတ်ဖြာခြင်း

ထို့ကြောင့်၊ လက်ရှိအခြေအနေတွင် ဆိုရှယ်မီဒီယာပေါ်မှ EURJPY အတွဲနှင့်စပ်လျဉ်းသော သဘောထားသည် ရောထွေးနေပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု၏ အချက်ပြမှုများကို အာရုံစူးစိုက်သင့်ပြီး၊ အစိုးရမူဝါဒများကဲ့သို့ အခြေခံပိုင်းဆိုင်ရာ အကြောင်းအရာများကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။ ဤမရေရာမှုများသည် ငွေကြေးအတွဲ၏ မတည်ငြိမ်မှုကို တိုးတက်လာစေနိုင်ပါသည်။ သို့ဖြစ်၍၊ ကုန်သွယ်မှုကို သတိဖြင့်ချဉ်းကပ်၍ ဆောင်ရွက်သင့်ပါသည်။ 

EURJPY ဈေးနှုန်းသမိုင်းကြောင်း

EURJPY အတွဲသည် ၎င်း၏ အမြင့်ဆုံးဈေးနှုန်းဖြစ်သော 187.946 JPY သို့ ၁၇.၀၄.၂၀၂၆တွင် ရောက်ရှိခဲ့သည်။ EURJPY အတွဲ၏ အနိမ့်ဆုံးဈေးနှုန်းကို ၂၆.၁၀.၂၀၀၀ တွင်မှတ်တမ်းတင်ခဲ့ပြီး၊ ယင်းနေ့တွင် ဈေးနှုန်းသည် 88.87 JPY သို့ ကျဆင်းခဲ့သည်။

အောက်ပါဇယားသည် လွန်ခဲ့သောဆယ်နှစ်တာအတွင်း EURJPY အတွဲ၏ ပြောင်းလဲရွေ့လျားပုံကို ပြသပါသည်။ ကျွန်ုပ်တို့၏ ခန့်မှန်းချက်များကို တိကျသည်ထက် တိကျစေရန်အတွက် သမိုင်းအချက်အလက်များကို အကဲဖြတ်ခြင်းသည် အရေးကြီးပါသည်။

EURJPY ဈေးနှုန်းသမိုင်းကြောင်းသည် ယူရိုဇုန်နှင့် ဂျပန်ကြားမှ စီးပွားရေးချိတ်ဆက်မှုများအပြင် ငွေကြေးနှစ်ခုစလုံးအပေါ်သက်ရောက်မှုရှိသော အရေးပါသည့်ဖြစ်ရပ်များကို ကိုယ်စားပြုပါသည်။ ၁၉၉၉ ခုနှစ်တွင် ယူရိုငွေကို စတင်မိတ်ဆက်ခြင်းမပြုမီ၊ German mark/yen (ဂျာမန်မတ်/ဂျပန်ယန်း)အတွဲကို အများဆုံး အသုံးပြုခဲ့ကြပါသည်။ ၁၉၈၀ ပြည့်နှစ်များတွင်၊ ဥရောပ၏ ခိုင်မာသော စီးပွားရေးတိုးတက်နှုန်းနှင့် ယန်းငွေတန်ဖိုးကျဆင်းမှုကြောင့် ယင်းအတွဲသည် ¥260 အထက်သို့ မြင့်တက်ခဲ့ပါသည်။ သို့ဖြစ်သော်လည်း၊ ၁၉၉၀ ပြည့်နှစ်များတွင်၊ ဂျပန်နိုင်ငံ၏ စီးပွားရေးအကြပ်အတည်းများနှင့် ဥရောပစီးပွားရေးကျဆင်းမှုတို့ကြောင့် အဆိုပါငွေကြေးအတွဲ၏တန်ဖိုးသည် တရှိန်ထိုးကျဆင်းခဲ့ပါသည်။

LiteFinance: EURJPY ဈေးနှုန်းသမိုင်းကြောင်း

ယူရိုငွေကိုမိတ်ဆက်ခဲ့ပြီးနောက်တွင်၊ EURJPY အတွဲသည် ၂၀၀၈ နှင့် ၂၀၁၂ ခုနှစ် ဘဏ္ဍာရေးအကြပ်အတည်းများကြားတွင် မြန်ဆန်သော အတက်၊ အကျများပေါ်ပေါက်ခဲ့ခြင်းနှင့်အတူ၊ သိသာထင်ရှားသော မတည်ငြိမ်မှုများကို ကြုံတွေ့ခဲ့ရပါသည်။ ထို့နောက်၊ ကိုဗစ်-၁၉ ကပ်ရောဂါသည် နောက်ထပ်မတည်ငြိမ်မှုလှိုင်းကို လှုံ့ဆော်ခဲ့ပြန်သည်။ သို့သော်၊ နောက်ပိုင်းနှစ်များတွင် ECB ၏ မူဝါဒတင်းကြပ်မှုနှင့် ဂျပန်ဗဟိုဘဏ်၏ အစဉ်အဆက်လျော့ရဲသော ငွေကြေးမူဝါဒတို့၏ အကျိုးဆက်အဖြစ် ဤအတွဲသည် အထက်သို့ပြန်လည်မြင့်တက်လာခဲ့ပါသည်။ 

EURJPY ဈေးနှုန်း အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်

EURJPY နှုန်းထား၏ အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်သည် ဤငွေကြေးအတွဲ၏ ရွေ့လျားမှုများအပေါ် လွှမ်းမိုးထားသော အရေးပါသည့် အကြောင်းအရင်းများစွာကို မီးမောင်းထိုးပြပါသည်။ ဤချဉ်းကပ်မှုသည် ‌ဈေးနှုန်းဦးတည်ရာကို ပိုမိုတိကျစွာ ခွဲခြားသိရှိနိုင်ရန် အကူအညီပေးပြီး၊ အလားအလာရှိသော ဆုံးရှုံးနိုင်ခြေများကို ဖော်ထုတ်ပေးကာ၊ EURJPY အတွဲအတွက် ပို၍တိကျသော ခန့်မှန်းချက်များကို ပြုလုပ်နိုင်ရန် ကူညီပေးပါသည်။

EURJPY ဈေးနှုန်းအပေါ် မည်သည့် အကြောင်းအရာများမှ လွှမ်းမိုးထားပါသနည်း။

  • ဗဟိုဘဏ်မူဝါဒများ။ ECB(ဥရောပဗဟိုဘဏ်) နှင့် BoJ(ဂျပန်ဗဟိုဘဏ်)တို့မှ အတိုးနှုန်းများနှင့် ငွေကြေးပမာဏဖြေလျော့ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်များသည် ငွေကြေးများအတွက် ရင်းနှီးမြှုပ်နှံမှုဝယ်လိုအားကို ပုံဖော်ရာတွင် အဓိကျသော အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားပါသည်။

  • စီးပွားရေးတိုးတက်မှုနှုန်း။ ရင်းနှီးမြှုပ်နှံသူများသည် ခိုင်မာ၍ တည်ငြိမ်သော စီးပွားရေးအခြေအနေရှိသည့် နိုင်ငံများ၏ ငွေကြေးများကို ပိုမိုနှစ်သက်ကြလေရာ၊ ငွေလဲနှုန်းသည် GDP၊ အလုပ်အကိုင်အချက်အလက်များ၊ ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်မှုများသို့ အလွန်နီးစပ်စွာ တွဲဆက်နေပါသည်။

  • ငွေကြေးဖောင်းပွမှု။ မြင့်မားသော ငွေကြေးဖောင်းပွမှုသည် အတိုးနှုန်းများနှင့်စပ်လျဉ်း၍ ဗဟိုဘဏ်များ၏ ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးသက်ရောက်ပါသည်။ အကျိုးဆက်အဖြစ် ၎င်းသည် ငွေကြေးအတွဲများ၏ ငွေလဲနှုန်းအပေါ် သက်ရောက်မှုရှိလာပါသည်။ ပုံမှန်အားဖြင့်၊ ငွေကြေးဖောင်းပွမှု တိုးတက်လာသောအခါ၊ ဗဟိုဘဏ်များသည် ၎င်းတို့၏ မူဝါဒများကို တင်းကြပ်ကြလေ့ရှိသည်။

  • ကုန်သွယ်မှုစာရင်းလက်ကျန်။ ယူရိုဇုန်နှင့် ဂျပန်နိုင်ငံအတွင်း ကုန်သွယ်မှုပိုလျှံငွေ သို့မဟုတ် လိုငွေသည် ယူရိုနှင့် ဂျပန်ယန်းဝယ်လိုအားများအပေါ် တိုက်ရိုက် အကျိုးသက်ရောက်ပါသည်။

  • ပထဝီနိုင်ငံရေးဖြစ်ရပ်များ။ အမျိုးမျိုးသော ပဋိပက္ခများ၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့် စီးပွားရေးပိတ်ဆို့အရေးယူမှုများသည် ငွေကြေးဈေးကွက်များအတွင်း ကြီးမားသော လှုပ်ခတ်မှုများကို ဖြစ်ပေါ်စေပြီး၊ ရင်းနှီးမြှုပ်နှံသူတို့၏ ဦးစားပေးနှစ်သက်မှုများကို အပြောင်းအလဲဖြစ်စေနိုင်ပါသည်။

EURJPY အကြောင်း နောက်ထပ်အချက်အလက်များ

EURJPY ငွေကြေးအတွဲသည် ဂျပန်ယန်းဖြင့်နှိုင်းယှဉ်ဖော်ပြသော ယူရိုငွေ၏တန်ဖိုးကို ကိုယ်စားပြုပါသည်။ ယူရို‌ငွေကို ၂၀၂၂ ဇန်နဝါရီလတွင် ငွေသားအဖြစ် စတင်ထုတ်ဝေခဲ့သော်လည်း၊ ၎င်းသည် နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်များပေါ်တွင် ပထမဆုံး ကုန်သွယ်ခဲ့ကြသည့်အချိန်ဖြစ်သော ၁၉၉၉ ခုနှစ်ကပင် တရားဝင်စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ဂျပန်ယန်းသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးငွေကြေးများမှ တခုဖြစ်ပြီး၊ ၎င်းကို ၁၈၇၁ ခုနှစ်ကပင် စတင်သုံးစွဲခဲ့ကြသည်။ EURJPY အတွဲကို Forex ဈေးကွက်တွင် တက်ကြွစွာအရောင်းအဝယ်ပြုလုပ်ကြပြီး၊ ၎င်း၏ မြင့်မားသော မတည်ငြိမ်မှုနှင့် liquidity ကြောင့်၊ ဤအတွဲသည် ‌ကုန်သည်များကြား အထူးပင် ရေပန်းစားပါသည်။

ဤအတွဲကို ကာလတို scalping မှ ကာလရှည် ရင်းနှီးမြှုပ်နှံမှုအထိ ကုန်သွယ်ရေးဗျူဟာများစွာတွင် အသုံးပြုကြပါသည်။ ပိုင်ဆိုင်မှုသည် EU နှင့် ဂျပန်၏ အရင်းခံစီးပွားရေးညွှန်ပြချက်များအပေါ် မြန်ဆန်စွာ တုံ့ပြန်ပါသည်။ ကုန်သည်များသည် carry trade ဗျူဟာများတွင် ဆုံးရှုံးနိုင်‌ခြေများကို တားဆီးကန့်သတ်ရန် အတွက် ဤအတွဲအား အသုံးပြုကြသည်။ ထို့အပြင်၊ ဤအတွဲသည် စွန့်စားမှုမြင့်မားသော ပိုင်ဆိုင်မှုများနှင့် ဘေးကင်းသောကုန်သွယ်မှုအမျိုးအစားများအတွက် ဝယ်လိုအားကို ထင်ဟပ်ဖော်ပြပါသည်။

EURJPY တွင် ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ

၎င်း၏ အသိအမှတ်ပြုရသော မတည်ငြိမ်မှု နှင့် liquidity ကြောင့် EURJPY တွင် ရင်းနှီးမြှုပ်နှံခြင်းသည် အမြတ်အစွန်းများကို ပေးစွမ်းပါသည်။ သို့သော်၊ ဤအတွဲကို ကုန်သွယ်ခြင်းတွင် ၎င်းနှင့်ယှဉ်တွဲသော ဆုံးရှုံးနိုင်ခြေများကိုလည်း သိရှိမှတ်သားထားရန် အရေးကြီးပါသည်။ 

အားသာချက်များ

  • မြင့်မားသောမတည်ငြိမ်မှု။ EURJPY အတွဲ၏ မြင့်မားသော မတည်ငြိမ်မှုသည် ကုန်သည်များအား ကာလတိုနှင့် ကာလရှည် ကုန်သွယ်မှုနှစ်မျိုးနှစ်စားလုံးမှ အမြတ်အစွန်း ရရှိစေပါသည်။

  • ကောင်းမွန်သော liquidity။ EURJPY အတွဲ၏ မြင့်မားသော ကုန်သွယ်မှုပမာဏသည် နိမ့်ပါးသော spreads တန်ဖိုးကို ဖန်တီးပေးပြီး၊ ကုန်သွယ်မှုများကို မြန်ဆန်စွာ အကောင်အထည်ပေါ်စေပါသည်။

  • သတင်းများအပေါ် တုံ့ပြန်မှုမြင့်မားခြင်း။ ဤပိုင်ဆိုင်မှုသည် အရေးကြီးသော စီးပွားရေးသတင်းများ ထုတ်ပြန်မှုအပါအဝင် ဂျပန်နှင့် ဥရောပဗဟိုဘဏ်များ၏ ‌ဆုံးဖြတ်ချက်များအပါ် လျင်မြန်စွာ တုံ့ပြန်ပြောင်းလဲလေ့ရှိပါသည်။

  • ခွဲခြမ်းစိတ်ဖြာချက်များ အသင့်ရရှိနိုင်ခြင်း။ အရေအတွက် အလွန်များပြားသော ခွဲခြမ်းစိတ်ဖြာမှုဆောင်းပါးများနှင့် ခန့်မှန်းချက်များသည် မျှတသောဗျူဟာများကို ရေးဆွဲနိုင်စေရန် ကုန်သည်များအား ကူညီပေးပါသည်။

  • ကုန်သည်များကြားရေပန်စားမှု။ EURJPY အတွဲကို ရင်းနှီးမြှုပ်နှံသူများစွာမှ နှစ်သက်သဘောကျကြပြီး၊ ထင်ရှားသော ကုန်သွယ်ရေးပလပ်ဖောင်းအားလုံးပေါ်တွင် တက်ကြွစွာ အရောင်းအဝယ်ပြုလုပ်ကြပါသည်။

အားနည်းချက်များ

  • မြင့်မားသောမတည်ငြိမ်မှုကြောင့် ဆုံးရှုံးနိုင်ခြေများ။ EURJPY ငွေလဲနှုန်း၏ မကြာခဏနှင့် ရုတ်တရက် ရွေ့လျားမှုများသည် သိသာထင်ရှားသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ အထူးသဖြင့် အကယ်၍ ကုန်သည်တဦးသည် အတွေအကြုံအပြည့်အဝမရှိပါက သို့မဟုတ် မြင့်မားသော leverage ကို အသုံးပြုပါက ထိုသို့ဖြစ်နိုင်ခြေ ပိုများပါသည်။

  • စီပွားရေးအချက်အလက်များအပေါ် မှီခိုမှု။ ဤအတွဲသည် ယူရိုဇုန်နှင့် ဂျပန်နိုင်ငံအတွင်းမှ ဖြစ်ရပ်များအပေါ် မြန်ဆန်စွာ တုံ့ပြန်လေ့ရှိပြီး၊ ထိုအချက်သည် ကာလရှည်ခန့်မှန်းချက်များကို ရှုပ်ထွေးစေပြီး၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခင်းအကျင်းအား ပုံမှန်စောင့်ကြည့်ရန် လိုအပ်စေပါသည်။

  • ဈေးကွက်သဘောထားအပေါ်တုံ့ပြန်မှုမြင့်မားခြင်း။ EURJPY အတွဲသည် ရင်းနှီးမြှုပ်နှံသူများ၏ စွန့်စားလိုစိတ်အနိမ့်၊အမြင့်အပေါ် အမှီပြုပါသည်။ ဤအချက်သည် တိကျသော အရင်းခံအကြောင်းရင်း တစုံတရာမရှ်ိပဲ ကြိုတင်မှန်းဆမရသော အတက်၊အကျများကို ပေါ်ပေါက်စေနိုင်ပါသည်။

  • ဗဟိုဘဏ်များမှ ဆုံးဖြတ်ချက်များ၏ လွှမ်းမိုးသက်ရောက်မှု။ ဥရောပဗဟိုဘဏ်(ECB) သို့မဟုတ် ဂျပန်ဗဟိုဘဏ်တို့၏ မူဝါဒများတွင် မျှော်လင့်မထားသော ‌အပြောင်းအလဲများ သို့မဟုတ် ထုတ်ပြန်ချက်များသည် ဤအတွဲ၏နှုန်းထားအပေါ် သိသိသာသာ လွှမ်းမိုးသက်ရောက်နိုင်ပါသည်။ ဤအချက်သည် ကြိုတင်ခန့်မှန်းခြင်းကို ပိုမိုခက်ခဲစေပြီး၊ ရုတ်တရက်ဆုံးရှုံးမှုများပေါ်ပေါက်ရန် အလားအလာမြင့်မားစေပါသည်။

ကျွန်ုပ်တို့၏ ခန့်မှန်းချက်တည်ဆောက်ပုံ

ကျွန်ုပ်တို့သည် EURJPY အတွဲကို ကြိုတင်ခန့်မှန်းရန်အတွက် ရှုထောင့်ပေါင်းစုံမှ ချဉ်းကပ်သောနည်းလမ်းကို အသုံးပြုပါသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ကျွန်ုပ်တို့အတွက် တိကျ၍ ယုံကြည်စိတ်ချရသော ရလာဒ်များကို ရရှိစေပါသည်။

ကာလတိုခန့်မှန်းချက်များသည် တလတာကာလအထိ အကြုံးဝင်ပြီး၊ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံပါသည်။ ကျွန်ုပ်တို့သည် ဇယားများကို ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ကာ၊ RSI, MACD၊ moving averages၊ Bollinger Bands ညွှန်ပြကိရိယာများနှင့် အရေးပါသော support နှင့် resistance levels များကို အသုံးပြုပါသည်။

ကာလအလယ်အလတ်ခန့်မှန်းချက်များ(တလမှတနှစ်အအထိ)သည် စီးပွားရေးအခြေခံခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံပါသည်။ ဥရောပဗဟိုဘဏ်နှင့် ဂျပန်‌ဗဟိုဘဏ်တို့၏ ဆုံးဖြတ်ချက်များ၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်အချက်အလက်များနှင့် အတိုးနှုန်းအပြောင်းအလဲများကို သုံးသပ်လေ့လာပါသည်။

ကာလရှည်ခန့်မှန်းချက်များ(တနှစ်အထက်)တွင် ပထဝီနိုင်ငံရေးဖြစ်ရပ်များ၊ နှစ်နိုင်ငံအတွင်းမှ ကုန်သွယ်မှုမူဝါဒအပြောင်းအလဲများ၊ ကမ္ဘာလုံးဆိုင်ရာစီးပွားရးစီးကြောင်းများနှင့် ဘဏ္ဍာရေးဈေးကွက်၏ယေဘုယျအခြေအနေများကို ခွဲခြမ်းစိတ်ဖြာခြင်း ပါဝင်ပါသည်။

အနှစ်ချုပ် - EURJPY သည် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်ပါသလား။

EURJPY အတွဲသည် ၎င်း၏ မြင့်မားသော မတည်ငြိမ်မှုနှင့် liquidity ကြောင့် ဆွဲဆောင်မှုရှိသော ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတခုအဖြစ် ရပ်တည်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့်၊ ဤအတွဲ၏ ငွေလဲနှုန်းအပေါ် လွှမ်းမိုးသက်ရောက်သော အရင်းခံစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဖြစ်ရပ်များကို ထည့်သွင်းစဉ်းစားသင့်ပါသည်။ ဗဟိုဘဏ်ဆုံးဖြတ်ချက်များ၊ ငွေကြေးဖောင်းပွမှုမျှော်မှန်းချက်များ၊ EU နှင့် ဂျပန်တို့၏ စီးပွားရေးအခြေအနေများအပြင် ကြိုတင်မသိရှိသော ကမ္ဘာလုံးဆိုင်ရာဖြစ်ရပ်များသည် ဈေးကွက်အခြေအနေကို ရုတ်တရက်ပြောင်းလဲစေနိုင်ပြီး၊ ပိုင်ဆိုင်မှု၏ မတည်ငြိမ်မှုများကို တိုးတက်စေနိုင်ပါသည်။

ထို့အပြင်၊ EURJPY အတွဲသည် ကာလတိုနှင့် ကာလအလယ်အလတ်ဗျူဟာများအတွက် သင့်တော်သော ရွေးချယ်မှုတခု ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ကာလရှည်ခန့်မှန်းချက်များနှင့်စပ်လျဉ်း၍ သတိရှိသင့်ပြီး၊ ကုန်သွယ်မှုများမဖွင့်မီတွင် အပိုဖြည့်စွက်ချက်အနေဖြင့် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုကိရိယာများကို အသုံးပြုသင့်ပါသည်။ 

EURJPY ဈေးနှုန်းခန့်မှန်းချက် အမေး၊ အဖြေများ

၀၅.၁၀.၂၀၂၆ တွင် ဤအတွဲကို ¥177.670 ၌ အရောင်းအဝယ်ပြုလုပ်နေပါသည်။

၂၀၂၅ ခုနှစ်အတွင်း EURJPY အတွဲသည် ¥152 နှင့် ¥178 ကြားတွင် အရောင်းအဝယ်ဖြစ်လိမ့်မည်ဟု ကျွမ်းကျင်သူများမှ မှန်းဆကြပါသည်။ ဈေးကွက်ခွဲခြမ်းစိတ်ဖြာသူများသည် ငွေလဲနှုန်းတွင် တ‌ဖြည်းဖြည်းတိုးတက်မှုတရပ်ကို ကြိုတင်ခန့်မှန်းကြပါသည်။

ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ အဆိုအရ၊ EURJPY သည် ၂၀၂၆ ခုနှစ်အတွင်း ¥156 မှ ¥186 သို့ မြင့်တက်နိုင်ပါသည်။ LongForecast မှ အကောင်းမြင်မှုအရှိဆုံးရှုမြင်ချက်ကို မျှဝေပေးထားပြီး၊ နှုန်းထားသည် ¥186 သို့ ရောက်ရှိနိုင်သည်ဟု အဆိုပြုထားပါသည်။

EURJPY ကို ကုန်သွယ်မှုပြုလုပ်ရန် အကောင်းဆုံးအချိန်မှာ ဥရောပနှင့် အာရှကုန်သွယ်ရေးအချိန်ပိုင်းများ ထပ်တူကျချိန် ဖြစ်ပါသည်။ ဂျပန်နှင့် ဥရောပဈေးကွက်များ ဖွင့်လှစ်သော 8:00 နှင့် 11:00 GMT ကြားတွင် ကုန်သွယ်ရေးလှုပ်ရှားမှုများ အမြင့်မား‌‌ဆုံး ဖြစ်လေ့ရှိပါသည်။

ဥရောပနှင့် အာရှကုန်သွယ်ရေးအချိန်ပိုင်းများ စတင်ဖွင့်လှစ်ချိန်များတွင် EURJPY အတွဲ၏ အမြင့်မားဆုံးမတည်ငြိမ်မှုကို တွေ့မြင်ရပါသည်။ ဥရောပနှင့် ဂျပန်တို့မှ အရေးပါသာ စီးပွားရေးအချက်အလက်များ ထုတ်ပြန်ကြေငြာချိန်များတွင် သိသာထင်ရှားသော အတက်၊အကျများ ပေါ်ပေါက်လေ့ရှိသည်။

EURJPY ငွေလဲနှုန်းအပေါ်တွင် ECB(ဥရောပဗဟိုဘဏ်) နှင့် BOJ(ဂျပန်ဗဟိုဘဏ်)ကြားမှ အတိုးနှုန်းခြားနားချက်၊ ငွေကြေးဖောင်းပွမူ၊ အရင်းခံစီးပွားရေးညွှန်ပြချက်များ၊ အလုပ်လက်မဲ့နှုန်းထား၊ GDP၊ ယူရိုဇုန်နှင့် ဂျပန်နိုင်ငံအတွင်း နိုင်ငံရေးတည်ငြိမ်မှုတို့အပြင် စွန့်စားမှုမြင့်မားသောပိုင်ဆိုင်မှုများနှင့် ဘေးကင်းခိုင်မာသောပိုင်ဆိုင်မှုများအတွက် ကမ္ဘာလုံးဆိုင်ရာဝယ်လိုအား စသည့်အချက်များမှ လွမ်းမိုးထား ပါသည်။

EURJPY အတွဲသည် ECB(ဥရောပဗဟိုဘဏ်) နှင့် BOJ(ဂျပန်ဗဟိုဘဏ်) အစည်းအဝေးများ၊ ငွေကြေးဖောင်းပွမှုနှင့် GDP အချက်အလက် ထုတ်ပြန်မှုများ၊ ငွေကြေးမူဝါဒအပြောင်းအလဲများနှင့် ပထဝီနိုငံရေးတိုးတက်ပြောင်းလဲမှုများ၏ လွှမ်းမိုးသက်ရောက်မှုကို ခံစားရဖွယ်ရာရှိပါသည်။

EURJPY အတွဲသည် ဥရောပစတော့အညွှန်းကိန်းများနှင့် EURUSD အတွဲတို့ဖြင့် အပြုသဘောဆောင်သော အပြန်အလှန်ဆက်နွယ်မှု ရှိပါသည်။ ထို့အပြင်၊ ၎င်းသည် ရွှေနှင့် ဂျပန်ယန်းကဲ့သို့သော ဘေးကင်းသောပိုင်ဆိုင်မှုများနှင့် ဆန့်ကျင်ဘက်ရွေ့လျားပါသည်။ ဘဏ္ဍာရေးဈေးကွက် အတွင်း မသေချာမှုများမြင့်မားသော ကာလမျိုးတွင် ရင်းနှီးမြှုပ်နှံသူများသည် စွန့်စားလိုစိတ်နည်းပါးကြပြီး၊ ဘေးကင်းခိုင်မာသောပိုင်ဆိုင်မှုများ တန်ဖိုးမြင့်တက်လေ့ရှိပါသည်။

EURJPY အတွဲကို ကြိုတင်ခန့်မှန်းခြင်းသည် ယူရိုဇုန်၏ စီးပွားရေးညွှန်ပြချက်များအပေါ် အခြေခံပါသည်။ ဤနေရာတွင် USDJPY အတွဲအတွက် ခန့်မှန်းချက်များသည် အမေရိကန်၏ အရေးပါသော ညွှန်ပြချက်များအပေါ် အမှီအခိုပြုပါသည်။ ထို့အပြင် EURJPY အတွဲအပေါ်တွင် ဥရောပစီးပွားရေးအခြေအနေမှ အများ‌‌ဆုံး လွှမ်းမိုးထားပြီး၊ USDJPY နှုန်းထားအပေါ်တွင် အမေရိကန်ဗဟိုဘဏ်အဖွဲ့အစည်းနှင့် ဂျပန်ဗဟိုဘဏ်တို့၏ ငွေကြေးမူဝါဒများမှ ပိုမိုလွှမ်းမိုး သက်ရောက်ပါသည်။

EURJPY ဈေးနှုန်းကို ကြိုတင်ခန့်မှန်းရာတွင်၊ ငွေကြေးမူဝါဒအပြောင်းအလဲများ၊ ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် စီးပွားရေးဆုတ်ယုတ်ကျဆင်းမှုများ အစရှိသဖြင့် ချင့်ချိန်သတိပြုစရာ အကြောင်းအရာများစွာ ပေါ်ပေါက်လာနိုင်ပါသည်။ အဆိုပါ ဖြစ်စဉ်များကို ထိထိရောက်ရောက် စီမံခန့်ခွဲရန်၊ လူကြီးမင်းအနေဖြင့် ရင်းနှီးမြှုပ်နှံမှုအမျိုးအစားများကို စနစ်တကျပေါင်းစပ်စုစည်းခြင်း၊ stop-loss အော်ဒါများချမှတ်ခြင်း၊ စီးပွားရေးသတင်းများကို မျက်ခြေမပြတ်ခြေရာခံခြင်းနှင့် ဇယားများပေါ်တွင် နည်းပညာပိုင်းဆိုင်ရာ ညွှန်ပြချက်များကို ခွဲခြမ်းစိတ်ဖြာခြင်း အစရှိ‌သော နည်းဗျူဟာများကို အသုံးပြုနိုင်ပါသည်။

ECB(ဥရောပဗဟိုဘဏ်)နှင့် ဂျပန်‌ဗဟိုဘဏ်ကြားမှ အတိုးနှုန်းများ၏ ခြားနားချက်သည် အဆိုပါငွေကြေးများအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ နှစ်သက်သဘောကျမှုအား လွှမ်းမိုးသက်ရောက်ပါသည်။ ဂျပန်နှင့်နှိုင်းယှဉ်ပါက ဥရောပ၏ အတိုးနှုန်း ပို၍မြင့်မားလေလေ၊ ယူရိုငွေသည် ဂျပန်ယန်းနှင့်နှိုင်းယှဉ်ရာတွင် တန်ဖိုးပိုတက်လေလေ ဖြစ်ပါသည်။ ထိုသဘောတရားသည် အပြန်အလှန်သက်ရောက်ပါသည်။

လက်တွေ့ဈေးကွက်အချိန်ရှိ EURJPY ၏စျေးနှုန်းဇယား

2026၊ 2027၊ 2028–2030 နှင့်နောက်ပိုင်းအတွက် EURJPY ဈေးနှုန်းခန့်မှန်းချက်နှင့် ကြိုတင်သုံးသပ်ချက်များ

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat