ဤဆောင်းပါးတွင် ကျွန်ုပ်သည် နိုင်ငံတကာငွေကြေးဈေးကွက်အတွင်းရှိကုန်သွယ်မှု၏ ကွဲပြားချက်များကို ဆွေးနွေးပါမည်။ လွန်ခဲ့သော ၁၀ နှစ် သို့မဟုတ် နှစ် ၂၀ မှ ကဲ့သို့ပင် ယနေ့ခေတ်ရှိ Forex ကုန်သွယ်မှုသည် အွန်လိုင်းပေါ်မှဝင်ငွေရရှိသည့် အလျင်မြန်ဆုံးနှင့်အထင်ရှားဆုံးနည်းလမ်းတစ်ခုဖြစ်သည်။ အကယ်၍ သင်သည် အကြောင်းတစ်ခုခုကြောင့် Forex ကုန်သည် မဖြစ်သေးပါက ဤဆောင်းပါးကို ဖတ်ရှု၍ နိုင်ငံတကာငွေကြေးဈေးကွက်ရောင်းဝယ်မှုအကြောင်းကို လေ့လာမှတ်သားသင့်သည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


နိုင်ငံတကာငွေကြေးရောင်းဝယ်မှုဆိုသည်မှာ အဘယ်နည်း။

နိုင်ငံတကာငွေကြေးလဲလှယ်မှုဆိုင်ရာ အယူအဆသည် ရှေးကတည်းက စတင်ပေါ်ပေါက်လာခဲ့ပြီး၊ Forex ကုန်သည်များသည် နိုင်ငံခြားငွေကို ရနိုင်သမျှ ဈေးပေါပေါဖြင့် ဝယ်ယူကြပြီး ၎င်းကို အဆများစွာတင်၍ ရောင်းချကာ ဈေးနှုန်းကွာခြားမှုမှ အကျိုးအမြတ်ကိုရယူကြသည်။

LiteFinance: နိုင်ငံတကာငွေကြေးရောင်းဝယ်မှုဆိုသည်မှာ အဘယ်နည်း။

Forex အရောင်းအ၀ယ်ဥပမာတစ်ခုကို ဖော်ပြပါမည်၊ ကုန်သည်တစ်ဦးသည် အမေရိကန် ၁ ဒေါ်လာလျှင် ဗြိတိန်ပေါင် ၁ ပေါင်နှုန်းဖြင့် ပေါင် ၁၀၀ ကို ဝယ်ယူလိုက်သည်။ ထို့နောက် အချိန်ကာလတစ်ခု ကြာမြင့်လာသည့်အခါ ပေါင်တန်ဖိုး တက်လာပြီး ၁ ပေါင်ကို ၂ ဒေါ်လာအထိ ရရှိရှိလာချိန်တွင် အဆိုပါ ပေါင် ၁၀၀ အား ရောင်းချခဲ့ရာ ဒေါ်လာ ၂၀၀ အထိ ရရှိခဲ့သည့်။ ထို့ကြောင့် ဤအရောင်းအဝယ်မှ အမြတ်မှာ ဒေါ်လာ ၁၀၀ ဖြစ်သည်။

ယနေ့ခေတ် Forex ကုန်သွယ်မှုသည် အခြေခံအားဖြင့် မပြောင်းလဲသေးဘဲ၊ တစ်ခုတည်းသော ခြားနားချက်မှာ ပထမဦးစွာ Forex ကုန်သည်များသည် ၎င်းတို့၏ ကိုယ်ပိုင်ငွေဖြင့် နိုင်ငံခြားငွေလဲလှယ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ကျွန်ုပ်တို့သည် Forex အကျိုးဆောင်များထံမှ ချေးယူထားသော ငွေကြေးများဖြင့် Forex ကုန်သွယ်မှုပြုလုပ်ခွင့်ရရှိကာ မာဂျင်ကုန်သွယ်မှုစနစ်အား အသုံးပြုနိုင်ပြီဖြစ်သည်။

ဥပမာအားဖြင့်၊ ပေါင် ၁၀၀ အား ဒေါ်လာဖြင့်ဝယ်ယူထားသော အရောင်းအဝယ်ကို သုံးသပ်ကြည့်ကြပါစို့။၊ သို့သော် ယခုအကြိမ်အတွက် leverage အသုံးပြုပါမည်။ ကုန်သည်တစ်ဦးသည် ဒေါ်လာ ၁၀၀ ဖြင့် ပေါင် ၁၀၀ ကို ဝယ်ယူသော်လည်း leverage 1:100 အသုံးပြုထားသည်။ ထို့ကြောင့် ကုန်သွယ်မှုပမာဏ အဆ ၁၀၀ တိုးလာသည်။ ဆိုလိုသည်မှာ အမှန်တကယ်တန်ဖိုးသည် ၁၀၀ မဟုတ်ဘဲ ဒေါ်လာ ၁၀၀၀၀ ဖြစ်သည်။ ငွေကြေးများကို ရောင်းချသောအခါ၊ ငွေကြေးတစ်မျိုး၏တန်ဖိုးသည် ၂၀၀ မဟုတ်တော့ဘဲ ၂၀၀၀၀ ဖြစ်ကာ ကွာခြားချက်မှာလည်း ၁၀၀ မဟုတ်ဘဲ ဒေါ်လာ ၁၀၀၀၀ ဖြစ်ပါမည်။

နိုင်ငံတကာငွေကြေးကုန်သွယ်မှု ဘယ်လိုလည်ပတ်လဲ။

ကနဦးတွင်၊ ငွေလဲလှယ်မှုသည် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးလဲလှယ်သည့်နေရာဖြစ်သည်။ နိုင်ငံများနှင့် ပြည်နယ်ကော်ပိုရေးရှင်းများသည် ပို့ကုန်နှင့် သွင်းကုန်များပေးချေရန်အတွက် နိုင်ငံသုံးငွေကြေးများကို လဲလှယ်ရန် အရောင်းအဝယ်ပြုလုပ်ကြသည်။

LiteFinance: နိုင်ငံတကာငွေကြေးကုန်သွယ်မှု ဘယ်လိုလည်ပတ်လဲ။

ယနေ့ခေတ်နိင်ငံတကာငွေကြေးလဲလှယ်မှုတွင် ငွေကြေးလဲလှယ်ခြင်းထက် အခြား ရွေးချယ်စရာများစွာ ရှိသည်။ ယခုအခါ ဤနေရာတွင် သင့်အနေဖြင့် နိုင်ငံတကာငွေကြေး၊ စတော့ရှယ်ယာများ၊ သတ္တုများ၊ ရေနံနှင့် ခရစ်ပတိုငွေကြေး စသည် တို့ကိုပင် ရောင်းဝယ်နိုင်ပါသည်။

Forex သည် တစ်ရက်လျှင် ၂၄ နာရီလည်ပတ်သည့် တစ်ခုတည်းသော ကမ္ဘာလုံးဆိုင်ရာအိတ်စ်ချိန်းဖြစ်သည်။ အကယ်၍ ဥရောပရှိ ကုမ္ပဏီတစ်ခုသည် EUR USD ကဲ့သို့သော အဓိကငွေကြေးများကို ရောင်းဝယ်လိုပါက၊ အမေရိကန်၏ မနက်ရုံးချိန် ဘဏ်ဖွင့်သည်အထိ စောင့်ဆိုင်းရန်မလိုပါ။ အဆိုပါ အရောင်းအဝယ်အား အိတ်စ်ချိန်း၌ အဆင်ပြေသောအချိန်တွင် လုပ်ဆောင်သည်။

ငွေကြေးလဲလှယ်မှုအိတ်စ်ချိန်း၏ ပုံမှန်သွားနေသော ၂၄ နာရီလည်ပတ်မှုသည် အာရှ၊ ပစိဖိတ်၊ ဥရောပ၊ နှင့် အမေရိကန်စသည့် တစ်ချိန်နှင့်တစ်ချိန် ချိတ်ဆက်ထားသည့် ကုန်သွယ်ချိန်အပိုင်းအခြား အချိန်လေးချိန်ဖြင့် လည်ပတ်စေသည်။ အမေရိကန်အိတ်စ်ချိန်းပိတ်ပြီးနောက်၊ တိုကျိုအိတ်စ်ချိန်းဖွင့်လှစ်ပြီး တိုကျိုအိတ်စ်ချိန်း ပိတ်ပြီးနောက်၊ ဆစ်ဒနီအိတ်စ်ချိန်းဖွင့်ခြင်း စသည်ဖြင့် အဆက်မပြတ်လည်ပတ်နေသည်။

ဤနည်းအားဖြင့်၊ ကမ္ဘာတစ်ဝှမ်းမှ ကုန်သည်များသည် အချိန်မရွေး ငွေကြေးအတွဲများအား အရောင်းအ၀ယ် ပြုလုပ်နိုင်သည်။ ၎င်းသည် သတ်မှတ်အချိန်ကာလများအတွင်း လုပ်ဆောင်နေသည့် စတော့အိတ်စ်ချိန်းထက် ပိုမိုအမြတ်အစွန်းဖြစ်စေသော Forex စျေးကွက်ဖြစ်သည်။

ငွေကြေးရောင်းဝယ်မှုကို မည်သို့လုပ်ဆောင်ရမည်နည်း။

Forex အရောင်းအ၀ယ်ကို မည်သို့လုပ်ဆောင်ရမည်နည်း။ အဖြေမှာ အလွန်ရိုးရှင်းပြီး အဆင့်များစွာ ပါဝင်ပါသည်။ ၎င်းသည် ရင်းနှီးမြှုပ်နှံသူများမှ အကောင့်များဖွင့်လှစ်ခြင်းနှင့် ကုန်သွယ်မှုပြုလုပ်ခြင်းမှ ဆင်းသက်လာခြင်းဖြစ်သည်။ သို့သော် ကုန်သွယ်မှုမှ အကျိုးအမြတ်ရရန် တိကျသော ညွှန်ကြားချက်များကို လိုက်နာရပါမည်။

  1. ပထမအချက်မှာ သင် ရောင်းဝယ်မည့် အိတ်စ်ချိန်းအား ဆုံးဖြတ်ရန်ဖြစ်သည်။ အကယ်၍ ငွေကြေးရောင်းဝယ်ရန် ရည်ရွယ်ပါက၊ ရွေးချယ်ရန်မှာ ငွေကြေးလဲလှယ်မှုအိတ်စ်ချိန်း သို့မဟုတ် Forex စျေးကွက် ဖြစ်သည်။
  2. ထို့နောက် ကုန်သွယ်မှုပြုလုပ်ရန် ကမ္ဘာ့ငွေကြေးလဲလှယ်မှုအိတ်စ်ချိန်းဈေးကွက်သို့ ဝင်ရောက်ခွင့်ပေးမည့် ကြားခံ ကို ရွေးချယ်ရန် လိုအပ်ပါသည်။ ကြားခံ ဆိုသည်မှာ Forex broker ဖြစ်သည်။ Forex အရောင်းအ၀ယ်အတွက် ဝန်ဆောင်မှုပေးသူအား ရွေးချယ်ပုံကို သိရှိရန်အတွက် ကျွန်ုပ်မိတ်ဆွေ ရေးသားသည့် ဆောင်းပါး၌ အဆိုပါအကြောင်းအရာအား ဆက်လက် ဖတ်ရှုနိုင်ပါသည်
  3. ထို့နောက် Forex အကျိုးဆောင် ၏ဝက်ဘ်ဆိုဒ်တွင် ရင်းနှီးမြှုပ်နှံသူအကောင့်တစ်ခုကို မှတ်ပုံတင် ပြုလုပ်ကာ ဒီမိုသရုပ်ပြအကောင့် ဖွင့်ရန်လိုအပ်သည်။ ဤအကောင့်သည် လေ့ကျင့်ရန်နှင့် သင်ယူရန် အတွက် စံပြဖြစ်သည်။ အဆိုပါအကောင့်ဖြင့် စတင်လေ့လာသူသည် နိုင်ငံခြားငွေ ရောင်းဝယ်မှု (Forex trading) အလုပ်လုပ်ပုံကို နားလည်လာပါလိမ့်မည်။
  4. နိုင်ငံတကာငွေကြေးကုန်သွယ်မှုအား လက်တွေ့အကောင့် သို့မဟုတ် လေ့ကျင့်ရေးအကောင့်ဖြင့် ရောင်းဝယ်ရန် အဆင်သင့်ဖြစ်ပြီဆိုသည်နှင့် ကုန်သွယ်မှုအကောင့်ဖွင့်ပါ။ ဤနေရာတွင် ၎င်းတို့အား မည်သို့လုပ်ဆောင်ပုံနှင့် ကုန်သွယ်နိုင်သည့် အကောင့်အမျိုးအစား များကို ရှာဖွေနိုင်ပါသည်။
  5. ထို့နောက် အရောင်းအဝယ်ပြုလုပ်မည့် ကုန်သွယ်မှုအကောင့်သို့ အကောင့်သုံးငွေကြေး ထည့်သွင်းရန်လိုအပ်သည်။ အီလက်ထရွန်းနစ်ငွေပေးချေမှုစနစ်များမှ ဘဏ်ဖြင့်ငွေလွှဲသည့် စနစ်အထိ နည်းလမ်းများစွာဖြင့် လုပ်ဆောင်နိုင်သည်။
  6. အကောင့်တွင်းငွေသွင်းမှုပြုလုပ်ပြီးနောက် သင့်အနေဖြင့် ရောင်းဝယ်လိုသော ငွေကြေးအတွဲများ ကို ရွေးချယ်ပြီး စတင်ရောင်းဝယ်၍ Forex ၌ ငွေရှာလိုက်ပါ။
  7. သင့်အနေဖြင့် သင်၏ အရည်အချင်းအား ယုံကြည်မှုလုံးဝမရှိသေးလျှင်၊ ဝက်ဘ်ဆိုက်ဘလော့ဂ်ရှိ လွယ်လင့်တကူရှာတွေ့နိုင်သော အကောင်းဆုံး အမြတ်အစွန်းများစွာရရှိနိုင်သည့် ကုန်သွယ်မှု ဗျူဟာများအား တီထွင်ခဲ့သော ကျွမ်းကျင်သူများထံမှ အကူအညီ သို့မဟုတ် အကြံဉာဏ် ရယူနိုင်ပါသည်။

ငွေကြေးရောင်းဝယ်မှုအား မည်သို့လေ့လာရမည်နည်း။

မကြာသေးမီက နှစ်များအတွင်း၊ Forex စျေးကွက်များ၏ ပွင့်လင်းမြင်သာမှုသည် အလွန်အားကောင်းလာခဲ့ပြီး ယခုအခါ အချက်အလက်အများအပြားကို မည်သူမဆိုရရှိနိုင်ပြီဖြစ်သည်။ Forex ကုန်သွယ်မှုကို လေ့လာရန် အမြန်ဆုံးနှင့် စျေးအသက်သာဆုံးနည်းလမ်းမှာ ဆရာ သို့မဟုတ် နည်းပြကို ရှာဖွေရန်ဖြစ်သည်။ သင်နေထိုင်ရာနေရာတွင် အဆိုပါဆရာကို ရှာဖွေနိုင်လျှင် ၎င်းတို့နဲ့ အနီးကပ်လေ့လာနိုင်မည်ဖြစ်သည်။ အတွေ့အကြုံရှိသော ကုန်သည်တစ်ဦးနှင့် အရောင်းအဝယ်လုပ်ဆောင်မှုကို သင်ကြားလေ့ကျင့်ခြင်းဖြင့်၊ သင်ယူသူသည် ဤလုပ်ငန်း၏ ထူးခြားချက်အားလုံးကို လျင်မြန်စွာ နားလည်နိုင်မည်ဖြစ်သည်။

LiteFinance: ငွေကြေးရောင်းဝယ်မှုအား မည်သို့လေ့လာရမည်နည်း။

ငွေကြေးရောင်းဝယ်မှုဆိုင်ရာ ရေးသားထားသည့်စာအုပ်များ

ကျွန်ုပ်အား ကုန်သည်တစ်ဦးအဖြစ် ရပ်တည်ခြင်းကို အထောက်အကူဖြစ်စေသော စာအုပ်စာပေနှင့် ပတ်သက်လာလျှင် ကျွန်ုပ်အနေဖြင့် အကြံပြုလိုသည်မှာ - ဤစာပေများမှာ ခေတ်မီစာပေများမဟုတ်ပါ။ ကျွန်ုပ်အမြင်အရ"Trading for Dummies" သို့မဟုတ် "5 Secret Trading Strategies" ကဲ့သို့သော ခေတ်ပြိုင်စာအုပ်များသည် စျေးကွက်ချဲ့ထွင်ရန် အတွက် ထုတ်ဝေသော စာအုပ်ထပ်မပိုပါ၊ ၎င်းတို့ကို ငွေရှာရန်အတွက်သာ ရေးသားထားပါသည်။ ဂျော့ဆိုးရော့စ် တစ်ချိန်က ပြောခဲ့သည့်အတိုင်း “သင်လေ့လာလိုပါက အသိပညာကြွယ်ဝသူများထံ၌ သင်ယူပါ။”

ကျွန်ုပ်သည် ကျွန်ုပ်၏ ထိပ်တန်းကုန်သွယ်မှုစာအုပ် ၃ အုပ်စာရင်းကို ပြုလုပ်ထားပါသည်။

1. Reminiscences of a Stock Operator, Edwin Lefèvre.

ကျွန်ုပ် အပါအဝင် Forex ကုန်သည်အများစုသည် ဤစာအုပ်ကို ရောင်းဝယ်မှုလုပ်ဆောင်ပုံအတွက် အကောင်းဆုံးလမ်းညွှန်အဖြစ် ယူဆပါသည်။ ၎င်းသည် ဒဏ္ဍာရီလာ ကုန်သည် Jesse Livermore ၏ အတ္ထုပ္ပတ္တိကို ဖော်ပြထားပြီး သူကိုယ်တိုင် တွေ့ရှိခဲ့သည့် အခြေအနေများအကြောင်း အဓိကအားဖြင့် ဖော်ပြထားသည်။ ဤစာအုပ်တွင် တန်ဖိုးအရှိဆုံး အယူအဆမှာ ကုန်သွယ်မှု စိတ်ပညာဖြစ်သည်။ ၎င်းသည် ကုန်သွယ်မှုများစွာနှင့် ၎င်းတို့ကို ဦးတည်စေသည့် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များကို ဖော်ပြသည်။ ဘဏ်များနှင့် အခြားသော ဘဏ္ဍာရေး အဖွဲ့အစည်းများ၏ စျေးကွက်ချဲ့ထွင်မှု လုပ်ငန်းစဉ်ကိုလည်း အံ့သြဖွယ် ထုတ်ဖော်ပြသခဲ့သည်။

အကယ်၍ သင်သည် ကုန်သွယ်မှုသမိုင်းကို စိတ်ဝင်စားကာ စျေးကွက်တွင်ဖြစ်ပွားသော လုပ်ငန်းစဉ်များနှင့် ငွေကြေးလဲလှယ်ခြင်းဆိုင်ရာ အမှန်တရားတစ်ခုလုံးကို နားလည်သဘောပေါက်လိုပါက ဤစာအုပ်သည် သင်၏ပထမဆုံးရွေးချယ်မှုဖြစ်သင့်ပါသည်။

2. The Intelligent Investor, Benjamin Graham

The Intelligent Investor ရေးသားသူမှာ Warren Buffett ၏ ဆရာကိုယ်တိုင်ဖြစ်သည်။ ၎င်း၏စာအုပ်ကို သမာရိုးကျကုန်သွယ်ခြင်း၏ လက်ရာဟု ယူဆကြသည်။ ဘဏ္ဍရေးဆိုင်ရာကုန်သွယ်မှုအမျိုးအစားများအပေါ် မက်ခရိုစီးပွားရေး လုပ်ငန်းစဉ်များ၏ အကျိုးသက်ရောက်မှုများအကြောင်း ဆွေးနွေးထားသည်။ လက်တွေ့တွင် ၎င်းသည် ယေဘုယျအားဖြင့် စီးပွားရေးညွှန်းကိန်းများနှင့် အခြေခံခွဲခြမ်းစိတ်ဖြာမှုကိရိယာများ ကဲ့သို့သော ငွေကြေးဖောင်းပွမှုနှင့် ငွေကြေးမူဝါဒများသည် စျေးကွက်အခြေအနေအား မည်သို့အကျိုးသက်ရောက်စေသော လမ်းညွှန်ချက်တစ်ခုဖြစ်သည်။ စာအုပ်တွင်၊ စာရေးသူသည် ပိုင်ဆိုင်မှုအစုရင်းနှီးမြုပ်နှံမှုများကို အသေးစိတ်ဖော်ပြပြီး အစုရှယ်ယာစီမံခန့်ခွဲမှု၏ အခြေခံမူများကို ရှင်းပြထားသည်။

ဂရေဟမ်၏စာအုပ်များသည် နားလည်ရခက်ပြီး အရောင်းအ၀ယ်နှင့်ပတ်သက်၍ အကြောင်းအရာတစ်ခု/ နှစ်ခုကို သိပြီးသားသူများအတွက် သင့်လျော်ပါသည်။ သို့သော် Intelligent Investor ကို ထဲထဲဝင်ဝင် စူးစမ်းလေ့လာခဲ့ပါက၊ သင်၏ကိုယ်ပိုင်ဗျူဟာများကို ဖန်တီးရန် အကူအညီရမည်ဖြစ်ပြီး မှန်ကန်စွာ အကောင်အထည်ဖော်ပါက တည်ငြိမ်သော ၀င်ငွေရရှိစေမည်ဖြစ်သည်။

3. The Dow Theory, Rhea Robert

ကျွန်ုပ်ဖတ်ခဲ့ရသည့် အကောင်းဆုံး Dow Theory စုစည်းမှုမှာ Charles H. Dow သေဆုံးပြီးနောက် Wall Street Journal ၌ ထုတ်ဝေခဲ့သည့် William Peter Hamilton၊ Robert Rhea နှင့် E. George Schaefer တို့၏ ဆောင်းပါးများဖြစ်သည်။

ဤစုစည်းမှုတွင် နည်းပညာပိုင်းခြားစိတ်ဖြာမှု၏ အဓိကမူကြီးသုံးရပ်အကြောင်း လေ့လာနိုင်ပြီး အရေးအကြီးဆုံးမှာ စာရေးသူမှ ဖော်ထုတ်ထားသည့် စျေးကွက်အတွင်းရှိ ဈေးနှုန်းလမ်းကြောင်း နှင့် အဆိုပါလမ်းကြောင်း၏ယာယီဆန့်ကျင်ဘက်လမ်းကြောင်းများနှင့် သက်ဆိုင်သော သဘောတရားများ အကြောင်း၊ ခေတ်သစ်စာပေတွင် တင်ပြသည့်ပုံစံထက် စာရေးဆရာမှ ပုံဖော်ထားသည့် စျေးကွက်အကြောင်း ဖြစ်သည်။

ယေဘုယျအားဖြင့် သင်သည် နည်းပညာပိုင်းခြားစိတ်ဖြာမှုအား မူရင်းပုံစံဖြင့် သင်ယူလိုပါက၊ Charles Dow ၏ ဂန္တဝင်သီအိုရီစာအုပ်ကို အွန်လိုင်းတွင် အချိန်ယူ၍ရှာဖွေပါ။

စာအုပ်များသည် ငွေကြေးလဲလှယ်ရောင်းဝယ်ရေးတွင် မည်သို့လုပ်ဆောင်ရမည်ကို လေ့လာရန် နည်းလမ်းတစ်ခုဖြစ်သည်။ သို့သော် ၎င်းတို့အား ဖတ်ရုံနှင့် ဝင်ငွေရမည် မဟုတ်သည်ကို နားလည်ထားသင့်ပါသည်။ ဝင်ငွေရှာရန်မှာ သင်သိရှိထားသော အသိပညာကို ကုန်သွယ်ခြင်းဖြင့် လက်တွေ့ အသုံးချရန်လိုအပ်သည်။ သန်းပေါင်းများစွာရှာဖွေနိုင်သောသူများမှာ အလွန်ရှားပါသည်။ သို့သော် မရှာသောသူမူကား ဘယ်တော့မှ ရရှိမည်မဟုတ်ပါ။ ထို့ကြောင့် အချိန်ကို အလဟဿမဖြစ်စေဘဲ ငွေရှာရန် နည်းလမ်းများ ရှာဖွေပါ။”

ငွေကြေးလဲလှယ်နှုန်း အတက်အကျများကို မည်သည်က ဖြစ်ပေါ်စေသနည်း။

အခြားသော ကုန်စည်များ၏ ဈေးနှုန်းများကဲ့သို့ ငွေလဲနှုန်းနှင့် ငွေကြေးစျေးနှုန်းများသည် အကြောင်း အမျိုးမျိုးသော လွှမ်းမိုးမှုအောက်တွင် အဆက်မပြတ် ရွေ့လျားနေပါသည်။ စျေးနှုန်းအပြောင်းအလဲများသည် ငွေလဲနှုန်းကွာခြားချက်အပေါ် ဝင်ငွေရရှိရန် အခွင့်အလမ်းကို ဖန်တီးပေးသည်။

LiteFinance: ငွေကြေးလဲလှယ်နှုန်း အတက်အကျများကို မည်သည်က ဖြစ်ပေါ်စေသနည်း။

ငွေလဲနှုန်းနှင့် ဈေးနှုန်းများ ရွေ့လျားရသည့် အကြောင်းရင်းများစွာရှိသည်။ အရေးကြီးဆုံးဖြစ်သော အကြောင်းအရာများကို လေ့လာကြည့်ရအောင်။

အတိုးနှုန်း

ကမ္ဘာတစ်ဝှမ်းရှိ ဗဟိုဘဏ်များ၏ အတိုးနှုန်းများသည် ငွေလဲနှုန်းကို လွှမ်းမိုးသည့် အဓိကအချက်ဖြစ်သည်။ နိုင်ငံတစ်ခုစီ၏ ဗဟိုဘဏ်သည် ကူးသန်းရောင်းဝယ်ရေးဘဏ်များမှ ချေးယူသည့် အတိုးနှုန်းကို သတ်မှတ်ပေးပြီး အခြားသုံးစွဲသူများထံ ဖြန့်ဝေပေးသည်။ အတိုးနှုန်းသည် နိုင်ငံတော် ငွေကြေးမူဝါဒ၏ အဓိက ကန့်သတ်ချက်ဖြစ်သည်။

အတိုးနှုန်း တိုးမြှင့်ခြင်းသည် ငွေကြေးဖောင်းပွမှုကို လျော့ကျစေသည်၊ ဆိုလိုသည်မှာ ၎င်းသည် ဆုံးရှုံးနိုင်ချေမြင့်မားသော ကုန်သွယ်ရေးအမျိုးအစားများတွင် အတိုးနှုန်း တိုးလာကာ တိုင်းပြည်၏ နိုင်ငံသုံးငွေသည် အများအားဖြင့် အားကောင်းလာသည်။ အတိုးနှုန်းကျဆင်းခြင်းသည် အများအားဖြင့် ကူးသန်းရောင်းဝယ်ရေးဘဏ်များနှင့် စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေကုန်ကျစရိတ်ကို လျော့နည်းစေပြီး ငွေကြေးဖောင်းပွမှုကို မြင့်တက်စေကာ နိုင်ငံသုံးငွေဝယ်လိုအား ကျဆင်းစေနိုင်သည်။

ငွေကြေးဖောင်းပွမှု

ငွေကြေးဖောင်းပွမှုသည် နိုင်ငံတစ်နိုင်ငံအတွင်း လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းများ ပြောင်းလဲခြင်းဖြစ်စဉ် ဖြစ်သည်။ ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းသည် ကုန်စည်ဈေးနှုန်းများ မြင့်တက်လာစေကာ ယင်းသည် နိုင်ငံသုံးငွေကြေးတန်ဖိုး ကျဆင်းမှုကို ဖြစ်ပေါ်စေသည်။ ငွေကြေးဖောင်းပွမှု ကျဆင်းပါက ပြည်တွင်း ကုန်ပစ္စည်းများ စျေးသက်သာပြီး နိုင်ငံသုံးငွေကို ပိုမိုအားကောင်းစေသည်။

သို့သော် ဤပုံသေနည်းသည် လုံး၀မပြည့်စုံပါ၊၊ အကြောင်းမှာ ကမ္ဘာတစ်ဝှမ်းလုံးရှိ နိုင်ငံသုံးငွေကြေး ၏ ကိုးကားချက်များအပေါ် ငွေကြေးဖောင်းပွမှု၏အကျိုးသက်ရောက်မှုသည် တစ်ခါတစ်ရံ တွင် အလွန်ပုံပျက်ပန်းပျက်ဖြစ်တက်သည်။ ငွေကြေးဖောင်းပွမှုအစစ်အမှန်သည် ဗဟိုဘဏ်မှ သတ်မှတ်ထားသော ရည်ညွှန်းချက်အကွာအဝေးထက် ကောင်းမွန်နေသည့်အခါ ၎င်းကို မကြာခဏ သတိပြုမိပါသည်။ ဤအခြေအနေတွင်၊ နိုင်ငံတော်ငွေကြေးသည် အနာဂတ်ငွေကြေးဖောင်းပွမှု၏ ညွှန်ပြချက်တစ်ခု ဖြစ်လာနိုင်သည် - ငွေလဲနှုန်းတိုးလာခြင်းသည် ၎င်း၏နောက်ဆက်တွဲကျဆင်းမှုကို ဦးတည်သွားစေနိုင်သည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု

အခြားသော မက်ခရိုစီးပွားရေးအညွှန်းကိန်းများသည်လည်း နိုင်ငံတော်ငွေကြေး၏ ငွေလဲနှုန်းအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိသည်။ အဓိကအချက်များမှာ ပြည်တွင်းအသားတင်ထုတ်ကုန် သို့မဟုတ် GDP နှင့် အလုပ်လက်မဲ့နှုန်း သို့မဟုတ် အလုပ်လက်မဲ့တောင်းဆိုမှုများကဲ့သို့သော အလုပ်သမားဈေးကွက် အခြေအနေ ၏ ညွှန်းကိန်းများဖြစ်သည်။

ဥပမာအားဖြင့်၊ အမေရိကန်ပြည်ထောင်စုတွင်၊ အပတ်စဉ်ထုတ်ပြန်သည့် အလုပ်လက်မဲ့ အကျိုးခံစားခွင့်များ အတွက် တောင်းဆိုချက်အရေအတွက်သည် အလုပ်သမားစျေးကွက်၏ အဓိကညွှန်ပြချက် ဖြစ်ပြီး ၎င်း၏ပြောင်းလဲမှုသည် ဒေါ်လာစျေးနှုန်းလှုပ်ရှားမှုများအပေါ် ဆိုးရွားစွာသက်ရောက်မှုရှိပါသည်။

ကြွေးမြီ

အထက်တွင်ဖော်ပြထားသောအချက်များနှင့်မတူဘဲ၊ နိုင်ငံတော်၏ပြင်ပကြွေးမြီညွှန်းကိန်းသည် ကာလရှည် ဖြစ်မည့် သဘောသဘာဝရှိသည်။ တစ်နည်းဆိုရသော် တစ်နှစ် သို့မဟုတ် ထိုထက်ပိုသော ကာလတစ်ခုအတွက် မဟာဗျူဟာ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်လာလျှင် ဤသတ်မှတ်ချက်ကို ထည့်သွင်းစဉ်းစားသင့်သည်။

ကျွန်ုပ်တို့ပြောဆိုနေသည့် အညွှန်းကိန်းမှာ ပြည်သူ့ကြွေးမြီပမာဏ သို့မဟုတ် နိုင်ငံ၏ GDP နှင့် ၎င်း၏ အချိုးအစားဖြစ်သည်။ အကယ်၍ ဤသတ်မှတ်ချက်သည် 100% ကျော်လွန်ပါက ပိုမိုမြင့်မားသော ငွေကြေးဖောင်းပွမှုအန္တရာယ် သိသိသာသာတိုးလာပြီး ဗဟိုဘဏ်အတိုးနှုန်းကို မြှင့်တင်ရန် ဆုံးဖြတ်နိုင်သည်ဟု ယုံကြည်ကြသည်။ ဥပမာအားဖြင့်၊ ယခုအခါ အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတော်ကြွေးမြီမှာ ဒေါ်လာ ထရီလျံ ၃၀ ကျော်သာ ရှိသေးပြီး GDP နှင့် ဆက်စပ်၍ နောက်ဆက်တွဲပမာဏမှာ ၁၅၀ ရာခိုင်နှုန်းကျော်ရှိသည်။ ဤသည်မှာ ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းအတွက် အချက်ပြမှုဖြစ်ပြီး၊ ယခုအချိန်တွင် အမေရိကန်၌ စောင့်ကြည့်လျက်ရှိပါသည်။

နိုင်ငံရေးတည်ငြိမ်မှု

နိုင်ငံရေးအခြေအနေသည် ငွေကြေးအတက်အကျအတွက် ဆိုးရွားသောအချက်လည်းဖြစ်သည်။ နိုင်ငံတွင်း နိုင်ငံရေးအခြေအနေ မတည်မငြိမ်ဖြစ်သောအခါ လက်လီရင်းနှီးမြှုပ်နှံသူများသည် ၎င်း၏စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံလိုစိတ်မရှိကြသောကြောင့် လူအနည်းငယ်မှသာ နိုင်ငံတော်သုံးငွေကို ဝယ်ယူကြပြီး တန်ဖိုးနည်းသွားမည်ဖြစ်သည်။

ငွေကြေးအတွဲများအား ကုန်သွယ်ခြင်း

ခေတ်မီငွေလဲလှယ်မှုအိတ်စ်ချိန်းသည် ကျယ်ပြန့်သော ဘဏ္ဍာရေးဆိုင်ရာ ကုန်သွယ်မှုအမျိုးအစားများကို ပံ့ပိုးပေးထားသော်လည်း Forex ကုန်သွယ်မှုသည် ရေပန်းအစားဆုံးဖြစ်နေဆဲဖြစ်သည်။

LiteFinance: ငွေကြေးအတွဲများအား ကုန်သွယ်ခြင်း

ငွေကြေးအတွဲ ဆိုတာဘာလဲ။

ထူးဆန်းသည်မှာ "ငွေကြေးအတွဲ ရောင်းဝယ်ခြင်းနှင့် Forex တွင် ကုန်သွယ်ခြင်း" ဟူသော စကားစုသည် ငွေလဲလှယ်ရောင်းဝယ်ရေး လုပ်ငန်းစဉ်ကို တိကျစွာ ထင်ဟပ်ခြင်းမရှိပါ။ ငွေကြေးလဲလှယ်မှုတွင် ပါဝင်သူများသည် Forex အတွဲများကို ရောင်းဝယ်ကြသည်။ ငွေကြေးတမျိုးအား အခြားငွေကြေး သို့မဟုတ် ကုန်ပစ္စည်းတစ်ခုဖြင့် ဝယ်ယူသည့်အပေါ်မူတည်ပြီး ငွေပေးချေရန် လိုအပ်လာသောကြောင့် ၎င်းတို့ ပေါ်ပေါက်လာခြင်းဖြစ်သည်။ Forex အရောင်းအ၀ယ် ဥပမာတစ်ခုကို လေ့လာကြည့်ပါ၊ ကျွန်ုပ်တို့သည် EUR USD အတွဲကို ဝယ်ယူခြင်း (ယူရို - base currency ၊ ယူအက်စ်ဒေါ်လာ - quote currency) သို့မဟုတ် ယန်းအတွက် ဒေါ်လာများကို ဝယ်နိုင်သည် (အမေရိကန်ဒေါ်လာ - base currency ၊ ဂျပန်ယန်း - quote currency)။

LiteFinance: ငွေကြေးအတွဲ ဆိုတာဘာလဲ။

အထက်ဖော်ပြပါပုံသည် Forex အတွဲများ ၏ ညွှန်းဆိုချက်များကို ဖော်ပြထားခြင်းဖြစ်သည်။ ဥပမာအနေဖြင့် လူကြိုက်အများဆုံးအတွဲဖြစ်သော EURUSD ငွေကြေးအတွဲတွင် EUR ဖြင့် USD အား ဝယ်ခြင်း သို့မဟုတ် ရောင်းခြင်းဖြင့် အရောင်းအဝယ်ပြုလုပ်ခြင်းကို ပြသခြင်းဖြစ်သည်။

ငွေကြေးအတွဲတစ်တွဲတွင် ငွေကြေးနှစ်မျိုးပါရှိသည်။ သင်ကုန်သွယ်မှုပြုလုပ်သည့်ငွေကြေးကို base currency ဟုခေါ်သည် - ၎င်းသည် အတွဲတွင် ပထမနေရာတွင် အမြဲရှိသည်။ သင်အရောင်းအဝယ် ပြုလုပ်လိုသောငွေကြေးကို quote currency ဟုခေါ်ပြီး ၎င်းသည် အတွဲတွင် ဒုတိယနေရာတွင်ရှိသည်။ ရိုးရှင်းသောဝေါဟာရအရ base currency ကို "ကုန်စည်" အဖြစ်ဖော်ပြနိုင်ပြီး၊ quote currency သည် "ငွေ" ကို ကိုယ်စားပြုသည်။

အခြားသော လဲလှယ်ရေးအမျိုးအစားများကဲ့သို့ပင် ငွေကြေးအတွဲတစ်တွဲကို ticker ဟုခေါ်သော အထူးပြုလုပ်ထားသည့်အမှတ်အသားကုဒ်ပုံစံဖြင့် ပြသထားသည်။ ၎င်းသည် ငွေကြေးများနှင့် ၎င်းတို့၏နိုင်ငံများ၏ အမည်များကို ထင်ဟပ်စေသည့် တိုတောင်းသော သတ်မှတ်ချက်တစ်ခုဖြစ်သည်။

LiteFinance: ငွေကြေးအတွဲ ဆိုတာဘာလဲ။

အထက်ဖော်ပြပါပုံသည် လူကြိုက်များသောငွေကြေးများ၏ tickers များကိုပြသထားသည်။ များသော အားဖြင့် ၎င်းတွင် အပိုင်း ၂ ပိုင်းပါဝင်ပြီး ပထမစာလုံးနှစ်လုံးသည် ငွေကြေးထုတ်ပေးသည့် နိုင်ငံအမည်ဖြစ်ပြီး တတိယစာလုံးသည် Forex ငွေကြေးအမျိုးအစားများ၏အမည်ရှိပထမစာလုံးဖြစ်သည်။

လဲလှယ်ရေးအိတ်စ်ချိန်းတွင်ရှိသော ငွေကြေးအတွဲများကို အမျိုးအစားသုံးမျိုးခွဲထားသည်။

1. Major pairs

Major currency pairs ဟု ခေါ်သောငွေကြေးအတွဲများတွင် အမေရိကန် ဒေါ်လာပါဝင်ပြီး လူကြိုက်အများဆုံး ငွေကြေးအတွဲများ ဖြစ်သည်။ ၎င်းတို့မှာ EURUSD, GBPUSD, USDJPY, USDCHF, နှင့် USDCAD တို့ဖြစ်သည်။

2. Cross rates သို့မဟုတ် minor pairs

Minor pairs များသည်လည်း လူကြိုက်များကြောင်း သတ်မှတ်နိုင်သော်လည်း ၎င်းတို့သည် ရောင်းဝယ်မှု ပမာဏအရ major currency pairs များထက် သိသိသာသာနိမ့်ကျသည်။ Cross-rates ဟု ခေါ်သော ငွေကြေးအတွဲများသည်လည်း ဤအမျိုးအစားတွင် အများဆုံးတွေ့ရပါသည်။ ၎င်းတို့သည် တွက်ချက်မှုမှ ဒေါ်လာကို ဖယ်ထုတ်ပြီး EURGBP သို့မဟုတ် AUDCAD ကဲ့သို့သော ငွေကြေးများ၏ တိုက်ရိုက်အချိုးအစား ကို ကိုယ်စားပြုသည်။

3. Exotic couples

Exotic currency pairs ဟု ခေါ်သော ငွေကြေးအတွဲများတွင် အများအားဖြင့် အရောင်းအ၀ယ် လုပ်ဆောင်မှု နည်းပါးသော ကျန်အတွဲအားလုံးပါဝင်သည်။ ၎င်းတို့တွင် ဝေးကွာသောနိုင်ငံရပ်ခြားဒေသများ၏ ငွေကြေးများနှင့် အတွဲများပါဝင်သည်။ ဤအမျိုးအစားတွင် NZDSGD ငွေလဲနှုန်း၊ EURMXN နှင့် USDTRY (USD — base currency၊ TRY — quote currency ) ပါဝင်သည်။

ငွေကြေးအတွဲများကို မည်သို့ ရောင်းဝယ်မည်နည်း။

အိတ်စ်ချိန်းကုန်သွယ်မှုတွင် ထင်ရှားသောရှုပ်ထွေးမှုများရှိသော်လည်း ယနေ့ခေတ် Forex စျေးကွက် (နိုင်ငံခြားငွေလဲလှယ်မှုအိတ်စ်ချိန်း) တွင် ငွေကြေးအတွဲများ ရောင်းဝယ်ခြင်းသည် အလွန်ရိုးရှင်းပါသည်။ အရောင်းအဝယ်တစ်ခုဖွင့်ခြင်းနှင့်ပိတ်ခြင်းလုပ်ငန်းစဉ်သည် ကလစ်အနည်းငယ်နှိပ်ရုံမျှသာဖြစ်သည်။ ငွေကြေးအတွဲတစ်တွဲကို ဝယ်ရန် သို့မဟုတ် ရောင်းရန်အတွက် လိုအပ်သည့်အချိန်ကို ဆုံးဖြတ်ရန်မှာ သက်ရောက်မှုအများစု၏ အဆုံးအဖြတ်ပေးသည့်အချိန်ဖြစ်သည်။

ငွေကြေးလဲလှယ်မှုတွင် ကုန်သည်တစ်ဦးသည် ကုန်သွယ်မှုမှ အမြတ်ငွေကို နည်းလမ်းနှစ်မျိုးဖြင့် ရရှိနိုင်သည်။ ပထမဆုံးနှင့် လူကြိုက်အများဆုံး ရွေးချယ်မှုမှာ Forex အတွဲကို စျေးသက်သက်သာသာဖြင့် ဝယ်ယူရန်နှင့် အဖွင့်စျေးနှုန်းနှင့် အပိတ်စျေးနှုန်းအကြား ကွာခြားချက်ကို ရယူကာ စျေးကွက်ပေါက်စျေးမြင့်တက်သည့်အခါ အရောင်းအဝယ်ကို ပိတ်လိုက်ခြင်းဖြစ်သည်။ ဒုတိယရွေးချယ်မှုမှာ စျေးကြီးသည့်အချိန်တွင် ရောင်း၍ စျေးသက်သာလာသောအခါတွင် အရောင်းအ၀ယ်ကိုပိတ်ကာ ဈေးကွာခြားချက်ကို ရယူရန်ဖြစ်သည်။

အကြီးမားဆုံးစိန်ခေါ်မှုမှာ ငွေကြေးအား စျေးပေါသည့်အချိန် သို့မဟုတ် စျေးကြီးသည့်အချိန်ကို ဆုံးဖြတ်ရန် ဖြစ်သည်။ ဤအခိုက်အတန့်ကိုရှာဖွေနိုင်စေရန်၊ သင်သည် ကုန်သွယ်မှုသင်တန်းတစ်ခုတက်ရန်နှင့် သင်၏ကိုယ်ပိုင်ကုန်သွယ်မှုဗျူဟာကို ဖော်ဆောင်ရန် လိုအပ်သည်။ လိုအပ်သော ဗဟုသုတများ ရှိပါက ဤအကြောင်းအရာနှင့် ပတ်သက်၍ ပြဿနာ မရှိပါ။

အောက်တွင် ကျွန်ုပ်၏ကိုယ်ပိုင်နည်းပညာပိုင်းခြားစိတ်ဖြာမှုဆိုင်ရာ အခြေခံမူများအပေါ် အခြေခံ၍ ကျွန်ုပ် ပြုလုပ်ထားသော ကုန်သွယ်မှုနှစ်ခုကို တွေ့မြင်နိုင်ပါသည်။ ပထမ အရောင်းအ၀ယ်မှာ ရောင်းရန်ဖြစ်ပြီး ဒုတိယအရောင်းအဝယ်မှာ ဝယ်ရန်ဖြစ်သည်။

Sell:

LiteFinance: Sell:

ကျွန်ုပ်၏ဗျူဟာသည် နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံသောကြောင့်၊ ကျွန်ုပ်သည် ငွေကြေးစျေးနှုန်းဇယားကိုသာ စိတ်ဝင်စားပါသည်။ ဤနေရာတွင် ကျွန်ုပ်၏အမြင်အရ၊ လမ်းကြောင်းပြောင်းမည့်အချက်ကို ဆုံးဖြတ်ရန် လိုအပ်ပါသည်။ ဤအတွက်၊ ကျွန်ုပ်သည် EURUSD ငွေလဲနှုန်းကို ရွေးချယ်ခဲ့သည်။

စျေးကွက်တွင် ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းပြောင်းလဲမှု၏ အမှတ်ကို ဆုံးဖြတ်ရန် လိုအပ်ပါသည်။ ဤအခြေအနေကို Flag pattern ဖြင့် အကောင်အထည်ဖော်ခဲ့သည်။ ဤပုံစံ၏သီအိုရီအရ၊ ငွေကြေးအတွဲ၏စျေးနှုန်းသည် ၎င်း၏အထက်ပိုင်းကန့်သတ်မှတ်သို့ရောက်ရှိသောအခါ၊ ဆန့်ကျင်ဘက် အခြေအနေ ဖြစ်သွားသည်။ ဤအခြေအနေကို ဇယားတွင် ကျွန်ုပ်တို့မြင်နိုင်သည်။ အလှည့်အပြောင်း တစ်ခုဖြစ်၍ ငွေကြေးစျေးနှုန်းကျဆင်းမည်ဟု ကျွန်ုပ်တို့ယုံကြည်ပါက၊ အမြတ်ငွေရရှိရန် ရောင်းချရပါမည်။

LiteFinance: Sell:

သင့်တော်သော ငွေကြေးစီမံခန့်ခွဲမှုထက် မကျော်လွန်သင့်သော လိုအပ်သည့် အရောင်းအဝယ်ပမာဏကို ရွေးချယ်ပြီး "Sell" ခလုတ်ကို နှိပ်ပါ။ အရောင်းအ၀ယ်လုပ်ပြီးနောက်၊ လက်ကျန်ငွေဖော်ပြထားသော လိုင်းကို မျက်နှာပြင်အောက်ခြေတွင် ပြသမည်ဖြစ်သည်။

LiteFinance: Sell:

အချိန်အတန်ကြာပြီးနောက်၊ ကျွန်ုပ်တို့၏ကုန်သွယ်မှုသည် အောင်မြင်ခဲ့ပြီး စျေးနှုန်း အမှန်တကယ် ကျဆင်းလာသည်ကို တွေ့မြင်နိုင်သည်။ လက်ကျန်ငွေသည် အပေါင်းတန်ဖိုးဖြစ်လာပြီး အကျိုးအမြတ် ရယူနိုင်သည်။ အကျိုးအမြတ်ကို သိမ်းရန် ကုန်သွယ်မှုအချက်အလက်အကွက်၌ ရှိသော "Close" ခလုတ်ကို နှိပ်ရပါမည်။

Buy:

LiteFinance: Buy:

အဝယ် ပြုလုပ်သည်ဟု စဉ်းစားကြည့်ပါ။ အဝယ်လုပ်ဆောင်ရာတွင် အရောင်းအဝယ်တစ်ခု ဖွင့်ပြီးနောက် စျေးနှုန်းတက်ရန် လိုသည်။ ရောင်းချခြင်းကဲ့သို့ပင်၊ ဈေးနှုန်းလမ်းကြောင်းပြောင်းမည့်အမှတ်ကို ကျွန်ုပ် စိတ်ဝင်စားပါသည်။ နည်းပညာပိုင်းခြားစိတ်ဖြာမှုနှင့် စျေးနှုန်းဖွဲ့စည်းမှုပုံစံသီအိုရီကို အသုံးပြုသည်ဟု ဆိုလျှင် ဤအခြေအနေ၌၊ ကျွန်ုပ်သည် လူကြိုက်များသောအတွဲမဟုတ်သော်လည်း အများစု ကုန်သွယ်ကြသည့် NZDJPY ကို အရောင်းအ၀ယ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။

လက်ရှိဖွဲ့စည်းနေသည့် တြိဂံပုံစံအပေါ် အခြေခံ၍ ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းပြောင်းလဲမှုအမှတ်ကို ကျွန်ုပ်တို့ ဆုံးဖြတ်ပါမည်။ ဤပုံစံအတိုင်းဆိုလျှင် စျေးနှုန်းသည် ဈေးတန်းကျိုးပျက်မည့်အမှတ်သို့ ဦးတည်နေလိမ့်မည်။ အထက်ပိုင်းကန့်သတ်မှတ်ကို ချိုးဖျက်ပြီး ဤငွေကြေးအတွဲကို ဝယ်တော့မည်ဟု ဆုံးဖြတ်ထားသည်။

LiteFinance: Buy:

အရောင်းအဝယ်လုပ်မည့် ပမာဏ ကို သတ်မှတ်ပြီးနောက် "Buy" နှိပ်ပါ။ ယခင်တစ်ခုကဲ့သို့ပင်၊ ကုန်သွယ်မှုသည် ရောင်းဝယ်မှုပြစာချက်နှာတွင် ဖော်ပြလာပါမည်။

LiteFinance: Buy:

အချိန်အတန်ကြာပြီးနောက် လုပ်ဆောင်ခဲ့သော အရောင်းအဝယ်မှာ အောင်မြင်ပြီး အမြတ်အစွန်း ရရှိခဲ့သည်။ အဆိုပါအမြတ်ကိုရယူရန် "Close" ခလုတ်ကိုနှိပ်ပါ။

LiteFinance: Buy:

ကုန်သွယ်မှုအချက်အလက်ဖော်ပြသည့်အကွက်ကို ထပ်မံနှိပ်ပါက ကုန်သွယ်မှုမှတ်တမ်း ဖော်ပြချက် ပွင့်လာမည်ဖြစ်သည်။ ဤနေရာတွင် ကျွန်ုပ်တို့၏ရလဒ်ကို တွေ့ရှိနိုင်ပါသည်။

ကုန်သွယ်ရန် အကောင်းဆုံးငွေကြေးအတွဲများ

ပြုလုပ်ပြီးသား အရောင်းအဝယ်သမိုင်းကို ပြန်ကြည့်လျှင် အဝယ်အတွက် ပြုလုပ်သည့် အရောင်းအဝယ် ပမာဏပိုများနေသော်လည်း အဝယ်မှရရှိသည့်အမြတ်ငွေသည် အခြားကုန်သွယ်မှုမှ ရရှိသည့် အမြတ်ထက် ပိုနည်းနေသည်ကို သတိပြုမိပါလိမ့်မည်။ NZDJPY အတွဲသည် ကုန်သွယ်မှုအတွက် အကောင်းဆုံး ရွေးချယ်မှုမဟုတ်သောကြောင့် ၎င်းအတွက် ဝင်ငွေတွက်ချက်မှုအချိုးသည် EURUSD ထက် များစွာ နိမ့်သောကြောင့်ဖြစ်သည်။ ဤသည်မှာ အရေးပါသည့် ငွေကြေးအတွဲများဖြစ်သော major currency pairs များကို ရွေးချယ်ရန် နောက်ထပ်အကြောင်းရင်းတစ်ခုဖြစ်သည်။

ဤသည်မှာ ကုန်သွယ်မှုအတွက် အကောင်းဆုံးငွေကြေးအတွဲများကိုရွေးချယ်ရန် အကြံပြုချက်အချို့ ဖြစ်သည်။

  1. မတည်ငြိမ်မှု မြင့်မားခြင်း
  2. မြင့်မားသော အနီးစပ်ဆုံး၀င်ငွေအချိုးအစား မှာ 1.0
  3. အတွဲများတွင် ကမ္ဘာ့ငွေကြေးများပါဝင်ခြင်း
  4. ဝယ်ရောင်းဈေးအဟ ကျဉ်းမြောင်းခြင်း

အရောင်းအဝယ်ပြုလုပ်ရန် ဆော့ဝဲလ်

သင်၏ကုန်သွယ်မှုစွမ်းရည်သည် ပိုမိုမြင့်မားသောအဆင့်သို့ရောက်ရှိသောအခါ၊ သင့်အနေဖြင့် စွမ်းဆောင်ရည် မြင့်ကုန်သွယ်မှုဆော့ဖ်ဝဲကို လိုအပ်နိုင်သည်။ ၎င်းတွင် စျေးကွက်တွင် ဖြစ်ပျက်နေသည့်အရာများကို အပ်ဒိတ်ဖြစ်စေရန်အတွက် အထူးသီးသန့် PC Forex ကုန်သွယ်မှု ပလပ်ဖောင်းများနှင့် မိုဘိုင်းအက်ပ်နှစ်ခုလုံး ပါဝင်ပါသည်။

အရောင်းအဝယ်ပြုလုပ်မည့် ကုန်သွယ်ရေးပလက်ဖောင်းများ

အရောင်းအဝယ်ပြုလုပ်ရာတွင် Forex ကုန်သွယ်မှုပလပ်ဖောင်းကို အသုံးပြုခြင်းသည် အလွန် အရေးကြီးပါသည်၊ အဘယ်ကြောင့်ဆိုသော် ကုန်သွယ်ရာတွင် တာမင်နယ်တစ်ခု မပါဝင်လျှင် ကုန်သွယ်ရန် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ ကံကောင်းစွာဖြင့်၊ Forex စျေးကွက်တွင် မတူညီသော Forex ရောင်းဝယ်ရေး ပလပ်ဖောင်းများ ကျယ်ပြန့်စွာ ရှိနေသည် — အချို့သော Forex အကျိုးဆောင်များကပင် ၎င်းတို့ကိုယ်တိုင် တီထွင်ဖန်တီးခဲ့ကြသည်။ ကျွန်ုပ်အနေနှင့် Forex တွင် အရောင်းအဝယ်လုပ်သောအခါတွင် အဓိကရွေးချယ်စရာနှစ်ခုကို အသုံးပြုပါသည်။

PC platform MetaTrader 4 or 5

MetaTrader သည် လူကြိုက်အများဆုံး Forex ကုန်သွယ်မှုပလပ်ဖောင်းဖြစ်ပြီး ကျွန်ုပ‌်ကိုယ်ပိုင်အမြင်အရ၊ ၎င်းထက် မည်သည့်အရာမျှ ပိုမိုကောင်းမွန်အောင် မတီထွင်နိုင်ခဲ့ပါ။ ၎င်းသည်အသုံးပြုရန် အလွန် လွယ်ကူသည်၊ ၎င်းတွင် နားလည်ရလွယ်ပြီး မှတ်မိလွယ်သောလမ်းညွှန်ချက်ပါရှိသည်၊ ၎င်းတွင် ကွဲပြားခြားနားသောလုပ်ဆောင်ချက်များစွာပါ၀င်သည်။ ကျွန်ုပ်၏သင်ကြားမှုအတွေ့အကြုံအရ၊ ကုန်သည်များအနေဖြင့် အခြားသော PC အသုံးပြုရောင်းဝယ်ရေးပလပ်ဖောင်းများထက် MetaTrader တွင် ရောင်းဝယ်ခြင်းမှာ ပိုမိုမြန်ဆန်စွာဖြင့်သင်ယူကြနိုင်မည်ဖြစ်သည်။

Online trader's cabinet from LiteFinance

ကျွန်ုပ်အနေဖြင့် LiteFinance နှင့် အချိန်အတန်ကြာ အလုပ်လုပ်ခဲ့ပြီး ကျွန်ုပ်မှတ်မိသလောက်ဆိုလျှင် အကြိမ်ပေါင်းများစွာ အဆင့်မြှင့်တင် ပြောင်းလဲခဲ့သည့် online cabinet အပါအဝင် ၎င်း၏ကိရိယာအားလုံးကို စမ်းသပ်ခဲ့သည်။ ၎င်း၏နောက်ဆုံးမြှင့်တင်ထားသည့် ဗားရှင်းသည် အကောင်းဆုံးအင်္ဂါရပ်များအားလုံး ဖြင့် ဆက်လက်လည်ပတ်နေကြောင်း ယုံကြည်စိတ်ချစွာ ဆိုနိုင်ပြီဖြစ်သည်။ ပထမဗားရှင်း၏ အမိုက်စား အပြင်အဆင်ကို ကျွန်ုပ်အနေဖြင့် ပိုမိုသဘောတွေ့သည်။ သို့သော် ပုံတွင် တွေ့မြင်နိုင်သည့်အတိုင်း ဗားရှင်းအသစ်တွင် မူလပါဝင်ပြီးကုန်သွယ်မှုတာမင်နယ် မှ သည် လေ့လာရေး သင်ခန်းစာများ ရယူခြင်းနှင့် အမျိုးမျိုးသော လုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်သည်အထိ အသုံးဝင်သောလုပ်ဆောင်ချက်များနှင့် အင်္ဂါရပ်များ ပါရှိသည်။

ကုန်သွယ်မှုပြုလုပ်နိုင်သည့် အက်ပ်ပလီကေးရှင်းများ

အက်ပ် များအတွက်၊ LiteFinance တွင် မကြာသေးမီက မြှင့်တင်ထားသော သုံးစွဲရ အလွန်လွယ်ကူသည့် မိုဘိုင်းလ် ကုန်သွယ်မှု အက်ပ်ပလီကေးရှင်း တစ်ခုလည်း ရှိပြီး ၎င်းသည် အရောင်းအ၀ယ်ပြုလုပ်ရန် မိုဘိုင်း ဗားရှင်းတစ်ခုဖြစ်သည်။

ထိုကဲ့သို့သော အက်ပ် များလိုအပ်သည်မှာ ထင်ရှားပါသည်။ အက်ပ်တစ်ခုဖြင့် သင်သည် စျေးကွက်တွင် ဖြစ်ပျက်နေသည့်အခြေအနေများကို သိနေနိုင်သည်။ အပြင်ရောက်နေချိန်နှင့် သင့်ကွန်ပြူတာကို ဖွင့်မကြည့်နိုင်လျှင်ပင် အရောင်းအ၀ယ်ကို ပုံမှန်ဖွင့်ပိတ်နိုင်သည့်အပြင် စျေးနှုန်းရွေ့လျားမှုကိုလည်း စောင့်ကြည့်နိုင်ပါသည်။

အလိုအလျောက်ကုန်သွယ်မှုစနစ်များ

အရောင်းအ၀ယ်လုပ်ဆောင်သည့်အက်ပ် များနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ကျွန်ုပ်တို့အနေဖြင့် အလိုအလျောက်စနစ်ဟု ခေါ်လေ့ရှိသော trading robots များကို ဖော်ပြသင့်ပါသည်။ Robot သည် တိကျသေချာသော ဗျူဟာတစ်ခုကို အလိုအလျောက် အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ ဤနည်းဗျူဟာ ၏ ကန့်သတ်ချက်များအားလုံးကို ကုန်သွယ်မှုတစ်ခုဖွင့်ချိန်နှင့် ပိတ်ချိန်၊ ပိတ်ရန်ဈေးတန်းသတ်မှတ်မှုများနှင့် အခြားအရာများအား အယ်လ်ဂရစ်သမ်တွင် မှတ်တမ်းတင်ထားသည်။ Robots များသည် အချိန်တိုအတွင်း အရောင်းအ၀ယ်များစွာပြုလုပ်နိုင်ပြီး အရေးကြီးဆုံးမှာ စိတ်ခံစားမှုဆိုင်ရာ အစိတ်အပိုင်းများကို ဖယ်ရှားနိုင်သောကြောင့် ကုန်သည်၏အလုပ်ပိုမိုလွယ်ကူစေရန်အတွက် အဓိကအားဖြင့် robots များကို ဖန်တီးထားပါသည်။

Online cabinet နှင့် MT4 platform - နှစ်ခုလုံးတွင် trading robots များ ထည့်သွင်းပေးထားသည်။ Forex ကုန်သွယ်မှုပလပ်ဖောင်းများတွင် ဒေါင်းလုဒ်ရယူနိုင်ပြီး ပေါင်းစည်းနိုင်သည့် စိတ်ကြိုက်ပြင်ဆင်နိုင်သော robots များလည်း ရှိပါသည်။ MT4 တွင် သင့်ကိုယ်ပိုင် robot ကို ဖန်တီးနိုင်သည့် automated strategy tester များပင် ထည့်သွင်းပေးထားသည်။

အရောင်းအဝယ်ပြုလုပ်ရန် နည်းဗျူဟာများ

ငွေကြေးရောင်းဝယ်မှုများအကြောင်းပြောဆိုသောအခါ၊ အရေးကြီးဆုံးအချက်တစ်ခုမှာ ဤငွေကြေးများကို လက်တွေ့ မည်သို့ရောင်းဝယ်သင့်သည် ဟူသောအချက်ဖြစ်သည်။ တိကျစွာ ဆိုရလျှင် ကုန်သွယ်မှုဗျူဟာများ အကြောင်းဖြစ်သည်။

LiteFinance: အရောင်းအဝယ်ပြုလုပ်ရန် နည်းဗျူဟာများ

Day trading currency

ဤသည်မှာ အသုံးအများဆုံး Forex ကုန်သွယ်မှုဗျူဟာဖြစ်သည်။ ၎င်း၏ အဓိကအချက်မှာ ညသိပ်ခဖြစ်သော swap အား ရှောင်ရှားရန် တနေ့တာအတွင်း အရောင်းအ၀ယ်ပြုလုပ်ရန်ဖြစ်သည်။ တစ်နေ့လျှင် အရောင်းအ၀ယ် ၁ခု မှ ၁၀ ခုထိ ပြုလုပ်နိုင်သည်။

၎င်း၏အားသာချက်များ-

  1. Swap မပေးရခြင်း၊
  2. သုံးစွဲရ အဆင်ပြေသည့် H1 နှင့် H4 အသုံးပြုခြင်း၊
  3. အချိန်တိုအတွင်း ရလာဒ်ထွက်ခြင်း၊
  4. စိတ်ခံစားမှု နည်းပါးခြင်း၊

အားနည်းချက်များ-

  1. မြင့်မားသော ဝယ်ရောင်းဈေးအဟ နှင့် ကော်မရှင်၊
  2. မြင့်မားသော ဆုံးရှုံးနိုင်ချေ၊
  3. မျက်ခြေမပြတ်စောင့်ကြည့်ရန် လိုအပ်ခြင်း၊

ငွေကြေးအား ကာလရှည်ရင်းနှီးမြှပ်နှံခြင်း

ဤနည်းဗျူဟာသည် အရင်းများများရှိသော retail Forex ကုန်သည်များအတွက် ပိုမိုသင့်လျော်သည် - သင့်ကုန်သွယ်မှုအကောင့်တွင် ဒေါ်လာ ၁၀၀၀၀၀ အောက်ရှိပါက ၎င်းကိုအသုံးပြုရန် အကြံပြုထားခြင်းမရှိပါ။ သို့သော်၊ ၎င်းသည် အခြားနည်းလမ်းများနှင့်မတူဘဲ Forex ကုန်သွယ်မှု၏ ဖြစ်နိုင်ချေအလားအလာကို ပြသသည်။ သင်သည် ရေရှည်အတွက် သင်စိတ်ဝင်စားသော ငွေကြေးအတွဲကို ဝယ်ယူသည်၊ တစ်ခါတစ်ရံ တစ်နှစ် သို့မဟုတ် ထို့ထက်ပို၍ကြာသည်။ အခြေခံကျသော သုံးသပ်မှုဟု အများစုသိရှိထားသည့် စီးပွားရေးဆိုင်ရာ သုံးသပ်မှသည် ဤနေရာတွင် အလွန်အရေးကြီးပါသည်။ ဈေးကွက်ပင်မလမ်းကြောင်းကို ဖော်ထုတ်ပြီးနောက်၊ သင်သည် စျေးကွက်၏ မလိုလားသော အခြေအနေဖြစ်စေခြင်းကို ရှောင်ရှားရန်အတွက် ကြီးမားသော leverage နှင့် အညီအမျှ ကြီးမားသော မာဂျင်တစ်ခုဖြင့် ကုန်သွယ်မှုပြုလုပ်သည်။

ကျွန်ုပ်၏ကိုယ်ပိုင်အတွေ့အကြုံမှ ထိုသို့သောကုန်သွယ်မှု၏ ဥပမာတစ်ခု ဖော်ပြပေးနိုင်သည်။ ဖေဖော်ဝါရီလကုန်တွင် ကျွန်ုပ်သည် EURUSD အတွဲရွေ့လျားမှု၏ အလားအလာများနှင့်ပတ်သက်၍ ကျွန်ုပ်၏ကျောင်းသားတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးခဲ့ပါသည်။ အီးယူစီးပွားရေးတွင် ကြီးမားသော ပြဿနာများအပြင် ရုရှားဖက်ဒရေးရှင်းအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှု၏ တန်ပြန် သက်ရောက်မှုများကို တွေးတောကြည့်ရာ ၂၀၂၂ ခုနှစ် နွေရာသီအလယ်ပိုင်းတွင်၊ ဤငွေကြေးအတွဲသည် ဒေါ်လာနှင့် 1:1 အချိုး- ခန့်မှန်းခြေအားဖြင့် 1.0000 ဖြစ်မည်ဟု ကျွန်ုပ်တို့ သုံးသပ်လိုက်သည်။ ဤဆုံးဖြတ်ချက်ကို အခြေခံပြီး 1.1100 တဝိုက်၌ (အတိအကျ မမှတ်မိ) အဆိုပါအတွဲကို ရောင်းချခဲ့သည်။ ၎င်း၏အကောင့်တွင် လုံလောက်သောမာဂျင်ဖြစ်သည့် 10,000 USD ကျော်ရှိသောကြောင့် leverage 1:500 ဖြင့် အဆိုပါ အရောင်းအ၀ယ်အတွက် 2 Lot ပမာဏကို အဆင်ပြေချောမွေ့စွာဖွင့်ခဲ့သည်။ ဤကုန်သွယ်မှု၏ လက်ရှိတန်ဖိုး ကို တွက်ချက်ပါက လက်ရှိဈေး 1.0430 ဖြင့် သူ၏အမြတ်ငွေမှာ၊ 13,300 USD ရှိနေပြီဖြစ်သည်။ ဤသည်မှာ စျေးနှုန်းသည် မူလသတ်မှတ်ထားသည့်ဈေးတန်းသို့ မရောက်သေးပါ။

ငွေကြေးဈေးကွက်ရှိ အရောင်းပြုလုပ်ခြင်း

သင် သိရှိပြီးဖြစ်သည့်အတိုင်း၊ ကျွန်ုပ်တို့အနေဖြင့် ငွေကြေးအတွဲများအား အဝယ်ကိုသာမက အရောင်းကိုပါ ပြုလုပ်နိုင်သည်။ ၎င်းသည် စတော့ရှယ်ယာများ၊ သတ္တုများ၊ ရေနံ သို့မဟုတ် အခြားသော ဘဏ္ဍာရေး ဈေးကွက်များ အပါအဝင် အခြားသော Forex စျေးကွက်ဆိုင်ရာ ကုန်သွယ်ရေးအမျိုးအစား များနှင့်လည်း သက်ဆိုင်ပါသည်။ သင်သည် အမှန်တကယ်ပိုင်ဆိုင်မှုကို ဝယ်ခြင်းမဟုတ်ဘဲ contract for difference (CFD), currency futures နှင့် အခြားရှုပ်ထွေးသော ကုန်သွယ်ရေးအမျိုးအစားများအား အရောင်းအဝယ် ပြုလုပ်ခြင်းကြောင့် ဖြစ်နိုင်သည်။ Forex CFDs ဖြင့် သင်သည် အဖွင့်နှင့် အပိတ် ငွေကြေးတန်ဖိုးများကြား ခြားနားချက်ကို ရိုးရှင်းစွာ ဝယ်ခြင်း သို့မဟုတ် ရောင်းခြင်း ပြုလုပ်နိုင်သည်။ Forex CFDs အရောင်းအဝယ် ပိတ်ချိန်တွင်၊ ကုန်သွယ်မှုရလာဒ်သည် အပေါင်း သို့မဟုတ် အနုတ်လက္ခဏာဖြစ်နိုင်သည်။ CFDs အား ကုန်သွယ်ခြင်းသည် အန္တရာယ်များပြီး အသိပညာနှင့် ကုန်သွယ်မှုအတွေ့အကြုံများစွာ လိုအပ်ကြောင်း အမြဲသတိရပါ။

Trend trading

Trend trading သည် အလုံခြုံဆုံး ရွေးချယ်မှုဖြစ်သည်။ ယနေ့ခေတ် retail Forex ကုန်သည်များ အားလုံးသည် နည်းပညာပိုင်းခြားစိတ်ဖြာမှု၏ဖခင် Charles Dow မှ ၂၀ ရာစုအစတွင် ဖော်ထုတ်ထားသည့် အသုံးအနှုန်းဖြစ်သော - "Trend is your friend"‎ ကို သိရှိကြသည်။ ဆိုလိုသည်မှာ လက်ရှိလမ်းကြောင်း၏ ဦးတည်ချက်တွင် အရောင်းအဝယ်ပြုလုပ်သည့်အခါ ဆုံးရှုံးမှုအန္တရာယ်များ အလွန်နည်းပါးပါသည်။

LiteFinance: Trend trading

ယနေ့ခေတ် ကျော်ကြားသော ဗျူဟာအမျိုးအစားများစွာရှိသော်လည်း Dow မှတီထွင်ထားသည့် ၎င်း၏ အများသုံးနည်းစနစ်ကို သုံးသပ်ပါက၊ အနှစ်သာရမှာ လမ်းကြောင်းဖြစ်ပေါ်နေချိန်တွင် ကုန်သွယ်မှု ပြုလုပ်ရန်ဖြစ်ပြီး လမ်းကြောင်းပြောင်းသည့်အခါ ဘာမှမလုပ်ဆောင်ခြင်းဖြစ်သည်။ လမ်းကြောင်းတစ်ခုကို ဖော်ထုတ်ခြင်းသည် အလွန်ရိုးရှင်းပါသည်။ နောက်ဖြစ်သော စျေးနှုန်းမြင့်မားမှု တစ်ခုစီသည် ယခင်ဈေးအမြင့် ထက် ပိုမိုမြင့်မားသောအခါ အတက်လမ်းကြောင်း အားကောင်းခြင်းဖြစ်သည်။ နောက်ဖြစ်သော ဈေးအနိမ့်ဆုံးတစ်ခုစီသည် ယခင် အနိမ့်တစ်ခုထက် နိမ့်သောအခါတွင် အကျလမ်းကြောင်းကို တွေ့မြင်ရသည်။ ဤစည်းမျဉ်းအတိုင်း မဟုတ်ပါက အရောင်းအ၀ယ်မှ ထွက်သင့်သည်။

ဝယ်/ရောင်းဈေးတန်းနှင့် ဈေးတန်းကျိုးခြင်းအတွက် ကုန်သွယ်မှုနည်းစနစ်များ

ဝယ်/ရောင်းဈေးတန်း သတ်မှတ်ခြင်း၏ အယူအဆသည် လမ်းကြောင်း၏ အယူအဆအပေါ် အခြေခံသည်။ အဝယ်ဈေးတန်းတစ်ခုအား ဦးတည်လမ်းကြောင်းတစ်ခု၏ အရေးပါသော အနိမ့်မှတ်အားလုံးဖြင့် ဆက်ဆွဲနိုင်သည်။ အရောင်းဈေးတန်းသည် အမြင့်ဆုံးအမှတ်များအားဖြတ်၍ ဆွဲနိုင်သည်။

အဝယ်/အရောင်းဈေးတန်းများနှင့် စျေးနှုန်းအပြန်အလှန်အကျိုးသက်ရောက်မှုအပေါ် အခြေခံ၍ အကျော်ကြားဆုံး ကုန်သွယ်မှုဗျူဟာများထဲမှ တစ်ခုဖြစ်သော breakout trading strategy ပေါ်ထွက်လာခဲ့သည်။

LiteFinance: ဝယ်/ရောင်းဈေးတန်းနှင့် ဈေးတန်းကျိုးခြင်းအတွက် ကုန်သွယ်မှုနည်းစနစ်များ

ဤနည်းဗျူဟာ၏နိယာမ မှာ စျေးနှုန်းသည် သတ်မှတ်ဈေးတန်းများထဲမှတစ်ခုအား ကျော်ဖြတ်သွားသည့် အချိန်တွင် ကုန်သွယ်မှုတစ်ခုဝင်ရောက်ခြင်း ဖြစ်သည်။ စျေးနှုန်းသည် အဝယ်ဈေးတန်းကို ဖောက်ဆင်း လိုက်သောအခါတွင် အရောင်း ပြုလုပ်သင့်ပြီး စျေးနှုန်းသည် အရောင်းဈေးတန်းကို ဖောက်တက် လိုက်သောအခါတွင် အ၀ယ် ပြုလုပ်သင့်သည်။

ငွေကြေးရောင်းဝယ်မှုရှိ အခွန်အခ

အခွန်ကောက်ခံခြင်းသည် အမြဲတစေ မေးခွန်းများစွာရှိနေသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် ဝင်ငွေရရှိသူတိုင်း ပေးဆောင်ရမည့် ဝင်ငွေခွန်ရှိကြောင်း ကျွန်ုပ်တို့သိသည်။ အခြားအခြေအနေကဲ့သို့ပင် အိတ်စ်ချိန်းများ ကိုလည်း အခွန်ကောက်ခံပါသည်။

သို့သော်၊ စတော့အိတ်စ်ချိန်းရှိ စတော့ရှယ်ယာရောင်းဝယ်ခြင်းသည် ဝင်ငွေခွန် နှင့် ဆက်စပ်နေသော်လည်း Forex အရောင်းအဝယ်လုပ်ခြင်းသည် ရိုးရှင်းသည်မဟုတ်။ သင့်ဝင်ငွေခွန် တွက်ချက်ရာတွင် နိုင်ငံတစ်ခုစီ၏ ဥပဒေများနှင့်အညီ အခွန်အေးဂျင့် မည်သူဖြစ်သည်ကို ကြည့်ရှုရန် လိုအပ်သည်။ အကျိုးဆောင် broker ဖြစ်ပါက ၎င်းတို့၏ သုံးစွဲသူတစ်ဦးစီအတွက် အခွန်ပေးဆောင်ရမည်ဖြစ်သည်။ သုံးစွဲသူသည် အခွန်အေးဂျင့် ဖြစ်ပါက ၎င်းတို့၏တာဝန်ဖြစ်သည်။

အကျိုးဆောင်မှတ်ပုံတင်ထားသည့် တရားစီရင်ပိုင်ခွင့်ကိုလည်း အာရုံစိုက်သင့်သည်။ ၎င်းသည် ကမ်းလွန်ဇုန်ဖြစ်ပါက၊ သုံးစွဲသူသည် အေးဂျင့်ဖြစ်သည်၊ သို့သော် ၎င်းသည် အခွန်ကင်းလွတ်ဇုန် ဖြစ်သောကြောင့် သုံးစွဲသူသည် မည်သည့်အခွန်မှပေးဆောင်ရန် မလိုအပ်ပါ။ သို့သော် သင့်ဘဏ်အကောင့်တွင် ပမာဏများစွာ ရှိနေပါက၊ သင့်နိုင်ငံ၏ အာဏာပိုင်များတွင် မေးခွန်းအချို့ရှိနိုင်ပါသည်။

ကုန်သည်တစ်ဦးအခွန်ရှောင်သည်ဟု စွပ်စွဲခံရသောအခါ Forex ကုန်သွယ်မှုသမိုင်းနှင့်ပတ်သက်၍ ကမ်းလွန်တွင် မှတ်ပုံတင်ထားသော အကျိုးဆောင်အနေဖြင့် အခြေအနေကို သိရှိမည်မဟုတ်ပါ။ ကျွန်ုပ်အနေဖြင့်ဆိုလျှင် အခွန်ကို တစ်ခါတည်း ပေးဆောင်ပြီး အမြတ်ငွေကို ထုတ်ယူသည့်အခါ အကျိုးဆောင် သည် ကျွန်ုပ်အကောင့်မှ နုတ်ယူထားသည်။ ထို့နောက် ကျွန်ုပ်အနေဖြင့် Forex အကျိုးဆောင်များပြောင်းခဲ့ပြီး ဤပြဿနာကို ထပ်မကြုံတော့ပါ။

ငွေကြေးကုန်သွယ်မှုအတွက် အကြံပြုချက်များ

ပရော်ဖက်ရှင်နယ်တစ်ဦးထံမှ ရသည့်အကြံဉာဏ်များအား ဖော်ပြပေးပါမည်။ စည်းမျဉ်းများကိုလိုက်နာပါက Forex ကုန်သွယ်မှုဖြင့် ဝင်ငွေရရှိပါလိမ့်မည်။

  1. Broker ကို ဂရုတစိုက်ရွေးချယ်ပါ။ ဝန်ဆောင်မှုဌာနထံ အဆက်မပြတ်ဆက်သွယ်ခြင်းထက် ကုန်သွယ်မှုလုပ်ငန်းစဉ်အပေါ် အာရုံစိုက်နိုင်ရန်လိုအပ်သည်။
  2. Forex ကုန်သွယ်မှုပလပ်ဖောင်းကို လေ့လာစူးစမ်းပါ။ အရောင်းအ၀ယ် ခလုတ်များအား ရှာဖွေနေခြင်းဖြင့် အချိန်မကုန်စေဘဲ စနစ်တွင် ရိုးရှင်းသော အဆင့်အနည်းငယ်သာ ပါဝင်သင့်သည်။
  3. ဆုံးဖြတ်ချက်ချပြီးသောအခါ - လုပ်ဆောင်လိုက်ပါ။ ရောင်းရန် သို့မဟုတ် ဝယ်ရန် ဆုံးဖြတ်ချက်ချပြီးပါက သံသယအားလုံးကို ဖယ်ရှားပြီး အရောင်းအ၀ယ်လုပ်ပါ။ စည်းကမ်းအရ၊ ပထမဆုံးဖြတ်ချက်သည် အကောင်းဆုံးဖြစ်သည်။ အမြတ်ထုတ်ခြင်းသည် လုပ်ဆောင်သည့် နည်းလမ်း၌သာရှိသည်။
  4. ရေရှည်ကုန်သွယ်မှုပြုလုပ်လိုပါက swap ကို ထည့်တွက်ပါ။ စျေးနှုန်းလှုပ်ရှားမှု၏ ဦးတည်ချက်ကို ကုန်သည်အများစုက မှန်ကန်စွာ တွက်ချက်နိုင်သော်လည်း အရောင်းအဝယ်၏ ရက်လွန်မှုများ ကြောင့် ပေးရသည့် ကော်မရှင်အတွက် အမြတ်အားလုံး ဆုံးရှုံးခဲ့ရသော ဖြစ်ရပ်များစွာရှိသည်။
  5. တင်းကျပ်သောစည်းကမ်းဖြင့် အလုပ်လုပ်ပါ။ Forex စျေးကွက်တွင် သင့် ဆုံးဖြတ်ချက် မှန်ကန်ကြောင်း 100% သေချာသော်လည်း၊ Stop Loss နှင့် Take Profit ကို အမြဲသတ်မှတ်ပါ။ ပြီးပြည့်စုံသောသုံးသပ်မှုသည် စျေးနှုန်း၏ရုတ်တရက်လှုပ်ခတ်မှုကို ဆန့်ကျင်သည်။
  6. Forex အရောင်းအ၀ယ်အားလုံးကို ပိတ်ပြီးသည့်အခါမှသာ အကြံဉာဏ်တောင်းပါ။ ဖွင့်ထားသော အရောင်းအဝယ်အတွက် ထင်မြင်ယူဆချက်များကို ဘယ်တော့မှ မမေးပါနှင့်။ အရောင်းအဝယ် ပြုလုပ်သည့်အခါ သင့်အနေဖြင့် ယုံကြည်မှုရှိလာသည့်အတွက် သံသယများကို လွှတ်ချပြီး သိထားသမျှကို လုပ်၍ လုပ်နိုင်သည်ကို လုပ်ပါ။
  7. စည်းကမ်းကို အမြဲလိုက်နာပါ။ ဤအချက်သည် ကျွန်ုပ်၏ Forex ကုန်သွယ်မှုဗျူဟာ၏ အဓိကအစိတ်အပိုင်းဖြစ်သည်။ Forex စျေးကွက်ရဲ့ စည်းမျဉ်းတစ်ခုကို ချိုးဖောက်လျှင် အမြတ်ဆုံးရှုံးသွားနိုင်သည်။
  8. “ဥအားလုံးကို ခြင်းတောင်းတစ်ခုတည်းမှာ မထည့်ပါနဲ့” ဤသည်မှာ ကျွန်ုပ်အကြိုက်ဆုံး အရောင်းအ၀ယ်စာအုပ်များရေးသားသူများထဲမှ တစ်ဦးဖြစ်သည့် Benjamin Graham ၏ ကိုးကားချက်ဖြစ်သည်။ အဓိကအချက်မှာ သင်ကိုယ်တိုင် ရောင်းဝယ်နိုင်ပြီး တစ်ချိန်တည်းတွင် ရင်းနှီးမြှုပ်နှံနိုင်လျှင် ရွေးချယ်စရာနှစ်ခုလုံးကို ရွေးချယ်ပါ။ အကယ်၍ သင်သည် ကုန်သည်များစွာထံ သို့မဟုတ် ကုန်သွယ်မှုစနစ်များစွာထံတွင် တစ်ခါတည်း ရင်းနှီးမြှုပ်နှံနိုင်ပါက ရင်းနှီးပါ။

ကျွန်ုပ်သည် သင့်အား ပရော်ဖက်ရှင်နယ် ကုန်သည်များထံ ရင်းနှီးမြှုပ်နှံပြီး တစ်ချိန်တည်းတွင် ၎င်းတို့ထံမှ သင်ယူနိုင်စေမည့် စနစ်တစ်ခုကို အကြံပြုနိုင်ပါသည်။ Trust management and PAMM services ဝန်ဆောင်မှုခေတ်သည် အိုဟောင်းသွားပြီဖြစ်သည် - ယနေ့ ကုန်သွယ်မှုကမ္ဘာသည် Social Trading ၏ အရောင်းအဝယ်အားကူးယူနိုင်သောစနစ်တွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ သင်၏ ကန့်သတ်ချက်များအရ နှစ်သက်ရာကုန်သည်ကို ရွေးချယ်ပြီး ၎င်းတို့၏ ဗျူဟာအတိုင်း ရောင်းဝယ်ပါ။ အထက်တွင် ပြောခဲ့သည့်အတိုင်း၊ သင့်အကြိုက်နှင့် ကုန်သည်များစွာကိုက်ညီပါက၊ ၎င်းတို့ တစ်ဦးနှင့်တစ်ဦး အကာအကွယ်ဖြစ်နေပါလိမ့်မည်၊ ယင်းသည် ဆုံးရှုံးနိုင်ချေကို လျှော့ချနိုင်ပြီး မြင့်မားသောဈေးကွက် မတည်ငြိမ်မှုများကြောင့် သင့်အကောင့်ကို လျင်မြန်စွာဆုံးရှုံးစေခြင်းမှ ကာကွယ်နိုင်စေမည်ဖြစ်သည်။

ငွေကြေးဈေးကွက်တွင်း ရောင်းဝယ်ခြင်းနှင့် ဆက်စပ်နေသော အန္တရာယ်များ

Forex ကုန်သွယ်မှုရှိ ဆုံးရှုံးနိုင်ချေအန္တရာယ်သည် အခြားရှုပ်ထွေးသော ကုန်သွယ်ရေးအမျိုးအစားများအား ရောင်းဝယ်ရာတွင် ဖြစ်ပေါ်သည့်အန္တရာယ်နှင့် ကွာခြားမှုမရှိပါ။ သင် ငွေကြေးကို ဝယ် သို့မဟုတ် ရောင်းပါက၊ သင်၏ ဈေးကွက်သုံးသပ်ချက်မမှန်နိုင်သောကြောင့် သင့်တွင် အမြဲတမ်းအန္တရာယ်ရှိသည်။ ဈေးတက်လာမည့် အစား၊ ရောင်းဝယ်ထားသော အတွဲသည် ဈေးကျနိုင်ပြီး သင့် ကုန်သွယ်မှုအကောင့်ရှိ ငွေဆုံးရှုံးစေနိုင်သည်။ ဤသို့ဖြစ်ခြင်းမှ မည်သူမှ မရှောင်ရှားနိုင်ပါ၊ သင့်လျော်သော အခြေအနေများ ကို သတ်မှတ်နိုင်ရမည်။

လျှင်မြန်စွာဖြင့် ငွေဆုံးရှုံးနိုင်ခြေ မြင့်မားမှုအကြောင်း ပြောရလျှင် ဤအချက်တစ်ချက်ကို နားလည်ထားသင့်သည် - လဲလှယ်ရေးအိတ်စ်ချိန်းတွင် ရောင်းသူနှင့် ဝယ်သူသာ ရှိပါသည်။ ဝယ်သည့်အခါ တခြားလူမှ ရောင်းသည်။ ထို့ကြောင့် အမြတ်ရလျှင် အရောင်းအဝယ်၏ တစ်ဖက်မှ ဆုံးရှုံးမှုရှိသည်။ အရေးကြီးဆုံးမှာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါ၊ တင်းကျပ်စွာ အသုံးချပါ၊ ဒေါသရှေ့ မထားပါနဲ့။ ဤအခါ သင့်အနေဖြင့် အမြတ်အစွန်းရနိုင်ခြေက ငွေမြန်မြန်ဆုံးရှုံးနိုင်ခြေထက် ပိုများနေပါလိမ့်မည်။

ငွေကြေးအရောင်းအဝယ်၏အားသာချက်များနှင့်အားနည်းချက်များ

Forex နှင့် စတော့အိတ်စ်ချိန်းတွင် အရောင်းအဝယ်လုပ်ရာတွင် ကွာခြားချက်များစွာရှိသည်။ အောက်ပါဇယား ကို လေ့လာကြည့်ပါ။

LiteFinance: ငွေကြေးအရောင်းအဝယ်၏အားသာချက်များနှင့်အားနည်းချက်များ

သင်ရွေးချယ်သည့်အပေါ် လုံးလုံးလျားလျားမူတည်သည်၊ သို့သော် Forex trading တွင် ကုန်သွယ်မှုစတင်ရန် လိုအပ်သော ငွေပမာဏနည်းပါးခြင်းကြောင့် စတင်သူအတွက် ပိုမိုသင့်လျော်ကြောင်း ထင်ရှားပါသည်။

ငွေကြေးရောင်းဝယ်မှု နှင့် စတော့ရှယ်ယာရောင်းဝယ်မှု

Forex trading ၏ အပြုသဘော နှင့် အပျက်သဘောဆောင်သော ရှုထောင့်များကို စုစည်းပြီး ဖော်ပြပေးပါမည်။

ားသာချက်များ

1. မတူညီသောငွေကြေးများစွာပါဝင်ခြင်း

Forex စျေးကွက်သည် အမေရိကန် ဒေါ်လာမှ မက္ကဆီကန်ပီဆိုအထိ အရေးပါသော ငွေကြေးအတွဲအားလုံး နီးပါးကို ရောင်းဝယ်ရန် အခွင့်အလမ်းပေးသည်။ ထို့ကြောင့် ကုန်သည်တိုင်းသည် ၎င်းတို့နှင့် လိုက်ဖက်သော ငွေကြေးအတွဲကို ရှာဖွေနိုင်သည်။

2. တစ်နေ့တာအတွင်းရှိဈေးအတက်အကျများ၏ မတည်ငြိမ်မှုမြင့်မားခြင်း

Forex စျေးကွက်သည် ကမ္ဘာပေါ်တွင် အတည်ငြိမ်ဆုံးနှင့် ငွေစီးဆင်းမှုအများဆုံး ဘဏ္ဍာရေးဈေးကွက်ဖြစ်ပြီး ဆိုလိုသည်မှာ သင်သည် ကုန်သွယ်မှုအား တနေ့တာအတွင်း အပြင် မည်သည့်ကာလတွင်မဆို ရောင်းဝယ် နိုင်ပါသည်။ ၎င်းသည် ၎င်းကိုဖွင့်သည့်အချိန်မှစ၍ စက္ကန့်အနည်းငယ်အတွင်း ကုန်သွယ်မှု၏ရလဒ်ကို သိနိုင်သည်ဟုလည်း ဆိုလိုသည်။

3. မြင့်မားသော leverage သုံးစွဲနိုင်မှု

ငွေကြေးလဲလှယ်မှုအိတ်စ်ချိန်းသည် သင့်အား အရောင်းအဝယ်၏အရွယ်အစားကို ဆယ်ဆ သို့မဟုတ် ရာနှင့်ချီ၍ တိုးမြှင့်နိုင်စေသည်၊ ဆိုလိုသည်မှာ သင့်အတွက် ပိုမိုရရှိနိုင်ပါသည်။ မြင့်မားသော leverage သည် ငွေဆုံးရှုံးနိုင်ခြေ ပိုများနေသော်လည်း၊ သင့်အကောင့်တွင် USD 100 နှင့် USD 1000 ရရှိနိုင်သည့် အခြားနည်းလမ်းမရှိသောကြောင့် leverage ကို မိတ်ဆွေအဖြစ် သတ်မှတ်သင့်သည်။

4. အရောင်းအဝယ်များကိုလမ်းကြောင်းတူ သို့မဟုတ် ဆန့်ကျင်ဘက် ဖွင့်နိုင်ခြင်း

ကမ္ဘာပေါ်ရှိ အိတ်စ်ချိန်းတစ်ခုတည်းမက အိတ်စ်ချိန်းများစွာမှ တူညီသောဦးတည်ချက်၌ ငွေကြေးအတွဲ အသီးသီးအား လွတ်လပ်စွာဖြင့် ကုန်သွယ်မှုများစွာ ပြုလုပ်နိုင်ခွင့်ကို ကုန်သည်တစ်ဦးချင်းစီအား ပံ့ပိုးပေးထားပါသည်။ စတော့ရှယ်ယာဈေးကွက်တွင် အရောင်းအဝယ်လုပ်သောအခါ၊ သင်၏ Forex အရောင်းအ၀ယ်များကို ရိုးရိုးရှင်းရှင်း အကျဉ်းချုံးဖော်ပြထားသည်။ သို့သော် Forex အရောင်းအဝယ် ပြုလုပ်နေစဉ်တွင် သင်သည် ဤရွေးချယ်မှုကို လွတ်လပ်သော ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲမှုဗျူဟာတစ်ခုအဖြစ် အသုံးပြုနိုင်ပါသည်။ ထို့အပြင်၊ ရောင်းဝယ်ရေးအမျိုးအစားတစ်ခုတည်းတွင် မတူညီသော ဈေးနှုန်း လမ်းကြောင်းများ၌ ကုန်သွယ်မှုများကို ဖွင့်လှစ်သောအခါ၊ စတော့ဈေးကွက်တွင် သင်၏ကုန်သွယ်မှု သည် ရိုးရိုးရှင်းရှင်း ပိတ်သွားမည်ဖြစ်သည်။ Forex စျေးကွက်တွင် ဤ အရောင်းအဝယ်နှစ်ခုစလုံးသည် တစ်ခုနှင့်တစ်ခု သီးခြားတည်ရှိနေမည်ဖြစ်သည်။

5. ကနဦးငွေသွင်းမှုနည်းခြင်း

စတင်သူတိုင်းအတွက် အကောင်းဆုံးရွေးချယ်မှုမှာ 1,000 USD ပမာဏဖြင့်အကောင့်တစ်ခုဖွင့်ပြီး လေ့ကျင့်ရန်ဖြစ်သည်။ Forex ကုန်သွယ်မှုသည် 50 USD ဖြင့်ပင် အရောင်းအဝယ်စတင် ပြုလုပ်နိုင်သော အခွင့်အရေးကို ပေးပါသည်။

အားနည်းချက်များ:

1.ငွေဆုံးရှုံးနိုင်ခြေမြင့်မားခြင်း

ရှေ့ဆောင်းပါးများတွင် ဖော်ပြခဲ့သလို မြင့်မားသော Leverage သည် ဆုံးရှုံးနိုင်ချေအန္တရာယ်ကို တိုးစေသည်။ ၎င်းသည် သင်၏ ရင်းနှီးမြှုပ်နှံသူအကောင့်များကို ဗဟုသုတ မလုံလောက်ခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ တွန်းအားပေးမှုများကြောင့် ရင်းနှီးငွေတစ်ခုလုံးကို ဆုံးရှုံးသွားစေနိုင်သည်။

2. စဉ်ဆက်မပြတ်စောင့်ကြည့်ရန်လိုခြင်း

၎င်းသည် တနေ့တာအတွင်းရောင်းဝယ်သည့် အရောင်းအဝယ်များအတွက် ပုံမှန်လိုဖြစ်သည်။ အရောင်းအဝယ်ဖြစ်စဉ်ကို အဆက်မပြတ်စောင့်ကြည့်ပြီး စျေးနှုန်းအတက်အကျအားလုံးကို ဂရုတစိုက် အကဲဖြတ်ရပါမည်။

3. Broker များ၏ လိမ်လည်ခံရနိုင်ချေ မြင့်မားခြင်း

Forex ကုန်သွယ်မှုသည် ပိုမိုလုံခြုံမှုရှိလာသော်လည်း၊ လိမ်လည်လှည့်ဖြားမှုများ ဖြစ်ပွားဆဲဖြစ်သည်။ ဤပြဿနာများကိုရှောင်ရှားရန်၊ သင်သည် online brokers များကိုဂရုတစိုက်ရွေးချယ်သင့်သည်။

4. ကာလရှည်ကုန်သွယ်မှုတွင် ကုန်ကျစရိတ်မြင့်မားခြင်း

ကုန်သည်တစ်ဦးသည် swap ကို သတိထားရန် မေ့လျော့နိုင်သည်။ Swap သည် အနုတ်လက္ခဏာဖြစ်ပြီး ငွေကြေးအတွဲသည် exotic အမျိုးအစားဖြစ်ပါက၊ ကုန်သည်သည် အရောင်းအဝယ်ပေါ်မှ အမြတ်အစွန်းများ ဆုံးရှုံးနိုင်သည်။ သင့်ကုန်သွယ်မှု၏ ကန့်သတ်ချက်များအားလုံးကို ဂရုတစိုက် ပြန်လည်သုံးသပ်သင့်သည်။

5. Slippage နှင့် requotes

တနေ့တာအတွင်း အရောင်းအဝယ်လုပ်ပြီး limit orders များတင်သောအခါ၊ သင်သည် မကြာခဏဆိုသလို price slippage ကို ကြုံတွေ့ရနိုင်သည်။ ဤအခြေအနေတွင်၊ သင်၏ အော်ဒါများကို ရွှေ့ခြင်း သို့မဟုတ် လုံးလုံး ပယ်ဖျက်မည်ဖြစ်သည်။ ဤအခြေအနေသည် အထူးသဖြင့် အရေးကြီးသော မက်ခရိုစီးပွားရေး သတင်းများကို ထုတ်ဝေစဉ်အတွင်း မတည်ငြိမ်မှုများ တိုးမြင့်လာမှု၏ သဘာဝအကျိုးဆက်ဖြစ်သည်။

နိဂုံး - အသက်မွေးဝမ်းကြောင်းအလုပ်အဖြစ် ငွေကြေး ရောင်းဝယ်မှုကို အွန်လိုင်းတွင် ပြုလုပ်နိုင်ပါသလား။

လုပ်နိုင်ပါသည်! ဤအဖြေမှာ အလွန်ရိုးရှင်းသည့် အဖြေတစ်ခုဖြစ်သည်၊ သို့သော် မှန်ကန်သည်။ ပြဿနာမှာ အနည်းစုသာ အောင်မြင်ကြသည်။ ဤသည်မှာ ငွေမတက်နိုင်သောကုန်သည်ကို လိမ်လည် လှည့်ဖြားရန်သာ ကြံနေသူ သို့မဟုတ် မြင့်မားသော ကော်မရှင်ပမာဏများနှင့် ဝယ်ရောင်းဈေး အဟများ ဖြစ်စေသော ဈေးကွက် နှင့် Forex ဈေးကွက်ဝန်ဆောင်မှုပေးသူများနှင့် မသက်ဆိုင်ပါ။ ပြဿနာမှာ မိမိအပေါ်တွင်သာ မူတည်သည်။ လူသားသည် သဘာဝအားဖြင့် လောဘနှင့် စိတ်ခံစားမှုရှိသော သတ္တဝါ ဖြစ်သည်။ အမြတ်တစ်ခုရရှိသည့်အခါ အမြဲပိုလိုချင်ကြသည်၊ ယာယီ အရှုံးပေါ်သည့်အခါ အရှိတရားကို မေ့လျော့ပြီး လောဘနှင့် အကြောက်တရားကို ဖြစ်ပေါ်စေကြသည်။

အိတ်စ်ချိန်းဈေးကွက်မှ ရရှိသော၀င်ငွေများကို အားကစားတွင်ရရှိသည့်အောင်ပွဲနှင့် နှိုင်းယှဉ်ကြည့်နိုင်သည် - အောင်မြင်ရန် မလွယ်ကူပါ။ သင်၏ပြိုင်ဘက်များကို ကျော်တက်ရန် သင့်၌ အရည်အချင်းနှင့် အသိပညာရှိရမည်။ ဤအရာအားလုံးရှိလျှင် ဝင်ငွေရလာပါလိမ့်မည်။ တစ်ယောက်က အောင်မြင်လျှင် တစ်ယောက်က ဘာကြောင့်မလုပ်နိုင်ရမည်နည်း။ အောင်မြင်မှုရရှိရန်၊ သင့်တွင် Forex ကုန်သွယ်မှု အစီအစဉ်တစ်ခုလိုအပ်သည်။ ကုန်သွယ်မှုပြုလုပ်ရာတွင် ရှင်းလင်းသောအစီအစဉ်ရှိပါက အမြတ် ရရှိပါလိမ့်မည်၊ အကယ်၍ ကုန်သွယ်မှုအစီအစဉ်မရှိပါက၊ သို့မဟုတ် စည်းကမ်းဖောက်ဖျက်ပါက ဆုံးရှုံး ရပါလိမ့်မည်။ Forex အရောင်းအ၀ယ်ပြုလုပ်ခြင်းဖြင့် တစ်လလျှင် သင့် အရင်း၏ 20% မှ 30% အထိ ရရှိခြင်းသည် အလွန်လက်တွေ့ကျပါသည်။

ငွေကြေးရောင်းဝယ်မှုဆိုင်ရာ မေးခွန်းများ

Forex ငွေကြေးစျေးကွက်သည် ကုန်သည်တစ်ဦးချင်းစီအတွက် contracts for difference (trading CFDs) ဖြင့် သတ်မှတ်ထားသည့် ငွေကြေးအတွဲများ၊ စတော့ရှယ်ယာများ၊ သတ္တုများနှင့် ကုန်စည်များ အရောင်းအဝယ်ပြုလုပ်ရန် အခွင့်အလမ်းပေးသည့် ဘဏ်အချင်းချင်း ငွေကြေး လဲလှယ်သောစျေးကွက်တစ်ခုဖြစ်သည်။ သို့သော်လည်း CFDs များသည် ရှုပ်ထွေးပြီး အထူးသဖြင့် ကုန်သည်တစ်ဦးတွင် အတွေ့အကြုံလုံလောက်စွာမရှိ၍ ဈေးကွက်သုံးသပ်ရေး နည်းလမ်းများအား မည်ကဲ့သို့အသုံးချရမည်ကို မသိပါက အလုံးအရင်းဖြင့် ငွေဆုံးရှုံးနိုင်သည်ကို သတိပြုပါ။

ငွေကြေးများတွင် ရင်းနှီးမြုပ်နှံမှုများသည် ကုန်သွယ်မှု၏ အဖွင့်စျေးနှုန်းနှင့် ကုန်သွယ်မှု၏ အပိတ်စျေးနှုန်းအကြား ကွာခြားချက်မှ အမြတ်အစွန်းရရှိရန်အတွက် ငွေကြေးအတွဲများကို ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်း၏ စံသတ်မှတ်ချက် ရောင်းဝယ်မှုဖြစ်သည်။ ဤစျေးနှုန်း ကွာခြားချက်သည် အပေါင်း ဆိုပါက၊ ကုန်သည်သည် အမြတ်အစွန်းကို ရရှိသည်။ အနုတ်လက္ခဏာဖြစ်လျှင် ၎င်းတို့သည် ဆုံးရှုံးမှုကို ခံစားရပြီး ၎င်းတို့၏ ရင်းနှီးမြှုပ်နှံသူ အကောင့်များသည် ငွေများ ဆုံးရှုံးကြသည်။ CFDs၊ futures contracts နှင့် အခြားအရာများကဲ့သို့သော ရှုပ်ထွေးသော နည်းလမ်းများမှတစ်ဆင့် Forex ကုန်သွယ်ရေး အတွဲများကို ကုန်သွယ်မှုပြုလုပ်နိုင်သည်။

Forex ကုန်သွယ်မှုသည် စတော့ရှယ်ယာများနှင့် ငွေချေးစာချုပ်များ ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်းကဲ့သို့ လုံးဝတရားဝင်ပါသည်။ Forex အွန်လိုင်းကုန်သွယ်မှု ကို နိုင်ငံများ၏ ဥပဒေများက ထိန်းချုပ်ထားပြီး အချို့အခြေအနေများတွင် ငွေလဲလှယ်မှုဆိုင်ရာ စံသတ်မှတ်ချက် ဝင်ငွေခွန်ကို ကောက်ခံပါသည်။ ငွေကြေးရောင်းဝယ်ခြင်းကို စတင်လိုပါက၊ Forex ကုန်သွယ်မှုသည် မြင့်မားသောအန္တရာယ်ကို ရည်ညွှန်းပြီး အထူးဗဟုသုတနှင့် အတွေ့အကြုံများ လိုအပ်ကြောင်း နားလည်ရန် အရေးကြီးပါသည်။ ထို့ကြောင့်၊ ကုန်သွယ်မှုကိုလေ့ကျင့်ရန်အရေးကြီးသည်။ သင်၏ကုန်သွယ်မှုစတိုင်လ်နှင့်အညီ ခိုင်မာသောကုန်သွယ်မှုမဟာဗျူဟာကို မသုံးလှင် သင့်ကုန်သွယ်မှုအကောင့်မှ ငွေများ လျင်မြန်စွာ ဆုံးရှုံးနိုင်ချေရှိသည်။

ငွေကြေးအတွဲ ရောင်းဝယ်ခြင်း သည် ငွေကြေးတစ်မျိုးကို အခြားတစ်မျိုးအတွက် ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်း ဖြစ်သည်။ ဥပမာအားဖြင့်၊ EURUSD ငွေကြေးအတွဲကို ဝယ်ယူရောင်းချသည့်အခါ၊ ကျွန်ုပ်တို့သည် ယူရိုအတွက် ဒေါ်လာလဲလှယ်နှုန်းဖြင့် ပေးချေခြင်းဖြင့် ယူရိုငွေပမာဏကို ဝယ်ယူရောင်းချခြင်းဖြစ်သည်။ မည်သည့် အရောင်းအ၀ယ်အမျိုးအစားနှင့်မဆို ၎င်းသည် ကုန်သွယ်မှုများဆုံးရှုံးရန် မြင့်မားသောအန္တရာယ်ကို ရည်ညွှန်းပြီး သင့်ရင်းနှီးမြှုပ်နှံသူ အကောင့်များကို ငွေဆုံးရှုံးစေနိုင်သည်။ ထို့ကြောင့်၊ ခိုင်မာသောကုန်သွယ်မှုဗျူဟာတစ်ခုရှိရန်၊ ခိုင်မာသောကုန်သွယ်မှုပလပ်ဖောင်းကိုရွေးချယ်ပါ၊ ယုံကြည်စိတ်ချရသောအွန်လိုင်း Forex broker များနှင့်အလုပ်လုပ်ပါ၊ Forex ဝေါဟာရနှင့် Forex စျေးကွက်ကို ယေဘုယျအားဖြင့် ရှင်းလင်းစွာနားလည်ရန် အကြံပြုအပ်ပါသည်။

ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ နိုင်ငံလုံးဆိုင်ရာငွေကြေးအားလုံးနီးပါးကို ခေတ်မီ Forex စျေးကွက်တွင် ကိုယ်စားပြုထားသည်။ ၎င်းတို့ကို လူကြိုက်များမှုအရ အမျိုးအစား ၃ ခုဖြင့် အုပ်စုဖွဲ့ထားသည်။ Trading Forex သည် အလုပ်လုပ်ရက် ၅ ရက်အတွင်း တစ်ရက်လျှင် ၂၄ နာရီ ရရှိနိုင်ပြီး အွန်လိုင်း Forex broker နှင့် ကုန်သွယ်မှုပလပ်ဖောင်းမှတဆင့် လုပ်ဆောင်နိုင်သည်။

ငွေကြေးလဲလှယ်ခြင်းတွင် ဝင်ငွေရှာခြင်းသည် ဝင်ငွေကိုဖန်တီးရန် အတန်ငယ် ရှုပ်ထွေးသော နည်းလမ်းဖြစ်ပြီး မတူညီသော အကျိုးဆောင်များ သို့မဟုတ် ဘဏ္ဍာရေးအဖွဲ့အစည်းများမှ ကိုးကားချက်များကို အဆက်မပြတ်စောင့်ကြည့်ခြင်းနှင့် နှိုင်းယှဉ်ခြင်း တို့ပါဝင်သည်။ အဓိကအချက် မှာ ငွေကြေးကို အနိမ့်ဆုံးဈေးဖြင့် ဝယ်ပြီး အမြင့်ဆုံးဈေးဖြင့် ရောင်းရန်ဖြစ်သည်။ ထို့နောက် လိုချင်သောရလဒ်ရရှိသည်အထိ လုပ်ငန်းစဉ်ကို ထပ်ခါတလဲလဲ ပြုလုပ်သည်။

ကုန်သွယ်မှုမှ ၀င်ငွေရနေသည့် နိုင်ငံပေါ်မူတည်ပါသည်။ အချို့နိုင်ငံများတွင် ဥပဒေအရ မဖြစ်မနေ ဝင်ငွေခွန်ပေးဆောင်ရသည်။ သို့သော် broker အများစုသည် ကမ်းလွန်ဇုန်များတွင် နေထိုင်သူများ ဖြစ်သောကြောင့် ၎င်းတို့ကုန်သည်များ၏ ၀င်ငွေကို အခွန်မဆောင်ပါ။

Forex ကုန်သွယ်မှုသည် အထူးအကျိုးဆောင်များနှင့် ကုန်သွယ်မှုပလပ်ဖောင်းများထဲမှ တစ်ခုနှင့် ကုန်သွယ်မှုအကောင့်ဖွင့်ခြင်းဖြင့် သင်ဝင်ရောက်နိုင်သည့် ငွေကြေးလဲလှယ်ရေးအိတ်စ်ချိန်းတွင်သာ ပြုလုပ်နိုင်သည်။

ငွေကြေးဈေးကွက်သည် ငွေကြေးအတွဲများကို ရောင်းချခြင်း သို့မဟုတ် ဝယ်ယူခြင်းဖြင့် ငွေကြေးတစ်မျိုးနှင့် အခြားတစ်မျိုး လဲလှယ်ရန်အတွက် ငွေပေးငွေယူပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးဈေးကွက်တစ်ခုဖြစ်သည်။

နေ့စဉ်ကုန်သွယ်မှု ပြုလုပ်ရန်အတွက်၊ ရောင်းဝယ်သည့်နေ့မကုန်ဆုံးမီ အရောင်းအ၀ယ်ပြုလုပ်ခြင်း ပါ၀င်သည့် လူကြိုက်များသော တနေ့တာအတွင်း ရောင်းဝယ်သည့်ကုန်သွယ်မှုဗျူဟာများထဲမှ တစ်ခုကို အသုံးပြုရန်လိုအပ်ပါသည်။ ဤနည်းဖြင့် သင်သည် ရက်လွန်ကြေးကော်မရှင်ခကို မပေးချေရပါ။ Forex ကုန်သွယ်မှုသည် မတည်ငြိမ်မှု မြင့်မားခြင်းကို ဆိုလိုပြီး ကုန်သွယ်မှုများ ဆုံးရှုံးနိုင်ခြေ မြင့်မားသည်။ ထို့ကြောင့်၊ သင်၏ရင်းနှီးမြုပ်နှံသူအကောင့်များကို ငွေမဆုံးရှုံးစေရန် သင်၏ကုန်သွယ်မှုပုံစံနှင့် လိုက်လျောညီထွေဖြစ်စေမည့် ခိုင်မာသောနည်းဗျူဟာကို ဖော်ဆောင်ရန်အတွက် ခိုင်မာသောအန္တရာယ်စီမံခန့်ခွဲမှုနည်းလမ်းများကို အသုံးပြုရန် အရေးကြီးပါသည်။

လူကြိုက်အများဆုံးနှင့် ကြိုတင်ခန့်မှန်းနိုင်သော ငွေကြေးများကို ရောင်းဝယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ၎င်းတို့မှာ အမေရိကန် ဒေါ်လာ၊ ယူရို၊ ဗြိတိန်ပေါင်၊ ဂျပန်ယန်းနှင့် ဆွဇ်ဖရန့်တို့ ဖြစ်သည်။

Forex ကုန်သွယ်မှုအတွက် အကောင်းဆုံးဆော့ဖ်ဝဲမှာ MetaTrader 4 သို့မဟုတ် MetaTrader 5 terminal ဖြစ်သည်။ အကယ်၍ သင်သည် ကွန်ပျူတာတွင် ကုန်သွယ်မှုတာမင်နယ်တစ်ခုကို မထည့်သွင်းနိုင်ပါက၊ မိုဘိုင်းဗားရှင်းကို အသုံးပြုနိုင်သည်။

Forex ကုန်သည်တစ်ဦးအနေဖြင့် အဖွင့်နှင့် အပိတ်စျေးနှုန်းများကြား အပေါင်း လက္ခဏာဆောင်သော ခြားနားချက်ကို ရရှိရန်အတွက် ငွေကြေးအတွဲများကို ဝယ်ယူရောင်းချရန် အရောင်းအ၀ယ်ပြုလုပ်ပါသည်။ ဆောင်ရွက်ခဲ့သော ငွေကြေးအရောင်းအ၀ယ်အားလုံး၏ ရလဒ်များကို စုပေါင်းပြီး ကုန်သည်၏ ကုန်သွယ်မှုအကောင့်တွင် အမြတ် သို့မဟုတ် အရှုံးပေါ်စေသည်။

လုပ်နိုင်ပါသည်။ ငွေကြေးလဲလှယ်ရောင်းဝယ်မှုသည် မြင့်မားသောအန္တရာယ်များနှင့် ဆက်စပ်နေသော်လည်း Forex ကုန်သွယ်မှုဗျူဟာ၏ စည်းမျဉ်းများကို တင်းကျပ်စွာလိုက်နာခြင်းနှင့် အရည်အချင်းရှိသော ငွေကြေးစီမံခန့်ခွဲမှုသည် အဆိုပါအန္တရာယ်များကို လျှော့ချနိုင်သောကြောင့် ပုံမှန်၀င်ငွေတစ်ရပ်ကို ပေးစွမ်းနိုင်သည်။

အရောင်းအဝယ်စတင်ရန်နှင့် ငွေကြေးအတွဲတစ်တွဲ ရောင်းရန်အတွက်၊ သင်သည် ၎င်းတွင် Sell အရောင်းအ၀ယ်တစ်ခုဖွင့်ရန် လိုအပ်သည်။ ခေတ်မီငွေကြေးလဲလှယ်ရေးဈေးကွက်သည် လမ်းကြောင်းနှစ်ခုစလုံးတွင် တစ်ခုနှင့်တစ်ခု သီးခြားလွတ်လပ်စွာ ကုန်သွယ်မှုများကို ဖွင့်လှစ်ခွင့် ပြုထားသည်။ အရောင်းကုန်သွယ်မှုသည် ကုန်သွယ်မှုလုပ်ငန်းစဉ်တွင် ထည့်သွင်းထားပြီး ဖြစ်သောကြောင့် အထူးတလည်ပြင်ဆင်ရန် မလိုအပ်ပါ။

ပင်မငွေကြေးအတွဲများဖြစ်သော major currency pairs များသည် နိုင်ငံခြားဈေးကွက်တွင် စတင်ရောင်းဝယ်သူများအတွက် အသင့်တော်ဆုံးဖြစ်သည်။ စတင်သူအတွက် စံပြရွေးချယ်မှုမှာ EURUSD နှင့် GBPUSD ငွေကြေးအတွဲများဖြစ်သည်။

ယနေ့ခေတ် Forex စျေးကွက်အတွင်း စတော့နှင့် ငွေကြေးကုန်သွယ်ခြင်းသည် လက်တွေ့အားဖြင့် ကွာခြားမှုမရှိသည့် အဆင့်သို့ရောက်ရှိနေပါသည်။ သို့သော်၊ အရောင်းအဝယ် စတင် ပြုလုပ်သောအခါတွင်၊ ငွေကြေးအတွဲများ ၏ မငြိမ်မသက်မှုသည် ပိုမိုမြင့်မားသည်၊ ထို့ကြောင့်၊ အလားအလာရှိသောအမြတ်အစွန်းသည်လည်းပိုမိုမြင့်မားကြောင်းရှင်းလင်းစွာ သိသင့်သည်။

သင့်တွင် အသိပညာနှင့် အတွေ့အကြုံရှိပါက Forex ကုန်သွယ်မှုသည် အလွန်ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်။ သင့်တွင် အရောင်းအ၀ယ်ဗဟုသုတနှင့် အတွေ့အကြုံမရှိပါက သင်၏ ရင်းနှီးမြှုပ်နှံသူအကောင့်၌ ငွေဆုံးရှုံးမှု မဖြစ်ရလေအောင် အချိန်ယူ၍ သင်ယူပါ။ အထူးသဖြင့် သင့်အတွက် အသင့်တော်ဆုံး ကုန်သွယ်မှုပလပ်ဖောင်းနှင့် online broker ကို ရှာဖွေတွေ့ရှိပါက သင်ဝင်ငွေရစေမည့် သင့်အိမ်မက်များ အမှန်တကယ်ဖြစ်လာစေရန် နိုင်ငံခြား ငွေလဲလှယ်ရေး စျေးကွက်ရှိ အရောင်းအဝယ်လုပ်ခြင်းသည် သင့်အတွက် အကူအညီဖြစ်လာပါလိမ့်မည်။

နိုင်ငံတကာငွေကြေးရောင်းဝယ်နည်း-လမ်းညွှန်

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat