‌ရွှေသည် ရင်းနှီးမြှုပ်နှံသူများအကြား လူကြိုက်များရေပန်းစားပြီး စီးပွားရေးမတည်ငြိမ်နေစဥ်အတွင်း အရင်းအနှီးကို ထိန်းသိမ်းထားရန် ကူညီပေးသော ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှု “ လုံခြုံစိတ်ချရသည့် ပစ္စည်း” တစ်ခု အဖြစ် အသုံးပြုလေ့ရှိပါသည်။ ဤရင်းနှီးမြှုပ်နှံ‌ရေး ပိုင်ဆိုင်မှု၏ စျေးနှုန်းအား ခန့်မှန်းရာတွင် စီးပွားရေး၊ နိုင်ငံရေး နှင့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများအပြင် စျေးကွက်လမ်းကြောင်းများနှင့် အထွေထွေ စီးပွားရေးအခြေအနေများ၏ ပြည့်စုံကျယ်ပြန့်သော စိစစ်သုံးသပ်ချက်တစ်ရပ်ကို လိုအပ်ပါသည်။

ဤဆောင်းပါးတွင် ကျွန်ုပ်တို့သည် XAU/USD ၏ စျေးနှုန်းသမိုင်းမှတ်တမ်း အပါအဝင် ၂၀၂၅၊ ၂၀၂၆၊ ၂၀၂၇ နှင့် နောင်လာမည့်နှစ်များအတွင်း ရွှေစျေးနှုန်းအတွက် အနာဂတ်အလားအလာများ တိုးတက်စေရန် ကျွမ်းကျင်သော သုံးသပ်သူများထံမှ အတွေးအမြင်များကို စူးစမ်းလေ့လာပါမည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


ပင်မကောက်နှုတ်ချက်များ

  • ၀၁.၀၅.၂၀၂၆ အရ လက်ရှိရွှေစျေးနှုန်းမှာ $4 610.81 ဖြစ်ပါသည်။
  • အမြင့်ဆုံးစျေးနှုန်းမှာ $5595.42 ဖြင့် ၂၉.၀၁.၂၀၂၆ တွင် ရောက်ရှိခဲ့ပါသည်။ စံချိန်တင်အနိမ့်ဆုံးတန်ဖိုးမှာ ၂၅.၀၈.၁၉၉၉ တွင် $252.55 ဖြင့် ဆိုက်ရောက်ခဲ့ပါသည်။
  • 2025 နှစ်ကုန်ချိန်တွင် ရွှေဈေးနှုန်းသည် $3,560.59–$3,925.39 သို့ မြင့်တက်လိမ့်မည်ဟု ခွဲခြမ်းစိတ်ဖြာသူအများစုမှ ကြိုတင်ခန့်မှန်းကြပါသည်။ အကောင်းမြင်မှုအရှိဆုံး ခန့်မှန်းချက်များသည် $3,956.22 အထိ ဈေးနှုန်းမြင့်တက်လာရန် အကြံပြုကြသည်။ ပိုမိုသတိရှိသော ခန့်မှန်းချက်များအရ၊ ဤဘေးကင်း‌သောပိုင်ဆိုင်မှု၏‌ဈေးနှုန်းသည် နှစ်ကုန်ချိန်တွင် $3,315.00 သို့ ရောက်ရှိနိုင်ပါသည်။
  • ကျွမ်းကျင်သူအများစု၏ အဆိုအရ၊ 2026 ခုနှစ်အတွင်း ရွှေဈေးနှုန်းများသည် $3,904.54–$5,155.30 အတွင်း ရွေ့လျားပြောင်းလဲနိုင်ပါသည်။ ပိုင်ဆိုင်မှုသည် $3,398.14–$3,695.53 အပိုင်းအခြားထက် ကျော်လွန်လိမ့်မည်မဟုတ်ဟု အချို့သော ခွဲခြမ်းစိတ်ဖြာသူများမှ ယုံကြည်ကြပါသည်။
  • 2027–2030 ကာလအတွက် ခွဲခြမ်းစိတ်ဖြာမှုအေဂျင်စီများသည် တိုးတက်မှုအလားအလာတရပ်ကို တစိတ်တဝမ်းတည်း သဘောတူညီကြပါသည်။
  • 2040–2050 အတွင်း XAUUSD နှုန်းထားနှင့်စပ်လျဉ်းသော ယူဆချက်များမှာ ရှည်လျားသောကာလတခုကို ကြိုတင်ခန့်မှန်းရခြင်းဖြစ်သည့်အတွက် သဘာဝအရပင် မသေချာမရေရာမှုများ ရှိနေပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ အဖိုးတန်သတ္တု၏ဈေးနှုန်းသည် $8,999.00–$10,000.00 အထိ တိုးတက်လာမည်ဟု ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များမှ ယုံကြည်ကြပါသည်။

ရွှေ၏ အချိန်နှင့်တပြေးညီ စျေးကွက်အနေအထား

၀၁.၀၅.၂၀၂၆ အရ လက်ရှိရွှေစျေးနှုန်းမှာ $4 610.81 ဖြစ်ပါသည်။

ထိုအဖိုးတန်သတ္တု၏ လက်ရှိအနေအထားအပေါ် အကဲဖြတ်ရန်အတွက် ကျွန်ုပ်တို့သည် အောက်ပါတိုင်းတာမှုများကို စောင့်ကြည့်လေ့လာရပါမည်။

  • တစ်နှစ်ထက် တစ်နှစ် ငွေကြေးဖောင်းပွနှုန်း (ယူအက်စ်) သည် စားသုံးသူစျေးနှုန်း အညွှန်းကိန်း(CPI)အပေါ်တွင် အခြေခံ၍ ဆုံးဖြတ်ပါသည်၊ (CPI) သည် ကုန်စည်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းအပြောင်းအလဲများကို တိုင်းတာပေးပါသည်။
  • အတိုးနှုန်း (ယူအက်စ်)။ ငွေကြေးချေးယူမှု၏ ကုန်ကျစရိတ်ကို ချေးယူသော ပမာဏ၏ ရာခိုင်နှုန်းအဖြစ် ဖော်ပြပါသည်။ ၎င်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် စားသုံးသူ၏ အသုံးစရိတ်ကို သက်ရောက်မှုရှိပါသည်။
  • ၅၂ ပတ်အတွင်း စျေးနှုန်းအပိုင်းအခြား။ လွန်ခဲ့သောနှစ်အတွင်းရှိ ပိုင်ဆိုင်မှု၏ အမြင့်ဆုံးနှင့် အနိမ့်ဆုံးစျေးနှုန်းများ ။
  • နေ့စဥ်ကုန်သွယ်ရေးပမာဏ။ တစ်နေ့တာအတွင်း သီးသန့်ပိုင်ဆိုင်မှုတစ်ခုတွင်ရှိသော ကုန်သွယ်ရေးလုပ်ဆောင်ချက်အားလုံးကို ခြေရာခံပေးသည့် စျေးကွက်တိုင်းတာရေးစနစ်။
  • နှစ်အလိုက်စျေးနှုန်းပြောင်းလဲမှု။ လွန်ခဲ့သောနှစ်အတွင်း ပိုင်ဆိုင်မှု၏ စျေးနှုန်းအပြောင်းအလဲ။
  • အကြောက်တရားနှင့် လောဘစိတ်ဆိုင်ရာ အညွှန်းကိန်း။ စျေးကွက်အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံသူ၏ စိတ်သဘောထားနှင့် မျှော်လင့်ချက်များကို ထင်ဟပ်မြင်သာစေသော အချိန်နှင့်တပြေးညီ ညွှန်ပြချက်တစ်ခု။

စံအတိုင်းအတာ

တန်ဖိုး

တနှစ်ထက်တနှစ်ငွေကြေးဖောင်းပွမှုနှုန်း (U.S.)

2.3%

အတိုးနှုန်း (U.S.)

4.5%

၅၂ ပတ်တာပြောင်းလဲမှု

$2,292.90–$3,509.90

တနေ့တာကုန်သွယ်မှုပမာဏ

$238.90 မီလီယံ

တနှစ်တာအပြောင်းအလဲ

31.84%

ကြောက်စိတ်နှင့် လောဘ ညွှန်းကိန်း

အရောင်း

နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ်အခြေခံ၍ 2025 ခုနှစ်အတွက် ရွှေဈေးနှုန်းခန့်မှန်းချက်

2025 ခုနှစ်အတွင်း XAUUSD ၏ လမ်းကြောင်းများကို သုံးသပ်ဆုံးဖြတ်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုတရပ်ကို ဆောင်ရွက်ကြပါစို့။ ဇယားပေါ်တွင်တွေ့မြင်ရသည့်အတိုင်း နှုန်းထားများသည် ကာလရှည်အတက်လမ်းကြောင်းတခုအတွင်း $3,176.53 အနီး၌ ကူးသန်းရွေ့လျားနေကြပါသည်။

LiteFinance: နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ်အခြေခံ၍ 2025 ခုနှစ်အတွက် ရွှေဈေးနှုန်းခန့်မှန်းချက်

Candlestick patterns များနှင့် နည်းပညာဆိုင်ရာညွှန်ပြကိရိယာများသည် အရောင်းအချက်ပြမှုများကို ထုတ်ပေးကြသည် -

  • အရေးပါသည့် resistance level ဧရိယာဖြစ်သော $3,503.19 အတွင်း Shooting Star နှင့် Bearish Engulfing candlestick patterns များ ထွက်ပေါ်ခဲ့သည်။ ဤ patterns များအရ၊ ပိုင်ဆိုင်မှုသည် အမြင့်ဆုံးဈေးနှုန်းဧရိယာသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်ဟု ယူဆရပြီး၊ ၎င်းတို့သည် အောက်ဘက်သို့ အလှည့်အပြေင်းတခု မကြာမီဖြစ်ပေါ်တော့မည်ဖြစ်ကြောင်း အချက်ပြပါသည်။
  • MACD တန်ဖိုးများသည် အချက်ပြမျဉ်းအနီးတွင် အတက်၊အကျ ဖြစ်ပေါ်လျှက်ရှိကာ၊ အထက်မှအောက်သို့ ဖြတ်ကျော်ရန် အရှိန်ယူနေပါသည်။ အကယ်၍ histogram သည် အနှုတ်ဇုန်အတွင်း ကျဆင်းခဲ့ပါက၊ ၎င်းသည် နောက်ထပ် အရောင်းအချက်ပြမှုတခုကို ထုတ်ပေးခြင်းဖြစ်သည်။
  • Stochastic indicator သည် အထက်နယ်နိမိတ်အနီးတွင် အနောက်သို့ပြန်လှည့်လာပြီး၊ တဖြည်းဖြည်းကျဆင်းလာပါသည်။ ၎င်းသည် တိုးတက်မှုအရှိန်လျော့နည်းလာခြင်းကို ညွှန်ပြပါသည်။
  • MFI သည် အဖိုးတန်သတ္တုအတွက် တိုးတက်လာသော ဝယ်လိုအားနှင့် liquidity တို့ကို ပြသပါသည်။ သို့သော်၊ တန်ဖိုးများသည် အထက်နယ်နိမိတ်မှ စတင်ကျဆင်းလာခဲ့ပြီး၊ ဝယ်လိုအားကျဆင်းခြင်းကို ပြသနေကြပါသည်။
  • MA50 နှင့် MA200 တို့သည် ဈေးကွက်နှုန်းထား၏အောက် $2.729.49 နှင့် $2,113.74 တို့တွင် တည်ရှိနေကြပြီး၊ ပြောင်းလဲနေသော support levels များအဖြစ် ဆောင်ရွက်ကြပါသည်။

အောက်ပါတို့သည် လာမည့် ၁၂ လအတွင်း XAU/USD အတွက် မျှော်မှန်းထားသော တန်ဖိုးများဖြစ်ပါသည်။

အနည်းဆုံး၊ $

အများဆုံး၊ $

‌မေ 2025

2,987.27

3,435.03

ဇွန် 2025

2,878.36

3,055.33

ဇူလိုင် 2025

2,701.40

2,932.82

ဩဂုတ် 2025

2,674.17

3,096.17

စက်တင်ဘာ 2025

3,028.10

3,395.65

အောက်တိုဘာ 2025

3,313.97

3,776.81

နိုဝင်ဘာ 2025

3,586.23

3,885.71

ဒီဇင်ဘာ 2025

3,354.81

3,654.39

ဇန်နဝါရီ 2026

3,055.33

3,422.87

ဖေဖော်ဝါရီ 2026

3,000.87

3,477.33

မတ် 2026

3,395.65

3,640.68

ဧပြီ 2026

3,586.23

3,981.00

2025 ခုနှစ်အတွင်း XAU/USD အတွက် ကာလရှည်ကုန်သွယ်ရေးအစီအစဉ်

လာမည့် ၂ လမှ ၃ လအတွင်း၊ XAUUSD သည် အရေးပါသည့် support level ဖြစ်သော $2,961.21 သို့ ယာယီကျဆင်းမှုတရပ်ဖြင့် ကြုံတွေ့ရနိုင်ပါသည်။ ခွဲခြမ်းစိတ်ဖြာမှုမှတဆင့် ကျွန်ုပ်တို့သည် အောက်ပါကုန်သွယ်မှုဗျူဟာတွင် ထည့်သွင်းအသုံးချရန်အတွက် အရေးပါသည့် support နှင့် resistance levels များကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါသည်။

တနှစ်တာအတွက် ကုန်သွယ်ရေးအစီအစဉ်

  • Shooting Star နှင့် Bearish Engulfing candlestick reversal patterns များသည် အရေးပါသည့် resistance level ဖြစ်သော $3,503.19 အနီးတွင် ပေါ်ပေါ်လာခဲ့ကြသည်။ ၎င်းတို့သည် လမ်းကြောင်းဦးတည်ရာအလှည့်အပြောင်း သို့မဟုတ် ယာယီကျဆင်းမှုတခုကို အချက်ပြပါသည်။
  • Stochastic နှင့် MACD indicators များသည် အောက်ဘက်သို့ ကျဆင်းနေကြပြီး၊ နှေးကွေးအားလျော့လာသော အတက်လမ်းကြောင်းတခုကို ညွှန်ပြကြပါသည်။
  • MFI တန်ဖိုးများသည်လည်း ကျဆင်းနေလျှက်ရှိပြီး၊ အဖိုးတန်သတ္တုအတွက် ဝယ်လိုအားကျဆင်းခြင်းနှင့်အတူ ကုန်သည်များအား သတိရှိကြရန် နှိုးဆော်နေပါသည်။
  • အကယ်၍ ဈေးနှုန်းသည် support level ဖြစ်သော $2,961.21 မှ ပြန်လည်ခုန်တက်လာ၍ resistance level of $3,503.19 အား ဖြတ်ကျော်သွားလဲ့လျှင်၊ အတက်လမ်းကြောင်းသည် $3,904.43–$4,305.68 ဧရိယာသို့ ဆက်လက်တိုးတက်သွားနိုင်ပါသည်။
  • အကယ်၍ အရောင်းလုပ်ဆောင်မှုများသည် ဈေးနှုန်းအား $2,961.21 အမှတ်အောက်တွင် တည်ငြိမ်မှုရစေကာ အောက်ဘက်လမ်းကြောင်းမျဉ်း၏အောက်အထိ ဈေးနှုန်းကျဆင်းစေခဲ့လျှင်၊ အကျလမ်းကြောင်း ပို၍ခိုင်မာလာမည်ဖြစ်ပြီး ဈေးနှုန်းသည် $2,559.75–2,057.92 သို့ ကျဆင်းနိုင်ပါသည်။

2025 ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ ရွှေဈေးနှုန်းခန့်မှန်းချက်များ

ကျွမ်းကျင်သူအများစု၏ အဆိုအရ၊ ဘဏ္ဍာရေးဈေးကွက်များသည် 2025 ခုနှစ်တွင် မြင့်မားသော မတည်ငြိမ်မှုဖြင့် ကြုံတွေ့ခဲ့ရသည်။ ဘေးကင်းသောပိုင်ဆိုင်မှုတခုအဖြစ်၊ ရွှေသည် သိသာထင်ရှားသော ဈေးနှုန်း အတက်၊အကျများအပေါ် ခံနိုင်ရည်မရှိပေ။

ခန့်မှန်းချက်များ ကွဲပြားနေသော်လည်း၊ ခွဲခြမ်းစိတ်ဖြာသူအများစုသည် ပထဝီနိုင်ငံရေး မငြိမ်မသက်ဖြစ်မှုများနှင့် ငွေကြေးဖောင်းပွမှုခန့်မှန်းချက်များ၏ မောင်းနှင်မှုဖြင့် အသင့်အတင့် တိုးတက်နှုန်းကို မျှော်မှန်းကြပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ပိုမိုတင်းကြပ်သော ငွေကြေးမူဝါဒသည် ရွှေဈေးကွက်ကျဆင်းစေရန် ဖိအားပေးနိုင်ပါသည်။

LongForecast

2025 ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှု အပိုင်းအခြား - $2,729.00–$3,633.00 (16.05.2025 အထိ လေ့လာချက်များအရ)။

2025 နှစ်လယ်တွင်၊ ရွှေဈေးနှုန်းသည် $2,873.00 သို့ ကျဆင်းလိမ့်မည်ဟု LongForecast မှ ကြိုတင်ခန့်မှန်းထားပါသည်။ နှစ်ကုန်ချိန်တွင်၊ XAUUSD သည် $3,315.00 သို့ ပြန်လည်တိုးတက်လာလိမ့်မည်ဟု ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များမှ မျှော်မှန်းထားကြသည်။

အဖွင့်၊ $

အနည်းဆုံး–အများဆုံး၊ $

အပိတ်၊ $

မေ

3,301.00

2,855.00–3,448.00

3,025.00

ဇွန်

3,025.00

2,729.00–3,436.00

2,873.00

ဇူလိုင်

2,873.00

2,873.00–3,180.00

3,029.00

ဩဂုတ်

3,029.00

3,029.00–3,378.00

3,217.00

စက်တင်ဘာ

3,217.00

3,095.00–3,421.00

3,258.00

အောက်တိုဘာ

3,258.00

3,258.00–3,633.00

3,460.00

နိုဝင်ဘာ

3,460.00

3,236.00–3,576.00

3,406.00

ဒီဇင်ဘာ

3,406.00

3,149.00–3,481.00

3,315.00

Gov Capital

2025 ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှု အပိုင်းအခြား - $2,916.51–$4,351.84 (16.05.2025 အထိ လေ့လာချက်များအရ)။

Gov Capital ၏ ခန့်မှန်းချက်အရ၊ 2025 ခုနှစ်တွင် ရွှေသည် $2,916.51 နှင့် $4,351.84 ကြား ကျယ်ပြန့်သောအကွာအဝေးအတွင်း၊ အရောင်းအဝယ်ဖြစ်နိုင်ပါသည်။ နှစ်လယ်ခန့်တွင် ရွှေဈေးနှုန်းသည် $3,458.22 သို့ မြင့်တက်လာနိုင်သည်ဟု လေ့လာသုံးသပ်သူများမှ မျှော်လင့်ကြပြီး၊ နှစ်ကုန်ချိန်တွင် ၎င်းသည် $3,956.22 သို့ မြင့်တက်နိုင်ပါသည်။

ရက်စွဲ

ဖြစ်နိုင်သော အနည်းဆုံးဈေးနှုန်း၊ $

ပျမ်းမျှဈေးနှုန်း၊ $

ဖြစ်နိုင်သောအကောင်းဆုံးဈေးနှုန်း၊ $

31.05.2025

2,916.51

3,240.57

3,564.63

30.06.2025

3,112.39

3,458.22

3,804.04

31.07.2025

3,148.49

3,498.32

3,848.15

31.08.2025

3,206.65

3,562.94

3,919.24

30.09.2025

3,238.44

3,598.26

3,958.09

31.10.2025

3,453.94

3,837.71

4,221.49

30.11.2025

3,496.02

3,884.46

4,272.91

31.12.2025

3,560.59

3,956.22

4,351.84

CoinCodex

2025 ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှု အပိုင်းအခြား - $3,076.08–$4,063.86 (16.05.2025 အထိ လေ့လာချက်များအရ)။

CoinCodex မှ ခွဲခြမ်းစိတ်ဖြာသူများသည် 2025 ခုနှစ်အတွင်း XAUUSD အတွက် အပြုသဘောဆောင်သော ရှုမြင်ချက်တရပ်ကို ထုတ်ပေးကြပါသည်။ ကျွမ်းကျင်သူများ၏ အဆိုအရ၊ ပထမနှစ်ဝက်ကုန်ဆုံးချိန်တွင် ပျမ်းမျှဈေးနှုန်းသည် $3,154.82 ဝန်းကျင်တွင် ရှိနိုင်ပါသည်။ လေ့လာဆန်းစစ်သူများမှ အတက်လမ်းကြာင်း ဆက်လက်တည်မြဲကာ နှစ်ကုန်ချိန်တွင် $3,925.39 သို့ ရောက်ရှိရန် မျှော်လင့်ထားကြပါသည်။

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

မေ

3,140.05

3,195.82

3,311.89

ဇွန်

3,076.08

3,154.82

3,265.24

ဇူလိုင်

3,102.67

3,352.22

3,608.09

ဩဂုတ်

3,342.81

3,424.83

3,557.27

စက်တင်ဘာ

3,351.90

3,490.85

3,636.16

အောက်တိုဘာ

3,494.59

3,776.99

4,063.86

နိုဝင်ဘာ

3,774.51

3,902.41

4,040.85

ဒီဇင်ဘာ

3,862.43

3,925.39

4,043.72

2026 ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ ရွှေဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များသည် 2026 ခုနှစ်အတွင်း ဤအဖိုးတန်သတ္တုအတွက် ရောထွေးသော စွမ်းဆောင်ရည်ကို ကြိုတင်ခန့်မှန်းကြပါသည်။ ငွေကြေးဖောင်းပွမှုနှင့် ပထဝီနိုင်ငံရေးမရေရာမှုများသည် သင့်တင့်သော တိုးတက်မှုနှုန်းကို ရရှိစေလိမ့်မည်ဟု ကျွမ်းကျင်သူအများစုမှ ယူဆကြပါသည်။ အရင်းခံစီးပွားရေးအခြေအနေများနှင့် ဗဟိုဘဏ်များမှ ဝယ်လိုအားများအပေါ်မူတည်၍ ရွှေသည် $3,266.00–$5,155.30 ကြား အကွာအဝေးအတွင်း ရွေ့လျားနေမည်ဖြစ်သည်။

LongForecast

2026 ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှု အပိုင်းအခြား - $3,266.00–$4,633.00 (16.05.2025 အထိ လေ့လာချက်များအရ)။

LongForecast အဆိုအရ၊ 2026 နှစ်စတွင် XAUUSD ဈေးနှုန်းသည် $3,315.00 သို့ ရောက်ရှိနိုင်ပါသည်။ ဇွန်လသို့ရောက်သောအခါ၊ ပိုင်ဆိုင်မှုသည် $3,958.00 သို့ တိုးတက်လာနိုင်ပါသည်။ သုံးသပ်‌ရေးသမားများမှ နှစ်ကုန်ချိန်တွင် အပိတ်ဈေးအဖြစ် $4,412.00 တနှစ်ဝာအမြင့်ဆုံးအဖြစ် $4,633.00 တို့ကို ကြိုတင်ခန့်မှန်းကြပါသည်။

အဖွင့်၊ $

အနည်းဆုံး–အများဆုံး၊ $

အပိတ်၊ $

ဇန်နဝါရီ

3,315.00

3,266.00–3,610.00

3,438.00

ဇွန်

3,869.00

3,760.00–4,156.00

3,958.00

ဒီဇင်ဘာ

4,315.00

4,191.00–4,633.00

4,412.00

WalletInvestor

2026 ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှု အပိုင်းအခြား - $3,398.14–$3,695.53 (16.05.2025 အထိ လေ့လာချက်များအရ)။

WalletInvestor သည် 2026 ခုနှစ်အတွင်း ရွှေဈေးနှုန်းအတွက် ပိုမိုသတိရှိသော ရှုမြင်ချက်တရပ်ကို မျှဝေပေးထားပါသည်။ နှစ်အစတွင်၊ ပိုင်ဆိုင်မှုသည် $3,398.14 အနီးတွင် အရောင်းအဝယ်ဖြစ်မည်ဟု မျှော်လင့်ရသည်။ ပထမနှစ်ဝက်ကုန်ချိန်တွင်၊ ရွှေဈေးနှုန်းသည် $3,552.69 သို့ မြင့်တက်နိုင်ပါသည်။ ကျွမ်းကျင်သူများမှ နှစ်ကုန်ချိန်တွင် $3,695.53 အထိ နောက်ထပ်တိုးတက်မှုအလားအလာကို ကြိုတင်မျှော်မှန်းကြပါသည်။

အဖွင့်၊ $

အပိတ်၊ $

အနည်းဆုံး၊ $

အများဆုံး၊ $

ဇန်နဝါရီ

3,398.14

3,449.04

3,398.14

3,449.04

ဇွန်

3,546.09

3,552.69

3,546.09

3,555.78

ဒီဇင်ဘာ

3,679.71

3,695.53

3,679.71

3,695.53

CoinCodex

2026 ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှု အပိုင်းအခြား - $3,904.54–$5,155.30 (16.05.2025 အထိ လေ့လာချက်များအရ)။

ခွဲခြမ်းစိတ်ဖြာမှုအရင်းအမြစ်တခုဖြစ်သော CoinCodex မှ အဖိုးတန်သတ္တုသည် 2026 တွင် တန်ဖိုးတိုးတက်လိမ့်မည်ဟု ကောက်ချက်ချပါသည်။ ဇန်နဝါရီနှင့် ဇွန်ကြားတွင်၊ ရွှေဈေးနှုန်းသည် $3,904.54 နှင့် $4,800.90 ကြား ကူးသန်းနေရန် မျှော်လင့်ရပြီး၊ ဇွန်လတွင် $4,722.94 ဖြင့် ပိတ်သိမ်းနိုင်ပါသည်။ ကျွမ်းကျင်သူများမှ ဒီဇင်ဘာလကုန်တွင် $4,277.91 အထိ ကျဆင်းမှုတရပ်ကို ကြိုတင်မှန်းဆကြပါသည်။

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

ဇန်နဝါရီ

3,904.54

4,027.83

4,177.22

ဇွန်

4,674.81

4,722.94

4,800.90

ဒီဇင်ဘာ

4,200.28

4,277.91

4,338.31

2027 ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ ရွှေဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

2027 ခုနှစ်တွင် XAUUSD စျေးနှုန်း ဆက်လက်တိုးတက်မည်ဟု ခန့်မှန်းထားပြီး စီးပွားရေးကျဆင်းမှုဆိုင်ရာစိုးရိမ်ပူပင်မှုများနှင့် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလာခြင်းတို့သည် ဤတိုးတက်မှုကို အထောက်အပံ့ပြုပါသည်။ အချို့သော ခွဲခြမ်းစိတ်ဖြာသူများမှ ကမ္ဘာ့စီးပွားရေးတွင် ကြီးမားသော စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရပါက $5,000 အထက် စံချိန်တင်မြင့်တက်မှုများ ရှိလာနိုင်သည်ဟု မျှော်မှန်းထားသည်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝယ်လိုအားသည်လည်း မြင့်မားစွာ ဆက်လက်တည်ရှိနေမည်ဖြစ်ပါသည်။

LongForecast

2027 ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှု အပိုင်းအခြား - $4,152.00–$5,357.00 (16.05.2025 အထိ လေ့လာချက်များအရ)။

LongForecast သည် 2027 ခုနှစ်အတွင်း ရွှေစျေးနှုန်းအတွက် အလယ်အလတ်တိုးတက်မှု အလားအလာကို မျှဝေထားပါသည်။ စျေးနှုန်းသည် ဇွန်လအတွင်း $4,152.00 မှ $4,920.00 အကြား အတက်အကျရှိနိုင်ပြီး ပျမ်းမျှစျေးနှုန်းအနေဖြင့် $4,370.00 ခန့်ရှိမည်ဟု ခန့်မှန်းရသည်။ အတက်လမ်းကြောင်းသည် ဇွန်လနှင့် ဒီဇင်ဘာလကြားတွင် $5,102.00 အထိ ဆက်လက်တိုးတက်မည်ဟု ခွဲခြမ်းစိတ်ဖြာသူများမှ ခန့်မှန်းထားပါသည်။

အဖွင့်၊ $

အနည်းဆုံး–အများဆုံး၊ $

အပိတ်၊ $

ဇန်နဝါရီ

4,412.00

4,412.00–4,920.00

4,686.00

ဇွန်

4,411.00

4,152.00–4,589.00

4,370.00

ဒီဇင်ဘာ

4,804.00

4,804.00–5,357.00

5,102.00

WalletInvestor

2027 ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှု အပိုင်းအခြား - $3,697.19–$3,994.61 (16.05.2025 အထိ လေ့လာချက်များအရ)။

WalletInvestor မှ ခွဲခြမ်းစိတ်ဖြာသူများသည်လည်း 2027 တွင် ရွှေအတွက် တိုးတက်သောရွေ့လျားမှုကို ခန့်မှန်းထားပါသည်။ နှစ်အစတွင် စျေးနှုန်းသည် $3,697.19 သို့ ရောက်ရှိနိုင်ပါသည်။ နှစ်အလယ်ပိုင်းတွင် ရွှေသည် အသင့်အတင့်အမြတ်အစွန်းများကို ရရှိဖွယ်ရှိပြီး $3,852.81 အထိ တိုးမြင့်လာနိုင်ပါသည်။ ဒီဇင်ဘာလတွင် ဤပိုင်ဆိုင်မှုအမျိုးအစားသည် $3,994.61 သို့ မြင့်တက်လာနိုင်ပါသည်။

အဖွင့်၊ $

အပိတ်၊ $

အနည်းဆုံး၊ $

အများဆုံး၊ $

ဇန်နဝါရီ

3,697.19

3,747.51

3,697.19

3,747.51

ဇွန်

3,846.63

3,852.81

3,846.63

3,855.97

ဒီဇင်ဘာ

3,979.69

3,994.61

3,979.69

3,994.61

CoinCodex

2027 ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှု အပိုင်းအခြား - $4,239.11–$5,473.12 (16.05.2025 အထိ လေ့လာချက်များအရ)။

CoinCodex အဆိုအရ၊ 2027 ပထမနှစ်ဝက်တွင်၊ XAUUSD နှုန်းထားများသည် မြင့်တက်လာမည်ဟု မျှော်လင့်ရပါသည်။ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ အဆိုအရ၊ ဈေးနှုန်းသည် $4,239.11–$5,306.62 အပိုင်းအခြားကြား အတက်၊အကျများ ဖြစ်ပေါ်နိုင်ပြီး၊ ဇွန်လကုန်တွင် $5,093.63 ၌ ပိတ်သိမ်းနိုင်ပါသည်။ ဒုတိယနှစ်ဝက်တွင် လေ့လာသုံးသပ်သူများမှ လမ်းကြောင်းအလှည့်အပြောင်းတခုကို မျှော်မှန်းကြပြီး၊ ၎င်း၏နောက်တွင် $4,600.34 သို့ အနီးစပ်ဆုံး ကျဆင်းနိုင်ပါသည်။

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

ဇန်နဝါရီ

4,239.11

4,377.51

4,482.46

ဇွန်

4,831.83

5,093.63

5,306.62

ဒီဇင်ဘာ

4,508.52

4,600.34

4,717.65

2028 ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ ရွှေဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

2028 ခုနှစ်သို့ ဆက်လက်သုံးသပ်ကြည့်သောအခါ၊ ခန့်မှန်းချက်များတွင် မြင့်မားသော သတိရှိမှု အတိုင်းအတာကို တွေ့မြင်ရပါသည်။ အကယ်၍ ကမ္ဘာလုံးဆိုင်ရာစီးပွားရေး တိုးတက်လာပါက ကျဆင်းမှုတရပ်ပေါ်ပေါက်နိုက်ခြေကိုလည်း ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များမှ မပယ်ရှားကြပေ။ မည်သို့ပင်ဖြစ်စေ၊ ရွှေသည် အကျိုးအမြတ်များပြီး ဘေးကင်းသောပိုင်ဆိုင်မှုတခုအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။ ရွှေစျေးနှုန်းများသည် $4,001.02–$5,406.47 ကြား အတက်၊အကျများကို ပြုလုပ်နိုင်ပါသည်။

LongForecast

2028 ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှု အပိုင်းအခြား - $4,180.00–$5,254.00 (16.05.2025 အထိ လေ့လာချက်များအရ)။

LongForecast ရှိ သုံးသပ်ရေးသမားများမှ 2028 ခုနှစ်တွင် အဖိုးတန်သတ္တုတန်ဖိုး ကျဆင်းလိမ့်မည်ဟု ကြိုတင်ခန့်မှန်းကြပါသည်။ နှစ်လယ်တွင်၊ ဈေးနှုန်းသည် $4,180.00 နှင့် $4,620.00 ကြား ကူးလူးရွေ့လျားနိုင်ပြီး၊ ဇွန်လတွင် $4,400.00 ၌ ပိတ်သိမ်းနိုင်ပါသည်။ ဒုတိယနှစ်ဝက်တွင် ရွှေသည် $4,674.00 သို့ ပြန်လည်တိုးတက်လာနိုင်ပါသည်။

အဖွင့်၊ $

အနည်းဆုံး–အများဆုံး၊ $

အပိတ်၊ $

ဇန်နဝါရီ

5,102.00

4,754.00–5,254.00

5,004.00

ဇွန်

4,494.00

4,180.00–4,620.00

4,400.00

ဒီဇင်ဘာ

4,705.00

4,440.00–4,908.00

4,674.00

WalletInvestor

2028 ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှု အပိုင်းအခြား - $4,001.02–$4,292.22 (16.05.2025 အထိ လေ့လာချက်များအရ)။

WalletInvestor သည် 2028 ခုနှစ်အတွင်း XAUUSD အတွက် တိုးတက်သောလမ်းကြောင်းတခုကို မျှော်မှန်းထားပါသည်။ ဇန်နဝါရီ-ဇွန်လအတွင်း၊ ရွှေဈေးနှုန်းသည် $4,152.66 သို့ မြင့်တက်နိုင်ပါသည်။ နှစ်ကုန်ချိန်တွင်၊ $4,292.22 အထိ ဆက်လက်မြင့်တက်သွားမည်ဟု ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များမှ ယုံကြည်ကြပါသည်။

အဖွင့်၊ $

အပိတ်၊ $

အနည်းဆုံး၊ $

အများဆုံး၊ $

ဇန်နဝါရီ

4,001.02

4,049.66

4,001.02

4,049.66

ဇွန်

4,147.64

4,152.66

4,147.64

4,156.22

ဒီဇင်ဘာ

4,279.94

4,292.22

4,279.94

4,292.22

CoinCodex

2028 ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှု အပိုင်းအခြား - $4,598.39–$5,207.97 (16.05.2025 အထိ လေ့လာချက်များအရ)။

CoinCodex အဆိုအရ၊ ရွှေဈေးနှုန်းသည် 2028 အစောပိုင်းတွင် $4,752.31 သို့ မြင့်တက်နိုင်ပါသည်။ နှစ်လယ်တွင်၊ ဈေးနှုန်းသည် $5,038.90 ဝန်းကျင်ရှိနိုင်ပြီး၊ ဒုတိယနှစိဝက်တွင် အတက်လမ်းကြောင်းဆက်လက်တည်မြဲနိုင်ပါသည်။ ဒီဇင်ဘာလကုန်တွင် ဈေးနှုန်းသည် $5,066.22 သို့ ရောက်ရှိနိုင်ပါသည်။

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

ဇန်နဝါရီ

4,598.39

4,752.31

4,862.22

ဇွန်

4,958.60

5,038.90

5,166.38

ဒီဇင်ဘာ

4,957.27

5,066.22

5,207.97

2029 ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ ရွှေဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

2029 ခုနှစ်တွင် ရွှေစျေးနှုန်းများသည် စံချိန်တင်မြင့်တက်လာမည်ဟု နယ်ပယ်ကျွမ်းကျင်သူများမှ အကြံပြုထားပါသည်။ ရွှေထုတ်လုပ်မှု အကန့်အသတ်ရှိခြင်းနှင့် ငွေကြေးတန်ဖိုးလျော့နည်းလာမှုတို့ကြောင့် ကာလရှည်ရှုမြင်ချက်သည် အားတက်ဖွယ်ရာရှိနေပါသည်။ အချို့သော လေ့လာဆန်းစစ်သူများမှ ရွှေစျေးနှုန်းသည် $13,941.00 အထိ မကြုံစဖူး မြင့်တက်လာနိုင်သည်ဟု ယုံကြည်ကြသော်လည်း၊ ဤယူဆချက်အမှန်ဖြစ်လာရန် လိုက်လျောညီထွေရှိ‌သော အရင်းခံစီးပွားရေးအခြေအနေများ လိုအပ်ပါသည်။

WalletInvestor

2029 ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှု အပိုင်းအခြား - $4,298.24–$4,595.60 (16.05.2025 အထိ လေ့လာချက်များအရ)။

WalletInvestor အဆိုအရ၊ 2029 နှစ်စတွင် ရွှေသည် $4,298.24 ဝန်းကျင်တွင် အရောင်းအဝယ်ဖြစ်နိုင်ပါသည်။ နှစ်လယ်တွင် အဖိုးတန်သတ္တု၏တန်ဖိုးသည် $4,452.61 သို့ တိုးတက်လာနိုင်ပါသည်။ ဒီဇင်ဘာလကုန်တွင်၊ ရွှေသည် $4,595.60 သို့ မြင့်တက်လာနိုင်သည်။

အဖွင့်၊ $

အပိတ်၊ $

အနည်းဆုံး၊ $

အများဆုံး၊ $

ဇန်နဝါရီ

4,298.24

4,351.52

4,298.24

4,351.52

ဇွန်

4,447.00

4,452.61

4,447.00

4,456.32

ဒီဇင်ဘာ

4,580.78

4,595.60

4,580.78

4,595.60

Gov Capital

2029 ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှု အပိုင်းအခြား - $9,226.73–$15,335.10 (16.05.2025 အထိ လေ့လာချက်များအရ)။

2029 တွင် ရွှေသည် ဆက်လက်တိုးတက်နေလိမ့်မည်ဟု Gov Capital မှ ကြိုတင်ခန့်မှန်းပါသည်။ နှစ်လယ်တွင် ပျမ်းမျှဈေးနှုန်းသည် $12,102.48 သို့ တိုးတက်လာနိုင်သည်။ ဒီဇင်ဘာလကုန်တွင်၊ ဈေးနှုန်းသည် $13,941.00 ၌ ရှိလိမ့်မည်ဟု ခွဲခြမ်းစိတ်ဖြာသူများမှ ကြိုတင်ကာရှုမြင်ကြပါသည်။

ရက်စွဲ

ဖြစ်နိုင်သော အနည်းဆုံးဈေးနှုန်း၊ $

ပျမ်းမျှဈေးနှုန်း၊ $

ဖြစ်နိုင်သောအကောင်းဆုံးဈေးနှုန်း၊ $

31.01.2029

9,226.73

10,251.93

11,277.12

30.06.2029

10,892.23

12,102.48

13,312.73

31.12.2029

12,546.90

13,941.00

15,335.10

CoinCodex

2029 ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှု အပိုင်းအခြား - $4,885.99–$5,437.14 (16.05.2025 အထိ လေ့လာချက်များအရ)။

CoinCodex ခန့်မှန်းချက်အရ၊ 2029 XAUUSD သည် ဇွန်လပျမ်းမျှဈေးနှုန်း $5,116.56 နှင့်အတူ ပထမနှစ်ဝက်တွင် $4,986.26–$5,437.14 အတွင်း ကူးသန်းရွေ့လျားလိမ့်မည်ဖြစ်သည်။ ဒုတိယနှစ်ဝက်တွင် ပိုင်ဆိုင်မှုသည် ကျဆင်းလာပြီး၊ $5,000.09 အနီးတွင် တည်ငြိမ်နိုင်ပါသည်။

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

ဇန်နဝါရီ

5,202.83

5,321.33

5,437.14

ဇွန်

4,986.26

5,116.56

5,212.88

ဒီဇင်ဘာ

4,885.99

5,000.09

5,123.30

2030 ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ ရွှေဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

2030 ခုနှစ်တွင်၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးမငြိမ်သက်မှုများကြား ၎င်းတို့၏ အရင်းအနှီးကို ကာကွယ်ထိန်းသိမ်းလိုကြသော ရင်းနှီးမြှုပ်နှံသူများအတွက် ရွှေသည် အရေးပါသော ပိုင်ဆိုင်မှုတခု ဖြစ်လာနိုင်ပါသည်။ ကမ္ဘာလုံးဆိုင်ရာဈေးကွက်အတွင်း မတည်ငြိမ်မှုအတိုင်းအတာအပေါ်မူတည်၍၊ ခန့်မှန်းချက်များသည် $4,598.46 နှင့် $6,201.02 ကြား ကွဲပြားလျှက်ရှိပါသည်။

WalletInvestor

2030 ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှု အပိုင်းအခြား - $4,598.46–$4,768.80 (16.05.2025 အထိ လေ့လာချက်များအရ)။

2030 ခုနှစ်တွင် ရွှေဈေးနှုန်းသည် အတက်လမ်းကြောင်းတခုသို့ လိုက်ပါရွေ့လျားကာ $4,500.00 အထက်တွင် တည်မြဲနေမည်ဟု WalletInvestor မှ ယူဆထားပါသည်။ လေ့လာသုံးသပ်သူများသည် တနှစ်တာ အနိမ့်ဆုံးနှင့် အမြင့်ဆုံးဈေးနှုန်းများအဖြစ် $4,598.46 နှင့် $4,769.60 တို့အား အသီးသီးခန့်မှန်းကြပါသည်။

အဖွင့်၊ $

အပိတ်၊ $

အနည်းဆုံး၊ $

အများဆုံး၊ $

ဇန်နဝါရီ

4,598.46

4,651.41

4,598.46

4,651.41

ဇွန်

4,691.72

4,729.51

4,691.72

4,729.51

ဒီဇင်ဘာ

4,768.80

4,756.64

4,756.64

4,768.80

CoinCodex

2030 ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှု အပိုင်းအခြား - $5,109.30–$6,086.03 (16.05.2025 အထိ လေ့လာချက်များအရ)။

CoinCodex ရှိ ပညာရှင်များ၏သုံးသပ်ချက်အရ၊ 2030 အစောပိုင်းတွင် အဖိုးတန်သတ္တု၏ ဈေးနှုန်းသည် $5,158.80 ဝန်းကျင်တွင် ရွေ့လျားနိုင်ပါသည်။ နှစ်လယ်တွင် ရွှေဈေးနှုန်းသည် $5,435.55 သို့ မြင့်တက်နိုင်ပါသည်။ နှစ်ကုန်ချိန်တွင် ၎င်းသည် $5,917.17 သို့ တိုးတက်နိုင်ပါသည်။

အနည်းဆုံး၊ $

ပျမ်းမျှ၊ $

အများဆုံး၊ $

ဇန်နဝါရီ

5,109.30

5,158.80

5,286.20

ဇွန်

5,214.54

5,435.55

5,715.89

ဒီဇင်ဘာ

5,823.34

5,917.17

6,086.03

CoinPriceForecast

2030 ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှု အပိုင်းအခြား - $5,503.00–$5,952.00 (16.05.2025 အထိ လေ့လာချက်များအရ)။

ခွဲခြမ်းစိတ်ဖြာမှုရင်းမြစ်တခုဖြစ်သော CoinPriceForecast မှ ယုံကြည်ထားသည်မှာ 2030 နှစ်စတွင် ရွှေဈေးနှုန်းသည် $5,503.00 သို့ ရောက်ရှိမည်ဖြစ်သည်။ ပထမနှစ်ဝက်ကုန်ချိန်တွင်၊ ပိုင်ဆိုင်မှု၏ဈေးနှုန်းသည် $5,885.00 ဝန်းကျင်ရှိနိုင်ပါသည်။ ဒုတိယနှစ်ဝက်တွင်၊ အတက်လမ်းကြောင်း ဆက်လက်ဖြစ်ပေါ်ပြီး၊ အဖိုးတန်သတ္တုသည် $5,952.00 သို့ မြင့်တက်နိုင်ပါသည်။

ခုနှစ်

နှစ်လယ်၊ $

နှစ်ကုန်၊ $

2030

5,885.00

5,952.00

ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များ၏ 2050 ခုနှစ်အထိ ရွှေဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ

၎င်း၏ဈေးနှုန်းအပေါ် သက်ရောက်မှုရှိသော အရင်းခံအကြောင်းအရာများစွာ ပြောင်းလဲပေါ်ပေါက်နိုင်သောကြောင့်၊ 2040-2050 ကာလအတွင်း ရွှေစျေးနှုန်းများကို ခန့်မှန်းရာတွင် စိန်ခေါ်မှုများရှိပါသည်။ ဤအချက်များတွင် ပထဝီနိုင်ငံရေးအခင်းအကျင်း၊ နည်းပညာဆိုင်ရာ ထိုးဖောက်တိုးတက်မှုများ၊ စားသုံးသူအပြုအမူပြောင်းလဲမှုများ၊ ဗဟိုဘဏ်မူဝါဒများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိုးရိမ်မှုများ၏ ရွှေထုတ်လုပ်မှုအပေါ် သက်ရောက်မှုတို့ ပါဝင်ပါသည်။ သို့ရာတွင်၊ ကာလရှည်ကုန်သွယ်မှုဗျူဟာများ ရေးဆွဲသောအခါ၊ ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်များကို အကိုးအကားအဖြစ် ထည့်သွင်းစဉ်းစားရန် အထူးအရေးကြီးပါသည်။

2031 ခုနှစ်နှောင်းပိုင်းတွင် XAUUSD စျေးနှုန်းသည် $6,151.00 အထိ ရောက်ရှိမည်ဟု CoinPriceForecast မှ ခန့်မှန်းထားပါသည်။ 2032 မှ 2035 ခုနှစ်အတွင်း တိုးတက်သောလမ်းကြောင်း ဆက်လက်တည်ရှိမည်ဖြစ်ပြီး 2035 ခုနှစ်တွင် $8,419.00 ဝန်းကျင်သို့ ရောက်ရှိလိမ့်မည်ဟု မျှော်မှန်းထားသည်။ 2036 ခုနှစ်နှောင်းပိုင်းတွင် စျေးနှုန်း $8,999.00 အထိ တိုးတက်မည်ဟု ကျွမ်းကျင်သူများမှ ခန့်မှန်းထားပါသည်။

BeatMarket အဆိုအရ ရွှေဈေးနှုန်းသည် ပိုမိုသင့်တင့်သော အရှိန်တခုဖြင့် ဆက်လက်မြင့်တက်နိုင်ပါသည်။ 2040 တွင်၊ XAUUSD သည် $4,500.00 သို့ မြင့်တက်နိုင်သည်။ 2050 တွင် ၎င်းသည် $10,000.00 အထိ ရောက်ရှိနိုင်ပါသည်။

ခုနှစ်

CoinPriceForecast၊ $

BeatMarket၊ $

2033

7,543.00

2036

8,999.00

2040

4,500.00

2050

10,000.00

ကာလရှည်တွင်၊ ရွှေသည် ၎င်း၏တန်ဖိုးကို ဆက်လက်ထိန်းသိမ်းထားရန် အလားအလာများပါသည်။ သို့သော် ဈေးနှုန်းများကို အတိအကျခန့်မှန်းရခြင်းမှာ အလွန်ခက်ခဲနိုင်ပါသည်။ ငွေကြေးဖောင်းပွမှုနှင့် သယံဇာတများ ရှားပါလာခြင်းတို့ကို ထည့်သွင်းစဉ်းစားသောအခါ 21 ရာစု အလယ်တွင်၊ ရွှေသည် အဆပေါင်းများစွာ သိသိသာသာ ဈေးနှုန်းမြင့်မားလာနိုင်ပါသည်။ ဆန်းသစ်တီထွင်သော နည်းပညာများနှင့် ဧရိယာအသစ်များတွင် ရွှေတူးဖော်ရရှိခြင်းများသည်လည်း ဈေးနှုန်းများအပေါ် လွှမ်းမိုးသက်ရောက်နိုင်ပါသည်။

ဆိုရှယ်မီဒီယာပေါ်တွင် ရွှေ (XAU/USD)အတွက် ဈေးကွက်အလေးသာမှု

မီဒီယာသဘောထားဆိုသည်မှာ ရွှေနှင့်ပတ်သက်သော မီဒီယာသတင်းဆောင်းပါးများနှင့် အများသူငှာထင်မြင်ချက်များ၏ အယူအဆ ဖြစ်ပါသည်။ စီးပွားရေးကျဆင်းမှုများ သို့မဟုတ် နိုင်ငံရေးမတည်ငြိမ်မှုများကဲ့သို့သော အကြောင်းအရာများသည် အပြုသဘောဆောင်သော အယူအဆများကို ဖြစ်ပေါ်စေပြီး၊ ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ အရင်းအနှီးအား လုံခြုံစိတ်ချရသော နေရာတွင် ထားရှိလိုကြသည့်အတွက် ရွှေစျေးနှုန်းများ မြင့်တက်လာစေပါသည်။ အနှုတ်သဘောဆောင်သော စိတ်ခံစားမှုများကမူ ရွှေစျေးနှုန်းများကို ကျဆင်းစေပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်တွင် ရွှေ (XAU/USD)အတွက် ဈေးကွက်အလေးသာမှု

လူမှုကွန်ယက် X ယခင် Twitter အသုံးပြုသူ @Kelmax_official သည် XAUUSD ဈေးနှုန်းအပေါ်တွင် ကျဆင်းသော ရှုမြင်ခတက်တရပ်ကို ထိန်းသိမ်းထားပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ $3,268.00 အထက်တွင် ရွှေဝယ်ယူခြင်း၏ အလားအလာကိုလည်း ထည့်သွင်းစဉ်းစားထားပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်တွင် ရွှေ (XAU/USD)အတွက် ဈေးကွက်အလေးသာမှု

@Obalutu အမည်အောက်မှ အမှီအခိုကင်းသော ကျွမ်းကျင်သူတဦးသည် နီးစပ်သောအနာဂါတ်ကာလအတွင်း ရွှေဈေးနှုန်းများ မြင့်တက်လာမည်ဟု မျှော်လင့်ထားပါသည်။ ဤ level ၏ အထက်သို့ ဖောက်ထွက်မှုသည် ဈေးနှုန်းအား $3,320.00 သို့ တွန်းပို့နိုင်ပါသည်။

LiteFinance: ဆိုရှယ်မီဒီယာပေါ်တွင် ရွှေ (XAU/USD)အတွက် ဈေးကွက်အလေးသာမှု

အသုံးပြုသူ @AamirFXPro မှ ရွှေ၏ ဈေးနှုန်းသည် ကျဆင်းသောချန်နယ်လ်ကို ဖောက်ထွက်ခဲ့ပြီး၊ $3,266.00–$3,411.00 အပိုင်းအခြားသို့ မြင့်တက်ရန် အသင့်ရှိနေသည်ဟု ကောက်ချက်ချပါသည်။

လူမှုကွန်ယက် X ပေါ်မှ ရေးသားဖော်ပြချက်များကို အကြမ်းဖျင်းခွဲခြမ်းစိတ်ဖြာကြည့်သောအခါ ဈေးကွက်ပါဝင်သူများကြား ထင်မြင်ယူဆချက်များ ကွဲပြားလျှက်ရှိကြောင်း ပေါ်ထွက်လာပါသည်။ မည်သို့ပင်ဆိုစေကာမူ၊ ရင်းနှီးမြှုပ်နှံသူအများစုသည် အနာဂါတ်ရွှေဈေးနှုန်းရွေ့လျားမှုနှင့်စပ်လျဉ်း၍ အကောင်းမြင်မှု ရှိကြပါသည်။

ရွှေစျေးနှုန်းသမိုင်းမှတ်တမ်း (XAU/USD)

ရွှေသည် ၂၉.၀၁.၂၀၂၆ တွင် ၎င်း၏ စံချိန်တင်အမြင့်ဆုံး $5595.42 သို့ ရောက်ရှိခဲ့ပါသည်။

အနိမ့်ဆုံးရွှေစျေးနှုန်းကို ၂၅.၀၈.၁၉၉၉ တွင် မှတ်တမ်းတင်ခဲ့ပြီး $252.55 အထိသို့ ရောက်ရှိခဲ့ပါသည်။

အောက်ပါမှာ လွန်ခဲ့သော ၁၀ နှစ်အတွက် အကျုံးဝင်သော XAU/USD၏ chart တစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကြိုတင်ခန့်မှန်းချက်များ တတ်နိုင်သမျှ တိကျစေရေးအတွက် သမိုင်းတလျှောက်အချက်အလက်များကို ခန့်မှန်းတွက်ချက်ရန် အရေးကြီးပါသည်။

၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေး ပြန်လည်စတင် ကောင်းမွန်လာပြီး ငွေကြေးဖောင်းပွမှု မြင့်တက်လာသောကြောင့် အကြီးစားဗဟိုဘဏ်များမှ ငွေကြေးမူဝါဒဆိုင်ရာ အပြောင်းအလဲများကို တုံ့ပြန့်သည့်အနေဖြင့် ရွှေစျေးနှုန်းအတက်အကျများ ဖြစ်ပေါ်ခဲ့ပါသည်။ အမေရိကန်ဒေါ်လာ အားကောင်းလာမှုသည် ရွှေစျေးနှုန်းအပေါ် ဖိအားပေးကျဆင်းမှု ဖြစ်စေခဲ့ပါသည်။

၂၀၂၂ ခုနှစ်အတွင်း ပထဝီနိုင်ငံရေးတင်းမာမှုများ အထူးသဖြင့် ယူကရိန်းပဋိပက္ခတို့သည် ရွှေစျေးနှုန်းကို ထပ်မံမြင့်တက်စေခဲ့ပါသည်။ ငွေကြေးဖောင်းပွမှုသည် ဆက်လက်မြင့်တက်ခဲ့ပြီး ၎င်းသည် ဗဟိုဘဏ်များမှ ငွေကြေးဆိုင်ရာမူဝါဒ တင်းကြပ်စေရန် အကြောင်းရင်းဖြစ်လာပါသည်။

မျှော်မှန်းထားသော ငွေကြေးဖောင်းပွမှုများနှင့် အတိုးနှုန်းမြင့်တက်မှုတို့အကြား လွန်ဆွဲပွဲမှာ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်တို့တွင် အမှတ်အသားဖြစ်ခဲ့ပါသည်။ ရွှေစျေးနှုန်းသည် အစိုးရငွေချေးစာချုပ်၏ အတိုးနှုန်းအပြောင်းအလဲများ နှင့် ပထဝီနိုင်ငံရေးအခင်းအကျင်းတို့အရ ထိခိုက်ပြောင်းလဲနေဆဲ ဖြစ်ပါသည်။

၂၀၂၅ ခုနှစ် မတ်လအထိ ရွှေသည် သမိုင်းတွင်အမြင့်ဆုံးတန်ဖိုးများသို့ ဆက်လက်ရောက်ရှိနေပြီး ရင်းနှီးမြှပ်နှံမှုအမျိုးမျိုး ခွဲဖြာဆောင်ရွက်ခြင်းအတွက် သော့ချက်ကျအရေးပါသော ပိုင်ဆိုင်မှုတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါသည်၊ ဤသည်မှာ ကမ္ဘာ့စီးပွားရေး မသေချာမရေရာမှုနှင့် ပထဝီနိုင်ငံရေးမတည်ငြိမ်မှုတို့ကို ထင်ဟပ်ပုံပေါ်စေပါသည်။

ရွှေစျေးနှုန်းကို အခြေခံတကျစိစစ်ခွဲဖြာခြင်း (XAU/USD)

အခြေခံတကျစိစစ်ခွဲဖြာခြင်းသည် ပုံမှန်အားဖြင့် အဖိုးတန်သတ္တုများထက် စတော့စျေးကွက်နှင့် ပိုမိုသက်ဆိုင်ပါသည်။ ကျွမ်းကျင်ပညာရှင်များသည် သက်ဆိုင်ရာကုမ္ပဏီများ၏ ဘဏ္ဍာရေးအစီရင်ခံစာများကို စိစစ်သုံးသပ်ကြသော်လည်း XAU/USD ဆန်းစစ်ရေးသုတေသီများသည် အထွေထွေစီးပွားရေးဆိုင်ရာ အကြောင်းအရာများ၊ ကမ္ဘာတဝှမ်းရှိ နိုင်ငံရေးနှင့် စီးပွားရေးသတင်းများ အပါအဝင် ကြိုတင်ခန့်မှန်းချက်အမျိုးမျိုးကို လေ့လာစောင့်ကြည့်ကြပါသည်။

မည်သည့်အကြောင်းအချက်များသည် ရွှေစျေးနှုန်းအပေါ် သက်ရောက်မှု ဖြစ်စေပါသနည်း။

အောက်တွင် ကျွန်ုပ်တို့သည် XAU/USD စျေးနှုန်းအပေါ် လွှမ်းမိုးသက်ရောက်စေသည့် အကြောင်းအရာများကို ဆန်းစစ်လေ့လာပါမည်။

ငွေကြေးဖောင်းပွမှု

ငွေကြေးဖောင်းပွမှုကြောင့် XAU တန်ဖိုးကို ထိခိုက်စေပါသည်၊ သို့သော် တက်သစ်စရင်းနှီးမြှုပ်နှံသူများစွာမှ ယုံကြည်ထားကြသည့် အတိုင်းအတာအထိ မဟုတ်ပါ။ အမေရိကန်တွင် ကုန်စျေးနှုန်းများတိုးမြင့်လာပါက အဆိုပါအဖိုးတန်သတ္တု၏ တန်ဖိုးသည်လည်း မြင့်တက်သင့်သည်ဟူသော အယူအဆဖြစ်ပါသည်၊ အဘယ်ကြောင့်ဆိုသော် အမေရိကန်ငွေကြေးတန်ဖိုး ကျဆင်းခြင်းသည် ရင်းနှီးမြှုပ်နှံသူများအား ရွှေတစ်အောင်စအတွက် ပိုမိုပေးဆောင်ရသောကြောင့် ဖြစ်ပါသည်။ သို့သော် ရေရှည်ကာလတွင် ငွေကြေးဖောင်းပွမှု နှင့် အဖိုးတန်သတ္တုအကြား ခိုင်မာသော ဆက်နွယ်မှုမရှိပါ။

LiteFinance: ငွေကြေးဖောင်းပွမှု

သိသာထင်ရှားသော ဆက်နွယ်မှုမရှိခြင်းမှာ အဓိကအချက်နှစ်ချက်ကြောင့်ဟု ယူဆနိုင်ပါသည်။

  • ‌ရွှေသည် ဗျူဟာမြောက် ကုန်စည်ပစ္စည်းတစ်ခု မဟုတ်ပါ။ တနည်းဆိုရသော် ရွှေကို ရေနံဆီ (သို့) သတ္တုများအတိုင်း တူညီသောနည်းလမ်းဖြင့် အသုံးပြ၍မရပါ၊ ထို့ကြောင့် ၎င်းသည် ငွေကြေးတစ်ခု၏ ဝယ်ယူမှုအင်အား အပြောင်းအလဲများနှင့် မတူကွဲပြားစွာ တုံ့ပြန်ပါသည်။
  • စတော့စျေးကွက်တွင် စီးပွားရေးချဲ့ထွင်မှု နှင့် တိုးတက်မှုကာလများအတွင်း ရွှေသည် အမြတ်ရရှိမှုနှင့် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုအတွက် အခြားပိုင်ဆိုင်မှုများနှင့် ပြိုင်ဆိုင်ရပါသည်။ ထို့ပြင် ဤကာလမျိုးတွင် ကုန်စည်ပစ္စည်းများ၏ စျေးနှုန်းများသည် ပုံမှန်အားဖြင့် မြင့်တက်လာလေ့ရှိပါသည်။

ငွေကြေးလဲလှယ်နှုန်း အတက်အကျများ

ရွှေကို အမေရိကန်ဒေါ်လာနှင့် ယှဥ်တွဲကာ လုံခြုံစိတ်ချရသော ပိုင်ဆိုင်မှုတစ်ခုအဖြစ် စဥ်းစားကြပါသည်။ သို့ဖြစ်၍ ငွေကြေးတစ်ခု၏ လဲလှယ်နှုန်းသည် အခြားအရံစုဆောင်းထားသော ငွေကြေးများနှင့် နှိုင်းယှဥ်လျှင် တန်ဖိုးကျဆင်းသည့်အခါ အခြားငွေကြေးများတွင် ရွှေ၏ဝယ်ယူမှုအင်အားကို ထိန်းသိမ်းထားပြီး ၎င်းငွေကြေးများ၏ ကျဆင်းမှုနှင့် ဆန့်ကျင်ကာ ရွှေတန်ဖိုးမြင့်တက်လာပါသည်။

LiteFinance: ငွေကြေးလဲလှယ်နှုန်း အတက်အကျများ

ပထဝီနိုင်ငံရေးတင်းမာမှု

စစ်မက်ရေးရာ ပဋိပက္ခ (သို့) ဘဏ္ဍာရေးဆိုင်ရာ အကြပ်အတည်းတိုင်းသည် ရင်းနှီးမြှပ်နှံသူများအတွက် သိသာပေါ်လွင်သော မသေချာမရေရာမှုကို ဖြစ်ပေါ်စေပါသည်။ ရွှေသည် စျေးကွက်မတည်ငြိမ်စဥ် ကာလများအတွင်း ထိရောက်သော ကာကွယ်ရေးပိုင်ဆိုင်မှုတစ်ခု ဖြစ်ပါသည်။ အလွန်အကျွံ့သုံးစွဲမှု၊ ငွေကြေးထောက်ပံ့မှု ၊ နိုင်ငံရေးမတည်ငြိမ်ခြင်း နှင့် ငွေကြေးတန်ဖိုးကျဆင်းမှုတို့သည်လည်း XAU ၏ တိုးတက်မှုကို အထောက်အကူဖြစ်စေပါသည်။

အတိုးနှုန်း

ရွှေစျေးနှုန်းသည် အတိုးနှုန်းအပြောင်းအလဲများအပေါ်တွင် ထိခိုက်ပြောင်းလဲလွယ်ပါသည်။ အဖိုးတန်သတ္တုများသည် ငွေချေးစာချုပ်များ နှင့် အမြတ်ဝေစုရရှိသော စတော့များ အပါအဝင် ဝင်ငွေအလားအလာ ပေးစွမ်းနိုင်သည့် ပိုင်ဆိုင်မှုများကြောင့် လွန်စွာထိရောက်မှုရှိပါသည်။ ၎င်းသည် သိသာထင်ရှားသော ဆန့်ကျင်ဘက်ဆက်နွယ်မှုရှိသော်လည်း အပြည့်အဝမှန်ကန်မှု မရှိပါ။ အမေရိကန်အစိုးရ ငွေချေးစာချုပ်များ၏ အတိုးနှုန်း/အကျိုးအမြတ်နှုန်း မြင့်တက်လာသည့်အခါ ရွှေစျေးနှုန်းသည် အတက်အကျမရှိဘဲ ဘေးတိုက်အပိုင်းအခြားအတွင်း ရွေ့လျားမည် (သို့) စျေးကျဆင်းမှုပင် ဖြစ်နိုင်ချေ မြင့်မားပါသည်။ ဆန့်ကျင်ဘက်အားဖြင့် အကျိုးအမြတ်နှုန်း ကျဆင်းသွားခြင်းသည် ပုံမှန်အားဖြင့် XAU/USD လဲလှယ်နှုန်းကို မြင့်တက်လာ‌စေပါသည်။

ဝယ်လိုအားနှင့် ရောင်းလိုအား

ဝယ်လိုအားနှင့် ရောင်းလိုအားသည် အဆိုပါအဖိုးတန်သတ္တု၏ လဲလှယ်နှုန်းကို ခန့်မှန်းရာတွင် ရှုပ်ထွေးနက်နဲမှု အများဆုံးအချက်များ ဖြစ်ပါသည်။ ဗဟိုဘဏ်များ ၊ IMF နှင့် ထိပ်တန်းရင်းနှီးမြှုပ်နှံရေးအဖွဲ့အစည်းများ အပါအဝင် ရွှေတွင် အဓိကရင်းနှီးမြှုပ်နှံသူများသည် စျေးကွက်လမ်းကြောင်းများကို လွှမ်းမိုးချုပ်ကိုင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ဤဗျူဟာမြောက် ဆောင်ရွက်ချက်များသည် ရွှေထည်လက်ဝတ်တန်ဆာ နှင့် ရင်းနှီးမြှုပ်နှံရေးပိုင်ဆိုင်မှုများအတွက် ဝယ်လိုအားကို သိသာစွာ သက်ရောက်မှုရှိနိုင်ပါသည်‌။

သာမန်ရင်းနှီးမြှုပ်နှံသူတစ်ဦးအနေဖြင့် အဓိကစျေးကွက်ပါဝင်သူများ၏ လုပ်ဆောင်ချက်များကို အပြည့်အဝ ထည့်သွင်းတွက်ဆရန် မဖြစ်နိုင်ပါ။ စျေးကွက်ဟန်ချက်ကို ပြည့်စုံနှံစပ်စွာ နားလည်စေရေးအတွက် ရွှေဝယ်လိုအားပမာဏသည် ရင်းနှီးမြှုပ်နှံရေးပိုင်ဆိုင်မှုများနှင့် လက်ဝက်တန်ဆာများအဖြစ် ထိုနှစ်ခုအကြား နှိုင်းဆ၍ အညီအမျှခွဲဝေဖြန့်ဖြူးကြောင်း သဘောပေါက်ရန် အရေးကြီးပါသည်။

ရွှေနှင့်ပတ်သက်သော နောက်ထပ်အချက်များ

ရွှေသည် ရှေး‌ဟောင်းအီဂျစ်နိုင်ငံမှ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀ ကျော်တွင် တူးဖော်ရေးလုပ်ငန်းများဖြင့် သက်တမ်းအကြာမြင့်ဆုံးနှင့် တန်ဖိုးအရှိဆုံး သတ္တုများအနက် တစ်ခုဖြစ်ပါသည်‌။ ထိုကာလများတွင် ရွှေသည် သြဇာအာဏာနှင့် ချမ်းသာကြွယ်ဝမှုတို့၏ လက္ခဏာရပ်တစ်ခု ဖြစ်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ ရွှေသည် တစ်ကမ္ဘာလုံး လက်ခံကျင့်သုံးသော လဲလှယ်ရောင်းဝယ်ရေး နည်းလမ်းနှင့် ကမ္ဘာ့စီးပွားရေး၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါသည်။ ၎င်း၏ ရှားပါးမှု နှင့် ပြင်ပလွှမ်းမိုးမှုများအပေါ် ခံနိုင်ရည်ရှိမှုသည် အဆိုပါအဖိုးတန်သတ္တုအတွက် ဝယ်လိုအားကို ဆက်လက်လှုံ့ဆော်ပေးပါသည်။ ရွှေ၏ အကန့်အသတ်ဖြင့် ထွက်ရှိမှုနှင့် တူးဖော်ရေးအခက်အခဲများကြောင့် ၎င်းကို အထူးသဖြင့် စီးပွားရေးမတည်ငြိမ်စဥ်အတွင်း အဖိုးထိုက်တန်သော ပိုင်ဆိုင်မှုတစ်ခု ဖြစ်လာစေပါသည်။ စီးပွားရေးရိုက်ခတ်မှု လှိုင်းထန်ချိန်အတွင်း ရွှေသည် ငွေကြေးဖောင်းပွမှုကို ခုခံရန် ယုံကြည်စိတ်ချရသော အကာအကွယ်တစ်ခုအဖြစ် စွမ်းဆောင်နိုင်သောကြောင့် ၎င်း၏ ဝယ်လိုအားမှာ မြင့်တက်လျက် ရှိပါသည်။

ရွှေသည် စွယ်စုံသုံးပိုင်ဆိုင်မှုတစ်ခု ဖြစ်ပြီး ၎င်းကို ရင်းနှီးမြှုပ်နှံရေးပိုင်ဆိုင်မှုတစ်ခု အဖြစ်သာမက စက်မှုလုပ်ငန်းဆိုင်ရာ အသုံးချမှုများစွာတွင်လည်း သုံးစွဲကြပါသည်။ လက်ဝက်တန်ဆာများတွင် ၎င်း၏ လှပစွဲမက်ဖွယ်ကောင်းမှုနှင့် ကြံ့ခိုင်မှုတို့ကြောင့် ရွှေကို တန်ဖိုးထားကြပါသည်။ အီလက်ထရောနစ်ပစ္စည်းမျာနှင့် ဆေးဝါးတို့တွင် နန်းဆွဲခံနိုင်မှု နှင့် တိုက်စားမှုဒဏ်ခံနိုင်ရည်တို့ကြောင့် ရွှေကို ထည့်သွင်းအသုံးပြုကြပါသည်။ အာကာသဆိုင်ရာ လုပ်ငန်းနယ်ပယ်တွင် ရွှေကို ပစ္စည်းကိရိယာများ ဓာတ်ရောင်ခြည်သင့်မှုမှ ကာကွယ်ရန်အတွက် အသုံးပြုပါသည်။ ထို့ပြင် ရွှေသည် ၎င်း၏ ငွေဖြစ်လွယ်မှုကြောင့် ကုန်သည်များအကြား အကြိုက်တွေ့စေသော ပိုင်ဆိုင်မှုတစ်ခု ဖြစ်ပါသည်။ အဆိုပါအဖိုးတန်သတ္တုကို တည်ငြိမ်မှုနှင့် ယုံကြည်စိတ်ချရမှု၏ ပြယုဒ်အဖြစ် မှတ်ယူကြပြီး ၎င်းသည် ကမ္ဘာ့စီးပွားရေးတွင် အချက်အချာကျသော ကဏ္ဍမှ ပါဝင်ဆောင်ရွက်နေပါသည်။

ရွှေတွင် ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်နှင့် အားနည်းချက်များ

ရွှေသည် ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများအကြား လူကြိုက်များရေပန်းစားသော ပိုင်ဆိုင်မှုတစ်ခု ဖြစ်ပြီး အခြားပိုင်ဆိုင်မှုအမျိုးအစားများထက် အကျိုးကျေးဇူးအမျိုးမျိုးကို ပေးစွမ်းပါသည်။

  • ငွေကြေးဖောင်းပွမှုကို ခုခံရန် အကာအကွယ်။ ရွှေကို မြင့်မားသောငွေကြေးဖောင်းပွမှုမှ အရင်းအနှီးကို ကာကွယ်ပေးသည့် နည်းလမ်းတစ်ခုအဖြစ် သမိုင်းတလျှောက်တွင် မှတ်ယူခဲ့ကြပါသည်။ စီးပွားရေး မတည်ငြိမ်မှု (သို့) ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းမြင့်တက်နေစဥ် ကာလများအတွင်း ရွှေတန်ဖိုးတက်နိုင်ချေရှိသောကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ ဝယ်ယူမှုအင်အားကို ထိန်းသိမ်းပေးပါသည်။
  • ရင်းနှီးမြှုပ်နှံရေးလုပ်ငန်း အမျိုးမျိုးခွဲဖြာလုပ်ဆောင်ခြင်း။ ရွှေတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ရင်းနှီးမြှုပ်နှံ‌ရေးလုပ်ငန်းစဥ်၏ ယေဘုယျစွန့်စားမှုအလုံးစုံကို လျော့ချရန် ကူညီပေးပါသည်။ ရွှေသည် စတော့အပါအဝင် ငွေချေးစာချုပ်များနှင့် ဆက်နွယ်ပတ်သက်မှု နည်းပါးသည်၊ ဆိုလိုသည်မှာ ၎င်း၏ တန်ဖိုးသည် အခြားပိုင်ဆိုင်မှုများ၏ ဆန့်ကျင်ဘက်ဦးတည်ချက်သို့ ရွေ့လျားလေ့ရှိပါသည်။
  • ငွေဖြစ်လွယ်မှု။ ‌ရွှေသည် ငွေဖြစ်လွယ်မှု မြင့်မားသော ပိုင်ဆိုင်မှုတစ်ခု ဖြစ်ပြီး ၎င်းကို ကမ္ဘာ့စျေးကွက်အတွင်း ကြိုးစားအားထုတ်မှု အနည်းငယ်ဖြင့် ရောင်းဝယ်နိုင်ပါသည်။ ထိုသို့ဖြင့် ၎င်းသည် ပိုင်ဆိုင်မှုကို ငွေသားအဖြစ် လျင်မြန်စွာ ပြောင်းလဲလိုသော ရင်းနှီးမြှုပ်နှံသူများအတွက် စွဲမက်ဖွယ်ရွေးချယ်မှုတစ်ရပ် ဖြစ်လာစေပါသည်။
  • အကြပ်အတည်းများအကြား ယုံကြည်စိတ်ချရမှု။ စီးပွားရေးအကြပ်အတည်းများနှင့် ပထဝီနိုင်ငံရေး တင်းမားမှုများအတွင်း ၎င်းတို့၏ အရင်းအနှီးများ ထိန်းသိမ်းရန် ရှာဖွေနေသော ရင်းနှီးမြှုပ်နှံသူများအတွက် ရွှေကို လုံခြုံဘေးကင်းသော ပိုင်ဆိုင်မှုတစ်ခုအဖြစ် ယူဆလေ့ရှိကြပါသည်။

သို့သော် ရွှေတွင်ရင်းနှီးမြှုပ်နှံခြင်းမှာ အားနည်းချက်များ ရှိပါသည်။

  • အပိုဝင်ငွေမရရှိခြင်း။ စတော့များ (သို့) ငွေးချေးစာချုပ်များနှင့် မတူဘဲ ရွှေသည် အမြတ်ဝေစုများ (သို့) အတိုး ကဲ့သို့သော အပိုဝင်ငွေ မရရှိနိုင်ပါ။ ရင်းနှီးမြှုပ်နှံသူများသည် ရွှေတန်ဖိုးတက်လာခြင်းမှသာလျှင် အကျိုးအမြတ်များ ရရှိပါသည်။
  • မတည်ငြိမ်ခြင်း။ ၎င်း၏ဂုဏ်ပုဒ်အတိုင်း လုံခြုံစိတ်ချရသော ပိုင်ဆိုင်မှုတစ်ခု ဖြစ်သော်လည်း ရွှေသည် ရေတိုကာလများတွင် သိသာသော မတည်ငြိမ်မှုကို ပြသနိုင်ပါသည်။ ပြင်းထန်သော စျေးအတက်အကျများသည် ရေတိုရင်းနှီးမြှုပ်နှံသူများအတွက် ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။
  • စုဆောင်းသိုလှောင်ခြင်းနှင့် အာမခံအတွက် ကုန်ကျစရိတ်များ။ ရုပ်ပိုင်းဆိုင်ရာ ရွှေသည် အထူးသဖြင့် ပမာဏကြီးမားပါက သိုလှောင်မှုနှင့် အာမခံကုန်ကျစရိတ်များကို ဖြစ်ပေါ်စေပါသည်။ ၎င်းတို့သည် ရင်းနှီးမြှုပ်နှံမှုမှ ပြန်လည်ရရှိမည့် အမြတ်စုစုပေါင်းကို လျော့နည်းသွားစေနိုင်ပါသည်။ သို့ဖြစ်၍ ရင်းနှီးမြှုပ်နှံသူအများစုသည် ရွှေ CFD များတွင် မာဂျင်ကုန်သွယ်မှုကို ပိုမိုနှစ်ခြိုက်ကြပါသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ရွှေအတုံးအခဲများကို လက်တွေ့ဝယ်ယူရခြင်းမရှိဘဲ စျေးအတက်အကျများမှ အမြတ်ရယူနိုင်သောကြောင့် ဖြစ်ပါသည်။
  • ကမ္ဘာ့စျေးနှုန်းများအပေါ် မှီခိုနေရခြင်း။ ဝယ်လိုအားနှင့် ရောင်းလိုအား၊ အဓိကစီးပွားရေးလုပ်ငန်းများ၏ စီးပွားရေးစွမ်းဆောင်ချက် နှင့် ပထဝီနိုင်ငံရေး အခြေအနေ ကဲ့သို့သော ကမ္ဘာ့အကြောင်းအရာများဖြင့် ရွှေတန်ဖိုးကို ဆုံးဖြတ်ပေးပါသည်။ ဤသည်မှာ ရင်းနှီးမြှုပ်နှံသူများမှ လွှမ်းမိုးထိန်းချုပ်မရနိုင်သော ပြင်ပရိုက်ခတ်မှုဒဏ်များကြောင့် သက်ရောက်မှုဖြစ်စေပါသည်။

ရွှေသည် အထူးသဖြင့် စီးပွားရေးမတည်ငြိမ်စဥ်အတွင်း ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းစဥ်ကို ခွဲဖြာဆောင်ရွက်ရာတွင် အဖိုးထိုက်တန်သော ပိုင်ဆိုင်မှုတစ်ခု ဖြစ်နိုင်ပါသည်။ သို့သော် ရင်းနှီးမြှုပ်နှံရေး ဆုံးဖြတ်ချက်များ မချမှတ်မီ သတိထားချဥ်းကပ်မှုနည်းလမ်းကို ကျင့်သုံးရန် နှင့် ပါဝင်ပတ်သက်သော စွန့်စားမှုအလားအလာများကို ဂရုတစိုက်ဖြင့် ချင့်တွက်ရန် အရေးကြီးပါသည်။

ကြိုတင်ခန့်မှန်းမှုများကို ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်ပုံ

ရွှေဈေးနှုန်းများကို ခန့်မှန်းရာတွင်၊ ကျွန်ုပ်တို့သည် ပြီးပြည့်စုံသော ချဉ်းကပ်မှုပုံစံတခုကို အသုံးပြုပါသည်။

  • ကာလတိုခန့်မှန်းချက်များသည် indicators များ၊ ကုန်သွယ်မဏများနှင့် ဈေးကွက်အလေးသာမှုအပါအဝင် နည်းပညာဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ် အမှီအခိုပြုပါသည်။
  • ကာလအလယ်အလတ်ခန့်မှန်းချက်များသည် အရင်းခံစီးပွားရေးအချက်အလက်၊ ဗဟိုဘဏ်မူဝါဒများနှင့် လတ်တလောပထဝီနိုင်ငံရေးဖြစ်ရပ်များအပေါ် အခြေခံပါသည်။
  • ကာလရှည်ခန့်မှန်းချက်များသည် အခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု၊ ကမ္ဘာလုံးဆိုင်ရာ မက်ခရိုစီးပွားရေးလမ်းကြောင်းများ ကမ္ဘာ့ကုန်သွယ်မှုနှင့် ရွှေဝယ်လိုအား အပြောင်းအလဲများအပြင် ထိပ်တန်းခွဲခြမ်းစိတ်ဖြာမှုအေဂျင်စီများ၏ ကြိုတင်မှန်းဆချက်များကို ထည့်သွင်းစဉ်းစားပါသည်။

နိဂုံးချုပ် - ရွှေသည် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါသလား?

ရွှေသည် ရှုပ်ထွေးသော ပိုင်ဆိုင်မှုအမျိုးအစားတခုဖြစ်ပြီး ၎င်း၏တန်ဖိုးအပေါ် ဆွေးနွေးငြင်းခုံမှုများ ရှိနေဆဲ ဖြစ်သည်။ သမိုင်းကြောင်းအရ ၎င်းသည် ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးမတည်ငြိမ်မှုများကြောင့် ဆုံးရှုံးမှုများမဖြစ်စေရန် ကာကွယ်ပေးခဲ့ပြီး အခြား ပိုင်ဆိုင်မှုများ တန်ဖိုးကျဆင်းချိန်တွင် ၎င်း၏တန်ဖိုးကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။ သို့သော် ရွှေသည် အမြတ်ဝေစု ပေးဆောင်ခြင်း မရှိသောကြောင့် စီးပွားရေးတိုးတက်‌သော ကာလများတွင် စတော့များ သို့မဟုတ် ဘွန်းများထက် ဆွဲဆောင်မှု ပိုနည်းပါသည်။

သင်၏ ရင်းနှီးမြှုပ်နှံမှုအစုအတွင်းသို့ ရွှေကို တည့်သွင်းမည် မသွင်းမည်ဆိုသော ဆုံးဖြတ်ချက်မှာ သင်၏ ကိုယ်ပိုင်ရည်မှန်းချက်များ၊ လက်ခံနိုင်သော စွန့်စားမှုအတိုင်းအတာနှင့် စီးပွားရေးအချက်အလက်ကြိုတင်ခန့်မှန်းချက်များအပေါ်တွင် လုံးလုံးလျားလျား မူတည်ပါသည်။ မည်သို့ပင်ဖြစ်စေ၊ ရွှေပမာဏအနည်းငယ်ကို လက်ဝယ်စုဆောင်းထားခြင်းသည် ပိုင်ဆိုင်မှုခွဲခြမ်းခြင်းနှင့် ကာကွယ်ခြင်းများအတွက် အသုံးဝင်နိုင်သည်။ သို့သော် ၎င်းကို အဓိကရင်းနှီးမြှုပ်နှံမှုနည်းလမ်းတခုအဖြစ် ပုံအော၍ အားမကိုးသင့်ပါ။

ရွှေဈေးနှုန်းခန့်မှန်းချက် အမေး၊အဖြေ။

၀၁.၀၅.၂၀၂၆ တွင် လက်ရှိရွှေဈေးနှုန်းမှာ $4 610.81 ဖြစ်ပါသည်။

ရွှေ၏ဈေးနှုန်းသည် ငွေကြေးဖောင်းပွမှု၊ အတိုးနှုန်းများ၊ ပထဝီနိုင်ငံရေးမတည်ငြိမ်မှုများနှင့် အ‌ခြားအကြောင်းအရာများစွာ၏ လွှမ်းမိုးမှုကို ခံစားရသောကြောင့်၊ ၎င်း၏ဈေးနှုန်း မြင့်တက်မည် သို့မဟုတ် ကျဆင်းမည်ကို ကြိုတင်မှန်းဆရန် ခဲယဉ်းပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ စီးပွားရေးမငြိမ်မသက်ဖြစ်သော ကာလများတွင် ရွှေ၏တည်ငြိမ်သောအရည်အချင်းကြောင့် ခွဲခြမ်းစိတ်ဖြာမှုပညာရှင်အများစုမှ တိုးတက်ရန်အလားအလာတရပ်ကို ရှုမြင်ကြပါသည်။

နောက်လာမည့်ငါးနှစ်အတွင်း ရွှေစျေးနှုန်းများအပေါ် မည်သည့်အကြောင်းအရာများမှ လွှမ်းမိုးမည်ကို ကြိုတင်ခန့်မှန်းရန် ခက်ခဲသောကြောင့် ကာလရှည် ခန့်မှန်းချက်များသည် ယုံကြည်စိတ်ချရမှု နည်းပါးပါသည်။ သို့သော် ငွေကြေးဖောင်းပွမှု ဆက်လက်မြင့်မားနေပြီး ကမ္ဘာ့စီးပွားရေးတွင် အကြပ်အတည်းများဖြင့်ရင်ဆိုင်ရပါက ရွှေသည် $5,917.17–$5,952.00 ကြား အမြင့်ဆုံးစံချိန်အသစ်များသို့ ရောက်ရှိနိုင်ပါသည်။

လာမည့်ဆယ်စုနှစ်တွင်၊ ရွှေသည် နည်းပညာ တိုးတက်မှုများ၊ ကမ္ဘာ့စီးပွားရေး အပြောင်းအလဲများနှင့် ဖြစ်ပျက်ပြောင်းလဲသော ပထဝီနိုင်ငံရေးအခင်းအကျင်းတို့၏ လွှမ်းမိုးမှုကို ခံစားရမည် ဖြစ်သည်။ ရွှေသည် ဆွဲဆောင်မှုရှိသော ပိုင်ဆိုင်မှုတခုအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်သော်လည်း ၎င်း၏တန်ဖိုး မည်မျှရှိမည်ကို ခန့်မှန်းရန် ခက်ခဲပါသည်။ အချို့ ခန့်မှန်းချက်များသည် $7,543.00–$8,999.00 အထိ ရောက်ရှိနိုင်ကြောင်း အဆိုပြုကြပါသည်။

အထူးသဖြင့် စီးပွားရေး မတည်ငြိမ်သော ကာလများတွင် ရွှေကို ဘေးကင်းသောပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ထားကြသည်။ သို့သော် ရွှေဝယ်ယူခြင်းတွင်လည်း ဆုံးရှုံးနိုင်ခြေများ ပါဝင်ပါသည်။ ဆုံးဖြတ်ချက်မချမီ၊ စျေးကွက်ကို သေချာစွာခွဲခြမ်းစိတ်ဖြာရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူများ၏ ထင်မြင်ချက်များကို ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။

အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ထားသော ရွှေ၏တန်ဖိုးကို ကိုယ်စားပြုသည့် XAUUSD ၏ အနာဂါတ်သည် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်၊ကျဆင်းမှုများနှင့် ဈေးကွက်အလေးသာမှုတို့ဖြင့် နီးစပ်စွာဆက်စပ်နေပါသည်။ တန်ဖိုးကျဆင်းလာသော ‌ဒေါ်လာနှင့် တိုးပွားလာသော မသေချာမရေရာမှုသည် ရွှေဈေးနှုန်းများကို တိုးတက်စေနိုင်ကာ၊ ဒေါ်လာတန်ဖိုးတိုးတက်ခိုင်မာမှုသည် ရွှေဈေးနှုန်းကို ကျဆင်းစေနိုင်ပါသည်။

ရွှေဝယ်ယူရန် ဆုံးဖြတ်ချက်သည် တဦးချင်းစီ၏ ဘဏ္ဍာရေးဆိုင်ရာ ရည်မှန်းချက်များနှင့် လက်ခံနိုင်သော စွန့်စားမှုအတိုင်းအတာအပေါ် မူတည်ပါသည်။ ငွေကြေးဖောင်းပွမှုကို ကာကွယ်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုခွဲတမ်းချခြင်းကို ရှာဖွေနေပါက၊ ရွှေသည် သင့်တော်ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါသည်။ သို့သော် စီးပွားရေးအခြေအနေနှင့် အခြားရွေးချယ်စရာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကိုလည်း ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။

ရွှေစျေးနှုန်း မည်သည့်အချိန်တွင် မြင့်တက်လာမည်ကို အတိအကျ ခန့်မှန်းရန်မှာ စိန်ခေါ်မှုတရပ်ပင် ဖြစ်ပါသည်။ ငွေကြေးဖောင်းပွမှု၊ ပထဝီနိုင်ငံရေးအကျပ်အတည်းများ သို့မဟုတ် အတိုးနှုန်းလျှော့ချမှုများကဲ့သို့ အမျိုးမျိုးသော အကြောင်းကိစ္စရပ်များသည် တိုးတက်မှုကို ဖြစ်ပေါ်စေနိုင်ပါသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စျေးကွက် ပြောင်းလဲတိုးတက်မှုများကို အနီးကပ် စောင့်ကြည့်ရန်နှင့် စေ့စပ်သေချာသော ပိုင်းခြားစိတ်ဖြာမှုများကို ပြုလုပ်သင့်ပါသည်။

ရွှေကို ပုံမှန်အတိုင်း တန်ဖိုးတိုးမြင့်မှုရှိသည့် လုံခြုံစိတ်ချရသော ပိုင်ဆိုင်မှုတစ်ခုအဖြစ် စဥ်းစားကြပါသည်။ ထိုကြောင့် XAU/USD သည် တန်ဖိုးကျဆင်းနိုင်ဖွယ် မရှိ၍ မြင့်တက်လာသည့် စီးပွားရေးနှင့် ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် ဆက်နွယ်သောစွန့်စားမှုများမှ အကွယ်အကွယ်တစ်ခုအဖြစ် ဝယ်လိုအားကို ဆက်လက်ထိန်းသိမ်းထားပါမည်။

ရွှေအတွက် ဖြစ်နိုင်ချေ အနိမ့်ဆုံးစျေးနှုန်းကို ခန့်မှန်းရန် ခက်ခဲသည်။ ဒေါ်လာအားကောင်းခြင်း၊ ငွေကြေးဖောင်းပွမှု နည်းပါးခြင်း သို့မဟုတ် စီးပွားရေးအခြေအနေ တိုးတက်လာခြင်းတို့ကြောင့် စျေးနှုန်းများ ကျဆင်းနိုင်သည်။ နည်းပညာပိုင်းခြားစိတ်ဖြာချက်နှင့် သမိုင်းဆိုင်ရာ အချက်အလက်များသည် ဝယ်လိုအား ဈေးတန်းများကို ဆုံးဖြတ်ရန် အဖိုးတန်သော သိမြင်မှုများကို ပေးစွမ်းနိုင်သည်။ သို့သော် ရွှေဈေးသည် သုညဖြစ်မည်မဟုတ်ပေ။

ရွှေစျေးနှုန်းတိုးမြင့်မှုအတွက် အဓိကအကြောင်းရင်းများမှာ အထွေထွေစီးပွားရေးဆိုင်ရာ အချက်များ၊ တင်းမာလျက်ရှိသော ပထဝီနိုင်ငံရေးအခြေအနေ၊ ကမ္ဘာတဝှမ်းငွေကြေးဖောင်းပွမှု နှင့် ငွေကြေးဆိုင်ရာမူဝါဒများ တင်းကြပ်မှုတို့ဖြစ်ပါသည်။

လက်တွေ့ဈေးကွက်အချိန်ရှိ XAUUSD ၏စျေးနှုန်းဇယား

2026, 2027, 2028-2030 နှင့် နောင်လာမည့်နှစ်များအတွက် ရွှေစျေးနှုန်းကြိုတင်ခန့်မှန်းချက် နှင့် မှန်းဆချက်များ

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat