- ကုန်သွယ်မှုအကျိုးဆောင်မပါဘဲ စတော့ရှယ်ယာ သို့မဟုတ် Forex အရောင်းအဝယ်လုပ်လို့ရပါသလား။
- ကုန်သွယ်မှုအကျိုးဆောင်တွေက ဘာအတွက်လဲ၊ ဘယ်လိုလုပ်ဆောင်ချက်တွေ လုပ်ဆောင်ကြပါသလဲ။
- ၎င်းတို့မပါဘဲ လုပ်ဆောင်နိုင်ပါက ကြားခံလူများကို အဘယ်ကြောင့် ပေးဆောင်ရမည်နည်း။
အထက်ပါ မေးခွန်းများသည် အလားအလာရှိသော အသုံးစရိတ်များကို ဖြတ်တောက်၊ လျှော့ချရန် ရည်ရွယ်သည့် စတင်ရင်းနှီးမြုပ်နှံသူများ မေးလေ့ရှိသည့် မေးခွန်းများဖြစ်သည်။
ဘဏ် သို့မဟုတ် ငွေလဲလှယ်ရုံးတွင် ငွေကြေးကို ဝယ်ယူပြီးနောက် မြင့်မားသောစျေးနှုန်းဖြင့် ရောင်းချ သောအခါ ကုန်သွယ်မှုအကျိုးဆောင်များမပါဘဲ ငွေကြေးအပြောင်းအရွေ့များမှ ငွေရှာနိုင်ပါသည်။ သို့သော်၊ ဤသည်မှာ ငွေကြေးဈေးကစားခြင်းသာဖြစ်ပြီး Forex ပိုင်ဆိုင်မှုများတွင် ရင်းနှီးမြုပ်နှံခြင်းနှင့် အနည်းငယ်သာ သက်ဆိုင်ပါသည်။
အကယ်၍ သင်သည် လေးနက်သော ရင်းနှီးမြုပ်နှံသူဖြစ်လာရန်အတွက်၊ ဆုံးရှုံးနိုင်ချေ စွန့်စားရမှုများကို လျော့ချရန် နေရာစုံတွင် ရင်းနှီးမြုပ်နှံထားပြီး စက္ကန့်အနည်းငယ်အတွင်း ယင်းရင်းနှီးမြုပ်နှံမှုများမှ အမြတ်အစွန်းများ ရယူလိုပါက Forex ကုန်သွယ်မှုအကျိုးဆောင်မပါဘဲ သင်လုပ်ဆောင်၍ရနိုင်မည်မဟုတ်ပါ။ ကုန်သွယ်မှုအကျိုးဆောင်နဲ့ ကုန်သွယ်မှုအကျိုးဆောင်ခွဲတွေက ဘယ်သူတွေလဲ၊ သူတို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ အားသာချက်တွေက ဘာတွေလဲ၊ Forex trading ကို သင်ကိုယ်တိုင် ဘယ်လိုလုပ်ဆောင်နိုင်တယ်ဆိုတာ လေ့လာဖို့ ဆက်လက်ဖတ်ရှုလေ့လာကြည့်ပါ။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
Forex ကုန်သွယ်မှုအကျိုးဆောင်ဆိုတာဘာလဲ။
Forex ကုန်သွယ်မှုအကျိုးဆောင်သည် ရောင်းသူနှင့် ဝယ်သူများအကြား (သို့မဟုတ်) ကုန်သည်များနှင့် Forex ဈေးကွက်တို့အကြား ကြားခံအဖြစ် လုပ်ဆောင်ပေးသည့် တရားဝင်အသိအမှတ်ပြု အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။
ပုဂ္ဂလိက လူတစ်ဦးတစ်ယောက်ချင်းအနေဖြင့် ငွေကြေးအရောင်းအဝယ်ကို ၎င်းတို့ကိုယ်တိုင် ပြုလုပ်ခွင့်မရှိပါ။ ကုန်သွယ်မှုနှင့်ပတ်သက်သည့် အရောင်းအဝယ်လုပ်ငန်းစဉ်များအားလုံးကို Froex ကုန်သွယ်မှု အကျိုးဆောင်များမှ တဆင့် စာရင်းသွင်းမှတ်ပုံတင်ပြီး လုပ်ဆောင်ကြရမည်ဖြစ်သည်။
Forex ကုန်သွယ်မှုအကျိုးဆောင်များ၏ လုပ်ဆောင်မှုများ၊ လှုပ်ရှားမှုများကို တင်းတင်းကျပ်ကျပ် ကြပ်မတ်ထားပြီး တရားဝင်ခွင့်ပြုချက်လိုင်စင်ရရှိရပါမည်။ ငွေကြေးဈေးကွက်တွင် ပါဝင်သူများသည် လက်လီကုန်သည်များ၊ တရားဝင် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများဆိုင်ရာ ရင်းနှီးမြုပ်နှံသူများဖြစ်ပါသည်။ အချို့သော အခြေအနေကိစ္စရပ်များတွင် ကုန်သွယ်မှုအကျိုးဆောင်ကိုယ်တိုင်သည် ကုန်သွယ်မှုတစ်ခုတွင် မိတ်ဖက်အဖြစ် ဆောင်ရွက်နိုင်သည်။
Forex ကုန်သွယ်မှုအကျိုးဆောင်များ အလုပ်လုပ်ပုံ
- ကုန်သွယ်မှုအကျိုးဆောင်ကုမ္ပဏီတစ်ခုသည် Currenex သို့မဟုတ် Integral ကဲ့သို့သော ရင်းနှီးမြုပ်နှံမှုဘဏ်ကြီးများ သို့မဟုတ် ECN systems အစရှိသည့်ငွေဖြစ်လွယ်မှုပံ့ပိုးပေးသူများနှင့် စာချုပ်တစ်ခု လက်မှတ်ရေးထိုးထားရှိသည်။ ကုန်သွယ်မှုအကျိုးဆောင်သည် ၎င်း၏ကိုယ်ပိုင်ငွေနှင့် ဖောက်သည်များ၏ငွေများကို ခွဲထားရန် သီးသန့်ဘဏ်စာရင်းများကိုလည်း ဖွင့်လှစ်ထားရှိသည်။
- Forex အရောင်းအဝယ်လုပ်နိုင်ရန်၊ ဖောက်သည် သည် ကုန်သွယ်မှုအကျိုးဆောင်နှင့် ကုန်သွယ်မှု အကျိုးဆောင် ဝန်ဆောင်မှုသဘောတူညီချက်တစ်ခု ပြုလုပ်ရပါမည်။ ထို့နောက် ဖောက်သည်တွင် ကိုယ်ပိုင် client space ကို မှတ်ပုံတင်ထားရှိရပါမည်။ ကုန်သွယ်မှုအကောင့်ကို ဖောက်သည်၏အမည်ဖြင့်လည်း ဖွင့်လှစ်ထားရှိရပါသည်။ ထို့နောက်တွင် ဖောက်သည်သည် ၎င်း၏ ကုန်သွယ်မှုအကောင့်ကို ငွေဖြည့်သွင်းခြင်းလုပ်ဆောင်ပြီး သတ်မှတ်ထားသည့်ကုန်သွယ်မှုတာမင်နယ် မှတဆင့် ငွေကြေးများဝယ်ယူရန် သို့မဟုတ် ရောင်းချရန် ကုန်သွယ်မှုအကျိုးဆောင်ထံ တောင်းဆိုချက် တစ်ခု ပေးပို့ပေးရသည်။
- အဆိုပါတောင်းဆိုမှုများကို "အမှာစာများ" ဟုခေါ်ပြီး ၎င်းတို့ကို နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ဆောင်နိုင်သည်-
- ကုန်သွယ်မှုအကျိုးဆောင်သည် ဆန့်ကျင်ဘက်အမှာစာတစ်ခုနှင့် ကိုက်ညီမှုပြုပြီး ကုန်သည်၏အမှာစာကို အကောင်အထည်ဖော်ပေးသည်။ ဥပမာအားဖြင့်၊ ကုန်သွယ်မှုအကျိုးဆောင်သည် အမှာစာနှစ်ခုရရှိထားသည်- ယူရို 100 ကိုဝယ်ရန်နှင့် 100 ယူရိုကို Bid နှင့် Ask စျေးနှုန်းများဖြင့်ရောင်းချပေးရန်တို့ ဖြစ်သည်။ ကုန်သွယ်မှုအကျိုးဆောင်သည် အဆိုပါ အမှာစာနှစ်ခုကို ကိုက်ညီပြီး Bid နှင့် Ask စျေးနှုန်းများကြား ကွာဟချက်အဖြစ် အကျိုးဆောင်ခကို ရယူသည်။
- ကုန်သွယ်မှုအကျိုးဆောင်သည် အမှာစာတစ်ခုကို ငွေဖြစ်လွယ်သည့်ဝန်ဆောင်မှုပေးသူတစ်ဦးထံ ပြန်ညွှန်းပေးသည်၊ ၎င်းသည် မိတ်ဖက်တစ်ဦးအနေဖြင့် လုပ်ဆောင်ကာ အမှာစာကို အကောင်အထည် ဖော်ပေးသည်။
- ကုန်သည်၏အမိန့်စာကို ECN စနစ်သို့ တိုက်ရိုက်ပေးပို့ပြီး အကောင်းဆုံးစျေးနှုန်းဖြင့် လုပ်ဆောင်ပါသည်။
အဘယ်ကြောင့် Forex ကုန်သွယ်မှုအကျိုးဆောင်လိုအပ်သနည်း။
ကုန်သွယ်မှုအကျိုးဆောင်မပါဘဲ Forex ကိုဘယ်လိုကုန်သွယ်မှုလုပ်ရမလဲဆိုတာနဲ့ အဲဒါအတွက် သင်ဘာတွေလိုအပ်မလဲဆိုတာ အဖြေရှာကြည့်ရအောင်။ ပထမဦးစွာ၊ လက်လီကုန်သည်တစ်ဦးသည် အီလက်ထရွန်နစ် ကုန်သွယ်မှုပလပ်ဖောင်းတစ်ခုမှတစ်ဆင့် စျေးကွက်သို့ဝင်ရောက်ခွင့်ရှိရမည်ဖြစ်သည်။ ကုန်သည်တစ်ဦးအတွက် ကုန်သွယ်မှုများအတွက် အဓိကကျသည့် ကိရိယာမှာ ကုန်သွယ်မှုပလပ်ဖောင်းပင် ဖြစ်ပါသည်။ ယင်းကုန်သွယ်မှုပလပ်ဖောင်းမှ တစ်ဆင့် ကုန်သွယ်မှုအကျိုးဆောင်တစ်ဦးသည် လက်ရှိတွင် ဖြစ်ပေါ်နေသည့်ကိုးကားချက်များကို ပေးပို့ပေးနိုင်ပြီး ကုန်သည်တစ်ဦးသည် ယင်းမှတစ်ဆင့် စျေးကွက်၏အခြေအနေများကို လေ့လသာပိုင်းခြားသုံးသပ်နိုင်သည်။ ကုန်သွယ်မှုပလပ်ဖောင်းတစ်ခုတွင်၊ ကုန်သွယ်မှုများကိုဖွင့်ထားပြီး လက်ရှိစျေးနှုန်းဖြင့် ငွေကြေးများကို ရောင်းချရန်/ဝယ်ယူရန် အမှာစာများကို ပေးပို့သည်။
ကုန်သွယ်မှုအကျိုးဆောင်မပါဘဲ Forex ၏ကုန်သွယ်မှုတာမင်နယ်သို့ ဝင်ရောက်ခွင့်မရှိပါ။ ကုန်သွယ်မှုအကျိုးဆောင်တစ်ဦးသည် MetaTrader ကိုအသုံးပြုခွင့်ကိုရရှိရန် ငွေကုန်ကြေး အကုန်အကျခံကာ လိုင်စင်တစ်ခုကို ဝယ်ယူထားရပြီး ၎င်းအတွက် လစဉ်ကြေးများကိုလည်းပေးဆောင်ရသည်။ ထို့နောက် ဖောက်သည်များ၏ ကုန်သွယ်မှုများကို အဖွင့်ဈေးကွက်သို့လွှဲပြောင်းပေးရန်အတွက် ငွေဖြစ်လွယ်မှု ပံ့ပိုးပေးသူများထံသို့ ကြားမှတစ်ဆင့် ဆက်သွယ်ပေးသည်။ ကုန်သွယ်မှုအကျိုးဆောင်မှ လက်လီဖောက်သည်များကို ဝန်ဆောင်မှုပေးသော ကုန်သွယ်မှုပလပ်ဖောင်းနှင့် ECN နည်းပညာများမပါရှိဘဲ သင် ကုန်သွယ်မှုပြုနိုင်မည်မဟုတ်ပါ။
အကျိုးအမြတ်များများကို လက်တွေ့တွင် လွယ်လွယ်ကူကူဖြင့် မရယူနိုင်ပါဘူး၊ ဥပမာ နိုင်ငံတကာဘဏ်တစ်ခုကို သွားရောက်ပြီး “ငွေကြေးဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်ချင်ကြောင်း” ပြောဆိုကြည့်ပါက ၎င်းဘဏ်မှ ဘဏ်၏နှုန်းထားများဖြင့် ငွေလဲလှယ်ခြင်း လုပ်ငန်းကိုသာ လုပ်ဆောင်ရန် သင့်အား အကြံပြုလိုက်ပါလိမ့်မည်။ သင့်အတွက် အကျိုးအမြတ်များများရရှိနိုင်မည့် ငွေကြေး အရောင်း၊အဝယ် လုပ်ငန်းလည်ပတ်မှုများကို ကုန်သွယ်မှုအကျိုးဆောင်တစ်ဦးသာလျှင် လုပ်ဆောင်ပေးနိုင်ပါလိမ့်မည်။
ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် အရောင်းအဝယ်စတင်ပါ
ဘဏ်သည် ကုန်သွယ်မှုကိရိယာများ ချို့တဲ့ရုံသာမက သင့်အား margin trading mechanism ကိုလည်း ပေးဆောင်နိုင်မည်မဟုတ်ပေ။ marginမပါဘဲ၊ 1% အမြတ်ရရန်ဒေါ်လာ 1 သန်းပိုင်ဆိုင်မှု သင့်တွင်ရှိရပါမည်။ အမှာစာများကို ချက်ခြင်းအတည်ပြုရန်အတွက် ကုန်သွယ်မှုအကျိုးဆောင်၏ စနစ်မရှိဘဲ၊ သင်၏ ကုန်သွယ်မှုများပြုလုပ်ရန် နာရီပေါင်းများစွာ စောင့်ဆိုင်းရမည်ဖြစ်ပါသည်။ ကုန်သွယ်မှုကို နောက်ဆုံး လက်ခံပြီးသည့်အချိန်တိုင်အောင် စျေးနှုန်းသည် ပြောင်းလဲသွားနိုင်လိမ့်မည်ဖြစ်ကြောင်းနှင့် သင်မျှော်မှန်းထားသည့် အလားအလာရှိသည့်အမြတ်ငွေသည် ဆုံးရှုံးမှုအဖြစ်သို့ပြောင်းလဲသွားနိုင်သည် သိရှိထားရပါမည်။
ကုန်သွယ်မှုအကျိုးဆောင်တစ်ဦးသည် သူ့ကိုယ်သူ ရောင်းဝယ်နိုင်ပါသလား။
ကိစ္စအများစုတွင်၊ ထိုသို့ပြုလုပ်နိုင်ပါသည်။ သို့သော် ခြွင်းချက်အချို့ရှိပါသည်။ စည်းကမ်းထိန်းသိမ်း ကြပ်မတ်သူများသည် အချို့သောနိုင်ငံများတွင် ကန့်သတ်ချက်အချို့ကို ချမှတ်ထားသည်။ ရလဒ်အနေဖြင့် နိုင်ငံခြားကုန်သွယ်မှုအကျိုးဆောင်များထံ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားပြီး ကုန်သွယ်မှုအကျိုးဆောင်မပါဘဲ အရောင်းအဝယ် ပြုလုပ်နိုင်မည်မဟုတ်ပေ။
ကုန်သည်များကိုယ်တိုင် ပြည်တွင်း စည်းကမ်းထိန်းသိမ်းရေးမှ တရားဝင်ခွင့်ပြုလိုင်စင်မရရှိထားသော နိုင်ငံခြားမှ ကုန်သွယ်မှုအကျိုးဆောင်များထံတွင် အကောင့်ဖွင့်လှစ်လုပ်ဆောင်ခြင်းကို လုပ်ဆောင်ခွင့်မရှိပါ။ ဤစနစ်သည် CFD ကုန်သွယ်မှုအတွက် တင်းကျပ်သောစည်းမျဉ်းများ ကျင့်သုံးသည့် အမေရိကန်၊ ဂျပန်နှင့် အင်ဒိုနီးရှား အစရှိသောနိုင်ငံများအတွက်ဖြစ်သည်။ ကုန်သွယ်မှုအကျိုးဆောင်ခွဲကို အသုံးပြုခြင်းဖြင့် ဤပြဿနာကို ဖြေရှင်းနိုင်သည်-
- US ငွေကြေးဈေးကွက်သို့ ဝင်ရောက်၍မရသော ကုန်သွယ်မှုအကျိုးဆောင်သည် လိုင်စင်ရ ကုန်သွယ်မှုအကျိုးဆောင်နှင့် ကုန်သွယ်မှုအကျိုးဆောင်ဝန်ဆောင်မှု သဘောတူညီချက်တစ်ခု ပြုလုပ်သည်။ အခြားနည်းလမ်းတစ်ခုမှာ လိုင်စင်တစ်ခုရရှိရန် US ၏ စည်းကမ်းထိန်းသိမ်း ကြီးကြပ်သူ၏ လိုအပ်ချက်များကို အပြည့်အဝလိုက်နာလုပ်ဆောင်နိုင်မည့် လုပ်ငန်းခွဲကုမ္ပဏီတစ်ခုကို USA တွင် မှတ်ပုံတင်ရန်ဖြစ်သည်။
- ကုန်သည်တစ်ဦးသည် ကုန်သွယ်မှုအကျိုးဆောင်နှင့် အကောင့်တစ်ခုဖွင့်ပြီး ကုန်သွယ်မှု တစ်ခုလုပ်ဆောင်ရန် အမှာစာတစ်ခုပြုလုပ်သည်။ ကုန်သွယ်မှုအကျိုးဆောင်သည် ယင်းကုန်သွယ်မှု ကို လုပ်ဆောင်ပေးမည့် အမေရိကန်လိုင်စင်ရ ကုန်သွယ်မှုအကျိုးဆောင်ထံ ပြန်လည် ညွှန်းဆိုပေးမည် ဖြစ်သည်။
ထို့ကြောင့်၊ ကုန်သည်၏အဓိကကုန်သွယ်မှုအကျိုးဆောင်သည် လုပ်ငန်းခွဲ ကုန်သွယ်မှုအကျိုးဆောင် တစ်ဦးအနေဖြင့် လုပ်ဆောင်ပေးသည်- US စျေးကွက်အဖွဲ့ဝင်မဟုတ်ဘဲ အခြား ကုန်သွယ်မှုအကျိုးဆောင်၏ ဝန်ဆောင်မှု (prime ကုန်သွယ်မှုအကျိုးဆောင်) ကို ဖောက်သည်ထံ ပြန်လည်ရောင်းချပေးသည်။ သို့သော်၊ ဤအစီအစဉ်တွင် အားနည်းချက်နှစ်ခုရှိနေသည်- ကုန်သွယ်မှုတစ်ခုတွင် ပြိုင်ဘက်များပိုများလေ၊ ဆုံးရှုံးမှုစွန့်စားရနိုင်ခြေနှင့် ကော်မရှင်ခများ ပိုများလေဖြစ်သည်။
ကုန်သွယ်မှုအကျိုးဆောင်မပါဘဲ Forex ကုန်သွယ်မှုနည်းလမ်းများ
ကုန်သွယ်မှုအကျိုးဆောင်မပါဘဲ Forex trading လုပ်လို့ရပါသလား။ မရနိုင်ပါ - Forex trading သည် ကုန်သွယ်မှုအကျိုးဆောင် မရှိဘဲ မဖြစ်နိုင်ပါ။ ဒီတော့ နောက်မေးခွန်းတစ်ခုအနေနဲ့- ကုန်သည်ရဲ့ အစီအစဉ်မှာ ကုန်သွယ်မှုအကျိုးဆောင်က ဘယ်အခန်းကဏ္ဍက ပါဝင်သလဲ၊ ဘယ်သူက ကုန်သွယ်မှုအကျိုးဆောင်အဖြစ် ဆောင်ရွက်တာလဲ။
1. NDD (Non-Dealing Desk) သည် တိုက်ရိုက်လုပ်ဆောင်မှုဖြင့် အရောင်းအဝယ်ဖြစ်စေသည်။
Forex သည် အမှာစာလုပ်ဆောင်ခြင်း အမျိုးအစားနှစ်မျိုးကို ဝန်ဆောင်မှုပေးထားသည်-
ချက်ချင်း အကောင်အထည်ဖော်မှု။ ဤပုံစံသည် ကုန်သည်၏အမှာစာကို သတ်မှတ်ထားသောစျေးနှုန်းဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း အာမခံပါသည်။ သို့သော် ယင်းအမှာစာကို အကောင်အထည်ဖော်မည်ဟု အာမခံချက် လုံးဝမရှိပါ။ ၎င်းသည်အောက်ပါအတိုင်းလုပ်ဆောင်သည်:
- ကုန်သည်တစ်ဦးသည် ကုန်သွယ်မှုပလပ်ဖောင်းပေါ်တွင် ၎င်းမြင်ရသည့်စျေးနှုန်းဖြင့် ကုန်သွယ်မှုတစ်ခုဖွင့်ရန် အမှာစာပေးပို့လိုက်သည်။
- အမှာစာတစ်ခုပေးပို့ခြင်းနှင့် ၎င်းအမှာစာကိုအကောင်အထည်ဖော်ရန်အတွက် တန်းစီစောင့်ဆိုင်းခြင်းသည် အချိန်အတိုင်းအတာတစ်ခုကြာမြင့်မည်ဖြစ်ပြီး ယင်းအချိန်အတော်အတွင်း စျေးနှုန်း အပြောင်းအလဲ ရှိနိုင်ပါသည်။ အကယ်၍ ထိုသို့ဖြစ်ခဲ့လျှင် ကုန်သွယ်မှုအကျိုးဆောင်သည် ယင်းအမှာစာအား ပယ်ဖျက်ရမည်လား သို့မဟုတ် စျေးနှုန်းအသစ်ဖြင့် လုပ်ဆောင်ခြင်းရှိမရှိကို သက်ဆိုင်ရာ အမှာစာပေးပို့ထားသည့်ကုန်သည်တစ်ဦးအား မေးမြန်းမည်ဖြစ်သည်။
- ထို့နောက် ကုန်သည်မှ ဆုံးဖြတ်ချက်ချသည်။ တစ်ချိန်တည်းမှာပင် စျေးနှုန်းသည် နောက်ထပ် ပြောင်းလဲသွားနိုင်သေးသည်။
စျေးကွက်အကောင်အထည်ဖော်မှု။ ဤပုံစံသည် ကုန်သည်၏အမှာစာကို အကောင်အထည် ဖော်မည်ဖြစ်ကြောင်း အာမခံပါသည်။ သို့ရာတွင်၊ အကောင်အထည်ဖော်မှုစျေးနှုန်းသည် အကောင်းဆုံး ဖြစ်မည်ဟူသော အာမခံချက်မရှိပါ။
ကုန်သွယ်မှုအကျိုးဆောင်တစ်ဦးသည် ချက်ချင်းအကောင်အထည်ဖော်မှု အစီအစဉ်တွင် တိုက်ရိုက် ပါဝင်ပါသည်။ Market Execution scheme သို့မဟုတ် NDD အတွက်၊ ကုန်သွယ်မှုအကျိုးဆောင်သည် ကုန်သွယ်မှု၏ နည်းပညာပိုင်းဆိုင်ရာ အကောင်အထည်ဖော်မှုကို ပံ့ပိုးပေးသည့် ကြားခံတစ်ခုအနေဖြင့် လုပ်ဆောင်သည်။ ၎င်းသည် အွန်လိုင်းကိုးကားချက်များကို ပေးပို့ပြီး ကုန်သည်တစ်ဦး၏ အမှာစာများကို ငွေဖြစ်လွယ်မှုပေးဆောင်သူများ သို့မဟုတ် ECN စနစ်များသို့ တိုက်ရိုက်ပေးပို့ပါသည်။ အမှာစာများသည် ကုန်သွယ်မှုအကျိုးဆောင်၏အတွင်းပိုင်းစနစ်သို့ မရောက်ပါ။
NDD မော်ဒယ် အားသာချက်များ
- ကုန်သွယ်မှုအကျိုးဆောင်တစ်ဦးသည် အမှာစာပေးပို့ခြင်းတွင် မပါဝင်သောကြောင့် အမှာစာများကို ပိုမိုမြန်ဆန်စွာ လုပ်ဆောင်ပါသည်။
- ပွင့်လင်းမြင်သာမှုရှိသော spread များ။ spread များဖြစ်ပေါ်စေသော ဈေးကွက်ဖြစ်သည်။ ကုန်သွယ်မှုအကျိုးဆောင်တစ်ဦးသည် စျေးတက်ခြင်းကို ထည့်နိုင်သော်လည်း spreadအဆင့်များကို မပြောင်းလဲနိုင်မည်မဟုတ်ပါ။
2. ကုန်သွယ်မှုအကျိုးဆောင်အကောင့်မဖွင့်ဘဲ ငွေကြေးများတွင် ရင်းနှီးမြှုပ်နှံမှု။
သင့်ရွေးချယ်မှုများသည် အောက်ပါအတိုင်းဖြစ်လိမ့်မည်-
- ငွေကြေးကို ဘဏ် သို့မဟုတ် ငွေလဲလှယ်ရုံးတွင် ဝယ်ယူပြီး ငွေကြေးလဲလှယ်နှုန်းထားများ တက်လာသည်နှင့် ရောင်းချပါ။ Deutsche Bank၊ UBS၊ JP Morgan၊ Citibank၊ Dukascopy - ထိုဘဏ်များအားလုံးသည် Forex ကုန်သွယ်မှုအကျိုးဆောင်များအတွက် ငွေဖြစ်လွယ်မှုကို ပေးဆောင်ပါသည်။ ဘဏ်တစ်ခုတွင် ငွေသားဖြင့် လဲလှယ်ခြင်းဖြင့် သင်သည် တစ်နည်းနည်းဖြင့် Forex တွင်ပါဝင်သူ ဖြစ်လာနိုင်ပြီး ထိုအခြေအနေမျိုးတွင် ဘဏ်များကို "ကုန်သွယ်မှုအကျိုးဆောင်များ" ဟုခေါ်နိုင်သည်။
- ယုံကြည်မှုစီမံခန့်ခွဲမှု။ ထိုအခြေအနေမျိုးတွင်၊ သင်သည် သင့်ငွေကို ထိန်းချုပ်ရန် သင့်မန်နေဂျာကို အပြည့်အဝ ယုံကြည်ထားသည်-
- ငွေကြေးဈေးကွက်နှင့်ဆက်စပ်သော ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေများ သို့မဟုတ် ETF များတွင် ရင်းနှီးမြှုပ်နှံရန်
- ဘဏ်၏ သီးသန့်ဘဏ်၏သီးသန့်မိုဘိုင်းအက်ပလီကေးရှင်းမှတဆင့် ကလစ်တစ်ချက်နှိပ်ရုံဖြင့် ငွေကြေးများကို ရောင်းဝယ်ရန်။ တစ်ဦးချင်း ရင်းနှီးမြှုပ်နှံမှု အကောင့်များကို အသုံးပြုရန်။
ကုန်သွယ်မှုအကျိုးဆောင်မပါဘဲ Forex သို့မဟုတ် စတော့ရှယ်ယာများကို မည်သို့ ရောင်းဝယ် ဖောက်ကားမည်နည်း။ ကုန်သွယ်မှုအကျိုးဆောင်တစ်ဦးဖြစ်လာပါက- တရားဝင် အဖွဲ့အစည်းတစ်ခု အဖြစ်စာရင်းသွင်း မှတ်ပုံတင်ပါ၊ ခွင့်ပြုလိုင်စင်တစ်ခုရယူပါ၊ အကောင့်တစ်ခုဖွင့်ပါ၊ ဝက်ဘ်ဆိုက်တစ်ခုကို ပြုလုပ်ပါ၊ ကုန်သွယ်မှုပလပ်ဖောင်းတစ်ခုဝယ်ယူပါ။ ဤအချက်များအပြင် အခြားနည်းလမ်းမရှိပါ။
ကုန်သွယ်မှုအကျိုးဆောင်မပါဘဲ ကုန်သွယ်မှု၏ အားသာချက်များနှင့် အားနည်းချက်များ
ပိုမို ရှင်းလင်းအောင် အချက်အလက်များကို ဇယားဖြင့်ပြုလုပ်ထားပါသည်။
| ကုန်သွယ်မှုအကျိုးဆောင်များနှင့် အရောင်းအဝယ်လုပ်ခြင်း | ကုန်သွယ်မှုအကျိုးဆောင်မပါဘဲ အရောင်းအဝယ်လုပ်ခြင်း | ||
|---|---|---|---|
| အားသာချက်များ | အားနည်းချက်များ | အားသာချက်များ | အားနည်းချက်များ |
| ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်များသို့ ချက်ခြင်းဝင်ရောက်နိုင်ခြင်း | ရံဖန်ရံခါလိမ်လည်မှု များရှိခြင်း | ဆက်စပ်ယုံကြည်မှု | အကန့်အသတ်ရှိသော ရင်းနှီးမြှပ်နှံမှုကိရိယာများ စာရင်း |
| Risk diversification၊ manual နှင့် algorithmic trading strategies ပေါင်းစပ်မှု | အရည်အသွေးမပြည့်မီသော marginအသုံးပြုမှုနှင့် ဆက်စပ်သော အန္တရာယ်များ မြင့်မားခြင်း | ဥပဒေအကာအကွယ် | margin အရောင်းအဝယ် သို့ဝင်ရောက်ခွင့်မရှိခြင်း |
| Passive Income ဝန်ဆောင်မှုများ | CFD ကုန်သွယ်မှုမရှိခြင်း | ||
| အမြတ်ရရှိမှုအတွက် အကန့်အသတ်မရှိခြင်း | ကုန်သွယ်မှုလုပ်ဆောင်ချိန် 24နာရီ၊24နာရီထက်ပို ကြာမြင့်ခြင်း | ||
| နည်းပညာနှင့်ပတ်သက်သောအထောက်အပံ့ | spread ကြီးမားခြင်း | ||
| ငွေကြေးဆိုင်ရာ အထောက်အပံ့ | |||
| သတင်းအချက်အလက် ပံ့ပိုးမှု | |||
အထက်ပါ အချက်တွေထဲက တစ်ခုချင်းစီကို အသေးစိတ် လေ့လာကြည့်ရအောင်။
အားသာချက်များ
- ငွေကြေးဈေးကွက်များသို့ ချက်ချင်းဝင်ရောက်ခြင်း။ ကုန်သွယ်မှုအကျိုးဆောင်တစ်ဦးသည် ကိရိယာ 100 ကျော်ကို ပံ့ပိုးပေးနိုင်သည်- ငွေကြေးအတွဲများနှင့် cross rateများ၊ ရှယ်ယာများနှင့် စတော့ရှယ်ယာအညွှန်းကိန်းများ၊ ကုန်စည်များနှင့် cryptocurrencies များပေါ်တွင် CFD များကို ပံ့ပိုးပေးနိုင်သည်။ ယင်းပိုင်ဆိုင်မှုများထဲမှ တစ်ခုခုကို တစ်စက္ကန့်အတွင်း သင်ဝယ်နိုင်သည် သို့မဟုတ် ရောင်းနိုင်သည်။ Forex တွင် ပျမ်းမျှကုန်သွယ်မှုလုပ်ဆောင်သည့်ကာလသည် 100 ms အထိဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် 1 စက္ကန့်အတွင်း ကုန်သွယ်မှု 10 ခုအထိ လုပ်ဆောင်နိုင်သည်ဟု ဆိုလိုသည်။
- ဆုံးရှုံးနိုင်ချေအန္တရာယ်လျော့ချခြင်း။ ကုန်သွယ်မှုအကျိုးဆောင်တစ်ဦးသည် အမျိုးမျိုးသော ကုန်သွယ်မှုနည်းဗျူဟာများကို ပေါင်းစပ်ခွင့်ပြုသည်- လက်စွဲ သို့မဟုတ် အကြံပေးမှု အခြေခံသော နည်းများ၊ Scalping ၊ Swing trading ၊ intraday နှင့် long-term strategies များ၊ အပြန်အလှန်အခြေခံသောနည်းဗျူဟာများ၊hedging အစရှိသည်တို့ဖြစ်သည်။ ကုန်သွယ်မှုတစ်ခုသည် အရှုံးပေါ်နေပါက၊ နောက်တစ်ခုမှ အမြတ်အစွန်းရရှိနိုင်သည်။
- Passive Income ဝန်ဆောင်မှုများ။ ကုန်သွယ်မှုအခြေခံမူများကို စေ့စေ့စပ်စပ်လေ့လာရန် အချိန်မရှိပါသလား။ သင့်ကုန်သွယ်မှုအကျိုးဆောင်၏ passive ရင်းနှီးမြှုပ်နှံမှုဝန်ဆောင်မှုများကို အသုံးပြုပါ။ ဥပမာ၊ ကူးယူကူးသန်းရောင်းဝယ်ခြင်း။ သင့်အနေဖြင့် လုပ်ဆောင်ရန်မှာ စွန့်စားမှုအန္တရာယ်စီမံခန့်ခွဲမှု၏ အခြေခံများကို လေ့လာပြီး မိမိကူးယူလိုသည့်ကုန်သည်ကို ရွေးချယ်ရန်သာ လိုအပ်သည်။ ဤနည်းအားဖြင့် ယင်းကုန်သည်၏ ကုန်သွယ်မှုများကို သင့်အကောင့်ထဲသို့ အလိုအလျောက် ကူးယူသွားလိမ့်မည်ဖြစ်သည်။
- အခမဲ့နည်းပညာပံ့ပိုးမှု-
- ကမ္ဘာ့ထိပ်တန်းဝန်ဆောင်မှုပေးသူများထံမှ အွန်လိုင်းကိုးကားချက်များ။ သင်သည် ဇယားများပေါ်တွင် စက္ကန့်တိုင်း အပ်ဒိတ်လုပ်ထားသော ပိုင်ဆိုင်မှုများ၏နှုန်းထားများကို ရရှိနိုင်ပါသည်၊
- ကုန်သွယ်မှုပလက်ဖောင်း။ ကိုးကားချက်များကိုခွဲခြမ်းစိတ်ဖြာခြင်း၊ ဇယားများ တည်ဆောက်ခြင်း နှင့် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုညွှန်းကိန်းများကိုအသုံးပြုရန်ခွင့်ပြုသည့်ဆော့ဖ်ဝဲ။ ဤနေရာတွင် မှတ်ပုံတင်စရာမလိုဘဲ ကုန်သွယ်မှုတာမင်နယ်၏အင်္ဂါရပ်များနှင့် သင့်ကိုယ်သင် အကျွမ်းတဝင်ရှိအောင် လေ့လာပါ။
- ဒီမိုအကောင့်။ သရုပ်ပြငွေကြေးဖြင့် အခမဲ့အကောင့်တစ်ခု။ သင်၏ဗျူဟာများနှင့် အကြံပေးများကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ပြီး သရုပ်ပြအကောင့်တစ်ခုရှိ ပလက်ဖောင်း၏လုပ်ဆောင်ချက်များနှင့် သင်ကိုယ်တိုင်ရင်းနှီးအောင်လုပ်ပါ။ ငွေအစစ်အမှန်ဆုများဖြင့် အခမဲ့ပြိုင်ပွဲများကို သရုပ်ပြအကောင့်များတွင် ကျင်းပလေ့ရှိသည်။ ဤ link ကို အသုံးပြု၍ ပြိုင်ပွဲတွင် စာရင်းသွင်းပြီး ပါဝင်နိုင်ပါသည်။
- ကာလတိုကုန်သွယ်မှုအနေအထားများ။ ကုန်သွယ်မှုအကျိုးဆောင်ထံမှ ပိုင်ဆိုင်မှုတစ်ခုကို "ချေးငှား" နိုင်ပြီး မြင့်မားသောစျေးနှုန်းဖြင့် ရောင်းချပြီးနောက် ၎င်းကို လျှော့စျေးဖြင့် ဝယ်ယူကာ ကုန်သွယ်မှုအကျိုးဆောင်ထံမှ ရယူထားခဲ့သော ခရက်ဒစ် အကြွေးကို ပြန်ပေးဆပ်နိုင်ပါသည်။ ကုန်သွယ်မှု အကျိုးဆောင်၏အကူအညီမပါဘဲ ကာတိုကုန်သွယ်မှုအနေအထားများဖွင့်ရန် မဖြစ်နိုင်ပါ။
- ငွေကြေးပံ့ပိုးမှု-
- Leverage။ ကုန်သွယ်မှု၏ပမာဏကို အဆ တစ်ဆယ် သို့မဟုတ် တစ်သိန်းအထိ တိုးမြှင့်ပေးသည့် အခမဲ့ ခရက်ဒစ်ပံ့ပိုးပေးမှုတစ်ခုဖြစ်သည်။ 1:10 leverage ကိုအသုံးပြုခြင်းဖြင့် သင့်အကောင့်တွင် USD 100 သာရှိသော်လည်း ယင်း leverage ဖြင့် 1,000 USD အထိ အရောင်းအ၀ယ်ပြုလုပ်နိုင်ပါသည်။
Leverage နှင့်ပတ်သက်သောအသေးစိတ်အချက်အလက်များအတွက် ဤ ဆောင်းပါးကို ဖတ်ရှုနိုင်ပါသည်။
- အပိုဆုငွေများ။ သင့်တွင် ငွေပေးချေမှုပမာဏ၏ 50% မှ 100% အထိ တိုးစေသော လက်ဆောင် အချို့ကိုရရှိနိုင်ပါသည်။
- အချက်အလက်ပံ့ပိုးမှု-
- နည်းပညာပိုင်းဆိုင်ရာနှင့် အခြေခံခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ အခြေခံများအပါအဝင် လေ့ကျင့်ရေး ပစ္စည်းများ။
- ထိပ်တန်းကုန်သည်များထံမှ နေ့စဉ် ခွဲခြမ်းစိတ်ဖြာမှုများနှင့် သုံးသပ်ချက်များ- အမြင်များ၊ စိတ်ကူးများနှင့် ခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်များ။
- ဆွေးနွေးပွဲများနှင့် webinars များ။
- အပိုကိရိယာများ- စီးပွားရေးပြက္ခဒိန်၊ lot/ဆက်စပ်မှု/မတည်ငြိမ်မှုဂဏန်းတွက်စက် စသည်ရှိသည်တို့ ဖြစ်သည်။
- Affiliate Program။ သင်သည် အသက်ဝင်သောကုန်သွယ်မှု သို့မဟုတ် ကူးယူကူးသန်းရောင်းဝယ်ရေး မှသာမက လွှဲပြောင်းပေးသည့်ကွန်ရက်တစ်ခုမှလည်း ဝင်ငွေရနိုင်သည်။ ကုန်သည်အသစ်များကို ခေါ်ယူပြီး ၎င်းတို့ ကော်မရှင်၏ ရာခိုင်နှုန်းကို ရယူပါ။ ကုန်သွယ်မှုအကျိုးဆောင်တစ်ဦးသည် အခမဲ့ကြော်ငြာပစ္စည်းများကို ပံ့ပိုးပေးသည်- ခေါင်းစည်းများ၊ စီးပွားရေးကတ်များ၊ landing page စာမျက်နှာများ၊ လင့်ခ်များ အစရှိသည်တို့ဖြစ်သည်။
အားနည်းချက်များ-
1. ရံဖန်ရံခါ လိမ်လည်မှုများ
လွန်ခဲ့သော ငါးနှစ် ခြောက်နှစ်ခန့်လောက်က မရိုးသားသော ကုန်သွယ်မှုအကျိုးဆောင်တစ်ဦးကို တွေ့ဖူးပါသည်။ လိမ်လည်မှုများသည် အပ်ငွေများဖြင့် ခြယ်လှယ်ခြင်းမှ စျေးနှုန်းဇယားများနှင့် ဖောက်သည်အရောင်းအ၀ယ်ပြုလုပ်သည့် ခြယ်လှယ်မှုများအထိ ပါဝင်သည်။
ယနေ့ခေတ်တွင်၊ ပုံဖျက်မထားသော လိမ်လည်မှုများသည် ရှားပါးသောအရာဖြစ်သည်၊ သို့သော် ၎င်းတို့သည် သင့်အတွက် မည်သည့်အခါမျှ ဖြစ်လာမည်မဟုတ်ကြောင်း မည်သူမျှ အာမခံနိုင်မည်မဟုတ်ပေ။
ယုံကြည်စိတ်ချရသော ကုန်သွယ်ရေးအကျိုးဆောင်နှင့် အရောင်းအဝယ်စတင်ပါ
2. အရည်အသွေးမပြည့်မီသော marginအသုံးပြုမှုနှင့် ဆက်စပ်သောအန္တရာယ်များ
- Margin trading သည် ကုန်သွယ်မှုအကျိုးဆောင်မှတစ်ဆင့် ကုန်သွယ်မှု၏ အထင်ရှားဆုံး အားသာချက် ဖြစ်သည်။ သို့သော်၊ စတင်သူကုန်သည်များသည် ဤအားသာချက်အတွက် ဓားစာခံများ ဖြစ်လာနိုင်သည်။
- အာရုံစူးစိုက်မှုမရှိဘဲ leverageကို ထိန်းချုပ်နိုင်စွမ်းမရှိခြင်းသည် ချက်ချင်းအပ်ငွေဆုံးရှုံးမှုကို ဖြစ်စေနိုင်သည်။ ဤကဲ့သို့သော အခြေအနေမျိုးသည် ဖောက်သည်၏ အမှားဖြစ်သည်။
- leverage ကိုအသုံးပြုခြင်း၏အခြားတစ်ဖက်မှာ margin ဖြစ်သည်။ စတင်သူအများစုသည် marginနည်းလေ၊ အပ်ငွေ မဆုံးရှုံးရန် အခွင့်အလမ်းပိုများလေဟု ယုံကြည်ကြသည်။
- ဤသည်မှာ မှန်ကန်ပုံရသည်၊ သို့သော် အမှန်တကယ်တွင်၊ နိမ့်ပါးသော marginများသည် အရောင်းအ၀ယ်ပိုမိုပြုလုပ်ရန် စတင်သူအား တိုက်တွန်းနေသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် အပ်ငွေကို အောက်ခြေသို့ရောက်အောင် ဆွဲချနိုင်သည့် ဧရာမ နှင်းလုံးကြီးတစ်ခုကဲ့သို့ စုပြုံနေနိုင်သည်။
ကုန်သွယ်မှုအကျိုးဆောင်မပါဘဲကုန်သွယ်ခြင်း၏အားနည်းချက်များ
အဲဒါတွေကို အသေးစိတ် ဆန်းစစ်ကြည့်ရအောင်။
- နည်းပါးသောရင်းနှီးမြှပ်နှံမှုကိရိယာများစာရင်း။ ရင်းနှီးမြုပ်နှံမှုဘဏ်များနှင့်ပတ်သက်လာလျှင် ၎င်းတို့ ကမ်းလှမ်းနိုင်သမျှအရာများမှာ ငွေကြေးအတွဲအနည်းငယ်နှင့် ၎င်းတို့၏ ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှု ထုတ်ကုန်များသာဖြစ်သည်။ ဖွဲ့စည်းပုံမှတ်စုများ သို့မဟုတ် ETFs များသည်လည်း လူကြိုက်များ ရေပန်းစားသည်။ ဤသည်မှာ အကုန်ပင်ဖြစ်သည်။ မြင့်မားသောအမြတ်အစွန်းကို မဖော်ပြဘဲ ဤနေရာတွင် သင့်အတွက် ရွေးချယ်စရာ ကြီးကြီးမားမားမရှိပါ။ မိမိပိုက်ဆံကို မဆုံးရှုံးအောင် ကြိုးစားပါ။
- margin အရောင်းအ၀ယ်သို့ဝင်ရောက်ခွင့်မရှိခြင်း။ Leverage နှင့် margin ယန္တရားများသည် ကုန်သွယ်မှုအကျိုးဆောင်၏ အထူးအခွင့်အရေးဖြစ်သည်။ ထိုကိရိယာများကို သင့်အား အခြားမည်သူမျှ မပေးနိုင်ပါ။
- CFD ကုန်သွယ်မှုမရှိခြင်း။ CFD (ခြားနားချက်အတွက် စာချုပ်) သည် စတော့များနှင့် ကုန်စည်များကဲ့သို့သော အဓိကပိုင်ဆိုင်မှုများမှ ဆင်းသက်လာသော အထူးကိရိယာတစ်ခုဖြစ်သည်။ စတော့ရှယ်ယာများနှင့် ကုန်စည်များမရှိခြင်းအတွက် CFDs များကိုလည်း မရနိုင်ပါ။
- ကုန်သွယ်မှုလုပ်ဆောင်ချိန် 24 နာရီနှင့် 24နာရီထက်ပိုခြင်း။ တစ်ခုခုဝယ်ဖို့၊ ငရဲစက်ဝိုင်း ကိုးခုကို ဖြတ်သန်းဖို့ လိုပါတယ်။ စာရွက်အတွဲများကို ဖတ်ပြီး လက်မှတ်ထိုးဖို့ လိုပါတယ်။ ထို့နောက်တွင်၊ သင်သည် သင်၏ကုန်သွယ်မှုကို စာရင်းသွင်းရန်စောင့်ဆိုင်းနေရသည်၊ အစရှိသည်တို့ဖြစ်သည်။ ထို့အတွက်ကြောင့် မြန်မြန်ဆန်ဆန် အရောင်းအဝယ်ပြုလုပ်ရန် မဖြစ်နိုင်ပါဘူး။
- ကြီးမားသော spreadများ။ငွေလဲလှယ်သည့်ပွိုင့်များတွင် အဓိကငွေကြေးများ၏ နှုန်းထားများ ပြောင်းလဲနေသည်ကို သင်မြင်ဖူးပါသလား။ အကောင်းဆုံးမှာ၊ အဝယ်နှင့် ရောင်းနှုန်းများအကြား ကွာခြားချက်မှာ ငွေကြေးယူနစ်အနည်းငယ်သာ ဖြစ်လိမ့်မည်။ သို့သော် spreadသည် 80% အထိ ဖြစ်နိုင်သည်။ သင်ငွေကြေးကို $10 ဖြင့်ရောင်းနိုင်ပြီး ၎င်းကို $18 ဖြင့်ဝယ်နိုင်သည်။ ဤအတွက် အမြတ်လုံးဝမရှိပါ။
နိဂုံးချုပ်
အမြတ်အစွန်း ရှိသော Forex ကုန်သွယ်မှုနှင့် OTC ကုန်သွယ်မှုသည် ကုန်သွယ်မှုအကျိုးဆောင်မပါဘဲ လက်တွေ့တွင် မဖြစ်နိုင်ပေ ။ ကုန်သွယ်မှုအကျိုးဆောင်သည် သင်၏လုပ်ဖော်ကိုင်ဖက်ဖြစ်သည်-
- ငွေကြေး၊ စတော့၊ ကုန်စည်နှင့် ဒစ်ဂျစ်တယ် စျေးကွက်များ၏ ကိရိယာများထံ သင်ဝင်ရောက်ခွင့်ကို ဖွင့်ပေးသည်။
- နည်းပညာကို ပံ့ပိုးပေးသည်- အမှာစာများကို လုပ်ဆောင်ပြီး ကိုးကားချက်များကို ပေးပို့သည်။
- အပိုဝင်ငွေအခွင့်အလမ်းများကို ပေးဆောင်သည်- လူမှုရေးကုန်သွယ်မှု၊ တွဲဖက်အစီအစဉ်များ အစရှိသဖြင့်။
- ကုန်သွယ်မှုပလပ်ဖောင်း၊ ဂဏန်းတွက်စက်များ၊ နည်းပညာပိုင်းခွဲခြမ်းစိတ်ဖြာမှုကိရိယာများကို ပံ့ပိုးပေးသည်။
- အခြေခံခွဲခြမ်းစိတ်ဖြာသုံးသပ်မှု၊ လေ့ကျင့်ရေးပစ္စည်းများနှင့် ကုန်သွယ်မှုအခြေခံအသိပညာများ ကို မျှဝေပေးသည်။
ထို့ကြောင့်၊ ကုန်သွယ်မှုအကျိုးဆောင်တစ်ဦးသည် သင့်အား မည်သည့်ဘဏ္ဍာရေးကိရိယာများမှမဆို ဝင်ငွေအတွက် အကန့်အသတ်မရှိအခွင့်အရေးများကို ပေးပါသည်။ သင့်ဝင်ငွေအဆင့်သည် သင့်အတွေ့အကြုံ နှင့် ကျွမ်းကျင်မှုအဆင့်ပေါ်တွင်သာ မူတည်ပါသည်။
ကုန်သွယ်မှုအကျိုးဆောင်မပါဘဲ စတော့ရှယ်ယာများကို ရောင်းဝယ်နည်း
စတော့ဈေးကွက်သည် Forex စျေးကွက်နှင့် များစွာကွာခြားသည်။ ၎င်းသည် ကျွမ်းကျင်ပညာရှင်များသာ ဝင်ရောက်နိုင်သည့် တကယ့်ပိုင်ဆိုင်မှုစျေးကွက်ဖြစ်သည်။ စတော့ဈေးကွက်သည် ၎င်း၏အဖွဲ့ဝင်များအပေါ် တိကျသောစံနှုန်းများ ချမှတ်ထားသော်လည်း မည်သူမဆို Forex ကုန်သွယ်မှုကို ပြုလုပ်နိုင်သည်။ သင်သူတို့နှင့်တွေ့ဆုံခြင်းမရှိပါက၊ ကိုယ်စားလှယ်မပါဘဲ အရောင်းအ၀ယ်လုပ်နိုင်မည်မဟုတ်ပါ။
အကယ်၍ သင်သည် စတော့အိတ်ချိန်းတွင် စတော့ရှယ်ယာရောင်းဝယ်မှုပြုလုပ်လိုပါက၊ သင့်တွင် ရွေးချယ်စရာများစွာရှိသည်။
1. Professional participant's certificateကိုရယူပါ။
ဤသည်မှာ ဥပမာတစ်ခုသာ ဖြစ်ပါသည်- စတော့ရှယ်ယာရောင်းဝယ်ရေးတွင် ပရော်ဖက်ရှင်နယ် ပါဝင်သူတစ်ဦးသည် ကုန်သွယ်မှုအကျိုးဆောင်ဖြစ်သည်။ တစ်ဦးချင်းနှင့်ပတ်သက်လာလျှင် မတူညီသော နိုင်ငံများတွင် မတူညီသောလိုအပ်ချက်များကို ပြဌာန်းထားသော်လည်း ၎င်းတို့၏သတ်မှတ်ချက်အရာများသည် တူညီလုနီးပါးဖြစ်သည်။
ငွေရေးကြေးရေးမှာ အဓိကရှိရမည်ဖြစ်သည်။ ကုန်သွယ်မှုအကျိုးဆောင်မှတဆင့် အရောင်းအ၀ယ်လုပ်သက် 2 နှစ် မှ 5 နှစ်ရှိရမည်။ သင့်ရင်းနှီးမြုပ်နှံမှု အစုစုတွင် စတော့များ၊ ပိုင်ဆိုင်မှုများ၊ အဖွင့်ရန်ပုံငွေများ သို့မဟုတ် မှတ်စုများကဲ့သို့ အနည်းဆုံး မတူညီသော ကိရိယာလေးမျိုး ပါဝင်ရပါမည်။ ပျမ်းမျှအားဖြင့် သင်၏ ရင်းနှီးမြှုပ်နှံမှုမတည်ငွေမှာ အနည်းဆုံး USD 100,000 ဖြစ်ရမည်။ တစ်နှစ်အတွင်း အနည်းဆုံး တစ်လလျှင် တစ်ကြိမ် အရောင်းအ၀ယ်ပြုလုပ်ရပါမည်။
စစ်မှန်သော masochists များသာလျှင် ထိုလိုအပ်ချက်များနှင့် ပတ်သက်၍ သူတို့ကိုယ်သူတို့ အနှောင့်အယှက် ပေးလိမ့်မည်။ အခြားတစ်ဖက်တွင်၊ သင်သည် စတော့အိတ်ချိန်းတွင် အရောင်း အဝယ်ပြုလုပ်ရန် တိုက်ရိုက် ဝင်ရောက်ခွင့်ရမည်ဖြစ်ပြီး သင့်အား မည်သူမျှ နှောင့်ယှက် နိုင်မည် မဟုတ်ပါ။
candle နှင့် မထိုက်တန်ဘူးလို့ ထင်ပါသည်။ စတော့အိတ်ချိန်းကုန်သွယ်မှုအကျိုးဆောင်များကို သေချာစွာ စစ်ဆေးသင့်သည်။ ပေါ့လျော့မှုရှိသော မည်သည့်ခြေလှမ်းမဆို ၎င်းတို့၏လုပ်ငန်းကို ထိခိုက်စေနိုင်သည်၊ ထို့ကြောင့် ကုန်သွယ်မှုအကျိုးဆောင်မှတစ်ဆင့် ကုန်သွယ်မှုသည် ပို၍သက်တောင့်သက်သာရှိပြီး ဘေးကင်းပါသည်။
2. ကုန်သွယ်မှုအကျိုးဆောင်တစ်ဦးနှင့် ကုန်သွယ်မှုအကျိုးဆောင်ဝန်ဆောင်မှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးပါ။
၎င်းသည် စတော့ရှယ်ယာရောင်းဝယ်မှုသို့ ဝင်ရောက်ရန် အလွယ်ကူဆုံးနှင့် အဆင်ပြေဆုံးနည်းလမ်းဖြစ်သည်။ စတော့ကုန်သွယ်မှုအကျိုးဆောင်သည် Forex ကုန်သွယ်မှုအကျိုးဆောင်တစ်မျိုးဖြစ်ပြီး ခြားနားချက်မှာ စတော့ကုန်သွယ်မှုအကျိုးဆောင်ကို စတော့အိတ်ချိန်းနှင့် ဗဟိုဘဏ်တို့က ထိန်းချုပ်ထားလေ့ရှိသည်။
ထို့အပြင် စတော့အိတ်ချိန်းတွင် ကုန်သွယ်မှုသဘောတူညီချက်ကို လူကိုယ်တိုင် လက်မှတ်ရေးထိုးရမည်။ Forex နှင့်မတူဘဲ ယင်းသည် အများသူငှာအားလုံးအတွက် ကမ်းလှမ်းချက်မဟုတ်ပါ။ ထို့နောက် သင်သည် စတော့အိတ်ချိန်းတွင် ရောင်းဝယ်သည့် စတော့ရှယ်ယာများ၊ ပိုင်ဆိုင်မှုများ နှင့် စတော့အိတ်ချိန်းတွင် ရောင်းဝယ်သည့် မည်သည့်အရာမဆို အပြည့်အဝ ဝင်ရောက်နိုင်မည်ဖြစ်သည်။
စတော့ကုန်သွယ်မှုအကျိုးဆောင်များ၏ Forex ဝန်ဆောင်မှုများသည် ယနေ့ခေတ်တွင် ရေပန်းစားနေပါသည်။ ၎င်းတို့၏စနစ်များမှတဆင့်ကုန်သွယ်မှုသည်ပိုမိုယုံကြည်စိတ်ချရသည်ဟုဆိုသည်။ သို့သော် ဤအရာက Marketing သက်သက်သာဖြစ်ပါသည်။
ဝန်ဆောင်မှုပေးသူမည်သူဖြစ်ပါစေ Forex စျေးကွက်သည် နေရာတိုင်းတွင် တူညီပါသည်။ ရလဒ်ကတော့ အတူတူပါပဲ။ ကုန်သွယ်မှုအကျိုးဆောင်တစ်ဦး၏ယုံကြည်စိတ်ချရမှုသည် စတော့ကုန်သွယ်မှုအကျိုးဆောင် သို့မဟုတ် အစစ်အမှန် Forex ကုန်သွယ်မှုအကျိုးဆောင်ဟုတ်မဟုတ်ပေါ်တွင် မူတည်သည်မဟုတ်ပါ။ အမှန်တကယ်တွင်၊ ၎င်းသည် ငွေထုတ်ခြင်းအပေါ် အခွန်ပေးဆောင်ရသည့်အတွက် ၎င်းယုံကြည်စိတ်ချရမှုမှာ သင့်အား ငွေကုန်ကျစေမည်ဖြစ်သည်။ ဤသည်မှာ နောက်အချက်တစ်ခုဖြစ်ပါသည်။
ဤနေရာတွင် "ရိုးရိုးဝယ်ရောင်း" ဆိုသည့်အချက်မျိုး မရှိကြောင်း သတိပြုမိပါသလား။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ မဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။ အရှေ့တွင်ဖော်ပြခဲ့သလိုပါပဲ စတော့အိတ်ချိန်းအဖွဲ့ဝင်တစ်ဦးဟာ တင်းကျပ်တဲ့ ဥပဒေပြုရေးဆိုင်ရာ လိုအပ်ချက်တွေကို လိုက်နာရပါမည်။ ခွင့်ပြုမိန့်လိုင်စင်ရှိခြင်းအပြင်၊ သင်သည် ကုန်သွယ်မှုအရောင်းအဝယ်ပြုရန် စီစဉ်ထားသော စတော့အိတ်ချိန်းတွင် နိုင်ငံ၏ ဝင်ငွေအေးဂျင့်ဖြစ်ရပါမည်။
သင်သည် အခြားပုဂ္ဂိုလ်တစ်ဦးထံမှ စတော့ရှယ်ယာများကို ဝယ်ယူသော်လည်း၊ ၎င်းကို စာရင်းသွင်းခြင်း သို့မဟုတ် အပ်ငွေစာရင်းတွင် ပြန်လည်မှတ်ပုံတင်ခြင်းမပြုမချင်း ၎င်းသည် သင့်လက်ဝယ်ပိုင်ဆိုင်မှု ဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့်၊ ပုဂ္ဂလိကကုန်သည်တစ်ဦးသည် ကုန်သွယ်မှုအကျိုးဆောင်မပါဘဲ စတော့အိတ်ချိန်းတွင် အရောင်းအဝယ် ပြုလုပ်ရန်မဖြစ်နိုင်ပါ။
ETFs၊ အဖွင့်ငွေများ သို့မဟုတ် အပ်ငွေလက်ခံဖြတ်ပိုင်းများအတွက်၊ ၎င်းတို့ကို ကုန်သွယ်မှု အကျိုးဆောင်မှ တစ်ဆင့်သာ ဝယ်ယူနိုင်ပါသည်။ အခြားနည်းလမ်းမရှိပါ။
ကုန်သွယ်မှုအကျိုးဆောင်မပါဘဲ Forex အရောင်းအဝယ်ဖြစ်နိုင်ပါသလား။
ပရော်ဖက်ရှင်နယ် စျေးကွက်တွင် ပါဝင်သူများသာ စတော့အိတ်ချိန်းများသို့ တိုက်ရိုက်ဝင်ရောက်ခွင့်ရှိသည်ကို အစောပိုင်းတွင် ကျွန်ုပ်တို့ သိရှိထားပါသည်။ တိုက်ရိုက်စတော့ရှယ်ယာဝယ်ယူမှုအစီအစဉ် (DSPP) ကို အသုံးပြု၍ စတော့ရှယ်ယာများဝယ်ယူရန်အခွင့်အရေးရှိပါသည်၊ သို့သော်၎င်းသည်အခြားဇာတ်လမ်းဖြစ်သည်။
ဤသို့ဆိုလျှင် ကုန်သွယ်မှုအကျိုးဆောင်မပါဘဲ အရောင်းအဝယ်ရဲ့ အားသာချက် အားနည်းချက်တွေကို ဆန်းစစ်ကြည့်ရအောင်။
အားသာချက်များ
- အပြာရောင်ချစ်ပ်များသာမက နိုင်ငံခြားကုမ္ပဏီများ၏ စတော့ရှယ်ယာများကို ဝင်ရောက် ကြည့်ရှုနိုင်ခြင်း။ အစပြုသူကုန်သည်များသည် ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို ခန့်မှန်းရန် ခက်ခဲလေ့ရှိသည်၊ ထို့ကြောင့် စည်းကမ်းထိန်းသိမ်းရေးသည် အန္တရာယ်နည်းပါးသော ပိုင်ဆိုင်မှုများကိုသာ ပံ့ပိုးပေးခြင်းဖြင့် အန္တရာယ်ကို ကန့်သတ်ထားသည်။
- နိုင်ငံခြားမှ ဆင်းသက်လာသော ကိရိယာများ သုံးစွဲခွင့်။ ကုန်သွယ်မှုအကျိုးဆောင်တစ်ဦးသည် သင့်အား သင့်နိုင်ငံ၏ forward contract များကိုသာ ကုန်သွယ်မှုပြုနိုင်ပြီး အန္တရာယ်ရှိသော နိုင်ငံခြားငွေလွှဲပို့မှုများကို မပါဝင်ပါ။
- ETF၊ ETN၊ Mutual Funds၊ ယူရိုငွေချေးစာချုပ်များ စသည်တို့ကို ဝင်ရောက်ကြည့်ရှုနိုင်ခြင်း၊ ပရော်ဖက်ရှင်နယ် စျေးကွက်တွင် ပါဝင်သူများသာလျှင် နိုင်ငံခြားရန်ပုံငွေများတွင် ရင်းနှီးမြှုပ်နှံနိုင်ပါသည်။
- ငွေသွင်းပြေစာများ သုံးစွဲခွင့်။ ရှုပ်ထွေးလွန်းသောကြောင့် ဤကိရိယာများသည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများကြားတွင် ရေပန်းစားခြင်းမရှိသောကြောင့် အရည်အချင်းမပြည့်မီသော အဖွဲ့ဝင်များအတွက် မရနိုင်ပါ။
အားနည်းချက်များ-
- ဝင်ခွင့်အဆင့် ပရော်ဖက်ရှင်နယ်အသင်းဝင်တစ်ဦး၏ အနည်းဆုံးပိုင်ဆိုင်မှုတန်ဖိုးသည် အနည်းဆုံး USD 100,000 ဖြစ်ရမည်။ ၎င်းသည် ကုန်သွယ်မှုအကျိုးဆောင်၏ တရားဝင် အရင်းအနှီးနှင့် သက်ဆိုင်သည်။ ဥပမာအားဖြင့်၊ USA တွင် ရင်းနှီးမြှုပ်နှံသူတစ်ဦးသည် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း 100 ကို စီမံခန့်ခွဲရမည်။
- အနိမ့်ဆုံး ပမာဏ လိုအပ်ချက်။ သင်သည် စတော့အိတ်ချိန်းတစ်ခုတွင် လေးပုံတစ်ပုံလျှင် အနည်းဆုံး အရောင်းအ၀ယ်အနည်းငယ်ပြုလုပ်ရမည်ဖြစ်ပြီး စုစုပေါင်းပမာဏ အနည်းဆုံး ဒေါ်လာ 100,000 ဖြင့် တစ်လလျှင် အနည်းဆုံးတစ်ကြိမ် ပြုလုပ်ရပါမည်။
- အရည်အချင်းလက်မှတ်။ သင့်နိုင်ငံ၏ စည်းကမ်းထိန်းသိမ်းရေးမှူးသည် သင့်အတွက် လိုက်နာမှုလက်မှတ်ကို ထုတ်ပေးရပါမည်။ ဥပမာအားဖြင့်၊ US တွင်၎င်းသည် SEC ၏လက်မှတ်ဖြစ်သည်။
- margin ကုန်သွယ်မှုယန္တရားမရှိပါ။ ကျွန်ုပ်တို့သိရှိထားပြီးဖြစ်သည့်အတိုင်း ကုန်သွယ်မှု အကျိုးဆောင် လိုင်စင်မရှိဘဲ သင့် margin များကို သင်အသုံးပြုနိုင်မည်မဟုတ်ပါ။
- အကျိုးအမြတ်အပေါ် လွတ်လပ်သော အခွန်ပေးဆောင်ခြင်း။ အကယ်၍ သင်သည် ကုန်သွယ်မှုအကျိုးဆောင်၏ ဖောက်သည်ဖြစ်ပါက၊ သင့်ကုန်သွယ်မှုအကျိုးဆောင်သည် သင့်အတွက် အခွန်အားလုံးကိုပေးဆောင်ပြီးဖြစ်သည့်အတွက် ၎င်းကိုသင်စိုးရိမ်နေစရာမလိုပါ။ သင်ကိုယ်တိုင် ပရော်ဖက်ရှင်နယ် စျေးကွက်အဖွဲ့ဝင်တစ်ဦးဖြစ်ပါက၊ သင်သည် အခွန်ကြေငြာချက်ကို ဖြည့်စွက်ပြီး အခွန်ကို ကိုယ်တိုင်ပေးဆောင်ရပါမည်။ အပိုဝန်ထုပ်ဝန်ပိုးတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။
မြင့်မားသောဝင်ရောက်မှုကန့်သတ်ချက်အတွက် အဖြေသည် ရှယ်ယာများပေါ်တွင် CFDs ၏ OTC စျေးကွက်တွင် အရောင်းအဝယ်ဖြစ်နိုင်သည်။ စတင်ရန်အတွက် သင်သည် USD 50-100 သာ လိုအပ်မည်ဖြစ်သည်။ ကိုးကားချက်များကို နှိုင်းယှဉ်ရန် ဇယားနှစ်ခုကို ပေးပါမည်။
ဤသည်မှာ LiteFinance ၏ကုန်သွယ်မှုတာမင်နယ်မှရယူထားသော ရှယ်ယာများအတွက် CFD ဇယား ဖြစ်သည်။
ဤသည်မှာ စတော့အိတ်ချိန်း၏ ကိုးကားချက်ဇယားဖြစ်သည်။
၎င်းတို့သည် တူညီကြသည်။ သေးငယ်သော ကွာခြားချက်သည် မတူညီသော အတိုင်းအတာဖြင့် တည်ရှိသော်လည်း ကိုးကားချက်များမှာ တူညီလုနီးပါးဖြစ်သည်။ စတော့အိတ်ချိန်းရှိ Facebook ရှယ်ယာများ၏ ကိုးကားချက်များနှင့် Forex ရှိရှယ်ယာများတွင် CFD များ 2 ဆင့်သာကွာခြားသည်ကို သတိပြုပါ။
နိဂုံးချုပ် - ကုန်သွယ်မှုအကျိုးဆောင်မပါဘဲ ကုန်သွယ်မှုသည် passive ရေရှည်ရင်းနှီးမြှုပ်နှံရန်အတွက် သေးငယ်သော အရင်းအနှီးရှိသည့် ကုန်သည်များအတွက် စိတ်ဝင်စားဖွယ်ဖြစ်နိုင်သည်။ တက်ကြွသော ကုန်သွယ်မှုနှင့်ပတ်သက်လာလျှင်၊ Forex တွင် ရှယ်ယာများပေါ်တွင် CFDs များကို ရောင်းဝယ်ရန် အကြံပြုပါသည်။ ကုန်သွယ်မှုသဘောတရားသည် တူညီသော်လည်း စတော့အိတ်ချိန်းကြေးများကို ဖယ်ထုတ်ထားပြီး အပ်ငွေသည် တက်ကြွသောကုန်သွယ်မှုအတွက် လုံလောက်မည်ဖြစ်သည်။ ထို့အပြင်၊ ကုန်သွယ်မှုအကျိုးဆောင်မပါဘဲ margin trading မဖြစ်နိုင်သော်လည်း leverage ကိုသုံးနိုင်ပါသည်။
ကုန်သွယ်မှုကို အခုပဲ စတင်မည်
နိဂုံးချုပ်
ရင်းနှီးမြုပ်နှံပြီး အရောင်းအ၀ယ်လုပ်ဖို့ အလေးအနက်စီစဉ်နေပါက ကုန်သွယ်မှုအကျိုးဆောင်မပါဘဲ ကုန်သွယ်မှုကို မလုပ်ဆောင်နိုင်ကြောင်း သိရှိထားသင့်ပါသည်။ ကုန်သွယ်မှုအကျိုးဆောင်တစ်ဦးမှသာလျှင် သင့်အား ကမ္ဘာလုံးဆိုင်ရာစျေးကွက်များနှင့် ငွေကြေး၊ စတော့များ၊ ရေနံ သို့မဟုတ် cryptocurrency ကဲ့သို့သော ရင်းနှီးမြုပ်နှံမှုကိရိယာများကို စက္ကန့်အနည်းငယ်အတွင်း ဝင်ရောက်ကြည့်ရှုနိုင်ခွင့် ပေးနိုင်လိမ့်မည် ဖြစ်ပါသည်။ ကြိုးစားပြီး စစ်မှန်သော ECN ကုန်သွယ်မှုအကျိုးဆောင်များကို ရွေးချယ်ပါ- ၎င်းတို့သာလျှင် အကောင်းဆုံးသော ကုန်သွယ်မှုအခြေအနေများနှင့် အမှာစာများကို အကောင်အထည်ဖော်ရာတွင် သင့်အတွက် မြန်နှုန်းမြင့်ပေးပါသည်။ ထိုသို့သောကုန်သွယ်မှုအကျိုးဆောင်များသည် အောင်မြင်သော ရေရှည်ပူးပေါင်းဆောင်ရွက်မှုကို ရည်ရွယ်သောကြောင့် သင်၏ယုံကြည်စိတ်ချရသော မိတ်ဖက် ဖြစ်လာပါ လိမ့်မည်။
အခုဆိုရင် သင့်အနေဖြင့် အဆင်သင့်ဖြစ်နေပြီဟု ယူဆပါသည်။ LiteFinance Client Space ဖြင့်စတင်ပြီး မှတ်ပုံတင်စရာမလိုအပ်ဘဲ သင်၏ထမဆုံးသော ဒီမိုအကောင့် တစ်ခုတွင် ကုန်သွယ်မှုပြုလုပ်ပါ။
blog
ပရိုမိုကုဒ်
ကုန်သွယ်မှုအကျိုးဆောင် မပါဘဲ ကုန်သွယ်မှု အတွက် FAQ
ထိုကဲ့သို့သော ကုန်သွယ်မှုမျိုး တစ်ခုမှ မရှိပါ။ Forex သည် နေ့စဉ် ၀င်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာနှင့် ညီမျှသော OTC ငွေကြေး စျေးကွက်တစ်ခု ဖြစ်သည်။ ပုဂ္ဂလိက ရင်းနှီးမြုပ်နှံသူများသည် စျေးကွက်ထဲသို့ ကိုယ်တိုင်ဝင်ရောက်ရန် ငွေကြေးနှင့် နည်းပညာဆိုင်ရာ အခွင့်အလမ်းများ မပိုင်ဆိုင်ပါ။ ငွေကြေးဆိုင်ရာ ကြားခံများဖြစ်သည့် ဘဏ်မှတဆင့် သို့မဟုတ် ငွေလဲပွိုင့်တစ်ခုတွင် ငွေကြေးလဲလှယ်ခြင်း မှလည်း ငွေရှာနိုင်ပါသည်။ သို့သော် Forex ကုန်သွယ်မှုအကျိုးဆောင်မှ တဆင့်ဝင်ငွေရှာရန်မှာ ပိုမိုလွယ်ကူပါသည်။
လိုအပ်ပါသည်၊ ကုန်သွယ်မှုအကျိုးဆောင်တစ်ဦးသည် အောက်ပါအင်္ဂါရပ်များနှင့် ဝန်ဆောင်မှုများကို ပေးဆောင်သည်-
- အမြန်ဆုံး 50-100 ms ဖြင့် ငွေဖြစ်လွယ်မှုဝန်ဆောင်မှုပေးသူများနှင့် ECN စနစ်များသို့ ကုန်သွယ်မှုတစ်ခု လွှဲပြောင်းခြင်း။
- အွန်လိုင်းကိုးကားချက်များ။
- Leverage။ သင့်အပ်ငွေပမာဏထက် အဆ 1,000-2,000 အဆပိုကြီးသော ကုန်သွယ်မှုများအတွက် အခမဲ့ ခရက်ဒစ်ပံ့ပိုးပေးခြင်း
- Passive ရင်းနှီးမြှုပ်နှံမှု ကိရိယာများ- ကူးသန်းရောင်းဝယ်ရေး ပလပ်ဖောင်း ၊ PAMM ရင်းနှီးမြှုပ်နှံမှု၊ တွဲဖက်ပရိုဂရမ်များ။
- နည်းပညာပိုင်းနှင့် အခြေခံကျသော ခွဲခြမ်းစိတ်ဖြာခြင်းကိရိယာများ။ အညွှန်းများ၊ အကြံပေးများ၊ နည်းဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစုစုတည်ဆောက်သူများ၊ ကုန်သွယ်မှုဖွင့်ခြင်း အချက်ပြမှုများ၊ ကျွမ်းကျင်သော သုံးသပ်သူများ၏ လေ့လာသုံးသပ်ချက်များ။
- အခြေခံအသိပညာ- နည်းပညာနှင့် အခြေခံခွဲခြမ်းစိတ်ဖြာမှုသင်တန်း၊ ခွဲခြမ်းစိတ်ဖြာမှုနှင့် သတင်းအချက်အလက်ပံ့ပိုးမှု၊ ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများနှင့် အခြားအရာများ။
- အရောင်းအဝယ်ကိစ္စများတွင် ကူညီဆောင်ရွက်ပေးခြင်း။
ကုန်သွယ်မှုအကျိုးဆောင်မပါဘဲ ရောင်းဝယ် ဖောက်ကားခြင်းနှင့် စတော့အိတ်ချိန်း တွင် ၎င်း၏နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီ မှုသည် မဖြစ်နိုင်ပေ။ ကုန်သွယ်မှုအကျိုးဆောင်သည် လုပ်ဖော်ကိုင်ဖက်များ၏ ကွင်းဆက်များတွင် အနည်းဆုံးပါဝင်သည့် NDD (Non-Dealing Desk) ပုံစံတစ်ခု ရှိပါသည်။ နည်းပညာအရ၊ ၎င်းသည် ကုန်သည်တစ်ဦးအား ကိုးကားချက်များကိုသာ ပေးသည်။ ပြိုင်ဘက်သည် ကုန်သည်တစ်ဦး၏ တိုက်ရိုက်မှာယူမှုကို ရရှိသည့် ငွေဖြစ်လွယ်မှု ပံ့ပိုးပေးသူဖြစ်သည်။ လက်လီ Forex ကုန်သည်တစ်ဦးသည် ကုန်သွယ်မှုအကျိုးဆောင်တစ်ဦးမှ နည်းပညာအရ အာမခံထားသည့် Forex စျေးကွက်သို့ တိုက်ရိုက်ဝင်ရောက်ခွင့်ရသည်။
ကုန်သွယ်မှုအကျိုးဆောင်မပါဘဲ NYSE တွင်စတော့အရောင်းအဝယ်ဖြစ် ရန်မဖြစ်နိုင်ပါ။ လိုင်စင်ရ ကုန်သွယ်မှုအကျိုးဆောင်များသာ NYSE ၏ ကိရိယာများကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ၎င်းတို့သည် အနိမ့်ဆုံး တရားဝင်ခွင့်ပြုထားသော အရင်းအနှီး၊ နှစ်အလိုက် အကောင့်လည်ပတ်မှု၊ သတင်းအချက်အလက် ထုတ်ဖော်မှုနှင့် အခြားအရာများနှင့်ပတ်သက်သည့် NFA စည်းကမ်းထိန်းသိမ်းရေး၏ လိုအပ်ချက်များကို လိုက်နာရမည်ဖြစ်သည်။ လိုင်စင်ရရှိသူသည် ရုံးခန်းတစ်ခုပိုင်ဆိုင်ရမည်၊ အသိအမှတ်ပြုခံထားရသော ထိပ်တန်းမန်နေဂျာများကို အလုပ်ခန့်ထားရန်၊ ဘဏ္ဍာရေးအစီရင်ခံစာများကို ပုံမှန်တင်ပြရန်နှင့် သီးသန့်အကောင့်များထားရှိရမည်။ ယင်းသို့ ပြုလုပ်ထားခြင်းမရှိပါက ဒဏ်ကြေးမှာ USD 100,000 နှင့် ထို့ထက်မက ရှိနိုင်သည်။ တရားဝင်ပုဂ္ဂိုလ်များသာ ထိုလိုအပ်ချက်များကို လိုက်နာနိုင်သည်။
ကုန်သွယ်မှုအကျိုးဆောင်မပါဘဲ ကုန်သွယ်မှုအတွက် MetaTrader ကို သင်အသုံးမပြုနိုင်ပါ။ MT4/MT5 သည် ကိုးကားချက်များအား ပိုင်းခြားစိတ်ဖြာခြင်းနှင့် ကုန်သွယ်မှုပြုလုပ်ခြင်းအတွက် ကိရိယာများနှင့် အင်္ဂါရပ်များကို ပံ့ပိုးပေးသည့် ကုန်သွယ်မှုပလပ်ဖောင်းတစ်ခုဖြစ်သည်။ သို့သော်၊ သင်သည် ကုန်သွယ်မှု အကျိုးဆောင်တစ်ဦးနှင့် ဖွင့်ပြီး မီနူးမှတစ်ဆင့် ပလပ်ဖောင်းသို့ ချိတ်ဆက်ထားသည့် ကုန်သွယ်မှုအကောင့်တစ်ခုတွင်သာ ၎င်းကို သင်လုပ်ဆောင်နိုင်သည်။ ကုန်သွယ်မှုအကျိုးဆောင်တစ်ဦးက MT4 နှင့် ကုန်သွယ်မှုအကောင့်ကို ချိတ်ဆက်ခြင်းအား ခွင့်မပြုပါက၊ ကုန်သွယ်မှုအကျိုးဆောင်၏ ဆိုက်မှ သီးသန့်ဆက်တင်များဖြင့် ကုန်သွယ်မှုအကျိုးဆောင်၏ MT4 ဗားရှင်းကို အသုံးပြုသင့်သည်။ အခြားကုန်သွယ်မှုအကျိုးဆောင်များ၏ ဗားရှင်းများ သို့မဟုတ် မူရင်း MetaQuotes ပလပ်ဖောင်းသည် ထိုအခြေအနေတွင် လည်ပတ်နိုင်လိမ့်မည်မဟုတ်ပါ။
Forex ကုန်သွယ်မှုအကျိုးဆောင်များသည် အောက်ပါအခကြေးငွေများကို ကောက်ခံသည်-
- Spread- ပစ္စည်းတစ်ခု၏ အဝယ်နှင့် ရောင်းဈေးကြား ကွာခြားချက်။ ကုန်သွယ်မှုအကျိုးဆောင်တစ်ဦးသည် မိတ်ဖက်အဖြစ် ပြုမူသည့်အခါ B-book ပုံစံအောက်တွင် ကုန်သွယ်မှုအကျိုးဆောင်၏အခကြေးငွေ။ ၎င်းသည် cent အကောင့်များ၏ပုံမှန်ဖြစ်သည်။
- Markup- A-Book မော်ဒယ်အောက်ရှိ spread သို့ ထည့်သောပမာဏ။ ဤပုံစံအောက်တွင်၊ ကုန်သည်တစ်ဦး၏ကုန်သွယ်မှုများကို ပြင်ပစျေးကွက် - ECN စနစ်များနှင့် ငွေဖြစ်လွယ်မှုပံ့ပိုးပေးသူများထံ လွှဲပြောင်းပေးပါသည်။ ထို့ကြောင့် spreadကို စျေးကွက်ဝယ်လိုအား/ထောက်ပံ့မှုအချိုးနှင့် ကုန်သွယ်မှုအကျိုးဆောင်တစ်ဦး၏ စျေးတက်ခြင်းဖြင့် ဖွဲ့စည်းထားသည်။ ကုန်သည်တစ်ဦးသည် နောက်ဆုံးပမာဏကို ကောက်ခံသည်။
- ECN အကောင့်များ၏ ပုံမှန်အတိုင်း၊ lotတစ်ခုလျှင် ပုံသေကော်မရှင်။
- Swap- ကုန်သွယ်မှုကို နောက်နေ့အထိ သယ်ဆောင်ခ။
- အမှန်တကယ်တွင် ကုန်သွယ်မှုအကျိုးဆောင်များစွာမကောက်ခံသည့် ငွေထုတ်ကြေးများ။
အခကြေးငွေပမာဏသည် ကုန်သွယ်မှုအကျိုးဆောင်တစ်ဦး၏ ကုန်သွယ်မှုအခြေအနေများနှင့် ကုန်သွယ်မှုပိုင်ဆိုင်မှုအမျိုးအစားအပေါ် မူတည်ပါသည်။ အခကြေးငွေအားလုံးကို အများသူငှာ ကမ်းလှမ်းမှု၊ အကောင့်အရောင်းအ၀ယ်အခြေအနေများနှင့် စာချုပ်သတ်မှတ်ချက်များတွင် သတ်မှတ်ထားသည်။
မလုပ်ဆောင်နိုင်ပါ၊ ကုန်သွယ်မှုအကျိုးဆောင်မပါဘဲ NSE သို့မဟုတ် BSE တွင် တိုက်ရိုက် ကုန်သွယ်မှုသည် မဖြစ်နိုင်ပါ။ လဲလှယ်ဝင်ရောက်ရန်၊ ကုန်သွယ်မှုအကျိုးဆောင်လိုင်စင်တစ်ခု လိုအပ်ပါသည်။ သင်ကိုယ်တိုင် ကုန်သွယ်မှုအကျိုးဆောင်လိုင်စင်ကို ဝယ်ယူနိုင်သော်လည်း၊ ထို့နောက်တွင် သင်၏အစုရှယ်ယာများ ရောင်းဝယ်မှုတွင် အကျိုးအမြတ်မရနိုင်ပါ။ ဤကိစ္စတွင်၊ အရစ်ကျသည် ပို၍ အကျိုးအမြတ်ရှိသည်။
ကုန်သွယ်မှုအကျိုးဆောင်သည် ပုဂ္ဂလိကဖောက်သည်များအား ၎င်း၏နည်းပညာနှင့် ဥပဒေဆိုင်ရာ စွမ်းဆောင်နိုင်မှုများကြောင့် လဲလှယ်ခွင့်ကို ပေးသည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။














