ကုန်သွယ်ရေးဈေးကွက်တွင် ငွေကြေးအတွဲတခုသည် ငွေကြေးအမျိုးအစားတခုကို ဝယ်ယူရန် သို့မဟုတ် ရောင်းချရန်အတွက် ကမ်းလှမ်းချက်ပြုလုပ်ရာတွင် အဓိကကျသော ‌အထောက်အကူတခု ဖြစ်ပါသည်။ ငွေကြေးအတွဲတခုတွင် ငွေကြေးနှစ်ခုပါဝင်ပါသည် - အဓိကငွေကြေး (main currency) နှင့် နှုန်းထား ဖော်ပြသောငွေကြေး (quote currency) တို့ဖြစ်ကြပါသည်။ အမေရိကန်သည် ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့်အလျောက် အမေရိကန်ဒေါ်လာပါဝင်သော အတွဲများကို ဈေးကွက်အတွင်း အများဆုံး ကုန်သွယ်မှုပြုလုပ်ကြပါသည်။ ‌ယင်းအတွဲများကို ဥပမာပေးရလျှင် - EUR/USD၊ GBR/USD၊ JPY/USD အစရှိသည်တို့ ဖြစ်ကြပါသည်။ ဒေါ်လာမပါဝင်သောအတွဲများလည်း ရှိကြသည်မှာ မှန်ပါသည်။ ပုံမှန်အားဖြင့် ၎င်းတို့၏ ကုန်သွယ်မှုပမာဏသည် ဒေါ်လာပါဝင်သောအတွဲများ၏ ကုန်သွယ်မှုပမာဏထက် ပို၍နည်းပါးလေ့ရှိသည်။ သို့သော်လည်း ဤအတွက်ကြောင့် ၎င်းတို့သည် အသုံးမဝင်ဟု မှတ်ယူ၍မရပါ။ ဈေးကွက်အတွင်း ကုန်သွယ်မှုပမာဏကြီးမားသောအတွဲများနှင့် သေးငယ်သောအတွဲများကို "major" နှင့် "minor" ဟု အသီးသီးခေါ်ဆိုကြသည်။ ကုန်သည်များအနေဖြင့် ထိုအတွဲများကြားမှ ကွဲပြားချက်များကို သိရှိထားရန် အထူးပင် အရေးကြီးလှပါသည်။ ထိုကဲ့သို့ အရေးကြီးသော အကြောင်းအရာများကို ဤဆောင်းပါတွင် ရှင်းလင်းဖော်ပြပေးသွားပါမည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


အဓိကမှတ်သားဖွယ်ရာများ

အဓိကအကြောင်းအရာ

အသိအမြင်နှင့် အရေးပါသောအချက်များ

အဓိပ္ပါယ်ဖွင့်ဆိုချက်

အဓိကငွေ‌ကြေးအတွဲများ (Major Currency Pairs) သည် Forex ဈေးကွက် အတွင်း အရေးပါသော ကုန်သွယ်ရေးပစ္စည်းများ ဖြစ်ကြပါသည်။ ၎င်းတို့သည် ကုန်သွယ်ရန်နှင့် အမြတ်အစွန်းများ ရရှိရန်အတွက် အခွင့်အလမ်းများကို ပေးစွမ်းပါသည်။

အဓိကငွေကြေးအတွဲများကို နားလည်သဘောပေါက်ခြင်း

ကုန်သွယ်မှုစွမ်းရည်များကို မြှင့်တင်ရန်နှင့် Forex ကုန်သွယ်ရေးတွင် အောင်မြင်မှုများ ရရှိနိုင်ရန်အတွက် အဓိကငွေကြေးအတွဲများ၏ သဘောတရားကို နားလည်သိရှိရန် အရေးကြီးပါသည်။ 

ကုန်သည်များသည် အဓိကငွေကြေးအတွဲများကို အဘယ်ကြောင့် ကုန်သွယ်ကြသနည်း။

ကုန်သည်များသည် အရောင်းအဝယ်လွယ်ကူခြင်း၊ လူကြိုက်များခြင်း နှင့် ထင်ရှားသော အမြတ်အစွန်းရရှိမှုအလားအလာ စသည့် အချက်များကြောင့် အဓိကငွေကြေးအတွဲများအား ရွေးချယ်ကြပါသည်။

အဓိကရိုးရာအတွဲများ

အဓိကရိုးရာအတွဲများသည် Forex ကုန်သွယ်ရေး၏ အခြေခံဖြစ်ပြီး၊ ကမ္ဘာ့အခိုင်မာဆုံး စီးပွားရေးနိုင်ငံများကို ကိုယ်စားပြုပါသည်။

ကုန်စည်အခြေပြုငွေကြေးများ

အဓိကငွေကြေးအတွဲများတွင် ကုန်စည်အခြေပြုငွေကြေးများလည်း ပါဝင်လေ့ရှိသည်။ ၎င်းတို့သည် သယံဇာတကြွယ်ဝသောနိုင်ငံများ၏ စီးပွားရေးအင်အားကို ကိုယ်စားပြုပါသည်။

ကြားဖြတ်ငွေကြေးများ (အမေရိကန်ဒေါ်လာမပါဝင်သောအတွဲများ)

ကြားဖြတ်ငွေကြေးများတွင် USD ပါဝင်ခြင်းမရှိပါ။ သို့သော် ၎င်းတို့၏ မြင့်မားသော ကုန်သွယ်မှုပမာဏကြောင့် ၎င်းတို့အား အဓိကငွေကြေးအတွဲများအဖြစ် ထည့်သွင်းစဉ်းစားပါသည်။

‌ဈေးနှုန်းများကို မည်သို့ ဆုံးဖြတ်သနည်း

အဓိကငွေကြေးအတွဲများ၏ ဈေးနှုန်းများအပေါ် လွှမ်းမိုးထားသော အကြောင်းအရာများမှာ စီးပွားရေးညွှန်ပြချက်များ၊ ပထဝီ နိုင်ငံရေး ဖြစ်ရပ်များနှင့် ဈေးကွက်အလေးသာမှု အစရှိသည်တို့ ဖြစ်ကြပါသည်။

မည်သို့ကုန်သွယ်ရမည်နည်း

အဓိကငွေကြေးအတွဲများကို ကုန်သွယ်ရန်အတွက် ဈေးကွက်‌ ရွေ့လျားမှု ဦးတည်ရာများကို နားလည်သဘောပေါက်၍၊ အ‌ထောက်အကူပြု ကိရိယာများကို အသုံးချကာ၊ ကျွမ်းကျင်သူတို့၏ အကြံဉာဏ်များကို လိုက်နာရပါမည်။

မည်သို့တွက်ချက်ရမည်နည်း

အဓိကငွေကြေးအတွဲများအား အတွဲတွင်ပါဝင်သော ငွေကြေးတခုနှင့် အခြားငွေကြေးတို့၏ နှိုင်းရတန်ဖိုးအပေါ် အခြေခံ၍ တွက်ချက်ပါသည်။

ရွေ့လျားမှုလမ်းကြောင်းများ

အ‌ဓိကငွေကြေးအတွဲများသည် Forex ဈေးကွက်၏ ရွေ့လျားမှု ဦးတည်ရာ‌ကို သတ်မှတ်ပေးလေ့ရှိပြီး၊ ကုန်သည်များအား ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်များချမှတ်ရာတွင် ကူညီလမ်းပြ ပေးပါသည်။

Forex အဓိကငွေကြေးအတွဲများမှာ အဘယ်နည်း။

ကမ္ဘာ့ငွေကြေးများအနက်မှ နှစ်ခုအား ကပွဲတပွဲတွင် အတူတွဲဖက်၍ ကကြသော စုံတွဲတတွဲအဖြစ် စိတ်ကူးပုံဖော်ကြည့်ပါ။ ထိုကဲ့သို့တွဲဖက်မှုမျိုးကို ‘‌ငွေကြေးအတွဲ’ဟု ခေါ်ဆိုခြင်းဖြစါပါသည်။ USD နှင့် EUR ပါဝင်သော major အတွဲများနှင့် cross အတွဲများကို ကုန်သည်များ ရင်းနှီးပြီးသား ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ရာတွင် နာမည်မကြီးလှသော်လည်း တန်းတူ စိတ်ဝင်စားဖွယ်ရာ ကောင်းသော ငွေကြေးအတွဲများလည်း ရှိကြပါသည်။ အမေရိကန်ဒေါ်လာ မပါဝင်သော ၎င်းအတွဲများသည် ဈေးကွက်အတွင်း ထင်ရှားမှုနည်းပါးသောကြောင့် လူအများစုမှ ၎င်းတို့အား သတိမထားမိပဲ ရှိတတ်ကြသည်။

ထိုကျစ်လစ်သော ငွေကြေးအတွဲများအား ‘cross’ သို့မဟုတ် ‘minor’ အတွဲများဟု ခေါ်ဆိုကြလေ့ရှိသည်။ ၎င်းတို့သည် ရေပန်းစားမှု ထိပ်ဆုံးတွင် မရှိကြသော်လည်း ကုန်သွယ်ရေးအလားအလာကောင်းများကို ပိုင်ဆိုင်ထားကြသည်။ ၎င်းတို့အား ကုန်သွယ်ရေးစျေးကွက်အတွင်း မီးမောင်းထိုးပြထားခြင်းမရှိသောကြောင့် လူအများ၏ စိတ်ဝင်စားမှုကို မရရှိတတ်ကြပေ။ လူကြီးမင်းအနေဖြင့် ထိုအလားအလာကောင်းများကိုလည်း လက်မလွှတ်သင့်ပါ။

ထင်ရှားစွာဥပမာပြရလျှင် EUR/CHF (ယူရို နှင့် ဆွစ်ဇလန်ငွေ)၊ EUR/NOK (ယူရို နှင့် နော်ဝေးငွေ)၊ GBP/EUR (အင်္ဂလန်ပေါင် နှင့် ယူရို) အတွဲများကို ကြည့်ပါ။ တစုံတခုကို သတိပြုမိပါသလား။ မှန်ပါသည်။ အဆိုပါအတွဲများတွင် ကုန်သွယ်မှုပမာဏကြီးမားလှသော အမေရိကန်ဒေါ်လာ မပါဝင်ပါ။ ၎င်းတို့အား စျေးကွက်အတွင်း ကုန်သွယ်မှုပြုလုပ်သော အကြိမ်ရေမှာ နည်းကောင်းနည်းနိုင်ပါသည်။ သို့သော်လည်း Forex လောကတွင် နွံနစ်နေသော ပတ္တမြားများသည်လည်း အလင်းလက်ဆုံး တောက်ပနိုင်ပါသည်။

အဓိကငွေကြေးအတွဲများစာရင်း

LiteFinance: အဓိကငွေကြေးအတွဲများစာရင်း

ရေပန်းအစားဆုံးငွေကြေးအတွဲ ခုနှစ်ခု - 

  1. EUR/USD;
  2. USD/JPY;
  3. GBP/USD;
  4. USD/CHF;
  5. AUD/USD;
  6. USD/CAD;
  7. NZD/USD.

အထက်ပါစာရင်းမှ အောက်ဆုံးသုံးတွဲအား ကုန်စည်အခြေပြုသော အတွဲများအဖြစ်လည်း ယူဆလေ့ရှိကြပါသည်။ ထို့ကြောင့် တခါတရံတွင် ၎င်းတို့အား ငွေကြေးအတွဲများစာရင်းမှ ထုတ်ပယ်ထားလေ့ရှိသည်။

အဓိကငွေကြေးအတွဲများအား နားလည်သဘောပေါက်ခြင်း

ကုန်သွယ်မှုတခုကို ပြုလုပ်သောအခါ သင်သည် တပြိုင်နက်တည်းမှာပင် ငွေကြေးတခုကိုဝယ်ယူ၍ အခြားငွေကြေးတခုကို ရောင်းချရပါသည်။ ဆိုလိုသည်မှာ ပထမနေရာရှိ အခြေခံငွေကြေး (base currency) ကိုဝယ်ယူပြီး၊ ဒုတိယနေရာရှိ နှုန်းထားဖော်ပြပေးသောငွေကြေး (quote currency) ကို ရောင်းချလိုက်ခြင်း ဖြစ်သည်။ 

ငွေကြေးတခု၏ ဈေးနှုန်းနှင့် တကြိမ်မဟုတ်တကြိမ် ကုန်သွယ်မှုအမြတ်ပမာဏသည် ၎င်းငွေကြေးကို အသုံးပြုသော နိုင်ငံ၏ စီးပွားရေးအခြေအနေအပေါ်တွင် မူတည်ပါသည်။ ထို့ကြောင့် နိုင်ငံ၏ အဓိကစီးပွားရေးမှာ မည်သည့်အရာဖြစ်သည်ဆိုသော အချက်မှာ အထူးပင် အရေးပါသည်။ အကယ်၍ နိုင်ငံ၏ အဓိကစီးပွားရေးမှာ ရေနံထုတ်လုပ်ရေးဖြစ်ပါက ရေနံစျေးကွက်အား ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ခြင်းဖြင့် ၎င်းနိုင်ငံ၏ငွေကြေးတန်ဖိုး အလားအလာကို သုံးသပ်နိုင်ပါသည်။ ဤသည်မှာ အရိုးရှင်းဆုံး ဥပမာပေးခြင်းသာဖြစ်သည်။ လက်တွေ့တွင် နိုင်ငံ၏ GDP၊ အတိုးနှုန်းမူဝါဒ၊ စီးပွားရေးတိုးတက်မှု/ ဆုတ်ယုတ်မှုနှုန်းများ အစရှိသည်တို့ကိုလည်း မဖြစ်မနေထည့်သွင်းစဥ်းစားအပ်ပါသည်။ ဤအချက်များ အားလုံးသည် နိုင်ငံတကာငွေကြေးများနှင့် ၎င်းနိုင်ငံ၏ ငွေကြေးတို့၏ နှိုင်းရတန်ဖိုးအပေါ် အကျိုးသက်ရောက်မှုရှိပါသည်။

အကယ်၍ စာဖတ်သူသည် Forex စျေးကွက်ကို လေ့လာခဲ့ဖူးသူတဦးဖြစ်ပါက "major currency pairs" ဟူသော အသုံးနှုန်းအား ရင်းနှီးပြီးဖြစ်ပါလိမ့်မည်။ ထိုအသုံးအနှုန်းသည် Forex စျေးကွက်အတွင်း ကုန်သွယ်မှု ပမာဏစုစုပေါင်း၏ ၇၅% ကို နေရာယူထားသော အတွဲများကို ရည်ညွှန်းခြင်း ဖြစ်သည်။ ၎င်းငွေကြေးများကို ပိုင်ဆိုင်သော မူလနိုင်ငံများ၏ တည်ငြိမ်၍ ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးအခြေအနေသည် ဤအတွဲများကို လူကြိုက်များစေရသော အဓိကအကြောင်းရင်းပင်ဖြစ်သည်။ သင်ခန့်မှန်းထားသည့်အတိုင်း အဆိုပါ ငွေကြေးများမှာ USD၊ EUR၊ JPY၊ GBP နှင့် CHF တို့ပင်ဖြစ်ပါသည်။ သို့သော် အဓိကငွေကြေးအတွဲများမှာ လေးတွဲသာရှိပြီး EUR/USDUSD/JPY၊ GBP/USD နှင့် USD/CHF တို့ဖြစ်ကြပါသည်။

ကုန်သည်များသည် အဓိကငွေကြေးအတွဲများအား အဘယ်ကြောင့် ကုန်သွယ်ကြသနည်း။

အဖြေမှာရိုးရှင်းပါသည်။ အဓိကအတွဲများ၏ အဝယ်နှင့်အရောင်း စျေးနှုန်းကွာဟချက် (spread) သည် အခြားအတွဲများထက် ပို၍နည်းပါးသောကြောင့် ၎င်းတို့သည် ကုန်သည်များကို ပိုမိုဆွဲဆောင်နိုင်ပါသည်။ ကုန်သည်များ၏ စိတ်ပါဝင်စားမှုမြင့်မားသည်နှင့်အမျှ ကုန်သွယ်မှုပမာဏများ တိုးတက်လာပါသည်။ ကုန်သွယ်မှုပမာဏများ တိုးတက်လာသောအခါ၊ စျေးကွက်အတွင်း ဝယ်ယူ၊ရောင်းချမှုများကို ပို၍ လွယ်ကူစေပါသည်။ အဓိကအတွဲများသည် ပိုမိုတည်ငြိမ်၍ အရောင်းအဝယ်မြန်ဆန်သွက်လက်သော ငွေကြေးအတွဲများ ဖြစ်ကြပါသည်။

ဤရှုထောင့်မှကြည့်လျှင် အသေးစားအတွဲများသည် ကုန်သွယ်မှုပမာဏသေးငယ်သောကြောင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် လွဲချော်ကြန့်ကြာမှုများ ပေါ်ပေါက်စေနိုင်ပြီး၊ ထိုအချက်သည် ကုန်သည်များ၏ စိတ်ပါဝင်စားမှုကို လျော့ကျစေပါသည်။ ကုန်သွယ်မှုလုပ်ငန်းစဥ် တခုချင်းသည် ငွေလဲနှုန်းအပေါ် ကြီးမားစွာ အကျိုးသက်ရောက်စေနိုင်သောကြောင့် ၎င်းတို့တွင် ဆုံးရှုံးနိုင်ခြေ ပါဝင်နေပါသည်။

အစဉ်အဆက်ရှိခဲ့သည့် အဓိက အတွဲလေးခု

မတူညီသော ကျွမ်းကျင်သူများတွင် မတူညီသော ထင်မြင်ယူဆချက်များ ရှိကြပါသည်။ အချို့သော ကျွမ်းကျင်သူများမှ အဓိကငွေကြေးအတွဲ လေးမျိုးသာရှိသည်ဟု ယုံကြည်လက်ခံထားကြသည်။

EUR/USD

EUR/USD အတွဲကို ဆုံးရှုံးမှု အနည်းဆုံးဖြင့် ကုန်သွယ်ရန် ဥရောပနှင့် အမေရိကန် စျေးကွက်များဖွင့်လှစ်အပြီး ဈေးနှုန်းတည်ငြိမ်ချိန်အထိ စောင့်ဆိုင်းပါ။ တနေ့တာအတွင်း ကုန်သွယ်ကြသူ (day traders) များအတွက် ထိရောက်မှုအရှိဆုံးနှင့် အရောင်းအဝယ်အသွက်ဆုံး အချိန်ပိုင်းမှာ 13:00 မှ 16:00 GMT ဖြစ်သည်။

USD/JPY

ဤအတွဲအား ကုန်သွယ်ရန် အကောင်းဆုံး အချိန်မှာ အမေရိကန်ကုန်သွယ်ရေးအချိန်ပိုင်းအတွင်း 12pm မှ 8pm GMT နှင့် အာရှကုန်သွယ်ရေးအချိန်ပိုင်းအတွင်း 11pm မှ 8am GMT ဖြစ်သည်။

GBP/USD

GMT 6 am မှ 4 pm ကြားတွင် နိုင်ငံတကာ ကုန်သွယ်မှုများ မပြုလုပ်ခြင်းက ပို၍ကောင်းပါသည်။ ထိရောက်မှုအရှိဆုံးနှင့် အမြတ်အစွန်းရရှိမှုအများဆုံး အချိန်ပိုင်းမှာ GMT 8 am မှ 10 am နှင့် မွန်းတည့်ချိန် မှ 3 pm အတွင်းဖြစ်သည်။

USD/CHF

ကုန်သွယ်ရန် အကောင်းဆုံးအချိန်မှာ 2 am မှ 5 am နှင့် 8:30 am မှ 10 am ကြား အချိန်ပိုင်းများ ဖြစ်သည်။ ထိုအချိန်ပိုင်းများသည် မူလနိုင်ငံနှစ်ခုစလုံး၏ စျေးကွက်သတင်းများထုတ်ပြန်ချိန်နှင့် ကိုက်ညီသောကြောင့် တက်ကြွသောကုန်သွယ်ရေးအတွက် အချိန်ကောင်းဖြစ်သည်။

ကုန်စည်အခြေပြု ငွေကြေးများ

ကုန်စည်အခြေပြု ငွေကြေးများသည် Forex ကုန်သွယ်ရေးတွင် အများနှင့်မတူသော သီးခြားငွေကြေးများ ဖြစ်ကြသည်။ ၎င်းတို့၏ စျေးနှုန်းသည် ကမ္ဘာအဝှမ်းရှိ ကုန်စည်ဈေးနှုန်းအတက်၊အကျများနှင့်အတူ လိုက်ပါပြောင်းလဲလေ့ရှိသည်။ ဤသို့ဖြစ်ရခြင်းမှာ နိုင်ငံတခု၏ စီးပွားရေးသည် အချို့သော ပို့ကုန်ပစ္စည်းများ အပေါ် ကြီးမားစွာ မှီခိုနေရသောအခါ ၎င်းနိုင်ငံ၏ ငွေကြေးသည် ကုန်စည်စျေးကွက်၏ စျေးနှုန်းအပြောင်းအလဲများအပေါ် ပို‌၍တုံ့ပြန်မှုမြင့်မားကြသောကြောင့်ဖြစ်သည်။

အများအားဖြင့် ကုန်သွယ်လေ့ရှိကြသော ငွေကြေးတွင် နယူးဇီလန်ဒေါ်လာ၊ သြစတေးလျ ဒေါ်လာ၊ ကနေးဒီးယန်း ဒေါ်လာ၊ နော်ဝေး ကရိုနီ၊ မြောက်အာဖရိက ရမ်၊ ဘရာဇီး ရီရယ်လ်l၊ ရုရှားရူဘယ် နှင့် ချီလီနိုင်ငံ၏ ပီဆို တို့ ပါဝင်ပါသည်။

AUD/USD

ကုန်သည်တစ်ဦး ၏ fx ကုန်သွယ်မှုဆိုင်ရာ ကြိုးပမ်းချက်များကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရန် အတွက်၊ 19:00 နှင့် 4:30 GMT အကြားတွင် ဤငွေကြေးအတွဲကို ကုန်သွယ်မှုပြုလုပ်ရန် အကြံပြုလိုပါသည်။ 

1 AUD = 0.71460 USD

USD/CAD

ဤငွေကြေးများကို ကုန်သွယ်ရာတွင် မြောက်အမေရိကန်ကုန်သွယ်ရေးအချိန်ပိုင်းသည် 12 pm GMT တွင် စတင်၍ 8 pm GMT တွင် ချော‌မွေ့စွာအဆုံးသတ်ကြောင်း အဓိက မှတ်သားသင့်ပါသည်။

1 USD = 1.37483 CAD

NZD/USD

ဤအတွဲကို ကုန်သွယ်ရန် အကောင်းဆုံး အချိန်မှာ GMT 2:00 am မှ 6:00 am နှင့် 8:00 am မှ 5:00 am ကြား အချိန်အပိုင်းအခြားများ ဖြစ်ကြပါသည်။

1 NZD = 0.58368 USD

USD မပါဝင်သည့် အတွဲများ (Cross)

LiteFinance: USD မပါဝင်သည့် အတွဲများ (Cross)

အထက်တွင် ဖော်ပြထားခဲ့သည့်အတိုင်း cross currency pair အတွဲတခုတွင် အမေရိကန်ဒေါ်လာပါဝင်ခြင်း မရှိပါ။ Cross currency အတွဲများတွင် အများဆုံးပါဝင်လေ့ရှိသောငွေကြေးမှာ ယူရို သို့မဟုတ် ဂျပန်ယန်းဖြစ်ပါသည်။

GBP/EUR

ဤအတွဲအား ကုန်သွယ်ရန် အကောင်းဆုံး အချိန်မှာ GMT 7 am မှ 4 pm အတွင်းဖြစ်သည်။

EUR/CHF

ဤအတွဲအား စျေးကွက်ထုတ်ပြန်ကြေငြာချက်များမှ ကြီးမားစွာ လွှမ်းမိုးထားပါသည်။ သို့သော် ကုန်သွယ်ရန် အကောင်းဆုံး အချိန်မှာ 8 am မှ 4 pm GMT အတွင်းဖြစ်ပါသည်။

1 EUR = 0.91429 CHF

EUR/JPY

ဤအတွဲအား ကုန်သွယ်ရန် အကောင်းဆုံးအချိန်မှာ 13:30 မှ 20:30 GMT ဖြစ်ပါသည်။

1 EUR = 184.577 JPY

အဓိကအတွဲများ၏ ဈေးနှုန်းများကို မည်သို့ ဆုံးဖြတ်သနည်း။

LiteFinance: အဓိကအတွဲများ၏ ဈေးနှုန်းများကို မည်သို့ ဆုံးဖြတ်သနည်း။

ဤနယ်ပယ်တွင် ဆုပ်ကိုင်ထားရမည့် အခြေခံသဘောတရားများမှ တခုမှာ ငွေကြေးအတွဲစျေးနှုန်းများကို တန်ဖိုးသတ်မှတ်ရာတွင် - အဝယ်စျေး နှင့် အရောင်းစျေး ဟူ၍ နှစ်မျိုးခွဲခြားထားသည့် အချက်ပင်ဖြစ်သည်။ ၎င်းတန်ဖိုးများသည် ငွေကြေးအတွဲတခု၏ ယေဘုယျတန်ဖိုးကို ဆုံးဖြတ်ရာတွင် အခြေခံအဖြစ် ဆောင်ရွက်ပါသည်။

ပို၍တိကျစွာဆိုရလျှင် ဒုတိယနေရာရှိ နှုန်းထားဖော်ပြသောငွေကြေး (quote currency) နှင့်နှိုင်းယှဉ်ပါက အခြေခံငွေကြေးယူနစ်၏ အားသာမှု၊ အားနည်းမှုသည် ဤငွေကြေးအတွဲများ၏ တန်ဖိုးအား အဓိက အဆုံးအဖြတ်ပေးသော အချက်ပင်ဖြစ်သည်။ ဤသည်မှာ ဈေးကွက်၏ မြင့်တက်၊ကျဆင်းမှုများကို အဆုံးအဖြတ်ပေးသော ရှုပ်ထွေးဆန်းကြယ်သည့် ငွေကြေးဆက်သွယ်မှု သဘောတရားပင်ဖြစ်ပါသည်။ 

Major forex အတွဲများကို မည်သို့ ကုန်သွယ်ရမည်နည်း။

ငွေးကြေးအတွဲများကို ကုန်သွယ်ခြင်းသည် ရှုပ်ထွေး၍ သိမ်မွေ့သော လုပ်ငန်းစဥ်တရပ်ဖြစ်သည်။ ထိုရှုပ်ထွေးမှုများအား ရှင်းလင်းသွားစေရန် ယခုဆောင်းပါးက ကူညီပေးပါလိမ့်မည်။ 

ပုံမှန် ငွေကြေးအတွဲတစ်ခုကိုကုန်သွယ်ရန် အဆင်သင့်ဖြစ်ပါက၊ အောက်ပါ ရိုးရှင်းသော နည်းလမ်းများအတိုင်း စတင်နိုင်ပါပြီ။

ပထမဦးစွာ ကျွန်ုပ်တို့နှင့်အတူ အကောင့်တခုကို ဖွင့်လှစ်ပြီး၊ ကုန်သွယ်မှုစတင်ရန် လိုအပ်သော ငွေပမာဏကို ဖြည့်သွင်းပါ။

ထို့နောက် ထပ်မံလေ့လာလိုသော ငွေကြေးအတွဲကို ရွေးချယ်ပါ။

အပြည့်အဝအသုံးချနိုင်သော အသိအမြင်များကို ရရှိစေရန်အတွက် ထိုအတွဲ၏ နည်းပညာပိုင်းဆိုင်ရာနှင့် အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများကို စေ့စပ်သေချာစွာ ဆောင်ရွက်ပါ။

မိမိ သဘောအကျဆုံး forex ကုန်သွယ်ရေးဗျူဟာကို ရွေးချယ်၍ ဆုံးရှုံးနိုင်ခြေ မည်မျှပါဝင်ကြောင်း သေချာစွာ အကဲဖြတ်ပါ။ သင့်ထံတွင် ရှင်းလင်းပြတ်သားသော အစီအစဉ်တခု ရှိထားပြီးသောအခါ၊ စျေးကွက်အတွင်း အရောင်း၊ အဝယ်ကုန်သွယ်မှုများပြုလုပ်ရန် ခြေလှမ်း စတင်နိုင်ပါပြီ။

မှတ်ပုံတင်စရာမလိုဘဲ အသုံးပြုရလွယ်ကူသော Forex ပလပ်ဖောင်းတွင် ဒီမိုအကောင့်တစ်ခုထဲသို့ ဝင်ရောက်လိုက်ပါ။

ဒီမိုအကောင့်သို့ သွားမည်

ငွေကြေးအတွဲတခုကို မည်သို့တွက်ချက်ရမည်နည်း။

GBP/JPY ငွေကြေးအတွဲကို ဥပမာအဖြစ်ကြည့်ပါ။ ၎င်း၏ လက်ရှိ‌နှုန်းထားမှာ 137.02 ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဗြိတိန်ပေါင်တယူနစ်သည် 137.02 ဂျပန်ယန်းနှင့် ညီမျှပါသည်။

အဓိကငွေကြေးအတွဲများအား ကုန်သွယ်မှုပြုလုပ်ရာတွင် ကုန်သည်တိုင်း သိရှိနားလည်ထားရမည့် အရေးပါသော အတိုင်းအတာသတ်မှတ်ချက်များကို လေ့လာကြပါစို့။

Pip တန်ဖိုး

Forex ဈေးကွက်တွင် pip ဆိုသည်မှာ ငွေကြေးအမျိုးအစားနှစ်ခုပါဝင်သော ငွေကြေးအတွဲတခုအတွက် အနည်းဆုံးစျေးနှုန်း ပြောင်းလဲမှုပမာဏဖြစ်ပါသည်။ ပုံမှန်အားဖြင့် ‌၎င်းကို ယူနစ်တခု၏ ဒသမလေးနေရာအထိ ကန့်သတ်ထားသည်။ ဥပမာအနေနှင့် GBP/JPY အတွဲအား 1 lot ကုန်သွယ်မှုပြုလုပ်သော ကုန်သည်တဦး အတွက်၊ pip တခု၏ တန်ဖိုးမှာ 7.2982 ဒေါ်လာဖြစ်သည်။

Pip တန်ဖိုးအားရရှိရန် 0.01 ကို လက်ရှိစျေးနှုန်း (137.02) ဖြင့်စား၍ ကုန်သွယ်မှုပမာဏ (100000 ယူနစ်) ဖြင့် မြှောက်ရပါသည်။ ထို့ကြောင့် (0.01/137.02)×100000 = 7.2982 ဒေါ်လာ ကို ရရှိပါသည်။

Collateral နှင့် Leverage

Leverage ဆိုသည်မှာ ကုန်သည်များအတွက် ကုန်သွယ်မှုပမာ တိုးမြှင့်ဆောင်ရွက်နိုင်စေရန် အကျိုးဆောင် ကုမ္ပဏီမှ အထူးအခွင့်အရေးအဖြစ် သုံးစွဲခွင့်ပေးသော ချေးငွေအမျိုးအစားဖြစ်ပြီး၊ Collateral ဆိုသည်မှာ မိမိ၏ကုန်သွယ်မှုကို ထိန်းသိမ်းရန်အတွက် အနည်းဆုံး လိုအပ်သော ငွေပမာဏဖြစ်သည်။

ကုန်သည်တဦးသည် GBP/JPY ကုန်သွယ်မှု 1 lot ကို စတင်လိုသည်ဟု ဆိုကြပါစို့။ ထိုကုန်သွယ်မှုအတွက် အမှန်တကယ်လိုအပ်သော ငွေပမာဏမှာ ¥137,020 ဖြစ်သည်။ သို့သော် leverage အချိုးအား 1:200 သို့ တိုးမြှင့်၍ မာဂျင်ပမာဏကို အနည်းဆုံးလျှော့ချလိုက်သောအခါ၊ ¥685.1 ကိုသာ စပေါ်ငွေ (collateral) အဖြစ် ထားရှိရန် လိုအပ်ပါသည်။ 

ကုန်သွယ်မှုအရွယ်အစား

ကုန်သွယ်မှုအရွယ်အစားဆိုသည်မှာ ဝယ်ယူသည့် lot အရေအတွက်အပေါ်အခြေခံ၍ တိုင်းတာရသော ကုန်သွယ်မှုပမာဏ ဖြစ်သည်။ lot တခုသည် အခြေခံငွေကြေးအဖြစ်အသုံးပြုသော ငွေကြေး၏ ယူနစ်တသိန်း နှင့် ညီမျှသည်။ လက်တွေ့ကျင့်သုံးရမည့် အခြေခံစည်းမျဥ်းမှာ မိမိကုန်သွယ်ရေး အကောင့်ရှိပိုင်ဆိုင်မှု ၏ ၂% ထက်ပို၍ စွန့်စားခြင်းမပြုရန်ဖြစ်သည်။ 

ဥပမာအားဖြင့် အကောင့်အတွင်း $10000 ပိုင်ဆိုင်မှုရှိသော ကုန်သည်တယောက်သည် GBP/JPY အတွဲအပေါ်တွင် 100 pips ကို စွန့်စားကုန်သွယ်လိုသည်။ ထို့ကြောင့် ဤအခြေအနေတွင် အများဆုံး ခွင့်ပြုသော ကုန်သွယ်မှုအရွယ်အစားမှာ 0.15 lots ဖြစ်သည်။

Forex Market Trends (လားရာ) နှင့် ရေပန်းစားသော ငွေကြေး အတွဲများ

ပထမဦးစွာ trend ၏အဓိပ္ပါယ်ကို ရှင်းလင်းစွာ သဘောပေါက်နားလည်ရမည်။ Forex ဈေးကွက်အတွင်း trend ဆိုသည်မှာ ပိုင်ဆိုင်မှုတခု၏ဈေးနှုန်းသည် ကာလတခုကြာသည်အထိ ဦးတည်ရာတခုတည်းသို့ တသမတ်တည်း ရွေ့လျားခြင်းကို ဆိုလိုပါသည်။ Trend (ဈေးကွက်ဦးတည်ရာ) တခုတွင် ရှင်းလင်း ပြတ်သားသော အရှိန်တခုနှင့် အတူ နိမ့်တခါ မြင့်တလှည့်ရှိသော လှိုင်းသဏ္ဍန်ရွေ့လျားမှုများ ပါဝင်နိုင်ပါသည်။

စျေးကွက်တွင်း ပေါ်ပေါက်လေ့ရှိသော အဓိက trends သုံးမျိုးကို လေ့လာကြည့်ကြရအောင်။

Uptrend - အဝယ်လမ်းကြောင်းဟုလည်း ခေါ်ဆိုကြသည်။ တစထက်တစ အထက်သို့မြင့်တက်သွားသော ဈေးနှုန်းရွေ့လျားမှုသည် ၎င်း၏ ဝိသေသလက္ခဏာဖြစ်သည်။ ဈေးနှုန်းရွေ့လျားမှုလမ်းကြောင်းအတွင်း အမြင့်တခုစီတိုင်း သည် ယခင်အမြင့်ဆုံးအမှတ်ကို ကျော်လွန်ကာ ဆက်တိုက်မြင့်တက်နေသရွေ့ uptrend ဆက်လက်ဖြစ်ပေါ်နေပါသည်။

Downtrend - ၎င်းကို အရောင်းလမ်းကြောင်းဟုလည်း ခေါ်ဆိုကြသည်။ ၎င်းသည် တစထက်တစ ဆက်တိုက်ကျဆင်းသော ဈေးနှုန်းရွေ့လျားမှုတခု ဖြစ်ပါသည်။ ပိုင်ဆိုင်မှုသည် downtrend အတွင်းရှိနေ သောအခါ၊ ဈေးနှုန်းသည် ယခင်အနိမ့်ဆုံးတန်ဖိုးထက် ပို၍နိမ့်သောဈေးတန်းသို့ တောက်လျှောက် ကျဆင်းသွားပါသည်။

ပိုင်ဆိုင်မှုတခု၏ဈေးနှုန်းသည် တိကျသော ဦးတည်ရာသို့ ရွေ့လျားခြင်း မရှိသောအခါ ဘေးတိုက် သို့မဟုတ် မပီပြင်သော လမ်းကြောင်းတခု ပေါ်ပေါက်လာပါသည်။ ၎င်းသည် Forex ကုန်သွယ်ရေးတွင် အများဆုံး တွေ့ရတတ်သော အခြေအနေမျိုးလည်း ဖြစ်ပါသည်။

အရေးကြီးသော မှတ်သားရန်အချက်တခုမှာ trend တခုသည် အဆုံးသတ်ရန်အချက်ပြမှုတခု ရှိလာချိန်ထိ ဆက်လက်ပေါ်ပေါက်နေမည် ဖြစ်ပါသည်။ ဥပမာ - တိုးတက်သောလမ်းကြောင်းတခုအတွင်း ဈေးနှုန်းသည် ယခင်အမြင့်ဆုံးတန်ဖိုးထက် ပို၍နိမ့်သောအမြင့်တခုအထိသာ တိုးတက်ခဲ့ပါက မကြာမီအချိန်အတွင်း ဦးတည်ရာပြောင်းလဲ၍ အောက်သို့ကျဆင်းနိုင်ကြောင်း အချက်ပြခြင်းပင်ဖြစ်သည်။

EUR/USD

Forex တွင် ရေပန်းအစားဆုံးဖြစ်ပြီး၊ မတည်ငြိမ်မှုအတော်အတန်မြင့်မားသော အတွဲဖြစ်သည်။ တရားဝင်ထုတ်ပြန်ကြေငြာသော အမေရိကန်နှင့် ဥရောပသမ္မဂဗဟိုဘဏ်များ၏ အစည်းအဝေး ကောက်နှုတ်ချက်များသည် အဆိုပါ ငွေကြေးများ၏ ငွေလဲနှုန်းအပြောင်းအလဲကို အကဲဖြတ် စောင့်ကြည့်ရာ တွင် အထောက်အကူ ဖြစ်စေပါသည်။

USD/CAD

ဤအတွဲအား အရောင်း၊အဝယ်သွက်လက်မှုအသင့်တင့်နှင့် မတည်ငြိမ်မှုအသင့်အတင့် (pip 80 မှ 100 ကြား) ရှိသော အတွဲအဖြစ် သတ်မှတ်ကြသည်။ မည်သို့ပင်ဖြစ်စေ ကနေဒါနိုင်ငံ၏ အခြေခံစီးပွားရေး အုတ်မြစ်များ ဖြစ်သော အဖိုးတန်သတ္တုနှင့် ရေနံဈေးကွက်များအပေါ် အခြေခံ၍ CAD ၏ ဈေးနှုန်း အပြောင်းအလဲများ ကို လွယ်ကူစွာ ခန့်မှန်းနိုင်ပါသည်။

AUD/USD

AUD/USD အတွဲတွင် ခိုင်မာ၍ ရေရှည်တည်မြဲသော ဈေးနှုန်းရွေ့လျားမှုဦးတည်ရာများ ရှိကြပါသည်။ သြစတေးလျ၏ တွင်းထွက်ပစ္စည်းနှင့် စိုက်ပျိုးရေး ပို့ကုန်များသည် ၎င်း၏ ငွေလဲနှုန်းအပေါ် လွှမ်းမိုးထားသည်။ တရုတ်၊ ဂျပန်တို့၏ စီးပွားရေး အခြေအနေသည်လည်း ဤအတွဲအပေါ်တွင် အကျိုးသက်ရောက်မှုရှိပါသည်။

GBP/JPY

GBP/JPY အတွဲ၏ ပျမ်းမျှ စျေးနှုန်းအပြောင်းအလဲ 110 pip နှင့် ရှုပ်ထွေးမှုများသည် အတွေ့အကြုံနုနယ်သော ကုန်သည်များကို ဟန့်တားသကဲ့သို့ရှိသော်လည်း ကုန်သည်အများစုသည် ဤအတွဲကို ကြိုက်နှစ်သက်ကြသည်။ အင်္ဂလန်နှင့် ဥရောပ၏ စီးပွားရေး အခြေအနေများ၊ ဂျပန်၏ ငွေကြေးမူဝါဒနှင့် အတိုးနှုန်းခြားနားချက်များသည် GBP/JPY အတွဲအား carry trade နည်းဗျူဟာဖြင့် ကုန်သွယ်ရန် အသင့်တော်ဆုံး အခြေအနေတခုကို ဖန်တီးပေးထားသည်။ GDP အချက်အလက်များ၊ အလုပ်လက်မဲ့ဦးရေများ၊ ငွေကြေးဖောင်းပွမှုနှင့် စက်မှုနယ်ပယ်၏ ကုန်ထုတ်စွမ်းအား အစရှိသော အချက်အလက်များသည်လည်း ဤအတွဲအပေါ် လွှမ်းမိုးနိုင်စွမ်းရှိပါသည်။ 

အဓိကအတွဲတခု၏ ဈေးနှုန်းသတ်မှတ်ချက်နှင့် တန်ဖိုး အတက်အကျ ဥပမာ

ငွေကြေးဈေးနှုန်းများသည် အဆက်မပြတ်ပြောင်းလဲနေသည်။ ကုန်သည်များစွာသည် အချိန်ပြည့် အော်ဒါ များ တင်သွင်းထားသောကြောင့် အဓိက ငွေကြေးအတွဲများ၏ စျေးနှုန်းများသည် မကြာခဏပြောင်းလဲနေလေ့ရှိသည်။ သို့သော်၊ ဤအတွဲများကို အတည်ငြိမ်ဆုံးဟု ယူဆသောကြောင့် စျေးနှုန်းမတည်ငြိမ်မှုမှာ နည်းပါးပါသည်။

LiteFinance: အဓိကအတွဲတခု၏ ဈေးနှုန်းသတ်မှတ်ချက်နှင့် တန်ဖိုး အတက်အကျ ဥပမာ

EUR/USD ၏ ငွေလဲစျေးနှုန်းသည် 1.1285 ဖြစ်ပါလျှင် ဆိုလိုသည်မှာ €1 ဝယ်ရန် $1.1285 ကုန်ကျသည်။ လဲလှယ်နှုန်းမှာ 1.1238 သို့ ကျဆင်းသွားပါက €1 ကို ဝယ်ယူရန် ယခုအခါ $1.1238 သာကုန်ကျသောကြောင့် ယူရိုတန်ဖိုး ကျဆင်းသွားသည်ဟု ဆိုလိုသည်။ လဲလှယ်နှုန်းမှာ 1.1290 သို့ တက်လာပါက၊ €1 ကိုဝယ်ရန် USD ပိုများသောကြောင့် US ဒေါ်လာသည် တန်ဖိုးကျဆင်းသွားသည်၊ သို့မဟုတ် ယူရို တန်ဖိုးတက်သွားခြင်းဖြစ်ပါသည်။

အဓိကငွေကြေးအတွဲများ၏ မေးလေ့ရှိသောမေးခွန်းများ

အဓိကငွေကြေးအတွဲသည် USD ပါ၀င်သောအတွဲဖြစ်သည်။ အဓိကအတွဲများကို နိုင်ငံတကာငွေကြေးဈေးကွက် တွင် အကျယ်ပြန့်ဆုံးရောင်းဝယ်ကြသည်။ ၎င်းတို့မှာ- EUR/USD၊ USD/JPY၊ GBP/USD၊ USD/CHF၊ AUD/USD၊ USD/CAD နှင့် NZD/USD တို့ဖြစ်သည်။

ငွေကြေးအတွဲတစ်ခုကို မကြာခဏ အရောင်းအဝယ်လုပ်လေလေ၊ အဆိုပါအရောင်းအဝယ်ပေါ်မှ အကျိုးအမြတ်များလေလေဖြစ်သည်။ Forex ကုန်သွယ်မှုအားလုံး၏ 70% ခန့်သည် USD၊ EUR နှင့် JPY ကြားတွင်ရှိပြီး အခြားသော 10% သည် GBP နှင့် AUD တွင် ရှိနေသည်၊ ထို့ကြောင့် များစွာဖော်ပြရန် မလိုပါ။

ယခုအချိန်တွင်၊ Forex ၌ အဓိကကုန်သွယ်သော ငွေကြေးလေးခုမှာ USD၊ EUR၊ JPY နှင့် GBP ဖြစ်သည်။ ဤငွေကြေးများသည် ၎င်းတို့၏ ငွေဖြစ်လွယ်မှု၊ စီးပွားရေးသြဇာလွှမ်းမိုးမှုနှင့် အရောင်းအ၀ယ်များတွင် တွင်တွင်ကျယ်ကျယ်အသုံးပြုမှုတို့ဖြင့် လွှမ်းမိုးမှုရှိသည်။

EUR/USD အတွဲသည် ငွေဖြစ်လွယ်မှုဆိုင်ရာ သတ်မှတ်ချက်များတွင် အားအကောင်းဆုံးဖြစ်ပြီး စျေးကွက် လုပ်ဆောင်ချက်၏ အကြီးဆုံးအပိုင်းကို နေရာယူထားသည်။ ထို့အပြင် စာရင်းဇယားများအရ အမေရိကန် ဒေါ်လာသည် ကမ္ဘာပေါ်တွင် အရောင်းအ၀ယ်အများဆုံး ငွေကြေးဖြစ်ပြီး EUR သည် အနီးကပ်ဆုံးတွင် ရှိနေသည်။ ဤငွေကြေးအတွဲသည် လုံခြုံသော ပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီး အတွေ့အကြုံမရှိသော ကုန်သည်များအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

ဤငွေကြေးအတွဲငါးခုသည် Forex တွင် ကုန်သွယ်မှုပြုရန် အလွယ်ကူဆုံးအတွဲများဖြစ်သည်- EUR/USD၊ GBP/USD၊ USD/CHF၊ USD/CAD နှင့် USD/JPY။

ငွေကြေးအတွဲများတွင်၊ ငွေကြေးတစ်ခု၏တန်ဖိုးသည် အခြားတစ်ခုနှင့်ဆက်စပ်နေပါသည်။ ဥပမာအားဖြင့်၊ EUR/USD ငွေလဲနှုန်းသည် 1.011 ဖြစ်ပါက၊ 1 ယူရို ကိုဝယ်ရန် $1.011 လိုအပ်သည်။ ငွေကြေးများ၏ လဲလှယ်နှုန်းသည် အဆက်မပြတ်ပြောင်းလဲနေပြီး ကုန်သည်များသည် ယင်းမှ အမြတ်ထွက်နိုင်သည်။

EUR/USD ကို အရောင်း ပြုလုပ်သောအခါ၊ ဒေါ်လာတန်ဖိုး အားကောင်းလာပါက ကုန်သည်အနေဖြင့် အမြတ်အစွန်းရရှိမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် ယူရိုငွေတန်ဖိုး တက်လာပါက ဆုံးရှုံးမှု ဖြစ်ပေါ်မည်ဖြစ်သည်။

မတည်ငြိမ်သောအတွဲများသည် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် 70-80 pips ထက်ပို၍ရွေ့လျားနိုင်သည်။ ဤစာရင်းတွင် GBP/NZD၊ GBP/AUD၊ GBP/CAD၊ GBP/JPY၊ EUR/NZD၊ EUR/CAD၊ EUR/AUD နှင့် EUR/JPY ပါဝင်သည်။ အထက်ပါအတွဲများ၏စျေးနှုန်းသည် တစ်နေ့လျှင် pips 100 ကျော် အလှုပ်အခတ် ဖြစ်လေ့ရှိသည်။

နိုင်ငံတကာ ငွေကြေးဈေးကွက် (Forex) တွင် ငွေကြေးများကို ရောင်းဝယ်နိုင်ပါသည်။ ဤသို့ ပြုလုပ်ရန် LiteFinance အွန်လိုင်းပလက်ဖောင်းတွင် မှတ်ပုံတင်ပြီး သင်၏ ကုန်သွယ်မှုအကောင့်ကိုဖွင့်ကာ ငွေဖြည့်သွင်း၍ အရောင်းအဝယ်စတင်နိုင်ပါသည်။ အိတ်စ်ချိန်းနှင့်မတူဘဲ Forex တွင် အနည်းဆုံးအကောင့်လက်ကျန်အတွက် တင်းကျပ်သော လိုအပ်ချက်များ မသတ်မှတ်ထားပါ။

အဓိက ငွေကြေးအတွဲများအတွက် ပြည့်စုံသော လမ်းညွှန်ချက်

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat