Moderna သည် messenger ribonucleic acid (mRNA) ကို အခြေခံ၍ ဆေးဝါးများ တီထွင်ထုတ်လုပ်ခြင်းကို အဓိကလုပ်ဆောင်သော အမေရိကန် ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည်။ Moderna အား Moderna ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဖန်တီးခဲ့သောကုမ္ပဏီအဖြစ် အများဆုံးသိရှိကြပါသည်။
MRNA စတော့ဈေးနှုန်းခန့်မှန်းချက်များသည် လက်ရှိဈေးကွက်လမ်းကြောင်းများနှင့် ကုမ္ပဏီ၏ ဘဏ္ဍာရေးစွမ်းဆောင်ရည်တို့၏ စေ့စပ်သေချာသော ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံပါသည်။ ပြီးပြည့်စုံသော လေ့လာဆန်းစစ်မှုတခုသည် MRNA စတော့နှုန်းထားများ၏ အနာဂါတ်စွမ်းဆောင်ရည်အား ရှင်းရှင်းလင်းလင်း ထိုးထွင်းသိမြင်စေပါသည်။ လက်ရှိတွင်၊ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များသည် စတော့ဈေးနှုန်း ကျဆင်းမှုတရပ်ကို ခန့်မှန်းထားကြပြီး၊ အနီးစပ်ဆုံးခန့်မှန်းတန်ဖိုးများမှာမူ ကွဲပြားလျှက်ရှိပါသည်။
ဤဆောင်းပါးသည် လာမည့်နှစ်များစွာအတွက်၊ MRNA နှုန်းထားများအပေါ် ကျွမ်းကျင်သူတို့၏ ခန့်မှန်းချက်များကို လေ့လာဆန်းစစ်ထားပြီး၊ ပိုင်ဆိုင်မှု၏ ဈေးနှုန်းအပေါ် အကျိုးသက်ရောက်နိုင်မည့် အကြောင်းအရာများစွာကို ထည့်သွင်းစဉ်းစားထားပါသည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- အဓိကမှတ်သားဖွယ်ရာများ
- MRNA အချိန်နှင့်တပြေးညီဈေးကွက်အခြေအနေ
- နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ်အခြေခံ၍ ၂၀၂၅ ခုနှစ် အတွက် MRNA စတော့ဈေးနှုန်းခန့်မှန်းချက်
- ၂၀၂၆ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ MRNA ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ
- ၂၀၂၇ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ MRNA ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ
- ၂၀၂၈ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ MRNA ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ
- ၂၀၂၉ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ MRNA ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ
- ၂၀၃၀ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ MRNA ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ
- ၂၀၅၀ ခုနှစ်အထိ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ MRNA ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ
- ဆိုရှယ်လ်မီဒီယာပေါ်မှ MRNA (Moderna) အတွက် ဈေးကွက်သဘောထားတိုင်းတာချက်
- #MRNA ဈေးနှုန်းရာဇဝင်
- MRNA ရှယ်ယာများ အခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာချက်
- Moderna Inc. (#MRNA) အကြောင်း နောက်ထပ် အချက်အလက်များ
- ကျွန်ုပ်တို့၏ ခန့်မှန်းချက်များ ပြုလုပ်ပုံ
- အနှစ်ချုပ် - MRNA သည် ကောင်းမွန်သောရင်းနှီးမြှုပ်နှံမှုတခု ဖြစ်ပါသလား။
- Moderna Inc. (#MRNA) ဈေးနှုန်းကြိုတင်သုံးသပ်ချက်ဆိုင်ရာ အမေး၊ အဖြေများ
အဓိကမှတ်သားဖွယ်ရာများ
၁၄.၀၅.၂၀၂၆ တွင် #MRNA ၏ လက်ရှိဈေးနှုန်းမှာ $50.07 ဖြစ်ပါသည်။
MRNA ဈေးနှုန်းသည် ၎င်း၏ ကာလတလျှောက်အမြင့်ဆုံးတန်ဖိုးဖြစ်သော $484.47 သို့ ၀၉.၀၈.၂၀၂၁ တွင် ရောက်ရှိခဲ့သည်။ စတော့၏ ကာလတလျှောက်အနိမ့်ဆုံးတန်ဖိုးအား ၀၅.၀၈.၂၀၁၉ တွင် $12.26 ၌ မှတ်တမ်းတင်ခဲ့သည်။
LongForecast သည် ၂၀၂၅ ခုနှစ်အတွင်း MRNA စတော့အား $21.95–$38.10 ဈေးနှုန်းအတွင်း အရောင်းအဝယ်ပြုလုပ်ရလိမ့်မည်ဟု ကြိုတင်ခန့်မှန်းပါသည်။ CoinPriceForecast ကမူ ဈေးနှုန်းသည် နှစ်ကုန်ချိန်တွင် $38.15 သို့ ရောက်ရှိလိမ့်မည်ဟု သုံးသပ်ထားပါသည်။
စတော့သည် ၂၀၂၆ ခုနှစ်အတွင်း ဆေးဝါးအသစ်များ တီထွင်ဖန်တီးခြင်းကို အကြောင်းပြု၍ $110.53 သို့ မြင့်တက်လာမည်ဟု Markettalkz မှ ခန့်မှန်းချက်ထုတ်ထားပြီး၊ LongForecast သည် $49.08 အထိကျဆင်းမှုတရပ်ကို မျှော်လင့်ထားပါသည်။
၂၀၂၇ မှ ၂၀၂၈ ကြား ခန့်မှန်းချက်များမှာမူ ကွဲပြားနေကြပါသည်။ Markettalkz သည် $140 အထိ တိုးတက်မှုတရပ်ကိုမျှော်လင့်ပြီး၊ LongForecast သည် $9.98 အထိ ဈေးနှုန်းကျဆင်းမှုတရပ်ကို မျှော်မှန်းထားပါသည်။
CoinPriceForecast ၏ အလိုအရ၊ ၂၀၃၀ ခုနှစ်တွင် ဈေးနှုန်းသည် $87.43 သို့ ရောက်ရှိနိုင်ပါသည်။ သို့သော်၊ Stockscan သည် $459.45 အထိ တိုးတက်မှုတရပ်ကို ကြိုတင်ရှုမြင်ထားပါသည်။
ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်းတွင် ကာကွယ်ဆေးများအပေါ် စိတ်ဝင်စားမှု လျော့ပါးလာခဲ့ပြီး၊ ၂၀၂၁ ခုနှစ်မှစ၍ MRNA ၏ စတော့ဈေးနှုန်း ကျဆင်းလာခဲ့သည်။
MRNA ဈေးနှုန်းရွေ့လျားမှုသည် လက်တွေ့စမ်းသပ်ချက်ရလာဒ်များ၊ ဘဏ္ဍာရေးအစီရင်ခံစာများ၊ အစိုးရအော်ဒါများနှင့် ခွဲခြမ်းစိတ်ဖြာသူတို့၏ အဆင့်သတ်မှတ်ချက်များအပေါ်တွင် မူတည်ပါလိမ့်မည်။
MRNA အချိန်နှင့်တပြေးညီဈေးကွက်အခြေအနေ
၁၄.၀၅.၂၀၂၆ တွင် #MRNA စတော့အား $50.07 ၌ အရောင်းအဝယ်ပြုလုပ်နေပါသည်။
ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ရာတွင်၊ ဈေးကွက်အရင်းအနှီး၊ ဈေးနှုန်းရွေ့လျားမှု၊ ထုတ်ရောင်းထားသော ရှယ်ယာ အရေအတွက်နှင့် P/E အချိုး အစရှိသော အရေးပါသည့် ညွှန်ပြချက်များကို စောင့်ကြည့်ခြင်းသည် အရေးကြီးပါသည်။ ယင်းညွှန်ပြချက်များသည် ကုမ္ပဏီ၏ အရွယ်အစား၊ ရင်းနှီးမြှုပ်နှံသူများအပေါ် ဆွဲဆောင်မှုနှင့် ကာလရှည်တလျှောက် MRNA ၏ နှုန်းထားအပြောင်းအလဲများကို ကူညီ၍ တိုင်းတာပေးပါသည်။
ညွှန်ပြချက်များ | တန်ဖိုး |
ဈေးကွက်အရင်းအနှီး | $13.15 ဘီလီယမ် |
ကာလတလျှောက်အမြင့်ဆုံးတန်ဖိုး | $484.47 |
ကာလတလျှောက်အနိမ့်ဆုံးတန်ဖိုး | $12.26 |
ထုတ်ရောင်းထားသောရှယ်ယာအရေအတွက် | 386.6 မီလီယမ် |
အမြတ်ဝေစုနှုန်းထား | ကုမ္ပဏီ မှ အမြတ်ဝေစုမပေးပါ။ |
P/E အချိုး | −3.5x |
နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ်အခြေခံ၍ ၂၀၂၅ ခုနှစ် အတွက် MRNA စတော့ဈေးနှုန်းခန့်မှန်းချက်
Moderna (MRNA) ရှယ်ယာများသည် ကျဆင်းသောချန်နယ်လ်တခုအတွင်း ဆက်လက် ရွေ့လျားနေကြပါသည်။ EMA နှင့် SMA (34.9 ဝန်းကျင်)တို့သည် bearish divergence တခုကိုပြသနေပြီး၊ အကျလမ်းကြောင်းကို အတည်ပြုပါသည်။ RSI သည် အရောင်းလွန်ကဲသောဇုန်အနီး 34.79 တွင် ရှိနေကာ၊ ကျဆင်းမှုအရှိန်နှေးကွေးလာခြင်းကို ညွှန်ပြပါသည်။ MACD indicator သည် bullish divergence တခုကို ဖွဲ့စည်းပါသည် - ဟစ်(စ)စတိုဂရမ်သည် အစိမ်းရောင်ဖြစ်၍ မျဉ်းများသည် ပေါင်းဆုံရန်ဦးတည်လာသောကြောင့် ကျဆင်းမှုတွင် အရှိန်နည်းပါးလာကြောင်းကို အချက်ပြပါသည်။
Bollinger bands များသည် ကျဉ်းမြောင်းသွားခဲ့ပြီး၊ မတည်ငြိမ်မှုလျော့ကျလာခြင်းနှင့် စုဖွဲ့သောဇုန်အတွင်းမှ မကြာမီ ထွက်ခွာရန်အလားအလာကို ညွှန်ပြနေသည်။ ကုန်သွယ်မှုပမာဏများသည် အသင့်အတင့်သာ ဆက်လက်ကျန်ရှိနေကာ ဈေးကွက်ပါဝင်သူများကြား မသေချာမရေရာမှုကို အတည်ပြုပါသည်။ နှေးကွေးသော ကျဆင်းမှုတခု ရှိနေသော်လည်း၊ နည်းပညာပိုင်းဆိုင်ရာညွှန်ပြကိရိယာများသည် လမ်းကြောင်းအလှည့်အပြောင်း ဖြစ်နိုင်ခြေတခုကို အချက်ပြပါသည်။
အောက်ပါဇယားကွက်သည် ၂၀၂၅ နှစ်ကုန်အထိ၊ MRNA ၏ ဈေးနှုန်းခန့်မှန်းချက်ကို ပြသပါသည်။
လ | အနည်းဆုံး၊ $ | အများဆုံး၊ $ |
ဧပြီ | 29.85 | 37.5 |
မေ | 31.2 | 382 |
ဇွန် | 32 | 39.5 |
ဇူလိုင် | 33.1 | 40 |
ဩဂုတ် | 34.5 | 42.3 |
စက်တင်ဘာ | 35.8 | 44.2 |
အောက်တိုဘာ | 36.2 | 45.1 |
နိုဝင်ဘာ | 37.4 | 46.8 |
ဒီဇင်ဘာ | 38 | 48 |
၂၀၂၅ ခုနှစ်အတွင်း Moderna Inc. (#MRNA) အတွက် ကာလရှည် ကုန်သွယ်ရေးအစီအစဉ်
၂၀၂၅ ခုနှစ်အတွင်း #MRNA အတွက် ကာလရှည်ကုန်သွယ်ရေးအစီအစဉ်မှာ ရွေ့လျားဆဲအကျလမ်းကြောင်းတခုပေါ်တွင် အခြေခံပါသည်။ ဈေးနှုန်းသည် အဆိုပါအကျလမ်းကြောင်းပေါ်တွင် 29–45 အကွာအဝေးဘောင်အတွင်း ရွေ့လျားနေသည်။ အရေးပါသော support သည် 30 တွင် တည်ရှိပါသည်။ အကယ်၍ ဈေးနှုန်းသည် ယင်းဈေးတန်းကိုချိုးဖျက်ပြီး၊ 37 အထက်တွင် အခြေချပါက၊ 45–50 ဝန်းကျင်တွင် ပစ်မှတ်ထား၍ ကာလအလယ်အလတ်ကုန်သွယ်မှုများကို စဉ်းစားနိုင်ပါသည်။
အခြားဖြစ်နိုင်ခြေရှိသော အစီအစဉ်တခုမှာ ပိုင်ဆိုင်မှုသည် 30 တွင်ရှိသော support အား စမ်းသပ်ထိတွေ့ကာ၊ ပြန်လည်ခုန်တက်လာခြင်း ဖြစ်ပါသည်။ RSI သည် ရောင်းလိုအားလွန်ကဲဇုန်အနီးတွင် ရှိနေပြီး၊ MACD indicator သည် အလားအလာရှိသော အလှည့်အပြောင်းတခုကို အချက်ပြပါသည်။ တချိန်တည်းမှာပင် မတည်ငြိမ်မှုသည်လည်း လျော့နည်းလာပါသည်။ Bullish candlesticks များဖွဲ့စည်းနေစဉ် ကုန်သွယ်မှုပမာဏတိုးတက်လာခြင်းသည် ဝယ်သူတို့၏ စိတ်ပါဝင်စားမှုကို အတည်ပြုသောကြောင့် ကုန်သွယ်မှုပမာဏများကို ခြေရာခံရန် အရေးကြီးပါသည်။ stop-loss အော်ဒါတခုကို 29.50 တွင်သတ်မှတ်နိုင်ပါသည်။ စွန့်စားလိုစိတ်နည်းပါးသော ကုန်သည်များသည် ကျဆင်းနေသောချန်နယ်လ်၏ နယ်နိမိတ်အား ဈေးနှုန်းဖောက်ထွက်သွားသည်အထိ စောင့်ဆိုင်းသင့်ပါသည်။ တက်ကြွစွန့်စားသောကုန်သည်များအနေဖြင့်မူ support အနီးတွင် အဝင်ပွိုင့်တခုကို ရှာဖွေနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစည်းမျဉ်းများ ကို လိုက်နာရန် အထူးအရေးကြီးပါသည်။
၂၀၂၅ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ MRNA ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ
ရင်းနှီးမြှုပ်နှံသူများသည် Moderna ၏ အလားအလာများကို သေချာစွာစောင့်ကြည့်လျှက်ရှိကြပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဈေးနှုန်းများ ရုတ်တရက်မြင့်တက်ခဲ့ပြီး နောက်ပိုင်းတွင်၊ ကုမ္ပဏီ၏ စတော့သည် သိသာထင်ရှားသော အတက်၊ အကျများကို ကြုံတွေ့ခဲ့ရသည်။ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များသည် ၂၀၂၅ ခုနှစ်အတွင်း MRNA ၏ စွမ်းဆောင်ရည်အတွက် အသင့်အတင့်တိုးတက်မှုမှ ယာယီကျဆင်းမှုအလားအလာတခုအထိ ကွဲပြားသော ခန့်မှန်းချက်များကို ပြုလုပ်ခဲ့ကြပါသည်။
Markettalkz
ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $81.36–$125.04 (၂၃.၃.၂၀၂၅ အထိလေ့လာချက်အရ)။
၂၀၂၅ ခုနှစ်တွင် Moderna ၏ ပျမ်းမျှရှယ်ယာဈေးနှုန်းသည် $96.95 ဖြစ်လိမ့်မည်ဟု Markettalkz မှ ကြိုတင်ခန့်မှန်းပါသည်။ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များသည် ကုမ္ပဏီ၏ဆေးဝါးများအတွက် တည်ငြိမ်သောဝယ်လိုအား၊ mRNA ကာကွယ်ဆေးများအတွက် ကျယ်ပြန့်သောသုသေသနလုပ်ငန်းများနှင့် ဇီဝနည်းပညာနယ်ပယ်၏ ယေဘုယျတည်ငြိမ်မှု အစရှိသော အချက်များအပေါ် မှီခိုအားထားခဲ့ကြသည်။
နှစ် | အနည်းဆုံး၊ $ | ပျမ်းမျှ၊ $ | အများဆုံး၊ $ |
၂၀၂၅ | 81.36 | 96.95 | 125.04 |
LongForecast
ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $21.20–$38.10 (၂၃.၃.၂၀၂၅ အထိလေ့လာချက်အရ)။
ဆန့်ကျင်ဘက်အားဖြင့်၊ LongForecast သည် သတိပြုရလောက်သော ဈေးနှုန်းကျဆင်းမှုတရပ်ကို မျှော်လင့်ထားပါသည်။ စတော့သည် ဇူလိုင်လတွင် $23.04 သို့ ကျဆင်းသွားပြီး၊ ဒီဇင်ဘာလတွင် $27.66 သို့ ပြန်လည်တိုးတက်လာနိုင်ပါသည်။ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များသည် ကုမ္ပဏီ၏ ဝင်ငွေကျဆင်းမှုအလားအလာနှင့် နယ်ပယ်အတွင်း ပြင်းထန်သောယှဉ်ပြိုင်မှုများကို မှန်းဆ၍၊ ဤဖြစ်နိုင်ခြေကို ခန့်မှန်းကြခြင်း ဖြစ်သည်။
လ | အဖွင့်၊ $ | အနည်းဆုံး–အများဆုံး၊ $ | အပိတ်၊ $ |
မတ် | 30.96 | 28.27–38.10 | 31.1 |
ဧပြီ | 31.1 | 25.93–34.89 | 29.61 |
မေ | 29.61 | 23.16–29.61 | 25.17 |
ဇွန် | 25.17 | 21.95–25.77 | 23.86 |
ဇူလိုင် | 23.86 | 21.20–24.88 | 23.04 |
ဩဂုတ် | 23.04 | 21.99–25.81 | 23.9 |
စက်တင်ဘာ | 23.9 | 22.79–26.75 | 24.77 |
အောက်တိုဘာ | 24.77 | 23.64–27.76 | 25.7 |
နိုဝင်ဘာ | 25.7 | 24.53–28.79 | 26.66 |
ဒီဇင်ဘာ | 26.66 | 25.45–29.87 | 27.66 |
CoinPriceForecast
ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $36.60–$38.15 (၂၃.၃.၂၀၂၅ အထိလေ့လာချက်အရ)။
CoinPriceForecast သည် ၂၀၂၅ နှစ်ကုန်တွင် စတော့ဈေးနှုန်းအား $38.15 သို့ မြင့်တက်လာရန် မျှော်မှန်းထားပါသည်။ ဤအကောင်းမြင်သော ရှုမြင်ချက်သည် နယ်ပယ်အသစ်များတွင် ကုမ္ပဏီ၏ သုသေသနလုပ်ဆောင်မှုများနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ခြင်း စသည့်အချက်များအပေါ် အခြေခံပါသည်။
နှစ် | နှစ်လယ်၊ $ | နှစ်ကုန်၊ $ |
၂၀၂၅ | 36.60 | 38.15 |
၂၀၂၆ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ MRNA ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ
Immunotherapy သုသေသနဆိုင်ရာ အောင်မြင်မှုများရရှိခြင်းနှင့် ဆေးဝါးတီထွင်ထုတ်လုပ်မှုတွင် AI နည်းပညာကိုထည့်သွင်းအသုံးချမှုများ အရှိန်ရလာခြင်းတို့ကြောင့် ၂၀၂၆ သည် ကုမ္ပဏီအတွက် အဓိကကျသော နှစ်တနှစ်အဖြစ် အသိအမှတ်ပြုခံရဖွယ်ရာရှိပါသည်။
Markettalkz
ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $92.75–$143.69 (၂၃.၃.၂၀၂၅ အထိလေ့လာချက်အရ)။
ကိုယ်ခံအားအလိုအလျောက်ဖောက်ပြန်ခြင်းရောဂါများနှင့် ကင်ဆာရောဂါကုသမှုများ ပိုမိုအဆင့်မြင့်လာခြင်း၊ ထို့အပြင် ဆေးဝါးထုတ်လုပ်ရေးတွေင် AI နည်းပညာကို ထည့်သွင်းအသုံးပြုခြင်း စသည့်အကြောင်းရင်းများကြောင့်
Moderna ရှယ်ယာများသည် ပျမ်းမျှဈေးနှုန်း $110.53 သို့ ရောက်ရှိလိမ့်မည်ဟု Markettalkz မှ ကြိုတင်ခန့်မှန်းထားပါသည်
နှစ် | အနည်းဆုံး၊ $ | ပျမ်းမျှ၊ $ | အများဆုံး၊ $ |
၂၀၂၆ | 92.75 | 110.53 | 143.69 |
LongForecast
ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $27.66–$46.84 (၂၃.၃.၂၀၂၅ အထိလေ့လာချက်အရ)။
LongForecast ၏ အဆိုအရ၊ MRNA ဈေးနှုန်းသည် ၂၀၂၆ ဇွန်လတွင်၊ $46.84 အထိ အမြင့်ဆုံးရောက်ရှိပြီးနောက် ဒီဇင်ဘာလတွင် $31.04 သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။ ဤကြိုတင်ခန့်မှန်းချက်သည် လုပ်ငန်းနယ်ပယ်၏ မတည်ငြိမ်မှုမြင့်မားသောအစဉ်အလာ၊ ဆေးဝါးသေသနနှင့် စက်မှုလုပ်ငန်းဆိုင်ရာသတင်းများအပေါ် ၎င်း၏ တုံ့ပြန်လွယ်သော သဘာဝတို့ကို ထင်ရှားပေါ်လွင်စေပါသည်။
လ | အဖွင့်၊ $ | အနည်းဆုံး–အများဆုံး၊ $ | အပိတ်၊ $ |
ဇန်နဝါရီ | 27.66 | 27.66–34.35 | 31.81 |
ဇွန် | 37.71 | 37.71–46.84 | 43.37 |
ဒီဇင်ဘာ | 32.83 | 28.56–33.52 | 31.04 |
CoinPriceForecast
ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $44.38–$50.98 (၂၃.၃.၂၀၂၅ အထိလေ့လာချက်အရ)။
CoinPriceForecast သည် သင့်တင့်သောတန်ဖိုးတက်မှုတခုကို မျှော်လင့်ပါသည်။ ဒီဇင်ဘာလတွင်၊ MRNA ငွေလဲနှုန်းသည် $50.98 ၌ အရောင်းအဝယ်ဖြစ်ရန် မျှော်လင့်ရပါသည်။ ဤခန့်မှန်းချက်သည် Moderna ၏ ဈေးဝါးအသစ်များတီထွင်ဖန်တီးမှု အထူးသဖြင့် immunotherapy အပေါ်တွင် အခြေခံပါသည်။
နှစ် | နှစ်လယ်၊ $ | နှစ်ကုန်၊ $ |
၂၀၂၆ | 44.38 | 50.98 |
၂၀၂၇ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ MRNA ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ
၂၀၂၇ ခုနှစ်အတွက် ကျွမ်းကျင်သူများ၏ MRNA ၏ နှုန်းထားခန့်မှန်းချက်များသည် အတော်အသင့်ကွဲပြားလျှက်ရှိပါသည်။ အချို့သောခန့်မှန်းချက်များသည် အထက်သို့ တည်ငြိမ်သောရွေ့လျားမှုကို ညွှန်ပြပါသည်။ အချို့ကမူ ရှည်ကြာသောကျဆင်းမှုတရပ်ကို အဆိုပြုကြပါသည်။
Markettalkz
ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $106.66–$165.24 (၂၃.၃.၂၀၂၅ အထိလေ့လာချက်အရ)။
ငှက်ဖျားဆေးနှင့် တီဘီရောဂါကုသဆေးများအပါအဝင် ကုမ္ပဏီ၏ ချဲ့ထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် MRNA သည် ပျမ်းမျှဈေးနှုန်း $127.11 သို့ အခိုင်အမာတိုးတက်လာလိမ့်မည်ဟု Markettalkz မှ ကြိုတင်မျှော်လင့်ထားပါသည်။ ဤအစီအမံများသည် mRNA ကုထုံးများတွင် Moderna ၏ ရပ်တည်မှုကို ပိုမိုခိုင်မာစေမည်ဖြစ်ပါသည်။
နှစ် | အနည်းဆုံး၊ $ | ပျမ်းမျှ၊ $ | အများဆုံး၊ $ |
၂၀၂၇ | 106.66 | 127.11 | 165.24 |
LongForecast
ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $10.80–$32.29 (၂၃.၃.၂၀၂၅ အထိလေ့လာချက်အရ)။
ဆန့်ကျင်ဘက်အားဖြင့်၊ LongForecast သည် MRNA ဈေးနှုန်းတွင် ခိုင်မာသော ကျဆင်းမှုတရပ်ကို ညွှန်ပြထားပါသည်။ နှစ်စတွင်၊ ပိုင်ဆိုင်မှုသည် $29.90 ဝန်းကျင်တွင် ကူးသန်းနေပါမည်။ မည်သို့ပင်ဖြစ်စေ၊ ဒီဇင်ဘာလတွင် ဈေးနှုန်းသည် $11.74 သို့ ထိုးစိုက်ကျဆင်းနိုင်ပါသည်။ ဤအဆိုးမြင်သော သုံးသပ်ချက်တွင် ဈေးကွက်သဘာဝအရ မတည်ငြိမ်မှုများနှင့် ကုမ္ပဏီ၏စွမ်းဆောင်ရည်ကျဆင်းနိုင်ခြေများကို ထည့်သွင်းစဉ်းစားထားပါသည်။
လ | အဖွင့်၊ $ | အနည်းဆုံး–အများဆုံး၊ $ | အပိတ်၊ $ |
ဇန်နဝါရီ | 31.04 | 27.51–32.29 | 29.90 |
ဇွန် | 28.74 | 22.48–28.74 | 24.43 |
ဒီဇင်ဘာ | 13.8 | 10.80–13.80 | 11.74 |
CoinPriceForecast
ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $55.66–$64.01 (၂၃.၃.၂၀၂၅ အထိလေ့လာချက်အရ)။
CoinPriceForecast သည် နှစ်ကုန်ချိန်တွင် $64.01 သို့ တိုးတက်ရန်အလားလာနှင့်အတူ ပိုမိုရှည်ကြာသော တိုးတက်မှုတခုကို ခန့်မှန်းပါသည်။ ဤသည်မှာ mRNA ကာကွယ်ဆေးတွင် ကာလရှည်ယုံကြည်မှုနှင့် Moderna ၏ ထုတ်ကုန်လိုင်းချဲ့ထွင်မှုဆိုင်ရာ မျှော်လင့်ချက်များကြောင့် ဖြစ်ပါသည်။
နှစ် | နှစ်လယ်၊ $ | နှစ်ကုန်၊ $ |
၂၀၂၇ | 55.66 | 64.01 |
၂၀၂၈ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ MRNA ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ
၂၀၂၈ ခုနှစ်အတွက် ခန့်မှန်းချက်များသည် Moderna ၏ မရေရာသော အနာဂါတ်အောင်မြင်မှုကို ထင်ဟပ်ဖော်ပြကာ၊ ကျယ်ပြန့်သော ယူဆချက်များကို ပြသပါသည်။ ခွဲခြမ်းစိတ်ဖြာသူများသည် အောင်မြင်သောသုသေသနနှင့် ဖြစ်နိုင်ခြေရှိသောဈေးကွက်အပြောင်းအလဲများကို အတူတကွထည့်သွင်းစဉ်းစားကြပါသည်။
Markettalkz
ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $120.53–$186.72 (၂၃.၃.၂၀၂၅ အထိလေ့လာချက်အရ)။
နှလုံးသွေးကြောဆိုင်ရာရောဂါကုသခြင်းတွင် ဆန်းသစ်တီထွင်မှုများနှင့် ဆဲလ်အသစ်များပြန်လည်မွေးဖွားခြင်းဆိုင်ရာ ဆေးပညာအတွက် mRNA ကုထုံးများ ဖွံ့ဖြိုးတိုးတက်မှုတို့၏ အထောက်အပံ့ဖြင့် MRNA ၏တန်ဖိုးသည် $186.72 သို့ တရှိန်ထိုးမြင့်တက်လိမ့်မည်ဟု Markettalkz မှ မျှော်လင့်ထားပါသည်။ VEGF-A ပရိုဂရမ်သည် ရလာဒ်ကောင်းများကို ပြသထားနှင့်ပြီးဖြစ်သည့်အတိုင်း၊ ၎င်းသည် ကုမ္ပဏီအပေါ် ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်ချက်ကို ပိုမိုခိုင်မာစေပါသည်။
နှစ် | အနည်းဆုံး၊ $ | ပျမ်းမျှ၊ $ | အများဆုံး၊ $ |
၂၀၂၈ | 120.53 | 143.63 | 186.72 |
LongForecast
ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $9.18–$13.89 (၂၃.၃.၂၀၂၅ အထိလေ့လာချက်အရ)။
စတော့သည် $9.18–$13.89 ကြား အကွာအဝေးအတွင်း ကူးသန်းရွေ့လျားနေလိမ့်မည်ဟု LongForecast မှ ယုံကြည်ထားပါသည်။ ဤခန့်မှန်းချက်သည် ဇီဝနည်းပညာနယ်ပယ်အတွင်း ပြင်းထန်သောယှဉ်ပြိုင်မှုနှင့် သီးခြားစီးပွားရေးလုပ်ငန်းများတွင် Moderna ၏ နှေးကွေးသောတိုးတက်မှုများကို ထည့်သွင်းစဉ်းစားကာ သင့်တင့်သော မတည်ငြိမ်မှုနှင့်အတူ ကာလတိုအတွင်း အကန့်အသတ်ဖြင့် တိုးတက်မှုအလားအလာများကို ညွှန်ပြပါသည်။
လ | အဖွင့်၊ $ | အနည်းဆုံး–အများဆုံး၊ $ | အပိတ်၊ $ |
ဇန်နဝါရီ | 11.74 | 9.18–11.74 | 9.98 |
ဇွန် | 12.92 | 11.83–13.89 | 12.86 |
ဒီဇင်ဘာ | 11.94 | 10.30–12.10 | 11.20 |
CoinPriceForecast
ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $65.42–$72.78 (၂၃.၃.၂၀၂၅ အထိလေ့လာချက်အရ)။
CoinPriceForecast သည် MRNA ၏ အနာဂါတ်ကို ရှုမြင်ရာတွင် သတိဖြင့်ယှဉ်တွဲသော အကောင်းမြင်မှုကို ကိုင်စွဲထားပါသည်။ Moderna ၏ ပိုမိုကြီးထွားလာသော ဈေးကွက်ဝေစု၊ mRNA-အခြေပြု ထုတ်ကုန်များ၏ ရေရှည်ခိုင်မာသော ဖွံ့ဖြိုးတိုးတက်မှုနှင့် လက်တွေ့စမ်းသပ်မှုရလာဒ်များ ချဲ့ထွင်မှုတို့၏ တွန်းအားဖြင့် ဈေးနှုန်းသည် ၂၀၂၈ နှစ်ကုန်တွင် $72.78 သို့ မြင့်တက်ရန် မျှော်လင့်ရပါသည်။
နှစ် | နှစ်လယ်၊ $ | နှစ်ကုန်၊ $ |
၂၀၂၈ | 65.42 | 72.78 |
၂၀၂၉ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ MRNA ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ
၂၀၂၉ ခုနှစ်တွင် Moderna သည် ကာလရှည်သုသေသနအစီအစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ခြင်းအားဖြင့် ၎င်း၏ ရပ်တည်မှုကို သိသိသာသာ ပိုမိုခိုင်မာစေနိုင်ပါသည်။
Markettalkz
ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $137.40–$212.86 (၂၃.၃.၂၀၂၅ အထိလေ့လာချက်အရ)။
ထုတ်ကုန်သစ်မိတ်ဆက်မှုများနှင့် လက်တွေ့စမ်းသပ်ချက်များတွင် အောင်မြင်မှုများရရှိခြင်း စသည်တို့၏ အကျိုးကျေးဇူးဖြင့် MRNA နှုန်းထားသည် တိုးတက်မြင့်မားလာလိမ့်မည်ဟု Markettalkz မှ ကြိုတင်မျှော်မှန်းထားပါသည်။ မျိုးရိုးဗီဇကုထုံးများတွင် mRNA နည်းပညာများအသုံးပြုခြင်းသည် လူအများ၏ စိတ်ဝင်စားမှုအာရုံကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။ ကုမ္ပဏီသည် မျိုးရိုးလိုက်သောရောဂါများကို ကုသရန်အတွက် CRISPR ဖြေရှင်းချက်များကို တီထွင်ရန် တက္ကသိုလ်များနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
နှစ် | အနည်းဆုံး၊ $ | ပျမ်းမျှ၊ $ | အများဆုံး၊ $ |
၂၀၂၉ | 137.40 | 163.74 | 212.86 |
Stockscan
ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $196.3–$504.6 (၂၃.၃.၂၀၂၅ အထိလေ့လာချက်အရ)။
Stockscan သည် မတည်ငြိမ်မှုအထူးမြင့်မားသော ခန့်မှန်းချက်တရပ်ကို မျှဝေပေးထားပါသည်။ နှစ်အစတွင်၊ ဈေးနှုန်းသည် $468.6 သို့ ရောက်ရှိနိုင်ပြီး၊ နှစ်လယ်တွင် $445.2 သို့ ကျဆင်းနိုင်ကာ၊ ဒီဇင်ဘာလတွင် $196.3 မှ $504.6 ကြား ရွေ့လျားနေနိုင်ပါသည်။ ထိုသို့သော ကွာဟမှုသည် အသိအမှတ်ပြုအပ်သော မသေချာမရရာမှုနှင့် အရေးပါသောစီမံကိန်းများတွင် Moderna ၏ အောင်မြင်မှု စသည်တို့၏ အရေးပါမှုတို့ကို ညွှန်ပြနေပါသည်။
လ | အနည်းဆုံး၊ $ | ပျမ်းမျှ၊ $ | အများဆုံး၊ $ |
ဇန်နဝါရီ | 456.1 | 460.8 | 468.6 |
ဇွန် | 429.4 | 444.8 | 445.2 |
ဒီဇင်ဘာ | 196.3 | 198.2 | 504.6 |
CoinPriceForecast
ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $80.06–$83.01 (၂၃.၃.၂၀၂၅ အထိလေ့လာချက်အရ)။
CoinPriceForecast မှ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များသည်လည်း ဈေးနှုန်းတိုးတက်ရန် ယုံကြည်မှုရှိကြပြီး၊ ၂၀၂၉ နှစ်ကုန်တွင် ရှယ်ယာဈေးနှုန်းသည် $83.01 သို့ မြင့်တက်လာမည်ဟု ကြိုတင်ခန့်မှန်းကြပါသည်။ ဤတန်ဖိုးတိုးတက်မှုသည် ရှားပါးရောဂါများကို ကုသခြင်းနည်းလမ်းများတွင် အဆင့်မြှင့်တင်မှုများပြုလုပ်နိုင်ခြင်းနှင့် ဆက်နွယ်လိမ့်မည်ဟု ကျွမ်းကျင်သူများမှ အဆိုပြုကြပါသည်။
နှစ် | နှစ်လယ်၊ $ | နှစ်ကုန်၊ $ |
၂၀၂၉ | 80.06 | 83.01 |
၂၀၃၀ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ MRNA ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ
ကုမ္ပဏီသည် တဦးချင်းချဥ်းကပ်ကုသမှုနည်းလမ်း၊ ဒစ်ဂျစ်တယ်ကျန်းမာရေးနည်းပညာများနှင့် မျိုးဗီဇ ကုထုံးများကို အလေးထားကြိုးပမ်းလျှက်ရှိသောကြောင့် ဆယ်စုနှစ်သစ်၏အစသည် Moderna အတွက် ထင်ရှားသောကာလတခုကို အမှတ်အသားပြုနိုင်ပါသည်။ ဇီဝနည်းပညာတွင် ဆန်းသစ်တီထွင်မှုများသည် MRNA ၏ အနာဂါတ်စွမ်းဆောင်ရည်အတွက် အဓိကအထောက်အကူဖြစ်လိမ့်မည်ဟု ခွဲခြမ်းစိတ်ဖြာမှုပညာရှင်အများစုမှ ယုံကြည်ကြပါသည်။
Markettalkz
ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $158.01–$244.79 (၂၃.၃.၂၀၂၅ အထိလေ့လာချက်အရ)။
mRNA ထုတ်ကုန်တီထွင်ဖန်တီးမှုများ တိုးတက်အောင်မြင်ခြင်းနှင့် သီးခြားချဉ်းကပ်ကုသမှုဆေးပညာဆိုင်ရာ အဆင့်မြှင့်တင်မှုများ၏ မောင်းနှင်မှုဖြင့် MRNA သည် အဆုံးစွန် တန်ဖိုးမြင့်မားလာနိုင်သည်ဟု Markettalkz မှ ခန့်မှန်းချက်ထုတ်ပါသည်။ ဈေးနှုန်းသည် $244.79 သို့ မြင့်တက်နိုင်သည်။ Moderna သည် တိကျသောကုသရေးနည်းလမ်းကို မြှင့်တင်ရန်အတွက်၊ ဒစ်ဂျစ်တယ်ပလပ်ဖောင်းများတွင် ရင်းနှီးမြှုပ်နှံထားပြီး၊ ဤအချက်သည် ကုမ္ပဏီ၏ စတော့ဈေးနှုန်းအပေါ် အပြုသဘော အကျိုးသက်ရောက်စေပါသည်။
နှစ် | အနည်းဆုံး၊ $ | ပျမ်းမျှ၊ $ | အများဆုံး၊ $ |
၂၀၃၀ | 158.01 | 188.30 | 244.79 |
Stockscan
ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $197.3–$317.1 (၂၃.၃.၂၀၂၅ အထိလေ့လာချက်အရ)။
Stockscan သည် ပိုမိုတည်ငြိမ်သော တိုးတက်မှုများကို မျှော်မှန်းပါသည်။ စတော့သည် နှစ်ကုန်ချိန်တွင် $317.1 သို့ ရောက်ရှိနိုင်သည်ဟု အကောင်းမြင်မှုအရှိဆုံး ယူဆချက်ကို ထုတ်ပေးထားပါသည်။
လ | အနည်းဆုံး၊ $ | ပျမ်းမျှ၊ $ | အများဆုံး၊ $ |
ဇန်နဝါရီ | 197.3 | 199.5 | 202.7 |
ဇွန် | 235.7 | 244.5 | 244.6 |
ဒီဇင်ဘာ | 297.5 | 316.3 | 317.1 |
CoinPriceForecast
ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $86.71–$87.43 (၂၃.၃.၂၀၂၅ အထိလေ့လာချက်အရ)။
CoinPriceForecast သည် ပို၍ နှေးကွေးသော တိုးတက်မှုတရပ်ကို ကြိုတင်ခန့်မှန်းပါသည်။ ၎င်း၏ခန့်မှန်းချက်အရ ဈေးနှုန်းသည် နှစ်ကုန်ချိန်တွင် $87.43 သို့ မြင့်တက်လာပါမည်။ MRNA သည် နာတာရှည်ရောဂါကုသရေးတွင် တိုးတက်အောင်မြင်မှုများ ရရှိနေသောကြောင့် MRNA သည် ကောင်းမွန်သော ကာလရှည်ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်လာနိုင်သည်ဟု လေ့လာသုံးသပ်ရေးသမားများမှ ယုံကြည်ကြပါသည်။
နှစ် | နှစ်လယ်၊ $ | နှစ်ကုန်၊ $ |
၂၀၃၀ | 86.71 | 87.43 |
၂၀၅၀ ခုနှစ်အထိ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ MRNA ရှယ်ယာဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ
ကာလရှည်ခန့်မှန်းချက်များအရ၊ Moderna ၏ စတော့သည် တန်ဖိုးမြင့်တက်လာရန် အလားအလာရှိပါသည်။ ပျမ်းမျှဈေးနှုန်းသည် ၂၀၃၀ တွင် $188.30 သို့လည်းကောင်း၊ ၂၀၃၅ တွင် $349.92 သို့လည်းကောင်း မြင့်တက်လာပြီး၊ ၂၀၅၀ တွင် $3,100 အထိ တဟုန်ထိုးတိုးတက်လိမ့်မည်ဟု Markettalkz မှ အဆိုပြုပါသည်။ ဤခန့်မှန်းချက်သည် mRNA နည်းပညာများ၊ မျိုးဗီဇကုထုံးနှင့် တဦးချင်းချဉ်းကပ်ကုသမှုဆေးပညာ စသည့်ကဏ္ဍများတွင် ကုမ္ပဏီ၏ အောင်မြင်မှုအလားအလာများအပေါ် အများသူငှာ၏ ယုံကြည်ချက်ကို ကိုယ်စားပြုပါသည်။
Stockscan သည်လည်း ပိုင်ဆိုင်မှုသည် ၂၀၃၀ တွင် $202.70၊ ၂၀၃၅ တွင် $804.20 နှင့် ၂၀၄၀ တွင် $1,116၊ ၂၀၅၀ တွင် $1,474 သို့ ရောက်ရှိရန်အလားအလာနှင့်အတူ အတက်လမ်းကြောင်းတခုကို ကြိုတင်မျှော်မှန်းထားပါသည်။ ဤခန့်မှန်းတန်ဖိုးများသည် Moderna ၏ ဝင်ငွေအချက်အလက်များနှင့် ၎င်း၏သုသေသနပရိုဂရမ် တိုးတက်မှုအလားအလာအပေါ်တွင် အခြေခံပါသည်။ ထို့အပြင်၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါအပါအဝင် ကုသရေးနယ်ပယ်အသစ်များတွင် အောင်မြင်မှုများ ရရှိခြင်းသည်လည်း ဤတိုးတက်မှုကို တွန်းအားပေးနိုင်ပါသည်။
နှစ် | Markettalkz၊ $ | Stockscan၊ $ |
၂၀၃၀ | 188.3 | 202.7 |
၂၀၃၅ | 349.92 | 804.2 |
၂၀၄၀ | 656.06 | 1,116 |
၂၀၅၀ | 3,100 | 1,474 |
ခြုံငုံ၍ဆိုရသော်၊ ၂၀၅၀ ခုနှစ်အထိ ခန့်မှန်းချက်များသည် MRNA အတွက် သိသာထင်ရှားသော တိုးတက်မှုအလားအလာများကို ဖော်ပြနေပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ထိုသို့သော ကာလရှည်ခန့်မှန်းချက်များသည် ကုမ္ပဏီ၏ဇီဝနည်းပညာတိုးတက်မှု၊ လက်တွေ့စမ်းသပ်မှုရလဒ်များနှင့် ပိုမိုကျယ်ပြန့်သောဆေးဝါးနယ်ပယ်၏ လမ်းကြောင်းများအပေါ် မူတည်ကာ အခြေအနေအရ ပြောင်းလဲနိုင်ခြေ အထူးမြင့်မားပါသည်။
ဆိုရှယ်လ်မီဒီယာပေါ်မှ MRNA (Moderna) အတွက် ဈေးကွက်သဘောထားတိုင်းတာချက်
မီဒီယာသဘောထားသည် ရင်းနှီးမြှုပ်နှံသူတို့၏ မျှော်မှန်းချက်များကို ပုံဖော်ရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ လူမှုကွန်ယက်များသည် အများသူငှာတို့၏ ထင်မြင်ယူဆချက်များနှင့် ခန့်မှန်းချက်များကို ပုံဖော်ရာတွင် ကြားခံပလပ်ဖောင်းတခုအဖြစ် ဆောင်ရွက်သည့်အပြင်၊ မကြာခဏဆိုသလို ကာလတိုဈေးနှုန်းရွေ့လျားမှုများကို လွှမ်းမိုးလေ့ရှိပါသည်။ Moderna (#MRNA) ရှယ်ယာများနှင့် စပ်လျဉ်း၍ဆိုရပါလျှင်၊ ရောထွေးသော သဘောထားများကို စူးစမ်းတွေ့ရှိရပါသည်။
သုံးသပ်ရေးသမား @Han_Akamatsu မှ နှုန်းထားများသည် support အဆင့်ဖြစ်သော $33–$34 ဈေးတန်းကို ထိတွေ့ပြီးနောက်တွင် အထက်သို့ တိုးတက်လာနိုင်ပြီး၊ $37 အထက်သို့ ဖောက်ထွက်ရန် မျှော်လင့်ရသည်ဟု ကောက်ချက်ချပါသည်။ ထို့အပြင်၊ ပို့စ်ပိုင်ရှင်သည် Falling Wedge bullish pattern တခု၏ ဖွဲ့စည်းဖြစ်ပေါ်လာမှု ကိုလည်း ထောက်ပြထားပါသည်။
တချိန်တည်းမှာပင်၊ အသုံးပြုသူ @Ben_Brunier မှ RSI indicator တွင် divergence တခုကို ညွှန်ပြထားပါသည်။ ထို့အပြင်၊ ကုမ္ပဏီ၏ CEO သည် ၉ မီလီယံဒေါ်လာတန်ဖိုးရှိ အစုရှယ်ယာများကို ပြန်လည်ဝယ်ယူခဲ့သည်ဟု အဆိုပါအသုံးပြုသူမှ ထုတ်နှုတ်ဖော်ပြထားပါသည်။
ယေဘုယျအားဖြင့်၊ သတိဖြင့်ယှဉ်သော တိုးတက်မှုမျှော်မှန်းချက်များနှင့် အဖွဲ့အစည်းလိုက်ရင်းနှီးမြှုပ်နှံသူများထံမှ စိတ်ပါဝင်စားမှုများနှင့်အတူ MRNA ကိုလွှမ်းခြုံထားသော လက်ရှိဈေးကွက်သဘောထားသည် အသင့်အတင့်အပြုသဘောဆောင်ပါသည်။
#MRNA ဈေးနှုန်းရာဇဝင်
Moderna သည် ၎င်း၏ ကာလတလျှောက်အမြင့်ဆုံးတန်ဖိုးဖြစ်သော $484.47 သို့ ၀၉.၀၈.၂၀၂၁ တွင် ရောက်ရှိခဲ့သည်။ MRNA ၏ အနိမ့်ဆုံးဈေးနှုန်းကို ၀၅.၀၈.၂၀၁၉ တွင် မှတ်တမ်းတင်ခဲ့ပြီး၊ ယင်းနေ့တွင် စတော့ဈေးနှုန်းသည် $12.26 သို့ ကျဆင်းခဲ့သည်။
ကျွန်ုပ်တို့၏ ခန့်မှန်းချက်များကို တိကျသည်ထက်တိကျစေရန်၊ သမိုင်းကြောင်းအချက်အလက်များကို အကဲဖြတ်ခြင်းသည် အရေးကြီးပါသည်။ အောက်ပါဇယားသည် လွန်ခဲ့သောဆယ်နှစ်တာအတွင်း #MRNA ဈေးနှုန်း၏ ပြောင်းလဲရွေ့လျားမှုကို ပြသပါသည်။
၂၀၁၉ ဇန်နဝါရီနှင့် ၂၀၂၂ ဒီဇင်ဘာကြားတွင်၊ Moderna စတော့သည် မြင့်မားသော မတည်ငြိမ်မှုနှင့် ခိုင်မာသောတိုးတက်မှုကို ပြသခဲ့ပြီး၊ ဇီဝနည်းပညာနယ်ပယ်၏ မြန်ဆန်သော ဆင့်ကဲပြောင်းလဲမှုများကို ပေါ်လွင်စေခဲ့သည်။ ၂၀၁၉ နှစ်အစတွင် စတော့ဈေးနှုန်းသည် $16.60 ဖြင့်စတင်ခဲ့ပြီး၊ မတ်လတွင် $20.35 သို့ ရောက်ရှိခဲ့ပါသည်။
၂၀၂၀ ခုနှစ် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအကြပ်အတည်းကြားတွင် အထင်ကရအခိုက်အတန့်တခု ပေါ်ပေါက်ခဲ့ပါသည်။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး တီထွင်ဖန်တီးမှုအတွက် Moderna ၏ ကြိုးပမ်းအားထုတ်မှုများသည် ၂၀၂၀ ဖေဖော်ဝါရီလတွင် စတော့ဈေးနှုန်းအား $25.93 မှ ၂၀၂၁ ဇန်နဝါရီလတွင် $173.16 သို့ မြင့်တက်စေခဲ့ပြီး၊ ပြိုင်ဘက်မရှိသော တိုးတက်မှုတရပ်ကို ပြသခဲ့ပါသည်။ သို့သော်လည်း၊ ၂၀၂၁ ဇူလိုင်လတွင် $497.49 အထိ အထွဋ်အထိပ်သို့ရောက်ရှိပြီးနောက် အတက်၊အကျများပေါ်ပေါက်လာခဲ့ပြီး၊ ထိုမှနောက်ပိုင်း စတော့ဈေးနှုန်း စတင်ကျဆင်းခဲ့ကာ ၂၀၂၂ ဒီဇင်ဘာတွင် $179.62 အထိ အနိမ့်ဆုံးရောက်ရှိခဲ့သည်။
၂၀၂၃ ခုနှစ်တွင်၊ MRNA ၏ စတော့ဈေးနှုန်းသည် ဇန်နဝါရီလတွင် $204.1 မှ နိုဝင်ဘာလတွင် $65.27 သို့ သိသာထင်ရှားသောကျဆင်းမှုတရပ်နှင့် ကြုံတွေ့ခဲ့ရသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ဈေးနှုန်းသည် တဖြည်းဖြည်းချင်းတိုးတက်သောလမ်းကြောင်းတခုပေါ်တွင်ရှိနေပြီး၊ ရေရှည်တည်မြဲသော အတက်လမ်းကြောင်းတခုကို ထင်ဟပ်ပြသခဲ့ပါသည်။
မည်သို့ပင်ဆိုစေကာမူ၊ အတက်လမ်းကြောင်းသည် ၎င်း၏ တိုတောင်းသောသက်တမ်းကို သက်သေပြခဲ့သည်။ ကပ်ရောဂါပြီးဆုံးသည်နှင့်တပြိုင်နက်၊ ကာကွယ်ဆေးများအတွက် ဝယ်လိုအားကျဆင်းသွားခဲ့ပြီး၊ ကုမ္ပဏီ၏ ဘဏ္ဍာရေးစွမ်းဆောင်ရည်လည်း ထိခိုက်ကျဆင်းခဲ့ရသည်။ ၂၀၂၅ ဇန်နဝါရီတွင်၊ Moderna သည် ၎င်း၏ ဝင်ငွေမျှော်မှန်းချက်ကို လျှော့ချခဲ့ပြီး၊ MRNA စတော့အား ၂၁.၄% တန်ဖိုးကျဆင်းစေခဲ့သည်။
MRNA ရှယ်ယာများ အခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာချက်
အခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာချက်တွင် ကုမ္ပဏီတခု၏ ဘဏ္ဍာရေးနှင့် လုပ်ငန်းလည်ပတ်မှုစံနှုန်းများအပေါ် အခြေခံ၍ ၎င်း၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ခြင်း ပါဝင်ပါသည်။ ဤအပိုင်းတွင် ကျွန်ုပ်တို့သည် စီးပွားရေးအခြေအနေများ၊ နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှုများနှင့် စည်းမျဉ်းစည်းကမ်းအပြောင်းအလဲများ အပါအဝင် Moderna ၏ ရှယ်ယာဈေးနှုန်းကို လွှမ်းမိုးထားသော အရေးပါသည့် အရင်းခံအကြောင်းအရာများကို ဆန်းစစ်လေ့လာသွားပါမည်။
#MRNA စတော့အပေါ် မည်သည့်အကြောင်းအရာများက လွှမ်းမိုးထားသနည်း။
MRNA ၏ ရှယ်ယာဈေးနှုန်းရွေ့လျားမှုသည် အမျိုးမျိုးသော အခြေခံပိုင်းဆိုင်ရာအကြောင်းအရာများစွာအပေါ်တွင် မူတည်ပါသည်။
mRNA technology နှင့်စပ်လျဉ်းသော မူပိုင်ခွင့်များ။ ကိုဗစ်-၁၉ ကပ်ရောဂါသည် ဆေးဝါးကုမ္ပဏီများအတွက် စိန်ခေါ်မှုတရပ်ကို ယူဆောင်ခဲ့ပြီး၊ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ တီထွင်ဖန်တီးမှုနှင့်အတူ ၎င်းတို့၏ စတော့ဈေးနှုန်းများကို မြင့်မားစေခဲ့သည်။ သို့သော် ယခုအခါတွင် ဈေးနှုန်းသည် တဖြည်းဖြည်းချင်း ကျဆင်းနေပါသည်။
စည်းမျဉ်းစည်းကမ်းအပြောင်းအလဲများ။ ကျန်းမာရေးဝန်ဆောင်မှုကုမ္ပဏီများအတွက် စည်းမျဉ်းစည်းကမ်းအခင်းအကျင်းသည် သုသေသနနှင့် ထုတ်လုပ်မှုစရိတ်စကများကို ပိုမို၍တိုးတက်စေနိုင်သလို၊ ပိုမို၍လည်းကျဆင်းစေနိုင်ပါသည်။
အရင်းခံစီးပွားရေးအခြေအနေများ။ ငွေကြေးဖောင်းပွမှု၊ အတိုးနှုန်းများနှင့် ပထဝီနိုင်ငံရေးဖြစ်ရပ်များသည် MRNA စတော့အပေါ် အကျိုးသက်ရောက်မှုရှိပါသည်။ စီးပွားရေး မသေချာမရေရာချိန်များတွင် ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ဦးစားပေးမှုများကို ပြောင်းလဲလေ့ရှိပြီး၊ ၎င်းတို့၏ အရင်းအနှီးကိုကာကွယ်ရန် ဘေးကင်းသောပိုင်ဆိုင်မှုများဆီသို့ ခြေဦးလှည့်ကြလေ့ရှိသည်။ ဤအခြအနေမျိုးတွင်၊ စတော့သည် အတက်၊အကျများကို ကြုံတွေ့ရနိုင်ပါသည်။
စားသုံးသူ၏သုံးစွဲမှု။ ကမ္ဘာလုံးဆိုင်ရာကူးစက်ရောဂါများ ပေါ်ထွက်လာခြင်းအန္တရာယ်များ မရှိကင်းမဲ့သော အချိန်ကာလမျိုးတွင်၊ ကာကွယ်ဆေးအသစ်များ တီထွင်ထုတ်လုပ်ခြင်းသည်လည်း အလွန်နည်းပါးသွားပါသည်။ ရလာဒ်တခုအနဖြင့် ရင်းနှီးမြှုပ်နှံသူများသည် စျေးကြီးသော သုတေသနလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် တွေဝေတွန့်ဆုတ်လာကြသည်။
Moderna Inc. (#MRNA) အကြောင်း နောက်ထပ် အချက်အလက်များ
Moderna, Inc သည် အမေရိကန်ပြည်ထောင်စုတွင် အကြီးဆုံးဇီဝနည်းပညာကုမ္ပဏီများမှ တခုဖြစ်ပြီး၊ messenger RNA အခြေခံ ဆေးဝါးများထုတ်လုပ်ခြင်းကို အထူးအလေးထား လုပ်ဆောင်ပါသည်။ ကုမ္ပဏီကို ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။
ကိုဗစ် ၁၉ ကပ်ရောဂါကာလတွင်၊ Moderna, Inc. သည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတမျိုးကို တီထွင်ဖော်ထုတ်ခဲ့ပြီး၊ ထိုဖြစ်စဉ်သည် ၎င်း၏ စတော့ဈေးနှုန်းကို သိသာထင်ရှားစွာတိုးတက်မြင့်မားစေခဲ့သည်။ ထို့အပြင်၊ ၂၀၂၁ ဇူလိုင် ၂၁ တွင် MRNA သည် ဆေးဝါးကုမ္ပဏီတခုဖြစ်သော Alexion Pharmaceuticals ကို အစားထိုး၍ S&P 500 တွင် ပါဝင်လာခဲ့သည်။ ဤအကြောင်းအရာနှစ်ခုသည် ရင်းနှီးမြှုပ်နှံသူများအား Moderna, Inc., ဆီသို့ ဆွဲဆောင်ဖိတ်ခေါ်ခဲ့သည်။ သို့သော် ၎င်းသည် ယာယီစိတ်ပါဝင်စားမှုတခုသာ ဖြစ်ခဲ့ပါသည်။
#MRNA တွင် ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ
MRNA ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်းတွင် ၎င်း၏အားသာချက်များနှင့် အားနည်းချက်များ အသီးသီးရှိပါသည်။ ဆုံးဖြတ်ချက်များ ပြုလုပ်ရာတွင် ၎င်းတို့ကို ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။
အားသာချက်များ
Moderna သည် ကင်ဆာနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါကုသမှုအတွက် mRNA အခြေခံ ကာကွယ်ဆေးများကို တက်ကြွစွာ တီထွင်ဖန်တီးလျက်ရှိသည်။
ကုမ္ပဏီသည် S&P 500 index တွင်ပါဝင်ပြီး၊ ၎င်း၏ ဈေးကွက်အရေးပါမှုနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများ၏ ယုံကြည်မှုရရှိခြင်းကို ထင်ဟပ်ဖော်ပြပါသည်။
Moderna တွင် UNICEF နှင့် ဝင်ငွေနည်းပါးသောနိုင်ငံများ၏ အစိုးရများနှင့် အကျိုးတူပူးပေါင်းခြင်းအပါအဝင် ခိုင်မာသော မဟာဗျူဟာမြောက် မိတ်ဖက်သဘောတူညီချက်များ ရှိပါသည်။
ကုမ္ပဏီသည် ဆေးဝါးအသစ်များ ရှာဖွေခြင်းနှင့် တီထွင်ဖော်ထုတ်ခြင်းအတွက် AI နည်းပညာများတွင် ရင်းနှီးမြှုပ်နှံပါသည်။
Moderna သည် ဇီဝဆေးဝါးများ စီးပွားဖြစ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချခြင်းတွင် အတွေ့အကြုံပြည့်ဝပါသည်။
အားနည်းချက်များ
ဆေးဝါးများအတွက် နိမ့်ပါးသောဝယ်လိုအားသည် ဘဏ္ဍာရေးစွမ်းဆောင်ရည်ကို ထိခိုက်ကျဆင်းစေပြီး၊ MRNA ၏ တန်ဖိုးအပေါ် ဖိအားများ သက်ရောက်စေပါသည်။
Pfizer နှင့် BioNTech ကဲ့သို့သော ကြီးမားသည့် ကုမ္ပဏီများနှင့် ဇီဝနည်းပညာနယ်ပယ်အတွင်း ပြင်းထန်သော ပြိုင်ဆိုင်မှုသည် ဈေးကွက်ဝေစုကို ကန့်သတ်နိုင်ပါသည်။
မအောင်မြင်သော လက်တွေ့စမ်းသပ်ချက်ရလာဒ်များ၏ အလားအလာ။
စီးပွားရေးဖြစ် အောင်မြင်သောထုတ်ကုန်များစုစည်းမှု မရှိခြင်းသည် လုပ်ငန်းအားနည်းချက်ကို တိုးပွားစေပါသည်။
စတော့သည် မတည်ငြိမ်မှု မြင့်မားဆဲဖြစ်ပြီး၊ အရေးမကြီးသော သတင်းများကဲ့သို့သော အသေးအဖွဲဖြစ်ရပ်များပင်ဖြစ်စေ ရုတ်တရက် အပြောင်းအလဲများအပေါ်တွင် ခံနိုင်ရည်မရှိပေ။
ဇီဝနည်းပညာနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံခြင်းသည် မြင့်မားသော မသေချာမရောရာမှုအတိုင်းအတာတခု ပါဝင်နေပြီးသားဖြစ်ကြောင်းကို အစဉ်အမြဲ သတိရပါ။ Moderna သည် သိပ္ပံနည်းကျ တိုးတက်မှုအလားအလာရှိသော်လည်း၊ ၎င်း၏စတော့များသည် မတည်ငြိမ်မှု ဆက်လက်မြင့်မားလျှက်ရှိသည်။ ထို့ကြောင့်၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဆုံးဖြတ်ချက်များ မပြုလုပ်မီတွင် ဆုံးရှုံးနိုင်ခြေအားလုံးကို သေချာစွာ ချင့်ချိန်တွက်ဆသင့်ပါသည်။
ကျွန်ုပ်တို့၏ ခန့်မှန်းချက်များ ပြုလုပ်ပုံ
ကျွန်ုပ်တို့သည် ခန့်မှန်းချက်များတည်ဆောက်ရန်အတွက် ပြီးပြည့်စုံသော နည်းလမ်းတခုကို အသုံးပြုပါသည်။
ကာလတိုခန့်မှန်းချက်များသည် ဈေးကွက်အချက်အလက်အပေါ် အခြေခံပါသည်။ နည်းပညာပိုင်း ဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု ညွှန်ပြကိရိယာများသည် တိုသော အချိန်အပိုင်းအခြားများတွင် လက်ရှိလမ်းကြောင်းကို ခွဲခြားထုတ်ဖော်နိုင်ရန် ကူညီပေးပါသည်။
ကာလအလယ်အလတ်ခန့်မှန်းချက်များသည် ဝင်ငွေအကဲဖြတ်တိုင်းတာချက်များ၊ ကြွေးမြီ-ပိုင်ဆိုင်မှုအချိုး၊ အမြတ်ဝေစုများ၊ နာမည်ဂုဏ်သတင်း၊ ဆန်းသစ်တီထွင်သောနည်းဗျူဟာများ အပါအဝင် စီးပွားရေးအခြေခံခွဲခြမ်းစိတ်ဖြာမှု အပေါ်တွင် အမှီပြုပါသည်။
ကာလရှည်ခန့်မှန်းချက်များသည် သက်ဆိုင်ရာနယ်ပယ်၏ ပြောင်းလဲရွေ့လျားမှုပုံစံများ၊ ပိုမိုကျယ်ပြန့်သောဈေးကွက်လမ်းကြောင်းများ၊ ၎င်း၏နယ်ပယ်အတွင်း ကုမ္ပဏီ၏ ရပ်တည်မှုနှင့် အမှီအခိုကင်းသောပညာရှင်များထံမှ ကြိုတင်ခန့်မှန်းချက်များကို ထည့်သွင်းစဉ်းစားပါသည်။
တိကျ၍ ပြီးပြည့်စုံသော ခန့်မှန်းချက်တခုကို ပြုလုပ်ရန်အလို့ငှာ၊ ကျွန်ုပ်တို့သည် ပိုင်ဆိုင်မှု၏ဈေးနှုန်းအပေါ် သက်ရောက်မှုရှိသော အတွင်းပိုင်းအကြောင်းအရာများနှင့် ပြင်ပမှအကြောင်းရင်းများ စသည့်အခြေအနေနှစ်ရပ်စလုံးကို ထည့်သွင်းစဉ်းစားပါသည်။
အနှစ်ချုပ် - MRNA သည် ကောင်းမွန်သောရင်းနှီးမြှုပ်နှံမှုတခု ဖြစ်ပါသလား။
Moderna သည် ကင်ဆာနှင့် နှလုံးရောဂါများကုသရေးအတွက် အထူးသဖြင့်မျှော်မှန်း၍ mRNA ကုထုံးများတွင် ဆန်းသစ်တီထွင်သော အတွေးအခေါ်များကို စူးစမ်းဖော်ထုတ်ကာ ရည်ရွယ်ချက်ကြီးမားသော ဇီဝနည်းပညာကုမ္ပဏီတခုအဖြစ် ဆက်လက်တည်ရှိနေပါသည်။ မကြာသေးမီက ဈေးကွက်စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ခဲ့ရသော်လည်း၊ ကုမ္ပဏီသည် ဆန်းသစ်တီထွင်မှုများကို ဆက်လက်လုပ်ဆောင်ရန်နှင့် ၎င်း၏ထုတ်ကုန်အမျိုးအစားများကို ပိုမိုကျယ်ပြန့်စေရန် ဝန်ခံကတိပြုထားပါသည်။
#MRNA သည် ကာလရှည်ရင်းနှီးမြှုပ်နှံသူများအတွက် အထူးသဖြင့် ပိုင်ဆိုင်မှုအစုစုကို စေ့စပ်စွာခွဲတမ်းချလိုသူများအတွက် ဆွဲဆောင်မှုမြင့်မားသော ပိုင်ဆိုင်မှုတခု ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ မြင့်မားသောမတည်ငြိမ်မှု၊ လက်တွေ့စမ်းသပ်ချက်ရလာဒ်များအပေါ် မှီခိုရမှုနှင့် တစထက်တစတိုးတက်နေသော ယှဉ်ပြိုင်မှုများသည် ရင်းနှီးမြှုပ်နှံမှုများအတွက် အသင့်အတင့် စွန့်စားမှုမြင့်မားစေပြီး၊ မျှတသော ချင့်ချိန်ချဉ်းကပ်မှုနည်းလမ်းကို လိုအပ်စေပါသည်။
Moderna Inc. (#MRNA) ဈေးနှုန်းကြိုတင်သုံးသပ်ချက်ဆိုင်ရာ အမေး၊ အဖြေများ
၁၄.၀၅.၂၀၂၆တွင် လက်ရှိ MRNA စတော့ဈေးနှုန်းမှာ $50.07 ဖြစ်ပါသည်။
ခွဲခြမ်းစိတ်ဖြာသူများ၏ ထင်မြင်ယူဆချက်များမှာ အမျိုးမျိုး ကွဲပြားကြပါသည်။ အချို့သည် ၂၀၂၄ ခုနှစ်အပြီးတွင် ပြန်လည်တိုးတက်သောအခြေအနေတရပ်ကို မျှော်မှန်းကြသည်။ အချို့ကမူ အကျလမ်းကြောင်းသည် ၂၀၂၆ အထိ ဆက်လည်တည်မြဲလိမ့်မည်ဟု ယုံကြည်ကြပြန်သည်။ mRNA နည်းပညာများနှင့် ကင်ဆာအကြိတ်ကုသမှုများကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် ကာလရှည်ခန့်မှန်းချက်များသည် အထူးသဖြင့် အပြုသဘောဆောင်ပါသည်။
MRNA ဈေးနှုန်းသည် $21.20 နှင့် $38.15 ကြား ပြောင်းလဲရွေ့လျားနေမည်ဟု LongForecast မှ ကြိုတင်ခန့်မှန်းထားပါသည်။ CoinPriceForecast သည် $38.15 အထိ သင့်တင့်သော တိုးတက်မှုကို မျှော်လင့်ပါသည်။ Markettalkz ၏ အဆိုအရ၊ ရှယ်ယာဈေးနှုန်းသည် $125.04 သို့ မြင့်တက်နိုင်ပါသည်။ ထိုသို့သော အပြုသဘောဆောင်သည့် ခန့်မှန်းချက်များသည် ရင်းနှီးမြှုပ်နှံသူတို့၏ ဇီဝနည်းပညာနယ်ပယ်တွင် စိတ်ပါဝင်စားမှုအပေါ် အခြေခံပါသည်။
MRNA စတော့သည် $22 နှင့် $40 ကြားတွင် ပြောင်းလဲရွေ့လျားနေမည်ဟု ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များမှ ယုံကြည်ကြပါသည်။ ထို့အပြင်၊ လက်တွေ့စမ်းသပ်ချက်ရလာဒ်များ အောင်မြင်ပါက၊ ဈေးနှုန်းသည် ပို၍ပင် မြင့်တက်လာနိုင်ပါသည်။ အကယ်၍ အပြုသဘောဆောင်သော အခြေအနေများ ရှိနေပါက၊ ၂၀၂၅ နှစ်ကုန်ချိန်နီးကပ်လာသည်နှင့်အမျှ တည်ငြိမ်သောတိုးတက်မှုတခုရရှိလာရန် ခန့်မှန်းရပါသည်။
အရေးပါသော အကြောင်းခံများတွင် လက်တွေ့စမ်းသပ်ချက်ရလာဒ်များ၏ တိုးတက်မှု၊ မိတ်ဖက်သဘောတူညီချက်အသစ်များ၊ သုသေသနရန်ပုံငွေ၊ ဆေးဝါးအသစ်ဖြန့်ဖြူးရောင်းချမှု၊ ဇီဝနည်းပညာနယ်ပယ်၏ ယေဘုယျအခြေအနေနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအခြေအနေများ ပါဝင်ပါသည်။
CoinPriceForecast နှင့် Markettalkz အဆိုအရ၊ ၂၀၃၀ တွင် ဈေးနှုန်းသည် $87–$244 ကြားသို့ ရောက်ရှ်ိနိုင်ပါသည်။ Stockscan သည် MRNA နှုန်းထားအား $317 သို့ မြင့်တက်ရန် မျှော်လင့်လျှက် ပိုမိုအကောင်းမြင်သော သုံးသပ်ချက်တခုကို တင်ပြပါသည်။ အဆိုပါခန့်မှန်းတန်ဖိုးများ၏ မှန်ကန်နိုင်သောအလားအလာသည် မျိုးဗီဇကုထုံးနှင့် ကင်ဆာကုသရေးတွင် အဆင့်မြှင့်တင်မှုများအပေါ်တွင် မူတည်နေပါသည်။
လက်တွေ့ဈေးကွက်အချိန်ရှိ MRNA ၏စျေးနှုန်းဇယား

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။











