ဆွဇ်ဖရန့်ငွေကြေးသည် ၎င်း၏ ထူးခြားသော တည်ငြိမ်မှုကြောင့် ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို အစဥ်အမြဲ ရရှိပါသည်။ အကျိုးအမြတ်များ၍ ထိရောက်သော ရင်းနှီးမြှုပ်နှံမှုများ သေချာစေရေးအတွက် အထူးသဖြင့် ကန်ဒေါ်လာနှင့် နှိုင်းဆကာ ၎င်း၏ အနာဂတ်စျေးနှုန်းကို တိကျစွာ ခန့်မှန်းရန် အရေးကြီးပါသည်။

USDCHF အတွဲအား ကြိုတင်ခန့်မှန်းရခြင်းသည် ရိုးရှင်းလွယ်ကူသော ကိစ္စရပ် မဟုတ်ပါ၊ အကြောင်းအရင်းမှာ ၎င်း၏ ငွေကြေးလဲလှယ်နှုန်းသည် ကမ္ဘာ့စီးပွားရေးဆိုင်ရာ အကြောင်းတရားများအရ ထိခိုက်ပြောင်းလဲလွယ်သောကြောင့် ဖြစ်ပါသည်။ USDCHF ခန့်မှန်းနှုန်းထား၏ တိကျမှန်ကန်မှုသည် ကမ္ဘာ့စီးပွားရေးအခြေအနေ၊ ဆွဇ်စလန်အမျိုးသားဘဏ်နှင့် ယူအက်စ်ဖယ်ဒရယ်ဗဟိုဘဏ်တို့၏ ငွေကြေးဆိုင်ရာမူဝါဒများ၊ ပထဝီနိုင်ငံရေးအခင်းအကျင်း နှင့် အခြားစီးပွားရေးဆိုင်ရာ အညွှန်းကိန်းများ အပါအဝင် ရှုထောင့်ပေါင်းမြောက်များစွာအပေါ်တွင် မူတည်နေပါသည်။

ဤဆောင်းပါးတွင် ၂၀၂၅-၂၀၃၀ ခုနှစ် နှင့် နောင်လာမည့်နှစ်များအတွက် USDCHF အတွဲ၏ အသေးစိတ် စိစစ်သုံးသပ်ချက်တစ်ရပ်ကို ဖော်ပြသွားပါမည်။ အဆိုပါစိစစ်သုံးသပ်ချက်တွင် ထိပ်တန်းဆန်းစစ် လေ့လာရေး အကျိုးဆောင်များမှ တွက်ချက်ခန့်မှန်းမှုများ၊ နည်းပညာပိုင်းဆိုင်ရာ စိစစ်ခွဲဖြာမှု နှင့် အခြေခံကျသောအကြောင်းရင်းများကို နှံ့စပ်စွာခြုံငုံသုံးသပ်ခြင်းတို့ ပါဝင်ပါသည်။ ဤငွေကြေးအတွဲအတွက် ခန့်မှန်းခြေအနာဂတ်ကို စူးစမ်းလေ့လာကြည့်ကြပါစို့။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


ပင်မကောက်နှုတ်ချက်များ

  • USDCHF အတွဲ၏ လက်ရှိစျေးနှုန်းမှာ ၁၄.၀၅.၂၀၂၆ အရ ₣0.78230 ဖြစ်ပါသည်။
  • USDCHF အတွဲသည် ၁၈.၀၉.၂၀၀၃ တွင် ၎င်း၏ စံချိန်တင်အမြင့်ဆုံးစျေးနှုန်း ₣1.3868 သို့ ‌ရောက်ရှိခဲ့ပါသည်။ ထိုငွေကြေးအတွဲ၏ စံချိန်ချိုးအနိမ့်ဆုံးတန်ဖိုး ₣0.71829 ကို ၁၀.၀၈.၂၀၁၁ တွင် မှတ်တမ်းတင်ခဲ့ပါသည်။
  • ၂၀၂၅ ခုနှစ်အတွက် စိစစ်လေ့လာသူများသည် USDCHF နှုန်းအတွက် အမျိုးမျိုးသော ခန့်မှန်းတွက်ဆချက်များကို ထုတ်ပြန်ပါသည်။ ကျွမ်းကျင်ပညာရှင်အချို့သည် အဆိုပါငွေကြေးအတွဲမှာ အကျလမ်းကြောင်းတစ်ခုကို ဆက်လက်ထိန်းသိမ်းထားပြီး 0.8538–0.8641 ဧရိယာအထိသို့ ကျဆင်းသွားမည်ဟု မှန်းဆကြပါသည်။ ဆန့်ကျင်ဘက်အနေဖြင့် အခြားပညာရှင်များသည် ကန်‌ဒေါ်လာမှာ ဆွဇ်ဖရန့်ထက် အားကောင်းခိုင်မာ၍ ထိုငွေကြေးအတွဲမှာ 0.9160–0.9200 အပိုင်းအခြားအထိသို့ ရောက်ရှိမည်ဟု ယူဆကြပါသည်။
  • ၂၀၂၆ ခုနှစ်အတွက် ကြိုတင်ခန့်မှန်းချက်များမှာ ရောထွေးလျက်ရှိပါသည်။ စိစစ်လေ့လာသူအချို့သည် အဆိုပါငွေကြေးအတွဲကို 0.9290–0.9430 အထိသို့ မြင့်တက်လာရန် မျှော်လင့်ထားပါသည်။ ဆန့်ကျင်ဘက်အနေဖြင့် အခြားကျွမ်းကျင်သူများသည် ပိုမိုမယုတ်မလွန်ဖြစ်သော မျှော်မှန်းချက်ကို အကြံပြုဖော်ပြပြီး 0.8321–0.8590 ဧရိယာသို့ ကျဆင်းမည်ဟု ခန့်မှန်းကြပါသည်။
  • ၂၀၂၇-၂၀၃၀ ခုနှစ်အတွက် ရေရှည်ကာလကြိုတင်ခန့်မှန်းချက်များမှာ စျေးနှုန်းအပေါ် သက်ရောက်စေနိုင်သည့် အခြေခံအကြောင်းရင်းအားလုံးကြောင့် မသေချာမရေရမှုများ ဆက်လက်ဖြစ်ပေါ်နေပါသည်။ ကျွမ်းကျင်ပညာရှင်များစွာအရ USDCHF စျေးနှုန်းများမှာ ၂၀၃၀ ခုနှစ်၌ 0.9119 သို့ရောက်ရှိနိုင်ပါသည်။ မယုတ်မလွန်ဆန်သော ကြားချခန့်မှန်းချက်များသည် 0.8150–0.8240 ကျဥ်းမြောင်းသည့် စျေးတန်းအပိုင်းအခြားအတွင်း စျေးနှုန်းတည်ငြိမ်သွားမည်ဟု ညွှန်ပြပါသည်။
  • ၂၀၄၀ နှင့် ၂၀၅၀ ခုနှစ်အတွင်း စီးပွားရေးလည်ပတ်မှုများ၊ နိုင်ငံရေးအပြောင်းအလဲများ၊ နည်းပညာပိုင်းဆိုင်ရာ ထိုးဖောက်အောင်မြင်မှုများ နှင့် ပထဝီနိုင်ငံရေးဖြစ်ရပ်များသည် ထိုငွေကြေးအတွဲအပေါ် သိသာသောသက်ရောက်မှု ရှိနိုင်ပါသည်။ ရေရှည်ကာလတွင် ဆွစ်ဇာလန်၏ သက်ဆိုင်ရာ စီးပွားရေးတည်ငြိမ်မှု နှင့် ဆွစ်ငွေကြေးဆိုင်ရာ မူဝါဒ၏ ရေရှည်တည်တံ့မှုတို့သည် ဆွစ်ဖရန့်ငွေကြေးကို အထောက်အကူဖြစ်စေနိုင်ပါသည်။ သို့သော် ယူအက်စ်တွင် ငွေကြေးဖောင်းပွမှု တိုးမြင့်လာခြင်း (သို့) သိသာထင်ရှားသော ကမ္ဘာ့စီးပွားရေး အလှည့်အပြောင်းများသည် ဤထင်မြင်ယူဆချက်ကို ပြောင်းလဲသွားနိုင်ပါသည်။

USDCHF ၏ အချိန်နှင့်တပြေးညီ စျေးကွက်အနေအထား

USDCHF ငွေကြေးအတွဲမှာ ၁၄.၀၅.၂၀၂၆ အရ ₣0.78230 ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

USDCHF ငွေကြေးအတွဲ၏ စွမ်းဆောင်ရည်ကို ကြိုတင်ခန့်မှန်းရာတွင် အောက်ဖော်ပြပါ အဓိကကျသော ညွှန်းဆိုချက်များအား စောင့်ကြည့်လေ့လာရန် အရေးကြီးပါသည်။

  • အတိုးနှုန်း ဆိုသည်မှာ ငွေချေးယူမှု၏ ကုန်ကျစရိတ်ကို ရည်ညွှန်းပြီး ၎င်းကို အရင်းငွေပမာဏ၏ ရာခိုင်နှုန်းတစ်ခုအဖြစ် ဖော်ပြပါသည်။ ၎င်းသည် ချေးယူစရိတ်များနှင့် အရင်းအနှီးမှ အကျိုးအမြတ်ရရှိမှုအပေါ် ထိခိုက်ခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံမှု နှင့် စားသုံးသူအသုံးစရိတ်ကို သက်ရောက်မှုဖြစ်စေပါသည်။
  • ပြည်တွင်းစားသုံးသူ စျေးနှုန်းအညွှန်းကိန်း (CPI) ( နှစ်အလိုက်) သည် ငွေကြေးဖောင်းပွနှုန်းကို ပြသပြီး တစ်နှစ်အတွင်း ကုန်စည်ပစ္စည်းတစ်ခြင်းစာ ကျသင့်ငွေနှင့် ဝန်‌ဆောင်မှုစရိတ်များ၏ ပြောင်းလဲမှုကို ထင်ဟပ်မြင်သာစေပါသည်။
  • စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (GDP) (နှစ်အလိုက်) သည် တစ်နှစ်အတွင်း နိုင်ငံတစ်နိုင်ငံ၏ ကုန်စည်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ စုစုပေါင်းထုတ်လုပ်မှုတွင် ရာခိုင်နှုန်းအပြောင်းအလဲကို တိုင်းတာပေးပါသည်။
  • အလုပ်အကိုင်ရရှိမှုနှုန်း သည် ခန့်အပ်ထားသည့် အလုပ်လုပ်နိုင်သော အသက်အရွယ်လူဦးရေ၏ အချိုးအစားဖြစ်ပါသည်။ မြင့်မားသော အလုပ်အကိုင်ရရှိမှုနှုန်းသည် ကြံ့ခိုင်တောင့်တင်းသော စီးပွားရေး၏ လက္ခဏာရပ်တစ်ခု ဖြစ်ပါသည်။
  • အလုပ်လက်မဲ့နှုန်း သည် တက်ကြွစွာ အလုပ်ရှာဖွေနေသော်လည်း ခန့်အပ်ခြင်းမခံရသည့် အလုပ်လုပ်နိုင်သော အသက်အရွယ်လူဦးရေ၏ အချိုးအစားဖြစ်ပါသည်။ အလုပ်လက်မဲ့နှုန်း နည်းပါးခြင်းသည် ခိုင်မာသော လုပ်သားစျေးကွက်ကို ညွှန်းဆိုပါသည်။
  • ကုန်သွယ်ရေးဟန်ချက်ညီမျှမှု သည် ကုန်စည်ပစ္စည်း နှင့် ဝန်ဆောင်မှုများ၏ တင်သွင်းမှုများအကြား ကွာခြားချက်ကို ရည်ညွှန်းပါသည်။
  • နိုင်ငံခြားလဲလှယ်ရေး အရံသိမ်းဆည်းမှုများ သည် နိုင်ငံတစ်နိုင်ငံ၏ ဗဟိုဘဏ်မှ ကိုင်ဆောင်ထားသော (သို့) ထိန်းချုပ်ထားသော ငွေကြေးများ၊ ငွေချေးစာချုပ်များ နှင့် အခြားရင်းနှီးမြှုပ်နှံရေး စာချုပ်များ စသည့် နိုင်ငံခြားပိုင်ဆိုင်မှုများ ဖြစ်ပါသည်။
  • ပြင်ပကြွေးမြီ ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံမှ နိုင်ငံရပ်ခြားအကြွေးရှင်များထံ ပေးဆပ်ရမည့်/ အကြွေးတင်နေသော စုစုပေါင်းပမာဏ ဖြစ်ပါသည်။

အတိုင်းအတာ (ဆွစ်ဇာလန်)

တန်ဖိုး

အတိုးနှုန်း

0.50%

ပြည်တွင်းစားသုံးသူ စျေးနှုန်းအညွှန်းကိန်း (CPI) (နှစ်အလိုက်)

0.3%

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (GDP)

1.30%

အလုပ်အကိုင်ရရှိမှုနှုန်း

80.60%

အလုပ်လက်မဲ့နှုန်း

2.90%

ကုန်သွယ်ရေးဟန်ချက်ညီမျှမှု

4.029 ဘီလီယံ CHF

နိုင်ငံခြားလဲလှယ်ရေး အရံသိမ်းဆည်းမှုများ

735.371 ဘီလီယံ CHF

ပြင်ပကြွေးမြီး

1,962.412 ဘီလီယံ CHF

နည်းပညာပိုင်းဆိုင်ရာ စိစစ်ခွဲဖြာမှုအပေါ် အခြေခံ၍ ၂၀၂၅ ခုနှစ် အတွက် USDCHF စျေးနှုန်းကြိုတင်ခန့်မှန်းချက်

ကြိုတင်ခန့်မှန်းချက်တစ်ရပ် လုပ်ဆောင်ရန်အတွက် USDCHF ၏ နည်းပညာပိုင်းဆိုင်ရာ စိစစ်ခွဲဖြာမှုတစ်ရပ်ကို ဆောင်ရွက်ကြပါစို့။

LiteFinance: နည်းပညာပိုင်းဆိုင်ရာ စိစစ်ခွဲဖြာမှုအပေါ် အခြေခံ၍ ၂၀၂၅ ခုနှစ် အတွက် USDCHF စျေးနှုန်းကြိုတင်ခန့်မှန်းချက်

USD/CHF ငွေကြေးအတွဲမှာ အချိန်ကြာမြင့်စွာ ကြီးမားသော Expanding Wedge pattern တစ်ခုထဲတွင် အရောင်းအဝယ်ဖြစ်နေပါသည်။ စျေးနှုန်းမှာ အဆိုပါ pattern၏ အထက်ပိုင်း (သို့) အောက်ဖက် နယ်နိမိတ်ကို ဖောက်ထွက်နိုင်ပါသည်။ ထိုနှစ်အစပိုင်း၌ စျေးနှုန်းသည် ပင်မရောင်းလိုအားစျေးတန်း 0.9228 သို့ချဥ်းကပ်စမ်းသပ်ခဲ့ပြီး ၎င်း၏ အောက်သို့ ပြန်လည်ကျဆင်းခဲ့ပါသည်။

ထိုအတောအတွင်း စျေးနှုန်းတွင် Bearish Engulfing၊ Shooting Star နှင့် Three Black Crows reversal pattern များ ဖြစ်ပေါ်စေခဲ့ပြီး ထိုသည်မှာ စျေးကွက်ပေါက်စျေးသည် အမြင့်ဆုံးစျေးတန်းဧရိယာများဆီသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဖော်ပြနေပါသည်။ လက်ရှိအခါတွင် စျေးနှုန်းသည် 0.8853 အနီး၌ အရောင်းအဝယ်ဖြစ်နေပြီး ပိုမိုနက်ရှိုင်းသော စျေးကျဆင်းမှုအဆင့်ကို ပုံဖော်ပြင်ဆင်နေပါသည်။

MACD တန်ဖိုးများသည် အနှုတ်လက္ခဏာဇုန်ထဲတွင် ရှိနေပြီး ထိုသည်မှာ အကျလမ်းကြောင်းသည် ပိုမိုခိုင်မာလာကြောင်း ညွှန်ပြနေပါသည်။ RSI သည်လည်း နိမ့်ဆင်းလျက်ရှိပြီး ဤသည်မှာ စျေးကျဆင်းမည့် စျေးကွက်အနေအထား နှင့် ထပ်မံကျဆင်းမှုအလားအလာကို ထောက်ပြနေပါသည်။ MFI သည် ငွေစီးဆင်းမှု ပြင်ပသို့ထွက်ရှိနေကြောင်း ပြသပြီး ကန်ဒေါ်လာထက် ဆွစ်ငွေကြေး၏ အားကောင်းလာမှုကိုလည်း အလေးပေးဖော်ပြပါသည်။ ရိုးရှင်းသော Moving Averages MA50 နှင့် MA200 တို့သည် ရွေ့လျားနေသည့် ရောင်းလိုအားစျေးတန်း 0.8861 နှင့် 0.9113 အသီးသီးကို ပြသပါသည်။

ထိုကုန်သွယ်ရေးပိုင်ဆိုင်မှုသည် မကြာတော့မည့်ကာလအတွင်း ပင်မဝယ်လိုအားစျေးတန်း 0.8692 အထိ ဆက်လက်ကျဆင်းနိုင်ချေ ရှိပါသည်။ အဆိုပါစျေးတန်းကို ဖောက်ကျော်သွားပါက ထပ်မံရောင်းချမှုများ စတင်ဖြစ်ပေါ်နိုင်ပြီး ၎င်းသည် ၂၀၂၅ နှစ်ကုန်၌ 0.8555–0.8185 အပိုင်းအခြားဆီသို့ ကျဆင်းမှုကို ဖြစ်ပွားစေနိုင်ပါသည်။

သို့သော် အဝယ်များသည် ‌ရောင်းလိုအားစျေးတန်း 0.8853 အထက်တွင် စျေးနှုန်းကို ပုံသေထိန်းထားနိုင်ပါက အခြားဖြစ်နိုင်ခြေတစ်ခု ပေါ်ပေါက်နိုင်ပါသည်။ ထိုသို့ဖြစ်ပေါ်ပါက USDCHF အတွဲသည် 0.9005–0.9470 ဧရိယာအထိသို့ တဟုန်ထိုးမြင့်တက်သွားနိုင်ပါသည်။

အောက်ပါဇယားသည် လာမည့် ၁၂ လအတွင်း USDCHF နှုန်း၏ ကြိုတင်ခန့်မှန်းထားသော အနိမ့်ဆုံးနှင့် အမြင့်ဆုံးတန်ဖိုးများကို ပြသပါသည်။

USDCHF ခန့်မှန်းတန်ဖိုးများ

အနည်းဆုံး , CHF

အများဆုံး , CHF

၂၀၂၅ မတ်

0.8687

0.8925

၂၀၂၅ ဧပြီ

0.8562

0.8715

၂၀၂၅ မေ

0.8546

0.8611

၂၀၂၅ ဇွန်

0.8580

0.8700

၂၀၂၅ ဇူလိုင်

0.8562

0.8681

၂၀၂၅ သြဂုတ်

0.8463

0.8568

၂၀၂၅ စက်တင်ဘာ

0.8338

0.8457

၂၀၂၅ အောက်တိုဘာ

0.8316

0.8473

၂၀၂၅ နိုဝင်ဘာ

0.8497

0.8586

၂၀၂၅ ဒီဇင်ဘာ

0.8396

0.8503

၂၀၂၆ ဇန်နဝါရီ

0.8310

0.8420

၂၀၂၆ ‌ဖေဖေါ်ဝါရီ

0.8206

0.8313

USDCHF အတွက် ရေရှည်ကုန်သွယ်ရေးအစီအစဥ်

USDCHF အတွဲသည် ၂၀၂၅ ခုနှစ်အတွင်း အကျလမ်းကြောင်းအတိုင်း ဆက်လက်တည်ရှိနိုင်ပါသည်။ အပတ်စဥ် chart ပေါ်၌ ပြုလုပ်ခဲ့သော နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်မှုအရ ကျွန်ုပ်တို့သည် ကုန်သွယ်ရေးဗျူဟာများတွင် အသုံးပြုနိုင်သည့် ပင်မရောင်းလိုအားနှင့် ဝယ်လိုအားစျေးတန်းများကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါသည်။

နှစ်စဥ်ကုန်သွယ်ရေးအစီအမံ

  • အပတ်စဥ် chart ပေါ်၌ ထိုငွေကြေးအတွဲတွင် ကြီးမားသော Expanding Wedge pattern တစ်ခုကို ဖြစ်ပေါ်စေခဲ့ပါသည်။ တချိန်တည်းမှာပင် စျေးနှုန်းသည် ထို pattern ၏ အပေါ်ပိုင်း (သို့) အောက်ဖက် နယ်နိမိတ်ကို ဖောက်ထွက်နိုင်ပါသည်။ ထို့ပြင် Bearish Engulfing၊ Shooting Star နှင့် Three Black Crows candlestick pattern များပေါ်ထွက်လာခဲ့ပါသည်။ ရလဒ်အနေဖြင့် ကျဆင်းမည့်လမ်းကြောင်းပေါ်သို့ ဦးတည်ရောက်ရှိခဲ့ပါသည်။
  • MACD တန်ဖိုးများသည် အနှုတ်လက္ခဏာဇုန်အတွင်း နိမ့်ဆင်းနေပြီး ထိုသည်မှာ ဝယ်လိုအားနည်းသော စျေးကျဆင်းမှုလမ်းကြောင်းသည် ဆက်လက်တည်တံ့နိုင်ချေ ရှိကြောင်း အချက်ပြနေပါသည်။ MFI အရ ထိုပိုင်ဆိုင်မှုမှာ ပြင်ပသို့ ငွေကြေးယိုစိမ့်မှုကို ရင်ဆိုင်နေရပြီး ၎င်းသည် အရောင်းကုန်သွယ်မှုနေရာများ ဖွင့်လှစ်ရန်အတွက် အချက်ပြမှုများကို ပေးစွမ်းပါသည်။
  • ရေရှည်ကာလ အခြေခံမျှော်မှန်းချက်အရ ရည်မှန်းပစ်မှတ် 0.8555–0.8185 ဖြင့် 0.8692 အောက်တွင် အရောင်းကုန်သွယ်မှုများကို ဖွင့်လှစ်ရန် အကြံပြုပါသည်။
  • အခြားဖြစ်နိုင်ဖွယ်အခြေအနေအရ စျေးတန်းပစ်မှတ် 0.9005–0.9470 ဖြင့် 0.8853 အထက်တွင် အဝယ်ကုန်သွယ်မှုများကို ဖွင့်လှစ်ရန် ယူဆကြပါသည်။

၂၀၂၅ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ USDCHF စျေးနှုန်းမှန်းဆချက်များ

ကမ္ဘာလုံးဆိုင်ရာ စိစစ်သုံးသပ်ရေးအကျိုးဆောင်များသည် ၂၀၂၅ ခုနှစ်အတွက် USDCHF လဲလှယ်နှုန်းတွင် ရောထွေးနေသော စွမ်းဆောင်မှုကို ပြသမည်ဟု မျှော်လင့်ကြပါသည်။

LongForecast

၂၀၂၅ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား (CHF) : 0.8350–0.9340 (၂၁.၀၃.၂၀၂၅) ။

LongForecast အရ USDCHF ငွေကြေးအတွဲ၏ ပျမ်းမျှစျေးနှုန်းသည် ၂၀၂၅ ဇွန်လကုန်၌ 0.8580 သို့ရောက်ရှိပါမည်။ ထိုနှစ်၏ ဒုတိယခြောက်လပတ်အတွင်း စျေးနှုန်းများမှာ ဒီဇင်ဘာလ၌ အပိတ်စျေးနှုန်း 0.8700 ဖြင့် စျေးတန်းအပိုင်းအခြား 0.8570–0.9340 အတွင်း အရောင်းအဝယ်ဖြစ်ပါမည်။

အဖွင့်စျေး , CHF

အနည်းဆုံး–အများဆုံး , CHF

အပိတ်စျေး , CHF

မတ်

0.9030

0.8580–0.9030

0.8720

ဧပြီ

0.8720

0.8350–0.8820

0.8630

မေ

0.8630

0.8420–0.8680

0.8550

ဇွန်

0.8550

0.8450–0.8710

0.8580

ဇူလိုင်

0.8580

0.8580–0.8970

0.8840

သြဂုတ်

0.8840

0.8840–0.9150

0.9010

စက်တင်ဘာ

0.9010

0.9010–0.9340

0.9200

အောက်တိုဘာ

0.9200

0.9020–0.9300

0.9160

နိုဝင်ဘာ

0.9160

0.8760–0.9160

0.8890

ဒီဇင်ဘာ

0.8890

0.8570–0.8890

0.8700

CoinCodex

၂၀၂၅ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား (CHF) : 0.8145–0.8819 (၂၁.၀၃.၂၀၂၅) ။

စိစစ်သုံးသပ်ရေးပေါ်တယ် CoinCodex သည် ၂၀၂၅ ဇွန်လကုန်၌ USDCHF အတွဲကို 0.8330 အနီးတွင် တည်ငြိမ်သွားမည်ဟု မျှော်လင့်ကြပါသည်။ ပညာရှင်များသည် ထိုနှစ်ကုန်တွင် စျေးနှုန်းမှာ 0.8641 ဆီသို့ တဖြည်းဖြည်း တိုးမြင့်လာမည်ဟု ခန့်မှန်းကြပါသည်။

အနည်းဆုံး , CHF

ပျမ်းမျှ , CHF

အများဆုံး , CHF

မတ်

0.8680

0.8757

0.8819

ဧပြီ

0.8452

0.8586

0.8785

မေ

0.8386

0.8497

0.8615

ဇွန်

0.8250

0.8330

0.8487

ဇူလိုင်

0.8355

0.8443

0.8524

သြဂုတ်

0.8289

0.8399

0.8515

စက်တင်ဘာ

0.8145

0.8219

0.8389

အောက်တိုဘာ

0.8201

0.8348

0.8427

နိုဝင်ဘာ

0.8365

0.8537

0.8664

ဒီဇင်ဘာ

0.8501

0.8641

0.8797

Gov Capital

၂၀၂၅ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား (CHF) : 0.7632–0.9751 (၂၁.၀၃.၂၀၂၅) ။

Gov Capital သည် ၂၀၂၅ ခုနှစ် စက်တင်ဘာလကုန်၌ ထိုငွေကြေးအတွဲ၏ စျေးနှုန်းမှာ 0.8480 သို့ရောက်ရှိနိုင်မည် ဖြစ်ကြောင်း ယုံကြည်ထားပါသည်။ နိုဝင်ဘာလတွင် ရေတိုကာလပြန်လည်ဦးမော့မှုကို မျှော်လင့်ထားကြပါသည်။ စျေးနှုန်းသည် 0.8613 သို့တအိအိနှင့်တက်လာပြီးနောက် ဒီဇင်ဘာလကုန်၌ 0.8538 သို့ကျဆင်းပါမည်။

ရက်စွဲ

အနည်းဆုံးဖြစ်နိုင်ဖွယ် စျေးနှုန်း , CHF

ပျမ်းမျှစျေးနှုန်း , CHF

အကောင်းဆုံး ဖြစ်နိုင်ဖွယ်စျေးနှုန်း , CHF

31.03.2025

0.7942

0.8824

0.9707

30.04.2025

0.7978

0.8865

0.9751

31.05.2025

0.7878

0.8753

0.9629

30.06.2025

0.7767

0.8630

0.9493

31.07.2025

0.7815

0.8684

0.9552

31.08.2025

0.7753

0.8615

0.9476

30.09.2025

0.7632

0.8480

0.9328

31.10.2025

0.7660

0.8511

0.9363

30.11.2025

0.7751

0.8613

0.9474

31.12.2025

0.7684

0.8538

0.9392

စိစစ်လေ့လာသူများအနေဖြင့် Fed နှင့် SNB (ဆွစ်ဇာလန်အမျိုးသားဘဏ်) တို့၏ ငွေကြေးဆိုင်ရာမူဝါဒ အပြောင်းအလဲများ၊ ပထဝီနိုင်ငံရေးတင်းမာမှုများ အပါအဝင် ကမ္ဘာ့စီးပွားရေးအကူးအပြောင်းများကြောင့် USDCHF အတွဲမှာ 0.7632–0.9751 စျေးတန်းအပိုင်းအခြားတွင် အတက်အကျများကို ပြသမည်ဟု ခန့်မှန်းကြပါသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် သတိထားရှိသင့်ပြီး စွန့်စားမှုများ လျော့ပါးသက်သာစေရန်အတွက် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းစဥ်ကို အမျိုးမျိုးခွဲဖြာလုပ်ဆောင်သင့်ပါသည်။

၂၀၂၆ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ USDCHF စျေးနှုန်းမှန်းဆချက်များ

ကျွမ်းကျင်ပညာရှင်အများစုသည် ၂၀၂၆ ခုနှစ်အတွင်း ဆွစ်ဖရန့်ငွေကြေးကို ကန်ဒေါ်လာထက် အားကောင်းလာရန် ခန့်မှန်းတွက်ဆကြပါသည်။

LongForecast

၂၀၂၆ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား (CHF) : 0.8370–0.9430 (၂၁.၀၃.၂၀၂၅) ။

LongForecast အရ USDCHF စျေးနှုန်းများမှာ ၂၀၂၆ ခုနှစ်အစောပိုင်း၌ 0.8700 သို့ရောက်ရှိနိုင်ပါသည်။ စိစစ်လေ့လာသူများသည် ဇွန်လတွင် အဆိုပါငွေကြေးအတွဲကို ကွဲပြားမှုမရှိဘဲ ရောထွေးယှက်နွယ်စွာ အရောင်းအဝယ်ဖြစ်ရန် နှင့် 0.9290 အထိသို့ ရောက်ရှိပါမည်ဟု မျှော်လင့်ပါသည်။ ၂၀၂၆ နှစ်ကုန်၌ ကျွမ်းကျင်ပညာရှင်များသည် ထိုကုန်သွယ်ရေးပိုင်ဆိုင်မှုကို 0.8840 ဝန်းကျင်တွင် တည်ငြိမ်သွားမည်ဟု မှန်းဆကြပါသည်။

အဖွင့်စျေး , CHF

အနည်းဆုံး –အများဆုံး , CHF

အပိတ်စျေး , CHF

ဇန်နဝါရီ

0.8700

0.8530–0.8790

0.8660

ဇွန်

0.9070

0.9070–0.9430

0.9290

ဒီဇင်ဘာ

0.9080

0.8710–0.9080

0.8840

WalletInvestor

၂၀၂၆ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား (CHF) : 0.8520–0.8750 (၂၁.၀၃.၂၀၂၅) ။

WalletInvestor မှစိစစ်လေ့လာသူများသည် USDCHF အတွဲမှာ ၂၀၂၆ ခုနှစ်အတွင်း ကျဥ်းမြောင်းသော 0.8520–0.8750 အပိုင်းအခြားအတွင်း အတက်အကျဖြစ်မည်ဟု ယူဆကြပါသည်။ ကြိုတင်ခန့်မှန်းချက်အရ စျေးနှုန်းများမှာ အကျလမ်းကြောင်းအတွင်း နိမ့်ဆင်းသွားမည် ဖြစ်ပြီး နှစ်ကုန်၌ 0.8590 အထိသို့ ကျဆင်းသွားပါမည်။

အဖွင့်စျေး , CHF

အပိတ်စျေး , CHF

အနည်းဆုံး , CHF

အများဆုံး , CHF

ဇန်နဝါရီ

0.8730

0.8700

0.8700

0.8740

ဇွန်

0.8710

0.8610

0.8610

0.8710

ဒီဇင်ဘာ

0.8700

0.8580

0.8580

0.8700

CoinCodex

၂၀၂၆ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား (CHF) : 0.7644–0.8896 (၂၁.၀၃.၂၀၂၅) ။

CoinCodex သည် အဆိုပါကုန်သွယ်ရေးပိုင်ဆိုင်မှုမှာ ၂၀၂၆ ခုနှစ်အတွက် ‌ရောထွေးနေသော ရောင်းဝယ်မှုပုံစံများကို ပြသလိမ့်မည်ဟု ခန့်မှန်းကြပါသည်။ ထိုနှစ်စပိုင်း၌ စျေးနှုန်းသည် 0.8817 အနီးတွင် အရောင်းအဝယ်ဖြစ်နိုင်ချေ ရှိပါသည်။ ၂၀၂၆ ဇွန်လ၌ ကျွမ်းကျင်ပညာရှင်များသည် မြင့်တက်လျက်ရှိသော မတည်ငြိမ်မှုနှင့်တကွ 0.7804 အနီးတွင် စျေးအတက်အကျဖြစ်နေမည်ဟု မှန်းဆကြပါသည်။ ထို့နောက်ပိုင်းတွင် ယင်းငွေကြေးအတွဲသည် မြင့်တက်လာနိုင်ချေ ရှိပြီး ဒီဇင်ဘာလ၌ 0.8321 သို့စျေးတက်လာနိုင်ပါသည်။

အနည်းဆုံး , CHF

ပျမ်းမျှ , CHF

အများဆုံး , CHF

ဇန်နဝါရီ

0.8719

0.8817

0.8896

ဇွန်

0.7687

0.7804

0.7929

ဒီဇင်ဘာ

0.8228

0.8321

0.8619

ယူအက်စ် နှင့် ဆွစ်ဇာလန်တို့၏ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းများ၊ ၎င်းတို့၏ ဗဟိုဘဏ်များရှိ မူဝါဒများ၊ ပထဝီနိုင်ငံရေးဖြစ်ရပ်များ နှင့် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်သဘောထားတို့သည် ၂၀၂၆ ခုနှစ်အတွင်း အဆိုပါငွေကြေးအတွဲ၏ အနာဂတ်လမ်းကြောင်းကို ပုံဖော်ဆုံးဖြတ်ပေးပါလိမ့်မည်။ တချိန်တည်းမှာပင် USDCHF စျေးနှုန်းအတန်အသင့် ကျဆင်းနိုင်ချေကိုလည်း ဖယ်ထုတ်၍မရနိုင်ပါ။

၂၀၂၇ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ USDCHF စျေးနှုန်းမှန်းဆချက်များ

ကျွမ်းကျင်ပညာရှင်များသည် USDCHF အတွဲ၏ ၂၀၂၇ ခုနှစ်အတွက် လဲလှယ်နှုန်းခန့်မှန်းချက်အပေါ် ထင်မြင်ချက်အမျိုးမျိုးကွဲပြားနေပါသည်။

LongForecast

၂၀၂၇ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား (CHF) : 0.8000–0.8990 (၂၁.၀၃.၂၀၂၅) ။

LongForecast မှ စိစစ်လေ့လာသူများသည် ၂၀၂၇ ခုနှစ်အတွင်း USDCHF အတွဲအတွက် စျေးကျဆင်းမည့် လမ်းကြောင်းကို ခန့်မှန်းကြပါသည်။ ကျွမ်းကျင်ပညာရှင်များသည် ဇွန်လ၌ အပိတ်စျေးနှုန်း 0.8550 ဖြင့် နှစ်လယ်ပိုင်းတွင် 0.8420 မှ 0.8680 အထိ စျေးနှုန်းအပိုင်းအခြားကို ကြိုတင်တွက်ဆကြပါသည်။ ထိုနှစ်၏ နောက်ပိုင်းနှစ်ဝက်တွင် 0.8510 သို့ ထပ်မံကျဆင်းမှုကို မှန်းဆကြပါသည်။

အဖွင့်စျေး , CHF

အနည်းဆုံး –အများဆုံး , CHF

အပိတ်စျေး , CHF

ဇန်နဝါရီ

0.8840

0.8560–0.8840

0.8690

ဇွန်

0.8630

0.8420–0.8680

0.8550

ဒီဇင်ဘာ

0.8540

0.8380–0.8640

0.8510

WalletInvestor

၂၀၂၇ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား (CHF) : 0.8390–0.8620 (၂၁.၀၃.၂၀၂၅) ။

WalletInvestor အရ USDCHF အတွဲ၏ ပျမ်းမျှစျေးနှုန်းကို ၂၀၂၇ နှစ်အစပိုင်း၌ 0.8590 အနီးဝန်းကျင်တွင် အရောင်းအဝယ်ဖြစ်မည်ဟု မျှော်မှန်းကြပါသည်။ ထိုတစ်နှစ်ပတ်လုံးအတွင်း စျေးနှုန်းကျဆင်းနိုင်ချေ ရှိပါသည်။ ဇွန်လ၌ ထိုပိုင်ဆိုင်မှုကို 0.8480 သို့ ရောက်ရှိရန် ခန့်မှန်းထားပြီး နှစ်ကုန်ပိုင်းတွင် 0.8450 သို့နိမ့်ဆင်းသွားရန် ခန့်မှန်းတွက်ဆကြပါသည်။

အဖွင့်စျေး , CHF

အပိတ်စျေး , CHF

အနည်းဆုံး , CHF

အများဆုံး , CHF

ဇန်နဝါရီ

0.8590

0.8570

0.8560

0.8610

ဇွန်

0.8580

0.8480

0.8470

0.8580

ဒီဇင်ဘာ

0.8560

0.8450

0.8440

0.8560

CoinCodex

၂၀၂၇ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား (CHF) : 0.7962–0.8637 (၂၁.၀၃.၂၀၂၅) ။

CoinCodex မှ စိစစ်လေ့လာသူများသည် ဆွစ်ဖရန့်ငွေကြေးမှာ ကန်ဒေါ်လာနှင့် နှိုင်းယှဥ်လျှင် 0.8325–0.8576 စျေးတန်းအပိုင်းအခြားအတွင်း အရောင်းအဝယ်ဖြစ်မည်ဟု ယုံကြည်ကြပါသည်။ ဇွန်လကုန်၌ စျေးကွက်တွင် ခန့်မှန်းစျေးနှုန်း 0.8126 နှင့်တကွ မြင့်မားသော မတည်ငြိမ်မှုကို ပြသပါမည်။ မှတ်သားဖွယ်အနေဖြင့် ဒီဇင်ဘာလတွင် နှစ်စဥ်အမြင့်ဆုံးတန်ဖိုးကို 0.8637 အထိရှိမည်ဟု မှန်းဆထားပါသည်။ နှစ်ကုန်ပိုင်း၌ ပိုင်ဆိုင်မှု၏ ပျမ်းမျှနှုန်းထားကို 0.8547 တွင် တည်ငြိမ်သွားရန် မျှော်လင့်ကြပါသည်။

အနည်းဆုံး , CHF

ပျမ်းမျှ , CHF

အများဆုံး , CHF

ဇန်နဝါရီ

0.8325

0.8442

0.8576

ဇွန်

0.8013

0.8126

0.8329

ဒီဇင်ဘာ

0.8432

0.8547

0.8637

မျှော်မှန်းမရသော အကြောင်းရင်းများစွာတို့ကြောင့် ၂၀၂၇ ခုနှစ်အတွက် USDCHF လဲလှယ်နှုန်းကို ကြိုတင်ခန့်မှန်းရန်အတွက် အလွန်အမင်းခက်ခဲလှပါသည်။ အဆိုပါငွေကြေးအတွဲ၏ စွမ်းဆောင်ရည်ကို ယူအက်စ်နှင် ဆွစ်ဇာလန်နိုင်ငံတို့မှ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းများ၊ ဘဏ္ဍာရေးရာ အာဏာပိုင်များ၏ ငွေကြေးဆိုင်ရာ မူဝါဒများ၊ ကမ္ဘာတဝှမ်းအဖြစ်အပျက်များ နှင့် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်သဘောထားတို့ကြောင့် အကျိုးသက်ရောက်စေနိုင်ပါသည်။

၂၀၂၈ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ USDCHF စျေးနှုန်းမှန်းဆချက်များ

ကျွမ်းကျင်ပညာရှင်များသည် ၂၀၂၈ ခုနှစ်အတွက် ယူအက်စ်ငွေကြေးမှာ ဆွစ်ဖရန့်နှင့် နှိုင်းယှဥ်ပါက တန်ဖိုးကျဆင်းလိမ့်မည်ဟု မှန်းဆကြပါသည်။

LongForecast

၂၀၂၈ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား (CHF) : 0.8000–0.8990 (၂၁.၀၃.၂၀၂၅) ။

စိစစ်သုံးသပ်ရေးပေါ်တယ် LongForecast သည် ကန်ဒေါ်လာ၏ ပျမ်းမျှစျေးနှုန်းမှာ ၂၀၂၈ နှစ်စပိုင်း၌ 0.8510 CHF နှင့်ညီမျှမည်ဟု ယူဆကြပါသည်။ ထိုနှစ်လယ်ပိုင်းတွင် ဖရန့်ငွေကြေးသည် အားနည်းသွားနိုင်ပြီး 0.8700 သို့ နိမ့်ဆင်းလာနိုင်ပါသည်။ ထိုနှစ်၏ ဒုတိယနှစ်ဝက်တွင် စျေးကျဆင်းမည့် လမ်းကြောင်းမှာ ပိုမိုပြင်းထန်လာနိုင်ပြီး စျေးနှုန်း 0.8580 အထိသို့ ထိုးကျပါလိမ့်မည်။

အဖွင့်စျေး , CHF

အနည်းဆုံး –အများဆုံး , CHF

အပိတ်စျေး , CHF

ဇန်နဝါရီ

0.8510

0.8360–0.8620

0.8490

ဇွန်

0.8560

0.8560–0.8830

0.8700

ဒီဇင်ဘာ

0.8770

0.8450–0.8770

0.8580

WalletInvestor

၂၀၂၈ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား (CHF) : 0.8250–0.8480 (၂၁.၀၃.၂၀၂၅) ။

WalletInvestor သည် USDCHF အတွဲမှာ ၂၀၂၈ ခုနှစ်၌ ဘေးတိုက်လမ်းကြောင်းတွင် အရောင်းအဝယ်ဖြစ်မည်ဟု မှန်းဆကြပါသည်။ ဇန်နဝါရီလ၌ ပျမ်းမျှစျေးနှုန်းမှာ 0.8430 ဖြစ်မည်ဟု မျှော်လင့်ပါသည်။ ထိုနှစ်လယ်ပိုင်း၌ စျေးနှုန်းများမှာ 0.8340 အထိသို့ ကျဆင်းမည် ဖြစ်ပြီး နှစ်ကုန်တွင် 0.8320 ဖြင့် တည်ငြိမ်သွားပါမည်။

အဖွင့်စျေး , CHF

အပိတ်စျေး , CHF

အနည်းဆုံး , CHF

အများဆုံး , CHF

ဇန်နဝါရီ

0.8460

0.8430

0.8430

0.8470

ဇွန်

0.8430

0.8340

0.8430

0.8430

ဒီဇင်ဘာ

0.8420

0.8320

0.8310

0.8420

CoinCodex

၂၀၂၈ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား (CHF) : 0.7912–0.8630 (၂၁.၀၃.၂၀၂၅) ။

CoinCodex သည် ၂၀၂၈ ခုနှစ်အတွင်း USDCHF အတွဲအတွက် ရောယှက်နေသော စွမ်းဆောင်မှုကို ခန့်မှန်းကြပါသည်။ ထိုနှစ်အစပိုင်း၌ စျေးနှုန်း 0.8455 အနီးဝန်းကျင်တွင် အရောင်းအဝယ်ဖြစ်ရန် မှန်းဆကြပါသည်။ ထိုနှစ်၏ ပထမနှစ်ဝက်၌ စိစစ်လေ့လာသူများသည် အဆိုပါငွေကြေးအတွဲကို ဇွန်လကုန်တွင် 0.8114 အထိသို့ ထိုးကျမည်ဟု မျှော်လင့်ကြပါသည်။ ထိုနှစ်၏ ဒုတိယခြောက်လပတ်အတွင်း ပျမ်းမျှအပိတ်စျေးနှုန်းမှာ 0.8267 ဖြစ်နိုင်ချေ ရှိပါသည်။

အနည်းဆုံး , CHF

ပျမ်းမျှ , CHF

အများဆုံး , CHF

ဇန်နဝါရီ

0.8339

0.8455

0.8630

ဇွန်

0.8013

0.8114

0.8176

ဒီဇင်ဘာ

0.8166

0.8267

0.8350

USDCHF အတွဲကို ယူအက်စ်နှင့် ဆွစ်ဇာလန်တို့၏ အထွေထွေစီးပွားရေး တိုင်းတာချက်များ၊ အတိုးနှုန်းများ၊ ပထဝီနိုင်ငံရေးဖြစ်ရပ်များနှင့် ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်းများဖြင့် ပုံဖော်ဖန်တီးပါမည်။ စိစစ်လေ့လာသူများသည် အမျိုးမျိုးသော ခန့်မှန်းချက်များကို ဖော်ပြထားသော်လည်း လက်ရှိအများသဘောတူညီချက်အရ စျေးနှုန်းသည် 0.7912 မှ 0.8990 အထိ အပိုင်းအခြားအတွင်း အတက်အကျဖြစ်မည်ဟု အကြံပြုပါသည်။

၂၀၂၉ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ USDCHF စျေးနှုန်းမှန်းဆချက်များ

ကျွမ်းကျင်ပညာရှင်များသည် စီးပွားရေးဆိုင်ရာ အကြောင်းအချက်မျိုးစုံ နှင့် စျေးကွက်လမ်းကြောင်းများအား ထည့်သွင်းတွက်ဆကာ ၂၀၂၉ ခုနှစ် USDCHF အတွဲအတွက် ခန့်မှန်းချက်အမျိုးမျိုးကို ပေးစွမ်းပါသည်။

WalletInvestor

၂၀၂၉ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား (CHF) : 0.8110–0.8340 (၂၁.၀၃.၂၀၂၅) ။

WalletInvestor မှ စိစစ်လေ့လာသူများသည် USDCHF စျေးနှုန်းများမှာ ၂၀၂၉ ခုနှစ်အစပိုင်း၌ 0.8320 ဝန်းကျင်တွင် အရောင်းအဝယ်ဖြစ်မည်ဟု ယူဆကြပါသည်။ ဇွန်လတွင် စျေးနှုန်းမှာ 0.8200 အထိသို့ ကျဆင်းပါမည်။ စျေးကျဆင်းမှုလမ်းကြောင်းမှာ ရေရှည်တည်တံ့မည် ဖြစ်ပြီး စျေးနှုန်းများမှာ ဒီဇင်ဘာလတွင် 0.8180 အထိသို့ တဖြည်းဖြည်းနိမ့်ဆင်းသွားနိုင်ပါသည်။

အဖွင့်စျေး , CHF

အပိတ်စျေး , CHF

အနည်းဆုံး , CHF

အများဆုံး , CHF

ဇန်နဝါရီ

0.8320

0.8290

0.8290

0.8330

ဇွန်

0.8290

0.8200

0.8200

0.8290

ဒီဇင်ဘာ

0.8280

0.8180

0.8170

0.8280

CoinCodex

၂၀၂၉ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား (CHF) : 0.7710–0.8470 (၂၁.၀၃.၂၀၂၅) ။

CoinCodex မှ ကျွမ်းကျင်ပညာရှင်များအနေဖြင့် ၂၀၂၉ ခုနှစ်အစောပိုင်းတွင် USDCHF နှုန်းထားမှာ 0.8051 ဖြင့် တည်ငြိမ်လိမ့်မည်ဟု ယူဆကြပါသည်။ ထိုနှစ်လယ်ပိုင်း၌ စျေးနှုန်းမှာ 0.8296 အထိသို့ တဟုန်ထိုးမြင့်တက်နိုင်ပါသည်။ ထိုနှစ်၏ ဒုတိယခြောက်လပတ်တွင် စိစစ်လေ့လာသူများသည် ဒီဇင်ဘာလကုန်၌ မြင့်တက်မှုလမ်းကြောင်းကို စျေးတန်း 0.8314 အဆင့်အထိသို့ ဆက်လက်ဖြစ်ပေါ်မည်ဟု တွက်ဆထားကြပါသည်။

အနည်းဆုံး , CHF

ပျမ်းမျှ , CHF

အများဆုံး , CHF

ဇန်နဝါရီ

0.7807

0.8051

0.8243

ဇွန်

0.8217

0.8296

0.8363

ဒီဇင်ဘာ

0.8223

0.8314

0.8375

Gov Capital

၂၀၂၉ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား (CHF) 0.7896–0.9791 (၂၁.၀၃.၂၀၂၅) ။

Gov Capital မှ ကျွမ်းကျင်ပညာရှင်များသည် ၂၀၂၉ ခုနှစ်အတွင်း USDCHF အတွဲအတွက် အနာဂတ်မျှော်မှန်းချက်နှင့် ပတ်သက်၍ ပိုမိုသတိထားရှိပါသည်။ ၎င်းတို့သည် အဆိုပါပိုင်ဆိုင်မှု၏ ပျမ်းမျှစျေးနှုန်းမှာ ထိုနှစ်အစပိုင်း၌ 0.8901 ဝန်းကျင်တွင် အရောင်းအဝယ်ဖြစ်မည်ဟု တွေးထင်ကြပါသည်။ ထိုနောက်ပိုင်း၌ ကျွမ်းကျင်ပညာရှင်များသည် စျေးနှုန်းကို နှစ်လယ်ပိုင်းတွင် 0.8773 နှင့် နှစ်ကုန်ပိုင်းတွင် 0.8786 ဖြင့် ကြိုတင်တွက်ဆထားပါသည်။

ရက်စွဲ

အနည်းဆုံးဖြစ်နိုင်ဖွယ် စျေးနှုန်း , CHF

ပျမ်းမျှစျေးနှုန်း , CHF

အကောင်းဆုံး ဖြစ်နိုင်ဖွယ်စျေးနှုန်း, CHF

01.01.2029

0.8011

0.8901

0.9791

01.06.2029

0.7896

0.8773

0.9651

01.12.2029

0.7908

0.8786

0.9665

မြောက်များစွာသော အထွေထွေစီးပွားရေးဆိုင်ရာ အကြောင်းအရာများ၊ ပထဝီနိုင်ငံရေးဖြစ်စဥ်များနှင့် ထိုနှစ်နိုင်ငံလုံး၏ ငွေကြေးဆိုင်ရာ မူဝါဒအပြောင်းအလဲများကြောင့် ၂၀၂၉ ခုနှစ်အတွက် USDCHF လဲလှယ်နှုန်းအပေါ် ကြိုတင်ခန့်မှန်းခြင်းသည် လွန်စွာရှုပ်ထွေးသည့် ကိစ္စရပ်တစ်ခု ဖြစ်ပါသည်။ သို့သော် ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးအပေါ် သိသိသာသာ ရိုက်ခတ်မှုများ မရှိသောကြောင့် ရေရှည်လမ်းကြောင်းများအနေဖြင့် ငွေကြေးလဲလှယ်နှုန်း၏ တည်ငြိမ်မှုအတွက် အလားအလာကောင်းတစ်ခုကို ညွှန်ပြနေပါသည်။

၂၀၃၀ ခုနှစ်အတွက် စိစစ်လေ့လာသူများ၏ USDCHF စျေးနှုန်းမှန်းဆချက်များ

စိစစ်လေ့လာသူများသည် ၂၀၃၀ ခုနှစ်အတွင်း USDCHF အတွဲကို ရှင်းလင်းမှုမရှိဘဲ ရောထွေးစွာဖြင့် အရောင်းအဝယ်ဖြစ်မည်ဟု မျှော်မှန်းကြပါသည်။

WalletInvestor

၂၀၃၀ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား (CHF) ): 0.8150–0.8200 (၂၁.၀၃.၂၀၂၅) ။

စိစစ်သုံးသပ်ရေးပေါ်တယ် WalletInvestor အရ ထိုပိုင်ဆိုင်မှု၏ စျေးနှုန်းများမှာ ၂၀၃၀ ခုနှစ်၏ ပထမခြောက်လပတ်အတွင်း 0.8150–0.8200 အပိုင်းအခြားထဲတွင် ရွေ့လျားနေပါမည်။ မတ်လကုန်၌ စျေးနှုန်းကို 0.8150 ဖြင့် ရပ်တည်ရန် မျှော်လင့်ပါသည်။

အဖွင့်စျေး , CHF

အပိတ်စျေး , CHF

အနည်းဆုံး , CHF

အများဆုံး , CHF

ဇန်နဝါရီ

0.8190

0.8150

0.8150

0.8200

ဇွန်

0.8150

0.8190

0.8150

0.8200

ဒီဇင်ဘာ

0.8190

0.8150

0.8150

0.8190

CoinCodex

၂၀၃၀ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား (CHF) ): 0.8101–0.8558 (၂၁.၀၃.၂၀၂၅) ။

CoinCodex မှ ကျွမ်းကျင်ပညာရှင်များသည် ၂၀၃၀ ခုနှစ်အတွင်း USDCHF လဲလှယ်နှုန်းကို မှန်းဆထားပြီး ထိုနှစ်အစပိုင်း၌ ပျမ်းမျှစျေးနှုန်းကို 0.8292 ဖြင့် အရောင်းအဝယ်ဖြစ်ရန် ခန့်မှန်းတွက်ချက်ထားပါသည်။ ထိုနောက်ပိုင်းတွင် အဆိုပါငွေကြေးအတွဲသည် မြင့်မားသော မတည်ငြိမ်မှုကို ကြုံတွေ့ရမည် ဖြစ်ပြီး ဇွန်လကုန်၌ 0.8281 သို့ရောက်ရှိပါမည်။ ထိုနှစ်ကုန်၌ စျေးနှုန်း 0.8240 အနီးဝန်းကျင်တွင် အရောင်းအဝယ်ဖြစ်ပါမည်။

အနည်းဆုံး , CHF

ပျမ်းမျှ , CHF

အများဆုံး , CHF

ဇန်နဝါရီ

0.8156

0.8292

0.8365

ဇွန်

0.8144

0.8281

0.8388

ဒီဇင်ဘာ

0.8101

0.8240

0.8383

Gov Capital

၂၀၃၀ ခုနှစ်အတွင်း စျေးနှုန်းအပိုင်းအခြား (CHF) ): 0.7925–1.0031 (၂၁.၀၃.၂၀၂၅) ။

Gov Capital သည် USDCHF စျေးနှုန်းများမှာ ၂၀၃၀ ခုနှစ်၏ ပထမခြောက်လပတ်အတွင်း တရှိန်ထိုးတက်မည် ဖြစ်ပြီး မတ်လအစောပိုင်း၌ 0.9119 သို့ရောက်ရှိမည်ဟု ခန့်မှန်းကြပါသည်။

ရက်စွဲ

အနည်းဆုံးဖြစ်နိုင်ဖွယ် စျေးနှုန်း , CHF

ပျမ်းမျှစျေးနှုန်း , CHF

အကောင်းဆုံး ဖြစ်နိုင်ဖွယ်စျေးနှုန်း , CHF

01.01.2030

0.7925

0.8806

0.9687

01.02.2030

0.8052

0.8946

0.9841

01.03.2030

0.8207

0.9119

1.0031

လက်ရှိလမ်းကြောင်းများနှင့် ကြိုတင်ခန့်မှန်းချက်များအပေါ် အခြေခံ၍ USDCHF အတွဲသည် ကျယ်ပြန့်သော စျေးတန်းအပိုင်းအခြား 0.7925–1.0031 အတွင်း အရောင်းအဝယ်ဖြစ်နိုင်ဖွယ် ရှိပါသည်။ လက်တွေ့စျေးကွက်ပေါက်စျေးသည် Fed နှင့် SNB တို့၏ အတိုးနှုန်းများ၊ ယူအက်စ်နှင့် ဆွစ်ဇာလန်ရှိ ငွေကြေးဖောင်းပွမှု အပါအဝင် ပထဝီနိုင်ငံရေးအခြေအနေတို့အပေါ် မူတည်ပါသည်။

၂၀၅၀ ခုနှစ်အထိ စိစစ်လေ့လာသူများ၏ USDCHF စျေးနှုန်းမှန်းဆချက်များ

ကမ္ဘာ့စီးပွားရေးနှင့် ပထဝီနိုင်ငံရေးအခင်းအကျင်းတို့တွင် မြင့်မားသော မသေချာမရောမှု အနေအထားကြောင့် ၂၀၄၀ ခုနှစ်နှင့် ၂၀၅၀ ခုနှစ်အကြား USDCHF လဲလှယ်နှုန်းကို ကြိုတင်ခန့်မှန်းခြင်းသည် စိန်ခေါ်မှုများပါသည်။

ဆွစ်ဖရန့်နှင့် ကန်ဒေါ်လာတို့၏ လဲလှယ်နှုန်းကို စီးပွားရေးတိုးတက်မှု၊ ငွေကြေးဖောင်းပွမှု၊ အတိုးနှုန်းများ၊ ပထဝီနိုင်ငံရေးစွန့်စားမှုများ၊ နည်းပညာပိုင်းဆိုင်ရာ ထိုးဖောက်အောင်မြင်မှုများ နှင့် ကုန်သွယ်ရေးမူဝါဒဆိုင်ရာ အပြောင်းအလဲများ အပါအဝင် အချက်ပေါင်းမြောက်များစွာတို့မှ လွှမ်းမိုးသက်ရောက်လျက်ရှိပါသည်။ လာမည့်ဆယ်စုနှစ် ၂ ခုကဲ့သို့ ရှည်လျားသော ကာလအတွင်း ဤအကြောင်းအရာများမှာ မည်သို့ပြောင်းလဲသွားနိုင်မည်ကို ခန့်မှန်းရန် မဖြစ်နိုင်ပါ။

ဘေးကင်းစိတ်ချရသော ငွေကြေးတစ်ရပ်အဖြစ် ဆွစ်ဖရန့်၏ သမိုင်းတလျှောက် ရပ်တည်မှုသည် ကမ္ဘာ့အကြပ်အတည်းများနှင့် စျေးကွက်မတည်ငြိမ်မှုများအရ ထိခိုက်ပြောင်းလဲလွယ်ပါသည်။ စစ်မက်ဆိုင်ရာ အငြင်းပွားမှုများ၊ ကပ်ရောဂါဘေးများ (သို့) စီးပွားရေးကျဆင်းမှုများ ကဲ့သို့သော မျှော်မှန်းမရသည့် ဖြစ်ရပ်များသည် ဖရန့်ငွေကြေးအတွက် ဝယ်လိုအား အပါအဝင် ကန်ဒေါ်လာနှင့် နှိုင်းဆကာ ၎င်း၏ လဲလှယ်နှုန်းကို ထိခိုက်စေနိုင်ပါသည်။

ထို့ပြင် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လူဦးရေကျဆင်းလာခြင်း၊ အေအိုင်၏ အဆင့်မြှင့်တင်မှုများနှင့် အလိုအလျောက်စနစ်များ၏ တိုးတက်မှု၊ ရာသီဥတုဖောက်ပြန်မှု နှင့် အစိမ်းရောင်စွမ်းအင်တွင် သက်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ ကဲ့သို့သော ရေရှည်အထွေထွေစီးပွားရေးဆိုင်ရာ လမ်းကြောင်းများသည်လည်း ယူအက်စ်နှင့် ဆွစ်ဇာလန်တို့၏ ဆက်နွယ်လျက်ရှိသော စီးပွားရေးအင်အား အပါအဝင် USDCHF နှုန်းထားအပေါ် လွှမ်းမိုးသက်ရောက်စေနိုင်ပါသည်။

ဆိုရှယ်မီဒီယာပေါ်ရှိ USDCHF အတွက် စျေးကွက်သဘောထား

ဆိုရှယ်မီဒီယာသဘောထား ဆိုသည်မှာ USDCHF ငွေကြေးအတွဲနှင့် စပ်လျဥ်း၍ သတင်းများနှင့် လူမှုမီဒီယာပေါ်တွင် ထုတ်ဖော်ပြောကြားသော ယေဘုယျသဘောထား နှင့် ထင်မြင်ယူဆချက်များကို ရည်ညွှန်းပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်ရှိ USDCHF အတွက် စျေးကွက်သဘောထား

နာမည်ဝှက် @E_TRADE01 ဖြင့် လူမှုပလက်ဖောင်း အသုံးပြုသူတစ်ဦးသည် USDCHF ငွေကြေးအတွဲမှာ စျေးကျဆင်းမှုလမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းထားမည် ဖြစ်ကြောင်း အလေးပေးဖော်ပြပါသည်။ တစ်ဦးတည်းသီးသန့် ကုန်သည်တစ်ဦးသည် စျေးနှုန်းများမှာ ရေတိုကာလအတွင်း 0.8881–0.8914 ရောင်းလိုအားဇုန်သို့ ပြန်လည်ဦးမော့လာမည် ဖြစ်ပြီး ၎င်းနောက်တွင် စျေးဆက်လက်ကျဆင်းမည်ဟု မျှော်လင့်ထားပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်ရှိ USDCHF အတွက် စျေးကွက်သဘောထား

အသုံးပြုသူ @JaphetTion သည်လည်း လစဥ် chart ပေါ်ရှိ အကျလမ်းကြောင်းတစ်ခုကို ထောက်ပြကာ အဆိုပါငွေကြေးအတွဲအား မကြာတော့မည့်အနာဂတ်အတွင်း ပင်မဝယ်လိုအားစျေးတန်း 0.8786 ကို ဖောက်ကျော်ရန် မျှော်လင့်ထားပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်ရှိ USDCHF အတွက် စျေးကွက်သဘောထား

သုံးစွဲသူ @utrada_global သည် ဆွစ်အမျိုးသားဘဏ်ကို ၂၅ အခြေခံပွိုင့်ဖြင့် ၎င်း၏ ပင်မအတိုးနှုန်းအား လျော့ချဖြတ်တောက်မည်ဟု မျှော်မှန်းထားပါသည်။ ဤသည်မှာ မကြာတော့မည့်အနာဂတ်အတွင်း စျေးကွက်ထဲတွင် မတည်ငြိမ်မှုတိုးလာခြင်း စတင်ဖြစ်ပေါ်နိုင်ပြီး ဆွစ်ဖရန့်ငွေကြေးထက် ကန်ဒေါ်လာ ပိုမိုအားကောင်းလာနိုင်ပါသည်။

ယေဘုယျအားဖြင့် USDCHF နှုန်းထားနှင့် စပ်လျဥ်း၍ X ပေါ်ရှိ သဘောထားအများစုသည် စျေးကျမည့် အနေအထားကို ရှုမြင်နေကြပါသည်။ အသုံးပြုသူများသည် ထိုကုန်သွယ်ရေးပိုင်ဆိုင်မှုကို စျေးကျဆင်းရန် တွက်ဆထားသော်လည်း SNB မှ ခန့်မှန်းအတိုးနှုန်းဖြတ်တောက်မှုကို ဆန့်ကျင်လျက် ရေတိုကာလ ပြန်လည်ကောင်းမွန်မှုကိုလည်း ထည့်သွင်းစဥ်းစားထားရပါမည်။

USDCHF စျေးနှုန်းသမိုင်းမှတ်တမ်း

USDCHF အတွဲသည် ၁၈.၀၉.၂၀၀၃ တွင် ၎င်၏ စံချိန်တင်အမြင့်ဆုံးတန်ဖိုး ₣1.3868 သို့ရောက်ရှိခဲ့ပါသည်။

USDCHF အတွဲ၏ အနိမ့်ဆုံးစျေးနှုန်းကို ၁၀.၀၈.၂၀၁၁ တွင် မှတ်တမ်းတင်ခဲ့ပြီး ₣0.71829 အထိသို့ ရောက်ရှိခဲ့ပါသည်။

အောက်တွင် လွန်ခဲ့သော ဆယ်နှစ်အတွင်း USDCHF အတွဲ၏ စွမ်းဆောင်ရည်ကို ပြသသည့် chart တစ်ခု ဖြစ်ပါသည်။ ဤဆက်စပ်မှုတွင် မှန်းဆချက်များ တတ်နိုင်သမျှ တိကျစေရေးအတွက် သမိုင်းတလျှောက်ဒေတာများကို အကဲဖြတ်ရန် အရေးကြီးပါသည်။

ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများနှင့် ယူအက်စ်နှင့် ဆွစ်ဇာလန်ရှိ ငွေကြေးဆိုင်ရာမူဝါဒ အပြောင်းအလဲများကြောင့် ၂၀၂၀ ခုနှစ်မှ စတင်ကာ USDCHF ငွေကြေးအတွဲတွင် မြင့်မားသော မတည်ငြိမ်မှုများကို ပြသခဲ့ပါသည်။

  • ၂၀၂၀ ခုနှစ်တွင် ကိုရိုနာကူးစက်ရောဂါအသစ်ကြောင့် ကမ္ဘာ့စီးပွားရေး မတည်ငြိမ်စဥ်အတွင်း ဆွစ်ဖရန့်သည် ဘေးကင်းစိတ်ချရသော ငွေ‌ကြေးတစ်ခုအဖြစ် အားကောင်းခိုင်မာလာခဲ့ပြီး USDCHF နှုန်းမှာ ကျဆင်းခဲ့ပါသည်။
  • ၂၀၂၁ ခုနှစ်၌ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာခြင်းနှင့်အတူ ကန်ဒေါ်လာ စတင်အားကောင်းလာခဲ့ကာ USDCHF နှုန်းကို ပိုမိုမြင့်သော တန်ဖိုးဆီသို့ တွန့်ပို့ခဲ့ပါသည်။
  • ၂၀၂၂ ခုနှစ်တွင် ငွေကြေးဖောင်းပွမှု မြင့်မားခြင်းနှင့် Fed မှ အတိုးနှုန်းတိုးမြင့်မှု ပြင်းထန်ခြင်းသည် ကန်ဒေါ်လာငွေတန်ဖိုးကို ထပ်မံမြှင့်တင်ပေးခဲ့ပါသည်။
  • ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်တို့အကြား USDCHF အတွဲသည် ငွေကြေးဖောင်းပွနှုန်းများနှင့်တကွ ယူအက်စ်၏ ငွေကြေးဆိုင်ရာ မူဝါဒအပေါ် ဆုံးဖြတ်ချက်များနှင့် စပ်လျဥ်း၍ မျှော်မှန်းချက်များကြောင့် ထိခိုက်သက်ရောက်မှု ရှိခဲ့ပါသည်။
  • ၂၀၂၅ နှစ်လယ်ပိုင်း၌ USD/CHF အတွဲသည် တည်ငြိမ်လာခဲ့ပြီး ထိုသည်မှာ ယူအက်စ်နှင့် ဆွစ်ဇာလန်နိုင်ငံတို့အကြား ဟန်ချက်ညီမျှသော စီးပွားရေးစွမ်းဆောင်မှုကို ထင်ဟပ်ပေါ်လွင်စေပါသည်။

USDCHF စျေးနှုန်းအပေါ် အခြေခံတကျစိစစ်ခွဲဖြာမှု

USDCHF အတွဲ၏ အခြေခံတကျ ဆန်းစစ်ချက်သည် အထွေထွေစီးပွားရေးဆိုင်ရာ အညွှန်းကိန်းများနှင့် ပထဝီနိုင်ငံရေး အကြောင်းအရာများအပေါ် အခြေခံထားပြီး ၎င်းတန်ဖိုးတွင် သက်ရောက်မှုဖြစ်စေသည့် ဆွဇ်ဖရန့်နှင့်ကန်ဒေါ်လာတို့၏ အနာဂတ်အလားအလားများကို ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများအား အကဲဖြတ်ချင့်တွက်နိုင်စေပါသည်။

မည်သည့်အကြောင်းအရာများသည် USDCHF အတွဲကို ထိခိုက်စေပါသနည်း။

USDCHF လဲလှယ်နှုန်းသည် ဤငွေကြေးများအတွက် ဝယ်လိုအားနှင့် ရောင်းလိုအားကို ပုံဖော်ဖြစ်ပေါ်စေသည့် အကြောင်းအရာမျိုးစုံဖြင့် လွှမ်းမိုးသက်ရောက်စေပါသည်။

  • အမေရိကန်နှင့် ဆွစ်ဇာလန်၏ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းများ။ GDP တိုးတက်မှု၊ ငွေကြေးဖောင်းပွနှုန်း၊ အလုပ်ခန့်ထားမှုနှုန်း နှင့် နှစ်နိုင်ငံလုံးရှိ စားသုံးသူများ၏ သ‌ဘောထားသည် ထိုငွေကြေးအတွဲအပေါ် သိသာသော ရိုက်ခတ်မှု ရှိပါသည်။
  • ဗဟိုဘဏ်များ၏ ငွေကြေးဆိုင်ရာမူဝါဒ။ ယူအက်စ်ဖယ်ဒရယ်ဘဏ်နှင့် ဆွစ်အမျိုးသားဘဏ်တို့၏ အတိုးနှုန်းဆုံးဖြတ်ချက်များ၊ ငွေကြေးဖောင်းပွမှု ထိန်းသိမ်းရေး အစီအစဥ်များနှင့် အခြားငွေကြေးဆိုင်ရာ မူဝါဒ စာချုပ်များသည် ရင်းနှီးမြှုပ်နှံသူများအတွက် အဆိုပါငွေကြေးစုံတွဲ၏ စွဲမက်ဖွယ်ကောင်းမှုအပေါ် တိုက်ရိုက်သက်ရောက်စေပါသည်။
  • ပထဝီနိုင်ငံရေးဆိုင်ရာ စွန့်စားမှုများနှင့် ဖြစ်ရပ်များ။ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးမတည်ငြိမ်မှု၊ ကုန်သွယ်ရေးစစ်ပွဲများ၊ သဘာဝဘေးအန္တရာယ်များနှင့် အခြားခန့်မှန်းမရသော ကိစ္စရပ်များသည် ငွေကြေးအတက်အကျများကို ဖြစ်ပွားစေနိုင်ပါသည်။ မသေချာမရေရာမှု ကာလများအတွင်း ရင်းနှီးမြှုပ်နှံသူများသည် ဘေးကင်းစိတ်ချရသော ငွေကြေးတစ်ခုအဖြစ် ဆွစ်ဖရန့်ဘက်သို့ ကူးပြောင်းလေ့ရှိတတ်ကြပြီး ထိုသို့ဖြင့် ၎င်း၏ တန်ဖိုးကို တက်လာစေပါသည်။
  • စျေးကွက်သဘောထား။ အနာဂတ်ငွေကြေးရွေ့လျားမှုအတွက် ရင်းနှီးမြှုပ်နှံသူများ၏ မျှော်မှန်းချက်များနှင့် စျေးကစားသော ကုန်သွယ်မှုများသည်လည်း USDCHF နှုန်းထားအပေါ် ရေတိုသက်ရောက်မှု ဖြစ်စေနိုင်ပါသည်။
  • ကုန်စည်ပစ္စည်းစျေးနှုန်းများ။ အဓိကကုန်စည်ပစ္စည်း တင်ပို့သူတစ်ဦး မဟုတ်သော်လည်း ဆွစ်ဇာလန်သည် အခြားနိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ ယေဘုယျချိတ်ဆက်မှုများမှတဆင့် သွယ်ဝိုက်၍ လွှမ်းမိုးသက်ရောက်စေနိုင်ပါသည်။

USDCHF ၏ ထပ်မံအကြောင်းအချက်များ

USDCHF အတွဲသည် ကမ္ဘာ့ငွေကြေးစျေးကွက်တွင် အကျယ်ပြန့်ဆုံး ရောင်းဝယ်ကြသည့် ငွေကြေးအတွဲများအနက် တစ်ခုဖြစ်ပါသည်။ ဆွစ်ဖရန့်ကို ကုန်သွယ်ရေးအသိုင်းအဝိုင်းတွင် “ဆွစ်စီ” အဖြစ် မကြာခဏ ရည်ညွှန်းခေါ်ဝေါ်လေ့ရှိကြပါသည်။ ဤငွေကြေးအတွဲသည် အတက်အကျမြန်သည့် သဘောလက္ခဏာရပ် ရှိပြီး ၎င်းကို ကမ္ဘာလုံးဆိုင်ရာ အဖြစ်အပျက်များ နှင့် ပထဝီနိုင်ငံရေးရာ ပြောင်းလဲမှုများမှ လွှမ်းမိုးသက်ရောက်လျက် ရှိပါသည်။

USDCHF လဲလှယ်နှုန်းသည် ယူအက်စ်ဖက်ဒရယ်ဘဏ်နှင့် ဆွစ်အမျိုးသားဘဏ်တို့မှ ဆုံးဖြတ်ချက်များ အပါအဝင် ငွေကြေးဖောင်းပွမှု၊ အလုပ်ခန့်အပ်ထားနိုင်မှု နှင့် နှစ်နိုင်ငံလုံးရှိ စီးပွားရေးတိုးတက်နှုန်းများ ကဲ့သို့သော အထွေထွေစီးပွားရေးဆိုင်ရာ အညွှန်းကိန်းများအပေါ် မူတည်ပါသည်။ ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများသည် အနာဂတ်နှုန်ထား၏ ရွေ့လျားမှုများကို ခန့်မှန်းရန်အတွက် အထက်ပါအချက်အလက်များအပေါ် အနီးကပ် စောင့်ကြည့်လေ့လာသင့်ပါသည်။

ဘေးကင်းစိတ်ချရသော ပိုင်ဆိုင်မှုတစ်ခုအဖြစ် ဆွစ်ဖရန့်၏ ရပ်တည်ချက်သည် အထူးသဖြင့် ကမ္ဘာ့အကြပ်အတည်းများနှင့် မသေချာမရေရာမှုများကြောင့် ထိခိုက်ပြောင်းလဲလွယ်ပါသည်။ ထိုငွေကြေးအတွဲအား ကုန်သွယ်ရောင်းဝယ်ရာတွင် အောင်မြင်သော အကျိုးရလဒ်များ ရရှိစေရန်အတွက် ဤလမ်းကြောင်းများကို နားလည်ခြင်းမှာ အဓိကကျပါသည်။

USDCHF တွင် ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ

USDCHF အတွဲတွင် ရင်းနှီးမြှုပ်နှံခြင်းသည် စွန့်စားမှုအတိုင်းအတာတစ်ခု ပါဝင်သည်။ သို့ဖြစ်၍ ပြည့်စုံနှံ့စပ်သော ကုန်သွယ်ရေးဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် ထိုပိုင်ဆိုင်မှု၏ အကျိုးကျေးဇူးများနှင့် အားနည်းချက်များကို အကဲဖြတ်ရန် မရှိမဖြစ်လိုအပ်ပါသည်။

အကျိုးကျေးဇူးများ

  • ဆွစ်ဖရန့်ငွေကြေးကို ၎င်း၏ တည်ငြိမ်မှုကြောင့် ယုံကြည်စိတ်ချရသော ငွေကြေးတစ်ခုအဖြစ် သမိုင်းတလျှောက် ထင်မှတ်ထားကြပါသည်။ ကမ္ဘာ့စီးပွားရေးလှိုင်းထန်နေချိန် (သို့) ပထဝီနိုင်ငံရေးမတည်ငြိမ်စဥ်အတွင်း ရင်းနှီးမြှုပ်နှံသူများသည် ဖရန့်ငွေကြေးမှ ပေးစွမ်းသော တည်ငြိမ်မှုကို မကြာခဏ ရှာဖွေလေ့ရှိကြပါသည်၊ ဤသို့ဖြင့် လဲလှယ်နှုန်း၏ ခိုင်မာမှုကို ဖြစ်ပေါ်စေပြီး အထူးသဖြင့် အရောင်းကုန်သွယ်မှုများ ဝင်ရောက်ချိန်တွင် USDCHF ကုန်သွယ်မှုနေရာများကို ကိုင်ဆောင်ထားသူများအတွက် အကျိုးအမြတ်များ ပိုမိုတိုးပွားစေပါသည်။
  • USDCHF စျေးကွက်၏ ငွေဖြစ်လွယ်မှုသည် ရောင်းဝယ်စျေးကွာဟချက် နည်းပါးစေပြီး ထိုသည်မှာ ငွေလွှဲပြောင်းစရိတ်များကို လျော့ကျစေ၍ အမြတ်များကို မြှင့်တင်ပေးပါသည်။
  • USDCHF အတွဲသည် သိသာပေါ်လွင်သော လမ်းကြောင်းများကို မကြာခဏ ဖော်ပြလေ့ရှိပြီး ထိုသို့ဖြင့် နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်မှုကို အသုံးပြုခြင်းနှင့် စျေးနှုန်းရွေ့လျားမှုများ ခန့်မှန်းရာတွင် အဆင်ပြေချောမွေ့စေပါသည်။
  • ယူအက်စ်နှင့် ဆွစ်ဇာလန် နှစ်နိုင်ငံလုံးမှ စီးပွားရေးဆိုင်ရာ အချက်အလက်များ ပုံမှန်ထုတ်ပြန်ခြင်းသည် ကုန်သည်များအား အခြေခံကျသော ဆန်းစစ်ချက်ကို ထည့်သွင်းအသုံးပြုနိုင်စေပြီး အမြော်အမြင်ကြွယ်ဝသော ဆုံးဖြတ်ချက်များ ချမှတ်ရန်နှင့် အမြတ်အမြောက်အများ ရယူရန်အတွက် အခွင့်အလမ်းကို ဖန်တီးပေးပါသည်။

အားနည်းချက်များ

  • ဥရောပစီးပွားရေးနှင့် ဆွစ်ဖရန့်ငွေကြေးတို့၏ ခိုင်မာသော ဆက်နွယ်မှုသည် ယူရိုဇုန်အတွင်း စီးပွားရေးအပြောင်းအလဲများတွင် ၎င်းအား ထိခိုက်မှုဖြစ်စေပါသည်။
  • ကြိုတင်မမြင်နိုင်သော နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ (သို့) ဥရောပအတွင်း ဘဏ္ဍာရေးဆိုင်ရာ အကြပ်အတည်းများသည် ဆွစ်ဖရန့်၏ လဲလှယ်နှုန်းအပေါ် ဆိုရွားစွာ အန္တရာယ်ကျရောက်စေနိုင်ပြီး USDCHF ရောင်းဝယ်ရေး၏ အကျိုးအမြတ်ဖြစ်ထွန်းမှုကို ဆုတ်ယုတ်စေနိုင်ပါသည်။
  • ဆွစ်အမျိုးသားဘဏ်သည် ၎င်း၏ ငွေကြေးစျေးကွက် ကာကွယ်ထိန်းချုပ်မှုဆိုင်ရာ မူဝါဒများအတွက် ထင်‌ပေါ်ကျော်ကြားပါသည်။
  • SNB သည် နိုင်ငံတွင်းငွေကြေးကို အားနည်းစေရန် (သို့) ပံ့ပိုးထောက်ကူပေးရန်အတွက် ငွေကြေးစျေးကွက်အတွင်း ရုတ်တရက် ဝင်ရောက်ထိန်းချုပ်နိုင်ပါသည်၊ ဤသို့ဖြင့် ကုန်သည်များအတွက် ခန့်မှန်းမထားသော စျေးအတက်အကျများနှင့် ဆုံးရှုံးမှုများကို ဖြစ်ပွားစေနိုင်ပါသည်။
  • အခြားငွေကြေးအတွဲများနှင့် နှိုင်းယှဥ်လျှင် USDCHF အတွဲ၏ အတက်အကျ လွန်စွာနည်းပါးခြင်းသည် အထူးသဖြင့် မြင့်မားသော စျေးအတက်အကျဗျူဟာအား အသုံးပြုသည့် ကုန်သည်များအတွက် အမြတ်ရရှိနိုင်ချေကို အကန့်အသတ်ဖြစ်စေနိုင်ပါသည်။
  • ကုန်သည်များသည် ယူအက်စ်နှင့် ဆွစ်ဇာလန် နှစ်နိုင်ငံလုံး၏ သတင်းများအပေါ် စဥ်ဆက်မပြတ် စောင့်ကြည့်လေ့လာရန်အတွက် အချိန်များစွာနှင့် စိစစ်သုံးသပ်ရေး တတ်ကျွမ်းမှုများကို ထည့်သွင်းနှစ်မြှုပ်ထားရပါမည်။

ကြိုတင်ခန့်မှန်းချက်များကို မည်သို့လုပ်ဆောင်ပုံ

ရေတိုနှင့် ရေရှည်ကာလ USDCHF စျေးနှုန်းခန့်မှန်းရာတွင် အောက်ပါအချက်များကို ကျယ်ပြန့်နှံ့စပ်စွာ ရှုမြင်သုံးသပ်ရန် လိုအပ်ပါသည်။

၁။ အခြေခံတကျဆန်းစစ်ချက် တွင် အောက်ပါတို့ ပါဝင်သည်။

  • ထင်ပေါ်ကျော်ကြားသော စိစစ်သုံးသပ်ရေးကိုယ်စားလှယ်များ၏ ကြိုတင်ခန့်မှန်းချက်များ ။
  • စီးပွားရေးတိုးတက်နှုန်းများ၊ ဘဏ္ဍာရေးစနစ်၏ တည်ငြိမ်မှု၊ စုစုပေါင်း ပြည်တွင်းထုတ်ကုန်၊ အတိုးနှုန်းများနှင့် ငွေကြေးဖောင်းပွနှုန်းများ ကဲ့သို့သော ယူအက်စ်နှင့် ဆွစ်ဇာလန်ရှိ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းများကို စိစစ်သုံးသပ်ခြင်း။
  • ငွေကြေးဖောင်းပွမှု ထိန်းချုပ်ရေးအစီအစဥ်များနှင့် အတိုးနှုန်းမြင့်တက်မှုများ အပါအဝင် ငွေကြေးဆိုင်ရာ မူဝါဒကို အကဲဖြတ်ခြင်း။
  • နိုင်ငံနှစ်နိုင်ငံအကြား ကုန်သွယ်မှုဆက်ဆံရေးများ အထူးသဖြင့် ပို့ကုန်နှင့်သွင်းကုန်များ၏ ဟန်ချက်ညီမျှမှု၊ အာဏာသက်ရောက်နေသော ကုန်သွယ်ရေးသဘောတူညီချက်များနှင့် အခြားသက်ဆိုင်ရာ အကြောင်းရင်းများကို ချင့်ချိန်သုံးသပ်ခြင်း။
  • ငွေလဲလှယ်နှုန်းအပေါ် သက်ရောက်စေနိုင်သော ပထဝီနိုင်ငံရေးနှင့် အထွေထွေစီးပွားရေးဆိုင်ရာ စွန့်စားမှုများကို ဆန်းစစ်လေ့လာခြင်း။

၂။ လက်ရှိစျေးကွက်အနေအထား အပါအဝင် ဆိုရှယ်မီဒီယာနှင့် အခြားအွန်လိုင်းအရင်းအမြစ်များပေါ်ရှိ လူထု၏ ထင်မြင်ယူဆချက်ကို အကဲဖြတ်ခြင်း။

၃။ နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်။ အထိရောက်ဆုံးနှင့် ယုံကြည်စိတ်ချရဆုံးသော နည်းလမ်းတွင် candlestick စိစစ်သုံးသပ်မှု၊ chart pattern များ နှင့် နည်းပညာဆိုင်ရာ အညွှန်းကိန်းများကို ပေါင်းစပ်အသုံးပြုမှုတို့ ပါဝင်သည်။ ဤကျယ်ပြန့်နှံ့စပ်သော နည်လမ်းဖြင့် အထင်ကရအမှတ်များကို တိကျစွာ ရှာဖွေဖော်ထုတ်နိုင်စေပြီး အမြတ်ရရှိနိုင်ချေများ၍ စွန့်စားမှုအနည်းငယ်ဖြင့် အကောင်းဆုံးဝင်ရောက်မှတ်များကို ဆုံးဖြတ်ရာတွင် အဆင်ပြေချောမွေ့စေပါသည်။

နိဂုံးချုပ်: USDCHF သည် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါသလား။

USDCHF အတွဲတွင် ရင်းနှီးမြှုပ်နှံခြင်း၏ အနာဂတ်အလားအလားအပေါ် အကဲဖြတ်ရန်အတွက် လက်ရှိစီးပွားရေးအခြေအနေ၊ ပထဝီနိုင်ငံရေးစွန့်စားမှုများ အပါအဝင် ယူအက်စ်နှင့် ဆွစ်ဇာလန်ရှိ ငွေကြေးဆိုင်ရာ မူဝါဒတို့ကို ထည့်သွင်းတွက်ဆထားသော ပြည့်စုံနှံ့စပ်သည့် ချဥ်းကပ်မှုနည်းလမ်းကို လိုအပ်ပါသည်။

သမိုင်းတလျှောက်တွင် USDCHF ငွေကြေးအတွဲကို အလွန်တည်ငြိမ်သည်ဟု မှတ်ယူထားကြပါသည်။ သို့သော် ကမ္ဘာ့စီးပွားရေးအပြောင်းအလဲများသည် ၎င်း၏ စွမ်းဆောင်မှုကို သိသာစွာ သက်ရောက်စေနိုင်ပါသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ယူအက်စ်ဖက်ဒရယ်ဘဏ်နှင့် ဆွစ်အမျိုးသားဘဏ်တို့၏ ဆုံးဖြတ်ချက်များကို အနီးကပ် စောင့်ကြည့်လေ့လာရန်အပြင် ကမ္ဘာ့ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးစီးဆင်းမှုများအပေါ် သက်ရောက်စေသော အကြောင်းတရားများကိုလည်း ထည့်သွင်းချိန်ဆရန် အကြံပြုထားပါသည်။

ရင်းနှီးမြှုပ်နှံရေးယန္တရားတစ်ခုအနေဖြင့် USDCHF ၏ ဆွဲဆောင်မှုကို ရင်းနှီးမြှုပ်နှံသူတစ်ဦးချင်းစီ၏ ဗျူဟာ နှင့် စွန့်စားမှုခံနိုင်ရည်တို့ဖြင့် အပြည့်အဝဆုံးဖြတ်ပေးပါသည်။ ရေရှည်ရင်းနှီးမြှုပ်နှံခြင်းကဲ့သို့ ရေတိုစျေးကစားခြင်းသည် အကျိုးအမြတ်များ ရရှိစေနိုင်သော်လည်း ရေရှည်ရင်းနှီးမြှုပ်နှံမှုအတွက် စိစစ်သုံးသပ်ရာတွင် ပိုမိုသတိထားချဥ်းကပ်ရန် လိုအပ်ပါသည်။

USDCHF စျေးနှုန်းမှန်းဆချက်တွင် မေးလေ့ရှိသော အမေးနှင့်အဖြေများ

USDCHF အတွဲ၏ လက်ရှိစျေးနှုန်းမှာ ၁၄.၀၅.၂၀၂၆ အ‌ရ ₣0.78230 ဖြစ်ပါသည်။

စိစစ်လေ့လာသူများ၏ ထင်မြင်ယူဆချက်အမျိုးမျိုး ကွဲလွဲနေပါသည်။ အချို့သည် အတန်အသင့်စျေးကျဆင်းမှုကို မှန်းဆပြီး အခြားသူများမှာ အနည်းငယ်တိုးမြင့်မှုကို ခန့်မှန်းပါသည်။ အဆိုပါငွေကြေးအတွဲသည် အတိုးနှုန်းများ၊ နှစ်နိုင်ငံလုံး၏ စီးပွားရေးတိုးတက်မှု နှင့် ပထဝီနိုင်ငံရေးဆိုင်ရာ အကြောင်းတရားများ‌ကြောင့် လွှမ်းမိုးသက်ရောက်မှု ဖြစ်စေပါသည်။ မယုတ်မလွန် ကြားချခန့်မှန်းချက်တွင် စျေးတန်းအပိုင်းအခြား 0.8538–0.9200 အထိကို ညွှန်ပြပါသည်။

၂၀၂၆ ခုနှစ်အတွက် မှန်းဆချက်များမှာ ပို၍ပင် မသေချာမရေရာပါ။ ရေရှည်မျှော်မှန်းချက်အရ ယူအက်စ်၏ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းများသည် သိသာစွာ တိုးတက်မှုမရှိပါက ကန်ဒေါ်လာသည် ဆွစ်ဖရန့်နှင့် နှိုင်းယှဥ်လျှင် 0.8321–0.8590 အထိသို့ နိမ့်ဆင်းသွားနိုင်သည်ဟု အကြံပြုထားပါသည်။ သို့သော် ကမ္ဘာ့စီးပွားရေးတွင် ရုတ်တရက်ပြောင်းလဲမှုများသည် ဤခန့်မှန်းချက်များကို ပြောင်းလဲစေနိုင်ပါသည်။

ဆွစ်ဇာလန်၏ စီးပွားရေးတည်ငြိမ်မှု နှင့် ၎င်း၏ ဘေးကင်းစိတ်ချရသော ရပ်တည်မှုကြောင့် ဖရန့်ငွေကြေးသည် အားကောင်းခိုင်မာနေဆဲ ဖြစ်ပါသည်။ လာမည့်နှစ်များအတွင်း ဖရန့်ငွေကြေးသည် 0.8321 မှ 0.9430 အထိစျေးတန်းအပိုင်းအခြားတွင် ဆက်လက်အရောင်းအဝယ် ဖြစ်နေပါမည်၊ သို့သော် ၎င်းသည် ကမ္ဘာလုံးဆိုင်ရာ အခြေအနေများနှင့် ဆွစ်အမျိုးသားဘဏ်၏ ဆုံးဖြတ်ချက်များကြောင့် စျေးအတက်အကျများ ဖြစ်ပေါ်ပါမည်။

CHF သည် နောင်လာမည့်နှစ်များ၌ အထူးသဖြင့် ကမ္ဘာ့စီးပွားရေးမတည်ငြိမ်စဥ်အတွင်း တန်ဖိုးတက်လာပါမည်။ အရင်းအနှီးအား ကာကွယ်ရန် ရှာဖွေနေသည့် ရင်းနှီးမြှုပ်နှံသူများအတွက် ဆွစ်ဖရန့်သည် ဘေးကင်းစိတ်ချရသော ငွေကြေးတစ်ရပ်အဖြစ် မကြာခဏတွေ့မြင်ရလေ့ရှိပါသည်။ ဤအခြေအနေသည် မကြာတော့မည့် အနာဂတ်အတွင်း ဆက်လက်ဖြစ်ပေါ်နိုင်ပါသည်။

ဆွစ်ဇ်ဖရန့်ငွေကြေးသည် ဆက်လက်မြင့်တက်ပါမည်၊ သို့သော် ၎င်း၏ တိုးတက်မှုသည် ငွေကြေးဖောင်းပွမှု၊ အတိုးနှုန်းများနှင့် ကမ္ဘာ့စီးပွားရေးဆိုင်ရာ ယေဘုယျအခြေအနေ အပါအဝင် အချက်ပေါင်းမျိုးစုံအပေါ်တွင် မူတည်နေပါသည်။ ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှု ပြင်းထန်လာပါက ဘေးကင်းစိတ်ချရသော ပိုင်ဆိုင်မှုတစ်ခုအဖြစ် CHF ၏ ဝယ်လိုအားတက်လာနိုင်ပြီး ဤသို့ဖြင့် ၎င်း၏ ထပ်မံတန်ဖိုးမြင့်တက်မှုအတွက် အထောက်အကူဖြစ်စေနိုင်ပါသည်။

အဓိကအားဖြင့် ဆွစ်ဇာလန် နှင့် အမေရိကန်တို့အကြား အခြေခံစီးပွားရေး ကွာခြားချက်များကြောင့် CHF သည် USD ထက် ပိုမိုခိုင်မာတောင့်တင်းပါသည်။ ဆွစ်ဇာလန်နိုင်ငံတွင် စီးပွားရေးတည်ငြိမ်မှု၊ ကြွေးမြီနည်းပါးခြင်း နှင့် ကြီးမားသော ကုန်သွယ်ရေးအပိုငွေ စသည်တို့ကိုပိုင်ဆိုင်ထားပါသည်။ ဤအချက်များကြောင့် တည်ငြိမ်မှုကို ရှာဖွေနေသော ရင်းနှီးမြှုပ်နှံသူများအတွက် CHF သည် စွဲမက်ဖွယ်ကောင်းပါသည်။

USDCHF ကို ဝယ်ယူရန် (သို့) ရောင်းချရန် ဆုံးဖြတ်ချက်သည် သင့်၏ ရင်းနှီးမြှုပ်နှံရေး ရည်မှန်းချက်များနှင့် စွန့်စားမှုခံနိုင်စွမ်းအပေါ် မူတည်ပါသည်။ စိစစ်လေ့လာသူများသည် ထိုနှစ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းများကို အနီးကပ်စောင့်ကြည့်လေ့လာရန် နှင့် ပထဝီနိုင်ငံရေး အခြေအနေများကို ထည့်သွင်းချိန်ဆရန် အကြံပြုထားပါသည်။ သာမန်ရိုးကျနည်းစဥ်ဖြင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် USDCHF စျေးကွက်သို့ ဝင်ရောက်ခြင်းမှ ရှောင်ကြဥ်ရန် အကြံပြုအပ်ပါသည်။

USD/CHF အတွဲအတွက် အနာဂတ်အလားအလာသည် ယူအက်စ်ဖယ်ဒရယ်ဘဏ်နှင့် ဆွစ်ဇာလန်အမျိုးသားဘဏ်တို့၏ အတိုးနှုန်းများ၊ ထိုနှစ်နိုင်ငံလုံး၏ စီးပွားရေးတိုးတက်မှုနှုန်းများ၊ ငွေကြေးဖောင်းပွမှု နှင့် ကုန်သွယ်ရေး ဟန်ချက်ညီမျှမှု အပါအဝင် ပထဝီနိုင်ငံရေး အခင်းအကျင်းတို့ကြောင့် ပုံဖော်ဖြစ်ပေါ်လာပါသည်။ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်သဘောထားနှင့် ထိုငွေကြေးနှစ်ခုအကြား အရင်းအနှီးစီးဆင်းမှုသည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။

လက်တွေ့ဈေးကွက်အချိန်ရှိ USDCHF ၏စျေးနှုန်းဇယား

2026၊ 2027၊ 2028–2030 နှင့် နောက်ပိုင်းအတွက် USDCHF ကြိုတင်ခန့်မှန်းချက်

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat