“Forex မှ အကျိုးအမြတ်ရရှိစေရန် ငွေမည်မျှရင်းနှီးမြှုပ်နှံရန် လိုအပ်ပါသနည်း” - စတင်လေ့လာကြသော ကုန်သည်အများစုသည် ၎င်းတို့၏ ကုန်သွယ်ရေးခရီးအစတွင် ဤမေးခွန်းမျိုးကို အများဆုံး မေးလေ့မေးထ ရှိကြသည်။

Cent အကောင့်များတွင် ကုန်သွယ်မည်ဆိုပါက ဒေါ်လာအနည်းငယ်ဖြင့်ပင် စတင်နိုင်ပါသည်။ သို့ရာတွင် forex ဈေးကွက်အတွင်း ရေရှည်တည်တံ့သောဝင်ငွေတခုကိုရှာဖွေနိုင်ရန်နှင့် ပရော်ဖက်ရှင်နယ်ကုန်သည် တဦး ဖြစ်လာရန်အတွက် အနည်းဆုံး $100 ဖြင့် စတင်ရန် လိုအပ်ပါလိမ့်မည်။

$100 ဖြင့် Forex ကုန်သွယ်ရေးဆောင်ရွက်ခြင်းသည် သင့်အတွက် ကောင်းမွန်သောလေ့ကျင့်မှု တခုဖြစ်ပါသည်။ သို့သော် အမြတ်အစွန်းကြီးကြီးမားမားရှာဖွေရန်အတွက်မူ ဤပမာဏသည် လုံလောက်မှုမရှိပါ။ မည်သို့ပင်ဖြစ်စေ ၎င်းသည် လက်တွေ့အကောင့်တခုတွင် ကုန်သွယ်ရေး အတွေ့အကြုံအစစ်အမှန်များကိုရယူရန်၊ စိတ်ခံစားချက်များ ကို မည်သို့မည်ပုံထိန်းချုပ်ရမည်ကို လေ့လာရန် နှင့် ကုန်သွယ်ရေးသည် သင်နှင့်သင့်တော်မှုရှိသော လုပ်ငန်းတခုဖြစ်နိုင်မဖြစ်နိုင် အသေအချာသိရှိရန်အတွက် လုံလောက်သော ပမာဏဖြစ်ပါသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


အဓိကအချက်အလက်များ

$100 အပ်ငွေသည် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်းစည်းမျဉ်းများကို ဖောက်ဖျက်ခြင်းမရှိပဲ၊ လက်တွေ့အကောင့် တခု တွင် forex ကုန်သွယ်မှုဖွင့်ရန်အတွက် လုံလောက်‌သော ကနဦးအရင်းအနှီး ဖြစ်ပါသည်။ ပျမ်းမျှအားဖြင့် အလယ်အလတ်အဆင့် အတွေ့အကြုံရှိသော ကုန်သည်များသည် တလလျှင် အပ်ငွေ၏ ၁၀% ခန့် အမြတ် ရနိုင်ပါသည်။ ဝါရင့်ကုန်သည်များ၏ အမြတ်ရရှိနှုန်းမှာ တနှစ်လျှင် ၅၀၀% အထက်သို့ပင် ကျော်လွန် နိုင်ပါသည်။

  • $100 ဖြင့် forex ကုန်သွယ်မှုပြုလုပ်သောအခါ စွန့်စားမှုအတိုင်းအတာသည် အပ်ငွေ၏ ၅% ထက် မကျော်လွန်စေရန်အတွက် 0.01 မှ 0.05 lot ထက်ပိုသော ကုန်သွယ်မှုများကို မဖွင့်သင့်ပါ။ 

  • $100 ဖြင့် forex ကုန်သွယ်မှုပြုလုပ်ရာတွင် အကျိုးဆောင်မှထိန်းသိမ်းထားမည့် မာဂျင်ပမာဏကို အနည်းဆုံး ဖြစ်စေရန်အတွက် အမြင့်ဆုံး leverage အချိုးကို အသုံးပြုရန် လိုအပ်ပါသည်။

  • လက်တွေ့ Forex ကုန်သွယ်ရေး အကောင့်သို့ ငွေဖြည့်သွင်းခြင်း မပြုမီ၊ ဒီမိုအကောင့်တခုတွင် ကုန်သွယ်မှုများဖွင့်လှစ်ခြင်းဖြင့် ဦးစွာလေ့ကျင့်ပါ။ ဒီမိုအကောင့်များသည် သင့်အတွက် အကောင်းဆုံးကုန်သွယ်ရေး‌ဗျူဟာကို ကူညီဖော်ထုတ်ပေးနိုင်ပါသည်။

  • ကုန်သည်၏ ပထမဦးစားပေး အထောက်အကူများမှာ သင်္ချာနည်းပညာဆိုင်ရာ ညွှန်ပြချက်များ၊ ဈေးတန်းအဆင့်များ၊ ဇယားပုံစံများ၊ စီးပွားရေးပြက္ခဒိန်၊ ဘဏ္ဍာရေးပြက္ခဒိန်၊ နောက်ဆုံးရသတင်းများ (အချိန်နှင့်တပြေးညီသတင်းများ)၊ screeners (စိစစ်ရွေးထုတ်မှုကိရိယာများ)၊ လေ့ကျင့် သင်ကြားရေး အထောက်အကူများ၊ အကျိုးဆောင်မှ ပံ့ပိုးပေးသော ခွဲခြမ်းစိတ်ဖြာမှု အချက်အလက်များ စသည်တို့ ဖြစ်ကြပါသည်။ ပွိုင့်(pip)တန်ဖိုး၊ မာဂျင်နှင့်၊ ပမာဏများကို တွက်ချက်ပေးသော one-point cost၊ margin နှင့် volume calculators များသည်လည်း အသုံးဝင်သော ကိရိယာများ ဖြစ်ကြပါသည်။

$100 ဖြင့် Forex ကုန်သွယ်မှု ပြုလုပ်နိုင်ပါသလား။

Forex တွင် ကုန်သွယ်မှုဖွင့်လှစ်သောအခါ ကုန်သွယ်မှုပမာဏကို lots ဖြင့်တွက်ချက်ပါသည်။ ဥပမာအားဖြင့် - ငွေကြေးကုန်သွယ်ရေးတွင် lot အပြည့်တခုသည် အခြေခံငွေကြေး (base currency) ၏ 100,000 ယူနစ်နှင့် ညီမျှပါသည်။ ကုန်သွယ်မှုဖွင့်နိုင်သော အနည်းဆုံးပမာဏမှာ 0.01 lots ဖြစ်ပါသည်။

  • အကယ်၍ GBPUSD ငွေကြေးအတွဲ၏ နှုန်းထားအစစ်အမှန်မှာ 1.28 ဖြစ်ပါက၊ 100,000 ဗြိတိန်ပေါင်ကို ဝယ်ယူရန် 128,000 အမေရိကန်ဒေါ်လာလိုအပ်သည်ဟု အဓိပ္ပါယ်ရပါသည်။

  • GBPUSD အတွဲအတွက် အနည်းဆုံး lot ပမာဏမှာ 0.01 ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် ပုံမှန် lot တခု၏ အပုံတရာပုံတပုံ (၁/၁၀၀) ကို ဝယ်ယူနိုင်ပြီး၊ ၎င်းပမာဏသည် 1,000 GBP နှင့် ညီမျှပါသည်။

  • 1,000 GBP ကို ဝယ်ယူရန် 1,280 USD ကျသင့်ပါမည်။

ထို့ကြောင့် သေးငယ်သောအရင်းအနှီးပမာဏဖြင့် ကုန်သွယ်မှုဖွင့်လှစ်ကာ ငွေရှာနိုင်သည်ဟု ကျွန်ုပ်တို့အနေဖြင့် ကောက်ချက်ချနိုင်ပါသည်။ အကျိုးဆောင်မှ ပံ့ပိုးပေးသော leverage သည် အရင်းအနှီးပြဿနာကို ပြေလည်စေသော အဓိကသော့ချက်ဖြစ်ပါသည်။ ဥပမာအားဖြင့် - 1:1000 leverage သည် ကုန်သည်၏ အရင်းအနှီးကို အဆတထောင်(၁၀၀၀) ပွားများစေနိုင်သည်။ ထိုအခါ 100 USD သည် 100,000 USD နှင့်ညီမျှသောတန်ဖိုးအဖြစ် ပြောင်းလဲသွားပါသည်။ အသေးဆုံး ကုန်သွယ်မှုအရွယ်အစား 0.01 lots ကိုဖွင့်လှစ်ရန်အတွက် လိုအပ်သော ငွေပမာဏမှာ 1,280 USD ဖြစ်ပြီး၊ ၎င်းသည် အပ်ငွေ၏ 1.2% ထက် အနည်းမျှသာကျော်လွန်သောကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်းစည်းမျဉ်းများနှင့် ကိုက်ညီပါသည်။

စာချုပ်သတ်မှတ်ချက်နှင့် အနည်းဆုံး lot အရွယ်အစားများကို သက်ဆိုင်ရာကုန်သွယ်ရေးပစ္စည်း၏ အသေးစိတ် ဖော်ပြချက်များတွင် ညွှန်ပြပေးထားပါသည်။ အဆိုပါဖော်ပြချက်များကို ရှာဖွေရန် အကျိုးဆောင် ၏ ကုန်သွယ်ရေးပလပ်‌ဖောင်းပေါ်ရှိ ဘယ်ဘက်ဘောင်ကွက်အတွင်းမှ “ကုန်သွယ်မှု” မီနူးကိုနှိပ်ပါ။ နောက်ထပ်ပေါ်လာသောမီနူးမှ "Info on the instrument” တွင် ရရှိနိုင်သော ကုန်သွယ်ရေးပိုင်ဆိုင်မှု အမျိုးအစားစာရင်းကို ကြည့်ရှုနိုင်ပါသည်။ 

LiteFinance: $100 ဖြင့် Forex ကုန်သွယ်မှု ပြုလုပ်နိုင်ပါသလား။

Microsoft (#MSFT) စတော့များ၏ အသေးစိတ်ဖော်ပြချက်များကို လေ့လာကြည့်ကြရအောင်။ စာချုပ်တခုလျှင် ရှယ်ယာတခု၊ အနည်းဆုံးကုန်သွယ်မှုအရွယ်အစား - 1 lot၊ ရှယ်ယာတခု၏ဈေးနှုန်း - 344.05 USD အစရှိသော အချက်အလက်များကို တွေ့ရှိကြရပါမည်။ MT4 တွင် 2% မာဂျင်သည် 1:50 leverage နှင့် ညီမျှပါသည်။ သို့ဖြစ်၍ ရှယ်ယာတခုကို ဝယ်ယူရန် 6.88 USD (344.05 × 0.02) လိုအပ်ပါသည်။ ဤမာဂျင်ပမာဏသည် ကုန်သည်တဦး၏ လက်သင့်ခံနိုင်သော စွန့်စားမှု အတိုင်းအတာ အတွင်း၌ ရှိပါသည်။ အသေးစိတ်ဖော်ပြချက်များကို အသုံးပြု၍ ကုန်သွယ်ရေးပစ္စည်း အသီးသီး၏ အနည်းဆုံးမာဂျင်ပမာဏကို တွက်ချက်နိုင်ပါသည်။

MetaTrader 4 နှင့် 5 တို့သည်လည်း ကုန်သွယ်ရေးပိုင်ဆိုင်မှုများ၏ အချက်အလက်များကို ဖော်ပြပေးပါသည်။ အပေါ်ဘက်ရှိ “View” မီနူး သို့မဟုတ် ကိရိယာများဘောင်ကွက်ပေါ်တွင် ကလစ်နှိပ်ပါ။ သက်ဆိုင်ရာ သင်္ကေတပေါ်တွင် right-click နှိပ်၍ ကျလာသောစာရင်းမှ “Specification” ကိုရွေးချယ်ပါ။ ဘောင်ကွက်အတွင်း လိုအပ်သော ကုန်သွယ်ရေးပစ္စည်းကို ရှာမတွေ့ပါက၊ “View” မီနူးတွင် ဖြည့်စွက် ထည့်သွင်းနိုင်ပါသည်(Symbols → Show Symbol)။

LiteFinance: $100 ဖြင့် Forex ကုန်သွယ်မှု ပြုလုပ်နိုင်ပါသလား။

အဆင့် ၁။ ဒီမိုအကောင့်တခုဖြင့် Forex ကုန်သွယ်ရေး ပလပ်ဖောင်း ကို စူးစမ်းလေ့လာပါ

ဒီမိုအကောင့်တခုသည် Forex လက်တွေ့အကောင့်တခု၏ လုပ်ဆောင်ချက်များ၊ ရွေးချယ်ခွင့်များအား တူညီစွာ ပုံတူပွားထားသော သရုပ်ပြဗားရှင်း ဖြစ်ပါသည်။ တခုတည်းသော ခြားနားချက်မှာ ဒီမိုအကောင့်တွင် အကျိုးဆောင်မှ ထည့်သွင်းပေးထားသော စိတ်ကူးယဉ်ငွေကြေးကိုသာ အသုံးပြုရပြီး၊ ရရှိသောအမြတ်၊ အရှုံးများမှာလည်း အစစ်အမှန်မဟုတ်ပဲ အစစ်အမှန်ကဲ့သို့ သရုပ်ဖော်ထားယုံသာဖြစ်သည်။ 

ဒီမိုကုန်သွယ်ရေးအကောင့်၏ အားသာချက်များ - 

  • Forex ဈေးကွက်ပါဝင်သူများအတွက် ဒီမိုအကောင့်တွင် ငွေကြေးဆုံးရှုံးနိုင်သော အန္တရာယ်မရှိပါ။ ဆုံးရှုံးသောကုန်သွယ်မှုများကို ပိတ်သိမ်းပြီးနောက်၊ ဒီမိုအကောင့်သစ်တခုကိုဖွင့်၍ ကုန်သွယ်ရေးကို ဆက်လက်လေ့ကျင့်လုပ်‌ဆောင်နိုင်ပါသည်။

  • ကလစ်အနည်းငယ်နှိပ်ယုံမျှဖြင့် ဒီမိုအကောင့်သို့ အချိန်မရွေး ငွေထပ်မံဖြည့်သွင်းနိုင်ပါသည်။ ဒီမိုအကောင့်များသည် နည်းဗျူဟာများစွာကို စမ်းသပ်နိုင်ရန်နှင့် အောင်မြင်သောကုန်သွယ်ရေး အတွက် အခြေခံလိုအပ်ချက်များကို စုဆောင်းနိုင်ရန် ကူညီပံ့ပိုးပေးပါသည်။

  • Forex အကျိုးဆောင်၏ ကုန်သွယ်ရေးအားသာချက်များ၊ အခွင့်အလမ်းများ၊ လုပ်ဆောင်ချက်များနှင့် သီးသန့်ဝန်ဆောင်မှုများကိုလည်း အသုံးချခွင့်ရရှိနိုင်ပါသည်။

ဒီမိုအကောင့်အတွက် ကနဦးအပ်ငွေကို သတ်မှတ်ရာတွင် သင်၏ လက်တွေ့ကုန်သွယ်ရေးအကောင့်သို့ အမှန်တကယ် ဖြည့်သွင်းရန် ရည်ရွယ်ထားသော ပမာဏကိုသာ အသုံးပြုရန် အကြံပြုလိုပါသည်။ အကယ်၍ သင်သည် $100 ဖြင့် forex ကုန်သွယ်မှုပြုလုပ်လိုပါက၊ ဒီမိုအကောင့်တွင် အပ်ငွေ $100,000 ဖြင့်လေ့ကျင့်ခြင်းကို မပြုလုပ်သင့်ပါ။ မတူညီသော အပ်ငွေပမာဏများအတွက် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုစည်းမျဉ်းချမှတ်ပုံများ မတူညီသောကြောင့် ဖြစ်ပါသည်။ ထို့ပြင် တာဝန်ရှိမှုအတိုင်းအတာနှင့် အမြတ်/အရှုံးအလားအလာများလည်း ကွဲပြားကြပါသည်။ ဒီမိုအကောင့်တွင် $100 ဖြင့် စတင်သောအခါ၊ နောင်အခါ သင်ကြုံတွေ့ရမည့် ဈေးကွက်အစစ်အမှန်၏ အခြေအနေများကို တူညီစွာ ဖန်တီးနိုင်မည် ဖြစ်သည်။

ထို့အတူ ကုန်သည်များသည် ၎င်းတို့၏ ကိုယ်ပိုင်ငွေများဖြင့် စွန့်စားရခြင်းမရှိသောအခါ၊ အလောတကြီး ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် အန္တရာယ်များသော ကုန်သွယ်မှုများဖွင့်လှစ်ခြင်းတို့ကို အလွယ်တကူ ဆောင်ရွက်မိတတ်ကြသည်။ ဤအလေ့အထသည် လက်တွေ့အကောင့်သို့ ကူးပြောင်းလိုက်ပါလာသောအခါ၊ ရလာဒ်အနေဖြင့် ဆုံးရှုံးမှုများကို တိုးပွားစေနိုင်ပါသည်။ ထို့ကြောင့် ဒီမိုအကောင့်များတွင် အဓိက လေ့လာသင်ယူရမည့်အချက်မှာ မှန်ကန်သော ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဗျူဟာပင် ဖြစ်ပါသည်။

ဒီမိုအကောင့်တခုကို အဘယ်ကြောင့် အသုံးပြုသင့်သနည်း - 

  • ကုန်သွယ်ရေးပလပ်ဖောင်း၏ လုပ်ဆောင်ချက်ကို အပြည့်အဝနားလည်စေရန်အတွက်၊ Forex ကုန်သွယ်ရေးနှင့် ကုန်သွယ်ရေးအခွင့်အလမ်းများကို သင်ကိုယ်တိုင် စတင်လေ့လာပါ။ အကယ်၍ သင်သည် အတွေ့အကြုံပြည့်ဝသည့် ကုန်သည်တဦးဖြစ်သော်လည်း LiteFinance ဆိုက်သို့ ပထမဆုံးအကြိမ် ဝင်ရောက်ကြည့်ရှုခြင်းဖြစ်ပါက ဝက်ဘ်ပလပ်ဖောင်း၏ အင်္ဂါရပ်များကို စူးစမ်းရှာဖွေကာ၊ ဤပလပ်ဖောင်းအတွက် သီးသန့်ဖန်တီးထား‌သော ညွှန်ပြကိရိယာများကို စမ်းသပ်အသုံးပြုပါ။ အကယ်၍ သင်သည် ယခုမှစတင်လေ့လာသူတဦးဖြစ်ပြီး $100 ဖြင့် forex ကုန်သွယ်ရေးဆောင်ရွက်လိုပါက၊ အကောင့်တွင်းသို့ ငွေဖြည့်သွင်းရန်မလိုပဲ ကုန်သွယ်ရေးဆိုင်ရာ အသေးစိတ်အချက်အလက်များကို အဖြေရှာနိုင်ရန်‌ ဒီမိုအကောင့်တခုက ကူညီပေးပါလိမ့်မည်။

  • အတွေ့အကြုံနှင့် ထိုးထွင်းသိမြင်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် ဆုံးဖြတ်ချက် ချမှတ်မှု ဆိုင်ရာ စွမ်းရည်များကို တိုးတက်စေရန်။ ဒီမိုအကောင့်တခုတွင် လေ့ကျင့်သော အကြိမ်အရေအတွက် ပိုများသည်နှင့်အမျှ သင်၏ ကုန်သွယ်မှုအလားအလာအပေါ် ယုံကြည်မှု ပိုမိုမြင့်မားလာမည်ဖြစ်ပြီး၊ လက်တွေ့အကောင့်တခုတွင် အောင်မြင်မှုရရှိရန် ပို၍နီးစပ်လာမည် ဖြစါပါသည်။ 

  • နည်းဗျူဟာများကို စမ်းသပ်ရန်။ ဈေးနှုန်းရာဇဝင်များပေါ်တွင် နောက်ကြောင်းပြန်စမ်းသပ်ခြင်းသည် နည်း‌ဗျူဟာတခု၏ ထိရောက်မှု၊ မှန်းဆမရသောရုတ်တရတ်အပြောင်းအလဲများအပေါ် ၎င်း၏ ခံနိုင်ရည်ရှိမှုနှင့် အမြတ်အလားအလာများကို အကဲဖြတ်တိုင်းတာပေးပါသည်။ သင်ကိုယ်တိုင် ရေးဆွဲထားသော သို့မဟုတ် အယ်လ်ဂိုရီသမ်ဖြင့် ရေးဆွဲသော forex ကုန်သွယ်ရေးဗျူဟာများကို စမ်းသပ်ရန်အတွက် မူရင်းဖွဲ့စည်းမှုတွင်ပါဝင်သော MT4 tester သို့မဟုတ် Forex Simulator/FxBlue testers များကို အသုံးပြုပါ။

LiteFinance တွင် ဒီမိုအကောင့်တခု အား မှတ်ပုံတင်စာရင်းသွင်းရန် (သို့မဟုတ်) သက်သေခံ အတည်ပြုရန် မလိုအပ်ပဲ ဖွင့်လှစ်နိုင်ပါသည်။ ဝက်ဘ်ပလက်ဖောင်းပေါ်မှ သင်၏ဒီမိုအကောင့်သို့ သင့်စိတ်ကြိုက် စိတ်ကူးယဉ် အပ်ငွေပမာဏကို ထည့်သွင်း၍ ကုန်သွယ်မှုများဖွင့်လှစ်နိုင်ယုံသာမက၊ လူမှုကုန်သွယ်ရေး ဝန်ဆောင်မှုနှင့် ကုန်သည်အဆင့် သတ်မှတ်ချက်များ များကိုလည်း စူးစမ်းလေ့လာနိုင်ပါသည်။ သင်၏ ကုန်သွယ်ရေးမှတ်တမ်းကို သိမ်းဆည်းပေးစေလိုပါက၊ ၂မိနစ်ထက်မပိုသော အချိန်အတွင်း မြန်ဆန်‌သော မှတ်ပုံတင်စာရင်းသွင်းခြင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်ရပါမည်။ လက်တွေ့အကောင့်တွင် ကုန်သွယ်ရေး ဆောင်ရွက်လိုပါက မှတ်ပုံတင် စာရင်း ပေးသွင်းခြင်းပြီးစီးသောအခါ သင်၏ ကိုယ်ရေး အထောက်အထားများ ကို အကျိုးဆောင် ၏ လိုအပ်ချက်နှင့်အညီ သက်သေခံတင်ပြရပါမည်။ Forex ကုန်သွယ်ရေးကို $50 ဖြင့် စတင်နိုင်ပါသည်။

Forex ဈေးကွက်ကို သုသေသနပြုလုပ်ပါ

CFDs ကုန်သွယ်ရေး၏ အောင်မြင်မှုသည် သင်၏ခန့်မှန်းချက်များ မှန်ကန်မှုအပေါ်တွင် မူတည်ပါသည်။ ရုတ်တရက်ကြည့်ရှုပါက ဇယားများသည် ကစဉ့်ကလျားရွေ့လျားနေသည်ဟု ထင်မြင်ရသော်လည်း၊ အမှန်အားဖြင့် ဈေးကွက်သည် တိကျသော ထုံးစံများအတိုင်း ရွေ့လျားလေ့ရှိပါသည်။ ဥပမာ - သတင်းထုတ်ပြန်ခြင်းများ။ အကယ်၍ ကုမ္ပဏီတခု၏ ဘဏ္ဍာရေးအစီရင်ခံစာများသည် တိုးတက်သော အသားတင်အမြတ်ကို ပြသပါက၊ ကုန်သည်များသည် ၎င်းစတော့များကို စတင်၍ဝယ်ယူလာကြပြီး၊ မြင့်မားသော ဝယ်လိုအားသည် ဈေးနှုန်းအား အထက်သို့ တွန်းပို့ပေးပါသည်။ သို့မဟုတ် ကုန်သည်အများစုမှ ယခုထက်ပို၍စွန့်စားခြင်းမပြုရန် ဆုံးဖြတ်ကြပြီး၊ တိကျသော ဈေးတန်းတခုအနီးတွင် ကုန်သွယ်မှုများကို ပိတ်သိမ်းကြပါသည်။ ဤအချိန်တွင် လူတို့၏ တူရာစုဝေးသောစိတ်သဘောထားများ စတင်၍ သက်ရောက်လာပြီး၊ ဈေးကွက်ပါဝင်သူများသည် ခိုင်မာသော resistance level တခုအနီးတွင် ကုန်သွယ်မှုများကို အပြိုင်အဆိုင်ပိတ်သိမ်းရန် စိတ်အားထက်သန်လာကြသည်။ ကုန်သည်တဦး၏ တာဝန်မှာ မှန်ကန်သောအချက်ပြမှုများကို ခွဲခြားထုတ်ဖော်ရန်နှင့် လက်တွေ့ခွဲခြမ်းစိတ်ဖြာမှုနည်းလမ်းများကို အသုံးပြု၍ ဈေးနှုန်းရွေ့လျားမှုကို ကြိုတင်ခန့်မှန်းရန်ဖြစ်သည်။

Forex ဈေးကွက်ခွဲခြမ်းစိတ်ဖြာမှုအမျိုးအစားများ -

  • နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု။ ၎င်းသည် အနာဂါတ်တွင် ပြန်လည်ဖြစ်ပွားနိုင်သည်ဟူသော ယူဆချက်ဖြင့် အတိတ်မှ ကြိမ်ဖန်များစွာဖြစ်လေ့ရှိသော ရွေ့လျားမှုပုံစံများကို ရှာဖွေစိစစ်ခြင်း ဖြစ်သည်။ နည်းပညာပိုင်းဆိုင်ရာ ညွှန်ပြချက်များသည် သင်္ချာဖော်မြူလာများနှင့် စာရင်းအင်းဆိုင်ရာ အယ်လ်ဂိုရီသမ်များအပေါ်တွင် အခြေခံပါသည်။

  • ဂရပ်ဖစ်ခွဲခြမ်းစိတ်ဖြာမှုပုံစံများ — အနာဂါတ်ငွေကြေးဈေးကွက် ရွေ့လျားမှုများကို ခန့်မှန်းရန် အတွက် ကူညီလမ်းပြပေးသော candlestick ဖွဲ့စည်းပုံများ။ ၎င်းတို့တွင် ဦးတည်ရာပြ လမ်းကြောင်းများ၊ support နှင့် resistance levels များ ပါဝင်ပါသည်။

  • စီးပွားရေးအခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုနှင့် ယေဘုယျ/အသေးစိတ်-စီးပွားရေးအချက်အလက်များ – အတိုးနှုန်းအပြောင်းအလဲများ၊ ငွေကြေး ဖောင်းပွမှု ကိန်းဂဏန်းများ၊ အလုပ်အကိုင်အခွင့်အလမ်း၊ နိုင်ငံ၏ဝင်ငွေထွက်ငွေ ညီညွှတ်မျှတမှု၊ အများပိုင် ကုမ္ပဏီများ၏ ဘဏ္ဍာရေးအစီရင်ခံစာများ အစရှိသဖြင့်။

  • စိတ်ပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအရ ကုန်သည်များစွာတို့၏ အပြုအမူများသည် စံသတ်မှတ်ထားသော ပုံစံများကို လိုက်နာလေ့ရှိကြောင်း တွေ့ရှိရပါသည်။ ၎င်းတို့သည် “နောက်ဆုံးရထားဖြင့် အမှီလိုက်ပါရန်” ကြိုးစားသကဲ့သို့ အပူတပြင်းရောင်းချမှုများကို လုပ်ဆောင်မိတတ်ကြသည်။ ဈေးကွက်အလေးသာမှု ညွှန်ပြချက်သည် ကုန်သည်များ၏ အပြုအမူ အပေါ်တွင် အကဲဖြတ်နိုင်ရန် ကူညီပေးပါသည်။

  • လှိုင်းသဏ္ဍန်ခွဲခြမ်းစိတ်ဖြာမှုဆိုသည်မှာ ရှည်လျားသောကာလတခုအတွင်း ဈေးကွက်သည် ပြောင်းလဲမှုအဆင့်တခုစီကို ဖြတ်ကျော်၍ စက်ဝိုင်းသဏ္ဍန်ရွေ့လျားသည်ဟု သတ်မှတ်ယူဆခြင်း ဖြစ်ပါသည်။ ကုန်သည်၏ တာဝန်မှာ ဈေးကွက်သည် မည်သည့်ပြောင်းလဲမှုအဆင့်တွင် ရောက်ရှိနေသည်ကို ဆုံးဖြတ်ရန်ဖြစ်သည်။ Elliott waves သည် လှ်ိုင်းပုံစံခွဲခြမ်းစိတ်ဖြာမှု၏ ဥပမာတခုဖြစ်ပါသည်။

အဓိကသတင်းအချက်အလက်အရင်းအမြစ်များ - အခြေခံနှင့် သုံးစွဲသူစိတ်ကြိုက် နည်းပညာဆိုင်ရာ ညွှန်ပြကိရိယာများ၊ newsfeeds နှင့် metric aggregators များ၊ စာရင်းအင်းအချက်အလက်များကို ဖော်ပြပေးသော ခွဲခြမ်းစိတ်ဖြာမှုအရင်းအမြစ်များ၊ ကုန်သည်ဖိုရမ်များ၊ ကျွမ်းကျင်သူတို့၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဘလော့များ၊ စီးပွားရေးပြက္ခဒိန်များ၊ ဘဏ္ဍာရေးပြက္ခဒိန်များ၊ ပညာရေးနှင့် ခွဲခြမ်းစိတ်ဖြာရေး ချန်နယ်လ်များ၊ အကျိုးဆောင်၏ လေ့ကျင့်ရေးသင်ခန်းစာများ အစရှိသည်တို့ ဖြစ်ပါသည်။

အခြေခံစီးပွားရေးဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု

အခြေခံစီးပွားရေးဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု သည် ပိုင်ဆိုင်မှု၏ ဈေးနှုန်းအပေါ် အကျိုးသက်ရောက်နိုင်သည့် စီးပွားရေးနှင့် ဘဏ္ဍာရေးအချက်အလက်များ၊ နိုင်ငံရေးဖြစ်ရပ်များအပေါ် အခြေခံ၍ ကုန်သွယ်ရေး ဈေးကွက်အား လေ့လာသုံးသပ်ခြင်းဖြစ်ပါသည်။

နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်အတွင်း စီးပွားရေးအရင်းခံခွဲခြမ်းစိတ်ဖြာခြင်းမှ မည်ကဲ့သို့ အကျိုးအမြတ်ကို ဖန်တီးနိုင်မည်နည်း။ အဓိကသော့ချက်မှာ မည်သည့် အခြေခံပိုင်းဆိုင်ရာ အကြောင်းအရာသည် ဈေးနှုန်းအပေါ် အများဆုံးအကျိုးသက်ရောက်နိုင်မည်ကို ဆုံးဖြတ်ရန်ဖြစ်သည်။ ခန့်မှန်းထားသော ဈေးနှုန်းရွေ့လျားမှု ဦးတည်ရာနှင့်အညီ ကုန်သွယ်မှုတခုကို ဖွင့်ပါသည်။ အခြားနည်းလမ်းတခုမှာ သတင်းထုတ်ပြန်မှုမတိုင်မီ အတော်အတန်ကွာဝေးသောပွိုင့်တခုတွင် pending order များချမှတ်ခြင်းဖြင့် မတည်ငြိမ်မှုအကျိုးဆက်များကို ဖယ်ရှားရန်ဖြစ်သည်။

အခြေခံစီးပွားရေးခွဲခြမ်းစိတ်ဖြာမှုအထောက်အကူများ - 

  • စီးပွားရေးပြက္ခဒိန်။ ၎င်းတွင် ကမ္ဘာအဝှမ်းမှ အရေးအကြီးဆုံး စီးပွားရေးဖြစ်ရပ်များ၏ သတင်းအချက်အလက်များ ပါဝင်ပါသည်။ ၎င်းသည် အဆိုပါဖြစ်ရပ်များ၏ လွှမ်းမိုးမှုအတိုင်းအတာ နှင့် ဖြစ်ပွားသောအချိန်တို့ကိုလည်း ညွှန်ပြပေးပါသည်။ 

LiteFinance: အခြေခံစီးပွားရေးဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု

  • ဘဏ္ဍာရေးအစီရင်ခံစာများ - အမြတ်/အရှုံးခွဲခြမ်းစိတ်ဖြာမှု၊ လက်ကျန်ငွေစာရင်းရှင်းတမ်းနှင့် ငွေကြေးစီးဆင်းမှုများ။ ကုမ္ပဏီ၏ အခြားသော သတင်းအချက်အလက်များ - စီးပွားပေါင်းစည်းမှုများ၊ စီးပွားရေးဦးတည်ချက်အသစ်များ၊ ကမ္ဘာလုံးဆိုင်ရာချဲ့ထွင်မှု၊ ဥပဒေရေးရာကိစ္စရပ်များ အစရှိသဖြင့်။

  • မက်ခရိုစီးပွားရေးအချက်အလက်များ - GDP၊ ငွေကြေးဖောင်းပွမှုနှင့် အလုပ်အကိုင်နှုန်းထားများ။

  • သတင်းများ - ဗဟိုဘဏ်ကြေငြာချက်များ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက် များ၊ တရားရေးအပြောင်းအလဲများ၊ စီးပွားရေးကဏ္ဍများကူညီပံ့ပိုးမှု အစရှ်ိသဖြင့်။

  • အစီရင်ခံတင်ပြချက်များနှင့် ခွဲခြမ်းစိတ်ဖြာမှုသုံးသပ်ချက်များ။ အကောင်းဆုံး forex အကျိုးဆောင်များ၊ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့အစည်းများနှင့် ခွဲခြမ်းစိတ်ဖြာရေးအေဂျင်စီများထံမှ လေ့လာဆန်းစစ်မှုရလာဒ်များနှင့် ရှုမြင်သုံးသပ်ချက်များ။

  • ပထဝီနိုင်ငံရေးအကြောင်းအရာများ - ဥပမာအားဖြင့်၊ OPEC ဆုံးဖြတ်ချက်၏ အကျိုး သက်ရောက်မှုများ၊ ကုန်သွယ်စစ်ပွဲများနှင့် ရေနံဈေးနှုန်းဆိုင်ရာ ကန့်သတ်ချက်များ။

သတင်းများထွက်ပေါ်လာသော အခိုက်အတန့်များတွင် ဈေးကွက်အတွင်း မြင့်မားသော မတည်ငြိမ်မှုများ ရုတ်တရက် ပေါ်ပေါက်နိုင်သောကြောင့် သတင်းအခြေပြုကုန်သွယ်ရေးကို စွန့်စားမှုမြင့်မားသော နည်းလမ်းအဖြစ် ယူဆထားကြပါသည်။

ည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု

နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု သည် ဈေးနှုန်း‌ရွေ့လျားမှုရာဇဝင်နှင့် ကုန်သွယ်မှုပမာဏများအပေါ် အဓိပ္ပါယ်ကောက်ယူခြင်း ဖြစ်ပါသည်။ ၎င်းသည် ဈေးနှုန်း‌ရွေ့လျားမှုများ၏ ယေဘုယျသဘောသဘာဝကို ဖော်ပြပေးသော သင်္ချာနှင့် စာရင်းဇယားအခြေခံ ခွဲခြမ်းစိတ်ဖြာမှုပုံစံများ ဖြစ်ပါသည်။

Forex ဈေးကွက်အတွင်း မည်သို့ ငွေရှာရမည်နည်း။ အခြေခံ ညွှန်ပြကိရိယာများ၏ အချက်ပြမှုများကို စောင့်ဆိုင်းပါ။ အချက်ပြမှုများကို အခြားသော အကူကိရိယာများဖြင့် ထပ်မံအတည်ပြုပါ။ ခန့်မှန်းထားသော ဦးတည်ရာတွင် ကုန်သွယ်မှုဖွင့်ပါ။ ကုန်သွယ်မှု အရေအတွက်နောက်သို့ မလိုက်ပါနှင့်။ ပိုမိုနည်းပါးသော ကုန်သွယ်မှုအရေအတွက်သည် သင်၏ ကုန်သွယ်ရေးစနစ်အား ပိုမိုတည်ငြိမ်၍၊ တိကျ‌မှုရှိစေပါသည်။ 

နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုကိရိယာများ 

LiteFinance: ည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု

  • Support နှင့် resistance၊ ဇယားပုံစံများ။ ၎င်းတို့တွင် အလှည့်အပြောင်းနှင့် ရှေ့ဆက်မှုအတွက် အချက်ပြသော ပုံစံများရှိကြပါသည်။ levels များသည် မည်သည့်ပွိုင့်တွင် ဈေးနှုန်းအလှည့်အပြောင်း ဖြစ်ပေါ်နိုင်သည်ကို ခွဲခြားထုတ်ဖော်ပေးပါသည်။ ၎င်းတို့အား stop loss အော်ဒါများ ချမှတ်ရန်အတွက်လည်း အသုံးပြုကြလေ့ရှိသည်။ Fibonacci ratios များသည် စိတ်ပညာသဘောတရားအပေါ်အခြေခံသော ဈေးနှုန်း level အမျိုးအစားများ ဖြစ်ကြပါသည်။

  • ဂရပ်ဖစ်ရုပ်ပုံများ - တြိဂံများ၊ အနားပြိုင်စတုဂံများ၊ ရောင်စဉ်မျဉ်းများ၊ စသည်တို့ ဖြစ်ကြပါသည်။ ၎င်းတို့သည် ကာလရှည်လမ်းကြောင်းများကို ခွဲခြားသတ်မှတ်ပေးပါသည်။

  • ရေပြင်ညီနှင့် အထက်/အောက် ပမာဏများ။ ၎င်းတို့သည် ကုန်သွယ်ရေးလှုပ်ရှားမှုအကြီးမားဆုံး ကာလများနှင့် အော်ဒါများ အများဆုံးအထမြောက်သော ဈေးနှုန်းဧရိယာများကို ကူညီဆုံးဖြတ် ပေးပါသည်။

  • Candlestick နှင့်linear charts ၊ Heiken Ashi candles၊ Renko၊ Tic-Tac-Toe။ အချိန်အပိုင်းအခြားမျိုးစုံတွင် ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ခြင်း။ ပိုမိုရှည်လျားသော အချိန်ပိုင်းဇယားများ တွင် ဦးတည်ရာတိကျသော လမ်းကြောင်းများကို ရှာဖွေတွေ့ရှိနိုင်ပါသည်။ သို့သော် ပို၍သေးငယ်သော အချိန်ပိုင်းဇယားတွင် ကုန်သွယ်မှုတခုကို ဖွင့်လှစ်ပါသည်။

၎င်းတို့အနက် အချို့သော ကိရိယာများသည် ကုန်သွယ်ရေးပလပ်ဖောင်းများစွာတို့တွင် ပင်ကိုယ်အားဖြင့် ပါဝင်ပြီးဖြစ်ပါသည်။ ဒက်စတော့ပလပ်ဖောင်းများအတွက် အသုံးပြုသူစိတ်ကြိုက် ညွှန်ပြကိရိယာများ၊ အလိုအလျောက်ကုန်သွယ်ရေးစနစ်များနှင့် သတင်းအချက်အလက်ဒတ်ရှ်ဘုတ်များကို သီးခြားစီ ဒေါင်းလုပ်ဒ်ပြုလုပ်၍ ထည့်သွင်းရပါသည်။ ဥပမာအားဖြင့် MetaQuotes site တွင် MT4 နှင့် MT5 အတွက် ညွှန်ပြကိရိယာများစွာကို အတိုချုပ်သုံးသပ်ချက်များနှင့်တကွ အခမဲ့ ရှာဖွေရယူနိုင်ပါသည်။ 

အဆင့် ၃။ ကုန်သွယ်ရေးအကောင့်တခုသို့ ငွေအပ်နှံ ဖြည့်သွင်း ခြင်း

သတိပြုရန်! ငွေအပ်နှံမှု မပြုလုပ်မီ၊ သင်၏ ID၊ လိပ်စာအထောက်အထားများကို ပေးသွင်း၍ သက်သေခံအတည်ပြုခြင်းကို ဦးစွာဆောင်ရွက်ရပါမည်။ သင်၏ wallet သို့မဟုတ် ဘဏ်ကဒ်သည် အလုပ်လုပ်ကြောင်း သေချာမှုရှိစေရန်အတွက် သင်၏ငွေပေးချေမှုနည်းလမ်းကိုလည်း အတည်ပြုရန် လိုအပ်နိုင်ပါသည်။ ကာယကံရှင်မဟုတ်သော အခြားသူများ၏ wallets များ၊ ကဒ်များ သို့မဟုတ် ဘဏ်အကောင့်များမှတဆင့် ငွေလွှဲပြောင်းခြင်းကို တားမြစ်ထားပါသည်။

ငွေပေးချေမှုနည်းလမ်းများကို ဤနေရာတွင် ဆန်းစစ်လေ့လာပါ။ အောက်ပါအချက်များကို အထူးဂရုပြုပါ။

  • အနည်းဆုံးငွေသွင်း/ငွေထုတ် ပမာဏ၊

  • လုပ်ငန်းဆောင်ရွက်မှုအဖိုးအခများ (အချို့သော အကျိုးဆောင်များမှ တစိတ်တပိုင်း ပြန်လည် ကျခံပေးခြင်း ရှိ/မရှိ)၊

  • ငွေဖြည့်သွင်းရန်ကြာချိန်။

အကယ်၍ သင့်အနေဖြင့် အဆင်ပြေကိုက်ညီသော ငွေပေးချေမှုနည်းလမ်းကို ရှာမတွေ့ပါက၊ ကျွန်ုပ်တို့၏ ကူညီပံ့ပိုးရေးအဖွဲ့ထံသို့ Live Chat မှတဆင့် အစဉ်အမြဲ ဆက်သွယ်နိုင်ပါသည် - ကျွန်ုပ်တို့၏ ကျွမ်းကျင်ဝန်ထမ်းများသည် သင့်အတွက်အဆင်ပြေသော ကြားခံပေးချေမှုနည်းလမ်းတခုကို ရှာဖွေပေးနိုင် ပါလိမ့်မည်။

အဆင့် ၄။ လိုအပ်သော မာဂျင်နှင့် မာဂျင်ရာခိုင်နှုန်း ကို တွက်ချက် ပါ။

လူကြီးမင်းအနေဖြင့် Leverage ကို အသုံးပြု၍ အကျိုးဆောင်ထံမှ အပိုကုန်ကျစရိတ်မပါဝင်သော ချေးငွေကို ရယူနိုင်ပါသည်။ ဥပမာ - အကယ်၍ ကုန်သည်တဦးသည် 1:10 leverage (100 × 10) ကို အသုံးပြုပါက 100 USD အစား 1,000 USD ကို ပြောင်းလဲအသုံးပြုနိုင်ပါမည်။ တချိန်တည်းမှာပင် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုစည်းမျဉ်းများကို စူးစမ်းလေ့လာရပါမည်။ ကုန်သွယ်မှုတခုအတွက် အများဆုံးမာဂျင်ပမာဏသည် အပ်ငွေ၏ ၃% မှ ၅% ထက် မကျော်လွန်သင့်ပါ။ 

မာဂျင်ကုန်သွယ်ရေးစည်းမျဉ်းများ - 

  1. Leverage ကို အသုံးပြုရသော အဓိကရည်ရွယ်ချက်မှာ မာဂျင်ပမာဏကို လျှော့ချရန်ဖြစ်သည်။ ကုန်သွယ်မှုပမာဏ တိုးမြှင့်ရန် မဟုတ်ပါ။

  2. Leverage အသုံးပြု၍ ကုန်သွယ်မှုပမာဏကို တိုးမြှင့်သောအခါ၊ pip တခု၏တန်ဖိုးသည် အလိုအလျောက် မြင့်တက်သွားပါမည်။ ဥပမာ - EURUSD အတွဲအား 0.01 lots ကုန်သွယ်မှုပြုလုပ်ပါက၊ pip တခုတန်ဖိုးသည် 10 cent နှင့် ညီမျှပါသည်။ ၎င်းသည် သင်၏ ဖြစ်နိုင်ချေရှိသော အမြတ် သို့မဟုတ် အရှုံးပမာဏဖြစ်သည်။ ကုန်သွယ်မှုပမာဏအား အဆ ၁၀၀ တိုးမြှင့်လိုက်သောအခါ၊ pip တခု၏တန်ဖိုးသည် 10 USD နှင့်ညီမျှသွားမည်ဖြစ်သည်။

Leverage အသုံးပြု၍ ကုန်သွယ်မှုပမာဏတိုးမြှင့်ခြင်းသည် ကုန်သည်များအတွက် စွန့်စားမှုလွန်စွာ မြင့်မားစေပြီး၊ stop out အခြေအနေသို့ လျင်မြန်စွာ ရောက်ရှိစေပါသည်။ EURUSD ကိုပင် ထပ်မံ၍ ဥပမာပြပါမည်။ ဂဏန်းတွက်စက်မှ ညွှန်ပြချက်အရ၊ ဤအတွဲ၏ တနေ့အတွင်း မတည်ငြိမ်မှုအတိုင်းအတာမှာ 60 ပွိုင့်ဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့သည် ကုန်သွယ်မှုပမာဏ 1 lot အပြည့်အထိ တိုးမြှင့်လိုက်ပါက၊ ဈေးနှုန်းသည် ဆန့်ကျင်ဘက်သို့ 10 ပွိုင့်ရွေ့လျားယုံမျှဖြင့် အပ်ငွေများကို ဆုံးရှုံးလိုက်ရမည်ဖြစ်သည်။

Leverage ကုန်သွယ်ရေး၏ အဓိကသော့ချက်မှာ မာဂျင်ဖြစ်သည်။ မာဂျင်ဆိုသည်မှာ ကုန်သွယ်မှုတခုဖွင့်ရာ၌ အကျိုးဆောင်မှ ယာယီထိန်းသိမ်းထားသော ပမာဏတခုဖြစ်သည်။ Leverage မပါဝင်သောအခါ အကျိုးဆောင်သည် ကုန်သွယ်မှုတန်ဖိုးအပြည့်အဝကို ထိန်းသိမ်းထားမည်ဖြစ်သည်။ Leverage ကိုအသုံးပြုသောအခါ အကျိုးဆောင်သည် ကုန်သွယ်မှုတန်ဖိုး၏ တစိတ်တပိုင်းကိုသာ ထိန်းသိမ်းထားပါသည်။

မာဂျင် နှင့် pip တန်ဖိုးများကို တွက်ချက်ရန်အတွက် Forex calculator ကို အသုံးပြုပါ။ ကုန်သွယ်ရေးအမျိုးအစား၊ ကုန်သွယ်မှုပမာဏ၊ leverage တန်ဖိုးများကို ဂဏန်းတွက်စက်တွင် ဖြည့်သွင်းပါ။

LiteFinance: အဆင့် ၄။ လိုအပ်သော မာဂျင်နှင့် မာဂျင်ရာခိုင်နှုန်း ကို တွက်ချက် ပါ။

#MSFT စတော့၏ မာဂျင်ပမာဏကို တွက်ချက်ကြည့်ရအောင်။ အထက်ပါရုပ်ပုံတွင် မြင်တွေ့ရသည့်အတိုင်း အနည်းဆုံးကုန်သွယ်မှုပမာဏအတွက် လိုအပ်သော မာဂျင်မှာ 6.88 USD ဖြစ်ပါသည်။

ကုန်သွယ်ရေးတွင် Leverage ဆိုသည်မှာအဘယ်နည်း - စတင်လေ့လာသူများအတွက် ပြည့်စုံသော လမ်းညွှန်ချက်” - ဤဆောင်းပါးတွင် leverage တွက်ချက်မှုနည်းလမ်းများနှင့်တကွ မာဂျင်အလွတ် (free margin) နှင့် စပ်လျဉ်းသော အချက်အလက်များကို အသေးစိတ် ‌ရှင်းလင်းဖော်ပြပေးထားပါသည်။

အဆင့် ၅။ သင်၏ Forex ကုန်သွယ်ရေးဗျူဟာကို ရွေးချယ်ပါ။

မည်သည့် ကုန်သွယ်ရေးဗျူဟာပင်ဖြစ်စေ ၁၀၀ ရာခိုင်နှုန်းအမြတ်ရလာဒ်ကို အာမခံနိုင်မည် မဟုတ်ပါ။ အနည်းနှင့် အများ အမြတ်ကိုသာ ရရှိစေသော ဗျူဟာများလည်းမရှိပါ။ ကုန်သွယ်ရေးဗျူဟာတခု၏ ထိရောက်မှုဆိုရာတွင် ယင်းဗျူဟာသည် ကုန်သည်၏ ပန်းတိုင်များ၊ စိတ်သဘောထား၊ ကျွမ်းကျင်မှုများနှင့် မည်မျှ ကိုက်ညီမှုရှိမရှိဆိုသော အချက်အပေါ် အများဆုံး မူတည်ပါသည်။ အချို့ကုန်သည်များသည် ငွေကြေးကုန်သွယ်ရေးဆောင်ရွက်ရန်အတွက် ကွန်ပျူတာရှေ့တွင် အချိန်များစွာပေး၍ ဒါဇင်နှင့်ချီသော scalping ကုန်သွယ်မှုများကို ဖွင့်လှစ်နိုင်ကြသည်။ အချို့ကုန်သည်များမှာမူ စွန့်စားမှုမြင့်မားသော ခရစ်ပတိုငွေကြေးကုန်သွယ်ရေးကို နှစ်သက်ကြသည်။ အခြားသော အချို့ကုန်သည်များသည် စီးပွားရေးသတင်းများကို စောင့်ကြည့်၍ အခြေခံစီးပွားရေးရွေ့လျားမှုများနှင့်အတူ လိုက်ပါစွန့်စားလိုကြသည်။

Forex ဈေးကွက်များအတွက် ကုန်သွယ်ရေးဗျူဟာများ -

Scalping

Scalping သည် ပွိုင့်ပေါင်းများစွာ၏ အမြတ်အစွန်းများဖြင့် ရေတိုကုန်သွယ်မှုများကို အာရုံစိုက်သည့် ကြိမ်နှုန်းမြင့် ကုန်သွယ်ရေးဗျူဟာတစ်ခုဖြစ်သည်။ ဤနည်းဗျူဟာသည် ကုန်သွယ်မှုတနေ့တာအတွင်းရှိ အချိန်တိုအတွင်း၌ အရောင်းအဝယ် အဖွင့်အပိတ် ပြုလုပ်ခြင်းများ ပါဝင်သည်။ Forex စျေးကွက်တွင် scalping ကိုအတွေ့အကြုံရှိကုန်သည်များအကြား အထူးနှစ်သက်သည်။ ဤချဉ်းကပ်မှုသည် မြင့်မားသောအာရုံစူးစိုက်မှု၊ လျင်မြန်သောဆုံးဖြတ်ချက်ချခြင်းနှင့် အော်ဒါများကို တိကျစွာလုပ်ဆောင်နိုင်မှုတို့ လိုအပ်သည်။ စည်းကမ်းအရ ၎င်းကို M1 အချိန်တွင် အသုံးပြုထားပြီး ရောင်းဈေးဝယ်ဈေး ကွာဟမှု ကျဉ်းမြောင်းရန် လိုအပ်သည်။

တနေ့တာအတွင်း ကုန်သွယ်သည့်ဗျူဟာများ

ကုန်သွယ်ရေး တနေ့တာအတွင်း ကုန်သွယ်မှုများကို တစ်ရက်အတွင်း ဖွင့်လှစ်ခြင်းနှင့် ပိတ်ခြင်းဖြင့် ကုန်သည်များအား Forex စျေးကွက်တွင် အမြတ်အစွန်းများထုတ်နိုင်စေသည့် ဗျူဟာတစ်ခု ဖြစ်သည်။ ကုန်သည်များအတွက် swap ပေးရန်မလိုသည့် အရောင်းအ၀ယ်ပြုလုပ်မှုများပါ၀င်သောကြောင့် ဤဗျူဟာများသည် တက်ကြွသောကုန်သည်များအတွက် အထူးဆွဲဆောင်မှုရှိပါသည်။ Intraday trading သည် ဈေးနှုန်းသွားရာလမ်းကြောင်းနှင့် ချန်နယ်အပေါ် အခြေခံသည့် ဗျူဟာများအပါအဝင် swing trading ကိုပါ ပေါင်းစပ်ထားသည်။ ပုံမှန်အားဖြင့် ကုန်သည်များသည် အလွန်မတည်ငြိမ်သော ကုန်သွယ်ရေးပစ္စည်းများအပေါ် အာရုံစိုက်ကြသည်။ Swing trading သည် အတွေ့အကြုံမရှိသေးသော ကုန်သည်များအတွက်ပင် ၎င်း၏ ချဉ်းကပ်ရလွယ်နိုင်မှုကြောင့် အထူးရေပန်းစားသောဗျူဟာတစ်ခုဖြစ်သည်။

ကာလရှည် ဗျူဟာများ

Forex စျေးကွက်ရှိ ရေရှည် မဟာဗျူဟာများတွင် ရက်ပေါင်းများစွာမှ ရက်သတ္တပတ်များစွာ အထိ သို့မဟုတ် လပေါင်းများစွာအထိ ကာလရှည်ကြာ အရောင်းအဝယ်ကို ထိန်းသိမ်းထားရန် နည်းစနစ်များပါဝင်သည်။ ဤဗျူဟာများကို ကာလရှည်ကြာ ဈေးနှုန်းသွားရာ လမ်းကြောင်းများနှင့် မက်ခရိုစီးပွားရေးအခြေခံအကြောင်းရင်းများကို စေ့စေ့စပ်စပ် ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ဖော်ထုတ်ထားပါသည်။ ကာလရှည် ဗျူဟာများ သည် စျေးကွက် မတည်ငြိမ်မှု ၏ သက်ရောက်မှုကို လျော့ပါးသက်သာစေပြီး အနည်းငယ်မျှသော leverage နှင့် သင့်တော်သော အရောင်းအဝယ် ပမာဏ တစ်ခုဖြင့် အသုံးပြုလေ့ရှိသည်။ ဤနည်းလမ်းသည် နည်းလမ်းကျပြီး ရင်းနှီးမြုပ်နှံရန် ချဉ်းကပ်မှုကို နှစ်သက်သူများအတွက် သင့်လျော်ပါသည်။

သတင်းထုတ်ပြန်မှုကိုအခြေပြုကုန်သွယ်ခြင်း

သတင်းထုတ်ပြန်မှုကို အခြေပြု၍ ကုန်သွယ်ခြင်း သည် ထင်ရှားသော စီးပွားရေးဖြစ်ရပ်များအတွက် အခြေခံ ခွဲခြမ်းစိတ်ဖြာမှု နှင့် စျေးကွက်တုံ့ပြန်မှုများအပေါ် မူတည်သော ဗျူဟာတစ်ခုဖြစ်သည်။ ဤချဉ်းကပ်မှုတွင် စီးပွားရေးဒေတာ မထုတ်ပြန်မီ အရောင်းအ၀ယ်ဖွင့်လှစ်ခြင်း၊ အော်ဒါများ ကြိုတင်ပေးထားခြင်း သို့မဟုတ် စျေးကွက်ပေါက်စျေးဖြင့် စီးပွားရေးအစီရင်ခံစာများထုတ်ဝေပြီးပြီးချင်း ကုန်သွယ်မှုဖွင့်ခြင်းတို့ ပါဝင်ပါသည်။ ဥပမာအားဖြင့်၊ ဤဖြစ်ရပ်များတွင် အလုပ်လက်မဲ့ ဒေတာအစီရင်ခံစာများ သို့မဟုတ် အတိုးနှုန်းဆုံးဖြတ်ချက်များ ပါဝင်သည်။ သတင်းထုတ်ပြန်မှုကို အခြေပြု၍ ကုန်သွယ်ခြင်း သည် ရုတ်တရက်စျေးနှုန်းအတက်အကျများကိုကာကွယ်ရန် အန္တရာယ်လျော့ပါးရေးဗျူဟာများနှင့်အတူ မက်ခရိုစီးပွားရေးဒေတာကို ဘာသာပြန်ရာတွင် လျင်မြန်သောဆုံးဖြတ်ချက်ချခြင်းနှင့် ကျွမ်းကျင်မှုရှိရန် လိုအပ်ပါသည်။

အယ်လ်ဂရစ်သမ်မစ် ကုန်သွယ်မှု

အယ်လ်ဂရစ်သမ်မစ် ကုန်သွယ်မှု သည် နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်တွင် အသုံးပြုသည့် အလိုအလျောက် ကုန်သွယ်မှုဗျူဟာတစ်ခုဖြစ်သည်။ စျေးကွက်ဒေတာကိုခွဲခြမ်းစိတ်ဖြာပြီး ကုန်သွယ်မှုများကို အလိုအလျောက်လုပ်ဆောင်ရန် ကုန်သွယ်ရေးစက်ရုပ်များနှင့် ကျွမ်းကျင်အလိုအလျောက်အကြံပေးစနစ်များကို ခန့်အပ်ထားသည်။ ဤပရိုဂရမ်များသည် ကြိုတင်သတ်မှတ်ထားသော အယ်လ်ဂရစ်သမ်များကို လိုက်နာကာ တိကျမှုနှင့် လိုက်လျောညီထွေရှိသော ကုန်သွယ်မှုများကို လုပ်ဆောင်သည်။ အယ်လ်ဂရစ်သမ်မစ် ကုန်သွယ်မှုသည် ကုန်သည်များအား ဆုံးဖြတ်ချက်ချသည့်လုပ်ငန်းစဉ်မှ ပုဂ္ဂိုလ်ရေးဘက်လိုက်မှုများကို ဖယ်ရှားနိုင်စေပြီး၊ ဤချဉ်းကပ်နည်းသည် scalping နှင့် ရေရှည်မဟာဗျူဟာများအတွက် သင့်လျော်စေသည်။ သို့သော် ၎င်း၏စွမ်းဆောင်ရည်သည် ဆော့ဖ်ဝဲနှင့် ၎င်း၏ ဆက်တင်များပေါ်တွင်မူတည်သည်။

မည်သည့်ကုန်သွယ်ရေးကာလနှင့် ကုန်သွယ်ရေးဗျူဟာများသည် သင်နှင့် သင့်တော်မှုအရှိဆုံးဖြစ်သည်ကို အဖြေရှာရန်အတွက် ဒီမိုအကောင့်တခုတွင် နည်းဗျူဟာအမျိုးမျိုးကို စမ်းသပ်အသုံးပြုနိုင်ပါသည်။

$100 ဖြင့် Forex ကုန်သွယ်ရေးဆောင်ရွက်ခြင်းအတွက် ကန့်သတ်ချက်များ

Forex ကုန်သွယ်ရေးကို $100 ဖြင့် ဆောင်ရွက်သောအခါ သင်၏ ကုန်သွယ်မှုအခွင့်အရေးများတွင် အကန့်အသတ်များ ရှိပါသည်။

  • အမြတ်အလားအလာအကန့်အသတ်များ။ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစည်းမျဉ်းများအရ၊ ကုန်သွယ်မှုတခု အတွက် အမြင့်ဆုံးစွန့်စားမှုအတိုင်းအတာမှာ အပ်ငွေပမာဏ၏ ၅% ဖြစ်ပါသည်။

  • အများဆုံးကုန်သွယ်မှုပမာဏ။ အမြင့်ဆုံး leverage အချိုးကို အသုံးပြုလျှင်ပင် ပုံမှန် lot အပြည့်ပမာဏရှိသော ကုန်သွယ်မှုတခုကို ဖွင့်နိုင်မည် မဟုတ်ပါ။ 

  • အများဆုံးကုန်သွယ်မှုအရေအတွက် အကန့်အသတ်များ။ မတူညီသော ပိုင်ဆိုင်မှုအမျိုးအစားများကို တပြိုင်တည်းကုန်သွယ်ခြင်းနှင့် အော်ဒါများအစဉ်လိုက်ချမှတ်ခြင်း အစရှိသော လုပ်ဆောင်ချက်များ နှင့် ကြိမ်နှုန်းမြင့်အကြံပေးစနစ်အသုံးပြုခြင်းများကို ကန့်သတ်ထားပါသည်။

အနည်းဆုံးအပ်ငွေပမာဏဖြစ်သော 100 USD သည် လက်တွေ့အကောင့်တွင် ကုန်သွယ်စွမ်းရည်ကို မြှင့်တင်ရန်အတွက် သင့်တော်ကောင်းမွန်ပါသည်။ သို့သော် ပြန်လည်ရရှိသော အမြတ်အစွန်းသည် ကုန်သွယ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ရန်အတွက် သင်သုံးစွဲလိုက်ရ‌သောအချိန်များနှင့် နှိုင်းယှဥ်ပါက ထိုက်တန်သည်ဟု မဆိုနိုင်ပေ။ အခြားရွေးချယ်နိုင်သော နည်းလမ်းတခုမှာ စတော့ဈေးကွက် ပိုင်ဆိုင်မှုများတွင် 100 USD ဖြင့် ကာလရှည် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဖြစ်သည်။ စာရင်းဇယားများအရ စီးပွားရေးကျဆင်းချိန်များအပါအဝင် S&P 500 index ၏ ၁၀နှစ်တာပျမ်းမျှအကျိုးအမြတ်နှုန်းထားသည် တနှစ်လျှင် ၁၀% မှ ၁၂% ကြားတွင် ရှိပါသည်။ ၎င်းပမာဏသည် အရင်းပေါ်အမြတ်ပေါင်းကာ ထပ်ဆင့်အမြတ်နှုန်းများဖြင့် သင်၏အပ်ငွေအား 260 USD အထိ နှစ်ဆခွဲ ပွားများစေပါသည်။

အနိမ့်ဆုံး ငွေဖြည့်သွင်းမှုဖြင့် Forex ကုန်သွယ်ရေး အကြံပြုချက်များ

$100 Forex ကုန်သွယ်ရေးအတွက် အကြံပြုချက်များ -

  • ကုန်သွယ်ရေးကို micro lots များဖြင့် စတင်ပါ။ Leverage အသုံးပြုခြင်းအားဖြင့် သင်၏ ကုန်သွယ်မှုပမာဏများကို တိုးတက်‌စေပါလိမ့်မည်။

  • သင်၏ အပ်ငွေကို တိုးမြှင့်ရန် အလောတကြီး မလုပ်ဆောင်ပါနှင့်။ အကယ်‌၍ သင်၏အကောင့်သည် အကောင့်အရွယ်အစားရှိပါက၊ တခါဆုံးရှုံးသောကုန်သွယ်မှုများကို ဆတိုးဝယ်ယူခြင်းနှငိ့ အမြတ်ရ‌ သော ကုန်သွယ်မှုများသို့ ပေါင်းထည့်ခြင်း အစရှိသော Martingale strategy ကိုအသုံးပြု၍ အပ်ငွေ ပမာဏတိုးမြှင့်ခြင်းများကို မပြုလုပ်သင့်ပါ။

  • ပထမဆုံးကုန်သွယ်မှုကို ဖွင့်လှစ်သောအခါ၊ ငွေကြေးဆုံးရှုံးမှုကို မကြောက်ရွံ့ပါနှင့်။ လူတိုင်းအမှားမကင်းပါ။ သင်၏ ရည်မှန်းချက်မှာ Forex ဈေးကွက်အတွင်း လက်တွေ့အတွေ့အကြုံ ရရှိရန်ဖြစ်သည်။ အကယ်၍ ဒီမိုအကောင့်တွင် စမ်းသပ်ခဲ့သော ကုန်သွယ်ရေးဗျူဟာတခုသည် လက်တွေ့ကုန်သွယ်ရေးအကောင့်တွင် ထိရောက်မှုမရှိပါက၊ စိတ်ဓာတ်မကျပါနှင့်။ ဈေးကွက်နှင့်အတူ လိုက်ပါစီးမျော၍ ဈေးကွက်အပြောင်းအလဲများအပေါ်တွင် forex ဗျူဟာများကို မြန်ဆန်စွာ ချိန်ညှိနိုင်ရန် အတွေ့အကြုံက သင့်အား တဖြည်းဖြည်းချင်း သင်ကြားပေးပါလိမ့်မည်။ အကယ်၍ သင်သည် 100 USD ကို ဆုံးရှုံးရလျှင်ပင်၊ ၎င်းသည် သင်ခန်းစာအတွက်ပေးဆောင်ရသော အဖိုးအခသာ ဖြစ်ပါသည်။ အကယ်၍ Forex တွင် အမြတ်ပမာဏတခု ရရှိခဲ့လျှင်၊ သင်သည် ကျွမ်းကျင်သောကုန်သွယ်ရေးအတွက် နောက်ထပ်ခြေတလှမ်းကို အောင်မြင်စွာ အစပြုနိင်ခဲ့ပြီဖြစ်သည်။ 

  • စမ်းသပ်မှုများ လုပ်ဆောင်ရန် မကြောက်ရွံ့ပါနှင့်။ မည်သို့ပင်ဖြစ်စေ သင်စမ်းသပ်လိုသော အတွေးအခေါ်များအားလုံးကို ဒီမိုအကောင့်တခုတွင် ဦးစွာစမ်းသပ်ပါ။ မည်သည့်နည်းဗျူဟာမဆို အချိန်ကြာသည်နှင့်အမျှ ထိရောက်မှုကျဆင်းနိုင်ပါသည်။ သင်၏ နည်းဗျူဟာများကို ဒီမိုအကောင့်တွင် ပြန်လည်ချိန်ညှိပါ။ သင်၏ indicators ဆက်တင်များကို ပြန်လည်သတ်မှတ်၍၊ အထောက်အကူအသစ်များ အသုံးပြုပါ။

  • ဝန်မပိပါစေနှင့်။ အကယ်၍ သင်၏ငွေကြေးကို ဆုံးရှုံးသောအခါ၊ အမြတ်/အရှုံးမျှတစေရန် မျှော်လင့်ချက်ဖြင့် သင်၏အကောင့်သို့ ထပ်တလဲလဲငွေဖြည့်ခြင်းမျိုးကို မပြုလုပ်သင့်ပါ။ 

  • သင်၏ပန်းတိုင်ကို တိကျစွာချမှတ်၍ တိုင်းတာနိုင်သော အဆင့်များအဖြစ် သင်ကိုယ်တိုင် ခွဲခြမ်းပါ။ ဥပမာအားဖြင့် သင်၏ပန်းတိုင်မှာ ငါးလအတွင်း အပ်ငွေအား နှစ်ဆမြှင့်တင်ရန် ဖြစ်လျှင်၊ သင်၏အပ်‌ငွေသည် တလလျှင် ၂၀% တိုးတက်သင့်ပါသည်။

Forex ကို $100 ဖြင့်စတင်ရာတွင် သင်၏လက်ဝယ်ရှိသမျှ နောက်ဆုံးလက်ကျန်ငွေကို အသုံးမပြုပါနှင့်။ ယင်းငွေသည် သင်အဆုံးရှုံးခံနိုင်သော ပမာဏတခုသာ ဖြစ်သင့်သည်။ အမြတ်နောက်သို့ အလောတကြီး လိုက်ပါခြင်းကို ရှောင်ကြဉ်ပါ - အမြတ်ရရှိသောကုန်သွယ်မှုများနှင့်အတူ အပ်ငွေပမာဏကို တဖြည်းဖြည်းတိုးမြှင့်နိုင်ခြင်းသည် သင်၏ ပဏာမအောင်မြင်မှု ဖြစ်ပါသည်။

အဓိကမှတ်သားဖွယ်ရာများ

အနှစ်ချုပ် - 

  • အကယ်၍သင်သည် ‌ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစည်းမျဉ်းများကို လေးစားလိုက်နာပါက၊ leverage နှင့် အနည်းဆုံး lots အရွယ်အစားကို အသုံးပြု၍ $100 ဖြင့် forex ကုန်သွယ်ရေး စတင်နိုင်ပါသည်။ $100 ဖြင့် forex ကုန်သွယ်ရေးဆောင်ရွက်ခြင်းသည် လက်တွေ့အကောင့်တခုတွင် အတွေ့အကြုံများ ရယူရန်နှင့် သင်၏ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို လေ့ကျင့်ရန် အသင့်တော်ဆုံးနည်းလမ်း ဖြစ်ပါသည်။ သို့သော် ၎င်းသည် သင်ကုန်ဆုံးသောအချိန်နှင့် ထိုက်တန်မှုရှိသော အမြတ်ပမာဏကိုမူ ပေးစွမ်းနိုင်မည်မဟုတ်ပါ။

  • ဒီမိုအကောင့်တခုသည် ကုန်သွယ်ရေးပလပ်ဖောင်းနှင့် ကျွမ်းဝင်မှုရှိစေရန်၊ နည်း‌ဗျူဟာများကို စမ်းသပ်ရန်နှင့် လက်တွေ့သင်ခန်းစာများရရှိရန်အတွက် အကောင်းဆုံး ပံ့ပိုးမှုတခုဖြစ်ပါသည်။ ၎င်းတွင် ငွေအစစ်ကို အသုံးပြုရန် မလိုအပ်ပါ။

  • နည်းပညာပိုင်းနှင့် စီးပွားရေးအရင်းခံခွဲခြမ်းစိတ်ဖြာမှုများသည် Forex ဈေးကွက်အတွင်း ဝင်ငွေရှာဖွေရာ၌ အဓိကျသော ဈေးကွက်ခွဲခြမ်းစိတ်ဖြာမှုနည်းလမ်းများ ဖြစ်ကြပါသည်။ ပထမညွှန်ပြချက်များနှင့် နောက်ထပ်အတည်ပြုချက်များကို ပေါင်းစပ်ခြင်းအားဖြင့် အချက်ပြမှုများ၏ ထိရောက်မှုနှင့် ဈေးကွက်အပြောင်းအလဲများအပေါ် ကုန်သွယ်ရေးစနစ်၏ ခံနိုင်ရည်ရှိမှုတို့ကို တိုးတက်စေပါသည်။

ဒီမိုအကောင့်တခုတွင် ကုန်သွယ်မှုများ စမ်းသပ်ဖွင့်လှစ်ပါ။ ဈေးနှုန်းနိယာမကို တဖြည်းဖြည်းနှင့် နားလည်သဘောပေါက်လာမည်ဖြစ်ပြီး၊ သင်၏ အရည်အချင်းများ တစထက်တစ တိုးတက်လာပါလိမ့်မည်။ သင့်ကိုယ်သင် ယုံကြည်ပါ။ အစဉ်အမြဲလေ့လာသင်ယူပါ။ အမှားများကို လေ့လာဆန်းစစ်ပါ။ အပြီးသတ်ကောက်ချက်များပြုလုပ်ပါ။ အောင်မြင်မှုအတွက် အသင့်ပြင်ထားနိုင်ပါပြီ။ သင်၏ အမြတ်ဝင်ငွေမှာ သင့်အပေါ်တွင်သာ မူတည်ပါသည်။

$100 ဖြင့် forex ကုန်သွယ်ရေးအတွက် အမေးများသောမေးခွန်းများ။

၎င်းသည် သင်၏ပန်းတိုင်များအပေါ် မူတည်ပါသည်။ လက်လီရင်းနှီးမြှုပ်နှံသူများအတွက် cent အကောင့်များတွင် $100 ဖြင့် စတင်၍ ကုန်သွယ်ရေးကို လက်တွေ့လေ့ကျင့်နိုင်ပါသည်။ 1:1000 leverage အချိုးကို အသုံးပြုပါက၊ $100 သည် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစည်းမျဉ်းများနှင့်အညီ micro lots များဖြင့် အော်ဒါများပြုလုပ်ရန် လုံလောက်ပါသည်။ သို့သော် ထိုပမာဏသည် Forex ကုန်သွယ်ရေးအား သင်၏ ပင်မဝင်ငွေ အရင်းအမြစ်အဖြစ် ဖန်တီးပေးနိုင်မည်မဟုတ်ပါ။ သင်၏ ကုန်သွယ်ရေးဗျူဟာအား ဒီမိုအကောင့်တွင် စမ်းသပ်နိုင်ပါသည်။ အကယ်၍ သင်၏ဗျူဟာသည် ထိရောက်မှုရှိပါက၊ လိုအပ်သော ကနဦးအပ်ငွေပမာဏကို တွက်ချက်နိုင်ပါသည်။

၎င်းသည် စုစုပေါင်း အပ်ငွေပမာဏ၊ ကုန်သွယ်ရေးအတွက် သုံးစွဲသောပမာဏ၊ ကုန်သွယ်ရေးဗျူဟာ၊ ကုန်သွယ်ရေးအတွက် သုံးစွဲသောအချိန်၊ သင်၏အတွေ့အကြုံနှင့် ထိုးထွင်းသိမြင်မှုများအပေါ် မူတည်ပါသည်။ ပျမ်းမျှအားဖြင့် လက်တွေ့ကျသော အမြတ်နှုန်းမှာ တလလျှင် သင့်အပ်ငွေ၏ ၁၀% ခန့် ဖြစ်နိုင်ပါသည်။

ဆောင်ရွက်နိုင်ပါသည်။ 100 USD နှင့်အတူ အမြင့်ဆုံး leverage အချိုး 1:1000 ကိုအသုံးပြု၍ မာဂျင်ပမာဏကိုလျှော့ချကာ၊ အနည်းဆုံး lot အရွယ်အစားရှိသော အော်ဒါမျိုးကို ပြုလုပ်နိုင်ပါသည်။ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစည်းမျဉ်းများကိုလည်း လိုက်နာရန် လိုအပ်ပါသည်။

၎င်းသည် ကုန်သွယ်မည့် အရင်းခံပစ္စည်းအပေါ် မူတည်ပါသည်။ ဥပမာ - EURUSD ငွေကြေးအတွဲအတွက် အသေးဆုံး lot အရွယ်အစားမှာ 0.01 ဖြစ်ပါသည်။ 1.10000 ငွေလဲနှုန်းဖြင့် အနည်းဆုံးကုန်သွယ်မှုပမာဏမှာ 1,100 USD ဖြစ်ပါသည်။ ဆိုလိုသည်မှာ 1:15 leverage သည် 100$ deposit အတွက် သီအိုရီအားဖြင့် အလုပ်ဖြစ်ပါသည်။ သို့သော် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း စည်းမျဉ်းများကိုမူ ဖောက်ဖျက်ရပါလိမ့်မည်။ 0.01 lots ကုန်သွယ်မှုတခုအတွက် မာဂျင်ပမာဏကို အနည်းဆုံးအထိလျှော့ချနိုင်ရန် အမြင့်ဆုံး leverage အချိုးကို အသုံးပြုပါ။ Leverage ကို အသုံးပြု၍ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစည်းမျဉ်းများကို ဖောက်ဖျက်ကာ ကုန်သွယ်ရေးပမာဏများကို တိုးမြှင့်ရန် စိတ်ကူးပင်မယဉ်သင့်ပါ။

၎င်းသည် အရင်းခံပိုင်ဆိုင်မှုအပေါ်တွင် မူတည်ပါသည်။ ငွေကြေးအတွဲများအတွက် သင့်တော်သော အရွယ်အစားမှာ 1:1000 leverage ဖြင့် 0.01 lots ဖြစ်ပါသည်။ ဥပမာ - EURUSD ငွေလဲနှုန်း 1.12443 ဖြင့် မာဂျင်သည် 1.2 USD ဖြစ်ပါလိမ့်မည်။ ဤအတိုင်းအတာသည် ကုန်သွယ်မှုတခုလျှင် အပ်ငွေ၏ 5% ထက်ကျော်လွန်၍ စွန့်စားခြင်း မပြုရဟူသော ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစည်းမျဉ်းနှင့် ကိုက်ညီမှု ရှိပါသည်။

၎င်းသည် အရင်းခံပိုင်ဆိုင်မှုတခုစီအတွက် သတ်မှတ်ထားသော စာချုပ်အရွယ်အစားအပေါ် မူတည်ပါသည်။ ဥပမာ - သတ်မှတ်ထားသော ကုန်သွယ်မှုအရွယ်အစားသည် 100,000 ဖြစ်၍၊ ငွေ‌လဲနှုန်းသည် 1.2443 ဖြစ်ပါက lot အရွယ်အစားကို USD ဖြင့် အောက်ပါအတိုင်း တွက်ချက်ပါသည် – 100,000 × 0.01 × 1.2443 = 1,244 USD။

$1 သည် ကုန်သွယ်မှုတခုဖွင့်ရန် မလုံလောက်ပါ။ ဥပမာ - USDJPY အတွက် အနည်းဆုံးကုန်သွယ်မှုအရွယ်အစားသည် 0.01 lots ဖြစ်ပါသည်။ ထို့ကြောင့် လိုအပ်သောငွေပမာဏမှာ $1,000 ဖြစ်ပါသည်။ မည်သို့ပင် ဖြစ်စေကာမူ 1:1000 leverage ကိုအသုံးပြုပါက၊ 1 USD ဖြင့် 0.01 lots ကုန်သွယ်မှုကိုဖွင့်နိုင်ပါသည်။ ကုန်သွယ်မှုတခု၏ အရွယ်အစားကို တွက်ချက်ရန် LiteFinance ဝက်ဘ်ဆိုက်ပေါ်မှ Forex Trader Calculator ကို အသုံးပြုပါ။

$100 ဖြင့် မည်ကဲ့သို့ Forex ကုန်သွယ်မှု ပြုလုပ်မည် နည်း

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat