ဤဆောင်းပါးသည် USDZAR ငွေကြေးအတွဲ၏ နည်းပညာပိုင်းဆိုင်ရာနှင့် အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်များ၊ ကာလရှည်ခန့်မှန်းချက်များ၊ ကျွမ်းကျင်သူတို့၏ ထင်မြင်ယူဆချက်များနှင့် ‌ဈေးကွက်အလေးသာမှုတိုင်းတာချက်များဖြင့် ပြည့်စုံကုံလုံသော သုံးသပ်ချက်တခုကို ပံ့ပိုးပေးပါသည်။ 

ယခုသုံးသပ်ချက်သည် ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ဤအတွဲ၏ရွေ့လျားမှုများကို ပိုမိုဖမ်းဆုပ်သိမြင်နိုင်စေပြီး၊ အလားအလာရှိသော အဝင်ပွိုင့်များကို ခွဲခြားသိရှိစေနိုင်ကာ၊ ထိရောက်သောကုန်သွယ်မှုဗျူဟာတခုကို ‌ချမှတ်ဖန်တီးနိုင်စေပါသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


အဓိကမှတ်သားရန်အချက်များ

  • ၁၉.၀၅.၂၀၂၆ တွင် USDZAR အတွဲ၏ လက်ရှိဈေးနှုန်းမှာ R16.62940 ဖြစ်ပါသည်။

  • USDZAR အတွဲသည် ၎င်း၏ ကာလတလျှောက်အမြင့်ဆုံးဖြစ်သော R19.93023 သို့ ၀၉.၀၄.၂၀၂၅တွင် ရောက်ရှိခဲ့သည်။ ဤအတွဲ၏ ကာလတလျှောက် အနိမ့်ဆုံးဖြစ်သော R1.5715 အား ၃၁.၀၈.၂၀၀၆ တွင် မှတ်တမ်းတင်ခဲ့သည်။

  • USDZAR ငွေကြေးအတွဲသည် အမေရိကန်ဒေါ်လာနှင့် တောင်အာဖရိက rand အချိုးကို ကိုယ်စားပြုပါသည်။

  • အမေရိကန်ဒေါ်လာသည် ကမ္ဘာပေါ်တွင် အဓိကအရန်ငွေကြေးတခုဖြစ်ပြီး၊ rand သည် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်နေသောနိုင်ငံတခု၏ ငွေကြေးဖြစ်ပါသည်။

  • USDZAR ငွေလဲနှုန်းသည် ကုန်စည်ဈေးနှုန်းများ၊ အထူးသဖြင့် ရွှေနှင့် ပလက်တီနမ်ဈေးနှုန်းများ၏ အတက်၊အကျများအပေါ် မြန်ဆန်စွာတုံ့ပြန်ပါသည်။ 

  • အမေရိကန် ဗဟိုဘဏ်အဖွဲ့အစည်း၏ မူဝါဒနှင့် တောင်အာဖရိကဗဟိုဘဏ်တို့၏ လုပ်ဆောင်ချက်များသည် ငွေကြေးအတွဲ၏ ဈေးနှုန်းပြောင်းလဲရွေ့လျားမှုအပေါ် သိသာထင်ရှားစွာ လွှမ်းမိုးသက်ရောက်ပါသည်။ 

  • စီးပွားရေးမတည်ငြိမ်သောကာလများ သို့မဟုတ် ပထဝီနိုင်ငံရေးအပြောင်းအလဲများတွင် ဤအတွဲ၏ မတည်ငြိမ်မှုသည် ရုတ်တရက်တိုးတက်လာနိုင်ပါသည်။

  • သတင်းအခြေခံနည်းဗျူဟာများအပေါ် အားကိုးအားထားပြုသော ကာလတိုကုန်သည်များကြားတွင် USDZAR အတွဲသည် ရေပန်းစားသော ပိုင်ဆိုင်မှုတခု ဖြစ်ပါသည်။

  • အာဖရိကန်နိုင်ငံများတွင် ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေများကို ကန့်သတ်တားဆီးရန်အတွက် ဤအတွဲကို အသုံးပြုကြလေ့ရှိပါသည်။

USDZAR အချိန်နှင့်အမျှဈေးကွက်အခြေအနေ

USDZAR ငွေကြေးအတွဲကို ၁၉.၀၅.၂၀၂၆ တွင် R16.62940 နှုန်းထား၌ အရောင်းအဝယ် ပြုလုပ်နေကြပါသည်။

USDZAR အတွဲ၏ ပြောင်းလဲရွေ့လျားပုံကို ဆန်းစစ်လေ့လာရာတွင်၊ အတိုးနှုန်းများ၊ ငွေကြေးဖောင်းပွမှု၊ မတည်ငြိမ်မှုနှင့် တနှစ်တာအတွင်းဈေးနှုန်းအပြောင်းအလဲ အစရှိသည့် အရေးပါသော စီးပွားရေးနှင့် နည်းပညာပိုင်းဆိုင်ရာ ညွှန်ပြချက်များကို စောင့်ကြည့်တိုင်းတာခြင်းသည် အဓိကျပါသည်။ ဤအချက်အလက်များသည် ပိုမို၍ကျိုးကြောင်းခိုင်လုံသော ဆုံးဖြတ်ချက်များကို ပြုလုပ်နိုင်ရန်နှင့် ဆုံးရှုံးနိုင်ခြေများကို အကဲဖြတ်နိုင်ရန် ကုန်သည်များအား ကူညီပေးပါသည်။

ညွှန်ပြချက်တန်ဖိုး
တောင်အာဖရိကဗဟိုဘဏ်အတိုးနှုန်း

7.5%

အမေရိကန်ဗဟိုဘဏ်အတိုးနှုန်း

4.5%

ကာလတလျှောက်အနိမ့်ဆုံးR1.5715
ကာလတလျှောက်အမြင့်ဆုံးR19.93023
လွန်ခဲ့သော ၁၂ လအတွင်း ဈေးနှုန်းအပြောင်းအလဲ-4.14%

နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံ၍ ၂၀၂၅ ခုနှစ်အတွက် USDZAR အတွဲ၏ ဈေးနှုန်းခန့်မှန်းချက်

USDZAR ဇယားသည် ဘေးတိုကိလမ်းကြောင်းတခုအတွင်း စုဖွဲ့သောအခြေအနေတခုကို ပြသနေပါသည်။ EMA နှင့် SMA တို့သည် ထပ်တူနီးပါးရှိနေကာ၊ ထင်ရှားသောလမ်းကြောင်းတခု ရှိမနေခြင်းကို ညွှန်ပြပါသည်။ Bollinger bands များသည် ကျဉ်းမြောင်းလာပြီး၊ လျော့ပါးလာသော မတည်ငြိမ်မှုနှင့်အတူ အနာဂါတ်တွင် မြန်ဆန်အားကောင်းသောရွေ့လျားမှုတခု ပေါ်ပေါက်နိုင်ကြောင်း အချက်ပြပါသည်။ RSI သည် 45.96 တွင် ရှိနေ‌ပြီး၊ ဝယ်လိုအား သို့မဟုတ် ရောင်းလိုအား လွန်ကဲသော အခြေအနေတခုကို ပြတ်ပြတ်သားသားပြသခြင်း မရှိပေ။ MACD ညွှန်ပြကိရိယာသည် အနှုတ်ဇုန်အတွင်း ကျန်ရှိနေပြီး၊ ဟစ်စတိုဂရမ်သည် သုညနှင့် နီးကပ်နေကာ အနာဂါတ်ရွေ့လျားမှုတွင် မရေရာမှုများကို ဖော်ပြနေပါသည်။

Support level သည် 17.97 တွင် တည်ရှိပြီး၊ resistance သည် 18.30 ဝန်းကျင်တွင်ရှိသည်။ ဈေးကွက်သည် ကြားနေအခြေအနေတွင်ရှိနေကာ၊ ဈေးနှုန်းသည် ကျဉ်းမြောင်းသော အကွာအဝေးဘောင် တခုအတွင်း ကူးခတ်ရွေ့လျားနေပါသည်။ လက်ရှိအခြေအနေသည် ရောင်းသူနှင့် ဝယ်သူများကြားမှ ညီမျှ‌သောဟန်ချက်တခုကို ညွှန်ပြလျှက်ရှိပါသည်။

LiteFinance: နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံ၍ ၂၀၂၅ ခုနှစ်အတွက် USDZAR အတွဲ၏ ဈေးနှုန်းခန့်မှန်းချက်

အောက်ပါဇယားကွက်သည် ၂၀၂၅ နှစ်ကုန်ချိန်အထိ USDZAR ငွေလဲနှုန်း၏ ကြိုတင်ခန့်မှန်းချက်များကို ပြသပေးပါသည်။

အနည်းဆုံး၊ Rအများဆုံး၊ R
ဧပြီ

17.99

18.31

မေ

17.81

18.41

ဇွန်

17.88

18.55

ဇူလိုင်

17.87

18.31

ဩဂုတ်

18.02

18.4

စက်တင်ဘာ

18

18.62

အောက်တိုဘာ

18.07

18.57

နိုဝင်ဘာ

17.83

18.41

ဒီဇင်ဘာ

17.93

18.59

၂၀၂၅ ခုနှစ်အတွင်း USDZAR အတွက် ကာလရှည်ကုန်သွယ်ရေး အစီအစဉ်

USDZAR အတွဲ၏ နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ်အခြေခံ၍၊ ၂၀၂၅ ခုနှစ်အတွက် မျှတသော ကုန်သွယ်ရေးအစီအစဉ်တခုကို ရေးဆွဲနိုင်ပါသည်။ 

အရေးပါသော support သည် 17.75–18.15 တွင်ရှိသည်။ အကယ်၍ဈေးနှုန်းသည် ဤဈေးတန်းများဆီသို့ ပြန်လှည့်ပြီး၊ ဆန့်ကျင်ဘက် candlestick pattern များ ပေါ်ထွက်လာပါက၊ အဝယ်ကုန်သွယ်မှုများကို စဉ်းစားနိုင်ပါသည်။ အကယ်၍ ငွေကြေးအတွဲသည် resistance ဖြစ်သော 18.43 ကို ချိုးဖောက်သွားပါက၊ ပိုင်ဆိုင်မှုသည် 19.00 သို့ မြင့်တက်နိုင်ပါသည်။ RSI သည် ကြားနေဇုန်အတွင်း ရှိနေကာ ဈေးနှုန်းစုဖွဲ့နိုင်ခြေကို အချက်ပြပါသည်။ MACD မျဉ်းသည် သုညသို့ နီးကပ်နေပြီး၊ ခိုင်မာသောလမ်းကြောင်း မရှိခြင်းကို ညွှန်ပြပါသည်။ EMA နှင့် SMA တို့သည် လက်ရှိဈေးနှုန်းအနီးတွင် ရှိနေကာ၊ ဘေးတိုက်ရွေ့လျားမှုကို အတည်ပြုပါသည်။

စွန့်စားလိုစိတ်နည်းပါးသော ကုန်သည်များအနေဖြင့် အထက်သို့ရွေ့လျားမှုကို အတည်ပြုရန် 18.65 အထက်တွင် ဈေးနှုန်းအခြေကျသည်အထိ စောင့်ဆိုင်းသင့်ပါသည်။ Take-profit အော်ဒါတခုကို 19.10 တွင် သတ်မှတ်နိုင်ပြီး၊ stop-loss အော်ဒါတခုကို 17.80 အောက်တွင် နေရာချနိုင်ပါသည်။ ထို့အပြင်၊ အမေရိကန်နှင့် တောင်အာဖရိကတို့၏ တိုင်းပြည်စီးပွားညွှန်ပြချက်များကို စောင့်ကြည့်ရန်လည်း အကြံပြုအပ်ပါသည်။

၂၀၂၅ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ USDZAR ဈေးနှုန်းခန့်မှန်းချက်များ

ဖွံ့ဖြိုးတိုးတက်စပြုနေသော နိုင်ငံများမှ ငွေကြေးများ၏ မတည်ငြိမ်မှုအနေအထားကြာင့်  ၂၀၂၅ ခုနှစ်အတွက် USDZAR ငွေလဲနှုန်းကို ကြိုတင်ခန့်မှန်းရခြင်းသည် ရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သည်များအဖို့ အထူးစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတခု ဖြစ်၍နေပါသည်။ ခွဲခြမ်းစိတ်ဖြာမှုပလပ်ဖောင်းအမျိုးမျိုးသည် အရင်းခံစီးပွားရေးညွှန်ပြချက်များ၊ ဗဟိုဘဏ်များ၏မူဝါဒများနှင့် ကုန်စည်ဈေးကွက်များအတွင်းရှိ အခြေအနေ စသည်တို့ကို ထည့်သွင်းစဉ်းစား၍ ၎င်းတို့၏ ကိုယ်ပိုင် ယူဆချက်များကို မျှဝေကြပါသည်။

LongForecast

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး -  R17.51–R19.44 (၂၃.၃.၂၀၂၅ အထိ လေ့လာချက်များအရ)။

LongForecast သည် စက်တင်ဘာလတွင် R19.44 အထိ အမေရိကန်ဒေါ်လာ၏ တဖြေးဖြေးတန်ဖိုးတိုးတက်မှုတရပ်ကို မှန်းဆအဆိုပြုပါသည်။ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များသည် အထူးသဖြင့် ယခုနွေရာသီအဝောာအတွင်း မြင့်မားသော မတည်ငြိမ်မှုကို မျှော်လင့်ကြသည်။ ထို့ကြောင့်၊ ဤကာလသည် ကာလတိုကုန်သွယ်ရေးအတွက် အားသာချက်များကို ပေးစွမ်းနိုင်ပါသည်။

အဖွင့်၊ R

အနည်းဆုံး–အများဆုံး၊ R

အပိတ်၊ R

ဧပြီ

18.09

17.52–18.58

17.97

မေ

17.97

17.70–18.24

17.97

ဇွန်

17.97

17.51–18.05

17.78

ဇူလိုင်

17.78

17.78–18.58

18.31

ဩဂုတ်

18.31

18.31–19.08

18.8

စက်တင်ဘာ

18.8

18.80–19.44

19.15

အောက်တိုဘာ

19.15

18.30–19.15

18.58

နိုဝင်ဘာ

18.58

17.93–18.58

18.2

ဒီဇင်ဘာ

18.2

18.09–18.65

18.37

Gov.Capital

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး -  R14.13539–R20.35272 (၂၃.၃.၂၀၂၅ အထိ လေ့လာချက်များအရ)။

Gov.Capital သည် ၂၀၂၅ ခုနှစ်အတွင်း USDZAR ငွေလဲနှုန်းတွင် ချောမွေ့သော ကျဆင်းမှုတရပ်ကို ကြိုတင်မျှော်မှန်းပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ကာလတိုကျဆင်းမှုများလည်း ဖြစ်ပေါ်နိုင်ခြေရှိနေပြီး၊ နှစ်ကုန်ချိန်တွင် ပျမ်းမျှဈေးနှုန်းသည် R15.70–R16.00 သို့ ရောက်ရှိနိုင်ပါသည်။

ပျမ်းမျှ၊ R

ဖြစ်နိုင်ခြေရှိသော အကောင်းဆုံးဈေးနှုန်း၊ R

ဖြစ်နိုင်ခြေရှိသော အနည်းဆုံးဈေးနှုန်း၊ R

ဧပြီ

18.50247

20.35272

16.65222

မေ

18.11215

19.92336

16.30093

ဇွန်

17.74464

19.5191

15.97018

ဇူလိုင်

17.67208

19.43929

15.90487

ဩဂုတ်

17.1545

18.87

15.43909

စက်တင်ဘာ

16.48402

18.13243

14.83562

အောက်တိုဘာ

16.3108

17.94188

14.67972

နိုဝင်ဘာ

15.956

17.55159

14.3604

ဒီဇင်ဘာ

15.70599

17.27659

14.13539

Coincodex

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး -  R17.31–R19.11 (၂၃.၃.၂၀၂၅ အထိ လေ့လာချက်များအရ)။

CoinCodex သည် R19.11 အထိ ဈေးနှုန်းရောက်ရှိရန်အလားအလာနှင့်အတူ USDZAR အတွဲအတွက် အနည်းငယ်မျှ အပြုသဘောဆောင်သော ရှုမြင်ချက်တရပ်ကို ဖော်ပြထားပါသည်။ ဒီဇင်ဘာလတွင် ပျမ်းမျှဈေးနှုန်းသည် R18.45 တန်ဖိုးသို့ ထိတွေ့ရန် မျှော်လင့်ရပါသည်။ ဤခန့်မှန်းချက်သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြောင်းလဲမှုအလားအလာများကို ထည့်သွင်းစဉ်းစားထားပါသည်။

အနည်းဆုံး၊ R

ပျမ်းမျှ၊ R

အများဆုံး၊ R

ဧပြီ

17.88

18.16

18.6

မေ

17.85

18.01

18.5

ဇွန်

17.58

17.86

18.25

ဇူလိုင်

17.77

18.14

18.55

ဩဂုတ်

17.74

17.9

18.39

စက်တင်ဘာ

17.31

17.64

18.1

အောက်တိုဘာ

17.51

17.78

18.02

နိုဝင်ဘာ

17.53

18.15

18.52

ဒီဇင်ဘာ

17.88

18.45

19.11

၂၀၂၆ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ USDZAR ဈေးနှုန်းခန့်မှန်းချက်များ

၂၀၂၆ ခုနှစ်အတွင်း USDZAR ငွေလဲနှုန်းအတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ ကြိုတင်ခန့်မှန်းချက်များမှာ ကွဲပြားနေကြပါသည်။ အချို့ကျွမ်းကျင်သူများသည် ကျဆင်းမှုတခုကို မျှော်မှန်းကြသည်။ အချို့ပညာရှင်များကမူ လျင်မြန်သော တန်ဖိုးတိုးတက်မှုတရပ်ကို မျှော်လင့်ကြပါသည်။

LongForecast

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး -  R17.43–R18.57 (၂၃.၃.၂၀၂၅ အထိ လေ့လာချက်များအရ)။

LongForecast သည် ၂၀၂၆ ခုနှစ်အတွင်း USDZAR ငွေလဲနှုန်းတွင် သိသာထင်ရှားသော အတက်၊ အကျများကို ကြိုတင်မျှော်မှန်းထားပါသည်။ နှစ်ကုန်ချိန်တွင် ဈေးနှုန်းသည် R17.70 သို့ ကျဆင်းရန် မျှော်လင့်ရပါသည်။

အဖွင့်၊ R

အနည်းဆုံး–အများဆုံး၊ R

အပိတ်၊ R

ဇန်နဝါရီ

18.37

17.55–18.37

17.82

ဇွန်

17.91

17.91–18.57

18.3

ဒီဇင်ဘာ

18.25

17.43–18.25

17.7

Gov.Capital

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး -  R13.75471–R17.1712 (၂၃.၃.၂၀၂၅ အထိ လေ့လာချက်များအရ)။

USDZAR အတွဲသည် ဆက်လက်၍ ဘေးတိုက်ရွေ့လျားသွားလိမ့်မည်ဟု Gov.Capital ၏ သုံးသပ်ရေးပညာရှင်များမှလက်ခံယူဆကြပါသည်။ နှစ်ကုန်ချိန်တွင် ပျမ်းမျှဈေးနှုန်းသည် R15.54 သို့ ရောက်ရှိနိုင်ပါသည်။ ပြည်တွင်းစီးပွားရေးအခြေအနေများ၏ တိုးတက်မှုသည် Rand ၏ တန်ဖိုးကို ပိုမိုခိုင်မာစေနိုင်ပါသည်။

ပျမ်းမျှ၊ R

ဖြစ်နိုင်ခြေရှိသော အကောင်းဆုံးဈေးနှုန်း၊ R

ဖြစ်နိုင်ခြေရှိသော အနည်းဆုံးဈေးနှုန်း၊ R

ဇန်နဝါရီ

15.28301

16.81131

13.75471

ဇွန်

16.61018

17.1712

14.04917

ဒီဇင်ဘာ

15.54974

17.10471

13.99476

Coincodex

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး -  R18.23–R23.94 (၂၃.၃.၂၀၂၅ အထိ လေ့လာချက်များအရ)။

CoinCodex သည် အမေရိကန်ဒေါ်လာ၏ ဆက်တိုက်တန်ဖိုးတိုးတက်မှုကို မျှော်လင့်ထားပါသည်။ ဈေးနှုန်းသည် R23.94 အမှတ်သို့ ရောက်ရှိနိုင်ပါသည်။

အနည်းဆုံး၊ R

ပျမ်းမျှ၊ R

အများဆုံး၊ R

ဇန်နဝါရီ

18.59

18.96

19.41

ဇွန်

18.23

18,55

18.99

ဒီဇင်ဘာ

21.61

22.66

23.94

၂၀၂၇ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ USDZAR ဈေးနှုန်းခန့်မှန်းချက်များ

၂၀၂၇ ခုနှစ်တလျှောက်တွင် USDZAR ငွေလဲနှုန်းသည် ကျယ်ပြန့်သော နယ်နိမိတ်တခုအတွင်း မြင့်တခါ၊ နိမ့်တလှည့် ရွေ့လျားလိမ့်မည်ဟု လေ့လာဆန်းစစ်သူများမှ ကြိုတင်မှန်းဆကြပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ အချို့ကျွမ်းကျင်သူများသည် သင့်တင့်သောတိုးတက်မှုတရပ်ကို ခန့်မှန်းကြပြီး၊ အခြားသူများသည် တန်ဖိုးကျဆင်းမှုအလားအလာတရပ်ကို ကြိုတင်ရှုမြင်ကြပါသည်။

LongForecast

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး -  R16.91–R19.76 (၂၃.၃.၂၀၂၅ အထိ လေ့လာချက်များအရ)။

LongForecast သည် ၂၀၂၇ ခုနှစ်အတွင်း၊ USDZAR အတွဲအတွက် တဖြေးဖြေးပြန်လည်တိုးတက်ရန် အလားအလာတရပ်ကို ခန့်မှန်းထားပါသည်။ ဈေးနှုန်းသည် R17.70 တွင် စတင်ဖွင့်လှစ်ကာ၊ ဒီဇင်ဘာလတွင် R19.47 သို့ မြင့်တက်လာပါလိမ့်မည်။ မြင့်မားသော မတည်ငြိမ်မှုကို မျှော်လင့်ရပါသည်။ ငွေလဲနှုန်း အတက်၊အကျများသည် အမေရိကန်ဗဟိုဘဏ်အတိုးနှုန်းများနှင့် ကုန်စည်များအတွက်ဝယ်လိုအားများတွင် အပြောင်းအလဲများဖြစ်ပေါ်ခြင်းနှင့် ဆက်စပ်နေပါသည်။

အဖွင့်၊ R

အနည်းဆုံး–အများဆုံး၊ R

အပိတ်၊ R

ဇန်နဝါရီ

17.7

16.91–17.70

17.17

ဇွန်

18.17

18.17–18.87

18.59

ဒီဇင်ဘာ

19.1

19.10–19.76

19.47

Gov.Capital

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး -  R14.49724–R18.89065 (၂၃.၃.၂၀၂၅ အထိ လေ့လာချက်များအရ)။

Gov.Capital သည် USDZAR အတွဲအား ၂၀၂၇ ခုနှစ်အတွင်း အသင့်အတင့် မြင့်မားတိုးတက်လာရန်နှင့်  R18.89 အထိ အမြင့်ဆုံးရောက်ရှိရန် ကြိုတင်ခန့်မှန်းထားပါသည်။ 

ပျမ်းမျှ၊ R

ဖြစ်နိုင်ခြေရှိသော အကောင်းဆုံးဈေးနှုန်း၊ R

ဖြစ်နိုင်ခြေရှိသော အနည်းဆုံးဈေးနှုန်း၊ R

ဇန်နဝါရီ

16.10805

17.71885

14.49724

ဇွန်

17.17332

18.89065

15.45599

ဒီဇင်ဘာ

16.92508

18.61759

15.23257

Coincodex

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး -  R20.32–R25.41 (၂၃.၃.၂၀၂၅ အထိ လေ့လာချက်များအရ)။

CoinCodex သည် အကောင်းမြင်မှုအရှိဆုံး သုံးသပ်ချက်တရပ်ကို မျှဝေထားပါသည်။ အတွဲ၏ ငွေလဲနှုန်းသည် ဇန်နဝါရီတွင် R25.41၊ ဇွန်လတွင် R23.82နှင့် ဒီဇင်ဘာလတွင် R21.31 တန်ဖိုးများသို့ အသီးသီး ရောက်ရှိနိုင်ပါသည်။ ဤခန့်မှန်းချက်သည် ငွေကြေးဖောင်းပွမှုအန္တရာယ်များနှင့် ပထဝီနိုင်ငံရေး အခြေအနေများကြား rand ၏ တန်ဖိုးကျဆင်းနိုင်ခြေတရပ်ကို ညွှန်ပြနေပါသည်။

အနည်းဆုံး၊ R

ပျမ်းမျှ၊ R

အများဆုံး၊ R

ဇန်နဝါရီ

23.31

24.55

25.41

ဇွန်

21.75

22.78

23.82

ဒီဇင်ဘာ

20.32

20.91

21.31

၂၀၂၈ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ USDZAR ဈေးနှုန်းခန့်မှန်းချက်များ

ဈေးကွက်ကျွမ်းကျင်သူများသည် ၂၀၂၈ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာပထဝီနိုင်ငံရေးအပြောင်းအလဲများ၊ တောင်အာဖရိကနှင့် အမေရိကန်နိုင်ငံများအတွင်း ပြည်တွင်းမူဝါဒများ၏ မောင်းနှင်မှုဖြင့် USDZAR ငွေကြေးအတွဲ၏ မတည်ငြိမ်မှုတွင် သင့်တင့်သောတိုးတက်မှုတခုကို ခန့်မှန်းထားကြပါသည်။ ခန့်မှန်းချက်များသည် ဤကာလအတွင်း အမေရိကန်ဒေါ်လာ၏ တဖြေးဖြေးချင်းတန်ဖိုးတိုးတက်မှုတရပ်ကို ညွှန်ပြကြပါသည်။

LongForecast

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး -  R18.85–R20.80 (၂၃.၃.၂၀၂၅ အထိ လေ့လာချက်များအရ)။

LongForecast ၏ အဆိုအရ၊ ဤအတွဲသည် R19.47 ၌ဈေးဖွင့်ပြီး၊ R20.49 ၌ ပိတ်သိမ်းနိုင်ပါသည်။ ဤရှုမြင်ချက်သည် တနှစ်တာအတွင်း တောင်အာဖရိက၏ နှေးကွေးသော GDP တိုးတက်မှုအလားအလာနှင့် ကုန်စည်နယ်ပယ်တွင်း မတည်ငြိမ်မှုများကြောင့်  တစထက်တစ ပိုမိုခိုင်မာလာနိုင်သော အမေရိကန်ဒေါ်လာ၏ အခြေအနေတရပ်ကို ညွှန်ပြနေပါသည်။

အဖွင့်၊ R

အနည်းဆုံး–အများဆုံး၊ R

အပိတ်၊ R

ဇန်နဝါရီ

19.47

19.47–20.35

20.05

ဇွန်

19.73

18.85–19.73

19.14

ဒီဇင်ဘာ

20.01

20.01–20.80

20.49

Gov.Capital

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး -  R13.45944–R18.45959 (၂၃.၃.၂၀၂၅ အထိ လေ့လာချက်များအရ)။

Gov.Capital သည် ၂၀၂၈ ခုနှစ်အတွင်း USDZAR အတွဲအတွက် ပြင်းထန်သော မတည်ငြိမ်မှုအလားအလာကို ကြိုတင်ခန့်မှန်းပါသည်။ ပိုင်ဆိုင်မှုသည် ရေပြင်ညီလမ်းကြောင်းပေါ်တွင် ပုံမှန်ရွေ့လျားသွားမည်ဟု မျှော်လင့်ရပါသည်။ ကုန်စည်များအတွက် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားနှင့် ဗဟိုဘဏ်များ၏ ဆုံးဖြတ်ချက်များသည် ငွေလဲနှုန်းအပေါ် လွှမ်းမိုးသက်ရောက်နိုင်ပါသည်။

ပျမ်းမျှ၊ R

ဖြစ်နိုင်ခြေရှိသော အကောင်းဆုံးဈေးနှုန်း၊ R

ဖြစ်နိုင်ခြေရှိသော အနည်းဆုံးဈေးနှုန်း၊ R

ဇန်နဝါရီ

16.78144

18.45959

15.1033

ဇွန်

15.86315

17.44947

14.27684

ဒီဇင်ဘာ

14.95494

16.45043

13.45944

Coincodex

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး -  R18.49–R20.83 (၂၃.၃.၂၀၂၅ အထိ လေ့လာချက်များအရ)။

ပျမ်းမျှဈေးနှုန်းသည် ဇန်နဝါရီလတွင် R20.47 နှင့် ဒီဇင်ဘာတွင် R19.75 တန်ဖိုးများသို့ အသီးသီးရောက်ရှိနိုင်သည်ဟု CoinCodex မှ ကြိုတင်ခန့်မှန်းထားပါသည်။ ၎င်းတို့၏ခန့်မှန်းချက်သည် ကြားနေသဘောထားကိုဖော်ပြပြီး၊ သေးငယ်သော ဈေးနှုန်းအတက်၊အကျများကိုလည်း ညွှန်ပြပါသည်။

အနည်းဆုံး၊ R

ပျမ်းမျှ၊ R

အများဆုံး၊ R

ဇန်နဝါရီ

19.96

20.47

20.83

ဇွန်

19.03

19.43

19.73

ဒီဇင်ဘာ

18.49

19.75

20.76

၂၀၂၉ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ USDZAR ဈေးနှုန်းခန့်မှန်းချက်များ 

၂၀၂၉ ခုနှစ်အတွက် ခန့်မှန်းချက်များမှာ ရောထွေးနေပါသည်။ အချို့သော ခွဲခြမ်းစိတ်ဖြာသူများသည် rand တန်ဖိုးအား သိသိသာသာကျဆင်းရန် မျှော်လင့်ကြပြီး၊ အခြားသူများသည် အလယ်အလတ် တည်ငြိမ်မှုတခုကို မျှော်မှန်းကြသည်။ အရင်းခံစီးပွားရေးမတည်ငြိမ်မှုနှင့် ကုန်စည်ဈေးကွက်များအပေါ် တောင်အာဖရိက၏ မှီခိုမှုတို့သည် မတူကွဲပြားသော USDZAR ငွေလဲနှုန်းမျှော်မှန်းချက်များကို ဖြစ်ပေါ်လာစေပါသည်။

Gov.Capital

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး -  R11.67422–R15.91446 (၂၃.၃.၂၀၂၅ အထိ လေ့လာချက်များအရ)။

၂၀၂၉ ခုနှစ်အတွက် Gov.Capital ၏ ခန့်မှန်းချက်သည် ငွေလဲနှုန်းရွေ့လျားမှု၏ ကျဆင်းသော လမ်းကြောင်းတခုကို ညွှန်ပြပါသည်။ ဈေးနှုန်းသည် ဇွန်လတွင် R11.67 သို့ ထိုးစိုက်ကျဆင်းနိုင်ပါသည်။ ဤကျဆင်းမှုသည် ဖွံ့ဖြိုးစဈေးကွက်များအပေါ် စိတ်ပါဝင်စားမှုများ တိုးတက်လာခြင်းနှင့် သက်ဆိုင်ပါသည်။

ပျမ်းမျှ၊ R

ဖြစ်နိုင်ခြေရှိသော အကောင်းဆုံးဈေးနှုန်း၊ R

ဖြစ်နိုင်ခြေရှိသော အနည်းဆုံးဈေးနှုန်း၊ R

ဇန်နဝါရီ

14.46769

15.91446

13.02092

ဇွန်

12.97136

14.26849

11.67422

ဒီဇင်ဘာ

12.99392

14.29332

11.69453

Coincodex

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး -  R17.87–R22.04 (၂၃.၃.၂၀၂၅ အထိ လေ့လာချက်များအရ)။

CoinCodex သည် ပိုင်ဆိုင်မှု၏ဈေးနှုန်းအား အထက်သို့ တိုးတက်လာရန် မျှော်လင့်ထားပါသည်။ ၂၀၂၉ အစောပိုင်းတွင် ပျမ်းမျှဈေးနှုန်းသည် R18.38 သို့ ရောက်ရှိနိုင်ပြီး၊ ‌ဒီဇင်ဘာလတွင် R21.51 သို့ မြင့်တက်လာနိုင်ပါသည်။ ခန့်မှန်းချက်သည် အမေရိကန်ဗဟိုဘဏ်စနစ်၏ မူဝါဒ၊ ကုန်စည်ဈေးနှုန်းများ စသည်တို့နှင့် ဆက်နွယ်သော မတည်ငြိမ်မှုအလားအလာတရပ်ကို ထင်ဟပ်ဖော်ပြနေပါသည်။ 

အနည်းဆုံး၊ R

ပျမ်းမျှ၊ R

အများဆုံး၊ R

ဇန်နဝါရီ

17.87

18.38

18.79

ဇွန်

18.94

20.02

20.92

ဒီဇင်ဘာ

20.52

21.51

22.04

၂၀၃၀ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ USDZAR ဈေးနှုန်းခန့်မှန်းချက်များ

ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များသည် ၂၀၃၀ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ၏ အလားအလာများနှင့် စပ်လျဉ်း၍ သတိဖြင့်ယှဉ်သော အကောင်းမြင်သဘောထားတရပ်ကို ကိုင်စွဲထားကြပါသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအကြောင်းအရာများ၏ လွှမ်းမိုးမှုအောက်တွင် USDZAR ငွေလဲနှုန်းသည် သိသာထင်ရှားသော အတက်၊အကျများဖြင့် ကြုံတွေ့ရနိုင်ပါသည်။

Gov.Capital

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး -  R11.62273–R14.4248 (၂၃.၃.၂၀၂၅ အထိ လေ့လာချက်များအရ)။

Gov.Capital သည် USDZAR ဈေးနှုန်း၏ နောက်ထပ်ကျဆင်းမှုများကို မျှော်လင့်ထားပါသည်။ ဤအတွဲသည် R12–R13 အနီးတွင် တည်ငြိမ်နိုင်ပါသည်။

ပျမ်းမျှ၊ R

ဖြစ်နိုင်ခြေရှိသော အကောင်းဆုံးဈေးနှုန်း၊ R

ဖြစ်နိုင်ခြေရှိသော အနည်းဆုံးဈေးနှုန်း၊ R

ဇန်နဝါရီ

12.91414

14.20556

11.62273

မတ်

13.11346

14.4248

11.80211

Coincodex

ဈေးနှုန်းရွေ့လျားမှုအကွာအဝေး -  R20.01–R22.73 (၂၃.၃.၂၀၂၅ အထိ လေ့လာချက်များအရ)။

CoinCodex သည် တနှစ်တာတလျှောက်တွင် အလယ်အလတ်တန်ဖိုးတိုးတက်မှုများကို ကြိုတင်မျှော်မှန်းထားပြီး၊ အမြင့်ဆုံးဈေးနှုန်းအား R22.73 အဖြစ် ခန့်မှန်းထားပါသည်။ အမေရိကန်၏ တည်ငြိမ်သော အတိုးနှုန်းများကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး ပိုမိုခိုင်မာလာနိုင်ပြီး၊ စွန့်စားမှုမြင့်မားသော ပိုင်ဆိုင်မှုများတွင် စိတ်ဝင်စားမှုများ ကျဆင်းလာနိုင်ပါသည်။

အနည်းဆုံး၊ R

ပျမ်းမျှ၊ R

အများဆုံး၊ R

ဇန်နဝါရီ

20.01

20.86

21.91

ဇွန်

21.2

21.96

22.73

ဒီဇင်ဘာ

21.12

21.71

22.33

၂၀၅၀ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ USDZAR ဈေးနှုန်းခန့်မှန်းချက်များ

၂၀၅၀ ခုနှစ်အတွက် USDZAR ငွေလဲနှုန်းခန့်မှန်းချက်များတွင် မြင့်မားသော မသေချာမရေရာမှု အတိုင်းအတာတခု ပါဝင်ပါသည်။ ထိုသို့သော ကာလရှည် ခန့်မှန်းတန်ဖိုးများတွင် အရင်းခံစီးပွားရေးအခြေအနေများ၊ နိုင်ငံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများကို ထည့်သွင်းစဉ်းစားရန်လိုအပ်ပါသည်။ သေးငယ်သော အပြောင်းအလဲများပင်လျှင် ဤအတွဲ၏ ရွေ့လျားမှုအား သိသာထင်ရှားစွာ အပြောင်းအလဲဖြစ်စေနိုင်ပါသည်။

ခွဲခြမ်းစိတ်ဖြာမှုပလပ်ဖောင်းအများစုသည် ထိုသို့သော ကာလရှည်ခန့်မှန်းချက်မျိုးပြုလုပ်ခြင်းကို ရှောင်ရှား လိုကြသည်။ အကြောင်းမှာ ရှုထောင့်အားလုံးကို ထည့်သွင်းတွက်ဆရန် မလွယ်ကူသောကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ၊ လက်ရှိလမ်းကြောင်းများနှင့် အကြံပြုထားသော မတည်ငြိမ်မှုအရ USDZAR အတွဲသည် ကျယ်ပြန့်သောဈေးနှုန်းဧရိယာအတွင်း အရောင်းအဝယ်ဖြစ်လိမ့်မည်ဟု ကောက်ချက်ချနိုင် ပါသည်။ ဤယူဆချက်သည် ပြင်ပစီးပွားရေးအကြပ်အတည်းများနှင့် ကုန်စည်ဝယ်လိုအား မတည်ငြိမ်မှုများအပေါ် အလွယ်တကူတုံ့ပြန်လေ့ရှိသော တောင်အာဖရိကငွေကြေး ၏သဘာဝနှင့် ချိတ်ဆက်နေပါသည်။

ဆိုရှယ်မီဒီယာပေါ်တွင် USDZAR အတွက် ဈေးကွက် အလေးသာမှု

ဈေးကွက်အတက်၊အကျများကိုပုံဖော်ရာတွင် ဆိုရှယ်မီဒီယာသည် အရေးပါသောအခန်းကဏ္ဍခုမှ ပါဝင်လှုပ်ရှား ပါသည်။ ကုန်သည်များ၏ အရေးအသားဖော်ပြချက်များသည် ကာလတိုအလေးသာမှုကို ထင်ဟပ် ဖော်ပြလေ့ရှိပြီး၊ အခြားသောဈေးကွက်ပါဝင်သူများ၏ ထင်မြင်ယူဆချက်များအပေါ် လွှမ်းမိုး နိုင်ပါသည်။

ဥပမာအားဖြင့်၊ USDZAR အတွဲသည် support ဖြစ်သော R18.05 မှ R18.40 သို့ မြင့်တက်လိမ့်မည်ဟု @KoosKanmar အကောင့်မှ ကောက်ချက်ချပါသည်။ အသုံးပြုသူမှ ဈေးနှုန်းသည် နီးစပ်သောကာလတွင် ကျဉ်းမြောင်းသောဘောင်တခုအတွင်း ဆက်လက်ရွေ့လျားလိမ့်မည်ဟု မျှော်လင့်ထားပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်တွင် USDZAR အတွက် ဈေးကွက် အလေးသာမှု

သုံးသပ်ရေးသမား @Athenia_IA သည် အကျလမ်းကြောင်းတခုကို ညွှန်ပြသော်လည်း၊ ကာလတိုအတွင်း တန်ဖိုးတိုးတက်မှုအလားအလာများကိုလည်း ပယ်ရှားခြင်းမပြုပေ။

LiteFinance: ဆိုရှယ်မီဒီယာပေါ်တွင် USDZAR အတွက် ဈေးကွက် အလေးသာမှု

ခြုံငုံ၍ဆိုရသော်၊ ဈေးကွက်ပါဝင်သူများကြားမှ အလေးသာမှုသည် သတိဖြင့်ယှဉ်သော အကောင်းမြင်မှုကို ဖော်ပြနေပါသည်။ ဈေးနှုန်းသည် ကုန်သွယ်ရေးချန်နယ်လ်တခုအတွင်း ရွေ့လျားမည်ဟု ခန့်မှန်းရသည်။ ထိုသို့သော အကဲဖြတ်မှုများသည်  အသင့်အတင့်တိုးတက်မှုတရပ်ကို ညွှန်ပြနေသော နည်းပညာဆိုင်ရာအချက်ပြမှုများကို အတည်ပြုပါသည်။ 

USDZAR ဈေးနှုန်းရာဇဝင်

USDZAR အတွဲသည် ၎င်း၏ ကာလတလျှောက် အမြင့်ဆုံးတန်ဖိုးဖြစ်သော 19.93023 သို့ ၀၉.၀၄.၂၀၂၅တွင် ရောက်ရှိခဲ့သည်။

USDZAR အတွဲ၏ ကာလတလျှောက် အနိမ့်ဆုံးနှုန်းထားကို ၃၁.၀၈.၂၀၀၆ တွင် မှတ်တမ်းတင်ခဲ့သည်။ ယင်းနေ့တွင် ဈေးနှုန်းသည် 1.5715 ZAR သို့ ကျဆင်းခဲ့ပါသည်။

ခန့်မှန်းချက်များကို တိကျမှုရှိသထက်ရှိစေရန်၊ သမိုင်းကြောင်းအချက်အလက်များကို အကဲဖြတ်ခြင်းသည် အရေးကြီးပါသည်။

အမေရိကန်ဒေါ်လာနှင့် တောင်အာဖရိက rand ကြားရှိ ငွေလဲနှုန်းကို ကိုယ်စားပြုသော USDZAR အတွဲတွင် အတက်၊အကျများစွာဖြင့် ပုံဖော်ထားသော ရှည်လျားသည့် ကုန်သွယ်ရေးရာဇဝင်တခု ရှိပါသည်။ 

၁၉၈၀ ပြည့်နှစ်များတွင် ငွေလဲနှုန်းသည် အသင့်အတင့်တည်ငြိမ်စွာ ကျန်ရှိနေပါသည်။ သို့သော်လည်း၊ ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းမှ စတင်၍ တောင်အာဖရိက၏ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် စီးပွားရေးစိန်ခေါ်မှုများကြားတွင် rand တန်ဖိုး အားနည်းကျဆင်းလာခဲ့သည်။ ၂၀၀၈ ခုနှစ်တွင်၊ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကြပ်အတည်းသည် USDZAR အတွဲတွင် ရုတ်တရက်မြင့်တက်မှုတခုကို ဖြစ်စေခဲ့ကာ၊ ၎င်းကို R11 အထက်သို့ တွန်းပို့ခဲ့ပါသည်။

၂၀၁၅ မှ စတင်၍၊ ဤအတွဲသည် တိုးမြင့်လာသော မတည်ငြိမ်မှုကို ပြသခဲ့ပါသည်။ အကြောင်းမှာ၊ ၎င်းသည် ကုန်စည်ဈေးနှုန်းအပြောင်းအလဲများ၊ အမေရိကန်ဗဟိုဘဏ်ဆုံးဖြတ်ချက်များနှင့် တောင်အာဖရိကဒေသတွင်း နိုင်ငံရေးဖြစ်ရပ်များ၏ အပြောင်းအလဲများအပေါ် အလွယ်တကူ လိုက်ပါပြောင်းလဲသောကြောင့်ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း၊ နှုန်းထားသည် R19 အထက်သို့ ကျော်လွန်ခဲ့ပါသည်။ ထိုစဉ်မှစ၍၊ ဤအတွဲသည် ကျယ်ပြန့်သော နယ်နိမိတ်အတွင်း ကူးသန်းရွေ့လျားခဲ့ပါသည်။

LiteFinance: USDZAR ဈေးနှုန်းရာဇဝင်

USDZAR ဈေးနှုန်း အခြေခံပိုင်း‌ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်

USDZAR ငွေကြေးအတွဲအပေါ် လွှမ်းမိုးသက်ရောက်သော စီးပွားရေးနှင့် နိုင်ငံရေးအကြောင်းအရာများကို နားလည်သဘောပေါက်ရန်အတွက် အခြေခံပိုင်း‌ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုသည် အဓိကကျပါသည်။ ၎င်းသည် ဆုံးရှုံးနိုင်ခြေများကို အကဲဖြတ်ခြင်းနှင့် ဈေးကွက်လမ်းကြောင်းများကို ခွဲခြမ်းထုတ်ဖော်ခြင်းအပြင် ကာလတိုနှင့် ကာလရှည်ကုန်သွယ်ရေးအတွက် ကျိုးကြောင်းခိုင်လုံသော ဆုံးဖြတ်ချက်များ ပြုလုပ်ခြင်းများ တွင် များစွာအထောက်အကူပြုပါသည်။

USDZAR အတွဲအပေါ်တွင် မည်သည့်အကြောင်းအရာများမှ လွှမ်းမိုးသက်ရောက်ပါသနည်း။

USDZAR ငွေလဲနှုန်းကို နိုင်ငံတွင်းနှင့် နိုင်ငံပြင်ပစီးပွားရေးအကြောင်းအရာများမှ အဆုံးအဖြတ်ပေးပါသည်။ 

  • အတိုးနှုန်းများ။ အမေရိကန်‌ဗဟိုဘဏ်ကွန်ယက်နှင့် တောင်အာဖရိကဗဟိုဘဏ်တို့ကြားမှ အတိုးနှုန်းများ၏ ခြားနားချက်သည် အရင်းအနှီးစီးဆင်းမှုနှင့် ပိုင်ဆိုင်မှု၏ဆွဲဆောင်အားအပေါ် လွှမ်းမိုးသက်ရောက်ပါသည်။ 

  • ကုန်စည်ဈေးနှုန်းများ။ တောင်အာဖရိကသည် ပလက်တီနမ်၊ ရွှေနှင့် အခြားအရင်းအမြစ်များ၏ တင်ပို့မှုများအပေါ် အဓိကမှီခိုအားထားပါသည်။ ကုန်စည်ဈေးနှုန်းများ မြင့်မားခြင်းသည် rand တန်ဖိုးကိုခိုင်မာစေပြီး၊ ကုန်စည်ဈေးနှုန်းများ ကျဆင်းခြင်းသည် rand တန်ဖိုးကို ယုတ်လျော့ကျဆင်းစေပါသည်။

  • ငွေကြေးဖောင်းပွမှု။ တောင်အာဖရိကရှိ မြင့်မားသောငွေကြေးဖောင်းပွမှုသည် ငွေကြေးအပေါ်ထားရှိသော ယုံကြည်ချက်ကို တဖြေးဖြေးထိခိုက်ကျဆင်းစေပြီး၊ ၎င်း၏ ဝယ်ယူနိုင်စွမ်းကို လျော့နည်းစေပါသည်။

  • အမေရိကန်စီးပွားရေးအချက်အလက်။ အလုပ်သမားဈေးကွက်၊ ငွေကြေးဖောင်းပွမှုနှင့် GDP အစီရင်ခံစာများသည် အမေရိကန်ဒေါ်လာ၏တန်ဖိုးအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါသည်။

  • နိုင်ငံရေးတည်ငြိမ်မှု။ တောင်အာဖရိကနိုင်ငံတွင်းရှိ ပြည်တွင်းပြဿနာများသည် ရင်းနှီးမြှုပ်နှံသူတို့၏ rand အပေါ်ထားရှိသော စိတ်ပါဝင်စားမှုကို ကျဆင်းစေပါသည်။ 

  • ရင်းနှီးမြှုပ်နှံသူများ၏ စွန့်စားလိုသော စိတ်ဆန္ဒ။ ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုမြင့်မားချိန်များတွင်၊ ဘေးကင်းသော ပိုင်ဆိုင်မှုတခုအဖြစ် အမေရိကန်၏တန်ဖိုး တိုးတက်လာပါသည်။

  • ပထဝီနိုင်ငံရေးကိစ္စရပ်များနှင့် ပိတ်ဆို့အရေးယူမှုများသည် တောင်အာဖရိကနိုင်ငံအတွင်း ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အရင်းအနှီးစီးဆင်းမှုများအပေါ်သို့ လွှမ်းမိုးသက်ရောက်ပါသည်။

USDZAR အကြောင်း နောက်ထပ် အချက်အလက်များ

USDZAR ငွေကြေးအတွဲသည် အမေရိကန်ဒေါ်လာနှင့် တောင်အာဖရိက rand ကြားမှ ငွေလဲနှုန်းကို ညွှန်ပြပါသည်။ တောင်အာဖရိက rand သည် တောင်အာဖရိကသမ္မတနိုင်ငံကို တည်ထောင်ခဲ့သည့် ၁၉၆၁ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော ငွေကြေးတခုဖြစ်ပါသည်။ ဤအတွဲကို Forex တွင် တက်ကြွစွာ ကုန်သွယ်ကြပြီး၊ ၎င်း၏ မတည်ငြိမ်မှုအတွက် လူသိများပါသည်။ ဤအတွဲ၏ ရေပန်းစားမှုသည် ကုန်စည်ငွေကြေးတခုအဖြစ် rand ၏ ဆွဲဆောင်မှုတွင် မြစ်ဖျားခံပါသည်။ အကြောင်းမှာ တောင်အာဖရိက၏ စီးပွားရေးသည် ရွှေ၊ ပလက်တီနမ်နှင့် အခြားအရင်းအမြစ်များအပေါ် မှီခိုနေသောကြောင့် ဖြစ်သည်။

ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများသည် USDZAR အတွဲအား ဈေးနှုန်းခန့်မှန်းကုန်သွယ်ခြင်း၊ ဆုံးရှုံးနိုင်‌ခြေကန့်သတ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုခွဲဝေနေရာချခြင်းအတွက် အသုံးပြုကြပါသည်။ ဤငွေကြေးအတွဲသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှင့် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုများအပေါ် တုံ့ပြန်မှုအလွန်မြန်ဆန်ပါသည်။ ထို့အပြင်၊ ၎င်းသည် ဖွံ့ဖြိုးစဈေးကွက်များတွင် ညွှန်ပြကိရိယာတခုအဖြစ် ဆောင်ရွက်ပါသည်။

USDZAR တွင် ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ

USDZAR ငွေကြေးအတွဲသည် ကာလတိုကုန်သည်များရော၊ ကာလရှည်ကုန်သည်များအတွက်ပါ ဆွဲဆောင်မှုရှိသော ပိုင်ဆိုင်မှုတခုဖြစ်လာနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ၎င်း၏ တမူထူးခြားသော အင်္ဂါရပ်များကို ထည့်သွင်းစဉ်းစားရန် အထူးအရေးကြီးပါသည်။

အားသာချက်များ

  • မြင့်မားသောမတည်ငြိမ်မှုသည် ကုန်သည်များအား ကာလတို အတက်၊အကျများမှ အမြတ်ရယူနိုင်ရန် ခွင့်ပြုပေးပါသည်။

  • တောင်အာဖရိကနှင့် အမေရိကန်ရှိ အရင်းခံစီးပွားရေးအချက်အလက်များကို အကြိမ်ရေစိတ်စိတ် ထုတ်ပြန်လေ့ရှိသောကြောင့် ခန့်မှန်းချက်များပြုလုပ်ရာတွင် လွယ်ကူစေပါသည်။

  • နည်းပညာပိုင်းဆိုင်ရာနှင့် အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု။ ဤအတွဲကို လွယ်ကူစွာ ခွဲခြမ်းစိတ်ဖြာနိုင်ပါသည်။

  • နည်းဗျူဟာအမျိုးမျိုးအတွက် သင့်တော်ခြင်း။ ၎င်းကို ဈေးနှုန်းခန့်မှန်းခြင်း၊ ဆုံးရှုံးနိုင်ခြေကန့်သတ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအစုအား ခွဲခြမ်းစိတ်ဖြာခြင်းများတွင် အသုံးပြုပါသည်။

  • ကုန်စည်ဈေးနှုန်းများအပေါ်မှီခိုခြင်း။ ရွှေနှင့် ပလက်တီနမ်တို့၏ ဈေးနှုန်းများတိုးတက်ခြင်းသည် တောင်အာဖရိက rand ၏ ဈေးနှုန်းများကို ခိုင်မာစေပါသည်။

  • အလွယ်တကူရရှိနိုင်ခြင်း။ Forex အကျိုးဆောင်အများစုသည် ဤအတွဲဖြင့်ကုန်သွယ်နိုင်သော အခွင့်အရေးကို ပံ့ပိုးပေးကြပါသည်။ 

  • ကုန်သွယ်ရေးအချိန်ပိုင်းပေါများခြင်း။ ဤအတွဲကို အာရှ၊ ဥရောပနှင့် အမေရိကန် အချိန်ပိုင်းများတွင် တက်ကြွစွာ ကုန်သွယ်ကြပါသည်။

  • ဖွံ့ဖြိုးစဈေးကွက်များအတွက် ဆုံးရှုံးနိုင်ခြေညွှန်ပြချက်။ ဤအတွဲသည် တောင်အာဖရိကနှင့် အခြားဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရင်းနှီးမြှုပ်နှံသူတို့၏ သဘောထားကို ကူညီမှန်းဆပေးပါသည်။ 

အားနည်းချက်များ

  • စွန့်စားမှုမြင့်မားခြင်း။ မြင့်မားသော မတည်ငြိမ်မှုသည် သိသာထင်ရှားသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေပါသည်။

  • တောင်အာဖရိက၏ နိုင်ငံရေး မတည်ငြိမ်မှုသည် ငွေလဲနှုန်းတွင် ရုတ်တရက် အတက်၊ အကျများ ဖြစ်ပေါ်စေလေ့ရှိပါသည်။ 

  • ကုန်စည်များအပေါ် မှီခိုရမှု။ သတ္တုဈေးနှုန်းများ ကျဆင်းလာခြင်းသည် rand ၏ တန်ဖိုးတွင် သက်ရောက်မှုဖြစ်စေပါသည်။

  • အကန့်အသတ်ရှိသော liquidity. ကုန်သွယ်မှုပမာဏများကျဆင်းသောအခါတွင် လွဲချော်မှုများ ပေါ်ပေါက်နိုင်ပါသည်။

  • ငွေကြေးစည်းမျဉ်းစည်းကမ်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေများ။ တောင်အာဖရိကဗဟိုဘဏ် သို့မဟုတ် အမေရိကန်ဗဟိုဘဏ်စနစ်တို့၏ မမျှော်လင့်သော ကြားဝင်ခြယ်လှယ်မှုများကို ခံစားရနိုင်ပါသည်။

  • တောင်အာဖရိကနိုင်ငံတွင်းရှိ ငွေကြေးဖောင်းပွမှုသည် rand တန်ဖိုးကို ကျဆင်းစေပါသည်။

  • ခွဲခြမ်းစိတ်ဖြာမှုအချက်အလက်များမရှိခြင်း။ တောင်အာဖရိကစီးပွားရေးနှင့်စပ်လျဉ်းသော ခန့်မှန်းချက်များကို ရှားပါးစွာထုတ်ပြန်လေ့ရှိပါသည်။

ကျွန်ုပ်တို့၏ခန့်မှန်းချက်များပြုလုပ်ပုံ

USDZAR အတွဲ၏ ရွေ့လျားမှုကို ကြိုတင်ခန့်မှန်းရန် ကျွန်ုပ်တို့သည် နည်းပညာပိုင်းဆိုင်ရာနှင့် အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကို ပေါင်းစပ်ထားသော ပြီးပြည့်စုံသည့် ချဉ်းကပ်မှုနည်းလမ်းတခုကို အသုံးပြုပါသည်။

(အများဆုံး ၁ လအထိ) ကာလတို ခန့်မှန်းချက်များသည် RSI၊ MACD နှင့် moving averages များကဲ့သို့သော နည်းပညာဆိုင်ရာညွှန်ပြချက်များအပြင် သတင်းထုတ်ပြန်မှုများနှင့် ဈေးနှုန်းရွေ့လျားမှုပုံစံများအပေါ်တွင် အခြေခံပါသည်။ 

(၁ လမှ ၆လအထိ) ကာလအလယ်အလတ်ခန့်မှန်းချက်များတွင် အတိုးနှုန်းများ၊ ငွေကြေးဖောင်းပွမှု၊ GDP အချက်အလက်၊ ကုန်သွယ်မှုစာရင်းလက်ကျန်နှင့် နိုင်ငံရေးအပြောင်းအလဲများကို ထည့်သွင်းစဉ်းစားပါသည်။

(၆ လနှင့်အထက်) ကာလရှည်ခန့်မှန်းချက်များသည် ပထဝီနိုင်ငံရေးတည်ငြိမ်မှု၊ ကုန်စည် ဈေးကွက်လမ်းကြောင်းများ၊ ဗဟိုဘဏ်တို့၏ ခန့်မှန်းချက်များနှင့် ပထဝီနိုင်ငံရေးအလားအလာများအပေါ် အခြေခံပါသည်။ ထို့အပြင်၊ ကျွန်ုပ်တို့သည် ကျွမ်းကျင်သူတို့၏ ထင်မြင်ယူဆချက်များ၊ မီဒီယာသဘောထားနှင့် မတည်ငြိမ်မှုရာဇဝင်များကို ခွဲခြမ်းစိတ်ဖြာကာ ယုံကြည်စိတ်ချရသော အရင်းအမြစ်များမှ ခန့်မှန်းချက်အကူအညီများကို အသုံးပြုပါသည်။

အနှစ်ချုပ် - USDZAR သည် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုဖြစ်ပါသလား။

USDZAR အတွဲသည် ကာလတိုအတွင်း အရောင်းအဝယ်ပြုလုပ်ကြသောကုန်သည်များနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုအစုကို ခွဲဝေနေရာချထားလိုသော ရင်းနှီးမြှုပ်နှံသူများအတွက် စိတ်ဝင်စားဖွယ်ရာ ရွေးချယ်မှုတခု ဖြစ်နိုင်ပါသည်။ ထို့အပြင်၊ မြင့်မားသော မတည်ငြိမ်မှုသည် အထူးသဖြင့် ကာလတိုနှင့် ကာလအလယ်အလတ်အတွက် အမြတ်အစွန်းအလားအလာများကို ဖော်ထုတ်ပေးနိုင်ပါသည်။

မည်သို့ပင်ဖြစ်စေကာမူ၊ ရင်းနှီးမြှုပ်နှံသူများသည် အရင်းခံစီးပွားရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေများ၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့် ကုန်စည်နယ်ပယ်အပေါ် USDZAR ငွေလဲနှုန်း၏ မှီခိုရမှုတို့ကို သတိပြုသင့်ပါသည်။ စေ့စပ်သေချာသော ခွဲခြမ်းစိတ်ဖြာမှုနှင့် ကျွမ်းကျင်သူတို့၏ ခန့်မှန်းချက်များသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပြောင်းအလဲများကြား USDZAR အတွဲ၏ အခွင့်အလမ်းများကို ထိရောက်စွာ အသုံးချနိုင်ရန် အကူအညီပေးပါလိမ့်မည်။

USDZAR ဈေးနှုန်းခန့်မှန်းချက် အမေး၊ အဖြေများ။

USDZAR အတွဲ၏ လက်ရှိဈေးနှုန်းမှာ ၁၉.၀၅.၂၀၂၆ တွင် R16.62940 ဖြစ်ပါသည်။

ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများကြားတွင် Rand ငွေလဲနှုန်းသည် ဆက်လက်၍ မငြိမ်မသက်ရှိလိမ့်မည်ဟု မျှော်လင့်ရပါသည်။ ၎င်းသည် ကာလတိုအတွင်း R17 နှင့် R19.5 ကြား အတက်၊အကျဖြင့် ရွေ့လျားနေမည်ဟု ကျွမ်းကျင်သူများမှ ခန့်မှန်းကြသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ကျဆင်းနေသော ကုန်စည်ဈေးနှုန်းများနှင့် တန်ဖိုးတက်နေသော အမေရိကန်ဒေါ်လာကြောင့် ဤအတွဲ၏ဈေးနှုန်းမှာ မြင့်တက်လာနိုင်ပါသည်။

၂၀၂၅ ခုနှစ်အတွင်း USDZAR ငွေလဲနှုန်းသည် R17 နှင့် R19.5 ကြားတွင် ပြောင်းလဲနေလိမ့်မည်ဟု ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များမှ အကြံပြုကြပါသည်။ ရွေ့လျားမှုသည် အမေရိကန်ဗဟိုဘဏ်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်များ၊ တောင်အာဖရိက၏ စီးပွားရေးမူဝါဒ၊ ကုန်စည်များအတွက်ဝယ်လိုအားနှင့် နိုင်ငံနှစ်ခုစလုံးရှိ ငွေကြေးဖောင်းပွမှုတို့၏ လွှမ်းမိုးမှုအောက်တွင် ရှိပါသည်။

၂၀၂၆ ခုနှစ်တွင် rand သည် တ‌ဖြည်းဖြည်းချင်း တန်ဖိုးကျဆင်းလာနိုင်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလမ်းကြောင်းဖွံ့ဖြိုးတိုးတက်မှု၊ တောင်အာဖရိကစီးပွားရေးတိုးတက်မှုနှုန်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဈေးကွက် စသည်တို့အပေါ်အခြခံ၍ ဤအတွဲသည် R18–R24 သို့ ခွဲခြမ်းစိတ်ဖြာသူများမှ မြင့်တက်လာနိုင်သည်ဟု မျှော်မှန်းထားကြသည်။

၂၀၃၀ ခုနှစ်အတွက် ခန့်မှန်းချက်များသည် တိကျမှု ပိုမိုနည်းပါးပါသည်။ ဤအတွဲသည် R21–R25 အကွာအဝေးအတွင်း ကူးခတ်နေမည်ဟု မျှော်လင့်ရသည်။ လက်တွေ့နှုန်းထားသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအခြေအနေများ၊ တောင်အာဖရိကနိုင်ငံတွင်း ဖွဲ့စည်းပုံအပြောင်းအလဲများ၊ နည်းပညာဆိုင်ရာ ဖွံဖြိုးတိုးတက်မှုများနှင့် စည်းမျဉ်းစည်းကမ်းထိန်းသိမ်းသူများ၏ မူဝါဒအပြောင်းအလဲများအပေါ် မူတည်ပါလိမ့်မည်။

ကျဆင်းမှုအတွက် အဓိက အကြောင်းရင်းများမှာ ငွေကြေးဖောင်းပွမှု၊ နှေးကွေးသော GDP တိုးတက်မှုနှုန်း၊ နိုင်ငံရေးအပြောင်းအလဲများ၊ ဘတ်ဂျက်(ရသုံးမှန်းခြေစာရင်း)လိုငွေပြမှုနှင့် ကုန်စည်တင်ပို့မှုအပေါ် မှီခိုမှုတို့ ဖြစ်ပါသည်။ ထို့ကြောင့်၊ ကမ္ဘာလုံးဆိုင်ရာစီးပွားရေး ယိုယွင်းကျဆင်းသောအခါ၊ ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏အရင်းအနှီးများကို ပိုမိုခိုင်မာသော ငွေကြေးများဆီသို့ ရွှေ့ပြောင်းကြပါသည်။

တောင်အာဖရိက rand ၏ အားနည်း‌သော ကြံ့ခိုင်မှုသည် တောင်အာဖရိကနိုင်ငံ၏ စီးပွားရေးမတည်ငြိမ်မှု၊ မြင့်မားသော အစိုးရအသုံးစရိတ်၊ ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်ချက်နိမ့်ပါးခြင်းနှင့် ကုန်စည်များအပေါ် တိုင်းပြည်၏မှီခိုမှု စသည့်အကြောင်းအရာများမှ မြစ်ဖျားခံပါသည်။ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်အတွင်း မည်သည့်လှုပ်ခတ်မှုမဆိုသည် rand တန်ဖိုးအပေါ် လွှမ်းမိုးသက်ရောက်နိုင်ပါသည်။

အကယ်၍ တောင်အာဖရိက၏ စီးပွားရေးအခြေအနေ ပြန်လည်တိုးတက်လာပြီး၊ ကုန်စည်တင်ပို့မှုများတိုးတက်လာကာ ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်ချက် မြင့်မားလာပါက၊ rand သည် တန်ဖိုးမြင့်တက်လာနိုင်ပါသည်။ သို့သော် ကာလရှည်တန်ဖိုးတိုးတက်မှုအတွက်၊ နိုင်ငံတွင်း တည်ငြိမ်သောနိုင်ငံရး၊ စီးပွားရေး အခင်းအကျင်းနှင့်အတူ ကုန်စည်ဈေးနှုန်း အတက်၊အကျများအပေါ်မှီခိုရမှုကို လျော့ချရန် လိုအပ်ပါသည်။

USDZAR အတွဲသည် မတည်ငြိမ်မှု အထူးမြင့်မားပြီး၊ စီးပွားရေးနှင့် ပထဝီနိုင်ငံရေးဖြစ်ရပ်များအပေါ် တုံ့ပြန်မှုမြန်ဆန်ပါသည်။ ထို့ကြောင့်၊ ဈေးနှုန်းအမြင့်၊အနိမ့် အလွှဲအပြောင်းများသည် ကာလတိုအတွင်းမှန်းဆကုန်သွယ်ခြင်းအတွက် အခွင့်အလမ်းများကို ဖန်တီးပေးပါသည်။ ထို့အပြင်၊ ဤအတွဲ၏ စွမ်းဆောင်ရည်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေများကို ကူညီ၍အကဲဖြတ်ပေးပါသည်။

ဤရှုမြင်ချက်အပေါ်တွင် အတိုးနှုန်းများ၊ စီးပွားရေးအစီရင်ခံစာများ၊ ရွှေနှင့် ပလက်တီနမ်ဈေးနှုန်းများအပါအဝင် အမေရိကန်ဗဟိုဘဏ်စနစ်နှင့် တောင်အာဖရိကဗဟိုဘဏ်တို့၏ မူဝါဒများမှ လွှမ်းမိုးထားပါသည်။ ထို့အပြင်၊ ပထဝီနိုင်ငံရေးများ၊ ကုန်သွယ်စစ်ပွဲများ၊ ကုန်စည်လိုအပ်ချက်များနှင့် နိုင်ငံခြားအရင်းအနှီးစီးဝင်/ထွက်ခွာမှုများသည်လည်း အရေးကြီးပါသည်။

မှန်ပါသည်။ တိုင်းပြည်စီးပွားရေးအချက်အလက်ထုတ်ပြန်ချက်များ၊ နိုင်ငံရေးရွေးကောက်ပွဲများ၊ ဗဟိုဘဏ်ဆုံးဖြတ်ချက်များနှင့် ကမ္ဘာလုံးဆိုင်ရာအကြပ်အတည်းများသည် ငွေလဲနှုန်းကို မြန်ဆန်စွာပြောင်းလဲစေနိုင်ပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် ခန့်မှန်းချက်များပြုလုပ်ရာတွင် USDZAR အတွဲ၏ liquidity နှင့် မတည်ငြိမ်မှုအပေါ် သက်ရောက်မှုရှိသော အဆိုပါဖြစ်ရပ်များကို ထည့်သွင်းစဉ်စားကြပါသည်။

လက်တွေ့ဈေးကွက်အချိန်ရှိ USDZAR ၏စျေးနှုန်းဇယား

2026, 2027, 2028–2030 နှင့် နောက်ပိုင်းနှစ်များအတွက် Dollar မှ Rand (USDZAR) ငွေလဲနှုန်း ခန့်မှန်းချက်

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat