Nvidia (#NVDA) သည် ထိပ်တန်းနည်းပညာကုမ္ပဏီများမှတခုဖြစ်ပြီး၊ graphics processing units (GPUs)၊ ဉာဏ်ရည်တုဖြေရှင်းချက်များနှင့် cloud computing စနစ်များ ထုတ်လုပ်ဖန်တီးခြင်းကို အထူးပြုလုပ်ဆောင်ပါသည်။ AI နည်းပညာများ အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် မြင့်မားသောကွန်ပျူတာစွမ်းရည်အတွက် လိုအပ်ချက်မြင့်မားလာခြင်းတို့ကြောင့် မကြာသေးမီနှစ်များအတွင်း ကုမ္ပဏီ၏ စတော့သည် လျင်မြန်စွာ တန်ဖိုးတက်လာခဲ့ပါသည်။
၂၀၂၅ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံသူများသည် အခြေခံပိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများကို စိစစ်စိတ်ဖြာကာ NVDA ၏ စွမ်းဆောင်ရည်ကို သေချာစွာ ဆက်လက်စောင့်ကြည်နေကြပါသည်။ ဤဆောင်းပါးတွင် လာမည့်နှစ်များအတွင်း Nvidia ၏ စတော့ဈေးနှုန်းအတွက် ကျွမ်းကျင်သူတို့၏ ခန့်မှန်းချက်များကို သုံးသပ်လေ့လာခြင်းနှင့်အတူ ၎င်း၏ တန်ဖိုးအပေါ် လွှမ်းမိုးထားသော အရေးပါသည့် အကြောင်းအရာများကို စူးစမ်းစိစစ်ခြင်းများ ပါဝင်ပါသည်။ ဤပိုင်ဆိုင်မှုအမျိုးအစားသည် ကာလရှည်ရင်းနှီးမြှုပ်နှံမှုအတွက် အလားအလာကောင်းမွန်ခြင်း ရှိ/မရှိကို ဆုံးဖြတ်ရန်အတွက်၊ ကျွန်ုပ်တို့သည် နည်းပညာပိုင်းဆိုင်ရာနှင့် အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများကို ဆောင်ရွက်ပါမည်။
ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
- အဓိကမှတ်သားရန်အချက်များ
- Nvidia ၏ အချိန်နှင့်တပြေးညီ ဈေးကွက်အခြေအနေ
- ၂၀၂၅ ခုနှစ်အတွင်း Nvidia ဈေးနှုန်းအတွက် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုနှင့် ရှုမြင်သုံးသပ်ချက်
- ၂၀၂၆ ခုနှစ်အတွင်း Nvidia ဈေးနှုန်းအတွက် ကျွမ်းကျင်သူတို့၏ ကြိုတင်ခန့်မှန်းချက်များ
- ၂၀၂၇ ခုနှစ်အတွင်း Nvidia ဈေးနှုန်းအတွက် ကျွမ်းကျင်သူတို့၏ ခန့်မှန်းချက်များ
- ၂၀၂၈ ခုနှစ်အတွက် ကျွမ်းကျင်သူများ၏ Nvidia ဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ
- ၂၀၂၉ ခုနှစ်အတွက် ကျွမ်းကျင်သူများ၏ Nvidia ဈေးနှုန်းခန့်မှန်းချက်များ
- ၂၀၃၀ ခုနှစ်အတွက် ကျွမ်းကျင်သူများ၏ Nvidia ဈေးနှုန်းခန့်မှန်းချက်များ
- ကျွမ်းကျင်သူများ၏ ၂၀၅၀ ခုနှစ်အထိ Nvidia စတော့ဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ
- ဆိုရှယ်မီဒီယာပေါ်တွင် NVDA (Nvidia) ၏ ဈေးကွက်သဘောထားအလေးသာမှု
- Nvidia (#NVDA) ဈေးနှုန်းရာဇဝင်
- Nvidia စတော့၏ အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်
- Nvidia အကြောင်း နောက်ထပ်အချက်အလက်များ
- ကျွန်ုပ်တ်ို့၏ ခန့်မှန်းချက်များ တည်ဆောက်ပုံ
- အနှစ်ချုပ် - Nvidia (#NVDA) သည် ကောင်းမွန်သောရင်းနှီးမြှုပ်နှံမှုတခု ဖြစ်ပါသလား။
- Nvidia စတော့ခန့်မှန်းချက် အမေး၊ အဖြေများ
အဓိကမှတ်သားရန်အချက်များ
၁၆.၀၅.၂၀၂၆ တွင် Nvidia ၏ စတော့ဈေးနှုန်းသည် ာ$225.34 ဖြစ်ပါသည်။
Nvidia သည် ၎င်း၏ ကာလတလျှောက်အမြင့်ဆုံးတန်ဖိုးဖြစ်သော $236.37 သို့ ၁၄.၀၅.၂၀၂၆ တွင် ရောက်ရှိခဲ့သည်။ ကာလတလျှောက်အနိမ့်ဆုံးတန်ဖိုးဖြစ်သော $0.33 ကို ၂၆.၀၄.၁၉၉၉တွင် သတ်မှတ်ခဲ့သည်။
၂၀၂၅ ခုနှစ်အတွက် မျှော်မှန်းထားသော ဈေးနှုန်းရွေ့လျားမှုအပိုင်းအခြား - $166.08 – $241.80။
နောက်ဆုံး သုံးလပတ်အစီရင်ခံစာသည် ခွဲခြမ်းစိတ်ဖြာသူတို့၏ မျှော်မှန်းချက်များကို ၁၂% ကျော်လွန်ခဲ့သည်။
အဓိကပြိုင်ဘက်များ - AMD၊ Intel နှင့် Qualcomm။
လက်ရှိ ပေးချေသော အမြတ်ဝေစုနှုန်းမှာ- 0.04% ဖြစ်ပါသည်။
လက်ရှိအမြတ်ဝေစုနှုန်းထား - 0.04%။
ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများ၏ ရာခိုင်နှုန်း - 68%။
အရေးပါသောဆုံးရှုံးနိုင်ခြေများ - AI ဖြေရှင်းချက်များ၏ ဝယ်လိုအားအပေါ် မြင့်မားသော မှီခိုမှု၊ အခြားနည်းပညာဆိုင်ရာကုမ္ပဏီများနှင့် ယှဉ်ပြိုင်မှု၊ အမေရိကန်နှင့် တရုတ်နိုင်ငံအတွင်း အုပ်ချုပ်ရေးဆိုင်ရာပြဿနာများ။
Nvidia ၏ အချိန်နှင့်တပြေးညီ ဈေးကွက်အခြေအနေ
၁၆.၀၅.၂၀၂၆ တွင် Nvidia စတော့ဈေးနှုန်းမှာ $225.34 ဖြစ်ပါသည်။
Nvidia ၏ စတော့ဈေးနှုန်းကို ထိရောက်မှုရှိစွာ စောင့်ကြည့်လေ့လာရန်အလို့ငှာ၊ အရေးပါသော စံနှုန်းများကို ထည့်သွင်းစဉ်းစားရပါမည်။ ယင်းစံနှုန်းများသည် ရင်းနှီးမြှုပ်နှံသူများအား ကုမ္ပဏီ၏ ဘဏ္ဍာရေးစွမ်းဆောင်ရည်နှင့် လမ်းကြောင်းများအကြောင်း နားလည်သဘောပေါက်စေပါသည်။
စံနှုန်း | တန်ဖိုး |
ဈေးကွက်အရင်းအနှီး | $3.4 ထရီလီယံ |
၂၄ နာရီ ကုန်သွယ်မှုပမာဏ | 195.5 မီလီယံ NVDA |
တနှစ်တာအပြောင်းအလဲ | 91.2% |
ကာလတလျှောက်အမြင့်ဆုံးတန်ဖိုး | $153.13 |
ကာလတလျှောက်အနိမ့်ဆုံးတန်ဖိုး | $0.03 |
ထုတ်ရောင်းထားသောရှယ်ယာများ | 24.49 billion |
အမြတ်ဝေစုပေးချေနှုန်း | $0.04 |
၂၀၂၅ ခုနှစ်အတွင်း Nvidia ဈေးနှုန်းအတွက် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုနှင့် ရှုမြင်သုံးသပ်ချက်
၂၀၂၄ ဧပြီလမှစတင်၍ Nvidia (#NVDA) စတော့သည် ရှင်းလင်းပြတ်သားသော support နှင့် resistance levels များနှင့်အတူ ရွေ့လျားနေသော ချန်နယ်လ်တခုကို ဖွဲ့စည်းကာ တည်ငြိမ်သော အတက်လမ်းကြောင်းတခုအတွင်း ဆက်လက်တည်ရှိနေပါသည်။ လက်ရှိဈေးနှုန်းဖြစ်သော $138.73 သည် SMA ($130.3) နှင့် EMA ($132.08) ကိုကျော်လွန်သွားပြီး၊ အထက်သို့ တိုးတက်ရွေ့လျားမှုကို အတည်ပြုပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ဈေးနှုန်းသည် အထက်နယ်နိမိတ်မျဉ်းဖြစ်သော $149 တန်ဖိုးသို့ ချဉ်းကပ်လာကြောင်း Bollinger Bands (BB) မှ အချက်ပြပါသည်။ ၎င်းသည် လက်ရှိအချိန် အတွင်း ယာယီအလှည့်အပြောင်းတခု ဖြစ်နိုင်ခြေကို မြင့်မားစေပါသည်။
နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု indicators များ -
RSI (56.63) သည် ကြားနေဇုန်အတွင်းရှိနေပြီး၊ ထင်ထင်ရှားရှား ဝယ်လိုအားလွန်ကဲသော အခြေအနေတရပ် ရှိမနေခြင်းကို ညွှန်ပြပါသည်။
MACD (-0.5) သည် အချက်ပြမျဉ်း (-2.1) ၏ အောက်တွင် ရှိပါသည်။ ၎င်းသည် တိုးတက်သောရွေ့လျားမှု ယာယီနှေးကွေးလာခြင်းကို ညွှန်ပြခြင်းဖြစ်နိုင်ပါသည်။
ပိုမိုပြန့်ကားလာသော Bollinger Bands သည် အထက်နယ်နိမိတ်မျဉ်းအား $149၊ အလယ်ပိုင်း နယ်နိမိတ်အား $130.97နှင့် အောက်ဘက်နယ်နိမိတ်အား $112.72 ဈေးနှုန်းအဆင့်များတွင် အသီးသီး ညွှန်ပြထားပြီး၊ အလားအလာရှိသော ပြန်လည်မြင့်တက်မှု(rebound) တခုမတိုင်မီ အောက်နယ်နိမိတ်မျဉ်း အစမ်းသပ်ခံရနိုင်ခြေရှိကြောင်းကို ပြသနေပါသည်။
အရေးပါသော Support နှင့် Resistance Levels များ -
Support - $130.3 (SMA)၊ $112.72 (BB အောက်နယ်နိမိတ်အဆင့်)။
Resistance - $149 (BB အထက်နယ်နိမိတ်အဆင့်)၊ $152-$153 (ယခင်အရေးပါသော ဈေးနှုန်းအဆင့်။
၂၀၂၅ ခုနှစ်အတွက် ခန့်မှန်းချက်များ -
အကယ်၍ ဈေးနှုန်းသည် $130.3 အထက်တွင် ကြာရှည်တည်ငြိမ်မှုရှိပါက၊ တိုးတက်မှုသည် $149 အထက်သို့ ကျော်လွန်နိုင်ပါသည်။ အကယ်၍ $112.72 ဈေးတန်း ကျိုးပေါက်ခဲ့ပါက၊ $100-$110 အထိ ယာယီကျဆင်းမှုတခု ပေါ်ပေါက်နိုင်ပါသည်။ အထက်သို့တိုးတက်ရန်အလားအလာမှာ ဖြစ်နိုင်ခြေအရှိဆုံး ဖြစ်ပါသည်။ ၎င်းသည် နှစ်ကုန်ချိန်တွင် $160-$170 ကြား ပစ်မှတ်အလားအလာနှင့်အတူ $149 ၏ အထက်သို့ ဈေးနှုန်းဖောက်ထွက်နိုင်ခြေကို ပြသပါသည်။ အကယ်၍ ကျဆင်းရန်လျာထားချက် မှန်ကန်ခဲ့ပါက၊ ဈေးနှုန်းသည် $110-$120 သို့ ပြန်လည်ရောက်ရှိလာနိုင်ပါသည်။
လ | အနည်းဆုံး၊ $ | အများဆုံး၊ $ |
ဖေဖော်ဝါရီ | 130 | 145 |
မတ် | 132 | 148 |
ဧပြီ | 135 | 152 |
မေ | 137 | 156 |
ဇွန် | 140 | 160 |
ဇူလိုင် | 142 | 165 |
ဩဂုတ် | 145 | 170 |
စက်တင်ဘာ | 148 | 175 |
အောက်တိုဘာ | 150 | 180 |
နိုဝင်ဘာ | 152 | 185 |
ဒီဇင်ဘာ | 155 | 190 |
၂၀၂၅ ခုနှစ်အတွင်း NVDA အတွက် ကာလရှည်ကုန်သွယ်ရေးအစီအစဉ်
နည်းဗျူဟာ - Nvidia ၏ လမ်းကြောင်းမှာ အထက်သို့ ဆက်လက်တိုးတက်ရန် အလားအလာရှိပါသည်။ ကုန်သွယ်မှုအစီအစဉ်သည် support နှင့် resistance levels များ အသုံးပြု၍ ကုန်သွယ်မှုများဖွင့်ရန် အကြံပြုပါသည်။
အလားအလာရှိသော အဝင်ပွိုင့်များ -
Longs((အဝယ်များ) - $149 နှင့်အထက် ပစ်မှတ်နှင့်အတူ $130.3 (SMA) မှ စ၍။
Longs(အဝယ်များ) - အထက်သို့ ဖောက်ထွက်ခဲ့ပြီးနောက် $112.72 (Bollinger Bands ၏ အောက်နယ်နိမိတ်မျဉ်း) မှစ၍။
Shorts(အရောင်းများ) - အကယ်၍ ဈေးနှုန်းသည် $112.72 အောက်သို့ ကျဆင်းခဲ့ပါက၊ $100-$110 ကြားပစ်မှတ်ဖြင့်။
Resistance levels များ -
$149 – Bollinger Bands ၏ လက်ရှိအမြင့်ဆုံး။
$152-$153 – ယခင် resistance။
အချက်ပြမှုများ -
တိုးတက်ရန်အချက်ပြမှု - အကယ်၍ ဈေးနှုန်းသည် $149 အထက်၌ အခြေချပါက $160-$170 ကြားပစ်မှတ်ကို ပြသပါသည်။
အချက်ပြမှုမှာ အရောင်းဖြစ်ပါသည် - MACD သည် အရောင်းအားကောင်းသောနယ်ပယ်အတွင်း ရှိနေပြီး ကျဆင်းနိုင်ချေ ရှိနေသည်။
ကျဆင်းရန်အချက်ပြမှု - MACD သည် အနှုတ်နယ်နိမိတ်အတွင်း ကျန်ရှိနေပါက၊ ယာယီကျဆင်းမှုတခု ဖြစ်နိုင်ပါသည်။
56 အနီးရှိ RSI သည် တိုးတက်မှုအလားအလာကို အချက်ပြသည်။ သို့သော် နောက်ပိုင်းတွင် ပြန်လည်ကျဆင်းမှုများ ရှိနိုင်ပါသည်။
အသင့်တော်ဆုံး နည်းဗျူဟာတခုမှာ ပိုင်ဆိုင်မှု၏ ဈေးနှုန်းရွေ့လျားမှုအပြောင်းအလဲများကို စောင့်ကြည့်၍ ယာယီအလှည့်အပြောင်းဖြစ်ပေါ်ချိန်များတွင် ကုန်သွယ်မှုများတည်ဆောက်ကာ၊ အရေးပါသော resistance levels များတွင် အမြတ်များကို သိမ်းဆည်းရန် ဖြစ်ပါသည်။
၂၀၂၅ ခုနှစ်အတွက် ကျွမ်းကျင်သူများ၏ Nvidia ဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ
ဉာဏ်ရည်တုနည်းပညာ၊ cloud computing နှင့် graphics processing units များတွင် စိတ်ဝင်စားမှုများ တိုးပွားလာခြင်းသည် Nvidia ၏ စတော့ဈေးနှုန်းအပေါ် ဆက်လက်၍အကျိုးသက်ရောက်နေပါသည်။ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များမှ ၂၀၂၅ ခုနှစ်တွင် တိုးတက်လာသော ဈေးကွက်အရင်းအနှီး၊ ၎င်း၏ထုတ်ကုန်များအတွက် ခိုင်မာသောဝယ်လိုအားနှင့် စီးပွားရေးချဲ့ထွင်မှုများကြောင့် ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ သိသိသာသာ တိုးတက်မြင့်မားလာနိုင်သည်ဟု ခန့်မှန်းကြသည်။
Markettalkz
၂၀၂၅ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $166.08 – $241.80 (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ အချက်အလက်များအပေါ် သုံးသပ်ခန့်မှန်းပါသည်)
Markettalkz ရှိ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များမှ ၂၀၂၅ ခုနှစ်တွင် Nvidia စတော့သည် $241.80 သို့ ရောက်ရှိနိုင်သည်ဟု ယူဆသုံးသပ်ကြပါသည်။ တိုးတက်မှုအတွက် အဓိကတွန်းအားများမှာ Data Center GPUs ချဲ့ထွင်မှုနှင့် AI Enterprise Software အား အောင်မြင်စွာ တီထွင်အသုံးချနိုင်မှုတို့ ဖြစ်ပါသည်။ P/B Ratio သည် 70 ဝန်းကျင်တွင် ဆက်လက်ကျန်ရှိနေစဉ်၊ Nvidia ၏ ဈေးကွက်အရင်းအနှီးသည် $4.5 ထရီလီယံတန်ဖိုးအနီးသို့ ချဉ်းကပ်လာနိုင်ပါသည်။ ကျော်ကြားသော နည်းပညာကုမ္ပဏီများမှ HGX Systems ကို လက်ခံအသုံးပြုမှုသည်လည်း အရေးပါသော သော့ချက်တခု ဖြစ်လာနိုင်ပါသည်။
ခုနှစ် | အနည်းဆုံး၊ $ | ပျမ်းမျှ၊ $ | အများဆုံး၊ $ |
၂၀၂၅ | 166.08 | 186.00 | 241.80 |
Paisakit
၂၀၂၅ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $358.50 – $409.08 (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ အချက်အလက်များအပေါ် သုံးသပ်ခန့်မှန်းပါသည်)
Paisakit ၏ ခန့်မှန်းချက်များသည် ပိုမို၍ အကောင်းမြင်မှုရှိပါသည်။ ၎င်း၏ခန့်မှန်းချက်အရ၊ ၂၀၂၅ ခုနှစ်တွင် Nvidia ၏ ပျမ်းမျှစတော့ဈေးနှုန်းသည် $382.29 သို့ ရောက်ရှိနိုင်ပြီး၊ $409.08 အထိ အမြင့်ဆုံးတိုးတက်ရန် အလားအလာရှိပါသည်။ ဤတိုးတက်မှုသည် AI အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှုတွင် GPUs အတွက် ပိုမိုမြင့်မားလာသော ဝယ်လိုအားနှင့် ကုမ္ပဏီ၏ သိသာထင်ရှားသော အရောင်းဝင်ငွေတိုးတက်မှုများကြောင့်ဖြစ်သည်ဟု ကျွမ်းကျင်သူများမှ သုံးသပ်ထားပါသည်။
ခုနှစ် | အနည်းဆုံး၊ $ | ပျမ်းမျှ၊ $ | အများဆုံး၊ $ |
၂၀၂၅ | 358.50 | 382.29 | 409.08 |
CoinPriceForecast
၂၀၂၅ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $165 – $166 (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ အချက်အလက်များအပေါ် သုံးသပ်ခန့်မှန်းပါသည်)
CoinPriceForecast သည် ပို၍သတိရှ်ိသော ခန့်မှန်းချက်တခုကို မျှဝေထားပြီး၊ Nvidia ၏ စတော့သည် ၂၀၂၅ နှစ်လယ်တွင် $165 သို့ ရောက်ရှိနိုင်သည်ဟု အကြံပြုထားပါသည်။ ဤခန့်မှန်းထားသော တိုးတက်မှုသည် လက်ရှိဈေးနှုန်းမှ ၂၀% နီးပါးတိုးတက်မှုနှင့် ညီမျှသော်လည်း၊ ပိုမိုကျယ်ပြန့်သော ဈေးကွက်လမ်းကြောင်းများအပေါ်အခြေခံ၍ ပြန်လည်ချိန်ညှိရနိုင်ပါသည်။
ခုနှစ် | နှစ်လယ်၊ $ | နှစ်ကုန်၊ $ | အပြောင်းအလဲ၊ % |
၂၀၂၅ | 165 | 166 | +20 |
၂၀၂၆ ခုနှစ်အတွင်း Nvidia ဈေးနှုန်းအတွက် ကျွမ်းကျင်သူတို့၏ ကြိုတင်ခန့်မှန်းချက်များ
၂၀၂၆ ခုနှစ်တွင်၊ ဉာဏ်ရည်တုနည်းပညာ၊ cloud computing နှင့် data centers အခန်းကဏ္ဍများတွင် အဆင့်မြှင့်တင်မှုများပြုလုပ်ခြင်းဖြင့် Nvidia ၏ စတော့သည် ဆက်လက်၍ တန်ဖိုးတိုးတက်လာနိုင်ပါသည်။ စီးပွားရေးနယ်ပယ်များ ချဲ့ထွင်ခြင်း၊ နည်းပညာဆိုင်ရာဖြေရှင်းချက်အသစ်များနှင့် မြင့်မားသောရင်းနှီးမြှုပ်နှံမှုဆွဲဆောင်အားတို့သည် ကုမ္ပဏီ၏ ရပ်တည်မှု ပိုမိုခိုင်မာစေရေးအတွက် အထောက်အပံ့ပြုလိမ့်မည်ဟု ဆန်းစစ်လေ့လာသူများမှ ကြိုတင်သုံးသပ်ကြပါသည်။ ထိပ်တန်းခွဲခြမ်းစိတ်ဖြာမှုအေဂျင်စီများ၏ ခန့်မှန်းချက်များကို သေချာစွာ လေ့လာကြည့်ကြပါစို့။
Markettalkz
၂၀၂၆ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $184.35 – $268.40 (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ အချက်အလက်များအပေါ် သုံးသပ်ခန့်မှန်းပါသည်
Markettalkz ရှိ ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များမှ ၂၀၂၆ ခုနှစ်တွင် Nvidia ၏ စတော့ဈေးနှုန်းသည် ၁၁% တိုးတက်လာပြီး၊ $268.40 သို့ ရောက်ရှိလိမ့်မည်ဟု မျှော်မှန်းထားကြပါသည်။ Support နှင့် resistance သည် $205.00 နှင့် $270.00 တို့တွင် အသီးသီး တည်ရှိနိုင်ပါသည်။ DGX Systems များ၏ တိုးတက်လာသော ရေပန်းစားမှုနှင့် စီးပွားရေးလုပ်ငန်းများအတွက် AI နည်းပညာများကို ပိုမိုအဆင်ပြေစွာအသုံးချနိုင်စေရန် NGC ပလပ်ဖောင်း၏ ချဲ့ထွင်ထားသောစွမ်းဆောင်ရည် တို့သည် တိုးတက်မှုအတွက် အဓိကတွန်းအားများ ဖြစ်ကြပါသည်။
ခုနှစ် | အနည်းဆုံး၊ $ | ပျမ်းမျှ၊ $ | အများဆုံး၊ $ |
၂၀၂၆ | 184.35 | 206.46 | 268.40 |
Paisakit
၂၀၂၆ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $442.45 – $479.00 (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ အချက်အလက်များအပေါ် သုံးသပ်ခန့်မှန်းပါသည်)
Paisakit သည် Nvidia စတော့နှင့်စပ်လျဉ်း၍ ပို၍အကောင်းမြင်သော ခန့်မှန်းချက်တခုကို မျှဝေထားပြီး၊ ၂၀၂၆ အစောပိုင်းတွင် $442.45 သို့ ရောက်ရှိပြီး၊ ၂၀၂၆ နှစ်ကုန်ချိန်တွင် $479.00 သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားပါသည်။ ကုမ္ပဏီ၏ ဈေးကွက်အရင်းအနှီးသည် $10 ထရီလီယံသို့ ရောက်ရှိလာရန် မျှော်လင့်ရပါသည်။ လက်ရှိစတော့ဈေးနှုန်းနှင့် တန်ဖိုးများသည် ကာလရှည်ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ထားနိုင်သည့်အပြင်၊ Nvidia သည် တန်ဖိုးအမြင့်ဆုံး နည်းပညာကုမ္ပဏီများမှ တခုဖြစ်လာလိမ့်မည်ဟု ကျွမ်းကျင်သူများမှ ယုံကြည်ထားကြပါသည်။
ခုနှစ် | အနည်းဆုံး၊ $ | ပျမ်းမျှ၊ $ | အများဆုံး၊ $ |
၂၀၂၆ | 442.45 | 460.72 | 479.00 |
CoinPriceForecast
၂၀၂၆ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $188 – $205 (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ အချက်အလက်များအပေါ် သုံးသပ်ခန့်မှန်းပါသည်)
CoinPriceForecast ၏ ခန့်မှန်းချက်များသည် ၎င်းတို့၏သတိကြီးမှုကို ဖော်ပြပါသည်။ စတော့ဈေးနှုန်းသည် ၂၀၂၆ နှစ်လယ်တွင် $188 သို့ မြင့်တက်နိုင်ပြီး၊ နှစ်ကုန်ချိန်တွင် $205 သို့ ရောက်ရှိနိုင်သည်ဟု ကြိုတင်မျှော်မှန်းထားပြီး၊ လက်ရှိတန်ဖိုးများမှ ၄၈% မြင့်တက်မှုကို ညွှန်ပြထားပါသည်။ ကျွမ်းကျင်သူများသည် AI နှင့် cloud computing ဈေးကွက်များ ပိုမိုကျယ်ပြန့်လာမှုအပေါ်အခြေခံ၍ ဤတိုးတက်မှုကို မျှော်မှန်းကြခြင်း ဖြစ်ပါသည်။
ခုနှစ် | နှစ်လယ်၊ $ | နှစ်ကုန်၊ $ | အပြောင်းအလဲ၊ % |
၂၀၂၆ | 188 | 205 | +48 |
၂၀၂၇ ခုနှစ်အတွင်း Nvidia ဈေးနှုန်းအတွက် ကျွမ်းကျင်သူတို့၏ ခန့်မှန်းချက်များ
ဉာဏ်ရည်တု၊ ဂရပ်ဖစ်နှင့် cloud ဖြေရှင်းချက်နည်းပညာများတွင် အဆင့်မြှင့်တင်မှုများကြောင့် ၂၀၂၇ ခုနှစ်အတွင်း Nvidia ၏ စတော့တန်ဖိုးတွင် သိသာထင်ရှားသော တိုးတက်မှုကို မြင်တွေ့ရမည်ဖြစ်သည်။ လေ့လာဆန်းစစ်သူများသည် AI တည်ဆောက်မှုစနစ်များ၏ အဆင့်အတန်းမြင့်မားလာမှု၊ လက်တွေ့အကျိုးပြုဂရပ်ဖစ်နည်းပညာဈေးကွက် ပိုမိုကျယ်ပြန့်လာမှုနှင့် မီဒီယာအကြာင်းအရာဖန်တီးမှုအထောက်အကူကိရိယာများ (content creator hardware) ထုတ်လုပ်ရောင်းချမှုဈေးကွက်အတွင်း ကုမ္ပဏီ၏ ပိုမိုခိုင်မာလာသော ရပ်တည်မှုတို့ကို အလေးပေးညွှန်ပြထားကြသည်။
Markettalkz
၂၀၂၇ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $208.32 – $303.29 (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ အချက်အလက်များအပေါ် သုံးသပ်ခန့်မှန်းပါသည်)
Markettalkz သည် NVIDIA စတော့ဈေးနှုန်းအား ၂၀၂၇ တွင် $303.29 သို့ မြင့်တက်လာရန် မျှော်လင့်ထားပါသည်။ ၎င်းသည် AI ဖြေရှင်းချက်များတိုးတက်လာမှုနှင့် အသုံးဝင်သောဒစ်ဂျစ်တယ်အမြင်အာရုံ(professional visualization)ဈေးကွက် အဆင့်မြင့်လာမှုတို့၏ အထောက်အပံ့ကြောင့်ဖြစ်ပြီး၊ ၁၃% တန်ဖိုးတိုးတက်မှုနှင့် ညီမျှပါသည်။ ခန့်မှန်းထားသော support နှင့် resistance မှာ $245 နှင့် $315 တို့ အသီးသီး ဖြစ်ကြပါသည်။ ကုမ္ပဏီသည် GPU ဈေးကွက်အတွင်း ၎င်း၏ ရပ်တည်မှုခိုင်မာစေရန် ဆက်လက်ဆောင်ရွက်နေမည်ဖြစ်သည်။
ခုနှစ် | အနည်းဆုံး၊ $ | ပျမ်းမျှ၊ $ | အများဆုံး၊ $ |
၂၀၂၇ | 208.32 | 233.30 | 303.29 |
Paisakit
၂၀၂၇ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $501.62 – $542.10 (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ အချက်အလက်များအပေါ် သုံးသပ်ခန့်မှန်းပါသည်)
၂၀၂၇ တွင်၊ Nvidia ၏ ဈေးနှုန်းသည် အခိုင်အမာတိုးတက်လာမည်ဖြစ်ပြီး၊ $501.62 မှ $542.10 ကြားတွင် ရွေ့လျားနေမည်ဟု Paisakit မှ ခန့်မှန်းထားပါသည်။ ဤခန့်မှန်းချက်သည် ကုမ္ပဏီ၏ ထုတ်ကုန်အမျိုးအစားများချဲ့ထွင်မှု၊ data centers များတွင် GPUs အား တက်ကြွစွာ ထည့်သွင်းအသုံးပြုခြင်းနှင့် AI ဖြေရှင်းချက်များအတွက် ဝယ်လိုအားများ တိုးတက်လာခြင်း စသည့်အချက်များအပေါ် အခြေခံပါသည်။
ခုနှစ် | အနည်းဆုံး၊ $ | ပျမ်းမျှ၊ $ | အများဆုံး၊ $ |
၂၀၂၇ | 501.62 | 521.86 | 542.10 |
CoinPriceForecast
၂၀၂၇ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $242 – $278 (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ အချက်အလက်များအပေါ် သုံးသပ်ခန့်မှန်းပါသည်)
CoinPriceForecast သည် Nvidia စတော့အား ၂၀၂၇ နှစ်စတွင် $205 ဖြင့် ဈေးဖွင့်၍၊ နှစ်လယ်တွင် $242 သို့မြင့်တက်လာပြီး၊ နှစ်ကုန်ချိန်တွင် $278 ၌ ပိတ်သိမ်းရန် ကြိုတင်မျှော်မှန်းထားပါသည်။ ၎င်းသည် လက်ရှိဈေးနှုန်းများမှ ၁၀၀% တိုးတက်မှုနှင့် ညီမျှပါသည်။ ကျွမ်းကျင်သူများသည် စတော့၏ ကာလရှည်တိုးတက်မှုအလားအလာကို အထင်အရှားဖော်ပြကာ၊ လာမည့်ငါးနှစ်တာအတွင်း ၎င်း၏တန်ဖိုး နှစ်ဆတိုးပွားလာရန် ခန့်မှန်းကြပါသည်။
ခုနှစ် | နှစ်လယ်၊ $ | နှစ်ကုန်၊ $ | အပြောင်းအလဲ၊ % |
၂၀၂၇ | 242 | 278 | +100 |
၂၀၂၈ ခုနှစ်အတွက် ကျွမ်းကျင်သူများ၏ Nvidia ဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ
ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များသည် ဉာဏ်ရည်တု၊ cloud နည်းပညာများနှင့် ကုမ္ပဏီများအတွက် ဆော့ဖ်ဝဲလ်ဖြေရှင်းချက်များ ပိုမိုတိုးတက်လာခြင်း အစရှိသော အကြောင်းရင်းများကြောင့် ၂၀၂၈ ခုနှစ်တလျှောက်တွင် Nvidia ၏ စတော့ဈေးနှုန်း ဆက်လက်တိုးတက်လာမည်ဟု မျှော်လင့်ထားကြပါသည်။ ကုမ္ပဏီသည် AI Tools နှင့် SDKs တွင် ၎င်း၏ ကမ်းလှမ်းချက်များကို ချဲ့ထွင်နေပြီး၊ ဤသို့လုပ်ဆောင်ခြင်းဖြင့် ၎င်း၏ ဈေးကွက်ရပ်တည်မှုကို ပိုမိုခိုင်မာစေပါသည်။
Markettalkz
၂၀၂၈ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $234.37 – $341.20 (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ အချက်အလက်များအပေါ် သုံးသပ်ခန့်မှန်းပါသည်)
Markettalkz ၏ အဆိုအရ၊ Nvidia ၏ စတော့သည် ၂၀၂၈ တွင် ၁၂.၅% တိုးတက်မှုကို ဖော်ပြကာ၊ $341.20 သို့ ရောက်ရှိလာနိုင်ပါသည်။ အရေးပါသော support levels များသည် $315.00 တွင် ရှိနိုင်ပြီး၊ $345.00 သည် resistance ဖြစ်နိုင်ပါသည်။
ကျွမ်းကျင်သူများသည် ကုမ္ပဏီ၏စျေးကွက်အနေအထားကို ခိုင်မာစေသည့် အကြောင်းရင်းတခုအဖြစ် ကုမ္ပဏီလုပ်ငန်းနယ်ပယ်တွင် Nvidia ၏ cloud ဖြေရှင်းချက်များ အသုံးပြုမှု ပိုမိုတိုးတက်လာခြင်းကို အလေးပေးဖော်ပြထားပါသည်။
ခုနှစ် | အနည်းဆုံး၊ $ | ပျမ်းမျှ၊ $ | အများဆုံး၊ $ |
၂၀၂၈ | 234.37 | 262.50 | 341.20 |
Paisakit
၂၀၂၈ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $563.75 – $594.38 (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ အချက်အလက်များအပေါ် သုံးသပ်ခန့်မှန်းပါသည်)
Paisakit သည် Nvidia စတော့အတွက် သိသိသာသာမြင့်မားသော တန်ဖိုးများကို ကြိုတင်ခန့်မှန်းထားပြီး၊ $563.75 နှင့် $594.38 ကြား ဈေးနှုန်းရွေ့လျားမှုကို အဆိုပြုပါသည်။ ဤအကောင်းမြင်မှုသည် AI ဖြေရှင်းချက်ဈေးကွက်၏ သိသာထင်ရှားသော တိုးချဲ့နေရာယူမှုအပါအဝင် စွမ်းဆောင်ရည်မြင့်ကွန်ပျူတာစနစ်များနှင့် data centers များတွင် ကုမ္ပဏီ၏ ဦးဆောင်လွှမ်းမိုးမှုအပေါ် အခြေခံပါသည်။
ခုနှစ် | အနည်းဆုံး၊ $ | ပျမ်းမျှ၊ $ | အများဆုံး၊ $ |
၂၀၂၈ | 563.75 | 579.06 | 594.38 |
CoinPriceForecast
၂၀၂၈ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $314 – $333 (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ အချက်အလက်များအပေါ် သုံးသပ်ခန့်မှန်းပါသည်)
CoinPriceForecast သည် Nvidia ၏ စတော့အား $314 နှင့် $333 ကြားတွင် ပြောင်းလဲနေရန် ကြိုတင်ခန့်မှန်းကာ ပိုမိုသင့်တင့်သော တိုးတက်မှုနှုန်းကို အကြံပြုပါသည်။ ခန့်မှန်းထားသော တိုးတက်မှုနှုန်းမှာ ၁၄၀% ဖြစ်သည်။ ၎င်းသည် ဈေးကွက်၏ အလုံးစုံတိုးတက်မှုလမ်းကြောင်းနှင့် နည်းပညာဖြေရှင်းချက်အသစ်များ လက်ခံအသုံးပြုမှုတို့အပေါ်တွင် မူတည်ပါသည်။
ခုနှစ် | နှစ်လယ်၊ $ | နှစ်ကုန်၊ $ | အပြောင်းအလဲ၊ % |
၂၀၂၈ | 314 | 333 | +140 |
၂၀၂၉ ခုနှစ်အတွက် ကျွမ်းကျင်သူများ၏ Nvidia ဈေးနှုန်းခန့်မှန်းချက်များ
၂၀၂၉ ခုနှစ်တွင်၊ Nvidia စတော့သည် ဉာဏ်ရည်တု၊ ရိုဘော့နှင့် အလိုအလျောက် သယ်ယူပို့ဆောင်မှုနည်းပညာများတွင် ဆန်းသစ်သော တီထွင်ဖန်တီးမှုများမှတဆင့် ၎င်း၏ ဈေးကွက်ရပ်တည်မှုကို ဆက်လက်ခိုင်မာစေလိမ့်မည်ဟု ဈေးကွက်သုံးသပ်သူများမှ ကြိုတင် မျှော်လင့်ကြပါသည်။ ကုမ္ပဏီ၏ အဓိကတိုးတက်မှု မောင်းနှင်အားသည် လက်တွေ့လုပ်ငန်းနယ်ပယ်အတွင်း ၎င်း၏ နည်းပညာဖြေရှင်းချက်များကို အသုံးပြုသူမှု ပိုမိုတိုးတက်လာခြင်းပင် ဖြစ်ပါလိမ့်မည်။
Markettalkz
၂၀၂၉ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $263.67 – $383.85 (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ အချက်အလက်များအပေါ် သုံးသပ်ခန့်မှန်းပါသည်)
Nvidia ၏ စတော့သည် ၁၂.၅% တိုးတက်လာပြီး၊ $383.85 သို့ ရောက်ရှိလိမ့်မည်ဟု Markettalkz မှ ခန့်မှန်းချက်ထုတ်ပါသည်။ အဓိကတိုးတက်မှုအကြောင်းရင်းများမှာ DRIVE ပလပ်ဖောင်း၏ ဖွံ့ဖြိုး တိုးတက်မှုနှင့် အလိုအလျောက်သယ်ယူပို့ဆောင်မှုနည်းပညာများတွင် ကုမ္ပဏီ၏ ဈေးကွက်ဝေစုချဲ့ထွင်မှုတို့ ဖြစ်ပါသည်။ အခြားအရေးကြီးသော တွန်းအားတခုမှာ ကုမ္ပဏီအတွက် ဝင်ငွေလမ်းကြောင်းအသစ်များကို ဖွင့်လှစ်ပေးသည့် အခွင့်အရေးတခုအဖြစ် ရိုဘော့တီထွင်ဖန်တီးမှုတွင် Jetson SoCs ကို ပေါင်းစပ်ထည့်သွင်းခြင်း ဖြစ်ပါသည်။
ခုနှစ် | အနည်းဆုံး၊ $ | ပျမ်းမျှ၊ $ | အများဆုံး၊ $ |
၂၀၂၉ | 263.67 | 295.31 | 383.85 |
Paisakit
၂၀၂၉ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $626.10 – $664.50 (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ အချက်အလက်များအပေါ် သုံးသပ်ခန့်မှန်းပါသည်)
Paisakit သည် ပိုမိုအကောင်းမြင်သော ခန့်မှန်းချက်တရပ်ကို မျှဝေထားပြီး၊ ကုမ္ပဏီ၏ ဈေးနှုန်းရွေ့လျားမှု အကွာအဝေးအား $626.10 မှ $664.50 ကြားတွင် အကြုံပြုပါသည်။ Nvidia သည် နည်းပညာကဏ္ဍ၏ ရှေ့ဆောင်လမ်းပြအဖြစ် ၎င်း၏ ရပ်တည်မှုကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ပြီး၊ AI နှင့် data centers များတွင် အဆင့်မြှင့်တင်မှုများသည် ၎င်း၏ စတော့တန်ဖိုးကို သိသိသာသာ တိုးတက်စေလိမ့်မည်ဟု ကျွမ်းကျင်သူများမှ ယုံကြည်ကြပါသည်။
ခုနှစ် | အနည်းဆုံး၊ $ | ပျမ်းမျှ၊ $ | အများဆုံး၊ $ |
၂၀၂၉ | 626.10 | 645.30 | 664.50 |
CoinPriceForecast
၂၀၂၉ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $341 – $372 (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ အချက်အလက်များအပေါ် သုံးသပ်ခန့်မှန်းပါသည်)
၂၀၂၉ နှစ်ကုန်ချိန်အတွင်း Nvidia စတော့၏ ဈေးနှုန်းရွေ့လျားမှုသည် $341 နှင့် $372 ကြားတွင် ရှိလိမ့်မည်ဟု CoinPriceForecast မှ ခန့်မှန်းသုံးသပ်ပါသည်။ ၎င်းသည် ၁၆၈% တိုးတက်မှုကို ကိုယ်စားပြုပါသည်။ ဤတိုးတက်မှု၏ အဓိက အကြောင်းရင်းများတွင် AI ကဏ္ဍဆန်းသစ်တီထွင်မှုများ၊ အလိုအလျောက်မောင်းနှင်မှုနှင့် cloud ဝန်ဆောင်မှုများတွင် နည်းပညာသစ်များ ပေါင်းစပ်အသုံးပြုခြင်းတို့ ပါဝင်ပါသည်။
ခုနှစ် | နှစ်လယ်၊ $ | နှစ်ကုန်၊ $ | အပြောင်းအလဲ၊ % |
၂၀၂၉ | 341 | 372 | +168 |
၂၀၃၀ ခုနှစ်အတွက် ကျွမ်းကျင်သူများ၏ Nvidia ဈေးနှုန်းခန့်မှန်းချက်များ
ဂရပ်ဖစ်ပရိုဆက်ဆာများတွင် ဆန်းသစ်တီထွင်မှုများအပြင်၊ ပါးလွှာသော လက်ပ်တော့နှင့် ဗီဒီယိုဂိမ်းဈေးကွက်များတွင် ကုမ္ပဏီ၏ ခိုင်မာသော ဈေးကွက်အနေအထား၏ ထောက်ပံ့ပေးမှုဖြင့် ကျွမ်းကျင်သူများသည် ၂၀၃၀ ခုနှစ်အတွင်း Nvidia စတော့၏ နောက်ထပ်တိုးတက်မှုတရပ်ကို မျှော်လင့်ထားကြပါသည်။ AI နည်းပညာများနှင့် cloud computing ကဏ္ဍများ၏ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း စတော့စျေးနှုန်းရွေ့လျားမှုများအပေါ် ဆက်လက်လွှမ်းမိုးထားမည်ဖြစ်သည်။
Markettalkz
၂၀၃၀ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $296.63 – $431.83 (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ အချက်အလက်များအပေါ် သုံးသပ်ခန့်မှန်းပါသည်)
Nvidia ၏စတော့ရှယ်ယာများသည် ၂၀၃၀ ခုနှစ်တွင် $431.83 သို့ရောက်ရှိနိုင်ပြီး ၁၂.၅% တိုးတက်မှုကို ထင်ဟပ်စေမည်ဟု Markettalkz ရှိ ပညာရှင်များမှ ကြိုတင်ခန့်မှန်းကြပါသည်။ အဓိကကျသော တိုးတက်မှုများတွင် Max-Q Design ၏ ဆန်းသစ်တီထွင်မှုများ ပါဝင်ပြီး၊ ၎င်းသည် Nvidia အား ပါးလွှာပြီး စွမ်းဆောင်ရည်မြင့်မားသည့်လက်ပ်တော့ပ်ဈေးကွက်တွင် ထိပ်ဆုံးရောက်စေပါသည်။ ကုမ္ပဏီ၏စျေးကွက်အရင်းအနှီးသည် $20 ထရီလီယံအထိ တိုးတက်လာနိုင်ပြီး၊ GeForce GPU များသည် ဂရပ်ဖစ်ဂိမ်းစျေးကွက်တွင် ၎င်း၏ လွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် မျှော်လင့်ရပါသည်။
ခုနှစ် | အနည်းဆုံး၊ $ | ပျမ်းမျှ၊ $ | အများဆုံး၊ $ |
၂၀၃၀ | 296.63 | 332.22 | 431.83 |
Paisakit
၂၀၃၀ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $702.68 – $744.46 (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ အချက်အလက်များအပေါ် သုံးသပ်ခန့်မှန်းပါသည်)
Paisakit သည် များစွာ ပိုမိုအကောင်းမြင်သော ခန့်မှန်းချက်တစ်ရပ်ကိုမျှဝေထားပြီး၊ Nvidia ၏ စတော့အား $702.68 နှင့် $744.46 ကြား ရွေ့လျားနေရန် မျှော်လင့်ထားပါသည်။ AI နည်းပညာများ ဆက်တိုက်ဖွံ့ဖြိုးတိုးတက်လာမှု၊ data centers များတွင် ကုမ္ပဏီ၏ ပိုမိုကျယ်ပြန့်လာသောလွှမ်းမိုးမှုနှင့် စွမ်းဆောင်ရည်မြင့်ကွန်ပျူတာဖြေရှင်းချက်များအား ကျယ်ပြန့်စွာ လက်ခံအသုံးပြုလာခြင်း စသည့်အကြောင်းအရာများသည် ဤတိုးတက်မှုအတွက် အဓိကအကြောင်းရင်းများ ဖြစ်လိမ့်မည်ဟု ကျွမ်းကျင်သူများမှ ယုံကြည်ကြပါသည်။
ခုနှစ် | အနည်းဆုံး၊ $ | ပျမ်းမျှ၊ $ | အများဆုံး၊ $ |
၂၀၃၀ | 702.68 | 723.57 | 744.46 |
CoinPriceForecast
၂၀၃၀ ခုနှစ်အတွင်း ဈေးနှုန်းရွေ့လျားမှုအကွာအဝေး - $402 – $432 (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ အချက်အလက်များအပေါ် သုံးသပ်ခန့်မှန်းပါသည်)
CoinPriceForecast မှ ပိုမိုနှေးကွေးသော တိုးတက်မှုနှုန်းတရပ်ကို မျှော်လင့်ထားပြီး၊ Nvidia ရှယ်ယာများသည် ၂၀၃၀ နှစ်လယ်တွင် $402သို့ ရောက်ရှိကာ၊ နှစ်ကုန်ချိန်တွင် $432 သို့ မြင့်တက်လာမည်ဟု ကြိုတင်ခန့်မှန်းထားပါသည်။ ၎င်းသည် ၂၁၁% တိုးတက်မှုကို ကိုယ်စားပြုပါသည်။ AI၊ အလိုအလျောက်သယ်ယူပို့ဆောင်မှုစနစ်များနှင့် data centers များတွင် GPUs အတွက် ဝယ်လိုအားများတိုးတက်လာခြင်းသည် ကုမ္ပဏီ၏ ကာလရှည်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အပံ့ပြုလိမ့်မည်ဟု မျှော်လင့်ရပါသည်။
ခုနှစ် | နှစ်လယ်၊ $ | နှစ်ကုန်၊ $ | အပြောင်းအလဲ၊ % |
၂၀၃၀ | 402 | 432 | +211 |
ကျွမ်းကျင်သူများ၏ ၂၀၅၀ ခုနှစ်အထိ Nvidia စတော့ဈေးနှုန်း ကြိုတင်ခန့်မှန်းချက်များ
ခွဲခြမ်းစိတ်ဖြာသူများသည် Nvidia ၏ စတော့တန်ဖိုးတွင် ရေရှည်တိုးတက်မှုများ ရှိလာနိုင်ကြောင်း ခန့်မှန်းထားကြပြီး၊ ၎င်းသည် ကုမ္ပဏီ၏ ဉာဏ်ရည်တု (AI)၊ စွမ်းဆောင်ရည်မြင့်ကွန်ပျူတာစနစ်များ၊ အလိုအလျောက်သယ်ယူပို့ဆောင်ရေးစနစ်များနှင့် cloud ဖြေရှင်းချက်များတွင် နည်းပညာဆိုင်ရာ ဆန်းသစ်အောင်မြင်မှုများနှင့် ဆက်စပ်နေပါသည်။ Nvidia သည် ဂရပ်ဖစ်ပရိုဆက်ဆာကဏ္ဍတွင် ဆက်လက်ဦးဆောင်လျက်ရှိပြီး၊ AI၊ quantum computing နှင့် စွမ်းရည်မြင့်ကွန်ပျူတာများတွင် အဆင့်မြှင့်တင်မှုများကို ပုံမှန်လုပ်ဆောင်ကာ၊ ၎င်းတို့သည် စတော့တန်ဖိုး တိုးတက်မှု၏ အဓိက မောင်းနှင်အားများ ဖြစ်လာနိုင်ပါသည်။
Markettalkz ၏ အဆိုအရ၊ Nvidia စတော့၏ ပျမ်းမျှစျေးနှုန်းသည် ၂၀၃၅ ခုနှစ်တွင် $598.68 နှင့် ၂၀၄၀ တွင် $1,079.39 တန်ဖိုးများသို့ အသီးသီး ရောက်ရှိနိုင်ပါသည်။ ၂၀၅၀ တွင်၊ စျေးနှုန်းသည် $5,733.63 အထိ တိုးတက်လာမည်ဟု ခန့်မှန်းထားပါသည်။
မည်သို့ပင်ဖြစ်စေ၊ Paisakit ရှိ ကျွမ်းကျင်သူများသည် ပိုမိုအကောင်းမြင်သော ခန့်မှန်းချက်တခုကို မျှဝေထားပြီး၊ ဈေးနှုန်းသည် ၂၀၃၅ ခုနှစ်တွင် $1,547.75၊ ၂၀၄၀ တွင် $3,339.37 နှင့် ၂၀၅၀ တွင် $13,866 တန်ဖိုးများသို့ အသီးသီး ရောက်ရှိနိုင်သည်ဟု ကြိုတင်မျှော်မှန်းထားပါသည်။
ခုနှစ် | Markettalkz (ပျမ်းမျှဈေးနှုန်း၊ $) | Paisakit (ပျမ်းမျှဈေးနှုန်း၊ $) |
၂၀၃၀ | 332.22 | 723.57 |
၂၀၃၅ | 598.68 | 1,547.75 |
၂၀၄၀ | 1,079.39 | 3,339.37 |
၂၀၅၀ | 5,733.63 | 13,866 |
လေ့လာဆန်းစစ်သူများ၏ ခန့်မှန်းချက်များတွင် ဤသို့ကွာခြားမှုသည် စျေးကွက်၏ ကာလရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဝန်းရံထားသော မရေရာမှုများကြောင့်ဖြစ်သည်။ အပြုသဘောဆောင်သော ခန့်မှန်းချက်များအရ Nvidia သည် ဉာဏ်ရည်တုနှင့် data centers ကဏ္ဍများတွင် ၎င်း၏ လွှမ်းမိုးမှုအနေအထားကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ပြီး ၎င်း၏စျေးကွက်အရင်းအနှီးနှင့် ၎င်း၏ စတော့များအတွက် ဝယ်လိုအားကို တိုးမြင့်လာစေမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ရင်းနှီးမြှုပ်နှံသူများသည် AMD၊ Intel နှင့် ကုမ္ပဏီအသစ်များ၊ အရင်းခံစီးပွားရေးမတည်ငြိမ်မှုနှင့် စည်းမျဉ်းကန့်သတ်ချက်များကဲ့သို့သော အလားအလာရှိသည့် ဆုံးရှုံးကျဆင်းနိုင်ခြေများကို ထည့်သွင်းစဉ်းစားသင့်ပါသည်။
ဆိုရှယ်မီဒီယာပေါ်တွင် NVDA (Nvidia) ၏ ဈေးကွက်သဘောထားအလေးသာမှု
ဈေးကွက်သဘောထားအလေးသာမှုသည် ဈေးကွက်မျှော်မှန်းချက်များနှင့် Nvidia ၏ စတော့ဈေးနှုန်းရွေ့လျားမှုများကို ပုံဖော်ရာတွင် အဓိကနေရာမှ ပါဝင်ပါသည်။ ရင်းနှီးမြှုပ်နှံသူများနှင့် ခွဲခြမ်းစိတ်ဖြာသူများသည် ဆိုရှယ်မီဒီယာပေါ်တွင် ကုမ္ပဏီ၏ ရှေ့အလားအလာများကို တက်ကြွစွာ ဆွေးနွေးကြပြီး၊ ၎င်းတို့၏ ခန့်မှန်းချက်များ၊ စိတ်ခံစားမှုများနှင့် နောက်ဆုံးရသတင်းများအပေါ် ၎င်းတို့၏ တုံ့ပြန်မှုများကို မျှဝေကြပါသည်။
ပထမဆုံးပုံတွင်၊ @TheValueTrade အမည်ဖြင့် အသုံးပြုသူမှ နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုကို ရည်ညွှန်း၍ ၎င်းတို့၏ယခင်ခန့်မှန်းချက်ကို ပိုမိုခိုင်မာစေကာ Nvidia ၏ စတော့တန်ဖိုးတိုးတက်မှုအပေါ် ယုံကြည်ချက်ရှိကြောင်း ဖော်ပြထားပါသည်။ ဤရေးသားမျှဝေချက်သည် တိုးတက်မှု လမ်းကြောင်းပေါ်အခြေခံသော အပြုသဘောဆောင်သည့် စိတ်သဘောထားကို ပေါ်လွင်ထင်ရှားစေပါသည်။
@ZTheTrader မှ ဒုတိယမျှဝေချက်တခုသည် ခိုးယူထားသည့် GPUs များဖြင့်တည်ဆောက်ထားသော Chinese LLMs (တရုတ်ဘာသာစကားမော်ဒယ်လ်များ)အကြောင်း ကောလဟာလများကြောင့် Nvidia ရှယ်ယာများကို ကြောက်လန့်တကြားထုတ်ရောင်းကြသော ရင်းနှီးမြှုပ်နှံသူများကို ပြက်ရယ်ပြု ဝေဖန်ထားပါသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် အတွေ့အကြုံရင့်ကျက်သော ဈေးကွက်ပါဝင်သူများ သည် Nvidia ၏ အခြေခံကျသောစွမ်းဆောင်ရည်အပေါ် ယုံကြည်နေကြဆဲဖြစ်ကြောင်း သိရှိနိုင်ပါသည်။
ခြုံငုံ၍ သုံးသပ်ရလျှင်၊ NVDA နှင့်စပ်လျဉ်းသော သဘောထားများသည် အကောင်းမြင်မှုရှိကြဆဲဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် ကုမ္ပဏီအား ဉာဏ်ရည်တုနှင့် ကွန်ပျူတာနည်းပညာများတွင် ထိပ်ဆုံးမှရပ်တည်သူအဖြစ် ရှုမြင်ကြပြီး၊ ထိုအချက်သည် ၎င်း၏ စတော့အတွက် မြင့်မားသောဝယ်လိုအားကို ထိန်းသိမ်းပေးပါသည်။ ဈေးကွက်ပါဝင်သူအများစုကြားတွင် ခိုင်မာသောယုံကြည်ချက် မည်သို့ပင်ရှိကြသော်လည်း၊ ယှဉ်ပြိုင်မှုနှင့် အရင်းခံစီးပွားရေးအခြေအနေများကြောင့် ဈေးနှုန်း အတက်၊အကျများ ဖြစ်ပေါ်နိုင်ပါသည်။
Nvidia (#NVDA) ဈေးနှုန်းရာဇဝင်
Nvidia (NVDA) ၏ အမြင့်ဆုံးဈေးနှုန်းအား ၁၄.၀၅.၂၀၂၆ တွင် 236.37 USD ၌ မှတ်တမ်းတင်ခဲ့ပါသည်။ Nvidia (NVDA) အတွက် အနိမ့်ဆုံးဈေးနှုန်းအား ၂၆.၀၄.၁၉၉၉ တွင် 0.33 USD ၌ မှတ်တမ်းတင်ခဲ့ပါသည်။
အောက်ပါဇယားသည် လွန်ခဲ့သည့်ဆယ်နှစ်အတွင်း NVDAUSD ၏ ပြောင်းလဲရွေ့လျားမှုကို ပြသပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ခန့်မှန်းချက်များကို တိကျမှုရှိသထက်ရှိစေရန်အတွက် သမိုင်းအချက်အလက်များကို မှန်းဆသုံးသပ်ပါသည်။
၁၉၉၉ ခုနှစ်၊ ၎င်း၏ IPO မှစ၍ Nvidia (#NVDA) သည် ဂုဏ်ယူဖွယ်ရာ ခရီးရှည်တခုကို ဖြတ်သန်းခဲ့သည်။ ကနဦးတွင် စတော့အား $12 (စတော့ခွဲခြမ်းမှုများအတွက်ချိန်ညှိခဲ့သောတန်ဖိုး)တွင် အရောင်းအဝယ်ပြုလုပ်ခဲ့ကြပြီး၊ ၂၀၀၀ ပြည့်နှစ်များအလယ်ပိုင်းအထိ အတက်၊အကျနည်းပါးခဲ့သည်။ သိသာထင်ရှားသော တိုးတက်မှုသည် GPU နယ်ပယ်ဖွံ့ဖြိုးတိုးတက်လာမှုနှင့် GeForce ဂိမ်းဂရပ်ဖစ်ကဒ်များ၏ အောင်မြင်မှုတို့နှင့်အတူ စတင်ခဲ့ပါသည်။
၂၀၀၈ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကြပ်အတည်းသည် စတော့အား $2 အထိ တဟုန်ထိုး ကျဆင်းစေခဲ့သည်။ သို့ဖြစ်သော်လည်း၊ ၂၀၁၆ ခုနှစ်တွင် AI၊ graphics processors နှင့် ခရစ်ပတိုငွေကြေးတူးဖော်မှုများတွင် လိုအပ်ချက်များ လျင်မြန်စွာမြင့်တက်လာခြင်းကြောင့် ကုမ္ပဏီသည် မြင့်မားသော တန်ဖိုးအသစ်တခုသို့ ရောက်ရှိခဲ့ပါသည်။
၂၀၂၁ တွင်၊ NVDA သည် စီးပွားရေးဆုတ်ယုတ်မှုကြောင့် ကျဆင်းမှုမဖြစ်ပေါ်မီ၊ စံချိန်တင်အမြင့်ဆုံးအဆင့်ဖြစ်သော $346 သို့ ရောက်ရှိခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ကြားတွင် Nvidia သည် H100၊ A100 နှင့် machine learning အတွက် အထူးပြုလုပ်ထားသော chips များကို တီထွင်ဖန်တီးခဲ့ပြီး၊ AI နည်းပညာထွန်းကားလာမှု၏ အကျိုးကျေးဇူးကို ခံစားရသူအဖြစ် နောက်တကြိမ် ပြန်လည်မြင့်တက်ခဲ့လာခဲ့သည်။ ၂၀၂၅ တွင်၊ စတော့သည် စံချိန်တင်ဈေးတန်းများအနီး အရောင်းအဝယ်ဖြစ်နေပြီး၊ ဈေးကွက်အရင်းအနှီးသည် $3.4 ထရီလီယံအထက်သို့ ရောက်ရှိခဲ့သည်။
Nvidia စတော့၏ အခြေခံပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်
Nvidia (NVDA) စတော့ရှယ်ယာ၏ အခြေခံပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုတွင် ၎င်း၏စျေးကွက်တန်ဖိုးကို ဆုံးဖြတ်သော ကျယ်ပြန့်သည့်အကြောင်းအရာများစွာကို ထည့်သွင်းစဉ်းစားပါသည်။ ကုမ္ပဏီသည် GPU ဈေးကွက်ကို ဦးဆောင်ကာ ဉာဏ်ရည်တု၊ data centers များနှင့် မျိုးဆက်သစ် အလိုအလျောက်မောင်းနှင်မှုနည်းပညာများကို မြှင့်တင်နေပါသည်။ ဝင်ငွေတိုးတက်မှု၊ ဆန်းသစ်တီထွင်မှုနှင့် ၎င်း၏ ထုတ်ကုန်များအတွက် ကမ္ဘာလုံးဆိုင်ရာ ၀ယ်လိုအားသည် NVDA အား ထိပ်တန်းနည်းပညာကုမ္ပဏီများတွင် တခုအပါအဝင်ဖြစ်စေပါသည်။ သို့သော်၊ ပြိုင်ဆိုင်မှု၊ အရင်းခံစီးပွားရေးအခြေအနေများနှင့် စျေးကွက်မျှော်မှန်းချက်များ၏ လွှမ်းမိုးမှုသည် စတော့ရှယ်ယာ၏ မတည်ငြိမ်မှုကို မြင့်မားစေပါသည်။
Nvidia ၏ စတော့စျေးနှုန်းအပေါ် လွှမ်းမိုးထားသော အဓိကအကြောင်းအရာများ
Nvidia ၏ စတော့စျေးနှုန်းအပေါ်တွင် ကုမ္ပဏီ၏အတွင်းပိုင်းစံနှုန်းများနှင့် ပြင်ပစျေးကွက်အခြေအနေများအပါအဝင် အမျိုးမျိုးသော အခြေခံပိုင်းဆိုင်ရာအကြောင်းရာများမှ လွှမ်းမိုးသက်ရောက်ပါသည်။
ဘဏ္ဍာရေးစွမ်းဆောင်ရည် - ဝင်ငွေတိုးတက်မှု၊ အသားတင်အမြတ်အစွန်း၊ မာဂျင်များ၊ လွပ်လပ်သောငွေကြေးစီးဆင်းမှု၊ မြင့်မားသော ဝင်ငွေတိုးတက်မှုနှုန်းထားသည်ဘစတော့ဈေးနှုန်းကို အထက်သို့ မြင့်တက်စေပါသည်။
ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်မှု - စက်သင်ယူမှု(machine learning)နှင့် cloud computing တွင် graphics processors (GPUs) များအတွက် လိုအပ်ချက်မြင့်မားလာခြင်းသည် ကုမ္ပဏီ၏ ရပ်တည်မှုကို ပိုမိုခိုင်မာစေပါသည်။
ယှဉ်ပြိုင်မှု - Intel၊ AMD နှင့် တရုတ်နိုင်ငံမှ chips ထုတ်လုပ်သူများနှင့် ယှဉ်ပြိုင်မှုသည် Nvidia ၏ စျေးကွက်ဝေစုအပေါ် သက်ရောက်မှုရှိပါသည်။
အရင်းခံစီးပွားရေးအခြေအနေများ - ငွေကြေးဖောင်းပွမှု၊ အတိုးနှုန်းများနှင့် စတော့ဈေးကွက်အခြေအနေများ သည် အရင်းအနှီးစီးဆင်းဝင်ရောက်မှုအပေါ် လွှမ်းမိုးမှုရှိပါသည်။
အစိုးရစည်းမျဉ်းစည်းကမ်းများ - တင်ပို့မှု တားမြစ်ချက်များ၊ ပိတ်ဆို့အရေးယူမှုများနှင့် ယုံကြည်ကိုးစားမှုဖောက်ဖျက်ခြင်း အတိုင်းအတာများသည် တိုးတက်မှုအခွင့်အလမ်းများကို အကန့်အသတ်ဖြစ်စေနိုင်ပါသည်။
ဂရပ်ဖစ်ဂိမ်းနယ်ပယ် - ဗီဒီယိုဂိမ်းများအတွက် ဂရပ်ဖစ်ကဒ်များ ထုတ်လုပ်ရောင်းချသော ဈေးကွက်အတွင်း Nvidia ၏ ဝေစုသည် အရေးပါသော တိုးတက်မှုအကြောင်းခံတခု ဖြစ်ပါသည်။
Data Centers - cloud computing ဖြင့် အလုပ်လုပ်သော ကုမ္ပဏီများသည် Nvidia ၏ အမာခံအသုံးပြုသူများဖြစ်သည်။
ဆန်းသစ်တီထွင်မှု - GPU တည်ဆောက်ပုံအသစ်များ၊ စွမ်းအင်သုံးစွဲမှု လျှော့ချခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း။
ပေါင်းစည်းသွတ်သွင်းမှုများနှင့် သိမ်းဆည်းဝယ်ယူမှုများ - Nvidia ၏ လုပ်ငန်းစီးပွားကို ချဲ့ထွင်ပေးသော မဟာဗျူဟာမြောက် သဘောတူညီချက်များသည် စတော့စျေးနှုန်းအပေါ် သက်ရောက်လွှမ်းမိုးနိုင်ပါသည်။
ရင်းနှီးမြှုပ်နှံသူတို့၏မျှော်မှန်းချက်များ - စျေးကွက်အလေးသာမှု၊ ထောက်ခံအကြံပြုမှုများနှင့် ဝင်ငွေခန့်မှန်းချက်များသည် စတော့စျေးနှုန်းရွေ့လျားမှုများကို ပုံဖော်ရေးဆွဲပါသည်။
Nvidia အကြောင်း နောက်ထပ်အချက်အလက်များ
Nvidia ကော်ပိုရေးရှင်းသည် ကမ္ဘာပေါ်ရှိ အကြီးဆုံးနည်းပညာကုမ္ပဏီများထဲမှ တခုဖြစ်ပြိး၊ graphics processing units (GPUs) နှင့် ဉာဏ်ရည်တုဖြေရှင်းချက်များအား တီထွင်ဖန်တီးခြင်းကို အထူးပြုလုပ်ဆောင်ပါသည်။ ကုမ္ပဏီကို Jensen Huang၊ Chris Malachowsky နှင့် Curtis Priem တို့မှ ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ ၎င်း၏ရုံးချုပ်မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ Santa Clara တွင် တည်ရှိပါသည်။
ကနဦးတွင်၊ Nvidia သည် ဗီဒီယိုဂိမ်းများအတွက် ဂရပ်ဖစ်ကဒ်များ တီထွင်ထုတ်လုပ်ခြင်းကို အဓိကအာရုံစိုက်ခဲ့ပြီး၊ ၁၉၉၉ ခုနှစ်တွင် GeForce စီးရီးကို မိတ်ဆက်ခဲ့သည်။ ၎င်းသည် အချိန်တိုအတွင်း ဂိမ်းကစားသူများအတွက် စံပြထုတ်ကုန်တခု ဖြစ်လာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ၊ ကုမ္ပဏီသည် ပရော်ဖက်ရှင်နယ်ဂရပ်ဖစ်ဖန်တီးမှုများ၊ သိပ္ပံနည်းကျတွက်ချက်မှုစွမ်းရည်၊ data centers များနှင့် အလိုအလျောက်မောင်းနှင်မှုနည်းပညာ အစရှိသော ကဏ္ဍများသို့ ခြေလှမ်းချဲ့ထွင်ခဲ့သည်။
ယနေ့အချိန်၌၊ Nvidia ၏ အဓိကအာရုံစိုက်သော ကဏ္ဍများတွင် ဉာဏ်ရည်တုနည်းပညာ၊ cloud computing၊ အလိုအလျောက်မောင်းနှင်သောယာဉ်များ၊ ရိုဘော့နည်းပညာနှင့် supercomputing နည်းပညာတို့ ပါဝင်ပါသည်။ H100 နှင့် A100 စီးရီး graphic accelerators များသည် စက်သင်ယူမှု(machine learning)နှင့် ကြီးမားသောအချက်အလက်စီမံဆောင်ရွက်မှု ကဏ္ဍများကို လွှမ်းမိုးထားပါသည်။ Nvidia သည် ဒစ်ဂျစ်တယ်ပုံတူ(digital twins)များ ဖန်တီးခြင်းအတွက် ၎င်း၏ Omniverse ပလပ်ဖောင်းအား ဖွံ့ဖြိုးတိုးတက်စေရန် တက်ကြွစွာ လုပ်ဆောင်နေပါသည်။
ကုမ္ပဏီသည် စွမ်းဆောင်ရည်မြင့်ကွန်ပျူတာဈေးကွက်တွင် ဦးဆောင်သူနေရာမှ ဆက်လက် ရပ်တည်နေသည့်အပြင်၊ အလိုအလျောက်စနစ်များ၊ 5Gနှင့် quantum computing နည်းပညာများတွင် ၎င်း၏ရပ်တည်မှုကို ပိုမိုခိုင်မာစေရန် တည်ဆောက်လျှက်ရှိပြီး လုပ်ငန်းစီးပွား ကာလရှည် တိုးတက်မှုကို သေချာစေပါသည်။
Nvidia တွင် ရင်းနှီးမြှုပ်နှံခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ
Nvidia (#NVDA) သည် ၎င်း၏ တိုးတက်မှုနှုန်းများ၊ GPU ဈေးကွက်အတွင်း ဦးဆောင်နေရာယူမှုနှင့် နောက်ဆုံးပေါ် ဉာဏ်ရည်တု နည်းပညာများဖြင့် ရင်းနှီးမြှုပ်နှံသူများစွာကို ဆွဲဆောင်ထားပါသည်။ မည်သို့ပင်အားသာချက်များရှိသော်လည်း၊ ကုမ္ပဏီ၏စတော့သည် မတည်ငြိမ်မှု အထူးမြင့်မားပြီး၊ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးပြောင်းလဲရွေ့လျားမှုများအပေါ် အမှီအခိုပြုပါသည်။
အားသာချက်များ -
နယ်ပယ်တွင်းဦးဆောင်မှု - Nvidia သည် GPU နှင့် AI computing ဖြေရှင်းချက်ဈေးကွက်အတွင်း လွှမ်းမိုးဦးဆောင်သော အနေအထားကို ပိုင်ဆိုင်ထားပါသည်။
ထုတ်ကုန်များအတွက် မြင့်မားသောဝယ်လိုအား - cloud computing၊ ဂရပ်ဖစ်ဂိမ်း၊ data centers နှင့် machine learning ကဏ္ဍများ တိုးတက်ကြီးထွားလာခြင်းသည် Nvidia ထုတ်ကုန်များအတွက် ခိုင်မာသောဝယ်လိုအားကို ပံ့ပိုးပေးပါသည်။
ဆန်းသစ်တီထွင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ - ကုမ္ပဏီသည် quantum computing နှင့် digital twins အပါအဝင် နည်းပညာရပ်အသစ်များတွင် တက်ကြွစွာ ရင်းနှီးမြှုပ်နှံပါသည်။
ဘဏ္ဍာရေးတည်ငြိမ်မှု - Nvidia တွင် တည်ငြိမ်သော အရောင်းဝင်ငွေ၊ မြင့်မားသောအမြတ်ရှာဖွေနိုင်စွမ်းနှင့် ခိုင်မာသောငွေကြေးစီးဆင်းမှု ရှိပါသည်။
နယ်ပယ်စုံတွင် ပါဝင်ရပ်တည်မှု - Nvidia သည် ဂရပ်ဖစ်ဂိမ်းများ၊ အလိုအလျောက်မောင်းနှင်မှုစနစ်များ၊ ကျန်းမာရေး၊ ရိုဘော့တီထွင်မှုနှင့် ကာကွယ်ရေးနည်းပညာများ အစရှိသော နယ်ပယ်ပေါင်းစုံတွင် လုပ်ငန်းလည်ပတ်ပါသည်။
စုစုပေါင်းအရင်းအနှီး တိုးတက်မှုနှုန်း - Nvidia သည် ကမ္ဘာပေါ်ရှိ အကြီးဆုံးကုမ္ပဏီ ၅ ခု ခု စာရင်းဝင်ဖြစ်ပြီး၊ ၎င်း၏ စတော့ဈေးနှုန်းမှာ တသမတ်တည်း မြင့်တက်နေပါသည်။
ကာလရှည်အလားအလာများ - ဉာဏ်ရည်တုနည်းပညာနှင့် စွမ်းဆောင်ရည်မြင့်ကွန်ပျူတာစနစ်များ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဈေးကွက်အသစ်များကို ဖွင့်လှစ်ပေးပါသည်။
အားနည်းချက်များ -
မြင့်မားသောမတည်ငြိမ်နှုန်း - အထူးသဖြင့် ဈေးကွက်ကျဆင်းချိန်များတွင် Nvidia စတော့သည် သိသာထင်ရှားသော အတက်၊အကျများကို ကြုံတွေ့ရလေ့ရှိပါသည်။
ယှဉ်ပြိုင်မှု - Intel၊ AMD၊ Qualcomm နှင့် အခြားပြိုင်ဘက်ကုမ္ပဏီများသည် ၎င်းတို့၏ ကိုယ်ပိုင် GPU နှင့် AI ဖြေရှင်းချက်များကို တက်ကြွစွာ တီထွင်ဖန်တီးလျှက်ရှိသည်။
တရုတ်အပေါ်မှီခိုမှု - Nvidia ၏ ရောင်းအားများတွင် သိသာထင်ရှားသော ဝေစုတခုသည် တရုတ်ဈေးကွက်များမှဖြစ်ပြီး၊ ထိုအချက်ကြောင့် ပထဝီနိုင်ငံရေးအခြေအနေများ၏ သက်ရောက်မှုကို ခံစားရနိုင်ပါသည်။
နည်းပညာဆိုင်ရာကန့်သတ်ချက်များ - ပရော်ဆက်ဆာအသစ်များ၏ ရှုပ်ထွေးသော ထုတ်လုပ်မှုနှင့် ရှည်လျားသော ဖွံ့ဖြိုးတိုးတက်မှုစက်ဝန်းသည် စိန်ခေါ်မှုများကို ပေါ်ပေါက်စေပါသည်။
စည်းမျဉ်းဥပဒေများ၏ သက်ရောက်မှုများ - အလားအလာရှိသော ယုံကြည်ကိုးစားမှုဖောက်ဖျက်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများသည် တိုးတက်မှုနှုန်းကို အကန့်အသတ်ဖြစ်စေနိုင်ပါသည်။
ဂရပ်ဖစ်ဂိမ်းနယ်ပယ်အတွင်း ကျဆင်းမှုအပေါ် ခံနိုင်ရည်နည်းပါးခြင်း - ဂရပ်ဖစ်ဂိမ်းများဖန်တီးခြင်းသည် Nvidia ၏ အရေးပါသော လုပ်ငန်းကဏ္ဍတခု ဖြစ်သောကြောင့်၊ စတော့သည် ထိုနယ်ပယ်တွင်း ကျဆင်းမှုများအပေါ် အလွယ်တူတုံ့ပြန်နိုင်ပါသည်။
Nvidia သည် နည်းပညာကဏ္ဍတွင် အရေးပါသော ကုမ္ပဏီတခုဖြစ်ပြီး၊ စွမ်းဆောင်ရည်မြင့်မားသော ကွန်ပျူတာစနစ်များတွင် ထိပ်ဆုံးမှဦးဆောင်သူဖြစ်သည်။ ၎င်းသည် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ပေးစွမ်းသော်လည်း စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရင်းနှီးမြှပ်နှံမှုမပြုမီတွင် စျေးကွက်အပြောင်းအလဲများ၊ ပြိုင်ဆိုင်မှုနှင့် တန်ဖိုးလွန်ကဲသောစတော့များ၏ ဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားသင့်ပါသည်။
ကျွန်ုပ်တ်ို့၏ ခန့်မှန်းချက်များ တည်ဆောက်ပုံ
Nvidia (NVDA) ၏ စတော့စျေးနှုန်းကို ကြိုတင်ခန့်မှန်းခြင်းသည် ကာလတို၊ ကာလလတ်နှင့် ကာလရှည်ဟူသော အဓိကကျသည့် အချိန်ကာလ ၃ ခု၏ ပြီးပြည့်စုံသော ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံပါသည်။ ကျွန်ုပ်တို့သည် အရင်းခံစီးပွားရေးနှင့် ပထဝီနိုင်ငံရေး အကြောင်းအရာများကို ထည့်သွင်းစဉ်းစားကာ အခြေခံပိုင်း၊ နည်းပညာပိုင်းနှင့် ဈေးကွက်သဘောထား ခွဲခြမ်းစိတ်ဖြာမှုတို့ကို ပေါင်းစပ်အသုံးပြုပါသည်။
ကာလတိုခန့်မှန်းချက် (အများဆုံး ၆ လအထိ)
နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှု - Support နှင့် resistance levels များ၊ RSI၊ MACD နှင့် Bollinger Bands indicators များ။
ဈေးကွက်အလေးသာမှု - ရင်းနှီးမြှုပ်နှံသူတို့၏ စိတ်သဘောထား၊ ဆိုရှယ်လ်မီဒီယာခွဲခြမ်းစိတ်ဖြာမှုနှင့် ဝင်ငွေအစီရင်ခံစာများ။
မတည်ငြိမ်နှုန်း - Semiconductor ဈေးကွက်အတွင်း အရင်းခံစီးပွားရေးဖြစ်စဉ်များနှင့် သတင်းများအပေါ် တုံ့ပြန်မှု။
ကာလအလယ်အလတ်ခန့်မှန်းချက် (၆လ မှ ၃နှစ်အတွင်း)
အခြေခံညွှန်ပြချက်များ - အရောင်းဝင်ငွေတိုးတက်မှုနှုန်း၊ အမြတ်ဝင်ငွေတိုးတက်မှုနှုန်း၊ ဈေးကွက်အရင်းအနှီး၊ P/E အချိုး။
နယ်ပယ်ဖွံ့ဖြိုးတိုးတက်မှု - AI၊ cloud computing နှင့် စွမ်းရည်မြင့်ကွန်ပျူတာများအတက် တိုးတက်လာသော ဝယ်လိုအား။
ပြိုင်ဘက်များ၏ပြောင်းလဲလှုပ်ရှားမှုများ - Intel၊ AMD နှင့် Qualcomm တို့၏ နည်းဗျူဟာများကို ဆန်းစစ်လေ့လာခြင်း။
ကာလရှည်ခန့်မှန်းချက် (၃နှစ်နှင့်အထက်)
ကုမ္ပဏီနည်းဗျူဟာ - သုသေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာအသစ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ။
ကမ္ဘာလုံးဆိုင်ရာလမ်းကြောင်းများ - quantum computing၊ 6G နှင့် အလိုအလျောက်မောင်းနှင်သောယာဉ်များတွင် အဆင့်မြှင့်တင်မှုများ။
ဘဏ္ဍာရေးတည်ငြိမ်မှု - ကြွေးမြီတာဝန်၊ ငွေကြေးစီးဆင်းမှုနှင့် တိုးတက်မှုအလားအလာများ။
ဤပြည့်စုံသော ခွဲခြမ်းစိတ်ဖြာမှုနည်းလမ်းသည် ကျွန်ုပ်တို့အား ရင်းနှီးမြှုပ်နှံသူများအတွက် တိကျမှုအရှိဆုံးခန့်မှန်းချက်များကို ပံ့ပိုးပေးနိုင်စေပါသည်။
အနှစ်ချုပ် - Nvidia (#NVDA) သည် ကောင်းမွန်သောရင်းနှီးမြှုပ်နှံမှုတခု ဖြစ်ပါသလား။
Nvidia (#NVDA) သည် AI၊ cloud computing နှင့် graphics processing units (GPUs) ကဏ္ဍများတွင် ၎င်း၏ ဦးဆောင်မှုကြောင့် စတော့ပေါ်ရှိ ဆွဲဆောင်မှုအရှိဆုံး ကုမ္ပဏီများမှ တခုအဖြစ် ဆက်လက်ရပ်တည်နေပါသည်။
၎င်း၏ အခြေခံအချက်အလက်များသည် တသမတ်တည်း ဝင်ငွေတိုးတက်မှု၊ ခိုင်မာသောထုတ်ကုန်ဝယ်လိုအားနှင့် ဆန်းသစ်တီထွင်သော ဖွံ့ဖြိုးတိုးတက်မှုများကို ပြသနေပြီး၊ နည်းပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုသည် အတက်လမ်းကြောင်းတခုကို အတည်ပြုပါသည်။
မည်သို့ပင်ဖြစ်စေကာမူ၊ မြင့်မားသောမတည်ငြိမ်မှုနှင့် တန်ဖိုးလွန်ကဲမှုများကြောင့် ယာယာကျဆင်းမှုများ ဖြစ်ပေါ်နိုင်ပါသည်။
ကာလရှည်အတွက်၊ Nvidia သည် AI၊ အလိုအလျောက်မောင်းနှင်မှုစနစ်များနှင့် supercomputers များတွင် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့်၊ ၎င်း၏ လွှမ်းမိုးမှုကို ဆက်လက်ချဲ့ထွင်သွားမည်ဖြစ်ပါသည်။
NVDA သည် အထူးသဖြင့် မြင့်မားသော အတက်၊အကျများကို ခံနိုင်ရည်ရှိပြီး၊ ကာလရှည်ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ရှိသော ရင်းနှီးမြှုပ်နှံသူများအတွက် အလားအလာကောင်းမွန်သော ပိုင်ဆိုင်မှုတခုအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါသည်။
Nvidia စတော့ခန့်မှန်းချက် အမေး၊ အဖြေများ
၁၆.၀၅.၂၀၂၆ တွင် Nvidia ရှယ်ယာများ၏ လက်ရှိဈေးနှုန်းမှာ $225.34 ဖြစ်ပါသည်။
သင်၏ နည်းဗျူဟာသည် သင်၏ ရင်းနှီးမြှုပ်နှံမှုပန်းတိုင်များအပေါ်တွင် မူတည်ပါသည်။ Nvidia သည် AI နှင့် data centers အခန်းကဏ္ဍများတွင် ၎င်း၏ လွှမ်းမိုးထားသော အနေအထားများကြောင့် ကာလရှည်အတွက် ခိုင်မာသော တိုးတက်မှုနှုန်းကို ပြသပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ကာလတိုကျဆင်းမှုများ ပေါ်ပေါက်လာနိုင်သောကြောင့် စွန့်စားမှုအတိုင်းအတာများကို ထည့်သွင်းစဉ်းစားရန် အထူးပင် အရေးကြီးပါသည်။
လာမည့်နှစ်အတွက် Nvidia ၏ ဈေးနှုန်းပစ်မှတ်သည် $184 မှ $479 အတွင်း ဖြစ်လိမ့်မည်ဟု ခွဲခြမ်းစိတ်ဖြာမှုပညာရှင်များက ခန့်မှန်းသုံးသပ်ကြပါသည်။ တိုးတက်မှုအလားအလာသည် ကုမ္ပဏီ၏ ဘဏ္ဍာရေးစွမ်းဆောင်ရည်၊ ထုတ်ကုန်ဝယ်လိုအား၊ အရင်းခံစီးပွားရေးအခြေအနေများနှင့် AI နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံပါသည်။
၎င်း၏ AI ဖြေရှင်းချက်များ၊ အဆင့်မြင့်ကွန်ပျူတာစွမ်းရည်များနှင့် data centers များအတွက် တိုးတက်လာသောဝယ်လိုအားကြောင့် Nvidia ရှယ်ယာများသည် မြင့်မားသော တိုးတက်မှုအလားအလာရှိသည်ဟု ကျွမ်းကျင်သူများမှ ယုံကြည်ကြပါသည်။ မည်သို့ပင်ဖြစ်စေ၊ တန်ဖိုးလွန်ကဲခြင်း၊ အတိုးနှုန်းအပြောင်းအလဲများနှင့် ယေဘုယျဈေးကွက်အလေးသာမှုတို့ကြောင့် ယာယီကျဆင်းမှုများ ဖြစ်ပေါ်နိုင်ပါသည်။
များစွာသော အရင်းအမြစ်များ၏ ခန့်မှန်းချက်များအရ၊ ၂၀၂၆ ခုနှစ်တွင် Nvidia ၏ စတော့ဈေးနှုန်းသည် $184 မှ $479 ကြား ပြောင်းလဲနိုင်ပါသည်။ တိုးတက်မှုနှုန်းသည် Nvidia ၏ အောင်မြင်သောနည်းပညာအသစ်များ၊ ကြီးမားသောကော်ပိုရေးရှင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ယေဘုယျ စီးပွားရေးအခြေအနေအပေါ် မူတည်ပါသည်။
၂၀၂၉ ခုနှစ်တွင် Nvidia ၏ စတော့ဈေးနှုန်းသည် $263 မှ $664 ကြားတွင် ပြောင်းလဲနိုင်သည်ဟု ကာလရှည်ခန့်မှန်းချက်များမှ အကြံပြုပါသည်။ တိုးတက်မှုအတွက် အဓိကမောင်းနှင်မှုများတွင် AI ဖွံ့ဖြိုးတိုးတက်မှု၊ ဈေးကွက်ကဏ္ဍအသစ်များသို့ ခြေလှမ်းချဲ့ထွင်မှုနှင့် data centers နယ်ပယ်အတွင်း တိုးတက်လာသော ဈေးကွက်ဝေစုတို့ ပါဝင်ပါသည်။
၂၀၃၀ တွင် Nvidia ၏ စတော့ဈေးနှုန်းသည် $296 မှ $744 ကြားသို့ ရောက်ရှိနိုင်သည်ဟု သုံးသပ်ရေးသမားများမှ ကြိုတင်ခန့်မှန်းကြပါသည်။ quantum computing တွင် ထိုးဖောက်အောင်မြင်မှု၊ အထူးဖန်တီးထားသော GPUs များအတွက် တိုးတက်လာသော ဝယ်လိုအား၊ အလိုအလျောက်မောင်းနှင်မှုနှင့် supercomputers ဈေးကွက်များအတွင်း ကုမ္ပဏီ၏ ခိုင်မာသော ရပ်တည်မှုတို့ကို မျှော်လင့်ရပါသည်။
အကယ်၍ သင်၏ရင်းနှီးမြှုပ်နှံမှုအစီအစဉ်၏ ကာလအပိုင်းအခြားသည် ၅ နှစ်မှ ၁၀ နှစ်အတွင်း ဖြစ်လျှင်၊ Nvidia သည် အလားအလာကောင်းမွန်သော ပိုင်ဆိုင်မှုတခု ဖြစ်ပါသည်။ အကြောင်းမှာ ကုမ္ပဏီသည် AI နှင့် cloud computing တွင် အရေးပါသော အခန်းကဏ္ဍများကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ၊ စတော့ဝယ်ယူခြင်းမပြုမီ၊ အလားအလာရှိသော ဈေးကွက်ကျဆင်းမှုများနှင့် စတော့တန်ဖိုးလွန်ကဲမှုဖြစ်နိုင်ခြေများကို ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။
လက်တွေ့ဈေးကွက်အချိန်ရှိ NVDA ၏စျေးနှုန်းဇယား

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။














