အကျိုးဆောင်တစ်ဦးဖြင့် ကုန်သွယ်ရေးအကောင့်ဖွင့်သော လူတိုင်းသည် margin ဝေါဟာရကို မြင်တွေ့ဖူးကြပါမည်။ ဈေးကွက်အမျိုးအစားပေါ်မူတည်၍ ခေါ်ဆိုပုံပြောင်းလဲနိုင်ပါသည်။ Forex ထဲတွင် free margin နှင့် equity ကဲ့သို့သော သဘောတရားများကို အဓိကအားဖြင့် အသုံးပြုပါသည်။ စတော့စျေးကွက်ထဲတွင် ၎င်းတို့ကို balance နှင့် collateral အဖြစ်ညွှန်းဆိုပါသည်။ 

သို့သော်လည်း ခေါ်ဆိုပုံများမှာ လွန်စွာအ‌ရေးမကြီးလှပါ။ ဘဏ္ဍာရေးဆိုင်ရာစျေးကွက်မှာ မည်သို့ပင်ဖြစ်စေ ကုန်သွယ်ရေးရလဒ်သည် margin level များပေါ်တွင် များစွာမူတည်သောကြောင့် လူတိုင်းသည် ထိုသဘောတရားများကို လေ့လာရန် လိုအပ်ပါသည်။

ဆောင်းပါးတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။


Margin ကုန်သွယ်မှု ဆိုသည်မှာ အဘယ်နည်း။

ကုန်သွယ်ရေးတွင် margin မှာ ကုန်သည်၏အကောင့်ထဲရှိ အပ်နှံငွေများထဲမှ ပါဝင်မှုဝေစုဖြစ်ပြီး ကုန်သွယ်ရေးဖွင့်လှစ်မှုတစ်ခု (သို့) ရောင်းဝယ်မှုများအတွက် အာမခံချက်များကို ပေးစွမ်းပါသည်။ တနည်းအားဖြင့် forex margin မှာကုန်သွယ်မှုများ ဖွင့်ရန်အတွက် လိုအပ်သော အပ်နှံငွေများ၏ တစိတ်တပိုင်း ဖြစ်ပါသည်။ အသုံးပြုသော margin ပမာဏသည် အပ်ငွေပမာဏထက်‌ ကျော်လွန်ပါက အကျိုးဆောင်သည် ၎င်းကိုဖွင့်ရန် သင့်အား ခွင့်ပြုမည်မဟုတ်ပါ။

LiteFinance: Margin ကုန်သွယ်မှု ဆိုသည်မှာ အဘယ်နည်း။

Margin တန်ဖိုးသည် ကုန်သွယ်ရေးအတွက် သုံးစွဲနိုင်သော အများဆုံး leverage (ချေးငွေအချိုး) ကို အဆုံးအဖြတ်ပေးပါသည်။ ထို့ကြောင့် ချေးငွေအချိုးပါဝင်သည့် ကုန်သွယ်ရေးကို margin trading ဟုခေါ်ဆိုပါသည်။ 

Forex အကျိုး‌ဆောင်သည် ကုန်သည်များတွင် ရောင်းဝယ်မှုအတွက် ပေးဆောင်ရန် ၎င်းတို့၏ ကိုယ်ပိုင်ငွေ ရှိကြောင်းကို အာမခံချက်တစ်ရပ်အနေဖြင့် margin အား အဓိကအားဖြင့် လိုအပ်ပါသည်။ Leverage နည်းပါးလေလေ လိုအပ်သည့် Forex margin သည် မြင့်မားလေလေဖြစ်ပြီး အပြန်အလှန်သဘော သက်ရောက်စေပါသည်။ အနိမ့်ဆုံးချေးငွေအချိုးဖြင့် ဆောင်ရွက်သည့် စျေးကွက်များအတွင်း margin အတွက်လိုအပ်ချက်များကို အများအားဖြင့် စရံငွေအရွယ်ပမာဏဖြင့် ဆုံးဖြတ်ပါသည်။

Margin တွက်ချက်ပုံ

Forex margin မှာ အကောင့်ထဲတွင်ရှိသော အပ်နှံငွေစုစုပေါင်း၏ တစိတ်တပိုင်း ဖြစ်ပါသည်။ ၎င်းကို အောက်ပါပုံသေနည်းကို သုံးခြင်းဖြင့် တွက်ချက်ပါသည်။ 

(ပမာဏ (lot) × စာချုပ်အရေအတွက် (ငွေကြေးယူနစ်) × ကာလပေါက်စျေး) / ချေးငွေအချိုး

ဥပမာအနေဖြင့် သင်သည် EURUSD အတွက် one lot ကို ဝယ်ယူရန် ရွေးချယ်ဆုံးဖြတ်ပါသည်။ လက်ရှိလဲလှယ်စျေးနှုန်းမှာ 1.1030 ဖြစ်ပြီး forex အကျိုးဆောင်မှ ပေးစွမ်းထားသည့် ချေးငွေအချိုးမှာ 1:100 ဖြစ်ပါသည်။ ဤဖြစ်စဥ်တွင် ပုံသေနည်းသည် ထိုကဲ့သို မြင်တွေ့ရပါလိမ့်မည်။

Margin = (1 × 100,000 × 1.1030) / 100 = 1,103 USD

ဤသို့ကြောင့် ထို lot ဖြင့်ကုန်သွယ်မှုတစ်ခုကို ဝင်ရောက်ရန် သင်သည် သင့်အကောင့်ထဲတွင် အနည်းဆုံး 1,103 USD ရှိနေရပါမည်။

အကယ်၍ အကောင့်ထဲတွင် အပ်နှံငွေအလုံအလောက် မရှိပါက သင်သည် ချေးငွေအချိုးကို တိုးမြှင့်လိုက်ခြင်း (သို့) ကုန်သွယ်မှုအရေအတွက်ကို လျော့ချခြင်းအားဖြင့် ထိုပြသာနာကို ဖြေရှင်းနိုင်ပါသည်။ ချေးငွေအချိုး ကို 1:500 ထိ တိုးမြှင့်သည် ဆိုပါစို့

Margin = (1 × 100,000 × 1.1030) / 500 = 220 USD

သတ်မှတ်ထားသော အာမခံလိုအပ်ချက်၏ ပမာဏသည် ငါးဆလျော့နည်းသွားခဲ့ပါသည်။ ကုန်သွယ်ရေးအရေအတွက် လျော့ကျသွားသောကြောင့် margin လိုအပ်ချက်များမှာ အလားတူစွာ လျော့ကျသွားပါလိမ့်မည်။ 

Free margin ဆိုသည်မှာ အဘယ်နည်း။

Free margin ၏ သဘောတရားမှာ margin ၏ ယူဆချက်နှင့် ခွဲခြား၍မရနိုင်ပါ။ Free margin မှာ ရောင်းဝယ်မှုများနှင့် သက်ဆိုင်ခြင်းမရှိသည့် margin အကောင့်တစ်ခုထဲရှိ အပ်နှံငွေပမာဏ ဖြစ်ပြီး ကုန်သွယ်ရေး (သို့) ငွေသားထုတ်ယူမှုများအတွက် အသုံးပြုနိုင်ပါသည်။ တနည်းအားဖြင့် Forex free margin သည်ထပ်တိုးကုန်သွယ်ရေးများ ဖွင့်လှစ်ရန် သုံးစွဲနိုင်သည့် အကောင့်ထဲရှိ ငွေပမာဏ၏ ညွှန်းဆိုချက်တစ်ခု ဖြစ်ပါသည်။ အကယ်၍ အကောင့်ပေါ်တွင် ဖွင်လှစ်ဆဲကုန်သွယ်မှုများ မရှိပါက Forex ၏ free margin သည် balance နှင့် equity တို့ဖြင့်တူညီပါသည်။

Free margin သည်အရေးကြီးသော အညွှန်းတစ်ခုဖြစ်ပါသည်။ ဝါရင့်ကုန်သည်များသည် ၎င်းကို မဖြစ်မနေလိုအပ်မှသာလျှင် ထုတ်သုံးကြပါသည်။ အကယ်၍ Forex ဈေးကွက်ထဲတွင် free margin မှာသုညသို့ နီးကပ်လာပါက ကုန်သွယ်ရေးအကောင့်သည် စိုးရိမ်ဖွယ်ကောင်းသော အခြေအနေတစ်ရပ် အတွင်းသို့ ရောက်ရှိနေပါသည်။ ထိုဖြစ်စဥ်တွင် အကျိုးဆောင်သည် ဆုံးရှုံးမှုများကို တားဆီးရန်အတွက် margin call တစ်ခုကို အသုံးချနိုင်ပါသည်။

Free margin ကို မည်သို့ တွက်ချက်ပုံ

Free margin မှာကုန်သွယ်မှုများ ဖွင့်လှစ်ပြီးနောက် အကောင့်ပေါ်တွင် ကျန်ရှိနေသော အပ်နှံငွေများ၏ တစိတ်တပိုင်းဖြစ်ပါသည်။ ၎င်းကို ပုံသေနည်းဖြင့် တွက်ချက်ပါသည်။

Free Margin = Funds (Equity) – Margin

EURUSD one lot ကို ဝယ်ယူချိန်တွင်ရှိသည့် free margin အား တွက်ချက်ကြည့်ကြပါစို့။ ကုန်သွယ်ရေးအကောင့် balance မှာ 5,000 USD ဟုဆိုကြပါစို့။ ပိုင်ဆိုင်မှု၏ လက်ရှိလဲလှယ်မှုစျေးနှုန်းမှာ 1.1030 ဖြစ်ပြီး အကျိုးဆောင်မှ ထောက်ပံ့သော ချေးငွေအချိုးမှာ 1:100 ဖြစ်ပါသည်။ ထို့ကြောင့် ပုံသေနည်းမှာ ဤကဲ့သို့ ဖြစ်လာပါလိမ့်မည်။

Free Margin = 5,000 - 1,103 = 3,897 USD

ထိုဥပမာမှာ ဖွင့်လှစ်ထားသည့်ကုန်သွယ်မှုများနှင့် ကုန်သွယ်ရေးအကောင့်ပေါ်ရှိ အခြားကောက်ခံမှု စရိတ်များအား ထည့်မစဥ်းစားဘဲ free margin မည်သို့တွက်ချက်ပုံကို ပြသပါသည်။ ပိုမိုတိကျသော တန်ဖိုးတစ်ခုကို ရရှိရန် သင်သည် ဖွင့်ထားသောကုန်သွယ်မှုများပေါ်ရှိ အချက်အလက်များကို လိုအပ်ပါသည်။ 

ဥပမာအားဖြင့် ကုန်သွယ်မှုဖွင့်လှစ်ခြင်း မတိုင်မီ သင့်တွင် 100 USD အမြတ်ကိုဖော်ဆောင်ပေးသည့် အခြားဖွင့်ထားသည့် ကုန်သွယ်မှု ရှိနေပြီး ဖြစ်ပါသည်။ ထိုဖြစ်စဥ်တွင် equity ဖော်ပြချက်မှာ ထို ကုန်သွယ်ရေးအကောင့်၏ balance နှင့် တူညီလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် ဦးစွာအနေဖြင့် equity ကိုတွက်ချက်ရန် လိုအပ်ပါသည်။ 

Funds (Equity) = Balance + Profit (or Balance) - Loss

Funds (equity) = 5,000 + 100 = 5,100 USD

Free Margin = 5,100 - 1,103 = 3,997 USD

Free margin ဥပမာ

လက်တွေ့ကုန်သွယ်ရေးဥပမာကို သုံးခြင်းဖြင့် Forex ထဲတွင်ကုန်သွယ်ချိန်တွင် margin နှင့် free margin တိုင်းတာချက်များကို ပြသပေးသည့်နေရာကို ရှာဖွေဖော်ထုတ်ကြပါစို့။

LiteFinance: Free margin ဥပမာ

1 – ပိုင်ဆိုင်မှုစုစုပေါင်း (သို့) ကိုယ်ပိုင်ငွေများ ။

2 – သုံးစွဲသည့် ပိုင်ဆိုင်မှုများ (သို့) Forex margin

3 – ကုန်သွယ်ရေးလည်ပတ်မှုများအတွက် အသုံးပြုနိုင်သော (သို့) Free Margin

ကျွန်ုပ်သည် one lot  EURUSD ကုန်သွယ်မှုတစ်ခုကို ဖွင့်လှစ်ခဲ့ပါသည်။ (အထက်ပါပုံကို ကြည့်ရှုပါ။) ချေးငွေအချိုးသည် 1:200 ဖြစ်သောကြောင့် လိုအပ်သည့်အာမခံငွေ (သို့) Forex margin မှာ 552.37 USD ဖြစ်ပါသည်။ ကုန်သည်မှုကို ဖွင့်လှစ်ပြီး သုံးစွဲသည့် margin တစ်ခုရှိသောကြောင့် ထိုသည်မှာ free margin တစ်ခုလည်း ရှိကြောင်းကို ဆိုလိုပါသည်။ ဤသည်မှာ တတိယမြောက် ညွှန်းဆိုဖော်ပြချက် ဖြစ်ပြီး 3,888.16 - 552.37 = 3,335.80 USD နှင့်ညီမျှပါသည်။

Margin levels

ပင်မညွှန်းဆိုချက်နှစ်မျိုးဖြစ်သည့် margin နှင့် free margin အပြင် margin နေရာ၏ ထပ်မံညွှန်ပြချက်တစ်ရပ် ရှိပါသည်။ ထိုသည်မှာ ရာခိုင်နှုန်းတစ်ခုဖြင့်‌ ဖော်ပြသည့် အကောင့်အတွင်းရှိ အပ်နှံငွေနှင့် margin တို့၏ အချိုးဖြစ်ပါသည်။ 

တနည်းအားဖြင့် margin level သည် equity နှင့် deposit utilization (အပ်နှံငွေအသုံးပြုမှု) တို့၏ အချိုးဖြစ်ပါသည်။ ၎င်းကို အများဆုံးအပ်ငွေပမာဏ (maximum deposit load) ဟုလည်း ခေါ်တွင်ကြပါသည်။ Margin level မှာ ဖွင့်ထားသောကုန်သွယ်မှုများနှင့်အတူ ကုန်သွယ်‌ရေးအကောင့်ကို ငွေပမာဏမည်မျှ ထည့်သွင်းထားကြောင်းအား ပြသပါသည်။ 

ပြီးခဲ့သည့် ဥပမာမှ အရောင်းအဝယ်နှင့် ကုန်သွယ်ရေးအကောင့်တို့၏ တိုင်းတာချက်များကို ယူကြည့်ကြပါစို့။

Margin Level = (Equity (Equity) / Margin) × 100%

Margin Level = (3,888.16 / 552.37) × 100% = 703.904%

ထို တွက်ချက်မှုအရ ကုန်သွယ်ရေးအကောင့်ထဲသို့ အပ်နှံငွေ များစွာ မထည့်သွင်းထားကြောင်းကို ကျွန်ုပ်တို့ ကောက်ချက်ချနိုင်ပါသည်။ ထိုသို့ဖြစ်၍ သင်သည် ကုန်သွယ်မှုအသစ်များအား ဖွင့်လှစ်ရန် ဖြစ်နိုင်လိမ့်မည်မဟုတ်ပါ၊ ထို့နောက် များမကြာမီအတောအတွင်း သင်သည် margin call တစ်ခုကို ရရှိပါလိမ့်မည်။ ထိုသည်ကို ရှောင်ရှားရန်အတွက် stop loss   တစ်ခုကို အသုံးပြုရန် မမေ့လျော့ပါနဲ့။

Margin calls နှင့် Stop Out

Margin call ကို ဤဆောင်းပါးထဲတွင် ကြိမ်ဖန်များစွာ ဖော်ညွှန်းခဲ့ပါသည်။ ၎င်းမှာ မည်သည်ဖြစ်ကြောင်းကို ရှာဖွေဖော်ထုတ်ကြည့်ကြပါစို့။ Margin call တစ်ခုအပြင် stop-out အဆင့်တစ်ခု ရှိပါသည်။ စတင့်လေ့လာသူများသည် ၎င်းတို့ကို မကြာခဏ ရောထွေးသောကြောင့် ၎င်းတို့၏ ကွဲပြားခြားနားပုံကို ဆွေးနွေးကြပါစို့။

Margin call တစ်ခုသည် ကုန်သည်၏ကုန်သွယ်‌ရေးအကောင့်မှာ သုံးစွဲမှုဝန်ပမာဏလွန်ကဲနေပြီး forex marginမှာ အရေးပေါ်တန်ဖိုးတစ်ခုကို ရောက်ရှိနေကြောင်းအား အကျိုးဆောင်ထံသို့ အသိပေးချက်တစ်ခု ဖြစ်ပါသည်။ အကယ်၍ သင်သည် သင့်ကုန်သွယ်ရေးအကောင့်ထဲ့သို့ ရန်ပုံငွေပမာဏအပိုကို ထပ်မံ မထည့်သွင်းပါက ဖွင့်လှစ်ဆဲကုန်သွယ်မှုများကို မဖြစ်မနေ ပိတ်သိမ်းသွားပါလိမ့်မည်။

Margin သည် သတ်မှတ်နေရာသို့ ရောက်ရှိချိန်တွင် ကုန်သွယ်မှုများကို (အမြတ်ရရှိနိုင်ချေ အနည်းဆုံးတစ်ခုမှ စတင်၍) ပိတ်သိမ်းရေးအတွက် အကျိုးဆောင်များအား မဖြစ်မနေလုပ်ဆောင်ရန် Stop out ကိုအသုံးပြုပါသည်။ ထိုဆောင်ရွက်ချက် ပြီးပြည့်စုံသွားချိန်တွင် ပိတ်သိမ်းပြီးကုန်သွယ်မှုများမှ margin ကို ကိုယ်ပိုင်ငွေအဖြစ် လွှဲပြောင်းလိုက်ပါသည်။ အကယ်၍ ညွှန်းဆိုချက်သည် ကန့်သတ်တန်ဖိုးအထက်ကို ပြန်လည်ရောက်ရှိပါက ကုန်သွယ်မှုများ၏ ပိတ်သိမ်းခြင်းမှာ အပြီးသတ်သွားပါလိမ့်မည်။ 

အကျိုး‌ဆောင်တစ်ဦးချင်းစီတွင် ၎င်းတို့၏ ကိုယ်ပိုင် margin call နှင့် stop-out သတ်မှတ်အဆင့်များ ရှိကြပါသည်။ အကျိုးဆောင်များသည် ချေးငွေအချိုးကို ကမ်းလှမ်းပံ့ပိုးပေးခြင်းဖြင့် သူတို့၏ကိုယ်ပိုင် ရန်ပုံငွေအား စွန့်စားထားရပါကြောင်းကို ကုန်သည်များမှ နားလည်သဘောပေါက်ရပါမည်။ သူတို့သည် ဆုံးရှုံးမှုများကို အချိန်ကိုက် မကန့်သတ်ထားပါက သူတို့သည် အရှုံးများနှင့် ရင်ဆိုင်ရနိုင်ပါသည်။ ထိုကဲ့သို့နေရာများကို ရောက်ရှိခြင်းမှ ဟန့်တားရန်အတွက် သင့်အကောင့်ထဲတွင် မသုံးစွဲရသေးသည့် အပို margin ကို အမြောက်အမြားချန်လှပ်ထားပါ။

နိဂုံးချုပ်

အောင်မြင်သောကုန်သည်များသည် margin၊ free margin နှင့် equity ကြားရှိ ကွဲပြားခြားနားချက်များကို ရှင်းလင်းစွာ နားလည်သဘောပေါက်ရပါမည်။ ကုန်သွယ်ရေး၏ အကျိုးရလဒ်မှာ ၎င်းပေါ်တွင် မူတည်ပါသည်။

Forex ကုန်သွယ်ရေးတွင် margin မှာပင်မစွန့်စားမှုကို ညွှန်ပြချက်တစ်ခု ဖြစ်ပါသည်။ Margin မြင့်မားလေလေ အ‌ရေးပေါ်အခြေအနေတစ်ရပ်တွင် စီမံကိုင်တွယ်ရေးအတွက် အခန်းကဏ္ဍနည်းပါးလေ ဖြစ်ပါသည်။ 

Free margin မှာ ကုန်သွယ်ရေးအကောင့်၏ အလွယ်တကူ လှုပ်ရှားဆောင်ရွက်နိုင်မှုကို ဖော်ပြချက်တစ်ခု ဖြစ်ပါသည်။ မသုံးစွဲရသေးသည့်အပိုငွေ ပိုမိုများပြားလေလေ အရေးပေါ်အနေအထားတစ်ခုတွင် အရာရာကို ပြင်ဆင်တည့်မတ်နိုင်သည့် အခွင့်အရေးများ ပိုမိုမြင့်မားလေ ဖြစ်ပါသည်။ 

Funds (သို့) equity သည် အကောင့်ထဲတွင် ရရှိသုံးစွဲနိုင်သော စုစုပေါင်းငွေပမာဏကို ဖော်ပြချက်တစ်ခု ဖြစ်ပါသည်။ ကုန်သွယ်မှုတွင် အမြတ်ထွက်ပေါ်နိုင်ချိန်တွင် equity သည် တိုးမြင့်လာပြီး ထိုနည်းတူစွာ အရံတည်ရှိနေသည့် Forex margin သည်လည်း မြင့်တက်လာပါသည်။ အရှုံးပြမှုအခြေအနေတွင် equity သည် လျော့ကျသွားပြီး margin အပိုပမာဏကို လျော့နည်းသွားစေပါသည်။

Forex တွင် Free Margin နှင့်ပတ်သက်၍ မေးလေ့ရှိသောမေးခွန်းများ

Forex margin သည် ဖွင့်လှစ်ထားသော ကုန်သွယ်မှုများ၏ ပမာဏနှင့်အရေအတွက်ပေါ်တွင် မူတည်ပါသည်။ အကယ်၍ ကုန်သွယ်မှုအနည်းငယ်ရှိပြီး ၎င်းတို့ကို သေးငယ်နည်းပါးသော ပမာဏဖြင့် ဖွင့်လှစ်ပါက margin မှာ အသေးစား ဖြစ်ပါလိမ့်မည်။ အဖွင့်ကုန်သွယ်မှုများစွာ ရှိပြီး ၎င်းတို့ကို ကြီးမားသောပမာဏတစ်ခုဖြင့် ဖွင့်လှစ်ပါက margin သည် မြင့်မားပါလိမ့်မည်၊ ထိုသည်မှာ အကောင့်၏ဆုံးရှုံးမှုကို ဦးတည်ဖော်ဆောင်နိုင်ပါသည်။

Free margin တစ်ခုမှာ ကုန်သွယ်ရေးအကောင့်ပေါ်တွင် တည်ရှိနေသည့် အပ်နှံငွေများ၏ အရံသိမ်းဆည်းငွေတစ်မျိုး ဖြစ်ပါသည်။ နိုင်ငံခြားငွေကြေး လဲလှယ်ရေးစျေးကွက်ထဲတွင် free margin တစ်ခုမှာ အကောင့်ထဲတွင်ရှိသော ရန်ပုံငွေများပေါ်တွင် တိုက်ရိုက်မူတည်ပါသည်။ အမြတ်တစ်ရပ်ထွက်ပေါ်မှု၏ ရလဒ်အရ equity မြင့်တက်လာပါက free margin သည်လည်း တိုးမြင့်လာပါမည်။ equity သည်လျော့နည်းသွားပါက free margin သည်လည်း လျော့ကျသွားပါမည်။

အကယ်၍ free margin သည် သုညအောက်သို့ ကျဆင်းသွားပါက သင်သည် ကုန်သွယ်မှုအသစ်များကို ဖွင့်လှစ်ရန်အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပါ။ Forex ရောင်းဝယ်မှုများတွင် တန်ဖိုးတစ်ရပ် ရှိပါသည်၊ ဆိုလိုသည်မှာ ၎င်းတို့ကို ဖွင့်ရန် လိုအပ်သည့် ရန်ပုံငွေကြေးပမာဏ ဖြစ်ပါသည်။ Free margin သည် ကုန်သွယ်မှုအသစ်တစ်ခုကို ဖွင့်ရန်လိုအပ်သည်ထက် လျော့နည်းနေပါက အကျိုးဆောင်သည် ၎င်းကို ဖွင့်လှစ်ရန် ခွင့်ပြုမည်မဟုတ်ပါ။

ကုန်သည်၏ ဖွင့်လှစ်ထားသောကုန်သွယ်မှုများအတွက် margin သည် equity ကို ကျော်လွန်နေလျှင် free margin သည်အနှုတ်လက္ခဏာသာ ဖြစ်နေနိုင်ပါသည်။ တနည်းအားဖြင့် ကုန်သည်များသည် ဆုံးရှုံးမှုများကို ခံစားရပြီးနောက်တွင် သူတို့လုပ်‌ဆောင်နိုင်သည့် တစ်ခုတည်းသော အရာမှာ ၎င်းကုန်သွယ်မှုများကို ပိတ်သိမ်းပြီး margin ကိုလျော့ချလိုက်ခြင်း ဖြစ်ပါသည်။ သို့မဟုတ်ပါက stop-out အခြေအနေတစ်ရပ် ပေါ်ထွန်းလာပါလိမ့်မည်။

Free margin ကို တိုးမြှင့်ရန် နည်းလမ်းသုံးသွယ် ရှိပါသည်။ ပထမဦးစွာ သင့် ကုန်သွယ်ရေးအကောင့်ထဲသို့ အပ်နှံငွေအသစ် ထည့်သွင်းပါ။ ဒုတိယတစ်ခုမှာ တစ်ခု(သို့) ထိုထက်ပိုသော ကုန်သွယ်မှုများကို ပိတ်သိမ်းပါ။ တတိယမြောက်အနေဖြင့် “lock” ဟု ခေါ်တွင်လေ့ရှိကြသော ပုံစံတူရင်းနှီးမြှုပ်နှံမှုစာချုပ်များအတွက် အလားတူတန်ပြန် ကုန်သွယ်မှုနေရာများကို ဖန်တီးပါ။

The best leverage level မှာ သင့်ကို Forex ကုန်သွယ်ရေးဖြင့် အကျွမ်းတဝင်အဆင်ပြေစေသည့် အရာတစ်ခုဖြစ်ပါသည်။ သင်သည် စွန့်စားမှုများကို ရယူရန်နှင့် မြန်ဆန်သောအမြတ်တစ်ခုကို ရရှိရန် ဆန္ဒရှိနေပါက ချေးငွေအချိုး1:50 မှ 1:100 အထိမှာ သင့်နှင့် ကိုက်ညီပါလိမ့်မည်။ သင်သည် ပုံမှန်အတိုင်းလုပ်ဆောင်သော ကုန်သည်တစ်ဦး ဖြစ်ပြီး အမြတ်တစ်ခုအတွက် ပိုမိုကြာမြင့်စွာ စောင့်ဆိုင်းရန် ဆန္ဒရှိနေပါက ချေးငွေအချိုးကို 1:10 ထက်ပို၍ မသုံးသင့်ပါ။

အကောင်းဆုံး margin မှာ သင်ကျရှုံးပါက သင့်အား ထပ်မံကြိုးစားခွင့် အနည်းငယ်ကို လုပ်ဆောင်ခွင့်ပြုမည့် အဆင့်တစ်ခုဖြစ်ပါသည်။ သမာရိုးကျကုန်သွယ်ခြင်းအတွက် margin သည် equity ၏15% ကို မကျော်လွန်သင့်ပါ။ အင်တိုက်အားတိုက် ကုန်သွယ်ချိန်တွင် margin သည် equity ၏ 30% မှ 60% အထိ သတ်မှတ်ပိုင်းခြားနိုင်ပါသည်။

Forex margin ကို ကုန်သွယ်ရေးပမာဏနှင့် ချေးငွေတို့၏ အချိုးအနေဖြင့် တွက်ချက်ပါသည်။ သင်သည် ချေးငွေအရွယ်ပမာဏဖြင့် သီခြားရင်းနှီးမှုတစ်ခုချင်းစီအတွက် စာချုပ်၏တန်ဖိုးကို ပိုင်းခြားရန်သာလျှင် လိုအပ်ပါသည်။

Margin = (ကုန်သွယ်မှုပမာဏ × စျေးကွက်ပေါက်စျေး) / ချေးငွေအချိုး

အန္တရာယ်ကင်းစိတ်ချရသော ကုန်သွယ်မှုအတွက် margin အနေအထားမှာ အမြဲတမ်း 100% ကို မကျော်လွန်သင့်ပါ။ သင်သည် စွန့်စားရန် ဆန္ဒမရှိပါက margin အဆင့်ကို အနည်းဆုံး 700% တွင်ထားရှိပါ။ အကယ်၍ သင်သည် ပိုမိုကြီမားသောအမြတ်အတွက် စွန့်စားမှုများကို လုပ်ဆောင်ရန် ဆန္ဒရှိပါက margin ပမာဏကို 300% မှ 400% အထိ ရွေးချယ်ပါ။

သင့်အကောင့်ပေါ်တွင် margin call တစ်ခုဖြစ်ပေါ်ခြင်းကို ရှောင်ရှားရန် သင့် margin အဆင့်ကို 100% အထက်တွင် ထားရှိပါ။ တနည်းအားဖြင့် အပိုငွေများ အမြဲရှိရန် သေချာပါစေ။ ထို့ပြင်လည်း margin ကို equity ပမာဏနှင့် အနီးဆုံးမထားသင့်ပါ။

Forex ထဲတွင် Margin နှင့် Free Margin အကြား ကွဲပြားခြားနားချက်မှာ မည်သည်တို့ ဖြစ်ပါသနည်း။

ဤဆောင်းပါး၏ အကြောင်းအရာသည် စာရေးသူ၏ ထင်မြင်ယူဆချက်ကို ကိုယ်စားပြုပြီး၊ LiteFinance အကျိုးဆောင်ကုမ္ပဏီ၏ တရားဝင်ရပ်တည်ချက်ကို ကိုယ်စားပြုခြင်းမရှိပါ။ ဤစာမျက်နှာပေါ်တွင် ထုတ်ဝေဖော်ပြသော စာပေအကြောင်းအရာသည် သတင်းအချက်အလက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး၊ ညွှန်ကြားချက် 2014/65/EU ၏ ရည်ရွယ်ချက်အလို့ငှာ ရင်းနှီးမြှုပ်နှံမှုအကြံဉာဏ်ပေးအပ်ခြင်းဟု မယူဆသင့်ပါ။
မူပိုင်ခွင့်ဥပဒေနှင့်အညီ၊ ဤဆောင်းပါးကို ၎င်းအား ခွင့်ပြုချက်မရှိပဲ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းအပေါ် တားမြစ်ပိတ်ပင်ပိုင်မှုပါဝင်သော ကိုယ်ပိုင်ဖန်တီးထားသည့်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပါသည်။

ဒီစာပိုဒ်ကို အဆင့်သတ်မှတ်ပါ
{{value}} ( {{count}} {{title}} )
စတင်ကုန်သွယ်မည်
လူမှုကွန်ရက်များတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။
တိုက်ရိုက်ဆက်သွယ်ခြင်း
မှတ်ချက်ပေးခဲ့ရန်
Live Chat