Pfizer (#PFE) စတော့ရှယ်ယာများသည် ၎င်းတို့၏ ခိုင်မာသောတိုးတက်မှုအလားအလာနှင့် အလွန် တက်ကြွသော ဈေးကွက်အခြေအနေများကြောင့် ရင်းနှီးမြှုပ်နှံသူများထံမှ အသိအမှတ်ပြုရလောက်သော အာရုံစိုက်မှုကို ရရှိခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမတည်ငြိမ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စိန်ခေါ်မှုအသစ်များကြားတွင် #PFE သည် ကာလတိုနှင့် ကာလရှည်ရင်းနှီးမြှုပ်နှံမှုများအတွက် စိတ်ဝင်စားဖွယ်ရာ ရွေးချယ်မှုတခုကို ကမ်းလှမ်းပါသည်။

လာမည့်နှစ်များအတွက် ခန့်မှန်းချက်များသည် ဖြစ်နိုင်ခြေရှိသော အတက်၊အကျများနှင့် အမြတ်အစွန်း တိုးတက်မှုများကို ထင်ဟပ်‌ဖော်ပြနေပြီး၊ ကျယ်ပြန့်သောအပိုင်းအခြားအတွင်းမှ  အလားအလာရှိ သောဈေးနှုန်းများကို ပြသပါသည်။ လက်ရှိလမ်းကြောင်းများနှင့် ရာသီအလိုက်ရွေ့လျားမှုများကို ပိုင်းခြားဆန်းစစ်ခြင်းသည် အားသာချက်အရှိဆုံး ဈေးကွက်အဝင်ပွိုင့်ကို ထုတ်ဖော်နိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆုံးရှုံးနိုင်ခြေများကို မှန်းဆနိုင်ရန် ပြိုင်ဘက်ကင်းသော အခွင့်အရေးတခုကို ပေးစွမ်းပါသည်။

ဤဆောင်းပါးတွင် Pfizer စတော့ရှယ်ယာများ၏ ၏ နက်ရှိုင်းသော ခွဲခြမ်းစိတ်ဖြာမှုတရပ်ကို ပံ့ပိုးပေးထားပါသည်။ ၎င်းသည် လူကြီးမင်းအား စျေးကွက်၏ ရှုပ်ထွေးပွေလီမှုများကို နားလည်သဘောပေါက်စေရန်ကူညီပေးကာ၊  အချက်အလက်အပေါ်အခြေခံသော ကုန်သွယ်မှုဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်နိုင်စေရန် အခွင့်အရေးပေးမည်ဖြစ်သည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


အဓိကမှတ်သားရန်အချက်များ

  • ၁၄.၀၅.၂၀၂၆ တွင် PFE စတော့အား $26.05 ၌ အရောင်းအဝယ်ပြုလုပ်နေပါသည်။
  • PFE ဈေးနှုန်းသည် ၎င်း၏ ကာလတလျှောက်အမြင့်ဆုံးဈေးနှုန်းဖြစ်သော $61.25 သို့ ၁၆.၁၂.၂၀၂၁ တွင် ရောက်ရှိခဲ့သည်။  ၀၄.၁၀.၁၉၇၄တွင် စတော့၏ ကာလတလျှောက် အနိမ့်ဆုံးဈေးနှုန်းအဖြစ် $0.43 ကို မှတ်တမ်းတင်ခဲ့သည်။
  • ၂၀၂၄ ခုနှစ်တွင်၊ ကုမ္ပဏီသည် ၎င်း၏ ထုတ်ကုန်အမျိုးအစားများကို ပိုမိုတိုးတက်ကောင်းမွန်စေရန်နှင့် ကမ္ဘာအဝှမ်းသို့ ခြေလှမ်းဖြန့်ကျက်ရန် မဟာဗျူဟာမြောက်အစီအစဉ်သစ်များကို စတင်အကောင်အထည်ဖော်ခဲ့သည်။
  • PFE စတော့ကို နယူးယောက်စတော့အိတ်ချိန်း(NYSE)ပေါ်တွင် #PFE သင်္ကေတအမှတ်အသားအောက်၌ အရောင်းအဝယ်ပြုလုပ်ပြီး၊ ရင်းနှီးမြှုပ်နှံသူအတန်းအစား အသီးသီးမှ လွယ်ကူစွာဖြင့် ဝယ်ယူနိုင်ပါသည်။
  • ကုမ္ပဏီသည် သုသေသနနှင့် ဆန်းသစ်တီထွင်မှုများတွင် တက်ကြွစွာရင်းနှီးမြှုပ်နှံခြင်းအားဖြင့်၊ ၎င်း၏ တည်ငြိမ်သော လုပ်ငန်းအမြတ်အစွန်းကို ထိန်းသိမ်းထားပါသည်။
  • လွပ်လပ်သောငွေကြေးစီးဆင်းမှုသည် စီမံကိန်းအသစ်များအတွက် ထောက်ပံ့ဖြည့်ဆည်းနိုင်ရန်နှင့် သေချာသောအမြတ်ဝေစုမူဝါဒကို ထိန်းသိမ်းထားနိုင်ရန် ၎င်းအား အခွင့်အရေးပေးပါသည်။
  • ၂၀၂၅ ခုနှစ်အတွက် ခန့်မှန်းချက်များသည် အရောင်းဝင်ငွေတိုးတက်မှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ရပ်တည်မှု ပိုမိုခိုင်မာလာမည်ဖြစ်ကြောင်း ညွှန်ပြနေပါသည်။

Pfizer (PFE) အချိန်နှင့်တပြေးညီဈေးကွက်အခြေအနေ

၁၄.၀၅.၂၀၂၆ တွင် Pfizer (#PFE) စတော့၏ လက်ရှိဈေးနှုန်းမှာ $26.05 ဖြစ်ပါသည်။

ရင်းနှီးမြုပ်နှံသူများသည် ကုမ္ပဏီတခု၏ ဘဏ္ဍာရေးတောင့်တင်းမှု၊ တိုးတက်မှုအလားအလာနှင့် စတော့ liquidity တို့ကို အကဲဖြတ်ရန်ကူညီပေးသော အရေးပါသည့် စံနှုန်းများကို စောင့်ကြည့်သင့်ပါသည်။ ဥပမာအားဖြင့်၊ စျေးကွက်အရင်းအနှီးသည် ကုမ္ပဏီ၏ စုစုပေါင်းတန်ဖိုးကို ညွှန်ပြပြီး၊ ကုန်သွယ်မှုပမာဏသည် ဈေးကွက်၏စိတ်ပါဝင်စားမှုကို ထင်ဟပ်ဖော်ပြပါသည်။ P/E အချိုးသည် စတော့၏ အမြတ်အစွန်းကို အကဲဖြတ်ပေးကာ၊  လွန်ခဲ့သော ၁၂ လအတွင်း ဈေးနှုန်းအပြောင်းအလဲသည် စတော့စွမ်းဆောင်ရည်ကို သုံးသပ်နိုင်ရန် ကူညီပေးပါသည်။ ထို့အပြင်၊ အမြတ်ဝေစုနှုန်းထားနှင့် အမြင့်ဆုံးရောင်းလိုအားသည် ရှယ်ယာများ၏ အမြတ်ရှာဖွေနိုင်စွမ်းနှင့် အသင့်ရရှိနိုင်မှုတို့ကို တိုင်းတာပေးပါသည်။

စံနှုန်းတန်ဖိုး
စျေးကွက်အရင်းအနှီး$149.79 ဘီလီယံ
လွန်ခဲ့သော ၂၄ နာရီအတွင်း ကုန်သွယ်မှုပမာဏ51.5 ဘီလီယံရှယ်ယာများ
P/E အချိုး18.54
ကာလတလျှောက်အမြင့်ဆုံးဈေးနှုန်း$61.71
လွန်ခဲ့သော ၁၂ လအတွင်း ဈေးနှုန်းအပြောင်းအလဲ-2.36%
အမြတ်ဝေစုနှုန်းထား6.51%

၂၀၂၅ ခုနှစ်အတွက် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အပေါ်အခြေခံသော Pfizer (PFE) စတော့ဈေးနှုန်းခန့်မှန်းချက်

လာမည့် ၃လ မှ ၆လအတွင်း ၎င်း၏ ကာလတိုအလားအလာများကို ခန့်မှန်းသုံးသပ်ရန် #PFE စတော့၏ တနေ့တာရွေ့လျားမှုဇယားကို လေ့လာဆန်းစစ်ကြည့်ပါစို့။ ဇယားပေါ်တွင် ယခင်က ဈေးနှုန်းဦးတည်ရာ အပြောင်းအလဲဖြစ်ခဲ့သော  25.90 နှင့် 24.80 မှ 25.00 ကြား ဧရိယာများသည် support levels များဖြစ်ကြပြီး၊ Pfizer ရှယ်ယာများသည် ကျဉ်းမြောင်းသောအကွာအဝေးဘောင်အတွင်း အရောင်းအဝယ်ဖြစ်နေသည်ကို တွေ့မြင်ရပါသည်။ Resistance သည် 27.00–28.00 တွင် တည်ရှိပါသည်။

ဈေးနှုန်းသည် 50-period SMA အနီးရှိ 26.29 ဈေးတန်းသို့ ရောက်ရှိနေပြီး၊ အထက်သို့ရွေ့လျားမှု နှေးကွေးလာခြင်းကို ညွှန်ပြနေပါသည်။  27.80 ရှိ 200-period SMA သည် ကာလရှည် resistance level အဖြစ် ဆောင်ရွက်ပါသည်။ RSI သည် 53.18 ၌ ရပ်တည်နေပြီး၊ ကြားနေဇုန်အတွင်း ဆက်လက်ကျန်ရှိနေစဉ်၊ MACD မျဉ်းများသည် အောက်မှအထက်ဖြတ်ကျော်မှု(bullish crossover - 0.0792 နှင့် 0.0202)နှင့် နီးကပ်နေပြီး၊ တိုးတက်သောရွေ့လျားမှုအလားအလာကို ပြသနေပါသည်။ နောက်ထပ်တိုးတက်မှုများကို အတည်ပြုရန်အတွက် 27.80 အထက်သို့ ဖောက်ထွက်မှုတခုကို လိုအပ်ပါသည်။ အကယ်၍ 26.00 အောက်သို့ ရောက်ရှိခဲ့လျှင်၊ 25.00 အထိ ယာယီအားဖြင့် ဆက်လက်ကျဆင်းသွားနိုင်ပါသည်။

LiteFinance: ၂၀၂၅ ခုနှစ်အတွက် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အပေါ်အခြေခံသော Pfizer (PFE) စတော့ဈေးနှုန်းခန့်မှန်းချက်

၂၀၂၅ ခုနှစ်၏ ကျန်ရှိသောလများအတွက် ကာလရှည်ခန့်မှန်းချက်တရပ်ကို ပြုလုပ်ရန်၊ #PFE တပတ်တာရွေ့လျားမှုဇယားကို လေ့လာကြည့်ကြပါစို့။ Support သည် 24.00–26.00 တွင် တည်ရှိပြီး၊ resistance သည် 30.00–31.00 တွင်ရှိပါသည်။ ဈေးနှုန်းသည် ကာလရှည် resistance အောက်တွက် ဆက်လက်ကျန်ရစ်သော်လည်း၊ SMA9 နှင့် SMA21 တို့သည် အလားအလာရှိသော လမ်းကြောင်းအပြောင်းအလဲတခုကို ညွှန်ပြနေပါသည်။

RSI တန်ဖိုး 46.53 သည် တိုးတက်သောရွေ့လျားမှု နှေးကွေးတုံ့ဆိုင်းလာခြင်းကို အတည်ပြုပါသည်။ တချိန်တည်းမှာပင်၊ MACD မျဉ်း (0.0744) သည် signal line (-0.5357) ၏ အထက်၌ ရှိနေပြီး၊ အပေါင်းဇုန်အတွင်းသို့ရွှေ့ပြောင်းရန် အလားအလာတခုကို အချက်ပြပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ဤအခြေအနေတွင် လမ်းကြောင်းသည် ရှင်းလင်းပြတ်သားသော ဦးတည်ရာကင်းမဲ့နေပါသည်။

Fibonacci retracement ခွဲခြမ်းစိတ်ဖြာမှုတွင် ဈေးနှုန်းသည် အရေးပါသည့် 38.2% level (26.50 အနီး) သို့ ရောက်ရှိခဲ့ပြီး‌ဖြစ်ကြောင်း ဖော်ပြနေပါသည်။ ပိုင်ဆိုင်မှုသည် 35.00–37.00 (၂၀၂၃ ခုနှစ် အမြင့်ဆုံးတန်ဖိုးများ)သို့ ဆက်လက်မြင့်တက်ရန်အတွက်၊ 28.00 အထက်တွင် ခေတ္တတည်ငြိမ်သင့်ပါသည်။

LiteFinance: ၂၀၂၅ ခုနှစ်အတွက် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အပေါ်အခြေခံသော Pfizer (PFE) စတော့ဈေးနှုန်းခန့်မှန်းချက်

အောက်ပါဇယားကွက်သည် ကျန်ရှိသော ၂၀၂၅ အတွက် Pfizer (#PFE) ရှယ်ယာဈေးနှုန်းခန့်မှန်းချက်များ ဖြစ်ပါသည်။

Pfizer (#PFE) ရှယ်ယာများအတွက် မျှော်မှန်းတန်ဖိုးများ
အနည်းဆုံး၊ $အများဆုံး၊ $
ဧပြီ

26.2

28.5

မေ

26.8

29.5

ဇွန်

27.5

30.5

ဇူလိုင်

28.5

32

ဩဂုတ်

29.5

33.5

စက်တင်ဘာ

30.5

35

အောက်တိုဘာ

31.5

36.5

နိုဝင်ဘာ

32.5

38

ဒီဇင်ဘာ

33.5

40

၂၀၂၅ ခုနှစ်အတွင်း PFE အတွက် ကာလရှည်ကုန်သွယ်ရေးအစီအစဉ်

ဆောင်ရွက်ခဲ့သော နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာချက်အပေါ်အခြေခံ၍၊ ၂၀၂၅ ခုနှစ်အတွင်း PFE အတွက် အောက်ပါ ကုန်သွယ်ရေးအစီအစဉ်ကို ချမှတ်နိုင်ပါသည် -

  • ဈေးနှုန်းသည် 28.00 တွင် resistance အား ချိုးဖောက်သွားသောအခါ၊ အထူးသဖြင့် RSI သည် 60 အထက်သို့မြင့်တက်လာပြီး  MACD သည် bullish crossover (အောက်မှအထက်ဖြတ်ကျော်မှု) ကို ပြသခဲ့ပါက၊ 28.50 တွင် အဝယ်ကုန်သွယ်မှုများကို စတင်ဖွင့်လှစ်ရန် စဉ်စားသင့်ပါသည်။
  • ဈေးနှုန်းသည် 30.00 ဈေးတန်းသို့ ထိတွေ့သောအခါ၊ အမြတ်တစိတ်တပိုင်းကို သိမ်းဆည်းသင့်ပြီး 35–37 ဈေးနှုန်းသို့ရောက်ရှိသည်အထိ ကုန်သွယ်မှုအား ဆက်လက်ဖွင့်လှစ်ထားသင့်ပါသည်။
  • အခြားဖြစ်နိုင်သော အစီအစဉ်တခုမှာ၊ ဈေးနှုန်းသည် support level ဖြစ်သော 26.00 မှ အထက်သို့ပြန်လှည့်သောအချိန်တွင် ကုန်သွယ်မှုတခုကို ဖွင့်ရန်ဖြစ်ပြီး၊ ဤလျာထားချက်တွင် stop-loss အော်ဒါကို 25.50 တွင် သတ်မှတ်သင့်ပါသည်။
  • အကယ်၍ ပိုင်ဆိုင်မှုသည် support level ကို ချိုးဖျက်ခဲ့ပြီး၊ 25.50 အောက်သို့ ကျဆင်းလာခဲ့သော်၊ ကုန်သွယ်မှုအား ပိတ်သိမ်း၍ ကာလတိုရောင်းချမှုကို စဉ်းစားသင့်ပါသည်။

အချက်ပြမှုများကို အတည်ပြုရန်အတွက် ကုန်သွယ်မှုပမာဏများနှင့် မတည်ငြိမ်မှုကို ‌စောင့်ကြည့်ပါ။ ထို့အပြင်၊ Fibonacci retracement levels များကိုလည်း အသုံးပြုနိုင်ပါသည်။ ထို့အပြင်၊ moving averages များကို သတိထား၍ကြည့်ရှုပါ။ အကြောင်းမှာ ၎င်းတို့၏ convergence (ပေါင်းဆုံခြင်း) သို့မဟုတ် divergence(ခွဲထွက်ခြင်း)များသည် လမ်းကြောင်းအလှည့်အပြောင်းတခုအကြောင်း  သတိပေးနိုင်ပါသည်။

၂၀၂၅ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ Pfizer (PFE) ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

အချို့သော ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များမှ ၂၀၂၅ သည် PFE စတော့အတွက် မှတ်တိုင်သစ်စိုက်ထူနိုင်သော နှစ်တနှစ်ဖြစ်လိမ့်မည်ဟု ယုံကြည်ထားကြပါသည်။ မျှော်မှန်းထားသည့် ဈေးနှုန်းရွေ့လျားမှုအကွာအဝေးမှာ $15.16 မှ $43.70 ကြားဖြစ်ပြီး၊ ဤကျယ်ပြန့်သောအကွာအဝေးသည် မြင့်မားသောမတည်ငြိမ်မှုကို ညွှန်ပြပါသည်။ ၎င်းသည် အမြတ်အစွန်းရနိုင်သော ကာလတိုကုန်သွယ်မှုအတွက် အခွင့်အရေးများကို ဖွင့်ဟပေးပါသည်။

StockScan

၂၀၂၅ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $15.16–$27.04 (၃၊ ၃၊ ၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

StockScan သည် ဧပြီလတွင် $15.16 သို့ အနိမ့်ဆုံးရောက်ရှိရန်နှင့် စက်တင်ဘာလတွင် $27.04 သို့ အမြင့်ဆုံးရောက်ရှိရန် အလားအလာနှင့်အတူ #PFE နှုန်းထားများတွင် ကျဆင်းမှုတရပ်ကို ကြိုတင်ခန့်မှန်းထားပါသည်။ ဤခန့်မှန်းချက်သည် တနှစ်တာအတွင်း အခါအားလျော်စွာ အတက်၊အကျများဖြစ်ပေါ်ခြင်းနှင့်အတူ တဖြည်းဖြည်းချင်း ပြန်လည်တိုးတက်မှုတခုကို ညွှန်ပြပါသည်။

အနည်းဆုံး၊ $ပျမ်းမျှ၊ $အများဆုံး၊ $
ဧပြီ

15.16

20.06

23.54

မေ

18.84

23.70

24.26

ဇွန်

24.00

25.19

26.59

ဇူလိုင်

20.21

20.91

25.88

ဩဂုတ်

19.11

21.38

22.51

စက်တင်ဘာ

22.08

26.07

27.04

အောက်တိုဘာ

23.56

24.05

26.70

နိုဝင်ဘာ

23.11

24.43

25.25

ဒီဇင်ဘာ

22.42

23.31

26.66

Coin Price Forecast

၂၀၂၅ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $26.65–$26.97 (၃၊ ၃၊ ၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

Coin Price Forecast ၏ ခန့်မှန်းချက်အရ၊ ၂၀၂၅ ခုနှစ်တွင် #PFE နှုန်းထားများသည် ဖြေးဖြေးမှန်မှန် မြင့်တက်လာနိုင်ပါသည်။ ဈေးနှုန်းသည် နှစ်လယ်တွင် $26.65 နှင့် ဒီဇင်ဘာလတွင် $26.97 ဈေးတန်းများသို့ အသီးသီး ရောက်ရှိနိုင်ပါသည်။

နှစ်နှစ်လယ်၊ $နှစ်ကုန် $
၂၀၂၅

26.65

26.97

CoinCodex

၂၀၂၅ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $26.43–$43.70 (၃၊ ၃၊ ၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

CoinCodex ၏ အဆိုအရ၊ ၂၀၂၅ ခုနှစ်အတွင်း Pfizer ၏ ရှယ်ယာဈေးနှုန်းသည် တစထက်တစ မြင့်မားတိုးတက်လာနိုင်ပါသည်။ အနာဂါတ် ‌ ROI (ရင်းနှီးမြှုပ်နှံမှုအကျိုးအမြတ်နှုန်း)သည်လည်း ပိုမိုတိုးတက်လာမည်ဖြစ်ပြီး၊ ဤအချက်သည် #PFE အား ကာလရှည်ရင်းနှီးမြှုပ်နှံသူများအတွက် ‌နှစ်သက်ဖွယ်ရာဖြစ်စေပါသည်။ မတ်လတွင် အနိမ့်‌ဆုံးဈေးနှုန်းအဖြစ် $26.43 သို့ ရောက်ရှ်ိနိုင်ပြီး၊ ဒီဇင်ဘာလတွင် အမြင့်ဆုံးဈေးနှုန်းအဖြစ် $43.70 သို့ ရောက်ရှိနိုင်ပါသည်။

အနည်းဆုံး၊ $ပျမ်းမျှ၊ $အများဆုံး၊ $
ဧပြီ

27.88

28.98

30.19

မေ

29.78

30.45

30.86

ဇွန်

28.71

29.94

30.94

ဇူလိုင်

29.18

30.20

31.82

ဩဂုတ်

32.25

35.34

38.14

စက်တင်ဘာ

32.48

33.48

34.32

အောက်တိုဘာ

31.72

32.48

33.12

နိုဝင်ဘာ

33.21

36.33

39.22

ဒီဇင်ဘာ

37.60

40.74

43.70

၂၀၂၆ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ Pfizer (PFE) ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

ခွဲခြမ်းစိတ်ဖြာသူအများစု၏ အဆိုအရ၊ ၂၀၂၆ ခုနှစ်တွင် #PFE ဈေးနှုန်းသည် မတည်ငြိမ်မှု မြင့်မားနိုင်ပါသည်။ ကျွမ်းကျင်သူအချို့၏ ခန့်မှန်းချက်များကို အသေးစိတ် သုံးသပ်ကြည့်ကြပါစို့။

StockScan

၂၀၂၆ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $21.46–$40.37 (၃၊ ၃၊ ၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

၂၀၂၆ ခုနှစ်တွင် #PFE ဈေးနှုန်းသည် သိသာထင်ရှားသော အနိမ့်၊ အမြင့် ကူးပြောင်းမှုများကို ပြသလိမ့်မည်ဟု StockScan မှ ခန့်မှန်းချက်ထုတ်ပါသည်။ ပိုင်ဆိုင်မှုသည် ပထမနှစ်ဝက်တွင် ၎င်း၏အနိမ့်ဆုံးတန်ဖိုးသို့ ရောက်ရှိလာပြီး၊ နောက်ဆုံးလများတွင် $40.37 သို့ မြင့်တက်လိမ့်မည်ဟု ကျွမ်းကျင်သူများမှ မှတ်ချက်ပြုပါသည်။

နှစ်အနည်းဆုံး၊ $ပျမ်းမျှ၊ $အများဆုံး၊ $
၂၀၂၆

21.46

27.59

40.37

CoinCodex

၂၀၂၆ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $32.20–$42.94 (၃၊ ၃၊ ၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

CoinCodex ၏ ခန့်မှန်းချက်အရ၊ Pfizer ၏ ရှယ်ယာဈေးနှုန်းသည် ၂၀၂၆ ခုနှစ်အတွင်း အနည်းငယ်ကျဆင်းပါလိမ့်မည်။ ပိုင်ဆိုင်မှုသည် ဇန်နဝါရီလတွင် အမြင့်ဆုံးဈေးတန်း $42.94 သို့ ရောက်နိုင်ပြီး၊ အောက်တိုဘာလတွင် အနိမ့်ဆုံးတန်ဖိုးအဖြစ် $32.20 သို့ ရောက်ရှိလိမ့်မည်ဟု ကြိုတင်မျှော်မှန်းထားပါသည်။

နှစ်အနည်းဆုံး၊ $ပျမ်းမျှ၊ $အများဆုံး၊ $
၂၀၂၆

32.20

35.57

42.94

Coin Price Forecast

၂၀၂၆ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $28.13–$29.13 (၃၊ ၃၊ ၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

Coin Price Forecast သည် သင့်တင့်သော တိုးတက်မှုတရပ်ကို ညွှန်ပြပါသည်။ ဈေးကွက်ဆန်းစစ်လေ့လာသူများ၏ အဆိုအရ၊ ၂၀၂၆ နှစ်လယ်တွင် #PFE ဈေးနှုန်းသည် $28.13 ၌ ရောက်ရှိနေနိုင်ပြီး၊ နှစ်ကုန်ချိန်တွင်  $29.13 သို့ မြင့်တက်လာပါမည်။

နှစ်နှစ်လယ်၊ $နှစ်ကုန် $
၂၀၂၆

28.13

29.13

၂၀၂၇ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ Pfizer (PFE) ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

၂၀၂၇ ခုနှစ်တွင် #PFE စတော့ရှယ်ယာများသည် မတည်ငြိမ်မှု ဆက်လက်မြင့်မားလိမ့်မည်ဟု ခွဲခြမ်းစိတ်ဖြာမှုအေဂျင်စီအများစုမှ လက်ခံယူဆကြပါသည်။

StockScan

၂၀၂၇ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $29.60–$50.54 (၃၊ ၃၊ ၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

StockScan သည် ၂၀၂၇ ခုနှစ်အတွင်း Pfizer ရှယ်ယာများအတွက် ကျယ်ပြန့်သော ဈေးနှုန်းရွေ့လျားမှုအပိုင်းအခြားတခုကို ခန့်မှန်းထားပါသည်။ ကျွမ်းကျင်သူများမှ အချို့လများတွင် မြန်ဆန်သော ရုတ်တရက်မြင့်တက်မှုများရှိနိုင်သည်ဟု ယုံကြည်ကြပြီး မြင့်မားသော မတည်ငြိမ်မှုနှင့်အတူ ရင်းနှီးမြှုပ်နှံသူများအတွက်၊ အခွင့်အလမ်းများနှင့် ဆုံးရှုံးနိုင်ခြေများ ယှဉ်တွဲနေခြင်းကို ညွှန်ပြပါသည်။

နှစ်အနည်းဆုံး၊ $ပျမ်းမျှ၊ $အများဆုံး၊ $
၂၀၂၇

29.60

40.07

50.54

CoinCodex

၂၀၂၇ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $21.03–$38.73 (၃၊ ၃၊ ၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

CoinCodex သည် ၂၀၂၇ ခုနှစ်အတွင်း #PFE ဈေးနှုန်း ပြောင်းလဲရွေ့လျားမှုအတွက် အမျိုးမျိုးသော ဖြစ်နိုင်ခြေများကို ‌တင်ပြထားပါသည်။ မျှော်မှန်းထားသော အနိမ့်၊အမြင့်အကွာအဝေးမှာ $21.03–$38.73 ဖြစ်ပြီး၊ စ‌တော့သည် ထိုးစိုက်ကျဆင်းနိုင်သကဲ့သို့၊ မိုးထိမြင့်မားနိုင်ပါသည်။ ဤမျှော်မှန်းချက်သည် အနာဂါတ်ရင်းနှီးမြှုပ်နှံမှုရလာဒ်အကဲဖြတ်ရာတွင် ရင်းနှီးမြှုပ်နှံသူများအတွက် အရေးကြီးသော အတိုင်းအတာများကို ပံ့ပိုးပေးပါသည်။ 

နှစ်အနည်းဆုံး၊ $ပျမ်းမျှ၊ $အများဆုံး၊ $
၂၀၂၇

21.03

28.03

38.73

Coin Price Forecast

၂၀၂၇ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $33.07–$33.80 (၃၊ ၃၊ ၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

Coin Price Forecast သည် အနည်းငယ်မျှသော တိုးတက်မှုကိုသာ ညွှန်ပြပါသည်။ #PFE ဈေးနှုန်းသည် ကျဉ်းမြောင်းသောဘောင်အတွင်း ရပ်တည်နေမည်ဟု မျှော်လင့်ရပြီး၊ နှစ်အစမှအဆုံးအထိ ဈေးကွက်၏ တည်ငြိမ်မှုကို ထင်ဟပ်ဖော်ပြပါသည်။

နှစ်နှစ်လယ်၊ $နှစ်ကုန် $
၂၀၂၇

33.07

33.80

၂၀၂၈ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ Pfizer (PFE) ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

၂၀၂၈ ခုနှစ်အတွက် ခန့်မှန်းချက်များသည် #PFE နှုန်းထားများ၏ မတည်ငြိမ်မှုကို ညွှန်ပြကာ၊ ဈေးကွက်လမ်းကြောင်းများနှင့် ရာသီအလိုက်အတက်၊အကျများ၏ သက်ရောက်မှုကို ကိုယ်စားပြုဖော်ပြပါသည်။ ကျွမ်းကျင်သူများသည် အခါအားလျော်စွာ မြင့်တက်မှုများနှင့် ယာယီကျဆင်းမှုများကို မျှော်လင့်ကြပြီး၊ ဤသို့သော မျှော်မှန်းချက်များသည် ရင်းနှီးမြှုပ်နှံသူများအား အနာဂါတ်ကုန်သွယ်မှုဗျူဟာများအတွက် အကြမ်းဖျဉ်းလမ်းညွှန်ချက်များကို ပံ့ပိုးပေးပါသည်။

StockScan

၂၀၂၈ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $25.96–$44.65 (၃၊ ၃၊ ၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

StockScan ၏ ခန့်မှန်းချက်သည် တနှစ်တာအတွင်း သိသာထင်ရှားသော အတက်၊အကျများနှင့်အတူ Pfizer ရှယ်ယာများ၏ ကျယ်ပြန့်သော ရွေ့လျားမှုနယ်နိမိတ်ကို ညွှန်ပြနေပါသည်။ ဒီဇင်ဘာလတွင် အနိမ့်ဆုံးတန်ဖိုးအဖြစ် $25.96 သို့ ရောက်ရှိနိုင်ပြီး၊ မေလတွင် အမြင့်ဆုံးတန်ဖိုးအဖြစ် $44.65 သို့ ရောက်ရှိမည်ဟု ၎င်းတို့မှ မျှော်မှန်းထားပါသည်။

နှစ်အနည်းဆုံး၊ $ပျမ်းမျှ၊ $အများဆုံး၊ $
၂၀၂၈

25.96

35.31

44.65

CoinCodex

၂၀၂၈ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $19.95–$24.21 (၃၊ ၃၊ ၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

#PFE သည် ကျဉ်းမြောင်းသော အကွာအဝေးဘောင်အတွင်း အသင့်အတင့် တန်ဖိုးတက်လာမည်ဟု CoinCodex မှ ကြိုတင်ခန့်မှန်းပါသည်။ အနိမ့်ဆုံးဈေးနှုန်းအဖြစ် $19.95 သို့ရောက်ရှိရန် မျှော်လင့်ရပြီး၊ အမြင့်ဆုံးဈေးနှုန်းသည် $24.21 အထိ ရောက်ရှိနိုင်ပါသည်။ အကယ်၍ အတက်လမ်းကြောင်း ဆက်လက်တည်ငြိမ်နေပါက၊ အလားအလာရှိသောအနာဂါတ် ROI နှုန်းထားသည် အနည်းငယ်တိုးတက်လာနိုင်ပါသည်။

နှစ်အနည်းဆုံး၊ $ပျမ်းမျှ၊ $အများဆုံး၊ $
၂၀၂၈

19.95

22.08

24.21

Coin Price Forecast

၂၀၂၈ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $35.09–$36.08 (၃၊ ၃၊ ၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

Coin Price Forecast သည် #PFE ရှယ်ယာများအတွက် အထိုက်အလျောက် တိုးတက်သော ရွေ့လျားမှုတခုကို ကြိုတင်မှန်းဆထားပြီး၊ ပျမ်းမျှဈေးနှုန်းများအား နှစ်လယ်တွင် $35.09 မှ နှစ်ကုန်ချိန်တွင် $36.08 သို့ ဖြေးဖြေးမှန်မှန် မြင့်တက်လာရန် မျှော်မှန်းထားပါသည်။ ဤခန့်မှန်းချက်သည် မြန်ဆန်သော အတက်၊အကျများမပါဝင်သော တဖြည်းဖြည်းချင်း တိုးတက်မှုတရပ်ကို ညွှန်ပြပါသည်။

နှစ်နှစ်လယ်၊ $နှစ်ကုန် $
၂၀၂၈

35.09

36.08

၂၀၂၉ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ Pfizer (PFE) ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များသည် ၂၀၂၉ ခုနှစ်အတွင်း #PFE နှုန်းထားလမ်းကြောင်းတွင် သိသာထင်ရှားသော အပြောင်းအလဲများကို ခန့်မှန်းထားကြပါသည်။ ဤခန့်မှန်းချက်များသည် ကာလတိုအတက်၊အကျများနှင့်အတူ ရေရှည်တည်မြဲသောလမ်းကြောင်းများကို ထင်ဟပ်ဖော်ပြပါသည်။

StockScan

၂၀၂၉ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $12.93–$28.06 (၃၊ ၃၊ ၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

StockScan သည် ကျယ်ပြန့်သော ဈေးနှုန်းရွေ့လျားမှုအကွာအဝေးနှင့်အတူ မတူညီသောလများတွင် သိသာထင်ရှားသော အတက်၊အကျများဖြစ်ပေါ်ရန် ကြိုတင်ခန့်မှန်းထားပါသည်။ ဇန်နဝါရီလတွင် ပိုင်ဆိုင်မှုသည် ၎င်း၏အမြင့်ဆုံးတန်ဖိုးကို ပြသနိုင်ပြီး၊ ဒီဇင်ဘာလတွင် အနိမ့်ဆုံးတန်ဖိုးသို့ ရောက်ရှိနိုင်ကြောင်း ဖော်ပြကာ၊ အကျလမ်းကြောင်းအလားအလာတရပ်ကို ညွှန်ပြထားပါသည်။

နှစ်အနည်းဆုံး၊ $ပျမ်းမျှ၊ $အများဆုံး၊ $
 ၂၀၂၉

12.93

20.05

28.06

CoinCodex

၂၀၂၉ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $38.74–$39.22 (၃၊ ၃၊ ၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

CoinCodex ၏ ယူဆချက်အရ၊ #PFE ဈေးနှုန်းသည် ကျဉ်းမြောင်း‌သော အကန့်အသတ်တခုအတွင်း ကူးသန်းရွေ့လျားနေမည်ဖြစ်ပြီး၊ အခြားပိုင်ဆိုင်မှုများနှင့်နှိုင်းယှဉ်ပါက တည်ငြိမ်သောအလားအလာကို ပြသပါသည်။ ဈေးနှုန်းသည် တဖြည်းဖြည်းချင်း တိုးတက်လာမည်ဟု မျှော်လင့်ရပြီး၊ သင့်တင့်သော အတက်လမ်းကြောင်းတခုကို ညွှန်ပြထားပါသည်။

နှစ်နှစ်လယ်၊ $နှစ်ကုန် $
 ၂၀၂၉

38.74

39.22

Coin Price Forecast

၂၀၂၉ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $19.06–$32.71 (၃၊ ၃၊ ၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

Coin Price Forecast သည် နှစ်တလျှောက်လုံးတွင် အမျိုးမျိုးသော ဈေးနှုန်းအဆင့်များနှင့်အတူ ဖြစ်နိုင်ခြေရှိသော အလားအလာများစွာကို ထုတ်ဖော်ညွှန်ပြပါသည်။ ထို့ကြောင့် Pfizer ရှယ်ယာများသည် အထိုက်အလျောက် ကျဆင်းမှုများကို ခံစားရနိုင်သကဲ့သို့၊ သတိပြုရလောက်သော တိုးတက်မှုများကိုလည်း ရရှ်ိနိုင်ပါသည်။

နှစ်အနည်းဆုံး၊ $ပျမ်းမျှ၊ $အများဆုံး၊ $
၂၀၂၉

19.06

25.89

32.71

၂၀၃၀ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ Pfizer (PFE) ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

၂၀၃၀ ခုနှစ်သည် သိသာထင်ရှားသော ကျဆင်းမှုများနှင့် ကာလတိုတိုးတက်မှုများကို ပြသနိုင်ပြီး၊ #PFE နှုန်းထားများအတွက် အသိအမှတ်ပြုရလောက်သော အပြောင်းအလဲများကို ဖြစ်ပေါ်စေမည့် နှစ်တနှစ်ဖြစ်ပါသည်။ ခန့်မှန်းချက်သည် မြင့်မားသော မတည်ငြိမ်မှုကို ညွှန်ပြနေပြီး၊ ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများနှင့် ဆုံးရှုံးနိုင်ခြေများကို အတူတကွဖန်တီးပေးထားပါသည်။

StockScan

၂၀၃၀ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $2.43–$17.83 (၃၊ ၃၊ ၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

StockScan သည် Pfizer ရှယ်ယာများတွင် မတ်စောက်သော ကျဆင်းမှုနှင့် သိသာထင်ရှားသောအတက်၊အကျများကို ကြိုတင်မှန်းဆပါသည်။ ဖေ‌ဖော်ဝါရီလတွင် အမြင့်ဆုံးတန်ဖိုးများကို တွေ့ရှိရမည်ဖြစ်ပြီး၊ ဒီဇင်လဘာလတွင် အနိမ့်ဆုံးတန်ဖိုးများကို တွေ့မြင်ရပါမည်။ ၎င်းသည် မြင့်မားသောမတည်ငြိမ်မှုနှင့် အလေးထားသင့်သော ဈေးကွက်ပြောင်းလဲမှုအလားအလာများကို ညွှန်ပြအကြံပြုပါသည်။

နှစ်အနည်းဆုံး၊ $ပျမ်းမျှ၊ $အများဆုံး၊ $
၂၀၃၀

2.43

10.13

17.83

CoinCodex

၂၀၃၀ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $23.62–$32.11 (၃၊ ၃၊ ၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

CoinCodex ၏ ကြိုတင်ခန့်မှန်းချက်တွင် သတိပြုရလောက်သော တလမှတလကြား အတက်အကျများနှင့်အတူ ၂၀၃၀ ခုနှစ်အတွင်း Pfizer စတော့၏ မတည်ငြိမ်မှုအတိုင်းအတာကို အထင်အရှားဖော်ပြထားပါသည်။ နှစ်တလျှောက်တွင် ဤကွဲပြားမှုများသည် ရင်းနှီးမြှုပ်နှံသူများအတွက် တိုးတက်မှုများကို ရရှိစေနိုင်သကဲ့သို့၊ အသင့်အတင့်ကျဆင်းသောကာလများကိုလည်း ဖြတ်သန်းရနိုင်ကြောင်း ညွှန်ပြချက်တရပ် ဖြစ်ပါသည်။

နှစ်အနည်းဆုံး၊ $ပျမ်းမျှ၊ $အများဆုံး၊ $
၂၀၃၀

23.62

27.87

32.11

Coin Price Forecast

၂၀၃၀ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $42.56–$43.44 (၃၊ ၃၊ ၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

#PFE‌ ဈေးနှုန်းသည် တည်ငြိမ်သောလမ်းကြောင်းတခုအတွင်း သိသိသာသာ တိုးတက်မြင့်မားလာမည်ဟု Coin Price Forecast မှ ကြိုတင်မျှော်မှန်းထားပါသည်။ ၂၀၃၀ နှစ်လယ်မှ နှစ်ကုန်ပိုင်းအထိ တိုးတက်မှုအလားအလာသည် အပြုသဘောဆောင်သော မျှော်မှန်းချက်များနှင့် တည်ငြိမ်သောဈေးကွက်ရွေ့လျားမှုကို ကိုယ်စားပြုပါသည်။

နှစ်နှစ်လယ်၊ $နှစ်ကုန် $
၂၀၃၀

42.56

43.44

၂၀၅၀ ခုနှစ်အထိ စိစစ်လေ့လာသူများ၏ Pfizer (PFE) ၏ ရှယ်ယာစျေးနှုန်း မှန်းဆချက်များ

ကြိုတင်ခန့်မှန်းချက်အများစုအရ ရေရှည်ကာလတွင် Pfizer Inc. ရှယ်ယာစျေးနှုန်း ထိုးကျပါလိမ့်မည်။ စိစစ်သုံးသပ်ရေး အကျိုးဆောင်များသည် လာမည့်ဆယ်စုနှစ်အတွင်း မတည်ငြိမ်မှုတိုးများလာမည်ဟု အလေးပေးဖော်ပြပြီး ရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်ရရှိမှု အခွင့်အလမ်းများနှင့်အတူ မြင့်တက်လာသော ဆုံးရှုံးနိုင်ချေအန္တရာယ်များကို ပြသနေပါသည်။

StockScan သည် #PFE စတော့စျေးနှုန်းမှာ ၂၀၃၅ ခုနှစ်အတွင်း ပျမ်းမျှတန်ဖိုး $11.62 ဖြင့် $10.02 နှင့် $12.47 အကြား အတက်အကျဖြစ်မည်ဟု ခန့်မှန်းထားပါသည်။ ၂၀၄၀ ခုနှစ်၌ $6.88–$8.55 အထိ နှင့် ၂၀၅၀ ခုနှစ်တွင် $4.50–$5.30 အထိသို့ နိမ့်ဆင်းသွားရန် မျှော်လင့်ပါသည်။ ပညာရှင်များသည် ထိုစျေးနှုန်းကျဆင်းမှုမှာ ယေဘုယျဝယ်လိုအား ကျဆင်းမှုနှင့် အထွေထွေစီးပွားရေးပတ်ဝန်းကျင်၏ ပြောင်းလဲမှုများကြောင့်ဟု ယူဆပါသည်။

Coin Price Forecast သည်လည်း #PFE စျေးနှုန်း တဖြည်းဖြည်းနိမ့်ကျလာမှုကို ဖော်ပြပါသည်။ ထိုပိုင်ဆိုင်မှုကို ၂၀၄၀ ခုနှစ်တွင် $7.72 နှင့် ၂၀၅၀ ခုနှစ်၌ $4.77 ဖြင့် အရောင်းအဝယ်ဖြစ်ရန် မျှော်လင့်ပြီး လက်ရှိစျေးတန်းများမှ 65%–80% အထိကျဆင်းမှုကို တင်ပြနေပါသည်။ 

CoinCodex မှကျွမ်းကျင်ပညာရှင်များသည် အဘက်ဘက်မှ ဆုတ်ယုတ်မှုများ ရှိနေသော်လည်း အဆိုပါစတော့ရှယ်ယာမှာ ခန့်မှန်းချက်တွင် မြင်တွေ့ရသည့်အတိုင်း ၎င်း၏တန်ဖိုးကို ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်ကြပါသည်။ ၎င်းပိုင်ဆိုင်မှု၏ အမြင့်ဆုံးစျေးနှုန်းမှာ ၂၀၄၀ နှစ်ကုန်ပိုင်း၌ $7.34 နှင့် ၂၀၅၀ ခုနှစ်နှောင်းပိုင်းတွင် $5.18 သို့ရောက်ရှိနိုင်ချေ ရှိပါသည်။

နှစ်StockScan, $Coin Price Forecast, $CoinCodex, $
၂၀၃၅

12.47

၂၀၄၀

8.55

7.72

7.34

၂၀၅၀

5.30

4.77

5.18

၂၀၃၅-၂၀၅၀ ခုနှစ်အထိ ကြိုတင်ခန့်မှန်းချက်အများစုသည် #PFE စျေးနှုန်းအတွက် အားပြင်းသော အကျဘက်သို့ ရွေ့လျားမှုကို ညွှန်ပြနေပါသည်။ သို့သော် ရှယ်ယာစျေးနှုန်းအား ထိခိုက်စေနိုင်သည့် ဖြစ်ရပ်အားလုံးကို မှန်းဆရန် မဖြစ်နိုင်သောကြောင့် ထိုသို့ရှည်လျားသော ကာလအတွက် ခန့်မှန်းချက်များသည် အနီးစပ်ဆုံးသာ ဖြစ်ပါသည်။ သို့ဖြစ်၍ ကုန်သွယ်ရေးဆုံးဖြတ်ချက်များ မချမှတ်မီ ပိုင်ဆိုင်မှုနှင့် ဆက်စပ်သော သက်ဆိုင်ရာအချက်အလက်များကို နှံ့စပ်စွာ စိစစ်သုံးသပ်ရန် လွန်စွာအ‌ရေးကြီးပါသည်။

ဆိုရှယ်မီဒီယာပေါ်ရှိ Pfizer (PFE) အတွက် စျေးကွက်သဘောထား

မီဒီယာသဘောထား စိစစ်ခွဲဖြာမှုတွင် ဆိုရှယ်ကွန်ယက်များအပေါ်ရှိ ပို့စ်များနှင့် မှတ်ချက်များကို အကဲဖြတ်ခြင်း၊ သတင်းထူးများစသည်တို့ ပါဝင်ကြသည်။ ၎င်းသည် သီးခြားဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုတစ်ခုအပေါ် ရင်းနှီးမြှုပ်နှံသူများ မည်သို့သဘောထားကြောင်း သင့်အား သိနားလည်စေပါသည်။ 

ဆိုရှယ်မီဒီယာသဘောထားသည် စျေးကွက်အခြေအနေအပေါ် မကြာခဏ လွှမ်းမိုးလေ့ရှိပါသည်။ များသောအားဖြင့် အောင်မြင်သော ဘဏ္ဍာရေးအစီရင်ခံစာများ (သို့) ဖွံ့ဖြိုးတိုးတက်မှုအသစ်များ ထုတ်ပြန်ခြင်းကြောင့် ဖြစ်ပေါ်လာသော အပြုသဘောဆောင်သည့် မီဒီယာသဘောထားသည် စျေးနှုန်းကို မြင့်တက်စေပါသည်။ ဆန့်ကျင်ဘက်အားဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ ပြဿနာများ (သို့) ကုမ္ပဏီ၏ မဟာဗျူဟာမြောက် အစီအမံများအပေါ် ယုံကြည်စိတ်ချမှုမရှိခြင်းနှင့် ဆက်နွယ်သော အနှုတ်သဘောဆောင်သည့် မီဒီယာသဘောထားသည် တပြိုင်နက်ပြန်လည်ထုတ်ရောင်းခြင်း နှင့် ရှယ်ယာ‌စျေးနှုန်း ကျဆင်းခြင်းများကို စတင်ဖြစ်ပွားစေနိုင်ပါသည်။

မီဒီယာသဘောထားအပေါ် စောင့်ကြည့်လေ့လာခြင်းသည် ရင်းနှီးမြှုပ်နှံမှုဗျူဟာများကို အချိန်မီချိန်ညှိရန်၊ စွန့်စားမှုများကို လျော့ကျစေရန် နှင့် ကုန်သွယ်ရေးဆုံးဖြတ်ချက်များ၏ ထိရောက်မှုကို မြှင့်တင်ရန်အတွက် အထောက်အကူဖြစ်စေပါသည်။ ထို့ပြင် ဤအကြောင်းအရာသည် ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများအား စျေးနှုန်းလမ်းကြောင်းများကို ကြိုတင်ခန့်မှန်းနိုင်စေပြီး အရင်းအနှီးဆုံးရှုံးရခြင်းမှ ကာကွယ်ရန် လိုအပ်သည်များကို ဆောင်ရွက်နိုင်စေပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်ရှိ Pfizer (PFE) အတွက် စျေးကွက်သဘောထား

X လူမှုကွန်ယက် (ယခင် Twitter) အသုံးပြုသူတစ်ဦးဖြစ်သည့် @jartz သည် #PFE chart မှာ “အနေအထားပိုမိုကောင်းမွန်လာကြောင်း” မှတ်ချက်ပြုထားပါသည်။ အဆိုပါသုံးစွဲသူသည် စျေးနှုန်းမှာ ပင်မရောင်းလိုအားစျေးတန်း ("neckline") ကို ဖောက်ကျော်နိုင်ပြီး ရေရှည်တည်တံ့သော မြင့်တက်မှုလမ်းကြောင်းတစ်ခုကို စတင်နိုင်ကြောင်း ယုံကြည်ထားသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်ရှိ Pfizer (PFE) အတွက် စျေးကွက်သဘောထား

အသုံးပြုသူ @pnani456 သည် #PFE chart ကို “ခံစစ်ကစားပွဲ” အဖြစ် ရေးသားဖော်ပြပါသည်။ Chart အား သုံးသပ်မှုအရ အဆိုပါသုံးစွဲသူသည် စျေးကွက်မတည်ငြိမ်မှုများအကြား စတော့ရှယ်ယာ၏ တသမတ်တည်းဖြစ်လွန်းလှသော တုံ့ပြန်ဆောင်ရွက်ပုံကို အလေးထားပြောကြားပြီး Pfizer စတော့များသည် အမြတ်ဝေစုများနှင့် အရင်းအနှီးကာကွယ်မှုကို ဦးစားပေးသော ရေရှည်ရင်းနှီးမြှုပ်နှံသူများအတွက် ယုံကြည်စိတ်ချရသည့် ရွေးချယ်မှုတစ်ရပ် ဖြစ်လာနိုင်ကြောင်း အရိတ်အမွတ်ပြောဆိုထားပါသည်။

ဤဥပမာများအပေါ် အခြေခံ၍ #PFE နှင့်စပ်လျဥ်းသော ယေဘုယျသဘောထားအလုံးစုံသည် ဆက်လက်ကောင်းမွန်နေဆဲ ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် အဆိုပါစတော့ရှယ်ယာကို မတည်ငြိမ်မှုမြင့်မားသည့် အချိန်များတွင်ပင် ပုံမှန်ဝင်ငွေအား ပေးစွမ်းနိုင်သည့် ယုံကြည်စိတ်ချရသော ပိုင်ဆိုင်မှုတစ်ခုအဖြစ် ယူဆကြပါသည်။

Pfizer (PFE) စျေးနှုန်းသမိုင်း

Pfizer သည် ၁၆.၁၂.၂၀၂၁ တွင် အမြင့်ဆုံးစျေးနှုန်း $61.25 သို့ရောက်ရှိခဲ့ပါသည်။ Pfizer ၏ အနိမ့်ဆုံးစျေးနှုန်းကို စတော့ရှယ်ယာ $0.43 သို့ ထိုးကျသွားခဲ့သည့် ၀၄.၁၀.၁၉၇၄ တွင် မှတ်တမ်းတင်ခဲ့ပါသည်။

အောက်ပါ chart သည် လွန်ခဲ့သော ဆယ်နှစ်အတွင်းရှိ  #PFE စျေးနှုန်းစွမ်းဆောင်ရည်ကို ပြသပါသည်။ ကျွန်ုပ်တို့၏ ကြိုတင်ခန့်မှန်းချက်များအား တတ်နိုင်သမျှ တိကျစေရေးအတွက် သမိုင်းတလျှောက်ဒေတာများကို အကဲဖြတ်ရန် လွန်စွာအရေးကြီးပါသည်။

၂၀၀၀ ပြည့်နှစ်များ၏ အစောပိုင်းကာလမှစတင်၍ Pfizer ၏ စတော့ရှယ်ယာစျေးနှုန်းသည် အဓိကသမိုင်းမှတ်တိုင်များသို့ ရောက်ရှိခဲ့ပါသည်။

  • ၂၀၀၀ ခုနှစ်တွင် Viagra၊ Lipitor နှင့် Zoloft ကဲ့သို့သော လူကြိုက်များသည့် ဆေးဝါးများ အောင်မြင်စွာ ထုတ်လုပ်ဖြန့်ဖြူးမှုကြောင့် #PFE စျေးနှုန်းသည် $50 ခန့်ဖြင့် စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါသည်။ 
  •  ၂၀၀၄ မှ ၂၀၀၉ ခုနှစ်အတွင်း ကုမ္ပဏီသည် မူပိုင်ခွင့်များစွာ ဆုံးရှုံးခြင်းနှင့် ပြင်းထန်သော ယှဥ်ပြိုင်မှု ကြုံတွေ့ရခြင်းကြောင့် #PFE စျေးနှုန်းမှာ $12–$15 အထိသို့ နိမ့်ဆင်းသွားခဲ့ပါသည်။ ထို့ပြင် ၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေးအကြပ်အတည်းသည် ဤစိန်ခေါ်မှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။
  • ၂၀၁၃ မှ ၂၀၁၉ ခုနှစ်အထိ ကင်ဆာကုသရေး၊ ကာကွယ်ဆေးများ၊ ဇီဝဆေးဝါးများတွင် တိုးတက်မှုများနှင့် ခိုင်မာသော အမြတ်ဝေစုပေးအပ်မှု မူဝါဒကြောင့် Pfizer ၏ရှယ်ယာစျေးနှုန်းသည် $35–$45 အပိုင်းအခြားအတွင်း တည်ငြိမ်ခဲ့ပါသည်။
  • BioNTech နှင့်အတူ ပူးတွဲထုတ်လုပ်ခဲ့သည့် Comirnaty ကာကွယ်ဆေး၏ ရောင်းအားမှ ကုမ္ပဏီအတွက် စံချိန်တင်ဝင်ငွေ ရရှိခဲ့သောကြောင့် ထိုပိုင်ဆိုင်မှုသည် ၂၀၂၁ ခုနှစ်တွင် အမြင့်ဆုံး $61 ဖြင့် စံချိန်ချိုးခဲ့ပါသည်။
  • ၂၀၂၃ မှ ၂၀၂၅ ခုနှစ်အတွင်း အဆိုပါကာကွယ်ဆေး၏ ဝယ်လိုအားမှာ သိသာစွာကျဆင်းခဲ့ပြီး နောက်ဆက်တွဲအနေဖြင့်  ဝင်ငွေရရှိမှု လျော့နည်းသွားစေပြီး #PFE စျေးနှုန်း နိမ့်ဆင်းခဲ့ရပါသည်။
  • ၂၀၂၅ ခုနှစ် Q1 အတွင်း Pfizer ရှယ်ယာများသည် $26 ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့ပါသည်၊ ထိုသည်မှာ လက်ရှိစိန်ခေါ်မှုများအပေါ် ကုမ္ပဏီ၏ တုံ့ပြန်မှု အပါအဝင် စျေးကွက်အနေအထားအသစ်များနှင့် အလိုက်သင့်ဆောင်ရွက်နိုင်စွမ်းကို ထင်ဟပ်မြင်သာစေပါသည်။

သမိုင်တလျောက်တွင် Pfizer စတော့သည် ပြင်းထန်သော စျေးကျဆင်းမှုများစွာမှ ပြန်လည်ဦးမော့လာနိုင်စွမ်းကို လက်တွေ့ပြသခဲ့ပြီး အနာဂတ်တွင် စျေးမြင့်တက်မည့် အလားအလာကို ညွှန်ပြနေပါသည်။

LiteFinance: Pfizer (PFE) စျေးနှုန်းသမိုင်း

Pfizer (PFE) ၏ အခြေခံတကျစိစစ်ခွဲဖြာမှု

အခြေခံတကျစိစစ်ခွဲဖြာမှုသည် ပိုင်ဆိုင်မှုတိုင်း၏ စျေးနှုန်းကို ကြိုတင်ခန့်မှန်းရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိပါသည်။ ၎င်းသည် ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များ၊ ကုမ္ပဏီ၏ စျေးကွက်ရပ်တည်ချက် နှင့် #PFE စျေးနှုန်းအပေါ် အကျိုးသက်ရောက်စေသည့် အခြားအညွှန်းကိန်းများ စသည်တို့ကို အကဲဖြတ်ခြင်း ဖြစ်ပါသည်။

မည်သည့်အကြောင်းအရာများသည် Pfizer (PFE) စတော့ရှယ်ယာကို ထိခိုက်စေပါသနည်း။

  • ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ။ ကုမ္ပဏီ၏ ဝင်ငွေများ၊ အသားတင်ဝင်ငွေ၊ အမြတ်ရရှိမှု နှင့် ငွေသားလည်ပတ်မှု။
  • ဆေးဝါးအသစ်များ၏ ဖွံ့ဖြိုးတိုးတက်မှု နှင့် စျေးကွက်သို့ စတင်ဖြန့်ဖြူးမှု။ ဆေးဖက်ဆိုင်ရာ လက်တွေ့စမ်းသပ်မှုများ အောင်မြင်ခြင်း နှင့် စည်းမျဥ်းဆိုင်ရာ အတည်ပြုချက်များ။
  • မူပိုင်ခွင့်ကာကွယ်မှု။ အဓိကဆေးဝါးများ၏  မူပိုင်ခွင့်သက်တမ်းကုန်ဆုံးခြင်း၊ အမှတ်တံဆိပ်မရှိသော ယေဘုယျဆေးဝါးများ ပေါ်ထွက်လာမှု။
  • အကျိုးတူပူးပေါင်းခြင်း နှင့် လွှဲပြောင်းဝယ်ယူခြင်း။ ထုတ်ကုန်အမျိုးအစား နှင့် စျေးကွက်များသို့ ဖြန့်ချိရေးကို ချဲ့ထွင်ပေးမည့် မဟာဗျူဟာမြောက် ညှိုနှိုင်းသဘောတူညီချက်များ။
  • စည်းမျဥ်းဆိုင်ရာ အနေအထား။ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဥပဒေနှင့် မူဝါဒ အပြောင်းအလဲများ။
  • ကမ္ဘာ့စီးပွားရေးအခြေအနေများ။ စီးပွားရေးအကြပ်အတည်းများ၊ ငွေကြေးအတက်အကျများ နှင့် ပထဝီနိုင်ငံရေးမတည်ငြိမ်မှုများ။
  • ပြိုင်ဆိုင်မှု။ လုပ်ငန်းနယ်ပယ်အတွင်းရှိ အဓိကပြိုင်ဖက်များ၏ လှုပ်ရှားဆောင်ရွက်မှုများ နှင့် ဆန်းသစ်တီထွင်မှု။
  • နာမည်ဂုဏ်သတင်းဆိုင်ရာ စွန့်စားမှုများ။ တရားစွဲဆိုခံခြင်း၊ ဒဏ်ကြေးပေးဆောင်ရခြင်းနှင့် လူထု၏ ထင်မြင်ယူဆချက်။
  • အမြတ်ဝေစုပေးအပ်မှု မူဝါဒ။ ရှယ်ယာပိုင်ရှင်များအား ပုံမှန်ပေးအပ်မှု နှင့် ဝေစုပမာဏတို့တွင် ပြောင်းလဲမှုများ။
  • ရင်းနှီးမြှုပ်နှံသူ၏ သဘောထား။ စတော့စျေးကွက်အတွင်းရှိ ယေဘုယျလမ်းကြောင်းများ နှင့် ဆေးဝါးထုတ်လုပ်ရေး အခန်းကဏ္ဍအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ သဘောထား။

ဖော်ပြပါအချက်များအရ ရင်းနှီးမြှုပ်နှံသူများသည် Pfizer စတော့၏ အနာဂတ်အလားအလာများကို ပကတိအတိုင်း အကဲဖြတ်နိုင်ပြီး ပိုမိုပြည့်စုံကြွယ်ဝသော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ပါသည်။

Pfizer (PFE) နှင့် ပတ်သက်သော ထပ်တိုးအကြောင်းအရာများ

Pfizer Inc. သည် New York၊ Brooklyn တွင် Charles Pfizer နှင့် Charles Erhart ဝမ်းကွဲညီအကိုနှစ်ဦးမှ ၁၈၄၉ ခုနှစ်၌ တည်ထောင်ခဲ့သော ထင်ပေါ်ကျော်ကြားသည့် အမေရိကန် ဇီဝဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ အဆိုပါကုမ္ပဏီသည် ရောဂါပိုးမွှားအမျိုးမျိုးကို ကုသရန် ဆေးဝါးများနှင့် ကာကွယ်ဆေးများကို ဖန်တီးထုတ်လုပ်၍ ရောင်းချပါသည်။ Pfizer သည် အထူးသဖြင့် ကိုလက်စထရော လျော့ချရန် Lipitor (atorvastatin)၊ ပန်းသေပန်းညှိုးရောဂါ ဖြေရှင်းရန်အတွက် Viagra (sildenafil) နှင့် နမိုးနီးယားအဆုတ်ရောင်ရောဂါ ကာကွယ်ဆေး Prevenar ကဲ့သို့သော အထင်ကရထုတ်ကုန်များကြောင့် လူသိများလားပါသည်။ 

၂၀၂၀ ခုနှစ်တွင် ဂျာမန်ကုမ္ပဏီ BioNTech နှင့် ပူးပေါင်းဆောင်ရွက်ကာ mRNA နည်းပညာအပေါ် အခြေခံသော ပထမဆုံး COVID-19 ကာကွယ်ဆေးများအနက် တစ်ခုဖြစ်သည့် Comirnaty ကို ဖန်တီးပြုလုပ်ခဲ့ပြီး ၎င်းသည် Pfizer ၏ ကမ္ဘာလုံးဆိုင်ရာ ဂုဏ်သတင်းကျော်ဇော်မှုကို သိသာစွာ မြှင့်တင်ပေးခဲ့ပါသည်။ ထိုကုမ္ပဏီသည် ဆန်းသစ်တီထွင်ထားသော ၎င်း၏ ဆေးဝါးအမျိုးအစားများကို ချဲ့ထွင်ရန် နှင့် ကမ္ဘာ့ဆေးဖက်ဆိုင်ရာ စျေးကွက်အတွင်း ၎င်၏ရပ်တည်ချက် ခိုင်မာစေရန်အတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် တက်ကြွစွာ ရင်းနှီးမြှုပ်နှံလျက် ရှိပါသည်။

Pfizer (PFE) တွင်ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ

Pfizer သည် ရေပန်းစား၍ ထိရောက်သော ဆေးဝါးများကို ထုတ်လုပ်သော အကြီးစား ဆေးဖော်စပ်ရေးဆိုင်ရာ ကုမ္ပဏီများအနက် တစ်ခုဖြစ်ပါသည်။ သို့သော် ၎င်းသည် ခိုင်မြဲသော အမြတ်ဝေစုပေးအပ်ရေး မူဝါဒကို လိုက်နာကျင့်သုံးပြီး ထိုသည်မှာ #PFE စတော့ကို ဘေးကင်းလုံခြုံသော ရင်းနှီးမြှုပ်နှံရေး ရွေးချယ်မှုတစ်ရပ် ဖြစ်စေပါသည်။ သို့သော် အခြားပိုင်ဆိုင်မှုများနည်းတူ #PFE သည် အကျိုးကျေးဇူများသာမက စွန့်စားမှုများကိုလည်း သယ်ဆောင်လာပါသည်။

အကျိုးကျေးဇူးများ

  • တည်ငြိမ်သော ဆေးဝါးလုပ်ငန်း။ ဝယ်လိုအား မြင့်မားသော ‌ဆေးဝါးများနှင့် ကာကွယ်ဆေးများ၏ အမျိုးအစားကျယ်ပြန့်စုံလင်မှု။
  • အမြတ်ဝေစု ခွဲဝေပေးအပ်မှုများ။ အမြတ်ဝင်ငွေသည် စျေးကွက်ပျမ်းမျှတန်ဖိုး(~5%) အထက်တွင် ရှိပါသည်။
  • ဆန်းသစ်တီထွင်မှုတွင် ဦးဆောင်နေခြင်း။ R&D နှင့် စမ်းသပ်အောင်မြင်သည့် ဆေးဝါးများ ( ကင်ဆာရောဂါကုသရေး၊ ကာကွယ်ဆေးများ) တွင် သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှုများ။
  • ကာကွယ်‌ရေးပိုင်ဆိုင်မှု။ ကပ်ဘေးကာလများတွင်ပင် ဆေးဝါးများအတွက် ဝယ်လိုအားသည် ဆက်လက်ခိုင်မာနေဆဲ ဖြစ်ပါသည်။
  • ကမ္ဘာအနှံ့ချဲ့ထွင်မှု။ အဓိကဆေးဖက်ဆိုင်ရာ စျေးကွက်များတွင် လုပ်ငန်းလည်ပတ်မှုများ။
  • အစိုးရ၏ ပံ့ပိုးမှု။ အာဏာပိုင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု နှင့် သုတေသနအတွက် ရန်ပုံငွေ ထောက်ပံ့ပေးခြင်း။
  • နည်းပညာအသစ်များကို ရယူသုံးစွဲခွင့်။ ဇီဝနည်းပညာကုမ္ပဏီများကို ပုံမှန်ဝယ်ယူခြင်း။

အားနည်းချက်များ

  • ကိုဗစ်နောက်ဆက်တွဲ ဝင်ငွေများကျဆင်းခြင်း။ ကိုဗစ်-၁၉ အတွက် အသုံးပြုသော ဆေးဝါးများနှင့် ကာကွယ်ဆေးများအတွက် ဝယ်လိုအား ကျဆင်းမှု။
  • အစိုးရအာဏာပိုင်များအပေါ် မှီခိုရမှု။ FDA အတည်ပြုချက်များနှင့် မူပိုင်ခွင့်ဥပ‌ဒေတို့သည် ဝင်ငွေရရှိမှုအပေါ် ထိခိုက်စေနိုင်ပါသည်။
  • မူပိုင်ခွင့်သက်တမ်းကုန်ဆုံးခြင်း၏ စွန့်စားမှုအန္တရာယ်။ သီးသန့်မူပိုင်ခွင့် ဆုံးရှုံးခြင်းသည် အမြတ်ငွေကို လျော့ကျစေပါသည်။ (Lipitor သည်ဥပမာတစ်ခု ဖြစ်ပါသည်။)
  • အပြိုင်အဆိုင်မြင့်မားခြင်း။ စျေးကွက်နှင့် ဆန်းသစ်တီထွင်မှုအတွက် အခြားဆေးဖက်ဆိုင်ရာ အကြီးစားကုမ္ပဏီများနှင့် ယှဥ်ပြိုင်ရခြင်း။
  • ဖွံ့ဖြိုးတိုးတက်မှုစက်ဝန်း ကြာမြင့်ခြင်း။ ဆေးဖက်ဆိုင်ရာ လက်တွေ့စမ်းသပ်မှုများသည် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပြီး ရှုံးနိမ့်မှုများသည် သိသာပေါ်လွင်သော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေပါသည်။
  • အထွေထွေစီးပွားရေးဆိုင်ရာ အကြောင်းအရာများအပေါ် ထိခိုက်လွယ်ခြင်း။ ဆေးဝါးစျေးနှုန်း စည်းမျဥ်း၊ ငွေကြေးဖောင်းပွမှု။
  • စတော့ရှယ်ယာအတက်အကျများ။ ထိုလုပ်ငန်းနယ်ပယ်တွင် တည်ငြိမ်မှုရှိသော်လည်း PFE စျေးနှုန်းသည် စျေးကွက်လမ်းကြောင်းများကြောင့် ထိခိုက်လွယ်ပါသည်။

Pfizer (PFE) သည် ၎င်း၏ အမြတ်ဝေစုပေးအပ်မှု ခိုင်မာခြင်းနှင့် ဆန်းသစ်တီထွင်မှုမှတဆင့် ကြီးထွားမှု အခွင့်အလမ်းများကြောင့် လူအများသိရှိခဲ့ကြသည့် ကြံ့ခိုင်မှုရှိသော ဆေးဝါးကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ သို့သော် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကိုဗစ်နောက်ပိုင်း ဝင်ငွေကျဆင်းမှု၊ နောင်ဖြစ်ပေါ်လာမည့် မူပိုင်ခွင့် သက်တမ်းကုန်ဆုံးမှုများ ကဲ့သို့သော အချက်များသည် စတော့စျေးနှုန်းအပေါ် လွှမ်းမိုးသက်‌ရောက်နိုင်ကြောင်း သတိပြုထားသင့်ပါသည်။ ထိုပိုင်ဆိုင်မှုသည် ရေရှည်ရင်းနှီးမြှုပ်နှံမှုများအတွက် သင့်တော်သော်လည်း ဆက်စပ်နေသော စွန့်စားမှုများကို နှံ့နှံ့စပ်စပ် အကဲဖြတ်ချင့်တွက်ရန် အရေးကြီးပါသည်။

ကြိုတင်ခန့်မှန်းချက်များကို ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်ပုံ

သတ်မှတ်အချိန်ကာလ သုံးမျိုးအပေါ် အခြေခံကာ စတော့စျေးနှုန်းများကို ခန့်မှန်းပါသည်။

  • ရေတိုကာလကြိုတင်ခန့်မှန်းချက်များ ( ၆ လအထိ) သည် နည်းပညာဆိုင်ရာ စိစစ်သုံးသပ်မှု ( ဝယ်လိုအား/ ရောင်းလိုအားစျေးတန်းများ၊ အညွှန်းကိန်းများ၊ ပမာဏများ ) နှင့် သတင်းများ။ အထွေထွေစီးပွားရေးဆိုင်ရာ ဖြစ်ရပ်များ၊ အစီရင်ခံစာများ နှင့် စျေးကွက်တုံ့ပြန်ချက်များကို ထည့်သွင်းတွက်ဆရပါသည်။
  • အလယ်အလတ်ကာလ ကြိုတင်ခန့်မှန်းချက်များ ( ၆ လ မှ ၃ နှစ်အထိ) တွင် အခြေခံတကျစိ စစ်ခွဲဖြာမှု ( ဘဏ္ဍာရေးဆိုင်ရာအညွှန်းများ၊ ယှဥ်ပြိုင်မှုအားသာချက်များ ၊ အရောင်းအား လမ်းကြောင်းများ) ပါဝင်ကြသည်။ အထွေထွေစီးပွားရေးလမ်းကြောင်းများ၊ အတိုးနှုန်းများ၊ ပထဝီနိုင်ငံရေး နှင့် ကုမ္ပဏီ၏ ထုတ်ကုန်လည်ပတ်မှုတို့ကို အကဲဖြတ်ရပါသည်။
  • ရေရှည်ကာလကြိုတင်ခန့်မှန်းချက်များ ( ၃ နှစ် (သို့) ထိုထက်ပို၍) သည် ဗျူဟာမြောက် စိစစ် သုံးသပ်ချက်အပေါ် အာရုံစိုက်ပါသည်။ လုပ်ငန်းနယ်ပယ်၏ အနာဂတ်မျှော်မှန်းချက်၊ ဆန်းသစ်တီထွင်မှု၊ တိုးတက်မှုအလားအလာများ၊ အရင်းအနှီးစီမံခန့်ခွဲမှု နှင့် ကမ္ဘာတဝှမ်းရှိ အကြောင်းအရာများကို စူးစမ်းလေ့လာရပါသည်။ ထို့ပြင် discounted cash flow (DCF) မော်ဒယ်များနှင့် တန်ဖိုးအကဲဖြတ်ချက်များစွာကိုလည်း အသုံးပြုပါသည်။

သို့သော် ကြိုတင်ခန့်မှန်းချက်အသစ်တစ်ခုချင်းစီတွင် နောက်ဆုံးထွက် အချက်အလက်များနှင့်တကွ လက်ရှိဖြစ်ပေါ် ပြောင်းလဲနေသော စျေးကွက်အခြေအနေများနှင့် ကိုက်ညီစေရန် ချိန်ညှိုမှု လိုအပ်ပါသည်။

နိဂုံးချုပ်: Pfizer (PFE) သည်ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါသလား။

Pfizer သည် ခိုင်မာသော ဘဏ္ဍာရေးဆိုင်ရာစွမ်းဆောင်ရည်၊ ဆေးဝါးထုတ်ကုန်များ အမျိုးအစားစုံလင်မှု နှင့် ပုံသေအမြတ်ဝေစုပေးအပ်မှုများရှိသော အကြီးစားဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီများအနက် တစ်ခုအဖြစ် ရပ်တည်လျက် ရှိပါသည်။ ကပ်ရောဂါနောက်ပိုင်း ဝင်ငွေများကျဆင်းမှု ရှိသော်လည်း ကုမ္ပဏီသည် သုတေသနလုပ်ငန်းတွင် ဆက်လက်ရင်းနှီးမြှုပ်နှံနေပြီး ထိုသည်မှာ ရေရှည်စျေးမြင့်တက်နိုင်ခြေကို မြှင့်တင်ပေးပါသည်။ မည်သို့ပင်ဖြစ်စေ အဆိုပါစတော့ရှယ်ယာသည် မူပိုင်ခွင့် သက်တမ်းကုန်ဆုံးမှုများ၊ စည်းမျဥ်းဆိုင်ရာ ပြောင်းလဲမှုများ နှင့် ပြင်းထန်သော ယှဥ်ပြိုင်မှုတို့နှင့် ဆက်စပ်သော စွန့်စားမှုများကို  ကြုံတွေ့နေရပါသည်။

ခြုံငုံသုံးသပ်ကြည့်ပါက PFE သည် အမြတ်ဝေစုကို ဦးစားပေးသည့် ရေရှည်ရင်းနှီးမြှုပ်နှံသူများအတွက် ယုံကြည်စိတ်ချရသော ရွေးချယ်မှုတစ်ခု ဖြစ်ပါသည်။ သို့သော် စျေးကွက်အခြေအနေများကို ဂရုတစိုက် လေ့လာစောင့်ကြည့်ရန် နှင့် ဗျူဟာမြောက် စွန့်စားမှုစီမံခန့်ခွဲရေးကို လက်တွေ့ကျင့်သုံးရန် လွန်စွာအရေးကြီးပါသည်။

Pfizer ‌စျေးနှုန်းမှန်းဆချက်တွင် ‌မေးလေ့ရှိသော အမေးနှင့်အဖြေများ

လက်ရှိ Pfizer (PFE) စတော့ရှယ်ယာစျေးနှုန်းမှာ ၁၄.၀၅.၂၀၂၆ အရ $26.05 ဖြစ်ပါသည်။

အထူးသဖြင့် စျေးနှုန်းသည် ပင်မရောင်းလိုအား $28.00 ကို ဖောက်ကျော်ပါက Pfizer ရှယ်ယာများသည် အလားအလာကောင်းသော မြင့်တက်နိုင်ချေကို ပြသပါသည်။ ကုမ္ပဏီသည် ပုံမှန်အမြတ်ဝေစု ပေးအပ်မှုကို ထိန်းသိမ်းထားရုံသာမက သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း အားသွန်ခွန်စိုက် ဆက်လက်ရင်းနှီးမြှုပ်နှံလျက် ရှိပါသည်။ သို့သော် ၎င်း၏ချဲ့ထွင်မှုသည် စည်းမျဥ်းဆိုင်ရာ ဆုံးဖြတ်ချက်များ၊ ဆေးဝါးအသစ်များအတွက် ဝယ်လိုအားနှင့် စျေးကွက်အခြေအနေများအပေါ် များစွာမူတည်ပါသည်။

Pfizer ရှယ်ယာများ၏ အနာဂတ်မှာ သေချာရေရာမှုမရှိပါ၊ ကြိုတင်ခန့်မှန်းချက်များသည် ကျယ်ပြန့်သော စျေးနှုန်းအပိုင်းအခြားကို ဖော်ပြနေပါသည်။ အကယ်၍ အောင်မြင်သော ဆန်းသစ်တီထွင်မှုများ ထွက်ပေါ်လာပြီး ဆေးဝါးထုတ်လုပ်ရေး အခန်းကဏ္ဍတွင် တည်ငြိမ်၍ အထွေထွေစီးပွားရေး အကြောင်းအရာများမှာ ကောင်းမွန်ပါက စတော့ရှယ်ယာသည် $35–$40 အထိသို့ မြင့်တက်လာနိုင်ပါသည်။ သို့သော် စည်းမျဥ်းဆိုင်ရာ စွန့်စားမှုများနှင့် ပြိုင်ဆိုင်မှုများသည် တိုးတက်မှုကို ဟန့်တားစေနိုင်ပြီး $2–$8 အထိသို့ တန်ဖိုးကျဆင်းနိုင်ပါသည်။

၂၀၂၅ ခုနှစ်အတွင်း #PFE သည် ၎င်း၏ အမြတ်ဝေစု မြင့်မားခြင်း(6.51%) နှင့် အခြေခံအညွှန်းကိန်းများ ကြံ့ခိုင်တောင့်တင်းခြင်းကြောင့် ခိုင်မာသော ပိုင်ဆိုင်မှုတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါသည်။ သို့သော် ကိုဗစ်အလွန် ပို၍နိမ့်ဆင်းသွားသော အမြတ်ငွေရရှိမှု နှင့် စည်းမျဥ်းဆိုင်ရာ စွန့်စားမှုများကြောင့် အဆိုပါစတော့ရှယ်ယာသည် ဖိအားဒဏ်ကို ရင်ဆိုင်နေရပါသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ပိုင်ဆိုင်မှုမှာ $28.00 အထက်သို့ ထိုးတက်နိုင်သော်လည်း စွန့်စားမှုဆိုင်ရာ စိစစ်သုံးသပ်ချက်များ လိုအပ်ကြောင်းကို ထည့်သွင်းတွက်ဆသင့်ပါသည်။

၂၀၂၆ ခုနှစ်အတွင်း Pfizer စတော့ရှယ်ယာအတွက် ကြိုတင်မှန်းဆချက်များသည် ကျယ်ပြန့်သော စျေးနှုန်းအပိုင်းအခြားကို အကြံပြုထားပါသည်။ StockScan သည် $21.46–$40.37 အထိ အပိုင်းအခြားကို ခန့်မှန်းတွက်ချက်ထားသော်လည်း Coin Price Forecast သည် $29.13 သို့စျေးတိုးများလာမှုကို မှန်းဆကာ CoinCodex သည် $42.94 အထိသို့ မြင့်တက်မှုကို မျှော်လင့်ပါသည်။ နောက်ဆုံးတွင် စျေးနှုန်းရွေ့လျားမှုသည် ကုမ္ပဏီ၏ ဘဏ္ဍာရေးရလဒ်များ နှင့် စျေးကွက်အခြေအနေတို့အပေါ် မူတည်ပါလိမ့်မည်။

ကျွမ်းကျင်ပညာရှင်များသည် ၂၀၃၀ ခုနှစ်အတွင်း #PFE စျေးနှုန်းကြိုတင်ခန့်မှန်းမှုအပေါ်တွင် သဘောထားအမျိုးမျိုး ကွဲလွဲနေကြပါသည်။ StockScan သည် ပိုင်ဆိုင်မှုမှာ $21.46–$40.37 အပိုင်းအခြားအတွင်း အရောင်းအဝယ်ဖြစ်မည်ဟု ကြိုတင်တွက်ဆပါသည်၊ Coin Price Forecast သည် $29.13 သို့တိုးမြင့်မှုကို မှန်းဆထားပြီး CoinCodex သည် $42.94 သို့စျေးထိုးတက်မှုကို ခန့်မှန်းပါသည်။

Pfizer စတော့ရှယ်ယာ၏ တန်ဖိုးအမှန်ကို အခြေခံသဘောတရားဆိုင်ရာ အကြောင်းအရာများနှင့် စျေးကွက်အခြေအနေများ၏ ပေါင်းစပ်မှုဖြင့် ဆုံးဖြတ်ပါသည်။ လက်ရှိစျေးကွက်တန်ကြေးသည် $149.79 ဘီလီယံဖြင့် ရပ်တည်ပြီး P/E အချိုးမှာ 18.54 ဖြစ်၍ အမြတ်ဝေစုရာခိုင်နှုန်းမှာ 6.51% ဖြစ်ပါသည်။ ပင်ကိုယ်ပကတိတန်ဖိုးသည် အနာဂတ်ဝင်ငွေရရှိမှု၊ ဆန်းသစ်တီထွင်မှု နှင့် စည်းမျဥ်းဆိုင်ရာ စွန့်စားမှုများအပေါ်တွင် မူတည်ပါသည်။

Pfizer စတော့ရှယ်ယာသည် ၎င်း၏ ပုံမှန်အမြတ်ဝေစု ခွဲဝေပေးအပ်မှု (6.51%) ၊ ခိုင်မာသော ဆေးဝါးထုတ်ကုန် အစီအစဥ်များ နှင့် သုတေသနတွင် လက်ရှိရင်းနှီးမြှုပ်နှံမှုတို့ကြောင့် အလားအလာကောင်းသော ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်နိုင်ပါသည်။ သို့သော် ကိုဗစ်-၁၉ ကပ်ရောဂါနောက်ပိုင်း ဝင်ငွေကျဆင်းလာခြင်း၊ နောင်လာမည့် မူပိုင်ခွင့် သက်တမ်းကုန်ဆုံးမှုများ နှင့် ယှဥ်ပြိုင်မှုတို့သည် စွန့်စားမှုများကို ဖြစ်ပေါ်စေပါသည်။ စတော့စျေးနှုန်းသည် $28.00 အမှတ်သို့ ကျော်လွန်သွားပါက ၎င်းသည် ထိုပိုင်ဆိုင်မှုအတွက် မြင့်တက်မည့် အရှိန်အဟုန်ကို အချက်ပြနိုင်ပါသည်။

လက်တွေ့ဈေးကွက်အချိန်ရှိ PFE ၏စျေးနှုန်းဇယား

(PFE) Pfizer စတော့စျေးနှုန်း ခန့်မှန်းချက်- 2026၊ 2027၊ 2028–2030 နှင့် အထက်

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat