GBP/USD အတွဲသည် Forex စျေးကွက်တွင် ထင်ပေါ်ကျော်ကြားမှုအရှိဆုံး အဓိကငွေကြေးအတွဲများအနက် တစ်ခုဖြစ်ပြီး ၎င်းသည် အမေရိကန်ဒေါ်လာနှင့် ဗြိတိသျှပေါင်တို့အကြား လဲလှယ်နှုန်းကို ကိုယ်စားပြုဖော်ပြပါသည်။ အဆိုပါငွေကြေးအတွဲကို ကမ္ဘာတဝှမ်းရှိ ကုန်သည်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ရန်ပုံငွေထိန်းသိမ်းရေး မန်နေဂျာများမှ များစွာလိုလားတောင့်တနေကြပါသည်။
ဤဆောင်းပါးတွင် အဆိုပါကုန်သွယ်ရေးပိုင်ဆိုင်မှု၏ သမိုင်းမှတ်တမ်းနှင့် လက္ခဏာရပ်များကို ပြန်လည်သုံးသပ်ပြီး နည်းပညာပိုင်းနှင့် အခြေခံကျသော ဆန်းစစ်ချက်ကို ပေးစွမ်းမည် ဖြစ်၍ လူသိများသော စိစစ်လေ့လာရေး ကိုယ်စားလှယ်များထံမှ ရေရှည်ကာလ ကြိုတင်ခန့်မှန်းချက်များကို စူးစမ်းလေ့လာသွားပါမည်။ ထိုဆန်းစစ်ချက်တွင် GBPUSD နှုန်းအပေါ် လွှမ်းမိုးသည့် အချက်များ၊ ငွေလွှဲပြောင်းမှုများအတွက် အကောင်းဆုံးအချိန်အခါ နှင့် သင့်ကုန်သွယ်ရေး လုပ်ဆောင်ချက်ထဲသို့ ၎င်းငွေကြေးအတွဲအား ပေါင်းထည့်ရာတွင် ဖြစ်နိုင်ဖွယ်တန်ဖိုးတို့ကို သိရှိနားလည်စေရန် ဖော်ပြသွားပါမည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- ပင်မကောက်နှုတ်ချက်များ
- GBPUSD ၏အချိန်နှင့်တပြေးညီ စျေးကွက်အနေအထား
- နည်းပညာဆိုင်ရာ စိစစ်သုံးသပ်ချက်အပေါ်အခြေခံကာ ၂၀၂၅ ခုနှစ် အတွက် GBPUSD စျေးနှုန်းကြိုတင်ခန့်မှန်းချက်
- ၂၀၂၆ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ GBPUSD စျေးနှုန်း မှန်းဆချက်များ
- ၂၀၂၇ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ GBPUSD စျေးနှုန်းမှန်းဆချက်များ
- ၂၀၂၈ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ GBPUSD စျေးနှုန်း မှန်းဆချက်များ
- ၂၀၂၉ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ GBPUSD စျေးနှုန်းမှန်းဆချက်များ
- ၂၀၃၀ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ GBPUSD စျေးနှုန်းမှန်းဆချက်များ
- ၂၀၅၀ ခုနှစ်အထိ စိစစ်လေ့လာသူများ၏ GBPUSD စျေးနှုန်းမှန်းဆချက်များ
- ဆိုရှယ်မီဒီယာပေါ်ရှိ GBPUSD အတွက် စျေးကွက်အနေအထား
- GBPUSD ၏ စျေးနှုန်းသမိုင်းမှတ်တမ်း
- GBPUSD စျေးနှုန်းအပေါ် အခြေခံတကျစိစစ်ခွဲဖြာမှု.
- GBPUSD ၏နောက်ထပ်အချက်အလက်များ
- ကြိုတင်ခန့်မှန်းချက်များကို မည်သို့လုပ်ဆောင်ပုံ
- နိဂုံးချုပ်: GBPUSD သည်ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါသလား။
- FAQ'sGBPUSD စျေးနှုန်းမှန်းဆချက်တွင် မေးလေ့ရှိသော အမေးနှင့်အဖြေများ
ပင်မကောက်နှုတ်ချက်များ
- GBPUSD ငွေကြေးအတွဲ၏ လက်ရှိစျေးနှုန်းမှာ ၁၄.၀၅.၂၀၂၆ အရ $1.35032 ဖြစ်ပါသည်။
- GBPUSD အတွဲသည် ၀၄.၁၁.၁၉၈၀ တွင် ၎င်း၏ စံချိန်တင်အမြင့်ဆုံးတန်ဖိုး $2.4546 သို့ ရောက်ရှိခဲ့ပါသည်။ ထိုအတွဲ၏ စံချိန်တင်အနိမ့်ဆုံးစျေးနှုန်း $1.052 ကို ၂၆.၀၂.၁၉၈၅ တွင် မှတ်တမ်းတင်ခဲ့ပါသည်။
- GBP/USD သည် အဓိကငွေကြေးအတွဲများအနက် တစ်ခုဖြစ်ပြီး ၎င်း၏ ငွေဖြစ်လွယ်မှုမြင့်မားခြင်း နှင့် စျေးအတက်အကျ ပြင်းထန်ခြင်းတို့ကြောင့် ထင်ရှားကျော်ကြားပါသည်။
- GBPUSD နှုန်းကို ယူကေနှင့် ယူအက်တို့၏ စီးပွားရေးအညွှန်းကိန်းများ ၊ ဗဟိုဘဏ်များ၏ အတိုးနှုန်းများ နှင့် နိုင်ငံရေးဖြစ်ရပ်များမှ သက်ရောက်ပုံဖော်ပေးပါသည်။
- အဆိုပါငွေကြေးအတွဲသည် လန်ဒန်နှင့် နယူးယောက်မြို့ရှိ စျေးကွက်အချိန်နာရီများ တထပ်တည်းကြသည့် ဥရောပနှင့် အမေရိကန်တို့၏ ကုန်သွယ်ချိန်များတွင် သိသာပေါ်လွင်သော ကုန်သွယ်ရေးလုပ်ဆောင်ချက်ကို ဖော်ပြပါသည်။
- ထို GBPUSD ငွေကြေးအတွဲသည် USDCHF အတွဲနှင့် ဆန့်ကျင်ဘက်ဆက်နွယ်မှု အပြင် EURUSD အတွဲနှင့် အပြုသဘောဆောင် ဆက်စပ်မှုကို ပြသပါသည်။
GBPUSD ၏အချိန်နှင့်တပြေးညီ စျေးကွက်အနေအထား
GBPUSD ငွေကြေးအတွဲမှာ ၁၄.၀၅.၂၀၂၆ အရ $1.35032 ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။
GBPUSD အတွဲအား စိစစ်သုံးသပ်ရာတွင် အလုပ်အကိုင်ရရှိမှုဒေတာ၊ ယူကေနှင့် ယူအက်တို့၏ ငွေကြေးဖောင်းပွနှုန်း ကဲ့သို့သော အဓိကစီးပွားရေးဆိုင်ရာ အညွှန်းများနှင့်တကွ အင်္ဂလန်ဘဏ်နှင့် အမေရိကန်ဗဟိုဘဏ်တို့မှ ပြုလုပ်သည့် အတိုးနှုန်းဆုံးဖြတ်ချက်များကို အနီးကပ်စောင့်ကြည့်လေ့လာရန် အရေးကြီးပါသည်။ သမိုင်းတလျှောက် အနိမ့်ဆုံးနှင့် အမြင့်ဆုံးတန်ဖိုးများကို ပင်မဝယ်လိုအားနှင့် ရောင်းလိုအားစျေးတန်းများ သတ်မှတ်ရာတွင် အသုံးပြုနိုင်ပါသည်။ ထို့ပြင် နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်သည် အကောင်းဆုံး အဝင်နှင့် အထွက် အမှတ်များကို ရှာဖွေဖော်ထုတ်ရန် ကူညီပေးပြီး ၎င်းသည် သင့်ကုန်သွယ်ရေးဗျူဟာများ၏ ထိရောက်မှုကို တိုးမြင့်စေပါသည်။
တိုင်းတာမှုအကြောင်းအရာ | တန်ဖိုး |
အင်္ဂလန်ဘဏ်၏ အတိုးနှုန်း | 4.5% |
ယူအက်စ်ဗဟိုဘဏ်၏ အတိုးနှုန်း | 4.5% |
ယူကေ၏ ငွေကြေးဖောင်းပွနှုန်း | 3.0% |
ယူအက်စ်၏ ငွေကြေးဖောင်းပွနှုန်း | 2.7% (Fed ၏ ကြိုတင်ခန့်မှန်းချက်) |
စံချိန်တင်အနိမ့်ဆုံးတန်ဖိုး | $1.052 |
စံချိန်တင်အမြင့်ဆုံးတန်ဖိုး | $2.4546 |
လွန်ခဲ့သော ၁၂ လအတွင်း စျေးနှုန်းအပြောင်းအလဲ | +2.45% |
နည်းပညာဆိုင်ရာ စိစစ်သုံးသပ်ချက်အပေါ်အခြေခံကာ ၂၀၂၅ ခုနှစ် အတွက် GBPUSD စျေးနှုန်းကြိုတင်ခန့်မှန်းချက်
W1 chart ပေါ်တွင် GBPUSD အတွဲသည် ရေရှည်တည်တံ့သော အတက်ဘက်သို့ လမ်းကြောင်းကို ထိန်းသိမ်းထားပါသည်။ စျေးနှုန်းမှာ ဖောက်ထွက်၍ SMA 50 နှင့် SMA 20 တို့၏ အထက်တွင် တည်ငြိမ်သွားပါသည်။
D1 chart ပေါ်တွင် အဆိုပါအတွဲသည် မြင့်တက်မှုလမ်းကြောင်းကို ပြသနေပါသည်။ စျေးနှုန်းသည် ရက် ၅၀ နှင့် ရက်ပေါင်း ၂၀၀ အတွက် သာမန် ပျမ်းမျှရွေ့လျားမှုတန်ဖိုး အထက်တွင် အရောင်းအဝယ်ဖြစ်နေပါသည်။ တချိန်တည်းမှာပင် SMA 50 သည် ထိုစျေးနှုန်းအောက်တွင် အတက်ဘက်သို့ ဦးတည်သွားနေပြီး ထိုသည်မှာ မြင့်တက်မည့် အနေအထားကို အထောက်အပံ့ပြုနေပါသည်။ သို့သော် မြင့်တက်မှုအရှိန်အဟုန်မှာ 1.3000 စျေးတန်းအနီးတွင် နှေးကွေးသွားခဲ့ပြီး ၎င်းသည် နီးကပ်လာသော စျေးယာယီကျဆင်းမှု (သို့) တည်ငြိမ်သွားမှုကို ဖော်ညွှန်းပါသည်။
ပင်မဝယ်လိုအားနှင့် ရောင်းလိုအားစျေးတန်းများ။
ရောင်းလိုအားစျေးတန်းများ : 1.3000၊ 1.3222၊ 1.3440။
ဝယ်လိုအားစျေးတန်းများ : 1.2800၊ 1.2760၊ 1.2650၊ 1.2548။
နည်းပညာပိုင်းဆိုင်ရာ အညွှန်းများ :
- Fibonacci levels (D1) ။ ပင်မစျေးယာယီကျဆင်းမှု နေရာများမှာ 38.2% (1.2835) နှင့် 50% (1.2777) တို့ဖြစ်ကြပါသည်။
- MACD ။ အဆိုပါအညွှန်းကိန်းသည် W1 ပေါ်တွင် စျေးမြင့်တက်မည့်လမ်းကြောင်းကို ညွှန်ပြသော်လည်း ထိုစျေးအတက်လမ်းကြောင်းသည် D1 ပေါ်တွင် မှေးမှိန်နေပါသည်၊ ဤသည်မှာ အကျဘက်သို့ ပြောင်းလဲမှု ဖြစ်ပွားနိုင်ကြောင်း ဖော်ပြပါသည်။
- Stochastic နှင့် RSI ။ သတ်မှတ်အချိန်ကာလ နှစ်ခုလုံးပေါ်ရှိ အဝယ်လွန်ကဲမှု အခြေအနေသည် စျေကျဆင်းနိုင်ချေကို မြင့်တက်စေပါသည်။
D1 chart ပေါ်တွင် အဆိုပါငွေကြေးအတွဲမှာ မြင့်တက်နေသောချန်နယ် တစ်ခုအတွင်း အမြင့်ဆုံး အမှတ်တစ်ခုကို ဖြစ်ပါ်စေခဲ့ပါသည်။ W1 chart ပေါ်တွင် အတက်ဘက်သို့ ရှည်လျားသော ပုံရိပ်ရှိသည့် candlestick တစ်ခု ထွက်ပေါ်ခဲ့ပြီး ၎င်းသည် မြင့်တက်မည့်အနေအထားမှာ ပြင်းထန်နိုင်ကြောင်း ရည်ညွှန်းပါသည်။ ရေတိုကာလအတွင်း ထိုအတွဲသည် 1.2800–1.2770 အထိသို့ ယာယီစျေးကျဆင်းမှုကို ကြုံတွေ့နိုင်ပါသည်။ စျေးနှုန်းသည် 1.2650 အထက်တွင် ထိန်းထားနိုင်ပါက 1.3100–1.3300 အထိသို့ တရှိန်ထိုးမြင့်တက်လာနိုင်ချေ ရှိပါသည်။ ထိုသို့ဖြစ်ပါက စျေးနှုန်းကို တဖြည်းဖြည်းတက်လာရန် မျှော်လင့်ပါသည်။
အောက်ပါ table သည် ၂၀၂၅ နှစ်ကုန်အထိ GBPUSD နှုန်း၏ အနိမ့်ဆုံးနှင့် အမြင့်ဆုံးတန်ဖိုးများကို ပြသပါသည်။
လ | အနည်းဆုံး , $ | အမြင့်ဆုံး , $ |
ဧပြီ | 1.275 | 1.295 |
မေ | 1.270 | 1.292 |
ဇွန် | 1.265 | 1.288 |
ဇူလိုင် | 1.270 | 1.300 |
သြဂုတ် | 1.278 | 1.310 |
စက်တင်ဘာ | 1.283 | 1.318 |
အောက်တိုဘာ | 1.301 | 1.325 |
နိုဝင်ဘာ | 1.288 | 1.313 |
ဒီဇင်ဘာ | 1.275 | 1.310 |
GBPUSD အတွက် ရေရှည်ကုန်သွယ်ရေးအစီအစဥ်
GBPUSD ငွေကြေးအတွဲသည် မကြာသေးမီအတွင်း 1.3000 စျေးတန်းအနီး၌ တိုးတက်မှုအရှိန် နှေးကွေးသွားခြင်းနှင့်အတူ မြင့်တက်နေသောချန်နယ်အတွင်း ဆက်လက်အရောင်းအဝယ်ဖြစ်နေပါသည်။ လတ်တလောဖြစ်ပေါ်နေသော အခြေအနေအရ လက်ရှိတန်ဖိုးများမှာ 1.2835 နှင့် 1.2770 ဆီသို့ ယာယီစျေးကျဆင်းမှုကို အကြံပြုပါသည်။ ဤစျေးတန်းများသည် ချန်နယ်နယ်နိမိတ်များ အပါအဝင် Fibonacci ခြေရာခံအဆင့်များနှင့် ထပ်တူညီပါမည်။ ဆန့်ကျင်ဘက်သို့ ပြောင်းလဲပါက 1.2980–1.3000 ဧရိယာတွင် အရောင်းကုန်သွယ်မှုများကို ထည့်သွင်းစဥ်းစားနိုင်ပြီး stop-loss အော်ဒါကို 1.3050 စျေးတန်းအထက်တွင် သတ်မှတ်ပါ။
အဆိုပါအတွဲသည် အားကောင်းခိုင်မာသော ဝယ်လိုအားစျေးတန်း 1.2770 သို့ ကျဆင်းသွားပါက ၎င်းသည် အတက်လမ်းကြောင်းပေါ်သို့ စတင်တက်ရောက်နိုင်ချေ ရှိပြီး 1.2950–1.3000 အထိသို့ မြင့်တက်နိုင်ပါသည်။
လာမည့်သီတင်းပတ်များအတွက် မျှော်မှန်းချက်သည် အတန်အသင့် စျေးကျဆင်းပါမည်။ 1.2800 အထိသို့ ကျဆင်းမှုကို ကြိုတင်တွက်ဆထားပါသည်။ ထိုယာယီစျေးကျဆင်းမှုသည် ပြင်းထန်ပါက စျေးနှုန်း 1.2650 အထိသို့ နိမ့်ဆင်းသွားနိုင်ပါသည်။
ထိုနှစ်၏ ဒုတိယနှစ်ဝက်အတွင်း စျေးနှုန်းသည် 1.2650 အထက်တွင် တည်တံ့နေပါက 1.3100–1.3300 အထိသို့ တဖြည်းဖြည်း ပြန်လည်ဦးမော့လာမှုကို ခန့်မှန်းထားကြပါသည်။
ဤအခြေအနေအား ဆန့်ကျင်လျက် နည်းပညာဆိုင်ရာ အညွှန်းများမှ ထွက်ပေါ်လာသော အချက်ပြများကို ထည့်သွင်းချိန်ဆကာ ထိုမြင့်တက်နေသော ချန်နယ်အတွင်း ကုန်သွယ်မှုများ ဖွင့်လှစ်ရန် စဥ်းစားနိုင်ပါသည်။
၂၀၂၅ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ GBPUSD စျေးနှုန်းမှန်းဆချက်များ
စိစစ်လေ့လာသူများသည် ၂၀၂၅ ခုနှစ်အတွင်း အတန်အသင့်တိုးပွားမှုမှ ပြေပြစ်သော စျေး ယာယီကျဆင်းမှုအထိသို့ GBPUSD နှုန်းအတွက် အမျိုးမျိုးသော ကြိုတင်ခန့်မှန်းချက်များကို ပေးစွမ်းပါသည်။
LongForecast
၂၀၂၅ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $1.194–$1.345 (22.03.2025အရ) ။
LongForecast အရ GBP/USD အတွဲကို ၂၀၂၅ ခုနှစ်အတွင်း အသင့်အတင့်မတည်ငြိမ်မှုများကို ပြသရန် မှန်းဆထားပါသည်။ ပြေပြစ်သော စျေးအတက်အကျများနှင့်တကွ နှစ်ကုန်၌ စျေးအနည်းငယ် တိုးမြင့်မှုကို ပြသနိုင်ချေ ရှိပါသည်။
လ | ပျမ်းမျှ, $ | အနည်းဆုံး , $ | အများဆုံး , $ |
ဧပြီ | 1.304 | 1.263 | 1.345 |
မေ | 1.301 | 1.281 | 1.321 |
ဇွန် | 1.288 | 1.269 | 1.307 |
ဇူလိုင် | 1.267 | 1.246 | 1.288 |
သြဂုတ် | 1.249 | 1.230 | 1.268 |
စက်တင်ဘာ | 1.222 | 1.194 | 1.249 |
အောက်တိုဘာ | 1.233 | 1.212 | 1.254 |
နိုဝင်ဘာ | 1.258 | 1.235 | 1.280 |
ဒီဇင်ဘာ | 1.281 | 1.261 | 1.300 |
WalletInvestor
၂၀၂၅ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $1.279–$1.316 (22.03.2025အရ) ။
WalletInvestor သည် အဆိုပါငွေကြေးအတွဲမှာ ထင်ရှားသော စျေးအတက်အကျများ မရှိဘဲ အပိုင်းအခြားအကျဥ်းတစ်ခုအတွင်း အရောင်းအဝယ် ဖြစ်လိမ့်မည်ဟု ယူဆပါသည်။ ဇွန်လတွင် စျေးနှုန်းမှာ $1.310 အနီးဝန်းကျင်တွင် တည်ရှိနေပါမည်။ ဒီဇင်ဘာလ၌ $1.279 သို့ ကျဆင်းနိုင်ချေ ရှိပါသည်။
လ | ပျမ်းမျှ, $ | အနည်းဆုံး , $ | အများဆုံး , $ |
ဧပြီ | 1.303 | 1.296 | 1.310 |
မေ | 1.306 | 1.302 | 1.310 |
ဇွန် | 1.307 | 1.306 | 1.313 |
ဇူလိုင် | 1.310 | 1.304 | 1.316 |
သြဂုတ် | 1.308 | 1.300 | 1.315 |
စက်တင်ဘာ | 1.298 | 1.294 | 1.302 |
အောက်တိုဘာ | 1.292 | 1.290 | 1.294 |
နိုဝင်ဘာ | 1.288 | 1.285 | 1.292 |
ဒီဇင်ဘာ | 1.284 | 1.279 | 1.291 |
CoinCodex
၂၀၂၅ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $1.279496–$1.449187 (22.03.2025အရ) ။
CoinCodex သည် ၂၀၂၅ ခုနှစ်အတွင်း GBP/USD အတွဲကို ကျယ်ပြန့်စွာ အတက်အကျဖြစ်ရန် မျှော်လင့်ပါသည်။ စျေးနှုန်းမှာ $1.449187 အထိသို့ မြင့်တက်နိုင်ပါသည်။
လ | ပျမ်းမျှ, $ | အနည်းဆုံး , $ | အများဆုံး , $ |
ဧပြီ | 1.279496 | 1.317266 | 1.345983 |
မေ | 1.322379 | 1.348820 | 1.366274 |
ဇွန် | 1.355359 | 1.390379 | 1.404116 |
ဇူလိုင် | 1.351067 | 1.375824 | 1.400744 |
သြဂုတ် | 1.366287 | 1.393725 | 1.411639 |
စက်တင်ဘာ | 1.400361 | 1.436819 | 1.449187 |
အောက်တိုဘာ | 1.392383 | 1.408840 | 1.435282 |
နိုဝင်ဘာ | 1.352046 | 1.376554 | 1.407171 |
ဒီဇင်ဘာ | 1.342240 | 1.364844 | 1.379806 |
၂၀၂၆ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ GBPUSD စျေးနှုန်း မှန်းဆချက်များ
၂၀၂၆ ခုနှစ် GBPUSD အတွက် ကျွမ်းကျင်ပညာရှင်များ၏မှန်းဆချက်များမှာ အမျိုးမျိုးကွဲလွဲနေကြပါသည်။ ပညာရှင်အချို့သည် ပေါင်ငွေ၏ တဖြည်းဖြည်းအားကောင်းလာမှုကို တွက်ဆထားသော်လည်း အခြားသူများသည် ရေရှည်ဖြစ်ပေါ်မည့် မသေချာမရေရာမှုနှင့် မတည်ငြိမ်မှုမြင့်မားခြင်းကို ကြိုတင်ဟောကိန်းထုတ်ထားပါသည်။
LongForecast
၂၀၂၆ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $1.242–$1.341 (22.03.2025အရ) ။
LongForecast သည် GBP/USD pair အတွဲကို ၂၀၂၆ ခုနှစ်အတွင်း အတန်အသင့်မြင့်တက်မှုကို ထိန်းသိမ်းထားမည်ဟု မျှော်လင့်ကြောင်း ဖော်ပြပါသည်။ ရာသီအလိုက် စျေးယာယီကျဆင်းမှုများနှင့်အတူ တိုးပွားမှုကို ခန့်မှန်းထားပါသည်။
နှစ် | ပျမ်းမျှ, $ | အနည်းဆုံး , $ | အများဆုံး , $ |
၂၀၂၆ | 1.242 | 1.283 | 1.341 |
WalletInvestor
၂၀၂၆ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $1.258–$1.295 (22.03.2025အရ) ။
WalletInvestor အရ အဆိုပါငွေကြေးအတွဲသည် ၂၀၂၆ ခုနှစ်အတွင်း သိသိသာသာ အနိမ့်အမြင့်များမရှိဘဲ ကျဥ်းမြောင်းသော ဘေးတိုက်ချန်နယ်တစ်ခုအတွင်း ရွေ့လျားနေပါမည်၊ ဤသည်မှာ ယခင်နှစ်များနှင့် နှိုင်းယှဥ်ပါက မတည်ငြိမ်မှုနည်းပါးကြောင်း ညွှန်ပြနေပါသည်။
နှစ် | ပျမ်းမျှ, $ | အနည်းဆုံး , $ | အများဆုံး , $ |
၂၀၂၆ | 1.258 | 1.277 | 1.295 |
CoinCodex
၂၀၂၆ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $1.310655–$1.481893 (22.03.2025အရ) ။
CoinCodex သည် ဗြိတိသျှပေါင်ငွေမှာ ၂၀၂၆ ခုနှစ်အတွင်း ပုံမှန်အတိုင်း မြင့်တက်လာမည်ဟု ယူဆထားပါသည်။ GBPUSD စျေးနှုန်းသည် 1.48 သို့ ရောက်ရှိနိုင်ပါသည်။
နှစ် | ပျမ်းမျှ, $ | အနည်းဆုံး , $ | အများဆုံး , $ |
၂၀၂၆ | 1.310655 | 1.400248 | 1.481893 |
၂၀၂၇ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ GBPUSD စျေးနှုန်းမှန်းဆချက်များ
၂၀၂၇ ခုနှစ်အတွင်း စိစစ်လေ့လာသူများအနေဖြင့် GBPUSD အတွဲသည် ကွဲပြားမှုမရှိဘဲ ရောထွေးနေသော ကုန်သွယ်ရေးဖြစ်စဥ်ကို သရုပ်ပြရန် မျှော်လင့်ထားပါသည်။ ပညာရှင်အချို့သည် ဗြိတိန်ပေါင်ငွေနှင့် စပ်လျဥ်း၍ ကောင်းမွန်သော ထင်မြင်ယူဆချက်ရှိသော်လည်း အခြားသူများမှာ ယူကေ၏ ငွေကြေးကျဆင်းမှုကို ကြိုတင်တွက်ဆထားကြပါသည်။
LongForecast
၂၀၂၇ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $1.275–$1.439 (22.03.2025အရ) ။
LongForecast သည် ၂၀၂၇ ခုနှစ်အတောအတွင်း ဗြိတိန်ပေါင်ငွေ၏ သိသာထင်ရှားစွာ ကြံ့ခိုင်လာမှုကို မှန်းဆပါသည်။ အများဆုံးစျေးနှုန်းကို $1.439 ဖြင့် စက်တင်ဘာလတွင် မျှော်လင့်ထားပါသည်။
နှစ် | ပျမ်းမျှ, $ | အနည်းဆုံး , $ | အများဆုံး , $ |
၂၀၂၇ | 1.237 | 1.332 | 1.439 |
WalletInvestor
၂၀၂၇ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $1.237–$1.274 (22.03.2025အရ) ။
WalletInvestor သည် GBPUSD အတွဲမှာ ၂၀၂၇ ခုနှစ်အတွင်း $1.237 အထိသို့ ဖြည်းညင်းစွာ စျေးကျဆင်းလာမည်ဟု ခန့်မှန်းပါသည်။ တချိန်တည်းတွင် မတည်ငြိမ်မှု ဆက်လက်နည်းပါးလာမည်ဟု မျှော်မှန်းပါသည်။
နှစ် | ပျမ်းမျှ, $ | အနည်းဆုံး , $ | အများဆုံး , $ |
၂၀၂၇ | 1.237 | 1.259 | 1.274 |
CoinCodex
၂၀၂၇ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $1.131185–$1.384192 (22.03.2025အရ) ။
Coincodex အရ အဆိုပါငွေကြေးအတွဲသည် ထိုနှစ်အစပိုင်း၌ တိုးတက်လာပါမည်။ သို့သော် ဒုတိယမြောက်နှစ်ဝက်တွင် တိုးမြင့်မှုနောက်ပိုင်း ကျဆင်းမှု လိုက်ပါလာမည် ဖြစ်ပါသည်။
နှစ် | ပျမ်းမျှ, $ | အနည်းဆုံး , $ | အများဆုံး , $ |
၂၀၂၇ | 1.131185 | 1.271313 | 1.384192 |
၂၀၂၈ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ GBPUSD စျေးနှုန်း မှန်းဆချက်များ
၂၀၂၈ ခုနှစ်အတွင်း GBPUSD အတွဲသည် မြင့်တက်လျက်ရှိသော မတည်ငြိမ်မှုအခိုက်အတန့်ကို ကြုံကြိုက်နိုင်ပါသည်။ စိစစ်သုံးသပ်ရေးပလက်ဖောင်းများသည် ကွဲပြားခြားနားသော ခန့်မှန်းချက်မျိုးစုံကို ဖော်ပြနေပါသည်။ အချို့မှာ အားကောင်းသော တိုးပွားမှုကို မျှော်မှန်းတွက်ဆကြသော်လည်း အခြားသူများသည် ရေရှည်တည်တံ့မည့် အကျလမ်းကြောင်းကို မျှော်လင့်ထားကြပါသည်။
LongForecast
၂၀၂၈ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $1.182–$1.334 (22.03.2025အရ) ။
LongForecast သည် ၂၀၂၈ ခုနှစ်အတွင်း ဗြိတိန်ပေါင်ငွေတန်ဖိုး ဆုတ်ယုတ်အားနည်းလာမည်ဟု ထင်မြင်ယူဆကြပါသည်။ ဒီဇင်ဘာလ၌ $1.200 စျေးတန်းအထိသို့ စျေးထိုးကျပါမည်။
နှစ် | ပျမ်းမျှ, $ | အနည်းဆုံး , $ | အများဆုံး , $ |
၂၀၂၈ | 1.182 | 1.248 | 1.334 |
WalletInvestor
၂၀၂၈ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $1.216–$1.253 (22.03.2025အရ) ။
WalletInvestor သည် အဆိုပါငွေကြေးအတွဲမှာ ၂၀၂၈ ခုနှစ်အတွင်း ကျဥ်းမြောင်းသော အပိုင်းအခြားထဲတွင် အရောင်းအဝယ်ဖြစ်မည်ဟု အကြံပြုထားပါသည်။ ထိုခန့်မှန်းချက်သည် မယုတ်မလွန်သဘောထားကို ဖော်ပြနေပြီး ယေဘုယျလားရာမှာ လစဥ်စျေးအတက်အကျ အနည်းအပါးဖြင့် စျေးလမ်းကြောင်း ပြန့်ပြူးလုနီးပါး ရှိပါမည်။
နှစ် | ပျမ်းမျှ, $ | အနည်းဆုံး , $ | အများဆုံး , $ |
၂၀၂၈ | 1.216 | 1.238 | 1.253 |
CoinCodex
၂၀၂၈ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $1.121301–$1.265979 (22.03.2025အရ) ။
CoinCodex မှ စိစစ်လေ့လာသူများသည် ပေါင်ငွေမှာ ၂၀၂၈ ခုနှစ်အတွင်း ပြန်လည်ကောင်းမွန်လာမည်ဟု ယုံကြည်ကြပါသည်။ ပြေပြစ်သော အတက်လမ်းကြောင်းကို မျှော်လင့်ထားပါသည်။ စျေးနှုန်း 1.265979 အထိသို့ မြင့်တက်နိုင်ပါသည်။
နှစ် | ပျမ်းမျှ, $ | အနည်းဆုံး , $ | အများဆုံး , $ |
၂၀၂၈ | 1.121301 | 1.208711 | 1.265979 |
၂၀၂၉ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ GBPUSD စျေးနှုန်းမှန်းဆချက်များ
၂၀၂၉ ခုနှစ်အတွက် ကြိုတင်ခန့်မှန်းချက်များတွင် ကွဲပြားခြားနားသော မျှော်မှန်းအလားအလာများကို ထင်ဟပ်မြင်တွေ့ရပါသည်။ မှန်းဆချက်အချို့တွင် GBPUSD အတွဲကို စျေးယာယီကျဆင်းမည်ဟု ယူဆထားကြပြီး အခြားသူများသည် အဆိုပါငွေကြေးအတွဲကို ပြန်လည်ဦးမော့လာရန် မျှော်မှန်းပါသည်။ အောက်ပါ LongForecast ၊ WalletInvestor နှင့် CoinCodex တို့၏ ခန့်မှန်းတွက်ချက်မှုများကို ဆန်းစစ်လေ့လာကြည့်ကြပါစို့။
LongForecast
၂၀၂၉ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $1.150–$1.222 (22.03.2025အရ) ။
LongForecast သည် ၂၀၂၉ ခုနှစ်အတွင်း GBPUSD အတွဲအတွက် အကျလမ်းကြောင်းတစ်ခုကို ခန့်မှန်းပါသည်။ အဆိုပါငွေကြေးအတွဲသည် ဧပြီလတွင် $1.200 မှ $1.191 သို့ထိုးကျနိုင်ချေ ရှိပါသည်။ အမေရိကန်ဒေါ်လာကို ဗြိတိန်ပေါင်ငွေနှင့် နှိုင်းဆပါက အားကောင်းခိုင်မာလာရန် မျှော်လင့်ပါသည်။
နှစ် | ပျမ်းမျှ, $ | အနည်းဆုံး , $ | အများဆုံး , $ |
၂၀၂၉ | 1.150 | 1.194 | 1.222 |
Walletinvestor
၂၀၂၉ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $1.195–$1.232 (22.03.2025အရ) ။
WalletInvestor သည် GBPUSD အတွဲကို ကျဥ်းမြောင်းသော ဘေးတိုက်အပိုင်းအခြားထဲတွင် အရောင်းအဝယ်ဖြစ်မည်ဟု မျှော်လင့်ထားပါသည်။ သိသာထင်ရှားမှုမရှိသော လစဥ်အတက်အကျများသည် မတည်ငြိမ်မှုနည်းလာခြင်း နှင့် ၂၀၂၉ ခုနှစ်အတွင်း ပေါ်လွင်သည့်လမ်းကြောင်း မရှိခြင်းကို ဖော်ညွှန်းပါသည်။
နှစ် | ပျမ်းမျှ, $ | အနည်းဆုံး , $ | အများဆုံး , $ |
၂၀၂၉ | 1.195 | 1.218 | 1.232 |
CoinCodex
၂၀၂၉ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $1.180721–$1.336942 (22.03.2025အရ) ။
CoinCodex သည် ဗြိတိန်ပေါင်ငွေမှာ ၂၀၂၉ ခုနှစ်၏ ဒုတိယမြောက်ခြောက်လပတ်အတွင်း ပြန်လည်ကောင်းမွန်မည်ဟု ဖော်ပြပါသည်။ GBPUSD အတွဲသည် 1.336942 အထိသို့ ရောက်ရှိနိုင်ပါသည်။
နှစ် | ပျမ်းမျှ, $ | အနည်းဆုံး , $ | အများဆုံး , $ |
၂၀၂၉ | 1.165061 | 1.250184 | 1.336942 |
၂၀၃၀ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ GBPUSD စျေးနှုန်းမှန်းဆချက်များ
၂၀၃၀ ခုနှစ်အတွက် ကြိုတင်ခန့်မှန်းချက်များသည်လည်း အမျိုးမျိုးကွဲပြားနေပါသည်။ ကျွမ်းကျင်ပညာရှင်အချို့သည် စျေးကျဆင်းမှုကို မျှော်မှန်းထားပြီး အခြားသူများသည် အတန်အသင့် စျေးမြင့်တက်မှုကို မျှော်လင့်ပါသည်။
CoinCodex
၂၀၃၀ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $1.118498–$1.255147 (22.03.2025အရ) ။
Coincodex အရ GBPUSD စျေးနှုန်းသည် ၂၀၃၀ ခုနှစ်အတွင်း ပုံမှန်တဖြည်းဖြည်း တိုးပွားမှုကို ပြသနိုင်ပါသည်။ ထိုနှစ်အတွင်း ပျမ်းမျှစျေးနှုန်းမှာ $1.182 ကိုကျော်သွားနိုင်ပြီး ကောင်းမွန်သော အခြေအနေများတွင် အမြင့်ဆုံးတန်ဖိုး $1.255 အထိသို့ ရောက်ရှိနိုင်ပါသည်။
နှစ် | ပျမ်းမျှ, $ | အနည်းဆုံး , $ | အများဆုံး , $ |
၂၀၃၀ | 1.118498 | 1.182936 | 1.255147 |
TradersUnion
၂၀၃၀ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား: $1.1492–$1.1610 (22.03.2025အရ) ။
TradersUnion မှစိစစ်လေ့လာသူများသည် ၂၀၃၀ ခုနှစ်အတွင်း GBPUSD စျေးနှုန်းကျဆင်းမှုကို မျှော်လင့်ပါသည်။ ဒီဇင်ဘာလ၌ ပေါင်ငွေတန်ဖိုး အားနည်းလာနိုင်ချေရှိပြီး အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဥ်ပါက $1.1492 အထိသို့ ကျဆင်းနိုင်ပါသည်။
နှစ် | နှစ်လယ်, $ | နှစ်ကုန် , $ |
၂၀၃၀ | 1.1610 | 1.1492 |
၂၀၅၀ ခုနှစ်အထိ စိစစ်လေ့လာသူများ၏ GBPUSD စျေးနှုန်းမှန်းဆချက်များ
နောင်လာမည့် ဆယ်စုနှစ်သုံးခုစာအတွက် GBPUSD လဲလှယ်နှုန်းအလားအလာကို သိသာပေါ်လွင်သော မတည်ငြိမ်မှုပမာဏအရ ပုံဖော်သတ်မှတ်ပါမည်။ ပြုပြင်ပြောင်းလဲမှုများ၊ အကြပ်အတည်းများနှင့် ငွေကြေးဆိုင်ရာမူဝါဒ အပြောင်းအလဲများ အပါအဝင် အဓိကစီးပွားရေးနှင့် ပထဝီနိုင်ငံရေးအလှည့်အပြောင်းများသည် နောင်လာမည့် နှစ်ပေါင်းများစွာအတွက် ဦးတည်ချက်လမ်းကြောင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။
ဒစ်ဂျစ်တယ်ငွေကြေးများကို လက်ခံကျင့်သုံးခြင်း၊ လူဦးရေအပြောင်းအလဲများနှင့် နည်းပညာဆိုင်ရာ ထိုးဖောက်အောင်မြင်မှုများသည်လည်း စျေးကွက်အပေါ် လွန်စွာထိရောက်နိုင်ချေ ရှိပါသည်။ ဤသို့မသေချာမရေရာမှုများအရ ရေရှည်ကာလခန့်မှန်းချက်များသည် ကိုးကားရုံမျှသာဖြစ်ပြီး ၎င်းကို ဆုံးဖြတ်ချက်ချရာတွင် အခြေခံအုတ်မြစ်အဖြစ် အသုံးမပြုသင့်ပါ။
လက်ရှိစျေးကွက်လမ်းကြောင်းများ၊ အတိုးနှုန်းများ ၊ ငွေကြေးဖောင်းပွမှုနှင့် အထွေထွေစီးပွားရေး အခင်းအကျင်းတို့ကို ထည့်သွင်းစဥ်းစားသော ရေတိုနှင့် အလယ်အလတ်ကာလ ခန့်မှန်းချက်များသည် ရင်းနှီးမြှုပ်နှံရေးဆုံးဖြတ်ချက်များအတွက် ပိုမိုယုံကြည်စိတ်ချရသော ကိရိယာများ ဖြစ်ပါသည်။
ဆိုရှယ်မီဒီယာပေါ်ရှိ GBPUSD အတွက် စျေးကွက်အနေအထား
ဆိုရှယ်မီဒီယာသဘောထားသည် လူမှု့မီဒီယာပလက်ဖောင်းများပေါ်ရှိ ပိုင်ဆိုင်မှုတစ်ခုအတွက် ထင်မြင်ယူဆချက်များကို ထင်ဟပ်မြင်သာစေပြီး ရင်းနှီးမြှုပ်နှံသူများ၏ ဆုံးဖြတ်ချက်များကို လွှမ်းမိုးစေနိုင်ပါသည်။ ဥပမာအားဖြင့် ယူကေ၏ GDP တိုးပွားလာမှု သတင်များသည် စျေးကွက်အနေအထားကို မြှင့်တင်ပေးပြီး GBP အတွက် ဝယ်လိုအားကို တိုးလာစေပါသည်။ အခြားတဖက်တွင်လည်း အပျက်သဘောဆောင် သဘောထားသည် ပြန်လည်ရောင်းချမှုများကို လှုံ့ဆော်ပေးလေ့ရှိပါသည်။ သတင်းများ၊ ဆိုရှယ်မီဒီယာနှင့် ကျွမ်းကျင်သူများ၏ သုံးသပ်ချက်များအပေါ် စိစစ်ခွဲဖြာခြင်းသည် ရင်းနှီးမြှုပ်နှံသူများအား လက်ရှိသဘောထား - စျေးမြင့်တက်မှု၊ စျေးကျဆင်းမှု (သို့) ကြားနေအခြေအနေ ဟုတ်/မဟုတ် ကိုအကဲဖြတ်နိုင်စေပြီး လိုအပ်ပါက ၎င်းတို့၏ဗျူဟာများကို ချိန်ညှိုနိုင်ပါသည်။
X ပလက်ဖောင်းပေါ်ရှိ ပို့စ်အချို့ကို ကြည့်ရှုကြပါစို့။
@goddessngozi သည် GBPUSD အတွဲကို ရည်မှန်းပစ်မှတ် 1.30139 ဖြင့် စျေးတန်း 1.28845 မှ ဆက်လက်မြင့်တက်လာမည်ဟု မျှော်လင့်ထားပါသည်။ အဆိုပါဇယားသည် အတက်ဘက်သို့ပြောင်းလဲမှုမှာ အလားအလာရှိနေကြောင်း ပြသပါသည်။
သုံးစွဲသူ @trader_minato သည်လည်း GBPUSD အတွဲကို မြင့်တက်လာရန် မျှော်လင့်ပါသည်။ အဆိုပါအသုံးပြုသူသည် ထိုငွေကြေးအတွဲမှာ ခိုင်မာသော အတက်လမ်းကြောင်းတစ်ခုအတွင်း အရောင်းအဝယ် ဖြစ်နေကြောင်း မှတ်ချက်ပြုထားပြီး ပိုမိုနိမ့်သော အချိန်ကာလများတွင် အဝယ်ကုန်သွယ်မှုများကို ဖွင့်လှစ်ရန် အကြံပြုထားပါသည်။ အဆိုပါပို့စ်ပိုင်ရှင်သည် သင့်တင့်မျှတသော တန်ဖိုးကွာဟချက်(FVG) – ကုန်သွယ်မှုနေရာများ ဖွင့်လှစ်နိုင်မည့် လက်ရှိစျေးနှုန်းအောက်အနီး ဧရိယာတစ်ခုကို ညွှန်ပြပါသည်
ကုန်သည် @_guypiccolo သည် GBP/USD နှုန်းကို ကျဆင်းရန် ခန့်မှန်းပြီး စျေးနှုန်းမှာ HTF ဝယ်လိုအားဇုန်သို့ ရောက်ရှိခဲ့ပြီး ကျဆင်းရန် အသင့်ဖြစ်နေကြောင်း ဖော်ပြပါသည်။ အဆိုပါ chart တွင် ရောင်းလိုအားစျေးတန်းမှ ပြန်တက်လာပြီးနောက် မျှော်မှန်းထားသော အကျဘက်သို့ ရွေ့လျားမှုကို ပြသထားပါသည်။
ကုန်သည်များတွင် GBPUSD အတွဲ၏ အနာဂတ်ဦးတည်ချက်နှင့် စပ်လျဥ်း၍ မတူညီသော ထင်မြင်ချက်များ ရှိနေကြပါသည်။ အချို့သူများသည် မြင့်တက်မည့်အနေအထားကို ယူဆ၍ ထိုငွေကြေးအတွဲကို ပင်မစျေးတန်းများမှ ဆက်လက်တိုးမြင့်မည်ဟု မျှော်လင့်ပါသည်၊ သို့သော် အခြားသူများသည် အဆိုပါငွေကြေးအတွဲကို ကျဆင်းရန် မျှော်မှန်းပါသည်။ ထိုသို့ကြောင့် GBPUSD စျေးကွက်မှာ မသေချာမရေရာမှုများကို ရင်ဆိုင်ရနိုင်ချေရှိပြီး နည်းပညာပိုင်းဆိုင်ရာ စျေတန်းများအရ များစွာထိခိုက်ပြောင်းလဲလွယ်ပါသည်။
GBPUSD ၏ စျေးနှုန်းသမိုင်းမှတ်တမ်း
GBPUSD အတွဲသည် ၀၄.၁၁.၁၉၈၀ တွင် ၎င်း၏ စံချိန်တင်အမြင့်ဆုံးတန်ဖိုး $2.4546 သို့ရောက်ရှိခဲ့ပါသည်။
GBPUSD အတွဲ၏ အနိမ့်ဆုံးစျေးနှုန်းကို ၂၆.၀၂.၁၉၈၅ တွင် မှတ်တမ်းတင်ခဲ့ပြီး $1.052 သို့ ရောက်ရှိခဲ့ပါသည်။
အောက်တွင် လွန်ခဲ့သော ဆယ်နှစ်အတွင်း GBPUSD အတွဲ၏ စွမ်းဆောင်ရည်ကို ပြသထားသည့် chart တစ်ခု ဖြစ်ပါသည်။ ဤဆက်နွယ်မှုတွင် ခန့်မှန်းချက်များ တတ်နိုင်သမျှ တိကျစေရေးအတွက် သမိုင်းတလျှောက် အချက်အလက်များကို အကဲဖြတ်ရန် အရေးကြီးပါသည်။
GBP/USD အတွဲသည် စီးပွားရေးနှင့် နိုင်ငံရေးဖြစ်စဥ်အမျိုးမျိုးကြောင့် လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုစာအတွင်း သိသိသာသာ ပြောင်းလဲမှုများကို တွေ့ကြုံခဲ့ရပါသည်။
၂၀၀၇ နှင့် ၂၀၀၉ ခုနှစ်အကြားတွင် အဆိုပါငွေကြေးအတွဲသည် မှတ်သားဖွယ် မတည်ငြိမ်မှုကို ကြုံကြိုက်ခဲ့ရပါသည်။ ကမ္ဘာ့ဘဏ္ဍာရေးအကြပ်အတည်းများအတွင်း ဗြိတိန်ပေါင်ငွေသည် 2.00 မှ 1.40 သို့ ထိုးကျခဲ့ပြီး ထိုသည်မှာ ယူကေ၏စီးပွားရေးအပေါ် ရင်းနှီးမြှပ်နှံသူများ၏ ယုံကြည်မှု ကျဆင်းနေကြောင်း ထင်ဟပ်မြင်သာစေခဲ့ပါသည်။
၂၀၁၆ ခုနှစ်အတွင်း GBPUSD နှုန်းသည် စျေးကွက်ပြင်ပသက်ရောက်မှုများကြောင့် စျေးအတက်အကျဖြစ်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ် ဇွန်လအတွင်း အီးယူ(Brexit) မှ ယူကေ၏ နှုတ်ထွက်မှုအပေါ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲသည် GBPUSD စျေးနှုန်းများ 1.50 မှ 1.32 သို့ သိသိသာသာ ကျဆင်းမှုကို ဖြစ်ပေါ်စေခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် 1.20 သို့ထိုးကျသွားခဲ့ပါသည်။
၂၀၂၀ ခုနှစ်အတွင်း GBPUSD အတွဲသည် ကမ္ဘာ့ကပ်ရောဂါဘေးကြောင့် စျေးအတက်အကျဖြစ်ခဲ့ပါသည်။ အဆိုပါငွေကြေးအတွဲတွင် ထင်ရှားပေါ်လွင်သော မတည်ငြိမ်မှုကို တွေ့ရှိခဲ့ရပြီး မတ်လတွင် ပေါင်ငွေတန်ဖိုး 1.15 သို့ ထိုးကျခဲ့သော်လည်း လှုံ့ဆော်မှုအစီအမံများကြောင့် ထိုနှစ်ကုန်၌ 1.35 အထိသို့ ပြန်လည်ဦးမော့လာခဲ့ပါသည်။
၂၀၂၂ စက်တင်ဘာလတွင် GBPUSD စျေးနှုန်းများသည် 1.07 သို့နိမ့်ဆင်းခဲ့ပြီး ယူကေတွင် အကြီးစားအခွန်ဖြေလျော့မှု ကြေငြာခြင်းအပေါ် စျေးကွက်၏ တုံ့ပြန်မှုကို ထင်ဟပ်မြင်သာစေပါသည်။
၂၀၂၄ ခုနှစ်အတွင်း ငွေကြေးဖောင်းပွမှု ကျဆင်းနေချိန်အတွင်း အင်္ဂလန်ဘဏ်၏ အတိုးနှုန်းမပြောင်းလဲဘဲ ထားရှိရန် ဆုံးဖြတ်ချက်ကြောင့် ပေါင်ငွေသည် အားကောင်းခိုင်မာလာခဲ့ပြီး စက်တင်ဘာလတွင် 1.33 သို့ရောက်ရှိခဲ့ပါသည်။
ဤစျေးအတက်အကျများသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုများအပေါ် GBPUSD နှုန်ထား၏ ထိခိုက်ပြောင်းလဲလွယ်မှု၊ ပြည်တွင်းမူဝါဒများနှင့် စျေးကွက်သဘောထားတို့ကို ပေါ်လွင်စေပါသည်။
GBPUSD စျေးနှုန်းအပေါ် အခြေခံတကျစိစစ်ခွဲဖြာမှု.
GBPUSD အတွဲသည် ယူကေနှင့် ယူအက်စ် တို့၏ စီးပွားရေးအပြောင်းအလဲများတွင် ထိခိုက်ပြောင်းလဲလွယ်ပါသည်။ ဤအချက်များအား စိစစ်ခွဲဖြာခြင်းသည် ရေရှည်လမ်းကြောင်းများကို ဆုံးဖြတ်နိုင်စေပြီး လဲလှယ်နှုန်းတွင် ဖြစ်နိုင်ဖွယ်အတက်အကျများကို ကြိုတင်မှန်းဆရန် ပံ့ပိုးပေးပါသည်။
မည်သည့်အချက်များသည် GBPUSD အတွဲကို သက်ရောက်မှုဖြစ်စေပါသနည်း။
GBP/USD နှုန်းကို အောက်ပါအခြေခံကျသော အချက်များမှ လွှမ်းမိုးသက်ရောက်လျက်ရှိပါသည်။
- အင်္ဂလန်ဘဏ်နှင့် ယူအက်စ်ဗဟိုဘဏ်တို့အကြား အတိုးနှုန်းကွာခြားချက်။
- ငွေကြေးဖောင်းပွမှုနှင့် အလုပ်လက်မဲ့ဦးရေနှုန်းထား။
- စီးပွားရေးတိုးတက်မှုနှုန်း (GDP) ။
- နိုင်ငံရေးတည်ငြိမ်မှုနှင့် တရားဝင်ထုတ်ပြန်ကြေငြာချက်များ။
- ပို့ကုန်/ သွင်းကုန်ပမာဏများနှင့် ကုန်သွယ်ရေးဟန်ချက်ညီမျှမှု။
- လုပ်သားစျေးကွက်နှင့် စားသုံးသူသုံးစွဲမှုပမာဏ။
- ပထဝီနိုင်ငံရေးဆိုင်ရာ စွန့်စားမှုများနှင့် ကမ္ဘာလုံးဆိုင်ရာ အကြပ်အတည်းများ။
- ရင်းနှီးမြှုပ်နှံသူတို့၏ မျှော်မှန်းချက်များနှင့် ငွေကြေးစျေးကွက် အနေအထား။
GBPUSD ၏နောက်ထပ်အချက်အလက်များ
စတာလင်ပေါင် (GBP) သည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးငွေကြေးများအနက် တစ်ခုဖြစ်ပါသည်။ ၎င်းသည် ငွေသတ္တုအလေးချိန်တစ်ပေါင်နှင့် ညီမျှသော ငွေကြေးယူနစ်တစ်ခုအဖြစ် Anglo-Saxon England တွင် ၈ ရာစု၌ ထွက်ပေါ်ခဲ့ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ အဆိုပါငွေကြေးသည် ဗြိတိသျှအင်ပါယာတွင် ကုန်သွယ်ရေးနှင့် ငွေကြေး၏ ကျောထောက်နောက်ခံ ဖြစ်လာခဲ့ပါသည်၊ ယနေ့ခေတ်တွင် ၎င်းသည် အချက်အချာကျသော အရံသိမ်းဆည်းရေးငွေကြေးများထဲမှ တစ်ခုဖြစ်ပြီး နိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။
GBP/USD အတွဲသည် ငွေဖြစ်လွယ်မှုအမြင့်မားဆုံးနှင့် Forex ပေါ်တွင် စဥ်ဆက်မပြတ် ရောင်းဝယ်နေကြသော ငွေကြေးအတွဲများအနက်တစ်ခု ဖြစ်ပြီး ထိုသည်မှာ ယူအက်စ်နှင့် ယူကေရှိ စီးပွားရေးများ၏ နှိုင်းရအင်အားကို ထင်ဟပ်မြင်သာစေပါသည်။ စျေးကစားရန် ၊ ရန်ပုံငွေကာကွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းစဥ် ခွဲဖြာဆောင်ရွက်မှုအတွက် ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများမှ များစွာအသုံးပြုခြင်း ၊ ၎င်း၏ ငွေဖြစ်လွယ်မှုမြင့်မားခြင်း အပါအဝင် ဝယ်/ရောင်းစျေးကွာဟချက်နည်းခြင်းတို့သည် ကမ္ဘာ့ငွေကြေးစျေးကွက်တွင် ၎င်း၏အရေးပါမှုကို အလေးပေးဖော်ပြပါသည်။
GBPUSD တွင် ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ
GBP/USD အတွဲသည် ၎င်း၏ ငွေဖြစ်လွယ်မှုမြင့်မားခြင်းကြောင့် Forex ပေါ်တွင် လွန်စွာ လူကြိုက်များရေပန်းစားပါသည်။ သို့သော် အခြားကုန်သွယ်ရေးပိုင်ဆိုင်မှုများနည်းတူ ကုန်သွယ်ရေးဆုံးဖြတ်ချက်များ ဆောင်ရွက်ရာတွင် ထည့်သွင်းစဥ်းစားရန် အရေးကြီးသော အားသာချက်နှင့် အားနည်းချက်များ ရှိပါသည်။
အားသာချက်များ
- Forex ပေါ်တွင် ငွေဖြစ်လွယ်မှုမြင့်မားခြင်း နှင့် စျေးကွာဟချက်နည်းခြင်း။
- ကမ္ဘာတဝှမ်းရှိ ကုန်သည်များအတွက် ကျယ်ပြန့်နှံစပ်စွာ ဝယ်ယူအသုံးပြုနိုင်ခြင်း။
- ရှည်လျားသော သမိုင်းကြောင်းနှင့် စျေးနှုန်းရွေ့လျားမှုများကို ကြိုတင်ခန့်မှန်းနိုင်ခြင်း။
- အထွေထွေစီးပွားရေးဆိုင်ရာ အချက်များနှင့် သတင်းများအပေါ် ချက်ချင်းတုံ့ပြန်ခြင်း။
- ရေတိုနှင့် ရေရှည်ကုန်သွယ်ရေး နှစ်မျိုးလုံးအတွက် သင့်တော်ြခင်း။
- အကြီးစားဘဏ်များနှင့် အဖွဲ့လိုက်ရင်းနှီးမြှုပ်နှံသူများမှ ကျောထောက်နောက်ခံပြုထားခြင်း။
- Arbitrage နည်းဗျူဟာများနှင့် ရန်ပုံငွေကာကွယ်ရေးတို့တွင် မကြာခဏ အသုံးပြုလေ့ရှိခြင်း။
- စိစစ်ခွဲဖြာရေးနှင့် နည်းပညာဆိုင်ရာ အထောက်အကူများ အမျိုးအစားစုံလင်ခြင်း။
အားနည်းချက်များ
- ယူကေ နှင့် ယူအက်စ်တို့တွင် ဖြစ်ပေါ်သော နိုင်ငံရေးဆိုင်ရာ ဖြစ်ရပ်များအပေါ် ထိခိုက်ပြောင်းလဲလွယ်ခြင်း။
- စီးပွားရေးဆိုင်ရာ စာရင်းဇယားများ ထုတ်ပြန်ချိန်တွင် မြင့်မားသော မတည်ငြိမ်မှုကို ကြုံတွေ့နိုင်ပါသည်။
- ပိုမိုတိကျသော ခန့်မှန်းချက်များအတွက် အသေးစိတ်အခြေခံတကျ စိစစ်သုံးသပ်မှုကို လိုအပ်နိုင်ပါသည်။
- အင်္ဂလန်ဗဟိုဘဏ် (သို့) Fed မှ တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်များအရ သက်ရောက်မှုဖြစ်စေခြင်း။
- စျေးကွက်သေချာမှုရေရာမှု မရှိစဥ်အတွင်း စျေးနှုန်းကွာဟချက်နှင့် စျေးအတက်အကျ လွန်စွာပြင်းထန်ခြင်း။
- ကမ္ဘာလုံးဆိုင်ရာ စွန့်စားမှုနှင့် အန္တရာယ် လက်ခံနိုင်မှုအတိုင်းအတာအပေါ် မှီခိုရခြင်း။
- ရေတိုကုန်သွယ်မှုတွင် လက်ရှိလုပ်ကိုင်နေသော ကုန်သွယ်မှုနေရာကို စဥ်ဆက်မပြတ် စောင့်ကြည့်ထိန်းသိမ်းရန် လိုအပ်ပါသည်။
- မြင့်မားသောချေးငွေအချိုးဖြင့် ကုန်သွယ်ရာတွင် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။
GBPUSD ငွေကြေးအတွဲသည် နိုင်ငံခြားငွေလဲလှယ်ရေး စျေးကွက်တွင် ထင်ပေါ်ကျော်ကြားသော ပိုင်ဆိုင်မှုတစ်ခု ဖြစ်ပြီး ငွေဖြစ်လွယ်မှုမြင့်မားခြင်း၊ အလွယ်တကူဝယ်ယူသုံးစွဲနိုင်မှု နှင့် စိစစ်ခွဲဖြာမှုများ ကိုကျယ်ကျယ်ပြန့်ပြန့် ရှာဖွေ့တွေ့ရှိနိုင်မှု စသည့် သွင်ပြင်လက္ခဏာရပ်များရှိပါသည်။ သို့သော် မတည်ငြိမ်မှုမြင့်မားခြင်း၊ ပထဝီနိုင်ငံရေး အလှည့်အပြောင်းများနှင့် မျှော်မှန်းမရသော အထွေထွေစီးပွားရေးဖြစ်စဥ်များ၏ ရိုတ်ခတ်မှု အပါအဝင် ရှိရင်းစွဲစွန့်စားမှုများကို သိရှိနားလည်ထားရန် အရေးကြီးပါသည်။ ဟန်ချက်ညီသော နည်းဗျူဟာတစ်ခုဖြင့် ချဥ်းကပ်ပါက GBPUSD အတွဲသည် ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းစဥ် ခွဲဖြာရေးတွင် ယုံကြည်စိတ်ချရသော အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ပါသည်။
ကြိုတင်ခန့်မှန်းချက်များကို မည်သို့လုပ်ဆောင်ပုံ
ကြိုတင်ခန့်မှန်းချက်များကို နည်းပညာပိုင်းဆိုင်ရာ နှင့် အခြေခံကျသော စိစစ်သုံးသပ်မှု တို့၏ ပေါင်းစပ်မှု အပေါ်တွင် အခြေခံထားပါသည်။
ရက်ပေါင်းများစွာမှ တစ်ပတ်အထိ အချိန်ကာလအတွက် ခန့်မှန်းချက်များတွင် နည်းပညာပိုင်းဆိုင်ရာ စိစစ်သုံးသပ်မှုကို အသုံးပြုခြင်းသည် ပို၍ထိရောက်ပါသည်။ စျေးနှုန်း pattern များ၊ ဝယ်လိုအားနှင့် ရောင်းလိုအားစျေးတန်းများ၊ MACD၊ RSI နှင့် ပျမ်းမျှရွေ့လျားမှု အညွှန်းကိန်းများကို အသုံးပြုပါသည်။ ထို့ပြင် မတူညီသော အချိန်ကာလများပေါ်ရှိ စျေးနှုန်းအပြုအမူတို့ကို အကဲဖြတ်ပါသည်။
၁ လ မှ ၃ လ အတွက် ကြိုတင်ခန့်မှန်းချက်များသည် အထွေထွေစီးပွားရေးဆိုင်ရာ အညွှန်းများ၊ အတိုးနှုန်းများ၊ ငွေကြေးဖောင်းပွမှု နှင့် ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်များ စသည်တို့အပေါ်တွင် မူတည်ပါသည်။
၆ လ မှ ၂၄ လ ကျော် ရေရှည်ကာလ ကြိုတင်ခန့်မှန်းချက်များတွင် စီးပွားရေးလည်ပတ်မှုစက်ဝန်းများ၊ ပထဝီနိုင်ငံရေးရာ အကြောင်းတရားများ နှင့် ကမ္ဘာ့စျေးကွက်လမ်းကြောင်းများကို ထည့်သွင်းရပါသည်။ ရာသီအလိုက် pattern များ၊ သမိုင်းတလျှောက်စျေးတန်းများ နှင့် နာမည်ကြီးသော ရင်းနှီးမြှုပ်နှံရေးရန်ပုံငွေအဖွဲ့များ၏ ထင်မြင်ယူဆချက်များသည် ဤခန့်မှန်းချက်များကို ဆောင်ရွက်ရာတွင် အရေးပါသည်။ ထိုသို့ကျယ်ပြန့်နှံ့စပ်သော ချဥ်းကပ်မှုတစ်ခုဖြင့် ကျွန်ုပ်တို့သည် လက်ရှိစျေးနှုန်းရွေ့လျားမှု နှင့် စိစစ်သုံးသပ်ထားသည့် ထိုငွေကြေးအတွဲ၏ အနာဂတ်လားရာကို အကဲဖြတ်နိုင်စေပါသည်။
နိဂုံးချုပ်: GBPUSD သည်ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါသလား။
GBPUSD သည် Forex စျေးကွက်တွင် အဓိကကျသော ငွေကြေးအတွဲတစ်ခု ဖြစ်ပြီး ၎င်းသည် ယူကေနှင့် ယူအက်စ်တို့တွင် စီးပွားရေးပြောင်းလဲမှုများအရ သိသိသာသာ သက်ရောက်တုံ့ပြန်လွယ်မှုကို ပြသပါသည်၊ ဤသည်မှာ ကုန်သွယ်ရေးတွင် စျေးကစားရန်အတွက် စွဲမက်ဖွယ်ဖြစ်လာစေသော အကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။
၎င်း၏ စွဲမက်ဖွယ်ကောင်းမှုသည် တည်ငြိမ်မှု၊ စျေးအတက်အကျပြင်းထန်မှု အပါအဝင် စိစစ်သုံးသပ်ရေးကိရိယာမျိုးစုံနှင့် ထိတွေ့အသုံးပြုနိုင်မှုတို့ကြောင့် ဖြစ်ပါသည်။ သို့သော် အဆိုပါငွေကြေးအတွဲကို ပထဝီနိုင်ငံရေးအကြောင်းတရားများမှ သက်ရောက်မှုရှိသောကြောင့် ပုံမှန်စောင့်ကြည့်လေ့လာမှုများ လိုအပ်ပါသည်။ သင့်တော်သော စွန့်စားမှုစီမံခန့်ခွဲရေး ရှိပါက GBPUSD အတွဲသည် ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းစဥ် ခွဲဖြာရေးအတွက် အဖိုးတန်သည့် ပိုင်ဆိုင်မှုတစ်ခု ဖြစ်လာနိုင်ပါသည်။
FAQ'sGBPUSD စျေးနှုန်းမှန်းဆချက်တွင် မေးလေ့ရှိသော အမေးနှင့်အဖြေများ
GBPUSD အတွဲ၏ လက်ရှိစျေးနှုန်းမှာ ၁၄.၀၅.၂၀၂၆ အရ $1.35032 ဖြစ်ပါသည်။ ရေတိုကာလတွင် အဆိုပါအတွဲသည် 1.30 စျေးတန်းကို ချဥ်းကပ်စမ်းသပ်ပြီးနောက် စျေးယာယီကျဆင်းမှုကို ကြုံတွေ့မည်ဟု မျှော်လင့်ပါသည်။ အလယ်အလတ်ကာလတွင် ပေါင်ငွေသည် 1.26 အထက်တွင် ဆက်လက်ထိန်းသိမ်းထားနိုင်ပါက တိုးတက်မှု ဖြစ်ပေါ်နိုင်ပါသည်။ ၎င်းသည် စျေးကွက်အခြေအနေများနှင့် အထွေထွေစီးပွားရေးဆိုင်ရာ အကြောင်းတရားများအပေါ်တွင် မူတည်ပါမည်။
ကြိုတင်ခန့်မှန်းချက်တွင် အတန်အသင့် အပြုသဘောဆောင် ကောင်းမွန်နေပါသည်။ ထိုငွေကြေးအတွဲသည် $1.19 နှင့် 1.44 အကြားတွင် တည်ရှိနိုင်ပါသည်။ အဓိကကျသော ခန့်မှန်းချက်အရ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းများ တည်ငြိမ်လာခြင်း အပါအဝင် အခြားစျေးကွက်များတွင် မတည်ငြိမ်မှု လျော့နည်းလာခြင်းနှင့်အတူ ပေါင်ငွေကို အသင့်အတင့်အားကောင်းလာမည်ဟု ယူဆပါသည်။
LongForecast အရ လဲလှယ်နှုန်းသည် ၂၀၂၆ ခုနှစ်အတွင်း $1.2430 နှင့် $1.3860 အကြား တည်ရှိပါမည်။ WalletInvestor နှင့် CoinCodex သည်လည်း ယူကေ၏ စီးပွားရေးအခြေအနေ အသင့်အတင့် တိုးတက်လာမှုကြောင့် ပေါင်ငွေကို တဖြည်းဖြည်းအားကောင်းလာမည်ဟု မျှော်လင့်ထားပါသည်။
CoinCodex သည် ပျမ်းမျှစျေးနှုန်း $1.1829 နှင့်အတူ $1.2551 သို့စျေးထိုးတက်မှုကို မျှော်လင့်ထားပါသည်။ TradersUnion သည် $1.1492 သို့ စျေးကျဆင်းမှုကို ခန့်မှန်းထားပါသည်။ ကြိုတင်ခန့်မှန်းချက်များမှာ အမျိုးမျိုးကွဲပြားနေသော်လည်း မှန်းဆချက်နှစ်ခုလုံးသည် ထင်ရှားပေါ်လွင်သော လမ်းကြောင်းတစ်ခုမရှိဘဲ အရောင်းအဝယ်နည်းပါးမှုကို ညွှန်ပြပါသည်။
နည်းပညာဆိုင်ရာ အညွှန်းများမှ ယုံကြည်စိတ်ချရသော အချက်ပြများ ပူးတွဲပေါ်ပေါက်လာပါက ဝယ်လိုအားစျေးတန်း ဧရိယာ $1.2650–$1.2750 သို့ စျေးပြန်ကျမှုတွင် အရောင်းကုန်သွယ်မှုများကို ထည့်သွင်းစဥ်းစားနိုင်ပါသည်။ ထို့နည်းတူစွာ $1.30 အထက်တွင် စျေးတည်ငြိမ်သွားပြီးနောက် စျေးနှုန်းသည် $1.32–$1.33 အထိသို့ မြင့်တက်နိုင်သောကြောင့် အလားအလာရှိသော ဝယ်ယူရန်အခွင့်အလမ်းတစ်ခု ပေါ်ထွက်လာပါသည်။
၂၀၂၅ ခုနှစ် မတ်လတွင် အဆိုပါငွေကြေးအတွဲသည် $1.30 ကိုကျော်လွန်ခဲ့ပြီး ဤသည်မှာ GBP ရေတိုအားကောင်းလာမှုကို ညွှန်ပြနေပါသည်။ သို့သော် လှိုင်းထုတ် အချက်ပြကိရိယာများသည် အဝယ်လွန်ကဲမှုအခြေအနေကို ထောက်ပြနေသောကြောင့် ဝယ်လိုအားစျေးတန်းသို့ ယာယီစျေးကျဆင်းမှုမှာ ပေါ်ပေါက်လာနိုင်ပါသည်။
ဥပမာအားဖြင့် စျေးနှုန်းသည် $1.26–$1.27 ဧရိယာအတွင်းရှိ အနိမ့်ဆုံးအမှတ်များအနီးတွင် တည်ရှိပါက အဆိုပါနေရာသည် အဝယ်ကုန်သွယ်မှုများသို့ ဝင်ရောက်နိုင်မည့် သင့်တော်သော အမှတ်များကို ပေးစွမ်းပါသည်။
လက်တွေ့ဈေးကွက်အချိန်ရှိ GBPUSD ၏စျေးနှုန်းဇယား

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။














