Balance၊ equity၊ margin၊ free margin နှင့် level တို့သည် အကောင့်၏ အခြေအနေ၊ အမြတ်(သို့) ဆုံးရှုံးမှုအလားအလာ၊ ကုန်သွယ်မှုအသစ်များဖွင့်ရန်အတွက် ကျန်ရှိနေသော ငွေပမာဏနှင့် ကုန်သွယ်မှုမှ ရပ်တန့်ထွက်ခွာရန် အကွာအဝေးတို့ကို ခွဲခြားဖော်ပြထားသည့် ပင်မအတိုင်းအတာ သတ်မှတ်ချက်များ ဖြစ်ပါသည် Equity curve သည် ကုန်သွယ်မှုနှင့် ကုန်သွယ်ရေးနည်းဗျူဟာတို့၏ ထိရောက်မှုကို ထင်ဟပ်မြင်သာစေသည့် ပင်မအမြင်ပိုင်းဆိုင်ရာ အသုံးချကိရိယာ ဖြစ်ပါသည်။ ၎င်းကို ဈေးကွက်ပြောင်းလဲမှုများ၌ ကုန်သွယ်ရေးစနစ်၏ တည်ငြိမ်မှုအဆင့်၊ ပြန်လည်နလန်ထူနိုင်မှုနှုန်း၊ ကျဆင်းမှုများ၏ နက်ရှိုင်းမှုပမာဏ နှင့် အစရှိသည်တို့ကို အကဲဖြတ်ရန်အတွက် အသုံးပြုနိုင်ပါသည်။
ဤဆောင်းပါးတွင် equity ၏ သဘောတရားကို သင်နားလည်ရန်နှင့် အမြတ်အရှုံးမသဲကွဲသော ငွေကြေးရလဒ်ကို ထည့်သွင်းစဥ်းစားသည့် equity ၏ လုံလောက်သော ပမာဏတွက်ချက်ပုံများကို သင့်အား သင်ကြားပေးပါမည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- Forex တွင် equity ဆိုသည်မှာ အဘယ်နည်း။
- Equity တွက်ချက်ပုံ
- Equity ကို မျက်ခြေမပြတ်ကြည့်ရန် အဘယ်ကြောင့် လိုအပ်ပါသနည်း။
- Equity နှင့် balance တို့အကြား ကွဲပြားခြားနားချက်မှာ မည်သည်တို့ ဖြစ်ပါသနည်း။
- Funds နှင့် free margin တို့ကြားတွင်းရှိ ကွာခြားချက်မှာ မည်သည်တို့ ဖြစ်ပါသနည်း။
- Forex အကောင့်တစ်ခုထဲတွင် funds (ရင်နှီးမှုစုစုပေါင်းငွေ) သည် မည်သည့်အနေအထားတွင် ရှိသင့်ပါသနည်း။
- Equity curve နှင့် ကုန်သွယ်ရေး နည်းဗျူဟာများ
- နိဂုံးချုပ်
- Forex ကုန်သွယ်ရေးထဲရှိ Equity နှင့်ပတ်သက်၍ မေးလေ့ရှိသော မေးခွန်းများ
Forex တွင် equity ဆိုသည်မှာ အဘယ်နည်း။
Forex ထဲတွင် Equity မှာ ကုန်သည်တစ်ဦး၏အကောင့်ထဲရှိ စုစုပေါင်းတန်ဖိုးဖြစ်ပြီး ဖွင့်လှစ်ထားသော ကုန်သွယ်မှုများ နှင့် သုံးနိုင်သော စာရင်းရှင်းပြီးလက်ကျန်ငွေတို့ကို ထည့်သွင်းစဥ်းစားထားပါသည်။ ထိုတိုင်းတာမှုသည် ကုန်သည်၏ လက်ရှိငွေကြေးအခြေအနေကို မြင်သာစေပြီး ကုန်သွယ်မှုများအားလုံး ပိတ်သိမ်းပြီးနောက် ကုန်သည်၏ လက်ကျန်စာရင်းရှင်းတမ်းပေါ်တွင် ကျန်ရှိမည်ဖြစ်သော ပမာဏကို ပြသပါသည်။ equity မြင့်မားလေလေ အရောင်းအဝယ်များကို ဝင်ရောက်ရန်အတွက် ကုန်သည်တွင်ရှိမည့် ငွေကြေးအလားအလာပိုများလေလေ ဖြစ်ပါသည်။ ကုန်သွယ်မှုများကို ဖွင့်လှစ်နေစဥ်တွင် ကုန်သည်သည် “Equity” ကန့်သတ်အတိုင်းအတာထဲတွင် သတ်မှတ်ထားသည့် ငွေကြေးပမာဏကို ပိုင်ဆိုင်မည်မဟုတ်ပါ။ ကုန်သွယ်မှု ပိတ်သိမ်းချိန်တွင် ထိုပမာဏကို အကောင့်စာရင်းလက်ကျန်ပေါ်တွင် ပြသပါမည်။
Equity လျော့ကျမှုတစ်ရပ်သည် ကုန်သည်ကို ထပ်တိုးအာမခံအတွက် လိုအပ်ချက်တစ်ခု ဖြစ်သည့် စရံငွေလျော့ပါးမှုသတိပေးချက်တစ်ခုအား လက်ခံရရှိခြင်း ရလဒ်ဖြစ်ပေါ်စေပါသည်။ Margin call တစ်ခုမှာ ကုန်သည်သည် ဆုံးရှုံးမှုများကို ကာမိစေရန် Forex အကောင့်ထဲသို့ စရံငွေထပ်မံထည့်ရန် လိုအပ်ကြောင်းကို ဆိုလိုပါသည်။ အကယ်၍ ကုန်သည်သည် အပ်ငွေ ထပ်မံမသွင်းပါက အကျိုးဆောင်သည် ကုန်သွယ်မှုများအားလုံးကို အလိုအလျောက် ပိတ်သိမ်းပါလိမ့်မည်။
ကျေးဇူပြု၍ သတိပြုပါ! အချို့သော အထောက်အထားများတွင် အောက်ပါ အနက်ဖွင့်ဆိုချက်ကို သင်ရှာဖွေတွေ့ရှိနိုင်ပါသည်: “Equity သည် ကုန်သွယ်ခြင်းအတွက် သုံးစွဲနိုင်သည့် Forex ကုန်သည်၏ အကောင့်တစ်ခုထဲရှိ လွတ်လပ်စွာကုန်သွယ်နိုင်သော ငွေကြေးပမာဏ ဖြစ်ပါသည်”။ ထိုသည်မှာ အပြည့်အစုံ မှန်ကန်မှုမရှိပေ။ Equity သည် ကုန်သွယ်မှုအားလုံး ပိတ်သိမ်းပြီးနောက် ကုန်သည်၏ အကောင့်ပေါ်တွင် ကျန်ရှိမည်ဖြစ်သော ငွေပမာဏ ဖြစ်ပါသည်။ အရောင်းအဝယ်စဖွင့်ချိန်၌ အကောင့်ထဲရှိ သုံးစွဲနိုင်သော ငွေပမာဏကို free margin ဟုခေါ်ပါသည်။ ၎င်းကို equity နှင့် margin ( အဖွင့်ကုန်သွယ်မှုများအတွက် အကျိုးဆောင်မှ ကန့်သတ်ထားသည့် ငွေကြေးပမာဏ) အကြား ခြားနားခြင်းအားဖြင့် တွက်ချက်ပါသည်။
Balance equity ဆိုသည်မှာ အဘယ်နည်း။
Forex ကုန်သွယ်ရေးတွင် balance equity မှာ အကောင့်ပေါ်၌ အဖွင့်ကုန်သွယ်မှုများ မရှိချိန်တွင်ဖြစ်သော သတ်မှတ်အတိုင်းအတာ တန်ဖိုးဖြစ်ပါသည်။ အကယ်၍ ကုန်သွယ်မှုများ မရှိပါက equity တန်ဖိုးသည် balance နှင့်တူညီပါသည်။ ထိုသည်မှာ ကုန်သည်သည် ကုန်သွယ်ရေးအကောင့်တစ်ခုမှ အချိန်မရွေး ထုတ်ယူနိုင်သည့်ငွေ ဖြစ်ပါသည်။ equity အဖွင့်ကုန်သွယ်ရေးအတွက် ထိုသတ်မှတ်ချက်သည် balance ပေါ်ရှိ အသုံးပြုနိုင်သော ငွေပမာဏကို ပြသပါသည်။ ကုန်သွယ်မှုများ ပိတ်သိမ်းသွားပါက equity ထဲတွင် ဖော်ပြထားသော ထိုပမာဏကို အကောင့်မှ ထုတ်ယူ၍ မရနိုင်ပါ။
Floating equity ဆိုသည်မှာ အဘယ်နည်း။
Floating equity မှာ အဖွင့်ကုန်သွယ်မှုများအားလုံးမှရရှိသော လက်ရှိငွေကြေးဆိုင်ရာ အပြောင်းအလဲရလဒ်များနှင့်အညီ အင်တိုက်အားတိုက် စဥ်ဆက်မပြတ် ပြောင်းလဲဖြစ်ပေါ်နေသည့် သတ်မှတ်ချက်အတိုင်းအတာကို ညွှန်းဆိုပါသည်။
ဥပမာအားဖြင့် အကောင့်ပေါ်တွင် 1000 USD ရှိပြီး ဖွင့်ထားသေား ကုန်သွယ်မှုများ မရှိပါ။ ထိုသည်မှာ အရောင်းအဝယ်များအတွက် သုံးစွဲနိုင်သည့် သင့်ကိုယ်ပိုင် လွတ်လပ်စွာတည်ရှိနေသော ပိုက်ဆံဖြစ်ပါသည်။ သင်သည် ကုန်သွယ်မှုနေရာများ အမြောက်အမြား ဖွင့်လှစ်ပါသည်။ “Balance” အတိုင်းအတာသည် (1000 USD) မပြောင်းလဲဘဲ ကျန်ရှိနေပါသည်၊ အကြောင်းမူကား အကျိုးဆောင်စနစ်သည် အမြတ်(သို့) အရှုံး မည်မျှကို မှတ်သားရမည်ကို မသိရှိသေးသောကြောင့် ဖြစ်ပါသည်။ ထိုစနစ်သည် ပြောင်းလဲနေသော ဘဏ္ဍာရေးရလဒ်တန်ဖိုးကို “Equity” တိုင်းတာမှုထဲတွင် ပြသပါသည်။ စျေးနှုန်းပြောင်းလဲပြီး ၎င်းနှင့် လျော်ညီစွာ ငွေကြေးဆိုင်ရာရလဒ် ပြောင်းလဲသည်နှင့် တပြိုက်နက် Equity တန်ဖိုးသည် Balance သို့ ရွေ့ပြောင်းသွားပါသည်။
အကယ်၍ အမြတ်စုစုပေါင်းသည် 15 USD ဖြစ်ခဲ့ပါက ထို့နောက်တွင် 1000 USD ကို “Balance” ကော်လံနှင့် 1015 USD ကို “Equity” ကော်လံထဲတွင် ပြသပါသည်။ အရေးကြီးသည့်အရာမှာ အဆုံးသတ် ဘဏ္ဍာရေးရလဒ်ဖြစ်ပြီး တစ်ကြိမ်စီကုန်သွယ်မှု၏ စာရင်းရလဒ် မဟုတ်ကြောင်းကို ကျေးဇူးပြု၍ သတိပြုပါ။ ထိုသည်မှာ အရောင်းအဝယ်ပြုလုပ်မှုများ အားလုံး၏ ရလဒ်များနှင့် ကုန်သွယ်မှုနေရာတစ်ခု ဖွင့်လှစ်သည့် အချိန်၌ နှုတ်ယူထားသည့် spread တို့ကို ထည့်သွင်းစဥ်းစားပါသည်။
Negative equity ဆိုသည်မှာ အဘယ်နည်း။
Negative equity တန်ဖိုးတစ်ခုဆိုသည်မှာ balance တန်ဖိုးအောက် လျော့နည်းနေသော ပမာဏတစ်ခုကို ဆိုလိုပါသည်။ ၎င်းသည် အခြေအနေနှစ်ရပ်တွင် ဖြစ်ပေါ်နိုင်ပါသည်။
ကုန်သွယ်မှု ဖွင့်လှစ်ပြီးခါစ ဖြစ်ပါသည်။ ဖွင့်လှစ်ချိန်တွင် အကျိုးဆောင်သည် ငွေကြေးရလဒ်ထဲတွင် အလိုအလျောက် ပြသမည့် spread ကိုထည့်သွင်းစဥ်းစားပါသည်။ အမြတ်မရှိသေးပါ၊ ထို့ကြောင့် spread ကို အရှုံးတစ်ခုအနေဖြင့် ဖော်ပြပါသည်။ ထို့နည်းတူ negative equity တန်ဖိုးသည် spread ပမာဏအား နှုတ်ယူပြီးဖြစ်သော balance တန်ဖိုးကို ပြသပါသည်။
ကုန်သွယ်မှုများပေါ်တွင် စုစုပေါင်းအရှုံးတစ်ရပ် ရှိပါသည်။ ဥပမာအားဖြင့် ဖွင့်ထားသော ကုန်သွယ်မှုသုံးနေရာမှ အမြတ်ဖြစ်ပေါ်ပါသည်၊ ထိုတွင် တစ်ခုစီအတွက် 5 USD spread ကို ထည့်စဥ်းစားထားပါသည်။ လေးကြိမ်မြောက်ကုန်သွယ်မှုတွင် spread ကိုထည့်သွင်းထားပြီး ဖြစ်သော အရှုံး 25 USD ပေါ်ပေါက်ပါသည်။ အရှုံးအားလုံးပေါင်းသည် 10 USD ဖြစ်ပါလိမ့်မည်။ Balance 1000 USD နှင့်တကွ equity သည် 990 USD ဖြစ်ပါလိမ့်မည်။
Equity သည် သုညအောက်သို့ မဖြစ်နိုင်ပါ၊ ထိုသည်မှာ အကောင့် balance တွင် အနှုတ်ပြမှု ကို ညွှန်းဆိုသောကြောင့် ဖြစ်ပါသည်။ Equity သည် သုညသို့ ချဥ်းကပ်လာချိန်တွင် အကျိုးဆောင်များ အားလုံးနီးပါးသည် stop out အခြေအနေတစ်ရပ် နှင့်တကွ ကုန်သည်များ၏ အရောင်းအဝယ်များကို အလိုအလျောက်ပိတ်သိမ်းခြင်းဖြင့် အနှုတ်ပြ balance တစ်ခုမှ သူတို့ကိုယ် သူတို့ ကာကွယ်ကြပါသည်။
Equity တွက်ချက်ပုံ
အောက်ပါမှာ Forex ထဲတွင် equity တွက်ချက်ခြင်းအတွက် ပုံသေနည်းဖြစ်ပါသည်။
Equity = Balance + ကုန်သွယ်မှုအဖွင့်များမှ အမြတ် – ကုန်သွယ်မှုအဖွင့်များမှ အရှုံး၊ ထိုတွင်:
Balance မှာ ကုန်သွယ်ရေးအကောင့်ထဲသို့ ကုန်သည်မှ စရံသွင်းထားသည့် ငွေပမာဏဖြစ်ပြီး လက်ခံရရှိသည့် မည့်သည့်ပေးချေမှုများမဆို (သို့) အပိုဆုကြေးမဆို ဖြစ်ပါသည်။ ကုန်သွယ်ရေးမစတင်မီ balance သည် ပေးဆောင်ထားသည့် စရံငွေနှင့်ညီမျှပါသည်။ ကုန်သွယ်ခြင်းစတင်မှုနောက်ပိုင်း၌ balance သည် အရောင်းအဝယ်များအားလုံးကို ပိတ်သိမ်းပြီးနောက် စရံငွေပေါ်တွင် ကျန်ရှိနေသောပိုက်ဆံ ဖြစ်ပါသည်။
ဖွင့်လှစ်ထားသောကုန်သွယ်မှုများပေါ်ရှိ အမြတ်သည် လက်ရှိစျေးနှုန်းနှင့် ကုန်သွယ်မှုအဖွင့် စျေးနှုန်းများကြားရှိ ခြားနားချက် ဖြစ်ပါသည်၊ ထိုတွင် စာချုပ်အရေအတွက်များဖြင့် မြှောက်ထားသည့် spread ကို ထည့်တွက်ပြီးဖြစ်ပါသည်။
ဖွင့်ထားသောကုန်သွယ်မှုများပေါ်ရှိအရှုံးသည် လက်ရှိစျေးနှုန်းနှင့် ကုန်သွယ်မှု အဖွင့်စျေးနှုန်းများ အကြား ခြားနားချက် ဖြစ်ပါသည်၊ ထိုတွင် စာချုပ်အရေအတွက်များဖြင့် မြှောက်ထားသည့် အနှုတ်လက္ခဏာ spread ကို ထည့်တွက်ထားပါသည်။
အကယ်၍ ကုန်သည်တွင် ဖွင့်ထားသောကုန်သွယ်မှုများ မရှိပါက ထိုတွင် equity တန်ဖိုးသည် balance နှင့်တူညီပါသည်။
Equity ကို မျက်ခြေမပြတ်ကြည့်ရန် အဘယ်ကြောင့် လိုအပ်ပါသနည်း။
Equity ပြောင်းလဲနှုန်းသည် ကုန်သွယ်ရေးစနစ်၏ စွန့်စားမှုများနှင့် ထိရောက်မှုကို ပြသပါသည်။ Balance နှင့်ဆက်စပ်၍ equity အင်အားပြင်းကျဆင်းမှုမှာ စွန့်စားမှုများကို ညွှန်ပြသော်လည်း အလျင်အမြန်တိုးတက်မှုနှင့် ကျဆင်းမှုတို့သည် ကုန်သွယ်မှုပမာဏ များပြားမှုနှင့် မြင့်မားသော စျေးပြောင်းလဲလှုပ်ခတ်မှုတို့ကို ဖော်ညွှန်းပါသည်။
ရင်းနှီးမြှုပ်နှံမှုစာချုပ်များစွာကို ကုန်သွယ်ချိန်တွင် equity ပြောင်းလဲမှုနှုန်းထားသည် ပြဿနာများကို ပြသနိုင်ပါသည်။ သင်သည် ၎င်းတို့အားလုံးကို တချိန်တည်းတွင် မစောင့်ကြည့်နိုင်ပါ။ ထို့ကြောင့် သင့်အကျိုးအမြတ်အတွက် မဟုတ်သော equity ပြောင်းလဲမှုနှုန်း မြင့်တက်လာသည်ကို သင်မြင်တွေ့ရပါက သင်သည် လျင်မြန်စွာ ငွေဆုံးရှုံးရပါလိမ့်မည်။ သို့ဖြစ်၍ တိုးမြင့်နေသော စျေးလှုပ်ခတ်မှုအတွက် ဇယားအားလုံးကို အလျင်အမြန် ခြုံငုံကြည့်ရန် နှင့် သတ်မှတ်အစီအစဥ် ထက်စောပြီး ကုန်သွယ်မှုများကို ပိတ်ရန် (သို့) သိမ်းရန်မှာ ကျိုးကြောင်းဆီလျော်မှုတစ်ခု ဖြစ်ပါသည်။
စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှု။ equity တိုးပွားမှုကို မြင်တွေ့ရသည်မှာ ကောင်းမွန်ပါသည်။ ဆန့်ကျင်ဘက်အားဖြင့် equity ကျဆင်းမှုသည် အရှုံးပေါ်နေသော ကုန်သွယ်မှုများကို မြန်ဆန်စွာ ပိတ်ရန် ကုန်သည်များအား တွန်းအားပေးပါသည်။
အခြေအနေတိုးတက်လာမှုကို သိရှိရန် equity ပြောင်းလဲမှုများကို ပြီးခဲ့သည့်ကာလများနှင့် နှိုင်းယှဥ်ပါ။ ထို့သို့လုပ်ဆောင်ရန် equity ပြောင်းလဲမှုမှတ်တမ်း မရှိသောကြောင့် သင်သည် ပလက်ဖောင်း၏ မျက်နှာပြင်ပုံရိုက်ချက်များကို မကြာခဏ လုပ်ဆောင်ရပါမည် (သို့) ကုန်သွယ်မှုများကို မှတ်တမ်းယူထားရပါလိမ့်မည်။ ( balance အပြောင်းအလဲများ၏ မှတ်တမ်းသာ ရှိပါသည်။)
LiteFinance တာမီနယ်ထဲတွင် equity အရွယ်အစားပမာဏကို မည်သို့ စစ်ဆေးပုံ။
LiteFinance browser ပလက်ဖောင်းအတွင်း ဈေးကွက်ဇယား အောက်ရှိ လိုင်းထဲတွင် equity ပမာဏကို သင်မြင်တွေ့နိုင်ပါသည်။
၁။ ကုန်သွယ်ရေးပိုင်ဆိုင်မှုတစ်ခုသို့ သွား၍ ကုန်သွယ်မှုတစ်ခုကို ဖွင့်လှစ်ပါ။
၂။ အောက်ပါအချက်အလက်များကို ဈေးကွက်ဇယား အောက်ရှိ အခြေလိုင်းထဲတွင် ပြသပါလိမ့်မည်။
“Assets, total” မှာ equity ဖြစ်ပြီး ဆိုလိုသည်မှာ ဖွင့်ထားသော အရောင်းအဝယ်များပေါ်တွင် အမြတ်(သို့) အရှုံးကို ထည့်တွက်ထားသည့် လက်ရှိ balance စုစုပေါင်း ဖြစ်ပါသည်။
“Assets, used” မှာ margin (သို့) ရောင်းဝယ်မှုများအတွက် အကျိုးဆောင်မှ ထိန်းသိမ်းထားသည့် ငွေပမာဏ ဖြစ်ပါသည်။
“Available for operations” မှာ free margin ဖြစ်ပါသည်။ တနည်းအားဖြင့် ထိုသည်မှာ အနာဂတ်တွင် ဖွင့်လှစ်မည့်ကုန်သွယ်မှုများအတွက် သင်သုံးစွဲနိုင်သော ငွေပမာဏ ဖြစ်ပါသည်။
“Assets, total” ကိန်းဂဏန်းသည် ဖွင့်ထားသည့် ငွေကြေးဆိုင်ရာကုန်သွယ်မှုများ၏ ရလဒ်အပြောင်းအလဲများ ပေါ်မူတည်၍ အင်တိုက်အားတိုက် ပြောင်းလဲပါသည်။
MetaTrader ထဲတွင် equity အရွယ်ပမာဏကို မည်သို့ စစ်ဆေးနည်း။
Equity ကို MT4 ထဲရှိ “Terminal” ဝင်းဒိုးအတွင်းနှင့် MT5 တွင် “Tools” ဝင်းဒိုးထဲတွင် ဖော်ပြပါသည်။ ဝင်းဒိုးများ၏ နာမည်များကွဲပြားမှုမှာ အထူးတလည်ကွာခြားမှု မရှိပါ။ MT4 ထဲတွင် “Terminal” ဝင်းဒိုးကို toolbar ပေါ်ရှိ ခလုပ်တစ်ချက်ဖြင့် ခေါ်ယူနိုင်ပါသည်။
“Terminal” ဝင်းဒိုးတွင် “Trade” စာတန်းထဲ၌ balance အနေအထားကို ပြသသည့် ပင်မသတ်မှတ် အတိုင်းအတာငါးမျိုး ရှိပါသည်၊ ထိုသည်မှာ balance၊ equity၊ margin၊ free margin နှင့် margin level တို့ဖြစ်ကြပါသည်။ သင့်တွင် လက်ကျန်ငွေ 5000 USD ရှိသည် ဆိုကြပါစို့။သင်သည် ဆုံးရှုံးမှုတစ်ကြိမ်၌ ကုန်သွယ်မှုတစ်ခုကို ပိတ်သိမ်းခဲ့ပြီးနောက်တွင် စျေးကွက်အတွင်း ကျန်ရှိနေသည့် အခြားကုန်သွယ်ရေးနှစ်ခုကို ဖွင့်လှစ်ခဲ့ပါသည်။
၁။ Balance မှာ ကုန်သွယ်မှုများ ဖွင့်လှစ်ခြင်းမတိုင်မီ တည်ရှိနေသော ငွေပမာဏဖြစ်ပါသည်။ ၎င်းမှာ 4,999.54 USD နှင့်တူညီပါသည်။ ထိုသည်မှာ မျက်နှာပြင်ရိုက်ချက်ပုံတွင် သင်မြင်ရသည့်အတိုင်း ရောင်းဝယ်မှုနှစ်ခု ဖွင့်လှစ်ခြင်းမတိုင်မီ သင့်တွင် စရံငွေပေါ်၌ 4,999.54 USD ပမာဏ ရှိခဲ့ကြောင်းကို ဆိုလိုပါသည်။ စရံငွေ 5000 USD ဖြင့် ကုန်သွယ်မှုတစ်ခုကို ဖွင့်ခဲ့ပြီး အရှုံး 0.46 USD နှင့် ပိတ်ခဲ့ရပါသည်။ ထိုဆုံးရှုံးမှုကို balance sheet (စာရင်းလက်ကျန်ရှင်းတမ်း) ပေါ်တွင် ပြသထားပါသည်။
၂။ Equity မှာ ဖွင့်ထားသည့် ကုန်သွယ်မှုနှစ်ခုပေါ်တွင် အမြတ်/အရှုံးအားလုံးကို ထည့်တွက်ပြီး သင့်တွင်လက်ဝယ်ရှိနေသော ပမာဏ ဖြစ်ပါသည်။
သင့်၏ balance (ကုန်သွယ်မှုတစ်ခုဖွင့်လှစ်ခြင်းမတိုင်မီ သင့်အကောင့်ထဲရှိ ငွေပမာဏ) မှာ 4,999.54 USD ဖြစ်ပါသည်။
သင့်၏အမြတ်ကို နောက်အစွန်ဆုံးကော်လံထဲတွင် ဖော်ပြထားပါသည်: 1.30 + 155.73 = 157.03 USD။ ထိုဖြစ်စဥ်တွင် ကုန်သွယ်မှုနှစ်ခုလုံးမှာ အမြတ်ထွက်ပေါ်ပါသည်။ အကယ်၍ ၎င်းတို့ထဲမှ တစ်ခုသည် အရှုံးပေါ်ခဲ့ပါက ထိုဆုံးရှုံးမှုကို အခြားတစ်ခု၏ အမြတ်ထဲမှ နှုတ်ယူသွားပါလိမ့်မည်။
ကော်မရှင်ပမာဏ –0.44 – 4370 = –44.14 USD ။
Equity = 4,999.54 + 157.03 – 44.14 = 5112.43 USD.
လက်ရှိရောင်းဝယ်မှုနှစ်ခုလုံးကို သင်ပိတ်သိမ်းလိုက်ချိန်တွင် 5112.43 USD သည် သင့် balance ပေါ်တွင် ရှိနေပါလိမ့်မည်။
Equity နှင့် balance တို့အကြား ကွဲပြားခြားနားချက်မှာ မည်သည်တို့ ဖြစ်ပါသနည်း။
Balance မှာ ဖွင့်ထားသော ကုန်သွယ်မှုများ မရှိချိန်တွင် အကောင့်ထဲရှိ ငွေပမာဏ ဖြစ်ပါသည်။ ကိုယ်ပိုင်ငွေ (သို့) equity မှာ ပြောင်းလဲနေသောလက်ကျန်ပမာဏ ဖြစ်ပါသည်။ တနည်းအားဖြင့် ထိုသည်မှာ ရောင်းဝယ်မှုအားလုံး ပိတ်သိမ်းပြီးနောက် စာရှင်းလက်ကျန်ရှင်းတမ်းပေါ်တွင် မြင်တွေ့ရလိမ့်မည့် ငွေပမာဏ ဖြစ်ပါသည်။ ကုန်သွယ်မှုများ ဖွင့်လှစ်နေစဥ်တွင် “Balance” သည် အရောင်းအဝယ်များ ဖွင့်ချိန်၌ ရှိသောငွေကို ပြသမည် ဖြစ်ပြီး “Funds” (equity) သည် လက်ကျန်ပမာဏ နှင့် လတ်တလောငွေကြေးရလဒ်ကို ဖော်ပြပါလိမ့်မည်။
သာဓက ၁။ Balance သည် 1200 USD ဖြစ်ပါသည်။ ဖွင့်ထားသည့် ကုန်သွယ်မှုများ မရှိပါ။ Balance = equity။
သာဓက ၂။ Balance သည် 1200 USD ဖြစ်ပါသည်။ သင်သည် ကုန်သွယ်မှုနှစ်နေရာ ဖွင့်လှစ်ထားပါသည်။ ပထမဆုံးတစ်ခုမှ အမြတ်15 USD ထွက်ပေါ်ပြီး ဒုတိယတစ်ခုမှာ အမြတ်10 USD ရရှိပါသည်။ balance တွင်1200 USD နှင့်ညီမျှစွာ ဆက်လက်တည်ရှိ၍ equity = 1200 + 15 + 10 = 1225 USD ဖြစ်ပါသည်။ သင်သည် ထိုကုန်သွယ်မှုနှစ်ခုလုံးကို ပိတ်သိမ်းပါက သင့် balance သည် 1225 USD ဖြစ်ပါလိမ့်မည်။
သာဓက ၃။ Balance သည် 1200 USD ဖြစ်ပါသည်။ သင်သည် ကုန်သွယ်မှုနှစ်နေရာ ဖွင့်လှစ်ထားပါသည်။ ပထမဆုံးတစ်ခုမှ အမြတ်15 USD ထွက်ပေါ်ပြီး ဒုတိယတစ်ခုမှာ အရှုံ10 USD ပေါ်ပေါက်ပါသည်။ balance တွင်1200 USD နှင့်ညီမျှစွာ ဆက်လက်တည်ရှိ၍ equity = 1200 + 15 – 10 = 1205 USD ဖြစ်ပါသည်။ အကယ်၍ သင်သည် အရောင်းအဝယ်နှစ်ခုလုံးကို ပိတ်သိမ်းပါက balance သည် 1205 USD နှင့်ညီမျှသွားပါလိမ့်မည်၊ ထိုသည်မှာ equity ပမာဏ (ကိုယ်ပိုင်ရင်းနှီးငွေ ပမာဏ) ဖြစ်ပါသည်။
Spread ပမာဏကို မည်သည့်ဖြစ်စဥ်တွင်မဆို ပြောင်းလဲနေသည့် အမြတ်/အရှုံးပမာဏမှ နှုတ်ယူပါသည်။
Funds နှင့် free margin တို့ကြားတွင်းရှိ ကွာခြားချက်မှာ မည်သည်တို့ ဖြစ်ပါသနည်း။
အရောင်းအဝယ်တစ်ခု ဖွင့်လှစ်ချိန်တွင် အကျိုးဆောင်မှ ထည့်သွင်းငွေ၏ တစိတ်တပိုင်းကို ကန့်သတ်ထိန်းသိမ်းထားပါသည်။ အကယ်၍ ချေးငွေအချိုး (Leverage) သည် 1:1 ဖြစ်ပါက ကန့်သတ်သိမ်းဆည်းထားသည့် ပမာဏသည် ဖွင့်ထားသောကုန်သွယ်မှု၏ ပမာဏနှင့် တူညီပါသည်။ 100 USDတန်ကုန်သွယ်မှုတစ်ခုကို ဖွင့်ပါက အကျိုးဆောင်သည် 100 USD ကို ပိတ်ပင်သိမ်းဆည်းပါသည်။ အကယ်၍ ချေးငွေအချိုးသည် 1:10 ဖြစ်ပါက အကျိုးဆောင်သည် 10 USD ကိုသာ ပိတ်ဆို့ကန့်သတ်ပါသည်။ ထိုတားဆီးပိတ်ပင်ထားသည့် ငွေပမဏကို margin ဟုခေါ်ပါသည်။
Margin = ((lots ဖြင့်ပြသသည့် ရောင်းဝယ်မှု) × စာချုပ်အရွယ်အစား × နှုန်းထား) / ချေးငွေအချိုး (Leverage)
Free Margin = Equity (Funds) – Margin
သင်သည် ကုန်သွယ်မှုများအားလုံးကို ယခုချက်ချင်းပင် ပိတ်သိမ်းပါက Forex ကုန်သွယ်ရေးထဲရှိ ရင်းနှီးမှုရန်ပုံငွေ (funds) မှာ သင့်အတွက် ဖြစ်လာပါလိမ့်မည်။ Free margin သည် Forex ကုန်သွယ်ရေးထဲတွင် မသုံးရသေးသည့် သင့်စရံငွေတစိတ်တပိုင်း ဖြစ်ပြီး ဥပမာအားဖြင့် အခြားကုန်သွယ်မှုများ ဖွင့်ရန်အတွက် အသုံးပြုနိုင်ပါသည်။ တနည်းအားဖြင့် Forex ကုန်သွယ်ရေးတွင် equity မှာ ရောင်းဝယ်မှုများအားလုံးကို ပိတ်သိမ်းချိန်တွင် ဖြစ်နိုင်ချေရှိသော balance ဖြစ်ပြီး free margin မှာ သင့်ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြင့် သင်စီမံနိုင်သည့် ငွေပမာဏ ဖြစ်ပါသည်။
ဥပမာ။ သင်သည်သင့်အကောင့်ကို ငွေထပ်မံဖြည့်သွင်းပြီးစတွင် balance သည် equity နှင့် free margin တို့ဖြင့်တူညီပါသည်။ သာဓကအားဖြင့် သင်သည် 5000 USD နှင့် ကုန်သွယ်မှုနှစ်ခု ဖွင့်လှစ်ပါသည်။
အကျိုးဆောင်ခအပါအဝင် အရှုံးစုစုပေါင်းကို နောက်ဆုံးလိုင်းထဲရှိ ညာဘက်ပေါ်တွင် ပြသထားပါသည်။ ထိုသည်ကို ကုန်သွယ်ရေး balance မှ နှုတ်ယူထားပြီး ရင်းနှီးမှုရန်ပုံငွေ (သို့) equity ဖြစ်ပါသည်။ လက်တလောတွင် သင့်၌ အရှုံးတစ်ရပ် ရှိသောကြောင့် သင့် equity သည် balance အောက်လျော့နည်းနေပါသည်။
အရွယ်ပမာဏစုစုပေါင်း 0.01 lot နှင့် 1 lot ဖြင့် ကုန်သွယ်မှုနှစ်ခုလုံးကို ဖွင့်လှစ်ချိန်တွင် အကျိုးဆောင်သည် သင့်စရံငွေမှ 727.17 USD ကို အရံအနေဖြင့်သိမ်းဆည်းခဲ့ပါသည်။ ထိုသည်မှာ 5000 USD ပမာဏအတွင်း ကုန်သွယ်မှုတစ်ခုကို ဖွင့်လှစ်ရန် ဖြစ်နိုင်လိမ့်မည်မဟုတ်သော အခိုက်အတန့်၌ သင်သည် ထိုအရံငွေကို ထပ်မံမရရှိကြောင်းကို ဆိုလိုပါသည်၊ ထိုသို့ကြောင့် ပြောင်းလဲနိုင်သောဆုံးရှုံးမှုတစ်ရပ် ရှိလာပါသည်။ သို့သော် သင်သည် equity ပမာဏအတွက် ကုန်သွယ်မှုတစ်ခုကို ဝင်ရောက်ရန်လည်း မဖြစ်နိုင်သည်မှာ ၎င်းတို့၏ တစိတ်တပိုင်းကို အကျိုးဆောင်မှ ထိန်းချုပ်ထားသောကြောင့် ဖြစ်ပါသည်။
အကယ်၍ သင်သည် ကုန်သွယ်မှုနှစ်ခုလုံးကို ပိတ်သိမ်းပါက သင့်တွင် 4951.69 USD ကျန်ရှိနေပါလိမ့်မည်။ သင်သည် ထိုပမာဏကို Forex ကုန်သွယ်ရေးအတွင်း ထပ်မံသုံးစွဲနိုင်ပါသည်။ သို့သော် ကုန်သွယ်လုပ်ငန်းများ ဖွင့်လှစ်စဥ်တွင် ထပ်မံအရောင်းအဝယ်များအတွက် ရရှိနိုင်သော ထိုငွေမှာ free margin ဖြစ်ပါသည်။ ၎င်းသည် 4951.69 – 727.17 = 4224.52 USD နှင့်ညီမျှပါသည်။
Forex အကောင့်တစ်ခုထဲတွင် funds (ရင်နှီးမှုစုစုပေါင်းငွေ) သည် မည်သည့်အနေအထားတွင် ရှိသင့်ပါသနည်း။
ဆုံးရှုံးနိုင်ချေစီမံမှု၏ တစိတ်တဒေသအနေဖြင့် ကုန်သွယ်မှုအသစ်များကို သင်ဖွင့်လှစ်နိုင်ရန်အလို့ငှါ နိုင်ငံခြားငွေလဲလှယ်ကုန်သွယ်ရေးအတွင်း ရင်းနှီးမှုစုစုပေါင်း ငွေပမာဏသည် အလုံအလောက် များပြားသင့်ပါသည်။ သင်သည် ဖြစ်နိုင်ချေရှိသောအမြတ်အချိုးနှင့် ကုန်သွယ်မှုတစ်ကြိမ်စီတိုင်းအတွက် စွန့်စားမှု ( stop level နှင့် အရောင်းအဝယ်ပမာဏကို အကောင့်ထဲရှိ လွတ်လပ်စွာတည်ရှိနေသည့် ရန်ပုံငွေပမာဏ၏ ရာခိုင်နှုန်းတစ်ခု အနေဖြင့်) ဆုံးဖြတ်ပါသည်။ အဓိကရည်ရွယ်ချက်မှာ စာရင်းသေအပ်ငွေ၏ 15% ထက်မပိုသော ရောင်းဝယ်မှုများအားလုံးအတွက် စွန့်စားမှုအနေအထား တစ်ရပ်နှင့်တကွ အမြတ်အများဆုံးရရှိရန် ဖြစ်ပါသည်။ သင့် equity နှင့် balance သည် တဖြည်းဖြည်းချင်း မြင့်တက်လာပါက ထို့နောက် သင့်တွင် ရင်းနှီးမှုစုစုပေါင်းငွေအလုံအလောက် ရှိလာပါမည်။
Equity curve သည်စံနှုန်းများအတိုင်း ချောမွတ်၍ ပုံမှန်အတိုင်း မြင့်တက်သွားသင့်ပါသည်။ ထိုသည်မှာ ပုံမှန်တည်ငြိမ်မှုရှိခြင်းကို ဆိုလိုပြီး ကုန်သွယ်ရေးစနစ်သည် အနာဂတ်တွင် ထိုနည်းအတိုင်း ဆက်လက်လည်ပတ်နေမည်ကို အာမခံလျက်ရှိပါသည်။ အောက်သို့ နက်ရှိုင်းစွာထိုးကျသွားမှုမှာ ကျော်လွှားရန်ခက်ခဲသောသက်ရောက်မှုအတွက် နည်းဗျူဟာကို ရေးဆွဲမထားခြင်း (သို့) ကြာရှည်သောဆုံးရှုံးမှုကန့်သတ်ချက် တစ်ခုကို သတ်မှတ်ထားခြင်းတို့ကို ညွှန်ပြပါသည်။ လျော့ကျမှုများသည် စနစ်အတွင်း မငြိမ်သက်မှုနှင့် ထိုးကျမှုဖြစ်ပြီးနောက် ရေရှည်အတွင်း အချိန်ကြာသော စျေးပြန်လည်ဦးမော့မှုအား မျှော်မှန်းထားခြင်းတို့ကို ဖော်ပြနိုင်ပါသည်။
မြောက်များစွာသော ရင်းနှီးမှုစုပေါင်းငွေပမာဏများ (high levels of funds) ကို စီမံထိန်းသိမ်းရေးအတွက် အကြံဥာဏ်ကောင်းများ
FX Equity မှာ သင်ပိုင်ဆိုင်သောငွေ ဖြစ်ပါသည်။ အောက်ပါတို့မှာ ရင်းနှီးမှုစုစုပေါင်း ငွေပမာဏများကို စီမံထိန်းသိမ်းရေးအတွက် စံနမူနာဖြစ်သော အချက်များဖြစ်ပါသည်။
စွန့်စားမှုစီမံချက် စည်းမျဥ်းများကို လိုက်နာပါ။ အရှုံးပေါ်နေသော ကုန်သွယ်ရေးတစ်ခုသည် သင့် equity ကို လျော့ကျစေပါသည်။ အကယ်၍ အရှုံးသည် စွန့်စားမှုစီမံချက်မှ ခန့်မှန်းထားသည်ထက် ကျော်လွန်ပါက ကုန်သွယ်မှုကို ပိတ်ပါ။
စစ်တမ်းများပေါ်အခြေခံ၍ ကုန်သွယ်မှုများကို ဖွင့်လှစ်ပါ။ သင့်၏သိမြင်စိတ်ကို အပြည့်အစုံ မယုံကြည်ပါနဲ့၊ ပြီးနောက် လူအများစုနောက်သို့ မလိုက်ပါနဲ့။
အကောင့်အစစ်ပေါ်တွင် စတင်မဆောင်ရွက်မီ သင့်ကုန်သွယ်ရေးဗျူဟာကို စမ်းသပ်ပါ။ လေ့ကျင့်ရေး အကောင့် တစ်ခုပေါ်တွင် စမ်းသပ်ပြီးနောက် deposit curve သည် လက်တွေ့စျေးကွက်အတွင်း သင်စွမ်းဆောင်ရယူနိုင်သည့် အနေအထားကို ပြသပါလိမ့်မည်။ အကယ်၍ ၎င်းသည် (သို့) အောင်မြင်မှုရလဒ်နှုန်းသည် သင်နှင့် မကိုက်ညီပါက ညွှန်းဆိုချက်များ၏ ဆက်တင်နှင့် အညွန်းကိန်းဂဏန်းကိုယ်၌ကို ပြောင်းလဲပြီး အကောင်းဆုံးရလဒ်တစ်ခု သင်ရရှိသည့်တိုင်အောင် ကုန်သွယ်ရေးဗျူဟာကို မြှင့်တင်ပါ။
သင့်စိတ်ခံစားချက်များကို သတိထားစောင့်ကြည့်ပါ။ ကုန်သည်အများစု နောက်သို့လိုက်၍ ကုန်သွယ်မှုများကို ဖွင့်လှစ်ရန် မကြိုးစားပါနဲ့၊ လွဲချော်သွားသည့် အခွင့်အလမ်းကို ယူကြုံးမရဖြစ်နေရပါမည်။ Martingale နည်းစဥ်နှင့် မြန်ဆန်သောရလဒ်များအပေါ်တွင် အားကိုးအားထားမပြုပါနဲ့။ စစ်တမ်းသုံးသပ်ချက်ပေါ်တွင်သာ ယုံကြည်ကိုးစားပါ။
Stop-out သတ်မှတ်ချက်များကို ရှောင်ရှားပါ။ အကျိုးဆောင်သည် အမြတ်ထွက်ပေါ်နေသော ကုန်သွယ်မှုများကိုပင် အလိုအလျောက် ပိတ်သိမ်းပါလိမ့်မည်။ အမြတ်မရရှိသော ကုန်သွယ်မှုများ ကို သင်ကိုယ်တိုင် ပိတ်သိမ်းရန်မှာ ပို၍သင့်တော်ပါသည်။
သင့်အရင်းအနှီးငွေအလုံးစုံကို ကုန်သွယ်မှုတစ်ခုတည်းပေါ်တွင် မစွန့်စားပါနဲ့။ အကယ်၍ ကုန်သွယ်မှုသည် အစီအစဥ်အတိုင်း မဖြစ်မြောက်ပါက အရေးပေါ်သုံးငွေတစ်ရပ်ကို အမြဲချန်လှပ်ထားပါ။
Equity curve နှင့် ကုန်သွယ်ရေး နည်းဗျူဟာများ
ကုန်သွယ်ရေးပလက်ဖောင်းအတွင်း ပြသနေသော equity ညွှန်းဆိုချက်သည် လက်ရှိအခြေအနေကို စောင့်ကြည့်စစ်ဆေးရန်နှင့် ရေတိုခန့်မှန်းချက်တစ်ခုကို ဆောင်ရွက်ရန်သုံးသည့် သတင်းအချက်အလက် ကိရိယာတစ်စုံဖြစ်ပါသည်။ FX Equity သည် သင်၏ကုန်သွယ်မှုများ ပိတ်သိမ်းပြီးနောက် သင့်တွင် ငွေမည်မျှရှိနိုင်ကြောင်းကို သင့်အား ပြသပေးပါသည်။ ထိုအရာပေါ်တွင် အခြေပြု၍ သင်သည် ထပ်တိုးကုန်သွယ်မှုများအား ဖွင့်ရန်နှင့် သင့်၏စွန့်စားမှုအဆင့်အား လျော့ချရန်အတွက် ရေတို ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ပါသည်။ သို့သော် ထိုသည်မှာ ပိုမိုအသေးစိတ်ကျသော သုံးသပ်ရှုမြင်ချက်တစ်ခုအတွက် မလုံလောက်ပါ။
Equity curve (သို့) deposit curve သည် အချိန်ကာလတစ်လျောက်လုံးအတွင်း ပြောင်းလဲမှုကို ပြသသည့် ဇယားတစ်ခုဖြစ်ပါသည်။ ၎င်းကို အကောင့်ဖွင့်သည့်အချိန်မှစ၍ ကုန်သည် လုပ်ဆောင်သော အရောင်းအဝယ်များအားလုံး ပေါ်တွင်အခြေခံ၍ တွက်ချက်ပါသည်။
Equity curve သည် အတက်(သို့) အကျ ဖြစ်နိုင်ပါသည်။ အတက်ဘက်ဦးတည်သော equity curve သည် ဝင်ငွေကို ဖော်ညွှန်းပြီး အဆင်းလားရာသို့သွားသော equity curve သည် ဆုံးရှုံးမှုများကို ဖော်ပြပါသည်။ Equity curve သည် balance အစ၏ အောက် သုညသို့ ကျဆင်းသွားပါက stop-out တစ်ခုဖြစ်ပေါ်လာပါသည်။
Equity curve သည် ပြေပြစ်နိုင်ပါသည် (သို့) နက်ရှိုင်းသော ထိုးကျမှုများ ရှိနိုင်ပါသည်။ ပြေပြစ်သော equity curve တစ်ခုမှာ ကုန်သည်သည် တသမတ်တည်း ဝင်ငွေရရှိကြောင်း (သို့) ငွေဆုံးရှုံးနေကြောင်းကို ဆိုလိုပါသည်။ ရုတ်ချည်းပြောင်းလဲမှုများသည် အရှုံးများသို့ ဦးတည်နိုင်သော စွန့်စားမှုမြင့်မားသည့် ကုန်သွယ်မှုများကို ညွှန်ပြပါသည်။
ကုန်သွယ်ရေးရလဒ်များကို တန်ဖိုးဖြတ်ခြင်း။ Deposit curve သည် လျော့ကျမှုမည်မျှ သင့်တွင်ရှိခဲ့ပြီး ၎င်းတို့သည် မည်မျှနက်ရှိုင်းပုံကို ပြသပါသည်။ Balance (စာရင်းရှိလက်ကျန်) ကို မည်မျှမြန်ဆန်စွာ ပြန်လည်ဖြည့်တင်းပြီး တိုးပွားစေနိုင်ပုံ။
နည်းဗျူဟာ စမ်းသပ်ခြင်း။ လူကိုယ်တိုင် (သို့) တွက်ချက်မှုလုပ်ထုံးလုပ်နည်း။ သင်သည် တိုးတက်ချဲ့ထွင်/ အင်တာနက်ပေါ်တွင် ရှာဖွေ့တွေ့ရှိ/ နည်းဗျူဟာတစ်ခု/ အကြံပေးတစ်ဦးကို ဝယ်ယူပြီးနောက် အဆိုပြုစျေးနှုန်းများ၏ ရာဇဝင်မှတ်တမ်းပေါ်တွင် ၎င်းတို့ကို စမ်းသပ်ပါ။ Equity curve သည် သင်အလေးထားဂရုပြုရမည့် ပထမဆုံးအရာ ဖြစ်ပါသည်။ အကယ်၍ ၎င်းသည် အတက်ဘက်သို့ဦးတည်မနေပါက (သို့) ရေပြင်ညီ/ အောက်ဆိုက် ဖြတ်ပိုင်းပုံများစွာ ရှိနေပါက ထိုနည်းဗျူဟာကို အသုံးမပြုရန်မှာ အကောင်းဆုံးဖြစ်ပါသည်။
ဤသည်မှာ အလွန်မတွင်ကျယ်သော နောက်ကြောင်းပြန် ရာဇဝင်စစ်ဆေးခြင်း၏ ဥပမာတစ်ခု ဖြစ်ပါသည်၊ ထိုမှတဆင့် အောက်ပါကောက်ချက်များကို ချမှတ်ရေးဆွဲနိုင်ပါသည်။
အစပိုင်းမှာ အောင်မြင်ခဲ့ပါသည်။ ကုန်သွယ်မှုကို ညာဘက်လမ်းကြောင်းထဲတွင် ဖွင့်လှစ်ခဲ့ပါသည်၊ Equity ပမာဏမြင့်တက်လာခဲ့ပါသည်၊သို့သော်လည်း ထို့နောက်တွင် အမြတ်ကို ပိတ်မိနေပါမည်။ စျေးလမ်းကြောင်းသည် ဆန့်ကျင်ပြောင်းလဲခဲ့ပြီး equity ကျဆင်းရန် စတင်ခဲ့ပါသည်။ ကုန်သွယ်မှုတစ်ခုကို ဆန့်ကျင်ဘက်လားရာထဲတွင် ဖွင့်ခြင်းဖြင့် အမြတ်ထွက်ပေါ်နေသော ကုန်သွယ်မှုတစ်ခုအား ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ပါသည်။ ကျိုးပျက်သွားသော balance curve ၏ ပထမဆုံးထောင့်ချိုး ( ဖြတ်ပိုင်းပုံ 1-2) သည် အမြတ်ရယူသည့်နေရာကို ပြသပါသည်။
ဆုံးဖြတ်ချက်သည် မှားယွင်းရန် ဖြစ်လာခဲ့ပါသည်။ စျေးနှုန်းသည် မူလလားရာထဲသို့ ဆန့်ကျင်ပြောင်းလဲခဲ့ပြီး equity သည် ဆက်လက်ကျဆင်းခဲ့ပါသည်။ ကုန်သွယ်မှုကို ဆက်တိုက် ပြောင်းလဲမှုနှင့်အတူ ထပ်မံပိတ်သိမ်းခဲ့ပါသည်။ ဒုတိယမြောက် ထောင့်ချွန်း (ဖြတ်ပိုင်းပုံ 2-3) သည် ပိတ်သိမ်းပြီးဖြစ်သော ကုန်သွယ်မှုနေရာ ဖြစ်ပါသည်။
ကုန်သွယ်မှုကို ထပ်မံ၍ ဆန့်ကျင်ဘက်သို့ပြောင်းလဲလိုက်ခြင်းသည် အမှားတစ်ခုဖြစ်လာစေခဲ့ပါသည်။ ဈေးလမ်းကြောင်းအတွင်း ယုံကြည်စိတ်ချမှုကြောင့် ကုန်သွယ်မှုပမာဏများ သိသာစွာ မြင့်တက်ခဲ့ပါသည်။ ထိုသည်ကို ရေပြင်ညီစကေးပေါ်တွင် မြင်တွေ့နိုင်ပါသည်။ ပထမဆုံးအပိုင်းတွင် equity curve သည် ထောင့်ကျဥ်းဖြင့် ရွေ့လျားခဲ့ပြီး ဒုတိယမြောက်အပိုင်းတွင် balance သိသိသာသာ ကျဆင်းမှု ရှိခဲ့ပါသည်။ (ဖြတ်ပိုင်းပုံ 3-4)
နောက်တစ်ပိုင်းတွင် ညာဘက်လားရာအတွင်း ကုန်သွယ်မှုတစ်ခုကို ဖွင့်ခဲ့ပါသည်။ သို့သော် equity အကျလမ်းကြောင်းတစ်ခု ထပ်မံပေါ်ထွက်လာသည်နှင့်တပြိုင်နက် ကုန်သွယ်မှုကို ပိတ်ခဲ့၍ balance ကို သိမ်းခဲ့ပါသည်။ (ဖြတ်ပိုင်းပုံ 4-5)
နောက်ဆုံးပိုင်းတွင် Locking ကိုမြင်တွေ့နိုင်ပါသည်။ ရောင်းဝယ်မှုနှစ်နေရာကို တူညီသောအရေအတွက်ဖြင့် ဆန့်ကျင်ဘက်ဦးတည်ချက်များတွင် ဖွင့်ထားပါသည်။ Locking မှ ထွက်ခွာခြင်းကို အပိုင်းများဖြင့် ပြုလုပ်ခဲ့ပါသည်၊ ထိုသည်မှရလဒ်အနေဖြင့် spread ကုန်ကျစရိတ်ကို ပြန်ကာမိရန် ဖြစ်နိုင်ခဲ့ပါသည်။ Balance curve ၏ အပိုင်းသည် ရေပြင်ညီနီးပါး ဖြစ်ပါသည်။(5-6)
Equity အတိုင်းအတာပမာဏကို အဖွင့်ကုန်သွယ်မှုများတွင် ထည့်သွင်းစဥ်းစားသည်ကို ကျေးဇူးပြု၍ မှတ်သားပါ။ Equity curve (balance curve) ကို ပိတ်သိမ်းပြီးကုန်သွယ်မှုများပေါ်တွင်သာ တည်ဆောက်ပါသည်။ ထိုသည်မှာ ယင်းအတိုင်းအတာသည် အဖွင့်ကုန်သွယ်မှုများအတွက် ဦးတည်ချက် နှစ်ဖက်လုံးထဲရှိ စျေးအတက်အကျများကို ထည့်မတွက်ပါ။
သုံးစွဲသည့် နည်းဗျူဟာ အမျိုးအစား အလိုက် ဆုံးဖြတ်နိုင်ခြင်း ကို equity curve ၏ ပုံပန်းသွင်ပြင်ဖြင့် ဆုံးဖြတ်နိုင်ပါသည်။ ဥပမာအားဖြင့် သင်သည် မြန်ဆန်သော စျေးပြန်လည်တည့်မတ်မှုများနှင့်အတူ မကြာခဏ သိသာနက်ရှိုင်းသည့်လျော့ကျမှုများကို မြင်တွေ့ပါက Martingale နည်းဗျူဟာကို အသုံးပြုထားသည်မှာ ဖြစ်နိုင်ချေရှိပါသည်။ ကုန်သွယ်မှုအရေအတွက် မြင့်တက်မှုတစ်ရပ်နှင့်တကွ အမြတ်မဖြစ်ပေါ်သော ကုန်သွယ်မှုအတွဲများသည် ထိုလျော့ကျသွားမှုအတွက် အကြောင်းပြချက် ဖြစ်ပါသည်။ နောင်လာမည့် ကုန်သွယ်မှုနှစ်ဆသည် တဟုန်ထိုး ဦးမော့နလန်ထူမှုကို ဦးတည် ဖော်ဆောင်ပါသည်။
နိဂုံးချုပ်
Equity သည် ကုန်သွယ်ရေးအကောင့်၏ လက်ရှိဘဏ္ဍာရေးအခြေအနေကို မြင်သာစေပါသည်၊ ထိုတွင် စာရင်းမှတ်သားပြီးသော နှင့် မရောင်းချရသေးသည့် အမြတ်များနှင့် အရှုံးများအလုံးစုံကို ထည့်တွက်ထားပါသည်။
ဖွင့်ထားသော ကုန်သွယ်မှုများ မရှိမှသာလျှင် Equity သည် balance နှင့်တူညီပါသည် ( အချိန်မရွေး ထုတ်ယူရန် ရရှိနိုင်သော အကောင့်ထဲရှိ ငွေပမာဏ)
Balance၊ equity၊ margin၊ free margin, နှင့် level တို့သည် သင့်အကောင့်အခြေအနေကို ထောက်လှမ်းရန်အတွက် အဓိကအတိုင်းအတာများ ဖြစ်ပါသည်။ ဤကန့်သတ်ချက်များအားလုံးကို သီးခြားဝင်းဒိုးတစ်ခုရှိ ပလပ်ဖောင်းအများစုတွင် အွန်လိုင်း ပြသထားသည်။
Equity ကို သင့်တော်သောအနေအထား၌ ထိန်းသိမ်းထားရေးအတွက် စွန့်စားမှုများကို လျော့ချရန်၊ နက်ရှိုင်းသည့် ကျဆင်းမှုများကို ရှောင်ရှားရန် နှင့် လမ်းကြောင်းများအတိုင်း အဓိကထားကုန်သွယ်ရန်တို့ လိုအပ်ပါသည်။
Equity curve သည် ပုံသေကာလတလျှောက်တွင် စာရင်းရှင်းတမ်းပေါ်၌ ရင်းနှီးမှုရန်ပုံငွေ ပြောင်းလဲမှုများ၏ သဘာဝကို ပြသနေသည့် deposit curve တစ်ခုဖြစ်ပါသည်။ ထိုသည်မှာ ကုန်သွယ်ရေးစနစ်တစ်ခု၏ ထိရောက်မှုကို အကဲဖြတ်ခြင်းအတွက် တိုင်းတာမှုများထဲမှ ပင်မသော့ချက်တစ်ခု ဖြစ်ပါသည်။
နည်းဗျူဟာတစ်ခုကို စမ်းသပ်ခြင်းမှာ ၎င်းကို လက်တွေ့အကောင့်အစစ်ပေါ်တွင် အသုံးချခြင်း မတိုင်မီ မဖြစ်မနေလုပ်ဆောင်သင့်သော အဆင့်ဖြစ်ပါသည်။
Equity ပမာဏကို စာရင်းရှင်းတမ်းပေါ်တွင် မှတ်တမ်းတင်ရန်အလို့ငှါ ကာလအပိုင်းအခြားအလိုက် အချို့ကုန်သွယ်မှုများကို ပိတ်သိမ်းရန် ကြိုးစားပါ။
Forex ကုန်သွယ်ရေးထဲရှိ Equity နှင့်ပတ်သက်၍ မေးလေ့ရှိသော မေးခွန်းများ
Equity မှာ အကောင့်အတွင်း ပြောင်းလဲနေသည့် အမြတ်များ(သို့)အရှုံးများကို ထည့်တွက်ထားပြီး လက်ရှိဖြစ်ပေါ်ရရှိနိုင်သည့် အကောင့်ထဲရှိ ငွေပမာဏ ဖြစ်ပါသည်။ ထိုသည်မှာ လတ်တလော ရောင်းဝယ်မှုများအားလုံးကို ပိတ်သိမ်းပြီးချိန်တွင် ကုန်သွယ်ရေးအကောင့် balance (စာရင်းရှင်းလက်ကျန်) ပေါ်တွင် မြင်တွေ့ရလိမ့်မည့် ပမာဏဖြစ်ပါသည်။ Equity curve သည် ကုန်သွယ်မှုစသည့်အချိန်မှ balance ပြောင်းလဲမှုများအတွက် chart တစ်ခုဖြစ်ပါသည်။
Forex အကျိုးဆောင်အများစုတွင် အနှုတ်စာရင်းလက်ကျန်ကို ကာကွယ်ရေး အစီအစဥ်တစ်ခု ရှိပါသည်။ ထိုသည်မှာ သင့်အကောင့်ထဲတွင်ရှိနေသည်ထက် ပိုများသောငွေပမာဏကို မဆုံးရှုံးနိုင်ကြောင်းကို ဆိုလိုပါသည်။ ကုန်သွယ်ရေးစည်းကမ်းချက်များထဲတွင် အကျိုးဆောင်သည် Margin Call နှင့် Stop Out စျေးတန်းအနေအထားများ၏ တန်ဖိုးကို ဖော်ပြပါသည်။ ကုန်သွယ်ရေးပလက်ဖောင်းများတွင် “Margin Level” တန်ဖိုးတစ်ခုရှိပါသည်။ ၎င်းကို ပုံသေနည်း Funds (equity) / Free margin × 100% ကို သုံးခြင်းဖြင့် တွက်ချက်ပါသည်။ အကျိုးဆောင်၏ စည်းကမ်းချက်များ: margin call/stop out ကို အချိုးအားဖြင့် 100%/20%။ ထိုသည်မှာ စျေးတန်းသည် 100% သို့ပြုတ်ကျသွားသည်နှင့်တပြိုင်နက် သင့်အကောင့်ထဲသို့ ထပ်မံငွေဖြည့်သွင်းရန် သင့်ကို မေးမြန်းမည့် အကျိုးဆောင်ထံမှ အသိပေးနှိုးဆော်ချက်တစ်ရပ်အား သင်လက်ခံရရှိပါလိမ့်မည်။ ဈေးတန်းကို 20% ထိသို့လျော့ကျသွားခြင်းမှာ သင့်အကောင့်ထဲတွင် စင်စစ်အားဖြင့် လွတ်လပ်စွာသုံးစွဲနိုင်သည့် ငွေအပို မကျန်ရှိတော့ကြောင်းကို ဆိုလိုပါလိမ့်မည်။ stop-out (အကောင့်ရပ်တန့်မှု) တစ်ခုပေါ်ပေါက်လာပြီး ထိုသည်မှာ သူတို့၏လက်ရှိရလဒ်သည် မည်သို့ပင်ဖြစ်စေ အရောင်းအဝယ်အလုံးစုံအား အလိုအလျောက်ပိတ်သိမ်းရန် အကျိုးဆောင်ကို တွန်အားဖြစ်စေပါသည်။
Equity = Balance + လက်ရှိဖွင့်ထားသော ကုန်သွယ်မှုများအတွက် ရလဒ်စုစုပေါင်း။ Balance သည် ရောင်းဝယ်မှုများကိုပိတ်သိမ်းပြီးနောက် လက်ရှိဖြစ်ပေါ်နေသော စာရင်းရှင်းလက်ကျန် (သို့) အကောင့်ကိုပြန်လည်ဖြည့်သွင်းမည့်ပမာဏ ဖြစ်ပါသည်။ ရောင်းဝယ်မှုစုစုပေါင်းတန်ဖိုးသည် အရှုံးတစ်ရပ်ဖြစ်နေပါက လက်ရှိဖွင့်လှစ်ထားသော ကုန်သွယ်မှုများ၏ balance လက်ကျန်ငွေစုစုပေါင်းကို စာရင်းရှိလက်ကျန်မှ နှုတ်ယူပါသည်။ ကုန်သွယ်မှုတန်ဖိုးတွင် အမြတ်ထွက်ပေါ်ပါက စာရင်းရှိလက်ကျန်ထဲသို့ ပေါင်းထည့်ပါသည်။
Equity = Balance + ပြောင်းလဲနေသောအမြတ် – ပြောင်းလဲနေသောအရှုံး။ ဖွင့်ထားသော ကုန်သွယ်မှုများ၏ ရလဒ်တန်ဖိုးကို မှတ်တမ်းမတင်မီ balance ပမာဏသည် အရောင်းအဝယ်များကို မဖွင့်ခင်နှင့် တူညီမှု ရှိနေပါလိမ့်မည်။ အကယ်၍ equity သည် balance အောက်လျော့နည်းပါက ထိုသည်မှာ အရှုံးစုစုပေါင်းသည် အမြတ်အားလုံးထက် ပိုများနေသော အဖွင့်ကုန်သွယ်မှုများ သင့်တွင် ရှိနေသည့် အခိုက်အတန့်ကာလကို ဆိုလိုခြင်းဖြစ်ပါသည်။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။















