Token ကိုင်ဆောင်သူများအရေအတွက်မှာ နှစ်စဥ်မြင့်တက်လျက် ရှိပါသည်။ ထိုသည်မှာ ခရစ်ပတို ငွေကြေးများသည် လက်ရှိအခါတွင် ရင်းနှီးမြှုပ်နှံရေးပိုင်ဆိုင်မှုတစ်ခုအဖြစ် ရေပန်းစားနေသည်ဟူသော အချက်တစ်ခုတည်းကြောင့် မဟုတ်ပါ။ သာမန်ရိုးကျငွေကြေးစျေးကွက်၏ မတည်ငြိမ်မှုကို ထည့်သွင်းတွက်ဆပါက အဖွဲ့အစည်းအလိုက်ရင်းနှီးမြှုပ်နှံသူများပင် အလားအအလာကောင်းသော ဒစ်ဂျစ်တယ်ငွေကြေးများဆီသို့ အာရုံစိုက်လာကြပြီး “ကြက်ဥအားလုံးကို ခြင်းတောင်းတစ်ခုတည်းတွင် မထည့်ရ” ဟူသောနိယာမအရ ၎င်းတို့၏ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းစဥ်များကို အမျိုးမျိုး ခွဲဖြာဖြန့်ကျက်လာကြပါသည်။ အထူးသဖြင့် လွန်ခဲ့သည့်ငါးနှစ်အတွင်း ခရစ်ပတိုငွေကြေးများနှင့် ဆက်နွယ်သော တွေ့ရှိခဲ့ရသည့်စွန့်စားနိုင်ချေသည် fiat ငွေကြေးများနှင့် နှိုင်းယှဥ်ပါက သိသာစွာလျော့နည်းသွားခဲ့ပါသည်။

ခရစ်ပတို ရင်းနှီးမြှုပ်နှံမှုများအတွက် ဝယ်လိုအားမှာ မြင့်တက်နေဆဲ ဖြစ်ပါသည်၊ သို့ဖြစ်၍ ယခုအခါ သင့်တွင် 2026 ခုနှစ်အတွင်း ဝယ်ယူထားရန် အကောင်းဆုံး ခရစ်ပတို အကြောင်း အသေးစိတ်သုံးသပ်ချက်တစ်ရပ် ရှိပါသည်။ ဤသုံးသပ်ချက်တွင် ထိပ်တန်း ခရစ်ပတို ၏ လက်ရှိစွမ်းဆောင်ချက်အား ထိုးထွင်းသိမြင်နိုင်မှု အပါအဝင် ကမ္ဘာ့အကြီးဆုံး ခရစ်ပတိုငွေကြေးအိတ်ချိန်းများမှ ကြိုက်နှစ်သက်ကြသည့် ပိုင်ဆိုင်မှုများ၏ ခရစ်ပတို စိစစ်ခွဲဖြာမှုတစ်ရပ်တို့ကို ဖော်ပြထားပါသည်။ ထို့ပြင် ၎င်းသည် ရေရှည်ကာလအတွက် ဝယ်ယူထားရန် အကောင်းမွန်ဆုံး ခရစ်ပတိုငွေကြေးအား ခွဲခြားဖော်ထုတ်ပေးမည့် အသုံးဝင်သောအကြံပြုချက်များကို ပံ့ပိုးပေးပါသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


LiteFinance:

ယခုအခါတွင် ဝယ်ယူသင့်သည့် ထိပ်တန်း ခရစ်ပတိုငွေကြေး ၁၂ မျိုး

ပထမဦးစွာ ဤဆောင်းပါးတွင် ထိပ်တန်း ခရစ်ပတို အကြံပြုချက်များအား ဖန်တီးရန်အတွက် 2026 ခုနှစ်၏ ထိပ်တန်း ခရစ်ပတိုငွေကြေး ၁၀ ခုကို ပြန်လည်သုံးသပ်ခဲ့ပါသည်။ သို့သော် ရင်းနှီးမတည်ငွေအခိုင်အမာဖြင့် ရင်းနှီးမြှုပ်နှံမှုအတွက် အလားအလာကောင်းသော ကွိုင်အရေအတွက်များစွာအား တည့်သွင်းတွက်ဆကာ ထိပ်တန်းပိုင်ဆိုင်မှု၏စာရင်းအချက်အလက်ကို ၁၂ခုအထိသို့ တိုးချဲ့ရန် ဆုံးဖြတ်ခဲ့ကြပြီး ၎င်းပိုင်ဆိုင်မှုတို့မှာ အကောင်းမွန်ဆုံး ခရစ်ပတို ရင်းနှီးမြှုပ်နှံ‌ရေးလုပ်ငန်းစဥ်များထဲတွင် မကြာခဏ ထည့်သွင်းခံရလေ့ရှိပါသည်။ ထိုထိပ်တန်းစာရင်းထဲတွင် Bitcoin နှင့် Ethereum ကဲ့သို့ ရေပန်းစားလူကြိုက်များသော ခရစ်ပတိုငွေကြေးများအပြင် မကြာသေးမီအတွင်း ခရစ်ပတို ဝါသနာရှင်များသာ သိကြသည့် အကောင်းဆုံး တိုးတက်မှုအလားအလာရှိသော ခရစ်ပတို ငွေကြေးများ ပါဝင်ကြသည်။

LiteFinance: ယခုအခါတွင် ဝယ်ယူသင့်သည့် ထိပ်တန်း ခရစ်ပတိုငွေကြေး ၁၂ မျိုး

1. Bitcoin (BTC)

အလားအလာအကောင်းဆုံး tokenများ၏ အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးနေရာကို Bitcoin (BTC) မှပိုင်ဆိုင်ထားပြီး ၎င်းသည် ထင်ပေါ်ကျော်ကြားမှုအရှိဆုံး ခရစ်ပတိုငွေကြးတစ်ခု ဖြစ်ပါသည်။ ၎င်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် “ဒစ်ဂျစ်တယ်ရွှေ” ဟုခေါ်တွင်ကြသည့် တန်ဖိုးသိုလှောင်မှုအတွက် အသင့်တော်ဆုံး ရွေးချယ်မှုတစ်ရပ် ဖြစ်ပါသည်။ ထိုသည်ကို ၎င်း၏ စျေးကွက်တန်ကြေးနှင့် ကုန်သွယ်ရေးပမာဏများ မှ ထင်ရှားပေါ်လွင်စွာ တွေ့ရှိရပါသည်။ စျေးကွက်ပါဝင်သူများသည် အဆိုပါကွိုင်ကို စဥ်ဆက်မပြတ် ရောင်းဝယ်နေကြပြီး မြင့်မားသော ကုန်သွယ်ရေးပမာဏများသည် BTC ၏ ငွေဖြစ်လွယ်မှု အားကောင်းကြောင်းကို ညွှန်ပြပါသည်။

ဆယ်နှစ်တာအတည်ပြုချက်လုပ်ငန်းစဥ်အပြီးနောက် အမေရိကန်အာမခံစာချုပ်များနှင့် လဲလှယ်ရေးကော်မရှင် (SEC) သည် ခရစ်ပတိုကမ္ဘာတွင် ပထမဦးဆုံး BTC အခြေပြုအိတ်ချိန်းကုန်သွယ်ရေးရံပုံငွေများ (ETFs) ကို ခွင့်ပြုခဲ့ပါသည်။ ထိုသည်မှာ BTC blockchain ပလက်‌ဖောင်းနှင့် ပိုမိုကျယ်ပြန့်သော ခရစ်ပတိုစျေးကွက်နှစ်ခုလုံးအတွက် သိသာပေါ်လွင်သည့် တိုးတက်ပြောင်းလဲမှုတစ်ရပ် ဖြစ်ပါသည်။ ယခင်အခါတွင် ဒစ်ဂျစ်တယ်ငွေကြေးများကို ဗဟိုချုပ်ကိုင်မှုမရှိသော ဒေသတွင်း သီးခြားအက်ပလီကေးရှင်းများနှင့် အိတ်ချိန်းများ မှတဆင့် ‌ရောင်းဝယ်ခဲ့ကြရပြီး သာမန်ရိုးကျစျေးကွက်များနှင့် ထိတွေ့ပတ်သက်မှု မရှိခဲ့ပေ။ သို့သော် ယခုအခါတွင် အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများသည် Bitcoin တွင် ရင်းနှီးမြှုပ်နှံနေကြပါသည်။

BTC မှာ 2026 ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုအတွက် အသင့်မြတ်ဆုံးသော ခရစ်ပတို ငွေကြေးတစ်ခု ဖြစ်ရသည့် နောက်ထပ်အကြောင်းရင်းပေါင်းများစွာ ရှိပါသည်။ ဧပြီလတွင် ပေါ်ပေါက်ခဲ့သော စတုတ္ထမြောက် halving ( bitcoin အရေအတွက်ထက်ဝက်လျော့ချခြင်း) ကို ခရစ်ပတို အသိုင်းအဝိုင်းတွင် မကြာမီအတွင်း ဖြစ်ပေါ်တော့မည့် စျေးကွက်တိုးတက်မှု၏ ညွှန်ပြချက်အဖြစ် ကျယ်ပြန့်စွာ သတ်မှတ်ထားကြပါသည်။ ထိုဖြစ်စဥ်ကို ကြိုတင်မျှော်မှန်းချက်ဖြင့် စျေးကွက်မှာ အလွန်ဖောင်းပွလျက် ရှိသောကြောင့် ယခုအချိန်အထိ Bitcoin တွင် ရင်းနှီးမြှုပ်နှံသူများသည် ရောင်းဝယ်လဲလှယ်မှုအတွက် မြင့်မားသော ဝန်ဆောင်ခများကို ကြုံကြိုက်ခဲ့ရပါသည်။ ကျွမ်းကျင်သူအချို့သည် halving ကြောင့်ဖြစ်ပေါ်မည့် တိုးတက်မှုသည် 2026 ခုနှစ်၏ ဆောင်းဦးပိုင်းတွင် အစောဆုံး ပေါ်ပေါက်လာလိမ့်မည်ဟု ကြိုတင်မျှော်လင့်ထားပါသည်။

ရင်းနှီးမြှုပ်နှံမှုအတွက် BTC အား အကောင်းဆုံး ခရစ်ပတိုငွေကြေးအဖြစ် စဥ်းစားရခြင်း၏ ပိုမိုအခြေခံကျသော အကြောင်းရင်းမှာ ကြီးထွားလာသော ဝယ်လိုအားနှင့်အညီ ရောင်းလိုအားကို စနစ်တကျလျော့ချခြင်းကြောင့် ဖြစ်ပါသည်။ Bitcoin ၏အများဆုံးထုတ်လုပ်မှုကို ရောက်လုနီးပါး ဖြစ်ပါသည်။ လက်ရှိတွင် token များ၏ 90% ကို တူးဖော်ထုတ်လုပ်ပြီး ဖြစ်ပါသည်၊ တူးဖော်ထုတ်ယူသော tokenအသစ်များ၏ အရေအတွက်မှာ နှစ်စဥ်ကျဆင်းလျက် ရှိပါသည်။ တချိန်တည်းမှာပင် BTC တွင် ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိသော ရင်းနှီးမြှုပ်နှံသူအရေအတွက်သည် ကျဆင်းခြင်းမရှိပါ။

Chainalysis မှလတ်တလော လေ့လာချက်တစ်ခုအရ bitcoin အားလုံး၏ ပျမ်းမျှအားဖြင့်17%-23% သည် ပြန်လည်ထုတ်ယူ၍မရနိုင်ကြောင်း ဖော်ပြထားပါသည်။ ဤအချက်အလက်အရ "ခရစ်ပတို gold" အတွက် အကန့်အသတ်ဖြင့်လိုအပ်မှုသည် ယခင်မကြုံခဲ့ဖူးသည့် မှတ်သားဖွယ်စျေးတန်းအဆင့်များဆီသို့ ရောက်ရှိရန် အသင့်ဖြစ်နေပါသည်။

အားသာချက်များ

အားနည်းချက်များ

BTC သည် 2026 ခုနှစ်တွင် အလားအလာအကောင်းဆုံး ခရစ်ပတို ငွေကြေးတစ်ခု ဖြစ်ပြီး အခြားကွိုင်များ မရရှိနိုင်သော စျေးကွက်တန်ဖိုးနှင့် မြင့်မားသော ကုန်သွယ်မှုပမာဏများ ရှိပါသည်။

အမြတ်အစွန်းအများဆုံး ခရစ်ပတို ငွေကြေးများမှာ ပုံမှန်အားဖြင့် စျေးကြီးပါသည်။ BTC ၏အခြေအနေအရ စျေးကွက်သည် လက်ရှိတွင် အလွန်တန်ဖိုးဖောင်းပွနေပါသည်။ အကျိုးဆက်အားဖြင့် Bitcoin သည် သိသာထင်ရှားစွာ တန်ဖိုးတက်လာရန် မဖြစ်နိုင်ပါ။

၎င်းသည် ခရစ်ပတို ငွေကြေးအားလုံးအနက် ငွေဖြစ်လွယ်မှုအမြင့်မားဆုံးအဆင့်တွင် ရှိပြီး ထိုသည်မှာ ကမ္ဘာအနှံ့ မည်သည့်နေရာတွင် မဆို ၎င်းကို လွယ်ကူရိုးရှင်းစွာ ရောင်းဝယ်နိုင်ပါသည်။

ပြီးခဲ့သည့် halving ပြုလုပ်ပြီးနောက်ပိုင်းတွင် transaction ဝန်ဆောင်ခများ လွန်စွာ မြင့်မားလာခဲ့ပါသည်။ ထိုသို့ဖြင့် ခရစ်ပတို ရင်းနှီးမြှုပ်နှံသူများ အတွက် ပိုမိုမြင့်မားသော ကုန်ကျစရိတ်များ ဖြစ်ပေါ်စေခဲ့သည်၊ သို့သော် ၎င်းသည် တသမတ်တည်း မြင့်တက်နေသော ကုန်သွယ်မှု ပမာဏများအပေါ် အနည်းငယ်မျှသာ သက်ရောက်မှုရှိပါသည်။

ပြီးခဲ့သည့် halving ဖြစ်ရပ်နောက်ပိုင်း စျေးနှုန်းတိုးတက်မှုနှုန်း နှောင့်နှေးနိုင်ခြေ မြင့်မားပါသည်။

 

ဝယ်လိုအား ကြီးထွားနေသော်လည်း Bitcoin ထုတ်လုပ်မှုမှာ ကျဆင်းလျက် ရှိပါသည်။

 

LiteFinance: 1. Bitcoin (BTC)

2. Ethereum (ETH)

ရင်းနှီးမြှုပ်နှံရေးရည်ရွယ်ချက်များအတွက် အလားအလာအကောင်းဆုံး ခရစ်ပတို ငွေကြေးအကြောင်း မေးမြန်းစုံစမ်းကြည့်ရာတွင် altcoin ဝါသနာရှင်များသည် Ethereum ကိုထိပ်တန်းရွေးချယ်မှုအဖြစ် မလွှဲမသွေ ကိုးကားဖော်ပြပါလိမ့်မည်။ ETH blockchain ပလက်ဖောင်းသည် ပြည့်စုံကျယ်ပြန့်သော ခရစ်ပတို စီးပွားရေးစနစ်တစ်ခု ဖြစ်ပြီး ၎င်းသည် အလိုအလျောက်စာချုပ်ချုပ်ဆိုခြင်းများကို စီမံဆောင်ရွက်နိုင်စေ၍ ဗဟိုချုပ်ကိုင်မှုကင်းမဲ့သော အက်ပလီကေးရှင်းအမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးပေးပါသည်။ Ether blockchain ပေါ်ရှိ ဗဟိုထိန်းချုပ်မှုကင်းမဲ့သော အဆိုပါအက်ပလီကေးရှင်းများသည် ၎င်းကို ကမ္ဘာလုံးဆိုင်ရာ ပေးချေမှုနည်းလမ်းတစ်ခု ဖြစ်လာစေပါသည်။ ရလဒ်အားဖြင့် Ether ၏ငွေဖြစ်လွယ်မှုသည် အခြား blockchain များမှ မယှဥ်ပြိုင်နိုင်သော စျေးတန်းအဆင့်တစ်ခုအထိသို့ ကြီးထွားလာခဲ့ပါသည်။ ထို့ပြင် Ethereum သည် အိတ်ချိန်းကုန်သွယ်ရေးရံပုံငွေ (ETF) အတည်ပြုချက်ကို လက်ခံရရှိခဲ့ပြီး ထိုသည်မှာ ခရစ်ပတို ငွေကြေးတစ်ခုအတွက် အရေးပါအ‌ရာရောက်သော အောင်မြင်မှုတစ်ရပ် ဖြစ်ပါသည်။

2026 ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံရန်အတွက် ခရစ်ပတို ငွေကြေးတစ်ခုအား ရွေးချယ်သည့်အခါ blockchain ပလက်ဖောင်း Ethereum 2.0 ၏ ကမ္ဘာအနှံ့ဖြန့်ချီမှုကို ထည့်သွင်းစဥ်းစားပါ။ ထိုတွင် ရင်းနှီးမြှုပ်နှံ‌ရေးပိုင်ဆိုင်မှုအတွက် သိသာထင်ရှားစွာ တိုးမြှင့်လာမှု၊ ဗဟိုချုပ်ကိုင်မှုကင်းမဲ့သော ဘဏ္ဍာရေးအယူအဆ ပြောင်းလဲတိုးချဲ့မှု နှင့် blockchain ကွန်ယက်၏အမြန်နှုန်း တိုးတက်လာမှုတို့ ပါဝင်ကြသည်။ ဤပြောင်းလဲတိုးတက်လာမှုများသည် အလားအလာကောင်းသော ခရစ်ပတို ငွေကြေးများ၏ ကြီးထွားမှုကို တွန်းအားဖြစ်စေနိုင်ပါသည်။ Ethereum ကြီးထွားမှုသည် BTC စျေးကွက်ထက် ငါးဆပိုမိုပြင်းထန်ခဲ့သည့် ခရစ်ပတို စျေးကွက်၏ သမိုင်းတွင်အချိန်ကာလတစ်ခု ရှိခဲ့ပါသည်။ ကမ္ဘာ့ဒုတိယအကြီးဆုံးကွိုင်သည် စံချိန်သစ်အမြင့်ဆုံးသို့ ရောက်ရှိသွားနိုင်ပါသည်။

အားသာချက်များ

အားနည်းချက်များ

Ethereum 2.0 သို့အသွင်ကူးပြောင်းမှုသည် transaction အမြန်နှုန်းမြင့်မားခြင်း၊ ဝန်ဆောင်ခနည်းခြင်း နှင့် ကြီးထွားမှုအလိုက် မြင့်မားသော လုပ်ဆောင်နိုင်စွမ်းရည် အပါအဝင် အကျိုးကျေးဇူးအမြောက်အများကို ပေးစွမ်းပါသည်။

ကြီးမားသော စျေးကွက်ပါဝင်သူများ၏ ပါဝင်ပတ်သက်မှုသည် အဆိုပါကွန်ယက်၏ ဗဟိုချုပ်ကိုင်မှုစနစ်ကို တိုးမြင့်လာစေနိုင်ပါသည်။

Ethereum ETF အတည်ပြုချက်သည် အဖွဲ့အစည်း ဆိုင်ရာရင်းနှီးမြှုပ်နှံသူများကို ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအသစ်များပေးစွမ်းပါသည်။

အခြားအလားအလာကောင်းသော ခရစ်ပတို ငွေကြေးများနည်းတူ ETH သည် ဖောင်းပွမှု ရှိပါသည်။

အထောက်အကူပြု ဗဟိုချုပ်ကိုင်ကင်းမဲ့သည့် အက်ပလီ ကေးရှင်းများ (dApps) ၏ ပြည့်စုံကျယ်ပြန့်သော ရွေးချယ်မှုတစ်ရပ်။

 

PoS သို့ကူးပြောင်းခြင်း၊ staking ပြုလုပ်ခြင်း နှင့် Ether ပုံမှန်ဖျက်သိမ်းခြင်းတို့သည် စျေးကွက်အတွင်း အဆိုပါကွိုင်ထုတ်လုပ်မှုကို ကန့်သတ်ပေးမည် ဖြစ်၍ ထိုသို့ဖြင့် ၎င်း၏တန်ဖိုးကို မြှင့်တင်ပေးမည်ဟု မျှော်လင့်ပါသည်။

 

LiteFinance: 2. Ethereum (ETH)

3. Solana (SOL)

၂၀၂၁ ခုနှစ်အတွင်း Solana မှာ ၎င်း၏အထင်ကြီးလောက်ဖွယ် တိုးတက်မှုလမ်းကြောင်းကြောင့် ရင်းနှီးမြှုပ်နှံမှုအတွက် ထိပ်တန်း ခရစ်ပတို ငွေကြေးတစ်ခုအဖြစ် အသိအမှတ်ပြုခံခဲ့ရပါသည်။ ၎င်းသည် ထိုခေတ်အခါရှိ အခြားအဆင့်မြင့် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများနည်းတူ ခရစ်ပတို ငွေကြေးအခန်းကဏ္ဍအတွင်း မြန်ဆန်စွာလူသိများလာခဲ့ပါသည်။ သို့သော် အောင်မြင်မှုမှာ တိုးတောင်းခဲ့ပြီး TerraLuna နှင့် FTX တို့၏ ပြိုလဲမှုနှင့်ယှဥ်တွဲကာ ၂၀၂၂ ခုနှစ်တွင် စတင်ဖြစ်ပေါ်ခဲ့သည့် ခရစ်ပတို winter သည် SOL စျေးကွက်အပေါ် ပြင်းပြင်းထန်ထန်သက်ရောက်မှု ရှိခဲ့ပါသည်။ စျေးနှုန်းများမှာ 94% ကျဆင်းသွားခဲ့ပြီး ၂၀၂၃ နှစ်ကုန်အထိ အမြတ်များစွာမရရှိခဲ့သော ရင်းနှီးမြှုပ်နှံသူများကို သိသိသာသာ ဆုံးရှုံးမှုများစွာဖြင့် ကျန်ရစ်စေခဲ့ပါသည်။

ယခုအခါတွင် Solana နှုန်းထားသည် အားကောင်းသော ပြန်လည်ကောင်းမွန်လာမှုကို ပြသနေပါသည်။ အဆိုပါ ခရစ်ပတို ငွေကြေးသည် စျေးကွက်တန်ကြေးအားဖြင့် ထိပ်တန်းငါးနေရာတွင် ၎င်းကိုယ်တိုင် အောင်မြင်စွာ ရပ်တည်ခဲ့ပြီး ဆက်လက်တိုးတက်မှုအတွက် ကောင်းမွန်သောအနေအထားတွင် ရှိပါသည်။ ခရစ်ပတို စျေးကွက်အတွင်း သင့်တင့်သော ပတ်ဝန်းကျင်နှင့် ဗဟိုချုပ်ကိုင်မှုမရှိသည့် SOL ကွန်ယက်၏ ပင်ကိုယ်အားသာချက်များကြောင့် ထိုသို့ ဖြစ်လာနိုင်ရခြင်း ဖြစ်ပါသည်။

Solana blockchain သည် တတိယမျိုးဆက်ပလက်ဖောင်းတစ်ခု ဖြစ်ပြီး ၎င်းသည် Ethereum smart contracts ပလက်ဖောင်းအား အဆင့်မြှင့်တင်ထားသော ဗားရှင်းနှင့် ဆင်တူယိုးမှားဖြစ်စေ၍ ပိုမိုကောင်းမွန်သော အင်္ဂါရပ်များကို ပေးစွမ်းပါသည်။ Transaction အမြန်နှုန်းအရ Solana ကွန်ယက်သည် ထိုနယ်ပယ်အတွင်း အလျင်မြန်ဆုံးတစ်ခု ဖြစ်ပါသည်။ ခရစ်ပတိုငွေကြေး ဖန်တီးသူ များသည် ထိုပလက်ဖောင်းမှာ တစ်စက္ကန့်လျှင် transaction ပေါင်း 65,000 အထိ ဆောင်ရွက်နိုင်မည်ဟု ညွှန်းဆိုထားပါသည်။ အနီးစပ်ဆုံးပြိုင်ဖက် Polkadot တွင်ပင် တစ်စက္ကန့်လျှင် transaction ပေါင်း 1,000 မျှသာ စီမံဆောင်ရွက်နိုင်သော blockchain တစ်ခုရှိပါသည်။

အားသာချက်များ

အားနည်းချက်များ

Solana သည် ဗဟိုချုပ်ကိုင်မှုကင်းမဲ့သော တတိယမျိုးဆက် ခေတ်မီကွန်ရက်တစ်ခု ဖြစ်ပါသည်။

ထို ခရစ်ပတို ငွေကြေး၏ တန်ဖိုးသည် တည်ငြိမ်မှုမရှိပါ။ ၂၀၂၁ ခုနှစ်အတွင်း လျင်မြန်စွာ တိုးတက်လာသည့်ကာလနောက်ပိုင်း ၂၀၂၂ ခုနှစ်၌ စျေးကွက်တွင် 94% ထိုးဆင်းမှုကို တွေ့မြင်ခဲ့ရပါသည်။ သို့သော် တစ်နှစ်အကြာတွင် ၎င်းသည် မြန်ဆန်စွာ ပြန်လည်ဦးမော့ရန် စတင်လာခဲ့ပါသည်။

၎င်းသည် ဝန်ဆောင်ခအနည်းအပါးဖြင့် တစ်စက္ကန့်လျှင် မြင့်မားသော transaction ဆောင်ရွက်နှုန်း 65,000 အထိ ပေးစွမ်းပါသည်။

Solana blockchain ၏ သမိုင်းတလျောက်တွင် ကွန်ရက်ပိတ်ဆို့ခြင်းကြောင့် transaction လုပ်ဆောင်မှု အကြိမ်ပေါင်းများစွာ ပြတ်တောက်စေခဲ့ပါသည်။ များမကြာမီက ဖြစ်ပွားခဲ့သော ပြတ်တောက်မှုမှာ ဖေဖေါ်ဝါရီလအတွင်း၌ ဖြစ်ပါသည်။ ဤသို့အဟန့်အတားများသည် ၎င်း blockchain နည်းပညာ၏ ယုံကြည်စိတ်ချရမှုနှင့် လုံခြုံရေးပြဿနာများကို ဖြစ်ပေါ်စေခဲ့သည်။

အဆိုပါကွိုင်သည် စျေးကွက်တန်ကြေးအရ ထိပ်တန်းကွိုင်ငါးခုတွင် ၎င်း၏နေရာကို သေချာစွာထိန်သိမ်းထားပါသည်။

အခြားဗဟိုထိန်းချုပ်မှုကင်းမဲ့သော ခရစ်ပတို ငွေကြေးများနှင့် နှိုင်းယှဥ်ပါက Solana သည် ဗဟိုမှချုပ်ကိုင်ခြင်း ပိုမိုများပြားကြောင်း ပြသပါသည်။ ဥပမာအားဖြင့် Solana တွင် validator 1,300 ခန့်ရှိပြီး Ethereum တွင် 10,000 ရှိပါသည်။

လက်ရှိအခါတွင် ၎င်းသည် ဝယ်လိုအားမြင့်မားသော meme coin များအတွက် ပင်မပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။

 

LiteFinance: 3. Solana (SOL)

4. Avalanche (AVAX)

Avalanche သည် Ethereum နှင့်ဆင်တူသော စွမ်းဆောင်မှုများကို ပေးစွမ်းသည့် ပထမတန်းစား blockchain တစ်ခုဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုရသော် ဖန်တီးသူများသည် ခရစ်ပတို ငွေကြေး၏ blockchain ပေါ်တွင် token များ၊ NFT များ နှင့် dApps တို့ကို ဖန်တီးနိုင်ပါသည်။

ရင်းနှီးမြှုပ်နှံမှုအတွက် ထို ခရစ်ပတို ငွေကြေး၏ အဓိကအားသာချက်များအနက်တစ်ခုမှာ Avalanche သည် အခြား blockchain များနှင့် ထိရောက်စွာ အပြန်အလှန်တုံ့ပြန်ဆောင်ရွက်ပြီး ထည့်သွင်းတည်ဆောက်ထားသော EVM ၏ သဟဇာတဖြစ်သည့် လက္ခဏာရပ်ကြောင့် သတင်းအချက်အလက်များကို ၎င်းတို့နှင့် ဖလှယ်နိုင်ပါသည်။ Avalanche blockchain သည် Ethereum ထက်ပိုမိုမြန်ဆန်ပြီး တစ်စက္ကန့်လျှင် transaction (ငွေကြေးလွှဲပြောင်းမှု) ပေါင်း 4,500 အထိ စီမံဆောင်ရွက်ပါသည်။ အကန့်အသတ်ဖြင့် အများဆုံးထုတ်လုပ်မှု 720 မီလီယံကွိုင်နှင့်အတူ AVAX သည် ရေရှည်သင့်တော်သော ရင်းနှီးမြှုပ်နှံရေးပိုင်ဆိုင်မှုတစ်ခု ဖြစ်နိုင်ပါသည်။

သို့သော် အထူးသဖြင့် ETH ကဲ့သို့ အခြား altcoin များနှင့်နှိုင်းယှဥ်ပါက အဆိုပါကွိုင်သည် သိသာထင်ရှားသော ကြီးထွားမှုအရှိန်အဟုန် ယခုအထိ မရှိသေးပါ။ ၎င်းသည် ရင်းနှီးမြှပ်နှံရေးလုပ်ငန်းစဥ်များ ဖြန့်ကျက်ခြင်းအတွက် ကုန်ကျစရိတ်သက်သာသော ရွေးချယ်မှုတစ်ရပ် ဖြစ်လာနိုင်ချေ ရှိပါသည်။

အားသာချက်များ

အားနည်းချက်များ

AVAX token ထုတ်လုပ်မှုကို ကန့်သတ်ထားပါသည်။

ဤ ခရစ်ပတို ငွေကြေးသည် ပိုမိုခိုင်မာတည်ငြိမ်သော altcoin များနှင့် တန်းတူအဆင့်တွင် ယှဥ်ပြိုင်နိုင်မည်မဟုတ်ပါ။

ဤကွန်ရက်သည် ဝန်ဆောင်ခနည်းပါး၍ တစ်စက္ကန့်လျှင် transaction ပေါင်း 4,500 အထိ မြန်နှုန်းမြင့်မားပါသည်။

Validator တစ်ဦးဖြစ်လာစေရန်အတွက် ဤစာရေးသားချိန်တွင် $74,740 နှင့်ညီမျှသော အနည်းဆုံး 2,000 AVAX token ကို စရံငွေအပ်နှံရပါမည်။ ထိုသည်မှာ မသမာသော validator များထံမှ ဤစနစ်ကို ကာကွယ်ရန်အတွက် developer များ၏ ကြိုးစားအားထုတ်ပုံ ဖြစ်ပါသည်။ သို့သော် ဤလိုအပ်ချက်သည်လည်း ကွန်ရက်၏ အလွန်အကျွံ့ဗဟိုချုပ်ကိုင်မှုကို ဖြစ်ပေါ်စေပါသည်။

အခြား blockchain များနှင့် သဟဇာတဖြစ်ပါသည်။

 

Smart contracts (အလိုအလျောက်စာချုပ်များ) အပေါ် အခြေခံသော တိုးမြှင့်ထားသည့် စီးပွားရေးစနစ်တစ်ရပ် ရှိပါသည်။

 

LiteFinance: 4. Avalanche (AVAX)

5. Binance Coin (BNB)

Binance သည် ကမ္ဘာ့အကြီးဆုံးနှင့် ထင်ပေါ်ကျော်ကြားမှုအရှိဆုံး ခရစ်ပတိုငွေကြေး အိတ်ချိန်းများအနက် တစ်ခုဖြစ်ပါသည်၊ ၎င်း၏မူရင်း BNB token သည် စွမ်းဆောင်မှုအကောင်းဆုံး ခရစ်ပတို များ၏ အဆင့်သတ်မှတ်ချက်တွင် ပဥ္စမမြောက်နေရာ၌ ရပ်တည်နေပါသည်။ ထို့ပြင် Binance Coin ကို ဗဟိုချုပ်ကိုင်မှုကင်းမဲ့သော အိတ်ချိန်းစီမံကိန်းများထဲသို့ ပေါင်းစပ်ထည့်သွင်းထားခဲ့ပါသည်။ ဥပမာအားဖြင့် အဆိုပါကွိုင်သည် အသုံးပြုသူများအား BNB Chain blockchain နည်းပညာအပေါ်အခြေခံသော စီမံကိန်းသစ်များတွင် ရင်းနှီးမြှုပ်နှံနိုင်စေ၍ မျှော်လင့်ချက်ရှိသော ခရစ်ပတို ပိုင်ဆိုင်မှုများကို လက်ခံရရှိစေနိုင်ပါသည်။ ထပ်မံ၍ ၎င်းကွိုင်ကို gas fee အဖြစ် သိရှိကြသော ငွေလွှဲပြောင်းမှုဆိုင်ရာ လုပ်ဆောင်ခများ ပေးချေရန် နှင့်

Binance ခရစ်ပတိုငွေကြေး အိတ်ချိန်းပေါ်တွင် ကုန်သွယ်မှုဝန်ဆောင်ခများကို တစ်စိတ်တပိုင်းကာမိစေရန် သုံးစွဲနိုင်ပါသည်။

ထို့ပြင် Binance ၏ဝင်ငွေကို လျော့နည်းသွားစေသည့် ပုံမှန်ပြန်လည်ဝယ်ယူခြင်းနှင့် token များဖျက်သိမ်းခြင်းတို့ကြောင့် BNB ကွိုင်ကို ဖြစ်နိုင်ချေအားဖြင့် စွဲမက်ဖွယ်ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် စဥ်းစားကြပါသည်။

အားသာချက်များ

အားနည်းချက်များ

ကမ္ဘာ့အကြီးဆုံး ခရစ်ပတို အိတ်ချိန်းတစ်ခုဖြစ်သည့် Binance ၏အောင်မြင်မှုသည် BNB token အတွက် တည်ငြိမ်သော ဝယ်လိုအားကို သေချာစေပါသည်။

Binance ကွိုင်သည် အိတ်ချိန်းဝန်ဆောင်မှုများနှင့် မချိတ်ဆက်ထားခဲ့ပါက လွန်စွာလူကြိုက်များမှုအဆင့်သို့ ရောက်ရှိ/မရှိ ဆိုသည်မှာ မသေချာပါ။

BNB သည် ခရစ်ပတိုငွေကြေး အိတ်ချိန်းဝန်ဆောင်မှုများနှင့် အတွင်းကျနက်ရှိုင်းစွာ ပေါင်းစပ်ပါဝင်နိုင်စေပါသည်။

အိတ်ချိန်းပြင်ပ token အား အသုံးပြုမှုကို လက်ရှိအခါတွင် ကန့်သတ်ထားပြီး ထိုသည်မှာ ၎င်း၏ ထပ်မံတိုးတက် ပြောင်းလဲမှုအတွက် စိန်ခေါ်မှုတစ်ရပ်ကို ပြသနိုင်ပါသည်။

 

BNB နှုန်းသည် ထိုအိတ်ချိန်း၏ တည်ထောင်သူ Changpeng Zhao (CZ) နှင့်ပတ်သက်သော ပြောင်းလဲမှုများမှ သိသာစွာ လွှမ်းမိုးလျက်ရှိပါသည်။ မကြာသေးမီအတွင်း ငွေကြေးခဝါချမှု စွဲချက်ဖြင့် ထိုသူ၏ လေးလကြာ ဖမ်းဆီးထိန်းသိမ်းခံရမှုသည် BNB နှုန်းထားပေါ် သိသာပေါ်လွင်စွာ သက်ရောက်မှု ရှိခဲ့ပါသည်။ စည်းမျဥ်းထိန်းသိမ်းရေး၊ Binance ခရစ်ပတိုငွေကြေး အိတ်ချိန်း နှင့် ၎င်း၏ တည်ထောင်သူတို့ ပါဝင်ပတ်သက်နေသည့် ဤအဖြစ်အပျက်ဇာတ်လမ်းရှည်သည် မပြီးပြတ်နိုင်သည့်အပြင် ထပ်မံဥပဒေဆိုင်ရာ အရှုပ်အရှင်းများ ပေါ်ပေါက်လာနိုင်ပါသည်။

LiteFinance: 5. Binance Coin (BNB)

6. XRP (Ripple)

ဝယ်ယူရန်အတွက် ခရစ်ပတိုငွေကြေးတစ်ခုအား ရွေးချယ်သောအခါ မှတ်သားဖွယ်မျှော်မှန်းချက်များရှိသော ထူးထူးခြားခြားကွိုင်တစ်ခုဖြစ်သည့် Ripple ကိုထည့်သွင်းစဥ်းစားရန် အကြံပြုလိုပါသည်။ ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်သည့် အဖွဲ့သည် ဗဟိုချုပ်ကိုင်မှုကင်းမဲ့သော ဘဏ္ဍာရေးနယ်ပယ်တွင် SWIFT အတွက် အစားထိုးမည့် အခြားရွေးချယ်မှုတစ်ခုကို ပံ့ပိုးရန် ရည်ရွယ်ပါသည်၊ ထိုသည်မှာ နိုင်ငံတကာငွေပေးချေမှုများကို လွယ်ကူချောမွေ့စေပါသည်။

အဆိုပါ ခရစ်ပတို စီမံကိန်းသည် Crédit Agricole၊ the Bank of England၊ Bank of America နှင့် အခြားစသည်တို့ အပါအဝင် နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းပေါင်း ၁၀၀ ကျော်နှင့် ကုမ္ပဏီပေါင်းများစွာဖြင့် ဗျူဟာမြောက်ချိတ်ဆက် မဟာမိတ်ဖွဲ့ထားပါသည်။

ထိုကုမ္ပဏီသည် ၎င်း၏ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်စွာဆွတ်ခူးရန် ကြိုပမ်းနေစဥ်အတွင်း XRP ခရစ်ပတို ငွေကြေးနှင့် ဆက်နွယ်သော ဥပဒေရေးရာစိန်ခေါ်မှုများကို ကြုံကြိုက်ခဲ့ရပါသည်။ ၂၀၂၃ ခုနှစ်အတွင်း SEC သည် Ripple အား $1.3 ဘီလီယံတန်ဖိုးရှိ မှတ်ပုံမတင်ထားသော ရင်းနှီးမြှုပ်နှံ‌ရေးစာချုပ်များ ရောင်းချမှုဖြင့် စွဲချက်တင်ကာ တရားစွဲဆိုမှုများကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ဤသို့ဖြစ်သော်လည်း တရားစွဲဆိုမှုများသည် ကြာရှည်ကျဆင်းမှုစျေးကွက်ကို မဖြစ်ပေါ်စေခဲ့ဘဲ ၂၀၂၃ ခုနှစ် ဆောင်းဦးတွင် SEC သည် ၎င်း၏တရားစွဲဆိုမှုကို ရုပ်သိမ်းခဲ့ပါသည်။ Ripple ၏တရားရေးအရာရှိချုပ်သည် တရားစွဲဆိုမှုရပ်စဲခြင်းကို “SEC မှလက်မြှောက်အရှုံးပေးခြင်း” အဖြစ် ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

အားသာချက်များ

အားနည်းချက်များ

ထို ခရစ်ပတိုငွေကြေးကို နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းနှင့် ကုမ္ပဏီပေါင်း ၁၀၀ ကျော်မှ ပံ့ပိုးထောက်ပံ့ထားပါသည်။

ငွေလွှဲပြောင်းမှုနှုန်း နှေးကွေးပါသည်။ Ripple အဖွဲ့သည် ၎င်းတို့၏စနစ်မှာ transaction ပေါင်းမြောက်များစွာကို စီမံဆောင်ရွက်နိုင်ကြောင်း အခိုင်အမာပြောဆိုထားသော်လည်း လက်တွေ့တွင် စကေးတိုးချဲ့ခြင်းမှာ ရှုပ်ထွေး၍ အကုန်အကျများသော လုပ်ငန်းစဥ်တစ်ရပ် ဖြစ်ပါသည်။

ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်သည့်အဖွဲ့သည် Ripple ကို SWIFT အတွက် ပြည့်စုံသော အစားထိုးတစ်ခုအား ဖန်တီးပြုလုပ်ရန် စီစဥ်နေပါသည်။

XRP သည် ‌သိသာသော စျေးနှုန်းအတက်အကျများကို ဖြစ်ပေါ်စေပြီး ပေးချေမှုများတွင် ကွိုင်အသုံးပြုသည့် ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် စွန့်စားမှုများကို ဖြစ်စေနိုင်ပါသည်။

 

ဗဟိုမှချုပ်ကိုင်မှု မြင့်မားပါသည်။ ထို blockchain မှာ Ripple Labs သည် XRP ထုတ်လုပ်မှုအားလုံး၏ အရေးပါသည့်တစိတ်တဒေကို ထိန်းချုပ်ထား၍ ထိုကွန်ယက်အပေါ် များစွာသြဇာလွမ်းမိုးမှုရှိသည် ဟူသောအချက်ဖြင့် ဝေဖန်ထောက်ပြခံရလေ့ရှိပါသည်။

 

နိုင်ငံတကာပေးချေမှုများအတွက် အခြေခံတည်ဆောက်မှု ပရောဂျက်များကြားတွင် ပြိုင်ဆိုင်မှု ကြီးထွားလာခြင်း။ ထိုထဲမှအချို့မှာ။

  • Ripple ၏ပူးတွဲတည်ထောင်သူမှ ထူထောင်ထားသော Stellar (XLM) ။
  • JPM Coin သည် ဘဏ်အချင်းချင်း လွှဲပြောင်းမှုများအတွက် JP Morgan မှ ဖန်တီးချဲ့ထွင်ထားသော ခရစ်ပတိုငွေကြေးတစ်ခု ဖြစ်ပါသည်။
  • Stellar blockchain အပေါ်အခြေခံသော IBM World Wire ။

LiteFinance: 6. XRP (Ripple)

7. Uniswap (UNI)

Uniswap သည် ခရစ်ပတိုငွေကြေးများ၏ သာမန်ရိုးကျအသိအမြင်များနှင့် ကွဲထွက်နေပါသည်။ ဤ token ကို Ethereum အခြေပြုဝန်ဆောင်မှုများနှင့် ဗဟိုချုပ်ကိုင်မှုကင်းမဲ့သော ခရစ်ပတို ကုန်သွယ်ရေးအတွက် ရေးဆွဲထားသည့် protocol များထဲတွင် ထည့်သွင်းပေါင်းစပ်ထားပါသည်။

ဗဟိုချုပ်ကိုင်မှုကင်းမဲ့သော Uniswap အိတ်ချိန်းတွင် အော်ဒါဘိုကင်တစ်ခု မရှိပါ၊ ထိုသည်မှာ ဗဟိုချုပ်ကိုင်စနစ်ပါသော ခရစ်ပတိုငွေကြေး အိတ်ချိန်းများ၏ တည်ဆောက်ပုံနှင့် ကွဲပြားခြားနားပါသည်။ ဤအကြောင်းအရာအား ကိုင်တွယ်ဖြေရှင်းရာတွင် ထိုပရောဂျက်၏ဖန်တီးသူများသည် ပါဝင်သူများ၏လုံခြုံရေး အပါအဝင် အမည်မဖော်လိုမှုတို့နှင့် ဆက်နွယ်နေသော စွန့်စားမှုများကို ထိရောက်စွာ လျော့ချပေးခဲ့ပါသည်။

Developer အဖွဲ့သည် မကြာသေးမီအတွင်း Uniswap v3 သဘောတရားအသစ်ကို အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ပြီး UNI token ကို ရင်းနှီးမြှုပ်နှံမှုအတွက် စွဲမက်ဖွယ်အကောင်းဆုံး ခရစ်ပတို ငွေကြေးများအနက်တစ်ခု ဖြစ်လာစေခဲ့ပါသည်။ Autonomous liquidity aggregator (အရင်းအမြစ်မျိုးစုံမှ liquidityများစုဆောင်းပေးသည့်စနစ်) များကြုံတွေ့ခဲ့ရသည့် ယခင်ငွေကြေးအသုံးပြုမှုတွင် မထိရောက်မှုများကို ဖြေရှင်းပြီး ဖြစ်ပါသည်။ ထို့ပြင် liquidity provider များသည် ယခုအခါတွင် တစ်ဦးချင်းစီအလိုက် စျေးနှုန်းအပိုင်းအခြားများကို သတ်မှတ်နိုင်ပြီး Uniswap ပေါ်တွင် LP position များကို NFT token များအဖြစ် အသုံးပြုနိုင်ပါသည်။

အားသာချက်များ

အားနည်းချက်များ

ဤစီမံကိန်းသည် token ကိုင်ဆောင်သူ အသစ်များအတွက် အဓိကဆွဲဆောင်မှုတစ်ခု ဖြစ်စေပြီး ပါဝင်သူများအတွက် အမြင့်မားဆုံး အမည်ဝှက်ပေးခြင်းကို ‌ဆောင်ရွက်ပေးပါသည်။

ကွန်ရက်ဝန်ပိသည့်ကာလများအတွင်းဝန်ဆောင်ခ မြင့်မားခြင်းကြောင့် ရံပုံငွေနည်းပါးသည့် ပါဝင်သူ များအတွက် ကုန်ကျစရိတ် သက်သာသော နည်းလမ်းတစ်ခု မဟုတ်ပါ။

မွမ်းမံပြင်ဆင်ထားသော Uniswap v3 protocol သည် အလိုအလျောက်‌စျေကွက်ဖော်ဆောင်ခြင်း (AMM)၏ ထိရောက်မှုကို အဆင့်တိုးမြှင့်ထားပြီး ၎င်းသည် ပါဝင်သူများကို ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းအသစ်များ ပေးစွမ်းပါသည်။

SEC မှ စည်းမျဥ်းဆိုင်ရာ စွန့်စားမှုတစ်ရပ် ရှိပြီး ၎င်းသည် ခရစ်ပတို လဲလှယ်ရေးနှင့် UNI token နှစ်မျိုးလုံး၏ အနာဂတ်ကို သက်ရောက်မှု ရှိနိုင်ပါသည်။

ပါဝင်သူများတွင် ငွေကြေးထည့်သွင်းနိုင်သည့် ရွေးချယ်ခွင့် ရှိပြီး ၎င်းတို့၏ liquidity pool မှတဆင့် လုပ်ဆောင်ကြသော transaction တစ်ခုချင်းစီမှ ကော်မရှင်ခများ ရယူနိုင်ပါသည်။

Uniswap သည် အလားတူဝန်ဆောင်မှုနှင့် အရည်အသွေးများကို ပေးစွမ်းသော အခြားဗဟိုချုပ်ကိုင်မှုမရှိသည့် အိတ်ချိန်းများ နှင့် ပလက်ဖောင်းများ ထံမှ သိသိသာသာယှဥ်ပြိုင်မှုကို ရင်ဆိုင်နေရပါသည်။

Uniswap သည် Ethereum အခြေပြု token အမြောက်အများအတွက် ပံ့ပိုးမှုကို ပေးစွမ်းပါသည်။

 

LiteFinance: 7. Uniswap (UNI)

8. Polkadot (DOT)

အလားအလာအကောင်းဆုံး ခရစ်ပတို ငွေကြေးများသည် တူညီသော စကေးချဲ့ထွင်မှုပြဿနာကို ရင်ဆိုင်ကြုံတွေ့ကြရပါသည်။ သုံးစွဲသူအရေအတွက် တိုးပွားလာသောကြောင့် transaction အရေအတွက်များ တိုးမြင့်လာသော်လည်း ကွန်ရက်၏ သတ်မှတ်ချိန်အတွင်း ဆောင်ရွက်နိုင်စွမ်းသည် မပြောင်းလဲဘဲရှိနေပါသေးသည်။

ယခင်တင်ပြခဲ့သည့် Solana ကွိုင်ကဲ့သို့ Polkadot သည် ကွန်ရက်စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ချဥ်းကပ်နည်းအသစ်တစ်ခုကို အပြည့်အဝပေးစွမ်းပါသည်။ DOT blockchain သည် transaction ထောင်ချီကို တပြိုင်နက်စီမံဆောင်ရွက်နိုင်သော multi-chain network (မတူညီသည့် ဘလေ့ာချိန်းများကြား ချိတ်ဆက်ပေးသော ကွန်ရက်) တစ်ခုဖြစ်ပြီး ၎င်းသည် တစ်စက္ကန့်လျှင် ခန့်မှန်းခြေ လုပ်ဆောင်ချက် 10,000 ကို ဆောင်ရွက်နိုင်စွမ်းရှိကြောင်း ကြေငြာထားသော ကွန်ရက်တစ်ခု ဖြစ်ပါသည်။ ထိုသည်မှာ Bitcoin မှ ရရှိနိုင်သော တစ်စက္ကန့်လျှင် လုပ်ဆောင်ချက် 7 ကြိမ်ထက် သိသာစွာ ပို၍မြင့်မားပြီး ၎င်းသည် ထိုသို့‌သော ခရစ်ပတို ငွေကြေးများ၏ အောင်မြင်မှုအလားအလာကို အထောက်အပံ့ဖြစ်စေပါသည်။

အားသာချက်များ

အားနည်းချက်များ

Network စွမ်းဆောင်ရည် မြင့်မားခြင်း။

Polkadot သည် ထူးခြားဆန်းပြားသော တည်ဆောက်ပုံဒီဇိုင်းဖြင့် ခက်ခဲရှုပ်ထွေးသည့် ပလက်ဖောင်းတစ်ခု ဖြစ်ပြီး ထိုတွင် relay chain တစ်ခု၊ parachain များနှင့် bridges တို့ ပေါင်းစပ်ထည့်သွင်းထားပါသည်။ သုံးစွဲသူအသစ်များနှင့် developer များအတွက် ထိုစနစ်အား နားလည်သဘောပေါက်ရန် နှင့် အသုံးပြုရခြင်းမှာ စိန်ခေါ်မှုတစ်ရပ်ကို ဖြစ်စေနိုင်ပါသည်။

Blockchain ၏ အပြန်အလှန် ဆက်သွယ်ချိတ်ဆက်နိုင်စွမ်း။ Polkadot သည် ရည်ရွယ်ချက်အမျိုးမျိုးအလိုက်တည်ဆောက်ထားသော blockchain များအကြား ချိတ်ဆက်ပေးခြင်းဖြင့် အပြန်အလှန် ဆက်သွယ် လည်ပတ်နိုင်စွမ်းကိုဆောင်ကြဥ်းပေးပြီး ပိုမို ရှုပ်ထွေး၍ လက်တွေ့ကျသော ဗဟိုချုပ်ကိုင်မှု ကင်းမဲ့သော အက်ပလီ ကေးရှင်းများ (dApps) ကို ဖန်တီးရန် အခွင့်အလမ်းများ ဖွင့်လှစ်ပေးပါသည်။

ကြံ့ခိုင်သော လုံခြုံရေးစံနှုန်းများ ရှိသော်လည်း Polkadot သည် ထိခိုက်လွယ်မှုများနှင့် တိုက်ခိုက်ခံရမှုများကို ခံနိုင်ရည်မရှိပါ။ ကုဒ်အမှားအယွင်းများနှင့် ခုခံမှုအားနည်းခြင်းသည် DOT token ကိုင်ဆောင်သူများ သာမက Polkadot ပေါ်တွင် တည်ဆောက်ထားသော ပရောဂျက်အားလုံးအတွက်ပါ အပ်နှံငွေကြေးများနှင့် ဒေတာများ ဆုံးရှုံးနိုင်စေပါသည်။

DOT token တွင် အသုံးပြုပုံအမျိုးမျိုးရှိပါသည်။ အုပ်ချုပ်ရေး၊ staking လုပ်ခြင်း နှင့် parachains အသစ်ဖန်တီးရန် bonding လုပ်ခြင်းတို့ ဖြစ်ပါသည်။ ထိုသို့ဖြင့် အဆိုပါကွန်ရက်၏ ဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်ပေးပါသည်။

Polkadot သည် NPoS (Nominated Proof of Stake) သဘောတူညီမှုလုပ်ထုံးလုပ်နည်းကို အသုံးပြုပါသည်။ ထိုသည်မှာ ကွိုင်ကို ဗဟိုမှချုပ်ကိုင်ခြင်း ဖြစ်စေနိုင်ပြီး စနစ်အတွင်း ဟန်ချက်မညီမျှမှုသည် အရင်းအနှီးအကန့်အသတ်ဖြင့် ပါဝင်သူများအတွက် စီးပွားရေးဆိုင်ရာစွန့်စားမှုများကို ဖြစ်ပွားစေနိုင်ပါသည်။

Polkadot parachains သည် ပင်မကွန်ရက်မှ ပံ့ပိုးပေးထားသည့် shared security (အစုရှယ်ယာလက်မှတ်) ကို အသုံးပြုနိုင်ပါသည်။

 

LiteFinance: 8. Polkadot (DOT)

9. Cosmos (ATOM)

အထွေထွေရှုထောင့်မှကြည့်ပါက Cosmos ကို စကြာဝဠာဆိုင်ရာဂေဟစနစ်တစ်ခုအဖြစ် စဥ်းစားနိုင်ပါသည်။ ထိုစနစ်၏ စကေးချဲ့ထွင်နိုင်စွမ်းသည် အပြန်အလှန်ချိတ်ဆက်ထားသော blockchain များစွာကို တပြိုင်နက်လည်ပတ်စေနိုင်ပါသည်။ Cosmos Hub blockchain သည် Cosmos ကွန်ရက်အတွင်း အပြန်အလှန်ဆက်သွယ်မှုများကို ထိန်းညှိပေးသည့် ဗဟိုမှတ်ပုံတင်ဌာနတစ်ခုအဖြစ် ဆောင်ရွက်ပါသည်။

ရင်းနှီးမြှုပ်နှံမှုကို လှုံ့ဆော်ပေးသည့် Cosmos ဂေဟစနစ်အတွင်း အရေးပါသော တိုးတက်ပြောင်းလဲမှုမှာ ATOM ခရစ်ပတိုငွေကြေး အတွက် အများဆုံးငွေကြေးဖောင်းပွနှုန်းအား တစ်နှစ်လျှင် 10% အထိ သတ်မှတ်ရန် မကြာသေးမီမှ ဆုံးဖြတ်ချက် ဖြစ်ပါသည်။ ဤသည်မှာ ခရစ်ပတို staking ၏အမြတ်ရရှိနိုင်မှုကို အကန့်အသတ်ဖြစ်စေနိုင်သော်လည်း ၎င်းသည် token ၏တန်ဖိုးကို ပံ့ပိုးပေးပါလိမ့်မည်။ အဆိုပါကွိုင်သည် လက်ရှိအခါတွင် ရေရှည်ဘေးတိုက်ချန်နယ်အတွင်း အရောင်းအဝယ်ဖြစ်နေပြီး ထိုသည်မှာ ၎င်း ခရစ်ပတိုငွေကြေး သည် 2026 ခုနှစ်အတွင်း အရှိန်အဟုန်ကြီးထွားလာနိုင်ကြောင်း အရိတ်အမွတ်ဖော်ပြပါသည်။

အားသာချက်များ

အားနည်းချက်များ

Cosmos သည် မတူညီသော blockchain များကို တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်သွယ် ချိတ်ဆက်နိုင်စေပြီး ထိုသို့ဖြင့် တစ်စစီကွဲ ပြားသွားမှု ပြဿနာကို ဖြေရှင်းပေးပါသည်။

ငွေကြေးဖောင်းပွမှု အများဆုံးသတ်မှတ်ချက်များသည် staking ရလဒ်များကို တစ်နှစ်လျှင် 19% မှ 13.4% အထိ လျော့ကျစေခဲ့ပါသည်။

ငွေကြေးဖောင်းပွမှုကို တစ်နှစ်လျှင် 10% သို့ ကန့်သတ်ထားပါသည်။

ကွန်ရက်လုံခြုံရေးအတွက် အပိုပေးချေရမှုများကြောင့် ပါဝင်သူများသည် staking လုပ်ခြင်းအတွက် ဆုငွေ နည်းပါးစွာ ရရှိကြပါသည်။

BFT သဘောတူညီမှု (Byzantine Fault Tolerance) ကို Proof-of-Stake (PoS) နှင့် ပေါင်းစပ်အသုံးပြုမှုသည် ကွန်ရက်၏ စွမ်းဆောင်ရည်၊ စကေးချဲ့ထွင်နိုင်စွမ်း နှင့် လုံခြုံရေးတို့ကို တိုးမြင့်လာစေပါသည်။

အခြား blockchain စီမံကိန်းများထံမှ မြင့်မားသော ယှဥ်ပြိုင်မှု။

Cosmos SDK သည် blockchain ဖန်တီးမှု နှင့် ဖွဲ့စည်းပုံစနစ်ကို လွယ်ကူရိုးရှင်းစေပါသည်။ Cosmos ပရောဂျက်များ နှင့် အက်ပလီကေးရှင်းများ၏ ဂေဟစနစ်သည် လျင်မြန်စွာ ကျယ်ပြန့်လျက်ရှိပါသည်။

Cosmos ၏ နည်းပညာဆိုင်ရာ သာလွန်မြင့်မားမှု နှင့် ဦးဆောင်မှုများ ရှိသော်လည်း တက်ကြွသော စျေးကွက်ရှာဖွေရေး မရှိခြင်းကြောင့် ၎င်း၏ထင်ပေါ်ကျော်ကြားမှုမှာ နိမ့်ပါးနေဆဲ ဖြစ်ပါသည်။

LiteFinance: 9. Cosmos (ATOM)

10. Litecoin (LTC)

သင်သည် altcoin များကြားတွင် မည်သည့် ခရစ်ပတိုငွေကြေး အား ဝယ်ယူရမည်ကို မသေချာပါက Litecoin ကိုပိုမိုအနီးကပ်လေ့လာကြည့်ပါ။ ၎င်းသည် ရှေးအကျဆုံး ခရစ်ပတို ငွေကြေးများအနက်တစ်ခု ဖြစ်ပြီး Bitcoin ၏ ပထမဆုံးအစားထိုးတစ်ခုဟူသည့် ၎င်၏ဂုဏ်ပုဒ်ကြောင့် ရံဖန်ရံခါတွင် “ဒစ်ဂျစ်တယ်ငွေသတ္တု” ဟုရည်ညွှန်းခေါ်ဆိုလေ့ရှိပါသည်။

အဆိုပါ ခရစ်ပတို ငွေကြေးသည် ၂၀၁၁ ခုနှစ်တွင် ပထမဆုံးပေါ်ပေါက်ခဲ့သော်လည်း BTC ထက်သာလွန်သော ယှဥ်ပြိုင်မှုအားသာချက်ကို မရယူနိုင်ခဲ့ပါ။ သို့သော် ၎င်းသည် altcoin စျေးကွက်တွင် ရပ်တည်ချက်အခိုင်အမာ တည်ဆောက်ခဲ့ပြီး ဖြစ်ပါသည်။ လက်တွေ့အကျိုးသက်ရောက်မှုအပိုင်းတွင် Litecoin သည် BTC ကို နှိုင်းယှဥ်နိုင်စွမ်းရှိသော်လည်း BTC သည် စျေးကွက်ပါဝင်သူအသစ်များ ပေါ်‌ပေါက်လာသည်နှင့်အမျှ ပိုမိုအရေးကြီးလာသော ပုံမှန် blockchain အပ်ဒိတ်လုပ်ခြင်းများနှင့် အဆင့်မီငွေလွှဲပြောင်းယူမှုအမြန်နှုန်း တို့ကို ပေးစွမ်းပါသည်။

ပမာဏအနည်းငယ်ကို ရင်းနှီးမြှုပ်နှံချင်သူ ခရစ်ပတို ဝါသနာရှင်များသည် ဝန်ဆောင်ခနည်းပါးသောကြောင့် LTC ကို ရွေးချယ်ကြပါသည်။ ထို့ပြင် Litecoin သည် လွန်စွာအားထားရသော ပရိသတ်အစုအဝေးတစ်ရပ်ကို ပိုင်ဆိုင်ထားပြီး ၎င်း၏ သစ္စာစောင့်သိမှုအဆင့်သည် meme ကွိုင်များနှင့် ယှဥ်နိုင်ပါသည်။

2026 ခုနှစ်အရ Litecoin တွင် အားသာချက်အချို့ ရှိပါသည်။ နှစ်စဥ်ငွေကြေးဖောင်းပွမှုအား 4% မှ အနီးစပ်ဆုံး 2% အထိသို့ လျော့ချစေနိုင်ခဲ့သည့် လွန်ခဲ့သော halving လုပ်ငန်းစဥ်၏ သက်ရောက်မှုများကို ယခုထိတိုင် ခံစားနေကြရဆဲ ဖြစ်ပါသည်။ ခရစ်ပတို ငွေကြေးအတွက် အခြားကောင်းမွန်စေသည့်အချက်များတွင် ထိုနှစ်ဦးမှစ၍ ကုန်သွယ်ရေးလုပ်ဆောင်ချက် တဟုန်ထိုးမြင့်တက်လာခြင်း အပါအဝင် Bitcoin ETFs အခန်းကဏ္ဍအား တရားဝင်အတည်ပြုပြီးနောက် အဖွဲ့အစည်းဆိုင်ရာပါဝင်သူများအကြား ၎င်း၏စွဲမက်ဖွယ်ကောင်းမှုတို့ ပါဝင်ကြပါသည်။

အားသာချက်များ

အားနည်းချက်များ 

Litecoin သည် time-tested ခရစ်ပတိုgraphic protocols (နှစ်ပေါင်းများစွာအသုံးပြုလာသော လျှို့ဝှက်ကုဒ်စနစ်) ကို အသုံးပြုပြီး ကျယ်ပြန့်သော miner ကွန်ရက်တစ်ခုအား ပိုင်ဆိုင်ထားပါသည်၊ သို့ဖြစ်၍ လုံခြုံရေးကြံ့ခိုင်မှု နှင့် ဖြစ်နိုင်ချေရှိသော တိုက်ခိုက်ခံရမှုများကို ခံနိုင်ရည်ရှိမှုတို့တွင် သေချာစေပါသည်။

Litecoin သည် Ethereum၊ Solana နှင့် အခြား TOP-10 ခရစ်ပတို ပရောဂျက်များနှင့် နှိုင်းယှဥ်ပါက စျေးကွက်တန်ဖိုး ပို၍နည်းပါးသည်။

Litecoin သည် block တစ်ခုဖန်တီးမှုကြာချိန် Bitcoin ထက်လေးဆ ပိုမိုမြန်ဆန်ပြီး ထိုသည်မှာ 2.5 မိနစ် နှင့် 10 မိနစ်အသီးသီး ဖြစ်ပါသည်။ ဤသို့ဖြင့် ပို၍မြန်ဆန်သော ငွေကြေးလွှဲပြောင်းမှု အတည်ပြု ချက်များကို ပေါ်ပေါက်လာစေပါသည်။ ထို့ပြင် ခရစ်ပတိုငွေကြေး silver ကော်မရှင်ခသည် BTC နှင့် နှိုင်းဆပါက ပို၍နည်းပါသည်။

Litecoin မှာ မကြာသေးမီအတွင်း အလွန်ထင်ပေါ်ကျော်ကြားလာသော်လည်း ၎င်း၏ ကုန်သွယ်မှုပမာဏသည် ပြိုင်ဖက်များ နှင့် နှိုင်းယှဥ်ပါက လွန်စွာနည်းပါနေဆဲ ဖြစ်ပါသည်။ ထိုသည်မှာ အဆိုပါကွိုင်အတွက် ဝယ်လိုအားနှင့် ၎င်း၏ ငွေဖြစ်လွယ်မှုတို့သည် အရေးပါ အရာရောက်သော စျေးတန်းအဆင့် တစ်ခု အထိသို့ မရောက်ရှိသေးကြောင်း ညွှန်းဆိုပါသည်။

ပုံမှန် blockchain အပ်ဒိတ်များနှင့် စကေးချဲ့ထွင်မှုတိုးမြင့်ခြင်းသည် အနာဂတ် တိုးပွား မှုအတွက် အလားအလာကောင်းသော ရှုမြင်ချက် တစ်ရပ် ဖြစ်ပါသည်။

မိုင်းတူးခြင်းအတွက် Scrypt algorithm အသုံးပြုမှုသည် တူးဖော်ရေးစွမ်းအားကို ဗဟိုချုပ်ကိုင်မှု ဖြစ်စေနိုင်ပါသည်။

Halving ၏ သက်ရောက်မှု၊ ကုန်သွယ်ရေး လုပ်ဆောင်ချက် အရှိန်အဟုန်ဖြင့် တိုးပွားလာခြင်း၊ နှင့် အခြားကောင်းမွန်သော အချက်အလက်များသည် စျေးနှုန်းမြင့်တက်လာရန် အထောက်အကူဖြစ်စေပါသည်။

Litecoin တွင် ဆန်းသစ်တီထွင်မှုများ မရှိသည့်အတွက်ကြောင့် မကြာခဏ ဝေဖန်ခံရလေ့ရှိပါသည်။

Litecoin ကို မြောက်များစွာသော အိတ်ချိန်းများ၊ wallet များနှင့် ဝန်ဆောင်မှုများမှ ပံ့ပိုးပေးထားပြီး ထိုသို့ဖြင့် ၎င်း၏ အသုံးပြုနိုင်မှု နှင့် လက်လှမ်းမီနိုင်မှုတို့ကို မြှင့်တင်ပေးပါသည်။

 

LiteFinance: 10. Litecoin (LTC)

11. Cardano (ADA)

Cardano ကို ဗဟိုချုပ်ကိုင်မှုကင်းလွတ်သောအက်ပလီကေးရှင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယုံကြည်စိတ်ချရ၍ စကေးချဲ့ထွင်နိုင်သော smart contract ပလက်ဖောင်းအား လူတိုင်းကို ပေးစွမ်းရန် ဖန်တီးထားခဲ့ခြင်း ဖြစ်ပါသည်၊ Cardano Computational Layer နှင့် Cardano Settlement Layer တို့ပါဝင်သော Cardano ပလက်ဖောင်း၏ ဆန်းပြားသည့်အလွှာနှစ်ထပ်ဖြင့် ဖွဲ့စည်းတည်ဆောက်မှုသည် ပလက်‌ဖောင်းကို ဤရည်ရွယ်ချက်အား အကောင်ထည်ဖော်နိုင်စေပါသည်။

အဆိုပါစီမံကိန်းသည် Ouroboros၏ တမူထူးခြားသော သဘောတူညီမှုအယ်လ်ဂိုရီသမ်အပေါ် အခြေခံထားပြီး validatorများ (အတည်ပြုပေးသူများ) အား ၎င်းတို့၏ stake (အပ်နှံ ခရစ်ပတို ပမာဏ) အပေါ် မူတည်ကာ block များ ဖန်တီးရာတွင် ပါဝင်ခွင့်ပြုပါသည်။

အဆိုပါ blockchain အတွင်းရှိ ADA ခရစ်ပတို ငွေကြေးကို သဘောတူညီမှုနည်းစဥ်တွင် ပါဝင်ရန်နှင့် ငွေလွှဲပြောင်းမှုဝန်ဆောင်ခများ ပေးချေရန်အတွက် အသုံးပြုကြပါသည်။ ခရစ်ပတို ငွေကြေးများအနက် ADA သည် စျေးကွက်အတွင်း နေရာကောင်းတစ်ခုကို အောင်မြင်စွာ တည်ဆောက်ပြီးဖြစ်သော ခိုင်မာသည့် အလတ်တန်းစား ကစားသမားတစ်ဦးအဖြစ် နာမည်ကောင်းရရှိထားပါသည်။ အလွန်စည်းလုံးသော developer အဖွဲ့သည် စိတ်အားထက်သန်သည့် ပရိသတ်အသိုင်းအဝိုင်းနှင့်အတူ စကေးချဲ့ထွင်ခြင်းနှင့် အခြားတိုးတက်မှုများကို အတူတကွ ပုံမှန်လုပ်ဆောင်ကြပါသည်။

အားသာချက်များ 

အားနည်းချက်များ

Cardano သည် ခက်ခဲနက်နဲ၍ ရှုပ်ထွေးသော decentralized (ဗဟိုချုပ်ကိုင်မှုကင်းမဲ့သည့်) အက်ပလီ ကေးရှင်းများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးမှုအခိုင်အမာဖြင့် စွမ်းဆောင်ရည် ချဲ့ထွင်နိုင်သည့် ပရောဂျက်တစ်ခု ဖြစ်ပါ သည်။

သိပ္ပံနည်းကျ ချဥ်းကပ်မှုနှင့် သာမန်ရိုးကျနည်းလမ်းများ အသုံးပြုမှုကြောင့် feature အသစ်များကို တိုးချဲ့ခြင်းနှင့် အကောင်းထည်ဖော်ရာတွင် အချိန်များစွာ ကြာမြင့်နိုင် ပါသည်။

Cardano အဖွဲ့သည် ပုံမှန် blockchain အပ်ဒိတ်များကို ထုတ်ပြန်ပေးပါသည်။

Cardano ပလက်ဖောင်းသည် ၎င်း၏ အနီးစပ်ဆုံးပြိုင်ဖက်များ၏ ဂေဟစနစ်များတွင် ရရှိနိုင်သော decentralized အက်ပလီကေးရှင်းများ နှင့် smart contract များကို ၎င်းတို့ထက် ပိုမိုအကန့်အသတ်ဖြင့် ပေးစွမ်းပါသည်။

ရရှိနိုင်သော ကွိုင်အရေအတွက်ကို ကန့်သတ်ထားပါသည်။

Cardano ကိုတိုးချဲ့တည်ဆောက်ရာတွင် အသုံးပြုသော သိပ္ပံနည်းကျချဥ်းကပ်မှုသည် အမှားများစွာအား ရှောင်ရှားနိုင်သော်လည်း တချိန်တည်းမှာပင် ကွန်ရက် ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုနှေးကွေးသွားစေနိုင်ပါသည်။

LiteFinance: 11. Cardano (ADA)

12. Toncoin (TON)

Toncoin သည် ၂၀၂၄ ခုနှစ် မတ်လတွင် TOP15 သို့ဝင်‌ရောက်ခဲ့သော အသစ်စက်စက် ခရစ်ပတို ငွေကြေးတစ်ခု ဖြစ်ပြီးနောက် လအနည်းအကြာ၌ စျေးကွက်တန်ကြေးအရ top 10 ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများတွင် နေရာတစ်ခုကို အခိုင်အမာရရှိခဲ့ပါသည်။

TON သည် အဆိုပါလုပ်ငန်းနယ်ပယ်၌ ထင်ပေါ်ကျော်ကြားသူတစ်ဦးဖြစ်သည့် Pavel Durov ဦးဆောင်ကာ Telegram development team မှ ဖန်တီးထားပြီး ဆန်းသစ်သောတတိယမျိုးဆက် blockchain တစ်ခု ဖြစ်ပါသည်။ သို့သော် ၂၀၂၀ ခုနှစ်အတွင်း Telegram မှာ စည်းမျဥ်းဆိုင်ရာဖိအားကို တုံ့ပြန်သည့်အနေဖြင့် TON အပေါ်ထိန်းချုပ်မှုအား စွန့်လွှတ်ရန် တွန်းအားပေးခံခဲ့ရပါသည်။ နောက်ဆက်တွဲအနေဖြင့် တရားဝင်လွတ်လပ်သော developer အဖွဲ့သည် ယခုအခါတွင် ထို blockchain ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူထားပါသည်။

နည်းပညာဆိုင်ရာရှုထောင့်အရ Telegram blockchain သည်ချို့ယွင်းချက်မရှိသလောက် ဖြစ်ပါသည်။ ထိုပလက်ဖောင်းသည် တစ်စက္ကန့်လျှင် transaction ပေါင်း 55,000 အထိ စီမံဆောင်ရွက်နိုင်ပါသည်။ အဆင့်များစွာဖြင့် ဖွဲ့စည်းတည်ဆောက်မှု အပါအဝင် Proof-of-Stake (PoS) နှင့် Byzantine Fault Tolerance (BFT) တို့၏ ပေါင်းစပ်သဘောတူညီမှုတို့သည် အတိုင်းထက်အလွန် မြန်ဆန်သော transaction များကို သေချာစေပါသည်။ ခရစ်ပတို ငွေကြေး၏ တည်ငြိမ်စွာတိုးတက်မှုအတွက် ပံ့ပိုးပေးနေသည့် အခြားအချက်တစ်ခုမှာ TON အက်ပလီကေးရှင်းများနှင့် ဝန်ဆောင်မှုများ၏ ကြီးထွားလာသော ကွန်ရက် အပါအဝင် cross-chain ငွေလွှဲပြောင်းမှုများမှတဆင့် blockchain အမျိုးမျိုးနှင့်ပေါင်းစပ်နိုင်စွမ်း ဖြစ်ပါသည်။

TON ၏အဓိကအားသာချက်တစ်ခုမှာ အထင်ကြီးလောက်ဖွယ် သုံးစွဲသူအရင်းအမြစ် 1 ဘီလီယံကျော်ကို ပိုင်ဆိုင်ထားသည့် Telegram messenger နှင့် ၎င်း၏မူရင်းပေါင်းစပ်မှု ဖြစ်ပါသည်။

အားသာချက်များ

အားနည်းချက်များ

Multi-layer architecture (အလွှာစုံဖြင့်ဖွဲ့စည်းတည်ဆောက်မှု)သည် တစ်စက္ကန့် လျှင် transaction ပေါင်းထောင်ချီကို စီမံဆောင်ရွက်နိုင်စေပြီး သတင်းအချက်အလက် ထုတ်လွှတ်မှု မြန်ဆန်စေ၍ တုံ့ပြန်ချက်နှေးကွေးမှုကို လျော့နည်းစေပါသည်။

Telegram သည် အဆိုပါပရောဂျက်ကို တရာဝင်အားဖြင့် စီမံခန့်ခွဲတော့မည် မဟုတ်ပါ။

TON ကွန်ရက်ကို အလိုအလျောက် စွမ်းဆောင်မှုချဲ့ထွင်နိုင်ရန် ဒီဇိုင်းရေးဆွဲထားပြီး sharding chain အသစ်များကို အင်းတိုက်အားတိုက်ဖြင့် ဖန်တီးပေးနိုင်၍ transaction ထောင်ချီကို တပြိုင်နက် စီမံဆောင်ရွက်နိုင်ပါသည်။

ကျွမ်းကျင်ပညာရှင်များသည် ထိုပရောဂျက်မှာ ခရစ်ပတို ငွေကြေးအသစ်တစ်ခုအတွက် မျှော်လင့်ထားသည့် အတိုင်း များစွာ ကြီးထွားမှု မရှိသေးကြောင်း ဆက်လက် အသားပေး ပြောဆိုကြပါသည်။

TON သည် DNS နည်းပညာ၊ smart contract များဖန်တီးရေးအတွက် ကိရိယာများနှင့် blockchain မျိုးစုံပေါင်းစပ်ဖွဲ့စည်းမှု အပါအဝင် ဆန်းပြားသော အစိတ်ပိုင်းများစွာကို ပေးစွမ်းပါသည်။

TON သုံးစွဲသူအရေအတွက် လျင်မြန်စွာ တိုးပွားလာခြင်းသည် တစ်ဦးချင်းစီ၏ အပ်ပက်လီ ကေးရှင်းချို့ယွင်းမှုများ အကြိမ်ဖန်များစွာ ဖြစ်ပေါ်စေပါသည်။

Telegram messenger ထဲသို့ အသုံးပြုသူများ၏ အက်ပလီကေးရှင်း နှင့် wallet များ မူရင်းထည့်သွင်းပေါင်းစပ်မှုသည် သုံးစွဲသူအသစ်များ လျင်မြန်စွာ တိုးမြင့်လာစေပြီး ခရစ်ပတို ငွေကြေးဝါသနာရှင်များအတွက် လွယ်ကူအဆင်ပြေစေပါသည်။

လက်ရှိ DeFi အကောင်ထည်ဖော်ဆောင်ရွက်မှုသည် ပြိုင်ဖက်များထက် အဆင့်မြှင့်တင်မှုနည်းပါးသော်လည်း မကြာသေးမီအတွင်းမှ ထိုblockchain၏ ထွက်ပေါ်လာမှုအရ ဤအချက်ကို မျှော်မှန်းထားရမည် ဖြစ်ပါသည်။

 

အပြင်းအထန်အကြော်ငြာခြင်းနှင့် ခရစ်ပတို နယ်ပယ်ထဲသို့ လူသစ်များစွာ ဝင်‌ရောက်လာခြင်းသည် TON အား လိမ်လည်သူများနှင့် လှည့်ဖြားသူများအတွက် စုဝေးရာနေရာတစ်ခု ဖြစ်လာစေပါသည်။

LiteFinance: 12. Toncoin (TON)

2026 ခုနှစ်အတွင်း အလားအလာအကောင်းဆုံး ခရစ်ပတို

2026 ခုနှစ်အတွက် ခရစ်ပတို ငွေကြေးများ၏ အလားအလာကို အကဲဖြတ်ပြီးနောက် မျှော်လင့်ချက်အရှိဆုံးကွိုင်းများအပေါ် ကျွန်ုပ်၏ ကိုယ်ပိုင်အဆင့်သတ်မှတ်ချက်တစ်ခုကို စာရင်းပြုစုထားခဲ့ပါသည်။ ထိုစာရင်းထဲတွင် အလားအလာအကောင်းဆုံး ခရစ်ပတို နှင့် ခရစ်ပတို ပိုင်ဆိုင်မှုအသစ်များ နှစ်မျိုးလုံး ပါဝင်ကြသည်။ ဤအချက်အလက်မှာ ရင်းနှီးမြှုပ်နှံ‌ရေးအကြံပြုချက်အဖြစ် အသုံးချရန်အတွက် မရည်ရွယ်ပါ။ ၎င်းမှာ ကျွန်ုပ်ကိုယ်ပိုင် ထင်မြင်ယူဆချက်အပေါ် အဓိကအခြေခံထားပြီး သတင်းအချက်အလက်ရရှိစေရေးအတွက်သာလျှင် ဖော်ပြအပ်ပါသည်။

၁။ Bitcoin (BTC) သည် ပထမဆုံးသော ခရစ်ပတို ငွေကြေးတစ်ခုဖြစ်ပြီး ခရစ်ပတို ငွေကြေးကမ္ဘာတစ်ခုလုံးတွင် အမှန်စင်စစ်ဧရာမ လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ၎င်း၏ မြင့်မားသော ဝယ်လိုအား ၊ ကမ္ဘာအနှံ့ကျော်ကြားမှု နှင့် အသိအမှတ်ပြုခံရမှု အပါအဝင် ကွိုင်ရှားပါးမှုကြီးထွားလာခြင်းသည် ၎င်းအား ကမ္ဘာ့ ခရစ်ပတို ငွေကြေးအခင်းအကျင်းတွင် သြဇာကြီးမားသောအင်းအားစုတစ်ခု ဖြစ်လာစေပါသည်။ သို့ဖြစ်၍ BTC နှုန်းသည် ရေရှည်ကာလအတွင်း တိုးပွားနိုင်ချေ ရှိပါမည်။

၂။ Ethereum (ETH) သည် smart contract အကောင်ထည်ဖော်ခြင်းနှင့် dApps တို့အတွက် အစွမ်းအထက်ဆုံး ပလက်ဖောင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး ၎င်းသည် အခြားအစားထိုး ခရစ်ပတို ငွေကြေးစျေးကွက်တွင် ထင်ရှားသောခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။ ETH သည် ‌ဂေဟစနစ်တွင် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပြီး ကျယ်ပြန့်သော ခရစ်ပတို စျေးကွက်နှင့်ယှဥ်တွဲကာ တသမတ်တည်း ကြီးထွားလျက်ရှိပါသည်။

၃။ Ripple (XRP) သည် ငွေလွှဲပြောင်းပေးချေမှုများအတွက် SWIFT အစားထိုးအဖြစ် ဘဏ္ဍာ‌ရေးဆိုင်ရာအဖွဲ့အစည်းများမှ အသုံးပြုသော ပေးဆောင်မှုစနစ်တစ်ခု ဖြစ်ပါသည်။ အဆိုပါကုမ္ပဏီသည် အာဏာပိုင်များနှင့် တရာရေးဆိုင်ရာအငြင်းပွားမှုအချို့တွင် အောင်ပွဲခံနိုင်ခဲ့ပြီး ခရစ်ပတို အသိုင်းအဝိုင်းမှ ခိုင်မာသောထောက်ခံမှု ရရှိထားပါသည်၊ ထိုသည်မှာ ၎င်း၏ အနာဂတ်အလားအလာများအတွက် ကောင်းမွန်သော ရှေ့ပြေးလက္ခဏာရပ် ဖြစ်ပါသည်။

၄။ Solana (SOL) သည် ခရစ်ပတို စျေးကွက်တွင် အလားအလာကောင်းသော အခြားပြိုင်ဖက်တစ်ဦး ဖြစ်ပါသည်။ ဤအလွန်မြန်ဆန်သော ခရစ်ပတို ငွေကြေးသည် တစ်စက္ကန့်လျှင် ငွေလွှဲပြောင်းမှုပေါင်း 65,000 အထိ ထိပ်တန်းအမြန်နှုန်းသို့ ရောက်ရှိနိုင်ပါသည်။ ၎င်း၏ ဝန်ဆောင်ခနည်းပါးမှုအပြင် Solana သည် တက်သက်စ ခရစ်ပတို ရင်းနှီးမြှုပ်နှံသူများနှင့် စွန့်စားမှုမြင့်မားသည့် ပိုင်ဆိုင်မှုများကို စိတ်ဝင်စားသူများအတွက် ရေပန်းစားသော ပလက်ဖောင်းတစ်ခု ဖြစ်ပြီး ၎င်းကို meme ကွိုင်များစွာတွင် အသုံးပြုလျက်ရှိပါသည်။

၅။ Celestia (TIA)။ 2026 ခုနှစ်တွင် မည်သည့် ခရစ်ပတို ထိုးဖောက်ဝင်ရောက်လာမည်နည်း။ ကွိုင်အသစ်များကို modular blockchain တစ်ခု၏ အခြေခံပေါ်တွင် ဖန်တီးလာနိုင်ချေ ရှိပါမည်။ ခရစ်ပတို ငွေကြေးစျေးကွက်ထဲသို့ အလားအလာအကောင်းဆုံး ဝင်ရောက်သူများအနက် တစ်ခုမှာ Celestia ဖြစ်ပါသည်။

၆။ Cardano (ADA) သည် ခရစ်ပတို ငွေကြေးစျေးကွက်အတွင်း အခြားသော ထင်ရှားသည့်ကစားသမားတစ်ဦး ဖြစ်ပါသည်။ ထိုကွိုင်၏ blockchain ကို သိပ္ပံနည်းကျချဥ်းကပ်မှုတစ်ရပ်အား အသုံးပြုကာ ပြောင်းလဲတိုးချဲ့ထားပြီး ထိုသည်မှာ ၎င်းကို အခြား ခရစ်ပတို ငွေကြေးများနှင့် ကွဲပြားခြားနားမှုဖြစ်စေပါသည်။ ဤကွန်ရက်သည် smart contract များကို ထောက်ပံ့ပေး၍ ယှဥ်ပြိုင်နိုင်သော ငွေလွှဲပြောင်းမှုဝန်ဆောင်ခများကို ပေးစွမ်းပြီး မိုင်းတူးခြင်းလုပ်ငန်းစဥ်မှတဆင့် ဝင်ငွေရရှိရန် အခွင့်အလမ်းတစ်ရပ်ကို ပံ့ပိုးပေးပါသည်။ မကြာသေးမီအတွင်း Cardano ကွန်ရက်သည် အေအိုင်ဥာဏ်ရည်တုတွင် စွန့်ဦးတီထွင် ပြောင်းလဲတိုးတက်မှုအချို့အတွက် အချက်အချာတစ်ခု ဖြစ်လာခဲ့ပါသည်။

၇။ Toncoin (TON) သည် ကျွမ်းကျင်ပညာရှင်အချို့မှ “စ‌တော့ရှယ်ယာ တစိတ်တပိုင်း” အဖြစ် ဖော်ပြထားသော ခရစ်ပတို ငွေကြေးတစ်ခု ဖြစ်ပါသည်။ Telegram သည် ၎င်း၏ကိုယ်ပိုင် ခရစ်ပတိုငွေကြေး ကို ရပ်တန့်ရန် ဆုံးဖြတ်ချက်ရှိသော်လည်း အဆိုပါကွိုင်သည် ရှင်သန်ကြီးထွားလျက်ရှိသော messenger လုပ်ငန်းနှင့် ဆက်နွယ်နေဆဲ ဖြစ်ပါသည်။

၈။ Polkadot (DOT) သည် ခရစ်ပတို လောကတွင် ထင်ရှားသော အခြားပရောဂျက်တစ်ခု ဖြစ်ပါသည်။ ထိုပရောဂျက်သည် blockchain များအပြန်အလှန်ချိတ်ဆက် လည်ပတ်နိုင်စေသော နည်းပညာကို အကောင်ထည်ဖော်ဆောင်ရွက်ထားပါသည်။ ဤသို့ဖြင့် ခရစ်ပတို ငွေကြေး၏ လက်တွေ့အသုံးဝင်မှုကို မြှင့်တင်ပေးပြီး ၎င်း၏ ငွေဖြစ်လွယ်မှုကို မြင့်မားလာစေပါသည်။

၉။ Tron (TRX)။ အဆိုပါကွိုင်သည် ဖြန့်ကျက်ထားသော ဒေတာသိုလှောင်မှုဖြင့် ကမ္ဘာ့ဒစ်ဂျစ်တယ်ဖျော်ဖြေရေးစနစ်၏ တစိတ်တပိုင်းအဖြစ် ရပ်တည်လျက်ရှိပါသည်။ ၎င်းတို့၏ blockchain ပေါ်ရှိ TRX နှင့် TRC-20 token များသည် ချက်ချင်းငွေလွှဲပြောင်းပေးမှုများကြောင့် ပိုမိုများပြားသော ထောက်ခံသူများကို ဆွဲဆောင်နေပါသည်။

၁၀။ Chainlink (LINK) smart contract များအတွက် oracles (ဒေတာအခြေစိုက်စီမံခန့်ခွဲမှုစနစ်)၏ အရေးပါသောပံ့ပိုးပေးသူတစ်ဦးအဖြစ် ၎င်းကိုယ်တိုင် နေရာရယူထားပါသည်။ Blockchain oracles များသည် blockchainများကို ပြင်ပစနစ်များနှင့် ချိတ်ဆက်ပေးသည့် entities ဖြစ်ပါသည်။

LiteFinance: 2026 ခုနှစ်အတွင်း အလားအလာအကောင်းဆုံး ခရစ်ပတို

ရင်းနှီးမြှုပ်နှံရန် လုံခြုံစိတ်ချရဆုံး ခရစ်ပတို

ဤအဆင့်သတ်မှတ်ချက်တွင် ငွေကြေးတည်ငြိမ်မှုနှင့် အကြွေးပြန်ဆပ်နိုင်မှုတို့ကို သက်သေပြထားသည့် ယုံကြည်စိတ်ချရ၍ ဘေးကင်းသော ပရောဂျက်များ ပါဝင်ကြသည်။ သင်သည် ခရစ်ပတို လောကတွင် စတင်‌လေ့လာနေသူတစ်ဦး (သို့) ရေရှည်ရင်းနှီးမြှုပ်နှံမှုများကို နှစ်ခြိုက်သူဖြစ်ပါက ကြီးမားသော စျေးကျဆင်းနိုင်ချေအနည်းဆုံးဖြင့် တည်ငြိမ်၍ ဘေးကင်းသည့် ခရစ်ပတို ကို ရွေးချယ်ပါ။ တချိန်တည်းမှာပင် ရင်းနှီးမြှုပ်နှံ‌ရေးပိုင်ဆိုင်မှုတစ်ခုအနေဖြင့် ခရစ်ပတိုငွေကြေး သည် အခြားစျေးကွက်များနှင့် နှိုင်းယှဥ်ပါက ထပ်တိုးစွန့်စားမှုများ ပါဝင်ပါသည်။ ခရစ်ပတို ကမ္ဘာလောကတွင် ယုံကြည်စိတ်ချရမှုအတွက် အာမခံချက်မရှိပါ။

၁။ Bitcoin (BTC) သည် ကမ္ဘာလုံးဆိုင်ရာ ပထမဦးဆုံး ခရစ်ပတို ငွေကြေးဖြစ်ပြီး ခရစ်ပတိုငွေကြေး အဆင့်သတ်မှတ်ချက်တွင် အစဥ်ထာဝရဦး‌ဆောင်သူတစ်ဦး ဖြစ်ပါသည်။ စွန့်စားမှုအနည်းဆုံးဖြင့် ပိုင်ဆိုင်မှုတစ်ခုဟု မည်သည့်ကွိုင်ကိုမဆို ခေါ်တွင်နိုင်ပါက ၎င်းမှာ ယုံကြည်စိတ်ချအပ်သော Bitcoin ပင်ဖြစ်ပါသည်။

၂။ Ethereum (ETH) သည် စျေးကွက်တန်ဖိုးအရ ဒုတိယမြောက် ဒစ်ဂျစ်တယ်ငွေကြေး ဖြစ်ပါသည်။ ခရစ်ပတို စျေးကွက်တွင် မည်သို့ပင်ဖြစ်ပျက်ပါစေ Bitcoin နှင့် Ether တို့ကို ရုပ်ပိုင်းဆိုင်ရာထိတွေ့နိုင်သော ပစ္စည်းများနှင့် ပိုင်ဆိုင်မှုများအတွက် လဲလှယ်နိုင်ပါသည်။

၃။ Ripple (XRP) သည်စျေးကွက်တန်းကြေးအရ ထိပ်တန်း ခရစ်ပတို ငါးနေရာအတွင်း တည်ငြိမ်သောနေရာတစ်ခုကို ထိန်းသိမ်းထားပါသည်။ ထို့ပြင် နိုင်ငံတကာကုမ္ပဏီ ရာပေါင်းများစွာနှင့် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများသည် ၎င်းကို အပြန်အလှန်ငွေပေးချေမှုများအတွက် အသုံးပြုကြပါသည်။

၄။ Tether (USDT) သည် stablecoin များ၏ အရှင်ဘုရင် ဖြစ်ပါသည်။ ထိုကုမ္ပဏီ၏ fiat reserves (ရုပ်ပိုင်းဆိုင်ရာ ငွေကြေးအရင်းအမြစ်သိုလှောင်မှု) သည် ရင်းနှီးမြှုပ်နှံမှုများအတွက် အာမခံချက်ရှိသော အုတ်မြစ်တစ်ခု ဖြစ်ပြီး စျေးကွက်လှုပ်ခတ်ပါက ယုံကြည်စိတ်ချရသော ငွေဖြစ်လွယ်မှုအရင်းအမြစ်တစ်ခုကို ပေးစွမ်းပါသည်၊ သို့ဖြစ်၍ ကန်ဒေါ်လာများဖြင့် ခရစ်ပတို ငွေကြေးများကို လဲလှယ်နိုင်ပါသည်။ Tether ၏ DeFI အခြေခံတည်ဆောက်မှုသည် USDT တွင် အရင်းအနှီးထည့်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများအား အပိုဝင်ငွေများ ရရှိနိုင်စေပါသည်။

၅။ Binance Coin (BNB) သည်ကမ္ဘာတဝှမ်းတွင် ထင်ပေါ်ကျော်ကြားမှုအရှိဆုံး လဲလှယ်ရေး token တစ်ခု ဖြစ်ပါသည်။ ထိုကွိုင်ကို Binance ဂေဟစနစ်၏ ဝန်ဆောင်မှုများထဲသို့ ထည့်သွင်းပေါင်းစပ်ထားပြီး ၎င်းသည် အထူးသဖြင့် ခရစ်ပတို ငွေကြေး လူကြိုက်များရေပန်းစားလာရန် နှင့် DeFi လမ်းကြောင်း၏ ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် Web3 စျေးကွက်တစ်ခုလုံးအတွက် အချက်အချာကျသော ကိရိယာတစ်ခု ဖြစ်လာခဲ့ပါသည်။ CZ နှင့် ငွေလဲလှယ်မှုဆိုင်ရာ မလိုလားအပ်သည့် အဖြစ်အပျက်များ ရှိသော်လည်း BNB token သည် ငွေကြေးစီးဆင်းမှုနှင့် ဝယ်လိုအားရှိသော ပိုင်ဆိုင်မှုတစ်ခုအဖြစ် ၎င်း၏အဆင့်အတန်းကို ထိန်းသိမ်းထားပါသည်။

LiteFinance: ရင်းနှီးမြှုပ်နှံရန် လုံခြုံစိတ်ချရဆုံး ခရစ်ပတို

ရင်းနှီးမြှုပ်နှံရာတွင် အကောင်းဆုံး ခရစ်ပတို ကို ရွေးချယ်ရန်အတွက် နည်းစဥ်

စျေးနှုန်းမတည်ငြိမ်မှု မြင့်မားခြင်းကြောင့် သင့်တင့်ကောင်းမွန်သော ရင်းနှီးမြှုပ်နှံ‌မှုအလားအလာများရှိသည့် ခရစ်ပတို ငွေကြေးများ ရွေးချယ်ရာတွင် သိသိသာသာစိန်ခေါ်မှုတစ်ရပ်ကို ပြသပါသည်။ ဝယ်လိုအားနှင့် ရောင်းလိုအား အပြောင်းအလဲများ၊ စျေးကွက်ဖြစ်စဥ်များ နှင့် စည်းမျဥ်းဆိုင်ရာပြောင်းလဲမှုများ အပါအဝင် ခရစ်ပတို ပိုင်ဆိုင်မှုများအပေါ် လွှမ်းမိုးသက်ရောက်စေသော အကြောင်းရင်းများစွာတို့ကြောင့် ၎င်း၏တန်ဖိုးကို ခန့်မှန်းရာတွင် စိန်ခေါ်မှုဖြစ်စေပါသည်။ လက်ရှိစျေးကွက်လမ်းကြောင်းများအား ကျယ်ပြန့်နှံ့စပ်စွာ သိမြင်နားလည်ခြင်း၊ စျေးကွက်တန်ဖိုးအပေါ် ပြည့်ပြည့်စုံစုံ စိစစ်ခွဲဖြာမှု ၊ နည်းပညာနှင့် အခြေခံဆိုင်ရာ အညွှန်းများ၊ အဆင့်သတ်မှတ်ခြင်းနည်းစနစ် အပါအဝင် သတင်များနှင့် ခရစ်ပတို အဆင့်သတ်မှတ်ချက်အပ်ဒိတ်များကို အစဥ်အမြဲစောင်ကြည့်လေ့လာခြင်းသည် ခိုင်မာသော ရင်းနှီးမြှပ်နှံရေး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အရေးပါသည့်အစိတ်အပိုင်းများ ဖြစ်ပါသည်။ အထူးသဖြင့် ဤလုပ်ငန်းနယ်ပယ်တွင် အောင်မြင်မှုအတွက် အာမခံချက်မရှိပါ။ သို့သော် အချို့သော နည်းပညာများသည် သင့်အား အမြော်အမြင်ရှိစွာဖြင့် ရင်းနှီးမြှုပ်နှံရန်အတွက် အထောက်အကူပြုနိုင်ပါသည်။

LiteFinance: ရင်းနှီးမြှုပ်နှံရာတွင် အကောင်းဆုံး ခရစ်ပတို ကို ရွေးချယ်ရန်အတွက် နည်းစဥ်

စျေးကွက်တန်ဖိုးနှင့် ငွေဖြစ်လွယ်မှု

  • ခရစ်ပတို ငွေကြေးတစ်ခု၏ စျေးကွက်တန်ဖိုးသည် လက်ရှိလည်ပတ်နေသော token အားလုံး၏ စုစုပေါင်းတန်ဖိုးကို ကိုယ်စားပြုပါသည်။ ခရစ်ပတို ငွေကြေးတစ်ခု၏ စျေးကွက်တန်ဖိုးသည် အဆိုပါ ခရစ်ပတို ပိုင်ဆိုင်မှု၏ စျေးနှုန်း နှင့် လက်ရှိလည်ပတ်နေသော ကွိုင်အရေအတွက်အပေါ်တွင် မူတည်ပါသည်။ ဤညွှန်းဆိုချက်သည် ရင်းနှီးမြှုပ်နှံသူများအား token များ၏ အလားအလာအပေါ် အကဲဖြတ်နိုင်စေပါသည်။ စျေးကွက်တန်ဖိုးမြင့်မားသည့် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများတွင် ရင်းနှီးမြှုပ်နှံမှုများကို ယေဘုယျအားဖြင့် တန်ကြေးနိမ့်သော ပိုင်ဆိုင်မှုများထက် ပို၍ဘေးကင်းစိတ်ချရသည်ဟု ယူဆကြပြီး ၎င်းတို့၏ မတည်ငြိမ်မှုမှာ ပိုမိုနည်းပါးပါသည်။
  • ခရစ်ပတို ငွေကြေးများ၏ အခန်းကဏ္ဍတွင် ငွေဖြစ်လွယ်မှုသည် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများအား မည်မျှမြန်ဆန်စွာ ရောင်းဝယ်နိုင်မှုကို ညွှန်းဆိုပါသည်။ ထိုသည်ကို ဝယ်သူများနှင့် ရောင်သူများမှ ရင်းနှီးမြှပ်နှံထားသော အရင်းအနှီးစုစုပေါင်းဖြင့် ဆုံးဖြတ်ပါသည်။ ရရှိနိုင်သော ငွေဖြစ်လွယ်မှုပမာဏသည် အိတ်ချိန်းတစ်ခုပေါ်တွင် ကုန်သွယ်မှု၏သိပ်သည်းဆကို ဆုံးဖြတ်ပေးပြီး ကုန်သွယ်မှုပမာဏ ပိုမိုမြင့်မားခြင်းသည် စည်ကားသိုက်မြိုက်သော စျေးကွက်တစ်ခုကို ညွှန်ပြပါသည်။ ငွေဖြစ်လွယ်မှုမြင့်မားခြင်းသည် ပိုင်ဆိုင်မှု၏တန်ဖိုးအပေါ် သိသာစွာ ထိခိုက်မှုမရှိဘဲ ၎င်းအား ပို၍လွယ်ကူစွာ ရောင်းဝယ်ဖောက်ကားနိုင်စေပါသည်။

LiteFinance: စျေးကွက်တန်ဖိုးနှင့် ငွေဖြစ်လွယ်မှု

လက်တွေ့အသုံးဝင်မှုနှင့် လက်ခံကျင့်သုံးမှု

အသုံးဝင်မှုဆိုသည်မှာ ခရစ်ပတို ငွေကြေး၏ ဝယ်လိုအားနှင့် လက်ခံကျင့်သုံးမှုတို့ကို ပေါ်လွင်စေသော အရာတစ်ခု ဖြစ်ပါသည်။ ခရစ်ပတို ငွေကြေးစျေးကွက်တွင် token တစ်ခု၏ ရေရှည်တည်တံ့သောဝယ်လိုအားအတွက် ပေးချေမှုနည်းလမ်းတစ်ခုတည်းရှိရုံဖြင့် မလုံလောက်ပါ။

ခရစ်ပတို ငွေကြေးတစ်ခုချင်းစီ၏ လုပ်ဆောင်နိုင်စွမ်းကို အောက်ပါအချက်တို့ဖြင့် ဆုံးဖြတ်ပါသည်။

  • ခရစ်ပတို လည်ပတ်နေသော ထို blockchain၏ ပြောင်းလွယ်ပြင်လွယ်ရှိမှု။
  • ပိုင်ဆိုင်မှုတွင် cross-chain နှင့် multi chain လည်ပတ်သုံးစွဲနိုင်မှုသည် လက်တွေ့ကမ္ဘာတွင် ၎င်းအား ကျယ်ပြန့်စွာ လက်ခံကျင့်သုံးနေကြောင်း သေချာစေပါသည်။
  • ခရစ်ပတို ငွေကြေးအသုံးပြုမှုအခြေအနေများ ချဲ့ထွင်ရန်အတွက် ‌ဂေဟစနစ်ကို မြှင့်တင်နိုင်စွမ်း နှင့် အခြေခံဖွဲ့စည်းပုံကို တည်ဆောက်နိုင်စွမ်း။

LiteFinance: လက်တွေ့အသုံးဝင်မှုနှင့် လက်ခံကျင့်သုံးမှု

ဆန်းသစ်တီထွင်မှုနှင့် ကဏ္ဍအလိုက် ဦးဆောင်မှု

သီးခြား blockchain တစ်ခုချင်းစီအလိုက် ထည့်သွင်းထားသော ဆန်းသစ်သောနည်းပညာသည် ၎င်း၏ ထိပ်တန်းနေရာအတွက် အစဥ်အမြဲအာမခံချက်မပေးသော်လည်း ခရစ်ပတို ကဏ္ဍအချို့တွင် ယှဥ်ပြိုင်နိုင်သည့် အားသာချက်တစ်ခုကို ပေးစွမ်းပါသည်။ အထင်ရှားဆုံးဥပမာတစ်ခုမှာ Bitcoin ဖြစ်ပါသည်၊ ၎င်းသည် နည်းပညာပိုင်းအရ လက်ရှိ ခရစ်ပတို ငွေကြေးအများစုထက် အဆင့်နိမ့်သော်လည်း သြဇာကြီးမားသော စျေးကွက်ဦးဆောင်သူတစ်ဦးအဖြစ် ၎င်း၏နေရာကို ထိန်းသိမ်းထားပါသည်။ မည်သို့ပင်ဖြစ်စေ ရင်းနှီးမြှုပ်နှံရေးဆုံးဖြတ်ချက်များ ချမှတ်သည့်အခါ ဆန်းသစ်တီထွင်မှုရှုထောင့်ကို ထည့်သွင်းစဥ်းစားရန် အရေးကြီးပါသည်၊ အဘယ့်ကြောင့်ဆိုသော် ဤအချက်သည် အဆိုပါ token ၏ ဝယ်လိုအား နှင့် ၎င်း၏‌စျေးနှုန်းအတွက် အဓိကမောင်းနှင်းအား ဖြစ်ပါသည်။ သို့ဖြစ်၍ စျေးကွက်ဦးဆောင်သူများအကြား အလားအလာရှိသော ရင်းနှီးမြှပ်နှံမှုများကို အကဲဖြတ်ရာတွင် အဆင့်အမြင့်ဆုံး နည်းပညာဆိုင်ရာစွမ်းရည်ရှိသည့် ပိုင်ဆိုင်မှုများကို ဦးစားပေးရန် အကြံပြုပါသည်။

ခရစ်ပတို ငွေကြေးတစ်ခုတွင် ဆန်းသစ်တီထွင်မှုအတိုင်းအတာကို အကဲဖြတ်ရန်အတွက် အသုံးပြုနိုင်သော အဓိကစံသတ်မှတ်ချက်အချို့ ရှိပါသည်။

  • Blockchain ၏ အမြန်နှုန်း နှင့် ပမာဏအလိုက် လုပ်ဆောင်နိုင်စွမ်း။

  • ငွေလွှဲပြောင်းမှုများအတွက် ကုန်ကျစရိတ်။

  • ကွန်ရက်၏ လုံခြုံစိတ်ချရမှု နှင့် ကိုယ်ရေးကိုယ်တာလုံခြုံမှု။

  • Ecosystem (ဂေဟစနစ်) တစ်ခု တည်ဆောက်နိုင်စွမ်း။

    • ဗဟိုချုပ်ကိုင်မှုကင်းမဲ့သော အက်ပလီကေးရှင်းများ (dApps)။

    • အလိုအလျောက်သဘောတူစာချုပ်များ အသုံးပြုမှု။

    • Cross chain များရယူသုံးစွဲနိုင်မှု၊ အပြန်အလှန်ဆက်သွယ် ချိတ်ဆက်မှုများ နှင့် အခြား chain များနှင့် အပြန်အလှန်လည်ပတ်နိုင်စွမ်း။

LiteFinance: ဆန်းသစ်တီထွင်မှုနှင့် ကဏ္ဍအလိုက် ဦးဆောင်မှု

အသင်းအဖွဲ့နှင့် ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှု

အသင်းအဖွဲ့သည် အဆိုပါပရောဂျက်၏ အောင်မြင်မှုအတွက် အဓိကကျသောအချက်တစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံရေးဆုံးဖြတ်ချက်တစ်ခုကို မချမှတ်မီ အောက်ပါမေးခွန်းများကို ကြိုးစားအဖြေရှာကြည့်ပါ။

  • သုံးသပ်ထားသော ခရစ်ပတိုငွေကြေး တွင် လူသိများသော (သို့) အမည်မဖော်လိုသော အဖွဲ့တစ်ခု ရှိပါသလား။
  • ပါဝင်သူများ၏ ခြေရာခံမှတ်တမ်းဆိုသည်မှာ အဘယ်နည်း။
  • ထိုသူတို့တွင် မည်သည့်အတွေ့အကြုံ ရှိ၍ မည်သည့်ပရောဂျက်များကို ထုတ်လုပ်ဖြန့်ဖြူးခဲ့ပါသနည်း။ ၎င်းသူတို့သည် မည်သည့်နေရာတွင် အလုပ်လုပ်ခဲ့ပါသနည်း။
  • အဆိုပါထုတ်ကုန်နှင့် ecosystem ကို တိုးချဲ့ပြောင်းလဲရာတွင် ထိုအဖွဲ့သည် မည်မျှတက်ကြွလှုပ်ရှားပါသနည်း။ ထို ခရစ်ပတို ပရောဂျက်တွင် GitHub ဆောင်ရွက်ချက် ရှိပါသလား။
  • ထိုအဖွဲ့သည် ၎င်းတို့၏ အစီအစဥ်များနှင့် လှုပ်ရှားမှုများကို မည်မျှဖွင့်ဟချပြထားပါသနည်း။
  • ထိုအဖွဲ့သည် အဖွဲ့၏အရည်အသွေးများနှင့်အတူ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် သမိုင်းမှတ်တိုင်များကြောင်း အသေးစိတ်စီမံထားသော လမ်းပြမြေပုံတစ်ခုကို လိုက်နာမှုရှိပါသလား။ အဆိုပါအဖွဲ့သည် အရေးကြီးသောဖြစ်ရပ်များအတွက် timeline များကို အကြိမ်မည်မျှ ပြန်လည်လေ့လာသုံးသပ်ပါသနည်း။

သင်ရင်းနှီးမြှုပ်နှံရန်အတွက် ခရစ်ပတို ငွေကြေးတစ်ခုကို ရွေးချယ်သည့်အခါတိုင်း ဤမေးခွန်းများကို ထည့်သွင်းစဥ်းစားသင့်ပါသည်။

LiteFinance: အသင်းအဖွဲ့နှင့် ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှု

လက်ရှိ ခရစ်ပတို စျေးကွက်အခင်းအကျင်း အတွက် ခြုံငုံသုံးသပ်ချက်

ထင်ပေါ်ကျော်ကြားမှုအရှိဆုံး ခရစ်ပတို ငွေကြေးများနှင့် ဆွဲဆောင်မှုရှိသော ကွိုင်များအကြောင်း ခြုံငုံသုံးသပ်ချက်တစ်ရပ်ကို ကျွန်ုပ်တို့တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံရေးဆုံးဖြတ်ချက်များ မချမှတ်မီ စျေးကွက်တစ်ခုလုံး၏အခြေအနေကို သိမြင်နားလည်ရန် အပြင် စျေးကွက်မြင့်တက်မှု နှင့် စျေးကျဆင်းမှုစက်ဝန်းများကို ဆုံးဖြတ်ရန် အရေးကြီးပါသည်။

၂၀၂၄ ခုနှစ်တွင် ခရစ်ပတိုစျေးကွက်သည် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတန်ဖိုးအပေါ် သိသာထင်ရှားသောအကျိုးသက်ရောက်မှုရှိစေသည့် ထင်ရှားသောဖြစ်ရပ်များစွာကို မြင်တွေ့ခဲ့ရသည်။ လာမည့်နှစ်များတွင် ခရစ်ပတိုစျေးကွက်၌ သိသာထင်ရှားသောအပြောင်းအလဲများ ဖြစ်လာနိုင်ဖွယ် ရှိနေသည်။

ယခုအခါတွင် ခရစ်ပတို ငွေကြေးစျေးကွက်မှာ လှုပ်ရှားဆောင်ရွက်ချက်နိမ့်ပါးနေသည့် ကာလတစ်ခုကို ကြုံတွေ့နေပါသည်။ သို့သော် နောက်ဆုံးထွက် CoinGecko လူထုအစီရင်ခံစာအရ ဖြေဆိုသူ 80% သည် ခရစ်ပတို စျေးအတက်လမ်းကြောင်း ပြန်လည်စတင်မည်ဟု မျှော်လင့်ထားပြီး 50% ကျော်မှာ ၎င်းသည် ယခုမှ အစပြုနေရုံမျှသာ ဖြစ်ကြောင်း ယုံကြည်ထားကြပါသည်။

ခရစ်ပတို ငွေကြေး၏ အနာဂတ်အလားအလာကို ထိုးထွင်းသိမြင်ရေးအတွက် ၎င်း၏ လဲလှယ်ရေးနှုန်းအပေါ် လွှမ်းမိုးမှုရှိသော အဓိက ခရစ်ပတို လမ်းကြောင်းများကို နားလည်သဘောပေါက်ရန် အရေးကြီးပါသည်။

ပင်မ ခရစ်ပတို စျေးကွက်လမ်းကြောင်များ

  • SEC မှအတည်ပြုထားသော ခရစ်ပတိုငွေကြေး ETF များကို ရှာဖွေတွေ့ရှိပါသည်။ Bitcoin သည် ဤလမ်းကြောင်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့ပါသည်။ မကြာသေးမီအတွင်း Ethereum အတွက် ETF တစ်ခုကို သဘောတူလက်ခံခဲ့ပါသည်။ ပညာရှင်များသည် အဆိုပါလမ်းကြောင်းကို ဆက်လက်ဖြစ်ပွားရန် နှင့် LTC၊ SOL နှင့် အခြားထိပ်တန်း ခရစ်ပတို ပိုင်ဆိုင်မှုများအတွက် ETF များ ပေါ်ပေါက်လာမည်ဟု ခန့်မှန်းပါသည်။ ဤလမ်းကြောင်းသည် စျေးကွက်ထဲသို့ အဖွဲ့အစည်းများနှင့် အကြီးစားပါဝင်သူများထံမှ ငွေအရင်းအနှီးများကို ဆွဲဆောင်ရာတွင် အထောက်အကူဖြစ်စေပါသည်။ ထိုသည်မှာ Wall Street မှ ‌စျေးကစားကြိုးကိုင်ခြယ်လှယ်မှု အန္တရာယ်ကို ဖန်တီးပေးပါသည်၊ သို့သော် ၎င်းသည် ခရစ်ပတို ငွေကြေးဝယ်လိုအား နှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်လာခြင်းကိုလည်း ပံ့ပိုးပေးပါသည်။
  • Bitcoin halving (အကြမ်းဖျင်း လေးနှစ်တစ်ကြိမ်ခန့် ဖြစ်ပေါ်သည့် အဖြစ်အပျက်တစ်ခု)။ ဤအဖြစ်အပျက်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်၊ ၎င်းသည်မျှော်လင့်ချက်အရှိဆုံးဖြစ်ရပ်များထဲမှတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ ဤသည်မှာ တိုးတက်မှု စက်ဝိုင်းသစ်တစ်ခု၏ နိမိတ်တစ်ခုအဖြစ် မကြာခဏ မြင်တွေ့ရသည်။ ဤအချက်ပြမှု၏ အရေးကြီးသောအင်္ဂါရပ်မှာ ၎င်းအပေါ် မျှော်လင့်ထားသော အကျိုးသက်ရောက်မှုဖြစ်သည်။ ပုံမှန်အားဖြင့်၊ စျေးကွက်သည် halving ဖြစ်ပေါ်ပြီးနော် ၁၂ လ မှ ၁၈ လ ခန့် ကြာမြင့်သည်အထိ စုစည်းမှုအဆင့်သို့ရောက်ရှိသွားပြီးမှသာ လျင်မြန်သောတိုးတက်မှုကို တွေ့ကြုံရမည်ဖြစ်ပါသည်။
  • DeFi ပြောင်းလဲတိုးတက်မှု။ ဗဟိုချုပ်ကိုင်မှုကင်းမဲ့သော ဘဏ္ဍာရေးဆိုင်ရာပလက်ဖောင်းများသည် ဆက်လက်လူကြိုက်များရေပန်းစားလျက်ရှိပြီး ထုံးထမ်းစဥ်လာအတိုင်း ဘဏ္ဍာရေးအဖွဲ့အစည်းများ ပါဝင်ပတ်သက်မှုမရှိဘဲ ချေးငှါးပေးခြင်း ၊ staking လုပ်ခြင်း ၊ raking (ခရစ်ပတို၊ NFT စသည်တို့ကို စုဆောင်းကာ ဝင်ငွေရယူမှု လုပ်ငန်းစဥ်) နှင့် ကုန်သွယ်ရေးဝန်ဆောင်မှုများကို အသုံးပြုသူများအား ပေးစွမ်းပါသည်။ DeFi တွင် ရင်းနှီးမြှုပ်နှံထားသော ရန်ပုံငွေစုစုပေါင်းပမာဏသည် $192 ဘီလီယံကျော် ရှိနေပြီ ဖြစ်၍ ဆက်လက်တိုးတက်လာပါသည်။ အထူးသဖြင့် Ethereum blockchain သည် ရန်ပုံငွေအားလုံး၏ ခန့်မှန်းခြေ 70% ကို ကိုင်ဆောင်ထားပါသည်။
  • NFT protocol အသစ်များ။ ကျွမ်းကျင်ပညာရှင်များသည် Protocol အသစ်များ စတင်ထုတ်လုပ်မှုကြောင့် NFT စျေးကွက်များ ပြန်လည်ခေတ်စားလာမည်ဟု ခန့်မှန်းထားပြီး ထိုသည်မှာ NFT များပြန်လည်ရောင်းချရန် မဟာအခွင့်အရေးများ ဖြစ်၍ အချိန်၊ အပူချိန်၊ နေရာဒေသ နှင့် အခြားဒေတာ ကဲ့သို့သော off-chain ဒေတာများနှင့် ချိတ်ဆက်ထားသည့် NFT ဂုဏ်သတ္တိများ၏ ပြောင်းလဲမှုတို့ကို ချဲ့ထွင်ပေးပါမည်။ ထို့ပြင် ERC-1155 protocol သည် fungible (တန်ဖိုးတူညီ၍ လဲလှယ်ရသော) နှင့် non-fungible (လဲလှယ်၍မရသော) token များကို တစ်ခုတည်းသောစာချုပ်တွင် ထည့်သွင်းပေါင်းစပ်ခွင့်ပြုပါသည်။ ဤဆန်းသစ်တီထွင်မှုများအားလုံးသည် GameFi ပ‌ရောဂျက်အသစ်များနှင့် မျိုးဆက်သစ် Web3 ဂိမ်းများ၏ တစိတ်တပိုင်း ဖြစ်လာနေပါသည်။
  • စည်းကမ်းအခင်းအကျင်း။ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတစ်ဝှမ်းရှိ အဖွဲ့အစည်းဖြင့် ပြုလုပ်သော ရင်းနှီးမြှုပ်နှံသူများအကြား ခရစ်ပတိုငွေကြေး ဆိုင်ရာ ယေဘုယျသဘောထားအပေါ် လွှမ်းမိုးမှုရှိသော ခရစ်ပတိုငွေကြေး စျေးကွက်၏ အဓိကထိန်းချုပ်သူအဖြစ် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းဆိုင်ရာမူဝါဒပြောင်းလဲမှုများသည် ခရစ်ပတိုပိုင်ဆိုင်မှုတန်ဖိုးများကို ထိခိုက်စေပြီး ခရစ်ပတိုငွေကြေး လုပ်ငန်းတစ်ခုလုံးကို နက်ရှိုင်းစွာသက်ရောက်မှုရှိနိုင်ပါသည်။

ခရစ်ပတို ငွေကြေး၏ တန်ဖိုးအပေါ် သက်ရောက်စေသည့် အဓိကအချက်များ ရှိပါသည်။ အခြားခေတ်ရေစီးကြောင်းများကိုလည်း ဂရုပြုသင့်ပါသည်။

ခရစ်ပတို ငွေကြေးစျေးကွက်အတွင်းရှိ အဓိကလမ်းကြောင်းများ

အပြုသဘောဆောင်သော

အပျက်သဘောဆောင်သော

ခရစ်ပတို ETF အသစ်များ ပေါ်ပေါက်ရန် မျှော်လင့်ထားပါသည်။

ယူအက်စ်စတော့ရှယ်ယာ နှင့် ကြွေးမြီစျေးကွက်များတွင် မတည်ငြိမ်မှု။

Halving နောက်ဆက်တွဲ စျေးမြင့်တက်မှုစက်ဝန်းအတွက် မျှော်လင့်ချက်များ

Web3 အတွင်း အခိုးခံရသော ရံပုံငွေများနှင့် ဆုံးရှုံးမှုအရေအတွက် မြင့်မားလာခြင်း။

DeFi နယ်ပယ်နှင့် metaverse များ၏ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်မှု။

ခရစ်ပတို တွင် လိမ်လည်သူအရေအတွက်များနှင့် မသမာသော လုပ်ဆောင်မှုအသစ်များ တဟုန်ထိုးမြင့်တက်လာခြင်း။

NFT များကို အသစ်တဖန်ပြန်လည်စိတ်ဝင်စားလာခြင်း။

Messenger များနှင့် ဆိုရှယ်မီဒီယာများ နှင့်မူရင်းပေါင်းစပ်မှုမှဆင့် ခရစ်ပတို ငွေကြေးအပေါ် တခဲနက်လူကြိုက်များလာမှု

ခရစ်ပတို ငွေကြေးစျေးကွက်၏ ပိုမိုတင်းကြပ်သော စည်းမျဥ်းဥပဒေ။

LiteFinance: ပင်မ ခရစ်ပတို စျေးကွက်လမ်းကြောင်များ

ခရစ်ပတို ရင်းနှီးမြှုပ်နှံသူအသစ်များအတွက် အကြံပြုချက်များ

  • စျေးကွက်ဦးဆောင်နေသူများအပေါ် စိစစ်သုံးသပ်မှုတွင် အာရုံစိုက်ထားပါ။ အရင်းအနှီးအနည်းငယ်ဖြင့် “လကမ္ဘာအထိသို့” ထိုးထောင်တက်နိုင်သည့် ခရစ်ပတို ငွေကြေးမျိုးကို ရှာဖွေအကဲဖြတ်ရန် လွယ်ကူမည်မဟုတ်ပါ၊ ထို့ပြင် စွန့်စားမှုအန္တရာယ် မြင့်မားပါသည်။ ဤချဥ်းကပ်မှုနည်းလမ်းသည် အဆိုပါလုပ်ငန်းနယ်ပယ်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်လေ့လာရန် လိုအပ်ပါသည်။ ထို့ကြောင့် တက်သစ်စရင်းနှီးမြှုပ်နှံသူများအနေဖြင့် စျေးကွက်တန်ဖိုးအရ ထိပ်တန်း ၁၀ ခုစာရင်းမှ အထင်ကရ token အနည်းငယ်နှင့် ရေရှည်တွင် အမြတ်ကောင်းစွာရရှိနိုင်သည့် liquidity ပမာဏတို့ကို ဦးစွာပထမ အာရုံပြုထားသင့်ပါသည်။
  • Leverage (ချေးငွေအချိုး) ကိုအသုံးမပြုပါနှင့်။ ပထမစစချင်းတွင် margin ကုန်သွယ်မှုသည် စတင်လေ့လာသူများအတွက် ပုံဖော်ရေးဆွဲထားသည်ဟု ထင်မြင်ရနိုင်ပါသည်။ သို့သော် leverage မှာ ချေးငှားထာ‌သော ငွေကြေးနှင့် ပိုင်ဆိုင်မှုများဖြစ်ကြောင်း သတိချပ်ပါ။ အကယ်၍ leverage ကို မှန်ကန်စွာ အသုံးချပါက သင့်၏အမြတ်များကို တိုးမြှင့်ပေးနိုင်ပါသည်၊ သို့သော် စတင်လေ့လာသူများအတွက် အဆိုပါကိရိယာသည် ၎င်းတို့၏ အပ်နှံစရံငွေများကို ပိုမိုလျော့နည်းသွားစေနိုင်ပါသည်။
  • ရင်းနှီးမြှပ်နှံရန်အတွက် အကောင်းမွန်ဆုံး ခရစ်ပတို ငွေကြေးများ ရွေးချယ်ရာတွင် သင့်ကိုယ်ပိုင်စံနှုန်းများကို သတ်မှတ်သင့်ပါသည်။ သင့်၏ ခရစ်ပတို စွန့်စားမှုခံနိုင်ရည် နှင့် မျှော်မှန်းအမြတ်ပြန်လည်ရရှိမှုတို့ကို ထည့်သွင်းချိန်ဆကာ ရင်းနှီးမြှပ်နှံ‌ရေးဗျူဟာတစ်ခုအား ပြောင်းလဲဖန်တီးပါ။ သင်၏ ရင်းနှီးမြှုပ်နှံမှုကာလကို ဆုံးဖြတ်ပါ။ ရေတိုရင်းနှီးမြှပ်နှံမှုပန်းတိုင်များကို 2026 ခုနှစ်၌ သတ်မှတ်ပါသည်။ အလတ်အလတ်ကာလ မျှော်မှန်းချက်သည် ၂၀၂၅ နှစ်ကုန်အထိ ဖြစ်ပါသည်။ ရေရှည်ရင်းနှီးမြှုပ်နှံရေးကာလကို တစ်နှစ် (သို့) ထိုထက်ပိုသော ကာလအဖြစ် သတ်မှတ်ပြဌာန်းထားပါသည်။ သင်ကြိုတင်သတ်မှတ်ထားသည့် နည်းဗျူဟာနှင့်ကိုက်ညီသော ခရစ်ပတိုငွေကြေး ကိုရွေးချယ်ပါ။
  • ရင်းနှီးမြှုပ်နှံမှုမှတ်စုတစ်ခု ထားရှိပါ။ ၎င်းသည် သင့်အား အလျင်စလိုဆုံးဖြတ်ခြင်းမှ ဟန့်တားပေးပါလိမ့်မည်။ အဆိုပါမှတ်စုတွင် transaction အားလုံးနှင့် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များကို မှတ်သားထားသင့်ပါသည်။ သင်မည်သည့်ကွိုင်များကို စဥ်းစားတွေးတောနေကြောင်း အပါအဝင် အချိန်၊ လက်ရှိလုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာ၊ ဆုံးဖြတ်ချက်နောက်ကွယ်မှ အကြောင်းပြချက်၊ ထိုအခိုက်အတန့်ရှိ သင်၏ စိတ်ခံစားမှုအခြေအနေ စသည်တို့ကို သတ်မှတ်ပါ။ ဤအချက်များအားလုံးကို ထည့်သွင်းစဥ်းစားခြင်းဖြင့် သင့်ရင်းနှီးမြှုပ်နှံရေးလှုပ်ရှားမှုတွင် ပိုမိုသတိရှိလာ၍၊ အလျင်စလိုဆောင်ရွက်မှုနည်းပါးလာကာ စွန့်စားမှုလျော့နည်းလာမည်မှာ အသေအချာပင်ဖြစ်ပါသည်။ ထိုသို့ဖြင့် နောက်ဆုံးတွင် အမြတ်ရရှိနိုင်ချေ ပိုမိုများပြားလာပါသည်။
  • နည်းပညာဆိုင်ရာစာရွက်စာတမ်းများကို လေ့လာပါ။ ပရောဂျက်၏ နည်းပညာဆိုင်ရာမှတ်တမ်းမှတ်ရာ၊ အဖွဲ့၊ လမ်းပြမြေပုံ၊ တရားဝင်ဝက်စ်ဆိုဒ် နှင့် ဆိုရှယ်မီဒီယာတို့ကို လေ့လာရန် အချိန်ယူသင့်ပါသည်။ ထိုအရာအားလုံးသည် အရေးကြီးပါသည်။ အကယ်၍ သင်သည် ထိုပ‌ရောဂျက်၏ တမူထူးခြားသော လက္ခဏာရပ်များကို နားမလည်၍ team နှင့်ပတ်သက်သော အချက်အလက်များ ရှာဖွေမရပါက (သို့) အသေးစိတ်သတ်မှတ်ချက်များ မပါဝင်ဘဲ မှားယွင်းချက်များဖြင့် စာရွက်စာတမ်းများကို ဂရုမစိုက်စွာ ရေးသားထားပါက ရင်းနှီးမြှုပ်နှံခြင်းမှ ရှောင်းရှားရန်မှာ ပို၍သင့်တော်ပါသည်။
  • အတွေ့အကြုံရှိသော ရင်းနှီးမြှုပ်နှံသူတစ်ဦး (သို့) ထိုသို့သောလူအုပ်စုအဖွဲ့ကို ရှာဖွေပါ။ အဖွဲ့တစ်ခုတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အသေးစိတ်အချက်အလက်များကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်ရန် ပံ့ပိုးပေးပါလိမ့်မည်။ ဘဏ္ဍာရေးဆိုင်ရာအကျိုးဆက်များ မခံစားရဘဲ အခြားသူများ၏ အတွေ့အကြုံများနှင့် စတင်လေ့လာသူများအတွက် ခရစ်ပတို အကြံပြုချက်များမှတဆင့် လေ့လာရန် ဆန်းပြားသောအခွင့်အ‌ရေးတစ်ခု ရှိပါသည်။ သင်ကြားလမ်းညွှန်ပေးခြင်း နှင့် အသိပေးမှုမရှိသော copy trading (ပုံတူကူးကုန်သွယ်ခြင်း) တို့အကြား ခွဲခြားသိမြင်ရန် လွန်စွာအရေးကြီးပါသည်။ ဒုတိယအခြေအနေတွင် သင်ယူလေ့လာရမှု နည်းပါးပြီး အခြားသူများ၏ အမှားများကို ထပ်ဆင့်ပွားခြင်းဖြစ်သည့်အတွက် စွန့်စားမှုအန္တရာယ် ရှိပါသည်။
  • ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပေါ်စေနိုင်သည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုထဲသို့ ရံပုံငွေများ ခွဲဝေထည့်သွင်းရန် အကြံမပြုလိုပါ။ ဤအချက်သည် လွန်စွာရိုးရှင်းသော အကြံပြုချက်တစ်ရပ်ဟု ထင်မှတ်ရသော်လည်း ပဓာနကျသောအရေးပါမှုတစ်ခု ဖြစ်ပါသည်။ ခရစ်ပတိုငွေကြေး သည် စွန့်စားမှုအများဆုံး ငွေကြေးဆိုင်ရာ ရင်းနှီးမြှုပ်နှံရေးပိုင်ဆိုင်မှုကို ကိုယ်စားပြုပါသည်။ ထိုအကြံပေးမှုကို လိုက်နာခြင်းဖြင့် သင့်၏ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှု၊ လုပ်ဆောင်ချက်ခြေလှမ်းမှားများကို ထိန်းသိမ်းရန် နှင့် စိန်ခေါ်မှုရှိသော ဘဝအကြောင်းအရာများကို ကိုင်တွယ်ဖြေရှင်းရန် ပိုမိုလွယ်ကူစေပါလိမ့်မည်။

LiteFinance: ခရစ်ပတို ရင်းနှီးမြှုပ်နှံသူအသစ်များအတွက် အကြံပြုချက်များ

ရေရှည်ရင်းနှီးမြှုပ်နှံသူများအတွက် အကောင်းမွန်ဆုံး ခရစ်ပတို ငွေကြေးများ

၁။ Bitcoin (BTC) သည်စျေးကွက်တန်ဖိုးအရ ကမ္ဘာ့အကြီးဆုံး ခရစ်ပတို ငွေကြေးတစ်ခုဖြစ်ပြီး စျေးကွက်တွင် ပထမဦးဆုံးနှင့် ထင်ပေါ်ကျော်ကြားမှုအရှိဆုံး ဖြစ်ပါသည်။ ၎င်း၏ လှုပ်ရှားမှုများသည် ခရစ်ပတို လုပ်ငန်းနယ်ပယ်တစ်ခုလုံး၏ ခံယူချက်သဘောထားကို ဆက်လက်သတ်မှတ်ပေးပါသည်။ ပိုမိုအဆင့်မြင့်ပြီး ပိုမိုစျေးသက်သာကာ စွမ်းဆောင်ရည်ပို၍ကောင်းသော ပြိုင်ဖက်များရှိသော်လည်း Bitcoin သည် ရေရှည်တွင် ၎င်း၏ဦးဆောင်မှုကို ထိန်းသိမ်းထားပါသည်။

၂။ Etherium (ETH) သည် စျေးကွက်တန်ကြေးအရ ဒုတိယမြောက် ခရစ်ပတို ငွေကြေးဖြစ်ပါသည်။ Ether သည် ဗဟိုချုပ်ကိုင်မှုမရှိသော စံပြပလက်ဖောင်းတစ်ခု နှင့် ဘီလီယံပေါင်းများစွာတန်ဖိုးရှိသော DeFi ပရောဂျက်များအတွက် ပင်မအခြေခံဖွဲ့စည်းမှုတစ်ခု ဖြစ်လာခဲ့ပါသည်။ ဖြစ်နိုင်သည်မှာ Ether သည် ၎င်းထက် ပိုမိုကြီးမားသော ညီအကို BTC အောက်တွင် ထာဝရ ရှိနေမည်ဖြစ်သော်လည်း ၎င်းသည် ရပ်တည်ချက်နေရာကို ခိုင်မာစွာ ရယူထားကာ လက်လွှတ်အရှုံးပေးမည် မဟုတ်ပါ။ Ethereum ဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်သည့် အဓိကဖြစ်ရပ်များအနက်တစ်ခုမှာ PoS သဘောတူညီမှုများအဖြစ်သို့ အသွင်ကူးပြောင်းခြင်း ဖြစ်ပြီး ၎င်း၏ အကျိုးကျေးဇူးဖြင့် tokenomics ပရောဂျက်တစ်ခုလုံးသည် ငွေကြေးဖောင်းပွမှု လျော့နည်းလာခဲ့ပါသည်။ ETH ဝယ်လိုအားသည် ဆက်လက်တိုးမြှင့်နေသော်လည်း ထုတ်လုပ်မှုပမာဏမှာ လျော့ကျနေပါသည်။ ဤသည်မှာ ၎င်း၏စျေးနှုန်းအတွက် ရေရှည်ကာလတွင် ခရစ်ပတို စျေးနှုန်းမြင့်တက်မှုလမ်းကြောင်းကို ပြသရန် စံနမူနာထားအပ်သော အ‌ခြေအနေများ ဖြစ်ပါသည်။

၃။ Solana (SOL) သည် စျေကွက်တန်းကြေးအရ ထိပ်တန်းငါးနေရာတွင် အဆင့်အမြင့်ဆုံးကွိုင်တစ်ခု ဖြစ်ပါသည်။ ၎င်း၏ blockchain သည် ဝန်ဆောင်ခနည်းပါးမှု၊ မြန်ဆန်သော ecosystem ဖွံ့ဖြိုးမှု နှင့် အထူးသဖြင့် NFT နှင့် meme ကွိုင်များအကြား သုံးစွဲသူအခြေခံများပြားခြင်းတို့ဖြင့် စွမ်းဆောင်ရည် လွန်စွာချဲ့ထွင်နိုင်ပါသည်။ ထိုသည်မှာ token အတွက် ပုံမှန်ဝယ်လိုအား ရရှိစေ၍ တနည်းအားဖြင့် တဖြည်းဖြည်း တန်ဖိုးတက်လာစေပါသည်။

၄။ Binance ကွိုင် (BNB) ။ ထိပ်တန်း ခရစ်ပတို ငွေကြေးလဲလှယ်ရေးတစ်ခု ဖြစ်သည့် Binance သည် စျေးကွက်ဦးဆောင်သူတစ်ဦးအဖြစ် ၎င်း၏နေရာကို ကာလရှည်ကြာထိန်းသိမ်းထားပါသည်။ အဆိုပါကုမ္ပဏီသည် ecosystem ဖွံ့ဖြိုးတိုးတက်ရေးတွင် စဥ်ဆက်မပြတ်ရင်းနှီးမြှုပ်နှံမှုများ စီမံဆောင်ရွက်နေပြီး စတင်လုပ်ကိုင်သော လုပ်ငန်းအသစ်များကို အထောက်အပံ့ပေးအပ်ပါသည်။ ထို့ပြင် ၎င်းသည် token များဖျက်သိမ်းခြင်းအတွက် ငွေကြေးဖောင်းပွမှုလျော့ချရေး မော်ဒယ်ပုံစံတစ်ခုကို အသုံးပြုပါသည်။ လက်ရှိထွက်ပေါ်နေသော အဆိုးမြင်သတင်းများ နှင့် စျေးကွက်ကျဆင်းမှုအနေအထားတို့ ရှိသော်လည်း ဤအချက်အများကြောင့် token ဝယ်လိုအားကို စုပေါင်းပံ့ပိုးမှုဖြစ်စေပြီး ၎င်း၏ စျေးနှုန်းကို ထိန်းသိမ်းထားနိုင်စေပါသည်။ အဆင့်မြှင့်တင်ထားသော DeFi အခြေခံဖွဲ့စည်းပုံကြောင့် BNB ကို Binance အိတ်ချိန်း နှင့် dApps ပေါင်းများစွာပေါ်တွင် မိမိပိုင် ခရစ်ပတို များ သိမ်းဆည်းထားနိုင်ပြီး အပိုဝင်ငွေ ရရှိစေပါသည်။

၅။ TONcoin (TON) သည် အထက်ဖော်ပြပါ ပိုင်ဆိုင်မှုများအားလုံးအနက် အလျင်မြန်ဆုံးကြီးထွားမှုကို ပြသခဲ့ပြီး ၎င်း၏ ပိုင်ရှင်များသည် လွန်ခဲ့သောခြောက်လအတွင်း ကြွယ်ဝချမ်းသာမှု သုံးဆကျော် တိုးပွားမှုကို ကြုံကြိုက်ခဲ့ရပါသည်။ TON သည် ထိပ်တန်း ခရစ်ပတို ငွေကြေးများအနက် ထင်မှတ်မထားသော အောင်နိုင်သူတစ်ဦးအဖြစ် ဆက်လက်တည်ရှိပြီး စွန့်စားမှုအများဆုံး ရင်းနှီးမြှုပ်နှံမှုများအနက် တစ်ခုအပါအဝင် ဖြစ်ပါသည်။

နိဂုံးချုပ်

ခရစ်ပတိုငွေကြေး နယ်ပယ်ကို မြန်ဆန်၍လက်ရှိဖြစ်ပေါ်နေသော ပြောင်းလဲတိုးတက်မှုဖြစ်စဥ်အဖြစ် သတ်မှတ်ဖော်ပြပါသည်။ လူသိတွင်ကျယ်၍အတည်တကျဖြစ်နေပြီးသော ပရောဂျက်များသည် နည်းပညာပိုင်းအရ ပိုမိုအဆင့်မြင့်သည့် ထွန်းသစ်စ blockchain များနှင့် ယှဥ်ပြိုင်ရမှုများ ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ထိုသည်မှာ ရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်ကောင်းမွန်စွာ ရရှိရန် အခွင့်အလမ်းတစ်ရပ်ကို ပြသပြီး ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းစဥ်ကို အမျိုးမျိုးခွဲဖြာနိုင်စေပါသည်၊ သို့သော် ၎င်းတွင် ရှောင်လွှဲမရသော စွန့်စားမှုတစ်ရပ် ရှိပါသည်။ 

ပုံမှန်ပြောင်းလဲလည်ပတ်နေသော စျေးကွက်သဘောသဘာဝအရ မည်သည့် ခရစ်ပတို ငွေကြေးများတွင် ရင်းနှီးမြှပ်နှံရန် နှင့် မည်သည်တို့ကို ရှောင်ရှားရန် တိကျသောလမ်းညွှန်မှုကို မည်သည့်ကျွမ်းကျင်ပညာရှင် တစ်ဦးတစ်ယောက်မျှ ပြောကြားနိုင်မည် မဟုတ်ပါ။ ပြန်လည်သုံးသပ်ထားသော ထိပ်တန်း ခရစ်ပတို ရွေးချယ်မှုများကို 2026 ခုနှစ်၌ သိသိသာသာ တိုးမြင့်မှုအလားအလာ ပြသရန် မျှော်လင့်ထားပါသည်။ သို့သော်လည်း ရင်းနှီးမြှုပ်နှံမှုများ လုပ်‌ဆောင်ရာတွင် စျေးကွက်လမ်းကြောင်းများ ၊ လုပ်ငန်းပိုင်းဆိုင်ရာ သတင်းများ နှင့် သီးခြား ခရစ်ပတိုငွေကြေး ပရောဂျက်များကို စောင့်ကြည့်လေ့လာရန် အရေးကြီးပါသည်။ ရေရှည်အောင်မြင်မှု ဆွတ်ခူးရယူနိုင်ရေးအတွက် လုပ်ငန်း၊ စျေးကွက် နှင့် ပရောဂျက်များအကြောင်း နှံ့နှံ့စပ်စပ်နားလည်ခြင်းနှင့်တကွ ကြိုးစားအားထုတ်မှုနှင့် စည်းကမ်းရှိမှုတို့ကို ပေါင်းစပ်လုပ်‌ဆောင်ရန် အရေးကြီးပါသည်။ အသေးစိတ်အချက်အလမ်များကို အာရုံစိုက်ထားရန်လည်း လွန်စွာအရေးပါသည်။ 

2026 ၌ ထိပ်တန်း ခရစ်ပတိုများအား ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ အမေးအဖြေများ

ဤကိစ္စတွင် တိကျသောခန့်မှန်းချက်တစ်ခု လုပ်ဆောင်ရန် ခက်ခဲပါသည်။ သို့သော် ၎င်းမှာ Solana ဖြစ်လာနိုင်ချေ ရှိပါသည်။ ထို ခရစ်ပတို ငွေကြေးသည် လျင်မြန်စွာတိုးပွားမှုလမ်းကြောင်းတစ်ရပ်ကို ဖော်ပြထားပြီး ထိုသည်မှာ ၎င်း၏ ဂုဏ်သတင်းအတွက် အထောက်အကူဖြစ်စေပါသည်။ အဆိုပါကွိုင်သည် ခရစ်ပတို winter နှင့် FTX ပြိုလဲမှုမှ ဖြစ်ပေါ်ခဲ့သည့် စိန်ခေါ်မှုများကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းခဲ့ကြပါသည်။ SOL ကို အလားအလာကောင်းသော ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် စဥ်းစားနိုင်ကြသော်လည်း အနာဂတ်တိုးမြင့်မှုအတွက် အာမခံချက်မရှိပါ။

အကယ်၍ ယုံကြည်စိတ်ချရမှုသည် သင့်၏အဓိကရင်းနှီးမြှုပ်နှံမှု စံသတ်မှတ်ချက် ဖြစ်ပါက စျေးကွက်သတ်တမ်းရှည်ကြာကာ ကုန်သွယ်ရေးပမာဏမြင့်မားပြီး စျေးကွက်တန်ကြေးများသော ကွိုင်များမှာ သင့်အတွက် အကောင်းမွန်ဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါသည်။ ထိုသို့သောကွိုင်ဥပမာများတွင် Bitcoin၊ Ethereum နှင့် Solana တို့ပါဝင်ကြသည်။ သင်သည် 2026 ခုနှစ်အတွင်း ဖြစ်နိုင်ဖွယ်စွန့်စားမှုများ ရှိသော်လည်း အလားအလာအကောင်းဆုံး ခရစ်ပတို ငွေကြေးများကို ရှာဖွေနေပါက တတိယအဆင့်ရှိပိုင်ဆိုင်မှုများနှင့် အဓိကအိတ်ချိန်းများပေါ်သို့မရောက်ရှိသေးသော ငွေကြေးများသည် မျှော်လင့်ချက်ရှိသော ဝင်ငွေများအဖြစ် ထင်ရှားနေပါသည်။

Bitcoin သည် အမြင့်မားဆုံးကုန်သွယ်ရေးပမာဏနှင့် စျေးကွက်တန်ဖိုးရှိသော လူကြိုက်အများဆုံး ခရစ်ပတို ငွေကြေးအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါသည်။

ခရစ်ပတို ပိုင်ဆိုင်မှုများထဲသို့ ပထမဦးဆုံးရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ရန် စီစဥ်နေသူများကို မြင့်မားသော စျေးကွက်တန်ကြေးရှိ၍ ခရစ်ပတို စျေးကွက်များတွင် အချိန်ကြာမြင့်စွာ တည်ရှိနေသော ခရစ်ပတို ငွေကြေးတစ်ခုအား ထည့်သွင်းစဥ်းစားရန် အကြံပြုပါသည်။ အခြေခိုင်သော ခရစ်ပတို ငွေကြေးစျေးကွက်များတွင် မကြာခဏ ဖောင်းပွမှုဖြစ်လေ့ရှိပါက ၎င်းသည် စျေးနှုန်းလျင်မြန်စွာ တိုးပွားနိုင်ချေကို လျော့ကျစေပါသည်။ သို့သော် ထိုသို့သော ခရစ်ပတို ငွေကြေးများသည် ပို၍တည်ငြိမ်ပါသည်။

စည်းမျဥ်းတစ်ခုအနေဖြင့် စျေးမကြီးသော်လည်း အလားအလာကောင်းသော ခရစ်ပတို ပိုင်ဆိုင်မှုသည် blockchain တည်ဆောက်မှုတွင် ဆန်းသစ်သည့်ချဥ်းကပ်မှုနည်းလမ်းတစ်ခုရှိခြင်း (သို့) နာမည်ကြီး ခရစ်ပတို အိတ်ချိန်း (သို့) အခြားဝန်ဆောင်မှုများထဲသို့ ပေါင်းစပ်ထည့်သွင်းခြင်းပုံစံဖြင့် ပံ့ပိုးပေးမှု ရှိပါသည်၊ ထိုသည်မှာ ၎င်းကို အစောပိုင်းရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုရှိသော ကမ်းလှမ်းချက်တစ်ခု ဖြစ်လာစေပါသည်။ TON ကို ပိုင်ဆိုင်မှုတစ်ခုကဲ့သို့ ခွဲခြားသတ်မှတ်နိုင်ပါသည်။ Telegram Messenger တွင် လက်ရှိအသုံးပြုနေသာ wallet ပေါင်း 10 မီလီယံဝန်းကျင်မျှသာရှိ၍ သုံးစွဲသူအခြေခံ တစ်ဘီလီယံကျော် ရှိပါသည်။ အကယ်၍ Telegram Messenger သုံးစွဲသူများ၏ အနည်းဆုံး 10% သည် TON ခရစ်ပတို wallet များကို ဖန်တီးသည်ဟု ယူဆပါက ၎င်းသည် အဆိုပါ token ၏တန်ဖိုး သိသိသာသာတိုးလာမှုကို ဖြစ်စေနိုင်ပါသည်။

အလားအလာကောင်းသော ခရစ်ပတို ငွေကြေးများတွင် ရင်းနှီးမြှုပ်နှံမှု၏ အကျိုးအမြတ်သည် အစိုးရမှသတ်မှတ်ထားသော တရားဝင်ငွေကြေး၊ စတော့ရှယ်ယာများနှင့် အခြားသာမန်ရိုးကျပိုင်ဆိုင်မှုများထက် သိသာပေါ်လွင်စွာ ပို၍မြင့်မားပါသည်။ သို့သော် အကျိုးအမြတ်မြင့်မားခြင်းနှင့်အတူ နောက်ဆက်တွဲစွန့်စားမှုများ ပါဝင်လာပါသည်။ ထို့ကြောင့် ခရစ်ပတို ငွေကြေးတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ဆုံးဖြတ်ချက်သည် စွန့်စားမှုဒဏ်ခံနိုင်ရည်အပေါ် အခြေခံသင့်ပါသည်။

နောင်လာမည့် ၇ ရက်၊ ၁လ နှင့် သုံးလအတွင်း Bitcoin နှင့် နှိုင်းယှဥ်ကာ top 10 ထဲရှိ အကောင်းဆုံးစွမ်းဆောင်နိုင်သော ခရစ်ပတို ငွေကြေးကို ရှာဖွေဖော်ထုတ်ပါ။ ထို ခရစ်ပတို သည် မျှော်လင့်ချက်ရှိသော ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတစ်ရပ် ဖြစ်ပါသည်။

စျေးကွက်တန်ဖိုး $1 ဘီလီယံအောက်ရှိပြီး အဓိကအိတ်ချိန်းများပေါ်တွင် စာရင်းမသွင်းရသေးသည့် Binance (သို့) ByBit တို့ကဲ့သို့သော ခရစ်ပတို ငွေကြေးများအပေါ် အာရုံစိုက်ပါ။

စျေးကွက်တန်ဖိုးအရ ထိပ်တန်း ခရစ်ပတို ငွေကြေးငါးခုအား စဥ်းစားသည့်အခါ Ethereum သည် လုပ်ငန်းနယ်ပယ်အတွင်း သြဇာလွှမ်းမိုးမှုရှိသော ကစားသမားတစ်ဦးအဖြစ် ဆက်လက်တည်ရှိပါသည်။ ၎င်းသည် အထင်ရှားဆုံးနှင့် တန်ဖိုးရှိသော altcoin များအနက် တစ်ခုအဖြစ် ရပ်တည်ပါသည်။ Ethereum 2.0 သည် အရေးပါသော အပ်ဒိတ်များကို မကြာသေးမီက လုပ်ဆောင်ခဲ့ပြီး blockchain နည်းပညာတွင် ယခင်တွေ့ရှိခဲ့သည့် ချို့ယွင်းချက်များစွာကို ကိုင်တွယ်ဖြေရှင်းခဲ့ပါသည်။

ခရစ်ပတို ငွေကြေးတစ်ခုကို ရွေးချယ်ရာတွင် နောက်ဆုံးပေါ်ခေတ်ရေစီးကြောင်းများအား ထည့်သွင်းစဥ်းစားရန် အကြံပြုပါသည်။ ရင်းနှီးမြှပ်နှံသူများသည် လက်ရှိအခါတွင် အေအိုင်အဖြေရှာဖွေမှုများ၊ DeFi၊ DePin နှင့် အခြေခံဖွဲ့စည်းတည်ဆောက်ပုံ ပရောဂျက်များအပေါ် အာရုံစိုက်နေကြပါသည်။

ယခုအခါ၌ Ethereum သည် နောက်ထပ် Bitcoin တစ်ခု ဖြစ်လာရန် ပိုမိုခိုင်မာသောနေရာတွင် ရှိနေပါသည်။ အဆိုပါကွိုင်သည် လူကြိုက်များမှုအရ ဒုတိယအဆင့်တွင် တသမတ်တည်း ရပ်တည်နေပြီး ခရစ်ပတို ငွေကြေးစျေးကွက်တွင် ၎င်းအား altcoin များအကြား တရားဝင်မဟုတ်သော်လည်း Bitcoin အဖြစ် မှတ်ယူထားကြသည်မှာ ကြာမြင့်နေပြီ ဖြစ်ပါသည်။

ဝယ်ယူရန် အကောင်းဆုံး ခရစ်ပတို: 2026 အတွင်း ခရစ်ပတို ငွေကြေးတွင် ရင်းနှီးမြှုပ်နှံရန် သင့်အတွက် လမ်းညွှန်းချက်

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat