GBPAUD ငွေကြေးအတွဲသည် ဗြိတိန်ပေါင်နှင့် ဩစတေးလျဒေါ်လာကြားမှ ငွေလဲနှုန်းကို ကိုယ်စားပြုပါသည်။ ဤကုန်သွယ်မှုအမျိုးအစားသည် ၎င်း၏ဈေးနှုန်းအပေါ် လွှမ်းမိုးသက်ရောက်သော စီးပွားရေးနှင့် ပထဝီနိုင်ငံရေးအကြောင်းအရာများကို လွှမ်းခြုံထားသည့် ရှုပ်ထွေးသောအခင်းအကျင်းတခုကို ကိုယ်စားပြု ပါသည်။ 

ဤဆောင်းပါးသည် လာမည့်နှစ်များအတွင်း GBPAUD အတွဲအတွက် ကြိုတင်ခန့်မှန်းချက်‌များကို လေ့လာဆန်းစစ်ကာ၊ နည်းပညာပိုင်းနှင့် စီးပွားရေးအခြေခံပိုင်း‌ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကို ပံ့ပိုးပေးပါသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


အရေးပါသောမှတ်သားရန်အချက်များ

  • ၁၄.၀၅.၂၀၂၆ တွင် GBPAUD အတွဲ၏ လက်ရှိဈေးနှုန်းမှာ AU$1.86705 ဖြစ်ပါသည်။

  • GBPAUD အတွဲသည် ၎င်း၏ ကာလတလျှောက်အမြင့်ဆုံးတန်ဖိုးဖြစ်သော AU$3.0391 သို့ ၂၈.၀၉.၂၀၀၁ တွင် ရောက်ရှိခဲ့သည်။ ဤအတွဲ၏ ကာလတလျှောက်အနိမ့်‌ဆုံးတန်ဖိုးဖြစ်သော AU$1.3597 သို့ ၁၄.၀၁.၁၉၈၅တွင် ရောက်ရှိခဲ့ကြောင်း မှတ်တမ်းတင်ထားခဲ့သည်။

  • ၂၀၂၅ ခုနှစ်တွင်၊ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များစွာတို့သည် ၂၀၂၂ စက်တင်ဘာလမှ စတင်တည်ရှိခဲ့သော GBPAUD အတွဲ၏အတက်လမ်းကြောင်းကို ဆက်လက်တိုးတက်သွားရန် မျှော်လင့်ကြသည်။ နှုန်းထားသည် 2.2000–2.2200 အပိုင်းအခြားအတွင်း ဆက်လက်ကျန်ရစ်လိမ့်မည်ဟု ကျွမ်းကျင်သူအများစုမှ ခန့်မှန်းထားပါသည်။ ပို၍သတိကြီး‌သော ခန့်မှန်းချက်များကမူ၊ 2.0720 အထိ အသင့်အတင့်တိုးတက်မှုတခုကို အကြံပြုကြပါသည်။

  • ၂၀၂၆ ခုနှစ်တွင်၊ GBPAUD နှုန်းထားများသည် ကာလရှည်အတက်လမ်းကြောင်းတခုအတွင်း 2.1810–2.3700 သို့ ဆက်လက်မြင့်တက်သွားမည်ဟု ခွဲခြမ်းစိတ်ဖြာသူများနှင့် ဈေးကွက်ကျွမ်းကျင်သူများမှ ယုံကြည်ကြပါသည်။ အကောင်းမြင်မှုအရှိဆုံးခန့်မှန်းချက်များအရ၊ နှုန်းထားများသည် 2.2550–2.5300 သို့ မြင့်တက်နိုင်ပါသည်။ တချိန်တည်းမှာပင်၊ ၂၀၂၆ ခုနှစ်တွင် GBPAUD အတွဲသည် 2.0680 နှင့် 2.1370 ကြား ပြောင်းလဲရွေ့လျား‌နေမည်ဟု ပို၍မယုတ်မလွန် အကြံပြုထားသော ခန့်မှန်းချက်များလည်း ရှိနေပါသည်။

  • ၂၀၂၇ မှ ၂၀၃၀ ကြားကာလအတွက် ခန့်မှန်းချက်များမှာ ရောထွေးနေပါသည်။ အမျိုးမျိုးသော အရင်းခံအကြောင်းအရာများသည် GBPAUD နှုန်းထားကို ပုံဖော်လိမ့်မည်ဖြစ်သည်။ ၂၀၃၀ ခုနှစ်တွင်၊ GBPAUD နှုန်းထားများသည် 2.3060–2.3162 သို့ ရောက်ရှိလိမ့်မည်ဟု မျှော်လင့်ရသည်။ အခြားသော ရှုမြင်ချက်တခုတွင်၊ ဈေးနှုန်းသည် 2.0200–2.2300 ဧရိယာအတွင်း တည်ငြိမ်မှုရရှိမည်ဟု ခန့်မှန်းထားပါသည်။

  • ၂၀၄၀ မှ ၂၀၅၀ ကြားကာလအတွက် GBPAUD ငွေလဲနှုန်းကို ကြိုတင်ခန့်မှန်းခြင်းတွင် ၎င်းအပေါ် လွှမ်းမိုးထားသည့် ရှုပ်ထွေးများပြားသော အကြောင်းအရာများကြောင့် စိန်ခေါ်မှုများ သိသာထင်ရှားစွာ ပါဝင်နေပါသည်။ ပထဝီဝင်နိုင်ငံရေးအပြောင်းအလဲများ၊ နည်းပညာတိုးတက်မှုများနှင့် ကူးသန်းရောင်းဝယ်မှုဆိုင်ရာ ဆက်ဆံရေးများသည် ကြီးမားသောလွှမ်းမိုးမှုကို သက်ရောက်စေနိုင်ပါသည်။ ယူကေနှင့် ဩစတေးလျရှိ ငွေကြေးဖောင်းပွမှု၊ အတိုးနှုန်းများနှင့် စီးပွားရေးတိုးတက်မှုများကြောင့် ဤအတွဲသည် သိသာထင်ရှားသော မတည်ငြိမ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရာရှိသည်။ ကာလရှည်လမ်းကြောင်းသည် နှစ်နိုင်ငံ၏ နှိုင်းယှဉ်ထားသော ယှဉ်ပြိင်မှုစွမ်းရည်အပေါ် မူတည်ပါသည်။

GBPAUD အချိန်နှင့်တပြေးညီ ဈေးကွက်အခြေအနေ

၁၄.၀၅.၂၀၂၆ တွင် GBPAUD ငွေကြေးအတွဲအား AU$1.86705 တွင် အရောင်းအဝယ်ပြုလုပ်နေပါသည်။

GBPAUD အတွဲကို ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ရာတွင်၊ အောက်ပါညွှန်ပြချက်များကို ထည့်သွင်းစဉ်းစားရန် အထူးအရေးကြီးပါသည် - 

  • အတိုးနှုန်းများသည် ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုများနှင့် စားသုံးသူအသုံးစရိတ်များအပေါ် အကျိုးသက်ရောက်ပါသည်။

  • နှစ်အလိုက်တွက်ချက်‌သော နိုင်ငံသားစားသုံးသူဈေးနှုန်းညွှန်းကိန်း (CPI) သည် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ ဈေးနှုန်းအပြောင်းအလဲများအပေါ် ကျယ်ပြန့်သော ယေဘုယျရှုမြင်ချက်တရပ်ကို ပံ့ပိုးပေးပါသည်။ 

  • GDP (စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး) ၏ တနှစ်တာပျမ်းမျှတိုးတက်မှုနှုန်းသည် နှစ်တလျှောက်တွင် ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ထုတ်လုပ်မှုပမာဏ တိုးမြင့်လာမှုကို ရည်ညွှန်းကိုးကားပါသည်။ 

  • အလုပ်အကိုင်ခန့်အပ်မှုနှုန်းသည် အလုပ်လုပ်နိုင်သည့်အသက်အရွယ်အပိုင်းအခြားအတွင်း ဝန်ထမ်းအဖြစ်ခန့်အပ်ခြင်းခံရသော လူဦးရေအချိုးအစားကို ဖော်ပြသည့် အရေးပါသော ညွှန်ပြချက်တခု ဖြစ်ပါသည်။ မြင့်မားသော အလုပ်အကိုင်ခန့်အပ်မှုနှုန်းသည် ယေဘုယျအားဖြင့် ခိုင်မာသောစီးပွားရေးနှင့် ပတ်သတ်ဆက်နွယ်ပါသည်။

  • အလုပ်လက်မဲ့နှုန်းထားသည် အလုပ်လုပ်နိုင်သည့်အသက်အရွယ်အပိုင်းအခြားအတွင်း အလုပ်အကိုင်မရှိသော်လည်း တက်ကြွစွာဖြင့် အလုပ်ရှာဖွေနေသော လူဦးရေရာခိုင်နှုန်းဖြစ်ပါသည်။ နိမ့်ပါးသော အလုပ်လက်မဲ့နှုန်းထားသည် တည်ငြိမ်သော အလုပ်သမားဈေးကွက်ကို ကိုယ်စားပြုပါသည်။

  • ကုန်သွယ်မှုစာရင်းလက်ကျန်သည် ပြည်ပသို့တင်ပို့သော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများနှင့် ပြည်တွင်းသို့တင်သွင်းသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ တန်ဖိုးနှစ်ခုကြားမှ ခြားနားချက်ဖြစ်ပါသည်။

  • နိုင်ငံခြားအရန်ငွေသည် ပြည်တွင်းငွေကြေးကိုတည်ငြိမ်စေရန်နှင့် သွင်းကုန်ပေးချေမှုများအတွက် ထောက်ပံ့ပေးရန် နိုင်ငံခြားငွေကြေးနှင့် ရွှေကို လက်ဝယ်စုဆောင်းထားခြင်းကို ရည်ညွှန်းပါသည်။

  • ပြင်ပကြွေးမီသည် နိုင်ငံတခုမှ နိုင်ငံရပ်ခြားငွေထုတ်ချေးသူများထံ ပြန်လည်ပေးဆပ်ရမည့် စုစုပေါင်းငွေပမာဏ ဖြစ်ပါသည်။

ညွှန်ပြချက်

ဩစတေးလျ

ယူကေ

အတိုးနှုန်း

4.10%

4.50%

စားသုံးသူဈေးနှုန်းညွှန်းကိန်း (y/y)

2.4%

3.0%

ဂျီဒီပီ တိုးတက်မှုနှုန်း (y/y)

0.8%

1.4%

အလုပ်အကိုင်ခန့်အပ်မှုနှုန်း

64.60%

74.90%

အလုပ်လက်မဲ့နှုန်းထား

4.1%

4.4%

ကုန်သွယ်မှုစာရင်းလက်ကျန်

AU$5.085 billion

£-17.45 billion

အရန်‌ရွှေ

79.87 tons

310.29 tons

ပြင်ပကြွေးမှီ

AU$2.48 billion

£7.85 billion

၂၀၂၅ ခုနှစ်အတွက် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အပေါ်အခြေခံ‌သော GBPAUD ဈေးနှုန်းခန့်မှန်းချက်

ကုန်သွယ်မှုပစ်မှတ်များကို တိုင်းတာဆုံးဖြတ်ရန်အတွက် တပတ်တာဇယားပေါ်တွင် GBPAUD အတွဲ၏ နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတရပ်ကို ဆောင်ရွက်ကြပါစို့။

LiteFinance: ၂၀၂၅ ခုနှစ်အတွက် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အပေါ်အခြေခံ‌သော GBPAUD ဈေးနှုန်းခန့်မှန်းချက်

၂၀၂၂ ခုနှစ် စက်တင်ဘာလမှစတင်၍၊ ငွေကြေးအတွဲသည် အတက်လမ်းကြောင်းတခုအတွင်း ရောက်ရှိနေခဲ့ပြီး၊ MA Cross indicator သည် Golden Cross pattern တခုကို ပြသနေပါသည်။ တချိန်တည်းတွင်၊ ဈေးနှုန်းသည် Bearish Harami၊ Three Black Crows၊ Bearish Engulfing နှင့် Rickshaw Man ဆန့်ကျင်ဘက်အချက်ပြပုံစံများကို ဖွဲ့စည်းခဲ့သည်။

ဤအတောအတွင်း၊ နည်းပညာဆိုင်ရာညွှန်ပြကိရိယာများသည် ရောထွေးသော အချက်ပြမှုများကို ထုတ်ပေးပါသည် - 

  • MACD တန်ဖိုးများသည် အပေါင်းဇုန်အတွင်း တိုးတက်လာပြီး၊ ပိုမိုခိုင်မာလာသော အတက်လမ်းကြောင်းတခုကို ညွှန်ပြပါသည်။

  • RSI တန်ဖိုးများသည် 64 တွင်ရှိနေပြီး၊ indicator ၏ အပေါ်ဘက်နယ်နိမိတ်ဆီသို့ မြင့်တက်လာပါသည်။

  • MFI indicator သည် liquidity စီးဝင်မှုကို ပြသနေပြီး၊ အလွန်တိုတောင်းသော ယာယီကျဆင်းမှုတခုကို အချက်ပြပါသည်။

  • ဈေးကွက်နှုန်းထားသည် MA50 (1.9483) နှင့် MA200 (1.8683) အထက်တွင် ဆက်လက်တည်ရှိနေသည်။ ဤ levels များသည် အခြေအနေအလိုက်ပြောင်းလဲသော support levels များအဖြစ် ဆောင်ရွက်ပါသည်။

ဤအတွဲ၏ နှုန်းထားများသည် မူလအတက်လမ်းကြောင်းအတွင်း ဆက်လက်တိုးတက်လာဖွယ်ရာရှိပြီး၊ 2.0744 သို့ ရောက်ရှိနိုင်ပါသည်။ အကယ်၍ ဈေးနှုန်းသည် ဤဈေးတန်း၏အထက်တွင် တည်ငြိမ်မှုရရှိပါက၊ ၎င်းသည် 1430–2.2308 ဧရိယာဆီသို့ ဆက်လက်မြင့်တက်သွားနိုင်ပါသည်။

အခြားဖြစ်နိုင်ခြေရှိသော အလားအလာတခုမှာ အကယ်၍ ဈေးနှုန်းသည် အောက်ဘက်လမ်းကြောင်းမျဉ်း (lower trend line)ကို ဖောက်ထွက်သွားပြီး support level ဖြစ်သည့် 1.9725 အထက်တွင် အခြေချပါက၊ အတက်လမ်းကြောင်းသည် ဦးတည်ရာပြောင်းလဲသွားနိုင်ပါသည်။ ‌ဤသို့ဖြစ်ခဲ့လျှင်၊ ဈေးနှုန်းသည် 1.8993–1.8177 အထိ နိမ့်ဆင်းသွားဖွယ်ရာရှိပါသည်။

အောက်ပါ‌ဇယားကွက်သည်၊ လာမည့် ၁၂ လအတွက် ခန့်မှန်းထားသော GBPAUD နှုန်းထား၏ အနိမ့်ဆုံးနှင့် အမြင့်ဆုံးတန်ဖိုးများကို ပြသပါသည်။

GBPAUD မျှော်မှန်းတန်ဖိုးများ

အနည်းဆုံး၊ AU$

အများဆုံး၊ AU$

မတ် ၂၀၂၅

2.0209

2.0959

ဧပြီ ၂၀၂၅

2.0856

2.1371

မေ ၂၀၂၅

2.1283

2.1960

ဇွန် ၂၀၂၅

2.1798

2.2033

ဇူလိုင် ၂၀၂၅

2.1357

2.1871

ဩဂုတ် ၂၀၂၅

2.0915

2.1430

စက်တင်ဘာ ၂၀၂၅

2.0606

2.1033

အောက်တိုဘာ ၂၀၂၅

2.0474

2.0680

နိုဝင်ဘာ ၂၀၂၅

2.0386

2.0709

ဒီဇင်ဘာ ၂၀၂၅

2.0665

2.1239

ဇန်နဝါရီ ၂၀၂၆

2.1180

2.1798

ဖေဖော်ဝါရီ ၂၀၂၆

2.1695

2.2430

GBPAUD အတွက် ကာလရှည်ကုန်သွယ်ရေး အစီအစဉ်

GBPAUD အတွဲကို အတက်လမ်းကြောင်းတခုအတွင်း အရောင်းအဝယ်ပြုလုပ်ရလိမ့်မည်ဟု မျှော်လင့်ရပါသည်။ ဆောင်ရွက်ခဲ့သော နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုသည် ကျွန်ုပ်တို့အား လာမည့် ၁၂ လတာအတွက် အရေးပါသည့် support နှင့် resistance levels များကို ခွဲခြားသိရှိစေခဲ့ပါသည်။

  • Candlestick patterns များနှင့် နည်းပညာဆိုင်ရာညွှန်ပြကိရိယာများသည် ရောထွေးသောအချက်ပြမှုများကို ထုတ်ပေးကြပါသည်။ တပတ်တာဇယားသည် Bearish Harami၊ Three Black Crows၊ Bearish Engulfing နှင့် Rickshaw Man Doji patterns စသည့် ဆန့်ကျင်ဘက်အချက်ပြပုံစံများစွာကို ခင်းကျင်းပြသပါသည်။ ဤ patterns များအရ ဈေးနှုန်းသည် အမြင့်ဆုံးပွိုင့်တခုသို့ ရောက်ရှိခဲ့ပြီး ဖြစ်နိုင်ပါသည်။ ထို့အပြင် ကျဆင်းစေသောဖိအားများသည်လည်း စတင်၍ သိသာထင်ရှားလာပါသည်။

  • တချိန်တည်းတွင်၊ နည်းပညာဆိုင်ရာညွှန်ပြကိရိယာများမှ ဝယ်ယူခြင်းအတွက် အားသာချက်ရှိသော အခြေအနေများကို အကြံပြုနေပါသည်။ MACD သည် အပေါင်းဇုန်အတွင်း တိုးတက်လာပြီး၊ အတက်လမ်းကြောင်း၏ ကြံ့ခိုင်မှုကို ညွှန်ပြနေသည်။ RSI သည်လည်း ပိုမိုမြင့်တက်လာပြီး၊ အတက်လမ်းကြောင်း၏ ဆက်လက်တည်မြဲမှုအလားအလာကို ဖော်ပြပါသည်။ MFI သည်လည်း liquidity စီးဝင်မှုကို ညွှန်ပြနေကာ ဤကုန်သွယ်မှုအမျိုးအစားတွင် ကြီးမားသောအဝယ်ပမာဏများရှိနေကြောင်း အချက်ပြနေပါသည်။

  • ဖြစ်နိုင်ခြေအရှိဆုံး လျာထားချက်အရ၊ အဝယ်ကုန်သွယ်မှုများကို အရေးပါသော resistance ဖြစ်သည့် 2.0744 အထက်တွင် ဖွင့်လှစ်သင့်ပြီး၊ 2.1430 မှ 2.2308 ကြား ဧရိယာကို ပစ်မှတ်အဖြစ် ထားရှိသင့်ပါသည်။

  • ဒုတိယဖြစ်နိုင်ခြေရှိသော အခြေအနေအတွက်၊ အရေးပါသည့် support level 1.9725 အောက်တွင် အရောင်းကုန်သွယ်မှုများကို စတင်သင့်ပြီး 1.8993 မှ 1.8177 ကြား ဧရိယာကို ပစ်မှတ်အဖြစ် ထားရှိသင့်ပါသည်။

၂၀၂၅ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ GBPAUD ဈေးနှုန်းခန့်မှန်းချက်များ

ကျွမ်းကျင်သူများ၏ အဆိုအရ၊ ဗြိတိန်ပေါင်သည် ဩစတေးလျဒေါ်လာနှင့် နှိုင်းယှဉ်၍ တန်ဖိုးတက်လာမည်ဟု မျှော်လင့်ရပါသည်။ ဗြိတိန်၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ဩစတေးလျထက် သာလွန်လိမ့်မည်ဟု မျှော်လင့်ရပြီး၊ ၎င်းသည် GBP အား တန်ဖိုးတက်စေမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများကြောင့် ဈေးကွက်အတွင်း မတည်ငြိမ်မှုများ ဆက်လက်ကျန်ရှိနေဖွယ်ရာ ရှိပါသည်။

Long Forecast

၂၀၂၅ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - 1.9980–2.2330 (၄.၃.၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

GBPAUD ငွေကြေးအတွဲ၏ ဈေးနှုန်းသည် ၂၀၂၅ ခုနှစ်အတွင်း ဆက်လက်တိုးတက်လာမည်ဖြစ်ပြီး၊ ပထမနှစ်ဝက်ကုန်ချိန်တွင် 2.0840 သို့ ရောက်ရှိလိမ့်မည်ဟု Long Forecast ကျွမ်းကျင်သူများမှ ယူဆကြပါသည်။ ဒုတိယနှစ်ဝက်တွင် အတက်လမ်းကြောင်းအား 2.2000 အထိ ဆက်လက်တိုးတက်သွားရန် မျှော်မှန်းထားပါသည်။ 

အဖွင့်၊ AU$

အနည်းဆုံး–အများဆုံး၊ AU$

အပိတ်၊ AU$

မတ်

2.024

1.9980–2.1100

2.053

ဧပြီ

2.053

2.0170–2.1130

2.082

မေ

2.082

2.0810–2.1450

2.113

ဇွန်

2.113

2.0530–2.1150

2.084

ဇူလိုင်

2.084

2.0840–2.1790

2.147

ဩဂုတ်

2.147

2.1100–2.1740

2.142

စက်တင်ဘာ

2.142

2.1370–2.2030

2.170

အောက်တိုဘာ

2.170

2.1310–2.1950

2.163

နိုဝင်ဘာ

2.163

2.1040–2.1680

2.136

ဒီဇင်ဘာ

2.136

2.1360–2.2330

2.200

WalletInvestor

၂၀၂၅ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - 2.0190–2.0840 (၄.၃.၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

WalletInvestor ခွဲခြမ်းစိတ်ဖြာမှုအရင်းအမြစ်၏ ထုတ်ပြန်ချက်အရ၊ GBPAUD ပျမ်းမျှနှုန်းထားသည် ဇွန်လကုန်တွင် 2.0350 သို့ ရောက်ရှိနိုင်သည်။ ၂၀၂၅ ဒီဇင်ဘာလကုန်တွင်၊ ဤအတွဲ၏ နှုန်းထားများသည် 2.0720 သို့ ဖြေးဖြေးနှင့်မှန်မှန် တိုးတက်သွားပါလိမ့်မည်။

အဖွင့်၊ AU$

အပိတ်၊ AU$

အနည်း‌ဆုံး၊ AU$

အများဆုံး၊ AU$

မတ်

2.026

2.080

2.026

2.084

ဧပြီ

2.020

2.025

2.019

2.025

မေ

2.026

2.039

2.026

2.041

ဇွန်

2.039

2.035

2.035

2.039

ဇူလိုင်

2.034

2.038

2.029

2.038

ဩဂုတ်

2.038

2.045

2.038

2.045

စက်တင်ဘာ

2.046

2.057

2.046

2.057

အောက်တိုဘာ

2.058

2.063

2.058

2.065

နိုဝင်ဘာ

2.062

2.078

2.062

2.078

ဒီဇင်ဘာ

2.079

2.072

2.072

2.084

CoinCodex

၂၀၂၅ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - 2.0200–2.2500 (၄.၃.၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

ငွေကြေးအတွဲ၏ ပျမ်းမျှဈေးနှုန်းသည် နှစ်လယ်ပိုင်းတွင် 2.1300 သို့ မြင့်တက်လာမည်ဟု CoinCodex မှ သုံးသပ်ခန့်မှန်းပါသည်။ ဒုတိယနှစ်ဝက်တွင်၊ တိုးတက်မှုနှုန်း ဆက်လက်တည်မြဲနေပြီး ဒီဇင်ဘာလကုန်တွင် 2.2200 သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပါသည်။

အနည်း‌ဆုံး၊ AU$

ပျမ်းမျှ၊ AU$

အများဆုံး၊ AU$

မတ်

2.03

2.04

2.09

ဧပြီ

2.02

2.05

2.09

မေ

2.03

2.05

2.09

ဇွန်

2.09

2.13

2.16

ဇူလိုင်

2.10

2.12

2.16

ဩဂုတ်

2.10

2.12

2.17

စက်တင်ဘာ

2.15

2.17

2.19

အောက်တိုဘာ

2.13

2.16

2.21

နိုဝင်ဘာ

2.14

2.17

2.19

ဒီဇင်ဘာ

2.17

2.22

2.25

၂၀၂၆ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ GBPAUD ဈေးနှုန်းခန့်မှန်းချက်များ

ယူကေ၏ စီးပွားရေးအခြေအနေ ပြန်လည်ဦးမော့လာမှုနှင့် အတိုးနှုန်းမြှင့်တင်မှုတို့ကြောင့် ‌ဗြိတိန်ပေါင်သည် ဩစတေးလျဒေါ်လာနှင့်နှိုင်းယှဉ်ပါက တန်ဖိုးတက်လာနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ၊ ပထဝီနိုင်ငံရေးဖြစ်ရပ်များ၏ သက်ရောက်မှုအလားအလာနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအခြေအနေ အပြောင်းအလဲများကြားတွင် မတည်ငြိမ်မှုနှုန်း ဆက်လက်မြင့်တက်လာနိုင်ပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် GBPAUD နှုန်းထားအတက်၊အကျများအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။

Long Forecast

၂၀၂၆ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - 2.1430–2.2550 (၄.၃.၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

Long Forecast ရှိခွဲခြမ်းစိတ်ဖြာသူများသည် ၂၀၂၆ ခုနှစ်အတွင်း GBPAUD နှုန်းထားတွင် အတက်၊အကျများကို မျှော်မှန်းထားကြသည်။ နှစ်အစတွင်၊ နှုန်းထားသည် 2.2000 အနီးတွင် ရပ်တည်နိုင်သည်။ ဇွန်လနှောင်းပိုင်းတွင် နှုန်းထားသည် 2.2220 ၌ တည်ငြိမ်နေပါမည်။ ဒုတိယနှစ်ဝက်တွင်၊ ငွေလဲနှုန်းသည် တန်ဖိုးလျော့နည်းလာပြီး၊ ဒီဇင်ဘာလကုန်တွင် 2.1810 သို့ ရောက်ရှိနိုင်ပါသည်။

အဖွင့်၊ AU$

အနည်းဆုံး–အများဆုံး၊ AU$

အပိတ်၊ AU$

ဇန်နဝါရီ

2.2000

2.1430–2.2090

2.1760

ဇွန်

2.1570

2.1570–2.2550

2.2220

ဒီဇင်ဘာ

2.1750

2.1480–2.2140

2.1810

Walletinvestor

၂၀၂၆ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - 2.0680–2.1370 (၄.၃.၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

WalletInvestor ၏ အဆိုအရ၊ ၂၀၂၆ အစောပိုင်းတွင် GBPAUD အတွဲသည် 2.0710 အနီးတွင် အရောင်းအဝယ်ဖြစ်နိုင်ပါသည်။ နှစ်လယ်တွင်၊ နှုန်းထားများသည် 2.0890 သို့ မြင့်တက်လာမည်ဟု မျှော်လင့်ရသည်။ ဒုတိယနှစ်ဝက်တွင် အတက်လမ်းကြောင်းသည် ဆက်လက်တိုးတက်လာမည်ဖြစ်ပြီး၊ ဒီဇင်ဘာလကုန်တွင် ဈေးနှုန်းသည် 2.1260 သို့ ရောက်ရှိလာပါမည်။

အဖွင့်၊ AU$

အပိတ်၊ AU$

အနည်း‌ဆုံး၊ AU$

အများဆုံး၊ AU$

ဇန်နဝါရီ

2.071

2.089

2.068

2.089

ဇွန်

2.093

2.089

2.089

2.093

ဒီဇင်ဘာ

2.133

2.126

2.126

2.137

CoinCodex

၂၀၂၆ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - 2.1800–2.5300 (၄.၃.၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

CoinCodex ရှိ ကျွမ်းကျင်သူများမှ ၂၀၂၆ နှစ်အစတွင် ပျမ်းမျှဈေးနှုန်းသည် 2.2000 ဖြစ်လိမ့်မည်ဟု ကြိုတင်ခန့်မှန်းကြပါသည်။ တနှစ်တာအတွင်း၊ ဤအတွဲသည် မြင့်မားသော မတည်ငြိမ်မှုကို ခံစားရနိုင်ပြီး၊ အတက်လမ်းကြောင်းတခုအတွင်း အရောင်းအဝယ်ဖြစ်နိုင်ပါသည်။ ဈေးနှုန်းသည် နှစ်လယ်တွင် 2.3200 သို့ရောက်ရှိလာပြီး၊ နှစ်ကုန်ချိန်တွင် 2.3700 သို့ မြင့်တက်နိုင်ပါသည်။

အနည်း‌ဆုံး၊ AU$

ပျမ်းမျှ၊ AU$

အများဆုံး၊ AU$

ဇန်နဝါရီ

2.18

2.20

2.25

ဇွန်

2.25

2.32

2.36

ဒီဇင်ဘာ

2.32

2.37

2.43

၂၀၂၇ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ GBPAUD ဈေးနှုန်းခန့်မှန်းချက်များ

ဈေးကွက်ကျွမ်းကျင်သူများသည် ၂၀၂၇ ခုနှစ်အတွင်း၊ GBPAUD အတွဲ၏ အနာဂါတ်အပေါ် သဘောထားကွဲလွဲလျှက် ရှိကြပါသည်။ အချို့ကျွမ်းကျင်သူများသည် အမြင့်ဆုံးတန်ဖိုးအသစ်များဆီသို့ တဖြည်းဖြည်းချင်း မြင့်တက်မှုတခုကို မျှော်လင့်ကြပြီး၊ အခြား‌ကျွမ်းကျင်သူများသည် မြင့်မားသောမတည်ငြိမ်မှုကို မျှော်မှန်းထားကြပါသည်။

Long Forecast

၂၀၂၇ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - 2.1400–2.4800 (၄.၃.၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

၂၀၂၇ အစောပိုင်းတွင် GBPAUD နှုန်းထားများသည် 2.1810 သို့ ရောက်ရှိလိမ့်မည်ဟု Long Forecast မှ ခန့်မှန်းသုံးသပ်ပါသည်။ ဈေးနှုန်းသည် ပထမနှစ်ဝက်အတွင်း ဇွန်လကုန်ချိန်၌ 2.3360 သို့ မြင့်တက်လာရန် မျှော်လင့်ရပါသည်။ ထို့နောက်တွင်၊ အတက်လမ်းကြောင်း ဆက်လက်တည်တံ့နိုင်သော်လည်း၊ တိုးတက်မှုနှေးကွေးနိုင်ပြီး ဈေးကွက်မတည်ငြိမ်မှုများလည်း မကြာခဏ ဖြစ်ပေါ်နိုင်ပါသည်။ ဒီဇင်ဘာလကုန်တွင် နှုန်းထားများသည် ပိုမိုမြန်ဆန်စွာ မြင့်တက်လာနိုင်ပြီး၊ 2.3510 အထိ တိုးတက်မြင့်မားလာမည်ဟု မျှော်မှန်းထားပါသည်။

အဖွင့်၊ AU$

အနည်းဆုံး–အများဆုံး၊ AU$

အပိတ်၊ AU$

ဇန်နဝါရီ

2.1810

2.1400–2.2060

2.1730

ဇွန်

2.3740

2.3010–2.3740

2.3360

ဒီဇင်ဘာ

2.3790

2.3160–2.3860

2.3510

WalletInvestor

၂၀၂၇ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - 2.1220–2.1910 (၄.၃.၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

WalletInvestor ၏ အဆိုအရ၊ ၂၀၂၇ နှစ်အစပိုင်းတွင် GBPAUD ငွေကြေးအတွဲ၏ ဈေးနှုန်းသည် 2.1250 တွင် တည်ငြိမ်နိုင်ပါသည်။ နှစ်လယ်တွင်၊ ‌ဈေးနှုန်းသည် 2.1430 အနီး၌ ရောက်ရှိနေမည်ဖြစ်သည်။ ဒုတိယနှစ်ဝက်တွင် အတက်လမ်းကြောင်းသည် ပိုမိုခိုင်မာလာပြီး နှုန်းထားသည် 2.1910 သို့ တဟုန်ထိုးတိုးတက်နိုင်ပါသည်။

အဖွင့်၊ AU$

အပိတ်၊ AU$

အနည်း‌ဆုံး၊ AU$

အများဆုံး၊ AU$

ဇန်နဝါရီ

2.125

2.142

2.122

2.142

ဇွန်

2.146

2.143

2.143

2.147

ဒီဇင်ဘာ

2.187

2.179

2.179

2.191

CoinCodex

၂၀၂၇ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - 1.9221–2.3900 (၄.၃.၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

GBPAUD နှုန်းထားသည် နှစ်စတွင် 2.3500 အနီး ရစ်ဝဲနေပြီး၊ ဇွန်လတွင် 2.2000 သို့ ကျဆင်းလာမည်ဟု CoinCodex ရှိ ခွဲခြမ်းစိတ်ဖြာသူများမှ ကြိုတင်သုံးသပ်ကြပါသည်။ ထို့နောက်၊ ဤအတွဲသည် ဒီဇင်ဘာလကုန်တွင် 1.9491 သို့ရောက်ရှိသည်အထိ ဆက်လက်နိမ့်ဆင်းသွားပါလိမ့်မည်။ 

အနည်း‌ဆုံး၊ AU$

ပျမ်းမျှ၊ AU$

အများဆုံး၊ AU$

ဇန်နဝါရီ

2.3000

2.3500

2.3900

ဇွန်

2.0500

2.2000

2.3100

ဒီဇင်ဘာ

1.9221

1.9491

1.9629

၂၀၂၈ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ GBPAUD ဈေးနှုန်းခန့်မှန်းချက်များ

၂၀၂၈ ခုနှစ်တွင် GBPAUD နှုန်းထားသည် အနည်းငယ်တိုးတက်လာမည်ဟု ကျွမ်းကျင်သူအများစုမှ ကြိုတင်ခန့်မှန်းကြပါသည်။

Long Forecast

၂၀၂၈ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - 2.2260–2.3860 (၄.၃.၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

ဈေးနှုန်းသည် 2.3510 သို့ ရောက်ရှိလိမ့်မည်ဟု Long Forecast ရှိ ကျွမ်းကျင်သူများမှ ကောက်ချက်ချပါသည်။ ထို့နောက်တွင်၊ နှုန်းထားသည် 2.2750 သို့ ကျဆင်းလာနိုင်သည်။ ဒီဇင်ဘာလကုန်တွင် ဈေးနှုန်းသည် အနည်းငယ်ပြန်လည်တိုးတက်လာပြီး၊ 2.2990 တွင် ရပ်တည်နိုင်ပါသည်။

အဖွင့်၊ AU$

အနည်းဆုံး–အများဆုံး၊ AU$

အပိတ်၊ AU$

ဇန်နဝါရီ

2.3510

2.3160–2.3860

2.3510

ဇွန်

2.2260

2.2260–2.3090

2.2750

ဒီဇင်ဘာ

2.2380

2.2380–2.3330

2.2990

WalletInvestor

၂၀၂၈ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - 2.1750–2.2440 (၄.၃.၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

WalletInvestor သည် အသင့်အတင့် တိုးတက်သောလမ်းကြောင်းတခုကို ကြိုတင်ခန့်မှန်းပါသည်။ နှစ်အစတွင်၊ ဈေးနှုန်းသည် 2.1780 ဝန်းကျင်၌ တည်ရှိနေမည်ဖြစ်သည်။ ဇွန်လတွင်၊ ဤအတွဲသည် 2.1960 သို့ တိုးတက်လာပါမည်။ ဒုတိယနှစ်ဝက်တွင်၊ အတက်လမ်းကြောင်းသည် ဆက်လက်တည်မြဲရန် အလားအလာရှိပြီး၊ ဒီဇင်ဘာလကုန်တွင် 2.2320 နှုန်းထားသို့ မြင့်တက်လာမည်ဖြစ်သည်။

အဖွင့်၊ AU$

အပိတ်၊ AU$

အနည်း‌ဆုံး၊ AU$

အများဆုံး၊ AU$

ဇန်နဝါရီ

2.178

2.196

2.175

2.196

ဇွန်

2.200

2.196

2.196

2.200

ဒီဇင်ဘာ

2.241

2.232

2.232

2.244

CoinCodex

၂၀၂၈ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - 1.842–2.060 (၄.၃.၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

CoinCodex ၏ အဆိုအရ၊ ဈေးနှုန်းသည် နှစ်စတွင် 1.8995 ဖြစ်ပါမည်။ နှစ်လယ်ပိုင်းသို့ရောက်သောအခါ၊ ဈေးနှုန်းသည် 1.9411 သို့ တိုးတက်လာနိုင်ပါသည်။ ၂၀၂၈ ဒီဇင်ဘာတွင်၊ ၎င်းသည် 2.0100 သို့ ရောက်ရှိနိုင်ပါသည်။

အနည်း‌ဆုံး၊ AU$

ပျမ်းမျှ၊ AU$

အများဆုံး၊ AU$

ဇန်နဝါရီ

1.8420

1.8995

1.9654

ဇွန်

1.9078

1.9411

2.2000

ဒီဇင်ဘာ

1.9752

2.0100

2.0600

၂၀၂၉ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ GBPAUD ဈေးနှုန်းခန့်မှန်းချက်များ

၂၀၂၉ ခုနှစ်တွင်၊ ခိုင်မာသော ယူကေစီးပွားရေးနှင့် ပိုမိုမြင့်မားလာသော အတိုးနှုန်းများကြောင့် ဗြိတိန်ပေါင်သည် ဩစတေးလျဒေါ်လာနှင့်နှိုင်းယှဉ်ရာတွင် အသင့်အတင့် တန်ဖိုးတက်လာနိုင်ပါသည်။ ဩစတေးလျဒေါ်လာသည် ဩစတေးလျနိုင်ငံ၏ အဓိကမိတ်ဖက်ဖြစ်သော တရုတ်နိုင်ငံအတွင်း စီးပွားရေးတိုးတက်မှုနှေးကွေးလာခြင်းကြောင့် ဖိအားများအောက်သို့ ရောက်ရှိနိုင်ပါသည်။

WalletInvestor

၂၀၂၉ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - 2.2290–2.2980 (၄.၃.၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

ဈေးနှုန်းသည် နှစ်စ၌ 2.2310 အနီးတွင် ကူးသန်းရွေ့လျားနေမည်ဟု WalletInvestor မှ ကြိုတင်မျှော်မှန်းထားပါသည်။ နှုန်းထားများသည် 2.2500 သို့ မြင့်တက်နိုင်သည်။ သို့သော် ‌ဇွန်လတွင်၊ ဈေးနှုန်းသည် 2.2490 သို့ ကျဆင်းဖွယ်ရာရှိပါသည်။ ဆန့်ကျင်ဘက်အားဖြင့်၊ ဒုတိယနှစ်ဝက်အတွင်း ဈေးနှုန်းမြင့်မားတိုးတက်လာနိုင်ပြီး၊ ဒီဇင်ဘာလကုန်တွင် 2.2860 သို့ ရောက်ရှိလာနိုင်ပါသည်။

အဖွင့်၊ AU$

အပိတ်၊ AU$

အနည်း‌ဆုံး၊ AU$

အများဆုံး၊ AU$

ဇန်နဝါရီ

2.231

2.250

2.229

2.25

ဇွန်

2.254

2.249

2.249

2.254

ဒီဇင်ဘာ

2.293

2.286

2.286

2.298

CoinCodex

၂၀၂၉ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - 1.9637–2.0800 (၄.၃.၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

CoinCodex ၏ အရင်းအမြစ်၏ ထုတ်ပြန်ချက်အရ၊ နှစ်အစပိုင်းတွင် ငွေကြေးအတွဲ၏ ပျမ်းမျှတန်ဖိုးသည် 1.9904 ဖြစ်ပါလိမ့်မည်။ ပထမနှစ်ဝက်တွင်၊ ဈေးနှုန်းသည် 2.0300 သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပါသည်။ အောက်တိုဘာလတွင် လတ်‌တလောအမြင့်ဆုံး ရွေ့လျားမှုအဖြစ် 2.1400 သို့ ရောက်ရှိပြီးသောအခါ၊ နှစ်ကုန်ပိုင်းတွင် နှုန်းထားများသည် 2.0300 ၌ တည်ငြိမ်နိုင်ပါသည်။

အနည်း‌ဆုံး၊ AU$

ပျမ်းမျှ၊ AU$

အများဆုံး၊ AU$

ဇန်နဝါရီ

1.9637

1.9904

2.0300

ဇွန်

1.9950

2.0300

2.0600

ဒီဇင်ဘာ

1.9781

2.0300

2.0800

Gov Capital

၂၀၂၉ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - 1.8406–2.3792 (၄.၃.၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

Gov Capital မှ နှစ်အစပိုင်းတွင် ပျမ်းမျှဈေးနှုန်းအဖြစ် 2.0451 ကို ခန့်မှန်းထားပါသည်။ နှစ်လယ်တွင်၊ GBPAUD နှုန်းထားများသည် 2.0710 သို့ မြန်ဆန်စွာ မြင့်တက်လာမည်ဖြစ်ပြီး၊ ဒီဇင်ဘာလတွင် ဤအတွဲသည် 2.1629 သို့ ဆက်လက်တိုးတက်နိုင်ပါသည်။

ပျမ်းမျှ၊ AU$

ဖြစ်နိုင်ခြေရှိသောအနည်းဆုံးဈေးနှုန်း၊ AU$

ဖြစ်နိုင်ခြေရှိသောအများဆုံးဈေးနှုန်း၊ AU$

ဇန်နဝါရီ

2.0451

1.8406

2.2496

ဇွန်

2.0710

1.8639

2.2781

ဒီဇင်ဘာ

2.1629

1.9466

2.3792

၂၀၃၀ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ GBPAUD ဈေးနှုန်းခန့်မှန်းချက်များ

၂၀၃၀ ခုနှစ်အတွက် GBPAUD ငွေလဲနှုန်းကို ကြိုတင်ခန့်မှန်းခြင်းသည် မရေမတွက်နိုင်သော အကြောင်းအရာများကြောင့် စိန်ခေါ်မှုအလွန်မြင့်မားပါသည်။ မည်သို့ဖြစ်ပါစေ၊ ယူကေနှင့် ဩစတေးလျတွင် တည်ငြိမ်သော စီးပွားရေးတိုးတက်မှုနှုန်း ရှိပါက၊ နှုန်းထားသည် 1.8374 နှင့် 2.3162 ကြားတွင် ရွေ့လျားနေမည်ဟု မျှော်လင့်ရပါသည်။ သို့သော်၊ စီးပွားရေးအခြေအနေရှုပ်ထွေးပျက်ယွင်းချိန်များတွင် ဤခန့်မှန်းချက်ကို ပြန်လည်ချိန်ညှိရနိုင်ပါသည်။

WalletInvestor

၂၀၃၀ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - 2.2830–2.3060 (၄.၃.၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

WalletInvestor ၏ အဆိုအရ၊ နှုန်းထားသည် ၂၀၃၀ ပထမနှစ်ဝက်အတွင်း 2.2830 နှင့် 2.3060 ကြား ရွေ့လျားပြောင်းလဲနေမည်ဖြစ်သည်။

အဖွင့်၊ AU$

အပိတ်၊ AU$

အနည်း‌ဆုံး၊ AU$

အများဆုံး၊ AU$

ဇန်နဝါရီ

2.285

2.304

2.283

2.304

ဇွန်

2.304

2.295

2.295

2.306

ဒီဇင်ဘာ

2.295

2.295

2.295

2.295

CoinCodex

၂၀၃၀ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - 2.0300–2.2300 (၄.၃.၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

နှစ်အစပိုင်းတွင် ပိုင်ဆိုင်မှု၏ပျမ်းမျှဈေးနှုန်းသည် 2.0700 အနီးတွင် မြင့်ချည်၊ နိမ့်ချည်ရှိလိမ့်မည်ဟု CoinCodex မှ ခန့်မှန်းချက်ထုတ်ပါသည်။ နှစ်လယ်တွင်၊ ၎င်းသည် 2.0900 သို့ အနည်းငယ် တိုးတက်လာနိုင်သည်။ ကျွမ်းကျင်သူများသည် ဒုတိယနှစ်ဝက်တွင် ကျဆင်းမှုတခုကို ကြိုတင်ခန့်မှန်းကြပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ဒီဇင်ဘာလကုန်တွင် နှုန်းထားသည် 2.1800 သို့ ပြန်လည်တိုးတက်လာမည်ဖြစ်သည်။

အနည်း‌ဆုံး၊ AU$

ပျမ်းမျှ၊ AU$

အများဆုံး၊ AU$

ဇန်နဝါရီ

2.03

2.07

2.12

ဇွန်

2.07

2.09

2.11

ဒီဇင်ဘာ

2.14

2.18

2.23

Gov Capital

၂၀၃၀ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - 1.8374–2.3162 (၄.၃.၂၀၂၅ အထိ လေ့လာဆန်းစစ်မှုများအရ)။

Gov Capital ခွဲခြမ်းစိတ်ဖြာမှုအရင်းအမြစ်၏ ခန့်မှန်းချက်အရ၊ ဘဏ္ဍာနှစ်၏ ပထမသုံးလပတ်အတွင်း GBPAUD နှုန်းထားများသည် အောက်သို့ကျဆင်းလာပါမည်။ မတ်လအစတွင်၊ ဈေးနှုန်းသည် 2.0415 သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပါသည်။

ပျမ်းမျှ၊ AU$

ဖြစ်နိုင်ခြေရှိသောအနည်းဆုံးဈေးနှုန်း၊ AU$

ဖြစ်နိုင်ခြေရှိသောအများဆုံးဈေးနှုန်း၊ AU$

ဇန်နဝါရီ

2.1056

1.8951

2.3162

ဇွန်

2.0786

1.8707

2.2864

ဒီဇင်ဘာ

2.0415

1.8374

2.2457

၂၀၅၀ ခုနှစ်အထိ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ GBPAUD ဈေးနှုန်းခန့်မှန်းချက်များ

လာမည့် ဆယ်စုနှစ်သုံးခုစာအတွက် GBPAUD ငွေလဲနှုန်းကို ကြိုတင်ခန့်မှန်းခြင်းတွင် သိသာထင်ရှားသော စိန်ခေါ်မှုများ ပါဝင်နေပါသည်။ ဘဏ္ဍာရေးဈေးကွက်သည် အစဉ်အမြဲ အသစ်ပြောင်းလဲနေ‌သည်ဖြစ်ရာ၊ လာမည့် ၁၅ နှစ်မှ ၂၅ နှစ်အတွင်း ယူကေနှင့် ဩစတေးလျ၏ စီးပွားရေးအခြေအနေများအပေါ် လွှမ်းမိုးသက်ရောက်မည့် အကြောင်းအရာများကို ကြိုတင်မှန်းဆရန် မဖြစ်နိုင်သလောက်ပင် ဖြစ်ပါသည်။

အတိုးနှုန်းများ၊ ငွေကြေးဖောင်းပွမှုနှင့် အလုပ်လက်မဲ့နှုန်းထားများ အစရှိသော အရေးပါသည့် အလုံးစုံစီးပွားရေးညွှန်ပြချက်များသည် ကြိုတင်မမြင်နိုင်သော ဖြစ်ရပ်ပေါင်းစုံ၏ သက်ရောက်မှုကြောင့် အမျိုးမျိုး ပြောင်းလဲနိုင်ပါသည်။ ပထဝီနိုင်ငံရေးအခြေအနေများ၊ နည်းပညာဆိုင်ရာ အောင်မြင်မှုအသစ်များ၊ ကုန်သွယ်မှုမူဝါဒအပြောင်းလဲများနှင့် သဘာဝဘေးအန္တရာယ်များသည် စီးပွားရေးအခင်းအကျင်းကို တမျိုးတဖုံပြောင်းလဲစေနိုင်ပြီး၊ GBPAUD အတွဲအပေါ်တွင်လည်း လွှမ်းမိုးသက်ရောက်နိုင်ပါသည်။

ကာလရှည်ခန့်မှန်းချက်များတွင် နှစ်နိုင်ငံစလုံး၏ အရင်းခံစီးပွားရေးအပြောင်းအလဲများ၊ လူဦးရေအချိုးအစားပြောင်းလဲမှုများအပြင် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးစနစ်အပြောင်းအလဲများကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ သို့ဖြစ်သောကြောင့်၊ ၂၀၄၀ မှ ၂၀၅၀ ကြားကာလအတွက် ယုံကြည်စိတ်ချရသော GBPAUD ခန့်မှန်းချက်ကို ပြုလုပ်ရခြင်းသည် မြင့်မားသော စိန်ခေါ်မှုတရပ်ဖြစ်ပါသည်။

ဆိုရှယ်မီဒီယာပေါ်တွင် GBPAUD အတွက် ဈေးကွက်သဘောထား စိစစ်တိုင်းတာခြင်း

ဆိုရှယ်မီဒီယာသဘောထားဆိုသည်မှာ GBPAUD ငွေကြေးအတွဲနှင့် စပ်လျဉ်း၍ ဆိုရှယ်မီဒီယာပလပ်ဖောင်းများနှင့် သတင်းများတွင် ‌ဖော်ပြထားသော ထင်မြင်ယူဆချက်များနှင့် ယေဘုယျစိတ်အခြေအနေများကို ရည်ညွှန်းပါသည်။

ဥပမာအားဖြင့်၊ ယူကေစီးပွားရေးနှင့် ပတ်သတ်သော အပြုသဘောဆောင်သည့် သတင်းများ၊ စီးပွားရေးခန့်မှန်းချက်များနှင့် ကျွမ်းကျင်သူတို့၏ မှတ်ချက်များသည် GBPAUD နှုန်းထားများကို မြှင့်တင်ပေးနိုင်ပါသည်။ အပြန်အလှန်အားဖြင့်၊ အနှုတ်သဘောဆောင်သော ဆိုရှယ်မီဒီယာသဘောထားသည် မြင့်မားသော မတည်ငြိမ်မှုကို လှုံ့ဆော်နိုင်ပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်တွင် GBPAUD အတွက် ဈေးကွက်သဘောထား စိစစ်တိုင်းတာခြင်း

@bestfxrates အကောင့်ဖြင့် အသုံးပြုသူသည် GBPAUD ငွေကြေးအတွဲတွင် သတိပြုစောင့်ကြည့်သင့်သော အတက်လမ်းကြောင်းတခုကို အမှတ်အသားပြုပါသည်။ အင်္ဂလန်ဗဟိုဘဏ်၏ အတိုးနှုန်းလျှော့ချမှုများကြောင့် ဤအတွဲသည် ဖိအားများအောက်သို့ ရောက်ရှိလိမ့်မည်ဟု ယင်းအသုံးပြုသူမှ အဆိုပြုပါသည်။ တချိန်တည်းတွင်၊ AUD သည် အလုပ်လက်မဲ့ဦးရေတိုးပွားမှုအလားအလာမှတဆင့် အနှုတ်သဘောဆောင်သော သက်ရောက်မှုကို ခံစားရနိုင်ပါသည်။ 

LiteFinance: ဆိုရှယ်မီဒီယာပေါ်တွင် GBPAUD အတွက် ဈေးကွက်သဘောထား စိစစ်တိုင်းတာခြင်း

အသုံးပြုသူ @fxcanli သည် GBPAUD အတွဲအတွက် ကျဆင်းသောအလားအလာတခုကို ကြိုတင်မှန်းဆပါသည်။ ဈေးနှုန်းသည် 2.0027 မှ 1.9985 သို့ ကျဆင်းသွားနိုင်ပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်တွင် GBPAUD အတွက် ဈေးကွက်သဘောထား စိစစ်တိုင်းတာခြင်း

ဆန့်ကျင်ဘက်အနေဖြင့်၊ အသုံးပြုသူ @J_MFTC သည် GBPAUD နှုန်းထားအား ကာလတိုအတွင်း 2.0504 သို့ မြင့်တက်လာရန် မျှော်လင့်ထားပါသည်။

အသုံးပြုသူများ၏ ထင်မြင်ယူဆချက်များမှာ ကွဲပြားလျှက်ရှိပါသည်။ သို့သော်၊ ယေဘုယျအားဖြင့် X ဆိုရှယ်မီဒီယာကွန်ယက်ပေါ်မှ ယူဆချက်များသည် အပြုသဘောဆောင်ပါသည်။ မည်သို့ပင်ဖြစ်စေ၊ အမျိုးမျိုးသော အရင်းခံအကြောင်းတရားများကြောင့် GBPAUD နှုန်းထားတွင် ကျဆင်းမှုတရပ်လည်း ဖြစ်ပေါ်နိုင်ပါသည်။

GBPAUD ဈေးနှုန်းသမိုင်းကြောင်း

GBPAUD အတွဲသည် ၂၈.၀၉.၂၀၀၁ တွင် ၎င်း၏ ကာလတလျှောက်အမြင့်ဆုံးဈေးနှုန်းဖြစ်သော AU$3.0391 သို့ ရောက်ရှိခဲ့သည်။

GBPAUD အတွဲသည် ၁၄.၀၁.၁၉၈၅ တွင် အနိမ့်ဆုံး‌ဈေးနှုန်းအဖြစ် AU$1.3597 သို့ မှတ်တမ်းဝင် ရောက်ရှိခဲ့သည်။

အောက်ပါဇယားသည် လွန်ခဲ့သောဆယ်နှစ်တာအတွင်း GBPAUD အတွဲ၏ ပြောင်းလဲရွေ့လျားမှုကို ပြသပါသည်။ ဤချိတ်ဆက်မှုတွင်၊ ခန့်မှန်းချက်များကို တိကျသည်ထက်တိကျစေရန်အတွက် သမိုင်းကြောင်းအချက်အလက်များကို အကဲဖြတ်ခြင်းသည် အရေးကြီးပါသည်။

၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်အစောပိုင်းအထိ၊ ကပ်‌ရောဂါ၏သက်ရောက်မှုကြောင့် GBPAUD ငွေလဲနှုန်းသည် သိသာထင်ရှားသော မတည်ငြိမ်မှုများကို ကြုံတွေ့ခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာဈေးကွက်များအတွင်းမှ မသေချာမရေရာမှုများနှင့် အင်္ဂလန်နှင့် ဩစတေးလျနိုင်ငံများမှ ငွေကြေးမူဝါဒအပြောင်းအလဲများသည် ဤအတွဲ၏နှုန်းထားများတွင် ကျယ်ပြန့်သော အတက်၊အကျများကို ဖြစ်ပေါ်စေနိုင်ပါသည်။

၂၀၂၁ ခုနှစ်တွင်၊ တဖြည်းဖြည်းချင်း ပြန်လည်တိုးတက်လာ‌သော စီးပွားရေးအခြေအနေများနှင့် စီးပွားရေးလှုံ့ဆော်မှုအစီအမံများကြောင့် နှုန်းထားသည် တည်ငြိမ်မှုရရှိခဲ့ပါသည်။ သို့သော်၊ ၂၀၂၂ ခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှင့် မြင့်တက်လာသော အတိုးနှုန်းများသည် ဤအတွဲ၏ ရွေ့လျားမှုလမ်းကြောင်းကို ထိခိုက်ကျဆင်းစေခဲ့ပါသည်။

၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များတွင်၊ အင်္ဂလန်နှင့် ဩစတေးလျနိုင်ငံများသည် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဟန့်တားရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး၊ GBPAUD အတွဲတွင် မြန်ဆန်သော ရွေ့လျားမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ၂၀၂၅ တွင်၊ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအခြေအနေများနှင့် ပထဝီနိုင်ငံရေးအခင်းအကျင်းတို့သည် ဤအတွဲ၏တန်ဖိုးကို ပုံဖော်ဖန်တီးလိမ့်မည်ဖြစ်သည်။ တချိန်တည်းတွင်၊ မတည်ငြိမ်မှုအသင့်အတင့်ကိုလည်း မျှော်လင့်ရပါသည်။ 

GBPAUD ဈေးနှုန်းအပေါ် အခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာချက်

GBPAUD ငွေလဲနှုန်း၏ စီးပွား‌ရေးအခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုကို ဆောင်ရွက်ရာတွင်၊ ယူကေနှင့် ဩစတေးလျ၏ စီးပွားရေးညွှန်ပြချက်များနှင့် ယင်းနိုင်ငံများအတွင်းရှိ ကုန်စည်ဈေးနှုန်းများကို ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။ ငွေကြေးမူဝါဒနှင့် ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေးအခင်းအကျင်းများကိုလည်း ထည့်သွင်းတွက်ဆသင့်ပါသည်။

ငွေလဲနှုန်းအပေါ် လွှမ်းမိုးထားသော အရေးပါသည့် အကြောင်းအရာများကို နားလည်သိရှိထားခြင်းအားဖြင့်၊ ကုန်သည်များသည် အချက်အလက်အပေါ်အခြေခံသည့် ကုန်သွယ်ရေးဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဖြစ်ပြီး၊ ဆုံးရှုံးမှုအလားအလာများကို လျှော့ချနိုင်မည်ဖြစ်ကာ အမြတ်အစွန်းပိုများ၍ တည်ငြိမ်သော ကုန်သွယ်မှုရလာဒ်များကို ဖန်တီးနိုင်မည်ဖြစ်သည်။

GBPAUD အတွဲအပေါ် မည်သည့်အကြောင်းအရာများက လွှမ်းမိုးသက်ရောက်ပါသနည်း။

  • အင်္ဂလန်ဗဟိုဘဏ်နှင့် ဩစတေးလျဗဟိုဘဏ်တို့မှ အတိုးနှုန်းဆုံးဖြတ်ချက်များသည် ရင်းနှီးမြှုပ်နှံသူများကြားတွင် ငွေကြေးများ၏ ဆွဲဆောင်နိုင်မှုအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါသည်။ ပိုမိုမြင့်မားသောအတိုးနှုန်းများသည် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်နိုင်ပြီး၊ ငွေကြေးတန်ဖိုးကို ခိုင်မာစေပါသည်။

  • စီးပွားရေးကြံ့ခိုင်မှုအခြေအနေသည် GDP တိုးတက်နှုန်းများ၊ အလုပ်အကိုင်ခန့်အပ်မှုကိန်းဂဏန်းများနှင့် ငွေကြေးဖောင်းပွမှုနှုန်းများအပါအဝင် အရေးပါသောစီးပွားရေးညွှန်ပြချက်များတွင် ထင်ဟပ်ပေါ်လွင်နေပါသည်။ ယင်းအချက်အလက်များသည် ရင်းနှီးမြှုပ်နှံသူများ၏ ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးမှုရှိပြီး၊ စီးပွားရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ 

  • ရွေးကောက်ပွဲများ၊ လူထုဆန္ဒခံယူပွဲများနှင့် အစိုးရအပြောင်းအလဲများ အပါအဝင် နိုင်ငံရေးနှင့်သက်ဆိုင်သော ဖြစ်ရပ်များသည် ဈေးကွက်မတည်ငြိမ်မှုကို ဖြစ်ပေါ်စေသောကြောင့်၊ ၎င်းတို့သည် GBPAUD ငွေလဲနှုန်းအပေါ် တနည်းတဖုံ လွှမ်းမိုးသက်ရောက်ပါသည်။

  • အထူးသဖြင့် သံသတ္တုရိုင်းနှင့် ကျောက်မီးသွေးကဲ့သို့ ကုန်စည်များ၏ အဓိကတင်ပို့‌သောနိုင်ငံတခုအဖြစ် ဩစတေးလျ၏ ရပ်တည်မှုသည် နိုင်ငံ၏ စီးပွားရေးအင်အားနှင့် ဩစတြေးလျဒေါ်လာ၏ တန်ဖိုးကို မြှင့်တင်ပေးပါသည်။

  • ကုန်သွယ်မှုစစ်ပွဲများ၊ ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်များအပါအဝင် ကမ္ဘာလုံးဆိုင်ရာဖြစ်ရပ်များသည် ရင်းနှီးမြှုပ်နှံသူတို့၏ စိတ်သဘောထားအပေါ် သက်ရောက်မှုရှိပြီး၊ ငွေကြေးဈေးကွက်အတွင်း အတက်၊အကျများ ပေါ်ပေါက်စေပါသည်။

  • ငွေကြေးပမာဏဖြေလျော့ခြင်း(QE)နှင့် အခြားသမာရိုးကျမဟုတ်သော ငွေကြေးမူဝါဒဆိုင်ရာ အစီအမံများသည်လည်း ငွေကြေးများအပေါ် လွှမ်းမိုးသက်ရောက်နိုင်ပါသည်။

GBPAUD အကြောင်း နောက်ထပ်အချက်အလက်များ

GBPAUD အတွဲသည် ဩစတေးလျဒေါ်လာ(AUD)နှင့်နှိုင်းယှဉ်ပိုင်းဖြတ်ထားသော ဗြိတိန်ပေါင်(GBP)၏တန်ဖိုးကို ကိုယ်စားပြုပြီး၊ တိုက်ရိုက်ဖလှယ်မှုပြုလုပ်သော(အမေရိကန်ဒေါ်လာမပါဝင်ပဲ အပြန်အလှန်လဲလှယ်သော) ငွေကြေးအတွဲတခု ဖြစ်ပါသည်။

ဤငွေကြေးအတွဲသည် ၎င်း၏မတည်ငြိမ်မှုကြောင့် ကုန်သည်များ၏ နှစ်သက်သဘောကျမှုကို ရရှိထားပြီး၊ အမြတ်အစွန်းများကို လျင်မြန်စွာ ရှာဖွေရန် အလွန်ကောင်းမွန်သော အခွင့်အရေးတရပ်ကို ကမ်းလှမ်းပါသည်။

မည်သို့ပင်ဖြစ်စေကာမူ၊ ဗြိတိန်နှင့် ဩစတေးလျတို့၏ စီးပွားရေးများမှာ သိသိသာသာ ကွဲပြားခြားနားသည် ဟူသောအချက်ကို သတိပြုမှတ်သားရန် အထူးအရေးကြီးပါသည်။ ဖွံ့ဖြိုးပြီးသော ဘဏ္ဍာရေးအချက်အချာတခုအဖြစ် ဗြိတိန်၏ အနေအထားသည် ကမ္ဘာလုံးဆိုင်ရာ စင်မြင့်ထက်တွင် ၎င်း၏အရေးပါမှုကို အထင်အရှား မီးမောင်းထိုးပြပါသည်။ အခြားတဖက်တွင် သြစတြေးလျသည် အသားတင်ကုန်စည်တင်ပို့သော နိုင်ငံတခုဖြစ်ပြီး၊ ၎င်းနှင့် အာရှဈေးကွက်များကြား ခိုင်မာသော စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ချည်နှောင်ချိတ်ဆက်မှုများကို ကောင်းမွန်စွာ ထိန်းသိမ်းထားပါသည်။

ဤနောက်ခံအခြေအနေတွင်၊ GBPAUD အတွဲသည် စီးပွားရေးနှင့် နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုများ၏ အထွေထွေသက်ရောက်မှုများအတိုင်း တုံ့ပြန်လှုပ်ရှားပါသည်။ 

GBPAUD တွင် ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ

GBPAUD အတွဲကို ကုန်သွယ်မှုပြုလုပ်ခြင်းသည် ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေများဖြင့် ယှဉ်တွဲနေပါသည်။ ကုန်သွယ်မှုဆိုင်ရာဆုံးဖြတ်ချက်များ မချမှတ်မီ၊ အားသာချက်များနှင့် အားနည်းချက်များကို သေချာစွာ ချိန်ဆတိုင်းတာရန် လိုအပ်ပါသည်။

အားသာချက်များနှင့် အားနည်းချက်များကို အကဲဖြတ်ခြင်းသည် ခိုင်မာသောကုန်သွယ်ရေးဗျူဟာတခုကို ရေးဆွဲနိုင်ရန်နှင့် ဆုံးရှုံးမှုအလားအလာများကို ရှောင်ရှားနိုင်ရန် လူကြီးမင်းအား အကူအညီပေးပါလိမ့်မည်။

အားသာချက်များ

  • မတည်ငြိမ်မှု။ ဤအတွဲသည် ကုန်သည်များအတွက် ကာလတို ‌ဈေးနှုန်းအတက်၊အကျများမှ အမြတ်အစွန်းများဖန်တီးနိုင်ရန် အခွင့်အရေးပေးပါသည်။

  • ရင်းနှီးမြှုပ်နှံမှုအစုစုအား ခွဲဝေသတ်မှတ်ခြင်း။ အထူးသဖြင့် လူကြီးမင်းထံတွင် စတော့များကဲ့ အခြားပိုင်ဆိုင်မှုအရင်းအမြစ်များနှင့် ချိတ်ဆက်ထားသည့် ရင်းနှီးမြှုပ်နှံမှုများ ရှိထားပြီးဖြစ်ပါက၊ GBPAUD အတွဲတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အလုံးစုံဆုံးရှုံးမှုအလားအလာကို လျော့ချရန် ရင်းနှီးမြှုပ်နှံမှုအစုစုကို ခွဲဝေဖြန့်ကျက်ပေး‌သော ကိရိယာ(နည်းလမ်း)တခုအဖြစ် ဆောင်ရွက်ပေးလေ့ရှိပါသည်။

  • နှစ်ဆယ့်လေးနာရီပတ်လုံးကုန်သွယ်နိုင်ခြင်း။ ငွေကြေးဈေးကွက်သည် တရက်လျှင် ၂၄ နာရီ၊ တပတ်လျှင် ၅ ရက် ဖွင့်လှစ်လည်ပတ်ပါသည်။ ထို့ကြောင့် လူကြီးမင်းသည် GBPAUD အတွဲကို အချိန်မရွေး အရောင်းအဝယ်ပြုလုပ်နိုင်ပါသည်။

  • ခန့်မှန်းချက်များ ပေါများခြင်း။ GBP/AUD အတွဲအတွက် အသေးစိတ်ခန့်မှန်းချက်များကို ပံ့ပိုးပေးသော အရင်းအမြစ်များစွာ ရှိနေခြင်းသည်လည်း ရင်းနှီးမြှုပ်နှံသူများအတွက် အသေးစိတ်ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ရန် အခွင့်အရေးရရှိစေပါသည်။

အားနည်းချက်များ

  • မြင့်မားသောမတည်ငြိမ်မှု။ အထူးသဖြင့် leverage အသုံးပြုသော ကုန်သွယ်မှုများတွင် မတည်ငြိမ်မှုမြင့်မားခြင်းသည် ဆုံးရှုံးမှုအလားအလာများကို သယ်ဆောင်လာနိုင်ပါသည်။ တိကျမှုမရှိသော ခန့်မှန်းချက်သည် သိသာထင်ရှားသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ 

  • ရှုပ်ထွေးသော ခွဲခြမ်းစိတ်ဖြာမှု။ GBPAUD ငွေလဲနှုန်းအပေါ်တွင် အကြောင်းအရာများစွာမှ လွှမ်းမိုးထားပါသည်။ ဤအချက်သည် ၎င်းကို ကြိုတင်ခန့်မှန်းခြင်း၏ လုပ်ငန်းစဉ်များကို ရှုပ်ထွေးစေပါသည်။ ဤအခြေအနေတွင်၊ ရင်းနှီးမြှုပ်နှံသူများသည် ယူကေနှင့် ဩစတေးလျရှိ စီးပွားရေးနှင့် နိုင်ငံရေးအကြောင်းအရာအားလုံးကို စေ့သပ်သေချာစွာ တိုင်းတာဆန်းစစ်သင့်ပါသည်။

  • အတိုးနှုန်းများ။ အတိုးနှုန်းအပြောင်းအလဲများသည် GBPAUD နှုန်းထားအပေါ် သိသာထင်ရှားစွာ အကျိုးသက်ရောက်စေနိုင်သောကြောင့်၊ ရင်းနှီးမြှုပ်နှံမှုများကို ချင့်ချိန်သုံးသပ်ရာတွင် ဤအချက်ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။

  • ပထဝီနိုင်ငံရေးဖြစ်ရပ်များ၏ သက်ရောက်မှု။ ကမ္ဘာလုံးဆိုင်ရာဖြစ်ရပ်များသည် GBPAUD နှုန်းထားများတွင် သိသာထင်ရှားသော အတက်၊အကျများကို ဖြစ်ပေါ်စေသောကြောင့်၊ ၎င်းတို့အား ပုံမှန်စောင့်ကြည့်သုံးသပ်ရန် လိုအပ်ပါသည်။

  • ကုန်စည်ဈေးကွက်။ ဩစတေးလျဒေါ်လာသည် ကုန်စည်ဈေးနှုန်းများအပေါ် အလွန်အမင်း မှီခိုပါသည်။ ကုန်စည်ဈေးကွက်အတွင်း သိသာထင်ရှားသော အပြောင်းအလဲများသည် GBPAUD အတွဲတွင် မျှော်လင့်မထားသော အတက်၊အကျများကို လှုံ့ဆော်နိုင်ပါသည်။

ကျွန်ုပ်တို့၏ခန့်မှန်းချက်တည်ဆောက်ပုံ

ကာလတိုနှင့် ကာလရှည်အတွက် GBPAUD ငွေလဲနှုန်းကို ကြိုတင်ခန့်မှန်းရန်၊ ပြည့်စုံသော ခွဲခြမ်းစိတ်ဖြာမှုတရပ်ကို လိုအပ်ပါသည်။

အခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု တွင် အောက်ပါတို့ကို ခြုံငုံလွှမ်းခြုံထားပါသည် - 

  • ယုံကြည်စိတ်ချရသော ခွဲခြမ်းစိတ်ဖြာမှုအေဂျင်စီများ၏ ခန့်မှန်းချက်များ။

  • GDP တိုးတက်နှုန်း၊ အတိုးနှုန်းများနှင့် ငွေကြေးဖောင်းပွမှုကဲ့သို့ ယူကေနှင့် ဩစတေးလျ၏ စီးပွားရေးညွှန်ပြချက်များ။

  • အထူးသဖြင့် ငွေကြေးပမာဏဖြေလျော့ခြင်းနှင့် တင်းကြပ်ခြင်း အစီအစဉ်များကဲ့သို့သော ငွေကြေးဆိုင်ရာမူဝါဒများကို အကဲဖြတ်ခြင်းး။

  • ကုန်သွယ်မှုရှင်းတမ်း၊ ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်များနှင့် အခြားအရေးကြီးသော အခြေခံအကြောင်းအရာများအပါအဝင် နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆက်နွယ်မှုများကို ခွဲခြမ်းစိတ်ဖြာခြင်း။

  • ငွေလဲနှုန်းအပေါ် လွှမ်းမိုးမှုရှိလာနိုင်သော ပထဝီနိုင်ငံရေးနှင့် အရင်းခံစီးပွားရေး အလားအလာများကို ပိုင်းခြားဆန်းစစ်ခြင်း။

လက်ရှိဈေးကွက်အလေးသာမှုအပါအဝင် ဆိုရှယ်လ်မီဒီယာပလပ်ဖောင်းများနှင့် အခြားအွန်လိုင်းအရင်းအမြစ်များပေါ်တွင် မျှဝေဖော်ပြထားသော အများသူငှာ ထင်မြင်ယူဆချက်များကိုလည်း စူးစမ်းစိစစ်ပါသည်။

ပိုင်ဆိုင်မှု၏ ကာလတို—နှင့် ကာလရှည် အလားအလာများကို ဖွင့်လှစ်ထုတ်ဖော်ရန် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု ကို အသုံးပြုပါသည်။ ဈေးနှုန်းဇယားများ၊ candlestick patterns များနှင့် indicator ညွှန်ပြချက်များကို ခွဲခြမ်းစိတ်ဖြာပါသည်။ ဆုံမှတ်များ(pivot points)ကို အတည်ပြုခြင်းအားဖြင့်၊ ကုန်သည်များသည် ကုန်သွယ်မှုများဖွင့်ရန် အားသာချက်အရှိဆုံးနှင့် ဆုံးရှုံးနိုင်ခြေအနည်းဆုံး ဈေးတန်းများကို ခွဲခြားသိရှိနိုင်မည်ဖြစ်ပြီး အမြတ်ပစ်မှတ်များကို ကြိုတင်ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

အနှစ်ချုပ် - GBPAUD သည် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်ပါသလား။

GBPAUD အတွဲကို ကုန်သွယ်မှုပြုလုပ်သောအခါ၊ စေ့စပ်သေချာသော ခွဲခြမ်းစိတ်ဖြာမှုတခုသည် အဓိကကျပါသည်။ ဗြိတိန်နှင့် ဩစတေးလျနိုင်ငံများအတွင်းရှိ ပထဝီနိုင်ငံရေးဖြစ်စဉ်များနှင့် ငွေကြေးမူဝါဒအတိုးအလျှော့များမှ ဆင်းသက်လာသော ဤအတွဲ၏ မတည်ငြိမ်နှုန်းသည် အစဉ်အလာအရ ဆုံးရှုံးနိုင်ခြေများကို ပေါ်ပေါက်စေသော်လည်း၊ မြန်ဆန်စွာအမြတ်အစွန်းရရှိနိုင်သော အခွင့်အလမ်းများကိုလည်း ဖန်တီးပေးပါသည်။

ရှည်လျားသောကာလတခုတွင်၊ အကယ်၍ နှစ်နိုင်ငံစလုံး၏ စီးပွားရေးညွှန်ပြချက်များ တည်ငြိမ်မြဲတည်ငြိမ်နေပြီး၊ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအခြေအနေ ဆက်လက်တိုးတက်လာပါက၊ GBPAUD အတွဲသည် ပို၍ဆွဲဆောင်မှုရှိသော အမြတ်ရလာဒ်များကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ကာလရှည်ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် ဆုံးရှုံးမှုအလားအလာကို လျော့ပါးစေရန်အတွက် လူကြီးမင်း၏ ကိုယ်ပိုင်ခွဲခြမ်းစိတ်ဖြာမှုကိုပြုလုပ်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများကိုခွဲဝေနေရာချထားရန် အထူးပင်‌အရေးကြီးပါသည်။

GBPAUD ဈေးနှုန်းခန့်မှန်းချက်အတွက် အမေးများသော မေးခွန်းများနှင့် အဖြေများ

၁၄.၀၅.၂၀၂၆ တွင် GBPAUD အတွဲ၏ လက်ရှိဈေးနှုန်းမှာ AU$1.86705 ဖြစ်ပါသည်။

GBPAUD အတွဲသည် နှစ်နိုင်ငံစလုံး၏ ပထဝီနိုင်ငံရေးဆိုင်ရာ မရေရာမှုများနှင့် စီးပွားရေးစွမ်းဆောင်ရည်တို့ကြောင့် မတည်ငြိမ်မှုကို ဆက်လက်ခံစားရနိုင်ဖွယ်ရာရှိပါသည်။ အခြေအမြစ်ရှိသော ကုန်သွယ်ရေးဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန်  အတိုးနှုန်းများ၊ ငွေကြေးဖောင်းပွမှုနှင့် ကုန်သွယ်မှုသဘောတူညီချက်များကို စောင့်ကြည့်သင့်သည်ဟု ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များမှ အကြံပြုထားပါသည်။

GBPAUD အတွက် ခန့်မှန်းချက်များမှာ အမျိုးမျိုးကွဲပြားနေပါသည်။ အချို့ကျွမ်းကျင်သူများသည် ပေါင်၏တန်ဖိုးတိုးတက်လာမည်ဟု မျှော်လင့်ကြပြီး၊ အချို့ကမူ အခြေခံအကြောင်းအရာများစွာကြောင့် ‌ ပေါင်ဈေးနှုန်းကျဆင်းလိမ့်မည်ဟု ခန့်မှန်းကြပါသည်။ ၂၀၂၅ ခုနှစ်အတွက် တစိတ်တဝမ်းထဲသဘောတူကြသော ခန့်မှန်းချက်အရ ဤအတွဲသည် 2.2000 ကြားတွင် 2.2200 အရောင်းအဝယ်ဖြစ်လိမ့်မည်ဟု ယူဆရပါသည်။

‌စတာလင်ပေါင်၏တန်ဖိုး တန်ဖိုးမြင့်တက်ခြင်း သို့မဟုတ် ကျဆင်းခြင်းသည် ဗြိတိန်၏စီးပွားရေးစွမ်းဆောင်ရည်၊ နိုင်ငံရေးတည်ငြိမ်မှုနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလမ်းကြောင်းများအပါအဝင် အကြောင်းအရာများစွာအပေါ်တွင် မူတည်ပါသည်။ အောင်မြင်သော ကုန်သွယ်ရေးကို ဆောင်ရွက်ရန်အတွက် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာရန်နှင့် သတင်းများကို မျက်ခြေမပြတ် စောင့်ကြည့်နားစွင့်ရန် အရေးကြီးပါသည်။

ဩစတေးလျဒေါ်လာ၏ တန်ဖိုးမြင့်တက်ခြင်း သို့မဟုတ် ကျဆင်းခြင်းကို ဩစတေးလျနိုင်ငံ၏ စီးပွားရေးအချက်အလက်များ၊ ကမ္ဘာလုံးဆိုင်ရာကုန်စည်ဈေးနှုန်းများနှင့် အာရှ-ပစိဖိတ်ဒေသတွင်း စီးပွားရေးအခြေအနေများမှ အဆုံးအဖြတ်ပေးပါသည်။ AUD ရွေ့လျားမှုကို ခန့်မှန်းရာတွင် ဤအချက်အလက်များကို ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။

ဩစတေးလျဒေါ်လာနှင့် နှိုင်းယှဉ်သော စတာလင်ပေါင်၏တန်ဖိုးအတွက် ကြိုတင်ရှုမြင်ချက်သည် သေချာမှုမရှိပေ။ ဖြစ်နိုင်ခြေရှိသည်မှာ၊ အင်္ဂလန်၏ စီးပွားရေးညွှန်ပြချက်များ တိုးတက်လာပြီး၊ ဩစတေးလျဒေါ်လာတန်ဖိုးကျဆင်းခဲ့လျှင် ပေါင်စတာလင်၏တန်ဖိုး မြင့်တက်လာနိုင်ပါသည်။

GBPAUD အတွဲသည် ၎င်း၏ မတည်ငြိမ်မှုကြောင့် လျင်မြန်သော အမြတ်အစွန်းများကို ပေးစွမ်းကာ၊ ကုန်သွယ်ခြင်းအတွက် ကောင်းမွန်သော ရွေးချယ်မှုတခု ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ကုန်သည်များသည် ဆုံးရှုံးနိုင်ခြေများကို ထည့်သွင်းစဉ်းစားသင့်ပြီး၊ ဆုံးဖြတ်ချက်များ မပြုလုပ်မီတွင် တိကျသော ကုန်သွယ်မှုဗျူဟာတခုကို ရေးဆွဲချမှတ်သင့်ပါသည်။

‘ကောင်းမွန်သောငွေလဲနှုန်း’ ဟူသည်မှာ ကုန်သည်တဦးချင်းစီ၏ ရည်မှန်းချက်များအပေါ် မူတည်ပြီး၊ အမျိုးမျိုးကွဲပြားနိုင်ပါသည်။ ဥပမာအားဖြင့်၊ စတာလင်ပေါင်ဝယ်ယူသူများအတွက် သက်သာသောနှုန်းထားသည် အမြတ်အစွန်းပိုရစေပြီး၊ ရောင်းချသူများအတွက် မြင့်မားသောနှုန်းထားသည် ပို၍အကျိုးရှိစေပါသည်။ သင့်တော်မှုအရှိဆုံးဈေးနှုန်းကို ဆုံးဖြတ်ရန်အတွက် သမိုင်းကြောင်းအချက်အလက်များနှင့် လက်ရှိလမ်းကြောင်းများကို ပိုင်းခြားဆန်းစစ်ရန် အရေးကြီးပါသည်။

GBPAUD ခန့်မှန်းချက်အပေါ်တွင် အင်္ဂလန်နှင့် ဩစတေးလျ၏ ဗဟိုဘဏ်အတိုးနှုန်းများ၊ ငွေကြေးဖောင်းပွမှု၊ နိုင်ငံရေးဖြစ်ရပ်များ၊ ကုန်သွယ်မှုလက်ကျန်ရှင်းတမ်းများနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလမ်းကြောင်းများ အပါအဝင် အမျိုးမျိုးသော အကြောင်းအရာများမှ လွှမ်းမိုးထားပါသည်။ အဆိုပါအကြောင်းအရာများကို စိစစ်ခွဲဖြာခြင်းဖြင့် ကုန်သည်များသည် ပိုမိုထိရောက်သော ကုန်သွယ်မှုဗျူဟာများကို ဖန်တီးရေးဆွဲနိုင်ကြမည်ဖြစ်သည်။

များသောအားဖြင့်၊ GBPAUD အတွဲကို ကုန်သွယ်မှုပြုလုပ်ရန်အတွက် အကောင်းဆုံးအချိန်မှာ ဥရောပနှင့် အာရှကုန်သွယ်‌ရေး အချိန်ပိုင်းများ ထပ်တူကျသော အချိန်ဖြစ်ပါသည်။ ထိုအချိန်တွင် ဈေးကွက်အတွင်း liquidity နှင့် မတည်ငြိမ်မှု ပို၍မြင့်မားလေ့ရှိပြီး၊ ၎င်းသည် လူကြီးမင်းအား အချိန်တိုအတွင်း အမြတ်အစွန်းကောင်းစွာ ရရှိရန် အခွင့်အရေးပေးပါသည်။

လက်တွေ့ဈေးကွက်အချိန်ရှိ GBPAUD ၏စျေးနှုန်းဇယား

2026၊ 2027၊ 2028–2030 နှင့်နောက်ပိုင်းအတွက် GBP မှ AUD ငွေလဲနှုန်းခန့်မှန်းချက်

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat