လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျာ ၊
LiteFinance ကုမ္ပဏီများအုပ်စု၏ စဉ်ဆက်မပြတ် လူသိများလာမှုကြောင့် LiteFinance (LiteForex) ကုန်သွယ်မှုအမှတ်တံဆိပ်ကို ဥပဒေမဲ့အသုံးပြုမှုနှင့် ပတ်သက်သည့် အွန်လိုင်းလိမ်လည်မှုကိစ္စများ ပိုမိုဖြစ်ပွားလာပါသည်။
လိမ်လည်သူများသည် ၎င်းတို့၏ လိမ်လည်မှုအစီအစဉ်များအတွက် နာမည် ဂုဏ်သတင်း ကြီးမားပြီး ဂုဏ်သိက္ခာရှိသော ကုမ္ပဏီများ၏ အမည်များကို မကြာခဏ အသုံးပြုကြောင်း သတိပြုရန် အရေးကြီးပါသည်။
ကျေးဇူးပြု၍ အထူးသတိထားပြီး ဆိုက်ဘာရာဇ၀တ်ကောင်များကို သတိပြုပါ။ သင့်ထံ မက်ဆေ့ချ်ပေးပို့သူနှင့် လင့်ခ်များတွင် မည်သည့် ဒိုမိန်းအမည်ကို အသုံးပြုသည်ကို အာရုံစိုက်ပါ။
လိမ်လည်လှည့်ဖြားသူများသည် ကျွန်ုပ်တို့၏အီးမေးလ်လိပ်စာ ပြသထားပုံအား ပြောင်းလဲရန် နည်းပညာများကို အသုံးပြုနိုင်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ LiteFinance ၏ တရားဝင်ပံ့ပိုးမှုကဏ္ဍဖြင့် ကျွန်ုပ်တို့၏ တိုက်ရိုက်ဆက်သွယ်ချက် တွင် သတင်းအချက်အလက်များကို အမြဲစစ်ဆေးပါ။
အရေးပေါ်သတိပေးချက်- သင်၏ ငွေများကို အရောင်းအဝယ်ပြုလုပ်ရန်အတွက် အခြားသော ပြင်ပအဖွဲ့အစည်းများထံ လွှဲပြောင်းခြင်း မပြုလုပ်ပါနှင့်။ ဤအခြေအနေအတွက် ပိုမိုဘေးကင်းလုံခြုံစိတ်ချရသော အခြားရွေးချယ်စရာတစ်ခုရှိပါသည် - ၎င်းမှာ ကုန်သွယ်မှုများကို အလိုအလျောက် ကူးယူနိုင်သည့် စနစ်ဖြစ်သော Copy Trading System ဖြစ်ပါသည်။ ဤစနစ်တွင် သင့်ငွေများသည် သင်၏ ကိုယ်ပိုင်အကောင့်တွင် လုံခြုံစွာ ရှိနေမည် ဖြစ်ပြီး ဤစနစ် ၏ လုပ်ဆောင်ပုံမှာ သင်၏ ကုန်သွယ်ရေးအကောင့်တွင် အောင်မြင်သောကုန်သည်များ၏ အရောင်းအ၀ယ်များကို ရိုးရှင်းစွာဖြင့် ထပ်တူ ကူးယူခြင်း ဖြစ်ပါသည်။ သင်၏ ငွေများကို အခြားသောပြင်ပအဖွဲ့အစည်း နှင့် သက်ဆိုင်သည့် အကောင့်များသို့ လွှဲပြောင်းပေးခြင်းဖြင့် သင်၏ ငွေများနှင့် ဆက်စပ်သော ဘေးကင်းလုံခြုံရေးဆိုင်ရာ ဆုံးရှုံးနိုင်ချေ အန္တရာယ်များကို သင် လက်ခံရမည်ဖြစ်သည်။
သင်သည် တရားဝင်ဝက်ဘ်ဆိုက်တွင် ရှိနေကြောင်း သေချာအောင် မည်သို့ပြုလုပ်နိုင်မည်နည်း
သင်သည် ကျွန်ုပ်တို့၏တရားဝင်ဒိုမိန်းတွင်ရှိကြောင်း သေချာမသိရှိရပါက သင်၏ LiteFinance ပလပ်ဖောင်းသို့ ဘယ်သောအခါမှ လော့ဂ်အင်မဝင်ပါနှင့် ။
တရားဝင်ဆိုက်-
https://www.litefinance.org/ သည် ကျွန်ုပ်တို့၏ အင်္ဂလိပ်စကားပြောသောဖောက်သည်များအတွက် LiteFinance ဆိုက်၏ ပင်မ ဒိုမိန်းဖြစ်သည်။
https://www.litefinance.org/my/ - ကျွန်ုပ်တို့၏ မြန်မာစကားပြောသောဖောက်သည်များအတွက် ဖြစ်သည်။
ကုန်သွယ်မှုနှင့် သုံးစွဲသူ ပရိုဖိုင်-
https://my.litefinance.org/ သည် ကမ္ဘာတစ်ဝှမ်းမှဖောက်သည်များအတွက် LiteFinance ပလပ်ဖောင်းဒိုမိန်းဖြစ်သည်။
https://my.litefinance.org/my/ - ကျွန်ုပ်တို့၏ မြန်မာစကားပြောသောဖောက်သည်များအတွက် ဖြစ်သည်။
အခြားဒိုမိန်းများသည် လိမ်လည်သူများ မှ ပိုင်ဆိုင်နိုင်သည်၊ ထို့ကြောင့် သင်မဝင်ရောက်မီ ၎င်းတို့ကို စစ်ဆေးပါ။
LiteFinance ၏တရားဝင်ပံ့ပိုးကူညီမှုအဖွဲ့ သို့မဟုတ် ကိုယ်စားလှယ်နှင့် ဆက်သွယ်ကြောင်း မည်သို့နားလည်နိုင်မည်နည်း
လူမှုကွန်ရက်များနှင့် မက်ဆေ့ချ်များပေါ်တွင် သုံးစွဲသူများကို ကျွန်ုပ်တို့ ဘယ်သောအခါမှ မဆက်သွယ်ပါ။
သင့်အကောင့်များ သို့မဟုတ် ငွေများရှိရာသို့ ဝင်ရောက်ခွင့်ပေးသည့် အခြားလုံခြုံသော ငွေပေးချေမှုအသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့ မည်သည့်အခါမျှ မတောင်းဆိုပါ။
တရားဝင်ပံ့ပိုးကူညီမှုအဖွဲ့သည် သင့်အား သင်၏ သုံးစွဲသူပရိုဖိုင် တွင် သတ်မှတ်ထားသော အီးမေးလ် သို့မဟုတ် ဖုန်းဖြင့်သာ ဆက်သွယ်ပြီး အွန်လိုင်းပလပ်ဖောင်းပေါ်ရှိ ပံ့ပိုးကူညီသူအဖွဲ့၏ အတွင်းပိုင်းဆက်သွယ်ရေးချန်နယ်မှတဆင့် ဆက်သွယ်ပါသည်။ ၎င်းသည် သင်၏ဆက်သွယ်ရေးစာရင်းတွင် အမြဲတမ်း ပထမဆုံးနေရာတွင်ရှိမည်ဖြစ်သည်။
ကျွန်ုပ်တို့၏တရားဝင်အဆက်အသွယ်အချက်အလက်များကို https://www.litefinance.org ဆိုက် ၏ “ပံ့ပိုးကူညီမှု” စာမျက်နှာရှိ အဆက်အသွယ်များကဏ္ဍတွင် ဖော်ပြထားပါသည်။
ကျွန်ုပ်တို့၏ တရားဝင်ရုံးများ၏ဖုန်းနံပါတ်များကို “အဆက်အသွယ်များ” ကဏ္ဍရှိ “ကျွန်ုပ်တို့၏ရုံးများ” ဟူသည့်နေရာတွင် ဖော်ပြထားပါသည်။
ကျွန်ုပ်တို့၏တရားဝင်ဆက်သွယ်နိုင်သည့်စာရင်းသည် ကွန်မြူနတီ တက်ဘ်ရှိ "ပံ့ပိုးကူညီမှု" စာမျက်နှာတွင် ရှိပါသည်။
သံသယများရှိပါက ကျွန်ုပ်တို့၏ တိုက်ရိုက်ဆက်သွယ်ချက် ကို အသုံးပြုသင့်ပြီး ကျွန်ုပ်တို့၏တရားဝင်ကိုယ်စားလှယ်နှင့် ဆက်သွယ်၍ သေချာမှုရှိပါစေ။
ကျေးဇူးပြု၍ လုံခြုံရေးစည်းမျဉ်းများကို လိုက်နာပြီး သင်၏ကိုယ်ရေးကိုယ်တာအသေးစိတ်အချက်အလက်များကို တတိယပါတီများနှင့် လိမ်လည်သူများထံ မပေးပို့ပါနှင့်။
Forex တွင် လုံခြုံရေးနှင့် ပတ်သက်သော အကြောင်းအရာများ ထပ်မံဖတ်ရှုရန် နှင့် သင်၏ကုန်သွယ်ရေးအကောင့်အား လိမ်လည်သူများထံမှ မည်သို့ကာကွယ်ရမည်ကို ဤနေရာတွင် ဖတ်ရှုပါ။
လေးစားစွာဖြင့် ၊
LiteFinance




